လျှို့ဝှက်လှည့်စားမှုတစ်ခုပဲ…ဒါက လျှို့ဝှက်လှည့်စားမှုတစ်ခုပဲ ဖြစ်လိမ့်မယ်
Vol. 31 Ch. 457
အခန်း (၄၅၇) : လျှို့ဝှက်လှည့်စားမှုတစ်ခုပဲ…ဒါက လျှို့ဝှက်လှည့်စားမှုတစ်ခုပဲ ဖြစ်လိမ့်မယ်
ဟွမ်ထျန်း စစ်တုရင်ခုံအခြေအနေက ပိုမိုရှုပ်ထွေးလာသည်။
ကြောက်စရာကောင်းသော စွမ်းအားက အဆုံးမဲ့စွာ ရစ်ပတ်နေပြီး ကမ္ဘာမြေကြီးကို ပြောင်းပြန်လှန်ပစ်နိုင်သည်။
အံ့ဖွယ်မိုးကောင်းကင် ထိပ်သီးကျင့်ကြံသူနှစ်ယောက်က မရေတွက်နိုင်သော ပညာရပ်များကို ထုတ်သုံးကာ အနက်ရောင် နယ်ရုပ်တစ်ရာနီးပါးကို ဖျက်စီးနိုင်ခဲ့သည်။
သို့သော် နယ်ရုပ်နှစ်ရာကျော်က တညီတညာထဲ ချီတက်လာပြီး သူတို့၏ စွမ်းအားက ကမ္ဘာမြေကြီးကို တုန်လှုပ်စေသလို တောင်တန်းနှင့်မြစ်များကို တစ်စစီဖြစ်သွားစေသည်။
ပုံရိပ်တွေ အရမ်းများပြားလှပြီး တစ်ယောက်ချင်းစီကလည်း လျှော့တွက်လို့ မရနိုင်ပေ။
မျောက်ဝံဘုရင်၏ ထူးချွန်သော တိုက်ခိုက်စွမ်းရည်မရှိပါက ယခင်လိုမျိုး စိတ်အေးနေလို့ မရနိုင်တော့ပေ။
မြင်ကွင်းက ကြက်သီးထဖို့ကောင်းသည်။
ဟွမ်ထျန်း စစ်တုရင်ခုံ၏ နောက်ဆုံး လှုပ်ရှားမှုက ဒီလောက်ထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပေ။
ထိုနေရာတွင် အနက်ရောင် နယ်ရုပ်အများအပြားရှိနေပြီး သူတို့၏ ပူးပေါင်းစွမ်းအားက ရပ်တန့်နိုင်ဖွယ်ရာမရှိပေ။ သူတို့က အရာအားလုံးနှင့် လူတိုင်းကို ဖျက်စီးပစ်နိုင်သည်။
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်တို့အဖွဲ့ ကစားပွဲကို အနိုင်ယူဖို့နေနေသာသာ အသက်ရှင်လျက် ထွက်လာနိုင်မလားဆိုတာပင် မသေချာပေ။
ထိုအခိုက်အတန့်မှစတင်ပြီး လူအများက စိတ်မပူပဲမနေနိုင်တော့ပေ။
“ ငါလာပြီ”
ချီသဲ့လုံက ရှေ့တက်သွားရင်း တိုက်ခိုက်လိုစိတ်ပြင်းထန်လာပြန်သည်။
သူက ထိုင်ပြီးကြည့်နေရမှာကို မကျေနပ်ဘဲ သူတို့နှစ်ယောက်နှင့်အတူ တိုက်ခိုက်ချင်နေသည်။
ချီသဲ့လုံ၏ အရှိန်အဝါက ပြင်းထန်သော ဆူနာမီလှိုင်းလုံးကဲ့သို့ အားအင်ပြင်းထန်လှသည်။
သူ၏ ရွှေရောင်အလင်းတန်းထဲတွင် အနီရင့်ရောင် မီးတောက်များပါဝင်လာကာ သူ့ အရှိန်အဝါကလည်း ပိုမိုအားကောင်းလာသည်။
ရွှေရောင်နှင့် အနီရင့်ရောင် အလင်းတန်းများက အတူတူရောယှက်သွားကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် သူ၏ တိုက်ခိုက်လိုစိတ်ကို ပိုမိုကြောက်စရာကောင်းအောင် လုပ်ပေးနေသည်။
ချီသဲ့လုံက သူတတ်နိုင်သလောက်အကုန်လုပ်ပြီး အဆင့်အမြင့်ဆုံး ကျမ်းဖြစ်သည့် တိုက်ပွဲတော်ဝင်ကျမ်းကို ထုတ်သုံးလိုက်သည်။
သူက ရန်သူနှင့် ရင်ဆိုင်ဖို့အတွက် ဤပြိုင်ဘက်ကင်းပညာရပ်ကို အသုံးပြုနေခြင်းဖြစ်သည်။
ချီကျန့်က အထွတ်အမြတ်တိုက်ပွဲ နတ်ဧကရာဇ်၏ အမွေအနှစ်ကို ရရှိပြီးနောက် တော်ဝင်ကျမ်းကို သူ့မျိုးနွယ်ဆီ လက်လွှဲပေးခဲ့သည်။
ရွှေမျက်လုံးမီးတောက် မျောက်ဝံမျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ချီသဲ့လုံတွင် ထိုတော်ဝင်ကျမ်းကို ကျင့်ကြံပိုင်ခွင့် ရှိသည်။
သို့သော် အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးရိုးရှိသူများသာ တိုက်ပွဲတော်ဝင်ကျမ်းကို အဆုံးစွန်အထိ ကျင့်ကြံလို့ရနိုင်သည်။
ချီသဲ့လုံ၏ မျိုးရိုးက လုံလောက်စွာ မသန့်စင်သည့်အတွက် တားမြစ်အခန်းကို ကျင့်ကြံလို့မရနိုင်ပေ။
ပုံရိပ်များ၏ မဟာတပ်ကြီး ဖိအားအောက်တွင် ချီသဲ့လုံက နောက်ဆုံးဂိတ်တံခါးပေါက်ဆီ ရောက်ဖို့အတွက် တိုက်ပွဲတော်ဝင်ကျမ်းကို အသုံးပြုဖို့ ကြိုးစားနေသည်။
ဝုန်း…
ဟိန်းဟောက်သံတစ်ခုက ချီသဲ့လုံ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
နောက်ထပ်အချိန်ခဏအတွင်းမှာပင် အနီရင့်ရောင် အလင်းတန်းက ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်လာကာ သူ၏ တိုက်ခိုက်လိုစိတ်က ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။
ပြင်းထန်သော အနီရင့်ရောင် အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေကာ စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤထိုးဖောက်ထွက်လာသော အရှိန်အဝါက ဘေးပတ်လည်ရှိ အာကာပြင်ကို ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲလိုက်သည်။
ချီသဲ့လုံ၏ အရှိန်အဝါက ရုတ်တရက် ပိုမိုကြောက်စရာကောင်းလာသည်။
ရွှေရောင်နှင့် အနီရင့်ရောင်အလင်းတန်းများ ရောစပ်ထားသည့်အတွက် သူ့ကိုကြည့်ရတာ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးအသွင် ပြောင်းသွားသည်နှင့် တူသည်။ သူက တစ်ကမ္ဘာလုံးနှင့် တိုက်ခိုက်ချင်သကဲ့သို့ တိုက်ခိုက်လိုစိတ်ကလည်း လောင်ကျွမ်းနေသည်။
“ တိုက်ပွဲသွေး ကောင်းကင်ကို လောင်ကျွမ်းခြင်း”
ချီသဲ့လုံ အော်ဟစ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ အနီရင့်ရောင်မီးတောက်က ကောင်းကင်သို့ သုံးပေအထိ မြင့်တက်သွားသည်။
တိုက်ပွဲသွေး ကောင်းကင်ကို လောင်ကျွမ်းခြင်းကို အသက်သွင်းပြီးနောက် သူ့စွမ်းအားနှင့် တိုက်ခိုက်စွမ်းရည်ကလည်း တိုးပွားလာသည်။
ချီသဲ့လုံ မြင့်တက်သွားကာ အနက်ရောင် နယ်ရုပ်များဆီသို့ ဦးတည်သွားကာ သူ၏ သွေးဆာလောင်မှုကို အထိန်းအချုပ်မဲ့စေသည်။
ထိတ်လန့်စရာကောင်းသော တိုက်ပွဲအရှိန်အဝါက ကောင်းကင်ကို ဖြတ်သန်းသွားကာ ကြက်သီးမွေးညင်းထစေသည်။
အနီရင့်ရောင် အလင်းတန်းများကာ အာကာပြင်တစ်ခွင် ပျံ့နှံ့သွားကာ ကောင်းကင်သို့ ထိုးဖောက်ထွက်သွားပြီး အာကာပြင်ထဲတွင် ဧရာမ ပေါက်ကွဲမှုကြီးတစ်ခုကို ဖန်တီးနေသည်။
အဆုံးမဲ့ အံ့ဖွယ်အလင်းတန်း တုန်ခါသွားကာ သူတို့၏ အရှိန်အဝါက ကမ္ဘာမြေကို တုန်လှုပ်သွားစေပြီး ကောင်းကင်ရှိ တိမ်များကိုပင် လွင့်ပြယ်သွားစေသည်။
အဝေးမှ မျှော်ကြည့်လိုက်သည့်အခါ အနီရင့်ရောင် ပုံရိပ်တစ်ခုက အနက်ရောင် နယ်ရုပ်တပ်များဆီသို့ ဦးတည်လာနေပြီး လမ်းကြောင်းရှိ သူများကို သတ်ဖြတ်လိုက်သည်။
ထိုအရာက သွေးထွက်သံယိုမြင်ကွင်းတစ်ခုဖြစ်သည်။
ကြာပြာက အော်ဟစ်ကာ ပြောဆိုလိုက်သည်
“ မျောက်ဝံဘုရင်ကြီး တော်တယ်။ ဘေးကနေ အတူတူ တိုက်ခိုက်ပေးမယ်”
သူ့အရှိန်အဝါ ပေါက်ကွဲထွက်သွားကာ အစိမ်းရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲပြီး နောက်မှလိုက်သွားသည်။
“ ကောင်းကင်လက်ကို မြှောက်ပင့်ခြင်း”
ကြာပြာက အော်ဟစ်ကာ မိုးမြေကို ဖိနှိပ်နိုင်သည့် ဧရာမ လက်သဏ္ဌာန်ကို ဖန်တီးဖို့အတွက် မရေတွက်နိုင်သော အစီအရင်များကို စုစည်းလိုက်သည်။
ရုတ်တရက် မိုးမြေကွဲအက်သွားကာ လက်သဏ္ဌာန်အနားရှိ အနက်ရောင်ပုံရိပ်များအားလုံး တစ်စစီဖြစ်သွားသည်။
ဤအရာက နတ်ဘုရားလောကမှ ပြိုင်ဘက်ကင်း ပညာရပ်ဖြစ်သည်။ ကြာပြာ ထိုအရာကို အသုံးပြုလိုက်သည့်အခါ စွမ်းအားက ရပ်တန့်လို့မရနိုင်ပေ။
သူတို့နှစ်ယောက်က အင်အားများ ပေါင်းစည်းကာ အနက်ရောင်ပုံရိပ်တပ်ကို နောက်ဆုတ်သွားအောင် လုပ်နေသည်။ မရေတွက်နိုင်သော စွမ်းအားကြီး ကျင့်ကြ့သူများက ပျက်စီးသွားပြီဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သူတို့အနောက်မှာ ရပ်တည်ဖို့ ရွေ့လျားလိုက်သည်။ သူက သူတို့၏ ပတ်လည်တွင်ရှိနေသော အနက်ရောင်ပုံရိပ်များကို ကိုင်တွယ်ဖို့အတွက် တာဝန်ရှိသည်။
သူ၏ မိုးကြိုးနတ်ဘုရားဓားကလည်း ဆက်တိုက်ခုတ်ဖြတ်နေပြီး ပုံရိပ်များကို နှစ်ခြမ်းပိုင်းသွားစေသည်။
ဂျိန်း…
စစ်တုရင်ခုံတစ်ခွင်တွင် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ပဲ့တင်ထပ်သွားသည်။
နေမင်း ပေါက်ကွဲသလိုမျိုး အကန့်အသတ်မဲ့ အံ့ဖွယ်အလင်းတန်း ပေါက်ကွဲထွက်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လင်းလက်တောက်ပသွားစေသည်။
ယောက်ျားသုံးယောက်အဖွဲ့က ရှေ့သို့ ထွက်လာကာ ပြင်ပလောကသို့ ထွက်မည့်လမ်းကြောင်း တစ်လျှောက်ရှိ ရန်သူများကို နှိမ်နင်းသွားသည်။ သူတို့က သွေးသံရဲရဲလမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်သည်။
အားလုံးက ထိုမြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားသည်။
ထိုသုံးယောက်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို မသိခဲ့သည့်အတွက် သူတို့ ထိတ်လန့်သွားကြသည်။
သူတို့က ဟွမ်ထျန်း စစ်တုရင်ခုံကို အနိုင်မရသေးသော်လည်း အသက်အန္တရာယ်ရှိသည့် အခြေအနေမှ လွတ်မြောက်လာပြီဖြစ်သည်။
ဤကဲ့သို့သော အောင်မြင်မှုမျိုးက မှတ်တမ်းတင်သင့်သောအရာ ဖြစ်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နှင့် သူတို့၏အဖွဲ့က လမ်းကြောင်းကို ရှင်းလင်းနိုင်သွားကာ ဂုဏ်ယူစွာ မတ်တပ်ရပ်နေကြပြီး သူတို့၏ အရှိန်အဝါများက အံ့ဩစရာကောင်းလှသည်။
ထိုတိုက်ပွဲပြီးသွားသည့်အခါ သူတို့ကိုကြည့်ရတာ ပင်ပန်းနွမ်းနယ်သည့် ပုံစံမပေါက်ပေ။ အထူးသဖြင့် ချီသဲ့လုံနှင့် ကြာပြာတို့ နှစ်ယောက်လုံးကို ကြည့်ရတာ အတော်လေး သနားဖို့ကောင်းလှသည်။
မျောက်ဝံဘုရင်၏ ရွှေရောင်အမွေးများလည်း သွေးများဖြင့် စိုရွှဲနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း သွေးထွက်နေသော ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။
ရွှေရောင်နှင့် သွေးရောယှက်နေသည့်အတွက် အားလုံး၏ နှလုံးသားကို တုန်ခါသွားစေသည်။
ကြာပြာကလည်း တူညီသော အခြေအနေတွင်ရှိသည်။ သူ၏ ခရမ်းရောင်ဝတ်ရုံကလည်း စုတ်ပြဲနေသည်။
သူ၏ မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေပြီး မျက်လုံးများလည်း ညိုနေသည်။ သူ ရိုက်နှက်ခံထားရတာ သေချာသည်။
အဓိကအကြောင်းအရင်းက မျောက်ဝံဘုရင်က ရှေ့သို့ အလျင်စလိုသွားပြီး တိုက်ခိုက်မှုအများစုကို ပိတ်ပင်တားမြစ်ခဲ့သောကြောင့် ဖြစ်သည်။
ဒီလိုသာ မဟုတ်ပါက ကြာပြာက ဒီထက်ပိုမိုဆိုးရွားသော အခြေအနေသို့ရောက်ရှိနေမည်ဖြစ်သည်။
“ တကယ်ကို ကောင်းတဲ့ တိုက်ခိုက်မှုပဲ”
မျောက်ဝံဘုရင်က သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဂရုမစိုက်ပဲ စိတ်လှုပ်ရှားနေသည်။
သူ ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းသော တိုက်ပွဲမျိုးကို မတိုက်ရတာ အတော်လေး ကြာနေပြီဖြစ်သည်။ သူ၏ သွေးကြောများမှ တိုက်ခိုက်လိုစိတ်များ စီးဆင်းနေသည်။
ချီသဲ့လုံ၏ ခန္ဓာကိုယ်က ဤတိုက်ပွဲမှ ဉာဏ်အလင်းပွင့်မှုတစ်ခု ရတော့မည့်ပုံစံဖြင့် တောက်ပလာသည်။
နက်နဲသော စွမ်းအင်က သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသည့်အတွက် တင်ပျဉ်ခွေထိုင်လိုက်သည်။
အကန့်အသတ်မဲ့ တိုက်ပွဲအရှိန်အဝါက ပြင်းထန်သော လှိုင်းလုံးကဲ့သို့ ထိုးဖောက်ထွက်လာကာ ကောင်းကင်သို့ ထိုးထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များ စုဝေးလာသည်။ ကောင်းကင်မိုးကြိုးစမ်းသပ်ချက် ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။
တစ်စုံတစ်ယောက်က ပြောလိုက်သည်
“ မျောက်ဝံဘုရင်က အဆင့်တက်သွားတော့မယ်”
ချီသဲ့လုံက ၈ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာ ဖြစ်သည်။
ကောင်းကင် မိုးကြိုးစမ်းသပ်ချက် ရောက်ရှိလာမှုကြောင့် သူ ၉ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာဖြစ်သွားတော့မှာ သေချာသည်။
“ အချိန်မီလေးပဲ”
ချီသဲ့လုံက ပြင်းထန်သော ဒဏ်ရာများကို ရရှိထားသော်လည်း သူ၏ တိုက်ခိုက်လိုစိတ်က တောက်လောင်နေဆဲဖြစ်သည်။
သူက သူ၏ ကျန်ရှိနေသော တိုက်ခိုက်လိုစိတ်ကို အသုံးပြုကာ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို ရင်ဆိုင်ဖို့အတွက် ကောင်းကင်သို့ ပျံသန်းသွားသည်။
ထိုအချိန် လျှပ်စီးလက်သွားကာ မိုးကြိုးများပစ်နေသည်။ အာကာပြင် အပိုင်းအစများပင် တစ်စစီဖြစ်သွားသည်။
အဆုံးသတ်တွင် ချီသဲ့လုံက ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို အောင်မြင်စွာ ဖြတ်ကျော်သွားနိုင်ပြီး မရေတွက်နိုင်သော သဘာဝစည်းမျဉ်းများကို ဆွဲဆောင်လိုက်နိုင်သည်။
သူ့အရှိန်အဝါ ထိုးဖောက်ထွက်လာကာ တောက်ပသော ရွှေရောင်အလင်းတန်းက သူ့ကို ပတ်လည်ဝန်းရံထားကာ နေမင်းကဲ့သို့ တောက်ပနေသည်။
ထို့အပြင် သဘာဝစည်းမျဉ်းများ၏ သန့်စင်မှုကြောင့် ချီသဲ့လုံက သူ့ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်းများ ထွက်လာသည်။
သူက နတ်ဘုရားတစ်ပါးကဲ့သို့ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းလာသည်။
သူ့မျိုးရိုးက အဆင့်မြင့်သွားကာ အထွတ်အမြတ်တိုက်ပွဲမျောက်ဝံဖြစ်လာဖို့အတွက် နောက်ဆုံးအလွှာကို ကျော်လွန်နိုင်သွားပြီဖြစ်သည်။
လူအုပ်က ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။
အထွတ်အမြတ်တိုက်ပွဲ မျောက်ဝံမျိုးရိုးက သဘာဝအင်အားများဖြင့် ဖန်တီးထားကာ ကောင်းကင်၏ ကောင်းချီးပေးခြင်းကို ခံထားရသည်။
ကမ္ဘာမြေပေါ်တွင် မူလတုန်းက အထွတ်အမြတ်တိုက်ပွဲမျောက်ဝံများ မရှိခဲ့ပေ။
သို့သော် မျောက်ဝံမျိုးနွယ်က တိုက်ခိုက်လိုစိတ် ပြင်းပြသည့်အတွက် တချို့က တိုက်ပွဲမှ ထူးခြားသော အောင်မြင်မှုများကို ရရှိခဲ့သည်။
ကောင်းကင်တာအို၏ သန့်စင်ပေးမှုကြောင့် သူတို့၏ တိုက်ခိုက်လိုစိတ်က အရိုး၊ အင်္ဂါများ၊ ကြွက်သားများနှင့် သွေးကြောများထဲအထိ ပျံ့နှံ့သွားသည်။
ထို့နောက် အထွတ်အမြတ်တိုက်ပွဲမျောက်ဝံ မွေးဖွားလာခြင်းဖြစ်သည်။
ရှေးပဝေဏီခေတ်ကလည်းက ဤကမ္ဘာပေါ်တွင် အထွတ်အမြတ်တိုက်ပွဲမျောက်ဝံသုံးကောင်သာ ရှိသေးသည်။
ယခုလည်း ချီသဲ့လုံက တိုက်ပွဲကို အသုံးချပြီး အထွတ်အမြတ်တိုက်ပွဲမျောက်ဝံအဖြစ် အသွင်ပြောင်းသွားပုံပေါ်သည်။ အားလုံး အံ့ဩသွားကြသည်။
“ ဟွမ်ထျန်း စစ်တုရင်ခုံက ကျင့်ကြံခြင်းအတွက် တကယ်ကို သင့်တော်တဲ့ နယ်မြေတစ်ခုပဲ”
“ ကြည့်ရတာ ဒီတစ်ခါတော့ မျောက်ဝံဘုရင်က ကြီးမားတဲ့ဆုလာဘ်တွေကို ရပြီထင်တယ်”
“ နောက်ထပ် စွမ်းအားကြီးတဲ့ ကမ္ဘာ့ထိပ်တန်း ကျင့်ကြံသူတစ်ယောက် ကမ္ဘာပေါ်မှာ ထွက်ပေါ်လာပြီ။”
မရေတွက်နိုင်သော သူများ၏ မျက်နှာတွင် အံ့ဩမှု၊ လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။
ချီသဲ့လုံက ၉ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာဖြစ်ရုံသာမက တိုက်ပွဲနည်းလမ်းကို အထွတ်အမြတ် တိုက်ပွဲမျောက်ဝံ အဖြစ်ပြောင်းလဲနိုင်အောင် အသုံးပြုခဲ့သည်။
သူ၏ စွမ်းအားတိုးတက်မှုများက ဤလောကမှာရှိသောသူများထက် ကျော်လွန်နေသည်။
ကြာပြာက မနာလိုဖြစ်စွာဖြင့် ပြောလိုက်သည်
“ မျောက်ဝံဘုရင်တောင် ကံအပြောင်းအလဲ အခွင့်အရေးကို ရသွားပြီ။
ငါက ဘာလို့ ဘာမှမရသေးတာလဲ။ ကောင်းကင်တာအိုက မမျှတဘူး”
ကြာပြာက အစွမ်းကုန်တိုက်ခိုက်ပြီး ရိုက်နှက်ခံရသည်အထိ ဖြစ်ခဲ့သော်လည်း ဆုလာဘ်တစ်ခုမှ မရခဲ့ပေ။
ထိုခံစားချက်က နှစ်ပေါင်းတစ်သောင်းကြာ စိုက်ပျိုးထားသော သံပုရာသီးကို စားရသည်နှင့်တူပြီး အင်မတန်ချဉ်လွန်းလှသည်။
ထိုအချိန်တွင် အံ့ဖွယ်အလင်းတန်းက ဟွမ်ထျန်း စစ်တုရင်ခုံမှ ထွက်လာသည်။
ရတနာတစ်ပါးမွေးဖွားလာသကဲ့သို့ စိတ်စွမ်းအင်ဖြာထွက်လာသည်။
အံ့ဖွယ်အလင်းတန်းသုံးခုက အာကာပြင်ထဲသို့ သက်တံတစ်ခုလိုမျိုး ထွန်းလင်းကာ အသုံးအဆောင်ပစ္စည်းသုံးခုကို သူတို့တစ်ယောက်ချင်းစီ၏ လက်ထဲသို့ ထည့်ပေးနေသည်။
ကြာပြာ၏ မျက်နှာတွင် စိတ်လှုပ်ရှားသောအကြည့်တို့ ဖြတ်ပြေးသွားသည်။
ထာဝရတစ်ပိုင်းအသုံးအဆောင်ပစ္စည်းက သူ့လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ပြီး ထိုအရာက တုတ်ရှည်တစ်ချောင်း ဖြစ်သည်။
တုတ်ချောင်းက မီးခိုးရောင်ဖြစ်ပြီး ထိတ်လန့်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကာ အံ့ဖွယ်မြူခိုးအလင်းကလည်း ရစ်ပတ်နေသည်။
ဒါက သာမန်ပစ္စည်းတစ်ခုတော့ မဖြစ်နိုင်ဘူး
ကြာပြာက လက်ထဲတွင် ရတနာကို ရရှိသွားသည့်အတွက် မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ ကျွန်တော် စောစောက ပြောလိုက်တာကို လျစ်လျူရှုလိုက်ပါ။
မဟာကောင်းကင်တာအိုက တရားမမျှတတဲ့သူ မဟုတ်ပါဘူး”
ဤအရာက ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းဖြစ်ပြီး သူ၏ ရွှေတုတ်ချောင်းထက်ပင် ပိုပြီးတော့ စွမ်းအားကြီးလှသည်။
ကြာပြာက စိတ်ထဲတွင် ဝမ်းသာနေသည့်အတွက် တောက်ပစွာ ပြုံးနေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဖျက်စီးစွမ်းအားရှိသည့် တံဆိပ်ကို လက်ခံရရှိလိုက်သည်။ ထိုအရာက မိုးကြိုးအခြေခံပြီး ပြုလုပ်ထားသည့် ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းဖြစ်သည်။
ချီသဲ့လုံက အံ့ဖွယ်သတ္တုချပ်ဝတ်တန်ဆာကို ရရှိသွားသည်။ ထိုအရာက ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းဖြစ်ပြီး သူ၏ ခုခံနိုင်စွမ်းကို များစွာ မြှင့်တင်ပေးသည်။
ထိုပစ္စည်းများက သူတို့သုံးယောက်အတွက် များပြားသော အကျိုးအမြတ်တစ်ခု ဖြစ်သည်။
အားလုံးက သူတို့သုံးယောက်ကို ကြည့်ပြီး အရမ်းအားကျနေကြသည်။
ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းများက ထူးခြားအံ့ဖွယ်ပစ္စည်းများ ဖြစ်ကြသည်။ ထိုကဲ့သို့သော စွမ်းအားကြီး အသုံးအဆောင်ပစ္စည်းများကို ထာဝရတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်သာလျှင် ပြုလုပ်နိုင်မည် ဖြစ်သည်။
ထိုကဲ့သို့သော အဆင့်ရှိသည့် အသုံးအဆောင်ပစ္စည်းမျိုး အထွတ်အမြတ်မြေအသီးသီး၏ ဂိုဏ်းချုပ်များနှင့် အကြီးအကဲချုပ်များတွင် ရှိသည်ကပင် အင်မတန် ရှားပါးလှသည်။
မရေတွက်နိုင်သောသူများက အံ့ဩစွာဖြင့် ပြောလိုက်သည်
“ အရင်ကတည်းက ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်း ဆုချခံရတဲ့သူက လက်တစ်ဖက်ထဲနဲ့ပဲ ရေတွက်လို့ရတယ်။”
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တို့အဖွဲ့က အရမ်းကံကောင်းတာပဲ”
“ သူတို့ရဲ့ တိုက်ပွဲစွမ်းရည်နဲ့ အောင်မြင်မှုကို ကြည့်လိုက်ရင် သူတို့က အဲဒီရတနာတွေနဲ့ ထိုက်တန်ပါတယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်တို့အဖွဲ့က ဟွမ်ထျန်း စစ်တုရင်ခုံပေါ်တွင် နောက်ဆုံးခြေလှမ်းသို့ ရောက်ရှိသွားပြီဖြစ်သည်။
ရှေးအခါကတည်းက ဤကဲ့သို့သော တိုက်ပွဲရလဒ်အဆင့်က ရှားပါးသော အောင်မြင်မှုတစ်ခုဖြစ်သည်။
ထာဝရတစ်ပိုင်းအသုံးအဆောင်ပစ္စည်းများကို ရရှိခြင်းက သူတို့အရည်အချင်းများအတွက် အသိအမှတ်ပြုမှုတစ်ခုဖြစ်သည်။
တခြားဂိုဏ်းချုပ်များနှင့် အကြီးအကဲချုပ်များ၏ စိတ်ထဲတွင် ခါးသီးမှုတချို့ ဖြတ်ပြေးသွားသည်။
ထို့အပြင် သူတို့က ဝိဇ္ဇာအဆင့် အသုံးအဆောင်ပစ္စည်းများကိုသာ ရရှိခဲ့သည်။
နေကိုးစင်း ဂိုဏ်းချုပ်၏ မဟာဝိဇ္ဇာအသုံးအဆောင်ပစ္စည်းကပင် ထာဝရတစ်ပိုင်း အသုံးအဆောင်ပစ္စည်းကို မမှီနိုင်ပေ။
နေကိုးစင်း ဂိုဏ်းချုပ်၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားမိသည်။ သူ့မျက်နှာတွင် အားကျမှု၊ မနာလိုမှုတို့ဖြင့် ပြည့်နှက်နေသည်။
သူ၏ မဟာဝိဇ္ဇာ အသုံးအဆောင်ပစ္စည်းက အဲလောက်ထိ မကြီးမြတ်တော့ဘူးဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။
ကိုယ့်ကိုယ်ကို အမြဲတမ်း တခြားသူများနှင့် နှိုင်းယှဉ်ခြင်းက စိတ်အနှောင့်အယှက်ဖြစ်စေသည်။
ငါတို့အားလုံးက ဂိုဏ်းချုပ်တွေပဲလေ။ ဘာလို့ ငါတို့ကြားက ခြားနားမှုက အရမ်းကြီးကျယ်နေရတာလဲ
ဘေးမှာရပ်နေသည့် ရှီထျန်းကျီက အရမ်းစိတ်လှုပ်ရှားကာ စမ်းသပ်ကြည့်ဖို့ စိတ်အားထက်သန်နေသည်။
ထိုကဲ့သို့သော ကံအပြောင်းအလဲ အခွင့်အရေးမျိုးက လေ့ကျင့်ဖို့အတွက် အကောင်းဆုံးဖြစ်သည်။
သူသာ ကြာကြာနေနိုင်ပါက ဆုအနေဖြင့် ရတနာတစ်ခုပင် ရရှိနိုင်သေးသည်။
သို့သော် ရှီထျန်းကျီက သက်ပြင်းချကာ ပြောလိုက်သည်
“ ငါ့ရဲ့ စစ်တုရင်ကစားနည်းက အတော်ကို ဆိုးရွားတယ်။ ငါ သွားလည်း အလကားပဲနေမှာပဲ”
ရှီထျန်းကျီက မွေးဖွားလာသည့်နေ့ရက်မှစပြီး ကျင့်ကြံခြင်းတွင်သာ နစ်မြုပ်ထားခဲ့သည်။
သူက အရာအားလုံးကို လျစ်လျူရှုထားပြီး သူ့အချိန်နှင့် ကြိုးစားအားထုတ်မှုအားလုံးကို ကျင့်ကြံခြင်းအတွက်သာ ကုန်ဆုံးခံသည်။
အပွင့်လင်းဆုံးပြောရလျှင် သူက စစ်တုရင်ကစားနည်းသင်ဖို့ အချိန်အများကြီး မကုန်ဆုံးခဲ့ဖူးပေ။
သူက စစ်တုရင်ကို ကစားသော်လည်း လူသစ်ကစားသူတစ်ယောက်ဟုသာ သတ်မှတ်ခံထားရသည်။
ပြင်ပလောကရှိ စိန်ခေါ်မှုပြင်းထန်သော စစ်တုရင်ကစားပွဲကိုပင် အနိုင်ယူဖို့က သူ့အတွက် ခက်ခဲလှသည်။
ဒီဟွမ်ထျန်း စစ်တုရင်ခုံပေါ်က ကစားပွဲ ဘယ်လောက်ခက်တယ်ဆိုတာကိုတော့ ပြောစရာကို မလိုတော့ဘူး။ ရှီထျန်းကျီရဲ့ စစ်တုရင်ကစားနိုင်စွမ်းက ဒီထက်ပိုပြီး မလုပ်နိုင်လောက်တော့ဘူး
ရှီထျန်းကျီက စမ်းသပ်ကြည့်ချင်နေသော်လည်း အရမ်းတွေဝေပြီး စိတ်ရှုပ်ထွေးနေသည်။ အားလုံးက သူ့ကို စံပြတစ်ယောက်အဖြစ် သတ်မှတ်ထားသည့် ဝန်ထုပ်ဝန်ပိုးလည်းရှိနေသည်။ သူ့ကိုယ်သူ အရှက်ရအောင် မလုပ်ချင်ပေ။
ထိုအခိုက်အတန့်တွင် ရှန်ထျန်း ထွက်လာသည်။
ထို့နောက် ပြုံးကာ ပြောလိုက်သည်
“ စမ်းကြည့်ချင်တယ်ဆိုရင်လည်း လုပ်လေ။ မဟုတ်ရင် နောက်ကျမှ နောင်တရနေရလိမ့်မယ်။ ကိုယ့်အသိစိတ်က ပြောတာကိုပဲ နားထောင်လိုက်ပါ။ လုပ်နိုင်ပါတယ်”
ရှီထျန်းကျီက ပြန်ဖြေလိုက်သည်
“ စီနီယာတွေ အများကြီးတောင် ဒါကို မဖြေရှင်းနိုင်ကြဘူး။ ငါ လုပ်နိုင်မယ်လို့ မင်း တကယ်ထင်လား”
သူ့ရဲ့ စစ်တုရင်ဆော့နိုင်စွမ်းနဲ့ဆိုရင် ဒီစစ်တုရင်ခုံကို သာမန်လောက်ပဲ နားလည်နိုင်တယ်လေ။ ဘယ်လိုလုပ်ပြီးတော့ အနိုင်ယူနိုင်မှာလဲ
ရှန်ထျန်းက အားပေးလိုက်သည်
“ ကျင့်ကြံခြင်းက စိန်ခေါ်မှုကို ရင်ဆိုင်ပြီးတော့ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ရတာပဲလေ။ မစမ်းသပ်ကြည့်ရင် ဘယ်လိုလုပ်ပြီးတော့ အောင်မြင်နိုင်မလားဆိုတာကို သိနိုင်ပါ့မလဲ။
ညီအစ်ကိုရှီသာ ဆန္ဒရှိရင် ကျွန်တော်လည်း အတူတူ ကြိုးစားလို့ရပါတယ်”
ရှီထျန်းကျီ၏ အကြည့်တို့ လင်းလက်သွားကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန်က စစ်တုရင် ဘယ်လိုကစားရမလဲဆိုတာကို သိလား”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကျွန်တော် စစ်တုရင်ဆော့တာ အရမ်းတော်တယ်။ စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့ အတူတူသွားကြမလား”
ရှန်ထျန်း၏ စကားကို ကြားပြီးနောက် အနီးနားတွင် ရပ်နေသောသူများက အံ့အားသင့်သွားကြသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ရုပ်ချောရုံတင် မကသေးဘူး စစ်တုရင် ဘယ်လိုကစားရမယ်ဆိုတာကိုပါ သိနေတာလား
သူက အကုန်လုပ်တတ်နေတာလား
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကလည်း စစ်တုရင်ဆော့တာတော်လို့ နောက်ဆုံးအဆင့်ထိ ရောက်အောင် ဆော့သွားနိုင်တယ်
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကလည်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့လက်အောက်ကဆိုတော့ သူလည်း စစ်တုရင်ဆော့တာ တော်နေမှာ အံ့ဩစရာတော့ မဟုတ်ပါဘူး
အားလုံးက အခြေအနေကို စိတ်ဝင်စားသည့်အတွက် စတင် မျှော်လင့်နေကြသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဘယ်လောက်ဝေးဝေးထိ သွားနိုင်မလဲဆိုတာကို အားလုံးက မြင်ချင်နေကြသည်။
ရှီထျန်းကျီတွင်လည်း တူညီသောအတွေးတစ်ခုရှိသည်။
ရှန်ထျန်းက သူ၏ အလေးစားရဆုံး ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။
သူ၏ တိုက်ခိုက်စွမ်းရည်က အံ့အားသင့်ဖို့ကောင်းသည်သာမက မွေးရာပါ အရည်အချင်းလည်း မြင့်မားသည့်အပြင် ကြင်နာတတ်ပြီး ရက်ရောသည်။
ရှန်ထျန်းက သူနှင့်အတူသွားပြီး ကစားပွဲကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကို သင်ပေးချင်နေသည်။
ထိုအတွေးကြောင့် ရှီထျန်းကျီက စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သော်လည်း သူ့ကို မငြင်းဆိုလိုက်ပေ။
“ ကျေးဇူးပါ ညီအစ်ကိုရှန်”
ရှီထျန်းကျီက မာနကြီးသူဖြစ်သော်လည်း ဘယ်သူ့အပေါ်မှ အကြွေးမတင်ချင်သောသူဖြစ်သည်။
သို့သော် သူက ဟွမ်ထျန်းစစ်တုရင်ခုံပေါ်တွင် လေ့ကျင့်နိုင်ဖို့အတွက် သဘောတူလိုက်သည်။
သူ၏ ကိုယ်ပိုင်အရည်အချင်းကို တိုးတက်လာအောင် လုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
ရှန်ထျန်းက သူ့ကို ကူညီချင်နေပြီး ရှီထျန်းကျီက သူ၏ ကြင်နာသော ကမ်းလှမ်းမှုကို မငြင်းဆိုနိုင်ဖြစ်နေသည်။
ရှီထျန်းကျီ သဘောတူပြီးနောက် ရှန်ထျန်း၏ အပြုံးက ပိုမိုတောက်ပလာသည်။
“ ကောင်းပြီလေ ဒါဆိုရင်လည်း စစ်တုရင်ခုံဆီ အတူတူသွားလိုက်ရအောင်”
ရှန်ထျန်းက ရှီထျန်းကျီနှင့်အတူ ဟွမ်ထျန်း စစ်တုရင်ခုံဆီသို့ ဝင်ဖို့လုပ်ရင်း ပြုံးလိုက်သည်။
သူတို့နှစ်ယောက် ဆက်သွားတော့မည်ဆိုတာကို ကြားပြီး အားလုံး၏ အာရုံက သူတို့ဆီသို့ ရောက်ရှိလာသည်။ ဆူညံသော ဆွေးနွေးမှုများကိုလည်း စတင်ပြုလုပ်လာကြသည်။
“ ရှီထျန်းကျီနဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်တို့ ဘယ်အဆင့်ထိ သွားနိုင်မယ်လို့ မင်းတို့ ထင်လဲ”
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့ အတူတူဖြစ်သင့်တယ်လို့ ငါထင်တယ်။ သူတို့ နောက်ဆုံးအဆင့်ထိ ရောက်သွားသင့်တယ်။ ပြီးတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စစ်တုရင်ကစားတာ တော်တယ်လို့ ပြောခဲ့တယ်လေ”
သူတို့က ကျိရှားကျောင်းတော်မှ ပါရမီရှင်များဖြစ်သည့်အတွက် ရှန်ထျန်း၏ အရည်အချင်းကို ယုံကြည်ကြသည်။
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်က အရင်ဆုံးစပြီးတော့ ကစားခဲ့တော့ သူ့အတွက်တော့ မခက်ခဲသင့်ဘူး
“ ဒါပေမဲ့ သူအနိုင်ရမယ်လို့ ငါတော့ မထင်ဘူး”
“ ဟွမ်ထျန်း စစ်တုရင်ခုံရဲ့ နောက်ဆုံးအဆင့်က မတိုးမဆုတ်သာ အခြေအနေဆိုတာကို အားလုံးလည်း တွေ့သားပဲ”
“ ဒီစစ်တုရင်ခုံက အနိုင်ယူလို့မရဘူးလို့ ငါထင်တယ်”
တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။ ဟွမ်ထျန်း စစ်တုရင်ခုံက အနိုင်ယူဖို့ အရမ်းခက်ခဲလှပြီး အဓိပ္ပာယ်မရှိသော ပဟေဠိတစ်ခုဖြစ်သည်။
ဤကစားပွဲကို အနိုင်ရနိုင်သည့် မျှော်လင့်ချက် ဘယ်သူ့ဆီမှာမှ မရှိကြပေ။
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်ပင် အနိုင်ယူဖို့အတွက် ရှုံးနိမ့်ခဲ့သည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်အနေဖြင့် အနိုင်ရနိုင်သော အခွင့်အရေးကလည်း အရမ်းကို နည်းပါးသည်။
သို့သော် တစ်စုံတစ်ယောက်က ငြင်းဆိုလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ရှီထျန်းကျီက လုပ်နိုင်လိမ့်မယ်လို့ ငါ ခံစားရတယ်”
“ ရှီထျန်းကျီက ငယ်ရွယ်တဲ့ စံပြတစ်ယောက်ဖြစ်ပြီး ထူးခြားသော ကံကြမ္မာကို ပိုင်ဆိုင်ထားတယ်လေ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကောင်းချီးအပေးခံရဆုံး ကံကြမ္မာသားတော်ပဲ”
“ ဒီကံကြမ္မာသားတော်နှစ်ပါးက အင်အားပေါင်းစည်းလိုက်တယ်ဆိုတော့ သူတို့ ဆန်းကြယ်မှုတစ်ခုကို ဖန်တီးနိုင်မှာ သေချာတယ်”
လူတချို့က စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည့်အတွက် သူတို့၏ အကြည့်များထဲတွင် တောက်ပနေသည်။
ထိုအချိန်တွင် ရှန်ထျန်းနှင့် ရှီထျန်းကျီက စစ်တုရင်ခုံထဲသို့ ဝင်သွားသည်။
သူတို့ရှေ့ကလူများကဲ့သို့ ကမောက်ကမဖြစ်ပြီး မြူခိုးများဖြင့် ပြည့်နှက်နေသော အာကာပြင်ထဲသို့ ဝင်ရောက်သွားသည်။
ရှီထျန်းကျီက သူ့ပတ်ဝန်းကျင်ကို လေ့လာပြီးနောက် ပြောလိုက်သည်
“ ညီအစ်ကိုရှန် ငါတို့ အရင်ဆုံး ဘယ်ကိုသွားသင့်လဲ”
စစ်တုရင်ခုံပေါ်တွင် ပထမဆုံး ရွေ့လျားမှုက အရမ်းအရေးကြီးသည်။ ဖြစ်သလို ရွေ့လျားလိုက်လို့ မရပေ။ မှားယွင်းစွာ ရွှေ့လိုက်သည်နှင့်တစ်ပြိုင်နက် နောက်ပိုင်းမှ အခြေအနေကို ပြန်လည်ဖြေရှင်းရန်အတွက် အင်မတန်ခက်ခဲလှသည်။
ရှီထျန်းကျီက စစ်တုရင်ကစားရာတွင် မတော်သော်လည်း ဤအကြောင်းအရာကို နားလည်နေဆဲဖြစ်သည်။ ထို့ကြောင့် ရှန်ထျန်း ပထမဆုံး ဘယ်အကွက်ကို ရွှေ့မလဲဆိုတာကို သူ သိချင်နေမိသည်။
ရှန်ထျန်းကို ကြည့်ရတာ အရမ်းတည်ငြိမ်နေပုံပေါ်သည်။ သူက နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်
“ ကျွန်တော်တို့ရဲ့ ပထမဆုံး ရွှေ့ကွက်က အဲဒီနေရာပဲ”
ရှီထျန်းကျီက အတော်လေးထိတ်လန့်နေသည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ကောင်းမွန်သော ရွှေ့ကွက်ကို ရွေးချယ်ခဲ့သောကြောင့် မဟုတ်ပေ။
အဲဒါက ကောင်းမွန်တဲ့ ရွှေ့ကွက်ဆိုရင်တောင် သူ ပြောနိုင်ခဲ့မှာ မဟုတ်ဘူး
သူ လန့်သွားတဲ့အဓိကအကြောင်းက သူက ရှန်ထျန်းနဲ့ အတွေးတူနေလို့ပဲ
“ ကောင်းပြီလေ”
ရှီထျန်းကျီက ထိုနေရာသို့ ရွေ့လျားလိုက်သည်။
သိပ်မကြာခင်မှာပင် အံ့ဖွယ်အလင်းတန်းက ကောင်းကင်သို့ ပျံတက်သွားကာ တောက်ပနေသည်။
တခြားသူများနှင့် မတူညီဘဲ သူတို့၏ ပထမဆုံးရွှေ့ကွက်က အနက်ရောင် နယ်ရုပ်များ၏ တားမြစ်ပိတ်ပင်ခြင်းကို မခံခဲ့ရပေ။ သူတို့ ဘေးကင်းပြီး အနက်ရောင်နယ်ရုပ်များနှင့် တိုက်ခိုက်ရန် မလိုပေ။
ရှီထျန်းကျီက စိတ်သက်သာရာရသွားသည့်ပုံစံဖြင့် ပြောလိုက်သည်
“ ညီအစ်ကိုရှန်က တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့တာပဲ”
ယခင် စစ်တုရင်ကစားပွဲများတွင် ကျင့်ကြံသူများ တစ်ကွက်ရွှေ့လိုက်တိုင်း အနက်ရောင် နယ်ရုပ်များနှင့် ဆုံတွေ့သည်ကို သတိထားမိသည်။
သို့သော် သူတို့က ရင်ဆိုင်စရာ မလိုသည့်အတွက် အကောင်းဆုံး ရွှေ့ကွက်ဟု ပြောနိုင်သည်။
ရှန်ထျန်း ခေါင်းညိတ်ပြလိုက်ပြီး ငြင်းဆန်ဖို့ ကြိုးစားမနေတော့ပေ။
အပြင်ဘက်တွင် အားလုံးက အံ့ဩသော မျက်နှာထားများဖြင့် ကြည့်နေကြသည်။
တစ်စုံတစ်ယောက်က ခေါင်းကုတ်ကာ ပြောလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘာလို့ အဲဒီရွှေ့ကွက်ကို ရွေးချယ်ခဲ့တာလဲ”
“ သူက ထောင်ချောက်ထဲ ကျသွားတာ မဟုတ်ဘူးလား”
“ သူက အနက်ရောင်နယ်ရုပ်တွေနဲ့ မကြုံတွေ့ရပေမဲ့လည်း သိပ်မကြာခင် မလှုပ်နိုင်ဖြစ်သွားလိမ့်မယ်”
စကားပြောနေသူက စစ်တုရင်ကစားရာတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူက ဟွမ်ထျန်း စစ်တုရင်ခုံပေါ်တွင် ခြေလှမ်းပေါင်း တစ်ရာကျော် ရွေ့လျားနိုင်ခဲ့သည်။
သူက စစ်တုရင်နှင့်ပတ်သက်ပြီး ဗဟုသုတကြွယ်ဝသည်။
ရှန်ထျန်း၏ ကစားကွက်အရ နောက်ထပ်အနည်းငယ် ရွှေ့ပြီးသည်နှင့်တစ်ပြိုင်နက် အနက်ရောင် နယ်ရုပ်များသတ်ဖြတ်ခြင်းကို ခံသွားရနိုင်သည်။
သူ့ကို ကြည့်ရတာ အရမ်းပဟေဠိဆန်လှသည်။ ရှန်ထျန်း ထိုခြေလှမ်းကို ဘာကြောင့်ရွေးချယ်ခဲ့လဲဆိုတာကို မသိပေ။
ထိုကဲ့သို့ ရွေးချယ်မှုကို ပြုလုပ်ခြင်းက ကစားသူက ဘာမှမသိ၍ဖြစ်စေ သို့မဟုတ် အရမ်းယုံကြည်မှုရှိပြီး လှည့်ကွက်လုပ်နိုင်သောကြောင့်ဖြစ်စေ ရွေးချယ်ခြင်းမျိုးသာ ဖြစ်လိမ့်မည်။
အားလုံးက သံသယဝင်နေကြပုံပေါ်သည်။
အင်း လေးနက်တယ်
အဲဒီမှာ လေးနက်တဲ့ ရှင်းပြချက်တချို့ ရှိနေနိုင်တယ်
“ ကြည့်ရတာ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က မတူညီတဲ့ လမ်းကြောင်းကို သွားကြည့်ချင်ပုံရတယ်။ သာမန်လမ်းကြောင်းထက် ကျော်လွန်ပြီးတော့ မတူညီတဲ့ လမ်းကြောင်းကို ဖောက်ချင်တာမျိုးပေါ့”
“ ဟုတ်တယ်…ဟုတ်တယ်…မင်းပြောတာက ကျိုးကြောင်းဆီလျော်တယ်”
“ ငါလည်း အဲလိုပဲထင်တယ်”
ဂိုဏ်းချုပ်အသီးသီးက မခံမရပ်နိုင်ဖြစ်သွားသည့်ပုံစံဖြင့် နှုတ်ခမ်းထောင့်များကို တွန့်ချိုးလိုက်မိသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ သစ္စာခံ ပရိသတ်များသာလျှင် ထိုကဲ့သို့သော စကားမျိုးကို ပြောကြလိမ့်မည်။
ဂိုဏ်းချုပ်အသီးသီးက ဟွမ်ထျန်း စစ်တုရင်ခုံကို နှစ်ထောင်ပေါင်းများစွာကြာ လေ့လာနေခဲ့တာလေ။ သူတို့ မတွေးမိတဲ့ လမ်းကြောင်းဆိုတာ ဘယ်လိုလုပ်ပြီးတော့ ရှိနိုင်ပါ့မလဲ
အမြင်ရှိတဲ့သူတိုင်း အခြေအနေကို ချက်ချင်းသိနိုင်တယ်
သို့သော် သူတို့က ငြိမ်ငြိမ်သာနေပြီး ဆက်လက်စောင့်ကြည့်နေကြသည်။
ဤစစ်တုရင်ကစားပွဲကို အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ဘယ်လိုမျိုးဆက်ပြီးကစားမလဲဆိုတာကို သိချင်နေသည်။
သူတို့၏ ပထမဆုံးခြေလှမ်းက ပြီးပြည့်စုံသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်ဟု ရှီထျန်းကျီ ယုံကြည်ထားပြီး ရှန်ထျန်းကို အပြည့်အဝ ယုံကြည်ထားသည်။
ရှန်ထျန်းက စစ်တုရင်ကစားသည့်နေရာတွင် ကျွမ်းကျင်သူတစ်ယောက်ဟုပင် သူ ယုံကြည်နေပြီဖြစ်သည်။
စစ်တုရင် ကျွမ်းကျင်သူတစ်ယောက်၏ လမ်းညွှန်မှုအောက်တွင် သူတို့ ဘယ်တော့မှ အမှားမလုပ်မိနိုင်ပေ။
ရှီထျန်းကျီက ထပ်မံမေးမြန်းလိုက်သည်
“ ညီအစ်ကိုရှန် ကျွန်တော်တို့ နောက်ထပ် ဘယ်လိုသွားကြမလဲဟင်”
ရှန်ထျန်းက နောက်ထပ်တစ်နေရာကို လမ်းညွှန်လိုက်ပြန်သည်
“ အဲဒီနေရာ”
ရှီထျန်းကျီ အနည်းငယ် ထိတ်လန့်သွားပြန်သည်။
ရှန်ထျန်း၏ ဆုံးဖြတ်ချက်က သူ့ဆုံးဖြတ်ချက်နှင့် တူနေပြန်သည်။
ရှီထျန်းကျီက ဘာစကားမှမပြောဘဲ ထိုနေရာသို့ သွားလိုက်သည်။
ဝုန်း…
အံ့ဖွယ်အလင်းတန်းက ထပ်မံ ရစ်ပတ်လာကာ ကောင်းကင်သို့ ရောက်သွားသည်။
သို့သော် အဆုံးသတ်ရလဒ်က အတူတူပင် ဖြစ်သည်။ အနက်ရောင် နယ်ရုပ်များ ပေါ်ထွက်လာခြင်း မရှိပေ။
ရှီထျန်းကျီက ပြုံးကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန်ရဲ့ စစ်တုရင်ကစားတဲ့ အရည်အချင်းက တကယ်ကို ဆရာကျတာပဲ။ တကယ်ကို အံ့ဩသွားပြီ”
“ ညီအစ်ကိုက အရမ်းကြင်နာတတ်တာပဲ။ ကျွန်တော်က ရွှေ့ကွက်လေး နည်းနည်းလောက်ပဲ သိတာပဲ။ နည်းနည်းလေးပါပဲ”
ရှန်ထျန်းက ညင်သာစွာပြောလိုက်သည်
“ ကျွန်တော်က ဒီလိုမျိုး ချီးကျူးမှုတွေနဲ့ မထိုက်တန်ပါဘူး”
ဂိုဏ်းချုပ် အသီးသီးက ဘာပြောရမယ်မှန်းမသိဖြစ်သွားကြသည်။
ဒါကို ဆရာကျတဲ့ စစ်တုရင်ကစားနည်းလို့ ခေါ်တယ်ပေါ့လေ
သူ့နေရာမှာ ငါဆိုရင် ငါလည်း လုပ်နိုင်သားပဲ
ဘယ်သူမဆို လုပ်နိုင်ပါတယ်
မင်းက အဖြူရောင် နယ်ရုပ်တွေရှိတဲ့ အုပ်စုထဲကို တိုးဝင်နေမှတော့ အနက်ရောင် နယ်ရုပ်တွေရဲ့ ပိတ်ဆို့ခြင်းကို မခံရတော့ဘူးပေါ့
သို့သော် အံ့ဩနေသောသူများလည်း ရှိသေးသည်။
“ ဘယ်လောက်တောင်ကောင်းလိုက်တဲ့ စစ်တုရင် ပညာရပ်လဲ”
“ တကယ်ကို အထင်ကြီးလောက်ပါပေတယ်”
“ အဲလိုမျိုး အကွက်ကိုတောင် ရွှေ့နိုင်တယ်ဆိုတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ”
ထိုလူ၏ စကားလုံးများက အားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။
“ မိတ်ဆွေရဲ့ နာမည်လေးကို သိခွင့်ရှိမလား။ မိတ်ဆွေက ဘယ်ကနေလာပြီးတော့ ဘယ်မှာ စစ်တုရင်ကစားနည်းကို သင်ယူခဲ့တာလဲ” တစ်စုံတစ်ယောက်က အံ့ဩစွာ စိုက်ကြည့်ရင်း မေးလိုက်သည်။
ဒါကို ဘယ်လိုလုပ်ပြီးတော့ ကောင်းမွန်တဲ့ စစ်တုရင်ကစားနည်းလို့ ပြောနိုင်ရတာလဲ
ထိုသူက ခေါင်းကုတ်ကာ ပြောလိုက်သည်
“ ကျွန်တော်ရဲ့ နာမည်က ရှုန်းမုန့်ပါ။ ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကပါ”
အားလုံးက ထိတ်လန့်သွားကြသည်။
ဒါဆိုရင် သူက အံ့ဖွယ်မိုးကောင်းကင် တပည့်ပေါ့
ကြည့်ရတာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အံ့ဖွယ်မိုးကောင်းကင် တပည့်တွေပဲ နားလည်နိုင်တဲ့ ထူးခြားတဲ့ စစ်တုရင် ပညာရပ်တွေကိုများ ထုတ်သုံးနေတာများလား
တကယ်ကို သဘောကျစရာပဲ
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ စစ်တုရင်ပညာရပ်ကလည်း ဆရာကျတယ်ဆိုတာ သံသယရှိစရာ မရှိဘူး
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ တပည့်ဖြစ်တဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကလည်း တူညီတဲ့ ဗဟုသုတကို ရထားမှာပဲ
အဲလိုမျိုး ရွှေ့ရတဲ့ အကြောင်းအရင်းလည်း သူ့ဆီမှာ ရှိနေမှာပဲ
ဒီလိုမျိုး စစ်တုရင် ကစားရတာက အရမ်းပဟေဠိဆန်ပေမဲ့လည်း လျှို့ဝှက်ထားတဲ့ လှည့်ထွက်တွေ ရှိနေနိုင်သေးတယ်
ဟုတ်တယ်…
သာမန်လူတစ်ယောက် နားမလည်နိုင်တဲ့ လျှို့ဝှက်လှည့်ကွက်တွေပဲ ဖြစ်ရမယ်
လျှို့ဝှက်လှည့်ကွက်…လျှို့ဝှက်လှည့်ကွက်
ဒီလျှို့ဝှက်လှည့်ကွက်က ဘယ်မှာလဲ