← Chapters

ဘယ်သူငါ့တာအိုနှလုံးသားကို ဖျက်ဆီးချင်လဲ

Vol. 13 Ch. 139

ဘယ်သူငါ့တာအိုနှလုံးသားကို ဖျက်ဆီးချင်လဲ

Vol. 13 Ch. 139

ကျန်းယန် ပိယွင်တောင်ထွတ်မှ ၀င်္ကပါပညာသင်ပြီးအပြန်လမ်းတွင် စစ်ထူမင်ယွဲ့နှင့်တွေ့ခဲ့၏။

“စီနီယာအစ်ကိုကြီး ညီမလေးဝိညာဉ်အခြေတည်အဆင့်ကို ရောက်ပြီ” စစ်ထူမင်ယဲ့ချက်ချင်းသူမကျင့်ကြံခြင်းအဆင့်ကိုထုတ်ပြလိုက်ကာ ဆက်ပြောလိုက်သည်။

“ညီမလေးလည်း အစ်ကိုကြီးကိုကူညီဖို့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိုလိုက်ချင်တယ်”

“ငါ့ကို ကူညီဖို့လား” ကျန်းယန် အံ့အားသင့်သွားကာ စစ်ထူမင်ယွဲ့ကို စစ်ဆေးဟန်ဖြင့်တစ်ချက်ကြည့်လိုက်ပြီး

“နင်ကငါ့ကိုဘာကူညီနိုင်မှာလဲ နင်ကဘယ်လိုကူညီနိုင်မယ်ထင်လို့လဲ အခုမှ ဝိညာဉ်အခြေတည်အဆင့်ရောက်ခါစကလေးကများ နင်ကငါ့အတွက်၀န်ထုပ်၀န်ပိုးပဲဖြစ်လိမ့်မယ်

စိတ်ဝိညာဉ်လက်နက်တွေမပါရင် နင်က တိုက်ခုိက်‌ေရးစွမ်းအားမရှ်ိတဲ့ သာမန်ဝိညာဉ်အခြေတည်အဆင့်ပဲ ဖြစ်နေမှာ အခြားဝိညာဉ်အခြေတည်အဆင့်တွေ နင့်ကိုရိုက်တဲ့အခါ ငါကနင့်ကိုကယ်ဖို့ အလုပ်ရှူပ်ရလိမ့်မယ်

နင့်အတွေးကကောင်းပေမယ့် အလေးအနက်ကြီးတော့မတွေးပါနဲ့

နင့်လိုလူတွေကကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်နဲ့ မသင့်တော်ဘူး”

စစ်ထူမင်ယွဲ့ဒေါသကြောင့် မျက်နှာပင်နီလာခဲ့သည်။

ငါကနင့်ကိုကူညီဖို့ပြောနေတာကို ငါ့ကိုလာလှောင်နေတာလား!

သို့သော်လည်း ထိုဒေါသကိုအခုထုတ်ပြလိုက်ပါက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိုလိုက်ဖို့ ပိုခက်ခဲသွားမှာကို သူသိ၏။

သူမဒေါသကိုဖိနှိပ်ထားလိုက်ပြီး အားတင်း၍ ပြုံးပြလိုက်ကာ

“တကယ်တော့…စီနီယာအစ်ကိုကြီး ညီမလေးလိုက်ချင်တာက ဟိုမှာအခွင့်အလမ်းတွေရှာချင်လို့ပါ အစ်ကိုကြီးပြောသလိုပဲ ညီမလေးတို့က အဇူရာတိမ်ဂိုဏ်းရဲ့အနာဂတ်တွေပဲလေ ညီမလေးပိုပြီးသန်မာလာရင် ဂိုဏ်းအတွက်လည်း ပိုကောင်းတာပဲမဟုတ်လား”

“ဒါဆိုရင်တော့ နင်သွားဖို့မလိုတော့ဘူး ငါပြန်လာရင် ကောင်းကင်ရတနာတွေယူလာခဲ့မယ်” ကျန်းယန် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းငြင်းလိုက်ပြန်သည်။

သူသည် ကျားတစ်ကောင်ရိုင်ဖယ်တစ်လက်နှင့် တိုက်ပွဲကွင်းပြင်တွင် လွတ်လွတ်လပ်လပ်လှုပ်ရှားလိုသူဖြစ်၏။

မိန်းမတစ်ယာက် အထူးသဖြင့် အားနည်းသောမိန်းမတစ်ယောက်ပါလာလျှင် သူ့အတွက် ၀န်ထုပ်၀န်ပိုး ဖြစ်နေရပေလိမ့်မည်။

စစ်ထူမင်ယွဲ့ ဒေါသကိုမထိန်းနိုင်တော့ပေ။ သူမဒေါသတကြီး ပြန်ပြောလိုက်လေသည်။

“ညီမလေးသွားမှာ ဘာပဲဖြစ်ဖြစ် ညီမလေးကျင့်ကြံခြင်းက အစ်ကိုကြီးထက်မြင့်တာပဲ အစ်ကိုကြီးသွားရင် ည‌ီမလေးကဘာလို့မသွားနိုင်ရမှာလဲ”

“နင်ကအားနည်းတဲ့ ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်ပါပဲ ငါနဲ့ဘယ်လိုလုပ်နှိုင်းလို့ရမှာလဲ ငါနင့်လို ဝိညာဉ်အခြေတည်အဆင့်တွေအများကြီးကိုတောင် သတ်ဖူးတယ်”

“ညီမလေးကျင့်ကြံခြင်းက အစ်ကိုကြီးထက်ပိုမြင့်တယ်!”

“ကောင်းပြီ ငါတို့ပြိုင်ပွဲလေးတစ်ခုလုပ်လိုက်ကြရင်ရော”

“မပြိုင်ချင်ဘူး ညီမလေးက ဝိညာဉ်အခြေတည်အဆင့်ပဲ”

“ငါနင့်ကိုရိုက်နိုင်တယ်ဆိုတာ ယုံလား”

“ဟုတ်လား ညီမလေးကျင့်ကြံခြင်းကအစ်ကိုကြီးထက်မြင့်တယ်လေ”

ကျန်းယန် စစ်ထူမင်ယွဲ့၏ခေါင်းမာနေသော အမူအရာကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူလှည့်ထွက်သွားခဲ့ကာ ဒေါသတကြီးခပ်တိုးတိုးရေရွတ်နေခဲ့သည်။

“ငါ့ရွှေအမြုတေကလည်း အခုထိမချိုးဖြတ်နိုင်သေးဘူး အခုတော့ ဒီဝိညာဉ်အခြေတည်အဆင့်လေး လာလှောင်တာတောင် ခံနေရပြီ”

စစ်ထူမင်ယွဲ့လည်း အတော်လေးစိတ်ညစ်နေခဲ့၏။ သူမလည်း အခုလောက်ခေါင်းမာသည့်လူမျိုးနှင့် တစ်ခါမှမဆုံဖူးပေ။ သူတောင်သွားလို့ရလျှင် သူ့ထက်ကျင့်ကြံခြင်းမြင့်သောသူမက ဘာလို့သွားမရရပါမည်နည်း။

ထိုစဉ် ပိလင်းကျိ သူမအိမ်ထဲမှထွက်လာခဲ့ပြီး လူငယ်လေးနှစ်ယောက်ကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။

သူမစစ်ထူမင်ယွဲ့ကို လက်ယမ်းပြလိုက်ပြောလိုက်၏

“အထဲ၀င်ခဲ့ဦး”

စစ်ထူမင်ယွဲ့ တခဏတွန့်ဆုတ်နေပြီးနောက် ပိလင်းကျိနောက်သို့ လိုက်သွားခဲ့လေသည်။

ပိလင်းကျိ၏ရိုးရှင်းလှသောအခန်းကိုမြင်သောအခါ စစ်ထူမင်ယွဲ့အတော်လေးလေးစားအားကျသွားခဲ့ရ၏။ ဆရာဒေါ်လေးသည် တကယ်ကြီးမြတ်သောလူတစ်ယောက်ဖြစ်ကာ သူမသည် အလှအပရေးရာကို လုံး၀စိတ်မ၀င်စားဘဲ တာအိုကိုသာတစိုက်မတ်မတ်ကျင့်ကြံသူဖြစ်ပေသည်။

ပိလင်းကျိစစ်ထူမင်ယွဲ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ

“ငါလည်း မိန်းမတစ်ယောက်ပါပဲ အရင်ကတော့ အလှအပကြိုက်ခဲ့တယ် ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းထဲ၀င်ပြီးနောက်ပိုင်း အဲ့တာတွေမလုပ်ဖြစ်တော့ဘူး ကျင့်ကြံခြင်းကိုပဲအာရုံစိုက်နေခဲ့ရတယ် အရင်ကတော့ စီနီယာအစ်ကိုကြီးက ငါတို့ကို အခန်းထဲအလှဆင်ဖို့ စိတ်ဝိညာဉ်လက်နက်အချို့ပေးထားသေးတယ် ဒါပေမယ့် ဟိုကောင်စုတ်လေးကျန်းယန်လာပြီးကတည်းက ဘာမှကိုမကျန်တော့ဘူး”

“အာ” စစ်ထူမင်ယွဲ့ ပိလင်းကျိကိုစိုက်ကြည့်နေခဲ့မိသည်။

ပိလင်းကျိ အားရပါးရရယ်မောလိုက်ကာ

“အဲ့ဒီကောင်စုတ်လေးကျန်းယန်ကခေါင်းမာရုံပါ စိတ်နှလုံးကတော့ ကောင်းရှာပါတယ် …မင်းသူငယ်ငယ်တုန်းက ပုံစံကိုမြင်ဖူးသင့်တယ် …ငါ့နောက်အမြဲလိုက်ကပ်ပြီး ငါ့ကိုနတ်သမီးလေးလို့တစ်ချိန်လုံးခေါ်နေတာ ငါကသူငယ်ငယ်လေးကတည်းက အခုထိ ကြီးပြင်းလာတာကို တွေ့ခဲ့ရသူမို့ သူ့အကြောင်းကောင်းကောင်းသိတယ်”

တခဏရယ်မောပြီးနောက် ပိလင်းကျိ စစ်ထူမင်ယွဲ့ဘက်လှည့်လိုက်ကာ ပြောလိုက်သည်။

“နင်နဲ့ငါတို့ကကွဲပြားတယ် ငါတို့အဇူရာတိမ်ဂိုဏ်းထဲရောက်ခဲ့တဲ့အချိန်က ဂိုဏ်းရဲ့အဆိုးဝါးဆုံးအချိန်ပဲ အဲ့တာကြောင့် ငါတို့မှာအခြားကိစ္စတွေအတွက်တွေးစရာအချိန်မရှိခဲ့ဘူး

ကျန်းယန် ပြုပြင်ပြောင်းလဲရေးလုပ်ပြီးနောက်မှ ဂိုဏ်းကနည်းနည်းလေး အသက်ရှူချောင်လာခဲ့တာ

ဒါပေါ့ ဒါတောင်အခြားပြဿနာတွေကတော့ ရှ်ိနေတုန်းပဲ

ဒီလိုအချိန်မှာ ငါတို့အတွက် အခြားဘယ်ဇိမ်ခံစရာကိစ္စကိုမှ တွေးမနေနိုင်ခဲ့ဘူး”

ပိလင်းကျိ ဘာလို့သူမကိုယခုလိုအကြောင်းတွေပြောပြနေသလဲမသိသောကြောင့် စစ်ထူမင်ယွဲ့ ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။

ပိလင်းကျိ ရုတ်တရက်အ‌ေကြာင်းအရာပြောင်းလိုက်ကာ မေးလိုက်၏။

“နင်လည်း နင့်စီနီယာအစ်ကိုကြီးကို ကြိုက်တယ်မဟုတ်လား”

“အာ” စစ်ထူမင်ယွဲ့ ပိလင်းကျိကို စိုက်ကြည့်နေခဲ့သည်။

သူမနှလုံးသားတင်းကြပ်သွားခဲ့သလို စိတ်လည်း၀င်စားသွားခဲ့၏။

နင်လည်း ဟူသာစကားလုံးက ဘာကိုဆိုလိုနေပါသနည်း။

ပိလင်းကျိ တရားထိုင်ဖျာပေါ်တွင်ထိုင်လိုက်ကာ စစ်ထူမင်ယွဲ့ကိုလည်း ထိုင်ဖို့အချက်ပြလိုက်သည်။ ထို့နောက် သူဆက်ပြောလိုက်၏။

“ရိုးရိုးသားသားပြောရရင် ဖုံးကွယ်ထားစရာလည်းမရှိပါဘူး ငါလည်းနင့်လိုပဲ စီနီယာအစ်ကိုကြီးကိုကြိုက်ခဲ့ဖူးတယ်

အဲ့ဒီအချိန်တုန်းက သူ့ကျင့်ကြံခြင်းကမြင့်တယ် ရုပ်ကလည်းအရမ်းချောတယ် လွှမ်းလည်းလွှမ်းမိုးနိုင်တော့ င့ါလိုမိန်းမငယ်လေးက ဘယ်တောင့်ခံနိုင်တော့မှာလဲ”

စစ်ထူမင်ယွဲ့ စိတ်၀င်တစားမေးလိုက်လေသည်။

“ဆရာဒေါ်လေး ၄ ဒါဆို ဆရာနဲ့ဆရာဒေါ်လေးက….”

“သူကအခု အိုနေပါပြီ” ပိလင်းကျိ စိတ်တိုဟန်ဖြင့် ပြောလိုက်၏။

“အခုအချိန်ထိ သူငါ့အပေါ်စိတ်၀င်စားတဲ့အရိပ်အယောင်တစ်ခါမှ မပြခဲ့ဖူးဘူး

အဲ့ဒီအဖိုးကြီးက ငါတို့အားလုံးကို သူ့ကလေးတွေလိုပဲဆက်ခံနေခဲ့တာ အဲ့တာက စိတ်တိုစရာကြီး

ဒါပေါ့ ငါသူ့ကိုလည်းနားလည်နိုင်ပါတယ်

သူကသူ့တစ်ဘ၀လုံးကို အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကိုစောင့်ကြပ်တဲ့နေရာမှာ မြှုပ်နှံထားခဲ့ရတာ ပြီးတော့ မိစ္ဆာတွေကို နေ့ရောညပါတိုက်ခိုက်နေရတဲ့သူ သူ့ဘ၀အတွက် ဘာမျှော်လင့်ချက်အလင်းရောင်ကိုမှ သူမြင်ခဲ့ဖူးတာမဟုတ်ဘူး…သူ့ဘ၀က ကြမ်းတမ်းလွန်းပါတယ်လေ”

“ဒါဆို ဆရာဒေါ်လေးတို့နှစ်ယောက်ကြားထဲ ဘာရလဒ်မှထွက်မလာခဲ့ဘူးပေါ့” စစ်ထူမင်ယွဲ့ မေးလိုက်၏။

ပိလင်းကျိ ညင်သာစွာပြုံးလိုက်ကာ

“ရလဒ်တစ်ခုထွက်ဖို့ လိုလို့လား အခုလိုအခြေအနေကပဲ အဆင်ပြေပါတယ်လေ ဆရာဒေါ်လေးနင့်ကိုဒါတွေပြောပြနေတယ်ဆိုတာက နင်လုပ်သင့်တာကို စောစောလုပ်ဖို့ပဲ မဟုတ်လို့ နောက်ကျသွားရင် နင်နောင်တရရလိမ့်မယ်

ငါတို့ကျန်းယန်ကိုဆယ်နှစ်လုံးလုံးစောင့်ကြည့်လာခဲ့တာ အဲ့ဒီကလေးရဲ့ ကျင့်ကြံခြင်းအပေါ်စွဲလန်းပုံက ထူးဆန်းတယ်

အချစ်ရေးအချစ်ရာ ကိစ္စတွေကို လုံး၀စိတ်၀င်စားပုံမရဘူး

တကယ်လို့နင်သာသူ့နင့်ကိုစိတ်ဝင်စားလာအောင်လုပ်နိုင်ခဲ့မယ်ဆိုရင် အဲ့တာက ဆရာဒေါ်လေးတို့အားလုံးမြင်ချင်တဲ့ အရာပါပဲ”

စစ်ထူမင်ယွဲ့ စိတ်ဒုက္ခရောက်နေဟန်ဖြင့် ပြန်ပြောလိုက်၏။

“ဆရာဒေါ်လေး ကျွန်မက သူ့ကိုကူညီချင်ရုံပါ အဲ့တာကိုသူက ကျွန်မကို လှောင်ပြောင်လွှတ်လိုက်တယ်လေ ကျွန်မကို ၀န်ထုပ်၀တ်ပိုးဖြစ်တယ်ဆိုပြီး ငြင်းလွှတ်လိုက်တာ”

ပိလင်းကျိ ခပ်ဟဟရယ်မောလိုက်လေသည်။

“သူ့ခွန်အားက သာမန်ဝိညာဉ်အခြေတည်အဆင့်တွေထက် အများကြီးမြင့်တယ် ပြီးတော့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကလည်း အရမ်းအန္တရာယ်များတဲ့အရာလေ သူငြင်းလိုက်တာက နင့်ကိုစိတ်ပူလို့ရောမဖြစ်နိုင်ဘူးလား”

စစ်ထူမင်ယွဲ့ မျက်လုံးများ ချက်ချင်းတောက်ပသွားခဲ့၏

“ဆရာဒေါ်လေး အစ်ကိုကြီး ကျွန်မကိုခေါ်သွားဖို့သဘောတူအောင် ဘယ်လိုလုပ်ရမလဲ”

“ဒါက…” ပိလင်းကျိတွန့်ဆုတ်သွားကာ ဘယ်လိုဖြေရမယ်မသိ ဖြစ်သွားခဲ့သည်။

သူမကျန်းယန်ကိုနှစ်ပေါင်းများစွာ ကြည့်ရှုခဲ့သော်လည်း ကျန်းယန်အပြုအမူများက ထူးဆန်းလွန်းသောကြောင့် သူ့ကိုအပြည့်အ၀နားမလည်နိုင်ခဲ့ပေ။ ထိုအခြေအနေတွင် သူ့ကိုဖြောင်းဖျဖို့ နည်းလမ်းကိုမည်သို့ စဉ်းစားတတ်ပါမည်နည်း။

တခဏတွေးတောပြီးနောက် သူပြောလိုက်၏။

“နင်က ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာသူ့ကိုတကယ်ကူညီနိုင်တယ်ဆိုတာကို သူသိဖို့လိုတယ် အဲ့တာမှပဲ သူသဘောတူလိမ့်မယ်”

စစ်ထူမင်ယွဲ့ စိတ်ဓာတ်ကျသွားခဲ့ကာ ခေါင်းကိုငုံ့ထားလိုက်ပြီး

“ဒါပေမယ့် ကျွန်မကတကယ်အားနည်း….”

ပိလင်းကျိ ပြောလိုက်သည်။

“နင်က သိမ်မွေ့ယင်တာအိုမျိုးစေ့ကိုပိုင်ဆိုင်ထားတဲ့ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်လေ နင့်ခွန်အားလမ်းစဉ်ပေါ်မှာသာ သေချာအာရုံစိုက်ထားရင် သန်မာလာနိုင်တာပေါ့ ငါနင့်ကိုဒါတွေပြောပြနေတယ်ဆိုတာ အရင်ကငါ့ကိုယ်ငါပြန်သတိရမိလို့ပဲ အခုနင့်အစ်ကိုကြီးကို အမြန် သွားရှုပ်ပေတော့ ငါကျင့်ကြံတော့မယ်”

“ကျေးဇူးတင်ပါတယ် စီနီယာဒေါ်လေး” စစ်ထူမင်ယွဲ့ ကျေးဇူးတင်စကားပြောကာ ပိယွင်တောင်ထွတ်မှထွက်ခွာလာခဲ့ပြီး ပိလင်းကျိအကြံအတိုင်းလုပ်ဖို့ ကျန်းယန်ကို သွားရှာခဲ့၏

ကျန်းယန် သူမကို‌တွေ့သောအခါ မျက်ခုံးများတွန့်ကွေး၍ အေးစက်စက်ကြည့်လိုက်သည်။

စစ်ထူမင်ယွဲ့ သူ့အပြုအမူကိုလျစ်လျူရှုထားလိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ညီမလေးက သိမ်မွေ့ယင်တာအိုမျိုးစေ့ကို ပိုင်ဆိုင်ထားတာလေ အခု သိမ်မွေ့ယင်ပညာရပ်ကို ကျင့်ကြံတော့ ညီမလေးက ကောင်းကင်နဲ့မြေပြင်ရဲ့ အထွတ်အထိပ်အေးခဲခြင်းစွမ်းအားကို အသုံးပြုနိုင်တယ် အဲ့ဒီစွမ်းအားက အရမ်းရှားတာနော် အဲ့တာက အစ်ကိုကြီးကို တိုက်ပွဲကွင်းပြင်ထဲကအချို့နေရာတွေမှာ ကူညီရင်ကူညီနိုင်မှာပေါ့

နောက်ပြီး ညီမလေးတာအိုမျိုးစေ့အတွက် လိုအပ်တဲ့အထူးအရင်းအမြစ်တွေက အဲ့ဒီနေရာမှာပဲရှိနိုင်မှာမလို့ ကျေးဇူးပြုပြီး ညီမလေးကိုခေါ်သွားပေးပါနော်”

ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။ စစ်ထူမင်ယွဲ့စကားများက မှန်တာကိုတော့ သူလက်ခံရပေလိမ့်မည်။

သူမတိုက်ခိုက်ရေးစွမ်းအားကအားနည်းသော်လည်း သူမတာအိုမျိုးးစေ့ကတော့ ရှားပါးသောအရာတစ်ခုဖြစ်သောကြောင့် အချို့အခြေအနေများတွင် အသုံး၀င်ကောင်း ၀င်လာနိုင်ပေသည်။

နောက်ပြီး ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှ အရင်းအမြစ်များဖြင့် သူမခွန်အားကိုမြှင့်လိုက်လျှင် သူမအတွက်လုံခြုံရေးကိုလည်း သိပ်စိတ်ပူစရာမလိုလောက်တော့ပေ။

ထိုသို့တွေးပြီးနောက် သူနောက်ဆုံးတွင် ခပ်အေးအေးပြောလိုက်၏။

“ကောင်းပြီလေ ဒါပေမယ့် ငါရှင်းအောင်တော့ပြောထားမယ်နော်…တစ်ခုခုဖြစ်သွားရင် ငါ့ကိုအပြစ်မတင်နဲ့ အရိုးသားဆုံးပြောရရင် အဲ့ဒီနေရာမှာ ငါ့လုံခြုံရေးငါတောင်အာမခံနိုင်တာမဟုတ်ဘူး ငါအသက်ရှင်ဖို့ ရုန်းကန်ရမှာ”

“ပြဿနာမရှိဘူး” စစ်ထူမင်ယွဲ့ချက်ချင်းသဘောတူလိုက်လေသည်။

“ကောင်းပြီလေ သွားကျင့်ကြံတော့ သိမ်မွေ့ယင်တာအိုမျိုးစေ့နဲ့ဆက်စပ်နေတဲ့ သိုင်းတွေကိုပိုလေ့လာထား” ကျန်းယန် ညွှန်ကြားလိုက်၏။

သူမထွက်သွားသောအခါမှ ကျန်းယန် ခါးသက်သက်ပြုံးလိုက်မိသည်။

“မိန်းမတွေက တကယ်ပြဿနာပါပဲလား….သူကငါ့တာအိုနှလုံးသားကိုဖျက်ဆီးဖို့ ဆုံးဖြတ်ထားတာပဲ”

All Chapters