← Chapters

ညီအစ်ကိုရှန်၊ အားအပြည့်တိုက်ခိုက်မှုကို ခံကြည့်

Vol. 32 Ch. 472

ညီအစ်ကိုရှန်၊ အားအပြည့်တိုက်ခိုက်မှုကို ခံကြည့်

Vol. 32 Ch. 472

အခန်း (၄၇၂)  :  ညီအစ်ကိုရှန်၊ အားအပြည့်တိုက်ခိုက်မှုကို ခံကြည့်

ပါရမီရှင်များစွာက ရှန်ထျန်း၏ နားလည်မှုများကို နတ်ဘုရားအသိစိတ်မှ လက်ခံနေရင်း ပျော်ရွှင်နေကြသည်။ သူတို့က တော်ဝင်ကျမ်းများ၏ အထူးခြားဆုံး အတွေးအမြင်များ ဖြစ်ပြီး တခြားလူများကို အလျှင်အမြန် နားလည်သဘောပေါက်လာစေသည်။

ထို့အပြင် သူတို့ကို လမ်းညွှန်ပေးသူက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရှန်ထျန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။ ဤသည်မှာ အဖိုးမဖြတ်နိုင်သော လက်ဆောင် ဖြစ်၏။

ပါရမီရှင်အားလုံးက ရှန်ထျန်းတွင် ထူးချွန်ပြောင်မြောက်လှသော ပါရမီရှိထားပြီး တိုက်ခိုက်စွမ်းကောင်းကောင်းကို ပိုင်ဆိုင်ထားကြောင်း သိကြသည်။

တော်ဝင်ကျမ်းများအပေါ် သူ့နားလည်စွမ်းက နက်ရှိုင်းလွန်းသည့် အနေအထားတစ်ခုသို့ ရောက်နေလေပြီ။

ပါရမီရှင်များစွာက ပျော်ရွှင်နေကြပြီး ကျေးဇူးတင်စကားဆိုလိုက်ကြသည်  “ ဦးလေးကို ကျေးဇူးတင်ပါတယ် ”

သူတို့က တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ထားလျက် နတ်ဘုရားအသိစိတ်၏ အမွေအနှစ်များကို အာရုံခံကာ စတင် သုံးသပ်လိုက်ကြသည်။

အားလုံး  ငြိမ်ကျသွားသည်ကို မြင်ပြီး ရှန်ထျန်းက စိတ်သက်သာရာ သက်ပြင်းချလိုက်မိသည်။

ဒီကလေးတွေက အတော်လေး တက်ကြွကြတာပဲ… 

သူတို့သာ ဆက်ပြောနေရင် နောက်ထပ် တူတွေ၊ တူမတွေ ဘယ်နှစ်ယောက်များ ထပ်ပေါ်လာမလဲ မသိဘူး

အဟွတ်ဟွတ် တွေးကြည့်ရုံနဲ့တင် ကျောချမ်းလာမိတယ်

ရှန်ထျန်းက ထိုအဖြစ်အပျက်မှတဆင့် ပြဿနာကို ရှာတွေ့သွားသည်။ ပါရမီရှင်အများစုက သူ့မျိုးဆက်မှ လူများ၏ မျိုးဆက်များ ဖြစ်ကြသည်။

နယ်မြေငါးခုရဲ့ ကျင့်ကြံသူတွေက အစောကြီး လက်ထပ်ကြတာလား …

ရှန်ထျန်းက သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်  “ အစ်ကို ဒါနဲ့ ပါရမီရှင်ဘယ်လောက်တောင် ကလေးတွေ မွေးထားကြတာလဲ”

လီချန်းကော၊ ခွန်မင် အစရှိသော ပါရမီရှင်များ၏ တကယ့် အသက်အမှန်မှာ နှစ်ရာချီမျှသာ ရှိသေးသည်။

ဝိဇ္ဇာတစ်ယောက်က နှစ်တစ်သောင်း ရှင်သန်နိုင်သောကြောင့် သူတို့က အင်မတန် ငယ်ရွယ်နေသေးသည်ဟု ဆိုလို့ရပေသည်။

အဆုံးသတ်၌ သူတို့က ကလေးစောစောယူပြီးတော့ သူတို့ကလေးများက အရွယ်ရောက်လာကြလေပြီ။ ထို့ကြောင့် ရှန်ထျန်းက အမှန်တကယ် သိချင်နေမိ၏။

ရှန်ထျန်း၏ နားလည်မှုအရ ကျင့်ကြံသူတချို့သာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကလေးယူကြလေ့ရှိသည်။

ယခင်က ကျင့်ကြံသူများအနေနှင့် နှစ်တစ်ထောင်ဝန်းကျင်လောက်တွင် ကလေးယူကြသည်က သာမန်ဖြစ်၏။ သို့သော် တာအိုလက်တွဲဖော် မရှိသေးသည့် နှစ်တစ်ထောင်ကျော် ကျင့်ကြံသူများကို နေရာတိုင်း၌ မြင်တွေ့နေရသေးသည်။

အားလုံးက ကျင့်ကြံရေးပေါ်သာ အာရုံစိုက်ထားကြပြီး အင်အားတိုးပွားလာမည့် နည်းလမ်းကိုသာ တွေးတောနေကြသည်။ ဤသို့ဖြင့် တချို့သာ မေတ္တာရေးကို အာရုံစိုက်ပြီး လက်ထပ်ကာ ကလေးယူကြလေသည်။

အခြေခံအားဖြင့် သူတို့က သေချာသည့် အဆင့်တစ်ခု မရောက်မချင်း စောင့်ဆိုင်းလေ့ရှိကြ၏။ သူတို့တွင် အချိန်ရှိနေသည့်အခါမှ ကလေးယူဖို့ စဉ်းစားကြသည်။

ကျင့်ကြံသူများက နှစ်ရာချီလေးနှင့် ကလေးယူနေကြသောကြောင့် နည်းနည်း ထူးဆန်းနေသည်။

ကျန်းယွင်ထင်က ရှင်းပြလိုက်သည်  “ ကပ်ဘေးကြီး ကျရောက်လာပြီဆိုတော့ မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က ပါရမီရှင်တွေကို လက်ထပ်ပြီး မြန်မြန် ကလေးယူဖို့ တိုက်တွန်းထားတာလေ။ ကလေးများများရှိလာလေလေ နယ်မြေငါးခု ကျင့်ကြံသူတွေရဲ့ အင်အားကလည်း တတ်နိုင်သမျှ မြန်မြန် တိုးတက်လာလေလေပဲ။

ဒီလိုသဘောတရားကို အားလုံးစိတ်ထဲ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကြတာလေ။ ဒီလိုနဲ့ နောက်ထပ် ပါရမီရှင်အသစ်တွေ မွေးဖွားလာတာပဲ ”

ရှန်ထျန်း “… ”

ဆိုတော့ သူတို့က ကပ်ဘေးကြီး ရင်ဆိုင်နိုင်ဖို့ ကလေးယူကြတာလား… အဓိပ္ပါယ်တော့ ရှိသားပဲ

ဤသည်မှာ ကပ်ဘေးအချိန်အခါ ဖြစ်သောကြောင့် ဝိညာဉ်ချီများက ပေါကြွယ်ဝပြီး စည်းမျဉ်းများနှင့် ပိုမို ထိစပ်လာကြသည်။ ထို့ကြောင့် ဤမျိုးဆက် ပါရမီရှင်များ၏ ကြီးထွားနှုန်းက အတော်လေး မြန်ဆန်လှသည်။

ဤမျိုးဆက်၏ ကြောက်မက်ဖွယ် ပါရမီရှင်များက နမူနာကောင်းတစ်ခု ဖြစ်၏။ သူတို့က အသက် ၂၀၊ ၃၀ ဝန်းကျင်မျှ ရှိသေးသော်လည်း ဝိညာဉ်အသွင်ပြောင်းအဆင့် သို့မဟုတ် ဧရာမစွမ်းပကားရှင်အဆင့်တို့ကို ချိုးဖောက်တက်လှမ်းထားပြီးကြလေပြီ။

အကယ်၍ ယခင်ကလိုသာ ဆိုပါက စိတ်ကူးပင်ယဉ်ကြည့်၍ မရပေ။

ပုံမှန်အားဖြင့် နှစ်ရာချီမှ ထောင်ချီ မကြာမြင့်ဘဲ မည်သူမှ ထိုကျင့်ကြံဆင့်အထိ မရောက်နိုင်ကြပေ။ သို့သော် ပါရမီရှင်များကို ကလေးယူဖို့ တိုက်တွန်းခြင်းဖြင့် ကြောက်မက်ဖွယ် ပါရမီရှင်များ မွေးထုတ်လာနိုင်ခြေ ပိုမို မြင့်မားလာသည်။

နှစ်တစ်သောင်းမှ တစ်ယောက် သို့မဟုတ် နှစ်တစ်သန်းမှ တစ်ယောက်လိုမျိုး ထိပ်တန်း ပါရမီရှင်များ ပေါ်ထွက်လာဖို့ မခဲယဉ်းတော့ပေ။

နယ်မြေငါးခုက ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များကြောင့် အန္တရာယ်ကျရောက်နေသော်လည်း အထွတ်အမြတ်မြေအသီးသီးက အချိန်တစ်ခုအထိ ကြာရှည်ခံနေဆဲ ဖြစ်သည်။ ထိုအချိန်က ကလေးများစွာ ကြီးထွားလာပြီး အားကောင်းသော ကျင့်ကြံသူများ ဖြစ်လာနိုင်သည်။ သူတို့က နယ်မြေငါးခုကို ကာကွယ်ကာ ကပ်ဘေးအား အတူတကွ ထပ်မံရင်ဆိုင်ကြလိမ့်မည်။

……………....

ထိုစဉ် ပါရမီရှင်အသီးသီး၏ သက်ဆိုင်ရာ တော်ဝင်ကျမ်းများအပေါ် နားလည်နိုင်စွမ်းက ပို၍ တိုးမြင့်လာသည်။

ကြည်လင်တောက်ပနေသည့် ပွင့်ချပ်တို့ကြွေကျလာသည့်အလား ကောင်းကင်မှ အလင်းမိုး ရွာသွန်းလာကာ နေရာတစ်ခုလုံး ဉာဏ်အလင်းပွင့် အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။

ပါရမီရှင်များ၏ အရှိန်အဝါလည်း ပို၍ တိုးပွားလာကြပြီး အလင်းမိုးကို ခံစားနေကြသည်။ သူတို့ခန္ဓာကိုယ်များမှ အံ့ဖွယ်အလင်းများ တောက်ပလာပြီး ကောင်းကင်တာအို ညာဏ်အလင်းပွင့်မှု ရရှိသွားသကဲ့သို့ ဆန်းကြယ်သော အင်အားများ ထွက်ပေါ်လာလေသည်။

ဝုန်း

ကြောက်မက်ဖွယ် အံ့ဖွယ်စွမ်းအားတို့က ပင်လယ်ကြီးအလား ကျယ်ပြောကာ သူတို့အနား ရစ်ပတ်နေကြသည်။ ခဏလေးအတွင်း  တစ်ယောက်က ဉာဏ်အလင်းပွင့်မှု အောင်မြင်သွားကာ ကျင့်ကြံဆင့် အတော်အတန် မြင့်တက်သွားသည်။

အားလုံးက တစ်ယောက်ပြီး တစ်ယောက် အဆင့်တက်သွားကြသည်ကို ခံစားမိလိုက်ကြသည်။ သူတို့အရှိန်အဝါများက ထုံကြွယ်မျှော်စံအိမ်တစ်ခုလုံး ပြည့်နှက်နေသည်။ သိပ်မကြာခင် အဆုံးမဲ့ ဝိညာဉ်ချီများဖြင့် ဖုံးလွှမ်းသွားသည်။

ပါရမီရှင်များက အများကြီး အကျိုးထူးလိုက်ကြပြီး အများစုက ကျင့်ကြံဆင့် တက်သွားကြသည်။ သူတို့က ဖြည်းဖြည်းချင်း နိုးထလာပြီး သူတို့မျက်နှာအထက် ပျော်ရွှင်မှုအပြည့် ဖြစ်နေသည်။

သူတို့က ပြောလိုက်ကြသည်  “ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ တော်ဝင်ကျမ်း နားလည်မှုက တကယ်ကို နက်ရှိုင်းတာပဲ။ ကျွန်တော်တို့ နှိုင်းယှဉ်ကြည့်လို့တောင် မရဘူး။ ဒီအသိအမြင်တွေကြောင့် ငါ့နားလည်နိုင်စွမ်းလည်း တော်တော်တိုးတက်လာပြီ ”

“ငါရောပဲ။ ငါလည်း နေမင်းတော်ဝင်ကျမ်းကို ပိုမိုကျွမ်းကျင်အဆင့်အထိ ရောက်သွားပြီ ”

“ငါရောပဲ ငါရောပဲ ”

“ငါလည်း အတူတူပဲ

“ စီနီယာဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်”

“ ဦးလေး ကျေးဇူးပါ … ”

………...

ပါရမီရှင်အားလုံးက စိတ်ပေါ့ပါးသွားကြသည်။ သူတို့သည် ဉာဏ်အလင်းပွင့်မှုမှ အကျိုးမြတ်များစွာ ရရှိလိုက်ပြီး နှစ်ဆယ်ချီ ကျင့်ကြံရေးကို ခြွေတာနိုင်လိုက်ကြသည်။ ထို့ကြောင့် ပါရမီရှင်များက ရှန်ထျန်းအပေါ် လေးစားမှုအပြည့် ဖြစ်နေကြသည်။

သို့သော်လည်း သူတို့က ကျေးဇူးတင်ကြောင်း ပြောတော့မည့်ဆဲဆဲတွင် သူတို့က ရှန်ထျန်းသည် တိမ်တိုက်ထဲ ရုတ်ချည်း ပျံသန်းသွားကာ  အလင်းတန်းကိုသာ ထားရစ်ပြီး ပျောက်ကွယ်သွားကြောင်း သတိထားမိလိုက်ကြသည်။

အားလုံးက ကြောင်အမ်းသွားကြသည်။

“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဘာလို့ ထွက်သွားတာလဲ”

“ ဟုတ်တယ်။ ငါ့ဒေါ်လေးကို လက်ခံပေးနိုင်မလားလို့ ညှိနှိုင်းမလို့ဟာကို ”

“ ဟုတ်တယ် ဟုတ်တယ်။ ငါ့ဒေါ်လေးလည်း နှစ်မှာနေနေတာ နှစ်ကြာနေပြီ။ အခု သူမ လက်ထပ်ဖို့ အချိန်ကျပြီ ”

“ ငါလည်း အဲလိုပဲ ”

…………....

ရှန်ထျန်းက ချွေးအေးများ ထွက်နေမိသည်။ သူက ပြဿနာကြားမှ ကပ်သီလေး လွတ်လာသောကြောင့် စိတ်သက်သာရာ သက်ပြင်းချလိုက်မိသည်။

“ ဖူး ငါ သွက်သွက်လက်လက် တုံ့ပြန်နိုင်လို့ တော်သေးတာပေါ့။ သူတို့သာ ငါ့ကို ထပ်ဝိုင်းမိရင် ငါ့ခေါင်းပေါက်ထွက်တော့မလိုပဲ။ စီနီယာ ဖြစ်ရတာ ကြောက်စရာကောင်းတယ် ”

သူရဲကောင်းဆန်ကာ စွမ်းအားကြီးသည့် ရှန်ထျန်းက မေတ္တာရေးနှင့် ပတ်သတ်လာသည့်အခါ နောက်ဆုတ်ရလေသည်။ သူ့စိတ်အနေအထားက လွန်ခဲ့သော နှစ် ၁၈၀ခန့်ကနှင့် အတူတူ ဖြစ်နေသေးပြီး မပြောင်းလဲသလောက် ဖြစ်သည်။

လူများစွာက သူ့လက်ထပ်ပွဲအကြောင်း ပြောချင်နေသည့်အခါ မည်သူကများကိုင်တွယ်နိုင်မည်နည်း။ ထို့ကြောင့် အရင်ဆုံး ထွက်ပြေးလာခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူတို့ကို ဖယ်ထုတ်နိုင်ခဲ့သည်ကို မြင်ပြီး ရှန်ထျန်းက သက်ပြင်းချလိုက်မိ၏။

…………...

ထိုစဉ် အာကာပြင် အပိုင်းအစတို့က လှုပ်ခါသွားပြီး ပုံပျက်သွားလေသည်။ ထို့နောက် လေထဲ မျက်စိစူးလောက်ဖွယ် အလင်းတန်းမျိုးနှင့်အတူ အားကောင်းသည့် အရှိန်အဝါလည်း ပေါ်ထွက်လာသည်။

အာကာပြင် အပိုင်းအစတို့က အားပြင်းပြင်းကြောင့် ကြေမွပျက်စီးသွားကာ အလင်းပေါက်တစ်ခု ပေါ်ထွက်လာသည်။

အလင်းက အရှိန်အဝါကောင်းကောင်းနှင့်အတူ တောက်ပလာသည်။

ရှန်ထျန်းက မျက်မှောင်ကြုတ်ကြည့်လိုက်သည့်အခါ ပုံရိပ်နှစ်ခု ထွက်လာသည်ကို မြင်လိုက်ရ၏။

တစ်ယောက်က ခရမ်းရောင် ပညာသင်သားဝတ်စုံလိုမျိုး ဝတ်ဆင်ထားပြီး ထည်ဝါလှသည်။ သူ့အကြည့်ထဲ ကမ္ဘာကြီး ရှိနေသည့်အလား နက်ရှိုင်းလှ၏။ သို့သော်လည်း သူ့အရှိန်အဝါက အလွန်ညင်သာလေသည်။ သူ ခြေလှမ်းလှမ်းလိုက်သည့်အခါ မိုးမြေနှင့် ပေါင်းစပ်နေသည့်အလား ဖြစ်နေပြီး တကယ် မဟုတ်ရသလို ထင်မှတ်ရစေသည်။

ထိုစဉ် နောက်တစ်ယောက် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဘဝတစ်လျှောက် အခက်အခဲများကို ကျော်ဖြတ်လာရသည့်အလား ပိုမိုရင့်ကျက်ကာ သောင်းကြမ်းတတ်သည့်ပုံစံမျိုး မဟုတ်တော့ပေ။

သူ့အရှိန်အဝါက အင်မတန် အားကောင်းလှသော်လည်း ခန္ဓာကိုယ်အတွင်း ချုပ်ထိန်းကန့်သတ်ထားလေသည်။ မည်သို့ပင်ဆိုစေကာမူ အခြားလူများက သူ့ခန္ဓာကိုယ်ထဲရှိနေသော ပြင်းထန်သော စွမ်းအားများကို အာရုံခံမိကြဆဲ ဖြစ်၏။

ထိုလူနှစ်ယောက်က ဟွမ်ရှစ်နှင့် ရှီထျန်းကျီတို့ ဖြစ်ကြသည်။

ရှန်ထျန်းက သူတို့ကို မြင်လိုက်သည့်အခါ အကြည့်တို့ လေးနက်လာသည်။ သူ့လက်ရှိအဆင့်ဖြင့်ပင် ဟွမ်ရှစ်ကို ဖောက်ထွင်းမမြင်နိုင်ပေ။ ထို့အစား သူက ပိုမို နက်နဲကာ စွမ်းအားကြီးလာကြောင်း ခံစားမိလိုက်၏။

ရှန်ထျန်းက စိတ်ထဲမှ ရေရွတ်မိလိုက်သည်။

ဟွမ်ရှစ်က နယ်မြေငါးခုမှာ စွမ်းအားအကြီးဆုံး ကျင့်ကြံသူဆိုတာ အမှန်ပဲ … သူ့လိုမျိုး ကျင့်ကြံသူသာ ထောက်တိုင်အနေနဲ့ရှိနေရင် မိစ္ဆာဝိညာဉ်တွေတောင် နယ်မြေငါးခုကို အလွယ်လေး ကျူးကျော်နိုင်မှာ မဟုတ်ဘူး။

ထို့နောက် ရှန်ထျန်းက ရှီထျန်းကျီကို ကြည့်လိုက်သည်။ သူက ရှီထျန်းကျီ၏ ကျင့်ကြံဆင့်သည် သိသိသာသာ မြင့်မားလာကြောင်း တွေ့လိုက်ရ၏။

ရှီထျန်းကျီက ကောင်းကင်အသျှင် အလယ်အလတ်အဆင့်မှ ခြောက်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအစစ်အမှန်အဖြစ် ရောက်သွားလေပြီ။ သို့သော်လည်း ရှီထျန်းကျီ၏ တိုက်ပွဲစွမ်းရည်အရ သူက စွမ်းအားကြီး ဝိဇ္ဇာများကိုပင် ရင်ဆိုင်နိုင်လောက်သည်။

လူငယ်စံပြပါရမီရှင်ဆိုသည့်အတိုင်း သူ့ပါရမီက ထူးကဲလွန်းလှသည်။

ရှန်ထျန်းက ရှေ့ထွက်လာကာ “ ဦးလေးရှစ်နဲ့ ညီအစ်ကိုထျန်းကျီ မတွေ့ရတာ ကြာပြီနော် ”

ဟွမ်ရှစ်က ရည်ရည်မွန်မွန်အပြုံးလေးဖြင့် ပြောလိုက်သည်  “ မင်း ပြန်ရောက်လာပြီပဲ ”

ရှန်ထျန်း၏ အငွေ့အသက်တို့ကို အာရုံခံမိကာ ဟွမ်ရှစ်က ရှီထျန်းကျီအား ခေါ်လိုက်သည်။

ရှန်ထျန်းက ခေါင်းညိတ်လိုက်ပြီး  “ ကျွန်တော် တံခါးပိတ် ကျင့်ကြံနေတာ အရမ်းကြာသွားပြီး နောက်ကျမှ ထွက်လာလိုက်ရတယ် ”

ဟွမ်ရှစ်က ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်  “ ထျန်းအာ … မင်းက ဟွမ်ထျန်းစစ်တုရင်ခုံထဲမှာ အကြာကြီး လေ့ကျင့်နေတာဆိုတော့ မင်း အများကြီး တိုးတက်လာလောက်ပြီ ”

အထွတ်အထိပ် ကောင်းကင်သစ်ပင်အပေါ် သူ့နားလည်နိုင်စွမ်းအရ ဟွမ်ထျန်းစစ်တုရင်ခုံသည် မည်သည်ကို ဆိုလိုကြောင်း မည်သို့မသိဘဲနေမည်နည်း။

ဤသည်မှာ အထွတ်အထိပ် ကောင်းကင်သစ်ပင်ကမ္ဘာအတွင်း အကြီးမားဆုံး ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်ပြီး ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရှိပေသည်။

ထို့အပြင် ရှီထျန်းကျီက သူ ပြန်ရောက်လာလာချင်း ဟွမ်ထျန်းစစ်တုရင်ခုံအတွင်းမှ အခြေအနေများကို ပြန်ပြောပြထားပြီးသား ဖြစ်၏။ ထို့ကြောင့် ဟွမ်ရှစ်က ရှန်ထျန်းသည် ထာဝရဘုရင်ဟွမ်ထျန်း၏ အမွေအနှစ်ကို ရရှိလာကြောင်း သိလိုက်သည်။

ရှန်ထျန်းက ခေါင်းညိတ်လိုက်ပြီး   “ ကျွန်တော် အကျိုးကျေးဇူးတော်တော် ရလိုက်ပြီးတော့ စွမ်းအားလည်း တိုးလာခဲ့ပါတယ် ”

ရှန်ထျန်းက ဟွမ်ရှစ်ရှေ့တွင် ရိုကျိုးနေဆဲ ဖြစ်၏။

ဟွမ်ရှစ်က စိတ်လိုလက်ရ ရယ်မောကာ “ ကောင်းတယ်။ အရမ်းကောင်းတယ်။မ မင်းရှိနေပြီဆိုတော့ နယ်မြေငါးခုအတွက် မျှော်လင့်ချက်ပိုရှိလာတာပေါ့ ”

ဟွမ်ရှစ်က ရှန်ထျန်းအား သူ့တပည့်အဖြစ် မြင်နေသည်မှာ ကြာလှလေပြီ။ မဟုတ်လျှင် သူက ဟွမ်ရှစ်တော်ဝင်ကျမ်းနှင့် ထာဝရမက်မွန်သီးတို့ကို ပေးလိုက်မည် မဟုတ်ပေ။

ရှန်ထျန်းက ဤသို့သော အောင်မြင်မှုမျိုးကို မြင်ပြီး ကျေနပ်အားရနေမိသည်။

………....

ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ သူက ခဏတာ တုံ့ဆိုင်းသွားပြီးနောက်

“ ဦးလေးရှစ် ကျွန်တော် ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို ဖော်စပ်ပြီးသွားပြီ။ ဒါပေမဲ့ မက်မွန်ကောင်းကင်ပြုပြင်ရေး ဆေးလုံးတော့ မဟုတ်ဘူး။ ငှက်ပျောကောင်းကင်ပြုပြင်ရေး ဆေးလုံးပါ ”

ရှန်ထျန်းက အထွတ်အထိပ်တိုက်ပွဲ ဘုံဗိမာန်နှင့် ပတ်သတ်သည့် အကြောင်းအရာမှန်သမျှကို ပြန်ပြောပြလိုက်ပြီး  “ ငှက်ပျောကောင်းကင်ပြုပြင်ရေး ဆေးလုံးရဲ့ အာနိသင်က မက်မွန်ကောင်းကင်ပြုပြင်ရေး ဆေးလုံးထက် မနိမ့်ကျပေမဲ့ ကျွန်တော် လျော်ကြေးအနေနဲ့ ဆေးနှစ်လုံး ပေးပါ့မယ် ”

ထိုသို့ပြောပြီးနောက် ရှန်ထျန်းက ကောင်းကင်ပြုပြင်ရေး ဆေးနှစ်လုံးကို ထုတ်ကာ ဟွမ်ရှစ်ဆီ ပေးလိုက်သည်။

ငှက်ပျောကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံး၏ အာနိသင်က မက်မွန်ကောင်းကင်ပြုပြင်ရေး ဆေးလုံးနှင့် မယှဉ်နိုင်သော်လည်း ကွာခြားချက် သိပ်မရှိပေ။

ထို့ကြောင့် ငှက်ပျောကောင်းကင်ပြုပြင်ရေး ဆေးနှစ်လုံးက မက်မွန်ကောင်းကင်ပြုပြင်ရေး ဆေးတစ်လုံးထက် တန်ဖိုးပိုကြီးလေသည်။

လူတစ်ယောက်က ဆေးတစ်လုံးသာ သောက်သုံးနိုင်သောကြောင့် ဆေးတစ်လုံးက နောက်ထပ် အားကောင်းသည့် ကျင့်ကြံသူကို ဖန်တီးနိုင်ကြောင်း အဓိပ္ပါယ်ရောက်နေသည်။ သို့သော်လည်း ရှန်ထျန်းက စိတ်ထဲ မထားပေ။ ဟွမ်ရှစ်က နယ်မြေငါးခုတွင် အားအကောင်းဆုံး ဖြစ်ပြီး သူ သယ်ပိုးထားရသည့် ဝန်ထုပ်များက သာမန်ကျင့်ကြံသူများထက် အများကြီးသာလွန်နေသည်။

အားလုံးက အေးအေးချမ်းချမ်း ကျင့်ကြံကြသော်လည်း သူက မတော်တဆဖြစ်ရပ်များ ဖြစ်မလာစေရန် ထိပ်တန်း မိစ္ဆာဝိညာဉ်ကျင့်ကြံသူများကို စောင့်ကြည့်ဖို့ လိုအပ်ပေသည်။ မဟုတ်လျှင် သူတို့ဖက်က ထောက်တိုင် ကျင့်ကြံသူများသာ စတင်သတ်ဖြတ်လာပါက နယ်မြေငါးခုလုံး ကံကြမ္မာဆိုးကြား ကျရောက်သွားလိမ့်မည်။

ထို့ကြောင့် ဟွမ်ရှစ်က နယ်မြေငါးခုအတွင်း အလေးစားခံရဖို့ အထိုက်တန်ဆုံး စီနီယာတစ်ယောက် ဖြစ်နေခြင်း ဖြစ်၏။

ကောင်းကင်ပြုပြင်ရေး ဆေးလုံးများကို သူ့ဆီ ပေးလိုက်ခြင်းဖြင့် သူ့စွမ်းအားကို တိုးမြင့်ပေးနိုင်ရုံသာမက နယ်မြေငါးခုလုံးကိုလည်း ပို၍ ကာကွယ်ပေးနိုင်လိမ့်မည်။ နောက်ထပ် ဆေးလုံးအပိုက နောက်ထပ် အားကောင်းသည့် ကျင့်ကြံသူကို ပြုစုပျိုးထောင်ပေးနိုင်လိမ့်မည်။

ယခု နယ်မြေငါးခုလုံးက အန္တရာယ်ကြား ကျရောက်နေပြီ ဖြစ်ရာ သူတို့အားလုံးက မိစ္ဆာဝိညာဉ်များကို ရင်ဆိုင်ရန် တစ်လှေတည်းစီးနေကြသူများ ဖြစ်ကြသည်။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က နောက်ထပ် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ရှိလာပါက နယ်မြေငါးခုအတွက် ကိစ္စကောင်း ဖြစ်ပေသည်။

ဟွမ်ရှစ်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး  “ ထျန်းအာက စဉ်းစားတတ်လိုက်တာ။ အဲဆို မင်းတို့ လူငယ်တွေ အချင်းချင်း စကားစမြည်ပြောရအောင် ထားခဲ့တော့မယ်။ ငါ လုပ်စရာလေးရှိသေးလို့ အရင်သွားနှင့်မယ် ”

ဟွမ်ရှစ်က ဆေးနှစ်လုံးကို ယူကာ လေဟာနယ်ထဲ ပျောက်ကွယ်သွားလေသည်။ သူ့အနေနှင့် မသိနိုင်သည့် အခြေအနေဆိုး မဖြစ်လာခင် ကောင်းကင်ပြုပြင်ရေး ဆေးလုံးကို သောက်ကာ တတ်နိုင်သမျှ သူ့စွမ်းအားကို မြင့်တင်ရမည်။ ထို့အပြင် သူက နောက်ထပ် ဆေးလုံးတစ်လုံးကို ကျိရှားကျောင်းတော်မှ အကြီးအကဲချုပ်အား ပေးဖို့ ရွေးချယ်လိုက်သည်။

ဤအတိုင်းဆိုလျင် ကျိရှားကျောင်းတော်တွင် ထိပ်တန်း ကျင့်ကြံသူနှစ်ယောက် ရှိလာပေမည်။ မိစ္ဆာမျိုးနွယ်ကို အနိုင်ပိုင်းနိုင်မည့် အခွင့်အရေးလည်း မြင့်တက်လာလောက်၏။

ဟွမ်ရှစ် ထွက်သွားသည်ကို မြင်ကာ ရှီထျန်းကျီက ရှန်ထျန်းဆီ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လျှောက်လှမ်းလာသည်။

“ ညီအစ်ကိုရှန် နောက်ဆုံးတော့ ထွက်လာပြီပဲ ”

ရှီထျန်းကျီ၏ အကြည့်တို့က တောက်လောင်မှုအပြည့် ဖြစ်နေသည်။ ရှီထျန်းကျီက ရှန်ထျန်းတစ်ယောက် လေ့ကျင့်နေဆဲ ဖြစ်သည့်အတွက် သူ့အား နှုတ်ဆက်စကားမဆိုနိုင်ခဲ့ဘဲ ဟွမ်ထျန်းစစ်တုရင်ခုံမှ ထွက်လာရသည်။

မတွေ့ရသည်မှာ နှစ် ၁၈၀ ကြာမြင့်သွားလိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။

ရှန်ထျန်းအပေါ် ရှီထျန်းကျီက လေးစားမှုအပြည့်ဖြစ်နေသလို တိုက်ခိုက်လိုစိတ်လည်း အပြည့် ဖြစ်နေသည်။ အဆုံးသတ်၌ သူက အလယ်ပိုင်းကုန်းမြေ၌  ပြိုင်ဖက်ကင်း လူငယ် စံပြပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည် မဟုတ်ပါလော။

ရှန်ထျန်းကို တွေ့ပြီးမှသာ အရှုံးကို ခံစားခဲ့ရသည်။

ကံကောင်းစွာဖြင့် ရှီထျန်းကျီ၏ တာအိုနှလုံးသားအပေါ် သက်ရောက်မှု မရှိချေ။ ထို့အစား သူက ပိုမို ဆုံးဖြတ်ချက်ပြတ်သားလာသည်။ သူက ရှန်ထျန်းအား ပြိုင်ဖက်အဖြစ်၊ မိတ်ဆွေအဖြစ် သတ်မှတ်ထားသလို သူ့ရည်မှန်းချက်အဖြစ်လည်း မှတ်ယူထားသည်။

သူ့ပြိုင်ဖက် ဘေးကင်းကင်း ပြန်ရောက်လာသည်ကို မြင်ကာ ရှီထျန်းကျီက ပျော်နေမိသည်။

………….....

ရှန်ထျန်းက ပြုံးလိုက်ပြီး “ ငါတို့မတွေ့ဖြစ်တဲ့ နှစ်တွေကြားမှာ ညီအစ်ကိုထျန်းကျီက ရုပ်ချောမြဲ ချောဆဲ၊ ပါရမီထူးဆဲပါပဲရော … ညီအစ်ကိုထျန်းကျီ ကောင်းကင်စက်ဝန်း တာအိုကျမ်းကို ပြီးပြည့်စုံတဲ့အဆင့်အထိ လေ့ကျင့်ပြီးသွားပြီဆိုတာ လောင်းရဲတယ်။ ”

ရှီထျန်းကျီကြောင့်သာ မဟုတ်ပါက ရှန်ထျန်းတစ်ယောက် ထာဝရဘုရင်ဟွမ်ထျန်း၏ အမွေအနှစ်ကို ရလာမည် မဟုတ်ပေ။

ဤထူးကဲလှပြီး ကံကြမ္မာမြင့်မားလှသည့် စွမ်းအားကြီးသိုးလေးအပေါ် ရှန်ထျန်းတစ်ယောက် သဘောကျသည့် အမြင်မျိုးရှိလေသည်။

ဤသိုးလေးက သိုးမွေးရိတ်ဖို့အတွက် အကောင်းဆုံး ဖြစ်ပေသည်။

ရှီထျန်းကျီက ထိုအရာကို ကြားပြီး သူ့နှုတ်ခမ်းထောင့်တို့ အနည်းငယ် ကွေးညွှတ်သွားသည်။

“ ချီးကျူးလွန်းနေပါပြီ။ ငါက မင်းနဲ့ မယှဉ်နိုင်သေးပါဘူး ”

ယခင်အတိတ်တုန်းက သူသည် ရှန်ထျန်းနှင့် ယှဉ်ပြိုင်သည့်အခါ အနိုင်ရဖို့ ယုံကြည်ချက်ရှိကြောင်း မေ့မပစ်ပေ။ ကံဆိုးစွာဖြင့် ထိုးနှက်ချက်က မျက်နှာဖြတ်ရိုက်သလို ဖြစ်၏။

ထို့ကြောင့် သူ ဟွမ်ထျန်းစစ်တုရင်ခုံမှ ထွက်လာပြီးနောက် ရှီထျန်းကျီက ကောင်းကင်စက်ဝန်း တာအိုကျမ်းကို နားလည်အောင်လုပ်ဖို့သာ အာရုံစိုက်ထားပြီး အပြင်းအထန် ကြိုးစားလေ့ကျင့်ခဲ့သည်။ အကယ်၍ ဆန္ဒရှိပါက နည်းလမ်း ရှိပေသည်။ ဤသို့ဖြင့် သူက ကောင်းကင်စက်ဝန်း တာအိုကျမ်းကို ကျွမ်းကျင်အဆင့်အထိ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သည်။

သို့သော်လည်း ရှန်ထျန်းနှင့် ယှဉ်လိုက်လျှင် မိုးနှင့်မြေလို ကွာဟနေသေးသည်။

သုံးနှစ်နှင့် ၁၅၀ … လုံးဝ မယှဉ်နိုင်ပေ။

ရှီထျန်းကျီက သက်ပြင်းသာချလိုက်မိသည်။

ညီအစ်ကိုရှန်နဲ့ သွားမယှဉ်တာပဲ ကောင်းတယ်။ အရမ်းကို ဖိအားများလွန်းတယ်

ဒီမျိုးဆက်ရဲ့ပါရမီရှင် ငါတောင် အမှိုက်လိုပဲ … ဟူး ငါ့အတွက် ခက်ခဲလိုက်တာ

..............

သူက ရှန်ထျန်းနှင့် ပါရမီမယှဉ်နိုင်သောကြောင့် ရှီထျန်းကျီက အခြားသော နယ်ပယ်များတွင် အနိုင်ရချင်မိသည်။ နှစ်များစွာကြာသည့်တိုင် သူက ရှန်ထျန်းအား တစ်ကြိမ်လောက် အနိုင်လိုချင်နေဆဲ ဖြစ်၏။

ရှန်ထျန်း ပြန်ရောက်လာသည်ကို မြင်ပြီး ရှီထျန်းကျီက သိချင်စွာ မေးကြည့်လိုက်သည်  “အခု ညီအစ်ကိုရှန်ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ”

ရှီထျန်းကျီက ရှန်ထျန်း၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်စွမ်းတို့က အတူတူ မဟုတ်ကြောင်း သိထားသည်။ ယခင် ရှန်ထျနးတစ်ယောက် ကနဦးဝိညာဉ်အဆင့်ဖြင့် အလယ်အလတ် ကောင်းကင်အသျှင်အဆင့်ဖြစ်သည့် ရှီထျန်းကျီကို အနိုင်ပိုင်းခဲ့သည်။

ထိုစဉ် သူတို့စွမ်းအားများက ဝိဇ္ဇာအစစ်အမှန်နှင့်ပင် ယှဉ်နိုင်လေသည်။

နှစ် ၁၈၀ ကြာမြင့်သွားပြီးနောက် ရှန်ထျန်းက သေချာပေါက် အဆင့်တက်လာလိမ့်မည်။ ထို့ကြောင့် ရှီထျန်းကျီက ရှန်ထန်းတစ်ယောက် မည်သည့်နယ်ပယ်အဆင့်အထိ ရောက်နေကြောင်း သိချင်နေမိသည်။

ရှန်ထျန်းက ပြုံးကာ  “ အတိဒုက္ခလွန်အဆင့် တစ်ပိုင်းပါ ”

ရှီထျန်းကျီက ထိုအရာကို ကြားပြီးပြီးချင်း အကြည့်တို့ လင်းလက်လာသည်။

ရှန်ထျန်းက အစောပိုင်း ဝိညာဉ်အသွင်ပြောင်းအဆင့်ဖြင့် ခုနှစ်ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာကို တိုက်ခိုက်နိုင်ခဲ့ပြီး ယခုအခါ အတိဒုက္ခလွန်အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည့်အတွက် စွမ်းအားကြီး ဝိဇ္ဇာတစ်ယောက်၏ တိုက်ခိုက်ရည် ရှိနေလောက်လေပြီ။

ထိုစဉ် ခြောက်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာဖြစ်သည့် ရှီထျန်းကျီက မဟာဝိဇ္ဇာအဆင့်နှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့ပြီး စွမ်းအားကြီး ဝိဇ္ဇာတစ်ယောက်၏ စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်။

ဒီလိုဆိုရင် သူက ရှန်ထျန်းနဲ့ ယှဉ်ဖို့ အခွင့်အရေး ရလာတာ မဟုတ်ဘူးလား

ရှီထျန်းကျီ၏ တိုက်ခိုက်လိုစိတ် အငွေ့အသက်များ ထွက်ပေါ်လာသည်။

“ ညီအစ်ကိုရှန် ငါတို့တွေ တစ်ပွဲလောက်စမ်းကြည့်ရအောင်။ ဒီတစ်ခါ ညီအစ်ကိုရှန် အားကုန်သုံးတိုက်ရမယ် ” ရှီထျန်းကျီက ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူက ရှန်ထျန်းသည် ယခင်တစ်ခါက သက်ညှာပေးပြီး အားကုန်ထုတ်မသုံးကြောင်း သံသယဖြစ်မိ၏။ မဟုတ်လျှင် သူ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ရှီထျန်းကျီက သူ့မာန ရှိသေးသောကြောင့် ရှန်ထျန်းနှင့် အားကုန်ထုတ်သုံးရသော မျှမျှတတ တိုက်ပွဲမျိုး တိုက်ချင်မိသည်။

သူတို့နှစ်ယောက်ကြား ကွာခြားချက်ရှိနေလျှင်ပင် ထိုကွာခြားချက် မည်မျှကြီးမားကြောင်း သိချင်မိသေး၏။

ရှန်ထျန်းက ရှီထျန်းကျီ စကားများကို ကြားလိုက်ရသည့်အခါ အခက်တွေ့သွားဟန်ဖြင့် ပြန်ဖြေလိုက်သည်  “ ညီအစ်ကိုထျန်းကျီ … ငါ အဲဒီလိုမျိုး မလုပ်သင့်ဘူးလေ ”

“ အဲလိုတွေဘာတွေ မရှိပါဘူး။ ညီအစ်ကိုရှန် အားအပြည့်သုံးပြီးတော့သာ တိုက်ခိုက်လိုက်စမ်းပါ။ ဘယ်လိုဖြစ်ဖြစ် ခံနိုင်ရည်ရှိပါတယ် ”

ရှီထျန်းကျီက ယုံကြည်ချက်အပြည့် ဖြစ်နေသည်။ သူက ယခင်နှစ် ၁၈၀အတွင်း အပျင်းကြောဆွဲမနေခဲ့သောကြောင့် သူ့အင်အားက သိသိသာသာ တိုးတက်လာခဲ့သည်။ သူက ရှန်ထျန်းကို အားအပြည့်ထုတ်သုံးနိုင်အောင် တွန်းအားပေးနိုင်လိမ့်မည်ဟု ယုံကြည်နေလေ၏။

“ ဒါပေမဲ့ … ”

ရှန်ထျန်းက တစ်ခုခု ပြောချင်သော်လည်း ရှီထျန်းကျီက ဖြတ်ပြောလိုက်လေသည်  “ ညီအစ်ကိုရှန် ဖျောင်းဖျမနေပါနဲ့တော့။ စွမ်းအားအပြည့်ထုတ်သုံးလိုက်စမ်းပါ ”

“ ကောင်းပြီလေ ”

ရှန်ထျန်းက လက်ဝေ့လိုက်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် အံ့ဖွယ်အလင်းတစ်ခု ထွက်ပေါ်လာကာ သူ့ရှေ့တွင် ဧရာမမီးပြင်းဖိုကြီး ပေါ်လောမျှောနေသည်။

အံ့ဖွယ်မီးပြင်းဖိုထဲတွင် အရာအားလုံးကို ဗလာအဖြစ် လောင်ကျွမ်းပစ်နိုင်သည့် မီးတောက်များ အပြည့်ရှိနေသည်။

အားကောင်းသော ဝိဇ္ဇာအရှိန်အဝါတစ်ခုက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအရှိန်အဝါက ပင်လယ်ကြီးလောက် ကျယ်ပြောပြီး ကမ္ဘာတစ်ခုလုံးကိုပင် ခြေမွပစ်နိုင်လောက်သည်။

ထိုမီးပြင်းဖိုက အံ့ဖွယ်နေမင်း မီးပြင်းဖို ဖြစ်၏။

ရှီထျန်းကျီက သူ့အား အားကုန်ထုတ်သုံးခိုင်းသောကြောင့် ရှန်ထျန်းက စကားနားထောင်လိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူ့အပေါ် မလေးစားသလို ဖြစ်နေပေမည်။

ရှီထျန်းကျီက ပါးစပ်ဟောင်းလောင်း ဖြစ်သွားပြီး တံတွေးမျိုချမိလိုက်သည်။

“ ညီအစ်ကိုရှန် … ငါတို့ အရင်ဆုံး အံ့ဖွယ်လက်သီးချင်းယှဉ်ရင် ဘယ်လိုလဲ ”

ရှီထျန်းကျီ၏ နှုတ်ခမ်းထောင့်တို့က အနည်းငယ် ကွေးညွှတ်သွားသည်။

သေစမ်း ငါက အားအပြည့်ထုတ်သုံးခိုင်းရုံလေးလေ … ငါ့ကို ရိုက်ဖို့ ဆိုလိုတာမှ မဟုတ်တာ

မင်း နတ်ဧကရာဇ်အသုံးအဆောင် ထုတ်လိုက်ရင် ဘယ်သူက တောင့်ခံနိုင်မှာလဲ

“ အိုး ကောင်းပြီလေ ”

ရှန်ထျန်းက ခေါင်းညိတ်ကာ သူ့မီးပြင်းဖိုအား ပြန်သိမ်းထားလိုက်သည်။ ပြောရလျှင် ဤသည်က သူ့ဝှက်ဖဲ မဟုတ်သေးပေ။ သူက ဟွမ်ထျန်းစစ်တုရင်ခုံကိုပင် မထုတ်ပြရသေးပေ။

ရှီထျန်းကျီက သက်ပြင်းချလိုက်မိ၏။ ရှန်ထျန်းသာ နတ်ဧကရာဇ်အဆင့် အသုံးအဆောင်များ ထုတ်မလာသရွေ့ သူ့တွင် ရှန်ထျန်းနှင့် ယှဉ်ပြိုင်တိုက်နိုင်ခြေ ရှိနေသေးသည်။

ရှီထျန်းကျီ၏ အကြည့်တို့က စိတ်အားထက်သန်မှုအပြည့် ဖြစ်လာပြီး လက်နှစ်ဖက်ယှက်လိုက်ကာ  “ဒီတိုက်ပွဲကနေ သင်ပြပေးပါဦး ”

သူ့စကားအဆုံးတွင် ရှီထျန်းကျီက ရှန်ထျန်းဆီ အရင်ဦးစွာ ပြေးဝင်သွားသည်။ သူ့ပုံရိပ်က ကောင်းကင်မှ ကြယ်ကြွေကျလာသည့်အလား အံ့ဖွယ်အလင်းတန်းသာ နောက်တွင် ချန်ထားရစ်ခဲ့သည်။

ရှီထျန်းကျီက လက်သီးဆုပ်ထားလိုက်ပြီး အားပြင်းပြင်း ထုတ်လွှင့်လိုက်ကာ လေဟာနယ်ကိုပင် ပျက်စီးသွားစေသည်။

ရှန်ထျန်း၏ အကြည့်တို့ တောက်ပလာသည်။

ယခင် နှစ် ၁၈၀အတွင်း ရှီထျန်းကျီက ကောင်းကင်အံ့ဖွယ်လက်သီးချက်ကို အပြင်းအထန် လေ့ကျင့်ခဲ့သောကြောင့် အတော်လေး ကျွမ်းကျင်နေလေပြီ။

သူ့ခြောက်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာကျင့်ကြံဆင့် အနေအထားအရ ကောင်းကင်အံ့ဖွယ်လက်သီးချက်၏ စွမ်းအားကို ထုတ်လွှင့်နိုင်လိမ့်မည်။

ထိုလက်သီးချက်၏ စွမ်းအားက စွမ်းအားကြီး ဝိဇ္ဇာပင် ထိပ်တိုက် မတားဆီးနိုင်လောက်သည့်အထိ အားပြင်းလွန်းလှသည်။

ထိုအရာက ရှန်ထျန်း၏ တိုက်ခိုက်လိုစိတ်ကို မြင့်တင်ပေးလိုက်ပြီး  “ လာခဲ့ ”

ရှန်ထျန်းက လေထဲ ပျံတက်လိုက်ကာ ကြယ်တာရာအလင်းများ သူ့အနား ဝန်းရံလာလေသည်။

ရှန်ထျန်းက ကျယ်ပြောလွန်းလှသော အံ့ဖွယ်အလင်းအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ထဲ ဝင်ရောက်သွားသည်။ သူ့လက်သီးချက်ကို ထုတ်ဖော်လိုက်သည်နှင့် ခမ်းနားထည်ဝါစွာ လင်းလက်တောက်ပလာသည်။

ထိုစဉ် အရှိန်အဝါဖြင့် ဖွဲ့စည်းထားသည့် ဧရာမ ကန့်သတ်ချက်မဲ့ လက်သီးကြီးက သူ့ရှေ့ပေါ်ထွက်လာသည်။ အားပြင်းပြင်း ကိန်းအောင်းနေသည့် ထိုအရှိန်အဝါ လက်သီးက ရှီထျန်းကျီနှင့် ထိပ်တိုက် တွေ့သွားလေသည်။

ဝုန်း …

ကမ္ဘာမြေတုန်လုမတတ် အသံကြီး ပဲ့တင်ထွက်လာသည်။ သာမန်တိုက်ပွဲ မဟုတ်ကြောင်း သိသာလှသည်။ ပြောရလျှင် ဥက္ကာပျံနှစ်စင်း ဝင်တိုက်သလို ဖြစ်နေသည်။ အရှိန်အဝါက ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေကာ စကြဝဠာတစ်ခုလုံးကို ခြေမွတော့မလိုမျိုး ဖြစ်နေသည်။

အဆုံးမဲ့ အံ့ဖွယ်အလင်းတို့က ကောင်းကင်ယံတွင် တလက်လက် ဖြစ်နေသည်။ ထိုအရာက စူးရှလွန်းသည့်အတွက် မျက်လုံးပင် ကန်းသွားနိုင်လောက်သည်။ ထိုအံ့ဖွယ်စွမ်းအားက နေရာတစ်ခုလုံးကို အကန့်သတ်မဲ့ ပင်လယ်လိုမျုး ဖြည့်တင်းပေးထားသည်။

ကောင်းကင်ယံတွင် အဆုံးမဲ့ အံ့ဖွယ်အလင်းများ ဖုံးလွှမ်းထားပြီး နေမင်း၊ လမင်းတို့ပင် မှေးမှိန်သွားစေသည်။

အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ ရှန်ထျန်းက အရှိန်အဝါအပြည့်ဖြင့် လေထဲ မတ်တတ်ရပ်နေလိုက်သည်။

တစ်ဖက်တွင် ရှီထျန်းကျီက လေထဲ မျှောနေလေသည်။

သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရသည်။ သူ့အကြည့်တို့က ပို၍ အသက်ဝင်လာသည်။

ညီအစ်ကိုရှန်ရဲ့ ကောင်းကင်အံ့ဖွယ် လက်သီးချက်အပေါ် နားလည်နိုင်စွမ်းက တကယ်ကို နက်နဲတာပဲ …

.............

ဒါပေမဲ့ ငါက ပါရမီရှင်အဖြစ် မွေးဖွားလာပြီး နှစ်တစ်ရာလုံးလုံး ကောင်းကင်အံ့ဖွယ် လက်သီးချက် ပညာရပ်အပေါ် စိတ်နှစ်ထားတာမလို့ ပြဿနာကြီး မဟုတ်ဘူး … ငါ ဒီတိုက်ပွဲကို ရှုံးနိမ့်စရာမရှိဘူး

ညီအစ်ကိုရှန် ငါ နှစ် ၁၈၀ လုံး လေ့ကျင့်လာရတဲ့ အားအပြည့်တိုက်ခိုက်မှုကို လက်ခံဖို့သာ ပြင်ထားလိုက်တော့ …

All Chapters