← Chapters

အဲဒီလိပ်အိုကြီးက ဘယ်လောက်တောင် ဉာဏ်များတာလဲ

Vol. 31 Ch. 463

အဲဒီလိပ်အိုကြီးက ဘယ်လောက်တောင် ဉာဏ်များတာလဲ

Vol. 31 Ch. 463

အခန်း (၄၆၃) : အဲဒီလိပ်အိုကြီးက ဘယ်လောက်တောင် ဉာဏ်များတာလဲ

ငရဲကာကွယ်သူ ဘုရင်က သူတို့ကို ကျီစယ်သော အပြုအမူဖြင့် ကြည့်နေသည်ကို မြင်ပြီး ဝမ်ရှန်းယုတို့၏ မျက်နှာထား အံ့ဩတုန်လှုပ်သွားကြသည်။

ထိုသူ ထုတ်လွှတ်နေသော ဖိအားက အရမ်းပြင်းထန်သည့်အတွက် သူတို့ လုံးဝ ခုခံနိုင်ခြင်း မရှိပေ။

သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူတို့က ငရဲကာကွယ်သူ ဘုရင်၏ ပြိုင်ဘက် ဖြစ်မလာနိုင်ပေ။

သူတို့ကို စောင့်ကြည့်နေသည့် မိစ္ဆာဝိညာဉ်ကျင့်ကြံသူများကလည်း ရှိနေပြန်သေးသည်။

ထို့အပြင် ဤနေရာတွင်ရှိသော အာကာပြင်ကို သီးခြားခွဲထုတ်ထားသည်။ ထို့ကြောင့် ဝမ်ရှန်းယု အမြဲတမ်း ဂုဏ်ယူနေခဲ့သည့် လွတ်မြောက်နိုင်စွမ်းသည်လည်း ဤနေရာတွင် အသုံးမဝင်တော့ပေ။

“ ငါတို့တော့ ဒုက္ခကြီးကြီးတွေ့ပြီ” ဝမ်ရှန်းယုက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

သူက လွတ်မြောက်နည်းကို ရှာဖို့အတွက် ပတ်ဝန်းကျင်ကို အဆက်မပြတ် လေ့လာစူးစမ်းနေသည်။

ပိုင်တိနှင့် ယွဲ့ယူသဲ့တို့လည်း စိုးရိမ်လာကြသည်။ သူတို့ ကြိုးစားကြည့်သော်လည်း အာကာပြင်ကို လုံးဝ မစုတ်ဖြဲနိုင်ဖြစ်နေသည်။

“ ငါတို့တော့ ဂြိုလ်ဆိုးဝင်ပြီ။ ငါ အသက်ငယ်ငယ်လေးနဲ့တော့ မသေရလောက်ဘူးမလား” ယွဲ့ယူသဲ့က ဝမ်းနည်းစွာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ သူတို့အတွက် လွတ်လမ်းမရှိတော့ဘူးဟု သူ ယုံကြည်ထားသည်။

ပိုင်တိက ပြောလိုက်သည်

“ ကောင်လေး မင်း ဘာကို ကြောက်နေတာလဲ။ နတ်ဘုရားတိုင်းပြည်ရဲ့ စစ်ကူတွေက အပြင်ဘက်မှာ ရောက်နေပြီလေ။ သူတို့ ဒီထဲက အခြေအနေကို သိပြီးတော့ ငါတို့ကို သေချာပေါက် ကူညီပေးမှာပဲ။ ဒါဆိုရင် အဲဒီမိစ္ဆာဝိညာဉ်တွေလည်း သေကုန်မှာလေ”

ဤကယ်ဆယ်ရေးတာဝန်တွင် သူတို့ကို ကူညီမည့် စွမ်းအားကြီး ကျင့်ကြံသူ အများအပြားရှိသည်။

အဲလောက်ထိ ရုတ်ရုတ်သဲသဲဖြစ်နေတာကို အပြင်ကသူတွေ မသိနိုင်စရာ အကြောင်းတော့ မရှိပါဘူး

နတ်ဘုရားတိုင်းပြည် စစ်ကူရောက်လာတဲ့အချိန်ကျရင် သူတို့နဲ့အတူ စွမ်းအားကြီး ဝိဇ္ဇာအချို့လည်း ပါလာလို့ အခြေအနေက ပြောင်းပြန်လှန်သွားနိုင်တယ်။

ငရဲကာကွယ်သူ ဘုရင်က လှောင်ရယ်ကာ ပြောလိုက်သည်

“ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က ငါ့ရဲ့ အစီအရင်တွေကို လာဖျက်စီးတော့မယ်ဆိုတာကို ခန့်မှန်းပြီးသားမလို့ နယ်မြေပိတ်ဆို့ရေးအပြားကို တစ်ခါထဲ ယူခဲ့ရုံတင်မကသေးပဲနဲ့ အံ့ဖွယ်ယဇ်စင်မြင့်ကိုပါ အသက်သွင်းထားတယ်။

သူတို့ရောက်လာရင် အံ့ဖွယ်ယဇ်စင်မြင့်ရဲ့ စွမ်းအားကို ပြသပေးလိုက်မယ်”

အံ့ဖွယ်ယဇ်စင်မြင့်က မိစ္ဆာဝိညာဉ်ဂိုဏ်းမှ မိစ္ဆာကျင့်စဉ်များဖြင့် ဖန်တီးထားသော ပြိုင်ဘက်ကင်း မိစ္ဆာအသုံးအဆောင်ပစ္စည်းဖြစ်သည်။

ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များက သွေးစတေးမှုများကြောင့် နတ်ဘုရားလောကအလွှာကို ဖြတ်သန်းကာ အထဲသို့ ဝင်လာနိုင်သည်။

ငရဲကာကွယ်သူ ဘုရင်၏ နောက်တွင်လည်း ရှေးဟောင်း ယဇ်စင်မြင့်က ပေါလောပေါ်နေသည်။

ယဇ်စင်မြင့်က အနက်ရောင်ဖြစ်ပြီး ထိတ်လန့်စရာကောင်းသော မိစ္ဆာပုံစံများကို ထွင်ထားပြီး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

စင်မြင့် အလယ်တွင် အနီရင့်ရောင် သွေးအိုင်ကြီးတစ်ခုရှိနေသည်။ အနံ့က စူးရှလှပြီး ကြက်သီးမွေးညင်းများပင် ထသွားစေသည်။ ဝါးမျိုခံရသော အလောင်းကောင်များကလည်း ထိုထဲတွင် လုံးဝ နစ်မြုပ်သွားသည်။ သွေးအိုင်က နယ်မြေငါးခုမှ ကျင့်ကြံသူများ၏ သွေးများဖြင့် ပြည့်နှက်နေသည်။ သူတို့ သွေးများခန်းခြောက်သည်အထိ စုပ်ယူခံရပြီး သူတို့၏ အလောင်းများက စင်မြင့်၏ အာဟာရဖြစ်ဖို့အတွက် စင်မြင့်ပေါ်သို့ ပစ်တင်ခံထားရသည်။

စင်မြင့်ပေါ်တွင် သွေးအလင်းတန်းဖြင့် တောက်ပနေသော အနက်ရောင်မုခ်ဝတစ်ခုရှိပြီး အထဲမှ ကြက်သီးထစရာ ခံစားချက်ကို ပေးစွမ်းနေသည်။ မရေတွက်နိုင်သော မိစ္ဆာဝိညာဉ်များက အာဟာရများကို စုပ်ယူကာ ထွက်ပေါ်လာတော့မည့် ခံစားချက်မျိုး ဖြစ်သည်။

ငရဲကာကွယ်သူဘုရင်၏ အကြည့်ထဲတွင် ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူတို့သုံးယောက်ကို ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ကြည့်နေသည်။

“ အရှင်အထွတ်အမြတ်ဝိညာဉ်ကို ထောက်ပံ့ဖို့အတွက် မင်းတို့သုံးယောက်လုံး အံ့ဖွယ်ယဇ်စင်မြင့်ရဲ့ အာဟာရ ဖြစ်လာရမယ်။

ပြီးတော့ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က လူတွေ ဘယ်လောက်ပဲ လာလာ သူတို့ သေခြင်းတရားကို ရင်ဆိုင်ရမယ်။

ဒီနေရာက မင်း သေပြီးတော့ အရှင်အထွတ်အမြတ်ဝိညာဉ် ဒီမြေပေါ် ဆင်းသက်လာတာကို ကူညီရမဲ့နေရာပဲ”

ငရဲကာကွယ်သူ ဘုရင်က ပြင်ဆင်ပြီးပြီဖြစ်သည်။ သူက သွေးစတေးမှု အစီအရင်ကို အသက်သွင်းပြီး ကျူးကျော်သူအားလုံးကို စတေးပစ်ဖို့ ပြင်ဆင်ထားသည်။

သွေးစတေးမှု အရေအတွက် များလေလေ ဆင်းသက်လာမည့် မိစ္ဆာဝိညာဉ်က ပိုပြီးတော့ သန်မာလေလေဖြစ်သည်။

ငရဲကာကွယ်သူ ဘုရင်က ဝိဇ္ဇာဆယ်ယောက်ကျော်ကို ယဇ်ပူဇော်ပြီးပြီဖြစ်သည့်အတွက် ဝမ်ရှန်းယုနှင့် တခြားသူများကိုပါ ထပ်ပေါင်းလိုက်လျှင် ထာဝရဘုရင် မိစ္ဆာဝိညာဉ် သေချာပေါက် ဆင်းသက်လာနိုင်တော့မည် ဖြစ်သည်။

ထို့နောက် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်၏ စစ်ကူများကို ကြောက်လန့်နေဖို့ မလိုတော့ပေ။

သူတို့သုံးယောက်က အံ့ဖွယ်ယဇ်စင်မြင့်၏ ကြောက်စရာကောင်းသော အရှိန်အဝါကို အာရုံခံမိသည့်အတွက် မျက်နှာထား ချက်ချင်း ပြောင်းလဲသွားကြသည်။

ထိုအရာက ပြိုင်ဘက်ကင်း မိစ္ဆာဝိညာဉ်ဖြစ်ပြီး ယခုထိ ဆင်းသက်လာခြင်း မရှိသေးသော်လည်း ထို ပြိုင်ဘက်ကင်း အရှိန်အဝါက သူတို့၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေသည်။

ကြည့်ရတာ ဒီတစ်ခါတော့ မိစ္ဆာဝိညာဉ်ဂိုဏ်းက သူတို့နဲ့ ရင်ဆိုင်ဖို့အတွက် ကောင်းကောင်းပြင်ဆင်ထားပုံရတယ်

ငရဲကာကွယ်သူ ဘုရင်က လှောင်ရယ်ကာ ပြောလိုက်သည်

“ ပြန်ပြီး ခုခံမနေပြနဲ့ အသာလေး အဖမ်းခံလိုက်။ ငါ စိတ်ကောင်းဝင်နေရင် မင်းတို့ကို နာကျင်မှုကင်းမဲ့စွာနဲ့ သေခွင့်ပေးမယ်”

အာကာပြင်ကို ပိတ်ဆို့ထားသည့်အတွက် သူက အနိုင်ရပြီး ဝမ်ရှန်းယုတို့ကို သတ်နိုင်မည်ဟု ယုံကြည်နေသည်။ ထိုသုံးယောက်၏ ခွန်အားကလည်း သူနှင့် မယှဉ်နိုင်ပေ။

“ မိစ္ဆာဝိညာဉ်ပေါက်စက ငါ့ကို လာပြီးတော့ အထင်သေးရဲတယ်ပေါ့လေ။ မင်းရဲ့ ခေါင်းကို ကိုက်ဖြတ်ပစ်မယ်”

ပိုင်တိက အော်ပြောလိုက်ကာ သူ၏ ကိုက်ဆွဲမှုက အာကာပြင်ကို ကြေမွသွားစေပြီး သူ၏ လိပ်ခေါင်းကို ပြန်ရုတ်သိမ်းလိုက်သည်။

သူက နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိတဲ့သူပဲလေ ငရဲကာကွယ်သူ ဘုရင်ကို ဘာလို့ ကြောက်နေရမှာလဲ

သူတို့ မလွတ်မြောက်နိုင်မှတော့ သေတဲ့အထိ တိုက်ခိုက်လိုက်တာ ပိုကောင်းပါတယ်။ သူတို့ သေသွားရင်တောင် မိစ္ဆာဝိညာဉ်မျိုးနွယ်ကို ဒဏ်ရာမရပဲ နေခွင့်မပြုနိုင်ဘူး

ယွဲ့ယူသဲ့ကလည်း အော်ပြောလိုက်သည်

“ မင်း ငါ့အနားကို ကပ်လာရဲရင် မင်းကို ထိုးသိပ်ပစ်လိုက်မယ်”

ထို့နောက် သူက ထူးဆန်းသော ပစ္စည်းတချို့ကို ထုတ်ယူလိုက်သည်။

စွမ်းအင်အများအပြားရှိသော ဝိဇ္ဇာစစ်သားများနှင့် အိုဟောင်းနေသော်လည်း ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် စွမ်းအားကြီးလက်နက်များ၊ အဆောင်အမျိုးမျိုး…

ရတနများစွာ ထွက်ပေါ်လာသည့်အခါ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး အံ့ဖွယ်အလင်းတန်းက မြေပြင်ပေါ်သို့ ထွန်းလင်းသွားသည်။

ပိုင်တိက ထိုမြင်ကွင်းကို မြင်ပြီး အံ့ဩမှင်သက်သွားမိသည်။

သူက တံတွေးမျိုချကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်

“ ဖက်တီးကတော့ ငါ့နောက်ကွယ်မှာ ရတနာတွေ အများကြီးကို ဝှက်ထားခဲ့တာပဲ”

ရတနာများ၏ အရှိန်အဝါနှင့် အရမ်းရင်းနှီးနေသည်ဟု ပိုင်တိ ခံစားမိသည်။

သူတို့အတူတူ စွန့်စားခရီးသွားလျှင် ယွဲ့ယူသဲ့က ရတနာအများစုကို ဝှက်ထားတတ်သည်။

ယွဲ့ယူသဲ့က ကို့ရို့ကားရားနိုင်စွာ ပြောလိုက်သည်

“ ဒါတွေက အကုန် ငါ့အပိုင်ပဲလေ။ ဒါတွေက ငါ့ရဲ့ ဘိုးဘေးဘီဘင်တွေဆီကနေ ဆင်းသက်လာတာ။ ပြီးတော့ ငါပဲ အကုန်ဖောက်ယူခဲ့တာ မဟုတ်လား”

ယွဲ့ယူသဲ့၏ နှလုံးသားထဲ သွေးစိမ်းရှင်ရှင် ထွက်နေသလို ခံစားရသည်။

ဒါက ငါ တစ်နှစ်ပတ်လုံး စုဆောင်းထားတဲ့ ရတနာတွေအကုန်လုံးကို ဒီနေ့ သုံးရတော့မှာပါ့လား

ငါ ဘာလို့ ဒီလောက်ထိ ကံဆိုးရတာလဲ

ငရဲကာကွယ်သူဘုရင်က ရွံရှာစွာဖြင့် ပြောလိုက်သည်

“ ခေါင်းမာတဲ့ ခုခံမှုပဲ။ မင်း လုပ်ရဲရင် ဖောက်ခွဲပစ်လိုက်လေ”

မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ငရဲကာကွယ်သူ ဘုရင်ဖြစ်သည့်အတွက် သူ့ခွန်အားက သေချာပေါက် အံ့ဩမှင်သက်ဖို့ ကောင်းလှသည်။

ယွဲ့ယူသဲ့ သူ့ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ဖောက်ခွဲလိုက်လျှင်ပင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ဘဲ အချိန်ကုန်မသွားအောင်သာ လုပ်နိုင်လိမ့်မည်။

ဤနေရာက ပိတ်ဆို့ထားပြီးပြီဖြစ်သည့်အတွက် အံ့ဖွယ်ယဇ်စင်မြင့်က လူသေများ၏ စွမ်းအင်ကို စုပ်ယူနိုင်မည် ဖြစ်သည်။

ယွဲ့ယူသဲ့က ဒေါသထွက်သည့်အတွက် ခြေဆောင့်ကာ ပြောလို်ကသည်

“ သေလေ ငါ မလုပ်ရဲဘူးလို့များ ထင်နေလား”

ထို့နောက် သူ့စွမ်းအားကို လည်ပတ်စေသည့်အခါ ရတနာများက တောက်ပသော အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပသွားသည်။ သူတို့၏ အရှိန်အဝါများကလည်း ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ ထိုးဖောက်ထွက်လာသည်။

အဆုံးမဲ့စွမ်းအင် ပေါက်ထွက်တော့မည့် ပုံစံမျိုးဖြင့် ကြောက်စရာကောင်းသော အရှိန်အဝါ ထိုးဖောက်ထွက်လာကာ နေရာတစ်ခုလုံးအနှံ့ ပြည့်နှက်သွားသည်။

သူ့ရဲ့ ရည်ရွယ်ချက်က ထင်ရှားပါတယ်။ သူတို့သာ ဒီနေ့ တကယ် မလွတ်မြောက်နိုင်တော့ဘူးဆိုရင် အဲဒီပစ္စည်းတွေ အားလုံးကို ဖောက်ခွဲပစ်ပြီးတော့ ဒီမိစ္ဆာဝိညာဉ်ကျင့်ကြံသူတွေနဲ့ အတူ သေပစ်ဖို့ပဲ

ဝမ်ရှန်းယု ရုတ်တရက် ကြောက်လန့်သွားသည်။

ရတနာအများကြီးကို ဖောက်ခွဲလိုက်လျှင် ငရဲကာကွယ်သူ ဘုရင် သေမလားဆိုတာက မသိနိုင်သောအရာဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သုံးယောက်ကတော့ သေမှာ သေချာသည်။

ဒီစွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်။ အဲဒီပေါက်ကွဲမှုက စွမ်းအားကြီး ဝိဇ္ဇာတစ်ပါးကိုတောင် သတ်ပစ်နိုင်တယ်

သို့သော် ငရဲကာကွယ်သူ ဘုရင်က အရမ်းစွမ်းအားကြီးပြီး အထွတ်အထိပ် ထာဝရအသုံးအဆောင်ပစ္စည်းများက သူ့ကို ကာကွယ်ထားသည့်အတွက် သူ့ကို သတ်ဖို့က မလွယ်ကူပေ။

ဝမ်ရှန်းယု အလျင်အမြန် ပြောလိုက်သည်

“ ညီအစ်ကိုယွဲ့ ငါတို့ လွတ်မြောက်ဖို့ လမ်းကို တွေ့ထားပြီးပြီ”

အထွတ်အထိပ် ထာဝရအသုံးအဆောင်ပစ္စည်းက ဤနေရာကို ပိတ်ဆို့ထားသည့်အတွက် သာမန်ကျင့်ကြံသူများက လုံးဝ မချိုးဖျက်နိုင်ပေ။

သို့သော် ဝမ်ရှန်းယုတွင် မဟာလေဟာနယ် ခန္ဓာတည်ဆောက်ပုံ ရှိနေသည့်အတွက် လေဟာနယ်ပညာရပ်များနှင့် ပတ်သက်လာလျှင် အလွန်အမင်း ရင်းနှီးကျွမ်းဝင်မှုရှိသည်။ ထို့ကြောင့် ပိတ်ဆို့မှုတွင် အားနည်းဆုံးနေရာကို တွေ့ရှိထားပြီးပြီဖြစ်ပြီး ချိုးဖျက်ကြည့်ဖို့ ကြိုးစားကြည့်နိုင်သည်။

သို့သော် သူ ကြီးမားသော တန်ရာတန်ကြေးကို ပေးဆပ်ရမည်ဖြစ်သည်။

“ ဘာ… မင်း စောစောက ဘာလို့ မပြောတာလဲ။ ငါ့ရဲ့ ရတနာတွေ”

ယွဲ့ယူသဲ့၏ မျက်နှာတွင် နောင်တတို့ဖြင့် ပြည့်နှက်သွားသည်။

သူတို့ မသေဘူးဆိုတာကိုသာ စောစောသိခဲ့ရင် ရတနာတွေ အကုန်လုံးကို မထုတ်လိုက်ပါဘူး

သူ့ရဲ့ ရတနာတွေ တစ်ခုချင်းစီက အဖိုးမဖြတ်နိုင်ဘူး အရမ်းတန်ဖိုးရှိတယ်

ဒါက သူ့ရဲ့ ကံပဲ။ အခု အားလုံးကို အသက်သွင်းပြီးပြီဆိုတော့ သူ ပြန်ထိန်းလို့မရတော့ဘူး

ယွဲ့ယူသဲ့၏ နှလုံးသားတွင် နောင်တတရားကြောင့် နာကျင်နေပြီး နှုတ်ခမ်းကို တွန့်ချိုးထားမိသည်။

ပိုင်တိက ထိတ်ထိတ်ပျာပျာဖြင့် ပြောလိုက်သည်

“ မင်းမှာ အစီအစဉ်ရှိရင် မြန်မြန်လုပ်လိုက်တော့လေ။ မင်း ဆက်ပြီးအချိန်ဆွဲနေရင် ငါတို့ သုံးယောက်လုံး သေသွားလိမ့်မယ်”

အားလုံးအတူတူ ပျက်စီးကြမယ်ဆိုတာက အလိမ်အညာတွေပဲ

ထွက်သွားရမဲ့နည်းလမ်းရှိနေရင် ဘယ်သူက အဲဒီနေရာမှာ သေချင်ပါ့မလဲ

သူတို့ အသက်ရှင်နေမှ ပိုများတဲ့ မိစ္ဆာဝိညာဉ်တွေကို သတ်လို့ရမှာလေ

ဝမ်ရှန်းယုက အံကြိတ်ကာ ပြောလိုက်သည်

“ ငါ့သက်တမ်းရဲ့ ၉၀ ရာခိုင်နှုန်းလေးပဲ မဟုတ်လား။ ငါ စွန့်စားကြည့်မယ်။ ငါ့ သက်တမ်းကို အသုံးပြုပြီးတော့ ပိတ်ဆို့ထားတာကို ဖျက်စီးနိုင်အောင် လုပ်မယ်”

သူက ကိုယ်တွင်းရှိ ခွန်အားကို ချက်ချင်း စုစည်းကာ အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

လေဟာနယ်စွမ်းအားက ပြိုင်ဘက်ကင်း အရှိန်အဝါဖြင့် ထိုးဖောက်ထွက်လာကာ မကြာခင်မှာပင် ဧရာမ လေဟာနယ်ဓားသွား ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ဝမ်ရှန်းယု၏ ဆံပင်တို့ အဖြူရောင်ပြောင်းသွားကာ မျက်နှာတွင်လည်း အရေးကြောင်းများဖြင့် ပြည့်နှက်သွားသည်။ သူ၏ သက်ဝင်လှုပ်ရှားမှုက အနိမ့်ဆုံးအထိ လျော့ကျသွားသည်။ သူက တစ်ခါတည်း သက်တမ်း၏ ၉၀ ရာခိုင်နှုန်းကို အသုံးပြုလိုက်သည့်အတွက် ဝမ်ရှန်းယု တောင့်မခံနိုင်တော့ဘဲ အားအင်ချိနဲ့လာသည်။

သို့သော် အကျိုးသက်ရောက်မှု သိသာသည်က ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။

လေဟာနယ်ဓားသွားက ပိုမို ကြီးကြီးလာကာ အရှိန်အဝါကလည်း ပိုမိုကြောက်စရာကောင်းလာပြီး ပတ်လည်ရှိ အာကာပြင်ကို တစ်စစီ ဖြစ်သွားစေသည်။

ငရဲကာကွယ်သူ ဘုရင်က လေဟာနယ်ဓားသွား ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို အာရုံခံလိုက်မိသည့်အတွက် အံ့ဩမှင်သက်သွားသည်။ သူပင် ထိုလေဟာနယ်ဓားသွားကို ပျက်စီးသွားအောင် မလုပ်နိုင်လောက်ပေ။

ငရဲကာကွယ်သူ ဘုရင်က ထိုစွမ်းအားကို စတင်ကြောက်ရွံ့လာသည့်အတွက် ဝမ်ရှန်းယုကို လုံးဝ သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒီကောင်လေးက အရမ်းစွမ်းအားကြီးတယ် သူ တကယ် လွတ်မြောက်နိုင်လောက်တယ်

“ သတ်ပစ်”

ငရဲကာကွယ်သူ ဘုရင်က အော်ဟစ်ကာ မိစ္ဆာဝိညာဉ်စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် အမိန့်ပေးလိုက်သည်။

မရေတွက်နိုင်သော မိစ္ဆာဝိညာဉ်များက ချက်ချင်းရှေ့တက်လာကာ သူတို့၏ အရှိန်အဝါများက အာကာပြင်တစ်လျှောက် ပျံ့နှံ့သွားသည့်အတွက် မြေပြင်ကို တုန်ခါစေသည်။

ထိုကြောက်မယ်ဖွယ်ကောင်းသော မိစ္ဆာဝိညာဉ်များက အနက်ရောင် အရိုးဆူးချွန်များကို အသုံးပြုကာ သူတို့သုံးယောက်ကို တိုက်ခိုက်သည်။

ယွဲ့ယူသဲ့က လှောင်ရယ်ကာ ပြောလိုက် သည်

“ ငါက ဒါတွေကို အသက်သွင်းပြီးပြီဆိုတော့ အလကားတော့ အဖြစ်မခံနိုင်ဘူး။ ငါ့ရဲ့ ထိပ်တန်းလက်နက်ကို ဘယ်လိုသုံးလဲဆိုတာ ကြည့်နေ”

သူက ရတနာထဲမှ တချို့ကို မိစ္ဆာဝိညာဉ်များဆီသို့ ပစ်လိုက်ကာ ချက်ချင်း ဖောက်ခွဲလိုက်သည်။

သူ၏ ရတနာအားလုံးကို ဖောက်ခွဲပစ်မည်ဆိုပါက သူတို့လည်း သေဆုံးသွားမည်ဖြစ်သည်။

ယခု သူတို့မှာ အသက်ရှင်နိုင်ချေရှိသည်ကို သိပြီးပြီဖြစ်သည့်အတွက် ယွဲ့ယူသဲ့အနေဖြင့် အတူတူ သေချင်စိတ် မရှိတော့ပေ။

ဝုန်း…

ကြီးမားသော ပေါက်ကွဲမှုတစ်ခုကြောင့် မီးပွားများပင် ကောင်းကင်သို့ စင်သွားသည်။

ပေါက်ကွဲမှုမှ အဆုံးမဲ့စွမ်းအင်ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည်။

ထိုပေါက်ကွဲမှုက ရှေ့တွင်ရှိနေသော ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်ဆယ်ယောက်ကျော်ကို ဖမ်းမိသွားစေပြီး တစ်စစီဖြစ်သွားစေသည်။

ဝိဇ္ဇာမိစ္ဆာဝိညာဉ်များပင် ထိုပေါက်ကွဲမှုကို ဟန့်တားနိုင်ခြင်းမရှိဘဲ ဆယ်ယောက်ကျော် သုတ်သင်ခံလိုက်ရသည်။

ဝိဇ္ဇာအစစ်အမှန် မိစ္ဆာဝိညာဉ်များပင် ဒဏ်ရာပြင်းထန်စွာရပြီး သွေးအန်ရင်း နောက်ဆုတ်သွားရသည်။

ပေါက်ကွဲမှုက မိစ္ဆာဝိညာဉ်စစ်တပ်ကို တစ်ခဏအတွင်း လွှမ်းခြုံသွားသည်။

ယွဲ့ယူသဲ့က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်

“ ငါက မိစ္ဆာဝိညာဉ်ပေါက်စလေးတွေ အထင်သေးလို့ရတဲ့သူ မဟုတ်ဘူး”

သူက သူ၏ နောက်ဆုံးလက်ကျန်စွမ်းအားကို အသုံးပြုကာ မိစ္ဆာဝိညာဉ်စစ်တပ်ကို ဒဏ်ရာအပြင်းအထန် ရသွားစေမည့် ကြောက်စရာကောင်းသော ခွန်အားကို လွှတ်ထုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ငရဲကာကွယ်သူ ဘုရင်က လှုပ်ရှားလိုက်သည်။ ပြိုင်ဘက်ကင်း မိစ္ဆာအရှိန်အဝါက သူ့ ခန္ဓာကိုယ်အတွင်းမှ ထိုးဖောက်ထွက်လာကာ မြူခိုးအဖြစ်သို့ပြောင်းလဲသွားကာ မိစ္ဆာဝိညာဉ်အားလုံးကို လွှမ်းခြုံလိုက်သည်။

တစ်ချိန်တည်းမှာပဲ ကျန်ရှိနေသော ဝိဇ္ဇာမိစ္ဆာဝိညာဉ်များက လှုပ်ရှားကာ အစီအရင်ကို တည်ငြိမ်အောင်လုပ်ပြီး ပေါက်ကွဲမှု၏ အကျိုးသက်ရောက်မှုကို အလျင်အမြန် လျှော့ချနေသည်။

ပျက်စီးမှုက ဖြည်းဖြည်းချင်းလျော့ကျသွားသည့်အတွက် စစ်တပ်က ဖြည်းဖြည်းချင်း စိတ်တည်ငြိမ်သွားသည်။

ယွဲ့ယူသဲ့၏ မျက်နှာထား ပြောင်းလဲသွားသည်

“လောင်ဝမ် ခင်ဗျား ပြီးသွားပြီလား။ မပြီးသေးရင်လည်း ငါ သေတော့မယ်”

သူ့ရတနာများက သူတို့ကို ကြာရှည်စွာ မတားဆီးနိုင်ပေ။ သူ အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် မိစ္ဆာဝိညာဉ်စစ်တပ်က လာပြီး သူတို့ကို သတ်လိမ့်မည်။

ဒီလောက်ထိများတဲ့ ဝိဇ္ဇာ မိစ္ဆာဝိညာဉ်တွေနဲ့ ငရဲကာကွယ်သူ ဘုရင်နဲ့ဆိုရင် ဘယ်သူက အသက်ရှင်နိုင်မှာလဲ

ယွဲ့ယူသဲ့က စိတ်ပူပန်စွာဖြင့် အချိန်တတ်နိုင်သလောက် များများဆွဲနိုင်ရန် ရတနာများကို ပစ်ပေါက်နေသည်။

“ ငါ ပြီးပြီ ဖွင့်လိုက်တော့”

ဝမ်ရှန်းယု၏ မျက်နှာက စာရွက်ကဲ့သို့ ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။ သူက လေဟာနယ်ဓားသွားကို အသုံးပြုကာ အာကာပြင်အလွှာပေါ်သို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။

ဒုန်း…

ကမ္ဘာမြေတုန်လှုပ်သွားကာ ကောင်းကင် တုန်ရီသွားသည်။

အထွတ်အထိပ် ထာဝရ အသုံးအဆောင်ပစ္စည်းဖြစ်သော နယ်မြေပိတ်ဆို့ရေးအပြားဖြင့် အသက်သွင်းထားသော အာကာပြင်အလွှာက နောက်ဆုံးတွင် ဝမ်ရှန်းယု၏ အပြည့်အဝ တိုက်ခိုက်မှုကြောင့် အက်ကြောင်းထင်သွားသည်။

သူတို့သုံးယောက် အရမ်းပျော်ရွှင်နေကြသည်။

ယွဲ့ယူသဲ့က ပြောလိုက်သည်

“ ပွင့်သွားပြီ အခု ငါတို့ ဘေးကင်းသွားပြီ”

ပိုင်တိက ချီးကျူးလိုက်သည်

“ ကောင်လေး မင်းက အတော်အသုံးဝင်တာပဲ။ မင်း ငါ့ရဲ့ အိမ်မွေးလူသား တစ်ယောက်လုပ်ပါ့လား။ မင်းကို ပြိုင်ဘက်ကင်း ပညာရပ်တွေ သင်ပေးမယ်လေ”

ဝမ်ရှန်းယုက ပြန်ဖြေလိုက်သည်

“ ခင်ဗျား မဟုတ်တာတွေ လျှောက်ပြောနေမယ်ဆိုရင် ခင်ဗျားကို ဒီမှာ ထားခဲ့မယ်”

ယွဲ့ယူသဲ့က ဝင်ပြောလိုက်သည်

“ တော်လိုက်တော့။ ငါတို့ အခု ထွက်မသွားဘူးဆိုရင် ပိတ်မိနေလိမ့်မယ်”

ဤကဲ့သို့သော အခြေအနေမျိုးမှာပင် အငြင်းပွားနေနိုင်သည့်အတွက် ယွဲ့ယူသဲ့ သက်ပြင်းချလိုက်မိသည်။

သို့သော် ဝမ်ရှန်းယု ဆက်ပြီး အငြင်းမပွားခြင်းက ကောင်းသောအရာဖြစ်သည်။ သူက သူတို့နှစ်ယောက်လုံးနှင့်အတူ လွတ်မြောက်ရန်အတွက် ဆန်းကြယ်ပညာရပ်များကို အသုံးပြုချင်ခဲ့သည်။

ကံမကောင်းစွာဖြင့် လေဟာနယ်အက်ကြောင်းထဲမှ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ဝမ်ရှန်းယုနှင့် အကြည့်ချင်း ဆုံသွားသည်။

ဝမ်ရှန်းယုက ချက်ချင်း ကြောင်အသွားသည်။ သူက သူ၏ ဆန်းကြယ်ပညာရပ်ကိုပင် အသက်သွင်းဖို့ မေ့လျော့သွားသည်။

“ မင်း ဘာလုပ်နေတာလဲ။ ဘာလို့ ထွက်မသွားသေးတာလဲ”

ယွဲ့ယူသဲ့နှင့် ပိုင်တိတို့က ဝမ်ရှန်းယုကို တိုက်တွန်းပြောဆိုနေသည်။ သူတို့ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူတို့လည်း ကြောင်အသွားသည်။

“ ညီ… ညီအစ်ကိုရှန်လား… လူသား သရဲလားဟင်”

အံ့ဩမှင်သက်မှုကြောင့် ဝမ်ရှန်းယု၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူ့အကြည့်များထဲတွင်လည်း မယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့သို့ ရောက်ရှိလာသောသူက ရှန်ထျန်း ဖြစ်နေသောကြောင့် ဖြစ်သည်။

ဟွမ်ထျန်း စစ်တုရင်ခုံမှ ထွက်သွားပြီးနောက် ရှန်ထျန်းက လေဟာနယ်ထဲတွင် ကျင်လည်နေခဲ့သည်။

ထာဝရဘုရင်ဟွမ်ထျန်း ဖန်တီးပေးသော လေဟာနယ်လမ်းကြောင်းက မတည်ငြိမ်သည့်အတွက် ဘယ်ကိုအပို့ခံလိုက်ရမှန်း ရှန်ထျန်းပင် မသိပေ။ သူ လေဟာနယ်ထဲတွင် ရွေ့လျားနေစဉ် အာကာပြင် ပိတ်ဆို့ခံလိုက်ရသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။

သူ အာကာပြင်ကို စုတ်ဖြဲတော့မည့်အချိန်တွင် အက်ကြောင်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ထို့ကြောင့် သူ အလုပ်ရှုပ်ခံမနေတော့ပဲ အက်ကြောင်းထဲမှ လမ်းလျှောက်ထွက်လာသည်။

သူက သေတော့မဲ့ပုံစံပေါ်နေတဲ့ ဆံဖြူ ဝမ်ရှန်းယုဆီ ပြေးဝင်လာမိမယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ

ရှန်ထျန်းက မိတ်ဆွေဟောင်းကို ပြန်တွေ့လိုက်ရသည့်အတွက် နှုတ်ဆက်တော့မည့်အချိန် ဝမ်ရှန်းယု၏ စကားလုံးများကြောင့် မျက်နှာစူပုတ်သွားသည်။

ဟမ်…

ငါက နှစ်ပေါင်း ၁၈၀ လောက်ပဲ ကျင့်ကြံခဲ့တာ မဟုတ်လား

ငါ ဘယ်လိုလုပ်ပြီးတော့ သရဲဖြစ်လာတာလဲ

သူက ငါ့ကို သေဖို့ ကျိန်စာတိုက်နေတာလား

ပိုင်တိနှင့် ယွဲ့ယူသဲ့က အော်ဟစ်ကာ ပြောလိုက်သည်

“ သရဲ”

ရှန်ထျန်းက အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာထဲတွင် ပျောက်ဆုံးသွားတာ ကြာပြီဖြစ်သည့်အတွက် မအံ့ဩဘဲ မနေနိုင်ပေ။‌

ရှီထျန်းကျီ ပြောလို့ ရှန်ထျန်းက ဟွမ်ထျန်း စစ်တုရင်ခုံထဲကို ဝင်သွားတယ်ဆိုတာ သိခဲ့ရပေမဲ့ နှစ်ပေါင်း ၁၈၀ တောင် ပျောက်နေတော့ ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်တာလဲ

အထွတ်အထိပ် ကောင်းကင်သစ်ပင် ကမ္ဘာမှာ ဘယ်သူမှ နှစ်ပေါင်းတစ်ရာ မနေနိုင်ဘူးလေ။ ဒါက ပြိုင်ဘက်ကင်းပဲ

ထို့ကြောင့် သူတို့ရှန်ထျန်းကို မြင်လိုက်ရသည့်အခါ ကြောက်ရွံ့သွားခြင်းဖြစ်သည်။

“ ဒါက မိစ္ဆာဝိညာဉ်တွေ ငါတို့ကို လှည့်ဖျားဖို့ အသုံးပြုနေတဲ့ ပုံရိပ်ယောင်တစ်ခုပဲ ဖြစ်ရမယ်” ဝမ်ရှန်းယုက အော်ပြောလိုက်သည်။

ပုံရိပ်ယောင်တစ်ခုဟု အခိုင်အမာယုံကြည်သည့်အတွက် သူ တိုက်ခိုက်လိုက်သည်။

သူက လေဟာနယ်ဓားသွားကို ရှန်ထျန်းဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။

“ ညီအစ်ကိုဝမ် နောက်မနေပါနဲ့တော့”

ရှန်ထျန်း ဘာမှမပြောနိုင်ပဲ ဆွံ့အသွားမိသည်။ သူက လက်ဖြင့် လေဟာနယ်ဓားသွားကို ဖျက်စီးလိုက်သည်။

“ သေစမ်း ဒီမကောင်းဆိုးဝါးက ကြမ်းတယ်ဟ။ ငါတို့ အတူတူ တိုက်ခိုက်ရအောင်”

ဝမ်ရှန်းယု ထိတ်လန့်သွားသည့်အတွက် ပိုင်တိနှင့် ယွဲ့ယူသဲ့ကို သူနှင့်အတူ ပူးပေါင်းခိုင်းလိုက်သည်။

ရှန်ထျန်း ကူကယ်ရာမဲ့နေမိသည်။ သူ သေချာရှင်းမပြနိုင်သေးသည့်အတွက် သူ၏ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အသုံးပြုလိုက်သည်။

အံ့ဖွယ်ဝါးမျိုနွယ်ပင်များက မြွေများကဲ့သို့ ဝမ်ရှန်းယုကို ချက်ချင်း ရစ်ပတ်ထားလိုက်သည်။

ဝမ်ရှန်းယု တင်းကြပ်စွာ ချည်နှောင်ခံထားရပြီး မလှုပ်နိုင်ဖြစ်နေသည်။ သူ့မျက်လုံးများတွင်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

ပိုင်တိနှင့် ယွဲ့ယူသဲ့ကလည်း အံ့ဩမှင်သက်နေကြပြီး ဝမ်ရှန်းယုကို ကူညီပြီး ကယ်ပေးချင်နေကြသည်။

မမျှော်လင့်ထားစွာဖြင့် ဝမ်ရှန်းယုက အပျော်လွန်ကာ အော်ဟစ်လိုက်သည်

“ ဒါက ညီအစ်ကိုရှန်ပဲ။ သေချာပေါက် သူပဲ”

အဲလိုမျိုး ရစ်ပတ်တတ်တဲ့ ရင်းနှီးနေတဲ့ ခံစားချက်က မမှားနိုင်ဘူး

“ ညီအစ်ကိုရှန် တကယ်ပဲ အသက်ရှင်တာလား”

ပိုင်တိနှင့် ယွဲ့ယူသဲ့က ဝမ်ရှန်းယု ပြောတာကို ကြားပြီး ရပ်တန့်လိုက်ကာ ပျော်ရွှင်သွားကြသည်။

ကောလဟာလများအရ ရှန်ထျန်း သေသွားပြီဟုသာ သိထားခဲ့သည်။ သူတို့ မယုံချင်သော်လည်း လက်ခံလိုက်ရသည်။

ရှန်ထျန်း အချိန်အတော်ကြာ ပေါ်မလာသည့်အတွက် သူတို့ သံသယဝင်ခဲ့ကြသည်။

ရှန်ထျန်းက ပြောလိုက်သည်

“ ကျွန်တော် ကျင့်ကြံတာ အရမ်းကြာသွားတာ။ ကျွန်တော် ပြန်လည်နိုးထလာတော့ နှစ်ပေါင်း ၁၈၀ ကုန်ဆုံးသွားပြီဆိုတာကို သိလိုက်ရတယ်”

ရှန်ထျန်းလည်း ဝမ်းသာသွားသည်။ သူ ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မိတ်ဆွေဟောင်းများနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားပေ။

ယွဲ့ယူသဲ့က မူလကတည်းက အတိတ်အကြောင်းများကို ပြန်ပြောချင်သော်လည်း ရုတ်တရက် သတိရသွားသည်

“ ဂိုဏ်းတူညီလေး ငါတို့ နောက်မှ ဆက်ပြောရအောင်။ ဒီနေရာက အရမ်းအန္တရာယ်များလို့ အရင်ဆုံး ထွက်သွားရအောင်”

“လောင်ဝမ် ငါတို့ကို မြန်မြန် အပြင်ပို့ပေး”

မိစ္ဆာဝိညာဉ်စစ်တပ်က သူတို့နောက်သို့ လိုက်နေသည့်အတွက် အတိတ်အကြောင်းကို ပြန်ပြောနေရမည့်အချိန်မဟုတ်ပေ။

သူတို့အချိန်ကြာကြာနေပါက သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဝမ်ရှန်းယုက ရုတ်တရက် တောင့်တင်းသွားကာ ပြောလိုက်သည်

“ ငါ… ငါ မလုပ်နိုင်ဘူး။ လောလောဆယ် ငါ့ရဲ့ ခွန်အားနဲ့ဆိုရင် လူနှစ်ယောက်ကိုပဲ အပြင်ခေါ်ထုတ်ပေးသွားနိုင်တော့တာ”

သူ့သက်တမ်း မကုန်ဆုံးခင် လူနှစ်ယောက်ကို ခေါ်သွားကာ မိုင်ပေါင်းတစ်သောင်းအကွာအဝေးထိ သွားနိုင်သည်ဟု သေချာ တွက်ချက်ထားခဲ့သည်။

သို့သော် ရှန်ထျန်း ရောက်ရှိလာမှုက ဝမ်ရှန်းယုကို ဖိအားများသွားစေသည်။

သူက သက်တမ်း ၉၀ ရာခိုင်နှုန်းကို အသုံးပြုထားသည့်အတွက် ခန္ဓာကိုယ်လည်း အားအင်ချိနဲ့နေပြီး သူတို့သုံးယောက်လုံးကို ခေါ်ထုတ်သွားဖို့အတွက် သက်တမ်း မလုံလောက်တော့ပေ။

သူ တခြားတစ်ယောက်ကိုသာ ထပ်ခေါ်သွားပါက အဲဒီနေရာတင် သေသွားနိုင်သည်။

“ ဒါဆိုရင် ငါတို့ထဲက တစ်ယောက်က သေချာပေါက် သေမယ်လို့ ဆိုလိုတာမဟုတ်လား”

ပိုင်တိနှင့် ယွဲ့ယူသဲ့တို့က ဘာလုပ်ရမယ်မှန်းမသိ ဖြစ်သွားကြသည်။

ယခုလက်ရှိတွင် သူတို့ထဲမှ တစ်ယောက် ထွက်မသွားနိုင်ဖို့ ကံပါလာပြီဖြစ်သည်။

သူတို့နောက်ရှိ မိစ္ဆာဝိညာဉ်စစ်တပ်က အနားနီးနေပြီဖြစ်သည့်အတွက် သူတို့ဆက်နေလျှင် သေချာပေါက် သေသွားနိုင်သည်။

ဝမ်ရှန်းယုလည်း ဒုက္ခရောက်နေသည်။ ဘယ်သူ့ကို ခေါ်သွားရမလဲဆိုတာကို မသိဖြစ်နေသည်။

ရှန်ထျန်းက ခက်ခက်ခဲခဲလွတ်မြောက်လာသည့်အတွက် ဝမ်ရှန်းယုနှင့်အတူ သေချာပေါက် ထွက်သွားဖို့ လိုအပ်သည်။

ပိုင်တိနှင့် ယွဲ့ယူသဲ့ကလည်း နယ်မြေငါးခုအတွက် အသုံးဝင်သောသူများ ဖြစ်နေပြန်သည်။

ဒါပေမဲ့ ညီအစ်ကိုရှန်နဲ့ နှိုင်းယှဉ်လို့တော့ မရနိုင်ဘူး

ဒါဆိုရင် သူတို့ထဲက တစ်ယောက်က ကိုယ့်ကိုယ်ကို စတေးရမယ်

ဝမ်ရှန်းယုက ပိုင်တိနှင့် ယွဲ့ယူသဲ့ကို ကြည့်ကာ ပြောလိုက်သည်

“ ဘယ်သူနေခဲ့မယ်ဆိုတာကို မင်းတို့နှစ်ယောက် ဆွေးနွေးနိုင်မလား”

တခြားရွေးချယ်စရာ မရှိတော့ပေ။ ဝမ်ရှန်းယုနှင့် ရှန်ထျန်းက ထွက်သွားမည်ဖြစ်သည့်အတွက် ယွဲ့ယူသဲ့နှင့် ပိုင်တိကြားက တစ်ယောက်ကိုသာ ရွေးချယ်နိုင်သည်။

ယွဲ့ယူသဲ့နှင့် ပိုင်တိတို့က နှုတ်ခမ်းများကို တွန့်ချိုးလိုက်ကြသည်။

ကိုယ့်ကိုယ်ကို စတေးရမယ်တဲ့လား။ ဘယ်လောက်တောင် ဆိုးရွားလိုက်လဲ။ ငါ ဒီမှာနေရင် သေချာပေါက် သေရမှာပဲ

သူတို့နှစ်ယောက် ငိုချင်နေပြီဖြစ်သည်။

“ ညီအစ်ကိုရှန်က ဘာလို့ ဒီအချိန်မှာမှ ပေါ်လာရတာလဲ”

သူတို့က ရှန်ထျန်း အသက်ရှင်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းသာသော်လည်း သူတို့ထဲက တစ်ယောက် ဒီမှာနေခဲ့ပြီး သေရမည်ဖြစ်သည့်အတွက် မပျော်နိုင်တော့ပေ။

ရှန်ထျန်းက ထိုသုံးယောက်၏ စကားများကို ကြားပြီး နားမလည်နိုင်သေးသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ခဏအကြာတွင် သူ တစ်စုံတစ်ခုကို သတိထားမိသွားသည်။

သူတို့ ကြောက်နေပြီးတော့ ဝမ်ရှန်းယုတောင် လွတ်မြောက်ဖို့ ကြိုးစားရင်း သက်တမ်းကုန်ခါနီး ဖြစ်နေတာ အဆန်းတော့ မဟုတ်ပါဘူး

မိစ္ဆာဝိညာဉ်စစ်တပ်တစ်ခုက သူတို့ကို လိုက်နေတဲ့ပုံပဲ

ထိုစစ်တပ်၏ ခေါင်းဆောင်က ကြောက်စရာကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် ငရဲကာကွယ်သူ ဘုရင် ဖြစ်နေသည်။

ထိုထဲတွင် မဟာဝိဇ္ဇာအချို့၊ ဝိဇ္ဇာအစစ်အမှန် ဆယ်ယောက်နှင့် များပြားသော ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်များ ပါဝင်သည်။

များပြားသော စွမ်းအားကြီး မိစ္ဆာဝိညာဉ်ကျင့်ကြံသူများ၏ စွမ်းအားက ကမ္ဘာမြေကို ပြောင်းပြန်လှန်ပစ်ချင်သကဲ့သို့ ကြောက်စရာကောင်းလှသည်။

ရှန်ထျန်းက စွမ်းအားကြီး မိစ္ဆာဝိညာဉ်ကျင့်ကြံသူများကို လုံးဝ စိတ်ထဲမထားပေ။ သူက အနည်းငယ်သာ သိချင်နေသည်။

များပြားသော မိစ္ဆာဝိညာဉ်များ၏ ထွက်ပေါ်လာမှုကြောင့် နယ်မြေငါးခု၏ ကပ်ဘေးက ရောက်ရှိလာတယ်လို့ ငါ လောင်းရဲတယ်

ငါ ဘာတွေလွတ်သွားလဲဆိုတာကို သိချင်မိတယ်

ထိုအချိန်တွင် ပိုင်တိနှင့် ယွဲ့ယူသဲ့တို့က စိတ်ရှုပ်ထွေးနေကြသည်။

ရှန်ထျန်းက ဘယ်လောက်ထိ ထူးခြားသော အရည်အချင်းရှိလဲဆိုတာကို သူတို့သိသည့်အတွက် သူသာ အသက်ရှင်လျက် ထွက်သွားလျှင် သူတို့ထက် အသုံးဝင်မှာ သေချာသည်။

ယခု ကပ်ဘေးထွက်ပေါ်လာသည့်အတွက် ဘယ်သူမှ အဖက်မလုပ်ပဲ မနေနိုင်တော့ပေ။

စစ်မှန်သော ထိပ်သီးပါရမီရှင်တစ်ယောက်သာလျှင် ကမ္ဘာမြေကို ကယ်တင်နိုင်မည် ဖြစ်သည်။

ပိုင်တိက သက်ပြင်းချကာ ပြောလိုက်သည်

“ ဒါဆိုရင်လည်း ငါ နေခဲ့ပါ့မယ်။ ငါက နှစ်ပေါင်းတစ်သောင်းကျော်လောက် နေပြီးသွားပြီဆိုတော့ လုံလောက်နေပြီ။ မင်းတို့ သုံးယောက်ပဲ ထွက်သွားကြပါ”

စိတ်အားထက်သန်မှုကြောင့် ယွဲ့ယူသဲ့ အနည်းငယ် တုန်လှုပ်သွားကာ ပြောလိုက်သည်

“ မဟုတ်ဘူး ငါနေခဲ့မယ်။ ငါ လွတ်မြောက်သွားတယ်ဆိုရင်တောင် ပိုင်တိလောက် ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါထွက်သွားဖို့ မထိုက်တန်ဘူး။ သူ ထွက်သွားတာပဲ ကောင်းမယ်”

ယွဲ့ယူသဲ့က ရိုးသားစွာ ပြောလိုက်ရင်း အကြည့်ထဲတွင် စိတ်အားထက်သန်မှုတို့ဖြင့် လောင်ကျွမ်းနေသည်။

ဒီလိုဒုက္ခရောက်နေတဲ့အချိန် ဘယ်လိုလုပ်ပြီးတော့ ဘေးထွက်နေရမှာလဲ။ အများဆုံး ဒီမိစ္ဆာဝိညာဉ်ပေါက်စတွေကို တားဆီးဖို့အတွက် ငါ့အသက်ကို စတေးလိုက်မယ်

ယွဲ့ယူသဲ့ ထိုကဲ့သို့ ပြောမည်ဟု မထင်ထားသည့်အတွက် ပိုင်တိက ကြောင်အသွားသည်။ သူ ခဏတာ တွေးတောလိုက်ကာ အကူအညီမဲ့စွာ ပြောလိုက်သည်

“ အချိန်တွေ ဖြုန်းတီးမနေနဲ့တော့။ ငါက မင်းရဲ့ ဘိုးဘေးလို့ ခေါ်ရလောက်အောင်အထိ အသက်ကြီးနေပြီ။ မင်းကို ထွက်သွားဖို့ အမိန့်ပေးတယ်”

ပိုင်တိ ထိုကဲ့သော စကားများကို ပြောနေသော်လည်း အတွေးကတော့ မတူညီပေ။

အဲဒီဝတုတ် ထပ်ပြီးပြောရင် ငါ လက်ခံလိုက်မယ်။ အဲလိုမျိုး စကားကိုပြောရင် သူ စိတ်သဘောထားကြီးတဲ့ပုံလည်း ပေါ်တာပေါ့

လိပ်အိုကြီးတစ်ကောင်က ဘယ်လောက်ထိ ဉာဏ်များနိုင်မလဲ

အသက်သာရှင်နိုင်မယ်ဆိုရင် ဘယ်သူကများ သေချင်မှာလဲ

ရှန်ထျန်းက သူတို့ထက် အများကြီး သာလွန်နေသည့်အတွက် ရွေးချယ်စရာမရှိဘဲ အသက်ရှင်ခွင့်ပေးရမည်။

ဒါပေမဲ့ ယွဲ့ယူသဲ့ကတော့…

အဟင်း…ဟင်း…

သူ ရှိရှိ မရှိရှိ ဘာမှ အများကြီး မကွာခြားသွားပါဘူး

သို့သော် ယွဲ့ယူသဲ့လည်း သူနှင့် အကြံတူနေသည်ဆိုတာကို ပိုင်တိ မသိပေ။

ပိုင်တိ၏ အမိန့်ကို လက်ခံပြီး ပြောလိုက်သည်

“ ကောင်းပါပြီ။ ကျွန်တော် နားလည်ပါပြီ ဘိုးဘေး။ ကျွန်တော်ကို အမိန့်ပေးနေမှတော့ ကျွန်တော် သေချာပေါက် လက်ခံရမှာပေါ့

ငြိမ်းချမ်းစွာ အနားယူပါ။ နောက်နှစ်ကျရင် အမွှေးတိုင်ထွန်းပြီးတော့ ပြန်လည်အောက်မေ့ပွဲလေး လုပ်ပေးပါ့မယ်”

ပိုင်တိ ဘာပြောရမယ်မှန်းမသိတော့ပေ။

မဖြစ်နိုင်ဘူး

မဖြစ်နိုင်ဘူး

မဖြစ်နိုင်ဘူး

ဒီ ဝတုတ်ကတော့ ဘာလို့ မျှော်လင့်ထားတဲ့အတိုင်း မလုပ်ရတာလဲ

ပုံမှန်ဆိုရင် ဘယ်သူနေခဲ့မလဲဆိုတာအပေါ်ကို ထပ်ခါထပ်ခါ လုနေသင့်တာ မဟုတ်ဘူးလား

နောက်ဆုံးတော့ ဒီဝတုတ်က တန်းပြီး လက်ခံလိုက်တယ်တဲ့လား

သေစမ်း…

ငါ သူ့ထောင်ချောက်ထဲ ကျသွားပြီ

သေစမ်း ဘယ်လူသားမှ မကောင်းဘူး

All Chapters