← Chapters

မိစ္ဆာဝိညာဉ်များ ရောက်ရှိလာခြင်း…နယ်မြေငါးခု၏ မဟာကပ်ဘေး

Vol. 31 Ch. 462

မိစ္ဆာဝိညာဉ်များ ရောက်ရှိလာခြင်း…နယ်မြေငါးခု၏ မဟာကပ်ဘေး

Vol. 31 Ch. 462

အခန်း (၄၆၂) : မိစ္ဆာဝိညာဉ်များ ရောက်ရှိလာခြင်း…နယ်မြေငါးခု၏ မဟာကပ်ဘေး

ဟွမ်ထျန်း စစ်တုရင်ခုံကို ရရှိပြီးနောက် ဆုံးရှုံးမှုကို ရှန်ထျန်း မခံစားရတော့ပေ။

သို့သော် သူ လေးနက်သော ပြဿနာတစ်ခုကို စဉ်းစားမိသွားသည်။

သီးသန့်ကျင့်ကြံခြင်းက နှစ်ပေါင်း ၁၈၀ ကြာမြင့်သွားသည့်အတွက် အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာက ပိတ်သွားတာကြာပြီ ဖြစ်သည်။

အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာက နှစ်ပေါင်းတစ်ရာကြာသာ ဖွင့်သည့်အတွက် နှစ်ပေါင်းတစ်ရာ ပြည့်သွားသည်နှင့်တစ်ပြိုင်နက် အထဲမှ ကျင့်ကြံသူများကို အလိုအလျောက်တွန်းထုတ်သည်။

ထို့နောက် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာတစ်ခုလုံး လေဟာနယ်ထဲသို့ ရောက်သွားကာ နောက်ထပ် နှစ်ပေါင်း ၈ထောင် ကြာမှသာ ထပ်ပေါ်လာမည် ဖြစ်သည်။

ထို့ကြောင့် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲ၌ မည်သူမျှ မကျန်ရှိခဲ့ပေ။

သို့သော် ရှန်ထျန်းက အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာ၏ သီးခြားဖြစ်တည်နေသည့် ဟွမ်ထျန်း စစ်တုရင်ခုံထဲ၌ ရှိနေသည်။

ပြဿနာက အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာပိတ်သွားပြီဆိုတော့ သူ ဘယ်လိုလုပ်ပြီးတော့ ထွက်လာနိုင်မှာလဲ

ရှန်ထျန်းက မေးမြန်းလိုက်သည်

“ စီနီယာ ထာဝရဘုရင် ကျွန်တော် ဘယ်လိုမျိုး ထွက်သွားသင့်လဲ”

သူ အရမ်းတော့ စိတ်မပူပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာ ထာဝရဘုရင် တစ်ယောက်လုံးရှိတာပဲလေ။ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာကို သွားဖို့က မလွယ်ကူဘူးလား

ထာဝရဘုရင် ဟွမ်ထျန်းမှာ သေချာပေါက် နည်းလမ်းရှိလောက်တယ်

ဒီနေရာမှာ နေရာကြာပြီဆိုတော့ ထွက်သွားဖို့ အချိန်တန်ပြီ

နှစ်ပေါင်းတစ်ရာကြာပြီးနောက် နယ်မြေငါးခုတွင် ဘာတွေဖြစ်နေလဲဆိုတာကို သူ မသိပေ။

မဟာကပ်ဘေး လာနေပြီလား။ သူ့ရဲ့ သိုးအုပ်ကရော အလုပ်ကောင်းကောင်း လုပ်ရဲ့လား

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ အောင်မြင်ခြင်းအထိမ်းအမှတ်က ပြီးသွားတာ ကြာလောက်ပြီ

အခုဆိုရင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အသစ်က ဘယ်သူဖြစ်နေလောက်လဲ

ထာဝရဘုရင်ဟွမ်ထျန်းက ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ အထွတ်အထိပ် ကောင်းကင်သစ်ပင်က ကောင်းကင်တာအိုရဲ့ ဆန်းကြယ်ပစ္စည်းပဲ။ မိုးမြေရဲ့ မဟာတာအိုကနေ မွေးဖွားလာပြီးတော့ ရှေးခေတ်အခါကတည်းက လက်ဆင့်ကမ်းလာခဲ့တာမလို့ အရမ်းဆန်းကြယ်တယ်

အခုထိ ဘယ်သူမှ အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာကို အတင်း မဖွင့်နိုင်သေးဘူး။

ပြီးတော့ အာကာပြင်အလွှာကလည်း အရမ်းကြံ့ခိုင်တာမလို့ ငါတောင် မဖွင့်နိုင်ဘူး”

အထွတ်အထိပ် ကောင်းကင်သစ်ပင်က ရှေးပဝေဏီကတည်းက ရှိခဲ့သည်ဆိုသော အကြောင်းအရာကိုသာ သိထားကြပြီး အပင်၏ အရင်းအမြစ်ကို ဘယ်သူမှ မသိကြပေ။

ထို့အပြင် အထွတ်အထိပ် ကောင်းကင်သစ်ပင်က နှစ်ပေါင်း ၈ထောင်နေမှ တစ်ခါထွက်ပေါ်လာသည့်အတွက် ပြောင်းလဲသည်က ရှားသည်။

ဤခေတ်က ပြိုင်ဆိုင်မှုအားကောင်းသော အချိန်ဖြစ်ကာ မိုးမြေစိတ်ဝိညာဉ်စွမ်းအင်များ၏ သိပ်သည်းမှုက ယခင်ထက် သာလွန်လာသည့်အတွက်သာ အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာက နှစ်ပေါင်းတစ်ထောင် စောပြီး ပွင့်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ဝိညာဉ်ချီ ဘယ်လောက်ပဲ သိပ်သည်းနေပါစေ အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာကို အချိန်တိုအတွင်း ထပ်ပွင့်လာအောင် လုပ်ဖို့အတွက်က မဖြစ်နိုင်ပေ။

ရှန်ထျန်း၏ ခန္ဓာကိုယ် တောင့်တင်းသွားကာ မျက်လုံးပြူး မျက်ဆံပြူးဖြင့် ပြောလိုက်သည်

“ ဟမ် ဒါဆိုရင် ကျွန်တော် ထွက်လို့မရတော့ဘူးလို့ ပြောလိုက်တာမလား”

မဖြစ်နိုင်ဘူး

မဖြစ်နိုင်ဘူး

မဖြစ်နိုင်ဘူး

မရေတွက်နိုင်တဲ့ အခွင့်အရေးတွေကို ဆုံးရှုံးလိုက်ရတဲ့အပြင် ထွက်သွားဖို့အတွက် နောက်ထပ်နှစ်ပေါင်း ၈ထောင် ဆက်ပြီးတော့ စောင့်ရဦးမယ်တဲ့လား

ထာဝရဘုရင်တွေတောင် ဒီအာကာပြင်ကို မဖွင့်နိုင်ဘူးဆိုတော့ ဘယ်သူက ဖွင့်နိုင်မှာလဲ

နှစ်ပေါင်း ၈ထောင်…ဒါက နှစ်ပေါင်း၈ထောင်ပဲ

အချိန်တွေ ကြာလာရင် ငါလည်း အသက်ကြီးနေပြီးတော့ နယ်မြေငါးခုက ဘယ်လိုဖြစ်နေလဲဆိုတာကိုလည်း မသိနိုင်တော့ဘူးမလား

ငါ ခဏလောက် မျက်လုံးလေးမှိတ်လိုက်တာနဲ့တင် ဒီနေရာမှာ ပိတ်မိသွားတာလား

ရှန်ထျန်း ဘာလုပ်ရမှန်းမသိဖြစ်ကာ ခေါင်းကိုက်လာသည်။

သူ ဝိဇ္ဇာဖြစ်လာနိုင်ပါက နှစ်ပေါင်းတစ်သောင်းကြာ မသေပဲ နေနိုင်သည့်အတွက် ဒီနေရာမှာနေပြီး နှစ်ပေါင်း ၈ထောင်ကြာ ကျင့်ကြံရမည်က ပြဿနာတစ်ခု မဟုတ်ပေ။

သို့သော် အဓိပ္ပာယ်မရှိပေ။

ထိုအချိန်တွင် သူ အသက်ကြီးလာပြီး ကမ္ဘာကြီးကလည်း အတော်လေး ပြောင်းလဲနေလောက်ပြီ ဖြစ်သည်။ ကံကြမ္မာကောင်းရှိသော သူ့မိတ်ဆွေဟောင်း ဘယ်နှစ်ယောက်ကျန်မလဲဆိုတာကို သူ မသိပေ။

ရှန်ထျန်း၏ ရင်ထဲတွင် အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်။

ရှန်ထျန်း၏ ပုံစံကိုကြည့်ပြီး ထာဝရဘုရင် ဟွမ်ထျန်းက ပြောလိုက်သည်

“ မိတ်ဆွေလေး စိုးရိမ်ပူပန်ဖို့ မလိုပါဘူး။ ငါက အထွတ်အထိပ် ကောင်းကင်သစ်ပင်ကို ပြန်ပြီး ထွက်ပေါ်လာအောင် မလုပ်နိုင်ပေမဲ့လည်း ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စတေးပြီးတော့ အက်ကြောင်းတစ်ခု ဖန်တီးပြီး မင်းကို ပြန်ပို့ပေးလို့ ရနိုင်ပါတယ်”

ထာဝရဘုရင် ဟွမ်ထျန်းက သက်ပြင်းချကာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံပေါ်သည်။

ရှန်ထျန်း၏ ခန္ဓာကိုယ် တုန်ရီလာကာ ပြောလိုက်သည်

“ စီနီယာကို ကျွန်တော် ဘယ်လိုလုပ်ပြီးတော့ အဲလိုမျိုး လုပ်ခိုင်းရက်မှာလဲ”

စိတ်ဝိညာဉ်စွမ်းအားက ကျင့်ကြံသူများအတွက် နောက်ထပ် ဝိညာဉ်တစ်ခုနှင့် အတူတူဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအား တစ်စစီဖြစ်သွားပါက သေခြင်းအထိ မရောက်နိုင်သော်လည်း ပြင်းထန်သော ဒဏ်ရာများကို ရစေသည်။

အခု ထာဝရဘုရင်ဟွမ်ထျန်းက သူ့ကို အပြင်ပြန်ပို့ဖို့နဲ့တင် စိတ်ဝိညာဉ်စွမ်းအားကို လက်လွှတ်ချင်နေသည်။

ထိုကဲ့သို့သော ကိုယ်ကျိုးမငဲ့သော ဆုံးဖြတ်ချက်မျိုးက လေးစားစရာ ကောင်းလှသည်။

ယဲ့ချန်းခန်ကို ကြည့်ရတာ စိတ်ရှုပ်ထွေးနေမိသည်။

ထာဝရဘုရင်တောင် သူ့ရဲ့ ခွန်အားအပြည့်ထုတ်သုံးရလောက်တဲ့အထိ ဒီအာကာပြင်က ဖွင့်ဖို့ အရမ်းခက်ခဲတာလား

မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…

အဲဒါက အဲလောက်ထိ ခက်ခဲနိုင်လို့လား

ယဲ့ချန်းခန်က ကြိုးစားကြည့်ချင်သော်လည်း သူ တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ရပ်တန့်လိုက်သည်။

ငါ ဖွင့်နိုင်မလားဆိုတာ ငါ မသိဘူး ဒါပေမဲ့ ထာဝရဘုရင်ကတော့ သေချာပေါက် လုပ်နိုင်တယ်

ဟမ်…

ငါ မသိဘူး…ငါ ဘာမှမသိတော့ဘူး

ငါ သိရင်တောင် ငါ အကျယ်ကြီး မပြောတော့ဘူး။ နည်းနည်းပဲ ပြောတာက ပိုကောင်းပါတယ်

ယဲ့ချန်းခန်က သူ၏ ဖူးယောင်နေသော မျက်နှာကို ပွတ်လိုက်သည်။

ထာဝရဘုရင် ဟွမ်ထျန်းက လက်ယမ်းပြကာ ခိုင်မာစွာ ပြောလိုက်သည်

“ ငါ လုံးဝ ဆုံးဖြတ်ပြီးသွားပြီ။

မိတ်ဆွေလေး မင်းက လူတွေကြားထဲက ထူးခြားတဲ့သူပဲ။ မင်းက ဒီကမ္ဘာအတွက် မျှော်လင့်ချက်ကို သယ်ဆောင်လာပေးနိုင်တော့ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စွန့်လွှတ်တော့လည်း ဘာဖြစ်လဲ။

ဒါက ငါ မင်းအတွက် နောက်ဆုံး လုပ်နိုင်တဲ့အရာပဲ။ မင်း ထွက်သွားတဲ့အခါ ငါ့ရဲ့ အမွေအနှစ်ကို အမြင့်ဆုံးထိ ခေါ်ဆောင်သွားပေးဖို့ မျှော်လင့်ပါတယ်”

ထာဝရဘုရင်က ရှန်ထျန်း ပြန်ပြောသည်ကို မစောင့်တော့ဘဲ သူ၏ အကန့်အသတ်မဲ့ အံ့ဖွယ်စွမ်းအားကို ချက်ချင်း လည်ပတ်စေသည်။

ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အကန့်အသတ်မဲ့ အလင်းတန်းများဖြင့် ပေါက်ကွဲထွက်သွားသည်။ ကြယ်တာရာများ၏ စွမ်းအားက ကောင်းကင်နှင့် ကမ္ဘာမြေကို လွှမ်းခြုံသွားစေနိုင်လောက်သည်အထိ ပြင်းထန်သော လှိုင်းအသွင်ကို ဆောင်နေသည်။

မရေတွက်နိုင်သော စည်းမျဉ်းများ ထွက်ပေါ်လာကာ ကောင်းကင်တာအိုနှင့် ပေါင်းစပ်ပြီး စကြဝဠာထဲသို့ ဝင်သွားသည်။

ဝုန်း…

ပြင်းထန်သော အက်ကွဲကြောင်းက အာကာပြင်ကို စုတ်ဖြဲလိုက်သည့်အတွက် အာကာပြင်လှိုင်းက အဆုံးမရှိစွာ ထွက်လာပြီး ကောင်းကင်တာအို၏ စည်းမျဉ်းများ အင်မတန် ရှုပ်ထွေးလာသည်။

ကျန်တစ်ဖက်တွင် ထာဝရဘုရင်ဟွမ်ထျန်း၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ ကြယ်အလင်းတန်းက အင်မတန် မှေးမှိန်လာကာ သူ အချိန်မရွေးထွက်သွားနိုင်သည့်အတိုင်း ဖြည်းဖြည်းချင်း မှေးမှိန်လာသည်။

“ မိတ်ဆွေလေး လမ်းကြောင်း ပွင့်သွားပြီ။ အမြန်ထွက်သွားတော့။ ဒီလမ်းက သိပ်ပြီးတော့ မတည်ငြိမ်ဘူး။ ဒီတည်နေရာကို ငါက မထိန်းချုပ်နိုင်ဘူး။ မင်း နေရာတစ်ခုဆီကိုတော့ ရောက်အောင် ပို့ပေးလိုက်မယ်” ထာဝရဘုရင် ဟွမ်ထျန်းက နောက်ထပ် ထပ်ပြီး မထိန်းချုပ်နိုင်သည့်ပုံစံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

ရှန်ထျန်း အသက်ပြင်းပြင်းရှူကာ တည်ငြိမ်စွာ ပြောလိုက်သည်

“ ကျေးဇူးတင်ပါတယ် စီနီယာဟွမ်ထျန်း။ ကျွန်တော် ဒီကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး”

ထာဝရဘုရင်ဟွမ်ထျန်းက စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ သူ့အတွက် အက်ကွဲကြောင်းတစ်ခုကို ဖန်တီးပေးခဲ့သည့်အတွက် သူ အဆင်မပြေဖြစ်အောင် မလုပ်ချင်ပေ။

တကယ်လို့ ထာဝရဘုရင်ရဲ့ စိတ်ဝိညာဉ်စွမ်းအား ပျောက်ကွယ်သွားပြီးတော့ သူ ထွက်မသွားရသေးရင် သူဒီမှာ လုံးဝ ပိတ်မိသွားမှာ မဟုတ်လား

ထိုကိစ္စ၏ ပြင်းထန်မှုကို ရှန်ထျန်း ပြောနိုင်သောလည်း ဆိုးရွားသည့်အရာတော့ မဟုတ်ပေ။

ရှန်ထျန်းက သူ၏ ကျေးဇူးသိတတ်မှုကို စိတ်ထဲမှာသာ ထားပြီး တစ်ခြားအရာများပြောလျှင် အသုံးမဝင်ပေ။

သူက ထာဝရဘုရင်ဟွမ်ထျန်းကို အရိုအသေပေးကာ လေဟာနယ်အက်ကွဲကြောင်းမှ ဖြတ်လာလိုက်သည်။

ယဲ့ချန်းခန်က ရှန်ထျန်းနှင့်အတူ ထွက်သွားသော်လည်း ထာဝရဘုရင်ဟွမ်ထျန်းကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ ထို့နောက် သူတို့နှစ်ယောက်က ဟွမ်ထျန်း စစ်တုရင်ခုံ ကမ္ဘာမှ အတူတူ ထွက်သွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရမှ ထာဝရဘုရင် ဟွမ်ထျန်း စိတ်သက်သာရာရသွားမိသည်။

“ ဒီလောက် အခြေအနေထိ ဟန်ဆောင်ထားမှတော့ ဘာပြဿနာမှ မရှိလောက်တော့ပါဘူး”

ငါက တကယ်ကို ဉာဏ်ပြေးတာပဲ။ နောက်ထပ် အကောင်းမြင်ခံရအောင် လုပ်လိုက်နိုင်ပြီ

သူက ရှန်ထျန်း ထွက်သွားသောနေရာကို စိုက်ကြည့်ကာ သူ့ပုံရိပ်ကလည်း ကြယ်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

……………

ပြင်ပလောကရှိ ဧရာမတောင်ကြားတစ်ခုတွင်…

ဤနေရာတွင် လျှိုမြောက်များစွာရှိပြီး ကျောက်တောင်များကလည်း မြင့်မားလှသည်။ ကြည့်ရသည်မှာ အဆုံးမဲ့ လျှိုမြောက်ထဲတွင်ရှိသော ချောက်နက်ကြီးတစ်ခုထဲသို့ ရောက်နေပုံပေါ်သည်။

ဤနေရာက သာမန်တောင်ကြားများနှင့် မတူပေ။ ကျောက်တုံးများက သွေးများဖြင့် စိုရွှဲကာ မခြောက်သွေ့သည့်ပုံစံဖြင့် ကြက်သွေးရောင်ဖြစ်ကာ တောက်ပနေသည့်အတွက် အင်မတန် ကြောက်ဖို့ကောင်းလှသည်။

လေထုက မီးခိုးရောင် မြူခိုးများဖြင့် ပေါင်းစပ်နေသည့်အတွက် ပိုမိုပြီး ဆိုးရွားအောင် လုပ်နေသည်။

ဒီနေရာက တောင်ကြားနဲ့ လုံးဝကို မတူဘူး။ အဲဒီအစား နတ်ဆိုးငရဲနဲ့တောင် တူနေသေးတယ်

တောင်ကြားအပြင်ဘက်တွင် ပုံရိပ်သုံးခု အထဲသို့ ဝင်လာကြသည်။

သူတို့ထဲမှ တစ်ယောက်က မျက်ကွင်းညိုနေပြီး အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသည်။

လေဟာနယ်၏ ဖျော့တော့သော စွမ်းအားက သူ့ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည်။ သူက ဘေးပတ်လည်ရှိ ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် တစ်သားတည်းဖြစ်သွားသည့်အတွက် အလွန် သိမ်မွေ့နူးညံ့သွားပုံပေါ်သည်။

သူ့ဘေးတွင် ဧရာမလိပ်ဖြူတစ်ကောင်နှင့် ရှေးဟောင်း တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် ဝတုတ်တစ်ယောက်ရှိသည်။

သူတို့ ထူးခြားသည့် အံ့ဖွယ်အကွက်များအပေါ် တက်နင်းလိုက်သည့်အခါ သူတို့၏ ခန္ဓာကိုယ် လင်းလက်တောက်ပလာသည်။

ထို့ကြောင့် ဤလူသုံးယောက်က ဆက်တိုက် အဆင့်မြင့်တက်လာသည့်အတွက် သူတို့၏ အရှိန်အဝါများကို အာရုံခံလို့ပင် မရနိုင်တော့ပေ။

ထိုလူသုံးယောက်က ဝမ်ရှန်းယု၊ ပိုင်တိနှင့် ယွဲ့ယွင်တိတို့ ဖြစ်ကြသည်။

ထိုအချိန်တွင် ယွဲ့ယူသဲ့က ပြောလိုက်သည်

“ လောင်ဝမ်နဲ့ လောင်ပိုင် ဒီတစ်ခါ အရမ်းချောမွေ့မနေဘူးလား။ အဲဒီမှာဘာလို့ မိစ္ဆာဝိညာဉ်ပေါက်စလေးတွေ မရှိရတာလဲ”

သူ့ကြည့်ရတာ စိတ်ရှုပ်ထွေးသွားသည်။

တစ်ခုခုတော့ မှားနေပြီ

သူတို့၏ ပန်းတိုင်က မိစ္ဆာဝိညာဉ် တားမြစ်နယ်မြေသို့ သွားရောက်ကာ အဖမ်းခံထားရသော ဝိဇ္ဇာများကို ကယ်တင်ဖို့အတွက် ဖြစ်သည်။

အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာ ဖွင့်သည့်အခါ အထွတ်အမြတ်မြေ အသီးသီး၏ စွမ်းအားရှင်များက ကံအပြောင်းအလဲ အခွင့်အရေးရှာရန်နှင့် ကောင်းကင်တာအိုကို နားလည်အောင် လုပ်ဖို့အတွက် အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာသို့ သွားရောက်ကြသည်။

ထို့ကြောင့် အထွတ်အမြတ်မြေအားလုံးတွင် လူအင်အား လျော့နည်းသွားသည်။

ထိုအချိန်အတွင်းတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေသော မိစ္ဆာဝိညာဉ်ဂိုဏ်းက နယ်မြေငါးခုလုံးကို တိုက်ခိုက်ဖို့အတွက် အခွင့်ကောင်းယူခဲ့သည်။

မိစ္ဆာဝိညာဉ်စစ်တပ်က ချီတက်လာကာ အကုန်လုံးကို ဖျက်စီးတော့သည်။ အလောင်းကောင်များကို နေရာအနှံ့တွင် တွေ့ရပြီး သွေးချောင်းစီးသွားသည်။

နယ်မြေငါးခုက ချက်ချင်း ကမောက်ကမဖြစ်သွားကာ မရေတွက်နိုင်သော အင်အားစုက ဖျက်စီးခံလိုက်ရပြီး အသက်များ ဆုံးရှုံးကာ သွေးချီက ကောင်းကင်သို့ ပန်းထွက်နေပြီး ကောင်းကင်ကို အနီရောင် ခြယ်သနေသည်။

အထွတ်အမြတ်မြေများပင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ တိုက်ခိုက်မှုကို မရှောင်ရှားနိုင်ပဲ သွေးချောင်းစီးသွားသည်။

အထွတ်အမြတ်မြေအသီးသီးကို ကာကွယ်နေသော မဟာ ကာကွယ်ရေး အစီအရင်တစ်ခုစီလည်းရှိသည်။ သူတို့ဆီမှာ ဂိုဏ်းချုပ်များနှင့် အကြီးအကဲချုပ်တချို့ မရှိသော်လည်း ဒီလောက်ထိမြန်မြန် ရှုံးနိမ့်စရာအကြောင်း မရှိပေ။

သို့သော် မိစ္ဆာဝိညာဉ်တပ်က အထွတ်အမြတ်မြေများသို့ ချွန်ထက်သော မိစ္ဆာလက်နက်များကဲ့သို့ ထိုးဖောက်ဝင်ရောက်လာသည်။

ထို့ကြောင့် အားနည်းသော အထွတ်အမြတ်မြေအများစုက ဤတိုက်ပွဲအတွင်းတွင် နှိမ်နင်းခံလိုက်ရသည်။ မရေတွက်နိုင်သော သက်ရှိများက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဓားသွားအောက်တွင် သေဆုံးသွားကြသည်။

ဤကိစ္စက နယ်မြေငါးခုလုံးကို တုန်လှုပ်သွားစေပြီး မရေတွက်နိုင်သောသူများကို ကြောက်ရွံ့သွားစေသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းက ဒီလောက်ထိ ရက်စက်ကြမ်းတမ်းသည်ကို သူတို့ မသိခဲ့ပေ။ သက်တမ်းရင့် အထွတ်အမြတ်မြေများပင် သူတို့၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်ပေ။

အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာရှီ ဂိုဏ်းချုပ်များနှင့် အကြီးအကဲချုပ်များကလည်း သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် တပ်ဆုတ်သွားကာ မိစ္ဆာဝိညာဉ်တပ်၏ တိုးတက်လာမှုကို မတားမြစ်နိုင်ဖြစ်နေသည်။

မကြာခင်မှာပင် အားလုံးက အကြောင်းအရင်းကို ရှာတွေ့သွားသည်။

မိစ္ဆာဝိညာဉ်တပ်က ပြင်ပနယ်ပယ် မိစ္ဆာဝိညာဉ်များ၏ အကူအညီကို ရရှိသွားပုံပေါ်သည်။

ထိုကြောက်စရာကောင်းသော မိစ္ဆာဝိညာဉ်များက ကောင်းကင်ထက် သာလွန်ပြီး အရမ်းစွမ်းအားကြီးကာ ထိတ်လန့်စရာကောင်းသည့် သတ်ဖြတ်လက်နက်များကို ကိုင်ဆောင်ထားကြသည်။

ဂိုဏ်းအများစုက မိစ္ဆာဝိညာဉ်တပ်၏ ဖျက်စီးမှုကို ခံနိုင်ရည်မရှိပဲ နှိမ်နင်းခံလိုက်ရသည်။

နောက်ဆုံးတွင် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ မရေတွက်နိုင်သော ထိပ်သီးပါရမီရှင်များက မိစ္ဆာဝိညာဉ်တပ်များကို ရှင်းထုတ်ဖို့အတွက် တိုက်ခိုက်ခဲ့သည်။

အဆုံးသတ်တွင် မရေတွက်နိုင်သော မိစ္ဆာဝိညာဉ်များက သူတို့၏ တိုက်ခိုက်မှုများကို ပြန်လည်တွန်းလှန်နိုင်သည့်အတွက် သူတို့ကို မသုတ်သင်နိုင် ဖြစ်နေသည်။

မိစ္ဆာဝိညာဉ်များက သန်မာသည်ထက် သန်မာလာပြီး ပိုမိုများပြားသော မိစ္ဆာဝိညာဉ်များက တံတိုင်းများကို ချိုးဖောက်ဝင်ယူလာသည်။ သူတို့က ယခု မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်နေပြီဖြစ်သည်။

သူတို့၏ ခွန်အားနှစ်ခုက တူညီသည့်အတွက် အနိုင်ရသူကို ဆုံးဖြတ်ဖို့က ခက်ခဲလှသည်။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ပင် မိစ္ဆာဝိညာဉ်မျိုးနွယ်ကို ဖိနှိပ်ဖို့အတွက် မဖြစ်နိုင်ပေ။ နှစ်ပေါင်းတစ်ရာကြာ တိုက်ခိုက်ပြီးနောက် နှစ်ဖက်လုံးက ကြီးမားသော ဆုံးရှုံးမှုများကို ခံစားလိုက်ရသည်။

နယ်မြေငါးခုရှိ တခြားအင်အားစုများကလည်း မိစ္ဆာဝိညာဉ်ဂိုဏ်းကို လုံးဝ ဆန့်ကျင် တိုက်ခိုက်နိုင်စွမ်းမရှိပေ။ သူတို့ အသက်ရှင်ဖို့အတွက် ပုန်းကွယ်နေပြီး ကံကြမ္မာကိုသာ အားကိုးလို့ရတော့သည်။

ယခု နယ်မြေငါးခုရှိ ကျင့်ကြံသူများအတွက် အခြေအနေ မကောင်းပေ။

ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်များက ခြိမ်းခြောက်နိုင်စွမ်း ကြီးမားပြီး သူတို့၏ ခွန်အားနှင့် အမွေအနှစ်ကလည်း နယ်ခံကျင့်ကြံသူများထက် ကျော်လွန်နေသည်။

ဒါကို ကမ္ဘာပျက် ကပ်ဘေးလို့တောင် ခေါ်နိုင်တယ်

ကံကောင်းစွာဖြင့် မိစ္ဆာဝိညာဉ်ပါရမီရှင်များက သေမျိုးလောကထဲသို့ ဝင်ရောက်လာနိုင်ခြင်းမရှိပေ။ မဟုတ်ပါက နယ်မြေငါးခုလုံး ပြာပုံအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

ဒီလိုဆိုလျှင်ပင် မိစ္ဆာဝိညာဉ်ဂိုဏ်းက သန်စွမ်းလွန်းဆဲ ဖြစ်သည်။ သူတို့က နယ်မြေငါးခု၏ ကျင့်ကြံသူများကို ဆက်တိုက် တိုက်ခိုက်ကာ သူတို့ကို ဖမ်းဆီးပြီး မိစ္ဆာဝိညာဉ် တားမြစ်နယ်မြေများသို့ ခေါ်ဆောင်သွားသည်။

မရေတွက်နိုင်သော အင်အားစုများ နှိမ်နင်းခံလိုက်ရပြီး သူတို့မိသားစုများ ပျက်စီးသွားကာ မိန်းမ၊ ကလေးများနှင့်လည်း ကွဲသွားကာ အသက်ရှင်ဖို့ အခွင့်အရေးပင် မရှိနိုင်တော့ပေ။

ဤနေရာက မိစ္ဆာဝိညာဉ်ဂိုဏ်း တားမြစ်နယ်မြေများဖြစ်သည်ကို ဝမ်ရှန်းယုတို့ သိကြသည်။ ကောင်းကင်အသျှင်များနှင့် ဝိဇ္ဇာများကို ဤနေရာတွင် အကျဉ်းချထားသည့်အတွက် လာရောက်ကယ်ဆယ်ခြင်း ဖြစ်သည်။

ယွဲ့ယွင်တိ၏ စကားလုံးများကို ကြားပြီး ပိုင်တိက ဂရုမစိုက်ဘဲ ပြောလိုက်သည်

“ အဲဒီတော့ ဘာဖြစ်လဲ။

ဒီမှာ ငါ ရှိနေရင် ဘာများကြောက်စရာ လိုလို့လဲ။ ငါ လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ အဲဒီမိစ္ဆာတွေကို သတ်ပစ်လိုက်လို့ရတယ်”

ပိုင်တိ၏ မျက်နှာတွင် ရွံရှာမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ့ ခန္ဓာကိုယ်မှ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်သည့် စွမ်းအားကြီးသောအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဝမ်ရှန်းယုက နှုတ်ခမ်းကို ဖိကိုက်ကာ ပြောလိုက်သည်

“ ကဲပါ လျှောက်ပြောမနေနဲ့တော့။ ကျုပ်တို့ မသိတာလည်း မဟုတ်ဘူး။ တစ်ခုခုဖြစ်တာနဲ့ ခင်ဗျားက အမြန်ဆုံး ပြေးတော့တာပဲ”

သူတို့သုံးယောက်က လုပ်ဖော်ကိုင်ဖက်အဟောင်းများဖြစ်ပြီး မိစ္ဆာဝိညာဉ်ဂိုဏ်း တားမြစ်နယ်မြေများသို့ ချီတက်ကာ အဖမ်းခံထားရသော နယ်မြေငါးခု၏ ကျင့်ကြံသူများကို ကယ်တင်ဖို့အတွက် သွားနေကြသည်။

သူတို့သုံးယောက်တွင် တူညီသော အကျင့်စရိုက်ရှိသည့်အတွက် ပေါင်းလို့သင်းလို့ အဆင်ပြေနေသည်။

ယခင်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ဝမ်ရှန်းယုက သူတို့နှစ်ယောက်နှင့် ပေါင်းခဲ့ခြင်းဖြစ်သည်။ သူက လူအများကို လိမ်ညာခြင်းတွင် အထူးကျွမ်းကျင်ပြီး သူတို့နှင့် အရမ်းရင်းနှီးသည်။

ပိုင်တိက ထိုစကားကို ကြားပြီး မခံမရပ်နိုင်ဖြစ်စွာဖြင့် ပြောလိုက်သည်

“ လူယုတ်မာ မင်း မဟာလေဟာနယ် ဂိုဏ်းချုပ်ဖြစ်သွားတာနဲ့ ငါ့ကို လာပြီးတော့ အထင်မသေးနဲ့နော်။ ငါ နယ်မြေငါးခုကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့အချိန်တုန်းက မင်းရဲ့ဆရာတောင် ထွက်ပေါ်မလာသေးဘူး။

မင်း အဓိပ္ပာယ်မရှိတာတွေကို ဆက်ပြီးတော့ ပြောနေမယ်ဆိုရင် အသေကိုက်သတ်ပစ်မယ်”

ပိုင်တိက ပါးစပ်ဟကာ ဝမ်ရှန်းယု၏ ဦးခေါင်းကို ကိုက်တော့မည့်ပုံစံ လုပ်နေသည်။

“ ငါကလည်း မင်းကို ကြောက်တယ်များထင်နေလား။ ငါလည်း မင်းကို တစ်စစီ လုပ်ပစ်နိုင်တယ်ဆိုတာ မင်းယုံမလား”

ဝမ်ရှန်းယုက ကြောက်လန့်ခြင်းမရှိဘဲ ပြန်အော်လိုက်သည်။

နှစ်ပေါင်းတစ်ရာအတွင်း ဝမ်ရှန်းယုက မဟာလေဟာနယ် ဂိုဏ်းချုပ် ရာထူးကို ရောက်ရှိသွားခဲ့သည်။

ဤကဲ့သို့ ဆူပူသောကာလတွင် ပတ်ဝန်းကျင်တွင် ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေပြီး စည်းမျဉ်းများ ရှင်းလင်းနေသည့်နေရာတွင် လူငယ်မျိုးဆက်များက အဆပေါင်းများစွာ ပိုမိုမြန်ဆန်လာသည်။

ငယ်ရွယ်သော စံပြများစွာ ရှိလာပြီး အတိဒုက္ခဖြတ်ကျော်ခြင်းကို အောင်မြင်ပြီး နှစ်တစ်ရာအတွင်း ဝိဇ္ဇာများဖြစ်လာကြသည်။

ဝမ်ရှန်းယုက အင်မတန် အရည်အချင်းရှိသော ပါရမီရှင်တစ်ယောက်ဖြစ်သည့်အပြင် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို စားသုံးခဲ့သည့်အတွက် သူ့ ကျင့်ကြံဆင့်က ၅ ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်သို့ ရောက်ရှိသွားသည်။

သူ၏ တိုက်ခိုက်စွမ်းရည်ကလည်း သာမန် ဝိဇ္ဇာအစစ်အမှန်တစ်ယောက်ထက် ကျော်လွန်သည့်အတွက် သာမန် မဟာဝိဇ္ဇာတစ်ယောက်ကို အလွယ်လေး အနိုင်ယူနိုင်သည်။

ထို့ကြောင့် မဟာလေဟာနယ် ဂိုဏ်းချုပ်က သူ့ရာထူးကို စွန့်လွှတ်ကာ ဝမ်ရှန်းယုကို မဟာလေဟာနယ်အထွတ်အမြတ်မြေကို ခေါင်းဆောင်ခိုင်းပြီး သူကတော့ အကြီးအကဲချုပ်အဖြစ်သာ နေတော့သည်။

ဝမ်ရှန်းယုတင်မကသေးပဲ ပိုင်တိ ယွဲ့ယွင်တိတို့လည်း ၅ ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်များဖြစ်ကြပြီး ကောင်းမွန်သော တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

သူတို့ ဒီတစ်ခေါက် မိစ္ဆာဝိညာဉ်ဂိုဏ်း တားမြစ်နယ်မြေများသို့ လာရောက်ရခြင်းက လူကို ကယ်တင်ဖို့ဖြစ်သည့်အတွက် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ လူများက မိစ္ဆာဝိညာဉ်ပါရမီရှင်များကို ဆွပေးလိုက်သလိုဖြစ်မှာကို ကြောက်နေမိသည်။

ထို့ကြောင့် သူတို့က ဖုံးကွယ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် ပါရမီရှင် သုံးယောက်ကို အထူးစေလွှတ်ကာ ကယ်ဆယ်ခိုင်းလိုက်ခြင်းဖြစ်သည်။

တစ်ခုခုဖြစ်လျှင် ကူညီလို့ရစေရန်အတွက် ကျန်သောသူများက အပြင်ဘက်တွင် စောင့်နေသည်။

“ ကဲပါ ကဲပါ အငြင်းပွားမနေကြနဲ့တော့ မိစ္ဆာဝိညာဉ်တွေ ငါတို့ကို သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ”

ယွဲ့ယွင်တိက ဝင်ရောက်ဖျန်ဖြေပေးလိုက်သည်။ သူ ထိုနှစ်ယောက်နှင့် အတူတူရှိနေတိုင်း ပျာယာခတ်နေရသည်။

သို့သော် သူ စိတ်ထဲမထားပေ။ ဤနေရာက အနည်းငယ်ထူးဆန်းနေသော်လည်း အသက်ကယ်စွမ်းရည် အပြည့်ရှိသော သူတို့သုံးယောက်အတွက်တော့ ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ပေ။

သူတို့ကို အနိုင်မယူနိုင်လျှင်ပင် ထွက်ပြေးလို့ ရနိုင်သေးသည်။

သူတို့သုံးယောက်က လေဟာနယ်ထဲတွင် ပုန်းအောင်းနေကာ တောင်ကြားထဲသို့ တွားသွားဝင်ရောက်သွားသည်။

မကြာခင်မှာပင် သူတို့ တောင်ကြားထဲသို့ ရောက်ရှိသွားသည်။

ဤနေရာက လုံးဝ မဲမှောင်နေကာ မိစ္ဆာစွမ်းအင်များ အဆက်မပြတ်ထွက်နေသည့်အတွက် အရှိန်အဝါက လူတစ်ယောက်ကို ကြက်သီးမွေးညင်းထသွားစေသည်။

မြေပြင်တွင် သွေးများဖြင့် စွန်းထင်းနေပြီး ခြေလက်အပြတ်များကလည်း နေရာအနှံ့ပြန့်ကျဲနေသည့်အတွက် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

အလောင်းကောင်များကလည်း နေရာအနှံ့တွင် လဲလျောင်းနေကြသည်။

သူတို့၏ ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခုဖြစ်ပြီး သူတို့၏ မျက်လုံးများကလည်း ပေါက်ထွက်တော့မလိုဖြစ်နေသည်။ သူတို့ မသေခင်က ထိတ်လန့်စရာကောင်းသော နာကျင်မှုကို ကြုံတွေ့ခဲ့ရပုံပေါ်သည်။

ကနဦးဝိညာဉ် မိစ္ဆာအချို့ကလည်း အိုးကြီးများထဲတွင် ခုန်နေသော ကြက်သွေးရောင် နှလုံးသားများကို ချက်ပြုတ်နေကာ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံနေသည်။

ယခုမှ ထုတ်ယူထားသော နှလုံးသားများဖြစ်သည့်အတွက် ခုန်နေဆဲဖြစ်ပြီး သွေးများလည်း စီးကျနေသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ လက်ထဲသို့ ကျရောက်သွားသောသူများအတွက် ကောင်းမွန်သော အဆုံးသတ်မရှိပေ။

မိစ္ဆာဝိညာဉ်တပည့်များကလည်း မိစ္ဆာအရှိန်အဝါကြောင့် လူသားဆန်စိတ် ပျက်စီးယိုယွင်းသွားခဲ့သည်။ သူတို့၏ မိစ္ဆာသဘာဝက လွန်ကဲစွာ ထွက်ပေါ်လာသည့်အတွက် သတ်ဖြတ်ဖို့လောက်သာ သိသည့် မကောင်းဆိုးဝါးများအဖြစ်သို့ ရောက်ရှိသွားသည်။

ဝမ်ရှန်းယုတို့၏ မျက်နှာများ အေးစက်သွားကာ ပြောလိုက်သည်

“ ဒီလူယုတ်မာတွေကိုတော့ ငါ အသေသတ်ချင်နေပြီ”

ထိုမြင်ကွင်းကို တွေ့လိုက်ရသည့်အခါ သူတို့အားလုံး ဒေါသထွက်သွားကြပြီး ထိုလူယုတ်မာများကို သတ်ဖြတ်ဖို့အပြင် နောက်ထပ် ဆန္ဒမရှိတော့ပေ။

သို့သော် မကြာခင်မှာပင် သူတို့စိတ်တည်ငြိမ်သွားကာ ဒေါသကို မျိုသိပ်ထားလိုက်သည်။

ဤအရာက ကယ်တင်ဖို့လာခြင်းဆိုတာကို မမေ့ကြပေ။ သူတို့သာ ဤနေရာတွင် မိစ္ဆာဝိညာဉ်ကို ဆွဲခေါ်သလိုဖြစ်သွားပါက ဒုက္ခများကုန်လိမ့်မည်။

သူတို့ လေဟာနယ်ထဲသို့ ဆက်ပြီးဝင်သွားသည်။

နောက်ဆုံး သီးသန့်မြေပေါ်တွင် အကျဉ်းချခံထားရသော ကောင်းကင်အသျှင်များနှင့် ဝိဇ္ဇာများကို တွေ့သွားသည်။

အကျဉ်းချခံထားရသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များတွင် ကြောက်စရာကောင်းသော ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး အခြေအနေက အရမ်းဆိုးရွားနေသည်။ မျက်လုံးများပေါက်ထွက်နေသောသူများလည်း ရှိပြီး လက်ပြတ်နေသူများလည်း ရှိသည်။ သူတို့က မသေသေးသည့်အတွက် အော်ငိုရုံသာ တတ်နိုင်တော့သည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းက အဆင့်မြင့် ကျင့်ကြံသူများကို အလွယ်တကူ မသတ်လိုက်ပေ။ ဤလူများက အကောင်းဆုံး အာဟာရဖြစ်ပြီး မိစ္ဆာဝိညာဉ်များကို ပြင်ပနယ်ပယ်မှ ဤကမ္ဘာသို့ ရောက်အောင် လမ်းပြပေးနိုင်သည်။

သို့သော် သူတို့ကို မသတ်ခြင်းက သူတို့ကို မနှိပ်စက်ဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ သူတို့၏ ပုံပန်းသွင်ပြင်ကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့ နှိပ်စက်ခံရတာ သိသာလှသည်။

“ သူတို့ကို အရင်ကယ်လိုက်ရအောင်။ နောက်မှ ပြဿနာကို ရှင်းကြတာပေါ့”

ဝမ်ရှန်းယု၏ အကြည့်ထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

ပိုင်တိနှင့် ယွဲ့ယွင်တိတို့ မြင်လိုက်သည့်အခါ ရှေ့တိုးသွားလိုက်ကြသည်။

သို့သော် ထိုအချိန်တွင် မရေတွက်နိုင်သော အံ့ဖွယ်အကွက်များက မြေပြင်ကို ဖုံးလွှမ်းသွားကာ ရုတ်တရက် ကောင်းကင်အထိ လင်းလက်သွားသည်။

မိစ္ဆာချီလှိုင်းများက မီးခိုးရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

“ မဖြစ်ဘူး”

ထိုနေရာက လုံးဝ ပိတ်ဆို့လိုက်သည့်အတွက် သူတို့သုံးယောက်၏ မျက်နှာထားများ အနည်းငယ်ပြောင်းလဲသွားသည်။

သူတို့၏ ခွန်အားဖြင့် လေဟာနယ်ကို ဖြတ်သန်းနိုင်ခြင်း မရှိပဲ လုံးဝ ကန့်သတ်ခံထားရသည်။

ပိုင်တိက အော်လိုက်သည်

“ သေစမ်း… ငါတို့ ထောင်ချောက်မိပြီ”

သူတို့ရှေ့ရှိ ကောင်းကင်အသျှင်များနှင့် ဝိဇ္ဇာများက ပုံရိပ်ယောင်များဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်၏ စွမ်းအားရှင်များက ထိုလူများကို ငါးစာအဖြစ် အသုံးပြုထားခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် မီးခိုးရောင် မြူခိုးက ပြင်းထန်စွာ တုန်လှုပ်လာပြီး များပြားသော ကြောက်စရာကောင်းသည့် ပုံစံများ ပေါ်ထွက်လာသည်။

သူတို့၏ ပုံစံများက မနှစ်မြို့စရာကောင်းလှပြီး သူတို့၏ ခန္ဓာကိုယ်များက နတ်ဆိုးများကဲ့သို့ မီးခိုးရောင်ဖြစ်နေသည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ချွန်ထွက်နေသော အနက်ရောင်အရိုးဆူးချွန်များလည်း ရှိနေသည်။

ချွန်ထက်သော အစွယ်များနှင့် အနီရောင်မျက်လုံးများက သူတို့ ခန္ဓာကိုယ်၏ ပုံမှန်အစိတ်အပိုင်းများဖြစ်ပြီး နှလုံးသားကို တုန်လှုပ်စေနိုင်သည့် ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဤသတ္တဝါများက ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်များဖြစ်ကြသည်။

ဤမိစ္ဆာဝိညာဉ်များက ကမ္ဘာအက်ကွဲကြောင်းကို ဖြတ်သန်းကာ ပြင်ပနယ်ပယ်မှလာသည့်အတွက် အင်မတန် စွမ်းအားကြီးလှသည်။

သူတို့ထဲတွင် အင်အားအနည်းဆုံး မိစ္ဆာဝိညာဉ်များပင် ကောင်းကင်အသျှင်နှင့် ယှဉ်နိုင်ပြီး စွမ်းအားအကြီးဆုံးသူများက လူသားဝိဇ္ဇာများနှင့် ယှဉ်ပြိုင်နိုင်သည်။

ဒီထက်ပိုပြီး အရေးကြီးသည်က ဤနေရာတွင် မိစ္ဆာဝိညာဉ် အများအပြားရှိနေကော တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ရာချီနေသော မိစ္ဆာဝိညာဉ်များက တစ်ချိန်တည်းတွင် ထွက်ပေါ်လာကာ နေနှင့်လကို ဖုံးလွှမ်းသွားစေသည့် သိပ်သည်းသော မိစ္ဆာစွမ်းအင်ကို ထုတ်လွှတ်နေသည်။ သူတို့က ကောင်းကင်ဘုံကို ပြောင်းပြန်လှန်ပစ်မလိုမျိုး ကြောက်ဖို့ကောင်းလှသည်။

ဤမိစ္ဆာဝိညာဉ်များတွင် ကြောက်စရာကောင်းသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည်။ သူတို့ဆီမှာ ဆယ်ယောက်ထက်ပိုသော ဝိဇ္ဇာမိစ္ဆာဝိညာဉ်များရှိပြီး ထိုထဲတွင် ဝိဇ္ဇာအစစ်အမှန်များလည်း ရှိနေသေးသည်။

ဤ မိစ္ဆာဝိညာဉ်များ၏ ရှေ့တွင် သူတို့ကို ထိန်းချုပ်ထားသော လူသားတစ်ယောက်ရှိနေသည်။

ထိုသူက အနက်ရောင် မိစ္ဆာချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်မီးတောက်များဖြင့် လွှမ်းခြုံထားသည်။ သူက ကမ္ဘာလောကကို သုတ်သင်ရှင်းလင်းပစ်ချင်သည့် နတ်ဆိုးတစ်ပါးကဲ့သို့ အသွင်ဆောင်နေပြီး သူ့အရှိန်အဝါက ပြင်းထန်ပြီး ကြောက်စရာကောင်းလှသည်။

ဝမ်ရှန်းယုတို့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကာ ပြောလိုက်သည်

“ ငရဲကာကွယ်သူ ဘုရင်လား”

ထိုသူက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဘုရင်သုံးပါးထဲမှ တစ်ပါးဖြစ်သည့် ငရဲကာကွယ်သူ ဘုရင်ဖြစ်သည်။

အသက်မဲ့ဘုရင် သေဆုံးသွားပြီးနောက် မိစ္ဆာဝိညာဉ်ဂိုဏ်းတွင် ဘုရင်သုံးယောက်သာ ကျန်ရှိတော့သည်။

မျက်နှာကို ဘယ်တော့မှ မပြသခဲ့သည့် မိစ္ဆာဝိညာဉ်ဂိုဏ်းသခင်အပြင် လက်ထောက်ဂိုဏ်းသခင်နှစ်ယောက်နှင့် ဘုရင်သုံးပါးတို့က မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။

ထို့ကြောင့် ဝမ်ရှန်းယုတို့က ငရဲကာကွယ်သူ ဘုရင်၏ ပုံစံကို မှတ်မိနေခြင်းဖြစ်သည်။

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဘုရင်တစ်ပါးဖြစ်သောသူက စစ်မှန်သော ထိပ်သီး မဟာဝိဇ္ဇာတစ်ပါးလည်း ဖြစ်သည်။

မမျှော်လင့်ထားစွာဖြင့် သူတို့က ဒီတစ်ခေါက် ငရဲကာကွယ်သူ ဘုရင်၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

ဤအရာကို ကြည့်ခြင်းအားဖြင့် မိစ္ဆာဝိညာဉ်ဂိုဏ်းက သူတို့လာနေသည်ကို ကြိုတင်သိပြီး ထောင်ချောက်ဆင်ထားခြင်း ဖြစ်လိမ့်မည်။

ဝမ်ရှန်းယုတို့ မျက်နှာထားတွင် ဒုက္ခအကြီးအကျယ်ရောက်ပြီဟု စဉ်းစားရင်း စိုးရိမ်နေပုံပေါ်သည်။

ထိုအချိန်တွင် ငရဲကာကွယ်သူ ဘုရင်က ရှေ့တိုးလာကာ မုန်းတီးခြင်းမှ ပေါ်ပေါက်လာသောအသံဖြင့် ပြောလိုက်သည်

“ ငါ မဟာလေဟာနယ် ဂိုဏ်းချုပ်အသစ် ဝမ်ရှန်းယုရဲ့ ပြိုင်ဘက်ကင်း လေဟာနယ်ပညာရပ်အကြောင်းကို ကြားထားတာကြာပြီ။ သူက ဖမ်းထားသောသူတွေ အများကြီးကို ကယ်ဆယ်ပြီးတော့ မြင့်မြတ်တဲ့ ဝိညာဉ်ဂိုဏ်းရဲ့ အကြံအစည်တွေကို အကြိမ်ပေါင်းများစွာ ဖျက်စီးပစ်တယ်။

ဒီနေ့ မင်းကို ဒီမှာ ထားဖို့နဲ့တင် အထွတ်အထိပ် ထာဝရလက်နက်တစ်ခုဖြစ်တဲ့ နယ်မြေပိတ်ဆို့ရေးအပြားကို ငှားလာခဲ့တာ။ စိတ်ကို ပြင်ဆင်ထားလိုက်”

ဝမ်ရှန်းယုတို့က တားမြစ်နယ်မြေရှိ မိစ္ဆာဝိညာဉ်အယူကို ဖျက်စီးဖို့အတွက် လေဟာနယ်စည်းမျဉ်းများကို အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် ငရဲကာကွယ်သူ ဘုရင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်။

ဝမ်ရှန်းယုတို့အဖွဲ့ကို သတ်နိုင်ဖို့အတွက် အကုန်အကျအများကြီးသုံးဖို့ မတွေဝေဘဲ သူတို့ကို ဖမ်းချုပ်ဖို့အတွက် နယ်မြေပိတ်ဆို့ရေးအပြားကို ငှားခဲ့သည်။

ဤအရာက အာကာပြင် တစ်ခုလုံးကို ပိတ်ဆို့ပြီး လေဟာနယ်နှင့် ဖြတ်တောက်နိုင်သော အထွတ်အထိပ် အာကာပြင် ထာဝရ အသုံးအဆောင်ပစ္စည်းဖြစ်သည်။

မဟာဝိဇ္ဇာပင် ဤပိတ်ဆို့ခြင်းကို ဖျက်စီးနိုင်မည် မဟုတ်ပေ။

လေဟာနယ်စွမ်းအားကို ကျွမ်းကျင်သည့် ပါရမီရှင် သုံးယောက်နှင့် ရင်ဆိုင်သည့်အခါ သုံးဖို့အတွက် အသင့်တော်ဆုံး အသုံးအဆောင်ပစ္စည်းဖြစ်သည်။

ငရဲ စောင့်ရှောက်သူ ဘုရင်က သူတို့သုံးယောက်က မိစ္ဆာအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ဂြိုလ်မွှေတဲ့ကောင်တွေ မင်းတို့ ဒီနေ့ ဘယ်လိုလွတ်အောင် လုပ်မလဲဆိုတာကို ကြည့်ကြတာပေါ့

ဟား…ဟား…ဟား…ဒီတစ်ခါတော့ ငါ သတ်နိုင်လောက်ပြီ

ဒီသုံးယောက်က နယ်မြေငါးခုရဲ့ အရက်စက်ဆုံး ပါရမီရှင်သုံးယောက်ဆိုတော့ သူတို့ရဲ့ တန်ဖိုးက သာမန်ဝိဇ္ဇာတွေထက် အများကြီး ကျော်လွန်နေတယ်

သူတို့ကို အာဟာရအဖြစ် ပြောင်းလဲပြီးတော့ မိစ္ဆာအရှင်အထွတ်အမြတ်ဝိညာဉ်ဆီ ယဇ်ပူဇော်လိုက်မယ်ဆိုရင် ဒီကမ္ဘာမှာ စွမ်းအားကြီး မိစ္ဆာအရှင်အထွတ်အမြတ်ဝိညာဉ်ကို ဂုဏ်ရှိသွားအောင် လုပ်ပေးနိုင်မှာပဲ

ဒါဆိုရင် ငရဲကာကွယ်သူဘုရင်က အထွတ်အမြတ်ဝိညာဉ်ရဲ့ ကောင်းချီးပေးမှုကို ရရှိပြီးတော့ ကျင့်ကြံဆင့်ကို အလျင်အမြန် တိုးတက်လာစေမှာပဲ

All Chapters