← Chapters

ဒါက အကျိုးအကြောင်းသင့်တယ်မဟုတ်လား

Vol. 13 Ch. 141

ဒါက အကျိုးအကြောင်းသင့်တယ်မဟုတ်လား

Vol. 13 Ch. 141

ဂိုဏ်းပေါင်းများစွာကလူများ မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။

အဇူရာတိမ်ဂိုဏ်း၏ဆက်ဆံသူက အခုလိုပုံစံမျိုးဖြင့် ၀င်လာလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့မိကြပေ။

ကျားတစ်ကောင်ကိုစီးနင်းကာ ထူးဆန်းသောအချောင်းတစ်ချောင်းကို ကျောတွင်လွယ်ထားရင်း မိန်းမလှလေးတစ်ယောက်ကို ခေါ်လာခြင်း….

“ဘယ်သူကမင်းကိုကြိုဆိုနေလို့လဲ” ကောင်းကင်ရွေးချယ်ခံတစ်ယောက်အေးစက်စက်ပြောလိုက်၏။

“ငါတို့အဇူရာတိမ်ဂိုဏ်းကိုစောင့်နေတာကြာပြီ မင်းကဒီလောက်နောက်ကျအောင်ရောက်လာပြီးမှ ဒါမျိုးပြောရဲသေးတယ်လား”

“ရွှေအမြူတေအဆင့်လေးတစ်ယောက်က ဒါမျိုးပြောရဲရအောင် မင်းကိုယ်မင်းဘာထင်နေတာလဲ”

“သူ့ကန်သတ်ချက်သူမသိဘဲ မောက်မာတဲ့လူမျိုးကို တိုက်ပွဲကွင်းပြင်ထဲရောက်တာနဲ့ ချက်ချင်းသတ်ပစ်သင့်တယ်”

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲ၀င်တဲ့လူတိုင်းကဝိညာဉ်အခြေတည်အဆင့် အထွတ်အထိပ်းမဟုတ်ရင် အလယ်အဆင့်တွေချည်းပဲ ရွှေအမြုတေအဆင့်လေးတစ်ယောက်က ဘယ်လိုရင်ဆိုင်မှာလဲ”

လူပေါင်းများစွာ၏ ဝိုင်း၀န်းအထင်အမြင်သေးခြင်းကိုခံနေရသော်လည်း ကျန်းယန် ဒေါသမထွက်ခဲ့ပေ။ သူပြုံးကာ ပြောလိုက်၏

“ငါမင်းတို့ခံစားချက်တွေကို နားလည်ပါတယ် ပုံမှန်ဆို မင်းတို့အားလုံးက မင်းတို့ဂိုဏ်းထဲမှာ လေးစားအားကျခံရတဲ့လူတွေကိုး အခုလို ငါက၀င်လာတာနဲ့ မင်းတို့တောက်ပမှုကိုခိုးယူလိုက်သလို ဖြစ်သွားတော့ မင်းတို့မနာလိုဖြစ်ကြမှာပဲလေ ဒါကသာမန်ပါပဲ

ဒါပေမယ့် မနာလိုမှုဆိုတာ ဘာမှအသုံးမ၀င်တဲ့အရာပဲ နောက်ဆုံးမှာ ခွန်အားကသာအရာအားလုံးကို ဆုံးဖြတ်ပေးမှာ”

ကောင်းကင်ရွေးချယ်ခံတစ်ယောက်ရှေ့ထွက်လာကာ ကျန်းယန်ကိုလက်ညှိုးငေါက်ငေါက်ထိုး၍ အော်ပြောလိုက်လေသည်။

“မင်းမှာဘယ်လိုခွန်အားမျိုးရှိလို့လဲ သတ္တိရှိရင် ရှေ့ထွက်လာပြီး ငါနဲ့လာတိုက်”

သူထုတ်ပြထားသော ပုံစံအရ ထိုသူသည် သန်မာတာ ထင်ရှားလှ၏။

ကျန်းယန် ခေါင်းယမ်းလိုက်ကာ

“ငါတို့ကတိုက်ပွဲကွင်းပြင်ထဲတောင်မရောက်သေးဘူး မင်းကိုအခုတိုက်ခိုက်တာက ငါ့အတွက်ဘာအကျိုးမှမရှိဘူး ပျင်းစရာကြီး မင်းနာမည်ကိုသာ ပြောထားလိုက် အထဲရောက်တာနဲ့ ငါမင်းကို ကျိန်းသေပေါက် လာနှုတ်ဆက်မယ်”

ကောင်းကင်ရွေးချယ်ခံ၏အမူအရာမည်းမှောင်သွားခဲ့ကာ

“ဒီနာမည်ကို သေချာမှတ်ထား ငါကယွင်ရှောင်နန်းတော်က ကျန်းဝူ ပဲ ငါမင်းအသက်ကိုသေချာပေါက်နှုတ်ယူပစ်မယ်”

သူသည် သူ့မျက်လုံးထဲက သတ်ဖြတ်လိုစိတ်များကိုလုံ၀ဖုံးကွယ်မထားဘဲ သူ့ပုံစံက အထဲရောက်သည်နှင့် အဇူရာတိမ်ဂိုဏ်းသားများအားလုံးကို သတ်တော့မလိုပင်။

ဘာပဲဖြစ်ဖြစ် သူတို့ဒီတစ်ခေါက်တွင် အဇူရာတိမ်ဂိုဏ်း၏ကံကြမ္မာကို အမြစ်ဖြတ်ပစ်ဖို့ ဆုံးဖြတ်ထားခဲ့ကြခြင်း ဖြစ်၏။

ကျန်းယန်၏မောက်မာမှုကို‌မြင်ပြီးနောက်တွင်တော့ သူ့ကိုအမိန့်ပေးမထားလျှင်တောင် ကျန်းဝူ ကျန်းယန်ကို ရအောင်သတ်တော့မည်သာ။

ထိုစဉ် အခြားကောင်းကင်ရွေးချယ်ခံတစ်ယောက် ရှေ့ထွက်လာခဲ့ပြီး ကျန်းယန်ကို ဆိုးယုတ်စွာပြုံးပြလိုက်ကာ

“ကောင်းတယ် မင်းနောက်ဆုံးတော့ရောက်လာပြီပေါ့ အခုငါကလဲ့စားချေနိုင်ပြီပေါ့လေ!”

ကျန်းယန် ထိုသူ့ကိုသေချာကြည့်လိုက်ကာ အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်၏။

“မင်းက တန်ယောင်ကွမ်းမလား နောက်ဆုံးတစ်ခေါက်က မင်းအောက်ပိုင်းတစ်ပိုင်းလုံး ပြတ်ထွက်သွားတာကို ဘယ်လိုပြန်ကောင်းလာတာလဲ”

သူတကယ်ကြီး အံ့အားသင့်သွားခဲ့ခြင်းဖြစ်သည်။ တန်ယောင်ကွမ်း မသေလျှင်တောင် ဒုက္ခိ‌တလောက်တော့ ဖြစ်သွားမည်ဟု သူထင်ထားခဲ့ခြင်းဖြစ်၏။

အမတကျင့်ကြံခြင်းကမ္ဘာ၏ ဆေးပညာက အံ့မခန်းကောင်းလွန်းလှပေသည်။

တန်ယောင်ကွမ်း ဂုဏ်ယူစွာရယ်မောလိုက်ကာ

“မင်းက မင်းကိုယ်မင်းလန်ကျားအထွတ်အမြတ်မြေရဲ့ စွမ်းအားကို စိတ်ကူးလို့ရနိုင်မယ်ထင်နေတာလား”

ကျန်းယန် သူ့ကိုအထက်အောက်ကြည့်လိုက်ပြီး ရုတ်တရက်မေးလိုက်၏။

“ဒါဆို…မင်းရဲ့အောက်ပိုင်းကပစ္စည်းရော ဘယ်လိုနေသေးလဲ အလုပ်လုပ်သေးလား ဒါမှမဟုတ် မင်းသေးပေါက်ခါနီးတိုင်း လက်နဲ့မထားဖို့လိုတာလား ဒါဆိုရင်တော့ မင်းသေးတစ်ခါပေါက်တိုင်း ဖိနပ်တစ်ခါလဲနေရတော့မှာပဲ”

“ဘယ်လို!” ကျန်းယန်၏ရုတ်တရက်မေးခွန်းကြောင့် တန်ယောင်ကွမ်း ကြက်သေသေသွားခဲ့သည်။ ခဏအကြာမှ သူအသိပြန်၀င်သွားပြီး သူ့မျက်နှာမည်းမှောင်သွားခဲ့၏

သူကျန်းယန်ကိုလက်ညှိုးငေါက်ငေါက်ထိုးကာ အော်ပြောလိုက်လေသည်။

“ငါမင်းကိုသတ်မယ်ကွ!မင်းသေပြီပဲ!”

ထို့နောက် ကျန်းယန်နောက်က စစ်ထူမင်ယွဲ့ကို လက်ညှိုးထိုးလိုက်ကာ

“နောက်ပြီး နင်ရောပဲ ဒီတစ်ခေါက်ငါ့ကို‌ေတွ့ရင် ဘယ်ကိုထွက်ပြေးဦးမလဲ ကြည့်ကြတာပေါ့”

ကျန်းယန် အသာအယာပြုံးလိုက်ကာ

“နောက်ဆုံးတစ်ခေါက်တုန်းက ငါမင်းကို နှစ်ခြမ်းပဲခြမ်းခဲ့တာ ဒီတစ်ခေါက်တော့ တစ်စစီစုတ်ဖြဲပြီး ၀မ်ချိုက်ကို ကျွေးပစ်မယ်”

“တော်လောက်ပြီ တိတ်ကြတော့!” တန်ချိုးရွှေ ရှေ့ထွက်လာခဲ့၏

ထို့နောက် သူကျန်းယန်ကိုအေးစက်စက်တစ်ချက်ကြည့်ကာ မေးလိုက်သည်။

“ငါတို့က မင်းတို့အဇူရာတိမ်ဂိုဏ်းကို ၀င်ခွင့်တစ်နေရာစာပဲ အာမခံပေးထားတာ မင်းကဘာလို့ သူတို့တွေကိုခေါ်လာတာလဲ”

(Translator note: အရင်ကအပိုင်းမှာ ဆွေးနွေးတုန်းက လူဘယ်‌နှစ်ယောက်ခေါ်ခေါ်ရတယ်ပြောထားပြီး ဒီအပိုင်းတွေမှာတော့ တစ်ယောက်ပဲရတော့တယ်ပြောထားပါတယ် မူရင်းစာရေးသူအမှားမဟုတ်ရင် အရင်တစ်ခေါက်ကလှည့်စားလိုက်တာလို့ ဖြည့်တွေးခိုင်းတာဖြစ်ရင်ဖြစ်မှာပါ)

ကျန်းယန် လေးလေးနက်နက်ပြန်ပြောလိုက်၏။

“မင်းတို့အားလုံးက ဒီနေရာကို ပါရမီရှင်တွေအနေနဲ့ပဲ လာကြတာလေ ငါကတော့ အမည်ခံဂိုဏ်းချုပ်အနေနဲ့လာတာ င့ါကို အထူးအခွင့်အရေးအချို့တော့ ပေးသင့်တယ်လေ ဟုတ်တယ်မလား အဲ့တာကြောင့် ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ အမည်ခံဂိုဏ်းချုပ်ဖြစ်တဲ့ငါက စီးတော်သားရဲတစ်ကောင်ရှိနေတာ သာမန်ပဲလေ”

“ဒါဆို သူကရော” တန်ချိုးရွှေ စစ်ထူမင်ယွဲ့ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကိုယ်ရေးကိုယ်တာလက်ထောက်တစ်ယောက်ရှိနေတာက အကျိုးအကြောင်းသင့်တာပဲ မဟုတ်လား” ကျန်းယန် တန်ချိုးရွှေကိုပြုံးပြလိုက်ကာ

“စီနီယာ ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းက စည်းမျဉ်းတွေကို လိုက်နာပါတယ် တကယ်တော့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို ၀င်မှာက ကျွန်တော်တစ်ယောက်တည်းလို့ တွက်လို့ရပါတယ်”

တန်ချိုး‌ရွှေ ဒေါသထွက်သွားခဲ့၏။

“မင်း…မင်း စကားကိုလှည့်မပြောနဲ့”

ကျန်းယန် မျက်ခုံးပင့်လိုက်ကာ

“စီးတော်သားရဲမရှိရင် ကျွန်တော်ကလမ်းလျှောက်သွားနေရမှာပေါ့ ပြီးတော့ ကိုယ်ရေးကိုယ်တာလက်ထောက်ရှိမနေရင် ကိုယ့်ကိုကိုယ်ဘယ်ဂရုစိုက်နိုင်တော့မှာ တကယ်လို့ ကျွန်တော့်ကို စီးတော်သားရဲနဲ့ကိုယ်ရေးကိုယ်တာလက်ထောက်ခေါ်သွားခွင့်မပေးရင် ကျွန်တော်တိုက်ပွဲကွင်းပြင်ထဲ မ၀င်တော့ဘူး”

တန်ချိုးရွှေ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမယ်မှန်း မသိတော့ပေ။

ဒီအခြေအနေအထိရောက်လာမှတော့ သူတို့အဇူရာတိမ်ဂိုဏ်းကို နောက်ဆုတ်ခွင့်မပေးလိုတော့ပေ။

ထိုအခိုက်တွင် ကွေ့ယွမ်ဘုရားကျောင်းမှ ကျင်းရှန် ရှေ့ထွက်လာခဲ့ကာ ပြုံး၍ ပြောလိုက်လေသည်။

“ဒီတာအိုမိတ်ဆွေလေးက ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ အမည်ခံဂိုဏ်းချုပ်ဆိုမှတော့ သူ့ကို အထူးခံစားခွင့်အချို့ပေးလိုက်တာက ပြဿနာကြီးတော့ မဟုတ်ပါဘူး အကြီးအကဲတန် အရမ်းဒေါသထွက်နေစရာလည်း မလိုပါဘူး သူတို့ကို၀င်ခွင့်ပေးလိုက်ပါ”

“စီနီယာ စီနီယာကတကယ်ပဲ အကျိုးအကြောင့်သင့်တဲ့လူပဲ” ကျန်းယန် ကျင်းရှန်ကိုဦးညွတ်၍ အရိုအသေပေးကာ ပြောလိုက်၏။

“နောက်ဆုံးတစ်ခေါက်ကျွန်တော်တို့ဆုံတော့ စီနီယာကအဇူရာတိမ်ဂိုဏ်းက လက်ဖက်ရည်နဲ့ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်ခဲ့ရတာကို ကျွန်တော်မှတ်မိပါသေးတယ် အဲ့တာကြောင့်ဒီအခေါက်တော့ ကျွန်တော်ကိုယ်တိုင်ခူးလာတဲ့ လက်ဖက်ရည်ယူလာခဲ့ပါတယ် စီနီယာ ကျေနပ်မယ်လို့ အာမခံနိုင်တယ်”

ကျင်းရှန် ညင်သာစွာပြုံးပြလိုက်ကာ

“ကျေးဇူးတင်ပါတယ်ဒကာလေး ဒါပေမယ့် ဒီတစ်ခေါက်က ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်အတွက် လာတာဆိုတော့ ဒကာလေး ပြန်ရောက်တဲ့အခါမှ အေးအေးဆေးဆေးထိုင်ပြီး လက်ဖက်ရည်သောက်ကြတာပေါ့”

“ကောင်းပါပြီ” ကျန်းယန်ပြုံးကာ ပျော်ရွှင်စွာ ပြောလိုက်လေသည်။

သူ့ကျားနှင့်စစ်ထူမင်ယွဲ့ကို၀င်ခွင့်ပေးသလို မိစ္ဆာသန္ဓေသားကိုလည်း ဘယ်သူမှ သတိမထားမိသောကြောင့် ကျန်းယန် စိတ်အေးသွားခဲ့၏။

ကျန်းယန်ထိုသူများနှင့်စကားပြောနေစဉ်တွင် စုမင်းယန် ကောင်းကင်ဒဏ္ဍာရီကိုနှုတ်ဆက်ဖို့ ရောက်လာခဲ့လေသည်။

“ဆရာ ဘာလို့ဒီမှာရှိနေတာလဲ” စုမင်းယန် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်၏။

“ဒီတစ်ခေါက်ကျွန်တော်တို့မှာ တိုက်ပွဲကွင်းပြင်ကိုပို့စရာလူ ရှိလို့လား”

ကောင်းကင်ဒဏ္ဍာရီ စုမင်းယန်နှင့်ကျိယန်ကိုရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်လိုက်ကာ ခေါင်းယမ်းပြလိုက်ပြီး

“ဒီတစ်ခေါက် စီနီယာချင်းယွမ်က ကျန်းယန်ကိုလိုက်ပို့ခိုင်းလိုက်လို့ လိုက်လာတာပါ ငါတို့မှာ ပါ၀င်မယ့်တပည့်မရှိပါဘူး”

ထိုစကားကိုကြားသောအခါ စုမင်းယန်အမူအရာမည်းမှောင်သွားခဲ့ပြီး

“ဆရာ ဆရာက၀မ်လင်းဂိုဏ်းကိုမ၀င်ချင်တာလို့ပဲ ကျွန်တော်ကထင်ထားတာ အခု ဘာလို့အဇူရာတိမ်ဂိုဏ်းဘက်မှာ ရပ်တည်နေရတာလဲ”

“ငါဘယ်ဂိုဏ်းကိုမှ၀င်မထားဘူး” ကောင်းကင်ဒဏ္ဍာရီဆက်ပြောလိုက်သည်။

“ငါကရိုးရိုးရှင်းရှင်းပဲ ငါ့တာ၀န်ငါကျေအောင်လုပ်နေရုံပါ ကျိယန် သမီးလည်း တိုက်ပွဲကွင်းပြင်ထဲမ၀င်ခင် အချို့ကိစ္စတွေကို သေချာပြန်စဉ်းစားသင့်တယ်”

ကျိယန် ပြန်မဖြေရသေးခင် စုမင်းယန်၀င်ပြောလိုက်၏။

“ဆရာ ကျွန်တော်တို့က ၀မ်လင်းကုန်းမြေပေါ်မှာ အခြေချပြီးပါပြီ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကလူတွေမဟုတ်တော့ဘူး ကျိယန်၀မ်လင်းဂိုဏ်းက ပါရမီရှင်တွေနဲ့ တိုက်ပွဲကွင်းပြင်ထဲ၀င်တဲ့ကိစ္စမှာလည်း ဘာပြဿနာမှမရှိဘူး သူဒီတစ်ခေါက်က ကောင်းကောင်းအစွမ်းပြနိုင်ရင် သူနဲ့၀မ်လင်းဂိုဏ်းကပါရမီရှင်တစ်ယောက်ယောက်နဲ့ လက်ဆက်ပေးမယ်လို့တောင် ပြောသေးတယ် အဲ့တော့ သူ့မှာဘာစိတ်ပူစရာမှ မရှိဘူး”

ကောင်းကင်ဒဏ္ဍာရီခါးသက်သက်ပြုံးလိုက်ကာ

“မင်းလုပ်ချင်တာသာ လုပ်ပါတော့”

သူ့နှလုံးသားကတော့ လေးလံနေခဲ့၏။

ကျိယန် သူ့ကိုလေးလေးနက်နက်တစ်ချက်ကြည့်လိုက်ပြီး ဘာမှတော့ မပြောခဲ့ပေ။

စုမင်းယန်လည်း သူ့ဆရာကို ဦးညွတ်အရိုအသေပေးပြီးနောက် ကျိယန်ကိုခေါ်ကာ ထွက်ခွာသွားခဲ့လေသည်။

“ဒီတစ်ခေါက် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဖွင့်လှစ်မယ့်အချိန်ကို ရောက်ရှိလာပါပြီ”

တန်ချိုးရွှေ လူအုပ်ကြီးဘက်လှည့်ကာ ပြောလိုက်၏။

“လူတိုင်းပဲ စည်းမျဉ်းတွေကိုသိပြီးသားဖြစ်မှာပါ ပုံမှန်ဆိုငါဒါတွေကိုထပ်ပြောမှာမဟုတ်ဘူး ဒါပေမယ့်ဒီနှစ်မပြိုင်တာ နှစ်တစ်ထောင်ကျော်လောက်ကြာသွားတဲ့ဂိုဏ်းအချို့ပြန်ပါလာတော့ သူတို့ကတော့ စည်းမျဉ်းတွေကိုမေ့နေလောက်ပြီ အဲ့တာကြောင့် ငါပြန်ပြောမှဖြစ်မယ်”

သူထိုနေရာတွင် တမင်တကာ ရပ်ထားလိုက်သည်။

လူအုပ်ကြီးလည်း အားရပါးရ လှောင်ရယ်ရယ်ကုန်ကြ၏။

လင်းယွင်ကျိ၏ အေးစက်စက်မျက်နှာထားကတော့ တစ်ချက်မှပျက်မသွားခဲ့ပေ။

ကျန်းယန်လည်း တန်ချိုးရွှေကို အေးစက်စက်သာ စိုက်ကြည့်နေခဲ့ပြီး တွေးနေခဲ့မိသည်။

ငါကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲရောက်တာနဲ့ လန်ကျားအထွတ်အမြတ်မြေက ကောင်တွေကို သွားကျွတ်အောင်ရိုက်ပစ်ရမယ်!

All Chapters