မျိုးဆက်အဆက်၏ စံပြများ
Vol. 32 Ch. 469
အခန်း (၄၆၉) : မျိုးဆက်အဆက်၏ စံပြများ
ကျန်းယွင်ထင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှန်ထျန်း၏ အကြည့်တို့က တောက်ပလာပြီး ပြိုင်ပွဲစင်မြင့်အား စိတ်ဝင်တစား လှမ်းကြည့်လိုက်သည်။ သူက ဤမျိုးဆက်၏ စံပြပါရမီရှင်များသည် မည်မျှအရည်အချင်းရှိကြောင်း မြင်တွေ့ချင်မိသည်။
မိစ္ဆာဝိညာဉ်မျိုးနွယ် ကျူးကျော်မှုကြောင့် ကမောက်ကမတွေ ဖြစ်လာခဲ့သော်လည်း ရွှေရောင်ခေတ်အခါ ဖြစ်၏။
ထူးချွန်ပြောင်မြောက်လှသော ပါရမီရှင်များ ပေါ်ထွက်လာကြသည်။ သူတို့က ကပ်ဘေးနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး ကမ္ဘာကြီးအား ကာကွယ်ရန် မွေးဖွားလာကြသည်။ သူတို့ကို ကောင်းကင်တာအိုကိုယ်တိုင် ကာကွယ်ပေးထားသည်ဟုပင် ဆိုနိုင်လေသည်။
ပါရမီအရဖြစ်စေ စွမ်းအားအရဖြစ်စေ ထိုပါရမီရှင်များက ယခင်မျိုးဆက်ကို ကျော်လွန်နေသည်။ ထို့အပြင် သူတို့ကံကြမ္မာက ကောင်းမွန်မြင့်မားကြပြီး သူတို့က ကံကြမ္မာ၏ ကလေးများဖြစ်ဖို့ ထိုက်တန်လှသည်။
ကံကောင်းလွန်းသူများသာ ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရရှိပြီး အလျှင်အမြန် အားကောင်းလာကြသည်။
……………...
ပါရမီရှင်တချို့က ပြိုင်ပွဲစင်မြင့်အထက် တိုက်ခိုက်နေကြသည်။ ဆူဆူညံညံအသံများ အဆက်မပြတ် ထွက်ပေါ်နေလေ၏။
ကြောက်မက်ဖွယ် အံ့ဖွယ်စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ကမ္ဘာမြေပင် တုန်ခါသွားစသည်။
အားလုံးက ကြည့်လိုက်သည့်အခါ ၂၀ ဝန်းကျင် လူငယ်လေးနှစ်ယောက် လက်ရည်စမ်းနေကြ၏။ တစ်ယောက်က လက်ရှိ ကောင်းကင်ထောက်တိုင် သူတော်စင် ဖြစ်ပြီး သူ့ခေါင်းအထက်တွင် ငွေရောင်မီးပြင်းဖိုတစ်ခု မျှောလွင့်နေကာ ကြောက်မက်ဖွယ်စွမ်းအားများ ထုတ်လွှင့်နေသည်။
သူ့အရှိန်အဝါက ကြောက်ခမန်းလိလိ ဖြစ်၏။ သူ့ကျင့်ကြံဆင့်က ကနဦးဝိညာဉ် ထိပ်သီးအဆင့် ရောက်ရှိနေပြီ ဖြစ်ပြီး ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ပင် အောင်မြင်ထားသည်။
ငယ်ငယ်ရွယ်ရွယ်ဖြင့် ကနဦးဝိညာဉ်အဆင့် ရောက်ရှိထားခြင်းမှာ အလွန်ပါရမီထူးသည်ဟု ပြောနိုင်ပေသည်။
အတိတ်တုန်းက ကောင်းကင်ထောက်တိုင် သူတော်စင်များသာ ထိုအဆင့်အထိ ရောက်ရှိကြသည်။ သို့သော်လည်း ဤမျိုးဆက်ကား အသက်နှစ်ဆယ်မျှ ရှိသေးသော်လည်း ဤမျှအောင်မြင်နေပြီ ဖြစ်ရာ သူ မည်မျှ ပါရမီထူးကဲကြောင်း ပြသဖို့ လုံလောက်နေလေပြီ။
အကြောင်းမှာ ကပ်ဘေးကြီး ကျရောက်လာပြီ ဖြစ်ပြီး ကမ္ဘာကြီးက အန္တရာယ်ကို ခံစားမိ၍ ပါရမီရှင်များစွာ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထို့အပြင် အထွတ်အမြတ်မြေအသီးသီးက တတ်နိုင်သမျှ ပါရမီရှင်များကို ဖန်တီးလိုသောကြောင့် သူတို့ကျင့်ကြံရေး ဆန်းကြယ်နယ်မြေများပင် ဖွင့်လှစ်ပေးထားကြသည်။ သူတို့က ပါရမီကောင်းသော ကျင့်ကြံသူများကို လက်ခံကာ စိတ်ရောကိုယ်ပါနှစ်၍ ပျိုးထောင်ပေးလိုကြသည်။
ဤမျိုးဆက် ပါရမီရှင်များက ယခင်မျိုးဆက်များထက် အမှန်တကယ် ထူးကဲပြီး အားကောင်းကြသည်။
သို့သော်လည်း သူ့ပြိုင်ဖက်က ပိုကြောက်ဖို့ ကောင်းနေသေးသည်။
ထိုလူက ရှစ်မြောင့်သဏ္ဌာန် ပါကွား တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်၏။ သူ့အရှိန်အဝါက ကြော့ရှင်းနေပြီး သူ့မျက်နှာအထက် အပြုံးလေးတစ်ပွင့် ရှိနေသည်။
သူက လက်ထဲတွင် ရှစ်မြောင့်သဏ္ဌာန် ပါကွားကို ကိုင်ဆောင်ထားသည်။ သူ့အရှိန်အဝါတို့က ရိုးရှင်းသော်လည်း အားပြင်းသော အငွေ့အသက်များ ထုတ်လွှင့်နေသည်။ ထိုလူက စင်မြင့်အထက်တွင် ရပ်နေပြီး မိုးမြေနှင့် ပေါင်းစပ်ထားသည့်အလား အခြားလူများအနေနှင့် သူ့ပုံရိပ်ကိုပင် ဖမ်းဆီးနိုင်မည် မဟုတ်ပေ။
သူ့ကျင့်ကြံဆင့်က ကနဦးဝိညာဉ် ထိပ်သီးအဆင့် ဖြစ်သော်လည်း ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းမှ ကနဦးဝိညာဉ်အဆင့် ရောက်ရှိထားခြင်း ဖြစ်သည်။ သူ့အရှိန်အဝါတို့က အဆုံးအစွန်အထိ ကြောက်မက်ဖွယ်ကောင်းနေသည်။
…………....
နှစ်ယောက်သား အားအပြည့်ဖြင့် အရူးအမူး တိုက်ခိုက်နေကြသည်။ သို့သော်လည်း ကောင်းကင်ထောက်တိုင် သူတော်စင်က ထိုလူလက်ထဲတွင် ပြန်လည် လက်တုံ့ပြန်ခွင့်ပင် မရချေ။
ထိုလူက ရှစ်မြောင့်ထောင့် ပါကွားကို ထုတ်ကာ မိုးမြေအထိ ပျံ့နှံ့သွားစေသည့် ဆန်းကြယ်စွမ်းအားများ ရုတ်ချည်း ထုတ်လွှင့်လိုက်၏။ ထူးထူးဆန်းဆန်း သင်္ကေတများက အလင်းအလွှာအသွင်ပြောင်းလဲသွားပြီး နေရာတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်သည်။ ထိုစဉ် လေဟာနယ်က စတင်ပုံပျက်လာကာ အက်ကွဲလာလေ၏။
အလင်းတန်း ကွယ်ပျောက်သွားသည့်အခါ ကောင်းကင်ထောက်တိုင် သူတော်စင်က ဒဏ်ရာအပြင်းအထန် ရသွားပြီး ဆက်လက် မခုခံနိုင်တော့ပေ။ တစ်ဖက်တွင် ရှစ်မြောင့်ထောင့် ပါကွားဝတ်ရုံနှင့် အမျိုးသားက ဘာမှအားစိုက်မထုတ်လိုက်ရသည့်အလား အေးအေးဆေးဆေး ဖြစ်နေသည်။
ထိုအခိုက်အတန့် လူအုပ်ကြီးက အော်ဟစ်လိုက်ကြသည်။
“ ကျူးကောစစ်မာက အရမ်းအားကောင်းတာပဲ”
“ ကောင်းကင်ထောက်တိုင် သူတော်စင်တောင် သူ့ပြိုင်ဖက် မဟုတ်ဘူး ”
“ ဒီလိုလက်တစ်ချက်ဝေ့ရုံနဲ့ ကြောက်မက်ဖွယ် အစီအရင်မျိုး ခင်းကျင်းနိုင်တယ်ဆိုတော့ သူက တကယ်ကို အစီအရင်ဆရာသခင်တစ်ယောက်ပဲ ”
“သူ့လက်ရှိစွမ်းအားနဲ့ ကျိရှားကျောင်းတော်ရဲ့ လက်ရှိ မျိုးဆက်ရဲ့ ထိပ်တန်း ဖြစ်လာနိုင်တယ် ”
အားလုံးက ကျူးကောစစ်မာ ပြသခဲ့သည့် စွမ်းအားကြောင့် အံ့အားသင့်နေကြသည်။
ရှန်ထျန်းလည်း သိချင်မိ၏။ အစီအရင်စွမ်းအားကို နားလည်သဘောပေါက်သည့် ကျင့်ကြံသူများက အလွန်တရာ ရှားပါးလှသည်။
ဤစွမ်းအားက တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခုခံဖို့ ကိုယ်ပိုင်စွမ်းအား အသုံးပြုရသည့် ချီသန့်စင်ခြင်းနှင့် ခန္ဓာကိုယ် သန်စွမ်းမှုကို အသုံးချရသည့် ကိုယ်ထည်မာ လေ့ကျင့်ခြင်းတို့နှင့် လုံးဝ ကွဲပြားပေသည်။
အစီအရင်စွမ်းအားကို နားလည်သဘောပေါက်သူများက မိုးမြေစွမ်းအားကို အသုံးပြုကာ အစီအရင်များ ဖွဲ့စည်းပြီး သူတို့ပြိုင်ဖက်အား အားကောင်းသည့် အစီအရင် ခင်းကျင်းကာ ရင်ဆိုင်နိုင်သည်။ ဤစွမ်းအားနှင့် လူများက အရွယ်ရောက်လာသည့်အခါ အထွတ်အထိပ် အစီအရင်ကိုပင် ချက်ချင် ခင်းကျင်းနိုင်ကြသည်။
အစီအရင်ဆရာသခင်များက တိုက်ပွဲမြေ၌ အလွန်တရာ အသုံးဝင်ကြသည်။ သူတို့က စစ်သားတစ်ထောင်ကို သူတို့ဘာသာ တိုက်ခိုက်နိုင်ကြ၏။
ကျန်းယွင်ထင်က ရှင်းပြလိုက်သည် “ ဒီလူရဲ့ နာမည်က ကျူးကောစစ်မာတဲ့။ သူက လျို့ဝှက်ကျူးကောမျိုးနွယ်ရဲ့ ထိပ်တန်း ပါရမီရှင်လေ။ သူက အစီအရင်တာအို ကျွမ်းကျင်ကြတဲ့ ကျူးကောမျိုးနွယ်နဲ့ စစ်မာမျိုးနွယ်တို့ရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားတယ်။ သူက အစီအရင်စွမ်းအားမှာ အတော်လေးကို ကျွမ်းကျင်ထားတာ …
ပြောကြတာတော့ သူက မဟာအစီအရင်ကို ခြေသုံးလှမ်းတည်းနဲ့ ခင်းကျင်းနိုင်ပြီးတော့ သူ့အစီအရင်စွမ်းအားကို အသုံးချပြီး ပြိုင်ဖက်ကို သတ်ပစ်နိုင်တယ်။ သူ့အခြေအနေအကောင်းဆုံးအချိန်မှာ သူက အထွတ်အထိပ် အစီအရင်ကို ခင်းကျင်းပြီး နောက်ဆုံးအဆင့် ကောင်းကင်အသျှင်ကိုတောင် သတ်ပစ်နိုင်တယ်။ ”
လျို့ဝှက်မျိုးနွယ်များက အထွတ်အမြတ်မြေထက် အားမနည်းပေ။ သူတို့က တချို့သော နယ်ပယ်များ၌ အထွတ်အမြတ်မြေထက်ပင် ပိုထူးချွန်ကြသေး၏။
သီးခြားမျိုးနွယ်များသည် ရှေးခတ်အခါကတည်းက လက်ဆင့်ကမ်းလာခြင်း ဖြစ်ပြီး အမြဲသိုသိုဝှက်ဝှက်နေကာ မည်သည့်အရှုပ်အထွေးမှ ဝင်မပါကြပေ။
သူတို့မျိုးနွယ်၏ အမွေအနှစ်အများစုကို သေချာထိန်းသိမ်းထားကြပြီး သူတို့အုတ်မြစ်က အလွန်တရာ နက်ရှိုင်းသောကြောင့် စွမ်းအားကလည်း ကြီးမားလှသည်။ ထို့ကြောင့် လျို့ဝှက်မျိုးနွယ် ပေါ်ထွက်လာခြင်းက နယ်မြေငါးခု၏ ကျင့်ကြံသူများအတွက် ကိစ္စကောင်း ဖြစ်၏။ သူတို့က မိစ္ဆာဝိညာဉ်များကို အတူတကွ တိုက်ခိုက်နိုင်လေသည်။
…………...
ရှန်ထျန်းက ခေါင်းအသာညိတ်လိုက်သည်။ ဤကပ်ဘေးကြီးက နယ်မြေငါးခုလုံးကို ပစ်မှတ်ထားသည့်အတွက် မည်သူမှ မထိမရှ ကျန်ရစ်နိုင်မည် မဟုတ်ချေ။
အကယ်၍ လျို့ဝှက်မျိုးနွယ်များသာ မလှုပ်ရှားလာလျှင် နယ်မြေငါးခု ကျင့်ကြံသူများ ပျက်သုန်းသွားသည့်အခါ သူတို့ဘာသာ သေခြင်းတရားကို လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကျူးကောစစ်မာက အလွန် ထူးကဲလှသည်။ လွန်ခဲ့သော နှစ်တစ်ရာခန့်က ဖြစ်လျှင် သူ့ကို သေချာပေါက် ထိပ်တန်း ပါရမီရှင်အဖြစ် ယူဆကြလိမ့်မည်။
“ လျို့ဝှက်မျိုးနွယ်တင် မကသေးဘူး။ ပါရမီရှင်တွေ မွေးထုတ်ပေးတဲ့ အထွတ်အမြတ်မြေတွေ အများကြီး ရှိသေးတယ် ”
ချီရှောက်ရွမ်က အကြည့်တို့ လေးနက်လာသည်။ သူ့အကြည့်တို့က နောက်စင်မြင့်တစ်ခုဆီ ရောက်သွားကာ ပြောလိုက်သည် “ညီအစ်ကိုရှန် ကြည့်လိုက် ”
ရှန်ထျန်းက နောက်တစ်ဖက် လှည့်ကြည့်လိုက်သည်။
ကောင်းကင်ဆီ ထိုးထွက်လာသည့် တာအိုသင်္ကေတများက သိပ်သိပ်သည်းသည်း ရစ်ဝဲနေသည်။ ပါရမီရှင်နှစ်ယောက်က လက်ရှိ တိုက်ခိုက်နေကြသည်။ တစ်ယောက်က ကိုယ်ကာယတောင့်တင်းပြီး အားကြီးသည့် အငွေ့အသက်တို့ ပိုင်ဆိုင်ထားသည်။
သူ့နောက်တွင် ပေတစ်သောင်း မြင့်မားသည့် ဧရာမ ပန်တစ်ကောင် ပေါ်လာပြီး ကမ္ဘာကြီးကို ဝါးမျိုချင်သည့်အလား စွမ်းအားက ကြီးကျယ်လွန်းလှသည်။
ဤသူမှာ မဟာလေဟာနယ် ခွန်မျိုးနွယ်မှ ပါရမီရှင် ဖြစ်၏။ သူက ခွန်မျိုးနွယ်၏ အထွတ်အထိပ် ခွန်ပန် ပညာရပ်ကို ထုတ်သုံးနေသည်။ ဤလူက အစောပိုင်း ကောင်းကင်အသျှင်အဆင့် ရှိသော်လည်း သူ့အင်အားက ကြောက်ခမန်းလိလိ ဖြစ်သည်။
သူ့ပြိုင်ဖက်က နောက်ပိုင်းအဆင့် ကောင်းကင်အသျှင် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ထိုသူလက်ထဲတွင် ယခင်မျိုးဆက်ဟောင်း ပါရမီရှင်များပင် ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
သူက ခွန်ပန်တစ်ကောင်အား ပန်တစ်ကောင်ဖြစ်အောင် ပြိုင်ဖက်ကင်း ပညာရပ်ဖြင့် ပြောင်းလဲခဲ့ပြီး အဆုံးမဲ့ လေဟာနယ်ကို ဝါးမျိုပစ်ချင်သည့်အလား အဆုံးမဲ့အံ့ဖွယ်အလင်းများ ထုတ်လွှင့်နေသည်။
ထိုစဉ် သူ့ပြိုင်ဖက်က ရှုံးနိမ့်သွားပြီး သွေးအန်လျက် နောက်ဆုတ်လိုက်ရသည်။
ဤမြင်ကွင်းက လူများစွာအား အံ့ဩသွားစေသည်။
………….....
ချီရှောက်ရွမ်က မထူးမခြားနား ပြောလိုက်သည် “ ဒီလူက ခွန်ပန်ကျိလေ။ သူက မြောက်ပင်လယ် ခွန်မျိုးနွယ်ရဲ့ ခေါင်းဆောင် ခွန်မင်ရဲ့ သား … သူက ၃၅ နှစ်လေးနဲ့ ပန်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်ခဲ့တာ။
သူ့ခွန်ပန်ပညာရပ်က မိုးမြေအောက်မှာ ပြိုင်ဖက်ကင်းပဲ။ သူ့တိုက်ခိုက်စွမ်းက အတော်လေး အားကောင်းတယ်။ အစောပိုင်း ကောင်းကင်အသျှင်အဆင့်လေးနဲ့ ထိပ်တန်း ကောင်းကင်အသျှင်အဆင့်တစ်ယောက်ကို တိုက်ခိုက်နိုင်တယ် ”
ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ သူက ခွန်ပန်တာအိုကို ဖမ်းဆုပ်မိပြီး သဘာဝအတိုင်း နားလည်သဘောပေါက်ခဲ့သည်။
ခွန်ပန်ကျိတစ်ယောက် ၃၅ နှစ်တည်းနှင့် ပန်တစ်ကောင်အဖြစ် အောင်အောင်မြင်မြင် အသွင်ပြောင်းနိုင်ခဲ့ပြီး ခွန်ပန်တာအိုကို ထူးကဲသည့် အဆင့်အထိ နားလည်သဘောပေါက်ထားသောကြောင့် သူ့ပါရမီက အလွန်ထူးခြားကြောင်း ဆိုနိုင်ပေသည်။
…………...
အားလုံးက သူတို့အကြည့်ကို နောက်ပြိုင်ပွဲဆီ ရွေ့လိုက်ကြသည်။
ထိုနေရာတွင် အံ့ဖွယ်မီးတောက်များ တောက်လောင်နေပြီး မျက်စိစူးမတတ် ဖြစ်နေသည်။ မီးတောက်များ ကောင်းကင်အထိ ထိန်ထိန်ညှီးနေပြီး ကောင်းကင်အား ဗလာအဖြစ် လောင်ကျွမ်းပစ်လိုက်သည်။
နယ်မြေတစ်ခုလုံးက အဆုံးမဲ့မီးတောက်များဖြင့် လွှမ်းခြုံထားလေသည်။ စွမ်းအားက ကြီးမားပြီး နေမင်းတစ်စင်းလို တောက်ပနေပြီး ကောင်းကင်ဘုံကိုးလွှာအထိ အလင်းပေးနေသည်။ မီးတောက်များအောက်တွင် ပါရမီရှင်များစွာနှင့် ရင်ဆိုင်နိုင်သည့် အဆုံးမဲ့မီးတောက်ကို ထိန်းချုပ်ထားသော ပုံရိပ်ဆယ်ခုကို မှုန်ဝါးဝါး မြင်တွေ့နိုင်လေသည်။
ရှန်ထျန်းက အံ့ဩမိသွားသည်။
အကြောင်းမှာ ထိုမီးတောက် နေမင်းလျှံအစစ် မီးတောက် ဖြစ်နေကြောင်း သိလိုက်ရ၍ ဖြစ်သည်။
ထိုမီးတောက်၏ သန့်စင်နှုန်းက သူ့ထက် နိမ့်ကျသော်လည်း ကောင်းကင်အသျှင်ကို ပြာချနိုင်လောက်သည့်အထိ စွမ်းအားကြီးနေဆဲ ဖြစ်သည်။
ချီရှောက်ရွမ်က မိတ်ဆက်ပေးလိုက်သည် “ အဲဒီဆယ်ယောက်က တောင်ပိုင်းနယ်မြေရဲ့ အံ့ဖွယ်မီးတောက်နီ ကျီးမျိုးနွယ်က ပါရမီရှင်ဆယ်ယောက်လေ။ သူတို့တိုက်ခိုက်စွမ်းက ပြိုင်ဖက်ကင်းပဲ။
အဲဒီမျိုးနွယ်က ရွှေကျီးမျိုးနွယ်ရဲ့ မျိုးဆက် ဖြစ်ပြီးတော့ ရွှေကျီးသွေးမျိုးဆက် တပိုင်းတစကို ပိုင်ဆိုင်ထားသေးတယ်။ အံ့ဖွယ်မီးတောက်နီ ကျီးမျိုးနွယ်က မီးတောက် အသုံးပြုရာမှာ ကျွမ်းကျင်ကြပြီးတော့ မီးတောက်အမျိုးမျိုးကို ထိန်းချုပ်နိုင်ကြတယ်။
အဲဒီပါရမီရှင်ဆယ်ယောက်က မီးတောက်ပါရမီရှင်တွေပဲ။ သူတို့က မွေးလာကတည်းက နေမီးလျှံအစစ် မီးတောက်ကို ထိန်းချုပ်နိုင်ခဲ့ကြတာ … အဲကြောင့် သူတို့ကို ရွှေကျီးဆယ်ယောက်အဖြစ် လူသိများတယ် … သူတို့က ရှေးဟောင်းရွှေကျီး နတ်ဧကရာဇ်နဲ့ သူ့ကလေးကိုးယောက် ပြန်ဝင်စားတာလို့လည်း ကောလဟာလတွေ ရှိခဲ့ဖူးတယ် ”
ရှန်ထျန်းက လှမ်းကြည့်လိုက်ပြီးနောက် နှုတ်ခမ်းတို့ တွန့်ချိုးမိသွားသည်။
နောက်ဆုံးတွင် သူက အဆုံးမဲ့မီးတောက်များအတွင်း ကျီးမျိုးနွယ် ပါရမီရှင်ဆယ်ယောက်ကို မြင်လိုက်ရလေပြီ။ သူတို့က သွင်ပြင်ဆင်တူကြပြီး အားလုံးတွင် ရွှေရောင်ဆံပင်နှင့် ရွှေရောင်မျက်လုံး ပိုင်ဆိုင်ထားကြသည်။ သူတို့ခန္ဓာကိုယ်များက နေမီးလျှံအစစ် မီးတောက်များ တောက်လောင်နေကာ သူတို့အရှိန်အဝါက ကြောက်ခမန်းလိလိ ဖြစ်သည်။
ဦးဆောင်လာသူက အရှိန်အဝါ ပိုအားကောင်းလေ၏။ သူက အခြားညီအစ်ကိုများထက် အနည်းငယ် ပိုအားကောင်းနေသည်။ အခြားလူများက ဆင်တင်တင် အငွေ့အသက်များ ပိုင်ဆိုင်ထားကြသည်။
နောက်ဆုံးတစ်ယောက်က အာဟာရမပြည့်ဝသည့်အလား အားငယ်နေပုံပေါက်နေသည်။
ရှန်ထျန်းက ထိုအရာကို မြင်ပြီး နှုတ်ခမ်းထောင့်တို့ ကွေးညွှတ်သွားသည်။
ဘယ်လိုလုပ် ကောဟလာလ ဖြစ်ရမှာလဲ။ ဒါက ရွှေကျီး နတ်ဧကရာဇ်နဲ့ သူ့ကလေးကိုးယောက် ပြန်လည်ဝင်စားလာတာ အသိသာကြီးပဲကို
အထူးသဖြင့် နောက်ဆုံးကောင်လေး ဖြစ်သည်။ သူက ဆယ်ကောင်မြောက် မဖွံ့ဖြိုးသေးသည့် ရွှေကျီးနှင့် တစ်ပုံစံတည်း ဖြစ်၏။
....................
အားလုံး ရှင်းပြပေးပြီးနောက် ရှန်ထျန်းက လက်ရှိအခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားသည်။ ပုံမှန်အားဖြင့် အဓိကအင်အားစုတိုင်းက စံပြပါရမီရှင်တစ်ယောက် မွေးထုတ်ပေးနိုင်လာကြသည်။ သူတို့အားလုံးက တစ်ယောက်ချင်းစီ ထူးကဲသောစွမ်းရည်မျိုး ပိုင်ဆိုင်ထားကြ၏။
နမူနာအားဖြင့် မြောက်ပင်လယ်၏ ထူးခြားဆန်းကြယ်လှသော နဂါးဇာမဏီ မိန်းမပျိုလေးတွင် နဂါးသွေးမျိုးဆက်နှင့် ဇာမဏီသွေးမျိုးဆက် နှစ်ခုလုံးကို ပိုင်ဆိုင်ထားသည်။ သူမက မီးဓာတ်၊ ရေဓာတ်နှင့် ယင်ဓာတ်တို့ဖြင့် မွေးဖွားလာသူ ဖြစ်ပြီး မီးနှင့် ရေခဲဓာတ်သဘာဝနှစ်မျိုးလုံးကို ထိန်းချုပ်နိုင်သည်။
သူမက နဂါးစစ်ကျမ်းကို ငယ်ငယ်ရွယ်ရွယ်ဖြင့် ကျွမ်းကျင်အဆင့်အထိရောက်အောင် ကျင့်ကြံပြီးသွားလေပြီ။
သူမက စွမ်းပကားရှင်အဆင့်ကို ၂၁ အရွယ်တွင် ရောက်ရှိသွားသောကြောင့် သူမမျိုးဆက်အတွင်း ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
အလယ်ပိုင်းကုန်းမြေ၌ အားကောင်းသည့် ပါရမီရှင်များစွာ ရှိပေသည်။ အလားအလာအကောင်းဆုံးမှာ ရှီထျန်းကျီ၏ တပည့်ရင်း ရှီကျုံးယွီ ဖြစ်သည်။ သူက ကောင်းကင်စက်ဝန်း တာအိုကျမ်းနှင့် ဟွမ်ရှစ်တာအိုကျမ်းတို့ကို ကျင့်ကြံသည်။ အသက် ၃၂ တွင် သူ့ကျင့်ကြံဆင့်မှာ ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်နေလေပြီ။
သူ၏ ကောင်းကင်အံ့ဖွယ်လက်သီးချက်က လူငယ်မျိုးဆက်များကြား ပြိုင်ဖက်ကင်းအောင် ပြုလုပ်ပေးထားသည်။ ဤလူက ကောင်းကင်အသျှင်အဆင့်ဖြင့် ဝိဇ္ဇာအစစ်အမှန်အဆင့်အား လက်ဗလာဖြင့် စုတ်ဖြဲပစ်ခဲ့သည်။ သူက ဒုတိယမြောက် ကောင်းကင် သားတော်ဟုပင် ဂုဏ်ပုဒ်ရထားလေသည်။
……….....
သို့သော် အဆုံးသတ်၌ အားလုံးက ပြိုင်ပွဲစင်မြင့်တစ်ခုဆီ အာရုံစိုက်လိုက်ကြသည်။ ထိုနေရာတွင် ပါရမီရှင်နှစ်ယောက် ယှဉ်ပြိုင်နေကြ၏။
တစ်ယောက်က ဓားသဏ္ဌာန် မျက်ခုံးနှင့် ကြယ်တာရာ မျက်ဝန်းတို့ ပိုင်ဆိုင်ထားသည်။ သူ့အကြည့်တို့က တောက်ပနေပြီး ခန္ဓာကိုယ်က အရပ်ရှည်ရှည် ခပ်တောင့်တောင့် ဖြစ်သည်။
သူက သုံးပေရှည်သည့် ဓားကို သယ်ဆောင်ထားသည်။ သူ့အရှိန်အဝါတို့က အံ့လောက်ဖွယ် ဖြစ်ပြီး သူ့ဓားအငွေ့အသက်တို့က ကောင်းကင်ထိလုမတတ် ဖြစ်နေသည်။ သူ့မဟူရာဆံပင်တို့က ရေတံခွန်သဖွယ် ဖြာကျနေပြီး အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ့ခန္ဓာကိုယ်မှ ထူးကဲကာ သန့်စင်လှသည့် အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။
ဤလူကို မိုးကြိုးလျှပ်စီးများဖြင့် ဝန်းရံထား၏။ သူ့အရှိန်အဝါက ကြောက်ခမန်းလိလိ ဖြစ်သည်။
သူ့နှင့် မျက်နှာချင်းဆိုင်ရှိနေသည်ကား အနီတောက်တောက် ဝတ်ရုံနှင့် လူငယ်လေး ဖြစ်ပြီး သူ့နောက်တွင် နေခြောက်စင်း ထွန်းလင်းတောက်ပနေသည်။ ထိုလူနှစ်ယောက်က လက်ရှိ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် နေကိုးစင်း သူတော်စင်တို့ ဖြစ်ကြသည်။ အထွတ်အမြတ်မြေများ၏ နှစ်တစ်ရာနေတိုင်း သူတော်စင် ရွေးချယ်တင်မြောက်ပေးသော ဓလေ့ကြာင့် ရှန်ထျန်း၏နေရာကို သူတော်စင်အသစ် ဝင်ရောက်လာလေပြီ။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က နေကိုးစင်း သူတော်စင်နှင့် ရင်ဆိုင်နေသည်ကို မြင်ပြီး အားလုံးက ကြည့်လိုက်ကြသည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နှင့် နေကိုးစင်း သူတော်စင်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဘာစကားမှပြောစရာ မလိုဘဲ သူတို့က တိုက်ပွဲ စတင်လိုက်ကြသည်။
ထိုစဉ် အဆုံးမဲ့ အံ့ဖွယ်အလင်းတို့က ပြိုင်ပွဲစင်မြင့်မှ ထွက်လာကာ ကောင်းကင်တုန်လုမတတ် ပေါက်ကွဲမှု ဖြစ်လာစေသည်။
ဆူဆူညံညံအသံများ ထွက်လာပြီး မီးတောက်များလည်း ကောင်းကင်ထိလုမတတ်အထိ မြင့်တက်သွားသည်။
အဆုံးမဲ့ မိုးကြိုးနှင့် မီးတောက်များက ရစ်ပတ်နေပြီး ပေါက်ကွဲသွားကာ ဘေးပတ်ဝန်းကျင်တွင် လေဟာနယ်က အချိန်မရွေး ပျက်စီးသွားတော့မည့်အလား အက်ကြောင်းများ ပေါ်လာစေသည်။
အားလုံး၏ အကြည့်တို့ တောက်ပလာကြ၏။
သူတို့က ပြိုင်ဖက်နှစ်ယောက်၏ ကျင့်ကြံဆင့်ကို အသေအချာ မြင်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးက ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်ထားသည့် ကနဦးဝိညာဉ်အဆင့်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့ထုတ်လွှင့်လိုက်သည့် စွမ်းအားက ကောင်းကင်အသျှင်နှင့်ပင် ယှဉ်၍ ရလေသည်။
ဤသို့သော အသက်အရွယ်ဖြင့် အောင်မြင်မှုမျိုး ရနေခြင်းမှာ ထူးကဲလှသည်။
ယခင်နှစ် တစ်ရာခန့်ကသာ ဖြစ်ပါက သူတို့ပါရမီနှင့် စွမ်းအားတို့က ယခင်မျိုးဆက်ဟောင်း ပါရမီရှင်များပင် သူတို့ပြိုင်ဖက် ဖြစ်နိုင်မည် မဟုတ်ပေ။
………....
လူအုပ်ကြီးက ဆက်ကြည့်နေကြပြီး တိုက်ပွဲပုံစံ ပြောင်းလဲလာသည်ကို မြင်လိုက်ကြရသည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ အရှိန်အဝါများက ရုတ်ချည်း အားကောင်းလာသည်။ သူ့အနားတွင် မိုးကြိုးများက လျှပ်စီးများနှင့်အတူ တလက်လက် တောက်ပနေသည်။
ထိုစဉ် သူက သက်ရှိအားလုံးကို အဆုံးသတ်ရန် ရည်ရွယ်ထားသည့် မိုးကြိုးစမ်းသပ်ချက်ကို ထိန်းချုပ်နိုင်သည့် အထွတ်အထိပ် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။ သူ့လက်တစ်ချက်အဝေ့တွင် ဓာတ်နှောနတ်မိုးကြိုးများ လှုံ့ဆော်ခံလိုက်ရပြီး ကမ္ဘာကြီးအား အံ့ဖွယ်အလင်းတို့ဖြင့် သန့်စင်ပေးလိုက်သည်။ ဤပြိုင်ပွဲစင်မြင့်တစ်ခုလုံးကို မျက်စိစူးလောက်ဖွယ် မိုးကြိုးများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားသည်။
ကြောက်မက်ဖွယ် အံ့ဖွယ်စွမ်းအားက အဆုံးမရှိ ထွက်ပေါ်လာပြီး လူတစ်ယောက်၏ စိတ်နှလုံးသားပင် တုန်ယင်သွားစေလောက်သည်။ ထိုအရာက မိုးမြေကို နှစ်ပိုင်းခြမ်းပစ်ဖို့ ရည်ရွယ်ထားပုံပေါက်၏။
မိုးကြိုးများ ပျောက်ကွယ်သွားသည့်အချိန် နေကိုးစင်း သူတော်စင်က မြေပြင်ပေါ် လဲကျနေလေပြီ။ သူ့ခန္ဓာကိုယ်က မည်းတူးနေပြီး သူ့ပါးစပ်မှ အဖြူရောင် မီးခိုးများ ထွက်နေလေသည်။
ရှန်ထျန်းက တအံ့တဩဖြင့် မျက်ခုံးပင့်ကြည့်လိုက်မိသည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ ပညာရပ်သည် အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်း၏ တားမြစ်အခန်းဆက် ကပ်ဘေးတဖန်မှ ဖြစ်ကြောင်း ပြောနိုင်လေသည်။
ဤအသက်အရွယ်လေးဖြင့် မိုးကြိုးတော်ဝင်ကျမ်းကို ဤမျှနားလည်နိုင်ဖို့ရာ သူ့ပါရမီက အတော်လေး ထူးခြား၍သာ ဖြစ်ရမည်။
ကျန်းယွင်ထင်က ပြုံးကာ ရှင်းပြလိုက်သည် “ အဲဒီကလေးက လက်ရှိ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်လေ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ဒီမျိုးဆက်ထဲ ပါရမီထူးတာ ဆယ်ယောက်ရှိတယ်။ ဒီကောင်လေးက အားအကောင်းဆုံးပဲ။ သူက နောက်ဆုံးအဆင့် ကောင်းကင်အသျှင်ကိုတောင် တိုက်နိုင်တယ် ”
ရှန်ထျန်းက ပိုအံ့ဩမိသွားသည်။
သူ အံ့ဖွယ်မိုးကာင်းကင် အထွတ်အမြတ်မြေဆီ မဝင်ရောက်ခင်က အထွတ်အမြတ်မြေတွင် ကျန်းယွင်ရှီး၊ ဖန်ချန်းနှင့် ကျန်းယွင်ထင်တို့သာ ထိပ်တန်း ပါရမီရှင်များအဖြစ် ယူဆနိုင်လေသည်။
ယခင် သူတို့က အရှေ့ပိုင်းလွင်ပြင်တစ်ဝိုက် ကျော်ကြားလာစေလောက်သည့် ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ရောက်ရှိခဲ့ကာ ရွှေအမြုတေအဆင့်စာရင်းထဲ ဝင်ရောက်လာခဲ့သည်။ သို့သော် လက်ရှိ သူတော်စင်က ကိုးဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီး ကနဦးဝိညာဉ်အဆင့် ရောက်လာခဲ့သည်။
အမြင်နှင့်တင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဤအချိန်အခါအတွင်း သိသိသာသာ တိုးတက်လာခဲ့ပုံပေါ်သည်။ ကမ္ဘာအနှံ့နှံ့မှ လူငယ်များကို လက်ခံကာ ပါရမီရှင်များ မွေးထုတ်ပေးနိုင်ခဲ့သည်။
ရှန်ထျန်း၏ အတွေးကို သိနေသည့်အလား ကျန်းယွင်ထင်က ပြုံးလိုက်ပြီး
“ဒါတွေအားလုံးက မင်း ယူလာပေးတဲ့ အမွေအနှစ်တွေကြောင့်ပါပဲကွာ။ ညီလေးရှန် မင်းက ငါတို့အထွတ်အမြတ်မြေရဲ့ ကပ်ဘေးတဖန်ကျမ်းကို ပြန်ရှာတွေ့ရုံတင် မကဘူး။ တော်ဝင်ကျမ်း အများကြီးကိုလည်း ယူဆောင်လာပေးခဲ့တယ်။
ပြီးတော့ စစ်နတ်ဘုရား မျှော်နန်းဆောင်လိုမျိုး ကျင့်ကြံရေး ဆန်းကြယ်နယ်မြေတစ်ခုနဲ့ ငါတို့တပည့်တွေရဲ့ တိုက်ခိုက်စွမ်းက အလျှင်အမြန် တိုးတက်လာကြတယ်လေ။ ပြီးတော့ ညီလေးယွင်တိက မိုးကြိုးဖာက်ခွဲရေး အဆောင်တွေနဲ့ မက်ခါတွေကို ဖန်တီးထုတ်လုပ်ပေးတော့ ငါတို့အထွတ်အမြတ်မြေရဲ့ အမွေအနှစ်က အများကြီး ကျယ်ပြန့်လာခဲ့တယ်။
အခု အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက အရှေ့ပိုင်းလွင်ပြင်မှာ တပည့်တွေကြား ရေပန်းအစားဆုံး ဖြစ်နေပြီ။ အဲဒါကြောင့် သူတို့နေထိုင်ဖို့ အရင်းအမြစ်တွေက ယခင်ထက် အဆအများကြီးပိုကောင်းလာတယ်။ ပြီးတော့ ပါရမီထူးကဲတဲ့သူတွေလည်း ပေါ်ထွက်လာခဲ့တာပဲ ”
ကျန်းယွင်ထင်က သက်ပြင်းချလိုက်သည်။
သူ့ညီလေးကြောင့်သာ မဟုတ်ပါက အထွတ်အမြတ်မြေက ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် တိုးတက်လာပါ့မလဲ …
ညီလေးရှန်က ကံကြမ္မာသားတော်ဆိုတဲ့အတိုင်းပဲ … အထွတ်အမြတ်မြေတစ်ခုလုံးကို ထိပ်ဆုံးအထိ ဦးဆောင်ခေါ်လာခဲ့တာပဲ
..................
ကျန်းယွင်ထင်က ဆက်ရှင်းပြလိုက်သည်
“ အဲဒီကလေးတွေက ပုံမှန်မဟုတ်လောက်အောင် ပါရမီထူးကြတယ်။ နမူနာအနေနဲ့ဆိုရင် ငါတို့ အံ့ဖွယ်မိုးကောင်းကင် ကလေးဆယ်ယောက်လုံးမှာ တစ်ယောက်ချင်းစီက အံ့ဩဖို့ကောင်းတယ်။ သူတို့အားလုံးက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းကို နက်နက်နဲနဲအဆင့်အထိ ကျင့်ကြံကြပြီးပြီ။
ပြီးတော့ သူတို့အားလုံးက ကပ်ဘေးတဖန်ကို ကျွမ်းကျင်တတ်မြောက်ထားပြီးတော့ ဓာတ်နှောနတ်မိုးကြိုးကို နားလည်အောင် လုပ်နိုင်နေကြပြီ။ သူတို့စွမ်းအားက အဆင့်တူအတွင်း ပြိုင်ဖက်ကင်းပဲ …
တကယ်လို့ သူတို့ဆယ်ယောက်လုံးသာ ယင်ယန် ဓာတ်ငါးပါး မိုးကြိုးအစီအရင်ကို ခင်းကျင်းမယ်ဆိုရင် အဆင့်တူအတွင်း ပါရမီရှင် ရာချီလောက်ကို ရှင်းပစ်နိုင်လောက်တယ် ”
ကျန်းယွင်ထင်က ခါးသီးစွာပြုံးလိုက်မိသည်။ သူတို့သာ ကောင်းကင်ပြုပြင်ရေး ဆေးလုံး မသောက်ထားမိဘဲ သူတို့ပါရမီနှင့် ပင်ကိုယ်အရည်အသွေးတို့ကို မတိုးမြင့်ထားခဲ့လျှင် သူတို့က ထိုကလေးများအတွက် ပြိုင်ဖက် မဖြစ်နိုင်ချေ။
မျိုးဆက်သစ်က မျိုးဆက်ဟောင်းကို ကျော်တက်သွားသလိုမျိုး လူငယ်တွေက လူကြီးတွေက ကျော်တက်သွားလေပြီ။