← Chapters

လက်အောက်ငယ်သားဟောင်း

Vol. 9 Ch. 119

လက်အောက်ငယ်သားဟောင်း

Vol. 9 Ch. 119

ဒုတိယချွေးမ၏ အတွေးအမြင်သည် အခြားသူများနှင့် အတူတူပင်ဖြစ်သည်ဟု မဆိုလိုပါ။

ပထဆုံးအနေနဲ့ အမြဲတမ်း တည်ငြိမ်ပြီး စုဆောင်းတတ်တဲ့ သခင်မကြီးမော့သည် သူမ၏ သက်တမ်း တစ်ဝက်ကို စစ်သူကြီးချုပ်၏ ဇနီးအဖြစ် ဖြတ်သန်းခဲ့ဖူးတာကြောင့် လျှို့ဝှက်လက်နက်တွေရဲ့ စွမ်းအားကို နားလည်မှုအချို့ ရှိနေဆဲ ဖြစ်သည်။

ထိုအကြောင်းကိုရှင်းပြနေစဉ် သူမသားဖြစ်သူ၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာအား ကြည့်ရင်း ဤလျှို့ဝှက်လက်နက်သည် သာမန်ထက် ထူးကဲမှန်း သူမ သိလိုက်သည်။

“ကျိုးယွီ စိတ်မပူနဲ့၊ နင့်မရီးတွေနဲ့ ဟန်ယွဲ့ကို အမေ မျက်စိထောင့်ဒေါက် စောင့်ကြည့်ပေးမယ်၊ ဒီလျှို့ဝှက်လက်နက်တွေကို တခြားသူတွေစီ လွယ်လွယ်နဲ့ ထုတ်ဖော်ခွင့်မပေးဘူး။”

အကြီးဆုံးမရီးက “သမီးတို့အားလုံး အမေနဲ့ နဝမမတ်လေးတို့ရဲ့ စီစဉ်မှုနောက်လိုက်ပါ့မယ်” ဟု ဦးစွာ ပြောခဲ့သည်။

တခြားမရီးတွေကလည်း ဒီလျှို့ဝှက်လက်နက်ကို ကောင်းစွာ သိုဝှက်ထားပြီး စပ်စုလိုသော မျက်လုံးများနှင့် ဝေးဝေးတွင် ထားရှိမည်ဖြစ်ကြောင်း အသံတိုးတိုးဖြင့် ကတိပြုလာကြသည်။

အချိန်တွေကုန်နေပြီမို့ မော့ကျိုးယွီက မီနီပစ္စတိုကို ဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ ဘယ်လိုသတိထားရမလဲဆိုတာကို သူ့မိသားစုအား ရှင်းပြပေးခဲ့သည်။

တကယ်လို့ တစ်ယောက်ယောက်က နားမလည်ဘူးဆိုရင် နားလည်သူများအား သီးသန့်မေးဖို့ပြောခဲ့သည်။

လူတစ်ဦးစီအား မီနီပစ္စတိုတစ်လက်စီ ပေးအပ်ပြီးနောက်၊ ဖမ်းဝမ်၏ ဘက်ခြမ်းမှာလည်း ခရီးအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်ခဲ့သည်။

ထိုနေ့သည် မတော်တဆမှု မရှိဘဲ သာယာသောနေ့လေး တစ်နေ့ ဖြစ်ခဲ့သည်။

ဒါတောင်မှ ဟဲကျစ်ယန်သည် မော့ကျိုးယွီတို့သည် သူတို့၏ နိုးကြားမှုကို မဖြေလျှော့ခဲ့ကြဘူး။

သူတို့နှစ်ယောက် နေရာလွတ်ထဲတွင် အနားယူနေချိန် လုပ်ကြံသတ်ဖြတ်သူပေါ်လာမှာကို စိုးရိမ်သောကြောင့် ဒီရက်ပိုင်း နေရာလွတ်ထဲမှာ အနားမယူဖို့ ဆုံးဖြတ်ခဲ့ကြသည်။

သူတို့အဖွဲ့သည် သုံးရက်ကြာ သာသာယာယာ ဆက်လက်ချီတက်ခဲ့ပြီး နောက်ဆုံးတွင် ရိက္ခာများကို ပြန်လည်ဖြည့်ဆည်းနိုင်သည့် ခရိုင်မြို့သို့ ရောက်ရှိကာ တည်းခိုခန်းတစ်ခုတွင် တည်းခိုခဲ့ကြသည်။

သူတို့အား အံ့အားသင့်သွားစေသည်မှာ တည်းခိုခန်းတွင် သူတို့အဖွဲ့မှလွဲ၍ အခြားတည်းခိုသူတစ်ယောက်မှ မရှိခြင်းပင်။

တည်းခိုခန်းပိုင်ရှင်သည် တံခါးဝတွင် လေးလံထိုင်းမှိုင်းစွာ ထိုင်နေ၏။

ဖမ်းဝမ်သည် တည်းခိုခန်းပိုင်ရှင်အား နှုတ်ဆက်ရန် အစပြုခဲ့သည်။

“ဆိုင်ရှင်လျှို့၊ အခြေအနေ ဘယ်လိုရှိလဲ။”

တည်းခိုခန်းပိုင်ရှင်လျှို့၏ အသံထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေမှုကို မဖုံးကွယ်ထားနိုင်ပေ။

“သခင်ဖမ်း၊ ခင်ဗျား နောက်နှစ်ရက်နေမှရောက်လာခဲ့ရင် ကျွန်တော့်တည်းခိုခန်းမှာ ခင်ဗျား မတည်းနိုင်တော့မှာ စိုးရိမ်မိတယ်။”

ဖမ်းဝမ်သည် တည်းခိုခန်း၏ စီးပွားရေးအခြေအနေကို သတိပြုမိပြီး “ဆိုင်ရှင်လျှို့ ဘာဖြစ်တာလဲ” ဟု မေးလိုက်သည်။

“အင်း… ထားလိုက်ပါတော့ဗျာ။ သိပ်မကြာသေးခင်က ကျွန်တော်တို့ ရှန်းရန်ကောင်တီမှာ ဓားပြ တစ်အုပ် ပေါ်လာခဲ့တယ်။ အဲဒီလူတွေက သာမန်လူတွေထံမှ မခိုးယူဘဲ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေကို အထူးပစ်မှတ်ထားပြီး ဆင်းရဲတဲ့မိသားစုတွေကို လျှို့ဝှက်ကူညီပေးတယ်။”

ဖမ်းဝမ်က “အဲ့တာက ကောင်းတာပဲ မဟုတ်ဘူးလား။ အဲဒီကိစ္စက ခင်ဗျားရဲ့ တည်းခိုခန်းနဲ့ ဘာဆိုင်လို့လဲ” ဟု မေးခွန်းထုတ်လိုက်သည်။

တည်းခိုခန်းဆိုင်ရှင်လျှို့က ခါးသီးစွာ ပြုံးလိုက်သည်။

“ဒါတော့ အမှန်ပဲ။ ဒီကိစ္စက ကျွန်တော့်တည်းခိုခန်းနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် အဲဒီဓားပြတွေရဲ့ လုပ်ရပ်က နယ်လှည့်ကုန်သည်တော်တော်များများကို ကြောက်လန့်စေပြီး စီးပွားရေးလုပ်ဖို့ ကျွန်တော်တို့ ရှန်းရန်ကောင်တီကို မလာရဲကြတော့ဘူး။ ရလဒ်အနေနဲ့ ကျွန်တော့်တို့ခရိုင်မှာရှိတဲ့ တည်းခိုခန်းတွေမှာ အလုပ်မရှိသလောက်ပဲ။”

ဖမ်းဝမ်သည် ဆင်းရဲသားများကို ကူညီရန် လူချမ်းသာများအား လုယက်သော ဓားပြများအကြောင်းကို ပထမဆုံးအကြိမ် ကြားသိပြီး အသေးစိတ်မေးမြန်းဖို့ ဆုံးဖြတ်ခဲ့သည်။

တည်းခိုခန်းပိုင်ရှင်လျှို့က ရှင်းပြပေးသည်၊ “အဲဒီဓားပြတွေက ဆင်းရဲသားတွေကို ကူညီဖို့ လူချမ်းသာတွေဆီက လုယက်တယ်။ သူတို့က လူချမ်းသာအိမ်တိုင်းကို လုယက်တာ မဟုတ်ဘူး။ လူချမ်းသာတွေဆိုရင်တောင် မရိုးသားတဲ့ နည်းလမ်းတွေနဲ့ ရှာဖွေထားတဲ့ လူချမ်းသာတွေကိုပဲ ပစ်မှတ်ထားတယ်။”

ဖမ်းဝမ်က မျက်မှောင်ကြုတ်ကာ “ဒါဆိုရင် ဒီကုန်သည်တွေက ဘာဖြစ်လို့ ဒီလောက် စိုးရိမ်ပူပန်နေရတာလဲ” ဟု မေးလိုက်သည်။

တည်းခိုခန်းပိုင်ရှင်လျှို့က သက်ပြင်းချလိုက်ပြန်သည်။

“အဲ့တာက အဲဒီဓားပြတွေက သာမန်လူတွေက ဂုဏ်တင်ကြတယ်။ ပိုက်ဆံရှိတဲ့လူတိုင်းက သူတို့နဲ့ ဝေးဝေးမှာပဲ နေချင်ကြတယ်။ ရလဒ်အနေနဲ့ ရှင်းရန်ကောင်တီကို လာရောက်တဲ့ ဧည်သည့်တွေ လျော့ကျလာတယ်လေ။”

ဒီကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဝမ်က အတင်းအဖျင်းစကားတွေကိုပဲ နားထောင်နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီအရာရှိတွေက အရမ်းဆင်းရဲတယ်၊ အကျဉ်းသားတွေမှာ ပိုက်ဆံအများကြီးမရှိလို့ လုယက်ခံရမှာကို စိုးရိမ်စရာ မလိုပါဘူး။

ထို့အပြင် အဆိုပါ နာမည်ဆိုးဖြင့် ကျော်ကြားသော သူခိုးများသည် ဆင်းရဲသားများကို ကူညီရန် လူချမ်းသာများထံမှ လုယက်ခြင်းဖြစ်သဖြင့် သူတို့နှင့် သက်ဆိုင်ခြင်း မရှိပေ။

နောက်ထပ် မစူးစမ်းတော့ပဲ ဖမ်းဝမ်သည် ဆိုင်ရှင်လျှို့အား တည်းခိုဖို့ အခန်းများ စီစဉ်ပေးဖို့ အကူအညီတောင်းခဲ့ပြီး လူတိုင်းကို အနားယူခွင့်ပေးလိုက်သည်။

အရင်လိုပဲ၊ အခန်းခ မတတ်နိုင်တဲ့သူတွေက အိမ်နောက်ဖေးခြံထဲမှာ တဲထိုးပြီး နေကြရသည်။

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့က တစ်ခန်းတည်း အတူနေဖို့ ရွေးချယ်လိုက်ဆဲ ဖြစ်သည်။ ညဘက်အနားယူချိန်တွင် မော့ကျိုးယွီသည် ရုတ်တရက် တစ်ခုခု ထူးဆန်းသလို ခံစားလိုက်ရသည်။

သူသည် အခန်းအပြင်ဖက်ကို ရုတ်တရက် အပြေးထွက်သွားပြီး ခေါင်မိုးပေါ် ခုန်တက်လိုက်သည်။

ဟဲကျစ်ယန်သည်လည်း နောက်ကနေ လိုက်ပါသွားခဲ့ပေမယ့် ကံမကောင်းစွာဖြင့် မော့ကျိုးယွီက အရမ်းမြန်နေခဲ့သည်။ သူမ အပြင်သို့ရောက်ချိန်တွင် မော့ကျိုးယွီ၏ ပုံရိပ်ကို လုံးဝ မမြင်ရတော့တာကြောင့် သူမသည် အခန်းထဲကို ပြန်ဝင်ပြီး စောင့်ဆိုင်းဖို့ရန် တတ်နိုင်ခဲ့သည်။

မော့ကျိုးယွီသည် အိမ်ခေါင်မိုးပေါ်ကနေ အနက်ရောင်အရိပ်များနောက်သို့ လိုက်ပါလာရင်း လူနေအိမ်များ၏ အဝေးထိတိုင် ရောက်လာကြသည်။ ထိုအခါမှသာ အနက်ရောင်ဝတ်လူများက ရပ်တန့်သွားခဲ့ကြသည်။

"မင်း ဘယ်သူလဲ” မော့ကျိုးယွီက လေးနက်တည်ကြည်သော အသံဖြင့် မေးမြန်းလိုက်သည်။

အနက်ရောင်ဝတ်လူများက သူတို့နောက်သို့ တစ်ယောက်ယောက် လိုက်ပါလာကြောင်းကို သတိပြုမိပြီး မူလက ထိုသူအား ဖြေရှင်းဖို့ရန် ပိုမိုဆိတ်ငြိမ်သောနေရာကို ရှာဖွေဖို့ ရည်ရွယ်ထားခဲ့သည်။

သူတို့သည် ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရသောအခါတွင် သူတို့က ချက်ချင်းဆိုသလို သူတို့၏ မျက်နှာကို ဖုံးအုပ်ထားသည့် မျက်နှာဖုံးများကို ဖယ်ရှားလိုက်ပြီး မော့ကျိုးယွီအား ဒူးထောက်အရိုသေပေးလိုက်သည်။

"လက်အောက်ငယ်သားလျန့်ဟောက်က စစ်သူကြီးကို အရိုသေပေးပါတယ်။"

"လျန့်ဟောက် မင်း ဒီမှာ ဘာလုပ်နေတာလဲ" မော့ကျိုးယွီတစ်ယောက် အံ့အားသင့်သွားသည်မှာ သိသာထင်ရှားပေသည်။

ထိုသို့ ပြောပြီးသည်နှင့် မော့ကျိုးယွီသည် ရှေ့သို့ အမြန်လှမ်းတက်ပြီး သူ့လူများကို ထူမပေးလိုက်သည်။

လျန့်ဟောက်သည် သူ့နောက်မှလူများကို ညွှန်ပြပြီး ပြောလိုက်သည်၊ "စစ်သူကြီး၊ ကာကွယ်ရေးဝန်ကြီးအိမ်တော် အသိမ်းခံလိုက်ရပြီး စစ်သူကြီးတို့မိသားစု နယ်နှင်ဒဏ်ပေးခံရတာကို ကျွန်တော်တို့ကြားတယ်။ ကျွန်တော်တို့ စစ်တပ်ကနေ နုတ်ထွက်ပြီး စစ်သူကြီးနဲ့ တွေ့ဖို့ ဒီနေရာကနေ စောင့်နေတာပါ။"

မော့ကျိုးယွီသည် လျန့်ဟောက်နောက်က လူများကို ကြည့်လိုက်သည်။

စုန့်ချောင်၊ ဝမ်တာ့လီ၊ ရှုချင်ဖုန့်၊ လီမင်‌လွေ့တို့ပင်။

ထိုလူများသည် သူ့ဖခင်နှင့် အစ်ကိုများ၏ အရည်အချင်းပြည့်ဝသော လက်အောက်ငယ်သားများ ဖြစ်ကြသည်။ သူ မြို့တော်ကိုပြန်ရောက်ပြီးနောက် ဒီလူတွေဟာ နယ်စပ်မှာပဲ ဆက်လက်နေထိုင်ခဲ့ကြသည်။

မမျှော်လင့်ထားတာက ဤလူများသည် မော့မိသားစုအပေါ် အလွန်သစ္စာစောင့်သိကြသောကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ကြကာ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့နောက်သို့လိုက်ပါရန် ရွေးချယ်ခဲ့ကြသည်။

မော့ကျိုးယွီသည် သူတို့ရဲ့ လုပ်ရပ်ကို လုံးဝ သဘောမတူပေ။

“ခင်ဗျားတို့ လက်ရှိရာထူးကို ရရှိဖို့ အရမ်းကြိုးစားခဲ့ရတာ၊ ဘာဖြစ်လို့ ဒီလိုမျိုး ပင်ပန်းဆင်းရဲချင်နေရတာလဲ။ ဒါ့အပြင် အခု မော့မိသားစုဝင်တွေအကုန် နယ်နှင်ဒဏ်အပေးခံထားရတာ၊ ခင်ဗျားတို့ ကျွန်တော့်နောက်လိုက်မယ်ဆိုရင် ခင်ဗျားတို့မှာ အနာဂတ်ရှိမှာ မဟုတ်ဘူး။”

လျန့်ဟောက်တို့က နောက်တစ်ဖန် ဒူးထောက်လိုက်ပြန်သည်၊ “ကျွန်တော်တို့တွေ စစ်သူကြီးနဲ့အတူ နှစ်ပေါင်းများစွာ သေခြင်းရှင်ခြင်းတွေ အတူဖြတ်ကျော်လာခဲ့ကြတာ၊ စစ်သူကြီးက ရန်သူနဲ့ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်ခြင်း ရှိ မရှိကို ကျွန်တော့်တို့လောက် ဘယ်သူက သိမှာတဲ့လဲ။ ဒါက အဓိပ္ပါယ်မရှိတာ သိသာပါတယ်။ တော်ဝင်တရားရုံးက စစ်သူကြီးလို လူကောင်းအပေါ် ဒီလို မတရားဆက်ဆံပြီး အရည်အချင်းကင်းမဲ့တဲ့ ဘုရင်အတွက် ကျွန်တော်တို့အသက်ကို အသားလွတ် စတေးမှာ မဟုတ်ဘူး။”

သူတို့၏ စကားများသည် ပြတ်သားပြီး အားကောင်းကာ လျန့်ဟောက်တို့တွေက တော်ဝင်တရားရုံးအပေါ် မကျေနပ်ကြောင်း ပြသနေသည်။

မော့ကျိုးယွီသည် ဤလူများသည် သူတို့၏ တရားဝင်ရာထူးများမှ နှုတ်ထွက်ပြီးဖြစ်ကြောင်းကို ကောင်းစွာသိပြီး သူ မည်မျှပင် ပြောနေပါစေ၊ အသုံးမဝင်တော့ပေ။

“အဲ့တာဆို မင်းတို့ရဲ့ အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ။”

သူတို့ငါးယောက်က တညီတညွတ်တည်း ပြန်ဖြေကြသည်၊ “စစ်သူကြီးနောက်ကိုပဲ ကျွန်တော်တို့လိုက်မယ်။”

မော့ကျိုးယွီက ဒါကို မကန့်ကွက်ဘူး။ ဒီလူတွေက ငယ်စဉ်ကတည်းက စွန့်ပစ်ခံရသော မိဘမဲ့ကလေးများဖြစ်ကြသည်။ သူတို့တွေကို သူ့ဖခင်နှင့် အစ်ကိုတွေက လေ့ကျင့်ရေးဆင်းဖို့ စစ်စခန်းဆီသို့ ခေါ်ဆောင်လာခဲ့ကြပြီး ယခုထိတိုင်

“အခုလောလောဆယ်မှာ ကျွန်တော်က တော်ဝင်တရားရုံးက အပြစ်ပေးခံရတဲ့ ရာဇဝတ်သားတစ်ဦးပဲ။ အနောက်မြောက်ကို ရောက်ပြီးမှသာ လွတ်လပ်မှုကို ပြန်ရနိုင်တယ်။ ခင်ဗျားတို့တွေ ပြင်နှင်ဒဏ်ပေးခံရတဲ့အဖွ့နောက်ကို လိုက်ပါဖို့ အဆင်မပြေဘူး။ အနောက်မြောက်မှာ ဆုံကြရအောင်။”

“ဟင့်အင်း၊ ကျွန်တော်တို့ စစ်သူကြီးနဲ့ စစ်သူကြီးတို့မိသားစုကို စောင့်ရှောက်ဖို့ တစ်လမ်းလုံး အတူလိုက်ပါခဲ့ပါမယ်” လျန့်ဟောက်က ပြန်ပြောခဲ့သည်။

သူ့မိသားစုရဲ့ ဘေးကင်းလုံခြုံမှုအကြောင်းကိုပြောလိုက်တော့ မော့ကျိုးယွီတစ်ယောက် တုံ့ဆိုင်းသွားခဲ့သည်။

လျန့်ဟောက်တို့တွေကို သူတို့နောက်လိုက်ပါစေခြင်းသည် အန္တရာယ်နှင့် ကြုံတွေ့ရသောအခါတွင် အမှန်တကယ် အကူအညီဖြစ်စေလိမ့်မည်။

“ဒီလိုဆိုရင် မင်းတို့တွေ သံသယမဝင်အောင်လို့ နယ်နှင်ဒဏ်အပေးခံရတဲ့အဖွဲ့ရဲ့ အဝေးကနေ လိုက်လာခဲ့နိုင်တယ်” သူက ခဏရပ်ပြီး ထပ်ပြောလိုက်သည်၊ “ပြီးတော့ ငါက စစ်သူကြီး မဟုတ်တော့ဘူး၊ ဒါကြောင့် မင်းတို့ ငါ့ကို နောင်မှာ တခြားနာမ်စားမျိုးကို ခေါ်ဝေါ်သုံးစွဲသင့်တယ်။”

လျန့်ဟောက်သည် ခဏလောက် စဉ်းစားကြည့်လိုက်သည်။ “ကျွန်တော်တို့ စစ်သူကြီးကို အရင်ကလို နဝမသခင်လေးလို့ ဆက်ခေါ်မယ်လေ။”

မောကျိုးယွီ ဆိုလိုသည်မှာ သူတို့အားလုံးဟာ တရားဝင်ရာထူးမရှိသော သာမန်လူများ ဖြစ်နေကြပြီဖြစ်သည့်အပြင် သူတို့အားလုံးဟာ သူ့ထက် အသက်ကြီးသောကြောင့် သူ့ကို နာမည်အတိုင်းသာ ခေါ်ဖို့ ပြောချင်ခဲ့တာ ဖြစ်ပေသည်။

သို့ရာတွင် လျန့်ဟောက်တို့က မော့မိသားစုအပေါ် ရိုသေလေးစားသော သဘောထားကို ထည့်သွင်းစဉ်းစားမိတော့ သူတို့က သူ့ကို နာမည်ကို ဒီအတိုင်း ခေါ်ဝေါ်ဖို့ သဘောမတူလောက်ဘူးဆိုတာကို သံသယဖြစ်မိပေသည်။ ဒါကြောင့် မော့ကျိုးယွီသည် သူတို့ရဲ့ အကြုံပြုချက်ကိုပဲ လက်ခံလိုက်သည်။

“ကောင်းပြီ၊ ဒါဆိုရင်လည်း အဲ့လိုပဲ ခေါ်ကြပါ။”

***

All Chapters