← Chapters

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲသို့ နောက်ထပ်တစ်ခေါက် ဝင်ရောက်ခြင်း

Vol. 33 Ch. 482

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲသို့ နောက်ထပ်တစ်ခေါက် ဝင်ရောက်ခြင်း

Vol. 33 Ch. 482

အခန်း (၄၈၂) : ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲသို့ နောက်ထပ်တစ်ခေါက် ဝင်ရောက်ခြင်း

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်၌

လုံးဝ ဗလာဖြစ်နေသော ပင်လယ်ပိုင်နက်ကို လေ့လာပြီးနောက် ရှန်ထျန်း စိတ်သက်သာရာရသွားသည်။

ငါက အမြန် လွတ်မြောက်နိုင်အောင် လုပ်ဖို့ ဉာဏ်ကောင်းလို့ တော်သေးတာပေါ့

ငါ အဲဒီအမျိုးသမီးတွေနဲ့ ဆက်နွယ်နေရင် ငါ့ခေါင်းတောင် ပေါက်ကွဲထွက်သွားလိမ့်မယ်

အမျိုးသမီးတွေက တကယ်ကို ကြောက်ဖို့ကောင်းတယ်

အခု ငါ့မှာ အချိန်နည်းနည်းရှိတယ်ဆိုတော့ ကျင့်ကြံတာပဲ ကောင်းလိမ့်မယ်

ရှန်ထျန်း၏ စိတ်အခြေအနေက လွန်ခဲ့သော နှစ်တစ်ရာနှင့် အတူတူပင်ဖြစ်ပြီး ထိုအမျိုးသမီးများနှင့် ဘယ်လိုမျိုး ရင်ဆိုင်ရမလဲဆိုတာကို မသိသေးပေ။

ပြီးတော့ ကပ်ဘေးကလည်း အလျင်အမြန် ချဉ်းကပ်လာပြီဆိုတော့ သူ့မှာ အဲဒီအရာတွေကို စဉ်းစားဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ

လက်ထဲမှာရှိတဲ့ တာဝန်တွေကြောင့် သူ့ စွမ်းအားကို တိုးတက်အောင် လုပ်ဖို့အတွက် နည်းလမ်းတွေ ရှာရမယ်

မိစ္ဆာဝိညာဉ်မျိုးနွယ် ခြိမ်းခြောက်မှုက သူတို့အနားမှာ ဝဲလည်နေပြီး တခြားသူများ သတိထားမိသည်ထက် ပိုပြီးတော့ ကြောက်ဖို့ ကောင်းလှသည်။

သူ့ကိုယ်သူ ခွန်အားကြီးအောင် လုပ်မှသာလျှင် ဤကပ်ဘေးမှ သူတို့အားလုံး အသက်ရှင်နိုင်မည် ဖြစ်သည်။

ရှန်ထျန်းက ရှေ့ရှိ နေရာတစ်ခုသို့ အာရုံစိုက်ထားလိုက်သည်။

မီးခိုးရောင် မြူခိုးက ထိုနေရာကို ဖုံးလွှမ်းသွားကာ ထူထဲစွာ ရစ်ပတ်နေပြီး အရှိန်အဝါက ကြက်သီးထဖွယ်ကောင်းလှသည်။

မီးခိုးရောင် မြူခိုးက အလိပ်လိပ်ထနေသည့်အတွက် ကောင်းကင် မျက်နှာပြင်က ဤနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသည့် အသွင်ဆောင်နေသည်။

ဤနေရာက မြောက်ပင်လယ်၏ တားမြစ်နေရာဖြစ်သည့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက် ဖြစ်သည်။

ရှုပ်ထွေးပွေလီ အစီအရင်က ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ကို ဝန်းရံထားလိုက်သည်။

ထိုအရာက အဆုံးမဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်ဖြင့် ဖန်တီးထားပြီး ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ကို အပြည့်အဝ လွှမ်းခြုံထားသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက မြောက်ပင်လယ်၏ အဆန်းကြယ်ဆုံးပိုင်နက်ဟု ဆိုနိုင်သည်။

ဤနေရာက ကြက်သီးထစရာကောင်းသော ရှုပ်ထွေးပွေလီ အငွေ့အသက်ဖြင့် ပြည့်နှက်နေသည့်အတွက် လူအတော်များများ အနားသို့ မသွားရဲပေ။

မြောက်ပင်လယ် ကျင့်ကြံသူများနှင့် မိစ္ဆာဝိညာဉ်မျိုးနွယ်များကြားမှ တိုက်ပွဲကိုပင် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်၏ ပြင်ပနယ်မြေများတွင်သာ ဖြစ်ပွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှုပ်ထွေးပွေလီ အငွေ့အသက်၏ ခြိမ်းခြောက်မှုက မိစ္ဆာဝိညာဉ်များကိုပင် ကြောက်ရွံ့တုန်လှုပ်စေသည်။

လူအများအပြားအတွက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက လေ့ကျင့်ဖို့အတွက် ဆန်းကြယ်နယ်မြေတစ်ခု ဖြစ်သည်။

နှစ် သုံးရာကြာတိုင်း ရှုပ်ထွေးပွေလီ အစီအရင်က အားနည်းလာကာ အက်ကြောင်းများ ပေါ်လာတတ်သည်။

ထိုအချိန်အတွင်းတွင် မြောက်ပင်လယ်မျိုးနွယ်မှ အသီးသီးသော ကျင့်ကြံသူများက ထိုအက်ကြောင်းများမှတစ်ဆင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲသို့ ဝင်ရောက်ပြီး ကံအပြောင်းအလဲ အခွင့်အရေးကို ရှာလေ့ရှိကြသည်။

သို့သော် သာမန်အချိန်များတွင် ဘယ်သူမှ ဤနေရာ၏ အနီး မလာရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ဤနေရာက သာမန် မြောက်ပင်လယ် ကျင့်ကြံသူများအတွက် ကောင်းကင်ဘုံကဲ့သို့ လက်လှမ်းမမှီသော နေရာဖြစ်သောကြောင့် ဖြစ်သည်။

အထူးသဖြင့် ရှုပ်ထွေးပွေလီ အငွေ့အသက်၏ စွမ်းအားကြောင့် ဖြစ်သည်။ နတ်ဧကရာဇ်တစ်ပါးပင် ထိုအရှိန်အဝါကို ကြောက်ရွံ့ပြီး အထိအတွေ့ လုပ်နိုင်မည် မဟုတ်ပေ။

ရလဒ်အနေဖြင့် ဤနေရာက ရှန်ထျန်း ကျင့်ကြံဖို့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။

ဤ ကြောက်လန့်စရာကောင်းသော ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ့အတွက် အရမ်းအကျိုးရှိသည်။

အဘယ်ကြောင့်ဆိုသော် သူက ရှုပ်ထွေးပွေလီ ခန္ဓာကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင် အကျိုးအတွက် ရှုပ်ထွေးပွေလီ အငွေ့အသက်ကို သန့်စင်နိုင်သောကြောင့် ဖြစ်သည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်ကို အသုံးပြုနည်းများစွာ ရှိသည်။

ထိုအရာက ရှုပ်ထွေးပွေလီ ခန္ဓာကို သန့်စင်နိုင်ရုံသာမက တိုက်ခိုက်စွမ်းရည်ကိုပါ တိုးတက်လာအောင် လုပ်ပေးနိုင်သည်။

တိုက်ခိုက်ခြင်းတွင် ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ထည့်လိုက်ပါက သေစေနိုင်လောက်သည်အထိ စွမ်းအား ပြင်းထန်သွားလိမ့်မည်ဖြစ်သည်။

သာမန်လူတစ်ယောက်အနေဖြင့် ရှုပ်ထွေးပွေလီ အငွေ့အသက် ခန္ဓာကိုယ်ထဲသို့ ဝင်သွားပါက ဖြေရှင်းရ ခက်ခဲလိမ့်မည်။

ရလဒ်အနေဖြင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက သူ စွမ်းအားတိုးတက်အောင် လုပ်ချင်ပြီး ကံအပြောင်းအလဲ အခွင့်အရေး ရှာဖွေချင်ပါက အသင့်တော်ဆုံး ပိုင်နက်တစ်ခု ဖြစ်သည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက မြင်ရသလောက် မရိုးရှင်းပေ။

ဤကျွန်းက နတ်ဘုရားလောက၏ ပြိုင်ဘက်ကင်း ဆန်းကြယ်နယ်မြေမှ ဆင်းသက်လာသည်ဆိုသော ကောလဟာလများလည်း ရှိသည်း လေးနက်သော ဆန်းကြယ်မှုများကိုလည်း ပိုင်ဆိုင်ထားသည်။

ရှန်ထျန်း ယခင်တစ်ခေါက် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်သို့ သွားရောက်လည်ပတ်စဉ်က ခွန်ပန်တာအို၊ ထာဝရအသက်ကျမ်းနှင့် တခြား ကံအပြောင်းအလဲ အခွင့်အရေးများစွာကို ရရှိခဲ့သည်။

အချိန်နည်းပါးမှုကြောင့် သူ မသွားရသေးသော နေရာများစွာ ကျန်ရှိနေသေးသည်။

သို့သော် အထဲတွင် ပုန်းကွယ်နေသော နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရှိနေသည်ကို ရှန်ထျန်း သိနေသည်။

ရှန်ထျန်း စိတ်ကူးယဉ်နေမိသည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်က အရင်းအမြစ်များစွာကို အသုံးပြုလိုက်ပြီး လူအင်အား အများကြီးကို စေလွှတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ ပန်းတိုင်က မြောက်ပင်လယ်ကို အုပ်စိုးခြင်းထက် ပိုနေနိုင်သည်။

ဤနေရာတွင် သူတို့ကို ဆွဲဆောင်နေသော အရာတစ်ခုခု ရှိနေပုံပေါ်သည်။ ထို့ကြောင့်လည်း ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်အတွက် စတင်တိုက်ခိုက်ဖို့ ဖြစ်နိုင်ချေများသည်။

ရှန်ထျန်း ပထမဆုံးအကြိမ် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းထဲသို့ ဝင်ရောက်ခဲ့စဉ်က လျှို့ဝှက်နယ်မြေများဖြစ်သည့် နဂါးကျွန်းနှင့် ခွန်ပန်ကျောင်းဆောင်ကို ရှာတွေ့ခဲ့သည်။

နဂါးကျွန်းပေါ်ရှိ စွမ်းအားအစစ်အမှန်က တစ်စုံတစ်ခု၏ ထိန်းချုပ်မှု ခံထားရပြီး ထွက်သွားလို့မရနိုင် ဖြစ်နေလေသည်။

ထို့ကြောင့် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းက ထင်သလောက် မရိုးရှင်းကြောင်း သေချာလှသည်။

ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲကို ဝင်ဖို့အတွက် အလျင်မလိုပေ။

သူ ထိုကျွန်းပိုင်နက်ထဲသို့ ဝင်ပြီးသည်နှင့် တစ်ပြိုင်နက် ဘယ်လောက်ကြာကြာ သွားရမလဲဆိုတာကို ဘယ်သူမှ မသိပေ။

သူ အရင်ဆုံး ဖြေရှင်းရမည့် ကိစ္စတချို့ ရှိနေသေးသည်။

ထိုအခိုက်အတန့်တွင် သူ့နောက်ရှိ အာကာပြင် အစိတ်အပိုင်းများက တောက်ပလာကာ ရစ်ပတ်လာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူက ရှည်လျားသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက အရပ်ရှည်ကာ ကျက်သရေရှိလှပြီး ပိန်သွယ်သည့်အပြင် အရမ်းမောက်မာသော အရှိန်အဝါ ရှိနေသည်။

ရှန်ထျန်းက အံ့ဩစွာဖြင့် ပြောလိုက်သည်

“ ဘာလို့ ဒီကို ရောက်နေတာလဲ”

ထိုသူက အောင်းပင်း ဖြစ်သည်။

ရှန်ထျန်း ထွက်သွားသည်ကို မြင်ပြီးနောက် သူမလည်း ချက်ချင်းနောက်မှ လိုက်ခဲ့သည်။

အောင်းပင်းက အေးစက်စွာဖြင့် နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်

“ ရှင် ထွက်သွားတာ နှစ်တွေအများကြီး ကြာသွားပြီ။ ပြန်လာဖို့တော့ သတိရသေးသားပဲနော်”

ရှန်ထျန်း ပျောက်သွားသည့် အချိန်အတောအတွင်း အောင်းပင်း အရမ်းစိုးရိမ်နေခဲ့မိသည်။ အထူးသဖြင့် သူမ ရှန်အောင်းရွှယ်ကို ကိုယ်ဝန်လွယ်ထားစဉ်အချိန်တုန်းက ပိုမိုပူပန်ခဲ့သည်။

ရှန်ထျန်း ပြန်မလာခဲ့သည့်အခါ အောင်းပင်း စတင် ဒေါသထွက်လာတော့သည်။

ရှန်ထျန်းက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်

“ ကိုယ့်မှာ ရွေးချယ်စရာ မရှိခဲ့ဘူး”

သူက သူမကို ဟွမ်ထျန်း စစ်တုရင်ခုံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ အကြောင်းကို ပြောပြလိုက်သည်။

အောင်းပင်းက တခြားသူများနှင့် မတူဘဲ သူ့ကလေး၏ မိခင်ဖြစ်သည့်အတွက် သူမကို ချော့မော့ဖို့ လိုအပ်သည်။

သို့သော် ယခုလက်ရှိ ရှန်ထျန်း၏ လက်ရှိ စိတ်အခြေအနေအရ ခင်ပွန်းကောင်း တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မသိသေးပေ။

အောင်းပင်း၏ အေးစက်ခြင်းက အနည်းငယ် အရည်ပျော်လာလေပြီ

“ ရှင်က အကြမ်းခံတဲ့ ယောကျ်ားဆိုတာကိုသာ ကျွန်မ မသိထားရင် ရှင် သေသွားပြီလို့ပဲ တွေးနေမိမှာ”

“ ကိုယ် ဘေးကင်းကင်းနဲ့ ပြန်လာပြီ မဟုတ်လား”

ရှန်ထျန်းက ပြုံးရင်း ရှေ့တိုးလာကာ အောင်းပင်းကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ရင်းနှီးသော ထွေးပွေ့မှုကြောင့် အောင်းပင်း တုန်လှုပ်သွားသော်လည်း မရုန်းကန်ပေ။

သူတို့က နေဝင်ပြီး လထွက်လာသည်အထိ ဖက်ထားရင်း မတ်တပ်ရပ်နေကြသည်။

ညကောင်းကင်က တိတ်ဆိတ်နေပြီး ငွေရောင် လမင်းကလည်း လခြမ်းကွေးသဏ္ဌာန် ဖြစ်ပေါ်နေသည်။

တောက်ပသော လရောင်က သူတို့နှစ်ယောက်ပေါ် ဖြာကျနေကာ လှပသော ပုံရိပ်တစ်ခုကို ဖန်တီးပေးနေသည်။

အောင်းပင်းက နောက်ဆုတ်ကာ ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ရှင် နောက်ထပ် ဘယ်ကိုသွားမလို့လဲ”

ရှန်ထျန်း၏ ပြင်းပြသော ရည်မှန်းချက်များကြောင့် ဤနေရာမှာ မနေနိုင်ကြောင်းကို သူမ သိသည်။

ထို့အပြင် ပြင်ပလောကတွင် ကသောင်းကနင်းဖြစ်ခြင်းက မတည်ငြိမ်သွားသေးပေ။

အခု သူ့အချိန်ပဲ။ နယ်မြေငါးခုက သူ့ကို လိုအပ်နေတယ်

ရှန်ထျန်းက မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်သည်

“ ကိုယ် ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲကို အလည်သွားဖို့ စီစဉ်ထားတယ်”

ယခုလက်ရှိ ဖြစ်ပျက်နေသော ကိစ္စများအရ သူ့စွမ်းအားများကို မြှင့်တင်ပေးခြင်းက အလျင်အလိုဆုံး ကိစ္စဖြစ်သည်။ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်က အဲလိုလုပ်ဖို့ အသင့်တော်ဆုံးနေရာဖြစ်သည့်အတွက် သူ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ရှုပ်ထွေးပွေလီ အငွေ့အသက်ကို အသုံးပြုနိုင်သည်။

အောင်းပင်းက မေးလိုက်သည်

“ အလျင်လိုလား”

ရှန်ထျန်းက အံ့ဩသွားကာ မသေချာသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်

“ အရမ်းကြီးတော့ အလျင်မလိုပါဘူး”

အောင်းပင်းက အရှက်သည်းစွာဖြင့် ပြောလိုက်သည်

“ ဒါဆို ဒီလ ကျွန်မကို အဖော်လုပ်ပေး”

ရှန်ထျန်း ဘာမှပြန်မဖြေနိုင်သေးခင်မှာပင် အောင်းပင်းက သူ့ကို လေဟာနယ်ထဲသို့ ဆွဲခေါ်သွားသည်။

သူမ လက်ဝှေ့ယမ်းလိုက်သည့်အခါ အံ့ဖွယ်နဂါးစွမ်းအား ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်လုံးကို တောက်ပသော အလင်းတန်းက လွှမ်းခြုံသွားသည်။

ဗြိ…

အဝတ်အစား စုတ်ပြဲသံများ ထွက်ပေါ်လာသည်။

သူတို့နှစ်ယောက်ကို အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံထားသည်။ ဆူညံငြီးငြူသံများ အဆုံးမရှိ ထွက်ပေါ်လာကာ လေဟာနယ်တစ်ခွင် ပဲ့တင်ထပ်နေသည်။

တစ်လကြာပြီးနောက်…

ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ပေါ်ရှိ အာကာပြင် စုတ်ပြဲကာ ပွင့်ထွက်သွားပြီး ဧရာမ အက်ကြောင်းကြီး တစ်ခု ဖြစ်လာသည်။ ထို့နောက် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

တစ်ယောက်က စံထားထိုက်သော နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပသော အဖြူရောင်ကို ဝတ်ဆင်ထားပြီး သူ့နောက်တွင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ရှိသည်။ သူမက စိတ်ကူးယဉ်လို့ရသည်ထက် ကျော်လွန်ပြီး ကျက်သရေရှိနေကာ မျက်နှာမှာ ရှက်သွေးဖြာနေသည်။

ထိုနှစ်ယောက်က ရှန်ထျန်းနှင့် အောင်းပင်းတို့ ဖြစ်ကြသည်။

တစ်လတာ တိုက်ပွဲပြီးနောက် သူတို့နှစ်ယောက် ထွက်လာကြသည်။

ရှန်ထျန်း၏ အကြည့်တို့က တောက်ပပြီး တက်ကြွနေသည်။

အောင်းပင်းက စွမ်းအင်အများကြီး အသုံးပြုထားသကဲ့သို့ မောပန်းနွမ်းနယ်နေသည်။

ဒီတစ်ခေါက်တော့ ရှန်ထျန်း အသာစီးရပြီး လွှမ်းမိုးသူ နေရာကို ရလိုက်သည်။

ထို့ကြောင့် ရှန်ထျန်း ပျော်ရွှင်နေမိသည်။

အခု ကိုယ်က ဘယ်လောက်ထိ လွှမ်းမိုးနိုင်လဲဆိုတာကို မင်း သိလောက်ရောပေါ့

မင်းလိုမျိုး မိန်းမငယ်လေး ငါ့ကို လျှော့တွက်တာမျိုး မဖြစ်စေချင်ဘူး

သူမက ရှန်ထျန်း၏ အတွေးများကို သိနေသည့်ပုံစံဖြင့် အောင်းပင်းက သူ့ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။

သို့သော် ရှန်ထျန်း၏ အကြည့်ထဲတွင် သူမ၏ မျက်နှာထားက ဆွဲဆောင်မှု ရှိသောကြောင့် မဟုတ်တမ်း အတွေးများ မတွေးဘဲ မနေနိုင်တော့ပေ။

“ အစ်မကြီးပင်း နောက်ထပ် ကြိုးစားကြည့်ချင်သေးလား”

ရှန်ထျန်းက မျက်ခုံးကို ပင့်တင်ကာ ပြောလိုက်သည်။

အောင်းပင်းက ထိတ်လန့်စွာဖြင့် အလျင်အမြန် ပြန်ပြောလိုက်သည်

“ ကျွန်မမှာ ဖြေရှင်းစရာတွေ အများကြီး ရှိသေးတယ်။ နောက်တစ်ခါ ထပ်ပြီး  ပြောကြတာပေါ့”

စိတ်ထဲမှာ မငြီးတွားဘဲ မနေနိုင်တော့ပေ။

ဒီကောင်ဆိုးလေးကတော့ နှစ်ပေါင်းများစွာ ပျောက်သွားပြီးတော့ ဘာလို့ ဒီလောက်ထိတောင် လွှမ်းမိုးလာနိုင်ရတာလဲ

ငါ့မှာ အံ့ဖွယ်နဂါး ခန္ဓာတည်ဆောက်ပုံရှိနေတာတောင် ငါ နည်းနည်းပဲ တောင့်ခံနိုင်တယ်

ယောက်ျားတွေအနေနဲ့ အဲဒါကို မကြာကြီး မဖုံးကွယ်ထားသင့်ဘူး

ရှန်ထျန်းက ပခုံးတွန့်ပြလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ နောက်နေတာပဲ ဖြစ်ရမယ်

အမျိုးသမီးတစ်ယောက်၏ ရင်ခွင်က ညှို့ယူဖမ်းစားသော နေရာ ဖြစ်သော်လည်း ရှန်ထျန်း၏ ရည်မှန်းချက်က သူ့ကို ဒီမှာ ထပ်ပြီး အချိန်မဆွဲစေချင်တော့ပေ။

ယခုကဲ့သို့သော စိန်ခေါ်မှုများ ပြည့်နှက်နေသည့်အချိန်တွင် မိစ္ဆာဝိညာဉ်မျိုးနွယ်များကို ဆန့်ကျင်ပြီး ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက်သာ အာရုံစိုက်ထားရမည်ဖြစ်သည်။

သူက ဘယ်လိုလုပ်ပြီးတော့ တွေဝေထိုင်းမှိုင်းနေနိုင်မှာလဲ

အဟမ်း…

သူလည်း အနားယူဖို့ လိုအပ်သေးတယ်

ထိုအခိုက်အတန့်တွင် ရှန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူ တစ်စုံတစ်ခုကို သိရှိသွားသကဲ့သို့ လက်ယမ်းကာ ဟွမ်ထျန်း စစ်တုရင်ခုံကို ထုတ်ယူလိုက်သည်။

ထောင်ပေါင်းများစွာသော အလင်းတန်းများက အဘက်ဘက်သို့ ပျံ့နှံ့နေသည်။

အံ့ဖွယ်အလင်းတန်းက အိပ်ကပ် အရွယ်အစားရှိသည့် စစ်တုရင်ခုံကို ပတ်လည်ရစ်ပတ်နေပြီးနောက် စစ်တုရင်ခုံ ကြီးလာကာ မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။

မိစ္ဆာဝိညာဉ်တစ်ကောင်က ဟွမ်ထျန်း စစ်တုရင်ခုံထဲတွင် ပိတ်မိနေဆဲ ဖြစ်သည်။

ထိုသူက ထာဝရမိစ္ဆာဝိညာဉ် ဖြစ်သည်။

အချိန်တစ်လကြာပြီးနောက် ထာဝရမိစ္ဆာဝိညာဉ်က အစီအရင်၏ စွမ်းအားကို ပြန်လည် ခုခံနိုင်ခြင်း မရှိပေ။ သူ့ စွမ်းအင်များကလည်း ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။

အနက်ရောင်မြူခိုးက သူ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပြီး သူ့ဆံပင်က လုံးဝ ဖရိုဖရဲ ဖြစ်နေကာ အရမ်းသနားဖို့ကောင်းလှသည်။

ဒီလိုဆိုလျှင်ပင် ထာဝရ မိစ္ဆာဝိညာဉ် နံရံကို ဝင်တိုက်ပြီး လွတ်မြောက်ဖို့ နည်းလမ်းကို ရှာဖွေနေသည်။

သူက ထာဝရအရှင်ဖြစ်သော်လည်း ယခုလိုမျိုး ဆိုးရွားသော အခြေအနေနှင့် အဆုံးသတ်သွားရသည်။

ရှန်ထျန်းက ထိုမြင်ကွင်းကို ကြည့်နေပြီး အကြည့်ထဲတွင် သနားညှာတာမှုတို့ လုံးဝ ရှိမနေပေ။

အဘယ်ကြောင့်ဆိုသော မိစ္ဆာဝိညာဉ်မျိုးနွယ်က ဘာစာနာမှုနှင့်မှ မထိုက်တန်သောကြောင့် ဖြစ်သည်။

ဤမျိုးနွယ်က လူသားဆန်စိတ် လုံးဝ ပျောက်ဆုံးနေပြီဖြစ်သည်။  ရက်စက်ကြမ်းကြုတ်မှုတို့သာ ကျန်ရှိတော့သည်။

သူသာ အချိန်မှီရောက်လာပြီး ထာဝရမိစ္ဆာဝိညာဉ်ကို ကောင်းကင်စက်ဝန်း ကြယ်တာရာ အစီအရင်နှင့် မဖမ်းချုပ်နိုင်လိုက်ပါက မြောက်ပင်လယ်တစ်ခုလုံး ငရဲကျသလို ဖြစ်သွားမည်ဖြစ်ပြီး မိစ္ဆာဝိညာဉ်မျိုးနွယ်က မရေတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်လိမ့်မည်။

ရန်သူကို ကြင်နာပေးလိုက်တာက ကိုယ့်အပေါ်ကို ရက်စက်လိုက်တာပဲ

ဒီလိုမျိုး သွေးချောင်းစီးနေတဲ့အချိန်မှာ ဒါကို နားလည်ဖို့ မကြိုးစားတာက ဆိုးရွားတဲ့ သေဆုံးခြင်းကို ခံစားရစေနိုင်တယ်

ရှန်ထျန်း၏ တည်ရှိမှုကို သတိထားမိပြီး ထာဝရမိစ္ဆာဝိညာဉ်က အမုန်းတရားများ အပြည့်ဖြင့် ပြောလိုက်သည်

“ ကောင်စုတ်လေး ငါ့ရဲ့ မဟာစစ်တပ်က ဒီကမ္ဘာကို ဖျက်စီးဖို့အတွက် ကံကြမ္မာပါလာပြီးသား။ မင်းတို့က ဘာမှအရေးမပါတဲ့ ပုရွက်ဆိတ်လေးတွေ။ မင်းတို့က သေဖို့ပဲ ထိုက်တန်တယ်”

သူ၏ ဆိုးရွားသော အခြေအနေမှာပင် ထာဝရမိစ္ဆာဝိညာဉ်က ရူးနှမ်းစွာ လျှောက်ပြောနေဆဲဖြစ်သည်။

“ ခင်ဗျား ပြောတဲ့ အဲဒီနေ့ကို ရောက်လာမှာ မဟုတ်ဘူး။ အေးအေးချမ်းချမ်း သေလိုက်တော့” ရှန်ထျန်းက တည်ငြိမ်စွာ ပြောကာ လက်သီးဆုပ်လိုက်ပြီး အာကာပြင်တစ်ခုလုံးကို ဆွဲလိမ်လိုက်သည်။

အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းက ကောင်းကင်စက်ဝန်း ကြယ်တာရာ အစီအရင်မှ အလင်းဖြာထွက်လာပြီး တောက်ပနေသည်။

ကြီးမားသော စွမ်းအားကို ပေါင်းစည်းကာ အတူ ဖိနှိပ်လိုက်သည့်အခါ ထိုအာကာပြင်ကို လုံးဝခြေမွလိုက်သလို ဖြစ်သွားသည်။

ထာဝရမိစ္ဆာဝိညာဉ်က အရမ်းအားနည်းပြီးသားဖြစ်သည့်အတွက် အင်အားစုကို လုံးဝ ပြန်လည်ခုခံနိုင်ခြင်း မရှိပေ။ သူ့ ခန္ဓာကိုယ် ပေါက်ကွဲသွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေပြင်တစ်ခွင် ပျံ့နှံ့သွားသည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ထာဝရအရှင်က သေဆုံးသွားပြီဖြစ်သည့်အတွက် သူ၏ ပြာများကို ကမ္ဘာမြေသို့ ပြန်ပို့လိုက်သည်။

ထာဝရမိစ္ဆာဝိညာဉ် လုံးဝ သေဆုံးသွားသည်ကို မြင်လိုက်ရပြီးနောက် ရှန်ထျန်း လက်ဝှေ့ယမ်းကာ ဟွမ်ထျန်း စစ်တုရင်ခုံကို သိမ်းထားလိုက်သည်။

တိုက်ပွဲက နောက်ဆုံးတော့ ပြီးသွားပြီပဲ

မြောက်ပင်လယ်ကို ကျူးကျော်သော မိစ္ဆာဝိညာဉ်များ အားလုံး သေဆုံးသွားပြီဖြစ်သည်။

ရှန်ထျန်း ပျော်ရွှင်မှုကို ခံစားရမည့်အစား စိတ်လေးလံလာသည်။

ဒါက မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ ရှေ့ပြေးတပ် ဖြစ်တယ်ဆိုပေမဲ့လည်း ထာဝရမိစ္ဆာဝိညာဉ် တစ်ယောက်က ဦးဆောင်လာခဲ့တာ

ကျန်ရှိနေတဲ့ မိစ္ဆာဝိညာဉ်တပ်က ဘယ်လောက်တောင် ပိုပြီးတော့ ကြောက်ဖို့ ကောင်းလိုက်မလဲ

မိစ္ဆာဝိညာဉ်မျိုးနွယ်က လက်မလျှော့ဘဲ ဤကမ္ဘာကို ကျူးကျော်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေကြသည်။

ထို့နောက် သူတို့ အရေအတွက်နှင့် ခွန်အားပိုများသော စစ်တပ်အင်အားကို ရင်ဆိုင်ရမည်ဖြစ်သည်။

ရှန်ထျန်း၏ ကိုယ်ပိုင်စွမ်းအား တတ်နိုင်သမျှ မြန်မြန် တိုးတက်ဖို့ လိုအပ်သည်။ အဲဒီအခါမှသာ သူ့အနေဖြင့် မိစ္ဆာဝိညာဉ်မျိုးနွယ်ကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။

ထိုအတွေးကြောင့် ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း အတွင်းပိုင်းကို စိုက်ကြည့်လိုက်သည်။

လှုပ်ရှားရမဲ့အချိန်ရောက်ပြီ

အောင်းပင်းက ရှေ့တိုးသွားကာ တိုးလျသော အသံဖြင့် ပြောလိုက်သည်

“ ရှင် အခုထွက်သွားတော့မှာလား။ ဂရုစိုက်သွားနော်”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ အောင်းပင်းကို ဖက်လိုက်ပြီး ပြောသည်

“ ကိုယ် မကြာခင် ပြန်လာခဲ့မယ်နော်”

ထို့နောက် ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်း ပိုင်နက်ထဲသို့ ဝင်သွားသည်။

အောင်းပင်းက ရှန်ထျန်း ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ကာ ပြောလိုက်သည်

“ ရှင်က ဒီမျိုးဆက်ရဲ့ ကံကြမ္မာကို ချုပ်ကိုင်နိုင်သူဖြစ်လာမယ်လို့ ယုံကြည်တယ်”

ရှန်ထျန်း မိုင်ပေါင်း သန်းချီခရီးနှင်ပြီးမှသာ ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်အတွင်းသို့ ဝင်သွားလိုက်သည်။

ထိုနေရာက ထူထဲသော မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ကောင်းကင်တစ်ခွင်တွင် မြူခိုးများ အလိပ်လိပ်ထနေသည်။

ဤနေရာတွင်ရှိသော ရှုပ်ထွေးပွေလီ အငွေ့အသက်က အရမ်းပြင်းထန်ပြီး သက်ရှိထောင်ပေါင်းများစွာကို သတ်ဖို့အတွက် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

ထိုအရာနှင့် ထိတွေ့မိသူအားလုံးကို အရိုးသာကျန်သည်အထိ တိုက်စားသွားနိုင်သော်လည်း ရှန်ထျန်း အထဲသို့ အရှိန်ဖြင့် ဝင်သွားသည်။

ထိုအချိန်တွင် အကန့်အသတ်မဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက် ထွက်ပေါ်လာပြီး သူ့ကို လွှမ်းခြုံသွားသည်။

ရှန်ထျန်းက တောက်ပသော အလင်းတန်းဖြာထွက်နေကာ ငွေရောင် ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ့ ခန္ဓာကိုယ်မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေသည်။

နဂါးတစ်ကောင် ပင်လယ်ထဲတွင် ရေကူးနေသကဲ့သို့ သူ သက်တောင့်သက်သာ ဖြစ်နေသည်။

သိပ်သည်းသော ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ့ဆီ ဝင်ရောက်လာသည့်အခါ သူ့ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စုပ်ယူခံလိုက်ရပြီးနောက် ငွေခဲရောင်အဖြစ်သို့ ဖြည်းဖြည်းချင်း သန့်စင်ခံလိုက်ရသည်။

မကြာခင်မှာပင် ရှန်ထျန်းက ငြိမ်သက်သော ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားကာ ရှုပ်ထွေးပွေလီ အငွေ့အသက် စုပ်ယူခြင်းအပေါ်မှာသာ အာရုံစိုက်ထားလိုက်သည်။

သူ့ခေါင်းပေါ်တွင် ဧရာမ လေပွေလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ သူ့ ခန္ဓာကိုယ်က တွင်းနက်ကြီးကဲ့သို့ ဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးပွေလီ အငွေ့အသက်ကိုသာ စုပ်ယူနေတော့သည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်၏ သန့်စင်ခြင်းကို ခံရပြီးနောက် ရှန်ထျန်း၏ ခန္ဓာကိုယ်က ပိုမိုကြည်လင်လာကာ ကျောက်စိမ်းရုပ်ထုကဲ့သို့ တောက်ပနေသည်။

ရှန်ထျန်းက ငြိမ်ငြိမ်သာနေပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်၏ သန့်စင်ခြင်းကို ခံယူနေသည်။

သူ့ ခန္ဓာကိုယ် ပြောင်းလဲသွားကာ အမြင့်ဆုံးအဆင့်သို့ တက်လှမ်းနေသကဲ့သို့ ဆန်းကြယ်သော အက္ခရာစာများက သူ့ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ရစ်ပတ်နေသည်။

ထိုအချိန်တွင် ရှန်ထျန်း၏ စိတ်က ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲသို့ ရောက်ရှိနေသည်။

ရှုပ်ထွေးပွေလီ အငွေ့အသက်က ဤနေရာအထိ စိမ့်ဝင်ပျံ့နှံ့နေသည်။

ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက အစကတည်းက မိုင်ပေါင်းသန်းချီပြီး ရှိနေသော်လည်း ရှုပ်ထွေးပွေလီ အငွေ့အသက် ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ထပ်မံ ကျယ်ပြန့်သွားပြန်သည်။

မိုင်ပေါင်း နှစ်သန်းမှ သုံးသန်းအထိ ကျယ်ပြန့်သွားကာ…

ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာတစ်ခုလုံးက ကျယ်ပြန့်သွားကာ အကန့်အသတ်မဲ့သွားသည်။

ကမ္ဘာငယ်တစ်ခု ဖြစ်သွားပြီး သိသာထင်ရှားသော အရွယ်အစားအထိ ကြီးထွားသွားသည်။

ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲတွင် ကြည်လင်တောက်ပနေသော စွမ်းအင်လုံး နှစ်လုံး ရှိနေဆဲ ဖြစ်သည်။

သူတို့က ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ဆက်တိုက် ဝါးမျိုနေသည့်အတွက် ပိုမိုတောက်ပလာသည်။ သူတို့၏ အသက်အရှိန်အဝါကလည်း ပိုမိုပြီး အားကောင်းသည်ထက် အားကောင်းလာသည်။

စွမ်းအင်လုံး နှစ်လုံး၏ စုပ်ယူခြင်းကို ခံလိုက်ရသည့်အတွက် တစ်ဝက်ထက်ပိုသော ရှုပ်ထွေးပွေလီ အငွေ့အသက်က ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာထဲသို့ စိမ့်ဝင်နေသည်။

သူတို့ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ပိုမို စုပ်ယူလေ‌လေ စွမ်းအင်လုံး နှစ်လုံးက ပိုမို ကြီးထွားလာလေလေဖြစ်သည်။ အလင်းတန်းများက အဘက်ဘက်သို့ ဖြာထွက်သွားကာ သူတို့၏ အရှိန်အဝါက နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ဂျွတ်

စွမ်းအင်လုံးနှစ်ခု ရုတ်တရက် ကွဲအက်သွားကာ ပေါက်ကွဲစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိတ်လန့်စရာကောင်းသော လှိုင်းများကို ထုတ်လွှတ်နေသည်။

သဘာဝစည်းမျဉ်းများ ပြိုလဲသွားကာ ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားသည်။

တောက်ပသော အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာကာ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

အလင်းတန်းနှင့် ထိတွေ့သည့်နေရာတိုင်းတွင် ပုံစံမျိုးစုံနှင့် အရွယ်အစားမျိုးစုံသော ပုံရိပ်သဏ္ဌာန်များ ထွက်ပေါ်လာသည်။

ပြိုင်ဘက်ကင်း ပညာရပ်များနှင့် ကျမ်းများကလည်း ဆန်းကြယ်ပြီး နားလည်ရခက်ခဲလှသည်။

နတ်ဘုရားများ၏ ရွတ်ဆိုသံနှင့် ကောင်းကင်တာအို၏ သံစဉ်တို့က ရှန်ထျန်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေသည်။

ထိုမြင်ကွင်းကြောင့် ရှန်ထျန်း၏ အကြည့်တို့ တောက်ပသွားသည်။

သူက ဒီစွမ်းအင်လုံး နှစ်လုံးကို သူ့ခန္ဓာကိုယ်ထဲတွင်ထားကာ နှစ်ပေါင်းများစွာ ရှုပ်ထွေးပွေလီ အငွေ့အသက်များစွာကို စုပ်ယူရင်း ကျင့်ကြံခဲ့ရတာ… သူတို့ ဘယ်လိုစွမ်းအားတွေ ရှိနေလောက်လဲ

စွမ်းအားကြီး စွမ်းအင်နှစ်မျိုး ထွက်ပေါ်လာသည်။

တစ်ခုက လွန်ကဲသော နေ၏ စွမ်းအား ယန်စွမ်းအင် ဖြစ်ပြီး စိတ်ကူးနိုင်သည်ထက် လောင်မြိုက်နေသည်။

အလွန်ပူပြင်းသော အံ့ဖွယ်မီးတောက်က ကောင်းကင်နှင့် မြေကြီးကို လင်းလက်တောက်ပသွားစေသည်။

နောက်ထပ် တစ်ခုက လ၏ စွမ်းအား ယန်စွမ်းအင်ဖြစ်ပြီး အေးစက်တောက်ပနေသည်။

ငွေရောင် အလင်းတန်းအလွှာက ကောင်းကင်မှ ကျလာကာ တောက်ပသော လအလင်းရောင်အောက်တွင် ဆင်းသက်သွားသည်။

ချုံငုံကြည့်လိုက်ပါက ကောင်းကင်တွင် တောက်ပသော နေနှင့် ငွေရောင် လကို တွေ့နိုင်သည်။

စွမ်းအင်နှစ်ခုလုံးက ရစ်ပတ်နေကာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသည်။

နေနှင့် လ၊ ယင်နှင့် ယန်တို့၏ စွမ်းအားက ဆန့်ကျင်ဘက်ဖြစ်သော်လည်း ပူးပေါင်းလိုက်သည့်အခါ အသက်ဓာတ်ကို ဖန်တီးနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

တောက်ပသော ယန်က ကောင်းကင်ကဲ့သို့ ဖြစ်သွားကာ မှေးမှိန်သော ယင်က ကမ္ဘာမြေကြီးကဲ့သို့ ဖြစ်သွားသည်။ သူတို့၏ စွမ်းအင်များက သဘာဝလောက၏ စည်းမျဉ်းများကို အဆုံးမဲ့စွာ ပြီးပြည့်စုံစေပြီး သူတို့ကို ပြီးပြည့်စုံခြင်းသို့ တွန်းပို့နေသည်။

ရှန်ထျန်း ပုခုံးတွန့်လိုက်သည့်အခါ သူ့မျက်လုံးထဲရှိ မီးတောက်က ပြင်းထန်လာသည်။

ဒီစွမ်းအင်က မွေးရာပါ ယင်ယန်နှစ်ဆ အရှိန်အဝါလား

ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက ကမ္ဘာအစစ်အဖြစ် လုံးဝ ပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး

ဒါပေမဲ့ ဒါနဲ့တင် မပြီးသေးဘူး

ဒီစွမ်းအင်က စွမ်းအားအသစ် ဖြစ်လာမှာလား

All Chapters