ဝိဇ္ဇာဖြစ်ဖို့အတွက် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်း… သုံးထောင်သော တာအိုစမ်းသပ်ချက်
Vol. 32 Ch. 479
အခန်း (၄၇၉) : ဝိဇ္ဇာဖြစ်ဖို့အတွက် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်း… သုံးထောင်သော တာအိုစမ်းသပ်ချက်
ရှန်ထျန်း ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်သုံးယောက်အား အလျင်အမြန် သတ်လိုက်နိုင်သည်ကို ကြည့်ပြီး ထာဝရ မိစ္ဆာဝိညာဉ်၏ မျက်နှာထား အေးစက်ပြီး မကျေမနပ် ဖြစ်နေသည်။
သူ ဤလူသားကို လျှော့တွက်ထားမိကြောင်း သိလိုက်ရသည်။
ဒီလိုမျိုး လူငယ်လေးက ထာဝရတစ်ပိုင်း အဆင့်ထက်တောင် ကျော်လွန်တဲ့ တိုက်ခိုက်စွမ်းရည်ကို လွှတ်ထုတ်နိုင်တယ်တဲ့
သူ့ကို ပြင်ပနယ်မြေမှာတောင် ကြောက်စရာကောင်းတဲ့ ပါရမီရှင်လို့ ခေါ်လို့ရနိုင်တယ်
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စည်းမျဉ်းများပင် မပြည့်စုံသည့်နေရာဖြစ်သည့် သေမျိုးလောကတွင် ထိုကဲ့သို့သော အရည်အချင်းရှိသည့် ပါရမီရှင်တစ်ယောက် ပေါ်လာလိမ့်မည်ဟု ထာဝရမိစ္ဆာဝိညာဉ် မယုံကြည်နိုင်ပေ။
လျှို့ဝှက်ချက်… သူ့မှာ လျှို့ဝှက်ချက်တစ်ခု ရှိရမယ်
ထာဝရ မိစ္ဆာဝိညာဉ်က နီရဲနေသော မျက်လုံးဖြင့် ရှန်ထျန်းကို စိုက်ကြည့်လိုက်သည်။
ပုံရိပ်ယောင် မိစ္ဆာမျက်လုံးက သူ့နောက်တွင် ထိတ်လန့်စရာကောင်းသော ခွန်အားဖြင့် ထွက်ပေါ်လာပြီး လှည့်စားမှုအားလုံးကို ထိုးဖောက်မြင်ချင်နေပုံပေါ်သည်။
ဤအရာက မိစ္ဆာဝိညာဉ်မျိုးနွယ်၏ အထွတ်အထိပ် ဆန်းကြယ်ပညာရပ်ဖြစ်ပြီး ရှန်ထျန်းမှာ ဘာလျှို့ဝှက်ချက်တွေရှိလဲဆိုတာကို မြင်ချင်နေမိသည်။
သို့သော် ထာဝရမိစ္ဆာဝိညာဉ်က သိပ်သည်းသော ရှုပ်ထွေးပွေလီ မြူခိုးမှ လွဲပြီး ဘာမှမမြင်နိုင်ပေ။
ထာဝရမိစ္ဆာဝိညာဉ်က အံ့ဩမှင်သက်သွားသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ထာဝရအရှင်တစ်ပါးဖြစ်ပြီး မိစ္ဆာဝိညာဉ်မျိုးနွယ်၏ အထွတ်အထိပ် ဆန်းကြယ်ပညာရပ်များကိုပင် ထုတ်သုံးခဲ့သည်။
သူနှင့် အဆင့်တူ ကျင့်ကြံသူများပင် သူ့ရှေ့တွင် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ဖို့ ခက်ခဲလှသည်။
သို့သော် သူက သာမန်လူသားတစ်ယောက်ကို ထိုးဖောက် မမြင်နိုင်ဖြစ်နေသည်။
ထာဝရမိစ္ဆာဝိညာဉ်က ရေရွတ်လိုက်သည်
“ ဒီလူက ဘယ်သူလဲ။ ဘာလို့ အရမ်းဆန်းကြယ်နေရတာလဲ”
ထာဝရအရှင်တောင် ထိုးဖောက်မမြင်နိုင်တဲ့ သူဆိုတော့ သေချာပေါက် ကြီးမားတဲ့ လျှို့ဝှက်ချက်ရှိမှာ သေချာတယ်
ကံကောင်းစွာဖြင့် ထာဝရမိစ္ဆာဝိညာဉ် အချက်အလက်တချို့ကို ရရှိသွားခဲ့သည်။
သူက ရှန်ထျန်း၏ အရှိန်အဝါကို ထိုးဖောက်မမြင်နိုင်သော်လည်း ရှန်ထျန်းဆီမှ ပြင်းထန်သော ချီစွမ်းအင်ကို အာရုံခံနိုင်ဆဲ ဖြစ်သည်။
ထိုချီစွမ်းအင်က အရမ်းသန်စွမ်းပြီး မုန့်ဖုတ် မီးဖိုကဲ့သို့ ပူနေကာ သူ့ခန္ဓာကိုယ်ကလည်း နဂါးတစ်ကောင်ကဲ့သို့ သန်မာသည်။
ဒါကြောင့်ပဲ ရှန်ထျန်းရဲ့ တိုက်ပွဲခွန်အားက ဒီလောက်ထိ စွမ်းအားကြီးနေတာ ဖြစ်ရမယ်
သူ့ ခန္ဓာကိုယ်ကလည်း ကမ္ဘာဦး သားရဲကဲ့သို့ ဖြစ်နေပြီး အထွတ်အထိပ် အံ့ဖွယ် ခန္ဓာတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသည်။
ထာဝရမိစ္ဆာဝိညာဉ်ကို ဝန်းရံနေသော မိစ္ဆာအရှိန်အဝါများ မြင့်တက်လာပြီး ကြောက်စရာကောင်းစွာ ပြုံးရင်း ပြောလိုက်သည်
“ ဒီလောကမှာ ထူးခြားတဲ့ အရည်အချင်းရှိတဲ့ အံ့ဩစရာကောင်းတဲ့ ပါရမီရှင်တစ်ယောက် ရှိနေမယ်လို့ ထင်မထားခဲ့ဘူး။
ဒါပေမဲ့ သနားစရာပဲ။ မင်းသာ ပုန်းကွယ်နေမယ်ဆိုရင် နောက်ထပ် ရက်အနည်းငယ်လောက် ပိုပြီးတော့ အသက်ရှင်နေနိုင်ဦးမှာ။ ဒါပေမဲ့ ဒီနေ့က မင်း သေရမဲ့နေ့ပဲ။
မိစ္ဆာဝိညာဉ်တွေ ဒီလူကို သတ်ပြီးတော့ သူ့ဝိညာဉ်ကို အထွတ်အထိပ်အရှင် အထွတ်အမြတ်ဝိညာဉ်အတွက် ယဇ်ပူဇော်လိုက်”
ထာဝရမိစ္ဆာဝိညာဉ်က ရှန်ထျန်းကို သနားညှာတာမှုကင်းမဲ့စွာ စိုက်ကြည့်ပြီး အကြည့်ထဲတွင်လည်း ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ့အကြည့်ထဲတွင် လောဘကြီးမှု၊ သွေးဆာမှုတို့ဖြင့် ပြည့်နှက်နေသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်က အရမ်းစွမ်းအားကြီးသည့်အတွက် ထာဝရအရှင်ဖြစ်သည့် ထာဝရမိစ္ဆာဝိညာဉ်ပင် လိုချင်တောင့်တနေမိသည်။
သူသာ ရှန်ထျန်း၏ ခန္ဓာကိုယ်ကို ခိုးယူနိုင်ပါက ပြင်ပနယ်မြေမှ ပြိုင်ဘက်ကင်း မိစ္ဆာဝိညာဉ်များပင် သေမျိုးလောကသို့ သူတို့၏ ဝိညာဉ်များနှင့်အတူ ဆင်းသက်လာနိုင်လိမ့်မည်။
ထို့နောက် နယ်မြေငါးခု၏ နယ်ခံအင်အားစုများကို ဖျက်စီးပစ်ဖို့ အရမ်းလွယ်ကူသွားပြီ ဖြစ်သည်။
သူက မိစ္ဆာဝိညာဉ်မျိုးနွယ်၏ မဟာအကြံအစည်ကိုပင် ပြည့်စုံအောင်လုပ်ပြီး ဤကမ္ဘာကို လွှမ်းမိုးနိုင်သည်။
အဲလိုဆိုရင်သူက မိစ္ဆာဝိညာဉ်မျိုးနွယ် အကြီးမားဆုံး အကူအညီပေးသူဖြစ်ပြီး အထွတ်အထိပ် အရှင် အထွတ်အမြတ်ဝိညာဉ်၏ ဆုချခြင်းကို ခံရမှာ
ဒုတိယအနေနဲ့ သူက မြောက်ပင်လယ်ရဲ့ မျှော်လင့်ချက်ကို လုံးဝ ဖျက်စီးနိုင်ပြီးတော့ သူတို့ကို ကူကယ်ရာမဲ့ ချောက်နက်ထဲကို ကျစေပြီးတော့ အဆုံးမဲ့ ကြောက်ရွံ့မှုအောက်မှာ သေဆုံးစေခဲ့တာ
အဲလိုမှပဲ အထွတ်အမြတ် ဝိညာဉ် ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရတဲ့ ဒေါသကို ဖြေသိမ်ပေးနိုင်မှာပဲ
ထာဝရမိစ္ဆာဝိညာဉ်က လုံးဝ တွေဝေခြင်းမရှိဘဲ ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ ယောက်ကို ရှန်ထျန်းကို သတ်ဖို့ စေလွှတ်လိုက်သည်။
“ ဟုတ်ကဲ့ အရှင်”
ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ ယောက်က ချက်ချင်း ရှေ့သို့ တိုးသွားသည်။ သူတို့က နဂါးနက်ကျွန်းနှင့် ခွန်မျိုးနွယ်မှ စွမ်းအားကြီး ဝိဇ္ဇာများ၏ ဟန့်တားခြင်းကို ခံထားရသူများဖြစ်သည်။
မြောက်ပင်လယ်ရှိ ကျင့်ကြံသူများကို ကြောက်စိတ်ဖြင့် တစ်စ တစ်စ ဖုံးလွှမ်းသွားစေချင်သောကြောင့် သူတို့က ခွန်အားအပြည့် မသုံးသေးပေ။
အဲလိုသာ မဟုတ်ရင် စွမ်းအားကြီးဝိဇ္ဇာ ကျင့်ကြံဆင့်လေးနဲ့ဆိုရင် ထာဝရတစ်ပိုင်း ကျင့်ကြံသူတွေကို ဘယ်လိုလုပ်ပြီးတော့ တားနိုင်မှာလဲ
ယခု ထာဝရမိစ္ဆာဝိညာဉ်က အမိန့်ပေးလိုက်ပြီဖြစ်သည့်အတွက် သူတို့ဆက်ပြီး စနောက်မနေတော့ပေ။
ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ် ၁၈ ယောက်က အမြန်လှုပ်ရှားလိုက်သည့်အတွက် သူတို့ဆီမှာ ပြင်းထန်သော မိစ္ဆာအရှိန်အဝါကို ခံစားနိုင်သည်။
ဝုန်း…
အချိန်ခဏအတွင်းမှာပင် မရေတွက်နိုင်သော နဂါးနက်များနှင့် မဟာလေဟာနယ် ခွန်များ လွင့်ထွက်သွားကာ သွေးများပင် အန်ထွက်ပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြသည်။
နဂါးနက်ကျွန်းနှင့် မဟာလေဟာနယ်ခွန်မျိုးနွယ်မှ စွမ်းအားကြီး ကျင့်ကြံသူ ၉၀ရာခိုင်နှုန်းက အချိန်ခဏအတွင်းမှာပင် ကန်ထုတ်ခံလိုက်ရသည်။
ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ် ၁၈ ယောက်က လေထဲတွင် မိစ္ဆာ မကောင်းဆိုးဝါးများကဲ့သို့ ကြောက်စရာကောင်းသော အရှိန်အဝါဖြင့် မတ်တပ်ရပ်နေသည်။
“ သူတို့ကို တားကြ”
အောင်းယဲ့နှင့် ခွန်ယုတို့ ဒေါသထွက်သွားကြသည်။ သူတို့၏ အရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်အတွင်းမှ မြင့်တက်လာကာ ကျန်ရှိနေသော စွမ်းအားကြီး ဝိဇ္ဇာများနှင့်အတူ ထို မိစ္ဆာဝိညာဉ်များကို ဟန့်တားဖို့အတွက် ဦးတည်သွားလိုက်ကြသည်။
ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များက မြောက်ပင်လယ်မှ အင်အားစုများ၏ ၉၀ရာခိုင်နှုန်းကို ဖျက်စီးပစ်နိုင်လောက်သည်အထိ အရမ်းစွမ်းအားကြီးကြသည်။
ရှန်ထျန်း အန္တရာယ်ကျမည်ကို သူတို့ စိုးရိမ်သည့်အတွက် ထိုမိစ္ဆာဝိညာဉ်များကို တားဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေကြသည်။
“ သာမန် ပုရွက်ဆိတ်လေးတွေပါ…မင်းတို့နဲ့ ကစားပေးမယ်”
ထို့နောက် တခြား ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များက ရှေ့တိုးလာကာ အောင်းယဲ့တို့၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။
ရှန်ထျန်း သတ်ခဲ့သော မိစ္ဆာဝိညာဉ် လေးယောက်နှင့် ချူးလုံဟယ် ပညာပေးခဲ့သော မိစ္ဆာဝိညာဉ် နှစ်ယောက်အပြင် ကျန်ရှိနေသော တခြား ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များကလည်း လှုပ်ရှားလာကြသည်။
မြောက်ပင်လယ်ရှိ အခြေအနေက ရုတ်တရက် အလွန် အန္တရာယ်များလာသည်။
ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်သုံးယောက်က အတူပူးပေါင်းကာ ထူးဆန်းသော အက္ခရာစာများ ရေးဆွဲပြီး မြေပြင်ကို ဖိနှိပ်သည့် မိစ္ဆာအရှိန်အဝါဖြင့် ပြုလုပ်ထားသော ထောက်တိုင်တစ်ခုကို ဖန်တီးထားသည်။
မိစ္ဆာအရှိန်အဝါက ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်သွားကာ အားလုံးအပေါ်သို့ ဖိနှိပ်ထားလိုက်သည်။
မြောက်ပင်လယ်မှ အောင်းယဲ့ကဲ့သို့သော ကျင့်ကြံသူများက မိစ္ဆာအရှိန်အဝါ ထောက်တိုင်၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရပြီး အချိန်တိုအတွင်း မလွတ်မြောက်နိုင်ပေ။
“ ရှန်ထျန်း သတိထား”
အောင်းယဲ့တို့က စိတ်ပူပန်သွားကြပြီး ရှန်ထျန်းကို အမြန်ကူညီနိုင်ဖို့အတွက် ထွက်လာနိုင်ရန် အစီအရင်ကိုသာ အဆက်မပြတ် တိုက်ခိုက်နိုင်တော့သည်။
ထိုအချိန်တွင် ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ယောက်က ရှေ့သို့ တိုးလာပြီးနေပြီဖြစ်သည်။ သူတို့၏ ကြောက်စရာကောင်းသော အရှိန်အဝါ ထွက်ပေါ်လာကာ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။
သူတို့က အာကာပြင်ကို ဖြတ်သန်းကာ ရောက်ရှိလာသည့်အတွက် သူတို့၏ ပြင်းထန်သော အရှိန်အဝါက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေသည်။
မိစ္ဆာစွမ်းအားနှင့် ပြည့်နှက်နေသော အဆုံးမဲ့ မိစ္ဆာအရှိန်အဝါ က အရမ်းဆိုးရွားလှသည်။
ထာဝရတစ်ပိုင်း ၁၈ ယောက်က အထွတ်အမြတ်မြေများကို အလွယ်တကူ ဖျက်စီးနိုင်သော်လည်း ရှန်ထျန်းကို ရင်ဆိုင်ဖို့အတွက်သာ စေလွှတ်ခံလိုက်ရသည်။
ဒါက မတရားနှိပ်စက်နေသလိုပဲ
မိစ္ဆာဝိညာဉ်များ၏ ခေါင်းဆောင်က ကြောက်စရာကောင်းစွာ ပြောလိုက်သည်
“ ကောင်လေး … အရှင် မိစ္ဆာထာဝရက မင်းကို ပစ်မှတ်ထားတယ်ဆိုတာ မင်းအတွက်တော့ ဂုဏ်ယူစရာပဲ။
ရိုရိုကျိုးကျိုးလေး နေမယ်ဆိုရင် မင်းကို နာကျင်မှုကင်းမဲ့စွာ သေဆုံးသွားအောင် လုပ်ပေးမယ်”
သူ့အမြင်အရ ထာဝရတစ်ပိုင်း ကျင့်ကြံသူများကို စေလွှတ်ခြင်းဖြင့် ရှန်ထျန်းကို မျက်နှာသာ ပေးပြီးပြီဟု ခံစားနေရသည်။
ရှန်ထျန်း ပြသသွားသော တိုက်ပွဲစွမ်းရည်က အံ့ဩမှင်သက်စရာ ကောင်းသော်လည်း ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ယောက်ကို တိုက်ခိုက်ရင်း ထာဝရတစ်ပိုင်း ကျင့်ကြံသူ သုံးယောက်ကို သတ်လိုက်သည်တွင် ကွာခြားချက်က နည်းနည်းလေး မဟုတ်ပေ။
ဒီလို လူအများကြီးနဲ့ဆိုရင်တောင် ရှန်ထျန်းကို အနိုင်မယူနိုင်ဘူးဆိုတာကို သူ မယုံဘူး
ငါသာ မလုပ်နိုင်ရင် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းမှာရှိတဲ့ ပင်လယ်ရေတွေအားလုံးကို သောက်ပစ်လိုက်မယ်
ရှန်ထျန်းက စိတ်အေးအေးထားကာ လှောင်ရယ်ရင်း ပြောလိုက်သည်
“ ခင်ဗျားက မထိုက်တန်ပါဘူး။ ခင်ဗျား သေရမှာ မကြောက်ရင် လာခဲ့လေ”
သူ လက်ယမ်းလိုက်သည့်အခါ ရှုပ်ထွေးပွေလီ ကြယ်တာရာ ဓားက ကောင်းကင်သို့ ပျံသန်းသွားကာ တိမ်တိုက်များကြားထဲသို့ ဝင်ရောက်သွားသည်။
ထိုအချိန်တွင် ကြယ်အလင်းတန်းက မှုန်မှိုင်းသော ရှုပ်ထွေးပွေလီ အရှိန်အဝါနှင့်အတူ ထိုးဖောက်ထွက်လာသည်။
ပြင်းထန်သော အရှိန်အဝါကြောင့် ကောင်းကင်က မူမမှန်ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပဲ အံ့ဖွယ်နေမင်း မီးပြင်းဖို ထွက်ပေါ်လာကာ အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေသည်။ နေမီးလျှံအစစ် ပေါက်ကွဲထွက်သွားသည့်အတွက် စွမ်းအားကြီးသော နတ်ဧကရာဇ် အရှိန်အဝါက နေရာတစ်ခုလုံးကို လွှမ်းမိုးသွားသည်။
ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ ယောက် မျက်မှောင်ကြုတ်လိုက်သည့်အခါ မိစ္ဆာအလင်းတန်းက မျက်လုံးထဲတွင် လင်းလက်သွားသည်။
တချို့က ကြောက်စရာကောင်းသော အပြုံးဖြင့် ပြောလိုက်သည်
“ မင်းမှာ ဒီလောက်ထိများတဲ့ ရတနာတွေ ရှိနေတာ အံ့ဩစရာပဲ”
ထိုကဲ့သို့သော အဆင့်ရှိသည့် အထွတ်အမြတ် ရတနာများကို ထာဝရတစ်ပိုင်း ကျင့်ကြံသူများပင် လိုချင်တပ်မက်ကြသည်။
သို့သော် သူတို့က စိတ်အေးအေးမထားနိုင်ဘဲ အတူပူးပေါင်းကာ ရှန်ထျန်းကို တိုက်ခိုက်ကြသည်။
ခဏအကြာတွင် ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ ယောက်က ရှန်ထျန်းကို ဝန်းရံထားလိုက်သည်။
ပတ်ဝန်းကျင်ရှိ မိစ္ဆာအရှိန်အဝါက ကြောက်စရာကောင်းသော စွမ်းအားကို လွှတ်ထုတ်နေသည်။
မိစ္ဆာဝိညာဉ်များက ဆိုးရွားစွာ အော်ဟစ် ငိုကြွေးနေကြသော မိစ္ဆာမကောင်းဆိုးဝါးများနှင့် အငြိုးကြီး သရဲများကို ဖန်တီးလိုက်သည်။
ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ ယောက်က သူတို့၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ပြီး ထိုစွမ်းအားက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည်။
ထိုကဲ့သို့သော မြင်ကွင်းက အရမ်းထိတ်လန့်ဖို့ ကောင်းသည့်အတွက် ထာဝရတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ပင် ထိုကဲ့သို့သော အခြေအနေတွင် ကြောက်ဒူးတုန်သွားနိုင်သည်။
အံ့ဩစရာကောင်းစွာဖြင့် ရှန်ထျန်း၏ မျက်နှာထားက မပြောင်းလဲပေ။
သို့သော် သူ၏ ထိပ်သီး ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံခြင်းက အဆက်မပြတ် မြင့်တက်နေသည့်အတွက် သူ့အရှိန်အဝါလည်း သိသာစွာ မြင့်တက်လာသည်။
သူက အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်ကို ရောက်တော့မယ်
ကောင်းကင် မိုးကြိုးစမ်းသပ်ချက် ထွက်ပေါ်လာသည့်အတွက် အဆုံးမဲ့ စည်းမျဉ်းများကျဆင်းလာသည်။
ကောင်းကင် မိုးကြိုးစမ်းသပ်ချက် စုဝေးလာပြီး ကောင်းကင်က မှောင်မဲသွားကာ ထိတ်လန့်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လာသည်။
မိုးခြိမ်းပြီး လျှပ်စီးကြောင်းများ ထွက်ပေါ်လာကာ ဖျက်စီးခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤမြင်ကွင်းကြောင့် အားလုံးက ထိတ်လန့်သွားကြသည်။
“ အဲဒီမှာ ဘာလို့ ကောင်းကင် မိုးကြိုးစမ်းသပ်ချက် ရှိနေရတာလဲ”
“ ဒါက ဂိုဏ်းချုပ် ရှန်ထျန်းရဲ့ ကောင်းကင် မိုးကြိုးစမ်းသပ်ချက်လား”
“ သူက ဝိဇ္ဇာတစ်ပါး ဖြစ်လာတော့မှာလား”
အားလုံးက အံ့ဩမှင်သက်ရင်း ရင်ထိတ်လာကြသည်။
ရှန်ထျန်း ပြသခဲ့သော တိုက်ခိုက်စွမ်းရည်ကို ကြည့်ခြင်းအားဖြင့် ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များကို အလွယ်တကူ သုတ်သင်ရှင်းလင်းနိုင်သည်။
ထို့ကြောင့် ရှန်ထျန်း၏ ကျင့်ကြံဆင့်က ထာဝရတစ်ပိုင်း သို့မဟုတ် အနည်းဆုံး စွမ်းအားကြီး ဝိဇ္ဇာအဆင့်သို့ ရောက်နေပြီဟု အားလုံးက ထင်ထားကြသည်။ ရှန်ထျန်း၏ အရည်အချင်း ဘယ်လောက်ပင် ထူးခြားပါစေ သူ့ထက် တစ်ဆင့် သို့မဟုတ် နှစ်ဆင့်သာ မြင့်သော ရန်သူများကိုသာ အနိုင်ယူနိုင်သည်။
ထို့ကြောင့် သူ့ ကျင့်ကြံဆင့်က မိစ္ဆာဝိညာဉ်များထက် နိမ့်နေလျှင်ပင် သူတို့ကို အနိုင်ယူနိုင်နေခြင်း ဖြစ်သည်။
သို့သော် ဤမြင်ကွင်းက မရေတွက်နိုင်သော သူများကို ထိတ်လန့်သွားစေသည်။
ရှန်ထျန်းက ဝိဇ္ဇာ မဖြစ်သေးဘူးဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ရှန်ထျန်း ဝိဇ္ဖာတစ်ပါး ဖြစ်မလာခင်မှာတင် ထာဝရတစ်ပိုင်း ကျင့်ကြံသူတွေကို သတ်နိုင်တာ သူသာ ဝိဇ္ဇာတစ်ပါးဖြစ်လာပြီးရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ
အားလုံးက လေထဲရှိ ပုံရိပ်ကို အံ့ဩမှင်သက်စွာဖြင့် ကြည့်နေကြသည်။
ဂိုဏ်းချုပ် ရှန်ထျန်းကတော့ ထင်ထားတဲ့အတိုင်းပဲ
သူ့ရဲ့ ဝိဇ္ဇာ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကတောင် အရမ်းကြောက်ဖို့ကောင်းတယ်
သူက အကောင်းဆုံးဖြစ်ဖို့ ကံကြမ္မာဖန်လာပြီးသား ဖြစ်သည်။
ကောင်းကင်တွင် လျှပ်စီးကြောင်းများဖြင့် လင်းလက်နေသည်။
လျှပ်စီးကြောင်းတစ်ခုချင်းစီက မြေပြင်ကို တစ်စစီ လုပ်တော့မလိုမျိုး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ ယောက်၏ မျက်နှာထားများ စူပုတ်သွားသည်။
ဤအရာက ဝိဇ္ဇာ ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ဆိုတာကို သူတို့ သိသော်လည်း ဤကောင်းကင် မိုးကြိုးစမ်းသပ်ချက်၏ ခွန်အားက အရမ်းစွမ်းအားကြီးနေသည့်အတွက် ကြောက်ဖို့ကောင်းလှသည်။
ကောင်းကင် မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်က ဖျက်စီးခြင်း အရှိန်အဝါဖြင့် ပြည့်နှက်နေသည့်အတွက် ထာဝရတစ်ပိုင်း ကျင့်ကြံသူများပင် ကြောက်ရွံ့သွားနိုင်သည်။
ရိုးရှင်းသော မိုးကြိုးပစ်ချက်လေးတစ်ခုက မဟာဝိဇ္ဇာကို သတ်ဖြတ်နိုင်ပြီး စွမ်းအားကြီး ဝိဇ္ဇာကို ဒဏ်ရာ ပြင်းထန်စွာရအောင်လုပ်ဖို့ လုံလောက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာက သာမန် ကောင်းကင် မိုးကြိုးစမ်းသပ်ချက် မဟုတ်ဘဲ ပြိုင်ဘက်ကင်း တာအိုစမ်းသပ်ချက် ၃ထောင် ဖြစ်သောကြောင့် ဖြစ်သည်။
ထိုကဲ့သို့သော ကောင်းကင် မိုးကြိုးစမ်းသပ်ချက်က ရှားပါးသည့်အတွက် တစ်ခါပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ကမ္ဘာလောကကို တုန်လှုပ်သွားစေသည်။
ထိုကဲ့သို့ ကောင်းကင် မိုးကြိုး စမ်းသပ်ချက်မျိုးကို ရင်ဆိုင်သည့် သူများအားလုံးကို ပြိုင်ဘက်ကင်း စံပြများဟု ခေါ်ဆိုနိုင်သည်။ ထိုကဲ့သို့သော ကောင်းကင် မိုးကြိုးစမ်းသပ်ချက် နောက်ဆုံးပေါ်လာခဲ့ခြင်းက လွန်ခဲ့သော နှစ်ပေါင်း ထောင်သောင်းများစွာတုန်းက ဖြစ်သည်။
ရှေးဟောင်း စာအုပ်မှတ်တမ်းများအရ ရှေးပဝေဏီခေတ်တွင် တာအိုစမ်းသပ်ချက် ၃ထောင်က နောက်ဆုံးပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။
ကောင်းကင် မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များက မင်ရောင်ကဲ့သို့ မဲမှောင်နေပြီး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ကြောက်စရာကောင်းသော မိုးကြိုးပစ်လိုက်သည့်အခါ လေဟာနယ်ကို ဗလာနတ္ထိဖြစ်အောင် လုပ်လိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် အဆုံးမဲ့ ကောင်းကင် မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များအတွက် ရှန်ထျန်း၏ ဆံပင်ရှည်က လေထဲတွင် ဝေ့ဝဲနေပြီး စွမ်းအင်၊ သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
သို့သော် သူက အတိဒုက္ခလွန် စမ်းသပ်ချက်ကို ခံယူဖို့အတွက် မရွေးချယ်ခဲ့ပေ။ သူက ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ် ၁၈ ယောက်ဆီသို့သာ တိုက်ရိုက်ဦးတည်သွားလိုက်သည်။
ကောင်းကင် မိုးကြိုးစမ်းသပ်ချက်က မိစ္ဆာဝိညာဉ်များနှင့် ပတ်သက်လာလျှင် အထူး အကျိုးသက်ရောက်မှု ရှိသည့်အတွက် ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ ယောက်ကို ရင်ဆိုင်ဖို့အတွက် စွမ်းအားကို ခဏတာငှားယူလိုက်ခြင်းပင် ဖြစ်၏။
ထို ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များက သူနှင့် အရမ်းနီးကပ်နေသည့်အတွက် စက်ဝန်းထဲသို့ အလျင်အမြန် ဆွဲသွင်းခံလိုက်ရသည်။
ဂျိန်း…
ကျယ်လောင်သော မိုးခြိမ်းသံကို ကြားလိုက်ရသည်။
ဗို့အား တစ်ရာလောက်ပါဝင်သော လျှပ်စီးကြောင်းက လင်းလက်သွားသည့်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို မှေးမှိန်သွားစေသည်။
ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ် ၁၈ ယောက်က အံ့ဩမှင်သက်သွားကြသည်။ သူတို့က ခုခံအားအပြည့်ထုတ်သုံးကာ အဆုံးမဲ့ မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်ရင်း သူတို့ကိုသူတို့ ကာကွယ်ထားသည်။
ဝုန်း…
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
မိစ္ဆာအရှိန်အဝါ ပျောက်ကွယ်သွားကာ မိုးကြိုးက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သူတို့ ဘယ်လောက်ထိ စွမ်းအားကြီးနေပါစေ ကောင်းကင် မိုးကြိုးစမ်းသပ်ချက်၏ စွမ်းအားကို တောင့်ခံဖို့က ခက်ခဲလှသည်။
ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ် ၁၈ ယောက်၏ မိစ္ဆာအရှိန်အဝါသည်လည်း အဆုံးမဲ့ ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ကြောင့် ပျောက်ကွယ်သွားပြီး သူတို့၏ အမြုတေတွင် ဒဏ်ရာရသွားကြသည်။
“ ဒီနေရာကနေ ထွက်သွားစမ်း” ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များထဲမှ တစ်ယောက်က အော်ပြောလိုက်သည်။
သူတို့ ဤနေရာတွင် ရှန်ထျန်းနှင့် တိုက်ခိုက်ပါက အကျိုးယုတ်သွားနိုင်သည်။
သူတို့ အားနည်းလာရုံသာမက သူတို့ကို နာကျင်အောင်လုပ်မည့် မိုးကြိုးပစ်ချက်များကိုလည်း ခံနိုင်ရည်ရှိဖို့ လိုသေးသည်။
“ ဒီကောင်လေးက ကြောက်စရာကောင်းတဲ့ မိုးကြိုးစမ်းသပ်ချက်ကို ခံနိုင်ရည်ရှိဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူး”
“ ငါတို့အရင်နောက်ဆုတ်ပြီးတော့ ကောင်းကင် မိုးကြိုးစမ်းသပ်ချက်က သူ့ကို မဲတူးနေအောင် လုပ်ပြီးသွားမှ ငါတို့ အခွင့်ကောင်းယူကြတာပေါ့”
နောက်ထပ် ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်က ဝင်ပြောလိုက်သည့်အခါ သူတို့ ခဏတာ ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ကို ရှောင်ရှားဖို့အတွက် ဆုံးဖြတ်လိုက်ကြသည်။
ထို ကောင်းကင် မိုးကြိုးစမ်းသပ်ချက်၏ စွမ်းအားက အရမ်းပြိုင်ဘက်ကင်းသည့်အတွက် ရှန်ထျန်း တောင့်ခံနိုင်လိမ့်မည်ဟု သူတို့ မထင်ကြပေ။
သူသာ ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ကြောင့် သေသွားပါက သူတို့၏ အင်အားနှင့် အချိန်ကိုပင် ချွေတာရာ ရောက်လိမ့်မည်။
ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များ ပူးပေါင်းလိုက်သည့်အတွက် အရှိန်အဝါ ထိုးဖောက်ထွက်လာပြီး နောက်ဆုတ်ဖို့အတွက် တူညီသော လမ်းကြောင်းသို့ ဦးတည်သွားလိုက်သည်။
သို့သော် ရှန်ထျန်းက သူတို့ကို နောက်ဆုတ်ဖို့အတွက် အခွင့်အရေး မပေးပေ။
သူ လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ကြယ်အလင်းတန်း ထွက်ပေါ်လာသည်။
ဧရာမ စစ်တုရင်ခုံကြီးကလည်း ကောင်းကင်တွင် ပေါလောပေါ်နေကာ မြေပြင်ပေါ်သို့ လင်းလက်တောက်ပနေသည်။
အဆုံးမဲ့စည်းမျဉ်းများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဧရာမအလွှာကြီးတစ်ခု ဖန်တီးလိုက်သည်။ ထိုအရာက ထိုးဖောက်မထွက်နိုင်သော ခံတပ်တစ်ခုကဲ့သို့ ဖြစ်နေပြီး အားလုံးကို ထွက်သွားလို့ မရအောင် လုပ်ထားသည်။
“ ကောင်လေး မင်းက ကိုယ့်သေတွင်းကို တူးနေတာပဲ” မိစ္ဆာဝိညာဉ်များက အော်ဟစ်ပြောဆိုလိုက်သည်။
ရှန်ထျန်း တစ်နေရာလုံးကို ပိတ်ဆို့နိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
ဒီလိုဆိုလျှင် သူတို့ ကြုံတွေ့ရမည့် မိုးကြိုးစမ်းသပ်ချက်၏ စွမ်းအားက အင်မတန် ကြောက်ဖို့ကောင်းလိမ့်မည်။
“ ဘယ်သူ အရင်သေမလဲဆိုတာကို မြင်ချင်လိုက်တာ” ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၈ ယောက်ထဲမှ တစ်ယောက်က လှောင်ရယ်ကာ ပြောလိုက်သည်။
သူတို့ ၁၈ ယောက်လုံးက ထာဝရတစ်ပိုင်း ကျင့်ကြံသူများဖြစ်သည့်အတွက် သူတို့သာ ပူးပေါင်းလိုက်ပါက ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ကို အနိုင်ယူနိုင်လောက်သည်။
သို့သော် ရှန်ထျန်းက တစ်ယောက်ထဲ ဖြစ်သည့်အတွက် သူတို့၏ တိုက်ခိုက်မှုများကို ခုခံရရုံသာမက ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ဘက်ကိုလည်း သတိထားရပေဦးမည်။
မိစ္ဆာဝိညာဉ်များက ရှန်ထျန်း အသက်ရှင်နိုင်လိမ့်မည်ဟု မထင်ကြပေ။
အံ့ဩစရာကောင်းစွာဖြင့် ရှန်ထျန်းက ပြုံးကာ လှောင်ရယ်ရင်း ပြောလိုက်သည်
“ အားလုံးနဲ့အတူတူ ပျော်ဦးမယ်”
သူ ကောင်းကင်သို့ ပျံတက်သွားသည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး အံ့ဖွယ်အလင်းတန်းများဖြင့် တောက်ပနေသည်။
အဆုံးမဲ့ မိုးကြိုးစမ်းသပ်ချက်က ရှန်ထျန်းကို မိုးကြိုးဖြင့် ပစ်လိုက်သော်လည်း သူ့ကို လုံးဝ မထိခိုက်စေဘဲ သူ့ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရပြီး သူ့အရှိန်အဝါ ပိုမိုသန်မာလာသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် မိုးကြိုး စီးဆင်းနေသည့်အတွက် ဖြည်းဖြည်းချင်း ကြည်လင်လာပြီး မိုးကြိုးဧကရာဇ် ဆင်းသက်လာသလိုမျိုး ခံစားရစေသည်။
“ ဘာ…”
များပြားသော မိစ္ဆာဝိညာဉ်များက ကြောင်အသွားသည်။
အဲလောက်ထိကြောက်ဖို့ကောင်းတဲ့ မိုးကြိုးစမ်းသပ်ချက်က လုံးဝ ရှန်ထျန်းကို ထိခိုက်အောင် မလုပ်နိုင်ဘူးတဲ့လား
အဲဒါက သူ့ရဲ့ စွမ်းအင်အရင်းအမြစ်ဖြစ်လာပြီးတော့ သူ့ရဲ့ ခွန်အားကို တိုးတက်စေတာတဲ့လား
လုံးဝ မယုံကြည်နိုင်စရာပဲ
ထိုအချိန်တွင် ရှန်ထျန်းက လှုပ်ရှားလိုက်သည်။
ရှန်ထျန်းက သူ့လက်ထဲတွင် ရှုပ်ထွေးပွေလီ ကြယ်တာရာ ဓားကို ကိုင်ဆောင်ကာ ကောင်းကင်သို့ ညွှန်ထားရင်း လေးနက်သော ဂါထာများကို ရွတ်ဆိုတော့သည်။
“ ကျွန်တော် ကောင်းကင်မှ အံ့ဖွယ်မိုးကြိုးကို ဆင့်ခေါ်ပါတယ်။
ကောင်းကင်ရဲ့ ခမ်းနားတဲ့ စွမ်းအားတွေကို လမ်းပြဖို့အတွက် ကျွန်တော်ရဲ့ ဓားကို အသုံးပြုပါမယ်”
ကောင်းကင်တွင် ချက်ချင်း တိမ်တိုက်များ ရှင်းလင်းသွားကာ ကောင်းကင် မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်ကလည်း ပြင်းထန်စွာ တုန်ခါနေသော လေပွေအဖြစ်သို့ ပြောင်းလဲသွားသည်။
ကြီးမားသော အနက်ရောင် လေပွေလှိုင်းက ကောင်းကင်တွင် လျင်မြန်သော အရှိန်ဖြင့် လည်ပတ်နေပြီး လျှပ်စီးများ လပ်ကာ လေများလည်း တိုက်ခတ်နေသည်။
အဆုံးမဲ့ မိုးကြိုး စမ်းသပ်ချက်က ကြယ်အစုအဝေးကဲ့သို့သော ဓား၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။
ဝုန်း…
စမ်းသပ်ချက်မိုးကြိုးပေါင်း ရာကျော်က နေရာအနှံ့သို့ ပစ်ချနေပြီး ကမ္ဘာ၏ အဆုံးသတ်မြင်ကွင်းကဲ့သို့ ခံစားရစေသည်။
ထိုအချိန်တွင် ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များကို အဆုံးမဲ့ မိုးကြိုးစမ်းသပ်ချက်ဖြင့် ဖုံးလွှမ်းသွားသည့်အတွက် အခြေအနေ အတော်လေး ဆိုးရွားသွားသည်။
ထိုစွမ်းအားက ကမ္ဘာမြေကို ကိုင်လှုပ်နိုင်ရုံသာမက မြစ်များနှင့် တောင်တန်းများကိုပါ ခြေမွပစ်နိုင်သည်။
သိပ်မကြာခင်မှာပင် ဒဏ်ရာအပြင်းအထန် ရရှိသွားသော ထာဝရတစ်ပိုင်း ကျင့်ကြံသူများက သွေးများပင် အန်ထွက်ကုန်ကြသည်။
ရှန်ထျန်း၏ မျက်နှာထားက အေးစက်သွားသည်။ သူက လက်ဟန်တချို့ကို ပြောင်းလဲလိုက်သောအခါ တောက်ပသော မိုးကြိုးအလင်းတန်းဖြင့် တောက်ပသွားသည်။
တောက်ပသော အလင်းတန်းက မရေတွက်နိုင်သော မိုးကြိုးကို ဆွဲဆောင်နိုင်သည်။
သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို စမ်းသပ်ချက်မိုးကြိုးဖြင့် ပတ်လည်ဝန်းရံထားကာ မိုးကြိုးနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။
ရှန်ထျန်းက မိုးကြိုးကို ထိန်းချုပ်နိုင်သော နတ်ဘုရားဖြစ်လာပုံပေါ်ပြီး ပြိုင်ဘက်ကင်း ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ကို ထိန်းချုပ်နိုင်သွားသည်။
ဤအရာက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်း၏ တားမြစ်ပညာရပ်ဖြစ်သော ကပ်ဘေးတဖန်ပညာရပ် ဖြစ်သည်။ ရှန်ထျန်းက သူ့နောက်တွင် မိုးကြိုးသားရဲ ဆယ်ကောင် ထွက်ပေါ်လာပြီး လေထဲတွင် ရပ်နေကာ ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူ လက်ယမ်းလိုက်သည့်အခါ အဆုံးမဲ့ နတ်မိုးကြိုးက ပစ်ချလိုက်သည့်အတွက် ကောင်းကင်မှာပင် မရေတွက်နိုင်သော အပေါက်များ ဖြစ်သွားသည်။
နေရာတစ်ခုလုံးကို မိုးကြိုးအပြစ်ဒဏ် ပေးသည့်နေရာအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကို နှစ်ခြမ်းခွဲလိုက်သည်။
ရှန်ထျန်းက မျက်စိတ်တစ်မှိတ်အတွင်း ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်ဘေးသို့ ရောက်သွားကာ ရှုပ်ထွေးပွေလီ နတ်မိုးကြိုးက မိစ္ဆာဝိညာဉ်ကို ပစ်ချလိုက်သည်။
နတ်မိုးကြိုးက မိုးကြိုးနဂါးများအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ ပစ်မှတ်ဆီသို့ ဦးတည်သွားလိုက်သည်။
ရှုပ်ထွေးပွေလီ နတ်မိုးကြိုးက ထာဝရတစ်ပိုင်း ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားသည်။ ကောင်းကင် မိုးကြိုးစမ်းသပ်ချက် မိုးကြိုးက သူ့ဝိညာဉ်ကို လုံးဝ သုတ်သင်ရှင်းလင်းလိုက်သည်။
ရှန်ထျန်းက ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ သူက ခွန်ပန်ပညာရပ်များကို အသုံးပြုကာ လေဟာနယ်ထဲသို့ ဝင်ရောက်သွားသည်။
သူ တစ်ခါထပ်ပြီး ပေါ်လာသည့်အခါ နောက်ထပ် မိစ္ဆာဝိညာဉ်တစ်ကောင်၏ နောက်သို့ ရောက်ရှိသွားသည်။
ရှန်ထျန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသက်သွေးကြောကို ဆုပ်ကိုင်ထားပြီး ကျယ်ပြန့်ပြီး ခန့်မှန်းလို့မရနိုင်သော စွမ်းအားကို ပေါက်ကွဲသွားစေသည်။
သူက ပေတစ်သောင်း အထူရှိသည့် တုတ်ချောင်းကို အသုံးပြုကာ မိုးကြိုးကို စုပ်ယူလိုက်ပြီး မိုးကြိုးတုတ်ချောင်းအဖြစ်သို့ ပြောင်းလဲလိုက်သည်။
“ ကောင်းကင်ပင့်တင် သမုဒ္ဒရာ တုတ်ချောင်း”
ရှန်ထျန်းက သူ့လက်ထဲရှိ မိုးကြိုးတုတ်ချောင်းကို ဝှေ့ယမ်းလိုက်သည့်အခါ အရှိန်အဝါက မိုးမြေကို ပြောင်းပြန်လှန်သွားစေသည်။
ဤအရာက တိုက်ပွဲတော်ဝင်ကျမ်း၏ အထွတ်အထိပ် တားမြစ်ပညာရပ်ဖြစ်ပြီး ရှန်ထျန်းက ထိုအရာ၏ စစ်မှန်သော စွမ်းအားကို လွှတ်ထုတ်လိုက်နိုင်သည်။
ဝုန်း…
ထိုအခိုက်အတန့်တွင် နောက်ထပ် မိစ္ဆာဝိညာဉ်က တစ်စစီဖြစ်သွားကာ လွင့်ထွက်သွားပြီး ရှုပ်ထွေးပွေလီ နတ်မိုးကြိုး သူ့ဝိညာဉ်ကို ဝါးမျိုလိုက်သည်။
ရှန်ထျန်းက တိုက်ခိုက်လေလေ ပိုပြီး ရက်စက်လာလေလေဖြစ်ပြီး တခြားသူများ၏ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထသွားစေသည်။
ထိုအချိန်တိုအတွင်းမှာပင် ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်သုံးယောက်က သေသွားသည်။
ထိုကဲ့သို့သော မြင်ကွင်းက အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ရှန်ထျန်း အသုံးပြုသော ပညာရပ်များက အဆုံးမဲ့ စွမ်းအားများပါဝင်သည့် အထွတ်အထိပ် ပညာရပ်များဖြစ်ကြောင်းကို အားလုံးက သိကြသည်။
အထွတ်အထိပ် ပညာရပ်များကို ထုတ်လွှတ်ဖို့အတွက် အသုံးပြုရသော စွမ်းအင်က များပြားလှသည့်အတွက် စွမ်းအင်အကုန်လုံး မသုံးပြီးခင် တစ်ခါ၊ နှစ်ခါလောက်သာ အသုံးပြုနိုင်သည်။
သို့သော် ရှန်ထျန်းက ဆန္ဒရှိသလို အသုံးပြုကာ လေဟာနယ် တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ပျက်စီးသွားစေသည်။
အံ့ဖွယ်စွမ်းအားက သူ့ခန္ဓာကိုယ်အတွင်းသို့ အဆုံးမဲ့စွာ စီးဆင်းဝင်ရောက်သွားသည်။
သူ့ ခန္ဓာကိုယ်က အဆုံးမဲ့ စမ်းသပ်ချက်မိုးကြိုးကို အာဟာရအဖြစ် စုပ်ယူနေပုံပေါ်သည်။
ရှန်ထျန်းက ကပ်ဘေးတဖန် ပညာရပ်ကြောင့် ကောင်းကင် မိုးကြိုးစမ်းသပ်ချက်၏ စွမ်းအားကို သူ့အပိုင်အဖြစ် လုံးဝ အသုံးပြုနိုင်သည်။
စွမ်းအား ဘယ်လောက်ပင် အသုံးပြုနေပါစေ ချက်ချင်း ပြန်လည် ပြည့်ဝလာနိုင်သည်။ အားလုံး ကြောက်ရွံ့နေကြသည့် ကောင်းကင် မိုးကြိုးစမ်းသပ်ချက်က ရှန်ထျန်း၏ အားအကောင်းဆုံးသော အထောက်အပံ့ ဖြစ်လာသည်။
တာအို စမ်းသပ်ချက် ၃ထောင်၏ တိုးမြှင့်မှုအရ သူ တိုက်ခိုက်လေလေ ပိုမို သန်မာလာပြီး ရက်စက်လာလေလေ ဖြစ်ကာ ကမ္ဘာလောကကို လွှမ်းမိုးချုပ်ကိုင်မည့် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားအသွင်ကို ဆောင်နေသည်။
အဖွဲ့ဝင် သုံးယောက်ကို ဆုံးရှုံးပြီးနောက် ကျန်ရှိနေသော ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ်များလည်း ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူဖပ်ဖြူလျော် ဖြစ်လာသည်။
“ အစီအရင်ကို အသက်သွင်းဖို့ အားလုံး ပူးပေါင်းပြီး သူ့ကို တားလိုက်ရအောင်”
သူတို့ ကောင်းကင်သို့ မော်ကြည့်ကာ ဟစ်ကြွေးလိုက်ကြသည်။ သူတို့က ရှန်ထျန်းနှင့် ထိပ်တိုက် မရင်ဆိုင်ရဲတော့သည့်အတွက် ခုခံဖို့ အသင့်အနေအထားကို ပြင်ဆင်ထားလိုက်သည်။
ထာဝရတစ်ပိုင်း မိစ္ဆာဝိညာဉ် ၁၅ ယောက်က အချင်းချင်း အပြန်အလှန် မှီခိုကြကာ ပြိုင်ဘက်ကင်း ခုခံရေးအစီအရင်ကို အတူတူ ဖန်တီးလိုက်ကြသည်။
မီးခိုးရောင် အလွှာက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်ကာ သူတို့ကို လုံးဝ လွှမ်းခြုံထားသည်။
ကောင်းကင် မိုးကြိုးစမ်းသပ်ချက်ပင် အလွှာကို တုန်ခါစေရုံသာ ဖြစ်နိုင်ပြီး ဖျက်စီးလို့မရနိုင် ဖြစ်နေသည်။
ဤအရာက ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၅ ယောက်၏ ခွန်အားဖြင့် ပြုလုပ်ထားသော ကာကွယ်ရေး အစီအရင်ဖြစ်သည့်အတွက် အင်မတန် ကြံ့ခိုင်သန်စွမ်းလှသည်။
ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်သည့်အခါ သူ့ ခန္ဓာကိုယ်အတွင်းမှ အဆုံးမဲ့ ကြယ်အလင်းတန်း ပေါက်ကွဲထွက်လာသည်။
ကြယ်စွမ်းအင်က မရပ်တန့်ဘဲ ပျံတက်သွားကာ တိမ်တိုက်များကို မွှေနှောက်လိုက်သည်။
ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သော ကြယ်များက အလင်းကို ထုတ်လွှတ်လိုက်သည့်အတွက် ကောင်းကင်တစ်ခုလုံး လင်းလက်တောက်ပသွားသည်။
တောက်ပသော ကြယ်အလင်းတန်းက ကြယ်ကြွေသလိုမျိုး ပြင်းထန်သော အားဖြင့် ကြွေကျလာသည်။
နယ်ရုပ်များ အောက်သို့ ကျလာပြီး အစီအရင်နှင့် ပြင်းထန်စွာ ထိတိုက်နေမိသည်ကိုသာ အားလုံး မြင်တွေ့နိုင်တော့သည်။
ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၅ ယောက်က သွေးများပင် အန်ထွက်ကုန်သည်။ သို့သော် ဒီလိုဆိုလျှင်ပင် အစီအရင် မပျက်စီးသေးပေ။
ဆန့်ကျင်ဘက်အနေဖြင့် နယ်ရုပ်များက အစီအရင် စွမ်းအား၏ ဆွဲယူခြင်းကို ခံထားရပြီး ပြန်လည် လွတ်မြောက်နိုင်ခြင်းမရှိ ဖြစ်နေသည်။
အာကာြပင်အပေါက်ထဲတွင် ထာဝရမိစ္ဆာဝိညာဉ်က ထို နယ်ရုပ်များကို တွေ့လိုက်ရသည့်အခါ အကြည့်များလင်းလက်သွားသည်။
သူ အော်ပြောလိုက်သည်
“ ဒီနယ်ရုပ်တွေအားလုံးက အထွတ်အထိပ်အဆင့် ထာဝရအသုံးအဆောင် ပစ္စည်းထက်မြင့်သော အထွတ်အထိပ် ရတနာတွေပဲ။
အဲဒီနယ်ရုပ်တွေကို မြန်မြန် ခိုးယူပြီးတော့ ငါတို့အပိုင်အဖြစ် သန့်စင်လိုက်ရအောင်။ ပြီးမှ သူ့ကို သတ်ကြမယ်”
ထာဝရမိစ္ဆာဝိညာဉ်က ရှန်ထျန်းအနေဖြင့် ဒီလောက်ထိ များပြားသော အထွတ်အထိပ် ရတနာများကို ထုတ်လာမည်ဟု ထင်မထားသည့်အတွက် အံ့ဩမှင်သက်သွားသည်။
နယ်ရုပ်တစ်ခုချင်းစီတိုင်းက အင်မတန် တန်ဖိုးကြီးပြီး စွမ်းအားကြီးသည်။
သူပင် ဒီလောက်ထိ များပြားသော အထွတ်အထိပ် ရတနာများကို မရရှိနိုင်ပေ။
ရှန်ထျန်းက သူတို့ကို ထိုရတနာများပေးသည်ဟု ထင်သည့်အတွက် ထာဝရမိစ္ဆာဝိညာဉ်က အလွန်အမင်း ပျော်ရွှင်နေသည်။
ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၅ ယောက်၏ ခွန်အားကြောင့် ရှန်ထျန်းဆီမှ ထိုအထွတ်အထိပ်ရတနာများကို ခိုးယူရန်အတွက် အင်မတန် ရိုးရှင်းလှသည်။
ထို့နောက် ဤရတနာများ၏ ခွန်အားကို ပြန်လည်တိုက်ခိုက်ဖို့အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။
ထိုရတနာများကိုသာ ထာဝရတစ်ပိုင်း ကျင့်ကြံသူ ၁၅ ယောက်သာ အသုံးပြုလိုက်ပါက စွမ်းအားက ပြိုင်ဘက်ကင်းသည်အထိ ဖြစ်သွားနိုင်သည်။
သူတို့ ထာဝရအရှင်များကိုပင် ရင်ဆိုင်နိုင်လောက်သည်။
ထာဝရမိစ္ဆာဝိညာဉ်က ယုတ်မာစွာ ပြုံးလိုက်သည်။
ဒီကောင်လေးက ဒီလောက်ထိ ပေါ့ဆလိမ့်မယ်လို့ ထင်မထားခဲ့ဘူး
ငါ သူ့ကို ဒီတစ်ခါလည်း မသတ်နိုင်ဘူးဆိုတာ မယုံဘူး
ဒီကောင်လေး မသေဘူးဆိုရင် ငါ နယ်ရုပ်တွေအကုန်လုံး စားပြမယ်