← Chapters

အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်အတွက် အရှက်ရစရာ

Vol. 30 Ch. 444

အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်အတွက် အရှက်ရစရာ

Vol. 30 Ch. 444

အခန်း (၄၄၄)  :  အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်အတွက် အရှက်ရစရာ

အထွတ်အမြတ် တိုက်ပွဲနတ်ဧကရာဇ်သည် အထက်ဘုံ မတက်လှမ်းခင်ကတည်းက ဤသစ်သီးခြံဝန်းအား  စိုက်ပျိုးခဲ့သည်။ အစီအရင်သိန်းချီကာ အာဟာရဖြည့်တင်းပေးထားမှုကြောင့် ဝိညာဉ်သစ်သီးအမြောက်အများက သစ်ပင်များတွင် အပြည့်အဝ သီးနေလေပြီ။

ရှန်ထျန်းနှင့် ချီကျန့်၏ အမြန်နှုန်းအရ သူတို့က သစ်သီးခြံတစ်ခုလုံးကို မရှင်းပစ်ခင် အချိန်တချို့တော့ ယူရပေဦးမည်။

အဓိက အပင်များကလွဲ၍ သစ်သီးခြံတစ်ခုလုံးတွင် သစ်သီးတစ်လုံးပင် မရှိချေ။

သူတို့သာ ထိုအသီးများကို မယူလျှင် အလကား ဖြစ်သွားနိုင်သည် ဆိုသော နိယမကို လိုက်နာကျင့်သုံးရင်း သူတို့က အားလုံးကို အပြောင်ရှင်းလိုက်ကြသည်။ ထို့အပြင် သူတို့ကလွဲ၍ တခြားဘယ်သူကမှ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

“ ခေါင်းဆောင် … သစ်သီးခူးတာ အခြေအနေ ဘယ်လိုလဲ ”

ချီကျန့်က ခေါင်းကုတ်ရင်း တောက်တောက်ပပ ပြုံးလိုက်သည်။ ဤတစ်ကြိမ် သူက အရသာရှိလှသည့် သစ်သီးမျိုးစုံကို ဗိုက်အပြည့် စားသုံးပြီးသွားလေပြီ။ သို့သော်လည်း ချီကျန့်က ရွှေငှက်ပျောအရောကို သဘောကျနေဆဲ ဖြစ်၏။ ငှက်ပျောခွံများက နေရာအနှံ့ ပျံ့ကျဲနေသည်။

ချီကျန့် ခန္ဓာကိုယ်ဆီမှ အားကောင်းသည့် စွမ်းအားများ ထွက်ပေါ်လာကာ ဆက်တိုက် သန့်စင်နေပြီး သန်မာလာအောင် လုပ်ပေးနေသည်။ ထိုအရာက သူ့ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အမွေးများကို ပို၍ ဆန်းကြယ်နက်နဲလာသည်နှယ် ဖြစ်လာစေသည်။ သူက ရွှေသွန်းထားသည့်အလား အံ့ဩဖွယ်ပုံ ပေါ်လာသည်။ သူက အများကြီး စားထားသော်လည်း ဝိညာဉ်သစ်သီးများစွာကို ခူးဆွတ်ခဲ့သေး၏။

သူသာ ဉာဏ်ရှိရှိ စားသုံးလျှင် သူ့အတွက် နောက်နှစ်များစွာအထိ စားဖို့ လုံလောက်ပေမည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်  “ မဆိုးပါဘူး ”

သူလည်း အကျိုးမြတ်များစွာ ရရှိလိုက်သည်။ အထွတ်အထိပ်အဆင့် ရွှေငှက်ပျောအရောတစ်ခုတည်းဖြင့် သူက အလုံးတစ်ရာလောက် ရရှိလိုက်လေသည်။ ထိုစဉ် သူက အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့် ရွှေငှက်ပျောအရော အလုံးရာချီကိုလည်း သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလိုက်သေး၏။

အခြား အသီးအမျိုးအစားများအကြောင်း ထည့်မပြောရသေးပေ။

ပြောရလျှင် ဤတစ်ကြိမ် သူက အချီကြီးမိလိုက်ခြင်း ဖြစ်၏။

သူ့အတွက် ဝိဇ္ဇာဆေးပင်များစွာဖြင့် ဆေးလုံးများကို အချိန်အတော်ကြာ ဖော်စပ်ဖို့ လုံလောက်ပေသည်။ အကယ်၍ ထိုဝိဇ္ဇာဆေးပင်များသာ ပြင်ပလောက၌ ပေါ်ထွက်လာပါက အထွတ်အမြတ်မြေများစွာပင် အရူးအမူး ဖြစ်သွားကြလိမ့်မည်။

ဝိဇ္ဇာများပင် တောင့်မခံနိုင်ဘဲ လုယူနိုင်လောက်သည်ဟု ပြောလျှင် အပိုပြောနေခြင်း မဟုတ်ချေ။ ထိုဝိဇ္ဇာဆေးပင် အရေအတွက်က အံ့မခန်းလိလိ များလှပေသည်။

မည်သည့် အထွတ်အမြတ်မြေက ဝိဇ္ဇာဆေးပင်ရာချီကို မလိုချင်ဘဲ နေမည်နည်း။

ဤသို့သော အရာမျိုးကို စိတ်ကူးကြည့်၍ မရပေ။

အကယ်၍ နတ်ဧကရာဇ်၏ အနားယူရာ နေရာ မဟုတ်ဘဲ နှစ်သိန်းချီ လူမသိသူမသိ တည်ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် ဝိညာဉ်သစ်သီးများစွာ ရှိနေဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း ထိုဝိညာဉ်သစ်သီးများက ရှန်ထျန်း၏ အကြီးမားဆုံး အကျိုးမြတ် ဖြစ်သည်။

လက်ရှိ ရှန်ထျန်းက ချီကျန့် ခေါင်းပေါ်ကို စိုက်ကြည့်လိုက်သည်။ သူက ချီကျန့်၏ ခရမ်းရောင် ဖြစ်နေသည့် ကံကြမ္မာရောင်ဝါစက်ဝန်းကို ကြည့်နေလေ၏။ ယခုအခါ ထိုအရာက ပိုတောက်ပလာပြီး ခရမ်းရောင်က ပို၍ ရင့်လာကာ ခရမ်းရင့်ရောင် ဖြစ်လာသည်။

ချီကျန့်၏ ရောင်ဝါက တိုးတက်လာကြောင်း သိသာလှသည်။

အထွတ်အမြတ် တိုက်ပွဲဘုံဗိမာန်သည် နဂိုကတည်းက ချီကျန့်၏ ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်သောကြောင့် သူ့ကံကြမ္မာသည် ဤကံအပြောင်းအလဲကို ရရှိပြီးနောက် သိသိသာသာ တိုးတက်လာသည်မှာ ပုံမှန်သာ ဖြစ်၏။ ထိုစဉ် ရှန်ထျန်း၏ ခန္ဓာကိုယ်လည်း ငှက်မွေးလေးသဖွယ် ပေါ့ပါးလာကာ သူ အချိန်အတော်ကြာ မခံစားခဲ့ရသည့် သာယာဖွယ် ခံစားချက်ထဲ နှစ်မျှောမိသွားသည်။

ရှန်ထျန်းက ကြေးမုံကို ထုတ်ပြီး မြန်မြန် ကြည့်လိုက်ပြီး သူ့ခေါင်းအထက်ရှိ ရောင်ဝါကို ရှုစားလိုက်သည်။

သူ့တွင် ရွှေဝါရောင် ရောင်ဝါရှိထားပြီး ယခုအခါ ရွှေရောင်အလင်းများ စီးဆင်းနေသည့်နှယ် ပို၍ တောက်ပလာသည်။ သူ့ကံကြမ္မာရောင်ဝါစက်ဝန်းသည်လည်း ရွှေအိုရောင် အနည်းငယ် ပြောင်းလဲသွားမှန်း သိသာလှသည်။

ရှန်ထျန်းက စိတ်ပေါ့ပါးမိသွားသည်။

တိုးမြင့်သွားပြီ … ငါ့ကံကြမ္မာရောင်ဝါ တိုးတက်လာပြီ

နောက်ဆုံးတော့ ငါ့ကံကြမ္မာလေး တိုးတက်လာခဲ့ပြီ … နောက်ဆုံးတော့ ရွှေအိုရောင် ဖြစ်လာတော့မယ်

ဒီခရီးစဉ်က အရမ်းတန်တယ်

……….....

ရှန်ထျန်းက သူ့ကြေးမုံကို ရုတ်တရက် ထုတ်လိုက်သည်ကို မြင်ကာ ချီကျန့်က ခေါင်းကုတ်လိုက်သည်။

ခေါင်းဆောင်က ဘာလုပ်နေတာလဲ … ဗိုက်အပြည့် စားပြီးသွားရင် ရုပ်ရည်ကို ကြည့်ပြီး ချီးမွမ်းရမှာလား။ ဟီးဟီး ငါလည်း စမ်းကြည့်ရအောင်

ချီကျန့်လည်း ကြေးမုံကို ထုတ်လိုက်ပြီး သူ့ဘာသာ တိတ်တဆိတ် ချီးကျူလိုက်သည်။ သူက မနေနိုင်ဘဲ ရေရွတ်လိုက်သေး၏  “ အာ  ငါလေးက ထင်ထားတဲ့အတိုင်း ပန်းသစ်သီးတောင်က အခန့်ညားဆုံး မျောက်ဘုရင်ပဲ … ငါက ကြည့်ကောင်းနေတုန်းပဲ ”

ရှန်ထျန်း  “ … ”

ဒီမျောက်က အရှက်မရှိ ကြွားလုံးထုတ်တာကိုလည်း သိတာပဲလား … ထူးဆန်းလိုက်တာ

ချီကျန့်က သူ့အလှတရားမှာ နစ်မျှောခံစားနေသည်ကို ကြည့်ပြီး ရှန်ထျန်းက မနေနိုင်ဘဲ ထုတ်ပြောလိုက်သည်  “ လောင်ချီ ဆက်ကြည့်ရအောင် … ဒီနေရာမှာ အခြားကံအပြောင်းအလဲ အခွင့်အရေးတွေ ရှိနေနိုင်သေးတယ် ”

“ ဟုတ်ပြီလေ ”

ချီကျန့်က မြန်မြန်ဆန်ဆန် တုံ့ပြန်ကာ ကြေးမုံကို ပြန်သိမ်းထားလိုက်သည်။

ဤသည်မှာ နတ်ဧကရာဇ်၏ အနားယူရာ နေရာ ဖြစ်သောကြောင့် သစ်သီးခြံဝန်းအပြင် တခြားကံအပြောင်းအလဲများ ရှိနေပေဦးမည်။

နှစ်ယောက်လုံးက သစ်သီးခြံဝန်းမှ ထွက်လာကာ အထွတ်အမြတ် တိုက်ပွဲဘုံဗိမာန်အတွင်းပိုင်း ဝင်သွားလိုက်ကြသည်။

……………...

သူတို့က လမ်းတချို့တစ်လျှောက် လျှောက်လာကြပြီး ခဏအကြာတွင် ဂူတစ်ခုဆီ ရောက်ရှိလာသည်။ ဤနေရာတွင် စိမ်းလန်းစိုပြေနေသည့် အပင်များဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်ချီအမြောက်အများလည်း ရှိသည်။ ဂူက သဘာဝအတိုင်း ဖြစ်တည်နေဟန် ပေါ်သော်လည်း ကြည့်ရသည်မှာ ဆန်းကြယ်နက်နဲသည့် သုခဘုံတစ်ခုအလား ထင်မှတ်ရစေသည်။

ဝိညာဉ်စမ်းရေက ဂူထိပ်မှ တစ်စက်စက် စီးကျနေပြီး ရေစီးကြောင်းက တံခါးကို ကာထားသည့် ပုတီးစေ့ ခန်းဆီးလွှာသဖွယ် ဖြစ်နေကာ ထူးဆန်းလှသည်။

ထိုစဉ် ဂူထိပ်တွင် စာလုံးသုံးလုံး ရေးထွင်းထားလေ၏။

“ ရေကာဂူ”

သူတို့ကို အံ့အားသင့်သွားစေလောက်သည့် ရွှေရောင် တဖျတ်ဖျတ်တောက်ပနေကာ ခမ်းနားကြီးကျယ်လှသည်။

ချီကျန့်က စိတ်လှုပ်ရှားလာကာ  “ ဒါက ရေကာဂူပဲ။ ဒါက အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ် သူ့အမွေအနှစ် ချန်ထားခဲ့တဲ့ နေရာ ”

အထွတ်အမြတ် တိုက်ပွဲနတ်ဧကရာဇ် အကြိုက်ဆုံး နေရာများမှာ ပန်းသစ်သီးတောင်နှင့် ရေကာဂူတို့ ဖြစ်၏။

ချီကျန့်က အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ အမွေအနှစ်သည် အထဲတွင် ရှိလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

သူက အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ မျိုးဆက် ဖြစ်သောကြောင့် အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သူက သူ့ဘိုးဘေး၏ အမွေအနှစ်ကို ရှာကာ တဖန် ထွန်းတောက်လာအောင် လုပ်ချင်မိသည်။

“ ခေါင်းဆောင် အထဲဝင်ကြည့်ကြစို့ ”

နှစ်ယောက်သား ရေကာဂူထဲ ဝင်ကာ အထဲကို အနှောင့်အယှက်မရှိ ရောက်သွားကြသည်။ ထိုအရာက ချီကျန့်အား အတော်လေး အံ့အားသင့်သွားစေသည်။

“ သစ်သီးခြံဝန်းမှာတောင် အစီအရင်ရှိတာကို အမွေအနှစ်နေရာက ဘာမှမရှိဘူးတဲ့လား။ ကြည့်ရတာ ငါ့ဘိုးဘေးက ဇူဇကာ မျောက်ပဲ ဖြစ်ရမယ် ” ချီကျန့်က ရှုံ့မဲ့ကာ ရေရွတ်လိုက်သည်။

နှစ်ယောက်သား ရေကာဂူထဲ ဝင်ရောက်ပြီးနောက် အမြင်နှင့် များစွာခြားနားနေကြောင်း သတိထားမိလိုက်ကြသည်။ ဤသည်မှာ သူ့ဘာသာ ကမ္ဘာငယ်လေးလို ဖြစ်နေလေသည်။ ပြောရလျှင် သီးခြား ချိုင့်ဝှမ်း ကမ္ဘာငယ်လေးလို ဖြစ်၏။

ထိုစဉ် ကမ္ဘာငယ်လေး အလယ်၌ ဧရာမကျောက်ရုပ်တုကြီး ရှိနေသည်။

ထိုကျောက်ရုပ်တုကြီးက ပေရှစ်ထောင် မြင့်မားပြီး ဧရာမ ကျောက်တုတ်ချောင်းကို ကိုင်ဆောင်ထားသည့် မျောက်ဝံတစ်ကောင် ပုံစံ ထွင်းထုထားသည်။ ထိုရုပ်တုက ကောင်းကင်ကို ဝံ့ကြွားသည့်ဟန်ဖြင့် ကြည့်နေသည်။

ထိုရုပ်တုနှင့် မျက်နှာချင်းဆိုင်မိသည့်အခါ ရှန်ထျန်းက အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်သည် မည်မျှလွှမ်းမိုးကြီးစိုးနိုင်ကြောင်း ခံစားမိလိုက်ရ၏။

ဤကျောက်ရုပ်တုကြီးက ကမ္ဘာကြီးကို အုပ်စိုးဖို့ ကောင်းကင်ဘုံနှင့် ယှဉ်ပြိုင်ချင်နေသည့် ပြိုင်ဖက်ကင်း တိုက်ခိုက်ရေးသမားနှင့် တူသည်။

အကယ်၍ သေချာအာရုံခံစားကြည့်ပါက ကမ္ဘာကြီးကို ဇောက်ထိုးမှောက်ခုံ လုပ်ပစ်ချင်နေသည့် တိုက်ပွဲဆန္ဒတို့ကို ခံစားမိပေလိမ့်မည်။

ကြည့်ရသည်မှာ လွန်ခဲ့သော နှစ်များစွာခန့်က ဤကျောက်ရုပ်တုကြီးသည် သူ့လက်ထဲမှ တုတ်ချောင်းဖြင့် ကောင်းကင်ကို အပေါက်ဖြစ်အောင် ထိုးထားသလို ဖြစ်နေသည်။

ကြောက်ရွံ့မှု၊ အံ့ဩမှု၊ တုန်လှုပ်မှုနှင့်‌ လေးစားမှု … နှစ်ယောက်လုံးက စိတ်ခံစားချက်မျိုးစုံကို ခံစားမိလိုက်ကြသည်။

သူတို့ခန္ဓာကိုယ်များက အပြင်းအထန် တုန်ယင်လာကြသည်။

“ ဒါက … အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်ရဲ့ ရုပ်တုလား ”

တိုက်ပွဲအငွေ့အသက်ကို အာရုံခံမိပြီးနောက် ချီကျန့်၏ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံ သွေးမျိုးဆက်က စတင် ဆူပွက်လာသည်။ သူက ကောင်းကင်ကို ဦးတည်လျက် အော်ဟစ်လိုက်သည်။

ထိုစဉ် ကျောက်ရုပ်တုကြီးက ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းများ တောက်ပလာပြီး နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

ထိုကျောက်ရုပ်တုဆီမှ ရွှေရောင်အလင်းများ ထွက်လာပြီးနောက် ခမ်းနားတင့်တယ်သည့် ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။

ဤသည်မှာ အင်မတန် ငယ်ရွယ်ပုံပေါ်သည့် ရွှေရောင်အမွေးများနှင့် မျောက်ဝံတစ်ကောင် ဖြစ်သော်လည်း သူက ချီကျန့်ထက် ကြွက်သားများ ပိုရှိကာ ပြင်းထန်သည့် အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။

သူက ရွှေရောင်တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရွှေရောင်တုတ်ကို ကိုင်ဆွဲထားကာ သူ့တစ်ကိုယ်လုံးမှ တိုက်ပွဲအငွေ့အသက်များ ထုတ်လွှင့်နေသည်။

ဤနေရာတွင် ရပ်နေရင်း လေထုက သူ့လှုပ်ရှားမှုတစ်ခုတည်းဖြင့် အာကာပြင်ပင် တစစီ ပြိုလဲသွားမည့်အလား လေးလံလာသလို ခံစားလာရစေသည်။

ထိုပုံရိပ် ပေါ်ထွက်လာသည့်အခါ နှစ်ယောက်လုံးက လေးစားမှုကို ပြသလိုက်ကြသည်။ သူတို့က  ဤလူသည် လွန်ခဲ့သော နှစ်တစ်သိန်း ရှစ်သောင်းခန့်က ပြိုင်ဖက်ကင်း အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ် ဖြစ်ကြောင်း သိလိုက်ကြ၏။

သူ တစ်ယောက်တည်းသာ ဤသို့ပြုမူပုံမျိုး ပိုင်ဆိုင်ထားပေမည်။

……………...

ဤပုံရိပ်က ပါးစပ်ဖွင့်ဟလိုက်သည့်အခါ သူ့အသံက တခြားသူများကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

“ ငါက အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်ပဲ ”

သူ စကားပြောလိုက်သည်နှင့် မြေကြီးက တုန်ခါလာကာ အာကာပြင်ပင် မငြိမ်မသက် ဖြစ်လာသည်။

“ ငါ့ထာဝရဘုံဗိမာန် တည်ရှိနေတာ နှစ်ပေါင်း တစ်သိန်းရှစ်သောင်း ရှိပြီ။ နောက်ဆုံးတော့ ငါနဲ့ ကံစပ်သူ ရောက်လာခဲ့ပြီ။ ကံစပ်သူထဲ ငါ့မျိုးနွယ်ရဲ့ သွေးမျိုးဆက် ပါနေလိမ့်မယ်လို့ မထင်ထားမိဘူး။ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံက မပျောက်ကွယ်သွားသေးဘူးပဲ … ငါ စိတ်အေးမိသွားပြီ ” အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ကျေနပ်အားရစွာ ပြောလိုက်သည်။

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က အထွတ်အမြတ်တိုက်ပွဲ ဘုံဗိမာန်မှ ထွက်ကာ နတ်ဘုရားလောကသို့ တက်လှမ်းသွားသည်မှာ နှစ်သိန်းချီ ကုန်လွန်လာခဲ့လေပြီ။ သို့သော် တစ်ယောက်မှ မဝင်ရောက်နိုင်ခဲ့ပေ။

အကြောင်းမှာ ဤနေရာ ဝင်ရောက်နိုင်ဖို့ လိုအပ်ချက်အခြေအနေများမှာ ပြင်းထန်လွန်း၍ ဖြစ်သည်။

အထွတ်အမြတ်တိုက်ပွဲ ဘုံဗိမာန် ဖွင့်နိုင်သည့် ပထဆုံးအကြိမ်တွင် အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးဆက်နှင့် တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။

အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်သည် အလွန်တရာ အားကောင်းလှသည်။ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံသည် ရှေးပဝေဏီခေတ်တွင် ပေါ်ထွက်လာခဲ့ပြီး ထိပ်ဆုံး ပါရမီရှင် ဖြစ်လာကာ ကြယ်တာရာများကို ရွေ့လျားနိုင်ပြီး အခြားသော ပါရမီရှင်အားလုံးကိုလည်း အနိုင်ပိုင်းပစ်ခဲ့သည်။

သွေးမျိုးဆက် မြင့်မားသူများသာ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံ ဖြစ်လာနိုင်ဖို့ ဆင့်ကဲပြောင်းလဲလာနိုင်သည်မှာ နှမြောစရာကောင်းလှသည်။

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်သည် ရှေးပဝေဏီခေတ်က စွမ်းအားကြီး ပုံရိပ်ဖြစ်ပြီး ဒုတိယမြောက် အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံ ဖြစ်ကာ မျိုးနွယ်တွင် ပါရမီမည်မျှကောင်းကြောင်း ပြသနိုင်ခဲ့သည်။

သို့သော်လည်း မျိုးနွယ်၏ အင်အားက ပြိုင်ဖက်ကင်း ဖြစ်လာသည်မှာ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံတိုင်းက မကြုံစဖူး ပြိုင်ဖက်ကင်း ပုဂ္ဂိုလ်များ ဖြစ်လာကြ၍ ဖြစ်သည်။

ချီကျန့်က အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ် ပြီးကတည်းက တတိယမြောက် အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံ ဖြစ်၏။

နှစ် တစ်သိန်းရှစ်သောင်းအတွင်း အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံတစ်ကောင်သာ ပေါ်ထွက်ခဲ့ပြီး သူက အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ ဂူဗိမာန်ထဲပင် ရောက်လာခဲ့သည်။ ထို့ကြောင့် အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က သူ့ကျင့်စဉ်များသည် အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်အတွက် ကျင့်ကြံရန် အသင့်တော်ဆုံး ဖြစ်သောကြောင့် အလွန်ကျေနပ်နေမိ၏။

ချီကျန့် ရောက်ရှိလာမှုကြောင့် သူ့အမွေအနှစ်များကို နောက်တစ်ဖန် အမြင့်သို့ ရောက်သွားနိုင်သည်။

ကံတရားက အလွန် စိတ်ဝင်စားဖို့ကောင်းသည့် သဘောတရားတစ်ခု ဖြစ်ပေသည်။

……………...

ချီကျန့်က အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်ကို တွေ့ရသည့်အတွက် ပျော်ရွှင်ဝမ်းမြောက်နေမိသည်။ သူက ရွှေရောင်မျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်၏ ဘိုးဘေး ဖြစ်သောကြောင့် မျိုးနွယ်အတွင်း ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

သူက လက်နှစ်ဖက်ယှက်ကာ လေးလေးစားစား ပြောလိုက်သည်  “ ဘိုးဘေးခင်ဗျ … ကျွန်တော်နာမည်က ချီကျန့်ပါ။ ကျွန်တော်က ရွှေရောင်မျက်လုံး မီးတောက်မျိုးနွယ်က သခင်လေးပါ။ ဒါက ကျွန်တော့်ခေါင်းဆောင် ရှန်ထျန်းပါ ”

လွန်ခဲ့သည့် နှစ်တစ်သိန်းရှစ်သောင်းခန့်က မျိုးနွယ်တူ ပြိုင်ဖက်ကင်း နတ်ဧကရာဇ်နှင့် တွေ့ဆုံသည့်အခါ ချီကျန့်က သူနှင့် အလွန်ရင်းနှီးနေသလို ခံစားနေရသည်။ သို့သော်လည်း သူက ရှန်ထျန်းအား အမြင်ကောင်းရရှိစေရန်အတွက် မိတ်ဆက်ပေးဖို့ မမေ့ပေ။

ချီကျန့်က ရှန်ထျန်းနှင့်အတူတူ လာသောကြောင့် ရှန်ထျန်းကိုလည်း နတ်ဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံနိုင်စေဖို့ မျှော်လင့်နေမိသည်။

“ ကောင်းတယ် … အရမ်းကောင်းတယ် ”

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ပြုံးလိုက်သော်လည်း မျက်မှောင်ကြုတ်ထားလေ၏။

“ မင်းတို့နှစ်ယောက်လုံး ဒီနေရာ ဝင်လာနိုင်မှတော့ နှစ်ယောက်လုံးက ပြောစမှတ်တွင်တဲ့ အရည်အချင်းမျိုး ရှိနေတာပဲ။ မင်းကို တိုက်ပွဲတော်ဝင်ကျမ်း သင်ပေးမယ်။ ဒါပေမဲ့ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံ သွေးမျိုးဆက်ပါတဲ့သူပဲ ရမယ်။

မင်းအတွက်တော့ နောက်ထပ် အမွေအနှစ် ပညာရပ်တစ်ခု သင်ပေးမယ်။ မင်းကိုတော့ တိုက်ပွဲတော်ဝင်ကျမ်းကို မပေးနိုင်ဘူး ”

အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံက နဂိုကတည်းက ကောင်းကင်ဘုံနှင့်ပင် ယှဉ်ပြိုင်ရဲသည့်သူများ ဖြစ်၏။ သူတို့သွေးမျိုးဆက်နှင့် တိုက်ပွဲနည်းစနစ်များက အလွန်တရာ အဖိုးတန်ကာ နှိုင်းယှဉ်လိုက်ပါက  အခြားသာမန်အမွေအနှစ်များက မှေးမှိန်သွားလိမ့်မည်။

ပြိုင်ဖက်ကင်း နတ်ဧကရာဇ်တစ်ယောက်အတွက် အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်သည် အခြားမျိုးနွယ်ထံ သူ့အမွေအနှစ်များကို လက်ဆင့်မကမ်းလိုပေ။

ချီကျန့်က သောကရောက်သွားဟန်ဖြင့် ပြောလိုက်သည်  “ ဘိုးဘေး … ခေါင်းဆောင်ရှန်ထျန်းသာ မရှိရင် ကျွန်တော် ဒီထဲ မဝင်လာနိုင်လောက်ဘူး။ သူ့ကိုရော အမွေအနှစ် လက်ဆင့်ကမ်းပေးလို့ မရဘူးလားဟင် ”

ချီကျန့်က ရှန်ထျန်းအပေါ် သစ္စာရှိနေဆဲ ဖြစ်ကာ ရှန်ထျန်းတစ်ယောက် လက်ဗလာဖြင့် ပြန်သွားရမည့်အရေးအား မမြင်လိုပေ။

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ခေါင်းခါကာ  “ တိုက်ပွဲတော်ဝင်ကျမ်းက အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံရဲ့ အမွေအနှစ်ပဲ။ အပြင်လူတွေကို လက်ဆင့်ကမ်းပေးလို့ မရဘူး ”

ချီကျန့်က သက်ပြင်းချလိုက်သည်။

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ငြင်းဆန်နေသည့်အတွက် သူက သဘောတူလာအောင် အတင်းကျပ်လုပ်၍ မရပေ။

ချီကျန့်က တောင်းတောင်းပန်ပန်ဖြင့်  “ ခေါင်းဆောင် ငါ အားနာပါတယ်။ ငါ ဝိဇ္ဇာလက်နက် ဒါမှမဟုတ် ဆေးပင်တချို့ရလာမှ ပြန်လျော်ပေးပါ့မယ် ”

ရှန်ထျန်းက ဂရုမစိုက်ပေ။ သူလည်း ခေါင်းယမ်းကာ ပြောလိုက်သည်  “ မလိုပါဘူး။ တော်ဝင်ကျမ်းတစ်ခုပဲလေ။ မရမက တောင်းဆိုနေဖို့ မလိုဘူး ”

ရှန်ထျန်းလက်ထဲတွင် ရှိနေသော တော်ဝင်ကျမ်း အရေအတွက်မှာ မနည်းပါးသောကြောင့် တစ်ခုလောက် သိခြင်း၊ မသိခြင်းက ကွာခြားချက် မရှိပေ။ သို့သော်လည်း ရှန်ထျန်း၏ စကားများက အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်အား ကြောင်အမ်းသွားစေသည်။

ဒီကလေး … ငါ့တိုက်ပွဲတော်ဝင်ကျမ်းကို အထင်သေးနေပုံပဲ

“ တော်ဝင်ကျမ်းလေးတစ်ခုပါပဲတဲ့လား။ ကောင်လေး တိုက်ပွဲတော်ဝင်ကျမ်းက ဘာကို ကိုယ်စားပြုလဲ သိလား။ ဒါက ငါ့တာအိုရဲ့ ကျင့်စဉ် ဖြစ်ပြီးတော့ အခြားတော်ဝင်ကျမ်းကြားမှာ ထိပ်တန်းအဆင့်ကွ ”

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူ့မျက်နှာအထက်တွင်လည်း ဂုဏ်ယူမှုအပြည့် ဖြစ်နေလေ၏။ သူက အားအကောင်းဆုံး နတ်ဧကရာဇ်ထဲမှ တစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် သူ ဖန်တီးထားသော တိုက်ပွဲတော်ဝင်ကျမ်းက အခြားသော နတ်ဧကရာဇ်များ၏ တော်ဝင်ကျမ်းထက် အားကောင်းသည်။

ဤသည်မှာ သူ့ယုံကြည်ချက် ဖြစ်ပြီး ငြင်းမရနိုင်သည့် အချက် ဖြစ်သည်။

ဒါပေမဲ့ ဒီပြိုင်ဖက်ကင်း တော်ဝင်ကျမ်းက ဒီကလေးအတွက် ဘာမှမဟုတ်ဘူးတဲ့လား။ ဒီလိုမျိုး စွမ်းအားကြီး ပညာရပ်ကို မလိုချင်တဲ့သူ ရှိသေးတယ်လား

ငါ မယုံဘူး။ ဒီကောင်လေးက ငါနဲ့ ကြွက်နဲ့ကြောင် ဆော့နေတာပဲ ဖြစ်ရမယ်။ သူက ငါ့တော်ဝင်ကျမ်း ရဖို့ သရုပ်ဆောင်နေတာပဲ ဖြစ်မယ်

ငါလေး အလိမ်ခံရဖို့ အရမ်းဉာဏ်ကောင်းလွန်းနေတယ်

..............

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ရှန်ထျန်း၏ လိုချင်ဆန္ဒတို့ကို မြင်ချင်သောကြာင့် စိုက်ကြည့်နေလိုက်သည်။

ရှန်ထျန်း၏ အမူအယာကား လုံးဝ ပြောင်းလဲမသွားပေ။ သူက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဖြစ်နေဆဲ ဖြစ်၏။

ကောင်လေး … မင်းက သရုပ်ဆောင်အရမ်းကောင်းတာပဲ

ထိုစဉ် ချီကျန့်ကတော့ ခေါင်းတညိတ်ညိတ် ဖြစ်နေရှာသည်။

“ဟုတ်ပြီ … ခေါင်းဆောင်ကို နောက်မှ ဝိဇ္ဇာဆေးပင်တွေနဲ့ လျော်ကြေးပေးမယ်။ ဒါပေမဲ့ ဒီတိုက်ပွဲတော်ဝင်ကျမ်းက ခေါင်းဆောင်အတွက်လည်း အများကြီး အသုံးမဝင်ပါဘူးလေ ”

ချီကျန့်က ရှန်ထျန်းသည် အဘယ်ကြောင့် တော်ဝင်ကျမ်းကို ဂရုမစိုက်မှန်း ကောင်းကောင်း သိထားသည်။ ရှန်ထျန်းက မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်နှင့် ရင်ဆိုင်စဉ်အခါက တော်ဝင်ကျမ်း ဆယ်မျိုးကို ထုတ်သုံးပြခဲ့ပြီးလေပြီ။

ဤသည်က ရှန်ထျန်း၏ ကန့်သတ်ချက် မဟုတ်သေးပေ။

သူက တော်ဝင်ကျမ်းဆယ်မျိုးကျော်ကို ကျွမ်းကျင်တတ်မြောက်ထားသောကြောင့် တိုက်ပွဲတော်ဝင်ကျမ်းအကြောင်း ထည့်စဉ်းစားနေဖို့ မလိုချေ။ တော်ဝင်ကျမ်းတစ်ခု နည်းခြင်းများခြင်းက ခြားနားမှု မရှိပေ။

ချီကျန့်က ရှန်ထျန်းအား ခေါင်းဆောင်ဟု ခဏတိုင်း ခေါ်နေသည်ကို ကြားပြီး အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ နှုတ်ခမ်းထောင့်တို့ ကွေးညွှတ်ကာ ရှုံ့မဲ့သွားတော့သည်။

သူက မာန်ဖီလိုက်သောကြောင့် အမွေးများပင် ထောင်မတ်ကုန်သည်

“ မျောက်ကလေး အထိန်းအကွပ်မရှိတဲ့ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံတွေပဲ တိုက်ပွဲတော်ဝင်ကျမ်းရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှင့်နိုင်မှာ။ အခု မင်းက ဘာတွေလုပ်နေတာလဲ။ မင်းက လူသားတစ်ယောက်ကို ခေါင်းဆောင်လို့တောင် သတ်မှတ်ထားတယ်ပေါ့လေ … မင်းက ငါတို့မျိုးနွယ်အတွက် အရှက်ရစရာပဲ ”

ထိုအထွတ်အမြတ်တိုက်ပွဲ မျောက်ဝံသွေးမျိုးဆက်က ကမ္ဘာကြီးကို ကျွမ်းထိုးမှောက်ခုံလုပ်ပစ်နိုင်သည့် စွမ်းအားကြီး နတ်ဆိုးဘုရင်များ ဖြစ်ကြသည်။ မိုးမြေပင် သူတို့အား နာခံလာအောင် မလုပ်နိုင်သောကြောင့် လူသားအား ထည့်ပြောဖို့ပင် မလိုပေ။

ချီကျန့်က မိုးမြေကို ဆန့်ကျင်တိုက်ခိုက်နိုင်မည့် ပင်ကိုယ်စရိုက် မရှိရုံသာမက ဝင့်ကြွားနိုင်သည့် ဂုဏ်ယူမှုမျိုးလည်း မရှိချေ။ ထိုအရာက အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်အား မခံမရပ်နိုင် ဖြစ်စေသည်။

ဒီလိုမျိုးဆက်မျိုးက ကောင်းကင်ဘုံနဲ့ ယှဉ်ပြိုုင်ပြီး တာအိုနောက် ဘယ်လိုလုပ် လိုက်နိုင်ပါ့မလဲ

ချီကျန့်က နောက်တစ်လှမ်းဆုတ်လိုက်သည်။ သူက သူ့ဘိုးဘေးအား အများကြီး ကြောက်ရွံ့နေဆဲ ဖြစ်၏။ သို့သော်လည်း သူက တွေးလိုက်မိသည်။

ကျွန်တော်လည်း အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံတစ်ကောင်အနေနဲ့ အထိန်းအကွပ်မရှိ အရှုံးမပေးတဲ့ ဂုဏ်ယူမှုမျိုး ရှိသင့်တယ်ဆိုတာ သိပါတယ်

အရင်တုန်းက ကျွန်တော့်ပုံစံကိုမှ မမြင်ဘူးတာလေ … ကျွန်တော်က ခေါင်းဆောင်ရှန်ထျန်း ပေါ်မလာခင်အထိ ဘာမှကို မကြောက်ခဲ့ဖူးဘူး

ကျွန်တော်က ခေါင်းမာနေရင် ဘာဖြစ်သွားမလဲ … သူ့ကို အနိုင်မတိုက်နိုင်ဘူးလေ။ အဲမှာသာ ဆက်နေနေရင် အရိုက်ခံနေရမှာပေါ့

ဘိုးဘေးက ခေါင်းဆောင် ဘယ်လောက်မကောင်းဆိုးဝါးဆန်လဲဆိုတာ မမြင်ဖူးသေးလို့ပါ … သူက ရိုးရိုး လူသား မဟုတ်ဘူးဗျ

……….....

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က လက်ဝေ့ကာ ပြောလိုက်သည်  “ မျောက်ကလေး တော်ပြီ။ မင်းက အားနည်းလွန်းတယ်။ မင်းကို တိုက်ပွဲတော်ဝင်ကျမ်း ကောင်းကောင်း သင်ပေးပြီးတော့ ဒီ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်က ဘယ်လောက်အားကောင်းလဲဆိုတာ နားလည်အောင် လုပ်ပေးမယ်။

အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်က ငါတို့တာအိုကို တိုက်ပွဲတွေကနေ နားလည်လာကြတာ။ မိုးမြေတောင် ငါတို့ကို နာခံလာအောင် မလုပ်နိုင်ဘူး ”

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်အား ပုံစံပြန်သွင်းပေးဖို့ ပြင်နေသည်။ သူက ချီကျန့်အား အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်အတွက် မျက်နှာပျက်စရာ ဖြစ်လာဖို့ ခွင့်မပြုနိုင်ပေ။

သူက လက်ဝေ့လိုက်ပြီးနောက် ရွှေရောင်ငှက်ပျောသီးကို ထုတ်လိုက်သည်။ ဤအရာက ရွှေရောင်တဖြတ်ဖြတ် တောက်ပနေလေ၏။

ငှက်ပျောသီး ပေါ်လာသည်နှင့် ကြွယ်ဝလွန်းသည့် အသက်ဓာတ်လည်း ဒီရေအလား ထွက်ပေါ်လာသည်။

ချီကျန့်က မျက်လုံးအပြူးသားဖြင့် ငှက်ပျောသီးကို စိုက်ကြည့်နေသည်။ သူက အကြည့်ပင် မလွဲနိုင်ချေ။

ထိုငှက်ပျောသီးက အလွန်စွဲမက်ဖို့ ကောင်းသည်။ ပြောရလျှင် သူ့အခြေခံအုတ်မြစ်နှင့် သူ့စွမ်းအားကို သိသိသာသာ တိုးမြင့်ပေးနိုင်သည်။

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ဂုဏ်ယူမှုအပြည့်ဖြင့်  “ ဒါက ထာဝရ ငှက်ပျောသီးလေ။ ဒါက နတ်ဧကရာဇ် အဆင့် ဖြစ်ပြီးတော့ အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးနွယ်အတွက် အရမ်းအသုံးဝင်တယ်။ မင်းသာ တိုက်ပွဲတော်ဝင်ကျမ်းကို အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်သရွေ့ မင်းကို ပေးမယ်  ”

သူက ချီကျန့်အား တက်ကြွလာစေရန် မက်လုံးပေးလိုက်ခြင်း ဖြစ်၏။ ရည်ရွယ်ချက်ရှိမှသာ စိတ်တက်ကြွလာလိမ့်မည်။

နတ်ဧကရာဇ်အဆင့် ဆေးပင်ကို ဆုလာဘ်အဖြစ် ထားခြင်းဖြင့် ချီကျန့်က အကောင်းဆုံး ကြိုးစား၍ ကျင့်ကြံလာလိမ့်မည်။

ချီကျန့်က စိတ်ပေါ့ပါးသွားကာ ပြန်ဖြေလိုက်သည်  “ ဘိုးဘေးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး ကျင့်ကြံပါ့မယ် ”

နတ်ဧကရာဇ်အဆင့် ဆေးပင်၏ ဆွဲဆောင်မှုမျိုးကို မခံနိုင်ပေ။ သူက လုံးလုံး မငြင်းနိင်ပေ။

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

သူ့မျက်ဝန်း၌ နောင်တတရားတို့ မြင်နေရသည်  “ ငါ ထာဝရမက်မွန်သီးကို မရှာနိုင်တာ နှမြောစရာပဲ။ ဒါက ငါ မရနိုင်ခဲ့တဲ့ တစ်သက်တာ နောင်တပဲ။ မက်မွန်အရသာက ဒီငှက်ပျောသီးထက် ပိုအရသာရှိတယ် ”

ယခုအချိန်အထိ အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ထာဝရမက်မွန်သီးကို စားရဖို့ တွေးမိနေဆဲ ဖြစ်သည်။

ထာဝရမက်မွန်သီး၏ အာနိသင်က ထာဝရငှက်ပျောသီးထက် ပိုအားကောင်းနေသည့် အချက် ရှိသော်လည်း ပို၍ အရေးပါသည့်အကြောင်းမှာ အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ငှက်ပျောသီးထက် မက်မွန်သီး စားရတာကို ပိုနှစ်သက်၍ ဖြစ်သည်။

ချီကျန့်က ခေါင်းညိတ်လိုက်သည်။ သူလည်း အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ စကားများကို အပြည့်အဝ သဘောတူလေသည်။

မက်မွန်းသီး စားရတာ မကြိုက်သည့် မျောက်ဟူ၍ မရှိပေ။ ငှက်ပျောသီးပင် မက်မွန်သီးနှင့် ယှဉ်လိုက်သည့်အခါ ရှုံးနိမ့်သွားပေမည်။

ရှန်ထျန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်  “ စီနီယာ နတ်ဧကရာဇ် ပြောချင်တာ ဒါလေးလား ”

ထို့နောက် ရှန်ထျန်းက မက်မွန်သီးတစ်လုံး ထုတ်ယူလိုက်သည်။

မက်မွန်သီးနားတွင် ကောင်းကင်အရှိန်အဝါများ ဝန်းရံနေကာ ထိုမက်မွန်သီးက အရည်ရွမ်းကာ လတ်ဆတ်ဟန်ပေါ်သည်။ ထိုအရာမှ ကြွယ်ဝလှသော အသက်ဓာတ်နှင့် ရနံ့သင်းသင်းလေးပါ ထုတ်လွှင့်နေသည်။

“ ဘာလဲ။ တကယ်ကြီး ထာဝရမက်မွန်သီးပဲ ”

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က မျက်တောင်မခတ်ဘဲ မက်မွန်သီးအား စိုက်ကြည့်နေသည်။ သူက တံတွေးမျိုမချဘဲ မနေနိုင်တော့ပေ။

ချီကျန့်သည်လည်း အတူတူ ဖြစ်၏။ သူက မက်မွန်သီးပေါ်မှ အကြည့်မခွာနိုင်ပေ။

မျောက်များက မက်မွန်သီးကို အကြိုက်ဆုံး ဖြစ်၏။

နတ်ဧကရာဇ်အဆင့် မက်မွန်သီးကိုတော့ ထည့်ပြောဖို့ မလိုတော့ပေ။ ဘယ်မျောက်မှ ငြင်းဆန်နိုင်မည် မဟုတ်ချေ။

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ အမူအယာက ချက်ချင်း ပြောင်းသွားကာ  ပြုံးပြလိုက်ပြီး  “ကောင်လေး မင်း မက်မွန်သီးကို ငါနဲ့ အလဲအလှယ် လုပ်ချင်လား။ မင်းကို တိုက်ပွဲတော်ဝင်ကျမ်း ပေးမယ် ”

ထာဝရမက်မွန်သီးသည် နတ်ဧကရာဇ်ကိုပင် စိတ်လှုပ်ရှားလာအောင် ဆွဲဆောင်နိုင်သည်။

ချီကျန့်က ကြောင်အမ်းသွားကာ  “ ဘိုးဘေးပြောတော့ တိုက်ပွဲတော်ဝင်ကျမ်းက အပြင်လူတွေကို သင်ပေးလို့ မရဘူးဆို ”

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်အား ကြည့်လိုက်ရင်း မျက်နှာကြီးနီရဲလာကာ  “ အဟမ်း ဒါက မင်းရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား။ အဲဆိုတော့ သူက အပြင်လူ မဟုတ်ဘူးလေ။ ငါက စိတ်သဘောထားကြီးပါတယ်။ အဲလောက် ခေါင်းမမာပါဘူးကွာ … ကောင်လေး မင်းရော ဘယ်လိုထင်လဲ”

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ရှန်ထျန်းအား မျှော်လင့်ချက်အရိပ်အယောင်အပြည့်ဖြင့် ကြည့်နေလိုက်သည်။

ဒါက ထာဝရမက်မွန်သီးလေ … မက်မွန်သီး

ငါ နှစ်ပေါင်းတစ်သောင်းလောက် ရှာခဲ့တာတောင် ရှာမတွေ့ခဲ့ဘူး … အခု ငါ့မျက်စိရှေ့ ရောက်လာပြီဆိုတော့ ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ

ထို့ကြောင့် သူက တိုက်ပွဲတော်ဝင်ကျမ်းနှင့် လဲလှယ်ရန် တွေးလိုက်ခြင်း ဖြစ်၏။

အံ့အားသင့်စရာကောင်းသည်က ရှန်ထျန်းက ခေါင်းခါပြလိုက်ပြီး  “ စီနီယာ နတ်ဧကရာဇ် ကျွန်တော်လည်း ဒီထာဝရမက်မွန်သီးကို အခြားသုံးစရာရှိတယ်။ အဲဒါကို ဆေးလုံးဖော်စပ်ရမှာမလို့ပါ ”

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က ထိုစကားများကို ကြားသည့်အခါ ချက်ချင်း ဒေါသထွက်လာပြီး  “ ဘာ … ဆေးလုံး ဖော်စပ်မှာတဲ့လား။ ရယ်စရာကောင်းလိုက်တာ … မင်းက အဖိုးတန်အသီးကို ဖြုန်းနေတာပဲ။ မက်မွန်သီးကို ဆေးပါဝင်ပစ္စည်းအနေနဲ့ သုံးတာ မက်မွန်သီးတွေကို စော်ကားနေသလိုပဲ ”

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ အမြင်အရ မက်မွန်သီးထက် အရသာရှိသည့် ဆေးလုံး မရှိပေ။

ဒီလိုလှလှပပ မက်မွန်သီးလေးကို လတ်လတ်ဆတ်ဆတ် စားလိုက်တာ ပိုမကောင်းဘူးလား

သို့သော်လည်း ရှန်ထျန်းက ပြတ်ပြတ်သားသားဖြင့်   “ကျွန်တော်က မက်မွန်သီးကို ဆေးလုံးအဖြစ် ဖော်စပ်လိုက်ရင် တန်ဖိုးက နှစ်ဆ ဖြစ်သွားမယ်လေ ”

ဟွမ်ရှစ်က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ဖော်စပ်နိုင်ရန် မက်မွန်သီး ချီးမြင့်ပေးထားခြင်း ဖြစ်၏။

သူက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံးကို ဟွမ်ရှစ်ဆီ ပေးရဦးမည် ဖြစ်၏။

ရှန်ထျန်းက တော်ဝင်ကျမ်းတစ်ခုလောက်ဖြင့် လဲလှယ်မည် မဟုတ်ပေ။ ထို့အပြင် ရှန်ထျန်း၏ အမြင်အရ တော်ဝင်ကျမ်း၏ တန်ဖိုးက ထာဝရမက်မွန်သီးနှင့် လုံးလုံး မယှဉ်နိုင်ပေ။

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က စိုးရိမ်ပူပင်စွာ ခေါင်းကုတ်လိုက်သော်လည်း သူ တတ်နိုင်သည့်အရာ မရှိပေ။ အကယ်၍ လက်ရှိ အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်သာ အသိစိတ်အကြွင်းအကျန်မျှ မဟုတ်လျှင် ရှန်ထျန်းဆီမှ လုယူမိပေလောက်သည်။

ထာဝရမက်မွန်သီး၏ ဆွဲဆောင်မှုက မခံမရပ်နိင်ပင်။ သူ့လက်ထဲမှ ထာဝရငှက်ပျောသီးပင် အရသာမဲ့သွားပုံပေါ်၏။ သို့သော်လည်း သူက မက်မွန်သီး ရလာလျှင်ပင် မစားနိုင်သည့်အတွက် ရှန်ထျန်းအပေါ် လက်မပါနိုင်ပေ။

သူက အသိစိတ်အကြွင်းအကျန်မျှ ဖြစ်ရာ မက်မွန်သီးကို မည်သို့ စားသုံးနိုင်မည်နည်း။

သူက နတ်ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာရှိသေးသည့်အတွက် ထိုသို့ မလုပ်နိုင်ပေ။ သူက ဂျူနီယာလေးတစ်ယောက်ဆီမှ လုယူလျှင် ရုပ်ပေါက်သွားပေမည်။

ရှန်ထျန်းက သူ့မျိုးဆက်နှင့် ဆက်ဆံရေးကောင်းသည့် ဂျူနီယာဖြစ်နေကြောင်း ထည့်မပြောရသေးပေ။

အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က နက်နက်နဲနဲ တွေးတောပြီးနောက် အကြံပြုလိုက်သည်

“ ဒီတိုက်ပွဲတော်ဝင်ကျမ်းနဲ့ ထာဝရငှက်ပျောသီးကို သုံးပြီး မင်းရဲ့ မက်မွန်သီးနဲ့ လဲလှယ်ရင်ရော ဘယ်လိုလဲ။ နှစ်ခုလုံးက နတ်ဧကရာဇ်အဆင့်တွေပဲလေ။ တစ်လုံးအတွက် တစ်လုံးပေါ့ … မင်းကို တော်ဝင်ကျမ်းတောင် အပိုပေးထားတယ်လေ။

မင်းအတွက် အလဲအလှယ်ကောင်းလေးပါ ” အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်က အလဲအလှယ်သည် သူ့အတွက် ကြီးကြီးမားမား ရှုံးသွားသည့်အလား စိတ်မကောင်းဖြစ်ဟန်ဆောင်လိုက်သည်။

သို့သော်လည်း ရှန်ထျန်းက ငြင်းပယ်နေဆဲ ဖြစ်၏  “စီနီယာ နတ်ဧကရာဇ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒါတွေကို မလိုပါဘူး။ ပြီးတော့ ကျွန်တော် မှတ်မိတာသာ မှန်ရင် ထာဝရငှက်ပျောသီးရဲ့ အာနိသင်ရဲ့ မက်မွန်သီးနဲ့ မယှဉ်နိုင်ဘူးလားလို့ ”

ရှန်ထျန်းက သူ့ဘာသာ ရေရွတ်နေဟန်ဖြင့် အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်အား ကြည့်လိုက်သည်။

ဤမျောက်အိုကြီးက တကယ်ကို ဉာဏ်များလွန်းလှသည်။

ငါက ငယ်သေးလို့ ဘာမှမသိဘူးများ ထင်နေလား … သူက ထာဝရမက်မွန်သီးပေးအောင် ငါ့ကို စကားချိုချိုလေးတွေ လာပြောချင်နေသေးတာလား

အဲမှာ အိပ်မက်မက်နေလိုက် …

All Chapters