စကြဝဠာ ကြယ်တာရာမြေပုံ
Vol. 31 Ch. 458
အခန်း (၄၅၈) : စကြဝဠာ ကြယ်တာရာမြေပုံ
ထိုအချိန်တွင် အားလုံး၏ အာရုံက ဟွမ်ထျန်းစစ်တုရင်ခုံပေါ်သို့သာ ရောက်ရှိနေသည်။
ရှုန်းမုန့်၏ စကားလုံးများက အားလုံးကို သံသယဝင်သွားစေသည်။
ရှန်ထျန်း ယခုလိုမျိုး စစ်တုရင် ကစားနေသည်က ဖုံးကွယ်ထားသော ရည်ရွယ်ချက်ရှိသည်ဟု သူတို့ခံစားမိသော်လည်း သူ ဘာလုပ်နေလဲဆိုတာကို သူတို့ နားမလည်ကြပေ။
ထို့ကြောင့် အားလုံးက ဤအခြေအနေကို ရှန်ထျန်း ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိချင်နေကြသည်။
ရှန်ထျန်းနှင့် ရှီထျန်းကျီက ဆက်တိုက် အဆင့်တက်နေသည်။
ရှီထျန်းကျီက ရှေ့ဆက်မတိုးခင် ရှန်ထျန်း၏ အကြံဉာဏ်ကို တောင်းခံသည်။
ရှန်ထျန်းက အလျင်အမြန်တုံ့ပြန်ပြီး တခြားသူများကဲ့သို့ အချိန်အကြာကြီး စဉ်းစားစရာ မလိုအပ်ပေ။
ထို့ကြောင့် သူတို့နှစ်ယောက်က စစ်တုရင်ကို အရမ်းလျင်မြန်စွာ ကစားနိုင်နေသည်။
သူတို့၏ နယ်ရုပ်များကို ထားသည့် အနေအထားက အရမ်းထူးဆန်းပြီး နည်းလမ်းမရှိသည့်ပုံပေါ်သည်။
အနက်ရောင်နယ်ရုပ်များက သူတို့၏ နယ်ရုပ်များကို ကြားဖြတ်တိုက်ခိုက်သော်လည်း အရေအတွက်နည်းသည့်အတွက် ကြောက်စရာမလိုပေ။
သူတို့၏ တိုက်ခိုက်စွမ်းရည်များကြောင့် အနက်ရောင် နယ်ရုပ်များမှ ထွက်ပေါ်လာသော ပုံရိပ်များကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
ပြင်ပလောကမှ လူများက စိတ်ရှုပ်ထွေးသွားကြသည်။
အရှင်းဆုံးပြောရလျှင် သူတို့ ကစားပွဲကို နားမလည်ကြပေ။
အဘယ်ကြောင့်ဆိုသော် ရှန်ထျန်း၏ စစ်တုရင်ကစားသည့်ပုံစံက သာမန်အမြင်နှင့် လုံးဝ ကွဲထွက်နေပြီး ဘာပညာမှ မပါပေ။
သို့သော် သေချာသည်က တစ်ခုတော့ ရှိသည်။ သူတို့သာ ဒီနည်းလမ်းအတိုင်း ဆက်သွားနေပါက သေချာပေါက် အနိုင်မရနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် အနက်ရောင် နယ်ရုပ်များက အဖြူရောင်နယ်ရုပ်များကို ဝန်းရံပြီးနေပြီ ဖြစ်သောကြောင့်ဖြစ်သည်။
သိပ်မကြာခင်မှာပင် အဖြူရောင် နယ်ရုပ်များက ဝန်းရံခံရပြီး အသတ်ခံရမည်ဖြစ်သည်။
ရှီထျန်းကျီက ထိုအကြောင်းနှင့် ပတ်သက်ပြီး ဘာမှမစဉ်းစားမိပေ။
ရှန်ထျန်းက သူနှင့် အချိန်တိုင်း အတွေးတူနေသည်ကို သတိထားမိပြီးသာ ပျော်ရွှင်နေသည်။
သူ အရမ်းပျော်နေပြီး သူ၏ စစ်တုရင်ပညာက ထင်ထားသလောက် မဆိုးဘူးဟု ခံစားနေမိသည်။
ထို့အပြင် ရှန်ထျန်း၏ စစ်တုရင် ကစားသည့် စွမ်းရည်က လေးနက်သိမ်မွေ့သည့်အပြင် သူကလည်း ရှန်ထျန်းနှင့် တူညီသော ရွှေ့ကွက်များကို တွေးမိခဲ့သည်။
ထို့ကြောင့် သူ၏ စစ်တုရင် ကစားသည့် စွမ်းရည်သည်လည်း အားနည်းသည်ဟု မဆိုနိုင်ပေ။
ရှီထျန်းကျီက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
ကြည့်ရတာ ငါ ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချခဲ့တဲ့ပုံပဲ။ တကယ်တော့ ငါက စစ်တုရင် တာအိုပဲ
“ ညီအစ်ကိုရှန် ကျွန်တော် အကြံပြုချင်တာ တစ်ခုရှိတယ်။ ကျွန်တော်တို့ နောက်ထပ်ခြေလှမ်းကို ဒီလိုရွှေ့ရင် ဘယ်လိုလဲဟင်”
ရှီထျန်းကျီက စမ်းသပ်ကြည့်ဖို့ စိတ်အားထက်သန်နေပြီး နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ သူက စစ်တုရင်၏ အဓိကအချက်အချာကို ကိုင်ဆုပ်မိပြီဟု ခံစားမိသည့်အတွက် အတည်ပြုချင်နေမိသည်။
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကျွန်တော်လည်း အဲလိုပဲ စဉ်းစားနေတာ”
သူက ရှီထျန်းကျီ၏ ဆုံးဖြတ်ချက်ကို ယုံကြည်သည်။
ရှန်ထျန်း၏ ပြန်လည်ဖြေကြားမှုကို ကြားပြီးနောက် ရှီထျန်းကျီက လမ်းလျှောက်သွားလိုက်သည်။
ဒီနေရာက လုံခြုံနေသေးတယ်ဆိုတာ သေချာသလောက်ပဲ
ရှီထျန်းကျီ၏ မျက်နှာတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန်ရဲ့ လမ်းပြမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု နားလည်သွားပါပြီ”
သူ၏ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
ညီအစ်ကိုရှန်က ငါ့ရဲ့ တစ်ဘဝစာ မိတ်ဆွေပဲ။ ညီအစ်ကိုရှန်ရဲ့ နောက်ကိုလိုက်ရင်း အများကြီး သင်ယူလိုက်နိုင်တယ်
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ ညီအစ်ကိုရှီရဲ့ အရည်အချင်းက တကယ်ကို ထူးခြားတာပဲ။ အဲဒါကြောင့် အရင်ကတည်းက လုပ်နိုင်မှာပါလို့ ပြောသားပဲ”
ရှီထျန်းကျီ၏ ခေါင်းပေါ်တွင် ဖျော့တော့သော ပုံရိပ်တစ်ခု ပေါ်နေသည့်အတွက် စိုက်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်က ရှေ့သို့ ဆက်သွားနေသော်လည်း သူတို့ ဆက်ပြီးတော့ ဝေးဝေးသွားလေလေ အခြေအနေက ပိုမိုရှုပ်ထွေးလာလေလေဖြစ်သည်။
သူတို့က အနက်ရောင် နယ်ရုပ်များ၏ တိုက်ခိုက်မှုကို စတင်ခံစားလာရသည်။ အရေအတွက် အရမ်းမများသော်လည်း မကြာခင် ရှေ့မတိုးသာသည့် အခြေအနေထဲသို့ ကျတော့မည် ဖြစ်သည်။
ထို့ကြောင့် ရှီထျန်းကျီက တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်သည့်အတွက် နောက်ထပ် မလှုပ်ရှားရဲ ဖြစ်နေသည်။
သူက ရှန်ထျန်းကို စိုက်ကြည့်ကာ ထပ်ပြီး မေးလိုက်သည်
“ ညီအစ်ကိုရှန် ကျွန်တော်တို့ နောက်ထပ် ဘာလုပ်သင့်လဲ”
ရှန်ထျန်းက နေရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်
“ ဒီနေရာပဲ ညီအစ်ကိုရှီရော ဘယ်လိုထင်လဲ”
ရှီထျန်းကျီ ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကျွန်တော်နဲ့ အတွေးအတူတူပဲ”
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ ကျွန်တော်တို့ စဉ်းစားမိတာ တူနေတော့ သေချာပေါက် မှန်မှာပဲ”
ရှီထျန်းကျီက လေးနက်စွာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန် ပြောတာ ဟုတ်တယ်”
“ ကျွန်တော်တို့ နောက်ထပ် ဒီလမ်းကို ရွေးလိုက်ကြတာပေါ့”
အားလုံး၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
သူတို့ နောက်ဆုံးတော့ ဘာတွေဖြစ်နေလဲဆိုတာကို ကောင်းကောင်း နားလည်သွားပြီဖြစ်သည်။
သူတို့က စစ်တုရင်ကစားသည့်နေရာတွင် လုံးဝ ခန့်မှန်းရခက်သည့်သူနှစ်ယောက်ဖြစ်သည်။
သူတို့က အမြင်အရ အရမ်းကောင်းပုံပေါ်သော်လည်း သူတို့လုပ်သည့် အရာအားလုံးက အကြမ်းဖျင်းခန့်မှန်းမှုသာ ဖြစ်သည်။
လက်ရှိ ဤနေရာတွင်ရှိနေသော ဘယ်သူမဆို သူတို့ထက်ပိုပြီး ကောင်းကောင်း ကစားနိုင်သည်။
အဲဒါတောင် သူတို့က စစ်တုရင်မှာ အရည်အချင်းရှိတယ်လို့ ထင်ပြီးတော့ အချင်းချင်း ချီးကျူးနေတာတဲ့
ဟုတ်တယ် သူတို့နှစ်ယောက်က အရမ်းတော်တယ်
မျိုးဆက်ဟောင်းတစ်ခုမှ ပါရမီရှင်က ခေါင်းယမ်းကာ ပြောလိုက်သည်
“ အခုကတည်းက အဆုံးသတ်သွားပြီ”
သူတို့နှစ်ယောက်ကို ကြည့်ရတာ လုံခြုံပုံပေါ်သော်လည်း အနက်ရောင် နယ်ရုပ်များက သူတို့ကို လုံးဝ ဝန်းရံထားသည်။ သူတို့ နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူးဟု ပြောလို့ရနိုင်သည်။
ကစားပွဲဆက်လက် ရှေ့တိုးသွားသည်နှင့်တစ်ပြိုင်နက် အနက်ရောင်နယ်ရုပ်များ တိုးပွားလာသည်။ အဆုံးသတ် သူတို့ ရှင်းထုတ်ခံရမည်ဖြစ်သည်။ သူတို့ ဘယ်ခြေလှမ်းကို လှမ်းပါစေ အခြေအနေမကောင်းနိုင်ပေ။
သို့သော် ထိုအရာကို ရှီထျန်းကျီက မသိပဲ နောက်ဆုံး ခြေလှမ်း လှမ်းဖို့အတွက် ယုံကြည်မှုရှိနေဆဲဖြစ်သည်။
ဝုန်း…
အံ့ဖွယ် သက်တံအလင်းတန်းက ကောင်းကင်သို့ ပျံတက်သွားကာ တောက်ပမှုက အဘက်ဘက်သို့ လျှံထွက်နေသည်။
မရေတွက်နိုင်သော အနက်ရောင်နယ်ရုပ်များက အဘက်ဘက်မှ ထွက်ပေါ်လာကာ သူတို့ကို ဝန်းရံထားသည်။
ထိတ်လန့်စရာကောင်းသော တုန်လှုပ်မှုများက ကောင်းကင်သို့ ထိုးဖောက်ထွက်သွားကာ ကောင်းကင်ဘုံ ၉ခုရှိ တိမ်တိုက်များကို တုန်လှုပ်သွားစေသည်။
မရေတွက်နိုင်သော ပုံရိပ်များက အနက်ရောင် နယ်ရုပ်များမှ ထွက်လာကာ သူတို့၏ အရှိန်အဝါကလည်း အလွန်အမင်း ကြောက်ဖို့ကောင်းလှသည်။
သူတို့က ကမ္ဘာကြီးကို ဖျက်စီးပစ်ချင်သည့်ပုံပေါ်သည်။
မျိုးဆက်ဟောင်းမှ ပါရမီရှင်က ခေါင်းယမ်းကာ သက်ပြင်းချရင်း ပြောလိုက်သည်
“ သူတို့ ဒီအဆင့်ထိ ရောက်လာနိုင်တာကလည်း ကံကောင်းလို့ပါ။ ဒါပေမဲ့ ဒီကစားပွဲက အဆုံးသတ်တော့မယ်။ အနိုင်ရသူကလည်း သိသာနေပြီလေ။ အခြေအနေကို ပြောင်းပြန်လှန်နိုင်မဲ့ နည်းလမ်းမရှိတော့ဘူး။ သူတို့ လမ်းရှာပြီးတော့ ထွက်နိုင်မလားဆိုတာ သိချင်လိုက်တာ”
ယခုလက်ရှိအခြေအနေက အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်တို့အဖွဲ့ ရောက်သွားသော အခြေအနေထက် ပိုမို အန္တရာယ်များသည်။
စိတ်ကူးယဉ်ဖို့တောင် ခက်ခဲလှသည့် အနက်ရောင် နယ်ရုပ်များစွာ ရှိနေသည်။ သူတို့ မြင်နိုင်သမျှ နေရာအကုန်လုံးက အနက်ရောင်များဖြင့် ဖုံးလွှမ်းနေသည်။
အားလုံးက ထိုမြင်ကွင်းကို ကြည့်ပြီး ရင်တုန်နေမိသည်။
များပြားသော အနက်ရောင်နယ်ရုပ်များ၏ ဝန်းရံခြင်းကို ခံရလျှင် မဟာဝိဇ္ဇာများပင် သေဆုံးသွားနိုင်သည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် ရှီထျန်းကျီတို့၏ တိုက်ခိုက်ခွန်အားများအရ ဘေးကင်းကင်း ထွက်လာနိုင်မည်မဟုတ်ပေ။
ကံကြမ္မာက သူတို့ဘက်သို့ အလေးသာခြင်းမရှိကြောင်း သိလိုက်ရသည်။
ရှီထျန်းကျီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူက အဆုံးမဲ့ စစ်တပ်ကို စိုက်ကြည့်ကာ ခေါင်းထဲ ဗလာဖြစ်သွားသည်။
“ ညီအစ်ကိုရှန် ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ”
သူ၏ စစ်တုရင်ကစားစွမ်းရည်က ဘယ်လောက်ပင် ဆိုးရွားနေပါစေ ထွက်လမ်းမရှိတော့ဘူးဆိုတာကိုတော့ သူ သိနေသေးသည်။
ရှန်ထျန်းက ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်သည်
“ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ စောင့်ကြည့်ရင် တွေ့ရပါလိမ့်မယ်”
ရှီထျန်းကျီ၏ အကြည့်ထဲတွင် အံ့ဩမှင်သက်မှုတို့ဖြင့် ပြည့်နှက်သွားကာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
ညီအစ်ကိုရှန်ကတော့ ထင်ထားတဲ့အတိုင်းပဲ ဒီလိုမျိုး အန္တရာယ်များတဲ့ အခြေအနေမျိုးမှာတောင် တည်ငြိမ်နေနိုင်သေးတယ်
ညီအစ်ကိုရှန်နဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက နိမ့်ကျနေသေးတာပဲ
ထိုအကြောင်းကို တွေးမိပြီး ရှီထျန်းကျီက စိတ်တည်ငြိမ်သွားကာ တိုက်ခိုက်ဖို့ အသင့်ပြင်နေသည်။
သို့သော် ကောင်းကင်တာအို၏ အသံက လေဟာနယ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအသံက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖြတ်သန်းကာ ပဲ့တင်ထပ်သွားစေသည်။
ထိုအချိန်တွင် အားလုံး ထိတ်လန့်သွားကြသည်။ စစ်တုရင်ခုံပေါ်တွင် ဝိုးတိုးဝါးတားပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
ထိုအရာက အမျိုးသားတစ်ယောက်နှင့် ကလေးတစ်ယောက်တို့ စစ်တုရင် ကစားနေခြင်းဖြစ်သည်။ သူတို့ရှေ့ရှိ စစ်တုရင်ခုံပုံစံက ရှန်ထျန်းနှင့် ရှီထျန်းကျီတို့ ကျရောက်နေသော အခြေအနေနှင့် အတူတူပင်ဖြစ်သည်။
ကစားပွဲ စတင်သည်နှင့် တစ်ပြိုင်နက် ယောက်ျားကြီးက ဖြည်းဖြည်းချင်း မတ်တပ်ရပ်သည့်အချိန် ကလေးက အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။
“ ဆရာ ဘာလို့ သွားတာလဲ”
ကလေး၏ အသံက အဆုံးမဲ့ အာကာပြင်နှင့် အချိန်မှ ဖြတ်သန်းလာပုံပေါ်ပြီး သက်တမ်းများကို ဖြတ်ကျော်သွားသည်။
ထိုအရာက ပုံရိပ်ယောင်ဆန်ပြီး ဖမ်းဖို့အတွက် မဖြစ်နိုင်ပေ။
အားလုံး ထိတ်လန့်သွားကြသည်။ ထိုကဲ့သို့သော ပြောင်းလဲမှု ဘာလို့ ဖြစ်ပေါ်လာလဲဆိုတာကို မသိကြပေ။
ထိုယောက်ျားက သက်ပြင်းချကာ ပြောလိုက်သည်
“ ငါက မိစ္ဆာဝိညာဉ်တွေကို နှိမ်နင်းရင်း ကမောက်ကမဖြစ်မှုတွေကို ချေမှုန်းပြီး လူသားတွေကို ကာကွယ်ဖို့အတွက် ပြင်ပနယ်ပယ်ထဲကို ခြေလှမ်းခဲ့တာ”
ထိုအသံက အရမ်းတည်ကြည်ပုံပေါ်သည်။
ထိုကလေးက ထပ်မေးလိုက်သည်
“ ဆရာ ဘယ်တော့ ပြန်လာမှာလဲ”
ဤနှုတ်ဆက်မှုပြီးဆုံးသွားသည့်အခါ သူတို့ ဘယ်တော့မှ ပြန်မဆုံနိုင်သကဲ့သို့ သူ့အသံက စိုးရိမ်တွေဝေမှုများဖြင့် ပြည့်နှက်နေသည်။
ထိုလူက ပြန်ဖြေလိုက်သည်
“ စစ်ပွဲပြီးတာနဲ့ ပြန်လာခဲ့မယ်”
ထိုစကားကို ကြည့်ရတာ လိုရှင်းတိုရှင်းနိုင်သော်လည်း မရေတွက်နိုင်သောသူများ၏ နှလုံးသားထဲတွင် ပြင်းထန်သောမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်သွားစေသည်။
တချို့က စိတ်ပျက်အားလျော့နေကြပြီး တချို့က မျက်ရည်များဝဲနေကာ တချို့၏ နှလုံးသားများထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။ သူတို့က ရှေးဟောင်းခေတ်မှ ကြီးမားသော ကပ်ဘေးရောက်ရှိလာပုံနှင့် ထိုကပ်ဘေးက ယူဆောင်လာသော ဖျက်စီးနိုင်စွမ်းကိုလည်း မြင်ဖူးခဲ့ပုံပေါ်သည်။
နေရာအားလုံးတွင် အလောင်းကောင်များ အပုံလိုက်ဖြစ်နေပြီး၊ အရိုးစုပင်လယ်နှင့် သွေးမြစ်များ စီးဆင်းနေသည်။
မရေတွက်နိုင်သော ပါရမီရှင်များက သူတို့၏ အိုးအိမ်များကို ကာကွယ်ချင်သည့်အတွက် ရန်သူနှင့် ရင်ဆိုင်ရန် အိမ်ထဲမှ ထွက်လာပြီး တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်လာကြသည်။
အဆုံးသတ်တွင် မရေတွက်နိုင်သောသူများ သေဆုံးသွားကာ သူတို့၏ မျိုးဆက်ကို ပူဆွေးမှုဖြင့် ချန်ထားခဲ့သည်။
ထိုအရာက သူတို့၏ လုပ်ဆောင်ချက်ဖြစ်ပြီး သူတို့၏ ကူကယ်ရာမဲ့မှုဖြစ်သည်။
သူတို့၏ အိုးအိမ်ကို ကာကွယ်နိုင်ခဲ့သော်လည်း မိတ်ဆွေဟောင်းများဖြင့် တွေ့ဆုံရန် ဇာတိမြေသို့ ထပ်ပြီး မပြန်နိုင်ခဲ့ကြပေ။
အားလုံးက ထိုအကြောင်းအရာထဲတွင် နစ်မြောနေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။
မရေတွက်နိုင်သော ကြယ်များက တောက်ပသော ကောင်းကင်တွင် ရုတ်တရက် ထွက်ပေါ်လာကာ အလင်းတန်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားသည်။
တောက်ပသော ကြယ်အလင်းတန်းက ဟွမ်ထျန်းစစ်တုရင်ခုံပေါ်သို့ ကျရောက်လာကာ ရှန်ထျန်းနှင့် ရှီထျန်းကျီတို့ကို လွှမ်းခြုံထားသည်။ သူတို့ကို အဆုံးမဲ့ အလင်းတန်းဖြင့် ဖုံးလွှမ်းထားသည့်အတွက် အတော်လေး ထူးခြားသည့်ပုံပေါ်စေသည်။
ရုတ်တရက် ဟွမ်ထျန်းစစ်တုရင်ခုံပေါ်မှ စွမ်းအားကြီး အာကာပြင်အင်အားက ပေါက်ကွဲထွက်သွားသည်။
ထိုအချိန်တွင် ပုံရိပ်နှစ်ခုက အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ဟွမ်ထျန်း စစ်တုရင်ခုံပင် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာမှ လုံးဝ နှင်ထုတ်ခံလိုက်ရသည်။
အားလုံးက ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။
“ ဘာတွေဖြစ်ကုန်တာလဲ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ ရှီထျန်းကျီတို့ ဘယ်သွားကြတာလဲ”
စစ်တုရင်ခုံက ဘာလို့ ရုတ်တရက် ပိတ်သွားတာလဲ။ သူတို့ အဝေးကို ပို့ခံလိုက်ရတာထင်တယ်”
“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်သွားရတာလဲ”
“ သူတို့က စစ်တုရင်ခုံကို ရှင်းလင်းလိုက်နိုင်တာများလား”
ဟွမ်ထျန်း စစ်တုရင်ခုံ ထွက်ပေါ်လာပြီးကတည်းက ဤကဲ့သို့သော ထူးခြားသည့် မြင်ကွင်းကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။
သို့သော် ယခု တာအိုသံစဉ်ထွက်ပေါ်လာရုံသာမက စစ်တုရင်ခုံပင် ပြောင်းလဲသွားသည်။
ဖြစ်နိုင်ချေအရှိဆုံးက ရှန်ထျန်းက ကစားပွဲကို အနိုင်ရသွားလို့သာဖြစ်နိုင်သည်။
ဒါက ဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်းသော ရှင်းပြချက်ပဲ
လူအများက သက်ပြင်းချကာ ပြောလိုက်သည်
“ ဒါဆိုရင် ဒီနောက်ကွယ်မှာ တကယ်ပဲ လျှို့ဝှက်ချက်တစ်ခု ရှိနေတာပေါ့”
“ငါတို့လည်း ဗဟုသုတရသွားတာပေါ့”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က စစ်တုရင် ကစားတဲ့နေရာမှာ ပါရမီရှင်တစ်ယောက်ပဲ”
“ သူက ဆန်းကြယ်မှုတွေအားလုံးကို ထိုးဖောက်မြင်နိုင်ပြီးတော့ ကစားပွဲကို အနိုင်ရနိုင်မဲ့နည်းလမ်းကို တွေ့သွားတာပဲ”
သူတို့က ရှန်ထျန်း စစ်တုရင်အကြောင်း ဘာမှမသိဘူးဟုသာ ထင်ခဲ့သည်။
အဆုံးသတ်တွင် မကျွမ်းကျင်သူများက သူတို့ကိုယ်တိုင်ဆိုတာကိုသာ သိလိုက်ရသည်။
သူတို့က ရှန်ထျန်းအပေါ် လေးစားအားကျမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ ကစားပွဲကို အနိုင်ရတဲ့သူက ငါသာဆိုရင် အထွတ်အထိပ် အမွေအနှစ်တစ်ခု သေချာပေါက် ရနိုင်တယ်”
“ ကံကြမ္မာသားတော် ရှန်ထျန်းကတော့ တကယ်ကို စိတ်မပျက်စေဘူး”
ရှန်ထျန်းနှင့် ရှီထျန်းကျီတို့က နောက်ထပ် အာကာပြင်တစ်ခုထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။
ကြယ်အလင်းတန်းများဖြင့် တောက်ပနေပြီး သဘာဝစည်းမျဉ်းများ ပြည့်နှက်နေသည့်အတွက် ကြယ်ပင်လယ်ထဲသို့ ရောက်နေသလို ခံစားရစေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ကြယ်များဖြင့် ပြည့်နှက်ပြီး တောက်ပနေသည်။ ကြယ်အစုအဝေးကိုပင် မြင်နိုင်သည်။
“ ဒီနေရာက ဘာလဲဟင်”
ရှီထျန်းကျီက တွေဝေသွားသည်။ သူ ဒီလောက်ထိ တမူထူးခြားသော မြင်ကွင်းကို မမြင်ဖူးပေ။
ရှန်ထျန်းကတော့ မလှုပ်မယှက်ရပ်နေသည်။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်၏ ရှေ့ရှိ အာကာပြင်ဆီမှ ထာဝရအလင်းတန်း ထွက်ပေါ်လာသည်။
ထို့နောက် လေဟာနယ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ငွေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် စွမ်းအားကြီး ပုံရိပ်တစ်ခုဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကြယ်အလင်းတန်းဖြင့် လွှမ်းခြုံထားသည့်အတွက် သူ၏ ပုံစံအစစ်အမှန်ကို မမြင်နိုင်အောင် ဆောင်မပေးထားသည်။
သူ့အရှိန်အဝါ ကျယ်ပြန့်ကာ အထိန်းအချုပ်ကင်းမဲ့လှပြီး အဆုံးစွန်ထိ ကြီးကျယ်ခမ်းနားလှသည်။
ရှီထျန်းကျီနှင့် ရှန်ထျန်းတို့က ထိုပုံရိပ်ကို မြင်ပြီးနောက် တုန်လှုပ်သွားကြသည်။
သူက အရမ်းစွမ်းအားကြီးတယ်။ ဒီလူက သေချာပေါက် အထွတ်အထိပ် ပါရမီရှင်တစ်ယောက်ပဲ
ရှီထျန်းကျီက လေးစားစွာဖြင့် ပြောလိုက်သည်
“ စီနီယာ ဒီနေရာက ဘယ်နေရာလဲဆိုတာ သိခွင့်ရှိမလား”
ထိုပုံရိပ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ ဒီနေရာက ဟွမ်ထျန်း စစ်တုရင်ခုံရဲ့ အတွင်းပိုင်းလောကပဲ။ ဟွမ်ထျန်း စစ်တုရင်ကစားပွဲကို အနိုင်ရခဲ့လို့ ဂုဏ်ယူပါတယ်”
ရှီထျန်းကျီက အံ့ဩမှင်သက်စွာဖြင့် ပြောလိုက်သည်
“ ကျွန်တော်တို့ အနိုင်ရခဲ့တာလား”
ဒီထဲသို့ ဝင်မလာခင်က အနက်ရောင် နယ်ရုပ်များက သူတို့ကို လုံးဝ ဝန်းရံထားသည်ကို ရှင်းလင်းစွာ မြင်တွေ့ခဲ့သည်။
ဤကစားပွဲ အဆုံးသတ်သွားခြင်းက သူတို့ ရှုံးနိမ့်သွားခြင်းကြောင့်သာ ဖြစ်လိမ့်မည်ဟု ရှီထျန်းကျီက တွေးထားခဲ့သည်။
သို့သော် ရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်က သူတို့ ထိုအဆင့်ကို ကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့သည်ဟု ပြောနေသည်။
ရှီထျန်းကျီ အံ့ဩမှင်သက်နေသည့်အတွက် ဘာပြန်ပြောရမယ်မှန်းမသိဖြစ်နေသည်။
ထိုပုံရိပ်က ထပ်ပြီးတော့ စကားပြောလိုက်သည်
“ ဒီဘုရင်က ဆက်ခံသူကို ရှာဖို့အတွက် ဟွမ်ထျန်း စစ်တုရင်ခုံကို အသက်သွင်းခဲ့တာလေ”
“ ကစားပွဲကို အနိုင်ရဖို့အတွက် အဖြူရောင် နယ်ရုပ်ကို အသက်ရှင်လျက် လွတ်မြောက်သွားအောင် လုပ်စရာမလိုဘူး။ ငါ့အနေနဲ့ ကံစပ်တဲ့သူတစ်ယောက် တွေ့နိုင်ဖို့ပဲ။
စစ်တုရင်ကစားပွဲကို အဆင့်မြင့် စစ်တုရင် ကစားနည်းနဲ့ အနိုင်ရဖို့ ကြိုးစားရင် နယ်ရုပ်တွေက သူတို့ရှုံးနိမ့်သွားတဲ့အထိ ဖြည်းဖြည်းချင်း လုပ်နေဦးမှာပဲ။
ငါငယ်ငယ်တုန်းက စစ်တုရင် ကစားတဲ့နည်းအတိုင်း ကစားမှသာ စစ်တုရင်ကစားပွဲကို အနိုင်ရနိုင်မှာ။
မင်းတို့နှစ်ယောက်ကို တွေ့လိုက်ရတာက ငါ့ငယ်ငယ်တုန်းက ပုံစံကို ပြန်တွေ့လိုက်ရသလိုပဲ”
ရှီထျန်းကျီက ထူးဆန်းသော အခြေအနေကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။
မူလတုန်းက သူ၏ စစ်တုရင်ကစားသည့် စွမ်းရည်ကို အတော်လေးကောင်းသည်ဟု ထင်ခဲ့သော်လည်း တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် သိပ်မကြာခင်မှာပင် ရှီထျန်းကျီ၏ နှလုံးသား လေးလံသွားရသည်။
ရှန်ထျန်းက လျှို့ဝှက်ကဒ်ကို ထုတ်သုံးကာ စစ်တုရင်ကစားဖို့ ဤနည်းလမ်းကို တမင်ရွေးချယ်ခဲ့သည်ကို သူ သိရှိထားသည်။
ထိုနည်းလမ်းအတိုင်း ကစားခဲ့သည်က တစ်ယောက်ထဲသာဆိုပါက ကံကောင်းသည်ဟု ပြောလို့ရသော်လည်း လူနှစ်ယောက်က တူညီသော ရွှေ့ကွက်ကို လုပ်ခဲ့သည့်အတွက် ကံကောင်းမှုအပေါ် မူတည်သည်ဟု မပြောနိုင်တော့ပေ။
ညီအစ်ကိုရှန်က ဒီစစ်တုရင်ကစားပွဲကို အရင်ကတည်းက မြင်ထားပြီးပြီပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူက သူ့ရဲ့ အခွင့်အရေးကို ငါနဲ့ မျှဝေချင်လို့ ကစားပွဲကို ငါနဲ့အတူ ကစားဖို့ ဖိတ်ခေါ်ခဲ့တာပဲ
ညီအစ်ကိုရှန်က ငါ့ရဲ့ အကျိုးဆောင်လေးပဲ
ရှီထျန်းကျီက ရှန်ထျန်းကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
သို့သော် သိပ်မကြာခင်မှာပင် ရှီထျန်းကျီ အရာအားလုံးကို နားလည်သဘောပေါက်ပြီး တွေးလိုက်မိသည်။
သူတို့ရှေ့ကလူရဲ့ ပြောစကားအရဆိုရင် ဒီဟွမ်ထျန်း စစ်တုရင်ခုံကို ထာဝရဘုရင်ဖြစ်တဲ့ ဟွမ်ထျန်းက အမွေဆက်ခံသူရှာဖို့ အသက်သွင်းထားတာတဲ့
ဒါဆိုရင် သူတို့က ထာဝရဘုရင် ဟွမ်ထျန်းရဲ့ အမွေအနှစ်ကို ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား
ထာဝရဘုရင်ဆိုတာ ဘယ်လို တည်ရှိမှုမျိုးလဲ။ ဒါက နတ်ဧကရာဇ်ထက်တောင် အများကြီးကျော်လွန်တဲ့ တည်ရှိမှုမျိုး၊ သက်ရှိအားလုံးကို အထင်သေးပြီး ကြည့်နိုင်တဲ့ တည်ရှိမှုမျိုးပဲ
ထာဝရဘုရင်၏ ရှေ့တွင် နတ်ဧကရာဇ်တစ်ပါးကိုပင် ပုရွက်ဆိတ်တစ်ကောင် သတ်သလို သတ်ပစ်လိုက်လို့ရသည်။
သူတို့ ယနေ့ ထာဝရဘုရင် ဟွမ်ထျန်း၏ အမွေအနှစ်နယ်မြေကို ရှာတွေ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဒါဆိုရင် ဒီပုံရိပ်က ထာဝရဘုရင် ဟွမ်ထျန်းပဲ ဖြစ်လိမ့်မယ်
ရုတ်တရက် ရှီထျန်းကျီ စိတ်သက်သာရာရသွားသည်။
ဒီလူရဲ့ အရှိန်အဝါက အရမ်းကြောက်စရာကောင်းနေတာ မဆန်းတော့ပါဘူး
ပြိုင်ဘက်ကင်း ထာဝရဘုရင်များသာ ထိုကဲ့သို့သော အရှိန်အဝါများကို ရရှိနိုင်သည်။
ထိုအချိန်တွင် ထာဝရဘုရင် ဟွမ်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်
“ မင်းတို့ ဒီနေရာကို ရောက်လာတာက ငါနဲ့ ကံစပ်လို့ပဲ။ အဲဒါကြောင့် မင်းတို့ ငါ့ရဲ့ အမွေအနှစ်ကို လက်ခံနိုင်တယ်။
ဒီကောင်းကင်စက်ဝန်း တာအိုကျမ်းကို မင်းတို့နှစ်ယောက်လုံးဆီ လက်ဆင့်ကမ်းပေးနိုင်ပါတယ်။ မင်းတို့တွေ ဒါကိုနားလည်ဖို့ အကောင်းဆုံး ကြိုးစားမယ်လို့ မျှော်လင့်ပါတယ်”
ကောင်းကင်စက်ဝန်း တာအိုကျမ်းက နတ်ဧကရာဇ်ကျမ်းထက် အဆင့်မြင့်သော ထာဝရဘုရင်ကျမ်းဖြစ်သည့်အတွက် အဆုံးမဲ့ စွမ်းအားပါဝင်သည့် အထွတ်အထိပ် ပညာရပ်ဖြစ်သည်။
ဤပညာရပ်သာ ပြင်ပလောကသို့ ရောက်ရှိသွားပါက ထိုအရာအတွက် တိုက်ခိုက်လုယူမည့်သူ အများအပြားရှိသည်။ ထိုအရာအတွက် နတ်ဧကရာဇ်များပင် ရူးသွပ်သွားနိုင်သည်။
ရှီထျန်းကျီက ဤခရီးတွင် သူ့ကို အရမ်းစိတ်လှုပ်ရှားစေသည့် ကောင်းကင်စက်ဝန်း တာအိုကျမ်းကို ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက ရှန်ထျန်းကိုကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ညီအစ်ကိုရှန်က ကံကြမ္မာသားတော်လို့ အခေါ်ခံရဖို့အတွက် ထိုက်တန်တယ်။ သူက ဘယ်နေရာကိုသွားသွား အထွတ်အထိပ် ကံအပြောင်းအလဲ အခွင့်အရေးကို ကြုံတွေ့မှာ သေချာတယ်။ ဒီတစ်ခေါက်တော့ အရာအားလုံးက ညီအစ်ကိုရှန်ရဲ့ ကျေးဇူးကြောင့်ပဲ
ရှီထျန်းကျီက ဖြစ်ပျက်လာသောအရာများအားလုံးကို ရှန်ထျန်း၏ ကျေးဇူးကြောင့်ဟု ထင်မှတ်နေသည်။
ရှန်ထျန်း၏ လမ်းညွှန်မှုကြောင့်သာ မဟုတ်ပါက သူ စစ်တုရင်ခုံကို ဖြတ်ကျော်လာနိုင်မည် မဟုတ်သလို ဘယ်လိုလုပ်ပြီးတော့ ထာဝရဘုရင် ဟွမ်ထျန်းရဲ့ အမွေအနှစ်ကို လက်ခံဖို့ ဒီနေရာကို ရောက်နေပါ့မလဲ
“ ကျေးဇူးတင်ပါတယ် ထာဝရအရှင်ဘုရင် ဟွမ်ထျန်း”
ရှီထျန်းကျီနှင့် ရှန်ထျန်းတို့က ကျေးဇူးတင်လိုက်ကြသည်။
ထာဝရအရှင်ဘုရင် ဟွမ်ထျန်းက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အမွေအနှစ်ကိုပင် သူတို့ဆီသို့ လက်လွှဲပေးချင်နေသည့်အတွက် အင်မတန် ကျေးဇူးတင်ဖို့ ကောင်းလှသည်။
“ ဒါက စကြဝဠာ ကြယ်တာရာမြေပုံပဲ။ ဒီထဲမှာ ကောင်းကင်စက်ဝန်း တာအိုကျမ်းရဲ့ လျှို့ဝှက်ချက်တွေ ပါဝင်တယ်။ မင်းတို့ ဘယ်လောက်နားလည်နိုင်မလဲဆိုတာက မင်းတို့ရဲ့ နားလည်နိုင်စွမ်းပေါ်မှာပဲ မူတည်တယ်”
ထာဝရဘုရင် ဟွမ်ထျန်းက ပြိုင်ဘက်ကင်း တောက်ပသော ကြယ်တာရာ စက်ဝန်းပြားကို ထုတ်ယူလိုက်သည်။ ထိုပေါ်တွင် ကြယ်တာရာများ ရှိနေပြီး စကြဝဠာ၏ ကြယ်တာရာပင်လယ်ဟုပင် ထင်မှတ်စေသည်။
ထို စက်ဝန်းပြား ထွက်ပေါ်လာသည့်အခါ အဆုံးမဲ့ သဘာဝစည်းမျဉ်းများက မိုးမြေကြားတွင် ကမ္ဘာသစ်တစ်ခု မွေးဖွားလာသကဲ့သို့ ဆက်တိုက် ကျဆင်းနေသည်။
စကြဝဠာ ကြယ်တာရာမြေပုံမှ အဆုံးမဲ့ ကြယ်အလင်းတန်း လင်းလက်နေသည်။ အရောင်အသွေးစုံလင်လှသော အလင်းတန်းက အဘက်ဘက်သို့ ပျံ့နှံ့သွားကာ
စည်းမျဉ်းများကလည်း ပတ်လည်ဝန်းရံနေပြီး ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
ရှီထျန်းကျီ စိတ်လှုပ်ရှားသွားကာ အကြည့်များလည်း လင်းလက်တောက်ပလာသည်။
စကြဝဠာ ကြယ်တာရာ မြေပုံက ချက်ချင်း သူ့ကို ဆွဲဆောင်လိုက်ပြီး သူ့စိတ်ကလည်း ထိုထဲတွင် နစ်မြောနေသည်။
ရှီထျန်းကျီ၏ မျက်လုံးထဲတွင် ကြယ်တာရာများ စီးဆင်းနေသကဲ့သို့ အင်မတန် လေးနက်သိမ်မွေ့နေသည်။ အံ့ဖွယ်သက်တံအလင်းတန်းများကိုလည်း သူ့မျက်လုံးထဲတွင် တွေ့နေရသည်။
တစ်ချိန်တည်းမှာပဲ သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှ အံ့ဖွယ်အလင်းတန်း ပေါက်ကွဲထွက်လာကာ နက်နဲဆန်းကြယ်သော အခြေအနေသို့ ဝင်ရောက်သွားသည်။
ရှီထျန်းကျီက တာအို၏ စစ်မှန်မှုကို ရှာနေသကဲ့သို့ အရှိန်အဝါက ပြောင်းလဲနေသည်။
သူက အဆုံးမဲ့ တိတ်ဆိတ်မှုထဲသို့ ရောက်ရှိသွားသည်။
ရှန်ထျန်းကလည်း စိတ်လှုပ်ရှားသွားသည်။ သို့သော် သူက ဤပညာရပ်ကို နားလည်တော့မည့်အချိန်တွင် ထာဝရဘုရင်ဟွမ်က သူ့ကို ခေါ်လိုက်သည်။
ဘုရင်ဟွမ်ထျန်းက ပြောလိုက်သည်
“ ဒီက မိတ်ဆွေငယ်လေးက မင်းရဲ့ ပုံစံအမှန် မဟုတ်ဘူးမလား။
စကြဝဠာ ကြယ်တာရာမြေပုံကို နားလည်ချင်ရင် ခန္ဓာအစစ်နဲ့ နားလည်သွားမှ များပြားတဲ့ အကျိုးအမြတ်တွေကို ရရှိနိုင်လိမ့်မယ်။
မင်းက ဒီနေရာကို ဝင်လာနိုင်ပြီဆိုမှတော့ မင်းကို ငါ့ရဲ့ အမွေဆက်ခံသူလို့ သတ်မှတ်လို့ရနေပါပြီ။
အခုငါ မင်းရဲ့ မူလခန္ဓာကိုယ်ကို ပို့ပေးလိုက်မယ်”
သူ စကားဆုံးသွားပြီးနောက် ထာဝရဘုရင်ဟွမ်ထျန်းက လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ အာကာပြင်က အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။
အဆုံးမဲ့ စွမ်းအားက လေဟာနယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ထိတ်လန့်စရာကောင်းသော အာကာပြင်စွမ်းအား ထွက်ပေါ်လာသည်။
ကျိရှားကျောင်းတော်၏ ဒုတိယမြောက် စိတ်ဝိညာဉ်တောင်ပေါ်တွင်…
ရှန်ထျန်းက မျက်လုံးကို မှိတ်ထားပြီး ကျင့်ကြံနေသည်။ အံ့ဖွယ်အလင်းတန်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
သို့သော် ထိုအခိုက်အတန့်တွင် သူ၏ ဘေးပတ်လည်ရှိ အာကာပြင်က တစ်စစီဖြစ်သွားကာ အကန့်အသတ်မဲ့ စွမ်းအားများက ဖြတ်ပြေးသွားသည်။
ရှန်ထျန်း ထိတ်လန့်သွားသည်။ သူ ဘာမှမတုံ့ပြန်နိုင်ခင်တွင် ဤစွမ်းအား၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး ထိုနေရာမှ ကွယ်ပျောက်သွားသည်။
ဟွမ်ထျန်း စစ်တုရင်ခုံ၌…
ရှန်ထျန်းနှစ်ယောက်က အချင်းချင်းကြည့်ရင်း ကြောင်အသွားကြသည်။
ထာဝရအရှင်ဘုရင် ဟွမ်ထျန်းက သူ ဖုံးကွယ်ထားသည်ကို ထိုးဖောက်မြင်နိုင်လိမ့်မည်ဟု ရှန်ထျန်း ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
သူက သွေးနတ်ဘုရားကျမ်းကို ကျင့်ကြံခဲ့ပြီး ဤခန္ဓာကိုယ်က သူ့ပညာရပ်ဖြင့် ပြုလုပ်ထားသော ကိုယ်ပွားတစ်ခုဖြစ်သည့် သွေးနတ်ဘုရား၏ သားတော်ဖြစ်သည်။
သာမန်လူများအနေဖြင့် မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားကြားမှ ခြားနားချက်များကို မြင်ရမည်မဟုတ်ပေ။
ဟွမ်ရှစ်တုန်းကလည်း သူ၏ ပုံစံအစစ်အမှန်ကို အတည်မပြုနိုင်ပဲ ခန့်မှန်းရုံသာ လုပ်နိုင်ခဲ့သည်။
ထာဝရဘုရင် ဟွမ်ထျန်းက ထိုးဖောက်မြင်နိုင်ရုံသာမက သူ၏ မူလခန္ဓာကိုယ်ကို အဆုံးမဲ့လေဟာနယ်ထဲသို့ ဆွဲခေါ်လာနိုင်ခဲ့သည်။
ဒါက ထာဝရဘုရင်ရဲ့ စွမ်းအားများလား။ ဒါက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ
ရှန်ထျန်း၏ စိတ်ထဲတွင် အန္တရာယ်အရိပ်အယောင်ကို ခံစားလာမိသည့်အတွက် စိတ်ထဲ တင်းကြပ်သွားမိသည်။
ယခုဖြစ်ပျက်နေသည်အရ သူ သွေးနတ်ဘုရားကျမ်းကို ကျင့်ကြံရုံလေးဖြင့် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်မလာနိုင်ပေ။
သူသာ ထာဝရဘုရင်ဟွမ်ထျန်းကဲ့သို့သော ပါရမီရှင်နှင့် တွေ့ဆုံပါက သူ၏ ပုံစံကို ခွဲခြားနိုင်ရုံသာမက အာကာပြင်ကို ဖြတ်သန်းကာ သူ့ကို သတ်ပစ်လိုက်နိုင်သည်။
ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ
ထိုအတွေးကြောင့် ရှန်ထျန်း၏ စိတ်ထဲလေးလံလာမိသည်။
ရှန်ထျန်း၏ အတွေးများကို သိနေသကဲ့သို့ ထာဝရဘုရင်ဟွမ်ထျန်းက ရှင်းပြလိုက်သည်
“ နတ်ဘုရားလောကမှာတောင် သွေးနတ်ဘုရားကျမ်းကို အထွတ်အထိပ်အဖြစ်ဆုံး အမွေအနှစ်တွေထဲကတစ်ခုလို့ သတ်မှတ်ထားတာ။
ပြီးတော့ အဲဒီထဲမှာ စွမ်းအားကြီးတဲ့ ဖုံးကွယ်နိုင်စွမ်းပါဝင်တယ်။ သာမန်လူတွေဆိုရင် ထိုးဖောက်မမြင်နိုင်ဘူး။
ငါတို့နှစ်ယောက်ကြားက ကွာခြားချက်က အရမ်းကြီးလွန်းနေတာတော့ နှမြောစရာပဲ။ မင်းနတ်ဧကရာဇ်တစ်ပါးဖြစ်လာပြီး အထက်ဘုံတက်လှမ်းခြင်း ရရှိသွားရင် မင်းကို ကြည့်ပြီးတော့ မင်းရဲ့ မူလခန္ဓာလား ကိုယ်ပွားလားဆိုတာကို ပြောနိုင်မှာ မဟုတ်တော့ဘူး။
မင်းရဲ့ မူလခန္ဓာရှိနေတဲ့ တည်နေရာကိုတောင် အလွယ်တကူ သိနိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”
ထာဝရဘုရင်ဟွမ်ထျန်းက ပြိုင်ဘက်ကင်း ထာဝရအရှင်ဘုရင်ဖြစ်သည့်အတွက် သူ့ခွန်အားက နတ်ဧကရာဇ်တစ်ပါးထက် သာလွန်နေသည်။
ထာဝရဘုရင် ဟွမ်ထျန်း၏ ရှေ့တွင် ရှန်ထျန်းက အားနည်းသောသူတစ်ယောက်ဖြစ်သည့်အတွက် သူ့ကို ထိုးဖောက်မြင်နိုင်ခြင်းဖြစ်သည်။
ရှန်ထျန်းက ခေါင်းယမ်းကာ လှောင်ပြုံး ပြုံးလိုက်သည်။ ဤပါရမီရှင်ရှေ့တွင် သူ၏ ပြိုင်ဘက်ကင်းဟု သတ်မှတ်ထားသည့် အသက်ကယ်ပညာရပ်က အသုံးမဝင်ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ ရှေ့လျှောက် ဒီထက်ပိုပြီးတော့ ဂရုစိုက်ဖို့ လိုအပ်သေးတယ်
အနည်းဆုံးတော့ သူ အပြင်ထွက်ပြီး မပျော်ပါးခင် နတ်ဧကရာဇ်တစ်ပါးဖြစ်ဖို့ လိုအပ်သည်။
ထာဝရဘုရင် ဟွမ်ထျန်းက ထပ်ပြီးတော့ စကားပြောလိုက်သည်
“ ထွက်လာခဲ့ပါ အဖိုးကြီး။ ခင်ဗျား ဒီကလေးရဲ့ နတ်ဘုရားအသိစိတ်ထဲမှာ ပုန်းနေရုံနဲ့ အာရုံမခံနိုင်ဘူးလို့ ထင်မနေနဲ့နော်”
အံ့ဖွယ်ဝိညာဉ်တစ်ကောင်က ရုတ်တရက် ရှန်ထျန်း၏ စိတ်ထဲတွင် ပေါ်လာကာ ခရမ်းရောင်ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
ထိုလူက ယဲ့ချန်းခန် ဖြစ်သည်။
ယဲ့ချန်းခန်က ထာဝရဘုရင် ဟွမ်ထျန်းကို အရိုအသေပေးကာ ပြောလိုက်သည်
“ ထာဝရဘုရင် ဟွမ်ထျန်းကို နှုတ်ခွန်းဆက်သပါတယ်”
ယဲ့ချန်းခန်က နတ်ဘုရားလောကတွင် စွမ်းအားကြီးသူတစ်ယောက်ဖြစ်ခဲ့သော်လည်း သူ့ဝိညာဉ်က သေမျိုးလောကသို့ ကြွေကျသွားခဲ့သည်။
သို့သော် သူက ထာဝရဘုရင် ဟွမ်ထျန်းကို ရိုသေသေးသည်။
ထာဝရဘုရင် ဟွမ်ထျန်းက နတ်ဘုရားလောကတွင် ထိပ်သီးပါရမီရှင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ထာဝရဘုရင် ဟွမ်ထျန်းရှေ့တွင် ယဲ့ချန်းခန်ပင် လက်လွတ်စပယ် မပြုမူရဲပေ။
ယဲ့ချန်းခန် ယခုလိုမျိုး ပြုမူနေတာ ပထမဆုံးဖြစ်သည့်အတွက် ရှန်ထျန်း အံ့ဩသွားသည်။
ကြည့်ရတာ နတ်ဘုရားလောကမှာ ထာဝရဘုရင် ဟွမ်ထျန်းရဲ့ ရာထူးက အရမ်းမြင့်တဲ့ပုံပဲ
“ စစ်နတ်ဘုရား မျှော်နန်းဆောင်က ဒီလိုမျိုး အဆုံးသတ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ခင်ဗျားတောင်မှ ဝိညာဉ်အကြွင်းအကျန် ဖြစ်လာတယ်”
ထာဝရဘုရင်ဟွမ်ထျန်းက ယဲ့ချန်းခန်ကို စိုက်ကြည့်ကာ ခေါင်းယမ်းပြလိုက်သည်။
ယဲ့ချန်းခန်က ခါးသီးစွာသာ ပြုံးလိုက်ပြီး ဘာမှ ရှင်းမပြပေ။
ထာဝရဘုရင် ဟွမ်ထျန်းက ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်းက လျှို့ဝှက်ချက်တွေ အများကြီးကို ဖုံးကွယ်ထားတယ်။ မင်းမှာ ဒီအဖိုးကြီးရဲ့ ကာကွယ်မှုရှိနေရုံတင်မကပဲနဲ့ ဒါလည်း ရှိနေသေးတယ်”
ထာဝရဘုရင်ဟွမ်ထျန်းက တစ်စုံတစ်ခုကို သတိထားမိသွားပုံပေါ်ပြီး လှောင်ရယ်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။
ယဲ့ချန်းခန်က ချွေးစေးများပင် ထွက်လာမိသည်။
အဘယ်ကြောင့်ဆိုသော် ထာဝရဘုရင် ဟွမ်ထျန်းက အရမ်းစွမ်းအားကြီးပြီး ပြိုင်ဘက်ကင်း ထာဝရဘုရင် ဖြစ်သောကြောင့် ဖြစ်သည်။
ယဲ့ချန်းခန်က အရင်ကတည်းကတောင် သူ့ကို အနိုင်ယူနိုင်ခဲ့တာ မဟုတ်ဘူးလေ။ အခုလိုမျိုး ဝိညာဉ်အကြွင်းအကျန် ဘဝမျိုးနဲ့တော့ ပြောနေစရာတောင် မလိုတော့ဘူး
ထာဝရဘုရင် ဟွမ်ထျန်းသာ ရှန်ထျန်းကို အကောက်ကြံချင်ပါက ရှန်ထျန်း ချက်ချင်း သေသွားနိုင်သည်။