← Chapters

သေစာရင်း

Vol. 13 Ch. 142

သေစာရင်း

Vol. 13 Ch. 142

တန်ချိုး‌ရွှေ ဆက်ပြောလိုက်သည်။

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဖွင့်တဲ့အချိန်တိုင်း ပါရမီရှင်တွေပို့တဲ့ဂိုဏ်းတိုင်းက ဆုကြေးအတွက် အရင်းအမြစ်တွေထည့်ကြတယ် အဲ့ဒီထဲမှာ ငါတို့လန်ကျားအထွတ်အမြတ်မြေ ၀မ်လင်းဂိုဏ်း ကွေ့ယွမ်ဘုရားကျောင်းနဲ့ အခြားဂိုဏ်းကြီးအသီးသီးက တစ်ဂိုဏ်းကို စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ဆေးလုံး ၁၀၀၀ နဲ့ စိတ်ဝိညာဉ်လက်နက်တစ်ခုဆီ ထည့်ပေးကြတယ်

အားလုံးပေါင်းရင် ပါရမီရှင်တွေရမယ့်ဆုကြေးက စိတ်ဝိညာဉ်ကျောက်တုံး သန်း၉၀၀ကျော် ဆေးလုံး ၉၀၀၀ကျော် နဲ့ စိတ်ဝိညာဉ်လက်နက်ဆယ်ခုပဲ

အဲ့တာကြောင့် တိုက်ပွဲကွင်းပြင်ထဲ၀င်မယ့်ပါရမီရှင်တိုင်းက အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားပြီး မင်းတို့ဂိုဏ်းတွေအတွက် ဂုဏ်ဆောင်ပေးဖို့ ငါ‌မှာချင်တယ်”

ဂိုဏ်းကြီးများက ပါရမီရှင်များ စိတ်လှုပ်ရှားကုန်ကြသည်။

အကယ်၍ သူတို့ဂိုဏ်းအတွက်သာ ကံကြမ္မာများများရအောင်ရှာပေးနိုင်ခဲ့လျှင် ဂိုဏ်းကလည်း သူတို့အတွက်ရရှိမည့်ဆုလဒ်များထဲမှ မနည်းသောခွဲတမ်းကို ပြန်ပေးပေလိမ့်မည်။

တန်ချိုးရွှေ ဆက်ပြောလိုက်၏။

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က တစ်နှစ်တိတိဖွင့်မယ် တစ်နှစ်ပြည့်သွားတဲ့အခါ မင်းတို့မ၀င်ချင်ရင်တောင် တိုက်ပွဲကွင်းပြင်က မင်းတို့ကိုအလိုလို ဖယ်ထုတ်ပစ်လိမ့်မယ်

အဲ့တာကြောင့် ကောင်းကင်ရတနာရှာရင်းပဲဖြစ်ဖြစ် ကံကြမ္မာရှာရင်းပဲဖြစ်ဖြစ် အချိန်ကိုလည်း ဂရုစိုက်ကြပါ

ပြီးတော့ ခုနကတည်းက မင်းတို့တစ်ယောက်ချင်းစီတိုင်းကို တံဆိပ်ပြားတစ်ပြားဆီပေးထားတယ် အဲ့ဒီတံဆိပ်ပြားကမင်းတို့၀င်ခွင့်ကို ကိုယ်စားပြုသလို ကံကြမ္မာအမှတ်တစ်မှတ်ကိုလည်း ကိုယ်စားပြုတယ်

မင်းတို့ပြန်ရောက်တဲ့အခါမှ မင်းတို့ရရှ်ိတဲ့စုစု‌ေပါင်းအမှတ်တွေကိုတွက်ချက်ပေးမယ်

ကံကြမ္မာအမှတ်အများဆုံးရရှ်ိတဲ့ ဂိုဏ်းက ဆုကြေးရဲ့ သုံးပုံတစ်ပုံကို ရရှိမယ် အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး သန်း၃၀၀ စိတ်ဝိညာဉ်လက်နက် ၃ခုနဲ့ ဆေးလုံး ၃၀၀၀ ရရှိလိမ့်မယ် ဒုတိယနဲ့တတိယအများဆုံးရရှိတဲ့ ဂိုဏ်းတွေကတော့ ဆုကြေးရဲ့ သုံးပုံတစ်ပုံကို နှစ်ဂိုဏ်းခွဲယူရလိမ့်မယ် နောက်ဆုံး သုံးပုံတစ်ပုံကိုတော့ အဆင့် ၄ ၅ ၆ ရရှိတဲ့ဂိုဏ်းတွေက ခွဲယူရမယ်

အဲ့တာကြောင့် အားလုံးက မင်းတို့ဂိုဏ်းတွေအတွက် ကြိုးစားပြီး ရတနာတွေရှာပေးရမှာဖြစ်သလို ကံကြမ္မာအမှတ်တွေလည်း စုဆောင်းပေးကြပါ မင်းတို့ဂိုဏ်းအတွက် ကြီးမားတဲ့ကုသိုလ်တရားတွေ ပြန်သယ်လာပေးကြပါ!

ဒါကတော့ စည်းမျဉ်းအားလုံးပါပဲ ငြင်းစရာမရှိတော့ဘူးဆိုရင် စ၀င်နိုင်ပါပြီ!”

လူတိုင်းသည်းခံနိုင်စွမ်းကုန်နေကြပြီဖြစ်လေရာ ဘယ်သူမှ စည်းမျဉ်းနဲ့ပတ်သက်ပြီး မေးမနေကြတော့ပေ။

တစ်ယောက်ပြီးတစ်ယောက်သာ တိုက်ပွဲကွင်းပြင်ထဲ ပြေး၀င်ကုန်ကြတော့၏။

“ငါတို့လည်း သွားရအောင်” ကျန်းယန် ကျားမိစ္ဆာကိုရိုက်ကာ ပြောလိုက်သည်။

“ဂျူနီယာညီမလေး ဒီကောင့်ကိုသေချာကိုင်ထား အတူတူ၀င်ကြမယ်”

ထို့နောက် သူတို့နှစ်ယောက်ကျားမိစ္ဆာကိုကိုင်ကာ တိုက်ပွဲကွင်းပြင်ထဲ ၀င်သွားခဲ့ကြ၏။

ကျန်းယန် တိုက်ပွဲကွင်းပြင်နားချဉ်းကပ်လာသည်နှင့် မိစ္ဆာသန္ဓေသား သူ့ကိုယ်ထဲကစွမ်းအားများ ယုတ်လျော့လာသည်ကို ခံစားလိုက်ရလေသည်။

ထိုအခိုက်၌ သူ့တွင်အခွင့်အရေးသိပ်မကျန်တော့တာကို မိစ္ဆာသန္ဓေသားသိလိုက်၏။ သူအခုအချိန်တွင် သတင်းစကားမပါးနိုင်ပါက သူ့မိစ္ဆာသန္ဓေသား လုံး‌၀ပျောက်ကွယ်သွားရပေတော့မည်။

ထို့အပြင် ယခုအချိန်က ဘယ်အဆင့်မြင့်ကျင့်ကြံသူမှ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်နားမကပ်ရဲချိန်ဖြစ်သောကြောင့် သူ့အတွက် သတင်းစကားပါးဖို့ အကောင်းဆုံးအချိန်ပင်။

“သခင်လေး ကျေးဇူးပြုပြီးမခုခံပါနဲ့ ကျွန်တော်တို့က မျိုးနွယ်အတူတူတွေပါ!”

သူဝိညာဉ်စွမ်းအင်တစ်မျှင်ကို ကျန်းယန် အသိစိတ်ထဲပို့ပေးလိုက်ကာ သူ့ကိုယ်က ကျန်းယန်အသိစိတ်ပင်လယ်ထဲ ပြေး၀င်သွားခဲ့လေသည်။

ထိုအချိန်တွင် ကျန်းယန်၏အာရုံကလည်း မိစ္ဆာသန္ဓေသားပေါ်တွင်သာ တစ်ချိန်လုံး ရှိနေခဲ့ခြင်း ဖြစ်၏။

မိစ္ဆာသန္ဓေသားကို တိုက်ပွဲကွင်းပြင်ထဲခေါ်သွားမည်ဖြစ်သောကြောင့် သူထိုမျှသတိထားနေခဲ့ရခြင်း ဖြစ်သည်။

အခုတော့ မိစ္ဆာသန္ဓေသားက လှုပ်ရှားပြီဖြစ်လေရာ ကျန်းယန် လန့်သွားခဲ့၏။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုကောင်သည် တိုက်ပွဲကွင်းပြင်ထဲ၀င်သည့်အချိန်တွင် အချိန်ကိုက်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

မျိုးနွယ်တူတဲ့လား!

သူထိုကောင်၏စကားတစ်ခွန်းကိုမှ ယုံမည်မဟုတ်ပေ။

သူ့ဝိညာဉ်ကို ချက်ချင်းကာကွယ်ထားလိုက်ပြီး မိစ္ဆာသန္ဓေသားတိုက်ခိုက်မည့်ရန်မှ အပြည့်အ၀ ကာကွယ်ထားလိုက်၏

သို့သော်လည်း….မိစ္ဆာသန္ဓေသားက သူ့ကိုတိုက်ခိုက်ခြင်း မဟုတ်ခဲ့ပေ။

ထိုအရာက သူ့ကိုယ်သူ ကျန်းယန်အမြု‌ေတထဲပြေး၀င်၍ အစုပ်ယူခံလိုက်ခြင်းသာ ဖြစ်နေခဲ့သည်။

ရလဒ်အနေဖြင့် ကျန်းယန် အသိစိတ်ပင်လယ်ထဲ သူ့ဝိညာဉ်က ၀င်သွားခဲ့ပြီး သူ့ခေါင်းထဲ မှတ်ဉာဏ်များစွာပေါ်ပေါက်လာခဲ့၏။

မှတ်ဉာဏ်လှိုင်းလုံးကြီးကြားထဲတွင် ကျန်းယန် ကျားမိစ္ဆာကိုကိုင်ထားရင်း နစ်မြုပ်နေခဲ့မိသည်။

စစ်ထူမင်ယွဲ့ ကျန်းယန်၏ရုတ်တရက်တောင့်တင်းသွားမှုကို သတိထားမိသွားခဲ့၏။

“စီနီယာအစ်ကိုကြီး ဘာဖြစ်လို့လဲ” သူမစိတ်

ညစ်သွားဟန်ဖြင့် မေးလိုက်သည်။

မကြာခင်တွင် ကျန်းယန် အသိပညာလှိုင်းလုံးများထဲမှ ရုန်းထွက်လာနိုင်ခဲ့ကာ သတိပြန်၀င်လာခဲ့၏။ ထိုအခါမှ သူကျားမိစ္ဆာကို ရိုက်လိုက်ကာ တိုက်ပွဲကွင်းပြင်ထဲ အရှိန်ပြင်းပြင်းဖြင့် ပြန်ပြေး၀င်သွားခဲ့သည်။

“စီနီယာအစ်ကိုကြီး ဘာဖြစ်လို့လဲ” စစ်ထူမင်ယွဲ့ စိတ်ပူနေဟန်ဖြင့် မေးလိုက်၏။

ကျန်းယန် ခေါင်းယမ်းလိုက်ကာ

“ဘာမှမဟုတ်ပါဘူး မိစ္ဆာသန္ဓေသား လှုပ်ရှားလိုက်တာ”

သူ့နှလုံးသားထဲတွင်တော့ လှောင်ရယ်နေခဲ့မိသည်။

ဒီမိစ္ဆာတွေက တုံးလိုက်တာ ငါ့ကိုသူတို့နဲ့မျိုးနွယ်တူတဲ့လား ဟာသပဲ!

သူသည် အမတကျင့်စဉ်များကို ကျင့်ကြံသူ ဖြစ်၏။ သူ့ဝိညာဉ်ကအခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်သောကြောင့် သူလက်ရှိခန္ဓာကိုယ်က ထူးဆန်းနေလျှင်တောင် သူသည် မိစ္ဆာတစ်ကောင်တော့ လုံး၀ မဟုတ်ပေ။

ထိုမိစ္ဆာများကတော့ သူ့ကိုမိစ္ဆာလို့ထင်နေရုံသာမက သူ့ကို သူတို့ကျင့်စဉ်များပင် ပေးလိုက်သေးသည်။

ထိုအခိုက်တွင် ကျန်းယန်တစ်ခုခုကို သတိထားမိသွားခဲ့၏

သူ့ကိုယ်ထဲတွင် မိစ္ဆာသန္ဓေသားချန်ထားပေးခဲ့သော မိစ္ဆာစွမ်းအားများက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်၏ ဖယ်ရှားခြင်းကို မခံလိုက်ရပေ။

သူအ‌ေခြအ‌ေနကိုချက်ချင်း နားလည်သွားခဲ့သည်။ တိုက်ပွဲကွင်းပြင်သည် ဝိညာဉ် အသိစိတ်နှင့် သက်ရှိများ၏ အုတ်မြစ်ကို အဓိကထားခြင်းဖြစ်ကာ သူ့မိစ္ဆာစွမ်းအားက သူ့အုတ်မြစ်ပင်ဖြစ်‌သွားသောကြောင့် အဖယ်ရှားမခံလိုက်ရခြင်း ဖြစ်ပေသည်။

ထို့ကြောင့်လည်း မိစ္ဆာသန္ဓေသားပျောက်ကွယ်သွားသောအခါတွင်ပင် သူချန်ထားခဲ့သော မိစ္ဆာစွမ်းအားက ပျောက်ကွယ်မသွားခဲ့ခြင်းဖြစ်၏။

ထိုစဉ် သူ့စိတ်ကိုအာရုံစိုက်လိုက်ပြီး သူ့ကိုယ်ထဲက မိစ္ဆာစွမ်းအားများကို သူ့လက်ဖဝါးပေါ်တွင် စုစည်းလိုက်လေရာ သူ့လက်ဖဝါးပေါ်၌ အနက်ရောင်အလုံးတစ်လုံး ပေါ်ပေါက်လာခဲ့လေသည်။

ထိုအရာကို မိစ္ဆာချန်ထားပေးခဲ့သော မိစ္ဆာသိုင်းကိုသုံး၍ သူဖွဲ့တည်လိုက်ခြင်းဖြစ်ပြီး သူတကယ်ကြီး ထိုအရာကို အသုံးပြုလို့ရနေခဲ့၏။

ငါကတကယ်ကြီး မိစ္ဆာတစ်ကောင်လား!

ကျန်းယန် အံ့အားသင့်သွားခဲ့မိသည်။

“စီနီယာအစ်ကိုကြီး…အဲ့တာကဘာလဲ” စစ်ထူမင်ယွဲ့ သူ့လက်ဖဝါးပေါ်က အနက်ရောင်အလုံးကို စိုက်ကြည့်၍ မေးလိုက်၏။

“သော့တစ်ချောင်း!” ကျန်းယန် ခပ်ပြတ်ပြတ်ပြန်ပြောလိုက်သည်။

သူသည်မိစ္ဆာတစ်ကောင်ဖြစ်နေခဲ့လျှင်တောင် သူထိုအရာကို ဘယ်တော့မှ၀န်ခံမည်မဟုတ်ပေ။ သူ့လက်ထဲက ဤအနက်ရောင်အလုံးကတော့ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမကိုဖွင့်၍ရမည့် သော့တစ်ချောင်း ဖြစ်နေနိုင်၏။

သူတို့ပြောနေရင်း ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်၏ တကယ့်မြေပြင်ပေါ်သို့ ခြေချလိုက်မိကြလေသည်။

သူတို့ရောက်သွားသည်နှင့် ကျန်းယန်ခေါင်းထဲက ရှုပ်ထွေးနေသောအတွေးများ ပျောက်ကွယ်သွားခဲ့၏။

သူသည်မိစ္ဆာတစ်ကောင်ဟုတ်မဟုတ်က အရေးမကြီးသေးပေ။ လတ်တလောအရေးကြီးနေသည်က သူ့ရန်သူများကို သတ်ဖို့ ဖြစ်ပေသည်။

“၀မ်ချိုက် အမြန်ငါ့ကိုမင်းသွေးပေး ငါသွေးစက်နည်းနည်းလိုတယ်”

ကျန်းယန် အလျင်အမြန်ပင် ကျောက ဘားရတ်ရိုင်ဖယ်ကို ဖြုတ်လိုက်ပြီး ကဗ္ဗည်းရေးဖို့ပြင်လိုက်ချိန်တွင် ကျားမိစ္ဆာက မလှုပ်သေးလေရာ သူအော်ပြောလိုက်ပြန်၏။

“ကျေးဇူးမသိတတ်တဲ့သားရဲ အမြန်ငါ့ကိုမင်းစိတ်ဝိညာဉ်သွေးပေးဟ ငါတို့ကိုစောင့်နေတဲ့ အဲ့ကောင်တွေကိုမြင်လား သူတို့က အဲ့နေရာမှာ ငါတို့ကိုသတ်ဖို့ စောင့်နေတာ မင်းသွေးငါ့ကိုအခုမပေးရင် မင်းသူတို့ရဲ့အသားဟင်းဖြစ်သွားတော့မယ်”

ကျားမိစ္ဆာကျန်းယန်ကိုတစ်ခုခုတော့မှားယွင်းနေပြီဟူသော အမူအရာဖြင့် ကြည့်နေခဲ့သည်။

ဆိုတော့ သူ့ကိုခေါ်လာခြင်းက သူ့သွေးကိုလိုချင်၍ကိုး!

ကျားမိစ္ဆာ မီတာရာဂဏန်းအနည်းငယ်လောက်ဆီသို့ မျှော်ကြည့်လိုက်သောအခါ ကြမ်းကြုတ်သောအမူအရာများဖြင့် အ၀င်၀ကိုကြည့်ကာ သူတို့၀င်အလာကို စောင့်နေသော တန်ယောင်ကွမ်းတို့ အဖွဲ့ကို တွေ့လိုက်ရ၏။

အခြားသူများကတော့ အလျင်အမြန်ပင် တိုက်ပွဲကွင်းပြင်အနက်ပိုင်းထဲသို့ ကောင်းကင်ရတနာများရှာဖွေရန် ပြေး၀င်သွားခဲ့ကြသည်။ သူတို့တွင် ကံကြမ္မာမှတ်စုဆောင်းဖို့ အစီအစဉ်ရှိနေလျှင်တောင် အရင်ဆုံး သူတို့လိုအပ်သည်က သူတို့ကိုယ်သူတို့ သန်မာလာအောင်လုပ်ဖို့ ဖြစ်ပေသည်။

သို့သော်လည်း တန်ယောင်ကွမ်းတို့အဖွဲ့အတွက်ကတော့ ရတနာရှာဖို့ကဒုတိယဦးစားပေးဖြစ်ပြီး ကလဲ့စားချေဖို့က ပထမဦးစားပေး ဖြစ်၏

ထို့ကြောင့်လည်း အတွင်းပိုင်းထဲမ၀င်သေးဘဲ ၀င်ပေါက်နားတွင်သာ ကျန်းယန်တို့ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။

သူကလဲ့စားချေလို၏။

အခြေအနေက မဟန်လှသည်ကိုမြင်သောအခါ ကျားမိစ္ဆာလည်း တွန့်ဆုတ်မနေတော့ဘဲ သူ့ကိုယ်ပေါ်မှ အရေးသိပ်မကြီးသော တစ်နေရာကိုပြန်ကိုက်၍ ထွက်လာသော သွေးများကို ကျန်းယန်ဆီ တွန့်ဆုတ်စွာ ပေးလိုက်လေသည်။

“အရမ်း ဇာတ်နာပြမနေပါနဲ့ ငါရတနာတွေရလာတဲ့အခါ မင်းလည်းအများကြီးပိုသန်မာလာမှာပါ မင်းစတေးမှုက တန်စေရမယ်” ကျန်းယန် ပြောနေရင်း စိတ်ဝိညာဉ်သွေးများကိုယူကာ ဘားရတ်ရိုင်ဖယ်ပေါ်တွင် ကဗ္ဗည်းများ စတင်ရေးဆွဲခဲ့၏

အစက ထိုသေနတ်ပေါ်တွင် ကဗ္ဗည်းဆွဲပြီးသားဖြစ်သော်လည်း ယူခွင့်မရမည်စိုးသောကြောင့် သူပြန်ဖျက်ထားခဲ့ခြင်းဖြစ်ကာ အခုမှသာ ထပ်ပြန်ဆွဲနေရခြင်း ဖြစ်သည်။

ကဗ္ဗည်းများကို အသက်သွင်းပြီးသည်နှင့် ကျန်းယန် စနိုက်ပါသမားတစ်ယောက်လို ဒူးထောက်ထိုင်လိုက်ကာ မီတာ ၇၀၀ ၈၀၀ အကွာက တန်ယောင်ကွမ်းတို့ကို စနိုက်ပါမှန်ဘီလူးမှတစ်ဆင့် ကြည့်ရှုလိုက်၏။

“အခုပဲ!”

သူမောင်းခလုတ်ကို ဆွဲညှစ်လိုက်လေသည်။

မီတာ ၇၀၀ ၈၀၀ အဝေးတွင် လန်ကျားအထွတ်အမြတ်မြေမှ ပါရမီရှင် ၇၀ ၈၀ ၀င်္ကပါပုံစံဖွဲ့ကာ စု၍ ရပ်နေခဲ့ကြ၏။

သူတို့ချမှတ်ထားသော စည်းမျဉ်းများက အခြားဂိုဏ်းများအတွက်သာ ဖြစ်ပြီး သူတို့ထိပ်တန်းဂိုဏ်းကြီးများအတွက်မဟုတ်သောကြောင့် သူတို့သည် တိုက်ပွဲကွင်းပြင်ထဲကို သတ်မှတ်ထားသော ပမာဏထက် ပိုခေါ်လာခဲ့ကြသည်။

“အားလုံးပဲ ငါ့ကိုမဖြစ်မနေ ကူညီကြရမယ်နော် ငါတို့အဲ့ကောင်တွေကို ရှင်းကိုရှင်းပစ်ရမယ်” တန်ယောင်ကွမ်း အလွန်ကြမ်းကြုတ်စွာ ပြောလိုက်၏။

“ငါကဝိညာဉ်အခြေတည်အဆင့်ကိုရောက်နေပြီ ငါစစ်ထူမင်ယွဲ့ကိုဖမ်းပြီး သူနဲ့နှစ်မွှာကျင့်လိုက်တာနဲ့ ငါ့ကျင့်ကြံခြင်းက ထိုးတက်သွားလိမ့်မယ် ငါနတ်ဝိညာဉ်အဆင့်ကိုတောင် အမြန်ရောက်သွားနိုင်တယ်

ငါအဲ့ဒီအဆင့်ကိုရောက်သွားတာနဲ့ ဒီတိုက်ပွဲကွင်းပြင်ထဲမှာ ဘယ်သူကမှ ငါ့ပြိုင်ဘက်ဟုတ်တော့မှာမဟုတ်ဘူး

ဒီတစ်ခေါက် လန်ကျားအထွတ်အမြတ်မြေက ထိပ်ဆုံးနေရာမှာရှ်ိကိုရှိနေစေရမယ်

ဒီခေတ်က ငါတို့အပိုင်ပဲ!”

“သေချာတာပေါ့ စီနီယာအစ်ကိုတန် ကျွန်တော်တို့တွေ အဇူရာတိမ်ဂိုဏ်းကို ရှင်းကိုရှင်းပစ်ရမှာ စစ်ထူမင်ယွဲ့ကိုတော့ အစ်ကိုကြီးကြိုက်သလိုသာ လုပ်လိုက်ပါ” အခြားတပည့်များ သူ့ကိုဝိုင်း၀န်းဖားယားလိုက်ကြ၏။

တန်မိသားစုသည် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရှိသော မိသားစုဖြစ်လေရာ သူတို့တန်ယောင်ကွမ်းကို ဖားယားထားဖို့ လိုအပ်ပေသည်။

လူအနည်းငယ်ကသာ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်၏။

“အချိန်အများကြီးမဖြုန်းနဲ့ ငါတို့ကောင်းကင်ရတနာတွေရှာရဦးမှာ”

တန်ယောင်ကွမ်း အမြန်ပြုံးပြလိုက်ကာ တောင်းပန်ဟန်ဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့ စီနီယာအစ်ကိုတို့ ကျွန်တော်တို့ အမြန်လက်စသတ်လိုက်မှာပါ…”

သူ့စကားပင် မဆုံးသေးခင် သူ့ခေါင်း‌ေပါက်ကွဲသွားခဲ့ရ၏။

သူ့ဘေးနားက လူများအပေါ်သွေးများစင်သွားခဲ့ပြီး လူတိုင်းကြောင်အကုန်ကြသည်။

ဘာဖြစ်သွားတာလဲ!

လူတိုင်းကြောင်အနေကြစဉ်တွင် နောက်ခေါင်းတစ်လုံး ပေါက်ကွဲသွားခဲ့ပြန်၏။

ထိုအခါမှသာ သူတို့ သူတို့ဆီ ပျံသန်းလာသော ရွှေရောင်အရာတစ်ခုကို မြင်တွေ့လိုက်ကြရသည်။

“ရန်သူ့တိုက်ခိုက်မှု! လူတိုင်းပဲ အကာအကွယ်ယူထားကြ တိုက်ခိုက်မှုက ၀င်ပေါက်ဘက်ကလာတယ် ငါတို့ ကလဲ့စားပြန်ချေကြမယ်”

လူတိုင်း သူတို့အကာအကွယ်ပညာရပ်များသုံးကာ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြ၏။

ဘုန်းးး!

သေနတ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။

ကျည်ဆန်တစ်တောင့်‌ေကြာင့် ဝိညာဉ်အဆင့်တစ်ယောက်၏ အကာအကွယ်ချက်ချင်း ကြေမွသွားခဲ့၏

ထို့နောက် နောက်ကျည်ဆန်တစ်တောင့်ထွက်ပေါ်လာသော ထိုဝိညာဉ်အခြေတည်အဆင့် သေဆုံးသွားခဲ့ရလေသည်။

“အဲ့တာက မှော်လက်နက်တစ်ခုပဲ!”

ဝိညာဉ်အခြေတည်အဆင့်များအားလုံး ကြောက်လန့်ကုန်ကြ၏။

မှော်လက်နက်များကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင် တားမြစ်ထားသည် မဟုတ်ပါလော။

အဘယ်သို့ တစ်ယောက်ယောက်က မှော်လက်နက်တစ်ခုကို အသုံးပြုနေရပါသနည်း။

ထို့အပြင် ထိုမျှအဝေးကြီးကပစ်လွှတ်လိုက်သော မှော်လက်နက်ကအဘယ်ကြောင့် ထိုမျှကြောက်စရာကောင်းနေရပါသနည်း။

ဆုတ်ကြ!

ခေါင်းဆောင်ဝိညာဉ်အခြေတည်အဆင့် ချက်ချင်းအမိန့်ထုတ်ကာ တိုက်ပွဲကွင်းပြင် အနက်ပိုင်းထဲသို့ ဆုတ်ခွာဖို့ ပြောလိုက်သည်။

ထိုမျှအဝေးကြီးကနေတောင် ဒီလောက်ကြောက်စရာကောင်းနေလျှင် သူတို့သာ အနီးကပ်၀င်သွားပါက ပိုပြီး ကြောက်စရာကောင်းနေမည် မဟုတ်ပါလော။

သူတို့၀င်ပေါက်ဆီ မချဉ်းကပ်ရဲကြတော့ဘဲ ကြောက်လန့်တကြားသာ ထွက်ပြေးကုန်ကြတော့၏။

”ကောင်းတယ်”

ကျန်းယန် အေးအေးဆေးဆေးပြောလိုက်ပြီး တစ်ယောက်ချင်းစီ၏နာမည်များကိုခေါ်ကာ စတင်ပစ်ခတ်လေတော့သည်။

စနိုက်ပါနှင့်ရင်ဆိုင်ရချိန်တွင် ပုန်းကွယ်စရာနေရာတစ်ခုမရှာဘဲ နောက်ပြန်လှည့်၍ ပြေးခြင်းက မည်မျှ ရူးမိုက်လိုက်ပါသနည်း။

All Chapters