← Chapters

သွေးသံရဲရဲ နဂါးဘုရင်နှင့် ရှန်ထျန်း ရောက်ရှိလာမှု

Vol. 32 Ch. 477

သွေးသံရဲရဲ နဂါးဘုရင်နှင့် ရှန်ထျန်း ရောက်ရှိလာမှု

Vol. 32 Ch. 477

အခန်း (၄၄၇)  : သွေးသံရဲရဲ နဂါးဘုရင်နှင့် ရှန်ထျန်း ရောက်ရှိလာမှု

မိစ္ဆာဝိညာဉ်များ ပေါ်လာသည်နှင့် ကမ္ဘာကြီးက ချက်ချင်းဆိုသလို အမှောင်ကျသွားသည်။ သူက အာကာပြင်အပေါက်ထဲ ရပ်နေကာ ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်သွားသည့်ပုံပေါက်နေသည်။

သွေးနီရောင် နေမင်းလိုမျိုး သူ့မျက်ဆံနီနီများ ကြောက်ဖို့ကောင်းနေကာ သူ့တစ်ကိုယ်လုံးမှ တုန်လှုပ်စေလောက်သည့် စွမ်းအားမျိုး လွှင့်ထုတ်နေသည်။ သူတို့က ထိုပုံရိပ်ကို မြင်လိုက်သည့်အခါ အားလုံးက ကြောက်ရွံ့လာကြပြီး တုန်တုန်ယင်ယင် ဖြစ်လာကြသည်။

ဤလူက ထာဝရ မိစ္ဆာဝိညာဉ်သာ ဖြစ်ရမည်။

“ ဒီကနေ ထွက်သွားကြ ”

အောင်းယဲ့က အော်ဟစ်သတိပေးလိုက်ပြီးနောက် သူ့စိတ်လည်း တုန်ယင်လာသည်။ ထာဝရအဆင့်နှင့် ထာဝရတပိုင်းအဆင့်ကြား ကွာခြားချက်က စာလုံးနှစ်လုံးမျှသာ ဖြစ်သော်လည်း အင်အားခြင်း ကွာခြားချက်က စိတ်ကူးကြည့်၍ မရပေ။

ဤအဆင့် မိစ္ဆာဝိညာဉ်က သူတို့ ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။ သို့သော်လည်း ထိုမိစ္ဆာဝိညာဉ်က သူတို့ကို ထွက်သွားခွင့် မပေးပေ။ သူ့လက်ကို ဝေ့လိုက်သည်နှင့် ဘေးပတ်လည် အာကာပြင်က ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားသည်။

မိစ္ဆာအလင်းများ ဖြာကျလာပြီး ကောင်းကင်ယံတွင် ဧရာမအပေါက်ကြီးတစ်ခု ဖြစ်လာသည်။

မြောက်ပင်လယ် ကျင့်ကြံသူများထံ အဆုံးမဲ့စွမ်းအားလှိုင်းကြီး ကျရောက်လာသည်။

ဝုန်း …

ထိုစဉ် မဟာဝိဇ္ဇာဆယ်ယောက်ကျော်က သွေးအန်လိုက်ရပြီး မီတာသောင်းချီ လွှင့်စင်သွဦးကာ ပင်လယ်ထဲ ပြုတ်ကျသွားကြသည်။ သူတို့မျက်နှာများက ဖြူဖျော့နေပြီး အရှိန်အဝါများလည်း အားနည်းလာသည်။ သူတို့ခန္ဓာကိုယ်ထဲမှ သွေးများလည်း စတင် စီးထွက်လာကြသည်။

ထိုမြင်ကွင်းကို မြင်ပြီး အားလုံးက မူးဝေလာသလို ခံစားလိုက်ရကာ စိတ်ထဲ တုန်တုန်ယင်ယင် ဖြစ်လာမိသည်။

ထာဝရမိစ္ဆာဝိညာဉ်၏ စွမ်းအားက အမှန်တကယ် ကြောက်ဖို့ ကောင်းလှသည်။

ဤသည်မှာ မိုးမြေ အကာအရံကြောင့် သူ့စွမ်းအားကို အကုန်ထုတ်သုံးထားခြင်း မဟုတ်သေးပေ။ မဟုတ်ပါက ဤရိုက်ချက် တစ်ခုတည်းဖြင့် မဟာဝိဇ္ဇာအားလုံးကို သတ်ပစ်နိုင်လိမ့်မည်။

“ ကျစ် ”

အောင်းယဲ့က အံကြိတ်ကာ သူ့ခန္ဓာကိုယ်မှ အင်အားအားလုံး စုစည်း၍ ထာဝရ မိစ္ဆာဝိညာဉ်ဆီ ရိုက်ချလိုက်သည်။

ပေသောင်းကျော် ရှည်လျားသည့် နဂါးမြီးက ရုတ်ချည်း တွန့်လိမ်သွားပြီး တိမ်တိုက်ထဲ ဝင်ရောက်သွားကာ မြစ်နှင့် တောင်တန်းကို ခြေမွပစ်နိုင်သည့် စွမ်းအားကို သယ်ဆောင်လာသည်။ သူက သူ့မျိုးနွယ်စု ထွက်ပြေးနိုင်ဖို့အတွက် အချိန်ဆွဲထားပေးရမည်။ မဟုတ်လျှင် သူတို့ လွတ်မြောက်မည် မဟုတ်ကြပေ။

ထာဝရမိစ္ဆာဝိညာဉ်က အေးစက်စက် ရယ်မောလိုက်ပြီး မထီမဲ့မြင် ပြောလိုက်သည်  “ ခေါင်းမာတဲ့ ခုခံမှုပဲ … ”

သူက လက်သီးဆုပ်လိုက်သည့်အခါ မယှဉ်နိုင်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ အာကာပြင်က ချက်ချင်း စုစည်းသွားပြီး မိစ္ဆာအငွေ့အသက်များစွာ စုစည်းလာကာ မီးခိုးရောင် အကာအရံတစ်ခု ဖြစ်တည်လာသည်။

နဂါးမြီးက အကာအရံနှင့် ထိတွေ့မိပြီး လှိုင်းတွန့်ကြီးများ ဖြစ်စေခဲ့သော်လည်း မဖျက်စီးနိုင်ခဲ့ပေ။

အောင်းယဲ့က ထိုမြင်ကွင်း မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်သွားမိပြီး သူ့စိတ်ထဲ လေးလံလာမိသည်။ သူက အားအပြည့် တိုက်ခိုက်လိုက်သော်လည်း ထာဝရမိစ္ဆာဝိညာဉ်၏ အကာအရံကို မထိုးဖောက်နိုင်ခဲ့ပေ။

ထိုစဉ် ထာဝရမိစ္ဆာဝိညာဉ်က သူ့လက်အကြီးကြီးကို ဝေ့ယမ်းလိုက်ပြီး အောင်းယဲ့အား ရိုက်ချလိုက်သည်။

ဤသည်မှာ ဖော်မပြတတ်သည့် စွမ်းအားများ ပါဝင်သည့် သာမန်ရိုက်ချက်နှင့် တူသော်လည်း အရှိန်ကား တားဆီးမရနိုင်ပေ။

ထိုအခိုက်အတန့် အောင်းယဲ့၏ တစ်ကိုယ်လုံးက တုန်ယင်လာပြီး သူ့ဆံပင်များပင် ထောင်မတ်လာသည်။ ဤစွမ်းအားလှိုင်းကြီးက သူ့အား တစစီ ဖြစ်သွားစေနိုင်လောက်သည့်အထိ ကြောက်ဖို့ကောင်းလွန်းလှသည်။ သူ့အနေနှင့် ထိုတိုက်ကွက်ကို ခုခံဖို့ မဖြစ်နိုင်ပေ။

အောင်းယဲ့၏ ခန္ဓာကိုယ်က ချက်ချင်း ကွေးသွားပြီး သူ့တစ်ကိုယ်လုံးမှ အံ့ဖွယ်အလင်းများ တောက်ပလာကာ အလွန်အမင်း လင်းလက်လာသည်။

နဂါးနတ်ဘုရား၏ စွမ်းအား ထွက်ပေါ်လာပြီး နဂါးနတ်ဘုရား ချပ်ဝတ်အဖြစ် ပုံပေါ်လာကာ တိုက်ခိုက်မှုကို ကာဆီးပေးလိုက်သည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်၏။

ဝုန်း …

ပေါက်ကွဲသံအကျယ်ကြီးကို ကြားလိုက်ရသည်။ နဂါးနတ်ဘုရား ချပ်ဝတ်က ချက်ချင်း ပေါက်ထွက်သွားသည်။ အောင်းယဲ့က ကောင်းကင်မှ ပြုတ်ကျလာသောကြောင့် သူ့ကြေးခွံများ နေရာအနှံ့ လွှင့်သွားပြီးနောက် သွေးအန်လိုက်ရသည်။

“ လောင်ဟေး ”

(လောင်ဟေးဆိုတာ ဟေးဆိုတာက အနက်ရောင်ကို ဆိုလိုပြီးတော့ လောင်ကတော့ ရင်းနှီးသူအချင်းချင်း ခေါ်ကြတဲ့ အခေါ်အဝေါ်ပါ)

ခွန်ရှု၏ အကြည့်တို့က ဒေါသဖြင့် လောင်မြိုက်လာကာ ခွန်ပန်ပညာရပ်ကို အသက်သွင်းလိုက်ပြီးနောက် ထာဝရမိစ္ဆာဝိညာဉ်ဆီ ပြေးဝင်သွားလိုက်သည်။

“ နောက်ထပ် သေချင်နေတာပဲ ”

ထာဝရမိစ္ဆာဝိညာဉ်က ထပ်မံ တိုက်ခိုက်လိုက်သည်။

ဧရာမ လက်မည်းကြီးက ကောင်းကင်ပြုတ်ကျလာသလိုမျိုး ကျရောက်လာကာ ခွန်ရှုအား ပင်လယ်အောက်ခြေ၌ ဖိခြေပစ်လိုက်ပြီး လှိုင်းလုံးကြီးများ ဖြစ်လာစေသည်။

ခွန်ရှုက သွေးအန်ထုတ်လိုက်ရပြီး သူ့အကြည့်တို့က တုန်လှုပ်မှုအပြည့် ဖြစ်နေလေ၏။ ဤမိစ္ဆာဝိညာဉ်၏ စွမ်းအားက သူတို့ ရင်ဆိုင်နိုင်သည့်ထက် များစွာ ကျော်လွန်ကာ ကြောက်စရာကောင်းလွန်းလှသည်။ အကယ်၍ သူတို့သာ ကမ္ဘာ့အကာအရံ ချိုးဖောက်လာသည့်အထိ စောင့်နေလျှင် ဤနေရာ၌ အားလုံး သေချာပေါက် သေဆုံးသွားကြလိမ့်မည်။

“ ကောင်းကင်ဘုံက ငါတို့ မြောက်ပင်လယ်ကို သေစေချင်နေတာလား ”

ခွန်ရှု၏ မျက်ဝန်း၌ မျှော်လင့်ချက် ပျောက်သုန်းသွားကာ ဝမ်းနည်းပက်လက် ရေရွတ်လိုက်သည်။  လက်ရှိအခြေအနေက မြောက်ပင်လယ် ကျင့်ကြံသူများအတွက် မျှော်လင့်ချက် မဲ့နေလေပြီ။

…………...

.”မိုးမြေကြားက အကာအရံကို မြန်မြန်ဖွင့်ကြ ”

ထာဝရမိစ္ဆာဝိညာဉ်က ပြောလိုက်သည်။ သူက နဂါးနက်များစွာနှင့် မဟာလေဟာနယ်ခွန်များစွာကို သူ့လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြီး သွေးအန်ကာ ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်။

“ ဟုတ်ကဲ့ပါ အရှင်ထာဝရမိစ္ဆာ”

ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက် ၂၀ ကျော်က ရိုရိုကျိုးကျိုး အမူအယာများဖြင့် အကာအရံကို တိုက်ခိုက်လိုက်ကြသည်။

ဝုန်း …

ထိုစကားသံက မြောက်ပင်လယ် ကျင့်ကြံသူတို့၏ စိတ်နှလုံးသားထဲ ပေါက်ကွဲသံလိုမျိုး ဖြစ်ကာ အားလုံး တုန်တုန်ယင်ယင် ဖြစ်လာကြသည်။ မြောက်ပင်လယ် အဆင့်မြင့် ကျင့်ကြံသူများ၏ ဝင်ရောက်နှောင့်ယှက်မှု မရှိဘဲ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များက အကာအရံကို အားအပြည့် ဆက်လက် ချိုးဖျက်နေကြသည်။

“ ငါတို့တော့ သွားပြီ ”

ရေမျိုးနွယ်များ၏ မျက်နှာအထက် မျှော်လင့်ချက်ကုန်ဆုံးသည့် အရိပ်အယောင်မျိုး ပေါ်လာသည်။ အကာအရံ ကျိုးပျက်သွားသည်နှင့် သူတို့က ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက် ၂၀ ကျော်နှင့် ထာဝရမိစ္ဆာဝိညာဉ်တို့၏ တကယ့်စွမ်းအားအစစ်အမှန်နှင့် ရင်ဆိုင်ရတော့မည်။

ဤတပ်အသေးလေးက အားလုံးကို သတ်ပစ်နိုင်သည်။

အောင်းယဲ့နှင့် ခွန်ရှုတို့က အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီတို့၏ အကြည့်တို့၌ ကူကယ်ရာမဲ့မှုများ မြင်လိုက်ကြရသည်။ သူတို့က မိစ္ဆာဝိညာဉ်မျိုးနွယ်၌ ဤသို့ အားကောင်းသော တည်ရှိမှုမျိုး ပုန်းကွယ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လက်ရှိအခြေအနေက ဒုက္ခများလွန်းလှသည်။

ထိုစဉ် ထာဝရမိစ္ဆာဝိညာဉ်၏ တိုက်ခိုက်မှုက တဖန် ကျရောက်လာပြန်သည်။

သူက ထိုလူအားလုံးကို မြှပ်နှံပစ်ချင်ပုံပေါ်နေ၏။ သူက ရက်ရက်စက်စက် သရော်လိုက်ပြီး “ ပါးမွှားတွေ သေကြစမ်း ”

ထာဝရမိစ္ဆာဝိညာဉ်က လက်ဝေ့လိုက်သည့်အခါ မြောက်များစွာသော မိစ္ဆာအငွေ့အသက်များ စုစည်းလာကာ ဧရာမ မိစ္ဆာဓားမော့ကြီး ဖြစ်လာသည်။ ဓားမော့ ထိပ်ဖျားက အင်မတန် ထက်ရှနေပြီး ကောင်းကင်ကိုပင် နှစ်ပိုင်းပိုင်းပစ်နိုင်လောက်သည်။

ထိုစဉ် လေဟာနယ်က ပျက်သုန်းသွားကာ စည်းမျဉ်းများလည်း ကြေမွသွားသည်။

အားလုံးက မိုးမြေကိုပင် ဖျက်စီးနိုင်လောက်သည့် ဓားမော့အလင်းတန်း ကျရောက်လာသည်ကို ကြည့်နေကြသည်။

“ ရပ်လိုက် ”

သို့သော်လည်း ပင်လယ်အနက်ပိုင်းမှ လူအိုကြီးအသံ ထွက်ပေါ်လာသည်။

ဝုန်း

ရေက မိုင်သုံးသောင်းလောက်အထိ မြင့်တက်လာသည်။

အဆုံးမဲ့ပင်လယ်အနက်ပိုင်းမှ ဧရာမ နဂါးနက်ကြီးတစ်ကောင်က ရုတ်ချည်း ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က ပေတစ်သန်းရှည်လျားသည်။

နဂါးနက်၏ ခန္ဓာကိုယ်က မဟူရာအလင်းများ စီးဆင်းနေပြီး သူ့မျက်ဆံတို့က နေမင်းသဖွယ် တောက်ပနေသည်။ သူက အစွယ်များ ဖြဲကာ လက်သည်းများဖြင့် ကုတ်ခြစ်ရင်း ကောင်းကင်ဆီ မော့၍ ဟိန်းဟောက်လိုက်သည်။

သူ့အငွေ့အသက်များက ကြောက်ဖို့ကောင်းပြီး ကျယ်ပြောလွန်းလှသည်။ ထိုထာဝရမိစ္ဆာဝိညာဉ်ထက် အားမနည်းပေ။

အားလုံးက ပျော်ရွှင်သွားကာ ပြောလိုက်ကြသည်  “ ငါတို့ ရှင်ပြီ … ရှင်ပြီ ”

“ အဆင့်မြင့် ကျင့်ကြံသူတွေ ငါတို့ကို ထောက်ပံ့ပေးနေမှတော့ ငါတို့ အဲဒီမိစ္ဆာကောင်တွေကို သေချာပေါက် တားနိုင်ရမယ် ”

အားကောင်းသည့် ပုဂ္ဂိုလ် ပေါ်ထွက်လာသည်နှင့် သူက  ထာဝရ မိစ္ဆာဝိညာဉ်၏ အရှိန်အဝါကို ချက်ချင်း ဖိနှိပ်ကာ ကမ္ဘာကြီးအား ပြန်လည် လင်းလက်လာစေသည်။

ထိုအရာကို မြင်ပြီး အောင်းယဲ့က ပျော်ရွှင်တကြီး ထုတ်ခေါ်လိုက်သည်  “ ဘိုးဘေး ”

ဤနဂါးနက်က နဂါးနက်ကျွန်း၏ အရင်ဘုရင်ဟောင်း ဖြစ်၏။

သူက နှစ်သောင်းချီကြာ နေထိုင်ခဲ့သည့် နဂါးဘုရင်အိုကြီး ဖြစ်ပြီး သူ့ဝါစဉ်က အင်မတန် မြင့်မားလှသည်။ သူက ကောင်းကင်စမ်းသပ်ချက် ၂၅ ကြိမ် ဖြတ်ကျော်ထားသော နတ်ဧကရာဇ်တပိုင်းအဆင့် ဖြစ်သည်။

နဂါးဘုရင်အိုကြီး ပေါ်ထွက်လာသည်နှင့် သူက နဂါးပြာ လက်သည်းကို အသက်သွင်းကာ ကောင်းကင်အား ဆွဲဖြဲပစ်လိုက်သည်။ ကောင်းကင်ယံ၌ ဧရာမ နဂါးလက်သည်းကြီး ပေါ်ထွက်လာကာ ကောင်းကင်တခွင် ဖုံးလွှမ်းသွားလေသည်။

ဝုန်း

မျက်စိတစ်မှိတ်အတွင်း ဓားမော့ပုံရိပ်များ ပျက်သုန်းသွားပြီး အာကာြပင်ထဲ အက်ကြောင်းများစွာ ပေါ်လာသည်။

သူ့တိုက်ခိုက်မှု တားဆီးခံလိုက်ရသည်ကို မြင်ပြီး ထာဝရမိစ္ဆာဝိညာဉ်က မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ထို့နောက် သူက နှာခေါင်းရှုံ့ကာ  “ အိုး အသက်ရှင်ရုံလေးပဲ ဖြစ်နေတဲ့ နဂါးအိုကြီးက ငါ့ကို တားချင်နေတာလား ”

သူက နဂါးဘုရင်အိုကြီး၏ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် တန်းသိလိုက်သည်။ နဂါးအိုကြီးက အားကောင်းသော်လည်း သူ့သက်တမ်းက ကုန်ဆုံးဖို့ နီးကပ်နေပြီး သေမင်းခံတွင်းဝ ရောက်နေလေပြီ။

အထူးသဖြင့် နဂါးဘုရင်အိုကြီးက နတ်ဘုရားလောကဆီ မတက်လှမ်းထားသောကြောင့် သူ့စွမ်းအားများက ထာဝရစွမ်းအားအဖြစ် မပြောင်းလဲရသေးပေ။ မဟုတ်လျှင် ထာဝရမိစ္ဆာဝိညာဉ်က နဂါးအိုကြီးအတွက် ပြိုင်ဖက် မဟုတ်ပေ။

အသက်ရှင်ရုံမျှဖြစ်နေသည့် နဂါးအိုကြီးအား ဘာမှကြောက်နေစရာ မလိုပေ။

“ ဒီနေ့ နဂါးအိုကြီး ခင်ဗျားကို သတ်ပြီးတော့ နဂါးအကြောနဲ့ နဂါးအမြုတေကို ထုတ်ပြီး လက်နက်အဖြစ် သန့်စင်ပစ်မယ်”

ထာဝရမိစ္ဆာဝိညာဉ်က ယုတ်မာစွာ ပြုံးလိုက်ရင်း လက်ဟန်တချို့ ဖော်ထုတ်လိုက်သည်။ အဆုံးမဲ့ မိစ္ဆာအငွေ့အသက်များ စုစည်းလာကာ ဧရာမ အနက်ရောင်အလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး နဂါးအိုကြီးဆီ ဝင်ရောက်သွားသည်။

အနက်ရောင်အလုံးကြီးက နေမင်းကြီးလိုမျိုး မဟူရာအလင်းများ တဖြတ်ဖြတ် တောက်ပလာကာ ကြောက်မက်ဖွယ်အရှိန်အဝါ ထုတ်လွှင့်လာသည်။ ထိုအရာက ထာဝရတပိုင်းအဆင့် ကျင့်ကြံသူများကိုပင် အလွယ်လေး သတ်ပစ်နိုင်လောက်၏။

မြောက်ပင်လယ်တစ်ခုလုံးက ဖျက်စီးခံရတော့မည့်ပုံလိုမျိုး အဆုံးမဲ့ မဟူရာအလင်းများ လွှမ်းခြုံသွားသည်။

နဂါးအိုကြီးက အော်ဟစ်ကာ သူ့အံ့ဖွယ်စွမ်းအားကို နှိုးဆွလိုက်သည်။ ထိုအရာက စွမ်းအားလုံးကြီးအဖြစ် ပြောင်းလဲသွားကာ ရှေ့ထွက်သွားသည်။

ဝုန်း

ကြောက်မက်ဖွယ် စွမ်းအားက ဘေးပတ်ဝန်းကျင်အထိ ပျံ့နှံ့သွားပြီး ကောင်းကင်ကိုပင် တုန်ခါသွားစေကာ လှိုင်းလုံးများ မြင့်တက်လာစေသည်။ ကျင့်ကြံသူများစွာက အံ့ဩတုန်လှုပ်သွားကြသည်။ ထာဝရအရှင်များကြားမှ တိုက်ပွဲက တကယ်ကို ကြောက်ဖို့ ကောင်းလှသည်။

ထိုစဉ် နဂါးအိုကြီးက ရှေ့ပြေးထွက်သွားလေပြီ။ သူက မဟူရာအလင်းတန်းသဖွယ် ပြောင်းလဲလိုက်ပြီး ထာဝရမိစ္ဆာဝိညာဉ်ဆီ ချီတက်သွားလိုက်သည်။

“ ဒီနေရာကနေ အရင် ထွက်သွားကြ ”

နဂါးအိုကြီးက အောင်းယဲ့နှင့် အခြားလူများအား နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။ ထာဝရအဆင့်ကြားမှ တိုက်ပွဲသည် သာမန်လူများ ဝင်ပါနိုင်သည့်အရာ မဟုတ်ပေ။

ထွက်ပေါ်လာသည့် စွမ်းအားက ထာဝရတပိုင်းအဆင့်ကိုပင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။

“ နားလည်ပါပြီ ”

အောင်းယဲ့က ခွန်ရှုတို့ အခြားမဟာဝိဇ္ဇာများနှင့်အတူတူ နောက်ဆုတ်လိုက်ကြသည်။ သို့သော်လည်း သူတို့က ဝေးဝေး မသွားပေ။ အကယ်၍ ထင်မှတ်မထားသည့်အရာ တစ်ခုခု ဖြစ်လာခဲ့လျှင် သူတို့က အကူအညီပေးနိုင်ရန် အသင့်ပြင်ထားကြသည်။

တစ်ဖက်တွင် ထာဝရတပိုင်း အဆင့် မိစ္ဆာဝိညာဉ်အယောက် ၂၀ ကျော်က နောက်ဆုတ်လိုက်ပြီး အဝေးမှ ကြည့်နေကြသည်။ သူတို့က အနီးမကပ်ရဲကြပေ။

…………...

ထိုစဉ် နဂါးအိုကြီးက ထာဝရမိစ္ဆာဝိညာဉ်နှင့် တိုက်ပွဲအပြင်းအထန် ဆင်နွဲနေလေပြီ။ ကြောက်မက်ဖွယ် စွမ်းအားများ ပျံ့လွှင့်လာပြီး မိုးမြေကိုပင် လှုပ်ခတ်သွားစေသည်။

နဂါးအိုကြီး၏ ခန္ဓာကိုယ်က နက်ရှိုင်းလွန်းသည့် အငွေ့အသက်များဖြင့် တောက်ပနေသည်။ သူက နဂါးပြာလက်သည်းကို အသက်သွင်းထားပြီး မိုးမြေကို နှစ်ပိုင်းဆွဲခြမ်းပစ်ချင်သည့်အလား စွမ်းအားတို့က မရပ်တန့်နိုင်ပေ။

ကောင်းကင်တခွင် ဧရာမ နဂါးလက်သည်းကြီးက နေရာယူထားပြီး မိုးမြေတစ်ခုလုံး သိမ်းပိုက်ထားသည်။

ထာဝရမိစ္ဆာဝိညာဉ်၏ အမူအယာက အေးစက်နေကာ သူ့လက်ထဲ အရိုးဓားမော့တစ်ချောင်း ထွက်ပေါ်လာသည်။ ထိုအရာက မိစ္ဆာအလင်းများ တလက်လက် တောက်ပနေ၏။

အရိုးဓားမော့က ကောင်းကင်ကို ဖြတ်သန်း၍ အဆုံးမဲ့ မိစ္ဆာစွမ်းအားများ ထုတ်လွှင့်လာသည်။ မိစ္ဆာမြူခိုးများ ချက်ချင်း သိပ်သည်းလာပြီး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားတစ်ပါးက ကမ္ဘာဖျက်စီးရေး ဓားမော့ပညာရပ်ကို ထုတ်သုံးလိုက်သည့်အတိုင်း ဖြစ်၏။

ဝုန်း …

အသံက မိုးခြိမ်းသံလိုမျိုး ဖြစ်ကာ စကြဝဠာတခွင် ထိုးဖောက်လာသည်။

သူတို့ကြားက တိုက်ပွဲသည် ကြောက်ဖို့ကောင်းလွန်းလှပြီး တိုက်ကွက်တိုင်းက ကောင်းကင်ကို ထိုးဖောက်သွားကာ သဘာဝစည်းမျဉ်းများ ပျက်စီးသွားစေပြီး လေဟာနယ်ကိုပင် ဖျက်စီးပစ်လိုက်သည်။

သူတို့က ကမ္ဘာကြီးကို ဖျက်စီးချင်နေသည့်အလား ကြောက်မက်ဖွယ် မငြိမ်မသက်မှုများ ဖြစ်ပေါ်နေသည်။ အာကာပြင်က ဗလာဖြစ်သွားပြီး အာကာပြင် မငြိမ်မသက် ဖြစ်လာသည်။ အနက်ရောင်စီးကြောင်းကြီးက မိုင်ထောင်ချီ ဆွဲယူသွားမည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

နှစ်ယောက်လုံးက ကောင်းကင်ယံ မည်းမှောင်လာသည့်အထိ ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်၏။

အားလုံးက စိုးရိမ်လာကြသည်။

“ ငါတို့တွေ ဒီတိုက်ပွဲ နိုင်မှ ဖြစ်မယ် ”

နဂါးအိုကြီးက ထာဝရမိစ္ဆာဝိညာဉ်ကို တောင့်ခံနိုင်ဦးမလားဆိုတာ သူတို့ မသိပေ။ သို့သော်လည်း သူသာ သူ့ကို မရပ်တန့်နိုင်လျှင် မြောက်ပင်လယ်တော့ ပြဿနာအကြီးကြီး တက်ပေတော့မည်။

………….....

အာကာပြင်အပေါက်ထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

နဂါးအိုကြီးက သွေးများစိုရွဲနေပြီး သူ့အငွေ့အသက်တို့က ပရမ်းပတာ ဖြစ်နေသည်။ သူက ဒဏ်ရာအပြင်းအထန် ရသွားမှန်း သိသာလှ၏။

တစ်ဖက်တွင် ထာဝရမိစ္ဆာဝိညာဉ်လည်း ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ မိစ္ဆာအငွေ့အသက်များ စီးဆင်းနေပြီး သူ့ရင်ဘတ်ပေါ်တွင် သွေးနီနေသည့် ကုတ်ခြစ်ရာတချို့ ရှိနေသည်။

ထာဝရမိစ္ဆာဝိညာဉ်လည်း နဂါးအိုကြီးနှင့် တိုက်ပွဲ၌ အရေးမသာမှန်း သိသာလှသည်။

“ငါရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ကို ဒဏ်ရာလာပေးရဲတယ်ပေါ့လေ ” ထာဝရမိစ္ဆာဝိညာဉ်က ပြောလိုက်သည်။

သူ့နောက်မှ မိစ္ဆာအငွေ့အသက်များက အဆုံးအစွန်အထိ ဖြန့်ကျက်သွားပြီး တစ္ဆေများစွာ ဖြစ်တည်လာသည်။ ထိုတစ္ဆေများက ကမ္ဘာရှိ အရာအားလုံးကို အဆုံးသတ်ပစ်ချင်သည့် မိစ္ဆာအုပ်ချုပ်သူ ၃၀၀၀ လိုမျိုး ဖြစ်ကာ အဆုံးမဲ့မြူခိုးအတွင်း အရာအားလုံးကို ဖျက်စီးပစ်နေသည်။

မိစ္ဆာတစ္ဆေပုံရိပ်များက ထာဝရမိစ္ဆာဝိညာဉ်နှင့်အတူတူ လှုပ်ရှားလာသည်။ သူ့သတ်ဖြတ်ငွေ့က ပျံ့နှံ့လာကာ အဆုံးမဲ့ဓားအလင်းတန်းများလည်း ထွက်ပေါ်လာသည်။

နဂါးအိုကြီး၏ မျက်နှာထားက လေးနက်လာပြီး သူ့အကြည့်တို့၌ ဆုံးဖြတ်ချက် ပြတ်သားမှုများ ကိန်းအောင်းနေသည်။

သူက ဤစွမ်းအားသည် မည်မျှကြောက်ဖို့ ကောင်းကြောင်း ခံစားမိသော်လည်း နဂါးအိုကြီးက နောက်မဆုတ်ပေ။ အအကြောင်းမှာ သူ့နောက်တွင် မြောက်ပင်လယ်၏ သာမန်လူများ ရှိနေသေးသည် မဟုတ်ပါလော။

အကယ်၍ သူသာ နောက်ဆုတ်လိုက်လျှင် အခြားသူများ သေဆုံးကြရလိမ့်မည်။

နဂါးအိုကြီးက ရှေ့တိုးလိုက်သည့်အခါ သူ့နဂါးလက်သည်းတို့က အံ့ဖွယ်အလင်းများ လင်းလက်လာသည်။

“ သတ် ”

“သတ် ”

နှစ်ယောက်လုံးက သတ်ဖြတ်ငွေ့များ ထုတ်လွှင့်လိုက်ရင်း အော်ဟစ်လိုက်ကြသည်။

ဝုန်း ဝုန်း ဝုန်း

ကောင်းကင်တခွင် အသံကျယ်ကြီးများ ပဲ့တင်ထွက်နေသည်။ ထို့နောက် သွေးနီရောင် အလင်းတန်း ထွက်ပေါ်လာသည်။ ထိုမည်းမှောင်နေသည့် အရိုးဓားမော့က နဂါးအိုကြီးနား ချည်းကပ်လာကာ နှစ်ပိုင်း ဖြတ်ပစ်လိုက်သည်။

“ရွှပ် ”

နဂါးအိုကြီးက သွေးတစ်ပွက် အန်လိုက်ရပြီး သူ့နောက်ဆုံးစွမ်းအားဖြင့် နဂါးလက်သည်းချက်အား ထာဝရမိစ္ဆာဝိညာဉ်၏ ရင်ဘတ်ဆီ ချိန်ရွယ်လိုက်သည်။ ထို့နောက် သူက သူ့နှလုံးသားကို ဆွဲထုတ်ကာ ခြေမွပစ်လိုက်သည်။

“ သေစမ်း ”

ထာဝရမိစ္ဆာဝိညာဉ်က ဆိုးဆိုးရွားရွား အော်ညီးလိုက်ရပြီး နဂါးအိုကြီးအား အဝေးရိုက်ချလွှတ်လိုက်သည်။

နဂါးအိုကြီးက ကောင်းကင်မှ ပင်လယ်ထဲ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျလာသည်။ အောင်းယဲ့နှင့် အခြားသော နဂါးနက်ကျွန်းမှ ကျင့်ကြံသူများက ရှေ့တိုးလာကာ အော်လိုက်ကြသည်  “ ဘိုးဘေး ”

သူတို့က နဂါးအိုကြီးသည် ထာဝရမိစ္ဆာဝိညာဉ်ကို ရပ်တန့်ဖို့ တန်ကြေးအကြီးကြီး ပေးဆပ်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုစဉ် လှလှပပ ပုံရိပ်လေးတစ်ခု ပြေးထွက်လာကာ နဂါးအိုကြီးအား ဖက်ထားလိုက်သည်။

“ အဘေး အဆင်ပြေရဲ့လား ”

ဤအမျိုးသမီးက နဂါးမယ် အောင်းပင်း ဖြစ်၏။

အောင်းပင်း၏ မျက်နှာအထက် မျက်ရည်များ စီးကျလာကာ သူမနှလုံးသား၌ နာကျင်ဝမ်းနည်းမှုအပြည့် ဖြစ်နေသည်။ ဤနဂါးအိုကြီးက သူမ အလေးစားရဆုံး အဘေး ဖြစ်၏။

သူက နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့ပြီး သူ့ကျင့်ကြံဆင့်က နတ်ဘုရားလောကဆီ တက်လှမ်းနိုင်သည်မှာ ကြာမြင့်လှလေပြီ။ သို့သော်လည်း သူက နတ်ဘုရားလောကဆီ မတက်လှမ်းဘဲ နဂါးနက်ကျွန်းကိုသာ ဆက်လက် ကာကွယ်ပေးနေခဲ့သည်။

ဤသို့မျိုး အလေးစားခံ စီနီယာတစ်ယောက်က ယခုလို အဆုံးသတ်သွားရလေပြီ။

“ကလေး မငိုနဲ့ … ဒီနေရာကနေ မြန်မြန် ထွက်သွားတော့ ”

နဂါးအိုကြီး၏ အသံက အားနည်းလာပြီး သူ့အရှိန်အဝါများလည်း မှေးမှိန်လာလေသည်။ သူက ကြာကြာမတောင့်ခံနိုင်တော့မှန်း သိသာလှသည်။

အားလုံး၏ အကြည့်တို့၌ မျက်ရည်များအပြည့် ဖြစ်လာကြသည်။

ဤသို့မျိုး သူရဲကောင်းက သူ့အသက်နှင့် ဤနယ်မြေအား ကာကွယ်ပေးဖို့ ရွေးချယ်ခဲ့သည်။

မည်သူက ဝမ်းမနည်းဘဲ နေမည်နည်း။

“ အား မင်းတို့အားလုံးကို သတ်ပစ်မယ် ”

အောင်းပင်း၏ ဆံပင်များ တလွှင့်လွှင့် ဖြစ်လာကာ အရှိန်အဝါက အေးစက်လာပြီး အေးစက်စက် သတ်ဖြတ်ငွေ့အပြည့် ဖြစ်လာသည်။ သူမက ဝေဟင်ထဲ ခုန်ဝင်ကာ သတ်ဖြတ်ဖို့ ပြင်လိုက်သည်။

“ ဒေါ်လေး စိတ်အေးအေးထား ”

အောင်းယဲ့က အောင်းပင်းအား မြန်မြန် တားလိုက်ရသည်။

ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များသည် ကြောက်ဖို့ ကောင်းလှသည်။ ယခု နဂါးအိုကြီးက ရှုံးနိမ့်လာပြီ ဖြစ်ရာ သူတို့ ဆက်လက် မခုခံနိုင်တော့ပေ။

“ ငါတို့ ဒီမှာကြာကြာနေလို့ မဖြစ်ဘူး။ နဂါးနက်ကျွန်းဆီ မြန်မြန် ပြန်ပြီးတော့ နတ်ဧကရာဇ်လက်နက်နဲ့ အကာအကွယ်ချရမယ် ”

အောင်းယဲ့က အသိပြန်ကပ်လာပြီး အမိန့်ပေးလိုက်သည်။ ယခု ဝမ်းနည်းနေဖို့ အချိန်မရှိပေ။ အကယ်၍ သူတို့ အချိန်ဆွဲနေပါက ဤနေရာ၌ အားလုံး သေသွားလိမ့်မည်။

နဂါးအိုကြီးက ဒဏ်ရာအပြင်းအထန် ရလာသော်လည်း တစ်ဖက်တွင် ထာဝရမိစ္ဆာဝိညာဉ်က အသက်ရှင်နေဆဲ ဖြစ်၏။

သူက လေဟာနယ်ထဲ ထိုင်ကာ ဒဏ်ရာများကို ပြန်လည် ကုစားနေပြီး ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များအား ကမ္ဘာ့အကာအရံကို ဆက်လက် တိုက်ဖို့ အမိန့်ပေးထားသည်။ သူက ဤနယ်မြေဆီ ချိုးဖောက်ဝင်ရောက်ချင်နေလေပြီ။

“သွားကြစို့ ”

ထိုမြင်ကွင်းကို မြင်ကာ အောင်းယဲ့နှင့် အခြားလူများက နဂါးနက်ကျွန်းဆီ ချက်ချင်း ပျံသန်းသွားလိုက်ကြသည်။ အကယ်၍ သူတို့ ထာဝရမိစ္ဆာဝိညာဉ် ဒဏ်ရာပြန်ကောင်းလာမည့်အချိန်အထိ စောင့်ဆိုင်းနေလျှင် သေချာပေါက် သေသွားကြလိမ့်မည်။ သို့သော်လည်း သူတို့ မိုင်တစ်သောင်းလောက် မပျံသန်းနိုင်ခင် သွေးနီရောင် အလင်းအလွှာကြောင့် ရပ်တန့်လိုက်ရသည်။

ထာဝရတပိုင်း ကျင့်ကြံသူပင် မဖျက်စီးပစ်နိုင်ပေ။

လေဟာနယ်ထဲ အာကာပြင်အပေါက်တွင် ထာဝရမိစ္ဆာဝိညာဉ်က ယုတ်မာစွာ ရယ်မောလိုက်ရင်း “ မင်းတို့က ထွက်သွားချင်တာလား။ ဒီနေရာမှာ ပိတ်ဆို့ရေး အတားအဆီး ခင်းထားပြီးတော့ ကီလိုမီတာ ငါးထောင်ပတ်လည် ပိတ်ထားပြီးသား … မင်းတို့ ဝင်လာလို့ပဲ ရတယ်။ ထွက်သွားလို့ မရဘူး။ အားလုံး ဒီနေ့ သေချာပေါက် သေပြီး ငါ့အာဟာရ ဖြည့်လာရမယ် ”

ဝုန်း …

ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

ဤကမ္ဘာ၏ မိုးမြေကြားရှိ အကာအရံကို ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက် ၂၀ ကျော် ပူးပေါင်းအားထုတ်မှုအောက်တွင် လုံးဝဖျက်စီးနိုင်ခဲ့လေပြီ။

မိုးမြေတစ်လျှောက် အဆုံးမရှိ ကြောက်မက်ဖွယ် စွမ်းအားတို့ ပျံ့နှံ့လာသည်။ မိစ္ဆာအငွေ့အသက်က ကျယ်ပြန့်လွန်းပြီး လူများစွာအား တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။

“ သတ်ကြ ”

ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက် ၂၀ ကျော် ပေါ်ထွက်လာပြီး မြောက်ပင်လယ် ကျင့်ကြံသူများဆီ ချီတက်လာကြသည်။

ကြောက်ခမန်းလိလိ မိစ္ဆာအရိပ်များလည်း ကောင်းကင်၌ ပေါ်ထွက်လာသည်။ မြောက်များစွာသော မိစ္ဆာနတ်ဆိုးများ ပေါ်ထွက်လာသည့်အလား ကမ္ဘာကြီးဆီ ကပ်ဘေး သယ်ဆောင်လာသည်။

ကောင်းကင်တစ်ဝိုက် မိစ္ဆာပုံရိပ်များစွာ ရောက်ယက်ခတ်နေလေသည်။ ထိုစဉ် ကျင့်ကြံသူများစွာက သွေးအလွှမ်းလွှမ်း ဖြစ်ကုန်ပြီး အလောင်းအပုံလိုက် ဖြစ်လာကာ ပင်လယ်ကြီးအား သွေးရောင်ဖြစ်သွားစေသည်။

“ သူတို့ကို တားကြ ”

အောင်းယဲ့၏ အကြည့်တို့၌ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်တွေ့နေရသည်။ သူက မဟာဝိဇ္ဇာ နဂါးနက်များနှင့်အတူတူ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များဆီ ခုန်ဝင်သွားသည်။

“ ငါတို့ သေရင်တောင် ဒီမိစ္ဆာကောင်တွေကို အရေခွာခဲ့ရမယ် ” ခွန်ရှုက သူ့မျိုးနွယ်မှ ကျင့်ကြံသူများအား ဦးဆောင်ကာ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များအား တိုက်ခိုက်လိုက်သည်။

ကောင်းကင်တခွင် ပုံရိပ်များစွာ ရောက်ယက်ခတ်နေပြီး အဆုံးမဲ့စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။

နဂါးနက်ကျွန်းနှင့် မဟာလေဟာနယ်ခွန် မျိုးနွယ်၏ အဆင့်မြင့် ကျင့်ကြံသူများ ထွက်ပေါ်လာကာ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက် ၂၀ နီးပါးအား အတင်း တားဆီးထားကြသည်။

အခြားသော ပင်လယ်မျိုးနွယ်ဝင်များလည်း အန္တရာယ်ကို ခံစားမိကြ၏။ သူတို့မျိုးနွယ်၏ ခေါင်းဆောင်များနှင့် ထိပ်တန်း ကျင့်ကြံသူများက ရှေ့ထွက်၍ ထိုမိစ္ဆာဝိညာဉ်များနှင့် ရင်ဆိုင်ပေးနေသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းအထက် ရှုပ်ထွေးလှသည့် တိုက်ပွဲကြီး ဖြစ်ပွားနေသည်။

မြောက်ပင်လယ်ရှိ အားကောင်းသူအားလုံး ပါဝင်လျှင်ပင် သူတို့က ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များ၏ တိုက်ခိုက်မှုကို ခံနိုင်မည် မဟုတ်ပေ။ သိပ်မကြာခင် မြောက်ပင်လယ် ကျင့်ကြံသူများက အရေးနိမ့်လာသည်။

အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူများက ကောင်းကင်မှ ပြုတ်ကျလာကာ အသက်ဓာတ် မပါရှိကြတော့ပေ။

သူတို့ကြား ဝိဇ္ဇာအစစ်အမှန်နှင့် မဟာဝိဇ္ဇာများပင် ပါရှိသေးသည်။ ထာဝရတပိုင်းအဆင့်ရှေ့တွင် ဤတည်ရှိမှုမျိုးက အလကားသာ ဖြစ်၏။

သူတို့ ဒီနေ့ ဒီနေရာမှာ သေဆုံးရတော့မှာလား … မြောက်ပင်လယ်က လုံးဝ ပျက်သုန်းသွားတော့မှာလား

……….....

ပင်လယ်ကြီးက သွေးနီရောင်လွှမ်းလာသည်။ နေရာတိုင်းတွင် တိုက်ပွဲသံများ၊ သတ်ဖြတ်သံများ၊ အော်ငြီးသံများနှင့် ပြည့်နှက်နေသည်။

မိုးမြေ အကာအရံ ပျက်စီးသွားသောကြောင့် မိစ္ဆာဝိညာဉ်မျိုးနွယ်က အရေအတွက်များစွာ ကျူးကျော်လာကြပြီး အားလုံးအား သေသည့်အထိ ဖိအားပေးနေကြသည်။

အောင်းယဲ့နှင့် ခွန်ရှုတို့လည်း မဟာဝိဇ္ဇာများနှင့်အတူတူ သွေးသံရဲရဲ တိုက်ပွဲကို တိုက်နေရသည်။ သို့သော်လည်း အခြေအနေက အလွန်ဆိုးရွားနေသည်။

နှစ်ယောက်လုံးက သွေးများဖုံးလွှမ်းနေပြီး သူတို့အရှိန်အဝါများ အားနည်းလာပြီ ဖြစ်၏။ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက် ၂၀ ကျော် တိုက်ခိုက်မှုအောက်တွင် အားလုံးက ခုခံထားရင်း နောက်ဆုတ်ရုံသာ တတ်နိုင်ကြသည်။

တစ်ဖက်တွင် မတားနိုင်သည့် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်တချို့ ရှိနေသည်။ သူတို့က လမ်းရှိသမျှ အားလုံးကို အဆက်မပြတ် သတ်ဖြတ်ပစ်နေသည်။

ဝိဇ္ဇာအစစ်အမှန်များနှင့် မဟာဝိဇ္ဇာများက ပူးပေါင်းကာ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များအား ခုခံဖို့ ကြိုးစားခဲ့ကြသည်။ သို့သော်လည်း သူတို့က ဆက်တိုက်သာ နောက်ဆုတ်နေရပြီး ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။

ပင်လယ်မျက်နှာပြင်အထက် အလောင်းများနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း ရေမျိုးနွယ်စုဝင်တိုင်း တိုက်ခိုက်နေကြဆဲ ဖြစ်ပြီး မည်သူမှ နောက်မဆုတ်ကြပေ။

သူတို့မျက်နှာအထက် သေခြင်းတရားနှင့် ရင်ဆိုင်နေသလိုမျိုး  ဆုံးဖြတ်ချက် ပြတ်သားမှုများ ထင်ဟပ်နေသည်။

လေဟာနယ်ထဲ အောင်းပင်းက သူမ၏ ရေခဲသလင်းကျောက် ဓားကို ဝေ့ယမ်းကာ မိစ္ဆာဝိညာဉ်များကို ဆက်တိုက် သတ်ဖြတ်နေသည်။ သူမဓားချက်တိုင်းက ဝိဇ္ဇာအစစ်အမှန် မိစ္ဆာဝိညာဉ်ကို သတ်ဖြတ်ပစ်နိုင်၏။ သို့သော်လည်း တိုက်ပွဲအခြေအနေအပေါ် များစွာ မသက်ရောက်ပေ။

သူမ၏ အနက်ရောင်ဝတ်စုံက သွေးများစွန်းထင်းနေလေသည်။ သူမရှေ့တွင် သူမကို စိုက်ကြည့်နေသည့် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်တစ်ယောက် ရှိနေသည်။

ထိုစဉ် မိစ္ဆာဝိညာဉ်က အော်ဟစ်ကာ အဆုံးမဲ့ မိစ္ဆာစွမ်းအားများ ယူဆောင်ရင်း ဆင်းသက်လာသည်။ ကောင်းကင်၌ အဆုံးမဲ့မိစ္ဆာလက်သည်းကြီး ပေါ်ထွက်လာကာ လေဟာနယ်အား ထောပတ်လှီးဖြတ်သည့် ဓားပူတစ်ချောင်းလိုမျိုး ပိုင်းဖြတ်ပစ်လိုက်သည်။

ချွမ်

အောင်းပင်းက သူမဓားဖြင့် ခုခံလိုက်ရင်း နောက်ဆုတ်လိုက်ရသောကြောင့် ခန္ဓာကိုယ် တုန်ယင်သွားလေသည်။ သူမက လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ကျင့်ကြံဆင့်ကို ပြန်လည်ရရှိထားပြီ ဖြစ်သော်လည်း ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကို ခုခံဖို့ ခက်ခဲနေသေးသည်။ သို့သော်လည်း နောက်ထပ် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်တစ်ယောက်က သူမနောက်ကျောဘက်မှ ပေါ်ထွက်လာသည်။

သူက မိစ္ဆာဓားမော့ကို ဝေ့ယမ်းကာ အောင်းပင်း၏ ကျောပြင်အား ခုတ်ချလိုက်သည်။ သူမအနေနှင့် မရှောင်နိုင်တော့ပေ။

အောင်းပင်းက ထိတ်လန့်သွားလေသည်။ သူမက သေခြင်းတရား အငွေ့အသက် နီးကပ်လာသော်လည်း တုံ့ပြန်ဖို့ အချိန်မရတော့ပေ။

………….....

ထိုစဉ် လေဟာနယ် အက်ကွဲလာသည်။

မြူခိုးများကြား လေဟာနယ် အလင်းဂူတစ်ခု ထွက်ပေါ်လာပြီး တောက်ပလင်းလက်လျက်ရှိသည်။ ထိုလေဟာနယ်ထဲမှ အဖြူရောင်ဝတ်စုံနှင့် အမျိုးသားတစ်ယောက် ပေါ်ထွက်လာသည်။

သူ့ဆီတွင် ခန့်ညားလှသော ရုပ်ရည်နှင့် ထူးခြားလှသော အငွေ့အသက်တို့ ပိုင်ဆိုင်ထားသည်။ သူက သေမျိုးလောကဆီ ဆင်းသက်လာသည့် ထာဝရအရှင်အလား ထင်မှတ်ရသည်။ သူက မိုးမြေကြား ရပ်နေကာ ကမ္ဘာကြီးနှင့် မသက်ဆိုင်သလိုမျိုး ခံစားရစေသည်။

ထာဝရတပိုင်း မိစ္ဆာဝိညာဉ်က ရုတ်ချည်း ပေါ်ထွက်လာသည့် အမျိုးသားကို မြင်လိုက်ကာ မျက်မှောင်ကြုတ်လိုက်မိပြီးနောက် သရော်ပြုံးဖြင့်

“ သေလိုက်စမ်း ”

ထာဝရတပိုင်း မိစ္ဆာဝိညာဉ်က သူ့မိစ္ဆာဓားမော့အား လှည့်လိုက်ကာ ထိုအမျိုးသားအား ခုတ်ချလိုက်သည်။

မိစ္ဆာချီများက ကြောက်မက်ဖွယ် အနေအထားဖြင့် ထွက်ပေါ်လာပြီး လေဟာနယ်အား နှစ်ပိုင်းပိုင်းပစ်လိုက်သည်။ သို့သော်လည်း ထိုအမျိုးသားက အေးအေးဆေးဆေး ဖြစ်နေကာ ညာလက်ကိုသာ အသာဝေ့လိုက်သည်။

မိစ္ဆာဓားမော့က ထိုအမျိုးသား၏ လက်ချောင်းကြား ဖမ်းမိသွားပြီး ပြန်ဆွဲမရတော့ပေ။

“ ဘာလဲ ”

ထာဝရတပိုင်း မိစ္ဆာဝိညာဉ်က ဓားမော့ကို အားကုန်ဆွဲလိုက်ရင်း အလန့်တကြား ဖြစ်လာမိသည်။ သို့သော်လည်း သူ့အနေနှင့် ဓားမော့ကို လုံးဝ ပြန်မဆွဲနိုင်ကြောင်း သတိပြုလိုက်မိ၏။

ဝုန်း …

ပေါက်ကွဲသံ ကြးလိုက်ရပြီးနောက် ဓားမော့က တစစီ ဖြစ်သွားလေသည်။

All Chapters