ခေါင်းဆောင်က အရမ်းကောင်းတာ တစ်ခုခု ပေးနေတယ်
Vol. 30 Ch. 447
အခန်း (၄၄၇) : ခေါင်းဆောင်က အရမ်းကောင်းတာ တစ်ခုခု ပေးနေတယ်
အာကာပြင်ထဲမှ အဆုံးမဲ့ အံ့ဖွယ်အလင်းများက လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာသည်။
တိုက်ပွဲ ပြင်းထန်လာသည်နှင့် အသံကျယ်ကြီးနှင့် ထိရိုက်သံများက ပဲ့တင်ထွက်လာသည်။ အံ့ဩနေစရာ မလိုပေ။ ဤသည်မှာ ချီကျန့်အတွက် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ လေ့ကျင့်ရေး ဖြစ်သည်။
ရှန်ထျန်းက ကောင်းကင်ကို ကြည့်လိုက်ပြီး သူ့မေးစေ့သူပွတ်လိုက်မိသည်။ အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးသောကြောင့် ကံအပြောင်းအလဲ အခွင့်အရေးကောင်း ဖြစ်သည်။
ဒီကလေးက အရမ်းကံကောင်းလွန်းတယ် …
ငါလည်း ဘာမှမလုပ်ဘဲ ထိုင်နေလို့ မဖြစ်ဘူး။ ငါလည်း တစ်ခုခု လုပ်ရမယ် …
အချိန်က ငွေပဲ … အချိန်ဖြုန်းနေတာ အရှက်ရစရာပဲ
ငါ ဘာလုပ်ရမလဲ …
ရှန်ထျန်းက ခေါင်းကုတ်ရင်း စဉ်းစားခန်းဖွင့်နေသည်။ သူ့မျက်ဝန်းတို့က ရုတ်ချည်း လင်းလက်သွားလေ၏။
ငါ ဆေးလုံးဖော်စပ်ရမယ် … ဘာဖြစ်ဖြစ် အခုလုပ်စရာမှ မရှိတာ။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ဖော်စပ်ဖို့ အခွင့်ကောင်းပဲ
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးသည် အဖိုးတန်ပစ္စည်း ဖြစ်၏။ ပိုက်ဆံဖြင့် ရောင်းချနိုင်သလို ဆက်ဆံရေးကောင်း တည်ဆောက်ဖို့အတွက်လည်း အသုံးပြုနိုင်သည်။
……….....
အဓိကအချက်မှာ ရှန်ထျန်းက ဤတစ်ခါ အကျိုးကျေးဇူးကြီးကြီးမားမား ရရှိလိုက်သည်။ သူက ဝိဇ္ဇာဆေးပင် အမြောက်အများ ရလိုက်ရုံသာမက နတ်ဧကရာဇ်အဆင့် ဆေးပင်လည်း ဆယ်ပင် ရလိုက်သေးသည်။
ဧရာမအကျိုးမြတ်ကြီး ဖြစ်၏။
သူ့ပိုင်ဆိုင်မှုထဲ ဝိဇ္ဇာအများအပြားရှိနေလေရာ စားပစ်ဖို့ ငြီးငွေ့လာလောက်သည်။
သူတို့ကို သုံးပြီး ဆေးဖော်စပ်လိုက်ကြတာပေါ့ … ပြီးတော့ ဒီအရာများက ရှန်ထျန်းအတွက် အသုံးမဝင်ပေ။ သူတို့က သူ့အတွက် သကြားလုံးမျှသာ ဖြစ်၏။
သူတို့ကို အသုံးပြု၍ ဆေးဖော်စပ်ပြီး လက်ဆောင်ထုတ်ပေးခြင်းက ငှက်ပျောသီး ထုတ်ပေးခြင်းထက် ပိုကောင်းပေသည်။
ထို့အပြင် လူအားလုံးက ငှက်ပျောသီးစားရတာကို ကြိုက်နေကြခြင်း မဟုတ်ပေ။ တစ်ယောက်ယောက်ကို ငှက်ပျောသီး လက်ဆောင်ပေးခြင်းက တကယ် သင့်တော်ရဲ့လား။
အထူးသဖြင့် အမျိုးသမီးတစ်ယောက်ကို လက်ဆောင်ပေးပါက ထူးထူးဆန်းဆန်း အတွေးများ တွေးမိသွားစေလိမ့်မည်။
…………...
ဟွမ်ရှစ်က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး လိုချင်နေလေသည်။ သို့သော် ထာဝရမက်မွန်သီးကို ထာဝရငှက်ပျောသီးနှင့် လဲလှယ်ပြီးပြီ ဖြစ်သည့်အတွက် သူက မက်မွန်သီးဖြင့် ဆေးမဖော်စပ်နိုင်တော့ပေ။
ဤသည်မှာ သူ့အတွက် ထာဝရငှက်ပျောသီးဖြင့် ဆေးဖော်စပ်နိုင်မည့် အခွင့်ကောင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ငှက်ပျောသီးသည် မက်မွန်းသီးနှင့် မကွာခြားလှပေ။ ရှန်ထျန်းက အချိန်ဆွဲမနေတော့ဘဲ ဆေးလုံးများကို စတင်ဖော်စပ်လိုက်တော့သည်။
သူ့လက်တစ်ချက်အဝေ့တွင် ပဒုမ္မာကြာ နတ်ဧကရာဇ် ဆေးမီးဖိုရှိ အံ့ဖွယ်သင်္ကေတများက ပျံ့နှံ့လာသည်။
သူ့ရှေ့ရှိ ဧရာမ မီးဖိုကြီးက အံ့ဖွယ်အရှိန်အဝါများ ထုတ်လွှင့်နေသည်။
ရှန်ထျန်းက လက်ဟန်တချို့ ထုတ်ဖော်လိုက်ပြီး နေမင်းစစ် မီးတောက်ကို အားမြင့်ပေးလိုက်သည်။ ထို့နောက် ပဒုမ္မာကြာ နတ်ဧကရာဇ် မီးပြင်းဖိုထဲ စိမ့်ဝင်သွားသည်။ နေမင်းစစ် မီးတောက်က ထူးခြားအံ့ဖွယ် မီးတောက်စာရင်းတွင် အဆင့် ၂ ဖြစ်ပြီး ဝိဇ္ဇာဆေးပင်များ ဆေးကျိုရာ၌ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ရှန်ထျန်းက လုပ်ငန်းစဉ်နှင့် ရင်းနှီးပြီးသား ဖြစ်သောကြောင့် ဝိဇ္ဇာဆေးပင်အမြောက်အများ ထုတ်ယူကာ စတင် သန့်စင်တော့သည်။ ဝိဇ္ဇာဆေးပင်များကို မီးဖိုထဲ ပစ်ထည့်လိုက်ပြီးနောက် နေမင်းစစ်၏ အပူဓာတ်အောက်တွင် သန့်စင်လှသော အံ့ဖွယ်ဆေးရည် ဖြစ်လာသည်။
အံ့ဖွယ်ဆေးရည်က အနံ့လေး သင်းနေကာ ရွှေရောင်တောက်ပနေသည်။ ဤသည်မှာ မျက်စိစူးလောက်ဖွယ် မြင်ကွင်းမျိုး ဖြစ်၏။
ဟုတ်ပေသည်။ ရွှေရောင်အရည် ဖြစ်၏။
အလယ်အလတ်အဆင့် ရွှေငှက်ပျော ၂၄ လုံးနှင့် အထွတ်အထိပ်အဆင့် ရွှေငှက်ပျော ၁၂ လုံးတို့လည်း ဝိဇ္ဇာဆေးပင်များကြား ပါဝင်လေသည်။
ရှန်ထျန်းက ယခု ဆေးတစ်သုတ်စာအတွက် အများကြီး ရင်းနှီးထားခဲ့သည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ရွှေငှက်ပျောသီးများကို ဂရုတစိုက် သေချာစိုက်ပျိုးထားလေသည်။ သူတို့တွင် အားကောင်းကောင်း အသက်ဓာတ် ပါဝင်ပြီး အခြားဝိဇ္ဇာဆေးပင်များထက် ပိုအားကောင်းလှသည်။
ဝိဇ္ဇာဆေးပင်များကို ဤအရည်အဖြစ် သန့်စင်လိုက်ပြီးနောက် အာနိသင်များက ပို၍ ပြင်းထန်လာသည်မှာ ပုံမှန်သာ ဖြစ်၏။
ရွှေရောင်အရည်က အံ့ဖွယ်အရှိန်အဝါများ စီးဆင်းနေသောကြောင့် တဖြတ်ဖြတ် တောက်ပနေသည်။ ထိုအရာမှ ရနံ့သင်းသင်းလေးလည်း ထွက်ပေါ်နေသေး၏။
တစ်စက်လောက်ဖြင့် ဝိဇ္ဇာတစ်ယောက်၏ ကျင့်ကြံဆင့်ကိုပင် သိသိသာသာ တိုးတက်လာစေလိမ့်မည်။ သို့သော် ထိုအရာက နောက်ဆုံး မဟုတ်သေးပေ။ ရှန်ထျန်းက ငှက်ပျောသီး သုံးလုံးကို ထုတ်ယူလိုက်သည်။
သူ ထိုငှက်ပျောသီးများကို ထုတ်ယူလိုက်သည်နှင့် သူတို့အရှိန်အဝါတို့က ဝိညာဉ်လှိုင်းများ စီးဆင်းလာသည့်အလား နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
မျက်စိတစ်မှိတ်အတွင်း ဤနေရာ၌ အားပြင်းပြင်း အသက်ဓာတ်တို့ လွှမ်းခြုံသွားသည်။ သက်ရှိအားလုံးကို အာဟာရဖြည့်ပေးနေသည့်အလား တက်ကြွလှုပ်ရှားအသက်ဝင်နေသည်။ အကြောင်းမှာ ထိုငှက်ပျောသုံးလုံးက နတ်ဧကရာဇ် ထာဝရငှက်ပျောသီးများ ဖြစ်ကြသည်။
ထိုငှက်ပျောသီး သုံးလုံး၏ အာနိသင်က ထာဝရမက်မွန်သီး၊ အဆင့် ၁၂ ပဒုမ္မာကြာတို့နှင့်ပင် ယှဉ်နိုင်ပေသည်။ ပို၍ပင် အားပြင်းနေလောက်သေးသည်။
……….....
နတ်ဧကရာဇ်ပင် ထိုနတ်ဧကရာဇ် အသီးသုံးလုံးကို တစ်ခါတည်း သုံးလိုက်ကြောင်း သိပါက အတွေးနှင့်ပင် နာကျင်လာလိမ့်မည်။ အကယ်၍ တခြားတစ်ယောက် ဖြစ်နေလျှင် သူတို့က တစ်လုံးပင် သုံးရက်မည် မဟုတ်ပေ။
ဤသည်မှာ နတ်ဧကရာဇ် ဆေးပင်အမျိုးအစား ဖြစ်ပြီး အလွန် အလွန် အလွန်တရာ ရှားပါးလှသည်။ သို့သော်လည်း ရှန်ထျန်းက ဂရုမစိုက်ပေ။ သူ့သိုလှောင်လက်စွပ်ထဲတွင် နောက်ထပ် ခုနှစ်လုံးကျန်နေသေးသည် မဟုတ်ပါလော။
သူက ထာဝရငှက်ပျောသီး သုံးလုံးကို ပဒုမ္မာကြာနတ်ဧကရာဇ် မီးဖိုထဲ ထည့်လိုက်ပြီး နေမင်းစစ် မီးတောက်ဖြင့် ကျိုလိုက်သည်။
ထိုစဉ် မီးပြင်းဖိုမှ ရွှေရောင်အလင်းတန်း တောက်ပလာသည်။ အံ့ဖွယ်အရှိန်အဝါများက နေရောင်ထွက်လာသကဲ့သို့ လင်းလက်နေကာ ခမ်းနားထည်ဝါလှပြီး အသက်ဓာတ် ကြွယ်ဝနေသည်။
အရှိန်အဝါများက ဧရာမလှိုင်းလုံးများသဖွယ် ထွက်လာကာ မီးပြင်းဖိုက တုန်ခါသွားလေ၏။ ထို့နောက် နေရာအဖက်ဖက်သို့ အလင်းတန်းများ ပျံ့နှံ့သွားသည်။
“ နတ်ဧကရာဇ် အသီးသုံးလုံး တစ်ခါတည်း ကျိုလိုက်တာက နည်းနည်းတော့ ပြင်းသွားတာပဲ ”
နတ်ဧကရာဇ်ဆေးပင်များသည် ပြင်းထန်လွန်းပြီး ငှက်ပျောသီးသုံးလုံး သန့်စင်လိုက်ခြင်းက ကြောက်ခမန်းလိလိ စွမ်းအား ဖြစ်လာသည်။ နေမင်းစစ် မီးတောက်လို အားကောင်းသည့် မီးတောက်မျိုးနှင့်ပင် သူတို့အား အရည်မကျိုနိုင်သေးပေ။
ရှန်ထျန်းက စွမ်းအားကို မြင့်လိုက်ပြီး နေမင်းစစ် မီးတောက်အား ပို၍ ပြင်းထန်လာစေလိုက်သည်။
အံ့ဖွယ်မီးလျှံများက ရွှေကျီးသဖွယ် ပြောင်းလဲသွားပြီး ပဒုမ္မာကြာနတ်ဧကရာဇ် မီးပြင်းဖိုထဲရှိ ငှက်ပျောသီးသုံးလုံးဆီ ချီတက်သွားသည်။ ရွှေရောင်အလင်းတန်းများက တုန်ခါသွားပြီး မီးတောက်များကြားမှ ဆက်တိုက် ပစ်လွှတ်နေသော်လည်း မလုံလောက်သေးပေ။
ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
“ယန်စွမ်းအားက အရမ်းအားကောင်းလွန်းနေတယ်။ တူညီတဲ့ ဓာတ်စွမ်းအားနဲ့ အရည်ကျိုဖို့ မဖြစ်နိုင်ဘူး။ မီးအရှိန်လျော့ကြည့်ရအောင် ”
ရှန်ထျန်းက ယပ်တောင်ပုံစံ ရွှေရောင်သင်္ကေတများဖြင့် ဖုံးလွမ်းနေသည့် ငှက်ပျောရွက်ကို ထုတ်လိုက်သည်။ ဤသည်မှာ ငှက်ပျောယပ်တောင် ဖြစ်ပြီး နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်လည်း ဖြစ်သည်။ ပဒုမ္မာကြာနတ်ဧကရာဇ်က ဆေးဖော်စပ်သည့်အခါ အသုံးပြုသည့် အဖိုးတန်ပစ္စည်း ဖြစ်၏။
ရှန်ထျန်း၏ ယခင်ဆေးဖော်စပ်ရာအတွင်း အာနိသင်က ညင်သာသည့်အတွက် သူ့အနေနှင့် နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်ကို ထုတ်သုံးဖို့ မလိုခဲ့ပေ။ ယခု သူက နတ်ဧကရာဇ်အသီးသုံးလုံးကို ဖော်စပ်ရန် ကြိုးစားနေသည့်အတွက် သူတို့စွမ်းအားများက ပြင်းထန်လွန်းလှသည်။ သူက ထိုအာနိသင်များ ပျောက်ပျက်သွားဖို့ ဤယပ်တောင်ကို ထုတ်သုံးရတော့မည်။
ငှက်ပျောယပ်တောင်ကို လအဆီအနှစ် သစ်ရွက်မှ ဖန်တီးထားပြီး အားကောင်းလှသည့် ယင်စွမ်းအား ပိုင်ဆိုင်ထားသည်။ ဤသည်မှာ ယန်စွမ်းအား၏ ပေါက်ကွဲစေတတ်သည့် စွမ်းအားများကို လျော့ချရာ၌ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေသည်။
ရှန်ထျန်းက ယပ်တောင်ကို အသာဝေ့လိုက်သည့်အခါ ယင်စွမ်းအားများ ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်လေး၌ လေပြင်းလာကာ ရွှေရောင်အလင်းတန်းများကိုပင် တုန်ခါလာစေသည်။
ယခင် ထွက်ပေါ်နေသည့် ယန်စွမ်းအားများက တစ်နည်းနည်းဖြင့် လျော့ကျသွားသော်လည်း လုံးဝ မကွယ်ပျောက်သွားသေးပေ။
“ တကယ် အကျိုးထူးတာပဲ ”
ရှန်ထျန်းက ငှက်ပျောယပ်တောင်ကို တဖန်ဝေ့ယမ်းလိုက်ပြီး ယင်စွမ်းအားကို ဖန်တီးလိုက်သည်။
ပဒုမ္မာကြာနတ်ဧကရာဇ် မီးပြင်းဖို၏ ရွှေရောင်အလင်းများက ယင်ယန်စွမ်းအားများ ပေါင်းစပ်သွားသောကြောင့် သဘာဝအစီအရင်တစ်ခုကို နှိုးဆွပေးသလို ဖြစ်သွားလေသည်။
အဆုံးသတ်၌ အရာအားလုံး ငြိမ်ကျသွားပြီး ဆေးပင်အာနိသင်များက ပို၍ ညင်သာလာကြသည်။
ပြီးသွားပြီ …
ရှန်ထျန်း၏ မျက်လုံးများ လင်းလက်လာကာ မီးစွမ်းအားကို တဖန် မြင့်တင်လိုက်သည်။ ငှက်ပျောသီးသုံးလုံးကို နေမင်းစစ် မီးတောက်ဖြင့် ဆက်တိုက် အရည်ကျိုလိုက်ပြီး ရွှေရောင်အရည်အဖြစ် ပြောင်းလဲလိုက်သည်။
ဆေးဖော်စပ်ခြင်း၏ အခက်ခဲဆုံးအပိုင်းမှာ ပြီးဆုံးသွားလေပြီ။ ယခု ဆေးသန့်စင်ဖို့ စတင်ရမည့်အချိန် ဖြစ်၏။
ရှန်ထျန်းက လက်ဟန်တချို့ ထုတ်ဖော်ကာ ဆေးရည်အား မီးအားမြင့်လိုက်ပြီး ဆက်တိုက် သန့်စင်လိုက်သည်။
ကံဆိုးစွာဖြင့် ဤသည်မှာ ရှည်ကြာလွန်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
…………..
၁၈ ရက် ကြာမြင့်ပြီးနောက် …
ကောင်းကင်၌ အသံကျယ်ကြီး ပဲ့တင်ထွက်လာကာ အံ့ဖွယ်အလင်းတန်းများလည်း နေရာအနှံ့ ပျံ့နှံ့လာသော်လည်း အများစုက ခန္ဓာကိုယ်တိုက်သံများ ဖြစ်သည်။ ဤသည်မှာ အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်အား ဆက်လက် ရိုက်နှက်နေဆဲ ဖြစ်ကြောင်း သိသာလှသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်အရှိန်အဝါတို့က ပို၍ အားကောင်းလာကာ တိုက်ပွဲအငွေ့အသက်သည်လည်း ပို၍ အားပြင်းလာသည်။
ချီကျန့်က အချိန်တစ်ခုကြာ လေ့ကျင့်ပြီးနောက် အတော်အတန် အကျိုးရှိလိုက်သည်။ သူ့ကို အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ် ကိုယ်တိုင် လေ့ကျင့်ပေးနေသည် မဟုတ်ပါလော။
ချီကျန့်က တိုက်ပွဲတော်ဝင်ကျမ်း၏ အဓိပ္ပါယ်အစစ်ကို နားလည်သွားလေပြီ။ သူ့တိုက်ပွဲအငွေ့အသက်များက ပို၍ အားကောင်းလာပြီး တိုက်ပွဲစွမ်းရည်လည်း တိုးတက်လာသည်။ သူက အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ သည်းကြီးမည်းကြီး တိုက်ခိုက်မှုများအောက် အချိန်ကြာကြာ ခံနိုင်ရည်ရှိလာသည်။ တစ်ဖက်သတ် ဖိနှိပ်နေခြင်း မဟုတ်တော့ပေ။
သိပ်မကြာခင် ချီကျန့်က “ တိုက်ပွဲသွေးဖြင့် ကောင်းကင်ကို လောင်ကျွမ်းခြင်း” ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်တော့မည်။
ထိုစဉ် ရနံ့သင်းသင်းလေး ထွက်လာကာ နေရာတစ်ခုလုံးကို ဖုံးလွမ်းသွားသည်။
ချီကျန့်က နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့လိုက်ရှုလိုက်၏။ ထိုအရာလေးက သူ့အား သက်သာရာရသွားစေသည်။
သူက စိတ်လှုပ်ရှားတကြီး မြန်မြန် အော်ပြောလိုက်သည် “ ဘိုးဘေး ရပ်လိုက်ပါဦး။ ဒီမယ် အနံ့ကောင်းလေး … အဖိုးတန်ရတနာ ပေါ်လာတာ တူတယ်”
ဤရနံ့လေးက လူတစ်ယောက်၏ ဝိညာဉ်စွမ်းအားကို လှုပ်ခတ်နိုင်စွမ်းရှိသည့်အတွက် ချီကျန့်က ချက်ချင်း ညို့ယူခံလိုက်ရသည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က တိုက်ပွဲအတွင်း စိတ်နစ်ထားသည့်အတွက် သတိမထားမိခဲ့ပေ။
သူက အသာပြောလိုက်သည် “ ဒါက ငါ့ပိုင်နက်ထဲဆိုတာ မသိဘူးလား။ မင်းတို့နှစ်ယောက် အကုန်သိမ်းပြီးပြီလေ။ ဘယ်ရတနာ ကျန်ဦးမှာလဲ။ ကောင်လေး အပျင်းထူမနေစမ်းနဲ့ … မင်း တိုက်ပွဲသွေးဖြင့် ကောင်းကင်လောင်ကျွမ်းခြင်းကို ကျင့်ကြံလို့ မပြီးမချင်း ထွက်သွားခွင့် မပြုဘူး ”
ထိုသို့ဖြင့် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ချီကျန့်အား ထပ်ရိုက်လိုက်ပြန်သည်။
ချီကျန့်က ချက်ချင်း အော်ပြောလိုက်သည် “ဘိုးဘေး ကျွန်တော် တကယ်ပြောနေတာ … မယုံရင် လေထဲက အနံ့လေးကို ရှုကြည့်လိုက် ”
သူက အတော်သနားစဖွယ်ကောင်းနေသည်။
ယခင် ၁၈ ရက်အတွင်း သူက ပထမသုံးရက်ထက် ပိုမို ပြင်းထန်သော လေ့ကျင့်ရေးမျိုး လက်ခံခဲ့ရသည်။
ချီကျန့်က ဝမ်းနည်းနေမိသည်။
ဘိုးဘေးက အချိန်ကောင်းလေးတွေရှိနေတာ သိတယ်။ ကျွန်တော့်မှာသာ အရိုးမာမာ မရှိထားရင် ဒီမြေကြီးပေါ်ကနေ ပြန်ကုန်းထနိုင်တော့မှာ မဟုတ်ဘူး
.............
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က သံသယဝင်နေဆဲ ဖြစ်၏။
“မင်းက ငါ့ကို လိမ်ဖို့ ကြိုးစားနေရင် ဒီညရဲ့ လေ့ကျင့်ရေးကို နှစ်ဆတိုးပစ်မယ် ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က အနံ့ခံကြည့်လိုက်သည့်အခါ သူ့မျက်ဝန်း၌ အံ့အားသင့်မှုတို့ ပေါ်ထွက်လာသည်။
“ တကယ်လို့ အနံ့ကောင်းလေး ရှိနေတာပဲ”
ဗြိ …
သူက ကောင်းကင်ရှိ ရွှေရောင်ပိတ်ကားချပ်ကို ဆွဲဖြဲလိုက်ပြီးနောက် မျောက်ဝံနှစ်ကောင်က ရှန်ထျန်းသည် ဆေးဖော်စပ်နေကြောင်း မြင်လိုက်ရသည်။ ရနံ့သင်းသင်းလေးက ထိုမီးဖိုမှ ထွက်ပေါ်နေခြင်း ဖြစ်၏။
ချီကျန့်က အံ့ဩတကြီးဖြင့် “ ခေါင်းဆောင်က ဆေးဖော်စပ်တတ်တာလား။ ဒါတွေက ဘယ်လိုဆေးလုံးမျိုးလဲ။ ဘာလို့ အနံ့လေးက ကောင်းနေရတာလဲ ”
ချီကျန့်က အံ့အားသင့်နေမိသည်။
ရှန်ထျန်းတွင် အံ့မခန်း တိုက်ခိုက်ရည်နှင့် ပင်ကိုယ်ပါရမီတို့ ပိုင်ဆိုင်ထားရက်နှင့ ဆေးလည်း ဖော်စပ်နိုင်သေးသည်လား။
ရှန်ထျန်း၏ အရည်အသွေးပြည့် လှုပ်ရှားပုံများအရ သူသည် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားကြောင်း သိသာလှသည်။
ခေါင်းဆောင်က တကယ်ကို ထူးချွန်တာပဲ … သူက အားလုံး လုပ်နိုင်တယ်
ရှန်ထျန်းအပေါ် ချီကျန့်၏ လေးစားမှုက ပိုမို နက်ရှိုင်းလာသည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်၏ အကြည့်တို့က တင်းမာလာသည်။ သူက မီးပြင်းဖိုကို အာရုံစိုက်နေဆဲ ဖြစ်ပြီး သူ့နှုတ်ခမ်းထောင့်တို့က မသိမသာ တွန့်ချိုးသွားသည်။
သူက နှုတ်ခမ်းဖွင့်ဟကာ ရေရွတ်လိုက်သည် “ဒီကလေး … ကောင်းကင်ရတနာကို မဆီမလျော်လုပ်နေတာပဲ။ သူ့လိုမျိုး လူငယ်လေးက ဆေးဖော်စပ်တာ ဘာသိမှာလဲ။ ဒါက အဖိုးတန် ရတနာကို ဖြုန်းတီးနေတာ … ငှက်ပျောသီးနဲ့ မက်မွန်သီးက အစိမ်းလိုက်စားဖို့လေ။ သူ့အတွက် မလုံလောက်သေးဘူးလား။
ဒါပေမဲ့ ဒီကလေးက ဆေးလုံးအဖြစ် ဖော်စပ်နေတယ်။ သူတို့က နဂိုအရသာ ပျောက်သွားလောက်ပြီ ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ရှန်ထျန်းသည် ထာဝရငှက်ပျောသီးဖြင့် ဆေးဖော်စပ်နေကြောင်း သတိထားမိ၍ ဒေါသထွက်လာသည်။ သူက ရှန်ထျန်းသည် ငှက်ပျောသီးများကို ဖြုန်းတီးနေသည်ဟု ယုံကြည်ထား၏။
အရသာရှိသော သစ်သီးများကို အစိမ်းတိုင်း စားသင့်ပေသည်။
သို့သော်လည်း သူ့မျက်ဝန်းများက အပြူးသား အံ့ဩနေလေသည်။
“ဘာလဲ။ ဒီကလေးက ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ထိန်းချုပ်နိုင်တာလား ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ရှန်ထျန်းသည် ရှုပ်ထွေးပွေလီ အငွေ့အသက်ကို လှုံ့ဆော်ပြီး ဆေးမီးဖိုထဲ ထည့်ပေါင်းစပ်ကာ ထိုအငွေ့အသက်ဖြင့် ဆေးပင်များအား သန့်စင်နေသည်ကို မြင်လိုက်ရသည်။
သူက မယုံကြည်နိုင်ပေ။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်သည် လွန်ခဲ့သော နှစ်တစ်သိန်းရှစ်သောင်းခန့်က အထွတ်အထိပ် အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ့ကျင့်ကြံဆင့်လည်း မြင့်မားခဲ့သောကြောင့် ရှုပ်ထွေးပွေလီ အငွေ့အသက်သည် မည်သည်ကို ဆိုလိုကြောင်း သိထားသည်။
ဤသည်မှာ နတ်ဧကရာဇ်များပင် မထိန်းချုပ်နိုင်သည့် စွမ်းအား ဖြစ်၏။
သူက အတိဒုက္ခစမ်းသပ်ချက်ကိုပင် မဖြတ်ကျော်ရသေးသည့် ဂျုနီယာတစ်ယောက်ထံ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို မြင်လိုက်ရသည်။ ပို၍ အံ့အားသင့်စရာကောင်းသည်က ဤရှုပ်ထွေးပွေလီ အငွေ့အသက်သည် အလွန်ပျော့ပျောင်းနေကာ ထိန်းချုပ်ရ လွယ်ကူနေသည်။
ဒါက ဟာသလား။ သူက ကောင်းကင်ဘုံရဲ့ တရားမဝင်သားလား
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ဘဝအကြောင်း သံသယဝင်လာမိသည်။
………..
တစ်လကြာမြင့်ပြီးနောက် …
ဝုန်း
ပဒုမ္မာကြာ နတ်ဧကရာဇ် မီးပြင်းဖိုက အပြင်းအထန် တုန်ခါလာကာ အံ့ဖွယ်အလင်းတန်းလည်း ဖြာထွက်လာသည်။ နောက်ဆုံးတွင် ဆေးဖော်စပ်မှု နောက်ဆုံးအဆင့် ဖြစ်၏။
ရှန်ထျန်းက လက်ဟန်အမျိုးမျိုး ထုတ်ဖော်ကာ ဆေးလုံးကို စတင်ဖွဲ့စည်းလိုက်သည်။ အံ့ဖွယ်အရည်များက စုစည်းသွားကာ ချောမွေ့ဝိုင်းစက်သည့် ဆေးလုံးလေးများ ဖြစ်တည်လာသည်။
ဝုန်း …
ကြောက်မက်ဖွယ် မိုးကြိုးချက်များက ကောင်းကင်အနှံ့ ပျံ့နှံ့လာကာ တိမ်မည်းများက မီးပြင်းဖိုအထက် စုဝေးလာပြီး ဖိအားပြင်းပြင်းနှင့်အတူ ဖျက်စီးစွမ်းအားတို့ ထုတ်လွှင့်နေသည်။
“ အဲဒါ နတ်ဧကရာဇ်အဆင့် အံ့ဖွယ်ဆေးလုံးတွေပဲ ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က အံ့အားသင့်သွားသည်။ သူက ရှန်ထျန်းတစ်ယောက် မည်သည့်ဆေးလုံး ဖော်စပ်နေမှန်း မသိသော်လည်း ဤအငွေ့အသက်ကို ကြည့်ခြင်းဖြင့် သူတို့က အနည်းဆုံး နတ်ဧကရာဇ်အဆင့် ဖြစ်လောက်မည်။
ဂျူနီယာလေးက နတ်ဧကရာဇ်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်သည်လား။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က အံ့ဩတုန်လှုပ်နေပြီ ဖြစ်သော်လည်း နောက်မြင်ကွင်းက သူ့အား ပို၍ အံ့ဩသွားစေသည်။
“ ဒီဆေးလုံးတွေက သာမန်နတ်ဧကရာဇ်အဆင့် ဆေးလုံးတွေနဲ့ မတူဘူး ”
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က နတ်ဧကရာဇ် ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းတစ်သိန်းရှစ်သောင်း ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ယခင်က နတ်ဧကရာဇ်အဆင့် ဆေးလုံးကို သောက်သုံးခဲ့ဖူးသည်။ သို့သော် သူက ရှုပ်ထွေးပွေလီ အငွေ့အသက်ဖြင့် သန့်စင်နိုင်သည့် နတ်ဧကရာဇ်အဆင့် ဆေးလုံးကို မမြင်ဖူးခဲ့ပေ။
ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလွန်းလှသည်။
ဝုန်း …
မိုးခြိမ်းသံက ပဲ့တင်ထွက်လာပြီး အံ့ဖွယ်အရှိန်အဝါတို့ ထွက်ပေါ်လာသည်။
ဆေးလုံးများ ပြီးဆုံးသွားသည့် အခိုက်အတန့် အဖျက်စွမ်းအားနှင့် ကောင်းကင်မိုးကြိုးချက်က အရာအားလုံးကို ဖျက်စီးပစ်ဖို့ ထုတ်လွှင့်လာလိမ့်မည်။
ချီကျန့်က ထိုအရှိန်အဝါသည် သူ့ကျောတစ်လျောက် ကြက်သီးထသွားစေသောကြောင့် တုန်တုန်ယင်ယင် ဖြစ်သွားရှာသည်။
ဤမိုးကြိုးစမ်းသပ်ချက်က ကြောက်ဖို့ကောင်းလွန်းလှသည်။ သာမန်ဝိဇ္ဇာပင် တောင့်ခံနိုင်မည် မဟုတ်ပေ။ မည်သို့သော ဆေးလုံးကများ ဒီလိုမျိုးကြောက်မက်ဖွယ် မိုးကြိုးချက်ကို လှုံ့ဆော်ခဲ့သနည်း။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ကြောင်အအ ကြည့်နေမိသည်။ သူက လက်ဝေ့လိုက်ပြီးနောက် ကမ္ဘာမြေ၏ သဘာဝအစီအရင်များ ပြောင်းလဲသွားကာ စုဝေးလာသည်။
ကုန်းမြေနှင့် အာကာြပင်တစ်လျှောက် အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ဤနေရာကို အပြည့်အဝ ကာဆီးထားလိုက်သည်။
သိပ်မကြာခင် မိုးကြိုးစမ်းသပ်ချက်က ဆေးလုံး၏ အငွေ့အသက်ကို အာရုံမခံနိုင်တော့ဘဲ ဖြည်းဖြည်းချင်း လွှင့်ပျယ်သွားကြသည်။ ဤသည်မှာ အထွတ်အထိပ်တိုက်ပွဲ ဘုံဗိမာန် ဖြစ်ပြီး အားကောင်းသည့် အစီအရင်များအပြည့် ဖြစ်နေ၏။ ပြင်ပလောကနှင့် အလွယ်တကူ ခွဲခြားထားလို့ ရလေသည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ရှန်ထျန်း မည်သို့သော ဆေးလုံးကို ဖော်စပ်ထားကြောင်း မြင်ချင်မိသည်။ ထို့ကြောင့် သူက မိုးကြိုးတိမ်တိုက်များ လွှင့်ပျယ်သွားအောင် ကူညီပေးလိုက်ခြင်း ဖြစ်၏။
……………...
မိုးကြိုးစမ်းသပ်ချက် ပျောက်ကွယ်သွားသည့်အခါ ရှန်ထျန်းက ဆေးလုံး ဖော်စပ်မှုအပေါ်သာ အာရုံစိုက်ထားလိုက်သည်။ သူက ဆေးဖော်စပ်နည်း လက်ဟန်အမျိုးမျိုးကို ထုတ်ဖော်နေပြီး မီးပြင်းဖိုထဲ အံ့ဖွယ်သင်္ကေတများ ပေါင်းထည့်ပေးနေသည်။
ထိုဆေးလုံးများက ပို၍ ကျစ်လစ်လာကာ အနံ့သင်းလာပြီး သူတို့အနားတွင် မြူခိုးများ ဝေ့ဝဲနေသည်။
ဝုန်း …
နားကွဲမတတ် အသံကျယ်ကြီးက နေရာတစ်ခုလုံးကို လှုပ်ခါသွားစေသည်။
မီးပြင်းဖို အဖုံးက လေထဲ ဖွင့်ဟလိုက်ပြီး အထဲပစ္စည်းများကို ပြသနေသည်။ တစ်ချိန်တည်းတွင် ရနံ့သင်းသင်းလေး ထွက်ပေါ်လာ၏။ ဤသည်မှာ နတ်ဘုရား ဝိညာဉ်အရည်နှင့်ပင် နှိုင်းယှဉ်လို့ ရပေသည်။ အနံ့လေးရရုံနှင့် သားရေမကျဘဲ မနေနိုင်တော့ပေ။
မီးပြင်းဖိုအတွင်းတွင် လုံးဝန်းကာ ရွှေရောင်တောက်ပနေသည့် ဆေး ၃၆ လုံး ရှိနေသည်။ သူတို့အားလုံးက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများ ဖြစ်ကြသည်။
ဆေးလုံးအရေအတွက်က ယခင်အသုတ်ထက် ပိုများလေ၏။ စုစုပေါင်း ၃၆ လုံး ရှိလေသည်။
တစ်ချိန်တည်းတွင် ဤရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးများက ယခင်တစ်ခေါက်ထက် ပို၍ စွမ်းအားကြွယ်ဝသည်။ ပထမအနေနှင့် ရှန်ထျန်း၏ ဆေးဖော်စပ်မှု အရည်အချင်းက တိုးတက်လာ၍ ဖြစ်ပြီး ဒုတိယမှာ သူက ထာဝရငှက်ပျောသီး သုံးလုံး သုံးထားသောကြောင့် ဖြစ်၏။
ကောင်းကင်ပြုပြင်ရေး ဆေးလုံးရနံ့ကို ရှုမိပြီးနောက် ချီကျန့်နှင့် အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်တို့က ချက်ချင်း မင်သက်သွားကြသည်။
အနံ့လေး ကောင်းလိုက်တာ … ထာဝရငှက်ပျောသီးထက်တောင် ပိုကောင်းသေးတယ်။ ဒါက မျောက်ဝံတွေ အကြိုက်ဆုံးပဲ
ချီကျန့် မျက်ဝန်း၌ လောဘအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး တံတွေးပင် စီးကျမတတ် ဖြစ်နေရှာသည်။ သူက ပါးစပ်ကို သုတ်လိုက်ပြီး ရှေ့တိုးလာလိုက်သည်။
“ ခေါင်းဆောင် ဒါတွေက ဘယ်လိုဆေးလုံးမျိုးလဲ။ အနံ့က ဘာလို့ ဒီလောက်ကောင်းနေရတာလဲ”
ချီကျန့်က ရှန်ထျန်းအား ပြောနေသော်လည်း သူ့အကြည့်တို့က ဆေးလုံးများအပေါ်တွင် ဖြစ်၏။
ထိုအရာများက ထာဝရငှက်ပျောသီးများထက် ပိုဆွဲမက်ဖို့ကောင်းသည်။
ရှန်ထျန်းက ပြုံးလိုက်ပြီး “ ဒါတွေက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးတွေလေ။ ငါ ထာဝရငှက်ပျောသီးတွေနဲ့ ရွှေငှက်ပျောတွေကို သုံးပြီး ဖော်စပ်ထားတာ။ ဒီဆေးလုံးက အရမ်းဆန်းကြယ်ပြီးတော့ ကောင်းကင်ဘုံ သွေဖယ်ပြီး ကံကြမ္မာပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်မျိုး ရှိတယ်။ ဒါက ပင်ကိုယ်ပါရမီနဲ့ စွမ်းအားကို တိုးမြင့်ပေးနိုင်တယ် ”
“ ဘယ်လို … ဒီလောက်တောင် ထူးဆန်းတဲ့ ဆေးလုံးမျိုး ရှိနေတာလား ”
ချီကျန့်က အံ့ဩသွားလေသည်။ သူက လူတစ်ယောက်၏ ပင်ကိုယ် ပါရမီကို မြင့်တင်ခြင်းက မည်သည်ကို ဆိုလိုကြောင်း ကောင်းကောင်းသိထားသည်။ အမှန်တကယ် ကောင်းကင်ဘုံ သွေဖယ်နေပြီး ကံကြမ္မာပြောင်းလဲခြင်း ဖြစ်၏။
ရှန်ထျန်းက ဤသို့သော ဆေးလုံးများကို ဖော်စပ်နိုင်သည့်အတွက် အံ့လောက်ဖွယ် ဖြစ်နေသည်။
ချီကျန့်က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အငွေ့အသက်ကို ခံစားမိပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် ချောမွေ့သည့် ခံစားချက်လေး စီးဆင်းလာသည်။ သူ့သွေးများက စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာလေ၏။
ဤသည်မှာ သေချာပေါက် အံ့ဖွယ်ဆေးလုံးသာ ဖြစ်၏။ မေးခွန်းထုတ်နေစရာ မလိုချေ။
ခေါင်းဆောင်က ငါ့ကို ဘယ်တော့မှ ညာမှာ မဟုတ်ဘူး
“ ခေါင်းဆောင် ငါ့ကို တစ်လုံးလောက် ပေးလို့ရမလား။ ငါ ဒီထာဝရငှက်ပျောသီးနဲ့ လဲမယ်လေ ”
ချီကျန့် အကြည့်များက ရွှေရောင်ဆေး ၃၆ လုံးကို ကြည့်နေရင်း တဖြတ်ဖြတ် တောက်ပနေလေ၏။ ထိုဆေးလုံးများတွင် ကောင်းကင်ဘုံ သွေဖယ်လောက်သည့် စွမ်းရည်မျိုး ရှိနေ၍ သာမက အဓိကအချက်မှာ သူတို့ရနံ့လေးက ကောင်းလွန်း၍ ဖြစ်သည်။
ဘယ်မျောက်ဝံမှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ရလဒ်အနေနှင့် ချီကျန့်က ထာဝရငှက်ပျောသီးနှင့်ပင် လဲလှယ်ဖို့ ပြောလာသည်။
ရှန်ထျန်းက ပြုံးလိုက်ကာ ချီကျန့်အား ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး တစ်လုံး ပေးလိုက်သည်။
“ မင်းက ငါ့မိတ်ဆွေကောင်းပဲလေ။ ဘာမှအားနာနေဖို့ မလိုဘူး။ ဒီဆေးလုံးက မင်းအတွက် ငါ့လက်ဆောင် ”
ဤရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ တန်ဖိုးသည် ပြင်ပလောကရှိ နတ်ဧကရာဇ်ဆေးပင်ထက် ပို၍ မြင့်မားပေသည်။ ပထမဦးစွာ ဤသည်မှာ နတ်ဧကရာဇ်အဆင့် ဆေးပင်ထက် ပိုအာနိသင်ကောင်းသည့် နတ်ဧကရာဇ်အဆင့် ဆေးလုံး ဖြစ်၏။ ထို့အပြင် ဤဆေးလုံးမျိုးကို ရှုပ်ထွေးပွေလီ အငွေ့အသက်ဖြင့် အသုံးပြုပြီးသာ ဖော်စပ်နိုင်သည်။ ရှန်ထျန်းမှလွဲ၍ အခြားဘယ်သူကမှ ဤဆေးလုံးကို ဖော်စပ်နိုင်မည် မဟုတ်ချေ။
နောက်ဆုံးအနေနှင့် ဤဆေးလုံးများ၏ အာနိသင်က မဟာဝိဇ္ဇာများကိုပင် အရူးအမူး လိုချင်တပ်မက်လာစေဖို့ လုံလောက်ပေသည်။
အပေါ်က ပြောခဲ့သည့် အကြောင်းအရင်းများက ဤဆေးလုံးများ၏ တန်ဖိုးသည် အတိုင်းအထက်လွန် ဖြစ်နေသည့် အကြောင်းအရင်းများ ဖြစ်၏။
သို့သော်လည်း ရှန်ထျန်းက စိတ်ထဲ မထားပေ။
ဤသည်မှာ အခြားလူများအတွက် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်ကောင်း ဖြစ်နိုင်သော်ငြား သူ့အတွက် မီးနည်းနည်း၊ အချိန်နည်းနည်းသာ ကုန်ဆုံးရသည့် ကိစ္စ ဖြစ်၏။ သူသာ အလိုရှိသရွေ့ ဆေးလုံးကို အချိန်မရွေး ဖော်စပ်နိုင်သည်။ သူ့သိုလှောင်လက်စွပ်ထဲရှိ ဝိဇ္ဇာဆေးပင်များနှင့် ထာဝရငှက်ပျောသီးများဖြင့် နောက်ထပ် ဆေးလုံးအသုတ်ရေအနည်းငယ် ဖော်စပ်နိုင်သေးသည်။
ရှန်ထျန်းက ချီကျန့်အား ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး ပေးလိုက်ရသည့် အကြောင်းအရင်းကောင်းလည်း ရှိနေသည်။
ချီကျန့်က ခရမ်းရင့် ရောင်ဝါနှင့် ကံကြမ္မာသားတော် မဟုတ်ပါလော။
ရှန်ထျန်းက သူ့ကံအပြောင်းအလဲ အခွင့်အရေးမှ အကျိုးကျေးဇူးအများကြီး ရရှိခဲ့သည်။ ထို့ကြောင့် သိုးလေးကို သေချာဂရုစိုက်ပေးရမည်။
…………....
ချီကျန့်က ရှန်ထျန်းသည် သူ့အား ဆေးတစ်လုံး ထုတ်ပေးလာသည့်အချိန် လုံးလုံးကြောင်နေမိသည်။ သူက ရှန်ထျန်းသည် ဤသို့သော ပြိုင်ဖက်ကင်း ဆေးလုံးမျိုးကို သူ့ကို လိုလိုလားလား ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချီကျန့်က လက်အသာမြှောက်ကာ ဆေးလုံးကို လက်ခံလိုက်တော့မည့်အချိန် ရုတ်ချည်းဆိုသလို မထိန်းချုပ်နိုင်လောက်အောင်အထိ တုန်ယင်လာလေသည်။
သူ့နှုတ်ခမ်းများက တဆတ်ဆတ် တုန်ခါလာကာ သူက ရှန်ထျန်းအား ငြင်းဆန်ချင်သော်လည်း စကားများက ထွက်မလာပေ။
သူ့ပုံမှန်ပုံစံအရ ချီကျန့်သည် ဤဆေးလုံးကို လက်ခံမည် မဟုတ်ပေ။ ရှန်ထျန်းက သူ့အား သိပ်မကြာသေးခင်က နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်တစ်ခု ပေးထားခဲ့သည် မဟုတ်ပါလော။ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံများသည် မာနကြီးပြီး သမာသမတ်ရှိသည်။ သူက ဘာမှမလုပ်ဘဲ ရတနာလက်ခံဖို့ရာ မသက်မသာ ခံစားနေရသည်။
သူက ရှန်ထျန်းအပေါ် အခွင့်ကောင်းမယူချင်ပေ။ ထို့ကြောင့် ချီကျန့်က ငြင်းပယ်သင့်ပေသည်။ သို့သော်လည်း သူက စကားများ ထွက်မလာတော့ပေ။
ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ကြည့်ကာ ချီကျန့်က ခံစားချက်အစုံ ဖြစ်နေလေ၏.
ငါ ငြင်းချင်တယ် … ဒါပေမဲ့ ခေါင်းဆောင်က ပစ္စည်းကောင်းလေး ပေးနေတာလေ။ ရနံ့လေးက သင်းနေတာပဲ
ငါ မငြင်းနိုင်ဘူး
.......................
အဆုံးသတ်၌ ချီကျန့်က ဆုံးဖြတ်ချက်ချလိုက်သည်။ သူက တုန်တုန်ယင်ယင် လက်များဖြင့် ဆေးလုံးကို လက်ခံလိုက်သည်။ သူ့အကြည့်တို့၌ ကျေးဇူးတင်မှုအပြည့် ဖြစ်နေသည်။
“ခေါင်းဆောင် ကျေးဇူးပါ။ ငါ ဒီအခွင့်အရေးကို လုံးဝ မမေ့ပါဘူး။ ငါ့ကို နောက်လိုလာတဲ့အခါကျ ဓားတောင်ကို ဖြတ်ပြီး မီးပင်လယ်ကို ဖြတ်ရရင်တောင် ရောက်အောင် အပြေးလာခဲ့မယ် ”
ချီကျန့်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူက ရှန်ထျန်း၏ အပြုအမူများကြောင့် မျက်ရည်ဝဲလုမတတ် ဖြစ်သွားရှာသည်။ ဤကောင်းကင်ပြုပြင်ရေး ဆေးလုံးက နတ်ဧကရာဇ်အဆင့် လက်နက်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ဤဆေးလုံးဖြင့် နတ်ဧကရာဇ်အဆင့် လက်နက်ကိုပင် လဲလှယ်နိုင်လိမ့်မည်။ ဤအရာက လူတစ်ယောက်၏ စွမ်းဆောင်ရည်ကို တိုးမြင့်ပေးနိုင်သည် မဟုတ်ပါလော။
သို့သော်လည်း ရှန်ထျန်းက သူ့အား အလကားပေးနေသည်။ မည်သူကမှ ဤမျှရက်ရောကြမည် မဟုတ်ပေ။
ရှန်ထျန်းက ပြုံးကာ ခေါင်းတယမ်းယမ်းဖြင့် “ မင်းက အားနာလွန်းနေပြီ။ မြန်မြန် သောက်လိုက်တော့ … မင်းရဲ့ နတ်ဧကရာဇ်ဘိုးဘေးက ဒီမှာဆိုတော့ မင်းအတွက် ကာကွယ်ရေး အစီအရင် ခင်းကျင်းပေးဖို့ ကူညီပေးနိုင်တယ် ”
ချီကျန့်က ခေါင်းညိတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ချကာ ဆေးလုံးကို သောက်လိုက်သည်။
ဂလု …
ဆေးလုံးက သူ့အစာအိမ်ထဲ ရောက်သွားပြီးနောက် ချိုမြိန်မြိန် နွေးထွေးသည့် ခံစားချက်လေး ဖြတ်စီးဆင်းသွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။
ချီကျန့်က အရှိန်အဝါ ထွက်ပေါ်လာကာ ရွှေရောင်အလင်းများလည်း လင်းလက်လာသည်။
ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ အရသာကို အပြည့်အဝ ခံစားနေသောကြောင့် သူ့မျက်နှာအထက်ရှိ ကြည်နူးနေသည့် အမူအယာ ပေါ်ထွက်လာသည်။
ဆေးလုံးက နွေးထွေးသည့် စီးကြောင်းလေးအဖြစ် ပြောင်းလဲသွားပြီး သူ့နံရိုးများ၊ အရိုးများနှင့် အတွင်းအင်္ဂါများဆီ ပျံ့နှံ့သွားသည်။ သူ့တစ်ကိုယ်လုံးက ရွှေရောင်အလင်းများဖြင့် တောက်ပနေ၏။
မျက်စိတစ်မှိတ်အတွင်း ချီကျန့်၏ ကျင့်ကြံဆင့်က အပြင်းအထန် မြင့်တက်လာသည်။
ဤသည်က အကုန် မဟုတ်သေးပေ။ သူ့ရွှေရောင်အမွေးများက ချောမွေ့လာကာ တောက်ပြောင်လာသည်။ သူ့ခန္ဓာကိုယ်က ပိုမို ကျစ်လစ်သွားပြီး ထွားကျိုင်းလာသည်။
အားကောင်းသည့် တိုက်ပွဲအငွေ့အသက်က ဆူနာမီသဖွယ် ထွက်ပေါ်လာလေ၏။ သူ့လက်ရှိအနေအထားဖြင့် ချီကျန့်သည် သူ့အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံသွေးမျိုးရိုး၏ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေသည်။ သူက စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ကမ္ဘာကြီးနှင့် ယှဉ်တိုက်ချင်သည့်အလား တိုက်ပွဲအငွေ့အသက်များဖြင့် ပြည့်နှက်နေလေ၏။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။ သူက ချီကျန့်၏ တိုက်ပွဲသွေးသည် ပို၍ သန့်စင်လာကြောင်း ခံစားမိလိုက်သည်။ ပြောရလျှင် ရှေးဟောင်းသွေးအဆီအနှစ် နှိုးထလာမည့် အရိပ်အယောင်တချို့ပါ မြင်နေရသည်။
အထွတ်အထိပ်တိုက်ပွဲ နတ်ဧကရာဇ်က တုန်လှုပ်မိသွားပြီး သူ့အကြည့်များက လင်းလက်တောက်ပလာသည်။
ဤသို့သော ဆေးလုံးမျိုးက အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံသွေးမျိုးရိုးကို မြင့်တင်ပေးနိုင်လိမ့်မည်။
ဒီဆေးလုံးတွေနဲ့ဆိုရင် နောက်ထပ် အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံတွေ ထပ်ဖန်တီးနိုင်ပြီ မဟုတ်ဘူးလား။
..............
ပြောရလျှင် ရွှေမျက်လုံး မီးတောက်မျောက်ဝံမျိုးနွယ်သည် အလွန်အားကောင်းသည့် ပင်ကိုယ်စွမ်းရည်ကိ ပိုင်ဆိုင်ထားကြသည်။ သူတို့က အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံ သွေးမျိုးဆက်ကို နှိုးထဖို့ တစ်လှမ်းမျှသာ လိုအပ်သည်။
မြောက်များစွာသော မျောက်ဝံပါရမီရင်များက ထိုခြေလှမ်းဝက်ကို မကျော်လွှားနိုင်ခဲ့ကြပေ။
သို့သော် အံ့ဩစရာကောင်းသည်က ဤဆေးလုံးက တစ်ယောက်၏ သွေးမျိုးရိုးကို မြင့်တင်ပေးနိုင်သည်။
အကယ်၍ အားကောင်းသည့် ရွှေမျက်လုံးမီးတောက် မျောက်ဝံများသာ ဒီဆေးလုံးကို ရရှိသွားခဲ့လျှင် သူတို့တွေ မိနစ်ပိုင်းလေးနဲ့ အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံတွေကို ဖန်တီးနိုင်ပြီ မဟုတ်ပါလော။
ငါ့အထွတ်အထိပ်တိုက်ပွဲ မျောက်ဝံမျိုးနွယ် ပြန်လည်ရှင်သန်ရမဲ့ အချိန် ရောက်လာပြီလား …