← Chapters

ဒီသားက မသိတတ်ပါဘူး။ အမေ့‌ကို စိတ်ပူစေမိပြီ။

Vol. 9 Ch. 113

ဒီသားက မသိတတ်ပါဘူး။ အမေ့‌ကို စိတ်ပူစေမိပြီ။

Vol. 9 Ch. 113

ဖေးနန်ယွီက အလွန်ပါးနပ်သည်။

“သခင်မမော့က ကျွန်တော့်ကို ဒီငွေတွေကို ပိုင်ရှင်တွေဆီ ပြန်ပေးပေးစေချင်တာလား”

ဟဲကျစ်ယန်သည် ဉာဏ်ကောက်းသောလူများနှင့် ဆက်ဆံရတာကို နှစ်ခြိုက်၏။

“လူကြီးမင်းဖေးလဲ သိမှာပါ။ ကျွန်မနဲ့ ကျွန်မယောက်ျားက ကိုယ့်လမ်းကိုသွားဖို့ လောနေရတာ ဒီဟာတွေအတွက် လုပ်ပေးဖို့ အချိန်မရှိဘူးလေ။ ကျွန်မတို့ရဲ့ အနေအထားက မသင့်တော်ဘူးဆိုတာတော့ ထည့်ပြောနေဖို့တောင် မလိုတော့ပါဘူး”

ဖေးနန်ယွီသည် သူမ၏ အကြံကို လက်ခံပြီး ခေါင်းငြိမ့်လိုပ်သည်။ “သခင်မမော့ကသာ ကျွန်တော့်ကို ယုံတယ်ဆိုရင် ကျွန်တော် ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်သွားမှာပါ”

ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်သည်။ “ကောင်တီဝန်ဆန်းက ဟွမ်းလျန်တွေ ဒီလောက်အများကြီး စုဆောင်းထားတယ်၊ သူ တစ်ယောက်ယောက်ဆီက အမိန့်ရလို့ လုပ်တာပဲဖြစ်မှာ။ တုံ့ဖန်းကောင်တီရဲ့ လက်ရှိအခြေအနေကတေ စဉ်းစားကြည့်ရရင် ပလိပ်ရောဂါက လူလုပ်တာ ဖြစ်နိုင်တယ်။ မင်းသားချီရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အကျိုးမရှိအောင် လုပ်ချင်တာ ဒါမှမဟုတ်ရင် ပလိပ်ရောဂါကြောင့် မင်းသားကို သေသွားစေချင်တာတောင် ဖြစ်နိုင်တယ်။

ဒီလိုအခြေအနေမျိုးရဲ့ နောက်ကွယ်မှာ ဘယ်သူက အကျိုးအမြတ်ရမလဲဆိုတာ ကျွန်တော်တို့အားလုံး ထင်ထင်ရှားရှား နားလည်ကြပါတယ်။ မင်းသားချီ ဒီကိစ္စကိုသိရင် သူ သေချာပေါက် လက်တုံ့ပြန်မှာပါ။

အဲ့ဒီအချိန်ကစလို့ မင်းသားဟန် အရမ်း အလုပ်ရှုပ်နေမှာမို့ သခင်လေးမော့ကို ထိခိုက်စေဖို့ကိစ္စကို ဆက်လုပ်ဖို့ အားလပ်တော့မှာ မဟုတ်ပါဘူး။

ပြီးတော့ ကျွန်တော် မြို့တော်ဆီ ပြန်ရောက်သွားရင်လဲ သခက်လေးမော့နဲ့ မင်းသားချီတို့ တစ်ဘက်ထဲ မဟုတ်ကြတော့ဘူးဆိုတဲ့ အကြောင်းကို ဖြန့်ဖို့ သင့်တော်တဲ့နည်းလမ်း တွေးကြည့်ပါ့မယ်။

မင်းသားဟန်သာ ဒါကို ယုံကြည်သွားရင် သခင်လေးမော့ကို ဆက်လုပ်ကြံဖို့အကြံကို သူသေချာပေါက် စွန့်လွှတ်လိုက်မှာပါ။ အဲ့ဒါဆို မင်းတို့ အနာဂတ်နေ့ရက်တွေ အေးချမ်းသွားမှာပါ”

ဟဲကျစ်ယန်သည် ဖေးနန်ယွီက ဤမျှ မြန်မြန်ဆန်ဆန် စဉ်းစားတတ်ဖို့ မမျှော်လင့်ခဲ့မိဘဲ သူ၏ ခန့်မှန်းချက်များကလဲ သူမ တွေးထားသလို လုံးဝ တစ်ထပ်ထဲ ကျနေ‌ခဲ့သေးသည်။

သူမကို စိတ်ပိုအေးသွားစေသည်မှာ မင်းသားချီနှင့် မော့ကျိုးယွီတို့ လမ်းခွဲလိုက်သည့် အကြောင်းကို သူ မြို့တော်ပြန်ရောက်လျှင် သတင်းဖြန့်ဖို့အတွက် သူ့ဘက်မှ လက်ဦးမှုယူကာ အကြံပေးလာသောကြောင့်ပင်။

ဤအရာကြောင့် သူမနှင့် မော့ကျိုးယွီတို့ သူ့ကို တောင်းဆိုရမည့် ရှက်စရာ တစ်ခု လျော့ပါးသွားစေသည်။

ဟဲကျစ်ယန်သည် ဖေးနန်ယွီအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ “လူကြီးမင်းဖေး ကျွန်မရဲ့ မော့မိသားစုကို တွေးတောပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်။ ရှင့်ရဲ့ ကြင်နာမှုအတွက် မော့မိသားစုဝင်တွေအားလုံးကိုယ်စား ကျွန်မက ကျေးဇူးတင်ပါတယ်ရှင်”

ဖေးနန်ယွီက ချက်ချင်းပင် သူမကို ခါးပြန်မတ်စေကာ ပြောလိုက်သည်။ “သခင်မမော့က ယဉ်ကျေးလွန်းနေပါပြီ။ ကြင်နာမှုအကြောင်း ပြောရမယ်ဆိုရင် မင်း ကျွန်တော့်ကို အရင်ဆုံး ကယ်တင်ခဲ့လို့ ဒီနေ့ ကျွန်တော် အကျိုးအမြတ်တွေ အများကြီး ရနိုင်ခဲ့တာပါ။ ကျွန်တော်ကသာ ကျေးဇူးတင်ရမဲ့လူပါ”

နှစ်ယောက်သား မပြန်အလှန် ကျေးဇူးတင်လိုက်ကြသည်။ နောက်ကျတော့မည်ကို မြင်သောအခါ ဟဲကျစ်ယန် ထွက်ခွာလာခဲ့တော့သည်။ ဟွမ်းလျန်များနှင့် ငွေများကို စီမံခန့်ခွဲဖို့က အခု ဖေးနန်ယွီ၏ တာဝန်သာ ဖြစ်သည်။

လှည်းလေးထဲတွင် သူမသည် မော့ကျိုးယွီကို ဘာတွေဖြစ်ခဲ့ကြောင်း အကျဉ်းချုံး ပြောပြလိုက်ပြီး လှည်းကို မောင်းထွက်လိုက်သည်။

မော့ကျိုးယွီ၏ ကျန်းမာရေးကြောင့် သူမ မြန်မြန်ကြီး မမောင်းရဲပေ။

သူမတို့ ဆယ်လီလောက် ထွက်လာခဲ့ပြီးမှ ဟဲကျစ်ယန်သည် စိတ်ချရပြီဟု ခံစားရသောကြောင့် မော့ကျိုးယွီကို နေရာလွတ်ထဲတွင် ပြန်အနားယူစေလိုက်သည်။

နေဝင်သွားမှသာ ဟဲကျစ်ယန် အနားယူဖို့ ရပ်တန့်ခဲ့သည်။

သူမသည် လှည်းကို လုံခြုံသောနေရာတွင် ရပ်လိုက်ပြီးနောက် လားအတွက် အစာတချို့ဝယ်ထားခဲ့ကာ နေရာလွတ်ထဲသို့ ပြန်ဝင်လိုက်သည်။

ဤသို့ဖြင့် ဟဲကျစ်ယန်သည် လားလှည်းကို နေ့ခင်းဘက်တွင် မောင်းရင်း ညဘက်တွင် နေရာလွတ်ထဲ အနားယူအိပ်စက်သည်။

ဆက်တိုက်ခရီးသွားပြီးနောက် ၆ ရက်မြောက်နေ့တွင် မော့ကျိုးယွီသည် သူတို့ ပြည်နှင်ဒဏ်အဖွဲ့နှင့် သိပ်မဝေးတော့ဘူးဟု ခန့်မှန်းလိုက်၏။

ထို့ကြောင့် ဟဲကျစ်ယန်သည် သူမ၏ ပုံမှန်ဝတ်စုံသို့ ပြန်ပြောင်းဝတ်လိုက်သည်။

မော့ကျိုးယွီ၏ ဒဏ်ရာကို ချုပ်ရိုးဖြေပြီးပြီဖြစ်သောကြောင့် သူ အဆက်မပြတ် လှုပ်ရှားနိုင်ပြီဖြစ်သည်။ သူသည် ဟဲကျစ်ယန်အစား လှည်းမောင်းပေးဖို့ ခေါင်းမာနေခဲ့သည်။

ဟဲကျစ်ယန်သည် သူ့ဘေးတွင်ထိုင်ရင်း ရှေးခေတ်၏ ရှုမျှော်ခင်းများကို ခံစားကြည့်ရှုနေ၏။

ညဘက်မရောက်ခင် သူတို့သည် ပြည်နှင်ဒဏ်အဖွဲ့ကို ရှေ့တွင် လှမ်းမြင်လိုက်ရတော့သည်။

ဟဲကျစ်ယန်သည် သူမ၏ နေရာလွတ်က သူမမိသားစု ဤနေရာတွင် မစားနိုင်သော အသီးများကို ထောက်ပံ့ပေးနိုင်မည်ဟု ခံစားခဲ့ရသည်။ သူမ ထိုအခွင့်အရေးကို အရယူကာ ဤအချိန်ကာလတွင်ရှိသော ပုံမှန်သစ်သီးအမျိုးအစားများကို ဝယ်ယူကာ သူမနှင့် မော့ကျိုးယွီကို ပြည်နှင်ဒဏ်အဖွဲ့ဆီမှ အကြာကြီး ထွက်ခွာခွင့်ပေးခဲ့သော အရာရှိများအား ကျေးဇူးတင်ကြောင်း ပြသရန်နှင့် သူမ မိသားစု စားသုံးရန် ဝယ်ယူခဲ့သည်။

တကယ်တော့ အရာရှိများကသာ စည်းကမ်းတင်းကြပ်ပြီး ခွင့်မပြုပေးခဲ့ပါက သူတို့သည် ဤကဲ့သို့သော မမှန်မကန်ဖြစ်နေမှုကို ရုံးတော်ဆီ အစီရင်ခံကြမှာ ဖြစ်သည်။

ဟဲကျစ်ယန်က အဆင်သင့်ဖြစ်ပြီဆိုတာ မြင်သောအခါ မော့ကျိုစယွီသည် လှည်းကို အရှိန်တင်ကာ မောင်းလိုက်၏။ မျက်စိတစ်မှိတ်အတွင်းပင် သူမတို့သည် ပြည်နှင်ဒဏ် အဖွဲ့ကို လိုက်မှီသွားခဲ့သည်။

လူတန်းကြီး၏ အနောက်ဘက်တွင် လျှောက်နေကြသော အရာရှိမှာ လှည်းပေါ်ရှိလူများကိုမြင်ပြီး ထိတ်လန့်သွားမိကြသည်။

ထပ်တွေးမနေတော့ဘဲ သူသည် အကျယ်‌ကြီးအော်ဟစ်ကာ လူတန်းကြီး၏ အရှေ့သို့ ပြေးသွားလိုက်သည်။ “ခေါင်းဆောင်ရေ၊ မော့ကျိုးယွီ ပြန်ရောက်လာပြီ”

မော့ကျိုးယွီသည် လှည်းကို အရှိန်နှေးလိုက်ပြီး မော့မိသားစု နေရာအထိရောက်အောင် သွားလိုက်သည်။

တစ်ချိန်တည်းပင် လူတန်းကြီးအရှေ့မှ ဖမ်းဝမ်သည်လည်း ထိုအော်သံကို‌ ကြားသောကြောင့် လျှောက်လာကာ သူတို့ကို မော့မိသားစုနေရာအနားတွင် တွေ့မိသွားသည်။

မော့ကျိုးယွီကို ဖမ်းဝမ်ကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သခင်မကြီးမော့ဆီသို့ သွားကာ ဒူးထောက်ချလိုက်သည်။

“ဒီသားက မသိတတ်ပါဘူး။ အမေ့‌ကို စိတ်ပူစေမိပြီ”

ထိုသို့ပြောပြီးနောက် သူသည် ဖြေးညှင်းစွာ ဦးချလိုက်၏။

သခင်မကြီးမော့၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူမသည် မော့ကျိုးယွီရှေ့သို့သွားကာ သူ့ကို မတ်တပ်ပြန်ရပ်ခိုင်းလိုက်ပြီးနောက် ရှိုက်ငိုနေမိသည်။

“ပြန်လာရင် ရပြီ .. ပြန်လာရင် ရပြီ ...”

ထိုအရာကို မြင်ပြီး မရီးများသည်လည်း မျက်ရည်သုတ်နေကြရသည်။

မော့ဟန်ယွဲ့က ပိုလို့ပင် ဆိုးသေးသည်၊ သူမလေးသည် အကျယ်ကြီး အော်ငိုကာ ဟဲကျစ်ယန်၏ ရင်ခွင်ထဲ ပစ်ဝင်လိုက်တော့သည်။

“နဝမ ယောင်းမလေး၊ နောက်ဆုံးတော့ ပြန်လာပြီ။ ဟန်ယွဲ့က အစ်မတို့ကို စိတ်ပူလွန်းလို့ အိပ်လို့တောင် မပျော်ဘူး ..ဝါးး.. နဝမ ယောင်းမလေး၊ ဟန်ယွဲ့က အစ်မကိုရော နဝမ အကိုကိုရော အရမ်း သတိရနေတာ”

ဟဲကျစ်ယန်သည် မော့ဟန်ယွဲ့ကို ဖက်ထားပြီး နှစ်သိမ့်ပေးလိုက်သည်။ “မငိုနဲ့တော့နော် ဟန်ယွဲ့လေး။ ကြည့်လေ အစ်မတို့ ဘာမှ မထိခိုက်ဘဲ ပြန်ရောက်လာပါပြီ”

မော့ဟန်ယွဲ့ဟည် ပျော်လွန်းသဖြင့် မျက်ရည်ကျနေခြင်းပင်။ သူမက အကြားကြီးတော့ မငိုခဲ့ပေ။ သူမသည် ဟဲကျစ်ယန် ဖက်ထားတာ ခံပြီး ခဏ အလိုလိုက်ခံရပြီးနောက် သခင်မကြီးမော့အနားသို့ ပြန်သွားလိုက်သည်။

ဤအချိန်တွင် မော့ကျိုးယွီက ဖမ်းဝမ်အနားရောက်နေပြီဖြစ်သည်။ အကြာကြီး အဝေးရောက်နေခဲ့တာ ဖြစ်သောကြောင့် သူ ဖြေရှင်းချက်တချို့ ပေးရပေမည်။

“အကိုကြီးဖမ်း၊ ဤကိစ္စက ရုတ်တရတ်ကြီး ဖြစ်သွားခဲ့တာပါ။ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ ချောက်ကမ်းပါးထဲ ပြုတ်ကျသွားခဲ့တာ။ အရာရှိကျိုး အချိန်မှီရောက်လာပြီး ကယ်ပေးခဲ့တာကို ကျေးဇူးတင်ရမှာပဲ၊ ကျွန်တော်တို့ကို အဲ့ဒီ တောင်ချိုင့်ထဲက ထုတ်ပေးနိုင်ခဲ့တယ် ...”

ဖမ်းဝမ်သည် မော့ကျိုးယွီကို သေချာကြည့်ကာ ပုခုံးကို ပုတ်ပေးလိုက်သည်။

“ဆန်းတာ့ကျိုး သူပြန်လာတော့ ငါ့ကို အဲ့ကိစ္စ ပြောပြတယ်။ မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့၊ မင်း ငါတို့ဆီ ပြန်ရောက်လာပြီပဲ။

ပြန်ရောက်လာကာစဆိုတော့ မိသားစုနဲ့ အချိန်ကုန်ဆုံးလိုက်ဦး။ သူမတို့တွေ ဒီအချိန်တွေအတွင်း မင်းတို့နှစ်ယောက်ကို စိတ်ပူလွန်းနေတယ်။”

မော့ကျိုးယွီသည် ဖမ်းဝမ်အား ကျေးဇူးတင်စွာ ဂါရဝပြုလိုက်သည်။ “အကိုကြီးဖမ်း နားလည်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်”

ဖမ်းဝမ်သည် ကောင်းကင်ကို ကြည့်လိုက်၏။ သူက နောက်ထပ်နာရီဝက် ခရီးဆက်ပြီးရင် နားကြမယ်ဟု အမိန့်ပေးလိုက်သည်။

ဟဲကျစ်ယန်သည် သခင်မကြီးမေယ့နှင့် မရီးများက မော့ကျိုးယွီ ပြန်လာပြီးနောက် ဆွေးနွေးစရာများ အများအပြားရှိနေမည်ဟု ခန့်မှန်းမိခဲ့သည်။ သူမသည် လိမ္မာပါးနပ်စွာဖြင့် လှည်းကို အနောက်သို့ မောင်းသွားလိုက်သည်။

ဆန်းတာ့ကျိုးက လူတန်းကြီး၏ အလယ်တွင် ရှိနေသည်။ ဟဲကျစ်ယန် တစ်ယောက်တည်းဆိုတာကို တွေ့ပြီးနောက် သူ မနေနိုင်ဘဲ အလျင်အမြန် ကူညီပေးရန် သွားလိုက်၏။

“မိန်းကလေးဟဲ၊ မင်းနဲ့ မော့ကျိုးယွီတို့ လမ်းမှာ လုံခြုံခဲ့ကြရဲ့လား”

ဟဲကျစ်ယန်သည် သူ့အား သင့်တော်စွာ ပြုံးပြလိုက်သည်။ “အရာရှိကျိုး စိတ်ပူပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ကျွန်မ‌တို့ခရီးလမ်းက အဆင်ပြေခဲ့ပါတယ်။ အဖွဲ့နဲ့ အမြန်ပြန်ပေါင်းနိုင်ဖို့ ဖင်းရန်ကောင်တီမှာ လှည်းဝယ်လိုက်တာမို့ ပိုပြီး အဆင်ပြေသွားပါတယ်”

ဖမ်းဝမ်က သိပ်မဝေးသောနေရာတွင် ရှိနေသည်။ ဟဲကျစ်ယန်၏ စကားသည် လားလှည်းကို ဘယ်ကရခဲ့လဲဆိုတာပါ တစ်ခါထဲ ရှင်းပြလိုက်ခြင်းပင်။

ဆန်းတာ့ကျိုးက အများကြီး မတွေးမိပေ။ လားလှည်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“စည်းကမ်းတွေအရတော့ ပြည်နှင်ဒဏ်ခရီးမှာ တိရစ္ဆာန်အရှင်တွေ သယ်လို့ မရဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျွန်တော် ခေါင်းဆောင်ကို ဒီအကြောင်း ပြောလိုက်ပါမယ်။ အထူးအခြေအနေတွေကို စဉ်းစားကြည့်ပြီး လှည်းဝယ်လိုက်တာကို ဒီလှည်းအတွက် ပိုက်ဆံလဲ ကုန်ထားရသေးတယ် ချက်ချင်း စွန့်ပစ်လိုက်လို့တော့ မဖြစ်ဘူးမလား”

ဖမ်းဝမ်သည် ဆန်းတာ့ကျိုးအား မျက်ဖြူလန်သွားရသည်။ ဟဲကျစ်ယန် ရှိနေသောကြောင့်သာ မဟုတ်ပါက သူသည် ထိုကောင်လေးကို ဝါးစားဖို့ ဆွဲခေါ်ထုတ်သွားမိမှာ အမှန်ပင်။

ဒီဆန်းတာ့ကျိုးကတော့ ဘယ်တော့မှ သင်ယူမှာ မဟုတ်ဘူး။ ဟဲကျစ်ယန်နဲ့ သူ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သိနေတာတောင်မှပဲ သူမနဲ့ အဆင်ပြေဖို့ အမြဲကြိုးစားနေတယ်။

***

All Chapters