ထာဝရ မိစ္ဆာဝိညာဉ်ကို သတ်ဖြတ်ခြင်း
Vol. 32 Ch. 480
အခန်း (၄၈၀) : ထာဝရ မိစ္ဆာဝိညာဉ်ကို သတ်ဖြတ်ခြင်း
ထာဝရ မိစ္ဆာဝိညာဉ်၏ စကားကို ကြားကာ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ၁၅ ယောက်က ပျော်ရွှင်သွားကြသည်။ အကယ်၍ သူတို့သာ ထိုနယ်ရုပ်များ ရလာခဲ့လျှင် သူတို့၏ မျက်နှာပျက်ရမှုအား ပြန်အဖတ်ဆယ်နိုင်လိမ့်မည်။
မိစ္ဆာဝိညာဉ်အသီးသီးက အဆုံးမဲ့ မိစ္ဆာအငွေ့အသက်များ ထုတ်လွှင့်ကာ နယ်ရုပ်များအား တုန်ခါလာစေပြီး အစီအရင်အတွင်း ပျံသန်းသွားစေသည်။
မြောက်ပင်လယ် ကျင့်ကြံသူများက ဤမြင်ကွင်းကို မြင်ကာ တုန်လှုပ်လာကြသည်။
အကယ်၍ ထိုမိစ္ဆာဝိညာဉ်များသာ အထွတ်အထိပ် ရတနာများရသွားခဲ့လျှင် သူတို့က အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တော့မည် မဟုတ်ပါလော။
ရှန်ထျန်းပင် အန္တရာယ်ကြား ကျရောက်သွားနိုင်သည်။
အားလုံးက ရှန်ထျန်းသည် ဤပြဿနာကို မည်သို့ ဖြေရှင်းမည်မှန်း မသိသောကြောင့် စိုးရိမ်နေကြသည်။
…….....
သို့သော်လည်း ရှန်ထျန်းက တည်ငြိမ်နေဆဲသာ ဖြစ်၏။ သူက စူးစူးရဲရဲ စိုက်ကြည့်နေသေး၏။
သူက နှာခေါင်းရှုံ့ကာ “ လောက်ပြီလား။ ငါ့ဆီ ထပ်ရှိသေးတယ် ”
ရှန်ထျန်းက လက်ဝေ့လိုက်သည့်အခါ နောက်ထပ် စစ်တုရင်နယ်ရုပ်ထောင်ချီ ထပ်ထွက်လာသည်။ ထိုစစ်တုရင်နယ်ရုပ်များက တောက်တောက်ပပ လင်းလက်လာကာ ရုတ်ချည်းဆိုသလို အစီအရင်အတွင်း ပျံဝင်သွားလေ၏။
မိစ္ဆာဝိညာဉ်များက စကားပြောလိုက်ရင်း သူတို့၏ ကြောက်မက်ဖွယ် အပြုံးများကို မဖုံးကွယ်နိုင် ဖြစ်သွားရသည်
“ ဒီကောင်လေးက သေချင်နေတာပဲ။ ငါ ဒီရတနာတွေရပြီးတဲ့အထိ စောင့်လိုက် … သူ့ကို သေချာပေါက် သတ်ပစ်မယ်။”
“ကြည့်ရတာ ဒီတစ်ခါ ငါတို့ သတ်ရမဲ့အချိန် ကျလာပြီ ”
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များက လက်များ ဆန့်ထုတ်ကာ စစ်တုရင်နယ်ရုပ်များကို ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်သည်။
ရှန်ထျန်း၏ အမူအယာများက အေးစက်လာပြီးနောက် လက်ဟန်တချို့ ထွက်ပေါ်လာသည်။
“ ကောင်းကင် ကြယ်တာရာ ပိတ်ဆို့ရေးဓားကွက် ”
ထိုနယ်ရုပ်များမှ ကြောက်မက်ဖွယ် အားကောင်းသည့် အငွေ့အသက်များ ထွက်လာလေသည်။ အဆုံးမဲ့ ကြယ်တာရာများက နေရာအနှံ့ စီးဆင်းသွားကြသည်။ သာမန်ပုံစံ နယ်ရုပ်များက မရေတွက်နိုင်သည့် ကြယ်တာရာဓားများအဖြစ် ပြောင်းလဲသွားပြီး အားအပြည့် ဆင်းသက်လာသည်။
ကြယ်တာရာဓားရာချီက ကောင်းကင်ကို ထိုးဖောက်ကာ မိစ္ဆာဝိညာဉ်များဆီ ရေစီးကြောင်းလိုမျိုး ပြေးဝင်လာပြီး အကာအရံအား အပေါက်များစွာ ဖြစ်သွားစေသည်။
“ ဘာကြီးလဲ ”
မိစ္ဆာဝိညာဉ်များက တုန်လှုပ်ထိတ်လန့်သွားကာ မိစ္ဆာအငွေ့အသက်များ ထုတ်လွှင့်လိုက်ကြပြီး အကာအရံကို ပြန်လည် ဖန်တီးဖို့ ကြိုးစားလိုက်ကြသည်။ သို့သော်လည်း အထွတ်အထိပ် ရတနာရှေ့မှောက်တွင် အရာအားလုံးက အချည်းနှီးပင် ဖြစ်၏။
ခဏအကြာတွင် မိစ္ဆာဝိညာဉ်များ၏ ကာကွယ်ရေး အကာအရံက လုံးဝ ပျက်စီးသွားလေသည်။ အဆုံးမဲ့ စမ်းသပ်ချက် မိုးကြိုးများ စုစည်းလာကာ မိစ္ဆာဝိညာဉ်၏ မိစ္ဆာအငွေ့အသက်များအား ရှင်းထုတ်ပစ်လိုက်သည်။
ရှန်ထျန်းက အခွင့်ရေးကောင်းကို လက်လွှတ်မခံဘဲ သူတို့ဆီ တိုက်ရိုက် ပြေးဝင်သွားလိုက်သည်။
သူ့နောက်မှ ပုံရိပ်သဏ္ဌာန်အမျိုးမျိုးက စွမ်းအားပြင်းပြင်း အရှိန်အဝါများ ထုတ်လွှင့်လာသည်။ မိုးကြိုးသားရဲ ဆယ်ကောင်က ဟိန်းဟောက်လိုက်ပြီးနောက် နဂါးဇာမဏီ ပုံရိပ်သဏ္ဌာန်က ကောင်းကင်တခွင် ပျံသန်းသွားသည်။
အဆုံးမဲ့ ကြယ်တာရာအလင်းများ ပျံ့နှံ့သွားပြီး အားအပြည့်နှင့် ကြယ်တာရာဂူဝ တစ်ခု ဖြစ်ပေါ်လာသည်။ ထိုစဉ် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များ၏ အကြည့်တို့၌ တုန်လှုပ်ထိတ်လန့်မှုအပြည့် ဖြစ်လာသည်။
ရှန်ထျန်းက အံ့ဖွယ်နေမင်း မီးပြင်းဖို ထုတ်ပြီးသည်နှင့် မိစ္ဆာဝိညာဉ်များနှင့် စတင် တိုက်ခိုက်လိုက်သည်။ ကောင်းကင်၌ ကြောက်မက်ဖွယ် အငွေ့အသက် ပျံ့နှံ့လာကာ နှိုင်းယှဉ်ကြည့်လိုက်ပါက နေနှင့်လတို့ပင် မှေးမှိန်သွားစေသည်။
“ အားအား ”
“ မဖြစ်ဘူး ”
စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်လာသည်။
ရှန်ထျန်းက စွမ်းအားကြီးကာ သူရဲကောင်းဆန်လှသည်။ သူက တာအိုစမ်းသပ်ချက် သုံးထောင်၏ အထောက်အပံ့အောက်တွင် ပြိုင်ဖက်ကင်း ထာဝရအရှင်လိုမျိုး ဖြစ်လာကာ မိစ္ဆာကမ္ဘာအား သန့်စင်ပေးနေသည်။
ခဏအကြာတွင် မြောက်များစွာသော မိစ္ဆာဝိညာဉ်များ အသတ်ခံလိုက်ရသည်။ ဤသည်က တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။
တချို့က ကောင်းကင်အံ့ဖွယ် လက်သီးချက်အောက်တွင် အသားပြား ဖြစ်သွားပြီး သွေးများလည်း မိုင်ထောင်ချီ ပျံ့နှံ့သွားကာ ကောင်းကင်အား အနီရောင်သမ်းသွားစေသည်။ တချို့မှာ ဓားချက်ကြောင့် နှစ်ပိုင်း ပြတ်သွားပြီး သွေးများ ပန်းထွက်လာသည်။ ကြုံရာကျပန်းနေရာများ၌ အလောင်းများ ပြည့်နှက်နေလေ၏။
ထိုအပြင် ရှန်ထျန်း၏ နေမီးလျှံအစစ်ဖြင့် လောင်ကျွမ်းခံလိုက်ရသူများလည်း ရှိနေသေးသည်။ သူတို့အရိုးများနှင့် အလောင်းများက လုံးဝ ပျက်စီးသွားပြီး ဝိညာဉ်ပင် မကျန်ရှိတော့ချေ။
မြောက်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းသော အင်အားစုကို ဖျက်စီးပစ်နိုင်စွမ်းရှိသည့် နဂို စွမ်းအားကြီး ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ၁၅ ယောက်က ရှန်ထျန်းရှေ့တွင် ဘာမှခုခံရန် မတတ်နိုင်သည့် ပုရွက်ဆိတ်များသဖွယ် ဖြစ်နေသည်။
ရှန်ထျန်း၏ ဓားအောက်တွင် မြစ်တစ်စင်းကဲ့သို့ သွေးများစီးနေကာ နေရာအနှံ့ ပျံကျဲသွားလေသည်။ သွေးမိုးရွာသွန်းလာကာ မြောက်ပင်လယ်အား အနီရောင် သွေးလွှမ်းသွားစေသည်။
………...
ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ၁၅ ယောက်က ချက်ချင်း အသတ်ခံလိုက်ရသည်။
ထိုမြင်ကွင်းက ကြောက်ဖို့ကောင်းလှသည်။ ပင်လယ်ရေပင် သွေးနီရောင် ပြောင်းသွားပြီး အရိုးများလည်း နေရာအနှံ့ ပျံ့ကျဲနေလေသည်။ ဘေးပတ်လည် အာကာပြင်လည်း ဆိုးဆိုးရွားရွား ပျက်စီးနေပြီး အပေါက်များစွာ ဖြစ်နေသည်။
မိုးမြေစွမ်းအားပင် ယာယီ ပြန်မပြင်နိုင်လောက်သည့်အထိ ဖြစ်သွားစေသည်။ ဤတိုက်ပွဲက မြေတုန်လုမတတ် ဖြစ်ပြီး မိုးမြေကိုပင် ပိုင်းခြားပစ်နိုင်သည်။
သို့သော်လည်း ရှန်ထျန်းက လေထဲ မထူးမခြားနား ရပ်နေပြီး စမ်းသပ်ချက် မိုးကြိုးကို ခံယူနေသည်။
အဆုံးမဲ့ စမ်းသပ်ချက် မိုးကြိုးများက ရှန်ထျန်းဆီ ကျရောက်လာကာ သန့်စင်သော အံ့ဖွယ်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ရှန်ထျန်းဆီ စီးဝင်သွားသည်။ ခဏအကြာတွင် စမ်းသပ်ချက် သုံးထောင်လုံး ပြီးဆုံးသွားပြီး ကောင်းကင်စမ်းသပ်ချက် တိမ်တိုက်များလည်း တဖြည်းဖြည်း လွှင့်စင်သွားလေသည်။
ခဏကြာပြီးနောက် ရှန်ထျန်းက အားလုံးရှေ့မှောက် ပြန်ပေါ်လာသည်။
သူ့ဆီမှ နေရာတစ်ခုလုံးကို လွှမ်းမိုးထားနိုင်သည့် အားကောင်းလှသော ဝိဇ္ဇာအငွေ့အသက်များ ထုတ်လွှင့်နေသည်။
သူ့ခန္ဓာကိုယ်က သလင်းကျောက်လိုမျိုး ကြည်လင်နေကာ အံ့ဖွယ်အလင်းများအောက် တောက်ပလျက်ရှိနေသည်။ သူ့ဆီမှ အဆုံးမဲ့စွမ်းအားများ စီးဆင်းနေသလိုမျိုုး ဖြစ်၏။
ထိုစဉ် ရှန်ထျန်းက တစ်ကြိမ်မြောက် အတိဒုက္ခလွန် ဝိဇ္ဇာအဆင့် ရောက်ရှိသွားလေပြီ။ သို့သော်လည်း သူ ထုတ်လွှင့်နေသည့် အရှိန်အဝါက ထာဝရတပိုင်းအဆင့်များထက်ပင် ကြောက်ဖို့ကောင်းနေပြီး လူများအား ကြက်သီးထလာစေသည်။
………...
ဤမြင်ကွင်းက အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
အောင်းပင်းက နတ်ဘုရားလိုမျိုးရော နတ်ဆိုးလိုမျိုးပါ ဖြစ်နေသည့် ရှန်ထျန်းအား ကြည့်လိုက်ပြီး ပြုံးလိုက်မိသည်။
ငါ ရွေးချယ်ထားတဲ့ အမျိုးသားဆိုတဲ့အတိုင်း တကယ်ကို အားကောင်းတာပဲ ..
ဘေးဘက်တွင် ရှန်အောင်းရွှယ်က စိတ်လှုပ်ရှားလာမိသည်။
ဒါက အဖေရဲ့ စွမ်းအားအစစ်အမှန်လား … အရမ်းအားကောင်းလိုက်တာ
အဖေက ငါရဲ့ အနာဂတ်ရည်မှန်းချက်ပဲ … ငါ ပြန်ရောက်တဲ့အခါ သေချာလေ့ကျင့်ရမယ်။ အဖေ့ကို မျက်နှာပျက်စေလို့ မဖြစ်ဘူး
ရှန်အောင်းရွှယ်၏ အကြည့်တို့၌ ဆုံးဖြတ်ချက် ပြတ်သားမှုများ ထင်ဟပ်နေသည်။
အောင်းဝူက ပို၍ အံ့အားသင့်မိနေပြီး မနေနိုင်ဘဲ ပြောလိုက်သည် “ ဟိုချီရှောက်ရွမ်က ဘယ်ရောက်နေတာလဲ။ သူက ဘာလို့ လာမကူရတာလဲ။ ငါသာ နှစ်နည်းနည်း ထပ်စောင့်လိုက်ရင် အစ်ကိုကြီးရှန်နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့မှာ … အခုတော့ နှမြောစရာပဲ ”
“...”
ရှန်ထျန်း ပြသခဲ့သည့် စွမ်းအားက အားလုံးကို အံ့အားသင့်သွားစေသည်။
ဤသို့မျိုး သူရဲကောင်းဆန်ဆန် စွမ်းအားကြီး အမျိုးသားက အတိတ်တုန်းက ပါရမီရှင်အားလုံးကို ကျော်လွန်သွားလေသည်။ မည်သူကမှ သူနှင့် လိုက်မယှဉ်နိုင်ချေ။
ယခု သူက အတိဒုက္ခွလွန် စမ်းသပ်ချက် ဖြတ်ကျော်ကာ ဝိဇ္ဇာ ဖြစ်လာလေပြီ။ သူ့စွမ်းအားက မည်မျှ ကြောက်ဖို့ကောင်းလာမည်နည်း။
မည်သူမှ စိတ်ကူးမကြည့်ရဲကြပေ။
…….……....
ထာဝရ မိစ္ဆာဝိညာဉ်များ၏ အကြည့်များက သူ့တုန်လှုပ်အံ့အားသင့်မှုကို သွေဖယ်နေသည်။
ရှန်ထျန်း၏ ပါရမီနှင့် တိုက်ခိုက်စွမ်းတို့က ထာဝရအရှင်ကိုပင် အံ့အားသင့်သွားစေလောက်သည့်အထိ ကြောက်ဖို့ကောင်းလှသည်။ သူ့အနေနှင့် ယခင်က ဒီလိုမျိုး ကြောက်ဖို့ကောင်းသည့် ပါရမီရှင်မျိုးကို မမြင်ဖူးပေ။
“ မိစ္ဆာဝိညာဉ်တွေ ဒီကမ္ဘာကနေ ယာယီထွက်သွားကြ ”
ထာဝရမိစ္ဆာဝိညာဉ်က အေးစက်စက်ဖြင့် နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်သည်။
ရှန်ထျန်း၏ တိုက်ခိုက်စွမ်းက စွမ်းအားကြီးလွန်းလှသည်။ ထာဝရတပိုင်း မိစ္ဆာဝိညာဉ် ၁၈ ယောက်ပင် သူ့အတွက် ပြိုင်ဖက် မဖြစ်ဘဲ သေဆုံးသွားကြရသည်။
အကယ်၍ ကျန်ရှိနေသော မိစ္ဆာဝိညာဉ်များသာ ဆက်နေနေလျှင် ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်ပေမည်။
ရှန်ထျန်း ပြသခဲ့သော တိုက်ခိုက်စွမ်းရည်က ထာဝရမိစ္ဆာဝိညာဉ်အား အကြောက်တရား ရိုက်သွင်းပေးနိုင်ခဲ့သည်။
အကယ်၍ အာကာပြင်အပေါက် မငြိမ်သက်မှုကြောင့် ကိုယ်တိုင် ပေါ်ထွက်မလာနိုင်သည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက ရှန်ထျန်းကို သေချာပေါက် သတ်ပစ်လိမ့်မည်။ ရှန်ထျန်း၏ ပါရမီက ကြောက်ဖို့ကောင်းလွန်းလှသည် မဟုတ်ပါလော။
အကယ်၍ သူကိုသာ ဆက်လက် ကျင့်ကြံခွင့်ပေးထားလျှင် မိစ္ဆာဝိညာဉ်မျိုးနွယ် ကျူးကျော်မှုအတွက် အဟန့်အတား ဖြစ်လာနိုင်သည်။
ထာဝရ မိစ္ဆာဝိညာဉ်က လမ်းကြောင်းဖွင့်ပြီး ပြန်ရောက်သည်နှင့် သူ့မျိုးနွယ်စုမှ အင်အားကြီးများကို ဆက်သွယ်ဖို့ ဆုံးဖြတ်ထားသည်။ ထိုအခါမှ အထက်အင်အားကြီးလူများ ဆင်းသက်ကာ ကိုင်တွယ်ကြလိမ့်မည်။
သူက နောင်ဘာပြဿနာမှ ဖြစ်မလာခင် ရှန်ထျန်းကို တတ်နိုင်သမျှ မြန်မြန် သတ်ရမည်။
………...
ကျန်ရှိနေသော ထာဝရတပိုင်း မိစ္ဆာဝိညာဉ်သုံးယောက်က ထာဝရမိစ္ဆာဝိညာဉ်၏ အမိန့်ကို ရပြီးသည်နှင့် ချက်ချင်း နောက်ဆုတ်လိုက်သည်။
သူတို့က ရှန်ထျန်း၏ တိုက်ခိုက်ရည်ကြောင့် ထိတ်လန့်နေကြပြီး ဆက်လက် မခုခံရဲကြတော့ပေ။ အကယ်၍ သူတို့သာ ဆက်နေနေလျှင် သေချာပေါက် သေသွားလိမ့်မည်။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ် သုံးယောက်က ချက်ချင်း လက်လျော့ကာ အာကာြပင်အပေါက်ထဲ ပြန်ပြေးသွားကြပြီး ဤကမ္ဘာမှ ယာယီထွက်သွားလိုကြသည်။ တခြားသော မိစ္ဆာဝိညာဉ်များလည်း နောက်ဆုတ်သွားသောကြောင့် နောက်ဆုံးတွင် ဤနယ်မြေက တဖန်ပြန်လည် အေးချမ်းသွားလေပြီ။
အားကောင်းသည့် မြောက်ပင်လယ် ကျင့်ကြံသူများက စိတ်သက်သာရာ သက်ပြင်းချလိုက်ကြသည်။ သူတို့က ရှန်ထျန်း ရောက်မလာခင်အထိ တောင့်ခံနိုင်၍ ကံကောင်းသွားလေသည်။ မဟုတ်လျှင် ဤနေရာတစ်ခုလုံး အပျက်အစီးပုံ ဖြစ်သွားပေလိမ့်မည်။
မိစ္ဆာဝိညာဉ်မျိုးနွယ်က မြောက်ပင်လယ် အင်အားစု မယှဉ်နိုင်လောက်သည့်အထိ အားကောင်းလွန်းလှသည်။
သူတို့ တိုက်ခိုက်နေသည့် ခဏတာအတွင်း မြောက်ပင်လယ် မျိုးနွယ်စုအသီးသီးက ဆုံးရှုံးမှုအများအပြား ခံစားခဲ့ရသည်။ အလောင်းအပုံလိုက် ဖြစ်နေလေသည်။
အားလုံး အဆုံးသတ်သွား၍ တော်တော့သည်။
ဂိုဏ်းချုပ်ရှန်ထျန်း၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။
………...
ထာဝရမိစ္ဆာဝိညာဉ်က အာကာပြင်အပေါက်ထဲ ရပ်နေရင်း သူ့မျက်ဝန်းတို့က မီးတောက်နီလိုမျိုး နီရဲနေသည်။ သူ့အရှိန်အဝါက သေစေလောက်သည့်အထိ အားပြင်းလှပြီး ယုတ်မာစွာ ပြောလိုက်သည် “ ကောင်လေး အရမ်းကျေနပ်မနေနဲ့ဦး။ ငါတို့ မိစ္ဆာဝိညာဉ်တပ် မကြာခင် ရောက်လာလိမ့်မယ်။
အဲဒီအခါကျ ဒီနယ်မြေတင် မကဘူး။ နယ်မြေငါးခုလုံး ငါတို့မျိုးနွယ်ရဲ့ စားကျက် ဖြစ်လာလိမ့်မယ်။ ကောင်လေး လက်ကျန်အချိန်လေးကို ပျော်ထားဦးပေါ့ …
မင်းကို ငါကိုယ်တိုင် သတ်ပြမယ်။ မင်းရဲ့ အရွတ်၊ အသားနဲ့ အရိုးတွေကို မသေမချင်း တစစီချင်းစီ ဆွဲထုတ်ပြီး နှိပ်စက်ပြမယ် ဟားဟား ”
သူတို့က ရှုံးနိမ့်သွားသော်လည်း နယ်မြေငါးခုကို ကျူးကျော်မည့် မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ဆုံးဖြတ်ချက်ကို မတားနိုင်ပေ။
ထာဝရမိစ္ဆာဝိညာဉ်က ထိုလူများအား အကြောက်တရားဖြင့် ရှင်သန်စေလိုသည်။
“ သွားကြစို့ ”
ထာဝရ မိစ္ဆာဝိညာဉ်က လက်ဝေ့လိုက်ပြီးနောက် မိစ္ဆာဝိညာဉ်မျိုးနွယ်ကို ဦးဆောင်ကာ ပြင်ပနယ်မြေဆီ ထွက်သွားဖို့ ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့် ရှန်ထျန်း၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။
“ ထွက်သွားချင်တာလား … ထွက်သွားနိုင်မယ်များ ထင်လို့လား ”
ရှန်ထျန်းက လက်ဝေ့လိုက်သည့်အခါ ဟွမ်ထျန်းစစ်တုရင်ခုံက ကောင်းကင်တစ်ခွင် ပျံ့နှံ့လာပြီး တိမ်များကြား ရောက်ရှိသွားသည်။ ကောင်းကင်ယံ၌ စစ်တုရင်ခုံတစ်ခု ပေါ်ထွက်လာပြီး အံ့ဖွယ်အလင်းများဖြင့် ဖုံးလွှမ်းထားကာ တောက်ပနေလေသည်။
စည်းမျဉ်းများ ဝန်းရံလာပြီးနောက် စည်းမျဉ်းကြိုးများ ရစ်ပတ်လာပြီး နေရာတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်သည်။
အစီအရင်က ပြင်ပနယ်မြေဆီ နောက်ဆုတ်ချင်နေသည့် မိစ္ဆာဝိညာဉ်များစွာအား ရပ်တန့်လိုက်သည်။
ထာဝရ မိစ္ဆာဝိညာဉ်က မျက်မှောင်ကြုတ်ကာ “ ကောင်လေး ဘာလုပ်ချင်နေတာလဲ ”
“ အဖန်ရည်လေး တိုက်မလို့လေ ”
ရှန်ထျန်းက မထူးမခြားနား ပြောလိုက်ရင်း စစ်တုရင်နယ်ရုပ်များကို ထုတ်လိုက်သည်။
ထာဝရမိစ္ဆာဝိညာဉ်က မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး မကျေမနပ် ပြောလိုက်သည် “ ဟာသပဲ။ ငါ့ကို တားနိုင်မယ်များ ထင်နေလား။ ငါ ထွက်သွားချင်ရင် ဘယ်သူမှ မတားနိုင်ဘူး ”
အစီအရင်က သူ့အား တားဆီးထားသော်လည်း ထာဝရမိစ္ဆာဝိညာဉ်က စိတ်ထဲ မထည့်ပေ။ ထာဝရအရှင်တစ်ယောက်အနေနှင့် သူက အစီအရင်တစ်ခုကို အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။
“ အဲလိုလား။ စမ်းကြည့်လိုက်လေ ”
ရှန်ထျန်းက သရော်လိုက်ရင်း နောက်ထပ် စစ်တုရင်နယ်ရုပ်များ ထပ်ပို့လွှတ်လိုက်သည်။ အံ့ဖွယ်အလင်းတန်းက ကောင်းကင်ကို လွှမ်းခြုံသွားလေသည်။
ထိုစစ်တုရင်နယ်ရုပ်များ ကြယ်တာရာများကဲ့သို့ ကောင်းကင်အနှံ့ နေရာယူထားပြီး တောက်တောက်ပပ အလင်းတန်းတို့ ထုတ်လွှင့်နေသည်။
ထိုစဉ် အဆုံးမဲ့စည်းမျဉ်းများက ကြယ်တာရာများ ကြွေကျလာသလိုမျိုး ကျဆင်းလာသည်။
စစ်တုရင်နယ်ရုပ် ၃၆၀၀၀ က ကောင်းကင်ထဲ လွှင့်မျှောနေကာ ပြိုင်ဖက်ကင်းအစီအရင် ဖွဲ့စည်းလိုက်သည်။
“ဒါ … ဒါက ”
ထာဝရ မိစ္ဆာဝိညာဉ်က ထူးထူးဆန်းဆန်း အကြောက်တရားကို ခံစားမိလိုက်သလိုမျိုး ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားလေသည်။
ကောင်းကင်ယံတွင် စစ်တုရင်နယ်ရုပ်များက နေရာအပြည့် ယူထားပြီး ကောင်းကင်စက်ဝန်းကို ဖွဲ့စည်းဖို့ ကြယ်တာရာများအလား လှည့်ပတ်နေသည်။ ထိုစွမ်းအားက သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထလာစေသည့်အထိ ကြောက်ဖို့ကောင်းလှသည်။
“မဖြစ်နိုင်ဘူး … ဒီလို ကြောက်စရာကောင်းတဲ့ အစီအရင်မျိုး ဒီလောကမှာ ဘယ်လိုလုပ်ရှိနေတာလဲ ” ထာဝရမိစ္ဆာဝိညာဉ်က အော်လိုက်သည်။ သူ့မိစ္ဆာအရှိန်အဝါများ ပေါက်ထွက်လာပြီး အစီအရင်အား တိုက်ခိုက်လိုက်သည်။
ဝုန်း
နားကွဲမတတ် အသံကျယ်ကြီး ထွက်ပေါ်လာသည်။
ထာဝရမိစ္ဆာဝိညာဉ်၏ တိုက်ခိုက်မှုက အားကောင်းပြီး ကမ္ဘာကြီးအား ဇောက်ထိုးမိုးမျှော် လုပ်ပစ်နိုင်သော်လည်း အစီအရင်၌ လှိုင်းတွန့်ပင် ဖြစ်မလာစေပေ။
“ ဘာကြီးလဲ ”
ထာဝရမိစ္ဆာဝိညာဉ်က ကြောင်အမ်းသွားလေသည်။ သူက ရူးသွပ်သွားသလိုမျိုး ဆက်လက် တိုက်ခိုက်နေကာ မိုးမြေပင် သူ့တိုက်ခိုက်မှုများကြောင့် လှုပ်ခါလာလေသည်။ သို့သော်လည်း အရာအားလုံးက အချည်းနှီးမျှသာ ဖြစ်နေသေး၏။
ရှန်ထျန်း ခင်းကျင်းထားသည့် အစီအရင်က ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင် ဖြစ်ပြီး စစ်တုရင်နယ်ရုပ်တစ်ခုချင်းစီက ပြင်ပနယ်မြေမှ ကြယ်တာရာစွမ်းအားကို သုံးထားပြီး ပြိုင်ဖက်ကင်း အစီအရင်ကို ဖွဲ့စည်းထားသည်။
နယ်ရုပ် ၃၆၀၀၀ လုံးကို တစ်ခါတည်းဖြင့် မဖျက်စီးနိုင်သရွေ့ အစီအရင်ကို မချိုးဖောက်နိုင်ပေ။
ထာဝရမိစ္ဆာဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရနေပြီး သူ့တိုက်ခိုက်စွမ်းက အတော်လေး လျော့ကျနေကြောင်း ထည့်မပြောရသေးပေ။ သူက အထွတ်အထိပ်အခြေအနေတွင် ရှိနေလျှင်ပင် ဤသို့အားကောင်းသည့် စွမ်းအားမျိုး မရှိချေ။
အဆုံးသတ်၌ ပြိုင်ဖက်ကင်း အစီအရင်မျိုးကို ကောင်းကင်စက်ဝန်း တာအိုကျမ်းမှ ပြုလုပ်ထားပြီး အထွတ်အထိပ် ရတနာဖြစ်သည့် ဟွမ်ထျန်းစစ်တုရင်နယ်ရုပ်များကို အသုံးပြု၍ ခင်းကျင်းထားခြင်း ဖြစ်သည်။
ထာဝရဘုရင်ဟွမ်ထျန်း၏ အထွတ်အထိပ် ရတနာသည် သာမန် ထာဝရအရှင်များ အလွယ်တကူ ချိုးဖောက်နိုင်သည့်အရာမျိုး မဟုတ်ပေ။
ထာဝရမိစ္ဆာဝိညာဉ်သည် စတင် တုန်လှုပ်လာပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားလာရသည်။ သူက အန္တရာယ်ကို ခံစားမိလာ၏။ သို့သော်လည်း သူက အေးဆေးတည်ငြိမ်ချင်ယောင်ဆောင်နေဆဲ ဖြစ်၏။
“ ငါ့ကို ပိတ်ထားနိုင်တော့ရော ဘာဖြစ်လဲ။ ငါ ဒီနေရာမှာ ရပ်နေပြီး မင်းကို လာတိုက်ခိုင်းရင်တောင် ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ မိစ္ဆာဝိညာဉ်တပ် ရောက်လာတာနဲ့ မင်းတို့အားလုံး မြေကြီးလက်ခတ်မလွဲ သေရမှာပဲ ”
ထာဝရ မိစ္ဆာဝိညာဉ်က ရှန်ထျန်းအနေနှင့် သူ့အား ပိတ်ဆို့ရန် အစီအရင်ခင်းကျင်းနိုင်သောကြောင့် အံ့အားသင့်သွားခဲ့သော်လည်း ရှန်ထျန်းက သူ့ကို ထိခိုက်စေနိုင်လိမ့်မည်ဟု မထင်ပေ။
အဆုံးသတ်၌ သူက ထူးချွန်ပြောင်မြောက်သည့် စွမ်းရည်တို့နှင့် ထာဝရအရှင် မဟုတ်ပါလော။
ရှန်ထျန်းက ဝိဇ္ဇာ ဖြစ်လာခါစ ဖြစ်သောကြောင့် သူ့တိုက်ခိုက်ရည် မည်မျှ အားကောင်းနေစေကာမူ ထာဝရအရှင်တစ်ယောက်၏ အသက်ကို ခြိမ်းခြောက်ဖို့ မဖြစ်နိုင်လောက်ပေ။
ထာဝရအရှင်နှင့် ထာဝရတပိုင်းအဆင့်ကြားက ကွာခြားချက်မှာ ချောက်နက်ကြီးသဖွယ် ကြီးမားလွန်းလှသည်။ ထာဝရအရှင်နှင့် ဝိဇ္ဇာအစစ်အမှန်ကြားက ကွာခြားချက်က မိုးမြေလောက် ကွာခြားနေကြောင်း ထည့်ပြောဖို့ပင် မလိုတော့ပေ။
ထာဝရမိစ္ဆာဝိညာဉ်က ယုံကြည်ချက်လွန်ကဲနေပြီး ရှန်ထျန်းအား ဆက်လက် ရန်စနေသည်။
ရှန်ထျန်းက ကျီစယ်သလို ပြန်ပြောလိုက်သည် “ အဲဆိုလည်း ဒီအစီအရင်ရဲ့ တကယ့်စွမ်းအားအစစ်အမှန်ကို ပြပေးရတာပေါ့။ ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင် အသက်ဝင်စမ်း ”
ရှန်ထျန်းက လက်ဟန်တချို့ ဖော်ထုတ်လိုက်သည့်အခါ သူ့ဆီမှ စွမ်းအားပြင်းပြင်း ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တစ်ခုလုံး ပြောင်းလဲသွားလေသည်။ စစ်တုရင်နယ်ရုပ်များစွာက ပေါက်ကွဲထွက်သွားကာ အလျှင်အမြန် ပြောင်းလဲလာကြပြီး ကြယ်တာရာအလင်းများ ကျရောက်လာစေသည်။ အံ့ဖွယ်အလင်းများမှ ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်နေသည်။
မိုးမြေတစ်ခုလုံး တုန်ခါလာကာ အသံကျယ်ကြီး ထွက်ပေါ်လာပြီးနောက် အားလုံးအား တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။ ထို့နောက် အဆုံးမဲ့ကြယ်တာရာအလင်းများက ကောင်းကင်ယံဆီ ဟိန်းဟောက်နေသည့် ဧရာမ ကြယ်တာရာ သားရဲကြီးအဖြစ် ပြောင်းလဲဖြစ်တည်လာသည်။
ဤသည်မှာ ရွှေရည်လောင်းချထားသည့်အလား ရွှေရောင်တလက်လက် တောက်ပနေသည့် ရွှေနဂါးကြီး ဖြစ်၏။
ဤရွှေနဂါးပြာကြီးက လစံအိမ် ၂၈ ခုထဲက နဂါးပြာ ဖြစ်သည်။
ထိုအရာက ကောင်းကင်တခွင် ဖုံးလွှမ်းထားလေသည်။ အဆုံးမဲ့ ကြယ်တာရာအလင်းများ ဆင်းသက်လာကာ အရှိန်အဝါက ပို၍ ကြီးမားလာသည်။
ဂါး
နဂါးပြာက ကောင်းကင်ယံတွင် ဟိန်းဟောက်လိုက်ပြီး မိုးမြေကို တုန်လှုပ်သွားစေသည်။
ကြယ်တာရာအလင်းများက သက်ရှိအားလုံးကို ခြိမ်းခြောက်နေပြီး အဆုံးမဲ့အံ့ဖွယ်အလင်းများ ထုတ်လွှင့်ထားလေသည်။
ထိုစဉ် မိစ္ဆာဝိညာဉ်များက ငရဲထဲ ကျရောက်သွားသလိုမျိုး သူတို့သွေးက အေးခဲလာပြီး ဝိညာဉ်များအထိ တုန်တုန်ယင်ယင် ဖြစ်လာစေသည်။
ကြယ်တာရာများ တိုက်မိနေသောကြောင့် အာကာပြင်က ဖိနှိပ်ခံလိုက်ရပြီး ကမ္ဘာကြီးအား အဆုံးသတ်ပစ်ချင်နေပုံပေါ်နေသည်။
ဝုန်း
ဤသည်မှာ ပေါက်ကွဲသံကြီး ဖြစ်ပြီး မရပ်မနား ပေါက်ကွဲထွက်နေသည်။
အဆင့်နိမ့် မိစ္ဆာဝိညာဉ်များက ထိုစွမ်းအားကို မခုခံနိုင်ကြဘဲ သူတို့ခန္ဓာကိုယ်များက ပေါက်ကွဲထွက်သွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားသည်။
ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များ၏ မျက်နှာထားလည်း နီရဲလာကာ သွေးများ ပြောင်းပြန်စီးလာသလို ခံစားနေရသည်။
ထာဝရမိစ္ဆာဝိညာဉ်၏ အမူအယာလည်း ချက်ချင်း ပြောင်းလဲသွားကာ သူ့အကြည့်တို့၌ ထိတ်လန့်မှုအပြည့် ဖြစ်နေသည်။ သူက ထိုစွမ်းအားကို လုံးဝ မတားဆီးနိုင်ကြောင်း သိလိုက်သည်။ သူ့သွေးများအားလုံး သူ့ဆီမှ ထွက်ဖို့ ကြိုးစားနေပုံရသည်။
ထာဝရမိစ္ဆာဝိညာဉ်၏ အင်အားက ကြောက်မက်ဖွယ် ဖြစ်သောကြောင့် သူ့တုံ့ပြန်မှုက အခြားမိစ္ဆာဝိညာဉ်တွေလိုမျိုး မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက မတုန်လှုပ်မိဘဲ မနေနိုင်တော့ပေ။
ဤအစီအရင်က ကြောက်ဖို့ကောင်းလှပြီး ထာဝရအရှင်ကိုပင် သတ်ပစ်နိုင်သည်။
အကယ်၍ သူသာ ဤနေရာ၌ ဆက်နေနေလျှင် သူ့စွမ်းအားအကုန် ဤကြယ်တာရာသားရဲကြီးကြောင့် ကုန်ခမ်းသွားမည် ဖြစ်ကာ သူ သေချာပေါက် သေဆုံးသွားလိမ့်မည်။
“ မဖြစ်ဘူး .. ငါ့ကို ထွက်ခွင့်ပေး ”
ထာဝရမိစ္ဆာဝိညာဉ်က ချက်ချင်းဆိုသလို ရူးသွပ်သလို ဖြစ်လာကာ အားကုန်ထုတ်တိုက်တော့သည်။ သို့သော်လည်း ထာဝရအရှင်ပင် ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်၌ သေးငယ်နေပုံပေါ်၏။
ထာဝရမိစ္ဆာဝိညာဉ် မည်မျှရုန်းကန်စေကာမူ သူက အစီအရင်ကို နည်းနည်းလေးမျှ မဖျက်စီးနိုင်ပေ။
ထာဝရမိစ္ဆာကို အပြီးတိုင် စုပ်ယူနိုင်ဖို့က အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။
မြောက်ပင်လယ် ကျင့်ကြံသူများက အံ့ဩကုန်ကြသည်။
အောင်းယဲ့နှင့် ခွန်ရှုလိုမျိုး ထိပ်တန်းကျင့်ကြံသူနှစ်ယောက်ပင် ကြောင်အမ်းသွားကြသည်။ သူတို့နှစ်ယောက်လုံးက ရှန်ထျန်းဘေးမှ ရွှေနဂါးပြာကြီးကို ကြည့်လိုက်မိပြီး စိတ်ထဲမှ ရေရွတ်မိလိုက်ကြသည် “ ငါတို့မတွေ့ဖြစ်တဲ့ နှစ် ၁၈၀ အတွင်း ရှန်ထျန်းက ဒီလောက်တောင် အားကြီးလာတာလား ”
သူက ဒီနေ့ ထာဝရအရှင်ကိုတောင် သတ်ပစ်တော့မလို့လေ … မျိုးဆက်အသစ်တွေက အရင်မျိုးဆက်တွေကို ကျော်တက်သွားတာပဲ
ဒီမျိုးဆက်က သူ့အပိုင် ဖြစ်လာဖို့ ကံကြမ္မာဖန်လာပြီးသား …