တစ်ကမ္ဘာလုံးရဲ့ မိန်းမပျိုလေးတွေက မင်းကို စောင့်နေတယ်
Vol. 32 Ch. 471
အခန်း (၄၇၁) : တစ်ကမ္ဘာလုံးရဲ့ မိန်းမပျိုလေးတွေက မင်းကို စောင့်နေတယ်
ရှန်ထျန်းက သတိလက်လွတ် ဖြစ်သွားသည်။ သူ့တွင် သမီးတစ်ယောက် ရုတ်တရက် ရလာလိမ့်မည်ဟု ထင်မထားပေ။ သို့သော် ထိုဆက်နွယ်မှု ခံစားချက်က သူမသည် သူ့သွေးသားဖြစ်ကြောင်း ဆက်တိုက် သတိပေးနေသည်။
ရှန်အောင်းရွယ်က သူ့သမီးအရင်း ဖြစ်၏။
သို့သော် အကုန် မဟုတ်သေးပေ။
သူမက သူ့သွေးမျိုးဆက်စွမ်းအားကို အမွေရထားရုံသာမက နဂါးဇာမဏီ စွမ်းအားကိုလည်း အမွေရထားခဲ့သည်။ ရှန်ထျန်းက အောင်းပင်းနှင့် တူနှစ်ကိုယ် ကျင့်ကြံစဉ်အခါက ရှန်ထျန်းအတွင်းရှိ အံ့ဖွယ်ဇာမဏီစွမ်းအားနှင့် အံ့ဖွယ်နဂါးစွမ်းအားတို့သည် ပေါင်းစပ်သွားခဲ့ပြီး အကြမ်းခံ နဂါးဇာမဏီရုပ်ခန္ဓာကို ဖွဲ့စည်းနိုင်ခဲ့သည်။
နဂါးဇာမဏီ စွမ်းအားတပိုင်းတစက အောင်းပင်း ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့သည်။
အောင်းပင်းက ရှန်အောင်းရွယ်၏ မိခင် ဖြစ်သောကြောင့် သူမ မိခင်၏ အင်အားတပိုင်းတစကို ရလာကာ နဂါးဇာမဏီ စွမ်းအားတပိုင်းပါ အမွေရလာခြင်း ဖြစ်ရမည်။ ထို့ကြောင့် သူမဖွဲ့စည်းတည်ဆောက်ပုံက အကြမ်းခံ နဂါးဇာမဏီ ရုပ်ခန္ဓာ ဖြစ်နေခြင်း ဖြစ်၏။
ရှန်အောင်းရွယ်၏ ရုပ်ခန္ဓာက ရှန်ထျန်းလောက် အားမကောင်းသော်လည်း ရှားပါးလှသည့် အထွတ်အထိပ် အံ့ဖွယ်ဖွဲ့စည်းပုံမျိုး ဖြစ်သည်။ ရှန်အောင်းရွယ်နှင့် သွေးမျိုးဆက် ဆက်နွယ်မှုကို ခံစားမိလိုက်ပြီးနောက် ရှန်ထျန်းက ပြုံးလိုက်မိသည်။
သူ့တွင် သမီးတစ်ယောက် ရှိလာလေပြီ။
……….....
ရှန်ထျန်း၏ အမူအယာကို မြင်ကာ ရှန်အောင်းရွှယ်က သရော်ပြုံးပြုံးလိုက်ပြီး သူမသဘောထားတို့က အေးစက်လာသည်။ အဓိကအကြောင်းမှာ သူမ မွေးဖွားလာကတည်းက သူမ၏ မိခင်နားတွင် ဖခင် မရှိခဲ့ပေ။
ထို့အပြင် သူက နှစ် ၁၈၀ အတွင်း တစ်ခါမျှ ပေါ်မလာခဲ့ချေ။
ရှန်အောင်းရွှယ်က ဖခင်မေတ္တာကို တစ်ခါမှ မခံစားဖူးသောကြောင့် မိဘမဲ့တစ်ယောက်အလား ခံစားခဲ့ရသည်။
အကယ်၍ အောင်းပင်းသာ ရှန်ထျန်း ရောက်မလာခြင်းမှာ မတော်တဆဖြစ်ရပ်ကြောင့် ဖြစ်ကြောင်း၊ မဟုတ်ပါက သူ သေချာပေါက် ပေါ်ထွက်လာမည် ဖြစ်ကြောင်း ဆက်တိုက် ပြောမထားခဲ့လျှင် ရှန်အောင်းရွှယ်က သူမဖခင် သေဆုံးသွားလောက်ပြီဟုပင် ထင်မှတ်မိလောက်သည်။
ယခု ရှန်အောင်းရွှယ်က သူမ အဖေ မသေဆုံးသေးကြောင်း အတည်ပြုနိုင်လိုက်ပြီး စိတ်သက်သာရာ သက်ပြင်းချလိုက်မိသည်။ သို့သော် သူမက သူ့အပေါ် ခံစားချက်ပြင်းပြင်းထန်ထန်မျိုး မရှိနေပေ။
သူတို့က တစ်ခါမှ အချိန်အတူတူ မကုန်ဆုံးဖူးသောကြောင့် လုံးဝ မရင်းနှီးပေ။
ရှန်ထျန်းက ကောင်းကင်သူတော်စင်မြို့တွင် ပေါ်ထွက်လာလားချင်း အောင်းပင်းကို သွားမရှာသေးသည့်အကြောင်းကို ထည့်မပြောရသေးပေ။ ထိုအရာက ရှန်အောင်းရွှယ်ကို စိတ်တိုမိလာစေသည်။
သူမ၏ သဘောထားက အေးစက်နေသည့် အကြောင်းအရင်းလည်း ဖြစ်၏။ သူမက ရှန်ထျန်းကို ကောင်းကောင်း ဆက်ဆံရန် မရည်ရွယ်ပေ။
………....
ရှန်ထျန်းက ရှန်အောင်းရွှယ်၏ အငြိုးတရားကို ခံစားမိပြီး နေရခက်လာမိသည်။ အဓိကအကြောင်းမှာ သူက ဤသို့ဖြစ်လာမည်မှန်း မသိခဲ့ချေ။ မဟုတ်လျှင် သူက သေချာပေါက် အပြေးအလွှား သွားမိပေလိမ့်မည်။
သူမက သူ့သမီး ဖြစ်သောကြောင့် သူမအကြောင်း ဂရုမစိုက်ဖို့ရာ မည်သို့ ဖြစ်နိုင်မည်နည်း။
ရှန်ထျန်းက အများကြီး ဖြတ်ကျော်ခဲ့ရသော်လည်း ဤအခြေအနေနှင့် မည်သို့ ရင်ဆိုင်ရမှန်း မသိပေ။
ရှန်ထျန်းက အသက်ပြင်းပြင်းရှုကာ ရည်ရည်မွန်မွန် ပြုံးလိုက်ပြီး “ ဒါ ငါတို့ ပထမဆုံးတွေ့တာဆိုတော့ … မင်း .. ဖေအနေနဲ့ လက်ဆောင်ပေးရမှာပေါ့ ”
ရှန်ထျန်းက ရှန်အောင်းရွှယ်သည် သူတို့ဆက်ဆံရေးကို ထုတ်ဖော်ရန် မရည်ရွယ်ထားကြောင်း သိသာလှသည်။ မဟုတ်လျှင် သူမက သူ့အား အသံဖြင့် ဆက်သွယ်ကာ ပြောပြမည် မဟုတ်ပေ။ သူမက တန်းထုတ်ပြောလောက်၏။
သူမက ကျယ်ကျယ် ထုတ်မပြောသာကြောင့် သူ့ကို မကျေမနပ် ဖြစ်နေသည်သာ ဖြစ်ရမည်။
ရှန်ထျန်းက သိထားသောကြောင့် စိတ်ထဲ မထားပေ။
အဆုံးသတ်၌ ဤသည်မှာ သူ့အနေနှင့် ပထမဆုံးအကြိမ် ဖခင်တစ်ယောက် ဖြစ်ဖူးခြင်း ဖြစ်သောကြောင့် လူသားဆက်ဆံရေးများကို မည်သို့ဖြေရှင်းရမှန်း အမှန်တကယ် မသိပေ။ အထူးသဖြင့် ဤသို့သော ကပ်ဘေးကာလအတွင်း မိစ္ဆာဝိညာဉ် ကျင့်ကြံသူများစွာက သူ့ကျော်ကြားမှုကြောင့် သူ့အား ပစ်မှတ်ထားကြလိမ့်မည်။
ရှန်ထျန်းက မကြောက်သော်လည်း မိစ္ဆာဝိညာဉ်မျိုးနွယ်သည် သူ့အား ခြိမ်းခြောက်နိုင်ဖို့ သူ ချစ်မြတ်နိုးရသူတို့ကို ပစ်မှတ်ထားလာနိုင်သည်။ ရှန်ထျန်းအနေနှင့် အားလုံးကို အချိန်ပြည့်ကာကွယ်ပေးနေ၍ မဖြစ်နိုင်ပေ။
သူတို့ဆက်ဆံရေးကို ယာယီမထုတ်ဖော်သေးတာက ရှန်အောင်းရွှယ်ကို ကာကွယ်ပေးနိုင်မည့် နည်းလမ်းတစ်မျိုး ဖြစ်လာနိုင်သည်။
ရှန်အောင်းရွှယ်က ထူးချွန်ပြောင်မြောက်လှသည့် ပါရမီရှိကာ သူမတိုက်ခိုက်စွမ်းက ယခင်မျိုးဆက်ဟောင်း ပါရမီရှင်များနှင့် ယှဉ်နိုင်သော်လည်း သူမက အားကောင်းသော ထိပ်တန်းကျင့်ကြံသူများနှင့် အလှမ်းကွာနေသေး၏။
ဤကပ်ဘေးကြီးက လူငယ်ပါရမီရှင်များ လွှမ်းမိုးနိုင်မည့်အရာမျိုး မဟုတ်ပေ။
အဆုံးသတ်၌ နှစ်ဖက်လုံးမှ ထိပ်တန်း ကျင့်ကြံသူများပေါ် မူတည်နေလေသည်။
နတ်ဘုရားလောကက အားကောင်းသည့် တပ်ကူများ ပို့မပေးသေးသောကြောင့် နယ်မြေငါးခုလုံးက အရေအတွက် နည်းပါးနေပြီး စွမ်းအား နည်းပါးနေသည်။ ထို့ကြောင့် သူတို့က သူတို့အချင်းချင်းသာ မှီခိုနေရသည်။
သူတို့စွမ်းအား အလျှင်အမြန် တိုးမြင့်မှသာ နယ်မြေငါးခု ကျင့်ကြံသူများ၏ ယေဘုယျစွမ်းအား တိုးမြင့်လာပြီး ဤကပ်ဘေးကို ရင်ဆိုင်နိုင်လိမ့်မည်။
………….....
သူ့သမီးဖြစ်သူ မကျေမနပ် ဖြစ်နေသည့်အချက်ကိုတော့ သူ့အနေနှင့် သူမကို မျက်နှာသာပေးရုံသာတတ်နိုင်လေသည်။ သူမက သူ့သမီး ဖြစ်သောကြောင့် သူမကို ချော့မော့ရမည်။
ရှန်ထျန်းက လက်ဝေ့လိုက်သည့်အခါ တောက်ပလွန်းသည့် အလင်းတန်းများ ထွက်လာကာ မြေပြင်တစ်ခုလုံး လင်းထိန်သွားစေသည်။
နေရာတစ်ခုလုံး ကြောက်မက်ဖွယ် အငွေ့အသက်များ ပြည့်နှက်လာပြီး မိုးကောင်းကင်ကိုပင် လှုပ်ခါသွားစေသည်။
အာကာပြင် အပိုင်းအစများပင် ဖိအားပြင်းပြင်းကို မတောင့်ခံနိုင်တော့ဘဲ ပျက်စီးသွားသည်။
သွေးနီရောင် ဓားရှည်တစ်ချောင်းက ရှန်ထျန်းရှေ့တွင် ပေါ်လောပေါ်လာသည်။ ထိုအနား အဆုံးမဲ့စည်းမျဉ်းများ ဝန်းရံနေပြီး ထက်ရှသည့် အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။
ဘေးပတ်လည် ဓားအငွေ့အသက်များက ကျယ်ပြောများပြားလွန်းပြီး ပမာဏအနည်းငယ်ဖြင့်ပင် အာကာပြင်အပိုင်းအစကို ခြေမွပစ်နိုင်လိမ့်မည်။ ထိုဓား ပေါ်ထွက်လာသည်နှင့် ဘေးပတ်လည်ရှိ ဓားများက သံပြိုင်ထုတ်လွှင့်လာကြသည်။
မြောက်များစွာသော ပါရမီရှင်များ၏ ဓားများက ဓားဘုရင်နှင့် တွေ့သွားသည့်အလား ချက်ချင်း တုန်ခါလာကာ ဦးညွှတ်လာကြသည်။
အားလုံးက အံ့ဩသွားကြ၏။
ထိုအထွတ်အထိပ် လက်နက်က ကမ္ဘာကြီးကို ဖျက်စီးကာ အာကာပြင်ကို ဖျက်စီးပစ်ချင်သည့်အလား အဆုံးမဲ့ အံ့ဖွယ်စွမ်းအားများ ထုတ်လွှင့်နေသည်။
ထိုဓားက ထျန်းကျူဓား ဖြစ်၏။
ထိုဓားကို သူ့အဆုတ်ထဲ ရှုပ်ထွေးပွေလီ အငွေ့အသက်များဖြင့် အားဖြည့်ပေးခဲ့သည်။ နဂို ထာဝရတပိုင်း လက်နက်မှ အထွတ်အထိပ်အဆင့် ထာဝရလက်နက် ဖြစ်လာလေပြီ။
ထျန်းကျူဓားက ရှန်ထျန်းကို များစွာ အားကောင်းလာစေသည်။ သူသာ ထိုဓားကို အသုံးပြုပြီး ဓားအငွေ့အသက်ကို ထုတ်လွှင့်လိုက်ပါက ထာဝရတပိုင်းအဆင့်ကို သတ်ပစ်နိုင်သည်။ သို့သော်လည်း သူက ရှန်အောင်းရွှယ်ဆီ ပေးဖို့ရာသာ ရွေးချယ်လိုက်သည်။
အကြောင်းမှာ ရှန်ထျန်းက ရှုပ်ထွေးပွေလီ မီးစာဖန်တီးခြင်း ပညာရပ်ဖြင့် သူ့အသက်လက်နက် ဖြစ်သည့် ရှုပ်ထွေးပွေလီ ကြယ်တာရာဓားကို ထုဆစ်ထား၍ ဖြစ်သည်။
ထျန်းကျူဓားက အားကောင်းသော်လည်း ရှုပ်ထွေးပွေလီ ကြယ်တာရာဓားနှင့် နှိုင်းယှဉ်လိုက်လျှင် မှေးမှိန်သွားသည်။
ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာဓားကို သူကိုယ်တိုင် ဖန်တီးထားသည့်အတွက် သူနှင့် ပိုသင့်တော်လေသည်။ ထို့ကြောင့် ထျန်းကျူဓားကို ရှန်အောင်းရွှယ်ဆီ လက်ဆောင်ပေးလိုက်လျှင်ပင် ရှန်ထျန်း၏ အင်အားအပေါ် သက်ရောက်မှု မရှိပေ။
ထျန်းကျူဓားက လွမ်းမောဖွယ် အတိတ်အကြောင်းတို့ ရှိလေသည်။ ရှန်ထျန်း အောင်းပင်းနှင့် စတွေ့ပြီး နဂါးနတ်ဘုရား စာချုပ်ချုပ်ဆိုခဲ့သည်မှာ ထျန်းကျူဓားကြောင့် ဖြစ်၏။ ပြောရလျှင် ထျန်းကျူဓားက သူနှင့် အောင်းပင်အား တင်းတင်းကျပ်ကျပ် ရစ်နှောင်ပေးထားသည့် အမှတ်သင်္ကေတအနေနှင့် ဆိုလို့ရပေသည်။
အကယ်၍ သူသာ ထျန်းကျူဓားကို ရှန်အောင်းရွှယ်ဆီ ပေးလိုက်လျှင် သူမစွမ်းအား တိုးတက်လာရုံသာမက သူမ အသက်ရှင်နိုင်မည့် အခွင့်အရေးလည်း မြင့်မားလာလိမ့်မည်။
ရှန်အောင်းရွှယ်အတွက် ရှန်ထျန်း၏ ပျက်ကွပ်မှုများအတွက် နစ်နာကြေးအနေနှင့် မှတ်ယူနိုင်သည်။ သို့သော် အများကြီး လိုအပ်နေသေး၏။
ရှန်ထျန်းက နောက်ထပ် လက်ဝေ့လိုက်သည့်အခါ နောက်ထပ် အထွတ်အထိပ် ရတနာ ပေါ်လာပြန်သည်။ ရွှေရောင်တောက်ပနေပြီး နေမင်းသဖွယ် လင်းလက်နေသည်။ လုံးဝန်းသည့် နေမင်းတစ်စင်း ထွက်ပေါ်လာသည့်အလား ကျယ်ပြောလွန်းသည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။
ဤသည်မှာ အထွတ်အထိပ်အဆင့် ထာဝရလက်နက် ရွှေနေမင်း စကြာ ဖြစ်၏။
ဤသည်မှာ ပြိုင်ဖက်ကင်း ခုခံရေး ထာဝရအသုံးအဆောင် ဖြစ်ပြီး အသက်သွင်းလိုက်သည်နှင့် ထာဝရအရှင်၏ တိုက်ခိုက်မှုကိုပင် တစ်ကြိမ် ကာဆီးပေးနိုင်သည်။
ဤသို့သော ပြိုင်ဖက်ကင်း ထာဝရအသုံးအဆောင်မျိုးက ထာဝရအရှင်ကိုပင် ဆွဲဆောင်နိုင်လိမ့်မည်။
သို့သော်လည်း ရှန်ထျန်းက ရှန်အောင်းရွှယ်အား တုံ့ဆိုင်းခြင်းမရှိ ပေးပစ်နေသည်။
သူမက သူ့ကလေး ဖြစ်၍ အဖြစ်ဆိုးများ ဖြစ်မလာစေရန် သေချာကာကွယ်ပေးရမည်။
ရှန်ထျန်းက သူမအား ထျန်းကျူဓားနှင့် ရွှေနေမင်း စကြာတို့ကို ပေးဖို့ လိုလားကြောင်း မြင်လိုက်ရသည့်အခါ သူမခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာမိသည်။ သူမ၏ အေးစက်စက် အမူအယာတို့လည်း ဘာလုပ်ရမှန်း မသိတော့သလိုမျိုး စိတ်ရှုပ်ထွေးသွားဟန်ပေါ်သည်။
အဆုံးသတ်၌ ရှန်အောင်းရွှယ်က ပန်းလေးဝင့်ဝင့်စွားစွား ပွင့်လာသကဲ့သို့ တောက်တောက်ပပ ပြုံးပြလိုက်သည်။ သူမက အလွန်လွန် လှပလွန်းလှသည်။
သူမက အသံဖြင့် ဆက်သွယ်ကာ “ ဖေဖေ ကျေးဇူးပါ ”
ရှန်အောင်းရွှယ်က ထာဝရအသုံးအဆောင်နှစ်ခု လက်ခံယူပြီးနောက် ရှန်ထျန်းအပေါ် အမြင်တို့ ပြောင်းလဲသွားရသည်။
အဖေက ငါ့ကို ဂရုစိုက်တာပဲ … သူက ငါ့အတွက် ထာဝရအသုံးအဆောင်တွေကိုတောင် ထုတ်ပေးနေတာ။ ငါ သူ့ကို နားလည်မှုလွဲသွားတာပဲ ဖြစ်ရမယ်
အားလုံးက ကြောင်အမ်းကုန်ကြသည်။
နဂါးဇာမဏီ မိန်းမပျိုလေးက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဆီကနေ ရတနာတွေ တကယ်ကြီး ရသွားတာလား
အထွတ်အထိပ် ထာဝရအသုံးအဆောင်တွေတောင်လား … မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး
အဲလောက် မရိုးရှင်းနိုင်ဘူး။ ငါတောင် လိုချင်လာပြီ
လူများစွာက စမ်းကြည့်ချင်နေကြသည်။ သို့သော်လည်း သူတို့က တွေးရုံမျှသာ ဖြစ်ပြီး ကံမစမ်းရဲကြပေ။
သူတို့က နဂါးဇာမဏီ မိန်းမပျိုလေးနှင့် ရှန်ထျန်းတို့ကြားက ဆက်ဆံရေး အစစ်အမှန်ကို မသိထားပေ။ သူတို့က နဂါးနက်ကျွန်းကြောင့် ဖြစ်မည်မှန်း ထင်လိုက်ကြ၏။
အောင်းရွှယ်က နဂါးနက်ကျွန်း၏ ပြိုင်ဖက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ရှန်ထျန်းက နဂါးနက်ကျွန်း၏ လူသားတွဲဖက် ဖြစ်ပေသည်။
နှစ်ယောက်လုံးက ရင်းနှီးသည့် ဆက်ဆံရေးရှိသောကြောင့် ရှန်ထျန်းအနေနှင့် ဂျူနီယာတစ်ယောက်အား ရတနာလက်ဆောင်ပေးသည်က ပုံမှန်သာ ဖြစ်၏။
ထိုစဉ် သူတို့က ရှန်ထျန်းနှင့် ဘာမှမဆက်စပ်ပေ။ ထို့ကြောင့် သူတို့သာ တစ်ခုလောက်သွားတောင်းလျှင် အရိုက်ခံရလောက်သည်။ ဤအံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အသစ်ကို ပေါ့သေးသေး ယူဆ၍ မဖြစ်ပေ။
သို့သော်လည်း ဆွဲဆောင်မှုကို တောင့်မခံနိုင်တော့ဘဲ ရှေ့ထွက်လာသူများလည်း ရှိနေပြန်သည်။
သူက မြောက်ပင်လယ် မဟာလေဟာနယ် ခွန်မျိုးနွယ်၏ ခွန်ပန်ကျိ ဖြစ်၏။ သူက ရှန်ထျန်းဆီ တန်းတန်းမတ်မတ် ရောက်လာကာ “ ဦးလေး … တစ်ယောက်တည်းကိုပဲ မျက်နှာသာပေးလို့ မဖြစ်ဘူးလေ။ ကျွန်တော်လည်း လက်ဆောင်လိုချင်တယ် ”
ဤတစ်ကြိမ် ရှန်ထျန်းက ကြောင်အမ်းသွားလေသည်။
ငါ ဘယ်တုန်းက ဒီကလေးရဲ့ ဦးလေး ဖြစ်လာရတာတုန်း …
သူ့ဆီကနေ ရတနာလိုချင်လို့ သူနဲ့ ဆက်စပ်တယ်များ ပြောနေတာလား …
ငါ့ကို စိတ်သဘောထားကောင်းတယ်များ ထင်နေကြတာလား
ရှန်ထျန်းက ဒေါသထွက်လာတော့မည်ကို ခံစားမိပြီး ခွန်ပန်ကျိက မြန်မြန် ပြောလိုက်သည်
“ ဦးလေး … ကျွန်တော်ရဲ့ ဒေါ်လေးက မဟာလေဟာနယ်ခွန် မျိုးနွယ်ရဲ့ မင်းသမီး ခွန်ယုပါ။ သူမက ဦးလေးကလွဲ၍ ဘယ်သူကိုမှ လက်မထပ်နိုင်ဘူးလို့ ငြင်းနေတာ နှစ်တစ်ရာကျော်သွားပြီ။ အဘိုးတောင် သူမကို မဖျောင်းဖျနိုင်ဘူး။
ဦးလေး ကျေးဇူးပြုပြီးတော့ ဒေါ်လေးကို လက်ခံလိုက်ပါ ”
ခွန်ပန်ကျိက ရှန်ထျန်း ပြန်ရောက်လာမှုမှာ သူတို့စိတ်ထဲမှ ဝန်ထုပ်လျော့ကျသွားစေသည့်အတွက် ပြုံးလိုက်မိသည်။ မဟုတ်လျှင် ခွန်ယုသာ ဆက်လက် ငြင်းဆိုနေလျှင် ဘယ်သူမှ မလိုချင်သည့် မိန်းမအိုကြီး ဖြစ်သွားပေတော့မည်။
ရှန်ထျန်းက ခွန်ပန်ကျိ စကားများကို ကြားပြီးနောက် နေရခက်ဟန်ပေါ်လာသည်။
အံ့ဩဖို့ကောင်းလိုက်တာ … သူက ငါတို့ဆက်ဆံရေးကို ဆက်နွယ်ပစ်ဖို့ နည်းလမ်း ရှာတွေ့တယ်တဲ့လား …
...............
မျှော်လင့်မထားသည်က ခွန်ပန်ကျီ၏ စကားများသည် ပါရမီရှင်များစွာကို သူ့နမူနာအတိုင်း လိုက်လုပ်စေမိသည်။
အမျိုးသားတစ်ယောက် ရှေ့တိုးလာသည်။ သူက နှင်းကဲ့သို့ ဖြူဆွတ်နေသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အစိမ်းရောင်ဓားကို နောက်တွင် လွယ်ထားသည်။ သူ့အကြည့်တို့က အင်မတန် စူးရှနေပြီး ဓားအငွေ့အသက်တို့က ကောင်းကင်အထိ မြင့်တက်နေပုံပေါ်သည်။ သူက ဓားကျင့်ကြံသူ ဖြစ်သော်လည်း အချုပ်အနှောင်မရှိ လွတ်လပ်လွန်းလှသည်။ သူက လက်ထဲတွင် အဖြူရောင် ဘူးခြောက် သေရည်အိုးကို ကိုင်ထားသေး၏။
ဤမြင်ကွင်းကို မြင်ကာ ရှန်ထျန်းက ထိုလူ၏ ဇာစ်မြစ်ကို မှန်းဆမိလိုက်သည်။ သူက ထိုက်ပိုင်ချိုင့်ဝှမ်းမှ တပည့် တစ်ယောက် ဖြစ်ရမည်။ အကြောင်းမှာ သူက ကြာပန်းဓားသမား လီချန်းကောနှင့် အတော်လေး ဆင်တူနေ၍ ဖြစ်သည်။
မှန်ပေသည်။ ဤကောင်လေးက လီချန်းကော၏ သား လီဝမ်ယွဲ့ ဖြစ်၏။
လီဝမ်ယွဲ့က ရှန်ထျန်းအား လေးလေးနက်နက် ကြည့်လိုက်ပြီး “ဦးလေး ဒေါ်လေးလျန်အာကလည်း စောင့်နေတုန်းပဲ ”
ရှန်ထျန်း “ … ”
“ အိုး နောက်တစ်ယောက် ရောက်လာပြီ ”
ဤနေရာတွင် အဆုံးသတ်မသွားပေ။ နောက်ထပ် ပါရမီရှင်တစ်ယောက် ထွက်လာပြန်သည်။ ထိုလူက အစိမ်းရောင်ကြာပန်းလေးလိုမျိုး ညင်သာနူးညံ့လှသည်။ သူမအနားတွင် ဝေဝါးဝါး မြူခိုးများ ဝေ့ဝဲနေပြီး သူမ၏ အလှတရားတို့ကို ဆွဲဆောင်မှု ပိုရှိလာစေသည်။
သူမက ကျောက်စိမ်းရေကန်၏ လက်ရှိ သူတော်စင်မ ယောင်ရှီ ဖြစ်သည်။
ယောင်ရှီလည်း ဝင်ပြောလိုက်သည် “ အမ် … ကျွန်မဆရာဖြစ်တဲ့ ဂိုဏ်းချုပ် ချင်းယွဲ့နဲ့ ဆရာဒေါ်လေး ကောင်းကင်အသျှင် ရှောင်လင်းတို့ကလည်း ဦးလေးကို စောင့်နေကြတာ ”
ရှန်ထျန်း “ … ”
မိုက်တယ် … ဒီတစ်ခါ နှစ်ယောက်တောင်
ရှန်ထျန်းနောက်ရှိ မိန်းကလေးချင်းယွဲ့၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားကာ မျက်နှာက ရှက်သွေးဖြာလာမိသည်။
မိန်းကလေးချင်းယွဲ့က ယောင်ရှီသည် သူမကို ညွှန်းဆိုနေလိမ့်မည်ဟု မထင်ထားမိပေ။
ယခင်က မြောက်များစွာသော ပါရမီရှင်များ ကျောက်စိမ်းရေကန်ဆီ လာရောက်ကာ လက်ထပ်ဖို့ တောင်းရမ်းခဲ့ကြသည်။
မိန်းကလေးချင်းယွဲ့က ကျိရှားကျောင်းတော်၏ နတ်ဘုရားမ ဖြစ်သောကြောင့် လူများစွာ၏ လေးစားမှုနှင့် နှစ်သက်မှုကို ခံရသည်။ ထူးချွန်ပြောင်မြောက်လှသည့် ပါရမီရှင်များက မိန်းကလေးချင်းယွဲ့၏ အချစ်ကို ရချင်ကြသော်လည်း အမြဲ ငြင်းပယ်ခံခဲ့ရသည်။
အကြောင်းမှာ ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေတစ်ခုလုံးက မိန်းကလေးချင်းယွဲ့သည် သူမနှလုံးသားကို ရှန်ထျန်းဆီ ပေးအပ်ထားကြောင်း သိကြ၍ ဖြစ်၏။
ရှောင်လင်းအာပင် သူမက ရှန်ထျန်းနှင့် မထိုက်တန်ကြောင်း တွေးမိ၍ ဝင်မနှောင့်ယှက်ပေ။ မိန်းကလေးချင်းယွဲ့က ဘာမှမရှင်းပြဘဲ တိတ်ဆိတ်နေဖို့သာ ရွေးချယ်ခဲ့သည်။ သူမက ရှန်ထျန်းတစ်ယောက် မည်သို့ရွေးချယ်မှု ပြုလုပ်မည်ကို စောင့်ဆိုင်းနေသည်။
…………..
ကံဆိုးစွာဖြင့် နောက်ထပ် ပါရမီရှင်တစ်ဦးက ရှန်ထျန်းရှေ့ ထွက်လာပြန်သည်။
ဤသူမှာ သက်တံ့အံ့ဖွယ်အလင်း ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး ပါရမီရှင်ဖြစ်ပြီး သက်တံအံ့ဖွယ်အလင်းများ ထုတ်လွှင့်နေသည်။ သူမ၏ အရှိန်အဝါက အလွန်တရာ အားကောင်းလှပြီး အခြားသော အထွတ်အမြတ်မြေရှိ ထိပ်တန်း ပါရမီရှင်များနှင့် လက်ရည်တူယှဉ်နိုင်လေသည်။
ပို၍ အရေးကြီးသည်က သူမက သက်တံ့အံ့ဖွယ် ဒေါင်းတစ်ကောင် ဖြစ်၏။
သူမက ယခုမျိုးဆက်၏ ဒေါင်းမင်းသမီး ခုံရွှမ်ရွှမ် ဖြစ်သည်။ ခုံရွှမ်ရွှမ်က ရှန်ထျန်းအား လေးလေးစားစား ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ ဦးလေး .. ကျွန်မရဲ့ ဒေါ်လေးကလည်း စောင့်နေပါတယ် ”
သူမဒေါ်လေးက ယခင်မျိုးဆက် ဒေါင်းမင်းသမီး ခုံမုန့် ဖြစ်သည်။ ခုံမုန့်က ရှန်ထျန်းနှင့် ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း တွေ့ဆုံခဲ့ပြီး အတူတကွ စွန့်စားခရီး ထွက်ခဲ့ကြသည်။
ထို့ကြောင့် ခုံမုန့်က ရှန်ထျန်းအပေါ် နက်နက်ရှိုင်းရှိင်း ချစ်မြတ်နိုးသွားခဲ့သည်။ ခုံမုန့်တစ်ယောက် လွန်ခဲ့သော နှစ် ၁၈၀ အတွင်း တာအိုလက်တွဲဖော် မရှာဖွေခဲ့ဘဲ ရှန်ထျန်း ပြန်လာမည့်အချိန်ကိုသာ စောင့်မျှော်နေလေသည်။
ခုံရွှမ်ရွှမ်ဘေးတွင် အမျိုးသားတစ်ယောက် ရှိနေသည်။ သူလည်း ရှေ့တိုးလာကာ ပြောလိုက်ပြန်သည် “ဦးလေး … ဒေါ်လေးလင်းလုံကလည်း စောင့်နေတုန်းပါ ”
သူက မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ သူတော်စင် လန်ရှဲ့ ဖြစ်ပြီး မင်းသမီးလင်းလုံ၏ ဂျူနီယာတစ်ယောက် ဖြစ်သည်။ လူများစွာ ရှေ့တိုးလာသည်ကို မြင်လိုက်သည့်အခါ သူတော်စင် လန်ရှဲ့လည်း သူ့ဒေါ်လေးကို ကူညီပေးချင်မိသည်။
ရှန်ထျန်းက ကျောရိုးတစ်လျှောက် ကြက်သီးထလာမိသည်။
ဒီမှာ ဘယ်လောက်တောင် ရှိနေတာလဲ …
ငါ ငယ်ငယ်တုန်းက သူတို့ကို ဘာမှမလုပ်ခဲ့သလို ပရောပရည်လည်း မလုပ်ခဲ့ရပါဘူး … ဘာလို့ အဲလောက်တောင် များပြားနေရတာလဲ။ သူတို့က ငါ့ကို အတင်းကျပ် လက်ထပ်ခိုင်းဖို့ ကြံစည်နေကြတာလား
ရှန်ထျန်းက သူ့နောက်မှ အငြိုးတရားရှိနေသည့် အကြည့်ကို ခံစားမိလိုက်သည်။ ဤလူမှာ ရှန်အောင်းရွှယ် ဖြစ်၏။
ရှန်အောင်းရွှယ်က အံ့ကြိတ်ထားလေသည်။
သူက ဒီလောက် ပြဿနာရှာခဲ့တာလား။ သူ ငယ်ငယ်တုန်းက မိန်းမဘယ်လောက်နဲ့ ရှုပ်ခဲ့တာလဲ
တစ်ချိန်တည်းတွင် ကျန်းယွင်ထင်ဆီ အမုန်းတရားအပြည့် အကြည့်တစ်ချက် ရောက်ရှိလာသည်။
ထိုအကြည့်က ကျန်းယွင်ရှီးဆီမှ ဖြစ်၏။
သူမက မည်သူမှ သူမကို ကူညီမည့်သူ မရှိမှန်း မြင်လိုက်သည့်အခါ ကျန်းယွင်ထင်ကိုသာ ကြည့်လိုက်မိသည်။
ဘာလို့များ ကလေးမမွေးဘဲ နေပြီးတော့ ကျွန်မကို မကူညီပေးရတာလဲ
ကျန်းယွင်ထင်က ချက်ချင်း နားလည်သွားပြီး နေရခက်စွာ ပြောလိုက်သည် “ညီလေးရေ တကယ်တော့ ငါတို့ယွင်ရှီးလည်း မင်းကို စောင့်နေတာ။ မင်း သူမကိုပါ ထည့်စဉ်းစားပေးပါ့လား ”
ရှန်ထျန်း “ … ”
ရှန်ယိုထျန်းက ရှန်ထျန်းက တလေးတစား ကြည့်လိုက်သည်။
အဖေ ပြောတာ အမှန်ပဲ။ ဦးလေး(၁၃)က တကယ်ကို ပျိုတိုင်းကြိုက် နှင်းဆီခိုင်ပဲ …
ဒီလောက်လူအများကြီးရဲ့ အကြိုက်ခံရဖို့ ဘယ်သူကများ ဖြစ်နိုင်မှာလဲ … သူတို့အားလုံးက သက်ဆိုင်ရာ အင်အားစုတွေရဲ့ သူတော်စင်မတွေ၊ မင်းသမီးတွေလေ …
သူတို့အားလုံးက ဦးလေး ပြန်ရောက်လာဖို့ နှစ်တစ်ရာကျော်တောင် စောင့်ခဲ့ကြတာ … ဦးလေး(၁၃)ဆိုတဲ့အတိုင်းပဲ။ တကယ်ကို ငါတို့ရဲ့ စံပြပဲ
.......
ရှန်ထျန်းက မြန်မြန် တားလိုက်ရသည်။
“ ဟုတ်ပြီ ဟုတ်ပြီ .. ငါတို့ တွေ့လာပြီဆိုတော့ ကံစပ်တာပဲပေါ့။ ဒီနေ့ မင်းတို့ကို တော်ဝင်ကျမ်းတွေရဲ့ ရှင်းပြချက်တွေကို ပို့ချပေးမယ်။ မင်းတို့ ဘယ်လောက်နားလည်မလဲ မင်းတို့ရဲ့ နားလည်နှုန်းပေါ် မူတည်တယ်”
ရှန်ထျန်းက စကားအဆုံးတွင် လက်တစ်ချက် ဝေ့ယမ်းလိုက်သည်။ ထို့နောက် သူ့ဆီမှ အံ့ဖွယ်အလင်းလုံးများ ထွက်လာကာ ထိုပါရမီရှင်များ၏ စိတ်ထဲ ဝင်ရောက်သွားသည်။
ထိုအရာများက ရှန်ထျန်း၏ တော်ဝင်ကျမ်းများအပေါ် နားလည်မှု ဖြစ်သည်။ နမူနာအနေနှင့် ခွန်ပန်တာအို၊ ခရမ်းစိမ်းဓား ပညာရပ်။ နေမင်းတော်ဝင်ကျမ်း၊ သက်တံအံ့ဖွယ်အလင်းတန်း အစရှိသဖြင့် ဖြစ်သည်။
သူက နတ်ဘုရားအသိစိတ် သုံးကာ သူတို့ဆီ ပို့လွှတ်လိုက်ပြီး လက်ဆောင်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် သူတို့ကို စကားဆက်မပြောနိုင်စေရန် တားဆီးပြီးသား ဖြစ်သွားလေပြီ။
သူတို့ ဆက်နေလျှင် ထုံကြွယ်မျှော်စံအိမ်ရှိ ပါရမီရှင်အားလုံး ရှေ့ထွက်လာလောက်သည်။ လူများစွာက သူ့အား သဘောကျနေသည် မဟုတ်ပါလော။
သူ့အနေနှင့် အားလုံးကို လက်ခံပေးဖို့ မဖြစ်နိုင်ပေ။
ဘယ်သူကများ ရပ်တန့်နိုင်မည်နည်း။
သူ့တွင် ရှုပ်ထွေးပွေလီ ခန္ဓာရှိနေလျှင်ပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
ရှန်ထျန်းက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
ရုပ်ချောရတာ ကောင်းတယ်လို့ ဘယ်သူ ပြောလိုက်တာလဲ
ဟူး .. ဒီလိုနဲ့ ခန္ဓာကိုယ်က ဘယ်လိုများ ကြာရှည်ခံတော့မှာလဲ