← Chapters

ဘေးအန္တရာယ်ကို ဖြတ်ကျော်တိုက်ခိုက်ခြင်း

Vol. 31 Ch. 456

ဘေးအန္တရာယ်ကို ဖြတ်ကျော်တိုက်ခိုက်ခြင်း

Vol. 31 Ch. 456

အခန်း (၄၅၆) : ဘေးအန္တရာယ်ကို ဖြတ်ကျော်တိုက်ခိုက်ခြင်း

ဟွမ်ထျန်း စစ်တုရင်ခုံက လေးနက်လှသည့်အတွက် မရေတွက်နိုင်သော စွမ်းအားကြီး ကျင့်ကြံသူများက မရှင်းလင်းနိုင်ကြပေ။ ထွက်ပေါ်လာသည့်အချိန်ကတည်းက မရေတွက်နိုင်သော ကျင့်ကြံသူများက အနိုင်ရဖို့ကြိုးစားနေသော်လည်း ယနေ့အထိ ဘယ်သူမှ မလုပ်နိုင်သေးပေ။

ဟွမ်ထျန်း စစ်တုရင်ခုံထဲရှိ စစ်တုရင်ကစားပွဲက လမ်းတစ်ဝက်သာရှိသေးသည့်အတွက် အခြေအနေကို ပြောင်းပြန်လှန်ဖို့အတွက် အခွင့်အရေးရှိသေးသည်။

သို့သော် အဖြူရောင်နယ်ရုပ်များက ဘယ်လိုဖြစ်ဖြစ် ရှုံးနိမ့်နိုင်သည်။ အဖြူရောင် နယ်ရုပ်များအနေဖြင့် အဝိုင်းခံရသည့်အခြေအနေမှ လွတ်မြောက်ရန်အတွက် ခက်ခဲလှသည်။

အဖြူရောင် အစိတ်အပိုင်းများက ပိတ်မိနေသော သားရဲများကဲ့သို့ဖြစ်နေပြီး များပြားသော အနက်ရောင် နယ်ရုပ်များက သူတို့ကို လုံးဝ ပတ်လည်ဝန်းရံထားသည်။

အဖြူရောင်နယ်ရုပ်များ ဘယ်ခြေလှမ်းကို လှမ်းလိုက်ပါစေ အနက်ရောင် နယ်ရုပ်များ၏ ဝန်းရံခြင်းကို ခံနေရသည့်အတွက် လွတ်မြောက်ဖို့အတွက် ခက်ခဲလှသည်။

စစ်တုရင်ကစားနည်းကို ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ ခေါင်းမာသော ခုခံမှုတစ်ခုသာ ဖြစ်ပြီး ကစားပွဲကို ဖြည်းဖြည်းချင်း ရှုံးသွားအောင်သာ အချိန်ဆွဲနိုင်သည်။

စစ်တုရင် ကစားပွဲကို အနိုင်ရဖို့က လုံးဝ မဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင်ပင် စစ်တုရင်ကစားပွဲကို စိန်ခေါ်သည့် စွမ်းအားကြီး ကျင့်ကြံသူများ အများအပြား ရှိနေသေးသည်။

သူတို့ အနိုင်မရနိုင်သော်လည်း စစ်တုရင်ခုံပေါ်မှ တိုက်ပွဲများတွင် သူတို့ကိုယ်သူတို့ လေ့ကျင့်ပေးနိုင်သည်။

ထိုနေရာက တာအို အငွေ့အသက်များ ပါဝင်ပြီး စည်းမျဉ်းများဖြင့် ပြည့်နှက်နေသည့်အတွက် ကျင့်ကြံသူ၏ ဉာဏ်အလင်းပွင့်နှုန်းကို တိုးမြှင့်ပေးနိုင်သည်။

ထို့အပြင် သူတို့ အနက်ရောင် နယ်ရုပ်များဖြစ်သည့် စွမ်းအားကြီးသောသူများနှင့်လည်း တိုက်ခိုက်နိုင်သည်။

ထိုပုံရိပ်များက နတ်ဘုရားလောကတွင် စွမ်းအားကြီးသူများ၏ ပြိုင်ဘက်ကင်း ဓမ္မစွမ်းအားများဖြင့် ဖန်တီးထားပြီး စစ်ဆေးမှုခံယူသူ၏ ခွန်အားအပေါ် မူတည်ပြီး ပြောင်းလဲမှုရှိသည်။

ဤနေရာက အကောင်းဆုံးသော လေ့ကျင့်မှုနယ်မြေဟု ခေါ်ဆိုနိုင်သည်။

ခွန်အားတူညီသော ပြိုင်ဘက်များဖြင့် တိုက်ခိုက်ခြင်းက လက်တွေ့တိုက်ခိုက်ခြင်းအတွက် လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။

ထို့ကြောင့် သူတို့ များစွာ အကျိုးအမြတ် ရရှိသည်။

အထွတ်အမြတ်မြေများ၏ စွမ်းအားကြီး ကျင့်ကြံသူများက စမ်းသပ်ကြည့်ချင်စိတ် ပြင်းထန်နေသည့်အတွက် ဟွမ်ထျန်း စစ်တုရင်ခုံထဲသို့ ဝင်သွားကြသည်။

သူတို့ ဟွမ်ထျန်း စစ်တုရင်ခုံဆီသို့ ပျံသန်းသွားသည့်အခါ အံ့ဖွယ်သက်တံပုံရိပ်များ ကျန်ရှိခဲ့သည်။

ပတ်လည်ဝန်းရံနေသော လူများက ချီးကျူးလိုက်ကြသည်

“ ထိပ်သီး ကျင့်ကြံသူတွေတော့ စတင်လှုပ်ရှားနေကြပြီ။ သူတို့ ဘယ်လောက်ဝေးဝေးသွားနိုင်ကြမလဲ”

ဝင်သွားသောသူများက အထွတ်အမြတ်မြေအသီးသီး၏ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများဖြစ်ကြပြီး အခြေခံအားဖြင့် မဟာဝိဇ္ဇာနှင့်အထက် အဆင့်ရှိသူများ ဖြစ်ကြသည်။

၈ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာများဖြစ်ကြသည့် နေကိုးစင်း ဂိုဏ်းချုပ်နှင့် ကောင်းကင်ထောက်တိုင် ဂိုဏ်းချုပ်ကဲ့သို့သော စွမ်းအားကြီး ကျင့်ကြံသူများပင် ပါဝင်နေသည်။

အဲလိုမျိုး စွမ်းအားကြီးတဲ့သူတွေက ဟွမ်ထျန်း စစ်တုရင်ခုံကို ရှင်းလင်းပစ်နိုင်လောက်လား

“ ညီလေး ငါတို့လည်း စမ်းကြည့်ရင် ဘယ်လိုလဲ”

ကြာပြာက စိတ်အားထက်သန်သော အကြည့်ဖြင့် ဟွမ်ထျန်း စစ်တုရင်ခုံကို ကြည့်လိုက်သည်။

ဟွမ်ထျန်း စစ်တုရင်ခုံထဲတွင် များပြားသော ရတနာများစွာရှိသည်။ ထိုနေရာတွင် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများစွာ ရှိရုံသာမက မဟာဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများနှင့် ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းများလည်း ရှိနေသည်။

နတ်ဘုရားလောက၏ ဆန်းကြယ်ပညာရပ်များနှင့် ကျင့်စဉ်များလည်း ရှိနေသည်။

သူတို့ ဖြေရှင်းနိုင်သည်နှင့်တစ်ပြိုင်နက် ထိုပစ္စည်းများကို ရရှိနိုင်သည်။

ထိုအရာက ပမာဏများပြားသော ကြွယ်ဝမှုတစ်ခုဖြစ်သည့်အတွက် ကြာပြာ အင်မတန် လိုချင်တပ်မက်နေမိသည်။

သူ ထိုပစ္စည်းများကို အသုံးပြုစရာမလိုအပ်လျှင် တခြား ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် လဲလှယ်ဖို့အတွက် အသုံးပြုနိုင်သည်။

ကြာပြာက မီးစာကျမ်းကို ကျင့်ကြံထားသည့်အတွက် ကြွယ်ဝမှုအားလုံးကို ယခင်ကတည်းက အသုံးပြုလိုက်ပြီဖြစ်ပြီး ပိုက်ဆံပြတ်လပ်နေပြီဖြစ်သည်။

ထို့ကြောင့် ကံကောင်းမှုတစ်ခု ရဖို့အတွက် ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်မှဖြစ်မည်။

အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်၏ ပတ်လည်ဝန်းရံနေသော ကောင်းကင်အရှိန်အဝါက အနည်းငယ် လှုပ်ယမ်းသွားကာ ပြောလိုက်သည်

“ အစ်ကိုကြီး စိတ်ဝင်စားမှတော့ ကျွန်တော် အဖော်လုပ်ပေးရမှာပေါ့”

ကြာပြာက တောက်ပစွာပြုံးရင်း ပြောလိုက်သည်

“ ဟဲဟဲ…ဒါဆိုရင် ညီလေး ဦးဆောင်တဲ့နောက်ကိုပဲ လိုက်ခဲ့မယ်နော်”

သူက ဘာလို့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကိုပါ သူနဲ့အတူ ဆွဲခေါ်သွားရတာလဲ

အဘယ်ကြောင့်ဆိုသော် ကြာပြာက စစ်တုရင်အကြောင်းကို ဘာမှမသိသောကြောင့် ဖြစ်သည်။ သူတစ်ယောက်ထဲ သွားသည်ထက် စစ်တုရင် ဘယ်လိုကစားရမည်ကို သိသောသူတစ်ယောက်ပါလာလျှင် ပိုပြီးတော့ အကျိုးအမြတ်ရှိနိုင်သည်။

“ ငါလည်း သွားချင်တယ်”

ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သော ချီသဲ့လုံက စိတ်အားထက်သန်သောအကြည့်ဖြင့် ရှေ့သို့ တိုးလာသည်။

သူ့မျိုးနွယ်က မူလကတည်းက တိုက်ခိုက်ရသည်ကို ကြိုက်နှစ်သက်သည့်အတွက် သူက စစ်တုရင်အကြောင်း မသိသော်လည်း တခြားသူများ တိုက်ခိုက်နေသည်ကို တွေ့မြင်ပြီး တိုက်ခိုက်ချင်လာသည်။

ကြာပြာ ခေါင်းညိတ်ကာ ပြောပြလိုက်သည်

“ ကောင်းပြီလေ ဒါဆိုရင် ငါတို့သုံးယောက် ဝင်သွားရအောင်”

ချီသဲ့လုံကလည်း စွမ်းအားကြီးသူတစ်ယောက်ဖြစ်သည့်အတွက် သူတို့သုံးယောက် အတူတူသွားပါက အကျိုးအမြတ် အလျှံအပယ်ရနိုင်သည်။

“ ဟား…ဟား…ဟား…ကောင်းပြီလေ ဒီစစ်တုရင် ကစားပွဲက ဘာတွေများ ဒီလောက်ထိ ထူးခြားနေလဲဆိုတာကို သိချင်နေတာ”

ချီသဲ့လုံက ကောင်းကင်သို့ ပျံသန်းသွားကာ အံ့ဖွယ်သက်တံအလင်းတန်းကို လမ်းကြောင်း တစ်လျှောက် ချန်ထားခဲ့ရင်း ဟွမ်ထျန်း စစ်တုရင်ခုံပေါ်သို့ တက်သွားသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် ကြာပြာက အချင်းချင်းကြည့်လိုက်ပြီးနောက် ဟွမ်ထျန်း စစ်တုရင်ခုံပေါ်သို့ တက်သွားသည်။

ထိုအခိုက်အတန့်တွင် စည်းမျဉ်းများက သူတို့ကို လွှမ်းခြုံသွားကာ သီးသန့်ကမ္ဘာတစ်ခုကို ဖန်တီးလိုက်သည်။

သူတို့သုံးယောက် စစ်တုရင်ခုံပေါ်တွင် မတ်တပ်ရပ်နေပြီး သူတို့၏ ဘေးပတ်လည်ရှိ အရာအားလုံးက မှုန်ဝါးနေပြီး ကမောက်ကမဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့ မလှုပ်ရှားမချင်း ထိုအနက်ရောင် နယ်ရုပ်များက ပေါ်ထွက်လာခြင်းမရှိပေ။

ကျင့်ကြံသူများ ဟွမ်ထျန်း စစ်တုရင်ခုံထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လုံးဝ နစ်မြုပ်သွားသည့်အတွက် စစ်တုရင်ခုံတစ်ခုလုံးကို မမြင်ရပေ။

ထို့ကြောင့် သူတို့၏ မှတ်ဉာဏ်ထဲတွင်ရှိသော နယ်ရုပ်များ၏ တည်နေရာများအတိုင်း ရှင်းပစ်ဖို့ ကြိုးစားကြည့်ရုံသာ တတ်နိုင်သည်။

“ ညီလေး ငါတို့ ဘယ်သွားကြမလဲ”

ဟွမ်ထျန်း စစ်တုရင်ခုံထဲသို့ ဝင်ပြီးသည်နှင့်တစ်ပြိုင်နက် ကြာပြာ လုံးဝ မလှုပ်ရှားပေ။

ခြေလှမ်းတစ်လှမ်း မှားသွားပါက သူတို့ အနက်ရောင် နယ်ရုပ်များ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်သည်။ အနက်ရောင် နယ်ရုပ်အများအပြား သူတို့ကို ဝိုင်းပြီး တိုက်ခိုက်ပါက မဟာဝိဇ္ဇာပင် ရှုံးနိမ့်သွားပြီး နောက်ပြန်ဆုတ်ရမည် ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အေးစက်စွာ ပြောလိုက်သည်

“ အစ်ကိုကြီးကို စာအုပ်တွေ နေ့စဉ်ဖတ်ဖို့ ကျွန်တော် ပြောခဲ့ပေမဲ့ ကျွန်တော်စကားကို နားမထောင်ဖို့ ဘယ်သူကပြောလဲ”

ကြာပြာက ခေါင်းကုတ်ကာ ပြုံးရင်း ပြောလိုက်သည်

“ ညီလေး ဒီမှာရှိနေပြီဆိုတော့ ရပြီလေ။ အဲဒီငြီးငွေ့စရာကောင်းတဲ့ အရာတွေကို ဖတ်ရမှာ အရမ်းပျင်းတယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းယမ်းကာ ကြာပြာကို လျစ်လျူရှုလိုက်သည်။ ထို့နောက် စစ်တုရင်ကစားပွဲကို စတင်လေ့လာလိုက်သည်။

ထို့နောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခြေလှမ်း စတင်လှမ်းလိုက်သည်။

ကြာပြာနှင့် ချီသဲ့လုံက သူ့နောက်သို့ အလျင်အမြန် လိုက်သွားကြသည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။

အနက်ရောင် နယ်ရုပ်တစ်ခုက သူတို့၏ဘေးတွင် ပြင်းထန်သော ဖိအားတစ်ခုဖြင့် ထွက်ပေါ်လာသည်။

အံ့ဖွယ်အလင်းတန်း လွှမ်းခြုံထားသော ပုံရိပ်သုံးခုက ထိုနယ်ရုပ်ထဲမှ ထွက်လာကာ သူတို့သုံးယောက်ဆီသို့ ဦးတည်လာနေသည်။

ဖြစ်ပေါ်လာသော ပုံရိပ်အရေအတွက်က ရှိနေသော ကျင့်ကြံသူအရေအတွက်ပေါ်တွင် မူတည်နေသည်။

သူတို့သာ အနက်ရောင်နယ်ရုပ်နှစ်ခု၏ ကြားညှပ်တိုက်ခိုက်ခြင်းကို ခံရပါက ပုံရိပ်ခြောက်ခု ပေါ်လာမည် ဖြစ်သည်။

“ စည်းလုံးညီညာ အောင်ကြောင်းဖြာ”ဆိုတဲ့ စကားရှိပေမဲ့လည်း ဒီလိုမျိုးအချိန်အတွက်တော့ မဟုတ်ဘူး

သူတို့သာ များပြားသော အနက်ရောင်နယ်ရုပ်များ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပါက သူတို့ ရင်ဆိုင်ရမည့် အရေအတွက်ကလည်း ပိုမိုများပြားလာကာ ပိုမို ကြောက်ဖို့ကောင်းလာမည် ဖြစ်သည်။

ထိုပုံရိပ်သုံးခု၏ အရှိန်အဝါက စွမ်းအားကြီးသော်လည်း သူတို့မှာ ဉာဏ်ရည်လုံးဝ မရှိဘဲ တိုက်ခိုက်ဖို့သာ သိသည်။

သိပ်မကြာခင်မှာပင် ထိုပုံရိပ်သုံးခု ရှုံးနိမ့်ကာ ပျောက်ကွယ်သွားသည်။

“ ညီလေးက လေ့လာဖို့ တာဝန်ယူလိုက်။ ငါနဲ့ မျောက်ဝံဘုရင်နဲ့က လမ်းကြောင်းရှင်းဖို့ တာဝန်ယူလိုက်မယ်”

ကြာပြာက ရွှေတုတ်ချောင်းကို လက်ထဲမှာ ကိုင်မြှောက်ထားရင်း ဟိတ်ဟန်ပါသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဘေးဖက်တွင် ချီသဲ့လုံက ဧရာမ ကျောက်တုတ်ချောင်းကို ကိုင်ဆောင်ကာ ကြာပြာ၏ ဘေးတွင် မတ်တပ်ရပ်နေပြီး ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။

သူတို့နှစ်ယောက်က ရန်သူအားလုံးကို လွှမ်းမိုးမည့် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားများအသွင်ကို ဆောင်နေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ရှေ့သို့ ဆက်တိုးသွားနေသည်။

သူတို့ အလျင်အမြန် တိုးတက်သွားသည်။ အနက်ရောင် နယ်ရုပ်အနည်းငယ် သူတို့ကို တိုက်ခိုက်လျှင်ပင် သူတို့ကို ရပ်တန့်သွားအောင် လုပ်လို့မရတော့ပေ။

သူတို့က အဖြူရောင်နယ်ရုပ်များကို ကယ်တင်ကာ ကစားပွဲကို ပြောင်းပြန်လှန်ပစ်ဖို့အတွက် ဆက်လက်လုပ်ဆောင်နေကြသည်။

သူတို့တင်မကသေးပဲ တခြားဂိုဏ်းချုပ်များကလည်း ထိုကဲ့သို့ပင် အတူတူ လုပ်ဆောင်နေသည်။

သူတို့က ဟွမ်ထျန်း စစ်တုရင်ခုံကို နှစ်ပေါင်းတစ်ထောင်ကြာ လေ့လာခဲ့ပြီး ဖြေရှင်းနည်းအချို့ကို တွေ့ထားခဲ့သည့်အတွက် အလွယ်တကူ မရှုံးနိမ့်ကြပေ။

သို့သော် သူတို့ တစ်ဆင့်အောင်မြင်သွားလေလေ ခက်ခဲမှုက ပိုများလာလေလေ ဖြစ်သည်။

အနက်ရောင် နယ်ရုပ်များက သူတို့လှမ်းလိုက်သော ခြေလှမ်းများနောက်သို့ ထပ်ကြပ်မကွာလိုက်ပါလာသည်။

အနက်ရောင်နယ်ရုပ်များက အဖြူရောင်နယ်ရုပ်များရှိသောနေရာ၏ ပတ်လည်တွင် ဆက်လက်နစ်မြုပ်နေသည်။

ခြေလှမ်းတစ်ရာလောက် လျှောက်ပြီးနောက် ဂိုဏ်းချုပ်အသီးသီးက အနက်ရောင်နယ်ရုပ် ခုနစ်ခု၊ ရှစ်ခု၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

အံ့ဖွယ်အလင်းတန်း လွှမ်းခြုံထားသော ပုံရိပ်များက အနက်ရောင် နယ်ရုပ်များမှ ထွက်လာကာ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။

၈ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာပင် ထိုများပြားသော စွမ်းအားကြီးသူများ၏ တိုက်ခိုက်မှုများကို တားဆီးနိုင်မည် မဟုတ်ပေ။

ခဏအကြာတွင် နေကိုးစင်းဂိုဏ်းချုပ်၊ ကောင်းကင်ထောက်တိုင်ဂိုဏ်းချုပ်နှင့် တခြားသူများ ဟွမ်ထျန်း စစ်တုရင်ခုံမှ လွင့်ထွက်သွားသည်။

“ ဒီဟွမ်ထျန်း စစ်တုရင်ခုံက တကယ်ကို ထူးခြားတာပဲ”

တချို့က ခါးသီးစွာရယ်ရင်း ခေါင်းယမ်းလိုက်မိကြသည်။ သူတို့က နှစ်တစ်ထောင်ကြာ လေ့လာထားသော်လည်း စစ်တုရင်ကစားပွဲကို တစ်ဝက်အထိ ရောက်အောင်ပင် မလုပ်ဆောင်နိုင်ပေ။

ထို့နောက် ဟွမ်ထျန်းစစ်တုရင်ခုံမှ ကောင်းကင်အလင်းတန်း တချို့ထွက်လာကာ သူတို့၏ လက်ထဲသို့ ကျရောက်သွားသည်။

လူအများက ဂိုဏ်းချုပ်များ၏ လက်ထဲရှိ ပစ္စည်းများကိုကြည့်ပြီး အားကျစွာဖြင့် ရေရွတ်လိုက်ကြသည်

“ ဒါက တကယ်ကို မဟာဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းတွေပဲ”

“ အဲဒီမှာ မဟာဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းတွေလည်း ရှိတာလား”

“ နေကိုးစင်း ဂိုဏ်းချုပ်က အရမ်းစွမ်းအားကြီးတာပဲ။ သူက ဒီလိုမျိုး ဆုလာဘ်ကိုတောင် ရတယ်”

“ အရင်ကတည်းက အဲလိုမျိုး ပစ္စည်းရတဲ့သူ အနည်းအကျဉ်းပဲရှိတာ။ သူက တကယ်ကို ထူးခြားတာပဲ”

သာမန် မဟာဝိဇ္ဇာများက ခြေလှမ်းအများဆုံး ဆယ်လှမ်းအထိ လှမ်းပြီးသည်နှင့်တစ်ပြိုင်နက် ရှုံးနိမ့်သွားနိုင်သည်။

ထို့ကြောင့် သူတို့၏ ဆုလာဘ်များက သာမန်ဝိဇ္ဇာအသုံးအဆောင်ပစ္စည်း ဖြစ်နေခြင်းဖြစ်သည်။

ထိပ်သီး မဟာဝိဇ္ဇာများက ခြေလှမ်းပေါင်းတစ်ရာလောက် လှမ်းနိုင်သည့်အတွက် သူတို့၏ ဆုလာဘ်များကလည်း ပိုမိုကောင်းမွန်သည်။

၈ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာဖြစ်သည့်အပြင် ဟွမ်ထျန်း စစ်တုရင်ခုံကို အထူး လေ့လာထားသည့်အတွက် နေကိုးစင်းဂိုဏ်းချုပ်က ခြေလှမ်းပေါင်းတစ်ရာကို အောင်မြင်စွာ လှမ်းနိုင်ခဲ့သည်။

သူ ရှုံးနိမ့်သွားသော်လည်း ဆုလာဘ်အနေဖြင့် မဟာဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းကို ရရှိခဲ့သည်။

နေကိုးစင်း ဂိုဏ်းချုပ်က အများအာရုံစိုက်ခြင်းကို ခံရသည့်အတွက် ဝမ်းသာကြည်နူးနေသည်။ လူအများကြီးက ကစားပွဲကို ရှင်းဖို့ ကြိုးစားကြသော်လည်း လူအနည်းစုသာလျှင် မဟာဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းများကို ရရှိခဲ့သည်။

ထိုအချိန်တွင် ဟွမ်ထျန်း စစ်တုရင်ခုံထဲတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။

နေရာတစ်ခုလုံးတွင် တုန်လှုပ်သောအသံကြီး ထွက်ပေါ်လာသည်။ အသံက အရမ်းကျယ်လောင်သည့်အတွက် လူများ၏ နားကိုပင် တုန်ခါသွားစေသည်။

မရေမတွက်နိုင်သော စည်းမျဉ်းများ ရစ်ပတ်နေကာ ထိတ်လန့်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကာ စစ်တုရင်ကစားပွဲတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

အားလုံးက ဟွမ်ထျန်း စစ်တုရင်ခုံကို ကြည့်လိုက်သည့်အခါ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့်အဖွဲ့က ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ပြုလုပ်နေသည်ကို မြင်လိုက်ရသည်။

သူတို့က ခြေလှမ်းပေါင်း ရာချီကို အလျင်အမြန် ချောမွေ့စွာ ရောက်ရှိသွားနိုင်ကြသည်။

သူတို့က အနည်းငယ်သေးငယ်သော ဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူတို့၏ စွမ်းအားကြီးသော တိုက်ခိုက်စွမ်းရည်ဖြင့် အလွယ်တကူ ကျော်လွှားနိုင်ခဲ့သည်။

သို့သော် သူတို့ အဆင့်မြင့်တက်လာပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ခံစားလာမိသည်။

သူတို့၏ တည်နေရာက ဖြည်းဖြည်းချင်း ကျုံ့လာပြီး အနက်ရောင် နယ်ရုပ်အရေအတွက်က ပိုမိုများလာသည်။ သူတို့က အနက်ရောင်နယ်ရုပ်များ၏ လုံးဝ ဝန်းရံမှုကို ခံရခါနီးဖြစ်နေသည်။

သူ့ပတ်လည်တွင် ဝန်းရံနေသော မိုးကြိုးအရှိန်အဝါက ပြင်းထန်စွာ လှုပ်ခတ်လာပြီး ပြောလိုက်သည်

“ ဖြေရှင်းနည်း လုံးဝ မရှိဘူး။ ဒါကကောင်းကင်စက်ဝန်း စစ်တုရင်ခုံပဲ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က စစ်တုရင် ဘယ်လိုကစားရမည်ကို လေ့လာပြီးသွားသော်လည်း အရာအားလုံးက အကျိုးမရှိတော့သည်ကို သူ သတိထားမိသွားသည်။

နေရာတစ်ခုလုံးသို့ ပတ်လည်သွားလာပြီးနောက် တူညီသော စတင်မှတ်သို့ ပြန်ရောက်သွားသည်။

အနက်ရောင် နယ်ရုပ်များက စက်ဝိုင်းပုံစံဖန်တီးကာ သူတို့ကို ချောင်ပိတ်ဖို့ အသင့်ဖြစ်နေသည်။

အနက်ရောင် နယ်ရုပ်များက တောက်ပနေကာ သူတို့၏ ထိတ်လန့်စရာကောင်းသော အရှိန်အဝါက ကြက်သီးမွေးညင်းထစေနိုင်သည်။

အံ့ဖွယ်အလင်းတန်း လွှမ်းခြုံခြင်းခံထားရသော အနက်ရောင် နယ်ရုပ်များထဲမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်လာသည်။

စွမ်းအားကြီးသော ပုံရိပ်များက အားကောင်းသော စိတ်စွမ်းအင် အရှိန်အဝါကို ထုတ်လွှတ်နေပြီး မိစ္ဆာဝိညာဉ်တပ်က နယ်စပ်သို့ ရောက်ရှိလာပြီး အချိန်မရွေးတိုက်ခိုက်နိုင်သည်ဟုပင် ထင်မှတ်စေသည်။

ယခုလက်ရှိတွင် သူတို့သုံးယောက် အကြပ်ရိုက်နေသည်။

သူတို့ ဘယ်ခြေလှမ်းကို လှမ်းလိုက်ပါစေ အနက်ရောင် နယ်ရုပ်များ၏ ဝန်းရံမှုကို ခံရမည်ဖြစ်သည်။ သူတို့ မလွတ်မြောက်နိုင်ပေ။

“ ဒါက ဘယ်လိုနေရာမျိုးလဲ”

ကြာပြာ ကြောင်အသွားသည်။ ယခုလိုမျိုး ဖြစ်လာမည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

သူတို့က အဆုံးမရှိတဲ့နေရာကို ဝင်လာမိတာလား

“ လွတ်မြောက်နိုင်တဲ့ လမ်းမရှိတော့ တိုက်ခိုက်ရုံအပြင် မတတ်နိုင်ဘူး။ လွတ်မြောက်ဖို့အတွက် တိုက်ခိုက်မှဖြစ်မယ်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ပတ်လည်တွင် ဝန်းရံနေသော မိုးကြိုးအရှိန်အဝါက ပြင်းထန်စွာ တုန်ခါပြီးနောက် အဆုံးမဲ့ မိုးကြိုးကို လွှတ်ထုတ်နေသည်။ သူက မိုးကြိုးတာအိုစည်းမျဉ်းများကို အသုံးပြုကာ ကောင်းကင်သို့ ပျံသန်းသွားသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်စရာကောင်းသော အရှိန်အဝါထုတ်လွှတ်သည့် နတ်မိုးကြိုးများဖြင့် လွှမ်းခြုံထားသည်။

အဆုံးမဲ့ မိုးကြိုးက ဤနေရာတွင် စုစည်းလာကာ သူတို့၏ တိုက်ပွဲကို စတင်ဖို့ ပြင်ဆင်နေသည်။

ဤနေရာက အရမ်းထူးဆန်းသည့်အတွက် လုံးဝ ရှင်းထုတ်ပစ်လို့မရပေ။ သူတို့က လမ်းဆုံးသို့ ရောက်ရှိနေသည့်အတွက် ထွက်လမ်းရဖို့ မတိုက်ခိုက်ပါက သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။

ပုံရိပ်က အရမ်းများပြီး အနည်းဆုံး တစ်ရာတော့ ရှိနိုင်သည်။

ပုံရိပ်တစ်ခုချင်းစီက ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး သူတို့၏ ကျင့်ကြံဆင့်ကလည်း သူတို့သုံးယောက်၏ ကျင့်ကြံဆင့်နှင့် တူလုနီးပါးဖြစ်နေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အဆင့်တူသူများထက် ကျော်လွန်သော်လည်း ထိုအရာက ပြိုင်ဘက်တစ်ယောက်ထဲအတွက်သာဖြစ်သည်။

ဘယ်သူက တူညီတဲ့ ခွန်အားရှိတဲ့ ပြိုင်ဘက်တစ်ရာကျော်ကို တိုက်ခိုက်နိုင်မှာလဲ

“ အချိန်မှီလေးပဲ”

“ ငါ ဒီတိုက်ပွဲကို စောင့်မျှော်နေခဲ့တာ”

ချီသဲ့လုံက ရင်ဘတ်ကို လက်ဖြင့်တီးခတ်ကာ ကောင်းကင်သို့ မျှော်ကြည့် ဟစ်ကြွေးလိုက်သည်။ ထို့နောက် တောက်ပသော ရွှေရောင်အလင်းတန်းက သူ့ကို လွှမ်းခြုံသွားသည်။ သူ့ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော တိုက်ခိုက်လိုစိတ်က ပေါက်ကွဲထွက်သွားသည်။ ထိုအရာက ပြင်းထန်သော အရှိန်ဖြင့် နေရာတစ်ခုလုံးကို လွှမ်းမိုးသွားသည်။

စွမ်းအားကြီးသော မျောက်ဝံပုံရိပ်သဏ္ဌာန်က သူ့နောက်တွင် ထွက်ပေါ်လာပြီး စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

“ ငါလာပြီ ငါက တိုက်ခိုက်တဲ့နေရာမှာ အကြောက်အလန့် မရှိဘူး”

ကြာပြာက ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် စကားပြောပြီး အချိန်ဖြုန်းမနေတော့ပေ။

သူ့လက်ထဲရှိ ရွှေတုတ်ချောင်းက ပြင်းထန်စွာ တုန်ခါပြီးနောက် တောင်တန်းများကို ဖြိုချနိုင်ပြီး ပင်လယ်ကို ပြောင်းပြန်လှန်ပစ်နိုင်သည့် ပြင်းထန်သောအရှိန်အဝါ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပဲ အစိမ်းရောင် ထူးခြားမီးတောက်များက ကြာပြာထဲသို့ ဝင်သွားသည်။

ကြာပြာက မီးစာကျမ်းကို ကျင့်ကြံထားပြီး စိမ်းပြာရောင် ကောင်းကင်မီးတောက်ဟု ခေါ်သည့် ထူးခြားအံ့ဖွယ်ပစ္စည်းတစ်ခုကို သန့်စင်ထားသည်။

နှစ်ခုလုံး၏ တိုးမြှင့်မှုကြောင့် သူ၏ ခန္ဓာကိုယ်ကလည်း အင်မတန်ကြံ့ခိုင်လာပြီး ချီသဲ့လုံ၏ ဝိဇ္ဇာမျောက်ဝံခန္ဓာနှင့် နှိုင်းယှဉ်လိုက်သည့်အခါ နောက်ကောက်ကျနေခြင်း မရှိပေ။

သူတို့က ကောင်းကင်အထိ ထိုးဖောက်သွားသည့် အဆုံးမဲ့စည်းမျဉ်းများကို လွှတ်ထုတ်ပြီး ဂုဏ်ယူစွာ မတ်တပ်ရပ်နေကြသည်။

လေဟာနယ် တစ်စစီဖြစ်သွားကာ မရေတွက်နိုင်သော စည်းမျဉ်းများ သုတ်သင်ခံလိုက်ရသည်။

ထိုအထဲမှ ရာချီသော မဲနက်နေသည့် ပုံရိပ်များ ထွက်လာသည်ကိုသာ မြင်နေရသည်။

အံ့ဩမှင်သက်စရာကောင်းသော တိုက်ပွဲတစ်ခု ဖြစ်တော့မည်ဆိုတာ သေချာလှသည်။

အပြင်ဘက်တွင် တစ်စုံတစ်ယောက်က ပြောလိုက်သည်

“ သူတို့ ဒုက္ခရောက်နေပြီ။ သူတို့ လမ်းဆုံးထဲကို ဝင်မိသွားပြီ”

“ အဲလိုမျိုး စွမ်းအားကြီးတဲ့သူတွေ ဝန်းရံတာကို ခံရရင် စွမ်းအားကြီးတဲ့ ဝိဇ္ဇာတစ်ယောက်တောင် ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“ သူတို့ ဘေးကင်းကင်းနဲ့ ထွက်လာနိုင်ပါ့မလား”

ဟွမ်ထျန်း စစ်တုရင်ခုံက အန္တရာယ်မရှိတာမျိုး မဟုတ်ပေ။ လူအနည်းစုက နိုင်လို့သာ ဖြစ်သည်။

ယခင်က ဝင်လာဖူးသူများက အဆင့်အများကြီး မတက်ခဲ့သည့်အတွက် အနက်ရောင် နယ်ရုပ်အနည်းငယ်၏ ဝန်းရံခြင်းကို သာခံခဲ့ရပြီး ပြန်ဆုတ်ဖို့ နေရာရှိခဲ့သေးသည်။

သို့သော် သူတို့သုံးယောက်က အဝိုင်းခံထားရသည့်အတွက် လွတ်မြောက်ဖို့နည်းလမ်း မရှိတော့ပေ။

သူတို့ လွတ်မြောက်ဖို့အတွက် အရမ်းမရိုးရှင်းနိုင်ပေ။

ထိုအချိန်တွင် ထိုပုံရိပ်များက စတင်တိုက်ခိုက်နေပြီဖြစ်သည်။

ထိုပုံရိပ်များက အုပ်စုသုံးခုခွဲကာ သူတို့သုံးယောက်စီလို့ ဦးတည်လာနေသည်။

အုပ်စုတစ်ခုချင်းစီတွင် ပုံရိပ်ပေါင်းတစ်ရာနီးပါးရှိပြီး မဟာဝိဇ္ဇာအယောက်တစ်ရာက သူတို့ဆီသို့ ဦးတည်လာနေသလိုမျိုး ခံစားရစေသည်။

သူတို့၏ အရှိန်အဝါများက အရမ်းကြောက်ဖို့ကောင်းသည့်အတွက် အားနည်းသော ကျင့်ကြံဆင့်ရှိသည့်သူများ တုန်လှုပ်သွားသည်။

ထိုကဲ့သို့သော ကြီးမားသည့်တိုက်ပွဲက ဘာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။

ကြာပြာနှင့် မျောက်ဝံဘုရင်ကြီးတို့က ထို ပြိုင်ဘက်ကင်းပုံရိပ်များကို တိုက်ခိုက်ဖို့ အသင့်ပြင်ရင်း မျက်နှာထားများ တည်ငြိမ်နေကြသည်။

ကံကောင်းစွာဖြင့် အနက်ရောင် နယ်ရုပ်များ ပြန့်ကျဲသွားသည့်အတွက် တစ်ခါတည်း အကုန်လုံးကို မတိုက်ခိုက်ရတော့ပေ။ မဟုတ်ပါက စွမ်းအားကြီး ဝိဇ္ဇာပင် များပြားသော ရန်သူများကို မတားမြစ်နိုင်ပဲ သွေးထွက်သံယိုဖြစ်သွားနိုင်သည်။

ဒီလိုဆိုလျှင်ပင် အခြေအနေက သူတို့သုံးယောက်ကို မျက်နှာသာမပေးသေးပေ။

သူတို့တစ်ယောက်ချင်းစီက တစ်ချိန်တည်းတွင် အနည်းဆုံး ပုံရိပ်ဆယ်ခုကို ရင်ဆိုင်ရမည်ဖြစ်ပြီး အုပ်စုတစ်ခုပြီး တစ်ခု ရောက်လာမည်ဖြစ်သည်။

သူတို့သာ အလျင်အမြန် မတိုက်ခိုက်ပါက အနက်ရောင် နယ်ရုပ်များ သူတို့ကို ပတ်လည်ဝန်းရံသွားပြီး အကြီးအကျယ် ဒုက္ခရောက်သွားနိုင်သည်။

“ တိုက်ခိုက်ကြ”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဦးဆောင်ကာ ရှေ့တိုးသွားလိုက်သည်။ သူက ဓာတ်နှောနတ်မိုးကြိုးကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ကာ ကျန်လက်တစ်ဖက်တွင် မိုးကြိုးနတ်ဘုရားဓားကို ကိုင်ဆောင်ထားသည်။

သူ့နောက်မှ လျှပ်စီးကြောင်းများက ကောင်းကင်ထိ ထိုးဖောက်ထွက်သွားသည့် မိုးကြိုးစမ်းသပ်ချက်တစ်ခုကို ဖန်တီးနေသည်။

ထိုအခိုက်အတန့်တွင် သူ ရှိနေသောနေရာက အဆုံးမဲ့မိုးကြိုးများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။

ကြောက်စရာကောင်းသည့် မိုးကြိုးတွင် လေဟာနယ်ကိုပင် အမှုန့်ချေနိုင်သည့် ဖျက်စီးနိုင်သည့် အရှိန်အဝါများ ပါဝင်နေသည်။

လျှပ်စီးကြောင်းများက အဘက်ဘက်သို့ ပျံ့နှံ့သွားကာ တောက်ပသော အလင်းကို လွှတ်ထုတ်နေသည်။

မိုးကြိုးများက ကောင်းကင်မှ ဆင်းသက်လာကာ ထိုပုံရိပ်ဆယ်ခုကို မိုးကြိုးဖြင့် ပစ်ချလိုက်သည်။

ဝုန်း…

ကျယ်လောင်သော မိုးကြိုးပစ်သံ ပဲ့တင်ထွက်သွားသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူမတူအောင် ထက်သော မိုးကြိုးနတ်ဘုရားဓားကို ကိုင်ဆောင်ကာ ထိုပုံရိပ်များဆီသို့ ပျံသန်းသွားသည်။

ဓားခုတ်ချက်တစ်ချက်ချင်းစီက အနက်ရောင် နယ်ရုပ်များ၏ ပုံရိပ်တစ်ခုချင်းစီကို တစ်စစီဖြစ်သွားစေသည်။

သူက ကောင်းကင်မှ ဆင်းသက်လာသော မိုးကြိုးနတ်ဧကရာဇ်အသွင်ဆောင်နေသည်။

တစ်ဖက်တွင် ကြာပြာကလည်း နောက်ကောက်ကျကျန်နေခဲ့ခြင်းမျိုးမရှိပေ။

သူ၏ အထွတ်အထိပ် ပင်လယ်တုတ်ချောင်းကို လွှဲယမ်းကာ ပြိုင်ဘက်ကင်းခွန်အားဖြင့် ပညာရပ်များကို ထုတ်သုံးလိုက်သည်။

ထိုရွှေတုတ်ချောင်း တောက်ပသွားသည့်အခါ တစ်နေရာလုံးမှ ထိုအလင်းတန်းကို မြင်နေရသည်။

ထိုဧရာမ တုတ်ချောင်းက မြေပြင်တစ်ခုလုံးကို အစိတ်စိတ်အမြွာမြွာဖြစ်အောင် လုပ်တော့မည့်ပုံစံဖြင့် အောက်သို့ ဆင်းသက်လာသည်။

ဒုန်း…

ကြာပြာက သူ၏ တုတ်ချောင်းဖြင့် တိုက်ခိုက်လိုက်သည့်အတွက် ပုံရိပ်အနည်းငယ် ချက်ချင်း ပေါက်ကွဲထွက်သွားကာ လေထဲတွင် မပျောက်ကွယ်သွားခင် အဆုံးမဲ့စည်းမျဉ်းများအဖြစ် ပြောင်းလဲသွားသည်။

ချီသဲ့လုံ၏ တိုက်ခိုက်နည်းက ပိုမိုရိုးရှင်းပြီး ရက်စက်သည်။

သူက ရွှေရောင်အမွေးရှိသည့် မျောက်ဝံအဖြစ် ပြောင်းလဲသွားသည့်အတွက် မြေပြင်ပင် တုန်သွားသည်။

တစ်ချိန်တည်းမှာပဲ တိုက်ခိုက်လိုစိတ် ပိုမိုပြင်းထန်လာသည့်အတွက် သူ့အရှိန်အဝါကို ပိုမိုကြောက်စရာကောင်းစေသည်။

ချီသဲ့လုံက လေထဲတွင် ရပ်နေကာ ပြင်းထန်သော ခွန်အားကို ထုတ်လွှတ်နေသည်။

ရွှေမျက်လုံး မီးတောက် မျောက်ဝံမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သလို ၈ ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာလည်းဖြစ်သည့်အတွက် သူ၏ ခွန်အားက ပြင်းထန်လှသည်။

ဘိုးဘေးဘီဘင်က အထွတ်အမြတ်တိုက်ပွဲမျောက်ဝံဖြစ်သည့် မျိုးနွယ်မှ ဖြစ်သည့်အတွက် သူ့ခွန်အားကလည်း နဂိုကတည်းက ကြောက်ဖို့ကောင်းလှသည်။

အထွတ်အထိပ် အထွတ်အမြတ်တိုက်ပွဲမျောက်ဝံက နေ၊ လနှင့် ကြယ်တာရာများကို လက်တစ်ဖက်တည်းဖြင့် စုတ်ဖြဲနိုင်ပြီး စံပြများနှင့်ပင် တိုက်ခိုက်နိုင်သည်။

ချီသဲ့လုံတွင် အထွတ်အမြတ်တိုက်ပွဲမျောက်ဝံ၏ မျိုးရိုးပါရှိပြီး ဘိုးဘေးဘီဘင်မျိုးရိုးကို မနှိုးဆွလျှင်ပင် သူ၏ သွေးကြောများထဲတွင် အထွတ်အမြတ် တိုက်ပွဲမျောက်ဝံ၏ သွေးများစီးဆင်းနေသည်။

ထို့ကြောင့် သူက အသန့်စင်ဆုံးတိုက်ပွဲ အငွေ့အသက်ကို ကျင့်ကြံထားခြင်းဖြစ်သည်။

စွမ်းအားကြီးသောသူများနှင့် ရင်ဆိုင်ရလျှင်ပင် ချီသဲ့လုံက ကြောက်ရွံ့မှု ကင်းမဲ့သည်။

သူက ထွက်လမ်းရအောင် တိုက်ခိုက်မည်ဖြစ်သည့်အတွက် ကြောက်စရာကောင်းသော တိုက်ခိုက်လိုစိတ်ရှိသည်။

ချီသဲ့လုံက တားဆီးလို့မရနိုင်သော ခွန်အားဖြင့် လက်သီးများကို လွှဲယမ်းလိုက်သည်။

ထိုပုံရိပ်များက တိုက်ခိုက်မှုကြောင့် နောက်သို့ဆုတ်သွားရသည်။

သူတို့သုံးယောက်က အနက်ရောင် နယ်ရုပ်များ၏ တိုက်ခိုက်မှုကို တားဆီးနေသည့်ပုံစံက သူရဲကောင်းဆန်လှသည်။

အားလုံးက မျက်လုံးပြူး မျက်ဆံပြူးဖြင့် အံ့ဩမှင်သက်သွားကြသည်။

“ သူတို့သုံးယောက်က အရမ်းစွမ်းအားကြီးတာပဲ”

“ အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးပါရမီရှင် နှစ်ယောက်ကတော့ အရင်အတိုင်းပဲ အရည်အချင်းရှိနေတုန်း”

“ ဒီမျောက်ဝံဘုရင်က အရမ်းစွမ်းအားကြီးတာပဲ”

“ သူတို့ဒီ စစ်တုရင်ကစားပွဲကို အောင်နိုင်ပါ့မလား”

လူတချို့က မြင်တွေ့ရသည်များကို အံ့ဩမှင်သက်သွားသည့်အတွက် မချီးကျူးပဲ မနေနိုင်ကြတော့ပေ။

သူတို့က အပြင်မှာရှိနေသည့်အတွက် အဖြစ်အပျက်တစ်ခုလုံးကို မြင်နေရပြီး သူတို့သုံးယောက် ဘယ်လိုအန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရသည်ကို သိနေသည်။

တခြားဂိုဏ်းချုပ်များသာဖြစ်ပါက ရှုံးနိမ့်သွားတာကြာလောက်ပြီဖြစ်သည်။

ထိုကဲ့သို့သော အင်အားစုအတွက် ပြိုင်ဘက်များ မဟုတ်ကြပေ။

သို့သော် သူတို့သုံးယောက်က ဖိအားကို ခံနိုင်ရည်ရှိရုံသာမက ဆက်လက်တိုက်ခိုက်နိုင်သေးသည်။

သူတို့က အရမ်းကြောက်ဖို့ကောင်းတာပဲ

ဟွမ်ထျန်း စစ်တုရင်ခုံပေါ်ရှိ သုံးယောက်က ပြင်းထန်သောဖိအားကို ခံစားလာရသည်။ ရာချီနေသောပုံရိပ်များက သူတို့ကို တိုက်ခိုက်နေသည့်အတွက် အင်အား ပိုသာသည်မှာ ပြောစရာပင် မလိုတော့ပေ။

သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် ထိုပုံရိပ်များကို အချိန်တိုအတွင်း တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

တစ်ဖက်တွင်လည်း ထိုပုံရိပ်များ၏ တိုက်ခိုက်မှုက ပြိုင်ဘက်ကင်းလှပြီး သာမန်ကျင့်ကြံသူများ တားဆီးနိုင်သည့်အရာမျိုး မဟုတ်ပေ။

ချီသဲ့လုံက ရှေ့ဆုံးတွင်ရှိသည့်အတွက် သူခံရသည့် တိုက်ခိုက်မှုများက အပြင်းထန်ဆုံးဖြစ်သည်။

မကြာခင်မှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာအပြင်းအထန်ရကာ သွေးများဖြင့် ဖုံးလွှမ်းသွားသည်။

“ မျောက်ဝံဘုရင်ကြီး အရင်ဆုံး နောက်ဆုတ်လိုက်ပြီး ကျွန်တော်ကို ရှေ့က သွားခွင့်ပြုပါ”

ကြာပြာက အမြန်ရှေ့တက်သွားကာ မျောက်ဝံဘုရင်ကြီးကို နောက်ဆုတ်ပြီး ဒဏ်ရာများကို ကုသဖို့ အချက်ပေးလိုက်သည်။

“ မလိုပါဘူး ငါ တိုက်ခိုက်နိုင်ပါသေးတယ်”

ချီသဲ့လုံက ရွှေရောင် သွေးများ ပန်းထွက်လာသော်လည်း တိုက်ခိုက်လိုစိတ်က လျော့ကျသွားခြင်းမရှိပေ။

“ တော်လောက်ပြီ။

ခင်ဗျားဒီလိုမျိုး သွေးတွေဆက်ပြီး ထွက်နေမယ်ဆိုရင် သေသွားလိမ့်မယ်။”

“ စိတ်မပူပဲနဲ့ ငါ့ဆီ အပ်ထားလိုက်စမ်းပါ။ ဒီကောင်တွေက ငါ့အတွက် ဘာမှမပြောပလောက်ပါဘူး”

ကြာပြာက ချီသဲ့လုံ၏ ရှေ့တွင်ရပ်ကာ သူ့နောက်တွင် အံ့ဖွယ်အလင်းတန်း လင်းလက်နေသည်။ တူညီသော ပုံရိပ်နှစ်ခု ထပ်ထွက်လာကာ ရန်သူများကို တိုက်ခိုက်နေသည်။

သူက ချီတစ်သွယ် သန့်စင်သုံးပါး ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး သူတို့သုံးယောက်လုံးက စတင်တိုက်ခိုက်တော့သည်။

သူတို့က ပြိုင်ဘက်ကင်း ပညာရပ်များကို အသုံးပြုနေသည့်အတွက် ကြာပြာ၏ အရှိန်အဝါက ကြောက်စရာကောင်းလှသည်။

ယခုလက်ရှိတွင် ကြာပြာက သူတစ်ယောက်တည်းဖြင့် အနက်ရောင် နယ်ရုပ်များအားလုံးကို တားဆီးနိုင်သည့်ပုံစံပေါ်နေသည်။

ချီသဲ့လုံက နောက်သို့ပြန်ဆုတ်ကာ ဒဏ်ရာများကို ကုသနေသည်။

ခဏအကြာတွင် သူ နှုတ်ခမ်းကို တွန့်ချိုးသွားမိသည်။

ရာချီနေသော စွမ်းအားကြီး ပုံရိပ်များ၏ တိုက်ခိုက်မှုကြောင့် ကြာပြာသုံးယောက်ပင် ကြာကြာခံနိုင်ရည်ရှိသည့်ပုံမပေါ်ပေ။

သူ ဆက်တိုက်နောက်ပြန်ဆုတ်နေရသည်။

ကြာပြာက သူ၏ စိတ်ရင်းအမှန်ကို ပြသပြီး စတင်အော်ဟစ်တော့သည်။

“ သေစမ်း…သူတို့က ဘာလို့ အဲလောက်ထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရတာလဲ။

ခဏလေး…ခဏလေး…။

နေပါဦး အဲလောက်ထိ ခွန်အားအများကြီး သုံးဖို့လိုလို့လား။

မျောက်ဝံဘုရင် အခုထိ မပြီးသေးဘူးလား။

ကျွန်တော်နဲ့ မြန်မြန်နေရာလဲပေးပါ။

ကယ်ပါဦး။ ဒီထက်ပိုပြီး တောင့်မခံနိုင်တော့ဘူး။ ညီလေး ငါ့ကို ကယ်ပါဦး”

ကြာပြာ၏ ငြီးတွားသံများ ထွက်ပေါ်လာသည်။

ပြင်းထန်သောတိုက်ခိုက်မှုများကြောင့် မျက်နှာတစ်ခုလုံး ညိုမဲနေပြီဖြစ်ပြီး ခေါင်းကိုကွယ်ကာ နေရာအနှံ့ပတ်ပြေးနေကာ ပုံရိပ်တစ်ရာနီးပါးကလည်း သူ့နောက်သို့ လိုက်နေသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ခြေလှမ်းကြီးကြီးလှမ်းပြီးနောက် သူ၏ မိုးကြိုးအရှိန်အဝါမှ တောက်ပသော မိုးကြိုးကို ထုတ်လွှတ်နေသည်။

ထိုအချိန်တွင် မရေတွက်နိုင်သော လျှပ်စီးကြောင်းများက ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ တစ်ခုပြီးတစ်ခု ရိုက်ခတ်နေသည်။

နေရာတစ်ခုလုံး မိုးကြိုးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က မိုးကြိုးလှိုင်းများကို ထိန်းချုပ်သည့် မိုးကြိုးနတ်ဘုရားတစ်ပါး အသွင်ဆောင်ပြီး အဆုံးမဲ့မိုးကြိုးကို အသုံးပြုကာ တိုက်ခိုက်နေသည်။

ဤအရာက အံ့ဖွယ်မိုးကောင်းကင် တော်ဝင်ကျမ်းမှ တားမြစ်အခန်းဖြစ်သည့် ကပ်ဘေးတစ်ဖန် ပညာရပ် ဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်က ကမ္ဘာမြေတစ်ခုလုံးကို ဖျက်စီးပစ်တော့မည့် နတ်ဘုရားတစ်ပါးအသွင်ကို ဆောင်နေသည်။

ဂျိန်း…

ကြောက်စရာကောင်းသော မိုးကြိုးက နေရာတစ်ခုလုံးကို လွှမ်းမိုးသွားသည်။

မိုးကြိုးစမ်းသပ်ချက်၏ လျှပ်စီးကြောင်းတစ်ခုချင်းစီကြောင့် ပုံရိပ်တစ်ခုချင်းစီက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

“ ညီလေးက တကယ်ကို အံ့ဩစရာပဲ။

သာမန်ပုံရိပ်အချို့လောက်ပဲ ငါ့ကို အနိုင်ကျင့်ရဲတာလား။ ဒါကိုယူလိုက်”

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူတို့ကို ကူညီပေးသည့်အတွက် ကြာပြာလည်း အားတက်လာကာ အလျင်အမြန် ပြန်လည်တိုက်ခိုက်တော့သည်။

သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အနက်ရောင် နယ်ရုပ်များ၏ တိုက်ခိုက်မှုကို ခဏတာ ရပ်တန့်လိုက်နိုင်သည်။

သို့သော် ထွက်လမ်းရှာဖို့အတွက် ခက်ခဲနေဆဲဖြစ်သည်။

ပြင်ပလောကတွင်…

အားလုံး၏ မျက်နှာထားက လေးနက်နေသည်။

ဟွမ်ထျန်း စစ်တုရင်ခုံက ဒီလောက်ထိ ပြိုင်ဘက်ကင်းတယ်…

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၊ ကြာပြာနဲ့ မျောက်ဝံဘုရင်တောင် စစ်တုရင်ကစားပွဲကို အနိုင်မယူနိုင်ဘူး

တခြားဘယ်သူကများ စစ်တုရင်ကစားပွဲကို နောက်ဆုံးအထိ ကစားနိုင်ဦးမှာလဲ

ဒါက လုံးဝ မယုံကြည်နိုင်စရာပဲ

All Chapters