အထွတ်အထိပ် လက်နက်… ဟွမ်ထျန်းစစ်တုရင်ခုံ
Vol. 31 Ch. 461
အခန်း (၄၆၁) : အထွတ်အထိပ် လက်နက်… ဟွမ်ထျန်းစစ်တုရင်ခုံ
ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲမှ ပြောင်းလဲမှုများကို ကြည့်ပြီး ရှန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
နေရာက ကျယ်ပြန့်လာရုံသာမက အဆုံးမဲ့ ကြယ်တာရာစွမ်းအားများကလည်း ကောင်းကင်မှ ကြွေကျလာသည်ကို မြင်လိုက်ရသည်။
ကြယ်အလင်းတန်းကလည်း အရမ်းတောက်ပကာ တိုင်းတာလို့ မရနိုင်အောင် ကျယ်ပြန့်လှသည်။
ကြယ်စွမ်းအင်များ၏ သန့်စင်မှုအောက်တွင် ဤနေရာတွင်ရှိသော စည်းမျဉ်းများက လုံးဝပြီးပြည့်စုံပြီး အသွင်ပြောင်းသွားသည်။
ခဏအတွင်းမှာပင် အင်မတန် စွမ်းအားကြီးသော အသက်စွမ်းအားက ကောင်းကင်သို့ ထိုးဖောက်ထွက်သွားကာ မိုးကုတ်စက်ဝိုင်းတစ်လျှောက် ဖြတ်သန်းသွားသည်။
နေရာတစ်ခုလုံးကို သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားစေကာ အရာအားလုံး ပြန်လည်မွေးဖွားတော့မည်ဟုပင် ထင်မှတ်စေသည်။
ရှန်ထျန်း ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ စတင်ရောက်ရှိစဉ်က သူ၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက သက်ဝင်လှုပ်ရှားမှုဖြင့် စတင်ပြည့်နှက်လာခဲ့သည်။
မြေပြင်ပေါ်တွင် အပင်ငယ်လေးများ၊ ပန်းပင်များနှင့် သစ်ပင်များ စတင်ကြီးထွားလာသည်။
ယခု သက်ဝင်လှုပ်ရှားမှု အသစ်၏ ကူညီထောက်ပံ့မှုကြောင့် အစိမ်းရောင် သစ်ပင်များက စွမ်းအားကြီးသော ဆေးလုံးကို စားသုံးလိုက်သကဲ့သို့ အလျင်အမြန် ကြီးထွားသွားသည်။
သစ်ပင်များက တိမ်တိုက်များထဲသို့ မြင့်တက်သွားကာ အင်မတန် ကြံ့ခိုင်သန်စွမ်းလှသည်။
ပန်းပင်များနှင့် အပင်ငယ်များကလည်း ပြောင်းလဲသွားသည်။ သူတို့က စိတ်ဝိညာဉ်အလင်းတန်းထဲတွင် ပန်းခွေများအဖြစ် ပြောင်းလဲသွားကာ သက်ဝင်လှုပ်ရှားမှု အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဝိညာဉ်ဆေးပင်များအဖြစ် ပြောင်းလဲသွားသော အပင်များလည်းရှိပြီး အနံ့အသက်၊ စိတ်ဝိညာဉ် အဆီအနှစ်တို့ဖြင့် ပြည့်နှက်နေသည်။
ဤနေရာက အပင်များ၊ ပန်းများ အပြည့်ဖြစ်သွားကာ သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။ ပြင်ပလောကနှင့် နှိုင်းယှဉ်လိုက်လျှင်ပင် ခြားနားမှုမရှိပေ။
ထိုအရာတင်မကသေးပဲ လေဟာနယ်တွင်ပင် မြူခိုးဝေနေသော စွမ်းအင်လုံးတစ်ခု ထွက်ပေါ်လာသည်။
ထိုအရာ သက်ဝင်လှုပ်ရှားမှုနှင့် မိုးမြေ၏ စည်းမျဉ်းတို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် ရစ်ပတ်နေသော ရှုပ်ထွေးပွေလီ ချီနှင့်လည်း ရောနှောသွားသည်။
စွမ်းအင်လုံးက တောက်ပသောအလင်းတန်းဖြင့် ပေါက်ကွဲသွားသည်။
ဂရုတစိုက် အာရုံခံကြည့်ပါက အထဲမှ သက်ရှိတစ်ခုခုကို မွေးထုတ်ပေးတော့မလိုမျိုး ဖြစ်နေသည့် အားနည်းသော သက်ဝင်လှုပ်ရှားမှု နှစ်ခုကို ရှာတွေ့နိုင်လိမ့်မည်ဖြစ်သည်။
ရှန်ထျန်းက ထိတ်လန့်သွားကာ မယုံကြည်နိုင်ဖြစ်သွားသည်။
သူ၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ရှုပ်ထွေးပွေလီ ကနဦးဝိညာဉ်အပြင် တခြားသက်ရှိ မရှိတော့ပေ။
ထို့အပြင် ရှုပ်ထွေးပွေလီ ကနဦးဝိညာဉ်က ရှန်ထျန်း ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက် အမှီအခိုမဲ့ သက်ရှိဟု သတ်မှတ်လို့ မရနိုင်ပေ။
ရုတ်တရက် ဤလှုပ်ခတ်နေခြင်းက ဤကမ္ဘာတွင် သူ့ကိုယ်ပိုင် ဘဝကို ဖန်တီးနေသည်ဟု ဆိုနိုင်သည်။
ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ။ သူ့ရဲ့ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက ကမ္ဘာတစ်ခုအဖြစ် တကယ်ကြီး ပြောင်းလဲသွားတော့မှာများလား
ဤ အချက်ပြမှုများက အရမ်းအားနည်းပြီး သတိထားမိဖို့ ခက်ခဲသော်လည်း သူတို့က ပတ်ဝန်းကျင်ရှိ သက်ဝင်လှုပ်ရှားမှုနှင့် ရှုပ်ထွေးပွေလီ ချီတို့ကို စုပ်ယူပြီး ပိုမိုသန်မာလာသည်။
စွမ်းအင်လုံးထဲရှိ ကလေးနှစ်ယောက်က အာဟာရများကို စုပ်ယူပြီး ဆက်တိုက် ကြီးထွားနေသည့်ပုံပေါ်သည်။
သို့သော် သူတို့ကို မွေးဖွားပေးဖို့အတွက် အချိန်အရမ်းကြာလိမ့်မည်ဖြစ်သည်။
ထိုအရာကိုမြင်ပြီး ရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
ခန္ဓာကိုယ်ထဲမှာ သက်ရှိတစ်ယောက်ကိုမွေးပေးတာက မိန်းကလေးတွေပဲ လုပ်နိုင်တာ မဟုတ်ဘူးလား
သေစမ်း…ငါက ယောက်ျားတစ်ယောက်လေ ငါက ဘယ်လိုလုပ်ပြီးတော့ ကလေးရနိုင်မှာလဲ
တော်သေးတာပေါ့ ဒီလိုဖြစ်နေတာက ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲမှာဖြစ်ပြီးတော့ သူ့ဗိုက်ထဲမှာ မဟုတ်လို့။ မဟုတ်ရင် သူ လုံးဝ ရူးခါသွားလိမ့်မယ်
သို့သော် ရှန်ထျန်း အရမ်းသိချင်စိတ် များပြားနေသည်။
ဘယ်လိုသက်ရှိမျိုးက ကြီးထွားဖို့အတွက် ရှေးဦး ရှုပ်ထွေးပွေလီ ချီကို စုပ်ယူနိုင်တာလဲ
မကြာခင်မှာပင် ရှန်ထျန်း၏ အာရုံက ရှုပ်ထွေးပွေလီ ကနဦးဝိညာဉ်ဆီသို့ ရောက်ရှိသွားသည်။
သူလည်း ကျင့်ကြံနေတယ်
ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေပြီးတော့ သူ့ ခန္ဓာကိုယ်က ကောင်းကင်ထိ ရောက်နေပြီးတော့ ကြယ်စွမ်းအင်ကို စုပ်ယူပြီး ပေါင်းစပ်နေတယ်
တောက်ပသော ကြယ်စွမ်းအင်များက စကားဖြင့် ဖော်ပြ၍မရနိုင်သော သန်မာသည့်စွမ်းအားကို သယ်ဆောင်ကာ ကောင်းကင်မှ ဖြာကျလာသည်။
ရှုပ်ထွေးပွေလီ ကနဦးဝိညာဉ်က သူ့ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော ဝါးမျိုစွမ်းအား မြင့်တက်လာကာ ကြယ်စွမ်းအင်များကို စုပ်ယူပြီး ကောင်းကင်နှင့် ကမ္ဘာမြေကို တုန်ခါသွားစေသည်။
ကြယ်စွမ်းအားက စိတ်ဝိညာဉ်စမ်းချောင်းကဲ့သို့ စီးဆင်းလာကာ ကနဦးဝိညာဉ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီး သူ့အရှိန်အဝါကို ပိုမိုသန်မာစေသည်။
“ အား…”
ကြယ်စွမ်းအားကို စုပ်ယူရသည်က အရမ်းနှေးသည်ဟု ထင်သည့်အတွက် ကနဦးဝိညာဉ်က သူ့မျက်နှာလေးကို လုံးသွားအောင် ညှစ်ကာ တုတ်သော လက်လေးများက ကောင်းကင်ကို ဖမ်းဆုပ်ထားသည်။
ဝုန်း…
စည်းမျဉ်းများ ဆင်းသက်လာသည့်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်လှုပ်သွားသည်။
အနည်းငယ် ပိုမိုသေးငယ်သော ကြယ်တာရာများက ကလေးကြီး၏ လက်သီးကြောင့် တစ်စစီဖြစ်သွားကာ ကောင်းကင်သို့ ပြန့်ကျဲသွားသည့် အဆုံးမဲ့ ကြယ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ပိုမိုကြီးမားသော ကြယ်များက ကနဦးဝိညာဉ်၏ ဆွဲခေါ်ခြင်းကို ခံရပြီး သူ့အနားသို့ ရောက်ရှိသွားသည်။
ထိုကြယ်များက မူလကတည်းက အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေသည်။
သို့သော် ကနဦးဝိညာဉ်၏ စုပ်ယူမှုကြောင့် အလျင်အမြန် မှေးမှိန်သွားကာ သေဆုံးသော ကြယ်များအဖြစ် ပြောင်းလဲသွားပြီး ပြာမှုန်များအဖြစ် ပေါက်ကွဲသွားသည်။
အံ့ဩစရာကောင်းသည်က ကနဦးဝိညာဉ်က မကျေနပ်နိုင်သေးပေ။ မရေတွက်နိုင်သော ကြယ်များကို ဆွဲယူကာ ကြယ်အလင်းတန်းအားလုံးကို စုပ်ယူဖို့အတွက် ကြိုးစားလိုက်သည်။
ပတ်ဝန်းကျင်ရှိ စည်းမျဉ်းများက ပင်လယ်ကဲ့သို့ သိပ်သည်းလှသည်။ ကြယ်တာရာစွမ်းအားများကလည်း ဒီရေလှိုင်းများကဲ့သို့ တက်နေသည်။
ရှုပ်ထွေးပွေလီ ကနဦးဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းတန်းကလည်း ပိုမိုပြင်းထန်လာသည်။
သူ့ ခန္ဓာကိုယ်ကလည်း အလျင်အမြန် ပြောင်းလဲကြီးထွားနေသည်။
ပေပေါင်း ၃၃၃၃၀ မှ ၉၉၉၉၉ ပေအထိ ကြီးထွားသွားသည်။
ထိုအချိန်တွင် ရှုပ်ထွေးပွေလီ ကနဦးဝိညာဉ်က စကြဝဠာကို အမိန့်ပေးနေသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးအသွင်ကို ဆောင်နေသည်။
ထိုအရာတင် မကသေးပဲ ကနဦးဝိညာဉ်၏ ခန္ဓာကိုယ်က ပြိုင်ဘက်ကင်း တောက်ပသောအလင်းတန်းဖြင့် တောက်ပနေသည်။
ကနဦးဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းပေါက်များက ကြယ်တာရာများ၏ စွမ်းအားကို ဝါးမျိုသည့် လည်ပတ်နေသော လေပွေငယ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
သိပ်မကြာခင်မှာပင် အလင်းပေါက်များက ပြောင်းလဲသွားကာ ပိုမိုတောက်ပလာပြီး အရေအတွက်လည်း တိုးပွားလာသည်။
အလင်းပေါက်များက တစ်ခုပြီးတစ်ခု လင်းလက်လာကာ အချင်းချင်းဆက်သွားပြီး စွမ်းအားများကို တစ်စုတည်း ပေါင်းစည်းစေသည်။
ထိုအရာကိုမြင်ပြီး ရှန်ထျန်း ထိတ်လန့်မိသွားသည်။
ကလေးကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းပေါက်များက သူ့ ခန္ဓာကိုယ်ရှိ သွေးကြောဆုံမှတ်များနှင့် ဆက်နွယ်နေသောကြောင့် ဖြစ်သည်။
နတ်ဘုရားကိုယ်ထည်မာ ပညာရပ်ကို နိဗာနအဆင့်ထိ ရောက်အောင် ကျင့်ကြံထားခြင်းက ခန္ဓာကိုယ်အတွင်းတွင် သွေးကြောဆုံမှတ်များကို ဖြစ်ပေါ်လာစေပြီး ခွန်အားကို အံ့ဖွယ်စွမ်းအားအဖြစ် ပြောင်းလဲလို့ ရနိုင်သည်။
ပိုမိုများပြားသော သွေးကြောဆုံမှတ်များကို လင်းလက်အောင် လုပ်လာနိုင်လေလေ သူတို့၏ အံ့ဖွယ်စွမ်းအားများက ပိုမို စွမ်းအားကြီးလေလေဖြစ်သည်။
ရှန်ထျန်း နိဗာနနယ်ပယ်အဆင့် ထိပ်သီးကို ရောက်ရှိစဉ်က သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောဆုံမှတ် ၃၆၅ ခု လင်းလက်ခဲ့သည်။
ယခုသူက အဆုံးမဲ့ ကြယ်တာရာစွမ်းအားကို စုပ်ယူခဲ့သည့်အတွက် ရှန်ထျန်း၏ နတ်ဘုရားကိုယ်ထည်မာ ခန္ဓာကလည်း ပြောင်းလဲသွားသည်။
သူ၏ သွေးကြောဆုံမှတ်များက အင်မတန်လျင်မြန်သော အမြန်နှုန်းဖြင့် လင်းလက်သွားသည်။
အစပိုင်း ရာချီနေသော သွေးကြောဆုံမှတ်များ ထောင်ဂဏန်း၊ သောင်းဂဏန်းအထိ အလျင်အမြန် မြင့်တက်သွားသည်။
ဤသွေးကြောဆုံမှတ်များက အသွင်ပြောင်းနေပြီး ချိတ်ဆက်နေသည့်အတွက် ပြိုင်ဘက်ကင်း ထိတ်လန့်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။
အချိန်ခဏကြာအထိ ရှန်ထျန်း နားလည်အောင် ကြိုးစားနေရသည့်အတွက် တိတ်ဆိတ်နေသည်။
အချိန်အတော်လေး ကြာပြီးနောက် ရှန်ထျန်း ကျင့်ကြံရာမှ နိုးထလာသည်။
သူ အာရုံစိုက်ပြီး ကြည့်လိုက်သည့်အခါ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက မိုင်ပေါင်းတစ်သန်းအထိ ကျယ်ပြန့်သွားသည်ကို တွေ့ရှိလိုက်ရသည်။
ကမ္ဘာက ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့သွားသည်။
ထို့အပြင် ဤကမ္ဘာ၏ သဘာဝစည်းမျဉ်းက ပိုပိုပြီး ပြည့်စုံလာသည်။ အဆုံးမဲ့ စိတ်ဝိညာဉ်အဆီအနှစ်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ ထွက်ပေါ်လာကာ ကောင်းကင်ကို သန့်စင်စေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာကို မြူခိုးများဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင်ဖြစ်သွားကာ စွမ်းအားကြီးသော စိတ်ဝိညာဉ်အရှိန်အဝါကို လွှတ်ထုတ်နေသည်။
ဝိညာဉ်ချီ၏ သိပ်သည်းမှုက အပြင်ဘက်ရှိ ကျင့်ကြံခြင်း ဆန်းကြယ်မြေများအောက် မနိမ့်ကျပေ။
ကြယ်တာရာစွမ်းအားများ၏ သန့်စင်ခြင်းကို ခံရပြီးနောက် ရှန်ထျန်း၏ ကျင့်ကြံခြင်းက များစွာ အဆင့်မြင့်သွားသည်။
သူ၏ ချီသန့်စင်ခြင်း ကျင့်ကြံခြင်းက အစောပိုင်း ဝိညာဉ်အသွင်ပြောင်းအဆင့်မှ ထိပ်သီးအဆင့် ဝိညာဉ်အသွင်ပြောင်းခြင်းသို့ ရောက်ရှိသွားသည်။
သူ၏ နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်က နိဗာန ထိပ်သီးအဆင့်မှ ဧရာမစွမ်းပကားရှင် ထိပ်သီးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်တွင် သွေးကြောဆုံမှတ်ငယ် ၃၆၅၀ ခုက အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။
ဤသွေးကြောဆုံမှတ်များက သေးငယ်သော ချည်မျှင်တစ်ခုဖြင့် ဆက်သွယ်ထားသည့်ပုံပေါ်နေပြီး လျင်မြန်စွာ စီးဆင်းနေပြီး အထဲတွင် ဖုံးကွယ်ထားသော ကျယ်ပြန့်ပြီး တိုင်းတာလို့ မရနိုင်ပေ။
ဤအရာက ဧရာမစွမ်းပကားရှင် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားဖြစ်သည်။
ဧရာမစွမ်းပကားရှင် ကျင့်ကြံသူက သွေးကြောဆုံမှတ်၏ စွမ်းအားများကို ရေကန်၊ မြစ်နှင့် သမုဒ္ဒရာများအဖြစ် ပေါင်းစည်းနိုင်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် မိုးမြေခွဲခြမ်းခြင်း ပညာရပ်ကို အသုံးပြုလိုက်ပါက စွမ်းအား အနည်းဆုံး ဆယ်ဆတိုးသွားနိုင်သည်။
“ အာ … မဟုတ်သေးပါဘူး”
တစ်စုံတစ်ခုကို တွေးမိသွားသည့်အတွက် ရှန်ထျန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
တခြားသူများအတွက် ကျင့်ကြံခြင်းမှာ အဆင့်တက်သည်က ပျော်စရာဖြစ်သော်လည်း ရှန်ထျန်းအတွက်တော့ ကောင်းမွန်သည့်အရာ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို အဓိကထားပြီး ကျင့်ကြံသည့်အတွက် အဆင့်တစ်ခု တက်သွားတိုင်း ကံကြမ္မာ ကျဆင်းလေ့ရှိသည်။
အခု သူက နိဗာနထိပ်သီးအဆင့်ကနေ ဧရာမစွမ်းပကားရှင် ထိပ်သီးအဆင့်ထိ တန်းရောက်သွားတာဆိုတော့ ကံကြမ္မာတွေ ဘယ်လောက်တောင် ကျဆင်းဦးမှာလဲ
ကံကြမ္မာကျဆင်းသွားခြင်းက သူနှင့် သူ့ပတ်လည်ရှိသူများဆီသို့ ကံမကောင်းမှုများ ယူဆောင်လာသည်ကို ရှန်ထျန်းမှတ်မိနေဆဲဖြစ်သည်။
ယခင်တုန်းက ရွှေကျီးနတ်ဧကရာဇ်ပင် တောင့်မခံနိုင်ပဲ မိစ္ဆာဝိညာဉ်ဝင်စီးခြင်းခံရပြီး ကမောက်ကမတွေဖြစ်ခဲ့သည်။
ဧရာမ ကပ်ဘေးတိုင်ခင် အရေးကြီးသောအဆင့်တွင် သူ့ ကံကြမ္မာ ကျဆင်းသွားပါက ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်သည်။
ဘယ်လိုကံဆိုးတဲ့အရာမျိုးဖြစ်လာနိုင်မလဲဆိုတာကို ဘယ်သူ သိမှာလဲ
ရှန်ထျန်းက အလျင်အမြန် ကြေးမုံကို ထုတ်ကာ သူ့ခေါင်းပေါ်ရှိ ရောင်ဝါစက်ဝန်းကို ကြည့်လိုက်ကြသည်။
သူ အနည်းငယ် အံ့အားသင့်သွားသည်။
သူ့ ရောင်ဝါစက်ဝန်း အဆင့်ကျသွားခြင်း မရှိသည်ကို တွေ့လိုက်ရပြီး တောက်ပသော ခရမ်းရွှေရောင် ရောင်ဝါစက်ဝန်း ဖြစ်နေဆဲဖြစ်သည်။
အနည်းငယ် တိုးတက်မှုကိုပင် မြင်လိုက်ရပြီး ခရမ်းရောင်အလင်းတန်းကလည်း ပိုမိုတောက်ပကာ နက်နဲလာသည်။
“ ဘာတွေဖြစ်ကုန်တာလဲ။ ငါ့ရဲ့ ကံကြမ္မာက ဘာလို့ ကျဆင်းသွားရမဲ့အစား မြင့်တက်လာရတာလဲ”
ရှန်ထျန်းက စိတ်ရှုပ်စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။
သူက ဧရာမစွမ်းပကားရှင် ထိပ်သီးအဆင့်ကို ရောက်သွားပေမဲ့ ဘာလို့ ကံကြမ္မာ မကျဆင်းသွားရတာလဲ
သို့သော် မကြာခင်မှာပင် သူ တစ်စုံတစ်ခုကို သတိထားမိသွားသည်။
နည်းလမ်းတကျပြောရလျှင် သူအဆင့်တက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ ကံကြမ္မာ သေချာပေါက် ကျဆင်းသွားရမည် ဖြစ်သည်။
တိုက်ဆိုင်စွာဖြင့် သူနှင့် ရှီထျန်းကျီက ဟွမ်ထျန်း စစ်တုရင်ခုံထဲသို့ ဝင်သွားကာ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
သူတို့အချင်းချင်း ကူညီထောက်ပံ့နေလို့ သူ့ ကံကြမ္မာ မကျဆင်းသွားတာပဲ ဖြစ်ရမယ်
ထို့အပြင် ဤအရာက ထာဝရဘုရင်၏ အမွေအနှစ်ဖြစ်သည့်အတွက် သူ့ ကံကြမ္မာက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် တက်သွားသည့်အတွက် ကံကြမ္မာ အနည်းငယ် ကျဆင်းသွားသော်လည်း အနည်းငယ် ပြန်ပြီး တိုးပွားလာပြီဖြစ်သည်။
ရှန်ထျန်း ကြိတ်ပြုံးလိုက်မိသည်။
ကံကောင်းလို့ ငါ့ အကန့်အသတ်ကို ငါ သိပြီးတော့ အကျိုးအမြတ်ရဖို့ အမြဲတမ်း ကြိုးစားနေခဲ့တာ
မဟုတ်ရင် ငါ့ရဲ့ ရောင်ဝါစက်ဝန်းက ကျောက်မီးသွေးတွင်းထဲ ကျသလို ပြန်ဖြစ်သွားနိုင်တယ်
သူ့ကံကြမ္မာ ကျဆင်းသွားခြင်းမရှိသည့်အတွက် ရှန်ထျန်း စိတ်သက်သာရာရသွားသည်။
သူ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ သူ့ ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို သေချာအာရုံခံကြည့်လိုက်သည်။ အကန့်အသတ်မဲ့ အံ့ဖွယ်စွမ်းအားက သူ့ ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်နေသည်ကို ရှန်ထျန်း သိလိုက်ရသည်။
ရှန်ထျန်း ကိုယ်တိုင်ပင် သူ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ မသိတော့ပေ။
သူ့ ခန့်မှန်းချက်အရ မဟာဝိဇ္ဇာတစ်ယောက်ကိုပင် သာမန်လက်သီးတစ်ချက်နှင့် သတ်ဖြတ်နိုင်လောက်သည်။
သူသာ အနည်းငယ်ပိုပြီး အလေးအနက်လုပ်လိုက်ပါက ဝါရင့် ထာဝရတစ်ပိုင်း ပါရမီရှင်များကိုပင် သတ်ဖြတ်နိုင်သည်။
ရှန်ထျန်းက သူ့မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးကို ပန်ဆင်ထားသည်။ ဤခရီးမှ ရရှိလာသော အကျိုးအမြတ်များက အရမ်းများပြားလှသည်။
သူ၏ ကျင့်ကြံခြင်းနှင့် ခွန်အား တိုးတက်လာသည်သာမက သူ၏ အုတ်မြစ်လည်း အရမ်းတည်ငြိမ်သွားသည်။ သူ ဘယ်အချိန်မှာမဆို အတိဒုက္ခဖြတ်ကျော်ပြီး ဝိဇ္ဇာတစ်ပါးဖြစ်လာနိုင်သည်။
သူ၏ ယခုလက်ရှိခွန်အားကို အကြမ်းဖျင်းနားလည်ပြီးနောက် ရှန်ထျန်းက မျက်လုံးကို ဖြည်းဖြည်းချင်းပိတ်လိုက်တော့သည်။
သူ မတ်တပ်ရပ်ပြီး အကြောဆန့်လိုက်သည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေသည်။
အဆုံးတွင် အရိုးမှ မြည်သံများကိုပင် ကြားလိုက်ရသည်။
“ ငါ ဘယ်လောက်ကြာအောင်တောင် ကျင့်ကြံမိသွားတာလဲ”
ထိုကဲ့သို့သော အခြေအနေမျိုးက အချိန်အကြာကြီး ကျင့်ကြံမှသာ ဖြစ်ပေါ်တတ်သည့်အတွက် ရှန်ထျန်း အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။
ယခင်က ရှန်ထျန်း တိတ်ဆိတ်စွာ ကျင့်ကြံနေပြီး ကမ္ဘာနှင့် တစ်သားတည်းဖြစ်သော အခြေအနေသို့ ရောက်သွားပြီဖြစ်သည့်အတွက် အရာအားလုံးကို မေ့လျော့သွားသည်။
သူက ပြင်ပလောကရှိ အချိန်ကို လုံးဝ မသိနိုင်တော့ပေ။
ထို့ကြောင့် ရှန်ထျန်း ဘယ်လောက်ကြာကြာ ကျင့်ကြံခဲ့လဲဆိုတာကို မသိနိုင်ပေ။
ထာဝရဘုရင်ဟွမ်ထျန်းနှင့် ယဲ့ချန်းခန်တို့က လေဟာနယ်ထဲမှ ထွက်လာကြသည်။
သူတို့နှစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး သူတို့၏ ပုံရိပ်များက ခမ်းနားပြီး သူတို့၏ အရှိန်အဝါများက အားကောင်းလှသည်။
ထာဝရဘုရင် ဟွမ်ထျန်းကို ကြယ်အလင်းတန်းဖြင့် လွှမ်းခြုံထားဆဲဖြစ်ကာ သူ့အရှိန်အဝါက ပြိုင်ဘက်ကင်းလှသည်။
တစ်ဖက်တွင် ယဲ့ချန်းခန်က သူ့ကို ဘယ်သူမှ မမြင်နိုင်စေရန်အတွက် ခရမ်းရောင်မြူခိုးဖြင့် ဖုံးအုပ်ထားသည်။
ထာဝရဘုရင်ဟွမ်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ မင်း နိုးလာပြီလား”
သူက ရှန်ထျန်းကို စိုက်ကြည့်ပြီး မအံ့ဩပဲ မနေနိုင်တော့ပေ။
အချိန်တစ်ခုကြာ ကျင့်ကြံပြီးနောက် ရှန်ထျန်း ပြောင်းလဲသွားသည်ကို ထာဝရဘုရင်ဟွမ်ထျန်း သိရှိလိုက်ရသည်။
သူ့အရှိန်အဝါကို ပိုမို ထိန်းချုပ်လာနိုင်သော်လည်း အဆုံးမဲ့ အံ့ဖွယ်ပါဝင်နေသည်ကို ခံစားလို့ရနိုင်သေးသည်။
ထာဝရဘုရင် ဟွမ်ထျန်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
ဒီကလေးရဲ့ နားလည်နိုင်စွမ်းက တကယ်ကိုပုံမှန်မဟုတ်ဘူး။ သူက အချိန်ခဏလေးအတွင်းမှာ ဒီလိုမျိုး များပြားတဲ့ အကျိုးအမြတ်တွေကို ရနေပြီ
သူတွေးထားတဲ့အတိုင်းပဲ
ရှန်ထျန်းက လက်ချင်းယှက်ကာ ရိုသေစွာ ပြောလိုက်သည်
“ စီနီယာ ဟွမ်ထျန်း ကျွန်တော် ကျင့်ကြံနေတာ အချိန်ဘယ်လောက်ကြာသွားပြီလဲဟင်”
ထာဝရဘုရင် ဟွမ်ထျန်းက ပြန်ဖြေလိုက်သည်
“ သိပ်မကြာပါဘူး။ နှစ်ပေါင်း ၁၈၀ တည်းပါ”
“ ဘယ်လို … နှစ်ပေါင်း ၁၈၀တဲ့လား”
ရှန်ထျန်း ထိတ်လန့်ပြီး မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသည်။
သူ ဝိညာဉ်အသွင်ပြောင်းအဆင့်ကို ရောက်ဖို့က နှစ်နှစ်၊ သုံးနှစ်ပဲ ကြာတယ်
ဒီတစ်ခေါက် သူ တံခါးပိတ်ကျင့်ကြံတာ နှစ်ပေါင်း ၁၈၀ တောင် ကြာသွားတယ်တဲ့လား
ဒါဆိုရင် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာက ပိတ်သွားပြီလို့ ဆိုလိုတာ မဟုတ်လား
ငါ့နဲ့အတူ ပါလာတဲ့ ကံကြမ္မာ သားတော်၊ သမီးတော်တွေ ရှိသေးတယ်လေ။ ငါ အခွင့်အရေးတွေကို ဆုံးရှုံးသွားပြီလား
အမလေး ငါ စိတ်ဓာတ်တောင် ကျချင်လာပြီ …
ရှန်ထျန်းငိုချင်သော်လည်း မျက်ရည်ကျမလာပေ။
ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ
“ စီနီယာ ဘာလို့ ကျွန်တော်ကို သတိမပေးခဲ့တာလဲ”
ရှန်ထျန်း၏ မျက်နှာပေါ်တွင် ခါးသီးသော မျက်နှာထားတစ်ခုရှိနေသည်။ သူ့ရှေ့တွင် ရှိနေသောသူက ထာဝရဘုရင်ဖြစ်သော်လည်း သူ မတတ်နိုင်ပဲ ငြီးတွားနေမိသည်။
ရှန်ထျန်းအတွက်တော့ နှစ် ၁၈၀လေးတင် မဟုတ်ဘူး။ မရေတွက်နိုင်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေပဲ
နောက်ဆုံးတော့ တစ်ကိုယ်တည်း ကျင့်ကြံခြင်းကြောင့် လက်လွှတ်လိုက်ရသည်။
ယဲ့ချန်းခန် ခေါင်းကိုက်သွားသည်။
ငါ့ရဲ့ ဘိုးဘေးလေး မင်းက သိပ်ရဲတင်းတာပဲ
ဒါက ထာဝရဘုရင်နော် အထွတ်အထိပ်တည်ရှိမှုတစ်ခု
ငါတောင် သူ့ကို အနိုင်မယူနိုင်တာကို မင်းက သူ့ကို အပြစ်တင်ရဲတယ်လား
ထာဝရဘုရင်ဟွမ်ထျန်းက စိတ်ဆိုးရမည့်အစား အံ့ဩသွားသည်။
ရှန်ထျန်း ဘာလို့ ဒီလောက်ထိ တုံ့ပြန်နေရလဲဆိုတာကို သူ မသိပေ။
“ ဒါက နှစ်ပေါင်း ၁၈၀ လေးပဲ မဟုတ်လား။ ဘာလို့ ဒေါသထွက်နေရတာလဲ။ ငါ တစ်ရေးလောက် အိပ်ရင်တောင် နှစ်ပေါင်း ရာချီပြီးကြာတယ်”
ထာဝရဘုရင်ဟွမ်ထျန်းက လုံးဝ ဂရုမစိုက်ပေ။ သူက နှစ်ပေါင်း သောင်းချီပြီး နေထိုင်ခဲ့သော မကောင်းဆိုးဝါးအိုကြီးတစ်ကောင် ဖြစ်သည်ကလည်း ပါသည်။
သာမန် နှစ်ပေါင်း ၁၈၀ လေးက သူ့အတွက် ဘာမှမပြောပလောက်ပေ။
ရှန်ထျန်းက ဝမ်းနည်းစွာဖြင့် အော်ပြောလိုက်သည်
“ နှစ်ပေါင်း ၁၈၀ လေ။ ကံအပြောင်းအလဲ အခွင့်အရေး ဘယ်နှစ်ခုတောင် လက်လွှတ်လိုက်ရပြီလဲ။ ပြီးတော့ ဒါက အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာ ပွင့်နေတဲ့အချိန်မှာလေ။ ဘယ်လောက်တောင် ဆုံးရှုံးမှုများလိုက်လဲ”
ထာဝရဘုရင် ဟွမ်ထျန်းက လက်ယမ်းပြကာ မတူညီစွာ ပြောလိုက်သည်
“ဒါက ကံအပြောင်းအလဲ အခွင့်အရေးလေးတွေပဲ မဟုတ်လား။ ဘာများ အရေးပါလို့လဲ။
ဒီဘုရင်ရဲ့ အမွေအနှစ်ကို ရလိုက်တာနဲ့တင် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာရဲ့ အကောင်းဆုံး ကံအပြောင်းအလဲ အခွင့်အရေးဖြစ်နေပြီ”
ဟွမ်ထျန်း စစ်တုရင်ခုံက အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာမှာ အကောင်းဆုံး ကံအပြောင်းအလဲ အခွင့်အရေးလေ တခြား ဘယ် ကံအပြောင်းအလဲ အခွင့်အရေးတွေက ထာဝရဘုရင်ရဲ့ အမွေအနှစ်ကို နှိုင်းယှဉ်နိုင်မှာလဲ
ဒီကောင်လေးက သူ ဘယ်လောက်ထိ ကံကောင်းနေတယ်ဆိုတာကို မသိပဲနဲ့ အပြစ်တင်ချင်နေသေးတယ်ပေါ့လေ
ရှန်ထျန်းက စိတ်မရှည်သည့်ပုံစံလုပ်ကာ စိတ်ထဲမှ ငြီးငြူလိုက်မိသည်။
ကျွန်တော် ဒါတွေကို လုပ်နေတာက ကံအပြောင်းအလဲ အခွင့်အရေးအတွက်တင်မှ မဟုတ်တာ။ ကံကြမ္မာအတွက် လုပ်နေတာလေ
နှစ်တွေအများကြီးဖြုန်းတီးပြီးတော့ မိတ်ဆွေတွေရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို မျှဝေယူဖို့အတွက် လွဲချော်သွားပြီ
သူတို့က ငါ့အကြောင်းကို မေ့သွားမှာလား။ သူတို့ ရှေ့လျှောက် ငါ့ကို စကားမပြောတော့ရင် ဘယ်လိုလုပ်မလဲ
သူ စဉ်းစားလေလေ ဒေါသထွက်လေလေ ဖြစ်နေမိသည်။
ထာဝရဘုရင် ဟွမ်ထျန်းက ရှန်ထျန်း စိတ်တိုသည်ကို မြင်တွေ့လိုက်ရသည့်အခါ အနည်းငယ် ကြည့်ဖို့အတွက် ရှက်ကိုးရှက်ကန်းဖြစ်သွားမိသည်။
သူက ရှန်ထျန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ချင်သည့်အတွက် ကြယ်တာရာများအားလုံးကို ဤနေရာသို့ ရွှေ့ဖို့အတွက် အင်အားစိုက်ထုတ်ခဲ့ခြင်း ဖြစ်သည်။
သူသာ ယခု ရှန်ထျန်းကို ဒေါသထွက်အောင်လုပ်လိုက်ရင် သူ အားစိုက်ထုတ်ထားတာတွေ အလကားဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ
ဒီလိုဆိုရင် မဖြစ်သေးဘူး။ သူ ဒီကောင်လေးကို ပျော်ရွှင်အောင် လုပ်ပေးဖို့ နည်းလမ်းကို စဉ်းစားရမယ်
သူ သေချာစဉ်းစားပြီးနောက် ထာဝရဘုရင်ဟွမ်ထျန်းက ရဲတင်းစွာ ပြောလိုက်သည်
“ စိတ်မဆိုးပါနဲ့။ အဲဒါက သေးငယ်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေးပါ။ မင်းကို ငါ လျော်ပေးနိုင်ပါတယ်”
ထို့နောက် သူက အိပ်ကပ်ဆောင် စစ်တုရင်ခုံလေးကို ထုတ်ကာ ရှန်ထျန်းကို ပေးလိုက်သည်။
“ ဒါကဘာလဲဟင်”
ရှန်ထျန်းက နားမလည်နိုင်စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။
သူတော်စင်က စစ်တုရင်ခုံနဲ့ ဘာလုပ်ရမှာလဲ။ တခြားသူတွေနဲ့ စစ်တုရင် ကစားရမှာလား
ရှန်ထျန်း၏ အတွေးများကို မြင်နေသည့်အတိုင်း ထာဝရဘုရင်ဟွမ်ထျန်းက နှုတ်ခမ်းကိုတွန့်ချိုးကာ ပြောလိုက်သည်
“ ဒါက သာမန်စစ်တုရင်ခုံ မဟုတ်ဘူး။
ဒါက ငါ့ရဲ့ အမွေအနှစ်ရတနာ ဟွမ်ထျန်း စစ်တုရင်ခုံပဲ။ ဒါက ပြင်ပလောကမှာ ဟွမ်ထျန်း စစ်တုရင်ခုံရဲ့ ပုံစံပဲ”
ရှန်ထျန်း စိတ်လှုပ်ရှားသွားမိသည်။ စစ်တုရင်ခုံက စွမ်းအားကြီးပြီး မဟာဝိဇ္ဇာများပင် မချိုးဖျက်နိုင်သည်ကို သူ သိထားသည်။
ထို့ကြောင့် ဟွမ်ထျန်း စစ်တုရင်ခုံက အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာတွင် တည်ရှိနေခြင်း ဖြစ်ပြီး သက်တမ်းနှစ်၃ထောင်အောက် ရှိသော ကျင့်ကြံသူများသာလျှင် ဝင်နိုင်ခြင်းဖြစ်သည်။
ဟွမ်ထျန်း စစ်တုရင် ပြင်ပလောကကို ရောက်သွားတယ်ဆိုရင် နတ်ဧကရာဇ်တောင် ပျက်စီးအောင် လုပ်နိုင်မှာ မဟုတ်ဘူး
ထိုအရာက ထာဝရဘုရင်ဟွမ်ထျန်း၏ အသုံးအဆောင်ပစ္စည်းဖြစ်သည့်အတွက် အင်မတန် အထင်ကြီးစရာကောင်းလှသည်။
ရှန်ထျန်းက မျက်ခုံးကို ပင့်တင်ကာ မေးမြန်းလိုက်သည်
“ စီနီယာ ထာဝရဘုရင် ဒီစစ်တုရင်ခုံက ဘယ်လိုရတနာအဆင့်မျိုးရှိလဲ”
ထာဝရဘုရင်ဟွမ်ထျန်းရဲ့ အမွေအနှစ်ဆိုတော့ သိပ်မဆိုးလောက်ပါဘူး
ဟွမ်ထျန်းက ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်သည်
“ အသွင်အပြည့်အစုံနဲ့ဆိုရင် စစ်နတ်ဘုရား မျှော်နန်းဆောင်ထက်တော့ အားနည်းမှာ မဟုတ်ဘူး”
ရှန်ထျန်း တုန်လှုပ်သွားသည်။
စစ်နတ်ဘုရားမျှော်နန်းဆောင်က ဘယ်အဆင့်ထိ ရှိလဲဆိုတာကို မသိသော်လည်း ကြောက်စရာကောင်းသည်ဆိုတာကိုတော့ သူသိသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်က ပျက်စီးနေသော အခြေအနေတွင်ပင် ထာဝရအရှင်တစ်ယောက်ကို သတ်နိုင်ခဲ့သည်ဟု ကောလဟာလများ ရှိသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ပြီးပြည့်စုံသော အခြေအနေက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို စဉ်းစားကြည့်လို့ရသည်။
ဟွမ်ထျန်း စစ်တုရင်ခုံက စစ်နတ်ဘုရားမျှော်နန်းဆောင်အောက် မနိမ့်ကျသည့်အတွက် အထွတ်အထိပ် အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်သည်။
ထာဝရဘုရင်ဟွမ်ထျန်းက ရှန်ထျန်းကို ဟွမ်ထျန်းစစ်တုရင်ခုံ ပေးလိုက်သည့်အတွက် ယဲ့ချန်းခန် ထိတ်လန့်သွားမိသည်။
ရှန်ထျန်းက ဒီစစ်တုရင်ခုံ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို မသိဘူးတဲ့လား…ဒါပေမဲ့ ဘာလို့များ မသိရတာလဲ
ယဲ့ချန်းခန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ မင်း ထာဝရဘုရင် ဟွမ်ထျန်းကို အမြန်ကျေးဇူးမတင်ပဲ ဘာလုပ်နေတာလဲ။
ဒီမှာရှိတဲ့ ဘယ်နယ်ရုပ်ကမဆို သာမန် ထာဝရ အသုံးအဆောင်ပစ္စည်းကို အလွယ်တကူ တစ်စစီဖြစ်အောင် လုပ်နိုင်တယ်။ မိုးကုတ်စက်ဝိုင်း တာအိုကျမ်းကို အဆင့်မြင့်သွားတဲ့အထိ ကျင့်ကြံနိုင်ရင် ဟွမ်ထျန်း စစ်တုရင်ခုံရဲ့စွမ်းအားလည်း ပိုပြီးတော့ သန်မာလာလိမ့်မယ်။
စစ်တုရင်ခုံက ဖမ်းချုပ်အစီအရင် ဒါမှမဟုတ် သတ်ဖြတ်ခြင်း အစီအရင်အဖြစ် ပြောင်းလဲပြီးတော့ ရန်သူကို ထိန်းချုပ်လို့ရတယ်။ အသန်မာဆုံး ဒိုင်းကာ ဒါမှမဟုတ် ချပ်ဝတ်တန်ဆာအဖြစ်လည်း အသုံးပြုလို့ရတယ်။
ကစားပွဲထဲမှာရှိတဲ့ နယ်ရုပ်ပေါင်း ၃၆၀၀၀ ကို ရန်သူကိုသတ်ဖို့ ဓားပျံတွေ တခြားလက်နက်တွေအဖြစ်လည်း အသုံးပြုလို့ရတယ်။
ကောင်းကင်ကြယ် ပိတ်ဆို့ရေး ဓားကို အသုံးပြုရင် နယ်ရုပ်တွေက ကြယ်များကဲ့သို့ ကြွေကျလာကာ အဆုံးမဲ့ ဓားချီအဖြစ် ပြောင်းလဲပြီး ရန်သူကို သတ်ဖြတ်လိမ့်မယ်။ ဒါက ဒီကမ္ဘာပေါ်မှာရှိတဲ့ ပညာရပ်အားလုံးကို ဖျက်စီးနိုင်တယ်။
အဲဒါကို အသုံးချတဲ့အခါ အားအကောင်းဆုံးနည်းလမ်းက ဟွမ်ထျန်းစစ်တုရင်ခုံနဲ့ ဟွမ်ထျန်း နယ်ရုပ်တွေကို ပေါင်းစပ်တဲ့နည်းလမ်းပဲ။ အဲဒါတွေကို အသုံးပြုပြီးတော့ မိုးကုတ်စက်ဝိုင်း ကြယ်တာရာ အစီအရင် အပြည့်အစုံကို ကိုယ်တိုင် အသက်သွင်းလို့ရတယ်။
ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံး သတ်ဖြတ်ခြင်း အစီအရင်ကို ဖန်တီးဖို့အတွက် ပြင်ပနယ်ပယ်ထဲမှာရှိတဲ့ ကြယ်တာရာစွမ်းအားတွေကိုလည်း အသုံးပြုရမယ်။
ဒါပေမဲ့ အဲလိုလုပ်တာ အောင်မြင်ဖို့အတွက် ပထမဆုံး မိုးကုတ်စက်ဝိုင်း ကြယ်တာရာ အစီအရင်မှာ မြင့်မားတဲ့ အဆင့်ကို ရရှိထားရမယ်။
ဒုတိယအနေနဲ့ မင်းမှာ အကန့်အသတ်မဲ့ ဓမ္မစွမ်းအား ရှိရမယ်။ မဟုတ်ရင် ဒီလောက်များတဲ့ စွမ်းအားထုတ်လှုပ်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
နတ်ဘုရားလောကတွင် ဟွမ်ထျန်း စစ်တုရင်ခုံက တိုက်ခိုက်စွမ်းရည်ကြောင့် နာမည်ကြီးပြီး လူအများက ကြောက်ရွံ့ခဲ့ရသည်။
ထာဝရဘုရင်ဟွမ်ထျန်းက ဤကဲ့သို့သော ပစ္စည်းကို ရှန်ထျန်းဆီ ပေးလိုက်ခြင်းက သူ ဘယ်လောက်ထိ ရက်ရောလဲဆိုတာကို ပြသခြင်းဖြစ်သည်။
ယဲ့ချန်းခန်ပင် အံ့အားသင့်သွားခဲ့သည်။
ရှန်ထျန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်
“ ဒါက အဲလောက်ထိတောင် စွမ်းအားကြီးတာလား”
ယဲ့ချန်းခန်၏ စကားလုံးများက ရှန်ထျန်းကို စိတ်လှုပ်ရှားသွားစေသည်။
သူက ဟွမ်ထျန်း နယ်ရုပ်နှင့် အထွတ်အထိပ်အဆင့် ဝိဇ္ဇာအစစ်အမှန် အသုံးအဆောင်ပစ္စည်းကို ထုတ်လိုက်သည်။
ထို့ကြောင့် ရှန်ထျန်းက စွမ်းအားကို လည်ပတ်စေကာ နယ်ရုပ်ကို ထိန်းချုပ်ကာ အထွတ်အထိပ်အဆင့် ဝိဇ္ဇာအစစ်အမှန် အသုံးအဆောင်ပစ္စည်းနှင့် ပေါင်းစပ်ခိုင်းလိုက်သည်။
ဝုန်း…
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အထွတ်အထိပ်အဆင့် ဝိဇ္ဇာအစစ်အမှန် အသုံးအဆောင်ပစ္စည်းက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကာ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည်။
ရှန်ထျန်း ချီးကျူးစကားဆိုလိုက်သည်
“ အံ့ဩစရာပဲ”
အထွတ်အထိပ်အဆင့် ဝိဇ္ဇာအစစ်အမှန် အသုံးအဆောင်ပစ္စည်းပင် ဟွမ်ထျန်း နယ်ရုပ်၏ တိုက်ခိုက်မှုကို မခံနိုင်ပေ။
ထို့ကြောင့် ရှန်ထျန်း၏ သဘောထား ချက်ချင်းပြောင်းလဲသွားကာ ပြုံးရင်း ပြောလိုက်သည်
“ ကျေးဇူးအများကြီး တင်ပါတယ်နော် စီနီယာဟွမ်ထျန်း”
သူက နှစ်ပေါင်း ၁၈၀ အချိန်ဖြုန်းလိုက်မိပြီး အခွင့်အရေးများစွာကို ဆုံးရှုံးသွားသော်လည်း မိုးကုတ်စက်ဝိုင်း တာအိုကျမ်းနှင့် ဟွမ်ထျန်း စစ်တုရင်ခုံကို ရရှိခြင်းက အရှုံးမဟုတ်ပေ။
ထို့အပြင် မိုးကုတ်စက်ဝိုင်း တာအိုကျမ်းတစ်ခုတည်းကပင် နတ်ဧကရာဇ်ကျမ်းပေါင်း ဆယ်ခု သို့မဟုတ် အခုတစ်ရာ ပေါင်းစပ်ထားခြင်းနှင့် ညီမျှပြီး ဟွမ်ထျန်း စစ်တုရင်ခုံက ပိုပြီးတော့ အဖိုးတန်သည်။
တန်ဖိုးက နတ်ဧကရာဇ် အသုံးအဆောင်ပစ္စည်းများထက် များစွာ သာလွန်သည်။
အဆုံးသတ်ပြောရလျှင် ခရီးသွားရတာ တကယ်ကို ထိုက်တန်သည်။
ထာဝရဘုရင်ဟွမ်ထျန်းက ရှန်ထျန်း၏ သဘောထားပြောင်းလဲသွားသည်ကို မြင်ပြီး ခေါင်းယမ်းလိုက်မိသည်။
ဒီကောင်လေးက စိတ်အပြောင်းအလဲ အရမ်းမြန်တာပဲ
သို့သော် ထာဝရဘုရင်ဟွမ်ထျန်းက စိတ်ထဲမထားပေ။
သူက ရှန်ထျန်းနဲ့ မိတ်ဆွေလုပ်ဖို့ ဆုံးဖြတ်ပြီးမှတော့ ရက်ရောမှု ကြီးလေလေ ပိုကောင်းလေလေပဲ မဟုတ်ဘူးလား
ပြီးတော့ ဒီကောင်လေးက အဲဒီတည်ရှိမှုနဲ့လည်း ဆက်စပ်နေတယ်
ငါသာ သူနဲ့ ရင်နှီးအောင် လုပ်မယ်ဆိုရင် အဲဒါက…
အင်း…ငါ မပြောနိုင်ဘူး မပြောနိုင်ဘူး