← Chapters

ငါ့ရဲ့ ခန္ဓာကိုယ်ကို သူ့ဆီမှာ အပ်နှင်းမယ်

Vol. 31 Ch. 454

ငါ့ရဲ့ ခန္ဓာကိုယ်ကို သူ့ဆီမှာ အပ်နှင်းမယ်

Vol. 31 Ch. 454

အခန်း (၄၅၄) : ငါ့ရဲ့ ခန္ဓာကိုယ်ကို သူ့ဆီမှာ အပ်နှင်းမယ်

မိန်းကလေးချင်းယွဲ့က အသတ်ခံလိုက်ရသော ကောင်းကင်ဝါးမျိုသားရဲကို ကြည့်ပြီး လုံးဝ အံ့ဩမှင်သက်နေသည်။

ရှန်ထျန်း ကောင်းကင်ဝါးမျိုသားရဲကို သတ်နိုင်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

ကောင်းကင်ဝါးမျိုသားရဲက ကြောက်စရာကောင်းသော သားရဲ ဖြစ်သည်။

ဤကဲ့သို့သော သားရဲထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့ နယ်မြေကို လွှမ်းမိုးနိုင်မည် ဖြစ်သည်။ သူတို့ကို သတ်နိုင်သည့်သူ မရှိသည့်အပြင် လူအနည်းငယ်သာ သူတို့လက်မှ လွတ်မြောက်နိုင်သည်။

သူတို့က တိုက်ခိုက်ဖို့အတွက် လေဟာနယ်ကို ထိန်းချုပ်ပြီး သူတို့ကိုယ်တိုင်လည်း လေဟာနယ်ထဲတွင် ပုန်းကွယ်နေနိုင်သည်။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းကလည်း အင်မတန် မြင့်မားသည်။

ဤကောင်းကင်ဝါးမျိုသားရဲကို ၆ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်ဖြင့် နှိုင်းယှဉ်နိုင်ပြီး မဟာဝိဇ္ဇာပင် ထိုသားရဲကို သတ်ဖြတ်နိုင်ခြင်း မရှိပေ။

သို့သော် ရှန်ထျန်း၏ လက်သီးတစ်ချက်က ဤကြောက်စရာကောင်းသော ကောင်းကင်ဝါးမျိုသားရဲကို သတ်ပစ်လိုက်နိုင်သည်။

ဤကဲ့သို့သော တိုက်ခိုက်စွမ်းရည်အဆင့်က အင်မတန် ထိတ်လန့်စရာကောင်းလှသည်။

ရှန်ထျန်းက ခွန်ပန်ပညာရပ်များကို ထိပ်သီးအဆင့်ထိ ရောက်အောင် ကျင့်ကြံပြီးပြီဆိုတာကို မိန်းကလေးချင်းယွဲ့ မသိပေ။

သူ၏ ခန္ဓာကိုယ်ထဲတွင်လည်း ထူးခြားအံ့ဖွယ်ပစ္စည်းများနှင့် ပြန့်ဟွားပန်းဘုရင်ကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုနှစ်ခုလုံးက လေဟာနယ်ကို ထိန်းချုပ်နိုင်ပြီး အာကာပြင်တာအိုနှင့် ဆက်နွယ်နေသည်။

ရှန်ထျန်းက လေဟာနယ်ကို ထိန်းချုပ်သည့်နေရာတွင် ထိုပစ္စည်းများ၏ ကျေးဇူးကြောင့် မဟာဝိဇ္ဇာနှင့် နှိုင်းယှဉ်လို့ရလောက်သည်အထိ အရည်အချင်း ရှိလှသည်။

ကောင်းကင်ဝါးမျိုသားရဲက လေဟာနယ် ထိန်းချုပ်စွမ်းရည်ကို အသုံးပြုကာ တိုက်ခိုက်နိုင်သော်လည်း ရှန်ထျန်းနှင့် တိုက်ခိုက်သည့်အခါ အသုံးမဝင်ပေ။

ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းရည်က ရှန်ထျန်း၏ လက်သီးကို တိုးမြှင့်ပေးလိုက်သည့်အချိန်တွင် မဟာဝိဇ္ဇာတစ်ပါးပင် သွေးအန်သွားလောက်သည်အထိ ပြင်းထန်သွားသည်။

ကောင်းကင်ဝါးမျိုသားရဲက တိုက်ခိုက်နိုင်သော်လည်း ခန္ဓာကိုယ်က မဟာဝိဇ္ဇာလောက် မသန်မာပေ။ ထို့ကြောင့် ထိုသားရဲ သေဆုံးသွားနိုင်သည်မှာ မလွဲဧကန်ဖြစ်သည်။

ကောင်းကင်ဝါးမျိုသားရဲကို သတ်ပြီးနောက် ရှန်ထျန်းက လက်ယမ်းလိုက်ကာ တာအိုအပိုင်းအစနှစ်ခုကို သိမ်းဆည်းလိုက်သည်။

ထိုကဲ့သို့သော ကြီးမားသည့် တာအိုအပိုင်းအစများကို မြင်တွေ့ရဖို့အတွက် အင်မတန်ခဲယဉ်းလှသည်။ ထိုအရာများကလည်း တာအိုအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် ထိုကဲ့သို့သော လေဟာနယ်တာအိုအပိုင်းအစများက အဖိုးမဖြတ်နိုင်သည့် ရတနာများဖြစ်သည်။ ရှန်ထျန်း သူ့အတွက်သူ သုံးသည်ဖြစ်စေ တခြားသူများအတွက် သုံးပြီး တခြားပစ္စည်းများနှင့် လဲလှယ်သည်ဖြစ်စေ တန်ဖိုးရှိလှသည်။

တိုက်ပွဲ၏ အကြွင်းအကျန်များကို စုဆောင်းကာ ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ စီနီယာအစ်မ ချင်းယွဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားရအောင်”

“ ဟမ်… အင်း ကောင်းပြီလေ”

မိန်းကလေးချင်းယွဲ့ အသိစိတ် ပြန်ဝင်လာသော်လည်း မတည်မငြိမ်ဖြစ်နေသလို ခံစားနေရသေးသည်။

သူတို့နှစ်ယောက် အနောက်ဖက်သို့ ဆက်သွားကာ မိုင်ပေါင်း ၃ထောင်အထိ ခရီးသွားပြီးနောက်မှ ရပ်တန့်လိုက်သည်။

လေထဲတွင် မုခ်ဝတစ်ခု ထွက်ပေါ်လာသည်။

ဤနေရာတွင်ရှိသော လေဟာနယ်က သဘာဝအစီအရင်များဖြင့် ရစ်ပတ်နေသည်။

အံ့ဖွယ်အလင်းတန်းများ ကောင်းကင်မှ ဆင်းသက်လာကာ မှုန်မှိုင်းသော မြူခိုးများဖြင့် ဖုံးလွှမ်းသွားပြီး အရမ်းခမ်းနားသွားပုံပေါ်သည်။

မိန်းကလေးချင်းယွဲ့က ထိုမြင်ကွင်းကြောင့် အင်မတန် စိတ်လှုပ်ရှားနေသည်။

ဤမုခ်ဝက အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာတွင် အကြီးမားဆုံးသော ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုဖြစ်သည့် လေဟာနယ်မုခ်ဝဆိုတာကို သူမ သိသည်။

လေဟာနယ်မုခ်ဝများက ကမ္ဘာဦးခေတ်မှ စွမ်းအားကြီး ကျင့်ကြံသူများ ချန်ထားခဲ့သော အမွေအနှစ်များ ဖြစ်ကြသည်။ ထိုထဲတွင် ရတနာများနှင့် ပြိုင်ဘက်ကင်း ကျမ်းများ ရှိနေနိုင်သည်။

သို့သော် လေဟာနယ်မုခ်ဝများက လေဟာနယ်လှိုင်းထဲတွင် ရှိပြီး ရွေ့လျားနေတတ်သည်။ ထိုအရာများက တစ်နေရာထဲတွင် ကြာကြာမနေပေ။

အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် ရာစုနှစ်တစ်ခုကြာ ရှိနေသူများစွာ ရှိသော်လည်း မုခ်ဝတစ်ခုလောက်နှင့် တွေ့ဆုံရလောက်သည်အထိ ကံမကောင်းကြပေ။

သို့သော် ယခု လေဟာနယ် မုခ်ဝက သူတို့ရှေ့သို့ ရောက်ရှိလာသည့်အတွက် ပျော်ရွှင်နေမိသည်။

ဤထင်ရှားသော ကံအပြောင်းအလဲ အခွင့်အရေးက  မိန်းကလေးချင်းယွဲ့ကို စိတ်လှုပ်ရှားသွားစေသည်။

ဂျူနီယာမောင်လေး ရှန်ထျန်းက တကယ်ကို ကံကြမ္မာသားတော်အစစ်ပဲ။ သူ့ရဲ့ ကံကောင်းမှုတွေက တိုင်းတာလို့တောင် မရနိုင်ဘူး

ငါတို့က ဒီကမ္ဘာထဲကို ဝင်ရုံလေးပဲရှိသေးတာတောင် ကံအပြောင်းအလဲ အခွင့်အရေးနဲ့ ကြုံတွေ့နေပြီ

ဒီလောက်ဆိုရင် သိသာနေပြီ မဟုတ်လား

အရမ်းမြင့်မားတဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့သူမှသာ ဒီလိုမျိုး ကံကောင်းမှာပေါ့

ရှန်ထျန်းကြောင့်သာ မဟုတ်ဘူးဆိုရင် သူမ ဒီလေဟာနယ်မုခ်ဝဆီ ဘယ်တော့မှ ရောက်နိုင်ခဲ့မှာ မဟုတ်ဘူး

ဤကောင်းကင်ဝါးမျိုသားရဲတစ်ခုထဲက သူမ၏ လမ်းကို ပိတ်ပင်ဖို့အတွက် လုံလောက်သည်။ သူမ ဘယ်တော့မှ အနောက်ဖက်သို့ ဆက်သွားမည်မဟုတ်ပေ။

အရာအားလုံးက ရှန်ထျန်း၏ ကျေးဇူးကြောင့်ဖြစ်သည်။

ရှန်ထျန်းကို ကြည့်ရတာ အရမ်းတည်ငြိမ်လှသည်။

“ စီနီယာအစ်မ ကျွန်တော်တို့ အထဲဝင်သွားရအောင်လေ”

အရာအားလုံးက သူ မျှော်မှန်းထားသလိုသာ ဖြစ်နေသည်။

ဤနေရာက မိန်းကလေးချင်းယွဲ့၏ ကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်ထဲတွင် ထွက်ပေါ်လာသည့် ဆန်းကြယ်နယ်မြေ ဖြစ်သည်။

သူတို့နှစ်ယောက်လုံး လေဟာနယ်မုခ်ဝဆီသို့ သွားရောက်လိုက်ကြသည်။

ထို့နောက် ဆန်းကြယ်သော စွမ်းအင်များ ပြန့်ကျဲထွက်လာကာ သူတို့နှစ်ယောက်ကို အထဲသို့ ခေါ်ဆောင်သွားသည်။

သူတို့ ပြန်လည်ထွက်ပေါ်လာသည့်အခါ တခြားအာကာပြင် တစ်ခုဆီသို့ ရောက်ရှိသွားသည်။

ဤနေရာက တောင်ကြားတစ်ခုဖြစ်ပြီး ကြည့်ရတာ အင်မတန် ဆန်းကြယ်လှသည်။ သူတို့ ဤမြေပေါ်သို့ ရောက်သွားသည့်အခါ ကောင်းကင်တွင် တောက်ပနေသော နေနှင့် လပုံရိပ်သဏ္ဌာန်များကို တွေ့လိုက်ရသည်။ ဤနေရာက နတ်ဘုရားတိုင်းပြည်နှင့် သဏ္ဌာန်တူနေသည်။

မရေတွက်နိုင်သော အံ့ဖွယ်အလင်းတန်းများက ပုံရိပ်သဏ္ဌာန်များကို ဖြတ်သန်းနေကာ သဘာဝအစီအရင်များဖြင့် ရစ်ပတ်နေပြီး ဆန်းကြယ်သော မြင်ကွင်းမျိုးကို ဖြစ်ပေါ်နေစေသည်။

အစွန်းတစ်ဖက်တွင် ခမ်းနားသော နေမင်းကဲ့သို့ လောင်ကျွမ်းနေသော နေစွမ်းအင် ဖြာထွက်တောက်ပနေစေသည်။

ကျန်အစွန်းတစ်ဖက်တွင် ကျက်သရေရှိသော လကဲ့သို့ ငွေရောင်အလင်းရှိနေပြီး သိမ်မွေ့သော လစွမ်းအင်ကို ထုတ်လွှတ်နေသည်။

“ ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့နေရာလဲ”

မိန်းကလေးချင်းယွဲ့က အံ့ဩစွာဖြင့် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ ဤကဲ့သို့သော ဆန်းကြယ်မြင်ကွင်းမျိုးကို မြင်ရဖို့အတွက် ရှားပါးလှသည်။

ဤထူးဆန်းသော ပုံရိပ်သဏ္ဌာန်အပြင် စွမ်းအားကြီးသော တာအိုအငွေ့အသက်လည်း ရှိနေသည်။

နေနဲ့လ တာအိုအငွေ့အသက်နှစ်မျိုး

နေသို့မဟုတ် လစွမ်းအင်ကို အထူးပြုကျင့်ကြံသူများ ဤနေရာတွင် ကျင့်ကြံလျှင် ပြင်းထန်သောအရှိန်ဖြင့် တိုးတက်လာနိုင်မည်ဖြစ်သည်။

မိန်းကလေး ချင်းယွဲ့က ထိုကဲ့သို့သော ကျင့်ကြံသူတစ်ဦးဖြစ်သည်။

သူမဆီမှာ မဟာလမင်း ခန္ဓာတည်ဆောက်ပုံရှိပြီး လတာအိုကို ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သူမ ဉာဏ်အလင်းပွင့်မှု ရရှိဖို့အတွက် ဤနေရာက အကောင်းဆုံးဖြစ်သည်။ ထိုအရာက သူမ၏ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်ပြီး အမြန်ဆုံးအချိန်အတွင်း သူမကို သန်မာလာစေနိုင်သည်။

ဤနေရာတွင် တစ်ရက်ကျင့်ကြံခြင်းက ပြင်ပလောကတွင် နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင်ကျင့်ကြံခြင်းနှင့်ပင် တူညီနိုင်သည်။

ဆန်းကြယ်သော ဉာဏ်အလင်းပွင့်မှု နေရာသို့ ရောက်ရှိသွားသည့်အခါ မိန်းကလေးချင်းယွဲ့က စတင်ကျင့်ကြံတော့သည်။

သူမက ကောင်းကင်တာအို၏ သန့်စင်စွမ်းအားကို ခံစားနိုင်ဖို့အတွက် လက်မောင်းများကို ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်သည်။

သန့်စင်သော လစွမ်းအင် အလင်းတန်းက ကောင်းကင်မှ ဖြာကျလာသော တောက်ပသော လအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး အလင်းတန်းများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ထိုအခိုက်အတန့်တွင် မိန်းကလေးချင်းယွဲ့က လအလင်းတန်းဖြင့် လွှမ်းခြုံထားသည်။ သူမကို အံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံထားသည့်အတွက် နတ်သမီးလေးနှင့် တူပြီး ထူးခြားဆန်းကြယ်လှသည်။

သူမကိုယ်သူမ သမုဒ္ဒရာထဲတွင် နစ်မြုပ်နေသည်ဟု ခံစားလိုက်ရသည်။ သူမ ကောင်းကင်တာအိုအပေါ် နားလည်မှုကလည်း ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

ထိုအချိန်တွင် ရှန်ထျန်းက ပြုံးပြရင်း သူမကို သတိပေးလိုက်သည်

“ စီနီယာအစ်မကြီး ကျင့်ကြံဖို့အတွက် အရမ်း မစိုးရိမ်ပါနဲ့။ ဒီနေရာမှာ ကောင်းမွန်တဲ့ ရတနာတချို့ ရှိနေနိုင်တယ်”

ကမ္ဘာဦးခေတ်က သန်မာတဲ့ ကျင့်ကြံသူတစ်ယောက်ထားခဲ့တဲ့ အမွေအနှစ်က ဒီလောက်ထိ ရိုးရှင်းနိုင်လို့လား

“ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂျူနီယာ မောင်လေး”

မိန်းကလေး ချင်းယွဲ့ အသိစိတ်ပြန်ဝင်လာသည်။

ဒီလိုမျိုး ဆန်းကြယ်တဲ့ ပုံရိပ်သဏ္ဌာန်မျိုးကို တည်ဆောက်နိုင်ဖို့အတွက် ဒီနေရာမှာ ရတနာတချို့တော့ ရှိရမယ်

ဉာဏ်အလင်းပွင့်ဖို့အတွက် အလောတကြီး လုပ်စရာမလိုဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်တစ်ရာတောင် အချိန်ရှိတယ်

အခု အရေးကြီးဆုံးအလုပ်က ရတနာတွေကို ရှာဖွေဖို့ပဲ

သူတို့နှစ်ယောက် အတွင်းပိုင်းအထိ စွန့်စားကြပြီး ပုံရိပ်သဏ္ဌာန်များ၏ အရင်းအမြစ်ကို မြင်လိုက်ရသည်။

ပုံရိပ်သဏ္ဌာန်များက ရတနာနှစ်မျိုးမှ ထုတ်လွှတ်ထားခြင်းဖြစ်သည်။

ရတနာနှစ်မျိုးက လေထဲတွင် မြောနေပြီး နှစ်ခုလုံးက ပုံသဏ္ဌာန်လုံးဝန်းလှသည်။ သူတို့ဆီမှာ မတူညီသော အရောင်နှင့် စွမ်းအင်များရှိသည်။

တစ်ခုက လွန်ကဲသော နေစွမ်းအင်ကို ပိုင်ဆိုင်ထားပြီး နောက်တစ်ခုက လွန်ကဲသော လစွမ်းအင်ကို ပိုင်ဆိုင်ထားသည်။

ထိုရတနာနှစ်မျိုးက လောင်မြိုက်သော နေမင်းနှင့် တောက်ပသောလမင်းဖြစ်သည်။ နှစ်ခုလုံးက လေထဲတွင် ဂုဏ်ယူစွာဖြင့် ရပ်တန့်နေကာ ထူးခြားသော အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်နေသည်။

ထို့ကြောင့် နေနှင့်လဆိုသော ပုံရိပ်သဏ္ဌာန်နှစ်မျိုး ရှိနေခြင်းဖြစ်သည်။

“ ငါ ထင်တာသာ မမှားဘူးဆိုရင် ဒါက နေလ ရွှေစက်ြာတွေဖြစ်လိမ့်မယ်”

မိန်းကလေးချင်းယွဲ့က အင်မတန် စိတ်လှုပ်ရှားနေသည်။ သူတို့က ဤပစ္စည်းများကို ရှေးဟောင်းစာအုပ်များထဲတွင် မြင်တွေ့ဖူးပြီးပြီဖြစ်သည်။

ဒဏ္ဍာရီထဲတွင် ထိုနေရွှေလဝန်း စက်ြာများကို ကမ္ဘာဦးခေတ်မှ အထွတ်အထိပ်အဆင့် ထာဝရ အသုံးအဆောင်ပစ္စည်းများဟု ခေါ်ဆိုခဲ့သည်။ ပြိုင်ဘက်ကင်း နတ်ဘုရားဖြစ်သူများ သွန်းလုပ်ထားခြင်းဖြစ်သည့်အတွက် စွမ်းအားက အတိုင်းအဆမဲ့သည်။

ရွှေနေမင်း စက်ြာကို နေမင်းအဆီအနှစ် အသုံးပြုကာ သွန်းလုပ်ထားခြင်းဖြစ်ပြီး ပြိုင်ဘက်ကင်း ခုခံစွမ်းရည်ကို ပိုင်ဆိုင်ထားသော အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။

ရွှေလဝန်း စက်ြာက လအဆီအနှစ်ကို အသုံးပြုကာ သွန်းလုပ်ထားခြင်းဖြစ်ပြီး ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသော အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။

အတူတူ ပေါင်းစပ်လိုက်ပါက နေနှင့်လစွမ်းအင်များ ပေါင်းစပ်သွားကာ ပြိုင်ဘက်ကင်း အင်အားတစ်ခု ဖြစ်ပေါ်သွားစေသည်။

စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက်က နေရွှေလဝန်း စက်ြာများဖြင့် နတ်ဧကရာဇ်တစ်ပိုင်းကို သတ်ဖြတ်နိုင်သည်။

နေရွှေလဝန်း စက်ြာများက ကမ္ဘာဦးခေတ်အတွင်းတွင် အရမ်းကျော်ကြားသော်လည်း နတ်ဘုရားကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း ပြုတ်ကျသွားသည့်အချိန်မှစပြီး သူတို့လည်း ပျောက်ကွယ်သွားသည်။

ထိုရွှေစက်ြာများကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူတို့ကို နှစ်ပေါင်းသောင်းချီကြာတဲ့အထိ ပြင်ပလောကမှာ မတွေ့ရသည်က အဆန်းမဟုတ်ပေ။

မိန်းကလေးချင်းယွဲ့က နေရွှေလဝန်း စက်ြာများကို ဤနေရာတွင် မြင်တွေ့လိုက်ရသည့်အတွက် အလွန် အံ့ဩသွားခဲ့သည်။

ရုတ်တရက် ရွှေလဝန်း စက်ြာက အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းဖြင့် လင်းလက်နေပြီး ကောင်းကင်ကို ဖုံးလွှမ်းထားသည်။

အဆုံးမဲ့ လစွမ်းအင်က စုစည်းလာပြီး မိန်းကလေးချင်းယွဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူမနှင့်အတူ ပေါင်းစပ်သွားစေသည်။

မိန်းကလေးချင်းယွဲ့က ချက်ချင်း တုံ့ပြန်လိုက်သည်။ တောက်ပသော လအလင်းတန်းက သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

သူမ၏ နောက်မှ ငွေရောင် လခြောက်စင်း ထွက်ပေါ်လာကာ ရွှေလဝန်း စက်ြာဖြင့် ရောစပ်သွားသည်။

မိန်းကလေးချင်းယွဲ့က မဟာလမင်း ခန္ဓာတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသည့်အတွက် လစွမ်းအင်နှင့် အင်မတန် သင့်တော်သည်။ ထို့ကြောင့်လည်း ရွှေရွှေလဝန်း စက်ြာဖြင့် ပေါင်းစပ်နိုင်ခြင်း ဖြစ်သည်။

“ မောင်လေး…”

မိန်းကလေးချင်းယွဲ့က ရှန်ထျန်းကို တွေဝေစွာဖြင့် ကြည့်လိုက်သည်။

ဤနေရာကို ရှာတွေ့သူက ရှန်ထျန်းဖြစ်သော်လည်း ရတနာက သူမနှင့် ပေါင်းစပ်နေသည့်အတွက် သူမ ဘယ်လိုလုပ်ရမယ်မှန်းမသိ ဖြစ်နေသည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ စီနီယာအစ်မက ဒီပစ္စည်းနဲ့ ကံစပ်လာတာ။ အဲဒါကို ယူလိုက်လေနော်”

မူလအစကတည်းက ဤအရာက မိန်းကလေးချင်းယွဲ့၏ ကံအပြောင်းအလဲ အခွင့်အရေးဆိုတာကို သိသည်။

မိန်းကလေးချင်းယွဲ့ကို ကြည့်ရတာ အရမ်းကျေးဇူးတင်သွားပုံပေါ်သည်။ သူမ မတ်တပ်ရပ်ကာ ရွှေလဝန်း စက်ြာဆီသို့ ပျံသန်းသွားလိုက်သည်။

သို့သော် ငွေရောင်အလင်းတန်းမျက်နှာပြင်တစ်ခု မြင့်တက်လာကာ သူမ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ထိုအရာက အစီအရင်တစ်ခုဖြစ်ပြီး ရွှေလဝန်း စက်ြာကို ယူရန်အတွက် အလွယ်တကူ ဝင်သွားလို့ မရနိုင်ပေ။

မိန်းကလေးချင်းယွဲ့က သူမ၏ စွမ်းအားကို လည်ပတ်စေလိုက်သည့်အခါ သူမ၏ နောက်တွင် ငွေရောင် လခြောက်စင်းထွက်ပေါ်လာသည်။

လခြောက်စင်းကို အသက်သွင်းပြီးနောက် အဆုံးမဲ့ လအလင်းတန်းက ငွေရောင်မျက်နှာပြင်ဆီသို့ ဦးတည်သွားသည်။

လအလင်းတန်းများက လဓားသွားများကဲ့သို့ ဖြစ်နေပြီး အရမ်းစွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဒုန်း…ဒုန်း…ဒုန်း…

များပြားသော အသံများက လေထုထဲသို့ ပျံ့နှံ့သွားသည်။

လအလင်းတန်းတစ်ခုချင်းစီက ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး သာမန်ဝိဇ္ဇာတစ်ပါးကို သတ်ဖို့အတွက် လုံလောက်သည်။

လေးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်ပင် ထိုများပြားသော အလင်းတန်းများကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

လအလင်းတန်းများက ငွေရောင်မျက်နှာပြင်နှင့် ထိတိုက်မိကာ မရေတွက်နိုင်သော လှိုင်းများကို ဖန်တီးလိုက်သည်။

အံ့ဩစရာကောင်းစွာဖြင့် ဤနေရာတွင် ကွဲအက်သွားသည့် အရိပ်အယောင် လုံးဝ မရှိပေ။

ယခုလက်ရှိ မိန်းကလေးချင်းယွဲ့၏ အရည်အချင်းအရ ငွေရောင်မျက်နှာပြင်က အရမ်းသန်မာနေသည့်အတွက် ချိုးဖျက်နိုင်ဖို့ အချိန်အနည်းငယ် လိုအပ်သည်။

ရှန်ထျန်းက နောက်လှည့်ကာ ရွှေနေမင်း စက်ြာကို တစ်ချက်ကြည့်လိုက်သည်။

မိန်းကလေးချင်းယွဲ့က ရွှေလဝန်း စက်ြာ၏ အသိအမှတ်ပြုမှုကိုရရှိပြီး မူလ ကံအပြောင်းအလဲ အခွင့်အရေးထဲတွင် သိမ်းဆည်းထားသည်။

သို့သော် သူမက ဘယ်တော့မှ ရွှေနေမင်း စက်ြာ၏ အသိအမှတ်ပြုမှုကို ရအောင် လုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ရှန်ထျန်းအနေဖြင့် ထိုရတနာကို ယူလိုက်လျှင်ပင် မိန်းကလေး ချင်းယွဲ့၏ ကံကြမ္မာကို ထိခိုက်စေမည် မဟုတ်ပေ။

ဤပစ္စည်းက နေစွမ်းအားကို ပိုင်ဆိုင်ထားပြီး ဧရာမနေမင်း သူတော်စင် ခန္ဓာတည်ဆောက်ပုံရှိသော ကျင့်ကြံသူသာလျှင် တစ်သားတည်းဖြစ်အောင် လုပ်နိုင်မည်ဖြစ်သည်။

ရှန်ထျန်းကလည်း လတ်တလောလေးကမှ ဧရာမ နေမင်းသူတော်စင် ခန္ဓာတည်ဆောက်ပုံကို ရရှိထားသည်။

ထင်ထားသည့်အတိုင်း သူ၏ ဧရာမ နေမင်းသူတော်စင် ခန္ဓာတည်ဆောက်ပုံ အရှိန်အဝါကို ခံစားပြီးနောက် ရွှေနေမင်း စက်ြာက တောက်ပသော ရွှေရောင်အလင်းတန်းများဖြင့် ပေါက်ကွဲသွားသည်။

နေမင်း ထွက်ပေါ်လာသကဲ့သို့ လောင်ကျွမ်းနေသော စွမ်းအင်က ကောင်းကင်သို့ မြင့်တက်သွားသည်။

ရှန်ထျန်း၏ အကြည့်များလည်း တောက်ပသွားသည်။

ရွှေနေမင်း စက်ြာက အင်မတန်စွမ်းအားကြီးသော ခုခံစွမ်းအားကို ပိုင်ဆိုင်ထားသည့် အသုံးအဆောင်ပစ္စည်း တစ်ခု ဖြစ်သည်။ နေမင်းအဆီအနှစ်လည်း ပါဝင်နေသည့်အတွက် အထွတ်အထိပ်အဆင့် ထာဝရ အသုံးအဆောင်ပစ္စည်းများထဲတွင် ထိပ်တန်းပစ္စည်းတစ်ခု ဖြစ်သည်။

ရှန်ထျန်းက ထိုကဲ့သို့သော အဆင့်ရှိသည့် ရတနာဆီသွားဖို့အတွက် စိတ်ထင့်ခြင်း မရှိပေ။

သူ မတ်တပ်ရပ်ကာ ရွှေနေမင်း စက်ြာဆီသို့ ပျံသန်းသွားသည်။

တစ်ချိန်တည်းမှာပဲ ရွှေနေမင်း စက်ြာမှ တောက်ပသော ရွှေရောင်မျက်နှာပြင်တစ်ခုကို ထုတ်လွှတ်နေသည်။ ထိုအရာက မြေပြင်မှ အမြင့်ဆုံး ကောင်းကင်အထိ ဖြန့်ကျက်သွားပြီး စက်ြာကို ဖုံးအုပ်ထားလိုက်သည်။

ရတနာကို ယူဖို့အတွက် ရွှေရောင်မျက်နှာပြင်ကို ဖျက်စီးဖို့လိုအပ်သည်။

ရွှေရောင်မျက်နှာပြင်က စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုအရာက ရွှေရောင်စတီးခံတပ်ကြီးကဲ့သို့ ဖြစ်နေပြီး ဖျက်စီးလို့မရနိုင်ပေ။

ရွှေလဝန်း စက်ြာနှင့် နှိုင်းယှဉ်လိုက်လျှင် ရွှေနေမင်း စက်ြာက ပိုမိုမြင့်မားသော ခုခံနိုင်စွမ်းရှိသည်။ ထို့ကြောင့် ကာကွယ်ရေး အစီအရင်က ပိုပြီးတော့ ပြိုင်ဘက်ကင်းလှသည်။

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ဒီဟာက ဘယ်လောက်ထိ မာကြောလဲဆိုတာကို သိချင်မိသား ”

သူ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်လှုပ်ယမ်းတူက သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။

ဧရာမတူက ကမ္ဘာမြေကို လှုပ်ယမ်းပြီး တောင်တန်းနှင့် မြစ်များကို တစ်စစီဖြစ်သွားစေနိုင်လောက်သည့် ခမ်းနားကြီးကျယ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ရှန်ထျန်းက တူကို မြှောက်လိုက်ပြီး ပြင်းထန်သော စွမ်းအားကို စုစည်းပြီးနောက် ရွှေရောင်မျက်နှာပြင်ပေါ်သို့ ထုရိုက်လိုက်သည်။

ဝုန်း…

အာကာပြင်တစ်ခုလုံး တစ်စစီဖြစ်သွားတော့မည်ပုံစံဖြင့် တုန်လှုပ်သွားသည်။

ရွှေရောင်မျက်နှာပြင်က ထိတ်လန့်စရာကောင်းသော စွမ်းအားကို တောင့်ခံထားရသည့်အတွက် မရေတွက်နိုင်သော ပြင်းထန်သည့် လှိုင်းဂယက်များ ဖြစ်ပေါ်သွားစေသည်။

ထိုသို့ဆိုလျှင်ပင် ရွှေရောင်မျက်နှာပြင်က မကွဲအက်သေးပေ။

ရှန်ထျန်း၏ ရိုက်ချက်က ခြောက်ကြိမ်မြောက် စမ်းသပ်ချက်ဖြတ်ကျော်ထားသော ဝိဇ္ဇာအစစ်အမှန်၏ စွမ်းအားပြည့် တိုက်ခိုက်မှုနှင့် တူညီသည်။ သို့သော် မျက်နှာပြင် ကွဲအက်သွားအောင် မလုပ်နိုင်သေးပေ။

ရှန်ထျန်းက မရပ်တန့်ဘဲ နောက်ထပ်တစ်ခါ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

“တိုက်ပွဲသွေး ကောင်းကင်ကို လောင်ကျွမ်းခြင်း”

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲမှ အနီရင့်ရောင် မီးတောက်က ပေါက်ကွဲထွက်လာသည်။ သူ့အရှိန်အဝါက အံ့ဩစရာကောင်းသော အဆင့်များအထိ ရောက်ရှိသွားသည့်အတွက် ထိတ်လန့်စရာကောင်းသော တိုက်ပွဲအရှိန်အဝါလည်း ထိုးထွက်လာသည်။

ယခု ရှန်ထျန်းက ကြောက်စရာကောင်းသော တိုက်ပွဲကို တိုက်ရတော့မည့် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားအသွင်ကို ဆောင်နေသည်။

သူ့တူကို တစ်ခါ ထပ်မြှောက်လိုက်သည့်အခါ အရှိန်အဝါကလည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။

ပြီးခဲ့တဲ့ တိုက်ခိုက်မှုက ကြီးမားတဲ့ကျောက်တုံးဆိုရင် အခု တိုက်ခိုက်မှုက ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုပဲ

ဧရာမတူက ကြွေလာသော အနီရင့်ရောင် ကြယ်တစ်ပွင့်ကဲ့သို့ အနီရင့်ရောင်ဖြင့် တောက်ပနေကော ကမ္ဘာမြေကို တုန်လှုပ်သွားစေနိုင်သည့် စွမ်းအားကို လွှတ်ထုတ်နေသည်။

ထိုအခိုက်အတန့်တွင် အာကာပြင် အပိုင်းအစများ တစ်စစီဖြစ်သွားပြီး ဗလာနတ္ထိဖြစ်နေသော လေဟာနယ်ကိုသာ ကျန်ရှိစေတော့သည်။

ထို ကြွေကျလာသော အနီရင့်ရောင် ကြယ်က ရပ်တန့်လို့မရနိုင်ပေ။ ရွှေရောင်မျက်နှာပြင်ကို ရိုက်ခတ်သွားသည့်အခါ ထိတ်လန့်စရာကောင်းသော အံ့ဖွယ်စွမ်းအင်က ပြင်းထန်သော ဆူနာမီလှိုင်းလုံးများကဲ့သို့ နေရာအနှံ့ပျံ့နှံ့သွားစေသည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် ရွှေရောင်မျက်နှာပြင် ကွဲအက်သွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ရှန်ထျန်းက မတ်တပ်ရပ်ကာ လက်ထဲရှိ ရွှေနေမင်း စက်ြာကို ကိုင်ထားလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲတွင် လောင်ကျွမ်းနေသော နေစွမ်းအင်ကို ချက်ချင်း ခံစားလိုက်ရသည်။

ဧရာမနေမင်းသူတော်စင် ခန္ဓာတည်ဆောက်ပုံက စက်ြာနှင့် ပေါင်းစပ်သွားပြီ ဖြစ်သည်။ နေမီးလျှံအစစ်ကလည်း ထိုးဖောက်ထွက်လာကာ ရွှေနေမင်း စက်ြာဖြင့် ပေါင်းစပ်သွားသည်။

ခမ်းနားသော အံ့ဖွယ်မီးတောက်က ရွှေနေမင်း စက်ြာဖြင့် ပေါင်းစပ်သွားကာ အဆုံးမဲ့ အံ့ဖွယ်အလင်းကို ထုတ်လွှတ်နေသည်။

ထိုနှစ်ခုက အချင်းချင်း ထောက်ပံ့ထားကာ ပိုပြီးတော့ စွမ်းအားကြီးသော အင်အားတစ်ခုကိုသာ ထုတ်လွှတ်ပေးနေသည်။

“ ဒါက တကယ်ကို ကောင်းမွန်တဲ့ ရတနာတစ်ပါးပဲ”

ရှန်ထျန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ဒီခရီးက အလကားတော့ မဖြစ်ဘူးပဲ

သူက ကံအပြောင်းအလဲ အခွင့်အရေးကို မျှယူနိုင်ခဲ့ရုံတင် မကသေးဘူး အထွတ်အထိပ်အဆင့် ထာဝရအသုံးအဆောင်ပစ္စည်းကိုတောင် ရခဲ့သေးတယ်

ထို့နောက် ရှန်ထျန်းက မိန်းကလေးချင်းယွဲ့ကို ကြည့်လိုက်သည့်အခါ သူမ တတ်နိုင်သလောက် အစွမ်းကုန် တိုက်ခိုက်နေသော်လည်း ဘာမှမထူးဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဤအစီအရင်ကို ချိုးဖျက်နိုင်ဖို့အတွက် ခြောက်ကြိမ်မြောက် စမ်းသပ်ချက်ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်စွမ်းအားကို လိုအပ်သည်။

မိန်းကလေးချင်းယွဲ့က လေးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသည့် ဝိဇ္ဇာအစစ်အမှန်စွမ်းအားကို ထုတ်လွှတ်နိုင်သော်လည်း ရွှေလဝန်း စက်ြာ၏ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးဖို့အတွက် အရမ်းခက်ခဲနေသည်။

မူလ ကံအပြောင်းအလဲ အခွင့်အရေးထဲရှိ မျက်နှာပြင်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ရန်အတွက် မိန်းကလေးချင်းယွဲ့အနေဖြင့် နှစ်ပေါင်းများစွာ အချိန်ယူဖို့ လိုအပ်သည်။

ရှန်ထျန်းက ဤနေရာတွင် နှစ်ပေါင်းများစွာ ကုန်ဆုံးလိုသည့် ဆန္ဒမရှိပေ။ သူရှေ့တိုးသွားကာ ပြောလိုက်သည်

“ စီနီယာအစ်မ ကျွန်တော် ကူညီပေးပါရစေ”

ထို့နောက် ရှန်ထျန်းက တူကို မြှောက်ကိုင်ကာ ငွေရောင် မျက်နှာပြင်ကို ထုရိုက်လိုက်သည်။

ဝုန်း…

ငွေရောင်မျက်နှာပြင်က ချက်ချင်း ပြိုလဲသွားသည်။

မိန်းကလေးချင်းယွဲ့ အံ့ဩမှင်သက်သွားသည်။

ငါ အားအင်တွေ အများကြီး စိုက်ထုတ်ခဲ့ပေမဲ့ ဘာမှထူးမလာဘူး

ဒါပေမဲ့ မောင်လေးရှန်ထျန်းရဲ့ ရိုက်ချက်တစ်ချက်ကြောင့် ကျိုးပဲ့သွားတယ်တဲ့လား

သူက အရမ်းစွမ်းအားကြီးတာပဲ

ရှန်ထျန်းက ရွှေလဝန်း စက်ြာကို ရယူကာ မိန်းကလေးချင်းယွဲ့ထံပေးလိုက်သည်

“ ဒါက စီနီယာ အစ်မအတွက်ပါ”

မိန်းကလေးချင်းယွဲ့ အခုမှ အသိစိတ်ပြန်ဝင်သွားသည်။ သူမက တောက်ပနေသော ရွှေလဝန်း စက်ြာကို စိုက်ကြည့်ကာ တပ်မက်စိတ်ကို မထိန်းနိုင်ပေ။ ဤရတနာက သူမ၏ အရည်အချင်းနှင့် သင့်လျော်ပြီး တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။

သူမက လိုချင်စိတ်ပြင်းပြနေသော်လည်း ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်

“ ဒါကိုရတဲ့သူက မောင်လေးလေ။ ဘာလို့ ငါ့ကို ပေးနေရတာလဲ”

ကျင့်ကြံရေးလောက၏ စည်းမျဉ်းများအရ ရတနာကို ရရှိသူသာ ပိုင်ဆိုင်နိုင်သည်။

ရွှေလဝန်း စက်ြာကို ရရှိသူက ရှန်ထျန်းဖြစ်သည့်အတွက် သူ ပိုင်ဆိုင်သင့်သည်။ ထို့အပြင် သူမ၏ စွမ်းအားဖြင့် ထိုအစီအရင်ကို ချိုးဖျက်နိုင်မလားဆိုတာက မေးခွန်းထုတ်စရာဖြစ်နေသည်။

မိန်းကလေးချင်းယွဲ့ ငြင်းဆန်လိမ့်မည်ဟု မထင်ထားသည့်အတွက် ရှန်ထျန်းက အနည်းငယ် ကြောင်အသွားသည်။

သူက ခြောက်ကပ်ကပ်နိုင်စွာ ရယ်လိုက်ပြီး ပြောသည်

“ စီနီယာအစ်မချင်းယွဲ့က ဒီရတနာနဲ့ ကံစပ်တယ်လေ။ ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ”

ဤအထွတ်အထိပ်အဆင့် ထာဝရအသုံးအဆောင်ပစ္စည်းက အဖိုးမဖြတ်နိုင်သော်လည်း ရှန်ထျန်းအတွက်တော့ သိပ်ပြီး တန်ဖိုးမရှိပေ။

ထို့အပြင် သူ့ဆီမှာ နတ်ဧကရာဇ်နှင့် နတ်ဧကရာဇ်တစ်ပိုင်း အသုံးအဆောင်ပစ္စည်းများစွာ ရှိနေသည်။

သူ၏ အံ့ဖွယ်နေမင်း မီးပြင်းဖိုနှင့် ကောင်းကင်အံ့ဖွယ် တုတ်ချောင်းတို့က အရမ်းစွမ်းအားကြီးသော အသုံးအဆောင်ပစ္စည်းများဖြစ်ပြီး ရွှေနေမင်း စက်ြာကိုလည်း ရထားသေးသည်။ သူက ရွှေလဝန်း စက်ြာကိုပါ ယူရလောက်သည်အထိ လောဘမကြီးပေ။

ထို့အပြင် ဤအရာက မူလကတည်းက မိန်းကလေးချင်းယွဲ့၏ ကံအပြောင်းအလဲ အခွင့်အရေးဖြစ်သည်။

မိန်းကလေးချင်းယွဲ့က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ မင်း ရထားတာဆိုတော့ မင်းရဲ့ ကံအပြောင်းအလဲ အခွင့်အရေးပဲလေ။

ပြီးတော့ မောင်လေးက ရွှေနေမင်း စက်ြာကိုလည်း ရထားသေးတယ်လေ။ ရွှေလဝန်း စက်ြာနဲ့ အတူတူသာ အသုံးပြုလိုက်မယ်ဆိုရင် သူတို့ရဲ့ စွမ်းအားကို နောက်ထပ်တစ်ဆင့်အထိ တိုးမြှင့်ပေးနိုင်တယ်။

ဒါက တကယ်ကို ကောင်းတဲ့ ရတနာတစ်ပါးပဲ။ မင်းပဲ သိမ်းထားလိုက်ပါ”

မိန်းကလေးချင်းယွဲ့က ငြင်းဆန်ဖို့အတွက် ဆုံးဖြတ်ထားသည်။

အဓိကအကြောင်းအရင်းက သူမကို ဤနေရာသို့ ခေါ်လာပေးသူက ရှန်ထျန်း ဖြစ်နေသောကြောင့်ဖြစ်သည်။

ရှန်ထျန်း ရွှေလဝန်း စက်ြာကို ယူထားနိုင်သောကြောင့်လည်းပါသည်။

သူမ အားစိုက်ထုတ်ထားတာလည်း မရှိပဲနဲ့ ရတနာကို ယူရလောက်တဲ့အထိ ဘယ်လိုလုပ်ပြီးတော့ အရှက်မရှိ ပြုမူနိုင်ပါ့မလဲ

သူမက ဉာဏ်အလင်းပွင့်နယ်မြေမှာ ရောက်ရှိနေရရုံဖြင့် ကျေနပ်နေပြီဖြစ်သည်။

ရှန်ထျန်း အလွန်အံ့ဩမှင်သက်သွားမိသည်။ သူ ခေါင်းကုတ်ကာ ပြောလိုက်သည်

“ စီနီယာအစ်မသာ ဒါကို မလိုချင်ဘူးဆိုရင် ကျွန်တော် လွှင့်ပစ်လိုက်တော့မယ်”

ထို့နောက် ရှန်ထျန်းက ရွှေလဝန်း စက်ြာကို လွှင့်ပစ်တော့မည့်ပုံစံ ဖမ်းလိုက်သည်။ မိန်းကလေးချင်းယွဲ့သာ ဤစက်ြာကို လက်မခံပါက သူ့ကံကြမ္မာလည်း တိုးတက်လာခြင်း ရှိမည် မဟုတ်ပေ။

ဒါဆိုရင် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်သွားမှာပဲ

“ မလုပ်ပါနဲ့ အစ်မ လက်ခံပါ့မယ်”

မိန်းကလေးချင်းယွဲ့က အမြန်ပြောလိုက်သည်။ သူမ စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ပေ။

ဂျူနီယာမောင်လေးက တကယ်ကို ချမ်းသာတာပဲ။ သူက အထွတ်အထိပ်အဆင့် ထာဝရအသုံးအဆောင်ပစ္စည်းကိုတောင် လွှင့်ပစ်နိုင်တယ်။

သို့သော် သူမ၏ စိတ်ထဲတွင် ရှန်ထျန်းက သူမ ရွှေလဝန်း စက်ြာကို လက်ခံလာအောင် လုပ်ဖို့အတွက် ဟန်ဆောင်နေသည်ဆိုတာကို သိသည်။

မိန်းကလေးချင်းယွဲ့ အင်မတန် ကျေးဇူးတင်မိနေသည်။

မောင်လေးက ငါ့အပေါ် အရမ်းကောင်းတယ်

သူက ရွှေလဝန်း စက်ြာလိုမျိုး တန်ဖိုးကြီးတဲ့ ရတနာကိုတောင် ငါ့ဆီ ပေးချင်နေတယ်

သူ ငါ့ကို တကယ် သဘောကျနေတာများလား

မိန်းကလေးချင်းယွဲ့ ရွှေလဝန်း စက်ြာ လက်ခံလိုက်သည်ကို မြင်မှသာ သက်ပြင်းချနိုင်တော့သည်။

ရှန်ထျန်း အကြံတစ်ခုရသွားသည့်အတွက် မိန်းကလေးချင်းယွဲ့ဆီ ကမ်းပေးကာ ပြောလိုက်သည်

“ စီနီယာအစ်မ ဒါက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးပါ။ ဒါက မွေးရာပါ အရည်အချင်းကို တိုးမြှင့်ပေးနိုင်ပြီးတော့ နားလည်နိုင်စွမ်းကို တိုးပွားစေတယ်”

ထိုအရာက ထာဝရငှက်ပျောသီးမှ သန့်စင်ထားသည့် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးဖြစ်သည်။

မိန်းကလေးချင်းယွဲ့က ရှန်ထျန်း၏ လက်ထဲရှိ တောက်ပလုံးဝန်းသောဆေးလုံးကို ကြည့်လိုက်သည်။ သိပ်သည်းသော ရနံ့ကြောင့် သူမ၏ ခန္ဓာကိုယ်တုန်လှုပ်သွားသည်။

ဤဆေးလုံးက ဘယ်လောက်ထိ အလားအလာကောင်းလဲဆိုတာကို သူမ ခံစားနိုင်သည်။ အကန့်အသတ်မဲ့ အံ့ဖွယ်အလင်းတန်းက ဖုံးလွှမ်းထားပြီး ကမ္ဘာလောက၏ သဘာဝအစီအရင်များကို ဆွဲဆောင်နိုင်သည်။

ထိုအရာက သေချာပေါက် ပြိုင်ဘက်ကင်း နတ်ဧကရာဇ်အဆင့် ဆေးလုံးဖြစ်လိမ့်မည်။

ထိုကဲ့သို့ နတ်ဧကရာဇ်အဆင့် ဆေးလုံးကို ရှန်ထျန်းက သူမဆီ ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ပြင်ပလောကတွင် ဤကဲ့သို့သော အဆင့်မျိုးရှိသည့် ဆေးလုံးက ဝိဇ္ဇာများကိုပင် ရူးသွပ်သွားစေနိုင်သည်။ မရေတွက်နိုင်သောသူများက ထိုအရာကို ရဖို့အတွက် တိုက်ခိုက်ကြလိမ့်မည်။

ထိုကဲ့သို့သောဆေးမျိုးက အဖိုးမဖြတ်နိုင်ပေ။

ဒီလိုမျိုး တန်ဖိုးကြီးတာကိုပင် ရှန်ထျန်းက သူမကို ပေးချင်နေသေးသည်။

ထို့ကြောင့် မိန်းကလေးချင်းယွဲ့၏ နှလုံးသားလေး လှုပ်ခတ်သွားသည်။

မောင်လေး ရှန်ထျန်းက ငါ့အပေါ် အရမ်းကောင်းတာပဲ

သူ ငါ့ကို ကြိုက်နေတာပဲ ဖြစ်ရမယ်

ဒါ သူ့အချစ်ကို ဝန်ခံတဲ့ပုံစံလား

ငါ လက်ခံသင့်လား

ဒါပေမဲ့ မောင်လေး ရှန်ထျန်းက အရမ်းငယ်နေသေးတယ်

ငါသာ သူနဲ့အတူတူနေမယ်ဆိုရင် …

မိန်းကလေးချင်းယွဲ့ စိတ်ရှုပ်ထွေးနေမိသည်။

သူမကို ရှန်ထျန်းက နတ်ဧကရာဇ်အဆင့်ဆေးလုံး ပေးလိမ့်မည်ဟု သူမ တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။

ဒီပစ္စည်းက ရွှေလဝန်း စက်ြာထက်ပိုပြီးတော့ တန်ဖိုးရှိတယ်

ရှန်ထျန်းက သူမကို ကြိုက်နေသည်ဟု မိန်းကလေးချင်းယွဲ့က ယုံကြည်ထားသည်။

သူ အရမ်းရက်ရောနေတယ်ဆိုတာကလည်း အဲဒါကြောင့်ပဲ ဖြစ်နိုင်တယ်

သူမ အရှက်သည်းကာ တိုးတိုးလေး ရေရွတ်လိုက်သည်

“ မောင်လေး ဒီလိုမျိုး လုပ်ဖို့ မလိုပါဘူး။ ဒီလိုမျိူး မလုပ်ရင်တောင် လက်ခံမှာပါ…”

“ စီနီယာအစ်မ ဘာတွေပြောနေတာလဲ”

ရှန်ထျန်းက နားမလည်သည့်ပုံစံဖြင့် ခေါင်းကုတ်လိုက်သည်။

မိန်းကလေးချင်းယွဲ့က အသိစိတ်ပြန်ဝင်လာပြီး အလျင်အမြန် ရှင်းပြလိုက်သည်

“ ဒါက မောင်လေးရဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေ။ ဘယ်လိုလုပ်ပြီးတော့ အစ်မဆီ ပေးနိုင်ရတာလဲ။ ဒီနတ်ဧကရာဇ်အဆင့် ဆေးလုံးက အရမ်းတန်ဖိုးရှိတယ်လေ။ ကိုယ့်အတွက်ကိုပဲ သိမ်းထားလိုက်ပါ”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ စီနီယာအစ်မ မူမနေပါနဲ့တော့။ လက်ခံလိုက်ပါနော်။ ကျွန်တော်မှာ ဆေးလုံးအပိုတွေ ရှိပါသေးတယ်”

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်နေခဲ့သည်။ ထို့ကြောင့် မိန်းကလေးချင်းယွဲ့၏ စွမ်းအား တိုးတက်လာခြင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအတွက်လည်း အကျိုးအမြတ်ရရှိစေနိုင်သည်။

ထို့အပြင် နယ်မြေငါးခုဆီသို့ ကပ်ဘေးကြီးကလည်း ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ထိုအရာက အထွတ်အမြတ်မြေများ ရင်ဆိုင်ရမည့် ပြဿနာတစ်ခု ဖြစ်သည်။

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ထိုကပ်ဘေးကို ရင်ဆိုင်ရသည့်အခါ အုပ်စုတစ်ခုထဲမှာ သေချာပေါက် ရှိနိုင်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဘာမှအရေးမကြီးတော့ပေ။

ထို့အပြင် သူ့ဆီမှာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးများစွာရှိသည်။

သူက ဆေးလုံး ၃၆ လုံးကို ဖော်စပ်ခဲ့သည်။

သူ့ဆီမှာ လုံလောက်တာထက်ပိုသည်။

မိန်းကလေးချင်းယွဲ့က ရှန်ထျန်းပြောတာကို ကြားပြီးနောက် ခေါင်းညိတ်ပြကာ ဖော်ပြလို့မရနိုင်သောအရာက သူမ၏ အကြည့်ထဲတွင် ဖြတ်ပြေးသွားသည်။

မောင်လေးရှန်ထျန်းက ငါ့အပေါ် အရမ်းကောင်းတယ်

ငါ သူ့ရဲ့ ကြင်နာမှုကို ပြန်ပြီးတော့ မပေးဆပ်နိုင်ဘူး

မောင်လေး ငါ့ဆီကနေ ဘာပဲတောင်းဆိုပါစေ ပေးဖို့ ဆန္ဒရှိတဲ့ ငါ့ရဲ့ ခန္ဓာကိုယ်အပါအဝင်ပေါ့

All Chapters