သူ ခင်ဗျားကို ဘာကတိပေးခဲ့တာလဲ
Vol. 9 Ch. 116
ထိုစကားကို ကြားပြီးနောက် မော့ကျိုးယွီ တော်တော်များများ သဘောပေါက်သွားသည်။
အရှင်းဆုံးပြောရလျှင် ဟယ်ကျီယွမ်သည် မင်းသားရွေ့နှင့် ပက်သက်ရသည့်အကြောင်းရင်းမှာ ဟယ်မေ့ယွီကြောင့်ဖြစ်သည်။
မင်းသားရွေ့ ကြင်ယာတော်၏ မိသားစုနောက်ခံမှာ ရိုးရိုးရှင်းရှင်းသာဖြစ်သည်ဟု သူ ကြားသိခဲ့ဖူးသည်။ မြို့တော်က သာမန်ကုန်သည်တစ်ဦး၏ သမီးသာ ဖြစ်သည်။
ထို့အပြင် သိပ်မကြာခင်ကမှ မင်သားရွေ့၏ ကြင်ယာတော်သည် ဖျားနာကာ သေဆုံးသွားသည်ဟု မြို့တော်တစ်ခွင့် သတင်းပျံ့သွားသေးသည်။
ဟယ်ကျီယွမ်၏ မျက်နှာအမူအရာအရ လိမ်နေသည့်ပုံမပေါ်ပေ။
မော့ကျိုးယွီက ဆက်မေးလိုက်သည်။ “အဲ့နောက် ဘာဖြစ်သွားတာလဲ”
“နောက်ပိုင်းတော့ မင်းသားရွေ့က မေ့ယွီကိုခေါ်ပြီး ကျွန်တော်နဲ့ တိတ်တဆိတ် လာတွေ့ပါတယ်၊ သူမလေးက မိသားစုကို လွမ်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့လေ။
ကျွန်တော်တို့ ဆက်တွေ့နေကြတော့ မင်းသားရွေ့နဲ့ကျွန်တော် ဖြေးဖြေးချင်း ရင်းနှီးလာကြပြီး ကျွန်တော့်ကို လူသစ်စုဆောင်းဖို့အတွက် အခွင့်အရေးတွေ ပြောလာပါတယ်”
မော့ကျိုးယွီက ပြင်းပြင်းထန်ထန် မေးလိုက်သည်။ “သူ ခင်ဗျားကို ဘာတွေကတိပေးခဲ့တာလဲ”
ဟယ်ကျီယွမ်က နှိမ့်ချစွာ ပြုံးလိုက်သည်။ “ပုံမှန်ပါပဲ မေ့ယွီကို မိဘုရားခေါင် ရာထူးပေးပါမယ်ပေါ့။ မင်းသားရွေ့ပြောတာ သူသာ အဲ့ဒီနေရာကို အေးအေးဆေးဆေး ယူနိုင်ခဲ့ရင် မေ့ယွီက သေချာပေါက်ကို အနာဂတ်ရဲ့ မိဘုရားခေါင်ကြီးပဲတဲ့။
အဲ့ဒီအချိန်ကျရင် သူက ရုံးတော်ရဲ့ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေအားလုံးရှေ့မှာ မေ့ယွီရဲ့ အချက်အလက်အမှန်ကို ကြေညာပြီးတော့ လူသိန်းချီရဲ့အထက်မှာ ရပ်တည်နေတဲ့ ဧကရာဇ်မင်းရဲ့ ယောက္ခထီးအဖြစ် ကြေညာပြီး ဧကရာဇ်ပြီးရင် ဒုတိယ အာဏာအကြီးဆုံးဖြစ်စေရမယ်တဲ့”
မော့ကျိုးယွီ သွေးအေးစွာ ရွဲ့လိုက်သည်။ “ခင်ဗျား သမီးလေး အသက်တိုသွားတာ စိတ်မကောင်းစရာပဲ”
ဟယ်ကျီယွမ်က သက်ပြင်းချလိုက်သည်။
“ကျွန်တော် လူကဲခတ်တာ ညံ့ခဲ့လို့ပါ။ မင်းသားရွေ့က ကတိတည်မဲ့လူလို့ ထင်ခဲ့မိတယ်။ ကျွန်တော်က ဧကရာဇ်ဆီက ရာထူးလဲ လျှော့ချခံရရော သူ့ရဲ့ သဘောထားက သိသိသာသာကြီးကို ပြောင်းလဲသွားခဲ့တယ်။
မေ့ယွီရဲ့ သေဆုံးသွားတဲ့သတင်း ထွက်မလာခင်ကတည်းက ကျွန်တော် ဧကရာဇ်ရဲ့ ယောက္ခထီးဖြစ်ဖို့ အကြံဉာဏ်ကို လုံးဝ စွန့်လွှတ်လိုက်တာပါ။
ကျွန်တော်က ဒီကိစ္စတွေကို ဖော်လိုက်မှာလဲ မင်းသားရွေ့က စိတ်မပူဘူးလေ။ ဘာလို့လဲဆိုတော့ ဖော်ထုတ်လိုက်တာနဲ့ တစ်ပြိုက်နက် နယ်စပ်တပ်ရဲ့ ရိက္ခာတွေကို ကျွန်တော်က အလွဲသုံးစားလုပ်လိုက်တယ်လို့ ဝန်ခံလိုက်တာနဲ့ အတူတူပဲမို့လို့ပါ”
ထိုသို့ပြောပြီးနောက် ဟယ်ကျီယွမ်သည် မော့ကျိုးယွီကို လေးလေးနက်နင် ဂါရဝပြုလိုက်သည်။
“လူကြီးမင်းမော့၊ အခု ကျွန်တော်တို့နှစ်ယောက်လုံး ပြည်နှင်ဒဏ်ပေးခံလိုက်ရပါပြီ၊ ကျွန်တော် ခင်ဗျားကို ဒါတွေအားလုံး ပြောပြတယ်ဆိုတာက ခင်ဗျား အရင်တုန်းကဖြစ်ခဲ့တဲ့ အမုန်းတရားတွေကို လွှတ်ချပေးပြီး ကျွန်တော့်မိသားစုကို နည်းနည်းလောက် ကြည့်ရှုပေးစေချင်လို့ပါ။
ကျွန်တော် ဒီနေ့ ဒီနေရာကိုရောက်သွားတယ်ဆိုတာ မင်းသားရွေ့ရဲ့ နောက်ကွယ်က အကွက်ရွှေ့မှုတွေကြောင့်ပါ။ ဒီအချိန်အတောအတွင်း ပြည်နှင်ဒဏ်ခရီးမှာ ကျွန်တော် အများကြီးပဲညကြုံတွေ့ခဲ့ရပြီးတော့ မသင့်တော်တဲ့ အတွေးမျိုးလဲ လုံးဝမရှိတော့ပါဘူး။
မော့ကျိုးယွီသည် လက်ကိုနောက်ပစ်ထားကာ အကြည့်များက အေးစက်လျက်ပင်။
“ခင်ဗျားနဲ့ ကျွန်တော်က ဘယ်တုန်းကမှ တစ်ဖက်တည်း မဟုတ်ခဲ့ဘူး။ ပြီးတော့ အဲ့ဒီတုန်းက ခင်ဗျားလုပ်ခဲ့တဲ့အရာတွေက နယ်စပ်က တပိသားအများကြီးကို အသက်ဆုံးရှုံးသွားစေနိုင်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားကို အဲ့ဒါအတွက် ခွင့်မလွှတ်ပေးနိုင်ဘူး။
ဒီနေ့ ခင်ဗျား ကျွန်တော့်ကို ပြောပြခဲ့တဲ့ အကြောင်းအရာတွေကို ထောက်ထားပြီး ခင်ဗျားစည်းကမ်းတွေကို လိုက်နာပြီး ကျွန်တော့်ကို ရန်မစသရွေ့ ကျွန်တော့်ဘက်က ခင်ဗျားကို တစ်ခုခု စလုပ်မှာမဟုတ်ဘူးလို့ အာမခံပေးတယ်”
မော့ကျိုးယွီသည် အနောက်မြောက်အရပ်သို့ ရောက်ပါက အခွင့်အရေးတစ်ခုရှာကာ ဟယ်ကျီယွမ်ကိုသတ်ပြီး ထိုနှစ်များက သူ အလွဲသုံးစား လုပ်ခဲ့သော နယ်ခြားစောင့်တပ်များ၏ ရိက္ခာများအတွက် ပြန်လက်စားချေမည်ဟု တွေးထားခဲ့ဟည်။
ထိုလူက အစားအစာများကို အလွဲသုံးစားလုပ်လိုက်သော်လဲ နယ်ခြားစောင့်တပ်များ မသေဆုံးခဲ့သောကြောင့်သာလျှင် မဟုတ်ပါက မော့ကျိုးယွီသည် ထိုလူကို သေချာပေါက် သတ်ဖြတ်ပြီးနေပြီ ဖြစ်သည်။
သူ့အတွက်တော့ ဟယ်ကျီယွမ်ကို ယနေ့ ထိုကဲ့သို့သော ကတိမျိုးပေးလိုက်ခြင်းက အကောင်းဆုံးသော လိုက်လျောမှုဖြစ်နေပြီဖြစ်သည်။
ထိုစကားကြောင့် ဟယ်ကျီယွမ်သည် ချက်ချင်းပဲ တောင့်တင်းသွားရ၏။ သူသည် မော့ကျိုးယွီကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
မော့ကျိုးယွီက သူ့ကို သတ်ဖို့ ကြံစည်ထားလိမ့်မည်ဟု သူ လုံးဝမတွေးခဲ့ဖူးပေ။
ထိုအရာရှိများ ရှိနေသေးသောကြောင့်သာ သည်းခံထားရခြင်းဖြစ်ပုံပေါ်သည်။
ထိုအကြောင်း တွေးမိပြီးနောက် ဟယ်ကျီယွမ်သည် ချက်ချက်းပဲ ကျောရိုးထဲမှ စိမ့်တက်သွားရပြီး နဖူးတွင်လဲ ချွေးအေးများ ထွက်လာခဲ့သည်။
ဤအရာများကို စိတ်လိုလက်ရ ပြောပြခဲ့သည့် သူ့ရည်ရွယ်ချက်မှာ တစ်ဖက်လူက သူ့ကိုခွင့်လွှတ်ပေးပြီး သူ့မိသားစုတစ်ခုလုံးကို ပိုပြီးကောင်းကောင်း နေနိုင်အောင် လုပ်ပေးစေချင်သောကြောင့်ဖြစ်သည်။
သူတို့ အာသာပြေဖို့ ထိုအသီး တစ်လုံးနှစ်လုံးလောက် ဆိုလျှင်ပင် ကောင်းသေးသည်။
မထင်မှန်ထားစွာပင် ကိစ္စများက စီစဉ်ထားသလို ဖြစ်မလာခဲ့ဘဲ သူ့ကိုသာ အကြပ်ရိုက်သွားစေသည်။
ခဏတာ တွေးကြည့်ပြီးနောက် ဟယ်ကျီယွမ်သည် အံကိုကြိတ်ကာ ပြောလိုက်၏။ “လူကြီးမင်းမော့ ကျွန်တော် ဒါတွေ အကုန်လုံးကို သစ္စာရှိရှိ ပြောပြခဲ့တာလေ။ စကားဆိုတာ ပြန်သိမ်းလို့ မရဘူး”
မော့ကျိုးယွီက အေးစက်စွာ ရယ်လိုက်သည်။
“ခင်ဗျားဟာခင်ဗျား လာပြောတာလေ။ ကျွန်တော် မမေးခဲ့ပါဘူး”
ထိုစကားက ဟယ်ကျီယွမ်ကို မေ့လဲသွားလောက်အောင် ဒေါသထွက်သွားစေသည်။ သူသည်လည်း ဒေါသမရှိသောလူမျိုး မဟုတ်ပေ။
“ရုံးတော်ကလူတိုင်းက မင်းကို လူကြီးလူကောင်းလို့ ပြောကြပေမဲ့ တကယ်တော့ မင်းက သဘောထားသေးသိမ်တဲ့လူပဲ”
ထိုစကားကို စိတ်တိုရမည့်အစား မော့ကျိုးယွီက ပြုံးလိုက်သည်။
“ငါ လူကြီးလူကောင်းလား သဘောထားသေးသိမ်တဲ့လူလားဆိုတာ ငါနဲ့ မျက်နှာချင်းဆိုင်နေတဲ့ လူမပေါ် မူတည်တာပဲ။ သဘောထားမကောင်းတဲ့ လူတစ်ယောက်နဲ့ ဆက်ဆံနေရတဲ့အချိန်မှာ ငါက ဘာလို့များ လူကြီးလူကောင်းဆန်ပေးနေရဦးမှာလဲ”
ထိုစကားများက ဟယ်ကျီယွမ်ကို ဆွံ့အသွားစေသည်။ မော့ကျိုးယွီ၏ ပင်ကိုယ်ဗီဇကို ဘယ်လိုပဲဖြစ်ဖြစ် ဆွဲဆောင်နိုင်မှာ မဟုတ်ကြောင်း နားလည်သွားရသည်။ နောက်ဆုံးတွင် သူ ထပ်ပြောနေလဲ ဘာအဓိပ္ပါယ်မှ ရှိမည်မဟုတ်ပေ။
နောက်ဆုံးတွင် ဟယ်ကျီယွမ်သည် အင်္ကျီလက်ကို ခါလိုက်ကာ ဒေါသထွက်စွာ ထွက်သွားတော့သည်။
တစ်ချိန်တည်းပင် မော့ကျိုးယွီသည်လည်း အတွေးထဲနစ်သွားရသည်။ ဟယ်ကျီယွမ်၏ စကားများကသာ မှန်နေပါက အနာဂတ်ကို ဘယ်လိုကိုင်တွယ်ရမလဲဟု တွေးနေမိသည်။
သူသည် ယခုပင် နန်ဟန်၏ ကိစ္စအတွက် ဖြေရှင်းနည်း ရှာပြီးရုံရှိသေး၊ ဖုံးကွယ်ထားသော ဇာတ်ကောင် နန်ရွေ့က ပေါ်လာပြန်သည်။
ဟဲကျစ်ယန်သည် အမျိုးသမီးများနှင့်အတူ အသီးစားနေခဲ့ပြီး ဟယ်ကျီယွမ် သွားလိုက်သည်ကို မြငိသော်လဲ အများကြီးမတွေးမိခဲ့ပေ။ သူ့အမူအကျင့်အရ မော့ကျိုးယွီကို မျက်နှာသာ ပေးသည်ဟုသာ ထင်ခဲ့၏။
အမျိုးသမီးများက စားပြီးခါနီးပြီဟု မြင်လိုက်သောအခါ ဟဲကျစ်ယန်သည် လူတိုင်းကို အနားယူကြဖို့ နှိုးဆော်လိုက်သည်။
အသီးများက အများကြီး မကျန်တော့ဘဲ မော့မိသားစုများအတွက် တစ်ယောက်နှစ်လုံးစီသာ ကျန်တော့သည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် လူတိုင်းကို နှစ်လုံးစီ ထပ်ဝေပေးလိုက်ကာ မနက်ဖြန်လမ်းတွင်စားရန် သိမ်းထားခိုင်းလိုက်သည်။
လူတိုင်းသည် အသီးနှစ်လုံးစီဖြင့် သူမတို့၏ ကိုယ်ပိုင် တဲအိမ်လေးများဆီ ပျော်ရွှင်စွာ ပြန်သွားကြသည်။
ဟဲကျစ်ယန်သည် သခင်မကြီးမော့နှင့် မော့ဟန်ယွဲ့တို့ကို လှည်းထဲတွင် အိပ်ခိုင်းလိုက်သည်။
လှည်းအတွင်းသည် ပျော့ပျောင်းပြီး အိစက်နေသောကြောင့် တဲအိမ်များထက် ပိုသက်တောင့်သက်သာ ရှိဟည်။
သားဖြစ်သူ၏ ဒဏ်ရာများကြောင့် သခင်မကြီးမော့သည် တဲအိမ်ထဲတွင်သာ အိပ်ဖို့ခေါင်းမာနေခဲ့သည်။
ယခု မော့ကျိုးယွီသည်လည်း နေရာလွတ်၏ လျှို့ဝှက်ချက်ကို သိသွားပြီဖြစ်သောကြောင့် ဟဲကျစ်ယန်သည် တည်းခိုအိပ်စက်ရမည့် နေရာများနှင့် ပက်သက်၍ အဆင်မပြေဖြစ်စရာ နည်းပါးသွားခဲ့သည်။ သူမတို့ ဘယ်မှာပဲ အိပ်ပါစေ၊ နေရာလွတ်ထဲ ဝင်ကြမည်ဖြစ်သည်။
မော့ကျိုးယွီသည်လည်း ထိုအချက်ကို နားလည်နေသည်။ ထို့ကြောင့် ဟဲကျစ်ယန်ကို ကူညီပြီး သခင်မကြီးမော့ကို ဖျောင်းဖျပေးလိုက်သည်။
နောက်ဆုံးတွင် သခင်မကြီးမော့သည် သူမတို့နှစ်ယောက်ကို မငြင်းဆန်နိုင်သောကြောင့် မော့ဟန်ယွဲ့ကိုခေါ်ကာ လှည်းထဲသို့ ဝင်သွားတော့သည်။
မော့ကျိုးယွီက နေရာလွတ်၏ လျှို့ဝှက်ချက်ကို သိနေပြီဖြစ်သောကြောင့် ဟဲကျစ်ယန်သည် အပြင်ဘက်တွင် ဆေးကြောချင်ယောင်ဆောင်စရာမလိုတော့ပေ။ နေရာလွတ်ထဲရောက်မှ ဆေးကြောနိုင်ပေသည်။
သူမ တဲအိမ်သို့ ပြန်ရောက်ဟောအခါ မော့ကျိုးယွီ၏ တည်တင်းနေသောမျက်နှာထားကို တွေ့လိုက်ရသည်။
ဟဲကျစ်ယန်သည် ထိုအရာက ဟယ်ကျီယွမ်နှင့် တစ်ခုခု ဆက်စပ်နေလိမ့်မည်ဟု သံသယရှိစွာ တွေးလိုက်သည်။
နံရံတွင် နားများရှိသောကြောင့် လုံခြံဖို့အတွက် ဟဲကျစ်ယန်သည် မော့ကျိုးယွီကို သူမနှင့်အတူ နေရာလွတ်ထဲသို့ ဆွဲခေါ်သွားလိုပ်သည်။
နှစ်ယောက်သား ထမင်းစားစားပွဲတွင် တိတ်တဆိတ် ဝင်ထိုင်လိုက်ကြသည်။
ဟဲကျစ်ယန်က မေးလိုက်သည်။ “ဘာဖြစ်တာလဲ”
မော့ကျိုးယွီသည် ဘာကိုမှဖုံးကွယ်မနေဘဲ ခုနက ဟယ်ကျီယွမ်ပြောသွားသမျှကို ဟဲကျစ်ယန်အား ပြောပြလိုက်သည်။
“ဟယ်ကျီယွမ်ပြောတာတွေက မှန်လားမှားလား မသိသေးပေမဲ့ ကိုယ် သတိထားဖို့တော့လိုတယ်”
ထိုစကားပြောင့် ဟဲကျစ်ယန်သည် သူမ ဖတ်ထားခဲ့ဖူးသော သမိုင်းစာအုပ်များထဲမှ မင်းသားရွေ့အကြောင်း ပြန်စဉ်းစားကြည့်လိုက်၏။
သို့သော် သူမ သိရသေလာက် မင်းသားရွေ့၏ တည်ရှိမှုမှာ အလွန်အရေးမပါပေ။ ယနေ့ မော့ကျိုးယွီ ပြောလိုက်သောကြောင့်သာ မဟုတ်ပါက သူမသည် ထိုလူကို လုံးဝ လျစ်လျူရှုထားမိမှာ ဖြစ်သည်။
ထိုကိစ္စ၏ စစ်မှန်မှုကို စစ်ဆေးရန်အတွက် ဟဲကျစ်ယန်သည် မော့ကျိုးယွီရှေ့သို့ သမိုင်းစာအုပ်ပေါင်းများစွာကို ယူလာခဲ့လိုက်သည်။
စားပွဲပေါ်မှ စာအုပ်ပုံကြီးကို မြင်သောအခါ မော့ကျိုးယွီက မေးလိုက်သည်။ “ဒါတွေက ဘာတွေလဲ”
ဟဲကျစ်ယန်သည် မော့ကျိုးယွီအား တရုတ်ရိုးရာ သမိုင်းစာအုပ်တစ်အုပ်ကို သေချာရွေးပေးလိုက်သည်။
*ဒီမှတ်တမ်းတွေက တာ့ရွှင်းမင်းဆက်ရဲ့ တချို့သော ကိစ္စတွေပဲ။ ဒါတွေက ကျွန်မတို့ကို အထောက်အကူ ပြုလိမ့်မယ်”
တုံ့ဆိုင်းမနေတော့ဘဲ မော့ကျိုးယွီသည် ထိုစာအုပ်ကို ချက်ချင်း လှန်လှောဖတ်ရှုတော့သည်။
ဟဲကျစ်ယန်လည်း အတူတူပင်။ သူမက ဒီနေရာသို့ ကူးပြောင်းလာပြီးကတည်းက သမိုင်းစာအုပ်များကို အကြိမ်ပေါင်းများစွာ ဖတ်ရှုခဲ့သည်။ ဖြစ်ရပ်အများစုမှာ အပေါ်ယံများသာ ဖြစ်ကြသည်။ လူမသိသော ကိစ္စများကို အမှန်တကယ် တူးဖော်လိုပါက တရားမဝင်သော သမိုင်းကြောင်းများကို နက်နက်နဲနဲ လေ့လာရမည်ဖြစ်သည်။
***