← Chapters

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးကို ပြန်လည် ပြင်ဆင်ခြင်း

Vol. 32 Ch. 474

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးကို ပြန်လည် ပြင်ဆင်ခြင်း

Vol. 32 Ch. 474

အခန်း (၄၇၄)  :  အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးကို ပြန်လည် ပြင်ဆင်ခြင်း

အားလုံးက ရှန်ထျန်း ပြန်ရောက်လာကို မြင်ရသည့်အတွက် ဝမ်းသာကျေနပ်နေကြသည်။ အကြီးအကဲ ကြာပြာ ချူးလုံဟယ်လည်း ထွက်လာလေ၏။ သူ့မျက်ခုံးဖြူများက မြင့်တက်လာကာ ပြုံးလိုက်ရင်း  “တူလေးရေ ဒီတစ်ခါ မင်းရဲ့ အကျိုးမြတ်က ဘယ်လိုလဲ”

သူက ရှန်ထျန်းတစ်ယောက် ဟွမ်ထျန်းစစ်တုရင်ခုံထဲ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက အကျိုးမြတ်များစွာ ရလာမည်မှန်း သေချာသိထားလေသည်။

သူတို့က ကစားပွဲကို မရှင်းလင်းနိုင်ခဲ့သော်လည်း ဆုလာဘ်အဖြစ် ထာဝရတပိုင်း လက်နက်များ ရလာသေးသည် မဟုတ်ပါလော။

ရှန်ထျန်းက ကစားပွဲကို အောင်အောင်မြင်မြင် ရှင်းနိုင်ခဲ့သောကြောင့် သူ့အကျိုးမြတ်က မည်သို့ သေးငယ်မည်နည်း။

ရှန်ထျန်းရဲ့ နှစ် ၁၈၀ ပျောက်ကွယ်သွားမှုကရော … အရှင်းဆုံးပြောရလျှင် သူတို့က စိတ်မပူမိကြပေ။

ဟွမ်ထျန်းစစ်တုရင်ခုံကို နတ်ဘုရားလောကမှ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးမှ ချန်ထားခဲ့ခြင်း ဖြစ်၏။

ရှန်ထျန်းက ဟွမ်ထျန်းစစ်တုရင်ခုံထဲ ဝင်ရောက်သွားသောကြောင့် ထိုပုဂ္ဂိုလ်၏ ကြည့်ရှုစောင့်မမှုကို ခံခဲ့ရလိမ့်မည် ဖြစ်ရာ မည်သို့များ အန္တရာယ်ကြုံတွေ့နိုင်မည်နည်း။

ထို့အပြင် သူ့ကံကြမ္မာက ထိပ်တန်းဖြစ်ပြီး ကံကြမ္မာသားတော်ဟုပင် ခေါ်ဆိုနိုင်သူ ဖြစ်သည်။ အားလုံးက ရှန်ထျန်းအား ကံအပြောင်းအလဲ အခွင့်အရေးနှင့် ပြန်လာဖို့ စောင့်မျှော်နေကြလေသည်။

ယနေ့ သူ့ကို မြင်တွေ့ပြီးနောက် ထိုအရာက အမှန် ဖြစ်နေလေ၏။

ရှန်ထျန်းဆီမှ အရှိန်အဝါတစ်ခုတည်းနှင့်ပင် အကြီးအကဲကြာပြာအား ဖိအားဖြစ်လာစေပြီး ရှန်ထျန်းအား ထိုးဖောက်မမြင်နိုင်ပေ။ ကြည့်ရသည်မှာ ဒီကလေး အတော်အတန် အကျိုးမြတ်ရလိုက်ပုံ ပေါ်၏။

ရှန်ထျန်းက ရှေ့တိုးလာကာ လက်နှစ်ဖက်ယှက်လိုက်ရင်း လေးလေးစားစား ပြောလိုက်သည် “ ကျွန်တော် ဆရာနဲ့ ဆရာဦးလေးကို ဒုက္ခပေးမိသွားပါပြီ။ ဒီတပည့် ကံအပြောင်းအလဲ အခွင့်အရေးတချို့ ရလာခဲ့ပါတယ်။ ”

ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့က ရှန်ထျန်း အလေးစားဆုံး စီနီယာများ ဖြစ်၍ သူက ယဉ်ယဉ်ကျေးကျေး ပြန်တုံ့ပြန်လိုက်သည်။

“ ဟားဟား အဟုတ်ပဲ။ အံ့ဖွယ်မိုးကောင်းကင် လက်ရှိဂိုဏ်းချုပ်ဆိုတဲ့အတိုင်း မင်းရဲ့ ကံကြမ္မာက တကယ်ကို ထိပ်တန်းပဲ ”

ချူးလုံဟယ်က ဟက်ဟက်ပက်ပက် ရယ်မောကာ သူ့အကြည့်တို့၌ ကျေနပ်မှုအပြည့် ဖြစ်နေလေသည်။

အခြားအကြီးအကဲများက ဘာမှမပြောကြသော်လည်း သူတို့အားလုံးလည်း ကျေနပ်နေပုံပေါ်သည်။ သူတို့က ရှန်ထျန်း အရွယ်ရောက်လာသည်ကို ကြည့်ခဲ့ရသူများ ဖြစ်ပြီး သူ့အား သူတို့၏ ဂျူနီယာဟု သတ်မှတ်ထားပြီးလေပြီ။ မဟာအကြီးအကဲများက ရှန်ထျန်းတစ်ယောက် ဘေးမသီရန်မခ ပြန်ရောက်လာသည့်အတွက် ဝမ်းသာနေကြသည်။

…………...

ဝုန်း …

သို့သော်လည်း ထိုစဉ် အသံကျယ်ကြီးတစ်ခု အပြင်ဘက်မှ ပဲ့တင်ထွက်လာသည်။

အားလုံးက ကြည့်လိုက်ကြသည့်အခါ အံ့ဖွယ်မိုးကောင်းကင် တပည့်များသည် မက်ခါများရှေ့ ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုတပည့်များက အားလုံး၏ မိတ်ဆွေဟောင်းများ ဖြစ်သည့် စုန့်ဖူကွေ့၊ လျိုထိုက်ယီ၊ ရှုန်းမုန့်၊ ချင်ယွင်တိနှင့် အခြားလူများ ဖြစ်ကြသည်။

သူတို့မျက်နှာအထက် လေးစားမှု၊ ကိုးကွယ်မှုများနှင့် ပြည့်နှက်နေသည်။

စုန့်ဖူကွေ့က ရှေ့ဆုံးတွင် ရပ်ကာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်  “ဂိုဏ်းသားတို့ … ငါတို့ ဂိုဏ်းချုပ်အသစ်က နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ။ ဂိုဏ်းချုပ် ပြန်ရောက်လာတာကို မင်းတို့ရဲ့ စိတ်အားထက်သန်မှုတွေ၊ ကြိုဆိုမှုတွေ မြန်မြန် လာပြလှည့်ကြ”

ထိုသို့ပြောပြီးနောက် အံ့ဖွယ်မိုးကောင်းကင် တပည့်အားလုံးက ချက်ချင်း စိတ်အားတက်ကြွလာသည်။

သူတို့အားလုံး ဓားရှည်များ ထုတ်ကာ ကောင်းကင်ကို ချိန်ရွယ်လိုက်ကြသည်။ သူတို့က သူတို့ပညာရပ်များ အသက်သွင်းကာ ဓားရှည်အနေအထားကို ထိန်းထားလိုက်ကြသည်။

မြောက်များစွာသော ဓားရှည်များက ငွေရောင်အလင်းတန်းများ တလက်လက်ပြေးနေသည်။ သူတို့က ရောယှက်နေကာ ကောင်းကင်တစ်ခုလုံးကို အဆုံးမဲ့ဓားအလင်းတန်းများဖြင့် ဖုံးအုပ်ပစ်လိုက်ကြသည်။

ဓားမြည်ကြွေးသံတို့ပင် ကောင်းကင်အထိ ပဲ့တင်ရိုက်သွားလေသည်။ ထိုအသံများက သွေးများ ဆူပွက်လာစေသည်။

အားလုံးက သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြောင်အမ်းကုန်ကြသည်။ ဓားများစွာက လေထုခွင်းကာ အင်မတန် ကြည့်ကောင်းသည့် တောက်တောက်ပပ ဓားအရိပ်များ ဖွဲ့စည်းလိုက်ကြသည်။

အဆုံးသတ်၌ ဓားများစွာကို အစီအစဉ်တကျ စီစဉ်ထားသောပြီး လေဟာနယ်ထဲတွင်  ကြီးကျယ်ခမ်းနားလှသည့် “ထျန်း” ဟူသော စာလုံးတစ်ခု ပေါ်ထွက်လာသည်။ ထိုမြင်ကွင်းက အလွန်ထူးခြားလှပေသည်။

ထိုစဉ် အံ့ဖွယ်မိုးကောင်းကင် တပည့်များက သံပြိုင်အော်လိုက်ကြသည်  “ ကျွန်တော်တို့ နေ့တိုင်း ကြိုးကြိုးစားစား ကျင့်ကြံပြီး ထာဝရအရှင် ဖြစ်လာဖို့ ဂိုဏ်းချုပ်နောက်လိုက်မယ်”

မိုးမြေတခွင် ပဲ့တင်ရိုက်သွားကာ လူများစွာ၏ စိတ်နှလုံးကို တုန်လှုပ်လာစေသည်။ သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။

ချင်ယွင်တိက အမှတ်အသားပြားတစ်ခု ထုတ်လိုက်သည့်အခါ ချက်ချင်း လင်းလက်လာသည်။ ထိုစဉ် မက်ခါထေင်ချီက ရှေ့တိုးလာကာ ဓာတ်နှောနတ်မိုးကြိုးများအား ကောင်းကင်ဆီ ချိန်ရွယ်ပစ်လိုက်ကြသည်။

ကောင်းကင်တခွင် အလင်းရောင်စုံ ဖုံးလွှမ်းသွားပြီး ပေါက်ကွဲထွက်သွားသည်။

ဤသည်မှာ ကမ္ဘာကြီးကို အလင်းပေးနေသည့် မီးပန်းလိုမျိုး ဖြစ်ကြသည်။

ဤဓာတ်နှောနတ်မိုးကြိုးကို ဝိညာဉ်ကျောက်တုံးများစွာ သုံး၍ ဖန်တီးထားခြင်း ဖြစ်၏။ သို့သော် ယခုတွင် ဘာမှကုန်ကျသည့်ပုံ မပေါ်တော့ပေ။ ပမာဏအမြောက်အများကို ရှန်ထျန်း ပြန်ရောက်လာမှုအား ကြိုဆိုရန် အသုံးပြုခဲ့လေသည်။

အဆုံးမဲ့ မီးပန်းများကြား အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းသားများက တညီတညွှတ်တည်း သံပြိုင်အော်လိုက်ကြသည်  “ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းသားတွေက ဂိုဏ်းချုပ်ရှန်ထျန်းကို ကြိုဆိုပါတယ် ”

အားလုံးက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့ဩကာ ဤအရာမှာ အင်မတန် လက်ဖွာလွန်းကြောင်း သက်ပြင်းချလိုက်ကြသည်။

ဤဝိညာဉ်ကျောက်တုံး ပမာဏက ကျင့်ကြံရေးဂိုဏ်းများအတွက် နှစ်များစွာ ဝင်ငွေနှင့် ယှဉ်နိုင်လေသည်။

နောက်ဆုံးတွင် ဘေးပတ်လည်ရှိ တပည့်များက အသိဝင်လာကြသည်။ သူတို့က အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အသစ်ကို ကြိုဆိုဖို့အတွက် ပိုက်ဆံအမြောက်အများ အသုံးပြုခဲ့ကြသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အသစ်က ရှန်ထျန်း မဟုတ်ဘူးလား။ လွန်ခဲ့တဲ့ နှစ်များစွာက ပျောက်သွားခဲ့တဲ့ တစ်ယောက်လေ …

ပြောရလျှင် နယ်မြေငါးခုတခွင် နာမည်ကျော် အသိမှတ်ပြုခံထားရသည့် အမျိုးသား နောက်ဆုံးတော့ ပြန်ရောက်လာလေပြီ။

ထိုစဉ် လူအုပ်ကြီးက ပေါက်ကွဲထွက်လာသည်။

လူအများစုက လတ်တလောလေးမှ မြင့်တက်လာသည့် ဂျူနီယာလေးများ ဖြစ်သော်လည်း ရှန်ထျန်း၏ နာမည်ကို ကြားဖူးကြသည်။

သူက ကျိရှားကျောင်းတော် လူသားပရဝဏ်၏ အဓိကတပည့်တစ်ယောက်လည်း ဖြစ်ပေသည်။

သူက ကျောင်းတော်ကို ဝင်ဝင်ချင်း ခုနှစ်ကြိမ်မြောက် အတိဒုက္ခလွန် မဟာဝိဇ္ဇာနှင့် ရင်ဆိုင်နိုင်ခဲ့သည်။ သူက ဟွမ်ထျန်းစစ်တုရင်ခုံထဲတွင် အနိုင်ပိုင်းကာ ကစားပွဲကို ရှင်းလင်းနိုင်ခဲ့သည်။ မိစ္ဆာဝိညာဉ်မြောက်များစွာကို သတ်ခဲ့သည့် အားကောင်းသော ရှီထျန်းကျီပင် ရှန်ထျန်းအောက် နိမ့်ကျကြောင်း ဝန်ခံထားသည်။

....................

ရှန်ထျန်းက နှစ် ၁၈၀ ကြာ ပျောက်ကွယ်သွားခဲ့သော်လည်း သူ့ကျော်ကြားမှုက အနည်းငယ်မျှ မှေးမှိန်မသွားပေ။ ထို့အစား သူ့ကို ပို၍ ကျော်ကြားလာစေသည်။ သူက မျိုးဆက်အသစ်အတွက် ဒဏ္ဍာရီလိုမျိုး ဖြစ်၏။

ကပ်ဘေးကြီး ပေါ်ထွက်လာမှုကြောင့် ကြောက်မက်ဖွယ် ပါရမီရှင်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။ သို့သော်လည်း ရှန်ထျန်း၏ စံချိန်ကို မည်သူမှ မချိုးဖောက်နိုင်သေးပေ။ တကယ်တော့ သူတို့အားလုံး နောက်ကောက်ကျ ကျန်နေကြောင်း ဆိုရပေမည်။

ယခုမှ သူတို့က ရှန်ထျန်း၏ ပါရမီနှင့် တိုက်ခိုက်စွမ်းတို့မှာ မည်မျှ ကြောက်ဖို့ကောင်းကြောင်း နားလည်လာကြသည်။

သူက တကယ်ကို ပြိုင်ဖက်ကင်းလှသည်။

ဒီတစ်လျှောက်လုံး မည်သူကမှ ဤသို့အောင်မြင်မှုမျိုးအထိ မရခဲ့ဖူးပေ။ ထို့ကြောင့် အားလုံးက ရှန်ထျန်းတစ်ယောက် ဘေးကင်းကင်း ပြန်ရောက်လာသည်ကို မြင်ပြီး အံ့အားသင့်သလို ပျော်ရွှင်နေကြသည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်က သောင်းကြမ်းနေစဉ် ဤသို့မျိုး အထွတ်အထိပ် ပါရမီရှင်တစ်ယောက် ပြန်ရောက်လာခြင်းက နယ်မြေငါးခုအတွက် ကိစ္စကောင်း ဖြစ်၏။

ဂိုဏ်းချုပ်ရှန်ထျန်း အပိုရှိနေသည့်အတွက် သူတို့အနေနှင့် ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များကို ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်လာလိမ့်မည်။  ချက်ချင်းဆိုသလို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတစ်ခုလုံး ပို၍ အသက်ဝင်လာသည်။ အားလုံးက ရှန်ထျန်း ပြန်ရောက်လာမှုကြောင့် ပျော်ရွှင်ကာ စိတ်အားထက်သန်နေကြသည်။

……………...

လူများစွာ၏ ဩဘာသံတွေကြား ရှန်ထျန်းကို ကျန်းလုံယွမ်က အဓိကတောင်ထိပ်ဆီ ခေါ်သွားလိုက်သည်။ နှစ်ယောက်လုံး ဂိုဏ်းချုပ်စံအိမ်အတွင်း ဝင်ရောက်လိုက်ပြီးနောက် ကျန်းလုံယွမ်၏ ခန္ဓာကိုယ်မှ ကောင်းကင်အရှိန်အဝါများ လှုပ်ခတ်လာကာ  “ ထျန်းအာ … အခု မင်း ဘေးကင်းကင်းပြန်ရောက်လာပြီဆိုတော့ မင်းအနေနဲ့ ဂိုဏ်းချုပ်ရာထူး ဆက်ခံဖို့ အချိန်ကျလာပြီ။

အခု ငါက မင်းဆီ ရာထူးလွဲပေးမယ်။ မင်း အထွတ်အမြတ်မြေကို ဦးဆောင်ရင်းနဲ့ မိစ္ဆာဝိညာဉ်တွေကို ခုခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ”

ရှန်ထျန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ လက်နှစ်ဖက်ယှက်လျက်  “ ဟုတ်ကဲ့ … တပည့်က ဆရာရဲ့ သင်ကြားပြသတဲ့အတိုင်း လိုက်နာပြီးတော့ အထွတ်အမြတ်မြေကို ကာကွယ်ပြီး မိစ္ဆာဝိညာဉ်များကို ခုခံပါ့မယ် ”

ကျန်းလုံယွမ်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရွှေရောင် အမှတ်အသားပြားကို ထုတ်လိုက်သည်။ အမှတ်အသားပြား အပေါ်ယံတွင် ရွှေရောင်အလင်းများ လင်းလင်လာပြီး ထူးထူးဆန်းဆန်း ပုံစံများ ရေးထွင်းထားလေသည်။

အမှတ်အသားပြား အလယ်တွင် “အံ့ဖွယ်မိုးကောင်းကင် ” ဟူသည့် စာလုံးကို ရေးထွင်းထားသည်။ စာလုံးများက ဦးချိုပါ နဂါးလိုမျိုး စွမ်းအားများ ကိန်းအောင်းနေသကဲ့သို့ အားကြီးလှသည်။

ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် အမှတ်အသားပြား ဖြစ်ပြီး ဂိုဏ်းချုပ်အဆင့်အတန်း၏ သင်္ကေတတစ်ခုလည်း ဖြစ်ပေသည်။ ထို့အပြင် ဂိုဏ်းချုပ်အမှတ်အသားပြားတွင် နောက်ထပ် လုပ်ဆောင်ချက်များရှိနေသေးသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းသားများနှင့် အကြီးအကဲများကို အမိန့်ပေးနိုင်ရုံသာမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတစ်ခုလုံး၏ အစီအရင်ကို ထိန်းချုပ်နိုင်သည်။

ဤသည်မှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ရှေးအခါကတည်းက လက်ဆင့်ကမ်းလာသည့် အစီအရင် ဖြစ်ပြီး အံ့ဖွယ်စွမ်းအားများ ပါဝင်နေသည်။ ပြောရလျှင် ဂိုဏ်းချုပ် အမှတ်အသားပြားက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပင်မ ဖြစ်ပြီး အထွတ်အမြတ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်သောကြောင့် အလွန်တရာ အရေးကြီးလှသည်။

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ရရှိသွားပြီ ဖြစ်၍ ဂိုဏ်းချုပ် အမှတ်အသားပြားကို လက်ဆင့်ကမ်းပေးသည်မှာ ပုံမှန်သာ ဖြစ်၏။

ကျန်းလုံယွမ်က ဂိုဏ်းချုပ် အမှတ်အသားပြားကို ရှန်ထျန်းဆီ ပေးလိုက်ရင်း  “ ထျန်းအာ … အခု မင်းက ဂိုဏ်းချုပ်ဖြစ်သွားပြီဆိုတော့ မင်း ဂိုဏ်းချုပ်တောင်ထိပ်နဲ့ အထွတ်အမြတ်မြေက အရင်းအမြစ်အားလုံးကို အသုံးပြုလို့ ရတယ်။ ပြီးတော့ ငါတို့ဂိုဏ်းရဲ့ အမွေအနှစ်ဖြစ်တဲ့ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံကိုလည်း မင်း စောင့်ကြပ်ပေးရမယ် ”

ထိုသို့ပြောပြီးနောက် ကျန်းလုံယွမ်က နောက်ထပ် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ထိုစဉ် မိုးကြိုးများ တလက်လက် ထလာပြီး မိုးခြိမ်းသံများပါ ထွက်လာကာ ရှန်ထျန်းဆီ ဖိအားပြင်းပြင်း ဝင်ရောက်လာသည်။ သူတို့ရှေ့တွင် အံ့ဖွယ်အလင်းများ လွှမ်းခြုံထားသည့် အလံမြောက်များစွာ ထွက်ပေါ်လာသည်။ သူတို့အားလုံးက မျက်စိစူးမတတ် တောက်ပနေလေ၏။

အလံတစ်ခုချင်းစီက ဖိအားပြင်းပြင်း ထုတ်လွှင့်နေပြီး နတ်ဧကရာဇ်တပိုင်းအဆင့် အသုံးအဆောင်များထက် အားမနည်းပေ။

အလံများက ပေါင်းစပ်သွားသည့်အခါ နတ်ဧကရာဇ် အသုံးအဆောင် စွမ်းအားကို ထုတ်ဖော်နိုင်သည်။

ကျန်းလုံယွမ်၏ ခန္ဓာကိုယ်မှ ထာဝရအလင်းများ လင်းလက်လာကာ ပြောလိုက်သည် “ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံမှာ ပင်မအလံတစ်ခုနဲ့ အကူအလံဆယ်ခု ပါတယ်။ သူတို့ကို ပေါင်းစပ်လိုက်ရင် အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်နိုင်တယ်။ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံတွေကို အံ့ဖွယ်ကောင်းကင် မိုးကြိုးအစီအရင်ကို ခင်းကျင်းဖို့ အုတ်မြစ်အနေနဲ့ သုံးလို့ ရတယ်။ စွမ်းအားအထွတ်အထိပ်မှာ ရှိနေတုန်းက နတ်ဧကရာဇ်ကိုတောင် သတ်ပစ်နိုင်တယ် …

အရင်က အံ့ဖွယ်မိုးကောင်းကင် နတ်ဧကရာဇ်က မိုးကြိုးဧကရာဇ်အလံနဲ့ နယ်မြေငါးခုမှာ နာမည်ကျော်ကြားလာခဲ့တာလေ။ သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီးတော့ နယ်မြေငါးခုလုံးကို တုန်လှုပ်စေခဲ့တယ်။

ဒီပစ္စည်းက ငါတို့ဂိုဏ်းရဲ့ သင်္ကေတပဲ။ ငါတို့ရဲ့ အရေးကြီးဆုံး ပစ္စည်းလည်း ဖြစ်တယ်။ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံက အရမ်းအဖိုးတန်တယ်။ စွမ်းအားက သာမန်နတ်ဧကရာဇ် အသုံးအဆောင်တွေထက် ကျော်လွန်တယ်။

အရင်နှစ်တစ်သောင်းခန့်က တိုက်ပွဲကြောင့် အထွတ်အထိပ် မိစ္ဆာဝိညာဉ်တွေ နယ်မြေငါးခုဆီ ကျူးကျော်လာတုန်း အင်အားစုအများစု ရှုံးနိမ့်ခဲ့ရတ်။ ငါတို့ဂိုဏ်းရဲ့ နတ်ဧကရာဇ် အသုံးအဆောင်လည်း အဲဒီတိုက်ပွဲမှာ ဖျက်စီးခံခဲ့ရတယ်။

အရင်နှစ်တစ်သောင်းလုံး ငါတို့အထွတ်အမြတ်မြေက အကောင်းဆုံးကြိုးစားပြီး ပြန်လည်ပြင်ခဲ့ပေမဲ့ မအောင်မြင်သေးဘူး။ လက်ရှိ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံတွေမှာ ပင်မအလံရယ်၊ နဂါးပြာ၊ မီးငှက်၊ လိပ်နက်နဲ့ ချီလင်အလံတွေပဲ ရှိတော့တယ်။

အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံရဲ့ စွမ်းအားက လျော့ကျသွားပေမဲ့ နတ်ဧကရာဇ်အဆင့် ဖြစ်နေတုန်းပဲ။ ဒီနေ့ မင်းကို လက်ဆင့်ကမ်းပေးမယ်။

အရင်ဦးဆုံး ဒါနဲ့ မင်းဘာသာ ကာကွယ်ပြီးတော့ မိစ္ဆာဝိညာဉ်တွေကို သတ်နိုင်လိမ့်မယ်။ ဒုတိယအနေနဲ့ မင်း ဒီဟာကို အရင်ကလို ဂုဏ်ကျက်သရေမျိုး ပြန်လည်ဆောင်ကျဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်”

ကျန်းလုံယွမ်က ရှန်ထျန်းအား နက်ရှိုင်းသော စိတ်ခံစားချက်တို့ဖြင့် စိုက်ကြည့်လိုက်သည်။ သူက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများကို အထွတ်အထိပ် အခြေအနေပြန်ရောက်အောင် ပြုပြင်ဖို့ အလွန်တရာ ခက်ခဲကြောင်း သိထားလေသည်။ အံ့ဖွယ်မိုးကောင်းကင် တစ်ခုလုံး နှစ်တစ်သောင်းကြာ အချိန်ယူကာ အရင်းအမြစ်များစွာ သုံးစွဲခဲ့သော်လည်း ပင်မအလံနှင့် အကူအလံလေးခုအထိသာ ပြင်နိုင်သေးသည်။

ထို့အပြင် ထိုအလံများက လုံးဝ ဖျက်စီးခံထားရခြင်း မဟုတ်ဘဲ ပျက်စီးနေသည့်အခြေအနေတွင်သာ ရှိနေသေးသောကြောင့် ပြန်လည် ပြုပြင်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် အံ့ဖွယ်မိုးကောင်းကင်၏ ဘိုးဘေးများက အားများစွာ စိုက်ထုတ်ခဲ့သော်လည်း ပြင်ဆင်နိုင်ခဲ့ရုံမျှသာ ဖြစ်၏။

ကျန်ရှိနေသော အလံခြောက်ခုကို ထပ်မံ မမွမ်းမံနိုင်ပေ။ သူတို့က လွန်ခဲ့သော နှစ်တစ်သောင်းခန့်က တိုက်ပွဲအတွင်း အပြီးတိုင် ပျက်စီးသွားခဲ့လေပြီ။

အသစ်မဖန်တီးသရွေ့ ပြန်လည် ကောင်းမွန်လာဖို့ မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း အသစ်ဖန်တီးခြင်းက လုပ်ရသည်ထက် ပြောရသည်က ပိုလွယ်ပေသည်။ ဤသည်မှာ နတ်ဧကရာဇ် အသုံးအဆောင် ဖြစ်ပြီး နတ်ဧကရာဇ်များသာ ဖန်တီးနိုင်ကြသည်။

နယ်မြေငါးခု၌ နတ်ဧကရာဇ် ပေါ်ထွက်မလာသည်မှာ နှစ်များစွာကြာမြင့်နေလေပြီ။ ပြောရလျှင် ဟွမ်ရှစ်ပင် နတ်ဧကရာဇ်အစစ်အမှန် ဖြစ်လာဖို့ အတော်အတန် အလှမ်းကွာနေသေး၏။

ထို့ကြောင့် ဤကိစ္စက နှောင့်နှေးနေပြီး မိုးကြိုးဧကရာဇ် အလံများက သူတို့၏ စွမ်းအားအပြည့်အဝကို ထုတ်မပြနိုင်ပေ။

ယခု ကျန်းလုံယွမ်က အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ်အလံများကို ရှန်ထျန်းဆီ လွဲပေးလိုက်ပြီ ဖြစ်၍ သူက တိတ်တဆိတ် စောင့်မျှော်နေမိသည်။ အကြောင်းမှာ ရှန်ထျန်းက ကံကြမ္မာသားတော် ဖြစ်ပြီး ထူးခြားလှသော ကံတရားကို ပိုင်ဆိုင်ထားလေသည်။

သူက မဖြစ်နိုင်ဖွယ် အရာအားလုံးကို ဖြစ်လာအောင် လုပ်ပေးနိင်သည်။ မိုးကြိုးဧကရာဇ်အလံများလည်း ရှန်ထျန်းလက်ထဲတွင် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားနိုင်သည်။

“ ဟုတ်ကဲ့ ဆရာ။ ကျွန်တော် အကောင်းဆုံးကြိုးစားပြီး ပြန်ပြုပြင်လိုက်ပါ့မယ် ”

ရှန်ထျန်းက မိုးကြိုးဧကရာဇ် အလံများကို လက်ခံယူလိုက်ရင်း သူ့ပခုံးပေါ်မှ လေးလံလှသော တာဝန်ဝတ္တရားများကို ခံစားမိလိုက်သည်။ ဂိုဏ်းချုပ်ရာထူးက ဂုဏ်ပုဒ်တစ်ခု ဖြစ်ရုံသာမက တာဝန်တစ်ခုလည်း ဖြစ်ပေသည်။

ယနေ့မှစ၍ သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂုဏ်သိက္ခာကို ကာကွယ်ပြီး ဂိုဏ်းသားများ၏ ဘေးကင်းမှုကို  ကာကွယ်ပေးဖို့ တာဝန်ရှိလာလေသည်။ ထို့အပြင် ဂိုဏ်းကိုသာ ထွန်းလင်းတောက်ပြောင်အောင် ဦးဆောင်ပေးရမည်။

သို့သော်လည်း ရှန်ထျန်းက ဝန်ထုပ်တစ်ခုဟု မခံစားရပေ။ သူနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဆက်နွယ်မှုက များပြားလှသည်။ သူက ဂိုဏ်းချုပ်ရာထူး မယူလျှင်ပင် သူက အထွတ်အမြတ်မြေကို ကာကွယ်ပေးနေဦးမည်သာ ဖြစ်၏။

“ ကောင်းတယ် … အရမ်းကောင်းတယ် ”

ကျန်းလုံယွမ်အနားက ကောင်းကင်အရှိန်အဝါများ အပြင်းအထန် လှုပ်ခတ်လာသည်။ သူ့စိတ်ထဲ အားရမှုအပြည့် ဖြစ်နေမိသည်။

ရှန်ထျန်းဆီ ရာထူးလွဲပြောင်းပေးပြီးတော့ သူ့စိတ်အေးသွားလေပြီ။

ထျန်းအာက ကံကြမ္မာသားတော် ဖြစ်ပြီး လူသားကြားမှ နဂါးတစ်ကောင် ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားသည်။ ထျန်းအာ၏ ဦးဆောင်မှုအောက်တွင် နယ်မြေငါးခုလုံးက ဒီတိုက်ပွဲကြီးကို သေချာပေါက် အနိုင်ရလိမ့်မည်။

ဤသည်က သူ့ခေတ်အခါ မဟုတ်ပါလော။

……………

ကျန်းလုံယွမ်က လှည့်ထွက်သွားပြီးတော့ ဂိုဏ်းချုပ်တောင်ထိပ်အား ရှန်ထျန်းဆီ ပေးခဲ့သည်။ လက်ရှိ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ရှန်ထျန်းက ဂိုဏ်းချုပ်တောင်ထိပ်၌ နေရပေမည်။

ကျန်းလုံယွမ်က မဟာအကြီးအကဲ စံအိမ်ဆီ ရွေ့ပြောင်းသွားပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ဆက်လက် ကာကွယ်ပေးနေသည်။ ကျန်းလုံယွမ် ထွက်သွားသည်ကို မြင်ပြီး ရှန်ထျန်းက မိုးကြိုးဧကရာဇ် အလံများကို စတင် လေ့လာလိုက်သည်။

သူက မိုးကြိုးဧကရာဇ်အလံများသည် ပျက်စီးသွားသော်လည်း အထဲတွင် ကျန်ရှိနေသော စွမ်းအားများက နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်များထက် သာလွန်ကြောင်း ခံစားမိနေသည်။

ဤသည်မှာ နတ်ဧကရာဇ် အသုံးအဆောင် ဖြစ်၍ အပြည့်အဝ ပြန်လည် ပြင်ဆင်ပြီးပါက အံ့ဖွယ်နေမင်း မီးပြင်းဖိုထက် အားနည်းမည် မဟုတ်ပေ။ ပြောရလျှင် ပို၍ပင် အားကောင်းနိုင်သေး၏။

ထိုနတ်ဧကရာဇ် အသုံးအဆောင်များက ကာကွယ်ရေးရော တိုက်ခိုက်ရေးပါ အားကောင်းကြသည်။

အကယ်၍ သူသာ မိုးကြိုးဧကရာဇ်အလံများကို ပြင်ဆင်ပြီး အံ့ဖွယ်ကောင်းကင် မိုးကြိုးအစီအရင်ကို ခင်းကျင်းနိုင်ခဲ့လျှင် နတ်ဧကရာဇ်အဆင့်အောက်ရှိ သက်ရှိအားလုံး ထိတွေ့မိသည်နှင့် သေဆုံးကြရပေမည်။

ဤသို့ဖြင့် အထွတ်အမြတ်မြေအား မိစ္ဆာဝိညာဉ်များ ကျူးကျော်ခြင်းမှ ပိုမို ကာကွယ်နိုင်လိမ့်မည်။

……………

“ ဒါကို ဘယ်လိုပြန်ပြင်ရမလဲ ”

ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။  နတ်ဧကရာဇ်အသုံးအဆောင်ကို မည်သို့ အလွယ်လေး ပြင်လို့ ရမည်နည်း။ ထို့အပြင် ရှန်ထျန်းက လက်နက်ထုဆစ်ခြင်းအကြောင်း များစွာ မသိထားပေ။ အများဆုံး သူက အသက်လက်နက်ကိုသာ သန့်စင်မွမ်းမံနိုင်လေသည်။

တစ်ခုခုကို မှတ်မိသွားသည့်အလား ရှန်ထျန်း အကြည့်တို့ တောက်ပလာကာ  “ ဆရာကြီးယဲ့ ဒီနတ်ဧကရာဇ် အသုံးအဆောင်ကို ဘယ်လိုပြင်ရမလဲဆိုတာ သိလား ”

သူက ဘာမှမတွေးမိတော့သောကြောင့် ထုတ်မေးလိုက်သည်။ အရင်းအမြစ်ကောင်းကို အသုံးမပြုလျှင် နှမြောစရာကောင်းလှသည်။

နတ်ဘုရားလောကမှ အားကောင်းသည့် တည်ရှိမှုမျိုး ဖြစ်သည့် ယဲ့ချန်းခန်တွင် သေချာပေါက် အဖြေရှိရမည်။

ယဲ့ချန်းခန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်  “မင်းရဲ့ ရှုပ်ထွေးပွေလီ မီးစာလက်နက်ဖန်တီးခြင်း ပညာရပ်က အသက်လက်နက် လုပ်နိုင်ရုံတင် မကဘူး။ အထွတ်အထိပ် လက်နက် သန့်စင်ဖို့လည်း သုံးနိုင်တယ်။ မင်းရဲ့ လက်ရှိအနေအထားနဲ့ နတ်ဧကရာဇ်အဆင့် လက်နက်ကို မသန့်စင်နိုင်သေးပေမဲ့ နတ်ဧကရာဇ်တပိုင်းလောက်တော့ ပြဿနာ မရှိဘူး။

ပြီးတော့ မင်း ထိန်းချုပ်နိုင်တာက ရှုပ်ထွေးပွေလီ မီးလျှံအစစ်လေ။ အဲဒါက လက်နက်ထုဆစ်ကြတဲ့ ဆရာကြီးတွေ လိုချင်နေကြတဲ့ အထွတ်အထိပ် မီးတောက်မျိုးပဲ …  ပျက်စီးနေတဲ့ မိုးကြိုးဧကရာဇ်အလံတွေက အလွန်ဆုံး နတ်ဧကရာဇ်တပိုင်းအဆင့်ပဲ ရှိတာ။ မင်း အဲဒီအလံတွေကို ပုံတူပွားလို့ ရတယ်။ အဲဒီအခါကျ ဒီအလံတွေနဲ့ နတ်ဧကရာဇ်အဆင့် အသုံးအဆောင်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ် ”

ရှန်ထျန်း၏ အကြည့်တို့ တောက်ပလာသည်။

သူ ဖန်တီးထားသော ရှုပ်ထွေးပွေလီ ကြယ်တာရာဓားက အထွတ်အထိပ်အဆင့် ထာဝရလက်နက် ဖြစ်သည်။ သို့သော် ထိုစွမ်းအားက နတ်ဧကရာဇ်တပိုင်းအဆင့်ထက် အားနည်းခြင်း မရှိပေ။ တခြားနည်း၌ ပို၍ပင် သာနေသေးသည်။

အကြောင်းမှာ ရှုပ်ထွေးပွေလီ မီးလျှံအစစ်ကြောင့် ဓားအတွင်း ပင်ကိုယ်ဝိညာဉ်ချီကို မွေးဖွားပေးလိုက်သလို ဖြစ်ရာ ပြောင်းလဲလာစေသည်။ ဆိုလိုသည်မှာ ရှုပ်ထွေးပွေလီ မီးလျှံအစစ်က လက်နက်ထုဆစ်ရာ၌ အင်မတန် အသုံးဝင်လှသည်။

ထို့ကြောင့် သူ့လက်ရှိအနေအထားဖြင့် နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်ကို ပြုပြင်ဖို့ရာ သိပ်မခက်လှပေ။

ရှန်ထျန်းက တုံ့ဆိုင်းမနေဘဲ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ရတနာခန်းဆီ တန်းတန်းမတ်မတ် သွားလိုက်သည်။ အကယ်၍ နတ်ဧကရာဇ်တပိုင်း လက်နက်ကို ထုဆစ်လိုလျှင် အဆင့်မြင့် လက်နက်ဖန်တီးခြင်း ပညာရပ်များကို လိုအပ်ရုံသာမက အရင်းအမြစ်များစွာလည်း လိုအပ်ပေသည်။

ရှန်ထျန်းက လက်နက်ထုဆစ်ခြင်းအပေါ် အာရုံသိပ်မရှိခဲ့သလို သတ္တုများစွာလည်း မစုဆောင်းထားခဲ့ပေ။ သို့သော်လည်း ပြဿနာတစ်ရပ်တော့ မဟုတ်ပေ။ အံ့ဖွယ်မိုးကောင်းကင်လိုမျိုး အားကောင်းသည့် အင်အားစုကို နောက်ခံရှိထားလေရာ ဘာကိုများ စိတ်ပူဖို့ လိုဦးမည်နည်း။

သူ့ဂိုဏ်းချုပ်အမှတ်အသားပြားဖြင့် ရတနာသိုလှောင်ခန်းမှ သတ္တုများကို စိတ်ကြိုက်ထုတ်ယူနိုင်လေသည်။

ရှန်ထျန်းက အထွတ်အမြတ်မြေ၏ ရတနာခန်းမှ သတ္တုများစွာ ထုတ်ယူလိုက်ပြီး အကူအလံများကို ပြုပြင်ဖို့ ပြင်လိုက်တော့သည်။

ချွမ် …

အသံက နားကွဲလုမတတ် ဖြစ်၏။ အံ့ဖွယ်နေမင်း မီးပြင်းဖိုက လေဟာနယ်ထဲ ရောက်လကာ အားအပြည့်ပေါက်ထွက်လာသည်။

အဆုံးမဲ့ နေမီးလျှံအစစ်တို့ကလည်း အံ့ဖွယ်မီးပြင်းဖိုအတွင်း လောင်ကျွမ်းနေကြကာ နှလုံးခုန်မြန်လာစေသည့် အပူချိန်မျိုး ထုတ်လွှင့်နေသည်။

ဤတစ်ကြိမ် ရှန်ထျန်းက နတ်ဧကရာဇ်တပိုင်း အသုံးအဆောင် အစီအရင်အလံများကို မွမ်းမံနေခြင်း မဟုတ်ပါလော။

အကယ်၍ သူသာ အံ့ဖွယ်နေမင်း မီးပြင်းဖိုကို အသုံးမပြုလျှင် သူ့အနေနှင့် စွမ်းအားပြင်းပြင်းကို ခံနိုင်ရည် မရှိဘဲ မီးပြင်းဖိုကို ပေါက်ကွဲထွက်သွားစေလိမ့်မည်။

သိပ်မကြာခင် ရှန်ထျန်းက သတ္တုအားလုံး ပြင်ဆင်ထားပြီးနောက် ရှုပ်ထွေးပွေလီ မီးစာလက်နက်ဖန်တီးခြင်း ပညာရပ်အတိုင်း စတင် မွမ်းမံသန့်စင်လိုက်သည်။

သူ့လက်တစ်ချက်အဝေ့တွင် နောက်ထပ် မီးလှိုင်းများ မြင့်တက်လာသည်။

မီးတောက်များ အရှိန်ပြင်းပြင်း တောက်လောင်ပြီးနောက် ငွေရောင်မြူများဖြင့် ရောသွားလေသည်။ အရှိန်အဝါက ကြောက်မက်ဖို့ကောင်းလှပြီး လေဟာနယ်ကိုပင် ပြာအဖြစ် လောင်ကျွမ်းပစ်နိုင်သည်။

ဤမီးတောက်က ရှုပ်ထွေးပွေလီ မီးလျှံအစစ် ဖြစ်၏။

ထိုမီးလုံး ပေါ်ထွက်လာသည့်အခါ နေမီးလျှံအစစ်ပင် ရှုံးနိမ့်သွားရသည်။

ရှန်ထျန်းက လက်ဝေ့လိုက်ပြီးနောက် ထိုမီးလျှံအား အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် သူက ဝိဇ္ဇာလက်နက် အခုနှစ်ဆယ်ကျော်ကို ထုတ်ယူလိုက်သည်။

အကယ်၍ နတ်ဧကရာဇ်တပိုင်း လက်နက်ကို ဖန်တီးလိုလျှင် အရိုးရှင်းဆုံးနည်းလမ်းက ဝိဇ္ဇာလက်နက်များကို ပြန်လည် ထုဆစ်ရန် ဖြစ်၏။

ဝိဇ္ဇာလက်နက်များကို အင်မတန် အဖိုးတန်သော ထာဝရသတ္တုများမှ ထုဆစ်ထားလေသည်။ မီးတောက်ပူပူဖြင့် အရည်ကျိုလိုက်သည့်အခါ ဝိဇ္ဇာလက်နက်များက နဂိုအခြေအနေသို့ ပြန်လည် ရောက်ရှိသွားလိမ့်မည်။

အကယ်၍ ထာဝရသတ္တုများကို တဖန် ပြန်လည်ထုဆစ်လျှင် အချိန်များစွာ ကြာမြင့်လိမ့်မည်။ တချို့လူများက နတ်ဧကရာဇ်တပိုင်းအသုံးအဆောင်နှင့် ဝိဇ္ဇာအသုံးအဆောင်များ ဖန်တီးဖို့ နှစ်များစွာ သို့မဟုတ် ဆယ်စုနှစ်အထိ ကြာသွားနိုင်သည်။

လက်နက်ထုဆစ်ခြင်း၌ အချိန်အများဆုံးယူသည့် လုပ်ငန်းစဉ်တို့ကား သတ္တုနှင့် ထာတရသတ္တုများကို အရည်ဖျော်ခြင်း ဖြစ်သည်။

ရှန်ထျန်းက အချိန်များစွာ သုံးစွဲဖို့ မစဉ်းစားထားသည့်အတွက် အသင့်လုပ်ပြီးသားကို ထုတ်သုံးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူ့ရတနာ သိုလှောင်လက်စွပ်ထဲ ဝိဇ္ဇာလက်နက်များ အပုံလိုက် ရှိပေသည်။ သိမ်းထား၍ အကျိုးမရှိပေ။

ဝိဇ္ဇာလက်နက် အခု နှစ်ဆယ်က အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲ ဝင်ရောက်သွားကာ ရှုပ်ထွေးပွေလီ မီးလျှံအစစ်၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ ချက်ချင်းဆိုသလို မျက်စိစူးလောက်ဖွယ် အလင်းတန်း ထွက်ပေါ်လာလေ၏။

ရှုပ်ထွေးပွေလီ မီးလျှံအစစ်အောက်တွင် ဝိဇ္ဇာလက်နက်များက ကြည်လင်တောက်ပနေသည့် အရည်စက်များအဖြစ် ပြောင်းလဲသွားလေသည်။

သို့သော်လည်း ဝိဇ္ဇာလက်နက် အခုနှစ်ဆယ် အရည်ကျိုဖို့ရာ အချိန်တချို့ယူရသည်။

သုံးရက်ကြာမြင့်ပြီးနောက် …

ဝိဇ္ဇာလက်နက် အခုနှစ်ဆယ်ကျော်ကို ငွေရောင်အရည်အဖြစ် သန့်စင်ပြီးသွားလေပြီ။ ထိုအတွင်းမှ သန့်စင်လှသည့် အံ့ဖွယ်အလင်းများ ထွက်ပေါ်နေသည်။

သိပ်သည်းလွန်းသည့် အလင်းများက အရည်ကို ဝန်းရံထားပြီး အထဲမှ အညစ်အကြေးများကို ဆက်တိုက် သန့်စင်ကာ လျော့ချနေသည်။

ထို့နောက် ရှန်ထျန်းက မီးပြင်းဖိုအတွင်း သတ္တုသန့်စင်ရာ၌ အထောက်အကူများကို အကုန်ပစ်ထည့်လိုက်ပြီး ရှုပ်ထွေးပွေလီ မီးလျှံအစစ်ဖြင့် အရည်ကျိုပစ်လိုက်သည်။

သိပ်မကြာခင် အကူသန့်စင်ရေး သတ္တုများက အရည်စက်အဖြစ် ပြောင်းလဲသွားပြီး ငွေရောင်အရည်ဖြင့် ပေါင်းစပ်သွားသည်။ အံ့ဖွယ်နေမင်း မီးပြင်းဖိုက အလင်းတန်းများ ချက်ချင်း ပေါက်ထွက်လာသည်။

အရည်လုံးကြီးက သိပ်သည်းလွန်းသည့် စွမ်းအားများဖြင့် ပေါက်ထွက်လာသည်။

ရှန်ထျန်းက လက်ဟန်များ လုပ်ကာ အရည်များကို အတူတကွ ပေါင်းစပ်လိုက်သည်။ သူက စိတ်ထဲမှ အတွေးအတိုင်း အလံပုံစံကို တည်ဆောက်လိုက်သည်။

အရည်က ခြောက်ပိုင်းကွဲသွားပြီး တစ်ခုချင်းစီက အလံသဏ္ဌာန် မှုန်ဝါးဝါး အကြမ်းထည်ပုံစံမျိုး ဖြစ်လာသည်။ ထို့နောက် ရှန်ထျန်းက မိုးကြိုးစွမ်းအားကို အသက်သွင်းကာ ရှုပ်ထွေးပွေလီ နတ်မိုးကြိုးကို အံ့ဖွယ်မီးပြင်းဖိုထဲ ထည့်သွင်းဖွဲ့စည်းပေးလိုက်သည်။

သူက ရှုပ်ထွေးပွေလီ မီးလျှံအစစ်နှင့် ရှုပ်ထွေးပွေလီ နတ်မိုးကြိုးတို့ကို  အသုံးချကာ နတ်ဧကရာဇ်တပိုင်း အသုံးအဆောင်ကို ထုဆစ်လိုခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင် ဤရှုပ်ထွေးပွေလီ နတ်မိုးကြိုးက ဓာတ်သဘာဝ အမျိုးမျိုး ပါရှိ၏။

ဤနည်းဖြင့် အစီအရင်အလံတစ်ခုချင်းစီက ပင်မအလံနှင့် သဟဇာတ ဖြစ်နေပြီး အဆုံးမဲ့စွမ်းအားတို့ကို ထုတ်လွှင့်စေနိုင်လိမ့်မည်။

ရှန်ထျန်းက ပင်မအလံနှင့် အကူအလံလေးခုကိုလည်း ထည့်သွင်းလိုက်သည်။ ရှုပ်ထွေးပွေလီ မီးလျှံအစစ်နှင့် ရှုပ်ထွေးပွေလီ နတ်မိုးကြိုးတို့ကြောင့် အရည်အသွေးက နောက်တစ်ဆင့် တိုးမြင့်သွားသည်။

သို့သော်လည်း အပြောင်းအလဲ ဖြစ်မလာခင် အာဟာရဖြည့်တင်းဖို့ အချိန်တစ်ချို့ လိုအပ်နေသေးသည်။

ကံကောင်းသည်က ရှန်ထျန်းသည် အလျှင်မလိုပေ။ သူက မီးတောက်ကို အားမြင့်လိုက်ကာ ရှုပ်ထွေးပွေလီ နတ်မိုးကြိုးဖြင့် လက်နက်ကို သန့်စင်ပေးလိုက်သည်။

ဂိုဏ်းချုပ်စံအိမ်တစ်ခုလုံး အလင်းတန်းများ ဖုံးလွှမ်းသွားလေသည်။ အံ့ဖွယ်နေမင်း မီးပြင်းဖိုထဲရှိ အရည်က နောက်ဆုံးတွင် ပုံပြောင်းလာလေပြီ။

အချိန်ကုန်သွားလေသည်။

၈၁ ရက် ကြာမြင့်ပြီးနောက် …

ဂိုဏ်းချုပ်တောင်ထိပ်တွင် ထူးထူးဆန်းဆန်း ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာသည်။ ကောင်းကင်ယံတွင် အလင်းတန်းများ စုဝေးနေကာ မိုးမြေကို အလင်းပေးနေပြီး ဖိအားပြင်းပြင်း သယ်ဆောင်လာသည်။

ထိုစဉ် ကြောက်မက်ဖွယ် ဖိအားက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတစ်ခုလုံး ဒီရေအလား ဖြတ်သန်းသွားသည်။

အားလုံး၏ အာရုံစိုက်မှု ပြုံကျလာသည်။ သူတို့က ဂိုဏ်းချုပ်တောင်ထိပ်ဆီ တအံ့တဩ ကြည့်လိုက်ကြသည်။

သူတို့က ဂိုဏ်းချုပ်တောင်ထိပ်မှ နတ်ဧကရာဇ်တပိုင်း ဖိအားတစ်ခု ကျရောက်လာကြောင်း ခံစားနေရသည်။ ဤသည်က အင်မတန် အားပြင်းလွန်းလှ၏။

“ ဒီအရှိန်အဝါ … ဂိုဏ်းချုပ်ရှန်ထျန်းက နတ်ဧကရာဇ်အဆင့် တက်တော့မှာများလား ”

“ မဟုတ်ဘူး မဟုတ်ဘူး … အဲဒီအရှိန်အဝါက အထွတ်အထိပ်လက်နက်တစ်ခုစီက ဖြစ်လာတာ ”

“ ဂိုဏ်းချုပ် ရှန်ထျန်းက နတ်ဧကရာဇ်တပိုင်း လက်နက် ထုဆစ်နိုင်ခဲ့တာများလား ”

……….....

အားလုံးက အံ့ဩတုန်လှုပ်နေကြသည်။

သူတို့က ရှန်ထျန်းသည် ဆေးလုံးများကို ဖော်စပ်တတ်ရုံသာမက လက်နက်များကို ထုဆစ်တတ်လိမ့်မည်ဟု မထင်ထားကြပေ။ ထို့အပြင် သူက နတ်ဧကရာဇ် အသုံးအဆောင်ကို တစ်ခါတည်းဖြင့် ဖန်တီးလိုက်ခြင်း ဖြစ်သည်။

သူ မလုပ်တတ်တာ ရှိသေးရဲ့လား …

ဂိုဏ်းချုပ်က တန်ခိုးရှင်တစ်ယောက်ပဲ …

All Chapters