ရှန်ထျန်း … မင်းကို ငါတို့ ဝိုင်းထားလိုက်ပြီ
Vol. 31 Ch. 464
အခန်း (၄၆၄) : ရှန်ထျန်း … မင်းကို ငါတို့ ဝိုင်းထားလိုက်ပြီ
ပိုင်တိက ယွဲ့ယူသဲ့ကို စိုက်ကြည့်ရင်း စိတ်ရှုပ်ထွေးနေသည်။ သူလည်း မသေချင်သည့်အတွက် လွတ်မြောက်ဖို့ အခွင့်အရေးကို ရယူဖို့ ကြိုးစားနေလားဆိုတာကို စဉ်းစားနေသည်။
ယွဲ့ယူသဲ့က ပိုင်တိ၏ အတွေးများကို ခန့်မှန်းမိနေသည့်အတွက် ဝမ်ရှန်းယုဘေးသို့ အမြန်ပြေးသွားကာ ပြောလိုက်သည်။
သူ အော်ဟစ်လိုက်သည်
“ ဘိုးဘေး မကြောက်ပါနဲ့။ ကျွန်တော်တို့ လွတ်မြောက်သွားတာနဲ့ နတ်ဘုရားတိုင်းပြည်ကို အကြောင်းကြားလိုက်ပါ့မယ်။
နတ်ဘုရားတိုင်းပြည်ရဲ့ စစ်ကူတွေရောက်လာတဲ့အခါ မိစ္ဆာဝိညာဉ်တွေလည်း လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။
ခင်ဗျားရဲ့ ခွန်အားနဲ့ဆိုရင် သေချာပေါက် သူတို့ကို အချိန်ဆွဲထားနိုင်မှာပါ”
ပိုင်တိက နှုတ်ခမ်းကို တွန့်ချိုးသွားမိကာ စိတ်ထဲမှ မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။
မင်းသိတာက ငါ့ကို ချောက်ချဖို့ပဲလား
အချိန်ဆွဲဖို့က အဲလောက်ထိ လွယ်မှ မလွယ်တာ
ငါက ငရဲကာကွယ်သူ ဘုရင်ကိုတောင် အနိုင်မရနိုင်သော စွမ်းအားကြီးမိစ္ဆာဝိညာဉ် ကျင့်ကြံသူတွေ အများကြီးရှိနေတာကိုပါ ထည့်ပြောစရာတောင် မလိုတော့ဘူး
ငါ တကယ်တောင့်ခံရမယ်ဆိုရင်တောင် မိနစ်အနည်းငယ်အတွင်း သေသွားလိမ့်မယ်
ယွဲ့ယူသဲ့က ကိုယ့်ကိုယ်ကို ကယ်တင်ဖို့က ပိုပြီးအရေးကြီးသည့်အတွက် ပိုင်တိ ဘာတွေစဉ်းစားနေလဲဆိုတာကို ဂရုမစိုက်ပေ။
သူက ငြီးတွားလိုက်သည်
“လောင်ဝမ် ငါတို့ မြန်မြန်ထွက်သွားရအောင်။ လိပ်အဖိုးကြီးဆီမှာ စွမ်းအားကြီးတဲ့ ခုခံမှုတွေရှိတော့ သူ အသက်ရှင် ကျန်ရှိနိုင်မှာပါ”
သူတို့သာ အခုမထွက်သွားပါက ဘယ်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဝမ်ရှန်းယုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဒါဆိုရင် ရန်သူတွေကို ကျွန်တော်တို့အတွက် ကာကွယ်ပေးလို့ စီနီယာ ပိုင်တိကို ကျေးဇူးတင်ပါတယ်။
မစိုးရိမ်ပါနဲ့။ ကျွန်တော် ခင်ဗျားကို ကယ်တင်ပေးဖို့အတွက် စစ်ကူတွေ သေချာပေါက် ခေါ်လာခဲ့ပါ့မယ်”
ဝမ်ရှန်းယုက စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လှည့်ထွက်သွားသည်။ သူက သူတို့ကို အပြင်ဘက်သို့ ပို့ပေးဖို့အတွက် ဆန်းကြယ်ပညာရပ်များကို စတင်အသက်သွင်းလိုက်သည်။
သို့သော် လွန်ကဲ အာကာပြင်စွမ်းအားက သူတို့ဆီသို့ ဦးတည်လာနေသည်။ ထိုစွမ်းအားက သူတို့အားလုံးကို လွှမ်းခြုံသွားကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
အက်ကြောင်းက သူတို့မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ပိတ်သွားကာ လုံးဝ ပျောက်ကွယ်သွားသည်။
ဝမ်ရှန်းယုက ထိုအရာကို မြင်တွေ့လိုက်ရသည့်အခါ လုံးဝ ကြောင်အသွားသည်။
ငရဲကာကွယ်သူ ဘုရင်က အံ့ဖွယ်အလင်းနှင့် စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် စက်ဝန်းပြားဖြင့် သူတို့အနားသို့ ကပ်လာသည်။ ထိုအရာက ပြိုင်ဘက်ကင်း အာကာပြင် စွမ်းအားကို ထုတ်လွှတ်နေသည့်အရာဖြစ်သည်။
ထိုအရာက အထွတ်အထိပ် ထာဝရအသုံးအဆောင်ပစ္စည်း နယ်မြေပိတ်ဆို့ရေးအပြား ဖြစ်သည်။
ငရဲကာကွယ်သူ ဘုရင်က ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်ရင်း ပြောလိုက်သည်
“ ဒီထက်ပိုပြီး တိုက်ခိုက်ဖို့ မလိုတော့ဘူး။ မင်းတို့အားလုံး ဒီနေ့ မလွတ်မြောက်စေရဘူး”
သူက နယ်မြေပိတ်ဆို့ရေးအပြားကို အသုံးပြုကာ ဤအာကာပြင်ကို ထပ်မံ ပိတ်ဆို့လိုက်သည့်အတွက် ဘယ်သူမှ ထွက်မသွားနိုင်တော့ပေ။
ထို့နောက် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး လူတစ်ယောက် ပိုနေသည်ကို သတိထားမိသွားသည်။
သူ ပေါ့ဆပြီး ဝမ်ရှန်းယုကို လွတ်မြောက်အောင် ခွင့်ပြုလိုက်သလို ဖြစ်သွားခဲ့သည်။
ဒီလူက ပေါ်လာပြီးတော့ ဝမ်ရှန်းယုနဲ့ တခြားသူများကို ရပ်တန့်လိုက်သည်။
ထို့ကြောင့် ငရဲကာကွယ်သူ ဘုရင်က သူတို့ကို လိုက်မှီခဲ့ပြီး အာကာပြင်ကို လုံးဝ ပိတ်ဆို့နိုင်လိုက်သည်။
အမှန်အတိုင်း ပြောရရင် သူ အဲဒီလူကို ကျေးဇူးတင်သင့်တယ်
ဒါဆိုရင် သူ့ကို နာကျင်မှုကင်းမဲ့အောင် သတ်ပြီးတော့ အရှင်အထွတ်အမြတ်ဝိညာဉ်ဆီ ယစ်ပူဇော်ရမယ်။ သူသာ သိရင် သူ ငါ့ကို သေချာပေါက် ကျေးဇူးတင်သွားမှာပဲ
ငရဲကာကွယ်သူ ဘုရင်က နှာခေါင်းရှုံးလိုက်သည်။
ရုတ်တရက် ထွက်ပေါ်လာသောသူက အင်မတန် ငယ်ရွယ်ပြီး ဝမ်ရှန်းယု၏ မိတ်ဆွေဖြစ်ပုံရတယ်
သူ့ခေတ်မှ ပါရမီရှင်များ၏ ခွန်အားက ယခင်ကတစ်ယောက်ထက် ပိုပြီးမြင့်မားကာ သူတို့အများစုက အတိဒုက္ခ ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိနေသော်လည်း သူ့ကို ခြိမ်းခြောက်နိုင်သော အဆင့်တွင် မရှိပေ။
ငရဲကာကွယ်သူ ဘုရင်၏ ထိပ်သီးစွမ်းအားကြီး ဝိဇ္ဇာကျင့်စဉ်အရ အနည်းငယ်သော ဝိဇ္ဇာအစစ်အမှန်ကို ကိုင်တွယ်ဖို့အတွက် လွယ်ကူလှသည်။
ကိစ္စတွေသာ လွဲချောင်သွားရင် သူ အသက်ရှင်ဖို့ မလိုတော့ဘူး
သူ သေသွားရင်တောင် ပြန်ဝင်စားဖို့ မျက်နှာပြရဲမှာ မဟုတ်ဘူး
လေဟာနယ်အက်ကြောင်း ပိတ်သွားသည်ကို မြင်လိုက်ရသည့်အတွက် ဝမ်ရှန်းယု၏ မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားကာ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
“ ၉၀ရာခိုင်နှုန်း … ငါ့သက်တမ်းရဲ့ ၉၀ ရာခိုင်နှုန်းပဲ။ အဲဒါ ဒီလိုမျိုး အလကား ကုန်သွားတော့မှာလား။
အဲဒါ မင်းတို့ နှစ်ယောက်ကြောင့်ပဲ။ ဘာလို့ စောစော မဆုံးဖြတ်ကြတာလဲ”
ဝမ်ရှန်းယု၏ နှလုံးသား နာကျင်သည့်အတွက် သွေးပင် အန်ထွက်သည်။ သူက အက်ကြောင်းကို ဖွင့်နိုင်ဖို့အတွက် သက်တမ်း ၉၀ ရာခိုင်နှုန်းကို သုံးခဲ့သည်။
နောက်ဆုံးတော့ ငတုံးနှစ်ယောက်က အချိန်ဖြုန်းပစ်တာပဲ
ယွဲ့ယူသဲ့နှင့် ပိုင်တိတို့လည်း ကို့ရို့ကားရားနိုင်သွားသည်။ သူတို့သာ စောစောသိခဲ့ပါက အဓိပ္ပာယ်မရှိသော အရာများကို ပြောပြီး အချိန်ဖြုန်းခဲ့မည် မဟုတ်ဘဲ ချက်ချင်း ထွက်ပြေးလိုက်မည်ဖြစ်သည်။
ယခု ဝမ်ရှန်းယုက အက်ကွဲကြောင်းကို နောက်ထပ်တစ်ခု ဖွင့်ဖို့အတွက် သက်တမ်း ၉၀ ရာခိုင်နှုန်းကို ထပ်မံ အသုံးပြုနိုင်ခြင်း မရှိတော့သည့်အတွက် ဘယ်သူမှ ထွက်မသွားနိုင်တော့ပေ။
ဒီထက်ပိုပြီးအရေးကြီးသည်က သူ့ဆီမှာ သက်တမ်းလည်း အများအပြား မကျန်တော့ပေ။ သူသာ သက်တမ်းကို ဆက်လက်အသုံးပြုနေပါက ဤနေရာတွင် သေသွားမည်ဖြစ်သည်။
ယွဲ့ယူသဲ့က ငိုကြွေးလိုက်သည်
“ ပြီးသွားပြီ…အားလုံး ပြီးသွားပြီ။ အခု ငါတို့အားလုံး သေပြီ”
သူတို့က နောက်ဆုံးကျန်ရှိတဲ့ အင်အားတွေ၊ ရတနာတွေကို အသုံးပြုပြီးပြီလေ မိစ္ဆာဝိညာဉ်စစ်တပ်ကို ဘယ်လိုလုပ်ပြီးတော့ တိုက်ခိုက်နိုင်မှာလဲ
ထိပ်သီး စွမ်းအားကြီး ဝိဇ္ဇာကလည်း ရှိနေပြန်တော့ ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး
“ ငါတို့ ထွက်မပြေးနိုင်မှတော့ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့”
ပိုင်တိက အသက်ပြင်းပြင်းရှူကာ မြေပြင်ပေါ်ကို အလင်းဖြာကျနေသည့် တောက်ပသော အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။
သူက ရုတ်တရက် ပေတစ်သိန်းရှည်သော လိပ်အဖြစ် အသွင်ပြောင်းကာ ကောင်းကင်သို့ မော်ကြည့်ပြီး ဟစ်ကြွေးလိုက်ကာ နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည့် ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ မျက်ဆံများမှ အလင်းတန်းထွက်လာကာ မိစ္ဆာဝိညာဉ်စစ်တပ်ကို စိုက်ကြည့်ပြီး သေခြင်းတရားကို ကြောက်ရွံ့မှုမရှိ ရင်ဆိုင်နေသည်။
သူ သေသွားလျှင်ပင် မိစ္ဆာဝိညာဉ်စစ်တပ်ကို ဒဏ်ရာအပြင်းအထန် ရအောင်လုပ်ဖို့ လိုအပ်သည်။
“ တခြားနည်းလမ်း မရှိတော့ဘူး။ ငါတို့ တိုက်ခိုက်လိုက်ရအောင်”
တခြား ဖြေရှင်းနည်း မရှိတော့သည့်အတွက် ဝမ်ရှန်းယုက သက်ပြင်းချလိုက်မိသည်။
ထို့ကြောင့် ကံကြမ္မာဆိုးကို စောင့်နေသည်ထက် သေခြင်းတရားနှင့် တိုက်ခိုက်သည်က ပိုမိုကောင်းမွန်သည်။
သူတို့ သေသွားလျှင်ပင် တိုက်ပွဲထဲတွင် ဂုဏ်ရှိရှိ သေသွားရမည် ဖြစ်သည်။
သူက ရှန်ထျန်းကို စိတ်အားထက်သန်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်
“ ညီအစ်ကိုရှန်ကို ဒီလိုမျိုး မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေနဲ့ ကြုံရအောင် လုပ်မိလို့ တောင်းပန်ပါတယ်”
သူသာ လေဟာနယ်ကို မဖြဲစုတ်ခဲ့ပါက ရှန်ထျန်း ဒီနေရာသို့ ရောက်ရှိလာမည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ရှန်းယုက သူ ရှန်ထျန်းကို ထိခိုက်အောင် လုပ်မိသည်ဟု ခံစားရကာ စိတ်မကောင်းဖြစ်နေမိသည်။
ရှန်ထျန်းက ခေါင်းယမ်းပြကာ ပြုံးရင်း ပြောလိုက်သည်
“ ကောင်းပါတယ်။ ကျွန်တော်လည်း နှစ်ပေါင်းတစ်ရာကျော် မတိုက်ခိုက်ရတော့ ဒီမိစ္ဆာဝိညာဉ်တွေကို အသုံးချပြီးတော့ သွေးပူလေ့ကျင့်ခန်း လုပ်ရမှာပဲ”
သူက ခန္ဓာကိုယ်ကို အညောင်းအညာဖြေကာ ရွှေရောင်အလင်းတန်းအဖြစ် အသွင်ပြောင်းပြီး မိစ္ဆာဝိညာဉ်စစ်တပ်ဆီဆို့ ဦးတည်သွားသည်။
“ ညီအစ်ကိုရှန် မလုပ်နိုင်ဘူး။ သူတို့က ထိပ်သီး စွမ်းအားကြီး ဝိဇ္ဇာတွေ”
ဝမ်ရှန်းယုက အရမ်းထိတ်လန့်သွားသည့်အတွက် အော်လိုက်သော်လည်း ရှန်ထျန်းကို လုံးဝ မတားလိုက်နိုင်ပေ။
သူ့နဖူးမှ ချွေးစေးများ ကျလာကာ သက်ပြင်းချရင်း ပြောလိုက်သည်
“ ညီအစ်ကိုရှန်က ဘာလို့ အလောတကြီး လုပ်ရတာလဲ”
သူတို့က သာမန်ကျင့်ကြံသူတွေ မဟုတ်ဘူးလေ။ မိစ္ဆာဝိညာဉ်စစ်တပ်ကြီး။ သူတို့ဆီမှာ စွမ်းအားကြီးတဲ့ မိစ္ဆာဝိညာဉ်ကျင့်ကြံသူတွေနဲ့ စွမ်းအားကြီး ဝိဇ္ဇာဖြစ်တဲ့ ငရဲကာကွယ်သူ ဘုရင်ရှိတယ်။ သူတို့အနေနဲ့ အဲလိုပြိုင်ဘက်မျိုးကို ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး
သူတို့ကို မပြောနဲ့ဦး လူသားစွမ်းအားကြီး ဝိဇ္ဇာတစ်ယောက်တောင် သူတို့ကို အနိုင်ယူနိုင်မှာမဟုတ်ပဲ ဒီနေရာမှာတင် တန်းသေသွားလောက်တယ်
ရှန်ထျန်းက စွမ်းအားကြီးပေမဲ့လည်း ငရဲကာကွယ်သူ ဘုရင်ကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို သူ ကောင်းကောင်းသိသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၈၀ တုန်းက ၇ ကြိမ်မြောက် အတိဒုက္ခ မဟာဝိဇ္ဇာကိုပင် သတ်နိုင်ခဲ့သည်။
သို့သော် ၇ ကြိမ်မြောက် အတိဒုက္ခ မဟာဝိဇ္ဇာဖြစ်သည့်အတွက် မဟာဝိဇ္ဇာများထဲမှ အားအနည်းဆုံးဖြစ်သည်။
ငရဲကာကွယ်သူ ဘုရင်က ၁၁ ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီးဝိဇ္ဇာဖြစ်ပြီး ၇ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာထက် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ၄ ကြိမ်ပိုပြီးတော့ ဖြတ်သန်းထားသည်။
ဝိဇ္ဇာတစ်ပါး၏ အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်အသစ်တစ်ခုသို့ လုံးဝ ရောက်ရှိသွားခြင်းမျိုး ဖြစ်သည့်အတွက် ၁၁ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီး ဝိဇ္ဇာနှင့် ၇ ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာတို့ ကြားထဲတွင် မိုးနှင့်မြေလောက် ကွာခြားမှုရှိသည်။
သူတို့သာ တကယ်တိုက်ခိုက်မည်ဆိုပါက ငရဲကာကွယ်သူ ဘုရင်အနေဖြင့် မဟာဝိဇ္ဇာ မိစ္ဆာမီးတောက်ကို သတ်ဖြတ်ဖို့က အရမ်းလွယ်ကူသည်။
မဟာဝိဇ္ဇာအဆင့်သို့ ရောက်ရှိနိုင်သော သူများအားလုံးကို ပြိုင်ဘက်ကင်း ပါရမီရှင်များဟု သတ်မှတ်နိုင်သည်။
သို့သော် မဟာဝိဇ္ဇာအဆင့်မှ စွမ်းအားကြီး ဝိဇ္ဇာအဆင့်သို့ တက်လှမ်းချင်သည်က နှစ်ခုကြားတွင် မိုးနှင့်မြေလိုမျိုး ကွာခြားသည့်အတွက် အင်မတန် ခက်ခဲလှသည်။
အရည်အချင်းသာမက အတွေ့အကြုံကိုလည်း လိုအပ်သည်။
စွမ်းအားကြီး ဝိဇ္ဇာများအားလုံးက နှစ်ပေါင်းတစ်သောင်းအထိ ကျင့်ကြံထားကြသည်။
ရှန်ထျန်း ပျောက်သွားပြီး နှစ်ပေါင်း ၁၈၀ ကျင့်ကြံလျှင်ပင် စွမ်းအားကြီးဝိဇ္ဇာအဆင့်သို့ ရောက်နိုင်မည် မဟုတ်ပေ။
ရှန်ထျန်းတစ်ယောက် တွေဝေမှုမရှိဘဲ တိုးဝင်သွားသည်ကို ကြည့်ပြီး ဝမ်ရှန်းယု စိုးရိမ်နေမိသည်။
သူက အံကြိတ်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ သေစမ်း အဆိုးဆုံးတော့ ငါတို့သေမှာပဲ။ မိစ္ဆာဝိညာဉ်ပေါက်စတွေ မင်းတို့ကိုပါ တစ်ခါထဲ ခေါ်သွားမယ်။
ညီအစ်ကိုရှန် စောင့်ပါဦး အတူတူသွားရအောင်”
ထို့နောက် ဝမ်ရှန်းယုက စွမ်းအားကို လည်ပတ်စေကာ ရှန်ထျန်းနှင့်အတူ တိုက်ခိုက်ချင်သည့်အတွက် ရှန်ထျန်းနောက်သို့ လိုက်သွားသည်။
ပိုင်တိနှင့် ယွဲ့ယူသဲ့က အချင်းချင်း ကြည့်ကာ အော်လိုက်ကြသည်
“ တိုက်ခိုက်ကြ”
သူတို့က သူတို့နှစ်ယောက်နောက်သို့ ထပ်လိုက်သွားသည်။
ငရဲကာကွယ်သူ ဘုရင်၏ မျက်နှာတွင် ရွံရှာမှုများဖြင့် ပြည့်နှက်သွားကာ လှောင်ရယ်ရင်း ပြောလိုက်သည်
“ ရိုင်းစိုင်းတဲ့ အရူးတစ်ယောက်ပဲ။ မင်း သေချင်နေတာပဲ ဖြစ်ရမယ်”
သူ အမိန့်ပေးလိုက်သည့်အခါ မိစ္ဆာဝိညာဉ် စစ်တပ်က သူတို့လေးယောက်ဆီသို့ ဦးတည်သွားလိုက်သည်။
သူတို့၏ မိစ္ဆာအရှိန်အဝါများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ကြောက်စရာကောင်းသော မိစ္ဆာဝိညာဉ် ကျင့်ကြံသူများက မိစ္ဆာအရှိန်အဝါများမှ ထွက်ပေါ်လာကာ စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်များက သူတို့ကို လုံးဝ ဝန်းရံထားသည်။ သူတို့က ယဇ်စင်မြင့်မှတစ်ဆင့် နယ်မြေငါးခုသို့ ရောက်လာကြသော စွမ်းအားကြီးသော မိစ္ဆာဝိညာဉ် ကျင့်ကြံသူများဖြစ်ပြီး အင်မတန ပြိုင်ဘက်ကင်းလှသည်။
ထိုထဲတွင် ဝိဇ္ဇာမိစ္ဆာဝိညာဉ်များ၊ ဝိဇ္ဇာအစစ်အမှန် ဆယ်ယောက်ကျော်နှင့် မဟာဝိဇ္ဇာခုနစ်ပါးပင် ပါဝင်နေသည်။
ထိုကဲ့သို့သော အင်အားစုက အထွတ်အမြတ်မြေတစ်ခုကိုပင် အလွယ်တကူ ဖမ်းဆုပ်လိုက်နိုင်သည်။
စစ်တပ်ကို ဦးဆောင်နေသည့် ငရဲကာကွယ်သူ ဘုရင် ပါလာသည်ကိုတော့ ထည့်ပြောစရာပင် မလိုအပ်တော့ပေ။
မိစ္ဆာဝိညာဉ် အရေအတွက်က သူတို့ သည်းခံနိုင်သောအဆင့်ကို ကျော်လွန်သွားသည့်အတွက် ဝမ်ရှန်းယုနှင့် တခြားသူတို့၏ မျက်နှာထားများ ပြောင်းလဲသွားသည်။
မိစ္ဆာဝိညာဉ်အကုန်လုံးသာ သူတို့ကို တိုက်ခိုက်မည်ဆိုပါက သူတို့ ချက်ချင်း တစ်စစီဖြစ်ကုန်နိုင်သည်။
သို့သော် ရှန်ထျန်းက တည်ငြိမ်နေသည်။
သူက ရှေ့တိုးသွားကာ မိစ္ဆာအရှိန်အဝါထဲသို့ ငါးတစ်ကောင် ရေထဲဝင်သလိုမျိုး ဝင်သွားသည်။
ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ် ၂၀ ကျော်နှင့် ဝိဇ္ဇာ မိစ္ဆာဝိညာဉ်ဆယ်ယောက်က သူ့ဆီ တိုးဝင်လာသည်။ ဝိဇ္ဇာအစစ်အမှန် တချို့ကလည်း ရှန်ထျန်းအပေါ်တွင် သတ်ဖြတ်ခြင်း အစီအရင်ကို အသုံးပြုနေကြသည်။
သူတို့က ရက်စက်ကြမ်းကြုတ်ပြီး သူတို့၏ မိစ္ဆာအရှိန်အဝါများက ကြောက်စရာကောင်းလှသည်။
ကြည့်ရတာ မိစ္ဆာများ ဆင်းသက်လာကာ သေမျိုးလောကကို နှိမ်နင်းချင်နေသည့်ပုံပေါ်သည်။
ကောင်းကင်တွင် မြူခိုးများဖြင့် ပြည့်နှက်နေပြီး ကြက်သီးထစရာကောင်းသော အရှိန်အဝါက ကျောရိုးတစ်လျှောက် ဖြတ်ပြေးသွားသည်။
“ သေလိုက်တော့”
ဝိဇ္ဇာအစစ်အမှန် မိစ္ဆာဝိညာဉ်များက အငြိုးကြီးသရဲများကဲ့သို့ အော်ဟစ်နေသည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံး ဟိန်းထွက်နေသည်။
များပြားသော မိစ္ဆာဝိညာဉ်များက သူတို့၏ ကြောက်စရာကောင်းသော မိစ္ဆာအရှိန်အဝါဖြင့် တိုက်ခိုက်ကာ ရှန်ထျန်းကို ဆွဲဖို့အတွက် ကြောက်စရာကောင်းသော လက်များကို ဖန်တီးနေသည်။
ထိုအချိန်တွင် လေဟာနယ်ကိုပင် တစ်စစီပြုလုပ်နိုင်သော အဆုံးမဲ့ မိစ္ဆာအရှိန်အဝါက နေရာတစ်ခုလုံးကို လွှမ်းမိုးထားသည့်အတွက် ကောင်းကင်က ဖျော့တော့နေသည်။
ကြောက်စရာကောင်းသော အရှိန်အဝါရှိသည့် စွမ်းအားကြီး မိစ္ဆာဝိညာဉ် ကျင့်ကြံသူများ၏ ထိုကဲ့သို့သော တိုက်ခိုက်မှုကို မဟာဝိဇ္ဇာများပင် တားဆီးနိုင်မည် မဟုတ်ပေ။
“ မင်းတို့အားလုံး ငါ ဝိုင်းထားတာကို ခံလိုက်ရပြီလို့ ပြောချင်တယ်”
ရှန်ထျန်း ပြုံးလိုက်ပြီးနောက် သူ့မျက်လုံးထဲမှ ကြယ်အလင်းတန်းများ ထွက်လာသည်။ သူ လက်ဟန်တချို့ ပြုလုပ်လိုက်သည့်အခါ ကြယ်တာရာများ၏ စွမ်းအား ဆင်းသက်လာကာ သူ့ ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာသည်။
အဆုံးမဲ့ ကြယ်အလင်းတန်းက ကောင်းကင်တွင် စုစည်းလာကာ များပြားသော ကြယ်ဓားများကို ဖန်တီးနေသည်။ ဓားတစ်ချောင်းချင်းစီ၏ အရှိန်အဝါက ဖျက်စီးစွမ်းအားပါသော အထွတ်အထိပ် အံ့ဖွယ်လက်နက်ကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသည်။
“ ဘာလဲ… ဒီစွမ်းအားက ဘာလို့ အရမ်းကြောက်ဖို့ ကောင်းနေရတာလဲ”
“ ဒီတိုက်ကွက်ကို တားဆီးလို့မရဘူး။ မြန်မြန် ထွက်ပြေးတော့”
မိစ္ဆာဝိညာဉ်များ၏ မျက်နှာထားများပြောင်းလဲသွားကာ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ရှိ ကြယ်ဓားများက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို အာရုံခံနိုင်ပြီး သူတို့ကို အလွယ်တကူ သတ်လို့ရသည်ဆိုတာကို သိသွားသည်။
ထိုလူသားက ကြောက်စရာကောင်းသော ခွန်အားကို လွှတ်ထုတ်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်များက ပြင်းထန်သော အရှိန်အဝါ၏ ဖိနှိပ်မှုကြောင့် ခန္ဓာကိုယ်အားနည်းသွားကာ လုံးဝ ပြန်လည် တွန်းလှန်နိုင်ခြင်း မရှိတော့ပေ။
ဝိဇ္ဇာအစစ်အမှန်များပင် ကြောက်ရွံ့တုန်လှုပ်နေသည်။
မိစ္ဆာဝိညာဉ်များက ချက်ချင်း ထွက်ပြေးချင်နေသော်လည်း ရှန်ထျန်းက သူတို့ကို အခွင့်အရေး မပေးပေ။ သူ လက်ယမ်းလိုက်သည့်အခါ မရေတွက်နိုင်သော ကြယ်ဓားများက ပြိုင်ဘက်ကင်းစွမ်းအားဖြင့် သူတို့ဆီသို့ ဦးတည်လာကြသည်။
သူတို့က လေဟာနယ်ကို ဖြတ်သန်းကာ လေဟာနယ်ထဲတွင် မရေတွက်နိုင်သော အက်ကြောင်းကို ဖန်တီးလိုက်သည်။
ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်က ပေါက်ကွဲထွက်သွားကာ ပြင်းထန်သော စွမ်းအားကြောင့် သူတို့၏ ခန္ဓာကိုယ်လည်း သွေးမြူခိုးအဖြစ် ပြောင်းလဲသွားသည်။
ဝိဇ္ဇာမိစ္ဆာဝိညာဉ်ဆယ်ယောက်လည်း ကြယ်ဓားနှင့် ထိတွေ့မိသည့်အခါ ချက်ချင်း ပေါက်ကွဲသွားကြပြီး သူတို့၏ ခန္ဓာကိုယ်များလည်း အသားတုံးများဖြစ်သွားကြသည်။
ဝိဇ္ဇာအစစ်အမှန် မိစ္ဆာဝိညာဉ်များအနေဖြင့် ဓားတစ်ချောင်းကိုပင် တားဆီးနိုင်ခြင်း မရှိပေ။ သူတို့က အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။
ခဏအတွင်းမှာပင် စွမ်းအားကြီးသော မိစ္ဆာဝိညာဉ် ကျင့်ကြံသူများ သေဆုံးသွားသည်။ ကျန်ရှိနေသည်က လက်ချောင်းများသာ ဖြစ်ပြီး ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။
“ ရဲတင်းလိုက်တာ”
မဟာဝိဇ္ဇာနှစ်ပါးက ဒေါသထွက်ကာ ရှန်ထျန်းဆီသို့ ဦးတည်လာနေကြသည်။ သူက စွမ်းအားကြီးပြီး စွမ်းအားကြီး မိစ္ဆာဝိညာဉ်ကျင့်ကြံသူများကို သတ်နိုင်မည်ဟု ထင်မထားခဲ့ပေ။
သူတို့နှစ်ယောက်က ရှန်ထျန်းကို သတ်ချင်နေသည့်အတွက် သွေးဆာသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
သို့သော် ရှန်ထျန်းက လေထဲတွင် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မလှုပ်မယှက် မတ်တပ်ရပ်နေသည်။
သူက ညာဖက်လက်ကို ဖြည်းဖြည်းချင်း မတင်ကာ ကြယ်အလင်းတန်းက သူ့ခန္ဓာကိုယ်မှတစ်ဆင့် ပြန်လည်တောက်ပလာပြီး ကြယ်တာရာ၏ စွမ်းအားများကို ဆွဲဆောင်နေသည်။
အဆုံးမဲ့ ကြယ်အလင်းတန်းက သူ့လက်ထဲတွင် စုစည်းနေကာ တောက်ပသော အလင်းတန်းကို ထုတ်လွှတ်နေသည်။
ရှန်ထျန်းက ညာဖက်လက်ကို မြှောက်ကာ မဟာဝိဇ္ဇာနှစ်ယောက်ကို ထိုးနှက်လိုက်သည်။
သူ၏ ထိုးနှက်ချက်က ကောင်းကင်ကို ကွဲအက်သွားစေပြီး ပင်လယ်ပြင်ကို လှိုင်းဂယက်ထသွားစေသည်။
ရှန်ထျန်း၏ ထိုးနှက်မှုက ပြိုင်ဘက်ကင်း ခွန်အားဖြင့် ပြည့်နှက်နေသည်။
ခဏအတွင်းမှာပင် အဆုံးမဲ့ ကြယ်အလင်းတန်းက ရှန်ထျန်း၏ လက်ဖဝါးထဲတွင် စုစည်းသွားသည်။ ကြယ်အလင်းတန်းက တောင်တန်းနှင့် မြစ်များကို ဖြိုခွင်းနိုင်သည့် အရှိန်အဝါပါသော ပြိုင်ဘက်ကင်း လက်သီးအဖြစ် အသွင်ပြောင်းသွားသည်။
ဒုန်း…
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာကာ မီးခိုးနှင့် ဖုန်မှုန့်များ လေထဲသို့ ပျံ့နှံ့သွားသည်။
မြေပြင်တစ်ခုလုံးက ပြိုလဲတော့မလိုမျိုး လှုပ်ယမ်းသွားသည်။
မီးခိုးနှင့် ဖုန်မှုန့်များ ပျောက်ကွယ်သွားသည့်အခါ ရှန်ထျန်းရှေ့တွင် ပေတစ်သိန်းနက်သော အပေါက်ကြီးတစ်ခုမှလွဲပြီး ဘာမှမကျန်ရှိတော့ပေ။
ပြိုင်ဘက်ကင်း လက်သီးများက မဟာဝိဇ္ဇာနှစ်ယောက်ကို ရှင်းထုတ်လိုက်ပြီး သူတို့၏ ဝိညာဉ်များပင် သေဆုံးခြင်း ကံကြမ္မာဆိုးမှ မလွတ်မြောက်နိုင်ပေ။
ရှန်ထျန်းကတော့ မဟာဝိဇ္ဇာနှစ်ယောက်မဟုတ်ဘဲ ပုရွက်ဆိတ်နှစ်ကောင်ကိုသာ သတ်လိုက်သလိုမျိုး တည်ငြိမ်နေသည်။
သူက ဆက်လက်တိုက်ခိုက်နေကာ မိစ္ဆာဝိညာဉ်များစွာကို သတ်ဖြတ်နေသည်။
ရှန်ထျန်း၏ ကြောက်စရာကောင်းသော ထိုးနှက်များက မိစ္ဆာဝိညာဉ်များကို တိုက်ရိုက်ချေမှုန်းလိုက်သည်။
အဆုံးမဲ့ ကြယ်အလင်းတန်းက မရေတွက်နိုင်သော ကြယ်ဓားများကို ဖန်တီးကာ ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုဓားများက ဝိဇ္ဇာမိစ္ဆာဝိညာဉ်များကို ထိုးဖောက်သွားကာ သူတို့၏ ဝိညာဉ်များကို အလွယ်တကူ နှိမ်နင်းနေသည်။
မိစ္ဆာဝိညာဉ်စစ်တပ်များ အရေအတွက် လျော့နည်းလာသည်ကို မျက်စိရှေ့တွင် မြင်နေရသည်။
ဝမ်ရှန်းယုနှင့် တခြားသူများလည်း ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။ သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု၊ မယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ဝမ်ရှန်းယုက အံ့ဩမှင်သက်စွာဖြင့် တံတွေးကို မျိုချလိုက်မိသည်။
“ သေစမ်း ညီအစ်ကိုရှန်က အရမ်းစွမ်းအားကြီးတာပဲ။
နှစ်ပေါင်း ၁၈၀ ကြာပြီး ပြန်ပေါ်လာတဲ့အချိန် ညီအစ်ကိုရှန်က ဒီလောက်အထိ စွမ်းအားကြီးပြီးတော့ မဟာဝိဇ္ဇာကို အလွယ်တကူ သတ်နိုင်လိမ့်မယ်လို့ ထင်မထားဘူး။
ညီအစ်ကိုရှန်သာ ရှိနေရင် ဘာများ အံ့ဩဖို့ ရှိဦးမှာလဲ”
ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်က မိစ္ဆာဝိညာဉ်စစ်တပ်ကို တစ်ယောက်ထဲ တားနိုင်လောက်သည်အထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယွဲ့ယူသဲ့နှင့် ပိုင်တိက အပျော်လွန်သွားကြသည်။
ရှန်ထျန်းက မိစ္ဆာဝိညာဉ်များ ဘာမှမလုပ်ခင် သတ်ပစ်လိုက်နိုင်သည်။
သူတို့ အသက်ရှင်နေနိုင်တော့မယ်
မဟုတ်ဘူး…သူတို့ သေချာပေါက် အသက်ရှင်တော့မယ်
ငရဲကာကွယ်သူ ဘုရင်က ကြောက်လန့်နေပြီး ကြက်သီးမွေးညင်းထနေသည်။
ဒီကောင်လေးက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ သူက စွမ်းအားကြီးရုံတင် မကသေးဘူး။ တိုက်ခိုက်မှုစွမ်းရည်ကလည်း မြင့်မားတယ်
ငရဲကာကွယ်သူ ဘုရင်ပင် ထိုကဲ့သို့သော စွမ်းအားကြီး မိစ္ဆာဝိညာဉ်ကျင့်ကြံသူများကို တစ်ချိန်တည်းမှာ မသတ်ဖြတ်နိုင်ပေ။
သူက တကယ်ကို ပြဿနာကြီးပဲ။ ငါ သူ့ကို သတ်ရမယ်
အားလုံးက ထိပ်သီး မိစ္ဆာဝိညာဉ်များဖြစ်ကြပြီး အကုန်လုံးကို ရှင်းထုတ်လိုက်ပါက ဖြစ်လာမည့်အကျိုးဆက်ကို သူ တာဝန်မယူနိုင်ပေ။
“ ကောင်လေး သွားသေလိုက်တော့”
ငရဲကာကွယ်သူ ဘုရင်က ဆက်ပြီး လက်ပိုက်ကြည့်မနေနိုင်တော့သည့်အတွက် ဟစ်ကြွေးရင်း ရှေ့တက်သွားလိုက်သည်။
အနက်ရောင် နတ်ဆိုးမီးတောက်များက သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး တုန်လှုပ်ခြောက်ခြားစရာကောင်းသော မြင်ကွင်းတစ်ခုကို ထုတ်ဖော်ပြသနေသည်။
ဤနတ်ဆိုးမီးတောက်များက မိစ္ဆာအရှိန်အဝါ၏ စွမ်းအားများနှင့် ပြည့်နှက်နေပြီး ဝိဇ္ဇာကျင့်ကြံသူများကို ပြာဖြစ်သွားအောင် လောင်ကျွမ်းနိုင်သည်။
ငရဲကာကွယ်သူဘုရင်၏ ပြင်းထန်သော အရှိန်အဝါက ရှန်ထျန်းဆီသို့ ပြင်းထန်သော လှိုင်းဂယက်များကဲ့သို့ ထိုးဖောက် ဝင်ရောက်နေသည်။ သူ၏ မျက်ဆံများက သွေးရောင်နေကဲ့သို့ နီရဲနေသည်။ သူတို့မျက်လုံးထဲသို့ စိုက်ကြည့်မိပါက ဝိညာဉ်များ စိတ်ဓာတ်ပျက်ပြားသွားကာ သွေးဆာရူးသွပ်နေသည့် နတ်ဆိုးများ ဖြစ်သွားနိုင်သည်။
ထိပ်သီး ၁၁ ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီး ဝိဇ္ဇာဖြစ်သည့် ငရဲကာကွယ်သူ ဘုရင်က နောက်ဆုံးတော့ လှုပ်ရှားနိုင်သွားပြီဖြစ်သည်။
သူက ပြင်းထန်သော အရှိန်အဝါနှင့်အတူ လေထဲတွင် ရပ်နေပြီး အဆုံးမဲ့ စည်းမျဉ်းများကို ကမောက်ကမဖြစ်သွားစေသည်။
မိစ္ဆာဝိညာဉ်များနှင့် အငြိုးကြီးသရဲများ အော်ဟစ်နေသကဲ့သို့ လေထုထဲတွင် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
အနက်ရောင်မီးတောက်က အရာအားလုံးကို လောင်ကျွမ်းနိုင်စွမ်းရှိသည့်ပုံပေါ်သည်။
ဝမ်ရှန်းယုနှင့် တခြားသူများက အံ့ဩမှင်သက်သွားကြကာ မျက်လုံးထဲတွင်လည်း ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။
ထိုစွမ်းအားက အရမ်းကြောက်ဖို့ကောင်းသည့်အတွက် သူတို့ တုန်ရီနေမိသည်။
ငရဲကာကွယ်သူ ဘုရင်က စွမ်းအားကြီး ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်ပြီး မဟာဝိဇ္ဇာကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
ရှန်ထျန်းက ငရဲကာကွယ်သူ ဘုရင်ကို အနိုင်ယူနိုင်မလားဆိုတာကို သိချင်နေကြသည်။
ထိုအချိန်တွင် ဝမ်ရှန်းယုတို့က စိုးရိမ်လာကြသည်။
ရက်စက်သော ငရဲကာကွယ်သူ ဘုရင်က ယုတ်မာသည့်လေသံဖြင့် ပြောလိုက်သည်
“ ကောင်လေး မင်းက ငါတို့ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြံအစည်တွေကို ဖျက်စီးရဲတယ်။ ငါ အစတုန်းက မင်းရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီးတော့ အရှင်အထွတ်အမြတ်ဝိညာဉ်ကို ကြိုဆိုဖို့အတွက် ကောင်းကင်မီးအိမ်ကို လင်းလက်အောင် လုပ်ဖို့…”
ရှန်ထျန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်
“ အရမ်းနားညီးတာပဲ”
သူ လေထဲသို့ ပျံတက်သွားကာ ငရဲကာကွယ်သူ ဘုရင်ဆီသို့ ဦးတည်သွားလိုက်သည်။
ကောင်းတာပေါ့ ငါ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ငါ စမ်းသပ်နေတာပဲ
၁၁ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီးဝိဇ္ဇာတဲ့လား
ဟား…ဟား…ဟား… ငါ့ရဲ့ လက်သီးချက် ဘယ်နှစ်ချက်ကို ခံနိုင်မလဲဆိုတာ သိချင်မိတယ်
ရှန်ထျန်း၏ ခန္ဓာကိုယ်က ဓားတစ်ချောင်းနှင့်တူပြီး သွားရာလမ်းတစ်လျှောက်တွင် ရွှေရောင်အလင်းတန်းကို ချန်ထားခဲ့သည်။ သူက အဆုံးမဲ့လေဟာနယ်ကို ဖြတ်သန်းသွားကာ ငရဲကာကွယ်သူ ဘုရင်ဆီသို့ ဦးတည်သွားသည်။
ရှန်ထျန်းက လက်သီးကို ပင့်တင်ကာ ကောင်းကင်အံ့ဖွယ်လက်သီးကို အသက်သွင်းလိုက်သည်။
အဆုံးမဲ့ ကြယ်အလင်းရောင် ထွက်ပေါ်လာကာ ရှန်ထျန်းကို လွှမ်းခြုံသွားပြီး တောက်ပသော အလင်းတန်းကို ထုတ်လွှတ်နေသည်။
သူ့အရှိန်အဝါက တောင်တန်းများကို ဖြိုချပြီး ကြယ်တာရာများကို ဖျက်စီးနိုင်သည့် ကြောက်လန့်စရာကောင်းသော အခြေအနေသို့ ရောက်ရှိသွားသည်။
“ သေချင်နေတာပဲ”
ငရဲကာကွယ်သူ ဘုရင်က ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး သူကလည်း လက်သီးဖြင့် ရှန်ထျန်းကို ထိုးလိုက်သည်။
၁၁ ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီးဝိဇ္ဇာဖြစ်သည့်အပြင် ငရဲကာကွယ်သူ ဘုရင်က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ဆန်းကြယ်ပညာရပ်များကို ကျင့်ကြံကာ သူတို့၏ ခန္ဓာကိုယ်ခွန်အားကလည်း ကောင်းမွန်သည်။
ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရ သူက ထာဝရတစ်ပိုင်း ကျင့်ကြံသူနှင့်ပင် နှိုင်းယှဉ်လို့ရသည်။
ရှန်ထျန်းက သူနဲ့ လာပြီးယှဉ်ချင်နေတာဆိုတော့ သေချင်နေတာပဲ ဖြစ်ရမယ်
ငရဲကာကွယ်သူ ဘုရင်၏ လက်သီးက အနက်ရောင် နတ်ဆိုးမီးတောက်ဖြင့် လွှမ်းခြုံသွားကာ ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ လက်ကိုယမ်းခါရင်း လေဟာနယ်ကို ဖြတ်သန်းသွားနိုင်သည်။
အချိန်ခဏအတွင်းမှာပင် ကမ္ဘာလောကကြီး ပြိုလဲတော့မလို ဖြစ်သွားသည်။ သရဲများနှင့် နတ်ဆိုးများ၏ ညည်းညူသံများကို ကြားနိုင်သည်။ သွေးမိုးထဲတွင် မိုးများခြိမ်းနေပြီး လျှပ်စီးလက်နေသည့်အတွက် ကြက်သီးမွေးညင်းထသွားစေသည်။
ငရဲကာကွယ်သူ ဘုရင်က ဤနယ်မြေကို ပြောင်းပြန်လှန်ပစ်မည့် ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာကောင်ကဲ့သို့ တိုက်ခိုက်လိုက်သည်။
ရှန်ထျန်းက လုံးဝ မကြောက်ပေ။ ရှန်ထျန်း၏ လက်သီးမှ မျက်စိကျိန်းစေသော အလင်းတန်းကို ထုတ်လွှတ်နေသည်။
ဝုန်း…
သူတို့နှစ်ယောက် ထိတိုက်မိသွားသည့်အခါ ပြိုင်ဘက်ကင်း အရှိန်အဝါများက ကောင်းကင်ကို စုတ်ပဲသွားစေကာ မရေတွက်နိုင်သော အက်ကွဲကြောင်းများနှင့် အပေါက်များ ထွက်ပေါ်လာသည်။
အာကာပြင် အစိတ်အပိုင်းများ ပြိုလဲသွားကာ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။
အဆုံးမဲ့ အံ့ဖွယ်စွမ်းအင်များက အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။
အားလုံးက အံ့ဩမှင်သက်သွားကြသည်။ သူတို့က ဤတိုက်ခိုက်မှု၏ အနိုင်ရသူက ဘယ်သူလဲဆိုတာကို သိရဖို့အတွက် စိတ်အားထက်သန်နေသည်။
ဂျွတ်…
အရိုးကျိုးသံတစ်သံ ထွက်ပေါ်လာသည်။
ငရဲကာကွယ်သူ ဘုရင်က မိုင်ပေါင်းရာချီပြီး နောက်သို့လွင့်ထွက်သွားသည်။
“ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ”
ငရဲကာကွယ်သူ ဘုရင်က ကြောက်ရွံ့သွားကာ စကားနှင့် ဖော်ပြလို့မရနိုင်သော နာကျင်မှုကို ခံစားနေရသည့်အတွက် ချွေးစေးများဖြင့် ပြည့်နှက်နေသည်။
ငရဲကာကွယ်သူ ဘုရင်ရဲ့ ညာဖက်လက်မောင်း မရှိတော့ဘူး။ နောက်ထပ် ဘာမှ မရှိတော့ဘူး
ငရဲကာကွယ်သူ ဘုရင်က ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ဂုဏ်ယူနေခဲ့သော်လည်း ရှန်ထျန်းနှင့် ထိပ်တိုက်တွေ့သည့်အခါ သူ၏ ညာဖက်လက်က ပြုတ်ထွက်သွားသည်။
ငရဲကာကွယ်သူ ဘုရင်က အချိန်မှီ ပြန်မဆုတ်နိုင်သည့်အတွက် လက်သီးချက်ကြောင့် သေမလိုဖြစ်နေသည်။
သူ့အကြည့်ထဲတွင် ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်နေသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်က ဒီလောက်ထိ ကြံ့ခိုင်နေမည်ဟု ငရဲကာကွယ်သူဘုရင် ထင်မထားခဲ့ပေ။ ရှန်ထျန်းနှင့် တိုက်ခိုက်သည့်အခါ ဥက္ကာခဲနှင့် တိုက်မိသလိုမျိုး ခံစားသွားရစေပြီး တိုက်ခိုက်မှုများကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ့ဘေးပတ်လည်တွင် ကြယ်အလင်းတန်းရှိနေသော ရှန်ထျန်းက ထိခိုက်ဒဏ်ရာ လုံးဝမရပေ။
သူ ဧရာမစွမ်းပကားရှင်အဆင့်သို့ ရောက်ရှိသွားကတည်းက သူ့ ခန္ဓာကိုယ်၏ ခွန်အားကလည်း အဆမတန် တိုးတက်လာသည်။
သူ၏ ခန္ဓာတည်ဆောက်ပုံဖြစ်သော ရှုပ်ထွေးပွေလီ ရွှေခန္ဓာနှင့် ပေါင်းစပ်လိုက်လျှင် ရှန်ထျန်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ထာဝရတစ်ပိုင်း ကျင့်ကြံသူများထက် ကျော်လွန်သည်။
သူက လက်သီးများဖြင့် ကမ္ဘာလောကကို ဖျက်စီးနိုင်သည့် မျောက်ဝံတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ဝမ်ရှန်းယုတို့ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။
သူတို့က ရှန်ထျန်း မဟာဝိဇ္ဇာမိစ္ဆာဝိညာဉ်ကို အလွယ်တကူ တိုက်ခိုက်ပြီး သတ်လိုက်နိုင်သည်ကို ကြည့်ပြီး အလွန်အမင်း အံ့ဩမှင်သက်နေမိသည်။
ချီရှောက်ရွှမ်ကဲ့သို့ မဟာဝိဇ္ဇာနှင့် ယှဉ်နိုင်သည့် ပါရမီရှင်က အနည်းငယ်သာရှိသည်။ ဝမ်ရှန်းယု၊ ယွဲ့ယူသဲ့နှင့် တခြားသူတို့လည်း မဟာဝိဇ္ဇာကို တိုက်ခိုက်နိုင်သည်။
သို့သော် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းက မတူညီသောအရာနှစ်ခု ဖြစ်သည်။
ဝမ်ရှန်းယုသာ မဟာဝိဇ္ဇာတစ်ပါးကို သတ်မည်ဆိုပါက များပြားသော တန်ကြေးကို ပေးဆပ်ရမည် ဖြစ်သည်။
မဟာဝိဇ္ဇာကို သတ်နိုင်သည့် ရှီထျန်းကျီကဲ့သို့သော ပါရမီရှင်များလည်း ရှိသည်။
သို့သော် ရှန်ထျန်း လက်ဖျောက်တီးသလိုမျိုး သတ်သွားသည်ကိုတော့ မလုပ်နိုင်လောက်ပေ။
စွမ်းအားကြီး ဝိဇ္ဇာကို လွှမ်းမိုးခြင်းကိုတော့ သူ့မျိုးဆက်မှ ဘယ်ပါရမီရှင်မှ မလုပ်နိုင်တော့ပေ။
ယခုလက်ရှိတွင် ရှန်ထျန်းက ထိပ်သီး ၁၁ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီး ဝိဇ္ဇာကို ဖိနှိပ်ရုံသာမက ဒဏ်ရာပြင်းထန်စွာ ရရှိအောင်ပါ လုပ်နိုင်ခဲ့သည်။
ထိုကဲ့သို့သော တိုက်ပွဲစွမ်းရည်က ထိတ်လန့်စရာကောင်းလှသည်။
အံ့ဩဖို့ကောင်းလိုက်တာ
ဝမ်ရှန်းယုနှင့် ယွဲ့ယူသဲ့တို့က အချင်းချင်းစိုက်ကြည့်နေပြီး အံ့ဩနေကြသည်။
သူတို့ မနေနိုင်ပဲ ချီးကျူးလိုက်ကြသည်
“ ကံကြမ္မာသားတော်ကတော့ ထင်ထားတဲ့အတိုင်း အရမ်းစွမ်းအားကြီးတာပဲ”