← Chapters

ရှီထျန်းကျီ… ငါက ညီအစ်ကိုရှန်ထက် ပိုပြီးတော့ စွမ်းအားကြီးတာလား

Vol. 31 Ch. 460

ရှီထျန်းကျီ… ငါက ညီအစ်ကိုရှန်ထက် ပိုပြီးတော့ စွမ်းအားကြီးတာလား

Vol. 31 Ch. 460

အခန်း (၄၆၀) : ရှီထျန်းကျီ… ငါက ညီအစ်ကိုရှန်ထက် ပိုပြီးတော့ စွမ်းအားကြီးတာလား

ထာဝရဘုရင် ဟွမ်ထျန်းက ရှန်ထျန်း ပြသလိုက်သော စွမ်းအားကြောင့် ထိတ်လန့်သွားသည်။

ရှန်ထျန်းဆီမှာ မွေးရာပါ ခန္ဓာတည်ဆောက်ပုံ ရှိသော်လည်း ဒီလောက်ထိ စွမ်းအားကြီးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထာဝရဘုရင်ကျမ်း၏ လေးနက်မှုနှင့် ရှုပ်ထွေးမှုက စကားလုံးနှင့် ဖော်ပြလို့ မရနိုင်ပေ။ ထို့အပြင် ကောင်းကင်တာအို၏ အကန့်အသတ်မဲ့ အယူအဆများလည်း ပါဝင်နေသေးသည်။

မွေးရာပါ ခန္ဓာတည်ဆောက်ပုံရှိနေလျှင်ပင် အချိန်တိုအတွင်း နားလည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

မွေးရာပါ  ခန္ဓာတည်ဆောက်ပုံရှိသော ယခင်ပါရမီရှင်ပင် ထာဝရဘုရင်ကျမ်းကို ပိုမိုကျွမ်းကျင်သောအဆင့်သို့ ရောက်အောင် လုပ်ဖို့အတွက် အချိန်ဆယ်နှစ် အသုံးပြုခဲ့ရသည်။

ထိုအရာကပင် နတ်ဘုရားလောကတွင် အံ့ဩဖွယ်ရာ မှတ်တမ်းတစ်ခုဖြစ်နေပြီဖြစ်သည်။ မရေတွက်နိုင်သော ကျင့်ကြံသူများလည်း ထိုအချိန်တုန်းက ထိတ်လန့်ခဲ့ရသည်။

ယနေ့အထိ ဘယ်သူမှ အဲဒီစံချိန်ကို မချိုးနိုင်သေးပေ။

သို့သော် ယခု ရှန်ထျန်းက မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို သုံးနှစ်အတွင်း ကျင့်ကြံနိုင်ခဲ့သည်။ ထာဝရဘုရင် ဟွမ်ထျန်း၏ ဘဝခံယူချက်လည်း ကမောက်ကမဖြစ်သွားသည်။

ကြည့်ရတာ ဒီကလေးမှာ မွေးရာပါ ခန္ဓာတည်ဆောက်ပုံ ရှိရုံတင်မကသေးပဲ တခြားလျှို့ဝှက်ဓာတ်တွေပါ ရှိနေသေးတဲ့ပုံပဲ

“အဲဒီပုဂ္ဂိုလ်”က သူ့ဆီကို အမွေအနှစ် လက်ဆင့်ကမ်းပေးလိုက်တာလည်း အဆန်းတော့ မဟုတ်ပါဘူး။ သူကလည်း အရမ်းစွမ်းအားကြီးတာကို

ထာဝရဘုရင် ဟွမ်ထျန်း၏ ထွက်ပေါ်လာမှုကြောင့် ရှန်ထျန်းက ရှေ့တိုးလာကာ ပြောလိုက်သည်

“ စီနီယာ ကျွန်တော် ကျင့်ကြံလို့ပြီးသွားပါပြီ”

ထာဝရဘုရင် ဟွမ်ထျန်း၏ ခန္ဓာကိုယ်တောင့်တင်းသွားသော်လည်း တည်ငြိမ်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်

“ မင်းမှာ ကောင်းမွန်တဲ့ မွေးရာပါ အရည်အချင်းရှိတယ်။ ဒါပေမဲ့ မင်းက ငါ ငယ်ငယ်တုန်းကလောက်တော့ မတော်သေးဘူး”

ထာဝရဘုရင် ဟွမ်ထျန်းက စိတ်ထဲမှာ ထိတ်လန့်နေဆဲဖြစ်သည်ကို ဘယ်သူမှ မသိပေ။ ရှန်ထျန်းကို အရမ်းအထင်ကြီးသွားသည့်အတွက်သာ ထိုကဲ့သို့သော စကားများကို ပြောနေခြင်းဖြစ်သည်။

ရှန်ထျန်း၏ အောင်မြင်မှုက အရမ်းအံ့အားသင့်ဖို့ကောင်းလှသည်။ တခြားဘယ်သူမှ သူနှင့် မနှိုင်းယှဉ်နိုင်ပေ။

ထာဝရဘုရင် ဟွမ်ထျန်း ယခုလက်ရှိ အရွယ်မှာပင် ရှန်ထျန်းလိုမျိုး အောင်မြင်မှုကို မရရှိနိုင်ပေ။

သို့သော် သူ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရားမည်ဖြစ်သည့်အတွက် ထိုအရာကို ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။

ရှန်ထျန်း သက်ပြင်းချကာ ပြောလိုက်သည်

“ ကြည့်ရတာ ကျွန်တော်ရဲ့ မွေးရာပါ အရည်အချင်းက လုံလုံလောက်လောက် မကောင်းသေးဘူးထင်တယ်”

ထာဝရဘုရင်ဖြစ်လာဖို့အတွက် ထူးခြားသည့် ပါရမီရှင်တစ်ယောက်ဖြစ်ရမည်ဖြစ်သလို နတ်ဘုရားလောကတွင်လည်း လွှမ်းမိုးမရသည့်သူ ဖြစ်ရမည်။

ထာဝရဘုရင်ဟွမ်ထျန်းက သူနှင့်ယှဉ်လိုက်လျှင် ရှန်ထျန်းက နိမ့်ကျသေးသည်ဟု ပြောလိုက်သည့်အတွက် ရှန်ထျန်းက ယခုအထိ နတ်ဘုရားလောကမှ ထူးခြားသည့် ပါရမီရှင်များလောက် မတော်သေးဘူးဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။

ငါ ဒီထက်ပိုပြီးတော့ ကြိုးစားရဦးမှာပဲ

ရှန်ထျန်း၏ စကားကြောင့် ထာဝရဘုရင် ဟွမ်ထျန်းက နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

မင်းရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေက မလုံလောက်သေးဘူးတဲ့လား။ နတ်ဘုရားလောကက ပါရမီရှင်တွေအတွက်လည်း နေရာလေး နည်းနည်းလောက် ချန်ထားပေးပါဦးလား

ထာဝရဘုရင် ဟွမ်ထျန်း၏ မျက်နှာနီရဲသွားကာ ပြောလိုက်သည်

“ မိတ်ဆွေလေး စိတ်ဓာတ်ကျစရာမလိုပါဘူး။ မင်းက ငါ့လောက် မတော်သေးပေမဲ့ နတ်ဘုရားလောက ပါရမီရှင် ၉၀ရာခိုင်နှုန်းထက်ပိုပြီးတော့ ကောင်းနေပါပြီ။

ဒါပေမဲ့ ဒါက ငါ့ရဲ့ မိုးကုတ်စက်ဝိုင်း တာအိုကျမ်းတွေချည်းပဲ မဟုတ်သေးဘူး။ အထဲမှာ အဓိကကျပြီးတော့ လေးနက်တဲ့ အယူအဆတွေ အများကြီးရှိသေးတယ်။

မင်းဒါကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံလိုက်မယ်ဆိုရင် မင်း စကြဝဠာထဲက ကြယ်တာရာတွေကို သန့်စင်ပြီးတော့ သူတို့ရဲ့စွမ်းအင်ကို အသုံးချလို့ရတယ်။

မိတ်ဆွေလေး မင်း တိုးတက်လာဖို့အတွက် ဆက်လက်ကျင့်ကြံဖို့ လိုအပ်တယ်”

မိုးကုတ်စက်ဝိုင်း တာအိုကျမ်းက ထာဝရဘုရင်ဟွမ်ထျန်း၏ စွမ်းအားအကြီးဆုံး အမွေအနှစ်ဖြစ်သည်။ နတ်ဘုရားလေကမှာပင် ပြိုင်ဘက်ကင်း အမွေအနှစ်တစ်ခုဟု သတ်မှတ်ထားပြီး မရေတွက်နိုင်သော အထွတ်အထိပ်စွမ်းအားများကို ဆွဲငင်ဖို့အတွက် လုံလောက်သည်။

ဤအရာက ထာဝရဘုရင်ကျမ်းဖြစ်ပြီး အကန့်အသတ်မဲ့ တာအိုအယူအဆများကို ပိုင်ဆိုင်ထားသည်။

မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို ပိုမိုကျွမ်းကျင်သောအဆင့်သို့ ရောက်ရှိသွားပါက သူတို့ကိုယ်သူတို့ မြှင့်တင်နိုင်ဖို့အတွက် ကြယ်တာရာစွမ်းအင်ကို ဆွဲငင်ယူလို့ရနိုင်သည်။

ပြီးပြည့်စုံသည်အထိ ကျင့်ကြံပြီးပါက ကြယ်တာရာများ၏ စွမ်းအင်အပေါ် ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သွားမည်ဖြစ်သည်။

ထိုအရာက သဘာဝတရား ပိုင်ဆိုင်သော စွမ်းအားဖြစ်ပြီး အဆုံးစွန်ထိ စွမ်းအားကြီးကာ ကြောက်ဖို့ကောင်းသည်။

ထိုထက်မြင့်သော အဆင့်ရှိသေးသော်လည်း ဘယ်သူမှ ထိုသာလွန်သောအဆင့်သို့ မရောက်ရှိဖူးပေ။

တစ်စုံတစ်ယောက်သာ ထိုသာလွန်အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ပါက စကြဝဠာတစ်ခုလုံးနှင့် ပေါင်းစပ်နိုင်မည်ဖြစ်သည်။

ထာဝရဘုရင်ဟွမ်ထျန်းက ရှန်ထျန်းဆီမှာ ထိုကဲ့သို့သော ပြိုင်ဘက်ကင်း မွေးရာပါ အရည်အချင်းကို မြင်လိုက်ရသည့်အတွက် အရမ်းစိတ်လှုပ်ရှားနေမိသည်။

ရှန်ထျန်းက “သူတို့၏” ဆက်ခံသူဖြစ်သည်။

ရှန်ထျန်းသာ သူ၏ မိုးကုတ်စက်ဝိုင်း တာအိုကျမ်းဆီသို့ ကြီးကျယ်ခမ်းနားမှုကို ယူဆောင်လာပါက သူလည်း အကျိုးအမြတ်ရရှိနိုင်သည်။

ထို့ကြောင့်လည်း ထာဝရဘုရင်ဟွမ်ထျန်းက ရှန်ထျန်းကို ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့အတွက် ပြောခဲ့ခြင်းဖြစ်သည်။

ရှန်ထျန်း အံ့ဩမှင်သက်သွားမိသည်။ မိုးကုတ်စက်ဝိုင်း တာအိုကျမ်းတွင် နက်နဲသော အလွှာများစွာရှိနေသည်ကို သူ သတိမထားမိခဲ့ပေ။

သူ မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို ပြီးပြည့်စုံသည်အထိ မကျင့်ကြံရသေးဘူးဟု ခံစားမိသည်ကတော့ အမှန်ဖြစ်သည်။

စကြဝဠာ ကြယ်တာရာမြေပုံက ကောင်းကင်တာအို အယူအဆများကို ပိုင်ဆိုင်ထားရုံသာမက ကမ္ဘာသစ်တစ်ခုလိုမျိုး နက်နဲသိမ်မွေ့ပြန်သည်။

စကြဝဠာက အရမ်းကျယ်ပြန့်တယ်။ ဘယ်သူက အချိန်တိုအတွင်းမှာ အဲဒါတွေ အကုန်လုံးကို နားလည်နိုင်မှာလဲ

သူက စွမ်းအားအကြီးဆုံး ပညာရပ်တချို့ကိုပဲ နားလည်သေးတယ်။ သင်ယူဖို့အတွက် အများကြီး ကျန်နေသေးတယ်

ရှန်ထျန်းက ရိုသေစွာဖြင့် ပြောလိုက်သည်

“ စီနီယာရဲ့ အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်အခုပဲ သွားပြီးတော့ ကျင့်ကြံတော့မယ်”

ထာဝရဘုရင် ဟွမ်ထျန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဒါဆိုလည်း လုပ်လိုက်လေ။ ဒါပေမဲ့ အရမ်း စိုးရိမ်စရာမလိုပါဘူး။ မင်းဆီမှာ အချိန်တွေ အများကြီးရှိနေပါသေးတယ်”

ရှန်ထျန်း ဘယ်လောက်ထိ ရရှိနိုင်မလဲဆိုတာကို သူ မြင်ချင်နေမိသည်။

ရှန်ထျန်းက စကြဝဠာ ကြယ်တာရာမြေပုံကို ဆက်လက်နားလည်နိုင်ရန်အတွက် ထပ်မံကျင့်ကြံနေပြန်သည်။

သိပ်မကြာခင်မှာပင် သူက စကြဝဠာ ကြယ်တာရာမြေပုံနှင့် အဆုံးမဲ့ ကြယ်ပင်လယ်ထဲသို့ နစ်မြုပ်သွားသည်ဟု ခံစားလိုက်ရသည်။

ပတ်လည်ဝန်းရံနေသော ကြယ်တံခွန်များကလည်း တောက်ပသော အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေသည်။

ရှန်ထျန်းက ထိုမြင်ကွင်းကြောင့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။သူက ကြယ်တာရာ၏ စွမ်းအားကို စုပ်ယူဖို့အတွက် မိုးကုတ်စက်ဝိုင်း အံ့ဖွယ်လမ်းညွှန်ကို အသက်သွင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အကန့်အသတ်မဲ့ ကြယ်အလင်းတန်းက ကောင်းကင်ရေတံခွန်ကဲ့သို့ စီးဆင်းလာသည်။

အလင်းတန်းများက နေရာတိုင်းတွင် လင်းလက်နေကာ သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ရှန်ထျန်း၏ ကျင့်ကြံဆင့်က ကြယ်တာရာ၏ စွမ်းအားကြောင့် မြင့်တက်သွားသည်။

သူ့ ခန္ဓာကိုယ်က စတင်ပြောင်းလဲနေပြီဖြစ်သော်လည်း ပြောင်းလဲမှုများကို ရှင်းလင်းစွာ မြင်နိုင်ဖို့အတွက် ကြာရှည်သော အချိန်တစ်ခု လိုအပ်သည်။

ရှန်ထျန်း ကျင့်ကြံသည့် အခြေအနေသို့ ဝင်သွားပြီး ၄၉နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကျင့်ကြံစဉ်အတွင်း ငြိမ်သက်နေရာမှ ရှီထျန်း အနည်းငယ် စတင်လှုပ်ရှားလာတော့သည်။

သူ့အရှိန်အဝါက ပြင်းထန်စွာ လှုပ်ခါနေသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်လှုပ်နေသည်။

ရှီထျန်းကျီက ချီဖောက်ပြန်ခြင်း ခံစားရတော့မည့်ပုံပေါ်နေသည်။

“ ထတော့”

အသံတစ်ခုက ကောင်းကင်တာအို ခေါင်းလောင်းကဲ့သို့ စွမ်းအားအပြည့်ဖြစ်နေပြီး ရင်တုန်သွားစေသည့် ဩဇာအာဏာပါဝင်သည်။

အဟွတ်…

ရှီထျန်းကျီ ငြိမ်သက်နေရာမှာ နိုးထလာသည့်အခါ သွေးအန်တော့သည်။

သူ့မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး အရှိန်အဝါက ဖျော့တော့နေသည်။ သူ့ကို ကြည့်ရတာ ပြင်းထန်စွာ ဒဏ်ရာရထားပုံပေါ်သည်။

သူက ကြယ်ပင်လယ်ထဲတွင် လမ်းပျောက်ပြီး လမ်းရှာမတွေ့ဖြစ်နေပုံပေါ်သည်။

ချီဖောက်ပြန်ခြင်းက ကြောက်စရာကောင်းသောအရာ ဖြစ်သည်။ ချီဖောက်ပြန်ခြင်းမှ အပြင်ဘက်သို့ရောက်အောင် ဆင့်ခေါ်ပြီးသွားသော်လည်း စိတ်နှင့်လူနှင့် မကပ်သေးပေ။

သို့သော် ရှီထျန်းကျီက မကြာခင်မှာပဲ စိတ်နှင့် လူနှင့်ပြန်ကပ်သွားကာ စိတ်သက်သာရာရမှုတို့က အကြည့်ထဲတွင် ဖြတ်ပြေးသွားသည်။

ထာဝရဘုရင်ဟွမ်ထျန်းသာ သူ့ကို မခေါ်လိုက်ပါက သူ ကြယ်တာရာထဲတွင် လုံးဝ လမ်းပျောက်သွားလိမ့်မည် ဖြစ်သည်။

“ ကျေးဇူးတင်ပါတယ် စီနီယာ ဟွမ်ထျန်း” ရှီထျန်းကျီ အရမ်းကျေးဇူးတင်နေမိသည်။

ထာဝရဘုရင် ဟွမ်ထျန်း၏ ပုံရိပ်ထွက်ပေါ်လာသည့်အခါ လက်ယမ်းပြပြီး ပြောလိုက်သည်

“ ပြဿနာမရှိပါဘူး”

“မင်းက အချိန် ၄၉ နှစ်အတွင်းမှာ မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို ဒီလောက်ထိ နားလည်နိုင်တယ်ဆိုတော့ မဆိုးပါဘူး”

ထာဝရဘုရင် ဟွမ်ထျန်းက ထိတ်လန့်တုန်လှုပ်သွားသည်။ သူ ထိုကဲ့သို့သော ကတိတည်သည့် ပါရမီရှင်များနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ရှီထျန်းကျီလည်း မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို ပိုမိုကျွမ်းကျင်သောအဆင့်ထိ ရောက်နိုင်လိမ့်မည်ဟု သူ ခံစားရသည်။

သူက ပြိုင်ဘက်ကင်းပညာရပ်များ အားလုံးကို သင်ယူသွားနိုင်သည့် ရှန်ထျန်းလောက် စွမ်းအားမကြီးပေ။ သို့သော် ရှီထျန်းကျီက မိုးကုတ်စက်ဝိုင်း အံ့ဖွယ်လမ်းညွှန်၊ ကောင်းကင်အံ့ဖွယ်လက်သီးနှင့် မိုးကုတ်စက်ဝိုင်း ကြယ်တာရာအစီအရင် တစ်စိတ်တစ်ပိုင်းတို့ကို ကျွမ်းကျင်သွားခဲ့သည်။

ထိုအရာက သာမန်အရည်အချင်းမျိုး မဟုတ်ပေ။

ရှီထျန်းကျီက ထာဝရဘုရင် ဟွမ်ထျန်း၏ စကားလုံးများကို ကြားပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်သည်

“ ကျွန်တော်က အရမ်းတုံးတာပဲ။ နောက်ဆုံးကျင့်စဉ်ကို နားမလည်နိုင်ခဲ့ဘူး”

မိုးကုတ်စက်ဝိုင်း ကြယ်တာရာအစီအရင်က စွမ်းအားအကြီးဆုံး ပညာရပ်ဖြစ်သည်ဟု သူ ခံစားရသည်။

သူ ဘယ်လောက်ပဲ ကြိုးစားနေပါစေ နားလည်နိုင်ခြင်း၏ နောက်ဆုံးအလွှာကို ဖြတ်ကျော်လို့မရနိုင် ဖြစ်နေသည်။

ရှီထျန်းကျီဆီမှာလည်း မာနရှိသည့်အတွက် စိန်ခေါ်မှုကနေ ဘယ်တော့မှ နောက်ပြန်မဆုတ်ပေ။ ထို့ကြောင့် သူက အတင်းဖိအားပေးပြီး လုပ်ကြည့်ဖို့ ကြိုးစားခဲ့သည်။

စိုးရိမ်စိတ်များလေလေ အမှားလုပ်ဖို့အတွက် ပိုမိုလွယ်ကူလေလေဖြစ်သည်။

သူ အဆုံးမဲ့စကြဝဠာထဲတွင် ပျောက်ဆုံးပြီး ချီဖောက်ပြန်ခြင်းကို ခံစားရတော့မလို ဖြစ်ခဲ့သည်။

ထာဝရဘုရင်ဟွမ်ထျန်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ စိတ်မပူပါနဲ့ အရာအားလုံးက ကံပါလာပြီးသားပါ။

မင်း နားမလည်နိုင်ဘူးဆိုရင် မင်းနဲ့ ကံမစပ်လို့ပဲပေါ့။

အတင်းဖိအားပေးပြီးတော့ ကြိုးစားနေမယ်ဆိုရင် ရတာထက်ပိုပြီးတော့ ဆုံးရှုံးရတာများလိမ့်မယ်”

ထူးဆန်းသော အလင်းတန်းက သူ့မျက်လုံးကို လင်းလက်သွားစေကာ ရှီထျန်းကျီက တုန်လှုပ်သွားသည်။

ထာဝရဘုရင် ဟွမ်ထျန်း၏ စကားလုံးများက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေကာ သူ့ စိတ်အခြေအနေကလည်း ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

ရှီထျန်းကျီ နားလည်သဘောပေါက်သွားကာ သူ့နှလုံးသားထဲရှိ ကြိုးထုံးကို ဖြေလျှော့လိုက်သည်။

သူက ရိုသေစွာဖြင့် ပြောလိုက်သည်

“ စီနီယာရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု နားလည်သွားပါပြီ”

သူက ထိုကျင့်စဉ်ကို နားလည်နိုင်သော်လည်း လူငယ်စံပြ ရှီထျန်းကျီ ဖြစ်နေဆဲဖြစ်သည်။

ထာဝရဘုရင် ဟွမ်ထျန်းက ရှီထျန်းကျီ အလျင်အမြန် နားလည်သွားသည်ကို မြင်လိုက်ရသည့်အတွက် ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဒီလိုမျိုး ရင့်ကျက်ပြီး အရည်အချင်းရှိပုံနဲ့ဆိုရင် ဒီကလေးက အနာဂတ်မှာ ကြီးမားတဲ့အရာတွေကို ရရှိလိမ့်မယ်

ဒီကလေးဆီ ငါ့ရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးလိုက်တာက ငါ့အတွက် ဘာဆုံးရှုံးမှုမှမရှိဘူး

ရှီထျန်းကျီက သူ့ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ရှန်ထျန်း၏ ကျင့်စဉ်က ဘယ်လိုဖြစ်နေပြီလဲဆိုတာကို သူသိချင်နေမိသည်။

ရှန်ထျန်းက မျက်လုံးမှိတ်ထားကာ ဆက်လက်ကျင့်ကြံနေသည်ကို သူ တွေ့လိုက်ရသည်။

“ ညီအစ်ကိုရှန်က သူ့ရဲ့ ကျင့်ကြံခြင်းကို မပြီးမြောက်သေးတာလား”

ရှီထျန်းကျီက နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။

ဒါမဖြစ်နိုင်ဘူး

ညီအစ်ကိုရှန်ရဲ့ အရည်အချင်းနဲ့ဆိုရင် နှစ်တွေအများကြီး ကြာပြီးတာတောင် ကျင့်ကြံလို့ မပြီးသေးတာမျိုး မဖြစ်နိုင်ဘူး

ညီအစ်ကိုရှန်ရဲ့ နားလည်နိုင်စွမ်းက ငါ့ထက် နိမ့်ကျနေတာတော့ မဟုတ်ပါဘူးနော်

မဖြစ်နိုင်ပါဘူး…ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

မဖြစ်နိုင်ဘူး

ဒါပေမဲ့ ညီအစ်ကိုရှန်က ဆက်ပြီး ကျင့်ကြံနေတုန်းဆိုတော့ အဲဒါ အမှန်ပဲဖြစ်ရမယ်

ဒါဆိုရင် နားလည်နိုင်စွမ်းပြိုင်တဲ့နေရာမှာ ငါက ညီအစ်ကိုရှန်ကို အနိုင်ယူနိုင်လိုက်တာလား

ရှီထျန်းကျီက အပျော်လွန်သွားသည်။ သူက ပြိုင်ဘက်ကင်း လူငယ်စံပြတစ်ယောက်ကဲ့သို့ ရင်ဘတ်ကို မောက်ထားလိုက်သည်။

ရှန်ထျန်းနှင့် မတွေ့ဆုံစဉ်က သူ့ကို နယ်မြေငါးခုတွင် စွမ်းအားအကြီးဆုံး ပါရမီရှင်ဟု သတ်မှတ်ခံခဲ့ရသည်။ ထို့ကြောင့် ရှီထျန်းကျီက အရမ်းမောက်မာခဲ့ပြီး သူနှင့် ရွယ်တူများကို အထင်အမြင်သေးနေခဲ့သည်။

ရှန်ထျန်း၏ အနိုင်ယူခြင်းကို ခံရပြီးနောက် အမြဲတမ်း ကိုယ့်ထက် သန်မာသောသူတစ်ယောက် ရှိနေသည်ကို သူ သတိထားမိသွားသည်။

သူက ကံဆိုးမှုကို ခံစားခဲ့ရသော်လည်း ပြိုင်ဆိုင်လိုစိတ်ကို မဆုံးရှုံးလိုက်ပေ။

သူက တစ်နေရာရာတွင် ရှန်ထျန်းကို အနိုင်ယူချင်သော်လည်း ဘယ်တုန်းကမှ အခွင့်အရေးမရရှိခဲ့ပေ။

အထူးသဖြင့် ရှန်ထျန်းနှင့် အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် သူတို့နှစ်ယောက်ကြားက ကွာခြားချက်က ပိုမိုကျယ်ပြန့်လာသည်ကို သူ သတိထားမိလိုက်သည်။

ရှီထျန်းကျီအနေဖြင့် ရှန်ထျန်းကို ဘယ်နေရာမှာမဆို အနိုင်ရဖို့က မဖြစ်နိုင်ပေ။

သူ လက်လျှော့အရှုံးပေးလောက်ချင်သည်အထိ စိတ်ဓာတ်ကျသွားခဲ့ရသည်။

ဒါပေမဲ့ အခု ဒီမြင်ကွင်းကြောင့် အခွင့်အရေးပြန်ရလာသလိုပဲ။ သူက နိုးထလာပြီဆိုပေမဲ့ ရှန်ထျန်းက အခုထိ နိုးမလာသေးဘူး။ အနှစ်ချုပ်ကြည့်လိုက်ရင် သိသာနေတာပဲ မဟုတ်လား

ဒါဆိုရင် ငါ့ရဲ့ ဉာဏ်အလင်းပွင့်မှု စွမ်းရည်က ညီအစ်ကိုရှန်ထက် ကျော်လွန်နေတာပဲ

ဟား…ဟား…ညီအစ်ကိုရှန် နောက်ဆုံးတော့ အနိုင်ယူလိုက်နိုင်ပြီ

ရှီထျန်းကျီက ရှန်ထျန်းကို အနိုင်ယူနိုင်လိုက်သည်ဟု ခံစားရသည့်အတွက် အရမ်းကျေနပ်နေမိသည်။

ထာဝရဘုရင်ဟွမ်ထျန်းက ရှီထျန်းကျီ၏ မျက်နှာပေါ်မှ ကောက်ကျစ်သောအပြုံးကြောင့် နားမလည်နိုင်ဖြစ်သွားသည်။

ဒီကောင်လေးရဲ့ စိတ်ထဲမှာ ဘယ်လိုထူးဆန်းတဲ့ အတွေးတွေများ ရှိနေရတာလဲ။ သူ့မျက်နှာပေါ်က မျက်နှာထားကိုတောင် မထိန်းနိုင်တော့ဘူးလား

ဒီနေ့ခေတ်လူငယ်တွေက ခေါင်းထဲမှာ အကြံတွေအများကြီးပဲ

“အဟမ်း…အဟမ်း…”

ထာဝရဘုရင်ဟွမ်ထျန်းက ရှီထျန်းကျီ ဘာတွေစဉ်းစားနေလဲဆိုတာကို မသိသော်လည်း သူ ကြားဖြတ်ဝင်ပြောမှ ဖြစ်မည်။

သူ မကောင်းတဲ့ အတွေးတွေရှိနေတာဆိုရင်တော့ သူ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်

ထာဝရဘုရင်ဟွမ်ထျန်းက သိမ်မွေ့သောအသံဖြင့် ပြောလိုက်သည်

“ မင်း ပြောချင်တာ ဟိုကောင်လေးလား။ သူက လွန်ခဲ့တဲ့ ၄၆ နှစ်ကတည်းက မိုးကုတ်စက်ဝိုင်း တာအိုကျမ်းရဲ့ ပိုမိုကျွမ်းကျင်တဲ့အဆင့်ကို ရရှိသွားပြီလေ”

ရှီထျန်းကျီ၏ မျက်နှာ တောင့်တင်းသွားကာ မယုံကြည်နိုင်သည့်အတွက် မျက်လုံးပြူး မျက်ဆံပြူးဖြင့် မေးလိုက်သည်

“ဘယ်လို …လွန်ခဲ့တဲ့ ၄၆ နှစ်ကတည်းကတဲ့လား”

ရှီထျန်းကျီ အံ့ဩမှင်သက်သွားကာ ဘာမှမတုံ့ပြန်နိုင်ဖြစ်နေသည်။

ရှန်ထျန်းက လွန်ခဲ့တဲ့ ၄၆ နှစ်ကတည်းက ကျွမ်းကျင်တဲ့အဆင့်ကို ရောက်သွားပေမဲ့ သူကတော့ ၄၉ နှစ်တောင် အချိန်ယူခဲ့ရတာတဲ့

ဒါဆိုရင် သူက မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို ပိုမိုကျွမ်းကျင်တဲ့အဆင့်ရောက်ဖို့ သုံးနှစ်ပဲ အချိန်ယူလိုက်ရတယ်လို့ ပြောချင်တာ မဟုတ်လား

သေစမ်း ညီအစ်ကိုရှန်က ဘယ်လိုလူမျိုးလဲ

ငါက ဘာလို့ ဉာဏ်အလင်းပွင့် လူသားတစ်ယောကနဲ့ ပြိုင်ဆိုင်ဖို့ ကြိုးစားခဲ့ရတာလဲ

ငါ ရူးသွားတာလား

ဟုတ်တယ် ဟုတ်တယ် ငါ ကျင့်ကြံခြင်းကနေ နိုးထလာခါစမလို့ အားနည်းနေပြီးတော့ အဓိပ္ပာယ်မရှိတာတွေကို လျှောက်စဉ်းစားနေမိတာပဲ

ရှီထျန်းကျီက ကိုယ်တိုင် မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို ကျင့်ကြံခဲ့သည့်အတွက် ဘယ်လောက်ထိ ခက်ခဲလဲဆိုတာကို သူ ကောင်းကောင်းသိသည်။ ယခုလိုမျိုး ကောင်းမွန်သော ပတ်ဝန်းကျင်သာ မရှိပါက သူ့အနေဖြင့် ၄၉နှစ်အတွင်း ပိုမိုကျွမ်းကျင်သောအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။

ရှန်ထျန်းကတော့ သုံးနှစ်ပဲ အချိန်ယူရတယ်တဲ့

၃နှစ်ကို ၄၉ နှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ကွာခြားချက်ကို အရမ်းကို များလွန်းတယ်

ရှီထျန်းကျီက ခေါင်းယမ်းပြကာ ခါးသီးစွာပြုံးရင်း ပြောလိုက်သည်

“ ညီအစ်ကိုရှန်နဲ့ ယှဉ်လိုက်ရင် ကျွန်တော်က ဘာမှအသုံးမဝင်တဲ့ အမှိုက်သာသာပဲရှိတယ်”

ထာဝရဘုရင်ဟွမ်ထျန်းက စိတ်မရှည်သည့်ပုံစံလုပ်ကာ စိတ်ထဲမှ ငြီးငြူလိုက်သည်။

အမှိုက်သာသာပဲ ဟုတ်လား။ မင်းက အမှိုက်တဲ့လား

ဒါပေမဲ့ မင်းတစ်ယောက်ထဲ မဟုတ်ပါဘူး။ အဲဒီကောင်လေးရှေ့မှာ နတ်ဘုရားလောကက ပါရမီရှင်တွေအကုန်လုံး အသုံးမကျတဲ့ အမှိုက်တွေ ဖြစ်ကုန်တာ

ငါကိုယ်တိုင် အပါအဝင်ပေါ့…

အဟမ်း ပြဿနာမရှိပါဘူး

ထာဝရဘုရင်က ရှီထျန်းကျီ၏ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပျောက်ဆုံးသွားမည်ကို စိုးရိမ်သည့်အတွက် ထိုအတွေးများကို ထုတ်မပြောလိုက်ပေ။

ထာဝရဘုရင်ဟွမ်ထျန်းက သူ့ကို နှစ်သိမ့်ပေးချင်ယောင်ဆောင်လိုက်သည်

“ ကလေး သိပ်ပြီးတော့လည်း စိတ်မကောင်းမဖြစ်ပါနဲ့။

မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် နတ်ဘုရားလောကရဲ့ ထိပ်သီးကျင့်ကြံသူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်လို့ ရနိုင်ပါတယ်။ မင်း သူနဲ့ မပြိုင်ဆိုင်ရင် အရမ်းစွမ်းအားကြီးတယ်လို့ သတ်မှတ်လို့ရပါတယ်”

ရှီထျန်းကျီက အသက်ပြင်းပြင်းရှူကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်

“ စီနီယာကို ကျေးဇူးတင်ပါတယ်။ မစိုးရိမ်ပါနဲ့။ ကျွန်တော် အဆင်ပြေပါတယ်”

ထာဝရဘုရင် ဟွမ်ထျန်းက သူ့ကိုနှစ်သိမ့်ဖို့ ကြိုးစားနေမှန်းသိသော်လည်း ရှီထျန်းကျီ စိတ်ထဲမထားပေ။ အဲဒီအစား သူ၏ ပန်းတိုင်က တစ်ဖန်ထပ်မံ တောက်လောင်လာပြန်သည်

“ ညီအစ်ကိုရှန်ကို လိုက်မှီဖို့က အမြဲတမ်း ကျွန်တော်ရဲ့ ပန်းတိုင်ဖြစ်နေခဲ့တာ။ သူ ပိုပြီးတော့ စွမ်းအားကြီးလာလေလေ ကျွန်တော်ပိုပြီးတော့ စိတ်ဓာတ်တက်ကြွလေလေပဲ။

ကျွန်တော်ကို ဒီကမ္ဘာကနေ အဝေးပို့ပေးဖို့အတွက် ထာဝရဘုရင်ကို ဒုက္ခပေးရဦးမယ်။ ကျွန်တော် ကံအပြောင်းအလဲ အခွင့်အရေးတွေကို ထပ်ရှာပြီးတော့ ညီအစ်ကိုရှန်ကို အမှီလိုက်ရဦးမယ်”

ရှီထျန်းကျီ ယခုလက်ရှိ အခြေအနေနှင့် ဆက်လက်ကျင့်ကြံဖို့ မဖြစ်နိုင်သေးပေ။

သူက ၄၉ နှစ် ကျင့်ကြံပြီးပြီဖြစ်သည့်အတွက် ဆက်ပြီး မကျင့်ကြံနိုင်သေးပေ။ သူ ချီဖောက်ပြန်ခြင်းကို ခံစားရတော့မလိုပင် ဖြစ်ခဲ့သေးသည်။

သူ ဆက်လက်ကျင့်ကြံလျှင်ပင် အသုံးမဝင်ဖြစ်သွားလိမ့်မည်။

သူ့အနေဖြင့် ဤအရာကို ခဏဘေးကပ်ထားကာ တခြား ကံအပြောင်းအလဲ အခွင့်အရေးကို သွားရှာလိုက်သည်က ပိုကောင်းသည်။

အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာက နှစ်ပေါင်းတစ်ရာကြာ ဖွင့်လှစ်ထားသည့်အတွက် အချိန်တစ်ဝက် ကုန်ဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် သူက အချိန်ကို ထပ်ပြီး မဖြုန်းချင်တော့ပေ။

ထာဝရဘုရင်ဟွမ်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ကောင်းပြီလေ ဒါဆိုလည်း မင်းကို အပြင်ပို့ပေးလိုက်မယ်။

မင်းမှာ ထူးခြားတဲ့စွမ်းရည်တွေ ရှိတာမလို့ နောက်ထပ်နှစ်တစ်ရာအတွင်း မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို အကုန်နားလည်နိုင်သွားလိမ့်မယ်လို့ ယုံကြည်တယ်”

မိုးကုတ်စက်ဝိုင်း တာအိုကျမ်းက ရှီထျန်းကျီ၏ စိတ်ထဲတွင် တည်မြဲနေပြီဖြစ်သည့်အတွက် စကြဝဠာ ကြယ်တာရာမြေပုံမရှိလည်း ကျင့်ကြံနိုင်ပြီဖြစ်သည်။ သူ အချိန်နည်းနည်းလောက် ထပ်သုံးဖို့သာ လိုအပ်သည်။

ရှီထျန်းကျီမှာ အုတ်မြစ်ရှိပြီးသားဖြစ်သည့်အတွက် သိပ်ပြီး မခက်ခဲတော့ပေ။

ရှီထျန်းကျီက ထာဝရဘုရင်ဟွမ်ထျန်းကို အရိုအသေပေးကာ ပြောလိုက်သည်

“ ညီအစ်ကိုရှန် နိုးထလာတဲ့အခါ ကျွန်တော် သူ့ကို ကျိရှားကျောင်းတော်မှာ စောင့်နေမယ်လို့ စီနီယာ ပြောပေးလို့ရမလားခင်ဗျာ”

ရှီထျန်းကျီက ကိုယ့်ကိုယ်ကို တိုးတက်နိုင်ဖို့အတွက် အချိန်ယူချင်နေသည်။ သူ ရှန်ထျန်းကို အမှီမလိုက်နိုင်လျှင်ပင် သူတို့ကြားက ကွာခြားမှုကို ကျဉ်းသည်ထက် ကျဉ်းသွားအောင် လုပ်ချင်သည်။

ထာဝရဘုရင် ဟွမ်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဒါဆိုရင်လည်း သွားတော့လေ”

သူ လက်ယမ်းလိုက်သည့်အခါ ရှီထျန်းကျီ၏ ပုံရိပ်က ဟွမ်ထျန်းစစ်တုရင်ခုံမှ ပျောက်ကွယ်သွားသည်။

ထာဝရဘုရင် ဟွမ်ထျန်း၏ အကြည့်က ရှန်ထျန်းဆီသို့ ရောက်သွားကာ ရေရွတ်လိုက်သည်

“ ဒီကောင်လေးက နှစ်ပေါင်းများစွာ တိတ်တိတ်လေး ကျင့်ကြံနေခဲ့တာ။ သူ့ရဲ့ ဉာဏ်အလင်းပွင့်မှုက ဘယ်လောက်ထိ တိုးတက်လာမလဲဆိုတာ ငါသိချင်လိုက်တာ”

သူတို့၏အဆင့်တွင် ပုံမှန်ကျင့်ကြံခြင်းက နှစ်ပေါင်းတစ်ရာမှ နှစ်ပေါင်းတစ်ထောင်အထိ အလွယ်တကူ ကြာမြင့်နိုင်သည်။

ထို့ကြောင့် ထာဝရဘုရင်ဟွမ်ထျန်း မအံ့ဩပေ။

သူ့ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ ထိုအာကာပြင်ထဲတွင် ရှန်ထျန်းကို တစ်ယောက်ထဲ ထားခဲ့သည်။

ထိုအချိန်တွင် ရှန်ထျန်းက သူ၏ ကျင့်ကြံခြင်းထဲတွင် လုံးဝ နစ်မြောနေသည်။

ဤအချိန်အတွင်း သူက စကြဝဠာ ကြယ်တာရာ မြေပုံကို လေ့လာနေပြီး သူ၏ နတ်ဘုရားအသိစိတ်က အကန့်အသတ်မဲ့ ကြယ်ပင်လယ်ကို ဖြတ်သန်းကာ လှည့်လည်သွားလာနေသည်။

နောက်ဆုံးတွင် စကြဝဠာ ကြယ်တာရာ မြေပုံထဲ၌ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တွေ ဘယ်လောက်ထိများလဲဆိုတာကို သတိထားမိသွားသည်။

ထိုအရာက အသုံးအဆောင်ပစ္စည်းတစ်ခုနှင့် တူသော်လည်း ကမ္ဘာသစ်တစ်ခုက စကြတဠာတစ်ခုလုံးနှင့် ကြယ်တာရာများကို လွှမ်းခြုံလိုက်သည်နှင့် ပိုတူသည်။

ဤနားလည်သွားမှုကြောင့် ရှန်ထျန်းက လူသားနှင့် သဘာဝ တစ်သားတည်းဖြစ်သွားကာ အရာအားလုံးကို မေ့လျော့သွားသည်။

ထို့ကြောင့် မိုးကုတ်စက်ဝိုင်း တာအိုကျမ်းအပေါ် နားလည်မှုက ပိုမိုလေးနက်လာသည်။

ဤနေရာက ဉာဏ်အလင်းပွင့်မှုအတွင်တင် ကောင်းမွန်သောနေရာတစ်ခု မဟုတ်ပဲ ကျင့်ကြံခြင်းအတွက်ပါ ဆန်းကြယ်သောနေရာတစ်ခုဖြစ်သည်။

မိုးကုတ်စက်ဝိုင်း အံ့ဖွယ်လမ်းညွှန်ကို အသုံးချပြီး ရှန်ထျန်း၏ ကျင့်ကြံခြင်းအရှိန်က ပြင်ပလောကထက် အဆတစ်ထောင် သို့မဟုတ် အဆတစ်သောင်းလောက်ပင် ပိုမိုမြန်ဆန်သွားသည်။

အဆုံးမဲ့ ကြယ်အလင်းတန်း၏ သန့်စင်သော စွမ်းအင်ကို ခံစားရင်း သူ၏ ကျင့်ကြံဆင့်နှင့် အရှိန်အဝါကလည်း အလျင်အမြန် တိုးတက်သွားသည်။

ရှန်ထျန်းက တစ်စုံတစ်ခုကို သတိရသွားသည်။

“ ဓား လာစမ်း”

သူ အော်ဟစ်လိုက်သည့်အခါ ငွေဖြူရောင်အလင်းတန်းက ခန္ဓာကိုယ်မှ ထွက်လာပြီး သူ့လက်ထဲသို့ ကျရောက်လာသည်။

ထိုအရာက ရှုပ်ထွေးပွေလီ အရှိန်အဝါ ရစ်ပတ်နေသော ငွေဓားပေါက်စလေးဖြစ်ပြီး ထူးခြားပုံပေါ်သော်လည်း အသွင်အပြင်ကတော့ ဆိုးရွားသည်။ ထိုအရာက ချိုင့်ခွက်များ၊ အက်ကြောင်းများနှင့် ပြည့်နှက်နေပြီး ဓားပေါက်စနှင့် လုံးဝ မတူပေ။

ထိုအရာက သူ၏ အသက်လက်နက် ရှုပ်ထွေးပွေလီ ဓားသားလောင်းဖြစ်သည်။

ဤအရာက ရှန်ထျန်း ရှုပ်ထွေးပွေလီ မီးစာလက်နက်ထုလုပ်ခြင်း ပညာရပ်ကို အသုံးပြုပြီး သန့်စင်ထားသော အသက်လက်နက်ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူက အလုပ်များနေသည့်အတွက် ဤ ဓားသားလောင်းအကြောင်းကို မေ့နေခဲ့သည်။

ယခုက ရှုပ်ထွေးပွေလီ ဓားသားလောင်းကို ပိုပြီးတော့ လှပအောင် လုပ်ဖို့အတွက် ပြီးပြည့်စုံသော အခွင့်အရေး ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် ဓားတစ်ချောင်းကို ဆွဲထုတ်ရသည်ကတော့ အနည်းငယ် ရှက်ဖို့ကောင်းသည်။

ရှန်ထျန်းက ကြယ်တာရာစွမ်းအားများကို ဆွဲငင်ကာ ကြယ်မီးတောက်ကို ပြုလုပ်ဖို့အတွက် လက်ဟန်တချို့ကို ပြုလုပ်လိုက်သည်။

ကြယ်မီးတောက်က တောက်လောင်နေကာ စွမ်းအားကြီးသော အရှိန်အဝါဖြင့် အလင်းပြန်နေသည်။ ဘေးပတ်လည်ရှိ အာကာပြင် အစိတ်အပိုင်းပင် ပြာကျသွားသည်။

ရှန်ထျန်းက လက်ယမ်းလိုက်ကာ ရှုပ်ထွေးပွေလီ ကြယ်တာရာဓားကို သန့်စင်ဖို့အတွက် ကြယ်မီးတောက်ထဲတွင် ထားလိုက်သည်။ သူ၏ ထျန်းကျူဓားက ဘယ်လိုပုံစံမျိုးရှိလဲဆိုတာကိုသာ သူ ဆက်တိုက်စဉ်းစားနေသည်။

သူ့ကိုယ်သူ ရေရွတ်လိုက်သည်

“ ဒီတစ်ခါတော့ ပိုပြီးကြည့်ကောင်းအောင် သွန်းလုပ်နိုင်မယ် ထင်တာပဲ”

ကြယ်မီးတောက် လောင်ကျွမ်းသွားသည့်အခါ ငွေရောင် ဓားသားလောင်းကို ဆက်တိုက်သန့်စင်နေသည့်အတွက် တောက်ပသော အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာသည်။

အလင်းတန်းက ခမ်းနားကြီးကျယ်ပြီး တောက်ပစူးရှနေသည်။

ငွေရောင် ဓားသားလောင်းက ကြယ်မီးတောက်၏ သန့်စင်မှုအောက်တွင် အသွင်ပြောင်းလာသည်။ သို့သော် ပြောင်းလဲမှုကို ထင်ထင်ရှားရှားတွေ့ရဖို့အတွက် အချိန်အနည်းငယ်ယူဖို့ လိုအပ်သည်။

ကိုးရက်နှင့် ကိုးညကြာပြီးနောက်…

သန့်စင်မှု အဆုံးသတ်သွားပြီဖြစ်သည်။ မူလ ဓားသားလောင်းက ယခု သုံးပေအရှည်ရှိသော ငွေဓားအဖြစ်သို့ ပြောင်းလဲသွားသည်။

ဓားက ငွေရောင်လင်းလက်နေပြီး အရမ်းပေါ့ပါးပြီး ချောမွေ့နေသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာ မြေပုံကို ဓားပေါ်မှာ ထွင်ထားသကဲ့သို့ မရေတွက်နိုင်သော အံ့ဖွယ်အက္ခရာစာများကို ထွင်းထားသည့်အတွက် အရမ်းဆန်းကြယ်ပုံပေါ်သည်။

“ နောက်ဆုံးတော့ ပြီးသွားပြီ”

ဓားသန့်စင်ခြင်းကို ပြီးမြောက်အောင် လုပ်နိုင်သည့်အတွက် ရှန်ထျန်း ကြည်နူးနေမိသည်။

ငွေရောင်ဓားကို ကိုင်မြှောက်လိုက်သည့်အခါ သူက ဤလက်နက်နှင့် တစ်သားတည်းဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

ဤအရာက သူ၏ အသက်လက်နက်ဖြစ်သည့်အတွက် သူနှင့်အတူ သန်မာကြီးထွားနိုင်သည်။ ဤဓားနှင့် သူ မရေတွက်နိုင်သော စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်သည်။

ရှန်ထျန်း၏ စွမ်းအားက ယခင်ကထက် ကြောက်စရာကောင်းလောက်အောင် တိုးတက်လာပြီဖြစ်သည်။ ထို့ကြောင့် သန့်စင်ပြီးသွားသည့်အခါ ဤဓား၏ အရှိန်အဝါကလည်း ပြိုင်ဘက်ကင်း ဖြစ်သွားသည်။

ရှန်ထျန်းက ဤအသစ်ပြုလုပ်ထားသော လက်နက်ကို မစမ်းသပ်ဘဲ မနေနိုင်ပေ။

သူက ဓားကို ယမ်းလိုက်သည့်အခါ ကောင်းကင်တစ်ခွင်တွင် ဓားသွားအလင်းတန်း လှိုင်းဂယက်ထသွားကာ ငွေရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဓားအလင်းတန်းက စကြဝဠာထဲရှိ ကြယ်တာရာများကို ဖြတ်တောက်ချင်သကဲ့သို့ ကောင်းကင်၏ အမြင့်ဆုံးအဆင့်အထိ ထိုးဖောက်ဝင်ရောက်သွားသည်။

ဓားအလင်းတန်းနှင့် ထိတွေ့မိသည့်နေရာတွင် အာကာပြင်က တစ်စစီဖြစ်သွားသည်။ ကောင်းကင်တာအို အစီအရင်များပင် ဖျက်စီးခံလိုက်ရပြီး သဘာဝ၏ စည်းမျဉ်းများလည်း ပျက်စီးသွားသည်။

ထိုမြင်ကွင်းကြောင့် ရှန်ထျန်း ထိတ်လန့်သွားမိသည်။

ဤဓား၏ စွမ်းအားက ထျန်းကျူဓား၏ စွမ်းအားထက် များစွာ ကျော်လွန်နေပြီး အထွတ်အထိပ်အဆင့် ထာဝရအသုံးအဆောင်ပစ္စည်းတစ်ခုပင် ဖြစ်သွားသည်။

ဤဓားတွင် ကောင်းကင်တာအို အစီအရင်များကို ဖျက်စီးနိုင်သည့် စွမ်းအားရှိသည့်အတွက် ပြိုင်ဘက်ကင်း အံ့ဖွယ်လက်နက်တစ်ခုဟု ဆိုနိုင်သည်။

ဒီထက်ပိုပြီး အရေးကြီးသည်က ရှန်ထျန်း၏ ကိုယ်ပိုင်စွမ်းရည် တိုးတက်လာလေလေ ဤဓား၏ စွမ်းအား ကြီးလာလေလေဖြစ်သည်။

ရှန်ထျန်းက ထိုကဲ့သို့ များပြားသည့် အကျိုးအမြတ် ရမည်ဟု ထင်မထားသည့်အတွက် အရမ်းစိတ်လှုပ်ရှားသွားသည်။

သူက မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို ရရုံသာမက ဤ ပြိုင်ဘက်ကင်း အံ့ဖွယ်လက်နက်ကိုပါ ပြုလုပ်ခဲ့သေးသည်။

ရှန်ထျန်း၏ အကြည့်တို့ တောက်လောင်နေကာ ပြောလိုက်သည်

“ မင်းကို ရှုပ်ထွေးပွေလီ ကြယ်တာရာဓားလို့ပဲ ခေါ်ရမလား”

ရှုပ်ထွေးပွေလီ အရှိန်အဝါနှင့် ကြယ်မီးတောက်ဖြင့် ဤဓားကို သွန်းလုပ်ထားသည့်အတွက် ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်သည်။

ဤနာမည်က အရမ်းသင့်လျော်သည်။

ချွင်…

ဓား၏ အသံကို ကြားလိုက်ရသည့်အတွက် ရှန်ထျန်းပေးသော နာမည်ကို နှစ်သက်ပုံရသည်။

“ မင်း ကြိုက်တယ်ဆိုတော့ ဝမ်းသာပါတယ်”

ရှန်ထျန်းက ပြုံးကာ ရှုပ်ထွေးပွေလီ ကြယ်တာရာဓားကို သိမ်းဆည်းလိုက်သည်။

ထျန်းကျူဓားကဲ့သို့ ရှုပ်ထွေးပွေလီ ကြယ်တာရာ ဓားကိုလည်း ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားနိုင်သည်။

သို့သော် နှစ်ခု မတိုက်မိစေရန်အတွက် တစ်ခုကို အဆုတ်ထဲတွင်ထားပြီး တခြားတစ်ခုကို သူ၏ စွမ်းအင်ဗဟိုချက်ထဲတွင် ထားထားသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာ ဓားကို သိမ်းဆည်းပြီးနောက် ရှန်ထျန်းက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာသို့ အာရုံရောက်သွားသည်။

သူ့ရှေ့တွင် ရှိနေသော မြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားမိသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ကမ္ဘာငယ်လေးက အံ့ဩစရာကောင်းသော နေရာအဖြစ် ကျယ်ပြန့်သွားသည်။

ရှန်ထျန်း၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက နဂိုကတည်းက သာမန်ထက် ကြီးနေပြီဖြစ်သည်။

ထို့နောက် သူ၏ ရှုပ်ထွေးပွေလီ ကနဦးဝိညာဉ်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခွဲခြမ်းက ကမ္ဘာကို တည်ငြိမ်အောင်လုပ်ပြီး အသွင်ပြောင်းနေသည်။

သို့သော် ယခင်က ရှန်ထျန်း၏ ကမ္ဘာငယ်လေးက မိုင်ပေါင်းတစ်ထောင်လောက်သာ ကျယ်ဝန်းခဲ့သည်။

ယခု မိုင်ပေါင်း တစ်သောင်းလောက် ကျယ်ဝန်းနေပြီး ဆက်လက်ကျယ်ပြန့်နေပုံပေါ်သည်။

ကမ္ဘာငယ်က ပိုကြီးပြီး ပိုမိုကျယ်ဝန်းလာသည်။

All Chapters