← Chapters

မိစ္ဆာဝိညာဉ်များထက် ပိုမိုရက်စက်ကြမ်းကြုတ်သော အံ့ဖွယ်မိုးကောင်းကင် သူတော်စင်

Vol. 31 Ch. 465

မိစ္ဆာဝိညာဉ်များထက် ပိုမိုရက်စက်ကြမ်းကြုတ်သော အံ့ဖွယ်မိုးကောင်းကင် သူတော်စင်

Vol. 31 Ch. 465

အခန်း (၄၆၅) : မိစ္ဆာဝိညာဉ်များထက် ပိုမိုရက်စက်ကြမ်းကြုတ်သော အံ့ဖွယ်မိုးကောင်းကင် သူတော်စင်

ငရဲကာကွယ်သူ ဘုရင်၏ မျက်နှာထားပေါ်တွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားမျိုး ရှိနေသည်။

မမျှော်လင့်ထားစွာဖြင့် သူက ဂျူနီယာလေးတစ်ယောက်၏ လက်ထဲတွင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

သူ့ ဒဏ်ရာများက အင်မတန် ပြင်းထန်ပြီး သူ့ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေသည့် ကြယ်တာရာ စွမ်းအားကြောင့် သူ့ လက်မောင်းက လိမ်သွားသည်။

ကြယ်တာရာစွမ်းအားက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကို စုပ်ယူပြီး ကိုယ့်ကိုယ်ကို လောင်ကျွမ်းနေ‌စေသည်။

မဟာဝိဇ္ဇာများကို ထိုအရာကို မငြိမ်းသတ်နိုင်ပေ။

“ မင်းကတော့”

ငရဲကာကွယ်သူ ဘုရင်က ကျိန်ဆဲလိုက်သည်။ သူ၏ ကျိုးနေသော လက်မောင်း သွေးထွက်ရပ်သွားအောင် သူ့ ဒဏ်ရာများကို ခဏတာ တည်ငြိမ်သွားအောင်သာ လုပ်နိုင်သည်။

သို့သော် ပြင်းထန်သော နာကျင်မှုက သူ့နှလုံးသားကို ဓားနှင့် ထိုးဖောက်နေသလိုမျိုး သည်းမခံနိုင်လောက်အောင် ဖြစ်နေသည်။

ငရဲကာကွယ်သူ ဘုရင်က နာကျင်သည့်အတွက် ခေါင်းပင် ကိုက်လာကာ နဖူးမှ ချွေးစေးများပင် စီးကျနေသည်။

“ လူယုတ်မာ ငါ မင်းကို သတ်မယ်”

သူက နယ်မြေပိတ်ဆို့ရေးအပြားကို အသက်သွင်းကာ ရှန်ထျန်းကို တိုက်ခိုက်လိုက်သည်။

ထိုအခိုက်အတန့်အတွင်းမှာပင် နယ်မြေပိတ်ဆို့ရေးအပြားက အဆုံးမဲ့ ထာဝရအလင်းတန်းဖြင့် ပေါက်ကွဲထွက်သွားကာ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက ထွက်ပေါ်လာသည်။

လေဟာနယ်စွမ်းအင် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အာကာပြင်ကို ပြင်းထန်စွာ တုန်ခါစေပြီး ကောင်းကင်နှင့် နေမင်းကို တုန်ခါသွားစေသည်။

အထွတ်အထိပ် ထာဝရအသုံးအဆောင်ပစ္စည်းများက ၁၁ ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီး ဝိဇ္ဇာ၏ လက်ထဲတွင် ပေါက်ကွဲထွက်သွားသည်။

အာကာပြင်ကို ပိတ်ဆို့ထားသည့်အတွက် အာကာပြင်ကို စည်းမျဉ်းများဖြင့် တုန်ခါသွားစေပြီး ဤနေရာကို ပျက်စီးသွားစေသည်။

ငရဲကာကွယ်သူ ဘုရင်၏ အကြည့်ထဲတွင် ရက်စက်မှုတို့ ဖြတ်ပြေးသွားကာ ရက်စက်ကြမ်းကြုတ်စွာ ရယ်လိုက်သည်။

ရှန်ထျန်းတွင် စွမ်းအားကြီးသော ခန္ဓာကိုယ်ရှိပြီး သူ့ စွမ်းအားက သူ့ထက် သာလွန်နေသည်။

သူက ၁၁ ကြိမ်မြောက် အတိဒုက္ခဖြတ်ကျော်ခြင်းကို ကျော်လွှားနိုင်သည့်အပြင် နယ်မြေပိတ်ဆို့ရေးအပြားကဲ့သို့ အထွတ်အထိပ် ထာဝရအသုံးအဆောင်ပစ္စည်းများလည်း ရှိနေသည့်အတွက် မဟာဝိဇ္ဇာများကိုပင် သတ်နိုင်သည့်အတွက် ဂျူနီယာတစ်ယောက်ကို စကားထဲပင် ထည့်ပြောစရာမလိုတော့ပေ။

နယ်မြေပိတ်ဆို့ရေးအပြားက မရပ်တန့်သော စွမ်းအားဖြင့် ထွက်ပေါ်လာကာ ပြိုင်ဘက်ကင်း ကြောက်စရာကောင်းသော လှုပ်ခတ်မှုများဖြင့် ပေါက်ကွဲသွားသည်။

ထိုအရာက လေထဲတွင် ပျံသန်းနေပြီး အဆုံးမဲ့ လေဟာနယ်စွမ်းအားကို ထုတ်လွှတ်နေကာ အာကာပြင်ထဲရှိ သတ္တဝါများအားလုံးကို ရှင်းလင်းပစ်ချင်နေသည့်ပုံပေါ်သည်။

သူတို့ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဝမ်ရှန်းယုတို့၏ နှလုံးသားများ တုန်ရီသွားကြပြီး သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုတို့ဖြင့် ဖြတ်ပြေးနေသည်။

ထိုအရာက သူတို့ကို ထိန်းချုပ်နိုင်ဆုံးသော အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။ ပြင်းထန်သော စွမ်းအား ပါဝင်သည့်အတွက် ခုခံဖို့ မဖြစ်နိုင်ပေ။

သူတို့သာ အထဲမှာ ဖမ်းမိသွားပါက သူတို့ ခန္ဓာကိုယ်များ ပေါက်ကွဲပြီး သေသွားမည်ဖြစ်သည်။

ရှန်ထျန်း၏ မျက်နှာထား အေးစက်နေကာ သူ့ရှေ့တွင် စစ်တုရင်ခုံတစ်ခု ထွက်ပေါ်လာသည်။ စစ်တုရင်ခုံပေါ်ရှိ ကြယ်များ၏ နေရာကို သေချာရှင်းလင်းစွာ သတ်မှတ်ထားပြီး အနက်ရောင်နှင့် အဖြူရောင်နယ်ရုပ်များက သီးခြားဖြစ်နေသည်။

သူက အနက်ရောင်နယ်ရုပ်ကို ယူလိုက်ကာ အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းထွက်လာပြီး တောက်ပနေသည်။

အနက်ရောင်နယ်ရုပ်က သေးငယ်ပြီး အထူးကောင်းမွန်ပြီး ကမ္ဘာငယ်ကဲ့သို့ ခမ်းနားသော စွမ်းအားကို လွှတ်ထုတ်နေသည်။

ကြယ်စွမ်းအားကို လမ်းဖောက်ပေးလိုက်သည့်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လင်းလက်သွားစေသည်။

ရှန်ထျန်းက အသာအယာ လက်ဖျောက်တီးလိုက်သည့်အခါ အနက်ရောင်နယ်ရုပ် ပေါက်ကွဲထွက်သွားကာ အဆုံးမဲ့လေဟာနယ်ကို ဖြတ်သန်းသွားသော အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ နယ်မြေပိတ်ဆို့ရေးအပြားနှင့် တိုက်မိသွားသည်။

“ ဟား…ဟား…ဟား…နယ်ရုပ်လေးတစ်ရုပ်က ငါ့ရဲ့ အထွတ်အထိပ် ထာဝရလက်နက်နဲ့ ပြိုင်ဆိုင်ချင်နေတယ်တဲ့လား”

ငရဲကာကွယ်သူ ဘုရင်က လှောင်ရယ်လိုက်သည်။ သူက နယ်မြေပိတ်ဆို့ရေးအပြားကို ဈေးကြီးပေးပြီး ငှားခဲ့ရသည်။

ဤအရာက တစ်ချိန်တည်းမှာ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းကို ပြုလုပ်နိုင်သည့် အထွတ်အထိပ်အဆင့် ထာဝရ အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။ သာမန် နတ်ဧကရာဇ်တစ်ပိုင်း အသုံးအဆောင်ပစ္စည်းပင် ထိုအရာနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ရှန်ထျန်းက နယ်မြေပိတ်ဆို့ရေးအပြားကို  နယ်ရုပ်တစ်ခု အသုံးပြုပြီးတော့ တားမြစ်ချင်နေတာလား

ဒါက ဘယ်လို ဟာသမျိုးလဲ။ ဒီနယ်ရုပ်ကို အထွတ်အထိပ်အဆင့် အသုံးအဆောင်ပစ္စည်းများ ထင်နေလား

အဲဒါသာ အမှန်ဆိုရင် ငါ ပိတ်ဆို့ရေးအပြားကို စားပစ်လိုက်မယ်

ရှန်ထျန်း ဟန်ဆောင်လိမ်ညာနေသည်ဟု အခိုင်အမာယုံကြည်သည့်အတွက် ငရဲကာကွယ်သူ ဘုရင်၏ မျက်နှာက ရွံရှာမှုတို့ဖြင့် ပြည့်နှက်သွားသည်။

ဝုန်း…

အချိန်ခဏအတွင်းမှာပင် အနက်ရောင် နယ်ရုပ်နှင့် နယ်မြေပိတ်ဆို့ရေးအပြားတို့ တိုက်မိသွားကာ ပေါက်ကွဲသွားပြီး မီးပွားများကို နေရာအနှံ့သို့ လွင့်စင်သွားစေသည်။

ကြောက်စရာကောင်းသော အံ့ဖွယ်စွမ်းအားက ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခွင် ပျံ့နှံ့သွားကာ မိုးမြေကို တုန်လှုပ်စေသည့် မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

ငရဲကာကွယ်သူ ဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ နယ်ရုပ်တစ်ခုက အထွတ်အထိပ်အဆင့် ထာဝရလက်နက်ကို ခုခံနိုင်သည့် စွမ်းအားမျိုး လွှတ်ထုတ်နိုင်သည်ဟု မထင်ထားခဲ့ပေ။

သူ အနိုင်ရပြီဟုသာ အပိုင်တွက်ထားသည့်အတွက် စိတ်ထဲမထားပေ။

မီးတောက်များ လွင့်စင်ပပျောက်သွားပြီး ငရဲကာကွယ်သူ ဘုရင် မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိုနေရာတွင်ပင် အေးစက်တောင့်တင်းသွားသည်။

အထွတ်အထိပ် ထာဝရအသုံးအဆောင်ပစ္စည်းဖြစ်သည့် နယ်မြေပိတ်ဆို့ရေးအပြားက ပေါက်ကွဲသွားကာ အနက်ရောင်နယ်ရုပ်နှင့် တိုက်မိပြီး အမှုန့်အဖြစ် တစ်စစီဖြစ်သွားသည်။

ငရဲကာကွယ်သူ ဘုရင်၏ အကြည့်ထဲတွင် ထိတ်လန့်မှု၊ မယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။

“ ဒါက ဘယ်လိုလက်နက်မျိုးလဲ”

နယ်ရုပ်တစ်ခုရဲ့ စွမ်းအားက အထွတ်အထိပ်အဆင့် ထာဝရလက်နက်ကို ဖျက်စီးနိုင်တယ်တဲ့လား

ဒါက ဟာသတစ်ခုလား

ဘာလို့ ဒီလောက်ထိ အထင်ကြီးစရာကောင်းတဲ့ အသုံးအဆောင်ပစ္စည်းမျိုး ရှိနေရတာလဲ

ပြီးတော့ သူ့ရှေ့မှာရှိနေတဲ့ စစ်တုရင်ခုံပေါ်မှာ အနက်ရောင်နယ်ရုပ်တွေရော အဖြူရောင်နယ်ရုပ်တွေရော ရှိတယ်။ တစ်ခုချင်းစီက အရမ်းစွမ်းအားကြီးတယ်ဆိုရင် အဲဒါ အကုန် ပစ်ထုတ်လိုက်ရင် ငါ့ကို သတ်နိုင်သွားမှာ မဟုတ်ဘူးလား

ငရဲကာကွယ်သူ ဘုရင်က ထိတ်လန့်သွားကာ မတုန်ရီဘဲ မနေနိုင်တော့ပေ။

ယခုမှသာ ရှန်ထျန်း ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို သတိထားမိလာသည်။

ဒီကောင်လေးက လူသားမဆန်ဘူး

သူ့ရဲ့ တိုက်ပွဲစွမ်းရည်က အံ့ဩစရာကောင်းရုံတင် မကသေးဘူး သူ့မှာ အထွတ်အထိပ်ရတနာတွေလည်း အများကြီးရှိတယ်

သူက ဘယ်လိုလုပ်ပြီးတော့ ရှန်ထျန်းနဲ့ တိုက်ခိုက်နိုင်ရတာလဲ

ငရဲကာကွယ်သူ ဘုရင်က နောက်လှည့်ကာ ဆုတောင်းလိုက်သည်

“ အရှင်အထွတ်အမြတ်ဝိညာဉ် ဒီကမ္ဘာကို ဆင်းသက်လာပြီးတော့ ဒီလူကို သတ်လိုက်ပါတော့”

သူက ရှန်ထျန်း၏ ပြိုင်ဘက် မဟုတ်ကြောင်း နားလည် သဘောပေါက်သွားသည်။ သူသာ ဆက်လက်တိုက်ခိုက်နေပါက သေခြင်းတရားက သူ့ကို စောင့်ကြိုနေမည်ဖြစ်သည်။

သူ ယခု အကူအညီ မတောင်းပါရင် ဘယ်အချိန်ထိ စောင့်နေရဦးမှာလဲ

သူ ဆက်ပြီးတော့ စောင့်နေမယ်ဆိုရင် သေသွားလိမ့်မယ်

သူ စကားပြောပြီးနောက် ငရဲကာကွယ်သူ ဘုရင်က တွေဝေခြင်းမရှိဘဲ ရင်ဘတ်ကို ထုရိုက်လိုက်သည်။

ပါးစပ်ထဲမှ သွေးများ စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။

ပြင်ပနယ်ပယ်ရှိ မိစ္ဆာဝိညာဉ်ပါရမီရှင်များ ပေါ်ထွက်လာနိုင်စေရန်အတွက် သူ၏ ကိုယ်ပိုင်သွေးအဆီအနှစ်ကို စတေးလိုက်သည်။

ငရဲကာကွယ်သူ ဘုရင်၏ သက်ဝင်လှုပ်ရှားမှုကို အကြီးအကျယ်ထိခိုက်စေပြီး ပြန်လည်သက်သာစေဖို့ အနည်းဆုံးနှစ်ပေါင်းတစ်ထောင် ကြာမြင့်မည်ဖြစ်သော်လည်း သေရသည်ထက် ပိုကောင်းသည်။

ရှန်ထျန်းက အရမ်းကြောက်ရွံ့ဖို့ကောင်းလှပြီး သူက သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။

အရှင်အထွတ်အမြတ်ဝိညာဉ် ဆင်းသက်လာခြင်းကသာ သူ့ကို သတ်နိုင်လိမ့်မည်ဖြစ်သည်။

ငရဲကာကွယ်သူ ဘုရင်က သူ့စွမ်းအား ထုတ်လွှတ်မှုကို တိုးမြှင့်ကာ မိစ္ဆာအရှင်အထွတ်အမြတ်ဝိညာဉ် ဆင်းသက်လာမှုကို ကူညီဖို့အတွက် လုပ်နေစဉ် အကြည့်ထဲတွင် ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ယစ်စင်မြင့်က ပြင်းထန်စွာ တုန်ခါလာပြီး တောက်ပသော အနီရင့်ရောင် အလင်းတန်းနှင့် မိစ္ဆာချီက ထိုးဖောက်ထွက်လာသည်။

ပြိုင်ဘက်ကင်း ကြောက်စရာကောင်းသော အရှိန်အဝါ ထွက်လာကာ မိုးမြေကို ပြောင်းပြန်လှန်လိုက်သလိုမျိုး ကြောက်လန့်စရာကောင်းသည်။

မိစ္ဆာအရှိန်အဝါက ကောင်းကင်ရှိ တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ နေနှင့်လကို သူတို့၏ အလင်းရောင်ကို ဆုံးရှုံးစေပြီး အမှောင်ကျသွားစေသည်။

“ သေစမ်း… ပြင်ပလောကက မိစ္ဆာဝိညာဉ်တွေ ရောက်လာတော့မယ်”

ဝမ်ရှန်းယုနှင့် တခြားသူများ၏ မျက်နှာထားက လုံးဝ ပြောင်းလဲသွားသည်။ ထိုအရှိန်အဝါက အရမ်းကြောက်စရာကောင်းလှသည့်အတွက် စိတ်ထဲ တုန်လှုပ်လာစေသည်။

ငရဲကာကွယ်သူ ဘုရင်က မိစ္ဆာဝိညာဉ်များကို ဆင့်ခေါ်ဖို့ ကိုယ့်ကိုယ်ကို စတေးနေသည့်မြင်ကွင်းက လုံးဝ ထိတ်လန့်စရာကောင်းလှသည်။

အားလုံး တုန်လှုပ်နေကြသည်။

သူတို့ ဒီမှာပဲ တကယ်သေသွားရတော့မှာလား

ရှန်ထျန်းက စွမ်းအားကြီးပြီး မဟာဝိဇ္ဇာများကို အနိုင်ယူနိုင်သော်လည်း ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များအတွက် သူက ပြိုင်ဘက်မဖြစ်နိုင်ပေ။

သူ့စွမ်းအား ပိုမိုတိုးတက်လာသည့်အတွက် ငရဲကာကွယ်သူ ဘုရင်၏ အရှိန်အဝါက အားနည်းသည်ထက် အားနည်းလာသည်။

သူ ယုတ်မာစွာ ရယ်ရင်း ပြောလိုက်သည်

“ ကောင်စုတ်လေး အရှင်အထွတ်အမြတ်ဝိညာဉ် ဆင်းသက်လာတဲ့အခါ မင်းရဲ့ သေချိန်ရောက်ပြီပဲ”

သူက ရှန်ထျန်းကို အနိုင်မယူနိုင်သော်လည်း အရှင်အထွတ်အမြတ်ဝိညာဉ်က သူ့ကို သေချာပေါက် သတ်နိုင်သည်။

သူက ထာဝရတစ်ပိုင်း ပါရမီရှင်တစ်ယောက်ဖြစ်သည့်အတွက် ဂျူနီယာကို တိုက်ခိုက်ဖို့က လွယ်ကူလှသည်။

သို့သော် ရှန်ထျန်းက အနည်းငယ်ပြုံးကာ ပြောလိုက်သည်

“ ငါ သေမလားဆိုတာတော့ မသိဘူး ဒါပေမဲ့ ခင်ဗျားကတော့ သေချာပေါက် သေရတော့မှာ”

သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်နေသည်။ သူက ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ ငရဲကာကွယ်သူ ဘုရင်ရှေ့သို့ ရောက်ရှိသွားသည်။

ဒုန်း…

ပင်လယ်အံ့ဖွယ်တူက ရှန်ထျန်း၏ လက်ထဲတွင် ပြင်းထန်သော အရှိန်အဝါဖြင့် တုန်ခါနေသည်။

“ မင်းကတော့..”

ငရဲကာကွယ်သူဘုရင်၏ အကြည့်ထဲတွင် ထိတ်လန့်မှုတို့ ဖြတ်ပြေးသွားသည်။

ရှန်ထျန်း ဒီလောက်ထိမြန်ပြီး သူ့ဘေးသို့ ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ထို့ကြောင့် သူက မိစ္ဆာဝိညာဉ်ပါရမီရှင်ကို ဆင့်ခေါ်ဖို့ အခွင့်အရေး မရှိတော့ပေ။

သူ့နှလုံးသားအောက်ခြေမှ သေဆုံးခြင်း အရှိန်အဝါတို့ ပျံ့နှံ့လာသည်။ ငရဲကာကွယ်သူ ဘုရင်က ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်တုန်လှုပ်နေသည်။

သူ ခုခံချင်သော်လည်း ရှန်ထျန်းက သူ့ကို အခွင့်အရေးမပေးပေ။

ပင်လယ်အံ့ဖွယ်တူက အဆုံးမဲ့ အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစပ်ကာ ငရဲကာကွယ်သူ ဘုရင်၏ ခေါင်းကို ထုချလိုက်သည်။

ဝုန်း…

အဆုံးမဲ့ အံ့ဖွယ်စွမ်းအား ထိုးဖောက်ထွက်လာကာ တောက်ပမှုက တောင်တန်းနှင့် မြစ်များကို တစ်စစီဖြစ်သွားစေပြီး လေဟာနယ်ကို ထိုးဖောက်ထွက်သွားသည်။

တူ ကျရောက်လာသည့်အခါ ငရဲကာကွယ်သူ ဘုရင်က ချက်ချင်း နုတ်နုတ်စဉ်းထားသည့် အသားတုံးကဲ့သို့ ဖြစ်သွားပြီး အော်ဟစ်ချိန်ပင် မရရှိလိုက်ပေ။

မျိုးဆက်တစ်ဆက်၏ စံပြတစ်ယောက်က ထိုကဲ့သို့ တူလက်ချက်ဖြင့် သေသွားခဲ့သည်။

ငရဲကာကွယ်သူ ဘုရင်၏ သေဆုံးခြင်းကြောင့် စင်မြင့်က ပြင်းထန်စွာ တုန်ခါနေသည်။

လေဟာနယ် စင်္ကြန်က အလင်းတန်းဖြင့် တောက်ပနေကာ တစ်စုံတစ်ယောက်က အထဲကို အတင်းဝင်ဖို့အတွက် ကြိုးစားသလို ဖြစ်နေသည်။

သို့သော် အဆုံးသတ်တွင် အဆုံးမဲ့စည်းမျဉ်းများက ကောင်းကင်နှင့် ကမ္ဘာမြေပေါ်သို့ ကျရောက်လာကာ အရာအားလုံးကို ဖိနှိပ်သွားသည်။

လေဟာနယ် စင်္ကြန်က ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။

“ ကောင်စုတ်လေး မင်းက ဘယ်လိုလုပ်ပြီးတော့ ငါတို့ မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ မဟာအစီအစဉ်ကို ဖျက်စီးနိုင်ရတာလဲ။ ငါ မင်းကို တစ်စစီလုပ်ပစ်မယ်”

စင်္ကြန်မှ အသံစူးစူးကို ကြားလိုက်ရသည့်အတွက် ဆံပင်များပင် ထောင်သွားစေသည်။

ထိုအသံက ကြောက်လန့်စရာကောင်းသော စွမ်းအားဖြင့် ပြည့်နှက်နေပြီး ကျယ်လောင်စူးရှနေသည်။

ဤအသံတစ်ခုတည်းကပင် ကောင်းကင်အသျှင်၏ ဝိညာဉ်ကို အလွယ်လေး ပြိုကွဲသွားစေနိုင်သည်။

ဤအရာက မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ပြိုင်ဘက်ကင်း စွမ်းအားကြီးသော တည်ရှိမှုဖြစ်ပြီး အရှိန်အဝါကလည်း အင်မတန် ကြောက်စရာကောင်းလှသည်။

သို့သော် သူက လေဟာနယ်စင်္ကြန်ထဲမှ ထွက်လို့မရဖြစ်နေသည့်အတွက် တခြားတစ်ဖက်တွင် ဒေါသထွက်ရုံသာ တတ်နိုင်သည်။

ပြင်ပနယ်ပယ်နှင့် နယ်မြေငါးခုကြားတွင် အာကာပြင်အလွှာတစ်ခုရှိသည်။ ထူးခြားသည့် လျှို့ဝှက်ပညာရပ်ကို အသုံးမပြုပါက အထဲဝင်ဖို့ မဖြစ်နိုင်ပေ။

ထိုမြင်ကွင်းကြောင့် ဝမ်ရှန်းယုတို့ စိတ်သက်သာရာရသွားကြသည်။

ကံကောင်းလို့ ငရဲကာကွယ်သူ ဘုရင်သေသွားတာ။ မဟုတ်လို့ မိစ္ဆာဝိညာဉ်မျိုးနွယ် ပါရမီရှင်တွေ ဒီကမ္ဘာထဲကို ဝင်လာမယ်ဆိုရင် ဒုက္ခများကုန်လိမ့်မယ်

အရှိန်အဝါအရ ထိုသူက ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်ဖြစ်ပြီး သူတို့က သူ့ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပေ။

ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်များ၏ အသံကိုကြားပြီး ရှန်ထျန်း၏ မျက်ခုံးများကို ပင့်တင်ကာ ပြောလိုက်သည်

“ ဒီသူတော်စင်ကလည်း ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်က ဘယ်လောက်ထိ သန်မာမလဲဆိုတာကို သိချင်နေတာပါ”

သူက လက်များကိုပင် သွေးပူအောင် မလုပ်ရသေးခင် ငရဲကာကွယ်သူ ဘုရင် သေသွားခဲ့သည့်အတွက် သူ မပျော်မရွှင်ဖြစ်နေသည်။

ရှန်ထျန်းက ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်ကို ဘယ်လိုလုပ်ပြီးတော့ သွားခွင့်ပေးနိုင်မှာလဲ

ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အံ့ဖွယ်အလင်းတန်းကို လွှတ်ထုတ်လိုက်ပြီး ခန္ဓာကိုယ်က ပေတစ်သိန်းအထိ မြင့်တက်သွားသည်။

သူက ပြိုင်ဘက်ကင်း လူ့ဘီလူးကြီးအသွင်ပြောင်းကာ လေဟာနယ်စင်္ကြန်ထဲသို့ ချက်ချင်း ပြေးဝင်သွားသည်။

“…”

ဝမ်ရှန်းယုတို့က မျက်လုံးပြူး မျက်ဆံပြူးဖြင့် အံ့ဩမှင်သက်သွားကြသည်။

ညီအစ်ကိုရှန်ရေ ဘာတွေလုပ်နေတာလဲ

လေဟာနယ် စင်္ကြန်ထဲကို ပြေးဝင်သွားပြီးတော့ မိစ္ဆာဝိညာဉ် ပါရမီရှင်တွေနဲ့ တိုက်ခိုက်မလို့လား

မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး

သူက အဲလောက်ထိ စွမ်းအားကြီးတာလား

ဆရာသမား အဲဒါက ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်နော်

အဲလောက်ထိ မရက်စက်လို့ မရဘူးလား

ဤအချိန်တွင် ရှန်ထျန်းက လေဟာနယ် စင်္ကြန်ထဲသို့ ဝင်သွားကာ အထဲမှ ထိတ်လန့်စေသော အသံများကို ကြားလိုက်ရသည်။

“ ဟမ် မင်းက ဝင်လာရဲတယ်ပေါ့လေ။

ကျစ်…ကျစ်…မင်းက မောက်မာတဲ့ ကောင်စုတ်လေးပဲ။

ဒီနေ့ အထွတ်အမြတ်ဝိညာဉ်ရဲ့ စွမ်းအားက ဘာလဲဆိုတာ မင်းကို သိခွင့်ပေးမယ်”

အချိန်ခဏအတွင်းမှာပင် ကြောက်စရာကောင်းသော အရှိန်အဝါက လေဟာနယ်စင်္ကြန်မှ ထွက်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည်။

ဒုန်း…ဒုန်း…ဒုန်း…

ကြောက်လန့်စရာကောင်းသော အံ့ဖွယ်စွမ်းအား ထွက်ပေါ်လာကာ အာကာပြင် စင်္ကြန်ကို များစွာ တုန်ခါသွားစေသည်။

ပြိုင်ဘက်ကင်း ပြင်းထန်သော တိုက်ပွဲက အထဲမှာ ဖြစ်နေပုံပေါ်ပြီး အသံများ ထွက်ပေါ်နေသည်။

သို့သော် မိစ္ဆာဝိညာဉ်၏ အသံက ရုတ်တရက် ပြောင်းလဲသွားပြီး လေသံကလည်း ထိတ်လန့်မှု၊ အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေသည်။

“ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်ထိ စွမ်းအားကြီးနေရတာလဲ။

မဖြစ်… မဖြစ်နိုင်ဘူး”

ကျယ်လောင်သောအော်သံ ထွက်ပေါ်လာသည်က ကြောက်လန့်စရာကောင်းလှသည်။

ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုက လေဟာနယ်စင်္ကြန်ကို ဖြတ်သန်းသွားကာ ကီလိုမီတာ ရာပေါင်းများစွာအထိ လွင့်ထွက်သွားသည်။

အနက်ရောင်အရိပ်က မှုန်ဝါးနေပြီး အဆုံးမဲ့ မိစ္ဆာအရှိန်အဝါဖြင့် ဖုံးလွှမ်းထားပုံပေါ်သည်။ သို့သော် အရှိန်အဝါက အရမ်းကြောက်စရာကောင်းလှသည့်အတွက် ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်ဖြစ်သည်။

သို့သော် ထိုနေရာမှ ကန်ထုတ်ခံလိုက်ရသလိုမျိုး အရမ်းသနားစရာကောင်းသည့်ပုံပေါ်သည်။

ရှန်ထျန်းက လေဟာနယ်စင်္ကြန်မှ ထွက်လာကာ လေဟာနယ်ထဲတွင် မတ်တပ်ရပ်နေပြီး သူ့အရှိန်အဝါက ပြိုင်ဘက်ကင်းစွာ ခမ်းနားလှသည်။

သူ့မျက်နှာထားက အေးစက်သွားကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်

“ ဒီနေ့တော့ ငါ့လက်သီး ဘယ်လောက်ထိမာလဲဆိုတာ မြင်တွေ့သွားစေရမယ်”

ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။ မရေတွက်နိုင်သော ကြယ်တာရာစွမ်းအားကို သယ်ဆောင်လာပြီး ပြင်ပလောကရှိ မိစ္ဆာဝိညာဉ်ကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။

ကောင်းကင် အံ့ဖွယ်လက်သီး၏ အလင်းပြန်မှုက တောင်တန်းနှင့် မြစ်များကို ဝါးမျိုတော့မည့်ပုံပေါ်နေသည်။ သူ့လက်သီးကို လွှဲယမ်းလိုက်သည့်အခါ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တစ်စစီဖြစ်သွားစေသည့် ကြယ်တာရာစွမ်းအင်ကို သယ်ဆောင်လာသည်။

ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်က ထိုအရာကို မြင်သည့်အခါ အလျင်အမြန် ခုခံတိုက်ခိုက်ပြီး အဆုံးမဲ့ မိစ္ဆာချီများကို အနက်ရောင် သရဲလက်များအသွင် ပြောင်းလဲလိုက်သည်။

လက်သီးအလင်းတန်းက သရဲလက်နှင့် ထိတိုက်မိသည့်အခါ ချက်ချင်း တစ်စစီဖြစ်သွားသည်။

အဆုံးမဲ့ စွမ်းအင်လှိုင်းများက လေဟာနယ်ထဲတွင် မရေတွက်နိုင်သော အက်ကြောင်းများကို စုတ်ပြဲစေကာ ဗလနတ္ထိဖြစ်သွားစေသည်။

သရဲလက်က ချက်ချင်းပေါက်ကွဲသွားကာ မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည်။

“ သေစမ်း… ဒီကလေးက ဘာလို့ ရက်စက်ကြမ်းတမ်းနေရတာလဲ”

မိစ္ဆာဝိညာဉ်၏ အသံက ကြောက်ရွံ့တုန်လှုပ်သွားသည်။ ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ် တစ်ယောက်ဖြစ်သည့်အတွက် ပြိုင်ဘက်ကင်းခွန်အားကို ပိုင်ဆိုင်ထားပြီး မဟာဝိဇ္ဇာတစ်ပါးကို အလွယ်တကူ သုတ်သင်နိုင်သည်။

သို့သော် ရှန်ထျန်း၏ လက်ထဲတွင် ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးမရှိဘဲ ကာကွယ်ရုံသာ ကာကွယ်နိုင်သည်။

ရှန်ထျန်း၏ တိုက်ခိုက်မှုများက ပြင်းထန်လာပြီး ရပ်တန့်လို့ မရနိုင်တော့ပေ။

ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်က သူ့ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာအရှိန်အဝါ ပေါက်ကွဲထွက်သွားသည့်အတွက် ချက်ချင်း နောက်ပြန်ဆုတ်နေသည်။

ကောင်းကင်မှ ကြွေကျလာသော ကြယ်တစ်စင်း၏ တိုက်ခိုက်မှုကြောင့် သူ့ ခန္ဓာကိုယ် ပြိုလဲတော့မလိုမျိုး ဖြစ်နေသည်။

“ ကောင်စုတ်လေး မင်းမှာ သတ္တိရှိရင် ငါ့ကို ပြန်ခွင့်ပေးလိုက်”

ပြင်ပလောကမှ မိစ္ဆာဝိညာဉ်က အော်ဟစ်ပြောဆိုနေသည်။ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး ဆက်လက် တိုက်ခိုက်လိုခြင်း မရှိတော့ပေ။

ဒီကောင်စုတ်လေးက တော်တော်လေးကို ပုံမှန် မဟုတ်ဘူး။ သူတို့သာ ဆက်ပြီးတော့ တိုက်ခိုက်နေမယ်ဆိုရင် သေချာပေါက် ရှုံးနိမ့်သွားမှာပဲ

ထိုအရာက မီးခိုးရောင် မိစ္ဆာမြူခိုးအဖြစ် ပြောင်းလဲသွားသော်လည်း လေဟာနယ်စင်္ကြန်ထဲသို့ အမြန်ပြေးဝင်သွားကာ ဤနယ်မြေမှ လွတ်မြောက်သွားဖို့ ဆုတောင်းနေသည်။

“ထွက်သွားဖို့ ကြိုးစားနေတယ်ပေါ့လေ”

ရှန်ထျန်းက ပင်လယ်အံ့ဖွယ်တူကို ကိုင်မြောက်က ပြင်းထန်သောအားဖြင့် လေဟာနယ်စင်္ကြန်ကို တစ်စစီ ပြုလုပ်လိုက်သည်။

ပြင်ပနယ်ပယ် မိစ္ဆာဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာအရှိန်အဝါ လှုပ်ခတ်သွားကာ ထိုနေရာမှာပင် အေးစက်တောင့်တင်းသွားသည်။

လေဟာနယ်စင်္ကြန် ပျက်စီးသွားပြီဖြစ်သည့်အတွက် ပြန်လည်ဆုတ်ခွာဖို့ လမ်းကြောင်းမရှိတော့ပေ။

“ ချီးပဲ ငါ မင်းနဲ့ တိုက်ခိုက်မယ်”

သူ့ ခန္ဓာကိုယ်မှ အဆုံးမဲ့ အနက်ရောင် အလင်းတန်းကို ထုတ်လွှတ်နေကာ အရမ်းကြောက်ဖို့ကောင်းလှသည်။

အနက်ရောင်မြူခိုး လှိုင်းလုံးများက အဆုံးမဲ့ အပြစ်ဆေးကြောရာ နေရာကဲ့သို့ ကောင်းကင်သို့ ပျံသန်းသွားကာ ကြောက်စရာကောင်းသော အရှိန်အဝါနှင့် ပြည့်နှက်နေသည်။

ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်က နောက်ဆုံးတွင် သူ့ ခွန်အားများဖြင့် ပေါက်ကွဲထွက်သွားကာ ကမ္ဘာကို ဖုံးလွှမ်းသွားသည့် အဆုံးမဲ့  မိစ္ဆာမြူခိုးကို ထုတ်လွှတ်နေသည်။

အရာအားလုံးကို ဝါးမျိုချင်သည့်ပုံစ့ဖြင့် အမှောင်ထုက ဆင်းသက်လာသည်။

ရုတ်တရက် ဤနေရာက ချောက်နက်ကြီးထဲသို့ ကျသွားသလိုမျိုး မှောင်မဲနေကော အရှိန်အဝါကလည်း ထိတ်လန့်ဖို့ ကောင်းလောက်သည်။

ပြင်ပနယ်ပယ်ရှိ မိစ္ဆာဝိညာဉ်၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။ ပြိုင်ဘက်ကင်း မိစ္ဆာနတ်ဆိုးက ကမ္ဘာကို ဖျက်စီးပစ်ချင်သည့်ပုံစံမျိုးဖြင့် အရှိန်အဝါက ကျယ်ပြန့်ပြီး ပြိုင်ဘက်ကင်းလှသည်။

“ မင်း ဘာလို့ ငါ့ကို အာခံရဲရတာလဲ။ သေလိုက်စမ်း”

မိစ္ဆာဝိညာဉ်က ဧရာမ မိစ္ဆာဓားမော့ ကို အဆုံးမဲ့အနက်ရောင်မြူခိုးထဲမှ ထုတ်ယူလိုက်သည်။ ဓားမော့ပေါ်ရှိ အနက်ရောင်အလင်းတန်းက နက်နဲစူးရှလှသည်။

မရေတွက်နိုင်သော စွမ်းအင်များက လေဟာနယ်ထဲသို့ ထိုးဖောက်ဝင်သွားသည်။ စွမ်းအင်တစ်ခုချင်းစီက မဟာဝိဇ္ဇာကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။

ဤအရာက အထွတ်အထိပ် မိစ္ဆာလက်နက်ဖြစ်ပြီး နယ်မြေပိတ်ဆို့ခြင်း အပြားထက်ပင် ပိုပြီးတော့ စွမ်းအားကြီးနေသည်။

ရှန်ထျန်း ရှေ့တိုးလာရင်း မျက်လုံးများက တောက်လောင်နေသည်။

သူ့ ခန္ဓာကိုယ်ထဲရှိ တောက်ပသော အလင်းတန်းက ကျယ်ပြန့်ပြီး စွမ်းအားကြီးကာ တောက်ပသော အလင်းတန်းကို ထုတ်လွှတ်နေသည်။

ပုံရိပ်သဏ္ဌန်တစ်ခုက ရုတ်တရက် ရှန်ထျန်း၏ နောက်တွင် ထွက်ပေါ်လာကာ တောက်ပနေသည်။

တောက်ပသော နေဆယ်စင်းက ကောင်းကင်သို့ ပျံသန်းသွားပြီး ကမ္ဘာမြေကို လွှမ်းမိုးကာ ပတ်ဝန်းကျင်ရှိ အနက်ရောင် မြူခိုးကို ပျောက်ကွယ်သွားစေသည်။

သူ့ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပသော နေမီးလျှံအစစ်ထဲတွင် ရှိနေပြီး ထိုမီးလျှံက ကောင်းကင်သို့ ပျံတက်သွားကာ အာကာပြင်ကို ဗလာနတ္ထိဖြစ်သွားစေသည်။

မရေတွက်နိုင်သော မိစ္ဆာမြူခိုးများက နေမီးလျှံအစစ်နှင့် ထိတွေ့မိသည့်အခါ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည်။

“ နေမီးလျှံအစစ် ဒီ စက်ဆုပ်ဖို့ ကောင်းတဲ့ စွမ်းအားကတော့”

ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်က အလွန်အမင်း မသက်မသာဖြစ်လာသည့်အတွက် အော်ဟစ်ပြောဆိုင်လိုက်သည်။

နေမီးလျှံအစစ်က မိစ္ဆာဝိညာဉ်များနှင့် တိုက်ခိုက်လျှင် အတော်လေး အကျိုးသက်ရောက်မှုရှိပြီး မိစ္ဆာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။

ဤမီးတောက်က သူတို့၏ စွမ်းအားများကို ဖိနှိပ်နိုင်သည့်အတွက် မိစ္ဆာဝိညာဉ်မျိုးနွယ်များ အမုန်းဆုံးမီးတောက်ဖြစ်သည်။

မိစ္ဆာဝိညာဉ်က ချက်ချင်း ဓားမော့ကို ကိုင်မြှောက်ကာ ရှန်ထျန်းကို ခုတ်လိုက်သည်။

ဂျိန်း…

လေဟာနယ်ထဲရှိ အလွန်ကြီးမားသော အံ့ဖွယ် မီးပြင်းဖိုက ကောင်းကင်ကို ဖိနှိပ်ထားသည်။

အံ့ဖွယ်မီးပြင်းဖိုက နေမီးလျှံအစစ်ဖြင့် ပြည့်နှက်နေသော နေမင်းကဲ့သို့ တောက်ပနေသည်။

ဤပစ္စည်းက နတ်ဧကရာဇ် အသုံးအဆောင် ပစ္စည်းဖြစ်သည့် အံ့ဖွယ်နေမင်းမီးပြင်းဖို ဖြစ်သည်။

ရှန်ထျန်းက လေဟာနယ်ကို ကာကွယ်ဖို့အတွက် အံ့ဖွယ်နေမင်းမီးပြင်းဖိုကို အသုံးပြုခဲ့သည်။ ထို့နောက် သူက ကောင်းကင်ကို ဖုံးလွှမ်းသွားစေသည့် အဆုံးမဲ့ နေမီးလျှံအစစ်ကို အသက်သွင်းလိုက်သည်။

ဝုန်း…

ဧရာမ မိစ္ဆာဓားမော့က အံ့ဖွယ်နေမင်းမီးပြင်းဖိုနှင့် ထိတိုက်မိသည့်အခါ အဆုံးမဲ့ အံ့ဖွယ်စွမ်းအားက ထိုးဖောက်ထွက်လာသည်။

အနက်ရောင်မြူခိုး ထိုးဖောက်ထွက်သွားကာ မီးတောက်များက ပေါက်ကွဲထွက်သွားသည်။

သို့သော် အဆုံးသတ်တွင် အရာအားလုံးကို မီးတောက်များက ဝါးမျိုသွားသည်။

အံ့ဖွယ်နေမင်း မီးပြင်းဖို၏ နတ်ဧကရာဇ် စွမ်းအားက ပြိုင်ဘက်ကင်းသည့်အတွက် ဤဓားမော့ကို တိုက်ရိုက် ဖိနှိပ်ထားနိုင်သည်။

ထိုအချိန်တွင် အဆုံးမဲ့ အံ့ဖွယ်မီးတောက်က ကမ္ဘာကို လောင်ကျွမ်းစေပြီး ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်များကို လွှမ်းခြုံသွားသည်။

အံ့ဖွယ်နေမင်း မီးပြင်းဖိုက ကောင်းကင်မှ ဆင်းသက်လာကာ မိစ္ဆာဝိညာဉ်ကို စုပ်ယူနေပြီး အဆုံးမဲ့ နေမီးလျှံအစစ်က လောင်ကျွမ်းနေသည်။

ရှန်ထျန်းက လောင်ကျွမ်းနေသော နေမင်းကို ထိန်းချုပ်သည့် နတ်ဘုရားကဲ့သို့ ခုန်လိုက်သည်။ သူက အဆုံးမဲ့မီးတောက်ကို ထိန်းချုပ်ထားကာ မိစ္ဆာဝိညာဉ်နှင့် တိုက်ခိုက်ဖို့အတွက် အံ့ဖွယ်နေမင်းမီးပြင်းဖိုထဲသို့ ပြေးဝင်သွားသည်။

ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာကာ မီးတောက်အလင်းတန်းက ကောင်းကင်ကို ပြည့်နှက်သွားစေသည်။

မဖော်ပြနိုင်သော နာကျင်မှုကို ခံစားနေရသကဲ့သို့ မီးပြင်းဖိုထဲမှ ကျယ်လောင်သော အော်သံများ ထွက်ပေါ်လာသည်။

သူ ဤမြင်ကွင်းကို မြင်လိုက်သည့်အခါ ဝမ်ရှန်းယု တုန်လှုပ်သွားသည်။

သူတို့ စိတ်ကူးထားသည်ထက် ကျော်လွန်နေသည့်အတွက် သရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ကြောက်လန့်နေကြသည်။

ဒါက ရှန်ထျန်းရဲ့ တိုက်ခိုက်စွမ်းရည်လား

သူတို့က မဟာဝိဇ္ဇာနဲ့ပဲ တိုက်ခိုက်နိုင်တာ

ဒါပေမဲ့ ရှန်ထျန်းက ၁၁ ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီး ဝိဇ္ဇာကို တိုက်ခိုက်နိုင်ရုံတင် မကသေးဘူး။ ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်ကို ပြောင်းပြန်လှန်ပြီးတော့ကို ရိုက်နှက်နေတာ

ညီအစ်ကိုရှန်နဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့က အသုံးမကျဘူး

ဝမ်ရှန်းယုနှင့် ယွဲ့ယူသဲ့တို့က မဖော်ပြနိုင်သော ခံစားချက်များဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။

ဒုန်း…ဒုန်း…ဒုန်း…

ထိုအခိုက်အတန့်တွင် ငြီးငြူနေသောအသံများကို အပြင်မှ ကြားနေရသည်။

မူလကတည်းက ထိုနေရာတွင် ငရဲကာကွယ်သူ ဘုရင်က ကာကွယ်ရေး အစီအရင်ကို အသက်သွင်းခဲ့သည့်အတွက် သာမန်လူများ မချိုးဖျက်နိုင်ပေ။

ငရဲကာကွယ်သူ ဘုရင် သေဆုံးသွားသည့်အခါ နယ်မြေပိတ်ဆို့ခြင်း အပြားလည်း ပြိုကွဲသွားကာ ကန့်သတ်ချက်လည်း ပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်တွင် လူများ ဝင်လာကြသည်။

သူတို့က ချီရှောက်ရွှမ်၊ အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးဦး၊ ကူသို့နှင့် အရှေ့ပိုင်းလွင်ပြင် စံပြများဖြစ်ကြသည်။

သူတို့က ဝမ်ရှန်းယုနှင့် ယခင်က တိုင်ပင်ခဲ့ပြီး ကျန်သောသူများက ခက်ခဲသောအချိန်တွင် ထောက်ပံ့မှုပေးရမည်ဖြစ်သည်။ သို့သော် ဧရာမ ကာကွယ်ရေးအစီအရင်ကြီးတစ်ခု ရုတ်တရက် မြင့်တက်လာကာ အာကာပြင်တစ်ခုလုံးကို ပိတ်ဆို့သွားခဲ့သည်။

အားလုံးက တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရပြီး ဝမ်ရှန်းယုတို့ ချုံခိုတိုက်ခိုက်ခံရသည်မှာ သေချာသွားသည်။

သူတို့ ပထမဆုံး လုပ်ခဲ့သည့်အရာက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်ကို အကူအညီတောင်းခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူတို့က ဆက်တိုက် တိုက်ခိုက်နေပြီး အစီအရင်ကို ချိုးဖျက်ဖို့အတွက် ကြိုးစားနေသည်။

သူတို့ အချိန်အကြာကြီး ကြိုးစားခဲ့သော်လည်း တတ်နိုင်တာ မရှိပေ။

အစီအရင် အားနည်းသွားသည့်အခါ အားလုံး ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း အရမ်းနောက်ကျသွားပြီ ဖြစ်သည်။

သူတို့ ဤနေရာရှိ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာထားများ ပြောင်းလဲသွားသည်။

အဘယ်ကြောင့်ဆိုသော ဤနေရာက အဆုံးမဲ့ အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေသောကြောင့်ဖြစ်သည်။ မိစ္ဆာ အရှိန်အဝါဖြင့် ပြည့်နှက်နေသည့်အတွက် ကြက်သီးမွေးညင်းပင် ထသွားစေသည်။

“ ဒီအရှိန်အဝါ… မိစ္ဆာဝိညာဉ်မျိုးနွယ်က စွမ်းအားကြီးတဲ့သူပဲ ဖြစ်ရမယ်”

“ မိစ္ဆာဝိညာဉ်မျိုးနွယ်က ဒီနေရာမှာ ထောင်ချောက်ဆင်ထားတာပဲ။ ကြည့်ရတာ ညီအစ်ကိုဝမ်နဲ့ တခြားသူတွေ အန္တရာယ်ရှိနေပြီထင်တယ်”

ကူသို့၏ မျက်နှာထားက အလွန်လေးနက်သွားသည်။

ဤအရှိန်အဝါက နှလုံးသားကို တုန်လှုပ်စေလောက်သည်အထိ ကြောက်ဖို့ကောင်းလှသည်။

သူတို့က အစွန်းပိုင်းမှာရောက်နေသော်လည်း ကြောက်စရာကောင်းသော မိစ္ဆာအရှိန်အဝါကို ခံစားနိုင်ဆဲ ဖြစ်သည်။

အနက်ရောင်မြူခိုးက လူအများ၏ အသိစိတ်ကို ပျောက်ဆုံးသွားစေသည့် လွန်ကဲသော မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဝိဇ္ဇာတစ်ယောက်ပင် ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။

ဒါက သေချာပေါက် အထွတ်အထိပ် မိစ္ဆာဝိညာဉ်ရဲ့ စွမ်းအားပဲ။ ဘာလို့ အရမ်းစွမ်းအားကြီးနေတာလဲဆိုတာရဲ့ တစ်ခုတည်းသော ရှင်းပြချက်ပဲ

သို့သော် အနက်ရောင်မြူခိုးထဲမှ ကြောက်စရာကောင်းသော အော်သံကြီးတစ်ခုကို ကြားလိုက်ရသည့်အတွက် ခေါင်းကိုက်သွားသည်။

ကူသို့၏ နှလုံးသားတုန်ရီသွားကာ ပြောလိုက်သည်

“ ဒီအသံက… ညီအစ်ကိုဝမ်နဲ့ တခြားသူတွေက မိစ္ဆာဝိညာဉ်တွေရဲ့ နှိပ်စက်မှုကို ခံနေရတာများလား”

လူတစ်ယောက်က အဆုံးမဲ့သော နာကျင်မှုကို ခံစားနေရသကဲ့သို့ အော်သံများက အလွန်ဆိုးရွားလှသည်။

“ ငါတို့ သူတို့ကို သွားကယ်ရအောင်” ချီရှောက်ရွှမ် တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏ ပုဆိန်လှံရှည်က လက်ထဲတွင် ပေါ်လာသည်။ ခရမ်းရောင်ချီက သူ့ကို ပတ်လည်ဝန်းရံနေပြီး ပတ်ဝန်းကျင်ကိုပါ လင်းလက်သွားစေသည်။

ကမ္ဘာပေါ်တွင် နံပါတ်တစ်ချိတ်သောသူ တစ်ယောက်အနေဖြင့် သူ့ အရည်အချင်းကို လျှော့တွက်လို့မရပေ။ သူ့ ကျင့်ကြံခြင်းက ၆ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ချီရှောက်ရွှမ်သာ စွမ်းအားအပြည့်ထုတ်သုံးပါက မဟာဝိဇ္ဇာကို သတ်ဖြတ်နိုင်သည်။

ထို့ကြောင့် သူက အမြန်ပြေးဝင်သွားကာ ဝမ်ရှန်းယုတို့ကို ကယ်ဖို့ ပြင်ဆင်လိုက်သည်။

ပတ်ဝန်းကျင်ရှိ တခြားစံပြများကလည်း စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်ကုန်ကြသည်။

အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်၏ အရှိန်အဝါများက ချီရှောက်ရွှမ်ထက် အားမနည်းကြပေ။ သူတို့၏ ကျင့်ကြံခြင်းကလည်း ၅ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်မှန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးက ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးများကို စားသုံးထားသောကြောင့်ဖြစ်သည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် အရည်အချင်းများကလည်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်သွားသည်။

တခြားစံပြများက အနည်းငယ် အားနည်းသော်လည်း အတိဒုက္ခလွန်အဆင့်ကို ဖြတ်ကျော်ပြီးပြီဖြစ်သည်။

သူတို့ထဲတွင် သူတို့က ခွန်အားကြီးသော တည်ရှိမှုမျိုး ဖြစ်သည်။

ထိုသူက မိန်းကလေးချင်းယွဲ့ဖြစ်သည်။ သူမက ၇ကြိမ်မြောက် မဟာဝိဇ္ဇာဖြစ်သွားပြီး အမြင့်ဆုံးကျင့်ကြံဆင့်ရှိသာသူတစ်ယောက်ဖြစ်သည်။

မိစ္ဆာဝိညာဉ်စွမ်းအားရှင်များကို မြင်လိုက်ရသည့်အခါ မိန်းကလေးချင်းယွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက လရွှေစကြ်ာကို ထုတ်ယူကာ တိုက်ခိုက်ဖို့ ပြင်ဆင်နေသည်။

အထွတ်အထိပ်အဆင့် ထာဝရအသုံးအဆောင်ပစ္စည်း ထွက်ပေါ်လာသည့်အခါ ထိတ်လန့်စရာကောင်းသော စွမ်းအားပုံပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို နှစ်ခြမ်း ပိုင်းတော့မည့်အသွင်ကို ဆောင်နေသည်။

လ အလင်းရောင်က လေထဲတွင် ဝေ့ဝဲနေကာ တောက်ပနေပြီး ပြိုင်ဘက်ကင်း စူးရှသော ခုခံစွမ်းအားကို သယ်ဆောင်လာသည်။

တခြားစံပြများကလည်း တိုက်ခိုက်ဖို့အတွက် အနက်ရောင်မြူခိုးထဲသို့ ဝင်သွားဖို့ အသင့်ပြင်နေကြသည်။

အားလုံး၏ စိတ်ထဲမှာ ဆုတောင်းနေရင်း အကြည့်တို့က လေးနက်တည်ငြိမ်နေသည်။

လောင်ဝမ် မသေပါနဲ့ဦး

ငါတို့ ရောက်လာပြီ

All Chapters