ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များကို သတ်ဖြတ်ခြင်းနှင့် ရှန်ထျန်း၏ ဒေါသ
Vol. 32 Ch. 478
အခန်း (၄၇၈) : ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များကို သတ်ဖြတ်ခြင်းနှင့် ရှန်ထျန်း၏ ဒေါသ
ထိုအမျိုးသားက ရှန်ထျန်း ဖြစ်၏။ ကီလိုမီတာသန်းရာချီ သွားလာပြီးနောက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းသို့ နောက်ဆုံးတော့ ရောက်လာခဲ့လေပြီ။
ရှန်ထျန်းက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ငရဲတမျှ မြင်ကွင်းမျိုး မြင်လိုက်ရသည့်အခါ သူ့အကြည့်တို့က အေးစက်လာသည်။ သူက မြောက်ပင်လယ်သည် ဤမျှဆိုးရွားနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မြောက်များစွာသော ကျင့်ကြံသူတို့က အသက်ကို စတေးကာ တိုက်ခိုက်နေကြသည်။ တိုက်ပွဲဟစ်ကြွေးသံများလည်း ကီလိုမီတာထောင်ချီအထိ ပဲ့တင်ရိုက်လာသည်။
နေရာအနှံ့ သွေးသံရဲရဲ ဖြစ်နေပြီး စိတ်ထဲ ကြောက်ရွံ့လာအောင် လုပ်နေသည်။
မိစ္ဆာဝိညာဉ်တစ်ယောက်၏ လက်ချက်ဖြင့် နဂါးနက်တစ်ကောင် ဗိုက်ပွင့်သွားပြီး အူများ အပုံလိုက် ထွက်ကျနေသည်။ သို့သော်လည်း နဂါးနက်က သူ့လက်သည်းဖြင့် မိစ္ဆာဝိညာဉ်၏ နှလုံးသားကို အမိအရ ဆွဲနှုတ်လာနိုင်ခဲ့သည်။
လေဟာနယ်ခွန် မျိုးနွယ်တစ်ယောက်က ခေါင်းပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာစေသည်။ သို့သော် သူ မသေခင် သူ့ဘာသာ ဖောက်ခွဲကာ မိစ္ဆာဝိညာဉ်များစွာအား သေမင်းဆီ ဆွဲခေါ်သွားခဲ့သည်။
မိစ္ဆာဝိညာဉ်များဖြင့် သဘာဝအားဖြင့် ရက်စက်ကြသည်။ သူတို့က ကြမ်းတမ်းကာ အကန့်အသတ်မရှိ အပြင်းအထန် တိုက်ခိုက်ကြလေသည်။
မြောက်ပင်လယ်၏ ကျင့်ကြံသူများက အသက်ကို စတေးကာ တိုက်ခိုက်ကြသည်။ သူတို့က ဒဏ်ရာအပြင်းအထန် ရနေကြသော်လည်း သေမင်းဆီ တစ်ဖက်လူကိုပါ အပါဆွဲခေါ်သွားကြသည်။
မြင်ကွင်းက အလွန်တရာ ကြေကွဲဖွယ်ကောင်းလှပြီး သွေးများဆူပွက်လာစေသည်။ သူ့အကြည့်ရောက်သွားသည့်နေရာတိုင်း အလောင်းအပုံလိုက် ဖြစ်နေကာ သွေးပင်လယ် ဖြစ်နေသည်။
ထိုစဉ် ရှန်ထျန်း၏ အကြည့်တို့က အရာအားလုံးကိ အေးခဲပစ်နိုင်သည့်အထိ အရိုးခိုက်မတတ် အေးစက်လာသည်။
ထို့နောက် ရှန်ထျန်း၏ အကြည့်တို့က အောင်းပင်းနှင့် ရှန်အောင်းရွှယ်ဆီ ကျရောက်သွားသည်။ ရှန်အောင်းရွှယ်၏ အဖြူရောင်ဝတ်စုံက သွေးများပေစွန်းနေပြီး သူမ၏ ရန်သူ့သွေးလား ဒါမှမဟုတ် သူမသွေးလား မသည်းကွဲပေ။
သူမက ထျန်းကျူဓားဖြင့် အားကုန်သုံးပြီး မိစ္ဆာဝိညာဉ်များကို တိုက်ခိုက်နေသည်။ သူမ၏ မျက်နှာအထက် ဆုံးဖြတ်ချက် ပြတ်သားမှုများ ထင်ဟပ်နေလေသည်။ သူမဘေးနားရှိ လူများစွာ ကျဆုံးကုန်သော်လည်း သူမက နောက်ဆုတ်ဖို့ အတွေးမရှိပေ။
အောင်းပင်း၏ အနက်ရောင်ဝတ်စုံသည်လည်း သွေးများပေစွန်းနေပြီး ရန်သူအား အသည်းအသန် တိုက်ခိုက်နေသည်။ သို့သော် သူမအကြည့်တို့၌ ဝမ်းနည်းမှုအပြည့် ဖြစ်နေပြီး မျက်ရည်စများပင် တွဲခိုနေသေး၏။ သူမက အရမ်းအားနည်းသည့်ပုံပေါ်နေသည်။
……………....
ရှန်ထျန်းက ထိုအရာကို မြင်လိုက်ရသည့်အချိန် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။ ချက်ချင်းဆိုသလို လေဟာနယ် ကြေမွသွားလေ၏။
အဆုံးမဲ့ လေဟာနယ်က ချက်ချင်း ပျက်သုန်းသွားလေသည်။ အဆုံးမဲ့ စည်းမျဉ်းများ ပျက်စီးသွားလေ၏။
သူ့တစ်ကိုယ်လုံးမှ မီးတောက်များဖြင့် လောင်ကျွမ်းလာသည်။ နေမင်းပေါက်ထွက်လာသည့်အလား မိုးမြေကို လွှမ်းခြုံသွားသည်။
မနီးမဝေးရှိ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်၏ အမူအယာက ပြောင်းလဲသွားပြီး အကြောက်တရားတို့ ထွက်ပေါ်လာသည်။ သူက သူ့ခန္ဓာကိုပင် အေးခဲသွားစေသည့် အေးစက်စက် သတ်ဖြတ်ငွေ့ကို ခံစားနေရသည်။
“ နောက်ဆုတ်ကြ ”
ပထမအတွေးမှာ ထိုလူသားအနားမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားဖို့ရာသာ ဖြစ်၏။ သူက မိစ္ဆာအလင်းတန်းအဖြစ် ပြောင်းကာ ချက်ချင်းဆိုသလို ပေသောင်းချီအကွာကို ထွက်ပြေးလိုက်သည်။ သူက ကြာကြာဆက်မနေရဲပေ။
ထိုစဉ် သူက နည်းနည်းလေးသာ နောက်ကျပြီးမှ ထွက်သွားလျှင် သေချာပေါက် သွေးလွှမ်းနေမည့်ခံစားချက်မျိုး ရနေမိသည်။ ဤသတ်ဖြတ်ငွေ့က ကြောက်ဖို့ ကောင်းလှပြီး စိတ်ကိုပင် ယိုင်လဲသွားစေနိုင်သည်။
ရှန်ထျန်းက ထွက်ပြေးသွားသည့် မိစ္ဆာဝိညာဉ်အပေါ် အာရုံမရှိဘဲ ရှေ့တိုးလာလိုက်သည်။
အောင်းပင်းက သူ့ကို မြင်သွားသည့်အခါ နှုတ်ခမ်းက အနည်းငယ် ပွင့်ဟသွားကာ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်လာလေသည်။
ရှန်ထျန်း အကြည့်တို့၌ ညင်သာမှုတချို့ ထွက်ပေါ်လာပြီး သူမမျက်နှာအထက်မှ မျက်ရည်စများကို သုတ်ပေးလိုက်သည်။
“ နောက်ဆုံးတော့ ရောက်လာပြီပဲ ”
အောင်းပင်း၏ အသံက မတည်မငြိမ် ဖြစ်နေပြီး စိတ်မငြိမ်မသက် ဖြစ်နေမိသည်။
ရှန်ထျန်းက ခေါင်းညိတ်ကာ အေးအေးဆေးဆေး ပြောလိုက်သည် “ ခဏစောင့်ပေး … ချက်ချင်း ပြန်လာခဲ့မယ် ”
ရှန်ထျန်းက ချက်ချင်း လှည့်ထွက်သွားလေသည်။
အောင်းပင်းက ရှန်ထျန်း၏ ကျောဘက်ကို ကြည့်နေရင်း သူမ စိတ်ခံစားချက်တို့က အကြောင်းအရင်းတချို့ကြောင့် ရုတ်ချည်းဆိုသလို တည်ငြိမ်လာသည်။
ဤအမျိုးသားသာ အနားမှာရှိနေလျှင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်။
……………...
ရှန်ထျန်းက ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကို ကြည့်လိုက်သည်။
သူက မရပ်တန့်ခင် ပေသောင်းချီ ထွက်ပြေးလာခဲ့ပြီးလေပြီ။ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်က ကြောက်ရွံ့နေပြီး သူ့စိတ်ထဲမှ အကြောက်တရားက ပျောက်ကွယ်မသွားသေးပေ။
သူက ရှန်ထျန်းတစ်ယောက် သူ့နောက်လိုက်မလာကြောင်း မြင်လိုက်ရသည့်အခါ သက်ပြင်းချလိုက်မိသည်။ ရုတ်ချည်းဆိုသလို ထာဝရတပိုင်း မိစ္ဆာဝိညာဉ်၏ မျက်လုံးများ ပြူးကျယ်လာသည်။
ရှန်ထျန်းနောက်တွင် ဧရာမ ရွှေတောင်ပံတစ်ခု ပေါ်ထွက်လာပြီး အံ့ဖွယ်အလင်းများဖြင့် တလက်လက် တောက်ပနေသည်။ ရွှေရောင်တောင်ပံကို ဖြန့်ကျက်လိုက်သည့်အခါ အဆုံးမဲ့လေဟာနယ် စွမ်းအားကို သယ်ဆောင်လာသည်။
ရှန်ထျန်းက ရုတ်ချည်း ပျောက်ကွယ်သွားလေသည်။
တိမ်တွေအောက် ရွှေရောင်အလင်းသာ မြင်လိုက်ရပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်။ ရှန်ထျန်း မည်သည့်နေရာတွင် ရှိနေမှန်း မှန်းဆ၍ မရပေ။
သူ ပြန်ပေါ်လာသည့်အခါ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်၏ အနောက် ရောက်နေလေပြီ။
“ဘယ်လို ”
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်က ရှန်ထျန်းကို ဤမျှလောက် မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် အံ့ဩတကြီး ဖြစ်နေသည်။
သူက မြန်မြန်လှည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာအငွေ့အသက်များ ပေါက်ထွက်လာစေလိုက်သည်။ သူက ဧရာမ မိစ္ဆာလက်သီးအသွင် စုစည်းလိုက်ကာ ရှန်ထျန်းဆီ ထိုးချလိုက်သည်။
မိစ္ဆာအလင်းတန်း ထွက်ပေါ်လာပြီး တည့်တည့်မတ်မတ် ကျရောက်လာသည်။
ဤသည်မှာ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်၏ အားအပြည့် ပါဝင်သည့် လက်သီးချက် ဖြစ်ပြီး တောင်တွေကိုပင် ကြေမွသွားစေနိုင်သည့် စွမ်းအားမျိုး ပါဝင်သည်။
သူသာ အားကုန်ထုတ်မသုံးလျှင် အခွင့်အရေး ရလာတော့မည် မဟုတ်ကြောင်း ခံစားမိနေသည်။
ရှန်ထျန်းက အကြောက်မရှိ ရှေ့ထွက်လာကာ လက်သီးဖြင့် ပြန်ထိုးချလိုက်သည်။
သူ့အနားတွင် ကြယ်တာရာများ ဝန်းရံနေပြီး တောက်ပနေသည်။ ကြယ်တာရာများစွာက ဥက္ကာပျံသန်းပေါင်းများစွာ ကျဆင်းလာသည့်အလား သူ့လက်သီးအနား ရစ်ပတ်လာသည်။
အသက်တစ်ရှိုက်စာအတွင်း ရှန်ထျန်းက အာကာပြင်ကို ခွင်းကာ အကြိမ်ရေ ၁၂၀၀ ကျော် ပစ်ခွင်းလိုက်သည်။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်၏ လက်မောင်းက ချက်ချင်း ကျိုးပဲ့သွားလေသည်။ သူခန္ဓာကိုယ်ပင် ပေါက်ကွဲသွားပြီး တစစီ ဖြစ်သွားသည်။ သူ အသတ်မခံရခင် အော်ဟစ်ဖို့ အချိန်ပင် မရလိုက်ချေ။
အားလုံးက အံ့ဩသွားကြ၏။ အားလုံးက ကြောင်အမ်းသွားကာ အံ့ဩတုန်လှုပ်လာကြသည်။
သူတို့က ကောင်းကင်ယံရှိ ကျောက်စိမ်းနှင့်တူသည့် ပုံရိပ်ကို အသက်ပါပါ ကြည့်နေကြသည်။
ဒါက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ရှန်ထျန်းရဲ့ စွမ်းအားအစစ်အမှန်လား …
မြောက်ပင်လယ်အတွက် မျှော်လင့်ချက်ရှိပြီ။
ရှန်ထျန်း၏ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်မှုကြောင့် အားလုံးက အံ့ဩတုန်လှုပ်သွားစေသည်။ ဤအချိန်တွင်း သူတို့က မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ဖိနှိပ်မှုကို ဆက်တိုက် ခံခဲ့ရပြီး စိတ်ဓာတ်များလည်း ယိုယွင်းလာရသည်။
ယခု ရှန်ထျန်းက ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကို သတ်လိုက်နိုင်သောကြောင့် အားလုံး၏ စိတ်ဓာတ်က ပြန်လည် မြင့်တက်လာကြသည်။
“ ညီအစ်ကိုတို့ ဂိုဏ်းချုပ်ရှန်ထျန်း ရောက်လာပြီ။ မြောက်ပင်လယ် ဘေးကင်းပြီကွ”
“ တပ်ကူရောက်လာတဲ့အထိပဲ ခုခံထားကြ … ငါတို့တွေ နယ်မြေငါးခုကနေ မိစ္ဆာကောင်တွေကို မောင်းထုတ်ကြမယ် ”
“ သတ်ကြ … အားလုံးကို သတ်ကြ ”
ပင်လယ်မျိုးနွယ် ကျင့်ကြံသူအားလုံးက ဟစ်ကြွေးလိုက်ပြီး သူတို့အရှိန်အဝါများ ထုတ်ဖော်လိုက်ကြသည်။
ဤအရှိန်ပြင်းပြင်း အငွေ့အသက်လှုံ့ဆော်မှုအောက်တွင် အားလုံးက ဆေးထိုးခံလိုက်ရသည့်အလား ပို၍ တက်ကြွလာကြသည်။
ယခင် ဖိနှိပ်ခံခဲ့ရသည့် ကျင့်ကြံသူများက မိစ္ဆာဝိညာဉ်နှင့် တိုက်ပွဲတွင် အရေးသာလာပြီး အဆင့်တူ မိစ္ဆာဝိညာဉ်အား ပြန်လည် ဖိနှိပ်ထားနိုင်ခဲ့သည်။
နဂို လက်ရည်တူဖြစ်နေခဲ့သည့် ကျင့်ကြံသူများအတွက်မူ သူတို့က သွေးချီကို လောင်ကျွမ်းစေကာ ပြိုင်ဖက်အား သွေးအန်သည့်အထိ ရိုက်နှက်ခဲ့ကြသည်။ အချိန်တိုအတွင်း တိုက်ပွဲနယ်မြေများအတွင်း အနိုင်ရရှိသည့် သတင်းများ ထွက်ပေါ်လာသည်။ မြောက်ပင်လယ် ကျင့်ကြံသူများက မိစ္ဆာဝိညာဉ်များကို ယာယီနှိမ်နင်းနိုင်ခဲ့ပြီး အလှည့်အပြောင်း ဖြစ်သွားစေခဲ့သည်။
အားလုံးက ပျော်ရွှင်နေကြ၏။
အောင်းယဲ့၊ ခွန်ရှုနှင့် အခြားလူများလည်း စိတ်ထဲမှ ရေရွတ်လိုက်ကြသည်။
ရှန်ထျန်းက တကယ်ကို ကောင်းကင်ဘုံသားတော်လို့ ခေါ်ဖို့ ထိုက်တန်တာပဲ … သူ ပေါ်လာလိုက်တာနဲ့ အခြေအနေကို ယာယီ ပြောင်းပြန်လှန်ပစ်လိုက်သလိုပဲ
ဒါပေမဲ့ ဒီတိုက်ပွဲကို အနိုင်ရဖို့တော့ သိပ်မလွယ်ဘူး
..................
ထိုစဉ် ထာဝရမိစ္ဆာဝိညာဉ်က တုံ့ပြန်လာသည်။ သူ့အကြည့်တို့၌ မိစ္ဆာအလင်းများ တောက်ပနေပြီး “ကောင်စုတ်လေးက ကမ္ဘာကို ကယ်ချင်တာလား။ သူက ဒီမှာ သေဖို့ ရောက်လာတာပဲ။ သူ့ကို သတ်ကြစမ်း ”
ထာဝရမိစ္ဆာဝိညာဉ်က ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များ သေဆုံးမှုကို စိတ်ထဲ မထားပေ။ သူက နောက်ထပ် ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ငါးယောက်ကို ပို့လွှတ်လိုက်ပြီးနောက် ဒီကောင်စုတ်လေးကို ဘယ်လိုလုပ် မဖယ်ရှားနိုင်ဘဲ နေမှာလဲ။
“ဟုတ် အရှင်”
ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ငါးယောက်က ချက်ချင်းဆိုသလို လူအုပ်ကြီးကို စတင် သတ်ဖြတ်ကြသည်။
မိစ္ဆာ … သူတို့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။
“ တစ်ယောက်တည်းလို့ ဘယ်သူက ပြောလဲ။ ငါ့ကို အထင်သေးနေတာလား ”
လေဟာနယ်က တဖန် အက်ကွဲသွားကာ နောက်ထပ် ပုံရိပ်တစ်ခု ထွက်လာပြန်သည်။ ဤလူမှာ ကြာပြာ ချူးလုံဟယ် ဖြစ်၏။
ချူးလုံဟယ်က လက်ထဲတွင် ရွှေရောင်တုတ်ကို ကိုင်ဆွဲထားသည်။ သူ့အရှိန်အဝါတို့က အားလုံးကို အထင်သေးသလိုမျိုး အံ့ဩလောက်ဖွယ် ဖြစ်နေသည်။ တုတ်ချောင်း ရွေ့သွားသည့်အခါ လေဟာနယ် အက်ကွဲသွားပြီး သူ့အနား ချည်းကပ်လာသည့် မိစ္ဆာဝိညာဉ်များကို အပြီးတိုင် သုတ်သင်ပစ်လိုက်သည်။
မြောက်ပင်လယ် ကျင့်ကြံသူများက ထိုအရာကို မြင်ပြီး စိတ်အားထက်သန်လာကြသည်။
“ အကြီးအကဲကြာပြာလည်း ရောက်လာပြီ”
“အံ့ဖွယ်မိုးကောင်းကင်က ဒီလိုမျိုး အားကောင်းတဲ့ တပ်ကူတွေ လွှတ်ပေးထားတယ်ဆိုတော့ ငါတို့ အနိုင်ရနိုင်ခြေ မြင့်လာပြီ ”
မြောက်ပင်လယ်တွင် ချူးလုံဟယ်၏ ဂုဏ်သတင်းမှာလည်း အားမနည်းလှချေ။ ပြောရလျှင် သူက ဤနေရာ၌ တစ်ခါက နာမည်ကျော်ကြားဖူးသူ ဖြစ်၏။
အံ့ဖွယ်မိုးကောင်းကင်၏ နာမည်ကျော် ပါရမီရှင် ညီနောင်နှစ်ယောက်က မည်သို့ အားနည်းလိမ့်မည်နည်း။
ချူးလုံဟယ် ပေါ်ထွက်လာသည်ကို မြင်ကာ မြောက်ပင်လယ် ကျင့်ကြံသူများစွာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပ်ကူများ ရောက်လာကြောင်း တွေးလိုက်မိသည်။
“ နံစော်နေတဲ့ တာအိုကိုယ်တော် ရောက်လာတော့ရော ဘာဖြစ်တုန်း။ အကုန်သတ်ပစ်ကြ ”
ထိုထာဝရတပိုင်း မိစ္ဆာဝိညာဉ်များက ဂရုမစိုက်ပေ။ သူတို့က ချူးလုံဟယ်နှင့် ရင်ဆိုင်ဖို့ လူနှစ်ယောက် ပို့လွှတ်လိုက်သည်။
ရှန်ထျန်းဆီလည်း နောက်ထပ် သုံးယောက် ထပ်ရောက်လာသည်။ သူတို့က ချူးလုံဟယ်၏ ခြိမ်းခြောက်နိုင်စွမ်းသည် ရှန်ထျန်းလောက် မပြင်းကြောင်း ခံစားမိ၏။
“ ငါသာ မွေးဖွားမလာရင် အဆုံးမဲ့အမှောင်ညတွေလိုမျိုး ဒီတုတ်တာအိုအတွက် မျှော်လင့်ချက်ရှိမှာ မဟုတ်ဘူး။”
ချူးလုံဟယ်က အသံကျယ်ကြီး ဟစ်ကြွေးကာ ရွှေရောင်တုတ်ချောင်းကို ဝေ့ယမ်းရင်း အဆုံးမဲ့ ရွှေရောင်အလင်းတန်းများ ထုတ်လွှင့်လိုက်သည်။
အံ့ဖွယ်အလင်းများက တဟုန်ထိုး စီးဆင်းလာပြီး သူတို့အရှိန်အဝါများကလည်း ကျယ်ပြောကာ တိုင်းတာမရနိုင်ဘဲ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်နှစ်ယောက်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
ထိုစဉ် ထိုနှစ်ဦးအနားရှိ အာကာပြင်က ချက်ချင်း ပေါက်ကွဲထွက်သွားကာ အပျက်အစီးအပုံ ဖြစ်သွားသည်။
ချူးလုံဟယ်က ထာဝရတပိုင်း မိစ္ဆာဝိညာဉ်နှစ်ကောင်ကို မငြိမ်မသက် အာကာပြင်ထဲ ဆွဲခေါ်သွားပြီး စတင် တိုက်ခိုက်တော့သည်။ အံ့ဖွယ်အလင်းများ ထွက်ပေါ်လာပြီး တလက်လက် ဖြစ်နေသောကြောင့် လူအများအား အထဲမှ အခြေအနေကို စစ်ဆေးကြည့်ဖို့ မဖြစ်နိုင်အောင် လုပ်နေသည်။
သို့သော်လည်း အထဲတွင် ကြောက်မက်ဖွယ် စွမ်းအားက အဆုံးမရှိ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်ပြီး ရှန်ထျန်းက သူ့ဘာသာ တွေးလိုက်မိသည်။
ချူးလုံဟယ်က ဘယ်သောအခါမှ အားမနည်းပေ။ သူက အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းသာ ဖြစ်၏။
ဤသို့ဖြင့် သူကိုယ်တိုင်ပင် ချူးလုံဟယ်တစ်ယောက် မည်မျှအားကောင်းမှန်း အတိအကျ မသိပေ။
ချူးလုံဟယ်က အရင်ဦးစွာ တိုက်ခိုက်လိုက်သောကြောင့် ပြဿနာ မရှိလောက်တော့ပေ။
ရှန်ထျန်းက အာရုံစိုက်မနေတော့ဘဲ ဘေးဘက်သာ ကြည့်လိုက်သည်။ သူ့အား တိုက်ခိုက်နေသည့် ထာဝရတပိုင်း မိစ္ဆာဝိညာဉ် သုံးယောက် ရှိနေသည်။
သုံးယောက်သား ရှန်ထျန်းအကြည့်ကို မြင်လိုက်ပြီးနောက် ကျောရိုးတစ်လျှောက် အေးစက်စက် ခံစားမိလာသည်။
ထိုအေးစက်မှုက သူတို့ခြေဖျားမှ ခေါင်းအထိ ပျံ့နှံ့လာကာ ကြောက်ရွံ့လာမိကြသည်။
ရှန်ထျန်းက ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည့်မြင်ကွင်းက သူတို့စိတ်ထဲ ပြန်လည် မြင်ယောင်နေမိသေးသည်။ ထိုအရာက သူတို့စိတ်နှလုံးသား အနက်ပိုင်းမှ အကြောက်တရားကို ဖြစ်တည်လာစေသည်။ သူတို့မည်မျှကြိုးစားပါစေကာမူ ထိုအကြောက်တရားအား ဖယ်မထုတ်နိုင်ပေ။
“ သူ့ကို ကြောက်မနေနဲ့။ ငါတို့ပေါင်းပြီး အစီအရင်ခင်းကြစို့ ”
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်သုံးယောက်က ဟစ်ကြွေးကာ သူတို့လျို့ဝှက် ပညာရပ်များ ထုတ်သုံးလိုက်သည်။
ထိုစဉ် လေထဲ ဆိုးရွားလှသည့် ချီစွမ်းအားများ ပြည့်နှက်လာပြီး ကြောက်မက်ဖွယ် မိစ္ဆာအငွေ့အသက်များ ထုတ်လွှင့်လာသည်။
ကောင်းကင်တခွင် ဧရာမ မဟူရာအလင်းအလွှာ ဖုံးလွှမ်းသွားလေသည်။
ထိုစဉ် ဤနယ်မြေတစ်ခုလုံး ပိတ်ဆို့ခံလိုက်ရ၏။ ကြောက်မက်ဖွယ် မိစ္ဆာမီးတောက်များက ဝိညာဉ်ကိုပါ လောင်ကျွမ်းပစ်နိုင်သည့် စွမ်းအားများ သယ်ဆောင်လာသည်။
သူတို့က ၁၅ ကြိမ်မြောက် စမ်းသပ်ချက် ခံယူထားသော ထာဝရတပိုင်း အဆင့် ကျင့်ကြံသူများကို သန့်စင်ရာ၌ အသုံးပြုသည့် မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ဝိညာဉ် သန့်စင်ခြင်းသုံးပါး အစီအရင်ကို ထုတ်သုံးနေခြင်း ဖြစ်၏။
ဤအစီအရင်အကူအညီဖြင့် ထာဝရတပိုင်း မိစ္ဆာဝိညာဉ် သုံးယောက်၏ အရှိန်အဝါလည်း မြင့်တက်လာပြီး ပိုမို ကြမ်းကြုတ်လာသည်။
ရှန်ထျန်း၏ အမူအယာက ပြောင်းလဲမသွားပေ။ သူ့ကို ကြယ်တာရာအလင်းများ ဝန်းရံထားပြီး မိစ္ဆာအငွေ့အသက်များမှ ကာခြားပေးထားသည်။ ထို့နောက် သူက လက်ဟန်တချို့ ထုတ်ဖော်လိုက်ပြီး သူ့အရှိန်အဝါများ တရှိန်ထိုး ထွက်ပေါ်လာသည်။
“ စစ်နတ်ဘုရား အသွင်ပြောင်းလဲခြင်း ”
ထူးခြားအံ့ဖွယ် ပစ္စည်းများ၏ စွမ်းအားက ချက်ချင်း ထွက်ပေါ်လာကာ အံ့ဖွယ်အလင်းများ လင်းလက်တောက်ပလာသည်။ ရှန်ထျန်း၏ ဆံပင်များလည်း ထောင်မတ်လာကာ အဝတ်များလည်း တလွှင့်လွှင့် ဖြစ်လာပြီး အရှိန်အဝါကြီးမားဟန် ပေါ်နေသည်။
သူ့အရှိန်အဝါတို့က ကြောက်ခမန်းလိလိ မြင့်တက်လာသည်။
ဤသည်က အဆုံး မဟုတ်သေးပေ။ ရှန်ထျန်း၏ လက်ဟန်တို့က တဖန် ပြောင်းလဲသွားပြန်သည်။
“ တိုက်ပွဲသွေးဖြင့် ကောင်းကင်ကို လောင်ကျွမ်းခြင်း ”
ကြောက်မက်ဖွယ် တိုက်ပွဲအငွေ့အသက်များ ထွက်ပေါ်လာပြီး အနီရဲရဲ မီးတောက်များအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံဆီ သုံးပေအထိ မြင့်တက်သွားသည်။
သူ့နောက်တွင် ပုံရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။ ဧရာမ တိုက်ပွဲသူတော်စင် မျောက်ဝံကြီး၏ ပုံရိပ် ပေါ်လာသည်။ ထိုအရာက ဟိန်းဟောက်လိုက်သည့်အခါ မိုးမြေကိုပင် တုန်လှုပ်သွားစေသည်။
တိုက်ပွဲသူတော်စင် မျောက်ဝံကြီးက သက်ရှိအားလုံးကို အထင်သေးသည့်ပုံပေါ်နေသည်။ ထို့နောက် အနီရဲရဲ အလင်းတန်းအဖြစ် ပြောင်းလဲကာ ရှန်ထျန်း ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။
ထိုစဉ် ရှန်ထျန်း၏ အငွေ့အသက်များ တဖန် မြင့်တက်လာကာ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှင့်လာသည်။
ဤသည်မှာ ရှန်ထျန်း၏ တိုက်ပွဲအငွေ့အသက် ထုတ်ဖော်လိုက်သည့် ပထမဆုံးအကြိမ် ဖြစ်ပြီး သူက လျို့ဝှက်တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။ စစ်နတ်ဘုရား အသွင်ပြောင်းလဲခြင်းနှင့် တိုက်ပွဲသွေးဖြင့် ကောင်းကင်လောင်ကျွမ်းခြင်း တိုက်ကွက်များဖြင့် ရှန်ထျန်း၏ တိုက်ခိုက်စွမ်းက ဆယ်ဆမက တိုးပွားလာသည်။
မိုးမြေကြား ကြောက်မက်ဖွယ် အရှိန်အဝါ ပေါက်ထွက်လာပြီး ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များ၏ မျက်နှာအမူအယာပင် အနည်းငယ် ပြောင်းလဲသွားသည်။
ရှန်ထျန်းက ကောင်းကင်ကိုပင် ရင်ဆိုင်တိုက်ချင်နေသည့် ပြိုင်ဖက်ကင်း စစ်နတ်ဘုရားလိုမျိုး ဖြစ်နေသည်။
………....
“ သတ်ကြ ”
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်သုံးယောက်က ရှန်ထျန်းဆီ ပြေးဝင်လာကြသည်။ သူတို့က ထင်မှတ်မထားသည့်အရာ တစ်ခုခု ဖြစ်လာမည်ကို စိုးကာ အချိန်မဆွဲလိုကြပေ။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ် သုံးယောက်က အားအပြည့် ထုတ်တိုက်လိုက်ကြသည်။ သူတို့က အဆုံးမဲ့ နတ်ဆိုးအရိပ်များကို ထိန်းချုပ်ရင်း ရှေ့တက်လာကာ သူတို့အော်သံများက ကောင်းကင်တခွင် ပဲ့တင်ရိုက်သွားစေသည်။
နတ်ဆိုးအရိပ်များ ရှန်ထျန်းဆီ ပြေးဝင်လာသောကြောင့် ကောင်းကင်က ချက်ချင်း အမှောင်ဖုံးလွှမ်းသွားကာ မိုးမြေကိုပင် လှုပ်ခါလာစေသည်။
ရှန်ထျန်း၏ အမူအယာတို့က အေးစက်သွားလေသည်။ ငွေရောင်အလင်း ဖြတ်ပြေးသွားပြီးနောက် ရှုပ်ထွေးပွေလီ ကြယ်တာရာဓားက သူ့လက်ထဲ ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ် ဓားအလင်းတို့ ထုတ်လွှင့်လာသည်။
သူက ဓားကို ဝေ့ယမ်းလိုက်သည့်အခါ ဓားစွမ်းအားက ပေါ့ပါးသွက်လက်စွာ ကောင်းကင်ကို ရစ်ပတ်ပြီးနောက် ကျဆင်းလာသည်။
“ ဓားပျံစွမ်းအား ”
ရှန်ထျန်းရှေ့တွင် အင်မတန် လှပသော ပုံရိပ်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာသည်။ လေထဲတွင် တခြားကမ္ဘာမှ ထာဝရအရှင် ကခုန်နေသည့်အလား လှပကြော့ရှင်းလှသည်။
အားလုံးက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းသွားလေ၏။
အားလုံးက ပြိုင်ဖက်ကင်း အလှလေးကို ကြည့်နေကြပြီးနောက် သူတို့အကြည့်များက မှုန်ဝါးလာကာ အသက်မဲ့သလို ဖြစ်လာကြသည်။ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် သုံးယောက်၏ အကြည့်၌ပင် အံ့ဩထိတ်လန့်မှုအပြည့် ဖြစ်နေကြသည်။
သို့သော်လည်း သူတို့ခန္ဓာကိုယ်များက အပြင်းအထန် တုန်ယင်လာကြပြီး မျက်ဝန်းထဲ အကြောက်တရား ကိန်းအောင်းလာသည်။ ထို
ပုံရိပ်က အားလုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမလက်ထဲမှ ဓားကို အသာဝေ့ယမ်းလိုက်သည်။
ဝုန်း
လေဟာနယ် ပြိုကျသွားကာ စည်းမျဉ်းများ ပျက်စီးသွားလေသည်။
ထိုစဉ် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်တစ်ယောက်က ဓားအလင်းတန်းကြား ရောက်ရှိသွားပြီး သူ့ခန္ဓာကိုယ်က အပြီးတိုင် မပျက်သုန်းသွားခင် အမှုန့်အဖြစ် ပြောင်းသွားလေသည်။ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် တစ်ယောက် သေဆုံးသွားသည်နှင့် ဝိညာဉ်သန့်စင်ခြင်းသုံးပါး အစီအရင်လည်း ပျက်စီးသွားရသည်။
ရှန်ထျန်းက ရှေ့ထွက်လာကာ ဘယ်ဘက်လက်မှ အံ့ဖွယ်နေမင်း မီးပြင်းဖိုကို ကိုင်ဆောင်ပြီး နောက်ထပ် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ကို ခြေမွပစ်လိုက်သည်။
အံ့ဖွယ်နေမင်း မီးပြင်းဖို၏ စွမ်းအား ထွက်ပေါ်လာသည့်အခါ မိစ္ဆာဝိညာဉ်ကို ချက်ချင်း ဖိနှိပ်ပစ်လိုက်သည်။
ဝုန်း
အသံက နားကွဲလုမတတ် ဖြစ်၏။
အံ့ဖွယ်နေမင်း မီးပြင်းဖိုက လေဟာနယ်ကို ဖြတ်သန်းသွားသည်။ ထို့နောက် ကောင်းကင်ကိုပင် အဆုံးမဲ့ မီးတောက်နယ်မြေအဖြစ် ပြောင်းလဲပစ်သည့် အံ့ဖွယ်မီးတောက်သောင်းချီ ထွက်ပေါ်လာသည်။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်က အသက်ရှင်လျက် မီးရှို့ခံလိုက်ရသောကြောင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဆိုးဆိုးဝါးဝါး အော်ညီးလိုက်သည်။
တစ်ချိန်တည်းတွင် ရှန်ထျန်းက ကောင်းကင်အံ့ဖွယ် လက်သီးချက်ကို အသက်သွင်းကာ နေ၊ လနှင့် ကြယ်တာရာတို့၏ စွမ်းအားဖြင့် သူ့ညာဘက်တွင် ရှိနေသည့် မိစ္ဆာဝိညာဉ်အား ထိုးချလိုက်သည်။
ဖြောင်း
အသားချင်း ရိုက်မိသံ ထွက်လာသည်။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်က ပင်လယ်ကြမ်းပြင်ဆီ ပြုတ်ကျသွားသောကြောင့် ရေများပင် ကီလိုမီတာ ထောင်ချီ ပွက်ခနဲ မြင့်တက်လာသည်။
ရှန်ထျန်းက နောက်တိုက်ကွက် ထုတ်သုံးလိုက်သည်။ သူ့လက်သီးမှ အလင်းတန်းက ပြိုင်ဖက်ကင်းလှသည်။ ကောင်းကင်ဘုံမှ ကြယ်တာရာများ ကြွေကျလာသည့်အလား ကြယ်သန်းချီအစုအဝေးကြီး သယ်ဆောင်လာသည်။
လက်သီးချက် တစ်ချက်ချင်းစီက ကြယ်တစ်လုံး ပေါက်ကွဲထွက်သည်နှင့် တူညီပြီး စွမ်းအားက မိုးမြေကိုပင် ဖျက်စီးပစ်နိုင်လောက်သည်။
“ အား ”
ပင်လယ်အနက်ပိုင်း၌ နှလုံးကွဲလုမတတ် အသံနက်ကြီးကို ကြားလိုက်ရသည်။ သူတို့က နာကျင်လွန်းသည့် အော်ဟစ်နေသည့် မိစ္ဆာဝိညာဉ် အော်သံများနှင့် တူသည်။
ပင်လယ်မျက်နှာပြင်အထက် ဧရာမ ဝဲကတော့ကြီး ပေါ်လာကာ မိုးမြေကိုပင် တုန်လှုပ်သွားစေသည်။ သိပ်မကြာလိုက်ဘဲ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်၏ ခန္ဓာကိုယ်ကလည်း လေထဲ လွှင့်စင်သွားပြီး ချက်ချင်း ပေါက်ကွဲထွက်သွားသည်။
“ မဖြစ်ဘူး ”
မိစ္ဆာဝိညာဉ်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သို့သော်လည်း ရှန်ထျန်းက ထပ်တိုက်လိုက်သည်။ သူ့လက်များမှ အံ့ဖွယ်အလင်းတန်း စုစည်းလာပြီး စွမ်းအားတစ်ခု ဖြစ်တည်လာသည်။
“ကောင်းကင်ခြေမွခြင်း လက်ဝါး ”
သူ့လက်ဝါးကြီးက မိုးမြေစွမ်းအားနှင့်အတူ အားအပြည့် ကျဆင်းလာသည်။ ထိုအရာက ကောင်းကင်ကို ထိုးဖောက်ကာ မိစ္ဆာဝိညာဉ်ဆီ တန်းတန်းမတ်မတ် ကျရောက်သွားသည်။
ထိုစဉ် မိစ္ဆာဝိညာဉ်၏ ဝိညာဉ်က အပြီးတိုင် ချုပ်ငြိမ်းသွားလေပြီ။
ဝုန်း
နောက်ထပ် စွမ်းအားများ ပေါက်ကွဲလာသည်။
အံ့ဖွယ်နေမင်း မီးပြင်းဖိုက တောက်တောက်ပပ လင်းလက်နေပြီး အရှိန်အဝါကလည်း အံ့မခန်း ဖြစ်၏။ ထိုအထဲတွင် နေမီးလျှံအစစ်များ တောက်လောင်နေသည်။
နေမီးလျှံအစစ်အောက်တွင် နောက်ထပ် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်တစ်ယောက် ပေါက်ကွဲသွားပြန်သည်။ ဝိညာဉ်က လောင်ကျွမ်းသွားပြီး ပြာဖြစ်သွားကာ ကမ္ဘာကြီးမှ ပျောက်ကွယ်သွားသည်။
ရှန်ထျန်းက လေဟာနယ်ထဲ မားမားမတ်မတ် ရပ်နေသည်။ သူ့အမူအယာတို့က လူများစွာအား ငေးမောလာစေ၏။
အားလုံးက တုန်လှုပ်နေကြပြီး အံ့ဩတကြီး ဖြစ်နေကြသည်။ သူတို့က ရှန်ထျန်းသည် ဤမျှလောက် စွမ်းအားကြီးလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူးပေ။
သုံးယောက် တစ်ယောက် ရင်ဆိုင်နေသော်လည်း ပြိုင်ဖက်များက တိုက်ကွက်ဆယ်ကွက်အတိုင်း အကုန်ရှင်းထုတ်ခံလိုက်ရသည်။
ဤသို့မျိုး တိုက်ခိုက်စွမ်းရည်က ကြောက်ဖို့ ကောင်းလှသည်။
ဤသို့မျိုး စွမ်းအားက တုနှိုင်းမဲ့ ဖြစ်၏။
ဒါက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အသစ်တစ်ဖြစ်လဲ ကံကြမ္မာသားတော် ဖြစ်သည့် ရှန်ထျန်းရဲ့ စွမ်းအားအစစ်အမှန်လား။
အံ့ဖွယ် ပါရမီရှင်ဆိုတဲ့အတိုင်းပဲ …