← Chapters

လနတ်ဘုရားမ ခန္ဓာတည်ဆောက်ပုံ… ဟွမ်ထျန်း စစ်တုရင်ခုံ

Vol. 31 Ch. 455

လနတ်ဘုရားမ ခန္ဓာတည်ဆောက်ပုံ… ဟွမ်ထျန်း စစ်တုရင်ခုံ

Vol. 31 Ch. 455

အခန်း (၄၅၅) : လနတ်ဘုရားမ ခန္ဓာတည်ဆောက်ပုံ… ဟွမ်ထျန်း စစ်တုရင်ခုံ

မိန်းကလေးချင်းယွဲ့ ရွှေလဝန်း စက်ြာကို ရရှိပြီးနောက် သူမ၏ ရောင်ဝါစက်ဝန်းက ခရမ်းရောင်အလင်းတန်းဖြင့် တောက်ပနေသည်။

တောက်ပနေသော ခရမ်းရောင်အလင်းတန်းက ရောင်ဝါစက်ဝန်းကို ပတ်လည်ဝန်းရံထားပြီး သူမ၏ ကံကြမ္မာကလည်း အလျင်အမြန် မြင့်တက်လာသည်။

အလင်းတန်း ပိုမိုတောက်ပလာသည်နှင့်အမျှ ခရမ်းရောင် ရောင်ဝါစက်ဝန်းက ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားသည်။

ဤနေရာက မူလကတည်းက မိန်းကလေးချင်းယွဲ့၏ ကံအပြောင်းအလဲ အခွင့်အရေးနေရာဖြစ်သည့်အတွက် ရှန်ထျန်း၏ အကူအညီဖြင့် ရွှေလဝန်း စက်ြာကို ရရှိပြီးနောက် သူမ၏ ကံကြမ္မာလည်း မြင့်တက်သွားသည်။

ထို့ကြောင့် ရှန်ထျန်း၏ ကံကြမ္မာလည်း မြင့်တက်သွားသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်ပြည့်ဝသွားသည့်အတွက် ထပ်မံပြီး လေထဲမြောနေသလို ခံစားနေရပြန်သည်။

သူ့ခေါင်းပေါ်ရှိ ရွှေရင့်ရောင် ရောင်ဝါစက်ဝန်းက ပိုမိုတောက်ပလာသည်။

ပတ်လည်ဝန်းရံနေသော ခရမ်းရောင်အလင်းတန်းလည်း များပြားလာသည်။

အဆုံးသတ်တွင် ခရမ်းရောင်နှင့် ရွှေရောင်တို့ ပေါင်းစပ်သွားကာ ခရမ်းရွှေရောင် ကံကြမ္မာစက်ဝန်းဖြစ်ပေါ်လာသည်။

ရှန်ထျန်း အပျော်လွန်သွားသည်။ သူ၏ ကံကြမ္မာက ချီရှောက်ရွှမ်နှင့် ပထမဆုံး တွေ့ဆုံစဉ်က ချီရှောက်ရွှမ်၏ ကံကြမ္မာနှင့် နှိုင်းယှဉ်လို့ ရနိုင်ပြီဖြစ်သည်။

အဲဒီအချိန်တုန်းက ချီရှောက်ရွှမ်ကို ကံကြမ္မာသားတော်ဟုခေါ်ဖို့အတွက် ထိုက်တန်ခဲ့သည်။

သူ၏ ခရမ်းရွှေရောင် ရောင်ဝါစက်ဝန်းဖြင့် များပြားသော ကံအပြောင်းအလဲ အခွင့်အရေးများကို ရရှိခဲ့သည်။

သူ့ ကံကြမ္မာက အရမ်းမြင့်သည့်အတွက် နတ်ဧကရာဇ်တစ်ပါး၏ အရည်အချင်းမျိုးရှိသည်ဟု အားလုံးက ပြောခဲ့ကြသည်။

ထို့ကြောင့် ယခု ရှန်ထျန်းက ခရမ်းရွှေရောင် ရောင်ဝါစက်ဝန်းကို ရရှိသွားသည့်အတွက် စိတ်လှုပ်ရှားနေမိသည်။ သူ့ဘာသာသူ ကံအပြောင်းအလဲ အခွင့်အရေးများ ရှာလျှင်ပင် ဒီထက်ပိုပြီး ကံဆိုးတော့မည် မဟုတ်ပေ။

သန့်စင်သော ခရမ်းရောင် ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားသည့် ကံကြမ္မာသားတော်၊ သမီးတော်များနှင့်တော့ နှိုင်းယှဉ်လို့ မရနိုင်သေးပေ။

ရှန်ထျန်းက ထိုအတွေးကြောင့် သက်ပြင်းချလိုက်မိသည်။

ငါ ဆက်ပြီးတော့ အလကားမျှယူနေဖို့ လိုအပ်တယ်။ ငါ ဆက်ပြီးတော့ အလုပ်ကြိုးစားဖို့ လိုတယ်

ယခင်တုန်းကလည်း မရေတွက်နိုင်သော ကံကြမ္မာသားတော်၊ သမီးတော်များစွာရှိပြီး ခရမ်းရောင် ရောင်ဝါစက်ဝန်းက မရှားပါးပေ။

သို့သော် သူတို့က အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားပြီး မေ့ပျောက်ခြင်းကို ခံလိုက်ရသည်။

မြင့်မားသော ကံကြမ္မာက အရာအားလုံးဟု မဆိုနိုင်သေးပေ။

သူတို့ ကြောက်စရာကောင်းသော ကောင်းကင်မိုးကြိုးစမ်းသပ်ချက်များနှင့် ကြုံတွေ့သည့်အခါ သူတို့အတွက် အန္တရာယ်များနိုင်သည်။

သူတို့၏ ကံကြမ္မာက ထိတ်လန့်စရာကောင်းလောက်သည့် အဆင့်ထိမရောက်ခင် သူတို့၏ ကံကြမ္မာ ဘယ်လောက်ထိ မြင့်မားနေပါစေ သေခြင်းကို ကြုံတွေ့နေရဦးမည်  ဖြစ်သည်။

ထို့ကြောင့် သူတို့၏ ခွန်အားကလည်း အင်မတန် အရေးပါသည်။

ထို့ကြောင့်လည်း ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို မိန်းကလေးချင်းယွဲ့ဆီ ပေးခဲ့ခြင်းဖြစ်သည်။

ကံကြမ္မာသားတော်၊ သမီးတော်များပင် ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို ဘေးကင်းကင်း ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

ခွန်အားတိုးလာမှသာ အသက်ရှင်နိုင်ချေလည်း ပိုမိုမြင့်တက်လာမည် ဖြစ်သည်။

ထို့ကြောင့် ရှန်ထျန်းက ကံကြမ္မာမြင့်သောသူများနှင့် တွေ့လျှင် သူတတ်နိုင်သလောက် အကောင်းဆုံး ကူညီခြင်းဖြစ်သည်။

မိန်းကလေးချင်းယွဲ့၏ ခွန်အားတိုးတက်လာပါက ရှန်ထျန်းလည်း အကျိုးအမြတ် ရနိုင်သည်။

“ စီနီယာအစ်မ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို စားလိုက်နော်။ အစ်မကို စောင့်ရှောက်ပေးမယ်”

ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို ပေးလိုက်ပြီး စားဖို့အတွက် ဟန်လုပ်ပြလိုက်သည်။

ဤနေရာက စွမ်းအားကြီးသော တာအိုအငွေ့အသက်နှင့် ဝိညာဉ်ချီတို့ ပါဝင်သည့် ထူးခြားသည့်နေရာဖြစ်သည်။

ဤနေရာမှာသာ ကျင့်ကြံပါက ဉာဏ်အလင်းပွင့်ခြင်းနှင့် ကျင့်ကြံခြင်းများမှ အကျိုးသက်ရောက်မှုများက ပြင်ပလောကထက် ပိုပြီးတော့ အားကောင်းသည်။

မိန်းကလေးချင်းယွဲ့သာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်သုံးလိုက်ပါက ဉာဏ်အလင်းပွင့်ဖို့အတွက် သူမ၏ ခန္ဓာတည်ဆောက်ပုံနှင့် ပင်ကိုယ်စွမ်းရည်ကို ပြောင်းလဲပေးနိုင်သည်။

ထို့နောက် သူမ၏ ဉာဏ်အလင်းပွင့်မှုနှင့် ကျင့်ကြံခြင်းအရှိန်က အလျင်အမြန် မြင့်တက်သွားမည်ဖြစ်သည်။

မိန်းကလေးချင်းယွဲ့က လက်အချင်းချင်း ဆုပ်ကိုင်ကာ ပြောလိုက်သည်

“ ကျေးဇူးပါနော် မောင်လေး”

ဤဆေးလုံးက ထူးခြားသည်ဆိုတာကို သူမ အာရုံခံနိုင်သည့်အတွက် ထိုအရာက သူမကို အရမ်းဆွဲဆောင်နေသည်။

နတ်ဧကရာဇ်ဆေးလုံးက ရရှိဖို့ခက်ခဲသည့်အတွက် ကျင့်ကြံသူ၏ ပင်ကိုယ်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သော ပြိုင်ဘက်ကင်းဆေးလုံးက ရရှိဖို့ ပိုမိုခက်ခဲသည်ကို ပြောစရာပင် မလိုတော့ပေ။

ထိုကဲ့သို့သော အံ့ဩစရာကောင်းသည့် ဆေးလုံးမျိုး ရှေးဟောင်းစာအုပ်များထဲတွင်ပင် မှတ်တမ်းတင်ထားခြင်း မရှိပေ။

သူမက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ ဆန်းကြယ်သော အကျိုးသက်ရောက်မှုများကို ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ဆီမှ ကြားထားပြီးပြီဖြစ်သည်။ ထို့ကြောင့် ဤဆေးလုံးက ဘယ်လောက်ထိ ထူးခြားလဲဆိုတာကို သူ သိသည်။

သို့သော် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ် သုံးသော ဆေးလုံးက နတ်ဧကရာဇ်တစ်ပိုင်း ဆေးလုံး ဖြစ်သည်။

ယခု သူမ၏ လက်ထဲတွင်ရှိနေသော ဆေးလုံးက နတ်ဧကရာဇ်ဆေးလုံးအစစ် ဖြစ်သည်။

ထိုဆေးလုံးနှစ်လုံးကြားက ကွာခြားမှုက မိုးနှင့်မြေလောက် ကွာခြားသည်။

ထိုကဲ့သို့သော တန်ဖိုးကြီးဆေးလုံးကို ရှန်ထျန်းက သူမကို ပေးသည့်အတွက် သူမ အရမ်းစိတ်လှုပ်ရှားမိပြီး ကျေးဇူးတင်နေမိသည်။

သူမ မငြင်းဆိုဘဲ အလျင်အမြန် တင်ပျဉ်ခွေထိုင်ပြီး ကောင်းကင်ပြုပြင်ရေးဆေးလုံးကို စားကာ စုပ်ယူလိုက်သည်။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးက သူမ၏ ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် နွေးထွေးသော စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူမ၏ ခြေလက်များ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကို ဖြတ်သန်းစီးဆင်းသွားသည်။

ထိုအခိုက်အတန့်တွင် မိန်းကလေးချင်းယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေသည်။

ခမ်းနားသော အလင်းတန်းက သူမကို ပတ်လည်ဝန်းရံထားသည်။

ငွေရောင် လခြောက်စင်းက သူမအနောက်မှ ထွက်ပေါ်လာကာ လေလာရာအတိုင်း ယိမ်းနွဲ့နေပြီး မြေပြင်ပေါ်သို့ တောက်ပသော အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်နေသည်။

ကောင်းကင်ရှိ ငွေရောင်လမင်းများ ပတ်လည်တွင် အဆုံးမဲ့ ယင်အရှိန်အဝါများ စုစည်းနေသည့်ပုံစံက ကြယ်အစုအဝေးက ကောင်းကင်မှ ပြုတ်ကျလာသည့်ပုံစံမျိုး ဖြစ်နေသည်။

ငွေလမင်း၏ အလင်းတန်းနှင့် ယင်အရှိန်အဝါတို့ ပေါင်းစပ်သွားသည့်အခါ ကောင်းကင်ကို ထွန်းလင်းသွားစေပြီး လှပသောမြင်ကွင်းတစ်ခုကို ဖန်တီးပေးသည်။

မှုန်မှိုင်းသောအလင်းရောင် နောက်ခံကြောင့် မိန်းကလေးချင်းယွဲ့က ထူးခြားသည့်ပုံစံဖြင့် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးအသွင် ဆောင်နေသည်။

သူမ၏ အရှိန်အဝါက မြင့်တက်နေဆဲဖြစ်ပြီး အံ့ဩမှင်သက်စရာကောင်းသောနှုန်းသို့ ရောက်ရှိနေပြီဖြစ်သည်။

ထို့နောက် မိုးကြိုးခြိမ်းသံတစ်ခုထွက်ပေါ်လာကာ ကောင်းကင်မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များ စုဝေးလာသည့်အတွက် ကောင်းကင်ကို မဲမှောင်သွားစေသည်။

မိန်းကလေးချင်းယွဲ့၏ အရှိန်အဝါက အဆင့်တက်တော့မည်ကို အာရုံခံမိလိုက်သည့်အခါ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်တိမ်တိုက်များ တစ်ခါထပ်မံ စုဝေးလာပြန်သည်။

ဝုန်း…

မိုးကြိုးစမ်းသပ်ချက်က ကောင်းကင်မှ အံ့ဩမှင်သက်စရာကောင်းသော အရှိန်အဝါဖြင့် ဆင်းသက်လာသသော ရေမြွေတစ်ကောင်၏ ရိုက်ချက်နှင့် ထပ်တူကျသည်။

ထိုအရာက ပြင်းထန်သော ခွန်အားရှိသည့် ဝိဇ္ဇာ၏ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ဖြစ်သည်။

သို့သော် မိန်းကလေးချင်းယွဲ့က သာမန်ဝိဇ္ဇာအဆင့်ကို ကျော်လွန်သွားပြီဖြစ်သည့်အတွက် ဖိအားအများကြီး မခံစားရပေ။

သူမက ကာကွယ်ဖို့အတွက် ငွေရောင်လမင်းများကို အသုံးပြုကာ တိုက်ခိုက်ဖို့အတွက် ရွှေလဝန်း စက်ြာကို အသုံးပြုသည်။

သူမက အဆုံးမဲ့ ယင်အရှိန်အဝါကို အသုံးပြုကာ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်နှစ်ခုကို ဖြတ်ကျော်နိုင်ခဲ့သည်။

မိန်းကလေးချင်းယွဲ့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးနောက် ကျင့်ကြံဆင့်လည်း မြင့်တက်သွားသည်။ သူမ တစ်ကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာမှ သုံးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားသော ဝိဇ္ဇာဖြစ်သွားသည်။

သူမ၏ နောက်ရှိ ငွေရောင် လခြောက်စင်း၏ ဘေးပတ်လည်တွင် စည်းမျဉ်းများ၏ ဝန်းရံမှုကြောင့် ပြောင်းလဲသွားသည်။

နောက်ထပ် ငွေရောင် လခြောက်စင်း ထွက်ပေါ်လာသည့်အတွက် ယခုလက်ရှိတွင် ကောင်းကင်၌ လ၁၂စင်းဖြစ်သွားပြီဖြစ်သည်။

လ၁၂စင်းက ကျယ်ပြန့်သော ကောင်းကင်ကို  ပြည့်နှက်သွားစေပြီး သူမတူသော မြင်ကွင်းမျိုးကို ပုံဖော်ပေးနေသည်။

ကျင့်ကြံသူတစ်ယောက်က မဟာလမင်း ခန္ဓာတည်ဆောက်ပုံကို အဆုံးစွန်ထိရောက်အောင် ကျင့်ကြံပြီး သူတို့၏ ရှေးဟောင်းမျိုးဆက်ကို လှုပ်နှိုးလိုက်မှသာလျှင် ထိုကဲ့သို့သော ပုံရိပ်သဏ္ဌာန်ပေါ်လာနိုင်သည်။

လနတ်ဘုရားမ ခန္ဓာတည်ဆောက်ပုံက မဟာလမင်း ခန္ဓာတည်ဆောက်ပုံ၏ အထက်တွင် တည်ရှိသည်။

ဤအရာက စစ်မှန်သော ပြိုင်ဘက်ကင်း ခန္ဓာတည်ဆောက်ပုံ ဖြစ်သည်။

ထိုကဲ့သို့သော ခန္ဓာတည်ဆောက်ပုံက ရှေးပဝေဏီခေတ်မှာပင် ပြိုင်ဘက်ကင်းသော တည်ရှိမှုမျိုးဖြစ်ပြီး ပြိုင်ဘက်ကင်း ဝိဇ္ဇာခန္ဓာတည်ဆောက်ပုံနှင့် တူညီသည်။

လနတ်ဘုရားမ  ခန္ဓာတည်ဆောက်ပုံနှင့် ရွှေရောင် ရွှေလဝန်း စက်ြာရှိသည့်အတွက် မိန်းကလေးချင်းယွဲ့က မဟာဝိဇ္ဇာနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်လို့ ရနေပြီဖြစ်သည်။

ရှန်ထျန်းက ပြုံးကာ သူမကို ဂုဏ်ပြုစကားပြောလိုက်သည်

“ ကျင့်ကြံဆင့် တက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

မိန်းကလေးချင်းယွဲ့၏ ခွန်အား အင်မတန်တိုးမြင့်သွားသည်ကိုကြည့်ပြီး သူ စိတ်သက်သာရာရနေမိသည်။

ဒါက သူ့ရဲ့ သိုးလေးဆိုတော့ ကံကြမ္မာမြင့်လေလေ ပိုပြီးတော့ ကောင်းလေလေပဲ

“ ဒါက မောင်လေးရဲ့ ကောင်းကင်ပြုပြင်ရေးဆေးလုံးကြောင့်ပဲ ဒီလိုအောင်မြင်မှုမျိုးကို ရရှိခဲ့တာပါ”

မိန်းကလေးချင်းယွဲ့ ရှက်နေမိသည်။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးက ဒီလောက်ထိ စွမ်းအားကြီးလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ထိုအရာက မဟာလမင်း ခန္ဓာတည်ဆောက်ပုံမှ လနတ်ဘုရားမ ခန္ဓာတည်ဆောက်ပုံသို့ ပြောင်းလဲပေးနိုင်သည်။

မိန်းကလေးချင်းယွဲ့က လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှ အသန့်စင်ဆုံး မျိုးရိုးရှိသည့် သူဖြစ်သည်။

သူမ၏ မဟာလမင်း ခန္ဓာတည်ဆောက်ပုံက ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ထက်ပင် ပိုမိုသန်မာနေသည်။

သို့သော် သူမက မူလတုန်းက ရှေးမျိုးဆက်ကို လှုပ်နှိုးဖို့အတွက် မဖြစ်နိုင်ခဲ့ပေ။

ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေမှ ရှေးဟောင်းမျိုးဆက်များသာ ထိုကဲ့သို့သော ပြိုင်ဘက်ကင်း ခန္ဓာတည်ဆောက်ပုံကို လှုပ်နှိုးပေးနိုင်သည်။

ထိုအချိန်ကတည်းက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေတွင် လနတ်ဘုရားမ ခန္ဓာတည်ဆောက်ပုံကို ဘယ်သူမှ လှုပ်နှိုးနိုင်ခဲ့ခြင်း မရှိပေ။

သူမရဲ့ ခန္ဓာတည်ဆောက်ပုံက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးရဲ့ တိုးမြှင့်ပေးမှုကြောင့် မျိုးရိုးကန့်သတ်ချက်ထက် ကျော်လွန်ပြီးတော့ လနတ်ဘုရားမ ခန္ဓာတည်ဆောက်ပုံကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ

တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ ပြိုင်ဘက်ကင်း ဆေးလုံးတွေကတော့ ထင်တဲ့အတိုင်းပဲ

ထိုအရာက ရှန်ထျန်းကြောင့် ဖြစ်နိုင်ခဲ့သည်။

မိန်းကလေးချင်းယွဲ့က ဖွင့်ထုတ် မပြောနိုင်သောခံစားချက်မျိုးဖြင့် ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။

သူမကိုယ်သူမ ကျိန်ဆိုလိုက်သည်။

ငါ ဒီလိုကြင်နာမှုမျိုးကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ငါ့မှာအခွင့်အရေးရှိတာနဲ့ ဘာတွေပဲဖြစ်လာပါစေ မောင်လေးရှန်ထျန်းကို အကြွေးပြန်ဆပ်မယ်

ချွင်…ချွင်…ချွင်…

ထိုအခိုက်အတန့်တွင် တာအို၏ လှုပ်ခတ်သံများကို ကြားနိုင်သည်။

ထိုအသံက ကြီးမားသော ခေါင်းလောင်းကြီးမြည်သံနှင့် တူညီပြီး အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာတစ်ခွင် ပျံ့နှံ့သွားကာ ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ရှန်ထျန်းနှင့် မိန်းကလေးချင်းယွဲ့တို့ လေဟာနယ်မုခ်ဝထဲသို့ ဝင်စဉ် တာအိုအသံကို ကြားနေရပြီး သူတို့၏ တာအိုနှလုံးသားကို တိုးတက်စေသည်။

“ အဲဒီ…ဟွမ်ထျန်း စစ်တုရင်ခုံ ပေါ်လာပြီ”

ရှန်ထျန်းနှင့် မိန်းကလေးချင်းယွဲ့က အပြန်အလှန်ကြည့်လိုက်ကြပြီး အချင်းချင်း၏ မျက်လုံးထဲတွင် အံ့ဩမှင်သက်မှုကို တွေ့လိုက်ရသည်။

ယခင်က ဟွမ်ရှစ်၏ ရှင်းပြချက်အရ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် လေဟာနယ်မုခ်ဝများအပြင် ဆန်းကြယ်နယ်မြေများကို တွေ့ဖို့က ကံကိုသာ အားကိုးလို့ရမည်ဟု ပြောခဲ့သည်။

ဟွမ်ထျန်း စစ်တုရင်ခုံကဲ့သို့သော ဆန်းကြယ်နယ်ပယ်များ ရှိနေပုံပေါ်သည်။

ဤစစ်တုရင်ခုံကို နတ်ဘုရားလောကမှ စွမ်းအားကြီးသူတစ်ယောက်က ချန်ထားခဲ့သည်ဟု ပြောကြပြီး အတိတ်မှ အမွေအနှစ်တစ်ခု ဖြစ်သည်။

ထိုအရာတွင် မဟာ ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ပါဝင်ပြီး အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာတွင် စွမ်းအားအကြီးဆုံး ဆန်းကြယ်နယ်မြေ ဖြစ်သည်။

ဟွမ်ထျန်း စစ်တုရင်ခုံ ကမ္ဘာ ပွင့်လာသည့်အခါတိုင်း ဟွမ်ထျန်း စစ်တုရင်ခုံ သေချာပေါက် ပေါ်လာတတ်သည်။

ပါရမီရှင်များက ဟွမ်ထျန်း စစ်တုရင်ခုံမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည့်အတွက် သူတို့နှစ်ယောက်ကလည်း ထိုအရာ၏ ပုံပန်းသဏ္ဌာန်ကို အာရုံခံစားမိသည့်အတွက် သူတို့နှစ်ယောက်လုံး ဝမ်းသာပီတိဖြစ်သွားကြသည်။

ရှန်ထျန်းက မေးကာ ပြောလိုက်သည်

“ အစ်မချင်းယွဲ့ ဒီမှာနေခဲ့မှာလား ဒါမှမဟုတ် အဲဒီကို အတူတူသွားကြမလား”

ဟွမ်ထျန်း စစ်တုရင်ခုံက အကောင်းဆုံးသော ကံအပြောင်းအလဲ အခွင့်အရေးများဖြင့် ပြည့်နှက်နေသော နေရာဖြစ်သော်လည်း ထို ကံအပြောင်းအလဲ အခွင့်အရေးများကို ရဖို့က အဲလောက်ထိ မရိုးရှင်းပေ။

ထိုထဲတွင် ကံအပြောင်းအလဲ အခွင့်အရေးများရှိသော်လည်း အခက်အခဲများကလည်း သူတို့ကို စောင့်ကြိုနေသည်။

ထိုကဲ့သို့သော ကံအပြောင်းအလဲ အခွင့်အရေးမျိုးက လူတိုင်းရတတ်သော အရာမဟုတ်ပေ။

ဤနယ်မြေက မိန်းကလေးချင်းယွဲ့ ဉာဏ်အလင်းပွင့်မှု ရရှိဖို့ အသင့်တော်ဆုံး နယ်မြေတစ်ခု ဖြစ်သည်။ သူမသာ ဒီနေရာမှာ နေခဲ့ပါက ဟွမ်ထျန်း စစ်တုရင်ခုံကို သွားသည်နှင့် အတူတူလောက် ဖြစ်သည်။

ထို့ကြောင့် ရှန်ထျန်းက မိန်းကလေးချင်းယွဲ့ကို ဆုံးဖြတ်ခိုင်းခြင်း ဖြစ်သည်။

“ ကျွန်မ ဟွမ်ထျန်း စစ်တုရင်ခုံကို သွားမယ်”

မိန်းကလေးချင်းယွဲ့က ဟွမ်ထျန်း စစ်တုရင်ခုံကို ရွေးချယ်ဖို့အတွက် တွေဝေနေခြင်း မရှိပေ။

ကျင့်ကြံခြင်းက နဂိုကတည်းက ထိပ်တန်းဖြစ်တဲ့အရာတွေနောက်ကို လိုက်ရတာပဲလေ။ သူမက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ နေခဲ့နိုင်မှာလဲ

ဤနေရာတွင် နေရခြင်းက သူမအတွက် အင်မတန် သက်တောင့်သက်သာ ဖြစ်စေသော်လည်း သူမ အခက်အခဲရင်ဆိုင်ခြင်း၏ ပြန်လည်သက်သာလာနိုင်စွမ်းကို ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။

ဟွမ်ထျန်း စစ်တုရင်ခုံပေါ်မှာက မဟာကံအပြောင်းအလဲ အခွင့်အရေးတွေ အများကြီး ရှိတယ်လေ။ သူမ တိုးတက်သန်မာလာဖို့ ဘာလို့ ကံကို မစမ်းကြည့်ရဲရမှာလဲ

ကျင့်ကြံသူတွေက ဘယ်လိုလုပ်ပြီးတော့ ကံအပြောင်းအလဲ အခွင့်အရေးအတွက် တိုက်ခိုက်ဖို့ကို ကြောက်ပြီးတော့ နောက်ဆုတ်နေရမှာလဲ။ သူတို့က သူမတူတဲ့ဆန္ဒနဲ့ ရှေ့ဆက်တိုးနိုင်ရမယ်

ကောင်းပြီ ဒီထက်ပိုပြီးအရေးကြီးတာက မိန်းကလေးချင်းယွဲ့က ရှန်ထျန်းနောက်ကို လိုက်နိုင်ခြင်းပဲ

ရှန်ထျန်းက ကံကြမ္မာသားတော် ဖြစ်သည်ဆိုသော ကောလဟာလကို သူမ ခိုင်မာစွာ ယုံကြည်ပြီးပြီဖြစ်သည်။

ရှန်ထျန်းကြောင့်သာ မဟုတ်ပါက သူမ ဤနေရာကို ရှာတွေ့မည် မဟုတ်သလို ရွှေလဝန်း စက်ြာကိုလည်း ရှာတွေ့မည်မဟုတ်ပေ။

ထို့ကြောင့် သူမ ရှန်ထျန်းအနားမှာ ကပ်နေသ၍ သူမ သေချာပေါက် ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိမည်ဖြစ်သည်။

ဤနေရာတွင် သူမတစ်ယောက်ထဲနေခဲ့ရမှာက အရမ်းပျင်းဖို့ကောင်းလှသည်။

ရှန်ထျန်းနောက်ကို လိုက်သွားခြင်းက ပိုမိုကောင်းမွန်လှသည်။

သူမက ကံအပြောင်းအလဲ အခွင့်အရေးကို ရှာတွေ့ရုံသာမက ချောမောသောသူကို လေးစားဖို့အတွက်လည်း ကံကောင်းလှသည်။

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ကောင်းပြီလေ စီနီယာအစ်မ…ဒါဆိုရင် ကျွန်တော်တို့ အခုပဲ သွားလိုက်ရအောင်”

ဤနေရာက ရှန်ထျန်းအတွက် ဒီလောက်အထိ အသုံးမဝင်သည့်အတွက် ကြာကြာမနေချင်ပေ။

မရေတွက်နိုင်သော ပါရမီရှင်များက ဟွမ်ထျန်း စစ်တုရင်ခုံသို့ ဦးတည်လာကြလိမ့်မည်။

တခြားစကားဖြင့် ပြောရလျှင် ကံအပြောင်းအလဲ အခွင့်အရေးများကို ရယူဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်သည့်အတွက် သူ လက်လွတ်ခံလို့မဖြစ်ပေ။

ရှန်ထျန်းနှင့် မိန်းကလေးချင်းယွဲ့တို့က ဤနေရာမှ ထွက်မသွားခင် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။

ဟွမ်ထျန်း စစ်တုရင်ခုံက အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာ၏ အလယ်တွင် တည်ရှိသည်။

ပုံရိပ်သဏ္ဌာန်များ ထွက်ပေါ်လာကာ တာအိုအသံများကို ကြားနေရသည်။

ထိုအရာ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာမှ ကျင့်ကြံသူများအားလုံးက အာရုံခံနိုင်လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာက ချက်ချင်း သက်ဝင်လှုပ်ရှားသွားသည်။

မရေတွက်နိုင်သော ပါရမီရှင်များက အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာ၏ အလယ်သို့ အမြန်လာကြသည်။

ရှန်ထျန်းနှင့် မိန်းကလေးချင်းယွဲ့တို့၏ အမြန်နှုန်းက အင်မတန်မြန်ဆန်သည့်အတွက် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာ၏အလယ်သို့ အချိန်အများကြီး မကုန်ပဲ ရောက်ရှိသွားသည်။

သူတို့ရှေ့တွင် ထူးဆန်းသော နယ်မြေတစ်ခု မြောနေသည်။

အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာ၏ အလယ်တွင် ဧရာမ စစ်တုရင်ခုံရှိပြီး အဖြူရောင်နှင့် အနက်ရောင် နယ်ရုပ်များက မျက်နှာချင်းဆိုင် အနေအထားဖြင့် ရှိနေသည်။

နယ်ရုပ်တစ်ခုချင်းစီက ကိုယ်ပိုင်ကမ္ဘာ တည်ဆောက်နေသည်။

အဖြူရောင်နယ်ရုပ်နှင့် အနက်ရောင်နယ်ရုပ်ကြားမှ တိုက်ပွဲက မဟာအထွတ်အထိပ် တာအို ပါဝင်နေသကဲ့သို့ အင်မတန် နက်နဲလှသည်။

ဟွမ်ထျန်း စစ်တုရင်ခုံ ထွက်ပေါ်လာပြီဆိုတာကို ကြားလိုက်ရသူများ ရောက်လာသည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံး စွမ်းအားကြီးသော ကျင့်ကြံသူများဖြင့် ပြည့်နှက်သွားသည်။

သူတို့ထဲမှ တချို့က စစ်တုရင်ခုံကို သေချာလေ့လာနေပြီး တချို့ကတော့ မမြင်ဖူးသည့် ပဟေဠိကို မြင်လိုက်ရသလိုမျိုး ရှေးဟောင်းစာအုပ်များကို လှန်လှောရှာနေသည်။

စစ်တုရင် ကစားနည်းကို သိသောသူသာလျှင် အဖြူရောင်ဘက်က ရှုံးနေပြီဆိုတာကို သိနိုင်သည်။

သူတို့ ဤနေရာထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် အဖြူရောင် နယ်ရုပ်ဘက်သို့ အလိုအလျောက်ရောက်သွားကာ အနက်ရောင်နယ်ရုပ်များနှင့် ပြိုင်ဆိုင်နေရသည်။

သူတို့က သူတို့၏ စစ်တုရင်ကစားသည့် အရည်အချင်းကို အသုံးချကာ ကစားပွဲတွင် အခြေအနေကို ပြောင်းလဲနိုင်သည်နှင့်တစ်ပြိုင်နက် ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိမည် ဖြစ်သည်။

သူတို့ ပိုပြီးတော့ နားလည်လာလေလေ ဆုလာဘ်များစွာ ရရှိလာလေလေ ဖြစ်သည်။

သို့သော် အခြေအနေကို ပြောင်းပြန်လှန်ဖို့က မလွယ်ကူလှပေ။

ထို့ကြောင့် လူအများကြီးက အဖြူရောင်နယ်ရုပ်များ၏ ရှုံးနေသော ပွဲကို ပြောင်းပြန်လှန်ပစ်ဖို့အတွက် နည်းလမ်းများကို ရှာဖွေနေကြသည်။

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာတို့ကို ကျိရှားကျောင်းတော်မှ ပါရမီရှင်များနှင့်အတူ တွေ့လိုက်ရသည်။

သူတို့က အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာကို အနည်းငယ် နောက်ကျပြီးမှ ရောက်လာသော်လည်း ဟွမ်ထျန်း စစ်တုရင်ခုံ၏ ထွက်ပေါ်လာမှုကို မြင်တွေ့လိုက်ကြရသည်။

ရှန်ထျန်း ရောက်ရှိလာသည်ကိုတွေ့ပြီး အားလုံးက ဝမ်းသာနေကြသည်။

သူတို့ထဲမှ အများစု ဂရုစိုက်သည်က ရှန်ထျန်းက မိန်းကလေးချင်းယွဲ့နှင့်အတူလာသည်ဆိုသော အချက် ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှေ့တိုးသွားကာ မေးလိုက်သည်

“ ထျန်းအာ ဒီခရီးအတွင်း ရရှိမှုတွေက ဘယ်လိုနေလဲ”

ရှန်ထျန်းက ရိုသေလေးစားစွာ အရိုအသေပြုရင်း ပြောလိုက်သည်

“ ဆရာ…ကျွန်တော် ကံအပြောင်းအလဲ အခွင့်အရေးတချို့ကို ရရှိခဲ့တယ်”

“ အရမ်းကောင်းတယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ မိန်းကလေးချင်းယွဲ့ကို ကြည့်လိုက်သည်။

ထျန်းအာက ထင်ထားတဲ့အတိုင်း ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းကို ခံရတဲ့ ကံကြမ္မာသားတော်တစ်ယောက်ပဲ

သူက အချိန်တိုအတွင်းမှာတင် မဟာကံအပြောင်းအလဲ အခွင့်အရေးကို ရရှိနိုင်ခဲ့ပြီ

ချင်းယွဲ့တောင် အကျိုးအမြတ်ရသွားသေးတယ်

ကြည့်ရတာ ဒီမျိုးဆက်ရဲ့ မိန်းကလေးလည်း သေချာပေါက် ချစ်ကျွမ်းဝင်သွားမှာပဲ

ဟား…ဟား…ဟား…

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်း၏ ကျင့်ကြံဆင့်ကို မမြင်နိုင်သော်လည်း မိန်းကလေးချင်းယွဲ့၏ ကျင့်ကြံဆင့်ကိုတော့ မြင်နိုင်သည်။

မိန်းကလေးချင်းယွဲ့က တစ်ကြိမ်မြောက် စမ်းသပ်ချက်ဖြတ်ကျော်ထားသည့် ဝိဇ္ဇာကနေ အခု သုံးကြိမ်မြောက် စမ်းသပ်ချက် ဖြတ်ကျော်ထားတဲ့ ဝိဇ္ဇာဖြစ်သွားပြီ

သူမရဲ့ ကျင့်ကြံဆင့်နဲ့ ပုံပန်းသွင်ပြင် ပြောင်းလဲသွားတယ်။ ကြည့်ရတာ သူမ ကံအပြောင်းအလဲ အခွင့်အရေးကြီးတစ်ခုနဲ့ ကြုံတွေ့ထားတာ သေချာတယ်

ထိုအချိန်တွင် ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က သူတို့ဆီသို့ လမ်းလျှောက်လာနေသည်။ သူမက မိန်းကလေးချင်းယွဲ့၏ အရှိန်အဝါကို အာရုံခံမိသည့်အခါ မတုန်လှုပ်မိဘဲ မနေနိုင်တော့ပေ။

သူမက အမြန် ချင်းယွဲ့ဆီသို့ လမ်းလျှောက်သွားကာ စိတ်လှုပ်ရှားစွာဖြင့် လက်များကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်

“ ချင်းယွဲ့…မင်းရဲ့ ခန္ဓာတည်ဆောက်ပုံက…”

မိန်းကလေးချင်းယွဲ့၏ ခန္ဓာတည်ဆောက်ပုံက အများကြီး ပြောင်းလဲသွားကာ သူမထက်ပင် ကျော်လွန်သွားသည်ကို ခံစားသိရှိနိုင်သည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်ကလည်း ယခင်က ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို စားသုံးခဲ့သည့်အတွက် သူမ၏ ခန္ဓာတည်ဆောက်ပုံလည်း ပြောင်းလဲသွားခဲ့သည်။

မိန်းကလေးချင်းယွဲ့၏ ခန္ဓာတည်ဆောက်ပုံက စွမ်းအားကြီးခဲ့သော်လည်း ကောင်းကင်ပြုပြင်ရေးဆေးလုံး စားထားသည့် ကျောက်စိမ်းရေကန်ဂိုဏ်းချုပ်နှင့် နှိုင်းယှဉ်လိုက်လျှင် မမှီနိုင်ခဲ့ပေ။

သို့သော် ယခု မိန်းကလေးချင်းယွဲ့၏ ခန္ဓာတည်ဆောက်ပုံက သူမထက်ပင် ကျော်လွန်သွားကာ ရှေးမျိုးရိုးကို လှုပ်နှိုးလိုက်ပြီး လနတ်ဘုရားမ ခန္ဓာတည်ဆောက်ပုံကို ရရှိသွားစေသည်။

ကျောက်စိမ်းရေကန်ဂိုဏ်းချုပ်က မအံ့ဩဘဲ မနေနိုင်တော့ပေ။

ထိုအရာက ပြိုင်ဘက်ကင်း စွမ်းအားများရှိသည့် ဘိုးဘေးဘီဘင်၏ ခန္ဓာတည်ဆောက်ပုံ ဖြစ်သည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ စိတ်လှုပ်ရှားမှုကို မြင်ပြီး မိန်းကလေးချင်းယွဲ့က ရှင်းပြလိုက်သည်

“ ဂိုဏ်းချုပ် ဒါတွေက မောင်လေးရှန်ထျန်းရဲ့ ကျေးဇူးကြောင့်ပါ”

“ ဒါဆို သူ့ကြောင့်ပေါ့”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ချက်ချင်းတုံ့ပြန်ကာ သူမ၏ လှပသော မျက်လုံးလေးများက ရှန်ထျန်းဆီသို့ ရောက်ရှိသွားသည်။

“ မဆန်းပါဘူး။ သူတစ်ယောက်ထဲကပဲ အဲလိုမျိုးလုပ်နိုင်မှာ”

ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးများကို ဖော်စပ်ခဲ့ပြီး ထို ပြိုင်ဘက်ကင်း ကံကြမ္မာပြောင်းလဲဆေးလုံးများကသာ မိန်းကလေးချင်းယွဲ့၏ ခန္ဓာတည်ဆောက်ပုံကို ဒီလောက်ထိ ပြောင်းလဲသွားစေနိုင်ကြောင်းကို သူမ သိသည်။

ကျောက်စိမ်းရေကန်ဂိုဏ်းချုပ်၏ စကားများကို ကြားပြီးနောက် ပတ်ဝန်းကျင်ရှိ ပါရမီရှင်များ အံ့ဩမှင်သက်သွားကြသည်။

မိန်းကလေးချင်းယွဲ့ရဲ့ ပြောင်းလဲမှုက အံ့ဖွယ်မိုးကောင်းကင်သူတော်စင်နဲ့ ဆက်စပ်နေတာလား

မဟုတ်မှလွဲရော သူတို့က…

မဟုတ်သေးဘူး

ငါ့ရဲ့ ငယ်ရွယ်မှု

အမျိုးသားပါရမီရှင် အသီးသီးက စိတ်ရှုပ်ထွေးသော မျက်နှာထားများရှိပြီး သူတို့၏ နှလုံးသား ကွဲအက်သံများကိုပင် ကြားနေရသည်။

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်က ချင်းယွဲ့၏ လက်ကို ကိုင်ကာ အသံတိုးတိုးလေးဖြင့် စနောက်လိုက်သည်

“ ချင်းယွဲ့ ငါ့ကို ပြောပါဦး။ မင်း သူ့ကို ချစ်နေမိပြီလား”

မိန်းကလေးချင်းယွဲ့က မျက်နှာနီရဲသွားကာ အရှက်သည်းစွာဖြင့် ပြန်ဖြေလိုက်သည်

“ ဂိုဏ်းချုပ် ကျေးဇူးပြုပြီးတော့ စနောက်မနေပါနဲ့တော့”

သူမက ခေါင်းမော့ကာ ရှန်ထျန်းကို ကြည့်လိုက်ပြီးနောက် ပြန်ပြီး ခေါင်းငုံ့သွားပြန်သည်။ သူမက သူခိုးလူမိ ပုံစံလေးဖြင့် မျက်နှာလေးနီရဲနေသည်။

“ မင်း သူ့ကိုကြိုက်ရင် ငါ အောင်သွယ်တော် လုပ်ပေးမယ်။ အဲဒီကလေးက အချစ်ရေးကံကောင်းတော့ မင်း အခွင့်အရေးကို ဖမ်းဆုပ်မှဖြစ်မယ်”

ကျောက်စိမ်းရေကန် ဂိုဏ်းချုပ်၏ အကြည့်များ လင်းလက်တောက်ပလာကာ ပြုံးလိုက်သည်။

“ ဂိုဏ်းချုပ်…ကျွန်မ…”

မိန်းကလေးချင်းယွဲ့၏ မျက်နှာက ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ နီရဲနေပြီး သူမ ခေါင်းမမော့ရဲတော့ပေ။

“ ကဲပါ…မင်းကို မစနောက်တော့ပါဘူး။ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက အဲဒီကောင်လေးကို အကြွေးတင်နေပြီဆိုတော့ သူ့ကို ကောင်းကောင်းဆက်ဆံပါ”

ကျောက်စိမ်းရေကန်ဂိုဏ်းချုပ်က သက်ပြင်းချလိုက်သည်။ ရှန်ထျန်းက အရမ်းဆန်းကြယ်သည့်အတွက် သူနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်ပါက အမှား မရှိနိုင်ပေ။

မိန်းကလေးချင်းယွဲ့က စိတ်ရှုပ်ထွေးသော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ ဘာတွေစဉ်းစားနေလဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပေ။

ရှန်ထျန်းက ယခုလက်ရှိတွင် ဟွမ်ထျန်း စစ်တုရင်ခုံကို လေ့လာနေသည်။

တချို့က စိတ်လှုပ်ရှားမှုဒဏ်ကို မခံနိုင်တော့ဘဲ ဤဆန်းကြယ်နယ်မြေကို ရှင်းလင်းကြည့်ဖို့ ကြိုးစားနေကြသည်။

သို့သော် တစ်စုံတစ်ယောက် ဝင်လာသည့်အခါ ဟွမ်ထျန်း စစ်တုရင်ခုံက လင်းလက်တောက်ပသွားပြီး အလင်းတန်းများကလည်း ကောင်းကင်သို့ ပျံတက်သွားသည်။

အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းက နေရာတစ်ခုလုံးကို ဖုံးလွှမ်း ပိတ်ဆို့ထားသည်။

စစ်တုရင်ခုံက အဆုံးမဲ့စည်းမျဉ်းများပတ်လည်ဝန်းရံနေသော ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖန်တီးထားသည်။

ထိုအချိန်တွင် ဧရာမစစ်တုရင်ခုံကြီးက လေထဲတွင် ပေါလောပေါ်နေသည်။

ကျင့်ကြံသူက စစ်တုရင်ကစားသူ ဖြစ်သည်။

သို့သော် လူကိုယ်တိုင်က နယ်ရုပ် ဖြစ်သည်။

ဤအရာက ဟွမ်ထျန်း စစ်တုရင်ခုံ၏ ဆန်းကြယ်သော အပိုင်းတစ်ခု ဖြစ်၏။

သူတို့ ဤနေရာတွင် ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိချင်ပါက ရှုံးနိမ့်တော့မည့် အခြေအနေကို ဖြေရှင်းဖို့အတွက် သူတို့ကိုယ်တိုင် နယ်ရုပ်ဖြစ်လာရုံကလွဲပြီး လုပ်စရာ မရှိပေ။

ကျင့်ကြံသူက စစ်တုရင်ခုံပေါ်သို့ ခြေလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အဖြူရောင် နယ်ရုပ်များဖြင့် ပေါင်းစပ်သွားသည်။

ဤနေရာသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် စစ်တုရင်ခုံနှင့် တစ်သားတည်း ဖြစ်သွားသည်။

အနက်ရောင် နယ်ရုပ်များက ကျင့်ကြံသူ၏ ဘေးပတ်လည်တွင် ဝန်းရံနေသော စည်းမျဉ်းများကြောင့် ပေါက်ကွဲထွက်သွားသည်။

စည်းမျဉ်းများက ချက်ချင်း ထိုကျင့်ကြံသူကို ဖုံးလွှမ်းသွားသည်။ တောက်ပသော အံ့ဖွယ်အလင်းတန်းများ ဆုံတွေ့ကာနေရာတစ်ခုကို ဖန်တီးလိုက်ပြီး ပြင်းထန်သော စွမ်းအားကို လွှတ်ထုတ်နေသည်။

ဟွမ်ထျန်း စစ်တုရင်ခုံထဲသို့ ဝင်ရောက်သွားသူများက အဖြူရောင်ဘက်ခြမ်းမှ နယ်ရုပ်ကို ကစားရမည်ဖြစ်သည်။

သို့သော် အနက်ရောင် နယ်ရုပ်များက အဖြူရောင် နယ်ရုပ်များကို ဝိုင်းထားသည့်အတွက် အဖြူရောင်ဘက်က အခြေအနေ သိပ်မကောင်းလှပေ။

ထိုကျင့်ကြံသူက အဖြူရောင် နယ်ရုပ် တစ်ခုဖြစ်လာသည့်အတွက် စစ်တုရင်ခုံပေါ်တွင် မတ်တပ်ရပ်နေသည်။

ထိုအချိန်တွင် အနက်ရောင် နယ်ရုပ်များက ကြောက်စရာကောင်းသော စွမ်းအားကြီးဖြစ်တည်မှုများအဖြစ်သို့ ပြောင်းလဲသွားသည်။

အံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံထားသော ပုံရိပ်တစ်ခုက ထိုကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ပဲ့တင်ထွက်သွားသည်။

ထိုသူက စစ်တုရင်ခုံပေါ်မှ လွင့်ထွက်သွားကာ သွေးများပင် အန်ထွက်သွားသည်။

ထိုမြင်ကွင်းက အားလုံးကို ထိတ်လန့်သွားစေသည်။

“ ဒီစစ်တုရင်ကစားပွဲက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ”

ထိုကျင့်ကြံသူက ကောင်းကင်အသျှင် တစ်ယောက်ဖြစ်သော်လည်း လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။

သို့သော် ထိုအရာက အားလုံးကို ကြောက်လန့်သွားစေခြင်းမျိုး မဟုတ်ပေ။ များပြားသော စွမ်းအားကြီး ကျင့်ကြံသူများလည်း ဟွမ်ထျန်း စစ်တုရင်ခုံထဲသို့ လမ်းလျှောက်ဝင်လာသည်။

“ ငါ ဒီစစ်တုရင်ကစားပွဲကို အနိုင်မရတာ မဖြစ်နိုင်ဘူး”

“ အားလုံးပဲ ငါတို့ အတူတူဝင်သွားရအောင်”

သိပ်မကြာခင်မှာပင် ပုံရိပ်ဆယ်ခု တိုးဝင်သွားကြသည်။

သူတို့က အထွတ်အမြတ်မြေအသီးသီး၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်များ ဖြစ်ကြသည်။

သူတို့က စစ်တုရင်ခုံကို အစိုးရပြီး တစ်ဖက်မှ အနက်ရောင်နယ်ရုပ်များကို တိုက်ခိုက်ချင်ကြသည်။

သို့သော် အနက်ရောင်ဘက်မှ တူညီသောပုံရိပ်တစ်ခု ထွက်လာကာ သူတို့နှင့် စတင်တိုက်ခိုက်တော့သည်။

ဟွမ်ထျန်း စစ်တုရင်ခုံတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်လိုက်ပြီ ဖြစ်သည်။

စစ်တုရင်ခုံပေါ်မှ စွမ်းအားကြီးသူများက အင်မတန်စွမ်းအားကြီးလှပြီး အများစုက ဝိဇ္ဇာများဖြစ်ကြပြီး တချို့က မဟာဝိဇ္ဇာများဖြစ်ကြသည်။

သူတို့ အထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့်တစ်ပြိုင်နက် လွင့်ထွက်သွားကြသည်။

အသန်မာဆုံး ကျင့်ကြံသူပင် အနက်ရောင်နယ်ရုပ်များ သူ့ကို မဝိုင်းခင် ဆယ်လှမ်းသာ လှမ်းလို့ရခဲ့သည်။ ရှုံးနိမ့်သွားသည့်အတွက် နောက်ဆုတ်ရုံအပြင် မတတ်နိုင်တော့ပေ။

စစ်တုရင် ကစားပွဲတစ်ခုဖြစ်သော်လည်း တိုက်ပွဲနယ်မြေနှင့် ပိုတူနေသည်။

အဆုံးမဲ့တိုက်ခိုက်လိုစိတ်များ ပါဝင်သော်လည်း အဆုံးစွန်ထိ တိုက်ခိုက်ပြီးသည်နှင့်တစ်ပြိုင်နက် အနက်ရောင်နယ်ရုပ်များ၏ ဝန်းရံခြင်းကိုသာ ခံလိုက်ရသည်။

အောင်မြင်နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိနိုင်ပေ။

သို့သော် ထို စွမ်းအားကြီးကျင့်ကြံသူများက အကျိုးအမြတ်တချို့ကို ရရှိပြီးပြီဖြစ်သည်။

အများစုက တိုက်ပွဲများစွာတိုက်ခိုက်ပြီး လေ့ကျင့်ထားခြင်းဖြစ်သည်။

အဝေးဆုံးအထိ လျှောက်လှမ်းသွားခဲ့သော ကျင့်ကြံသူများက ဆုလာဘ်အနေဖြင့် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများကို ရရှိခဲ့သည်။

သို့သော် ဤပစ္စည်းများက သူတို့အတွက် အရမ်းဆွဲဆောင်မှုမရှိပေ။

အစစ်အမှန် စွမ်းအားကြီးသော ပစ္စည်းများက နောက်မှာကျန်နေသေးသည်ဆိုတာကို အားလုံးက သိကြသည်။

ခြေလှမ်းပေါင်း ရာချီပြီးသွားနိုင်ပါက ရှုံးနိမ့်သွားသော်လည်း ထာဝရအသုံးအဆောင်ပစ္စည်းတစ်ခုကို ရနိုင်သည်ဟူသော ကောလဟာလများလည်း ရှိခဲ့သည်။

နတ်ဘုရားလောက၏ ဆန်းကြယ်ပညာရပ်များနှင့် ခုခံပညာရပ်များကို ဆုအဖြစ် ရရှိသူများလည်း ရှိသည်။

ထို့ကြောင့် သူတို့ စစ်တုရင်ကစားပွဲကို နားလည်သွားသည်နှင့်တစ်ပြိုင်နက် ပြိုင်ဘက်ကင်း ကံအပြောင်းအလဲ အခွင့်အရေးကို သေချာပေါက် ရရှိနိုင်မည်ဖြစ်သည်။

သို့သော် ဟွမ်ထျန်း စစ်တုရင်ခုံ ထွက်ပေါ်လာသည့်အချိန်ကတည်းက ဘယ်သူမှ မလုပ်ဖူးသေးပေ။

အဘယ်ကြောင့်ဆိုသော် စစ်တုရင်ကစားပွဲတွင် ဖြေရှင်းနည်းမရှိပဲ အဆုံးသတ်က သေဆုံးခြင်းဖြစ်သောကြောင့်ဖြစ်သည်။

ယခင်က စွမ်းအားကြီး ကျင့်ကြံသူများက လက်လျှော့ဖို့ ငြင်းဆန်ခဲ့ပြီး စစ်တုရင်ကစားပွဲကို ကူးယူခဲ့သည့်အတွက် အထွတ်အမြတ်မြေအသီးသီးက အပြင်းအထန် လေ့လာခဲ့ကြသည်။

နှစ်ပေါင်းထောင်ချီကြာ လေ့လာပြီးနောက် အထွတ်အမြတ်မြေအသီးသီးက စစ်တုရင်ခုံကို နားလည်ပြီဟု ယုံကြည်သည့်အတွက် စမ်းသပ်ကြည့်ချင်ကြသည်။

ကံမကောင်းစွာဖြင့် ဘယ်သူမှ အောင်မြင်စွာ နားမလည်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အနည်းစုက ချီဖောက်ပြန်ခြင်းကို ခံစားသွားရတာ စိတ်အခြေအနေလည်း မတည်မငြိမ် ဖြစ်သွားသည်။

မရေတွက်နိုင်သောသူများက စစ်တုရင်ကစားပွဲက အရမ်းခက်သည်ဟု ပြောကြသည်။

ဘယ်သူမှ မရှင်းနိုင်ခဲ့တာသည်လည်း အဆန်းမဟုတ်ပေ။

သူတို့က ဤနောက်ဆုံး ကံအပြောင်းအလဲ အခွင့်အရေးကို လက်လွှတ်ရဖို့အတွက် ကံကြမ္မာ ပါလာပုံရသည်။

All Chapters