ကံကြမ္မာ၏ စွမ်းအား
Vol. 33 Ch. 485
အခန်း (၄၈၅) : ကံကြမ္မာ၏ စွမ်းအား
ရှန်ထျန်း သဘောတူလိုက်သည့်အတွက် မျိုးနွယ်စုနှစ်ခုလုံးက ဝမ်းသာသွားကြသည်။
ကျူးကောစစ်မာက ထခုန်မိမတတ် စိတ်လှုပ်ရှားနေသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် သူတို့နှင့်အတူ လိုက်လာသည့်အတွက် သူတို့ ဆန်းကြယ်အံ့ဖွယ်ကျွန်းကို ရှာတွေ့ပြီး အထွတ်အထိပ် အမွေအနှစ်ကို ရမှာ သေချာသည်။
ကံကြမ္မာသားတော်ဆိုသော ဂုဏ်ပုဒ်က အလကားရလာခြင်း မဟုတ်ပေ။ မရေတွက်နိုင်သော ဥပမာနောက်ခံများရှိသည့် ကြံ့ခိုင်သော ဂုဏ်ပုဒ်တစ်ခု ဖြစ်သည်။
ကျူးကောယွမ်နှင့် စစ်မာချန်တို့က အချင်းချင်းကြည့်ကာ နှုတ်ခမ်းမွေးများသပ်ကာ ပြုံးရင်း ပြောလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်နဲ့အတူ ခရီးထွက်ခွင့်ရလို့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်”
ရှန်ထျန်း၏ တိုက်ပွဲစွမ်းရည်က ပြိုင်ဘက်ကင်းပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်ကို လျစ်လျူရှုထားနိုင်သည်။
ရှန်ထျန်းသာ သူတို့ကို စောင့်ရှောက်ပေးပါက ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်ထဲတွင် ကြုံတွေ့ရမည့် အန္တရာယ်များအကြောင်းကို စိတ်ပူစရာမလိုပေ။
မျိုးနွယ်စုနှစ်ခု၏ တခြားတပည့်များက တူညီစွာ စိတ်လှုပ်ရှားနေကြသည်။
အထူးသဖြင့် ကျူးကောမုန့်နှင့် စစ်မာရွှယ်တို့က ပိုမိုစိတ်လှုပ်ရှားနေကြသည်။
သူတို့ အပျော်လွန်သွားကာ သူတို့၏ မျက်နှာများတွင် ချစ်ကျွမ်းဝင်မှုများဖြင့် ပြည့်နှက်နေသည်။
ဒါက အရမ်းကောင်းတယ်… အရမ်းကောင်းတယ်
ဒါမှ ငါလည်း အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို ဆက်လက်ရှုစားလို့ရမှာ
ဒီခရီးကတော့ သေချာပေါက် ပျင်းဖို့ကောင်းမှာ မဟုတ်တော့ဘူး
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က သက်တမ်း၂၀၀ လောက်ပဲ ရှိသေးတာဆိုတော့ သူက ငါတို့ရဲ့ အသက်ကွာဟမှုကို ဂရုစိုက်လားဆိုတာ သိချင်လိုက်တာ
ငါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ဝင်နိုင်ရင်ကောင်းမယ်
ဒါဆိုရင် ရှေ့လျှောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ ချောမောတဲ့မျက်နှာကို နေ့တိုင်း တွေ့နိုင်ပြီ
ကျူးကောယွမ်က ရှေ့တိုးသွားကာ ဖိတ်ခေါ်လိုက်သည်
“ ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့ပါ ဂိုဏ်းချုပ်ရှန်ထျန်း”
သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ယာဉ်ပျံ၏ အစီအရင်အလင်း မျက်နှာပြင် ပွင့်သွားကာ ရှန်ထျန်းကို အထဲဝင်ဖို့အတွက် ဖိတ်ခေါ်လိုက်သည်။
“တာအိုကျင့်ကြံသူ ကျူးကောကို ကျေးဇူးတင်ပါတယ်”
ရှန်ထျန်း ခေါင်းညိတ်ပြကာ အဖြူရောင်ဝတ်ရုံက လေယူရာအတိုင်း ယိမ်းနွဲ့နေသည်။
သူ ဖြတ်သန်းသွားသည့်နေရာတွင် ရှုပ်ထွေးပွေလီ အငွေ့အသက်က နောက်သို့ ဆုတ်သွားကာ ယာဉ်ပျံပေါ်သို့ ဘေးကင်းစွာ ရောက်ရှိသွားသည်။
မျိုးနွယ်စုနှစ်ခု၏ အကြည့်ထဲမှ အံ့ဩမှုက ပိုမိုပြင်းထန်လာပြီး သူတို့၏ ရွေးချယ်မှုက မှန်ကန်သည်ဟု ခိုင်မာစွာ ယုံကြည်ထားကြသည်။
ရှန်ထျန်းနှင့်အတူ သွားသောခရီးက အရမ်းလွယ်ကူမည်ဆိုတာ သေချာသည်။
ရှန်ထျန်း၏ ရှုပ်ထွေးပွေလီ အငွေ့အသက်တစ်ခုထဲကို သီးခြားခွဲထုတ်သည့် စွမ်းရည်ကပင် ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။
“ ရွက်လွှင့်ကြ”
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
လေသင်္ဘောက ပင်လယ်၏ နက်ရှိုင်းသောအပိုင်းသို့ဝင်သွားသည်။
သို့သော် သူတို့လမ်းကို ထပ်မပျောက်ခင်တုန်းက ခပ်ဝေးဝေးသို့ မသွားခဲ့ပေ။
ပတ်ဝန်းကျင်တစ်ခုလုံးကို မြူခိုးများဖြင့် ဖုံးလွှမ်းထားပြီး အားလုံး၏ အမြင်ကို ပိတ်ဆို့ထားသည်။
သူတို့က လမ်းကြောင်းကို သေချာမမြင်ရသည့်အတွက် ယာဉ်ပျံကို ခဏတာရပ်တန့်ထားလိုက်သည်။
“ အကြီးအကဲ ကျွန်တော်တို့ နောက်ထပ် ဘယ်ဖက်ကို သွားရမလဲ”
ပဲ့ထိန်းတွင် တာဝန်ကျနေသော တပည့်က လက်လွတ်စပယ် မလုပ်ရဲပဲ မေးခွန်းတစ်ခုမေးလိုက်သည်။
ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်ထဲတွင် တစ်စုံတစ်ယောက်၏ တည်နေရာနှင့် ဦးတည်ရာကို အာရုံခံနိုင်စွမ်းက အရမ်းအရေးပါသည်။ ဦးတည်ချက်အမှားကို ရွေးချယ်မိသွားပါက အင်မတန်အန္တရာယ်များလှသည်။
သူတို့ အပြင်ဘက်နယ်မြေတွင် တစ်လတာ လမ်းပျောက်ပြီး အချိန်ဖြုန်းသလို ဖြစ်သွားခြင်းကလည်း လမ်းကြောင်းအမှားကို ရွေးချယ်မိခဲ့ခြင်းကြောင့်ဖြစ်သည်။
စစ်မာချန်က အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်
“ ခဏစောင့်ပြီးတော့ ငါ အရင်ဆုံး ဓာတ်ငါးပါး ဆန်းကြယ်ပညာရပ်ကို အသုံးပြုပြီးတော့ ဆန်းကြယ်အံ့ဖွယ်ကျွန်းရဲ့ တည်နေရာကို ကောက်ချက်ချတာကို စောင့်ဦး”
ဓာတ်ငါးပါး ဆန်းကြယ်ပညာရပ်က စစ်မာမျိုးနွယ်၏ အမွေအနှစ် လျှို့ဝှက်ပညာရပ်ဖြစ်ပြီး သိမြင်နားလည်ခြင်းအပေါ် မူတည်ပြီး တည်နေရာကို ထောက်လှမ်းနိုင်သည်။
ကျူးကောယွမ်က နှုတ်ခမ်းကို ဖိကိုက်ကာ ပြောလိုက်သည်
“ လုပ်ပါကွာ
မင်းတို့ရဲ့ စစ်မာမျိုးနွယ် အားနည်းတဲ့ပညာရပ်ရှိပြီးတော့ ကိုယ့်ကိုယ်ကို သိက္ခာကျအောင် လုပ်ရဲသေးတယ်ပေါ့။
ငါတို့ရဲ့ တည်နေရာကို ဆုံးဖြတ်ဖို့အတွက် ငါ့ရဲ့ ရှစ်မြှောင့်ထောင့် ပါကွား ဆန်းကြယ်ပညာရပ်ကို အသုံးပြုလိုက်မယ်”
စစ်မာချန် လမ်းကို ဦးဆောင်ချင်သည်ဟု ကြားသည့်အခါ ကျူးကောယွမ်က ချက်ချင်း ထွက်ပြောသည်။
ဓာတ်ငါးပါး ဆန်းကြယ်ပညာရပ်က သူတို့ ကျူးကောမျိုးနွယ်ရဲ့ ရှစ်မြှောင့်ထောင့် ပါကွား ဆန်းကြယ်ပညာရပ်ကို ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ
စစ်မာချန် ထိုအကြောင်းကို ကြားလိုက်သောအခါ ဒေါသထွက်သည့်အတွက် မျက်လုံးများ ပြူးကျယ်လာသည်
“ စောစောက ငါတို့အချိန်တွေ အများကြီး ကုန်ခဲ့တာက မင်း လမ်းပြလို့ ဖြစ်ခဲ့တာလေ။
မင်းက ဒီမှာ ပြဿနာထပ်ပြီးတော့ ရှာရဲသေးတယ်ပေါ့လေ။ ငါတို့ကို ထပ်ပြီး လမ်းပျောက်သွားစေချင်လို့လား”
ကျူးကောယွမ်က စစ်မာမျိုးနွယ်ကို ထပ်ပြီးတော့ အထင်သေးနေသည့်အတွက် စစ်မာချန်က ချက်ချင်း ပြန်ပြောလိုက်ခြင်းဖြစ်သည်။
အကြီးအကဲ ကျူးကော၏ မျက်နှာ ဒေါသကြောင့် အနည်းငယ်နီရဲလာရင်း ပြောလိုက်သည်
“ စောနက မတော်တဆမှုသက်သက်ပဲ။ အခု ငါကိုယ်တိုင် သုံးနေပြီဆိုတော့ သေချာပေါက် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။
မင်းတို့ရဲ့ စစ်မာမျိုးနွယ်ရဲ့ စုတ်ပြတ်နေတဲ့ လျှို့ဝှက်ပညာရပ်ကလည်း အသုံးမဝင်ဘူး မဟုတ်လား။
မဟုတ်ရင် တစ်လကြာပြီးတာတောင် ဘယ်လိုလုပ်ပြီးတော့ လမ်းကို မတွေ့ပဲ နေပါ့မလဲ”
စစ်မာချန်က ဒေါသထွက်စွာဖြင့် ပြောလိုက်သည်
“ အဖိုးကြီး တိုက်ခိုက်ချင်နေတာလား”
ကျူးကောယွမ်က စစ်မာမျိုးနွယ်ကို အထင်သေးနေသည်ကို တွေ့လိုက်ရသည့်အခါ စစ်မာချန်က ဒေါသထွက်သွားသည်။
ကျူးကောယွမ်က အင်္ကျီလက်ကို ခေါက်တင်ကာ ပြောလိုက်သည်
“ ဒါဆိုလည်း ငါတို့ တိုက်ခိုက်ရအောင်လေ။ ငါ မင်းကို ကြောက်မယ်လို့များ ထင်နေလား”
သူတို့နှစ်ယောက်ကို ကြည့်ခြင်းအားဖြင့် စကားပြောခွင့်ရဖို့အတွက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
သူတို့ဘေးတွင် ကျူးကောစစ်မာက နှုတ်ခမ်းထောင့်များကို တွန့်ချိုးလိုက်သည်။
ဤကိစ္စ လွယ်လွယ်ပြီးသွားမည်မဟုတ်မှန်း သူ သိသည်။
ဤဘိုးဘေးနှစ်ယောက်က နှစ်ပေါင်းတစ်သောင်းကြာ တိုက်ခိုက်ခဲ့ပြီး တစ်ယောက်နှင့် တစ်ယောက် အလျှော့မပေးချင်ကြပေ။
ပုံမှန်အခြေအနေမှာသာဆိုလျှင် ဘာမှမဖြစ်သော်လည်း ယခုက ရှုပ်ထွေးပွေလီ ကြယ်တာရာ ပင်လယ်၏ အလယ်တွင် ရောက်နေသလို အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လည်း ရှိနေသည်။
ငါ့ရဲ့ ဘိုးဘေးနှစ်ယောက်တို့ အခုချိန်မှာ ဒီလိုမျိုး လုပ်ဖို့ သင့်ရဲ့လား
မယုံနိုင်စရာပဲ
သူတို့နှစ်ယောက်က စတင်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် ကျူးကောစစ်မာအနေဖြင့် သူတို့ကို အလျင်အမြန် ဖျောင်းဖျဖို့အတွက် ကြိုးစားလိုက်သည်
“ ဘိုးဘေးနှစ်ယောက်လုံး ဘာလို့ ကြိုးစားမကြည့်ကြတာလဲ”
ဓာတ်ငါးပါး ဆန်းကြယ်ပညာရပ်နှင့် ရှစ်မြှောင့်ထောင့် ဆန်းကြယ်ပညာရပ်နှစ်ခုလုံးက နဂါးချပ်ဝတ် ကောင်းကင်ကျမ်းဆီမှ ဆင်းသက်လာခြင်းဖြစ်သည်။
နှစ်ခုလုံးက တူညီသော အရင်းအမြစ်မှ ဆင်းသက်လာသည့်အတွက် ကြီးကြီးမားမား ခြားနားချက် မရှိနိုင်ပေ။
လမ်းကြောင်းမှန် ရရှိဖို့အတွက် အစီအရင်များမှ သူတို့၏ ရရှိမှုနှင့် လျှို့ဝှက်ပညာရပ်များတွင် ကျွမ်းကျင်မှုတို့အပေါ်တွင် မူတည်သည်။
ကျူးကောယွမ်နှင့် စစ်မာချန်တို့ကလည်း လုပ်နိုင်စွမ်း တူညီသည့်အတွက် ခြားနားချက် သိပ်မရှိပေ။
ထိုအကြောင်းကို တွေးမိလိုက်သည့်အခါ ကျူးကောစစ်မာက စိုးရိမ်ကြောင့်ကြနေမိသည်။ ဤအဖိုးကြီး နှစ်ယောက်က သူ့ကို ခက်ခဲအောင် လုပ်နေသည်ဟု သူခံစားလာရသည်။
“ ကောင်းပြီလေ မင်းကို ဒီနေ့ အတွေ့အကြုံရအောင် လု်ပပေးလိုက်မယ်”
ကျူးကောယွမ်က လမ်းလျှောက်ထွက်လာကာ ရှေးဟောင်း ရှစ်မြှောင့်ထောင့် ပါကွား သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။
ထိုရှစ်မြှောင့်ထောင့် ပါကွား သံလိုက်အိမ်မြှောင်က ရိုးရှင်းပြီး တန်ဆာဆင်ထားခြင်း မရှိပေ။ ထိုပေါ်တွင် ထူးဆန်းသော ပိုင်နက်အစီအရင် အုတ်မြစ်ကျောက်တုံးများ မြုပ်ဝင်နေပြီး အရှိန်အဝါက အကန့်အသတ်မဲ့လှသည်။
ကျူးကောယွမ်က လက်ဟန်များလုပ်ကာ ရှစ်မြှောင့် ပါကွား ဆန်းကြယ်ပညာရပ်များကို အသုံးပြုလိုက်သည်။
ထိုအချိန်တွင် တောက်ပသော အလင်းတန်းက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
ရှစ်မြှောင့် ပါကွား သံလိုက်အိမ်မြှောင်မှ အံ့ဖွယ်အလင်းတန်းက တိမ်တိုက်များထဲသို့ ထိုးဖောက်သွားကာ ကောင်းကင်ဘုံ ကိုးခုရှိ တိမ်တိုက်များကို မွှေနှောက်နေသည်။
တစ်ချိန်တည်းမှာပဲ ဧရာမ ရှစ်မြှောင့်ထောင့်ပါကွားကလည်း ကျူးကောယွမ်၏ နောက်တွင် ထွက်ပေါ်လာသည်။ နတ်သင်္ကေတတစ်သောင်းနှင့် စည်းမျဉ်းများက ရှေ့သိုး တိုးထွက်လာသည်။
သူက ရှေးကျနက်နဲသော ဂါထာများကို ရွတ်ဆိုနေရင်း သူ့မျက်နှာထားက အင်မတန် တည်ငြိမ်နေသည်။
ဧရာမ ရှစ်မြှောက်ထောင့် ပါကွား သံလိုက်အိမ်မြှောင်က လျင်မြန်စွာ လည်ပတ်နေပြီး အင်မတန် တောက်ပနေကာ အဆုံးမဲ့ အံ့ဖွယ်စွမ်းအင်ကို လွှတ်ထုတ်နေသည်။
သူ့ ဘေးပတ်လည်ရှိ စိတ်ဝိညာဉ် အရှိန်အဝါထွက်ပေါ်လာကာ မြူခိုးကို တစ်စစီဖြစ်အောင် လုပ်ပေးလိုက်သည်။
နောက်ဆုံးတွင် ရှစ်မြှောင့်ထောင့် ပါကွား သံလိုက်အိမ်မြှောင်က ဘယ်ဖက်သို့ ညွှန်ပြသွားသည်။
ကျူးကောယွမ်က ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေပြီး ပြောလိုက်သည်
“ ဆန်းကြယ်အံ့ဖွယ်ကျွန်း ရှိတဲ့နေရာက အနောက်ဖက်ပဲ”
သူ့မိသားစု၏ လျှို့ဝှက်ပညာရပ်က အရမ်းစွမ်းအားကြီးပြီး မမှားနိုင်ဘူးဟု သူတို့ ခိုင်မာစွာ ယုံကြည်ထားသည်။
စစ်မာချန်က ရှေးဟောင်း ဓာတ်ငါးပါး သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။
ဓာတ်ငါးပါး သံလိုက်အိမ်မြှောင်က တောက်ပလာပြီး မတူညီသော ဓာတ်များပါဝင်သည့် ထူးခြားသည့် ကျောက်တုံးများ နစ်မြုပ်ထားသည်။ သူတို့၏ စွမ်းအားက ပြည့်စုံသွားပြီး အချင်းချင်း တွေ့ဆုံသွားကာ အင်မတန် မှော်ဆန်သွားပုံပေါ်သည်။
စစ်မာချန်က ဓာတ်ငါးပါး သံလိုက်အိမ်မြှောင်ကို အသက်သွင်းဖို့အတွက် ပညာရပ်ကို ထုတ်သုံးလိုက်သည်။
ဓာတ်ငါးပါး အံ့ဖွယ်အလင်းတန်းများက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လင်းလက်သွားစေသည်။
ထိုအချိန်တွင် ဧရာမ ဓာတ်ငါးပါး သံလိုက်အိမ်မြှောင်က လေဟာနယ်ထဲတွင် ပေါ်လာကာ ကောင်းကင်ဘုံကို ထွန်းလင်းတောက်ပသွားစေသည်။
ဓာတ်ငါးပါး သံလိုက်အိမ်မြှောင်က လျင်မြန်စွာ လည်ပတ်သွားစေကာ တောက်ပသော အံ့ဖွယ်အလင်းတန်းက အဘက်ဘက်သို့ ပျံ့နှံ့သွားစေသည်။
အရောင်ငါးခု၏ အလင်းတန်းက ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်သွားကာ သိပ်သည်းသော အလင်းကို ထုတ်လွှတ်ပေးနေသည်။
နောက်ဆုံးတွင် အံ့ဖွယ်အလင်းတန်းငါးခု ဆုံစည်းသွားကာ ညာဖက်သို့ ညွှန်ပြနေသည်။
စစ်မာချန်က သာမန်မျက်နှာထားဖြင့် ပြောလိုက်သည်
“ အဓိပ္ပာယ်မရှိတာ။ အရှေ့ဖက်ကမှ ဆန်းကြယ်အံ့ဖွယ်ကျွန်းရှိတဲ့နေရာပါ”
ကျူးကောယွမ်က ခြေလှမ်းကြီးကြီးလှမ်းကာ သံသယရှိသော အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်
“ မဖြစ်နိုင်ဘူး။ ငါ ရတဲ့ တည်နေရာက သေချာပေါက် အနောက်ဖက်ပဲ”
စစ်မာချန်က ချောင်းဟန့်လိုက်သည်
“ ဘာကို မဖြစ်နိုင်ရမှာလဲ။ လူယုတ်မာ မင်းက အမြဲတမ်း အမှားတွေ လုပ်နေတာပဲ။ ဒါက ပထမဆုံး အကြိမ်မှ မဟုတ်တော့တာ”
ကျူးကောယွမ်က ဒေါသထွက်စွာဖြင့် စစ်မာချန်ကို လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်
“ မင်းက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ။
ငါက ရှစ်မြှောင့်ထောင့် ပါကွား ဆန်းကြယ်ပညာရပ်ကို နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာတာ။ ငါက ဘယ်လိုလုပ်ပြီးတော့ အမှားလုပ်မှာလဲ။
မင်း ကောက်ချက်ချတာ မှားနေပြီ”
စစ်မာချန်က စိတ်ပူပန်စွာဖြင့် ပြောလိုက်သည်
“ ငါတို့စစ်မာမျိုးနွယ်ရဲ့ ဓာတ်ငါးပါး ဆန်းကြယ်ပညာရပ်က မင်းတို့ရဲ့ ရှစ်မြှောင့်ထောင့် ပါကွား ဆန်းကြယ်ပညာရပ်ထက် ပိုပြီးတော့ အားကောင်းတယ်။
ဆန်းကြယ် အံ့ဖွယ်ကျွန်းက သေချာပေါက် အရှေ့ဖက်မှာပဲ ရှိမှာပဲ”
ကျူးကောယွမ်က လက်ယမ်းပြကာ နိုင်လိုမင်းထက်ပြုသော အပြုအမူဖြင့် ပြောလိုက်သည်
“ ဒါ မဖြစ်နိုင်ဘူး။ ငါ့ကို မင်းရဲ့ သာမန်အရည်အချင်းတွေနဲ့ ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ။ အဲဒါက အနောက်ဖက်မှာဆိုတာ ငါ လောင်းရဲတယ်”
စစ်မာချန်က သူ့ကို စကားပြောရင်း အချိန်မကုန်နိုင်သည့်အတွက် မာလိန်မှူးကို အမိန့်ပေးလိုက်သည်
“ စစ်မာကန် … အရှေ့ဖက်ကို ဦးတည်လိုက်”
ကျူးကောယွမ်က သူ့ကို ရပ်တန့်ဖို့အတွက် အလျင်အမြန် ရှေ့တိုးသွားကာ ပြောလိုက်သည်
“ မဟုတ်သေးဘူး ငါတို့ ဒီတစ်ခါ အနောက်ကို သွားရမယ်”
သို့သော် စစ်မာချန်က သူ့ကို စိုက်ကြည့်ကာ လှောင်ရယ်ရင်း ပြောလိုက်သည်
“ သူက မင်းကို ဂရုစိုက်မယ်လို့များထင်နေလား။ သူက ငါတို့ စစ်မာမျိုးနွယ်ရဲ့ တပည့်”
ကျူးကောယွမ်က အော်ပြောလိုက်သည်
“ မင်း လှုပ်ရဲရင် ငါ့အဆိုးမဆိုနဲ့”
စစ်မာချန် ဘာပြန်ပြောရမယ်မှန်း မသိတော့ပေ။
စစ်မာကန် စိတ်ရှုပ်ထွေးပြီး ဘယ်သူ့စကား နားထောင်ရမယ်မှန်းပင် မသိတော့ပေ။
တစ်ယောက်က သူ၏ ဘိုးဘေးဖြစ်ပြီး နောက်တစ်ယောက်က တခြားသူ၏ ဘိုးဘေးဖြစ်သည်။
နည်းလမ်းတကျပြောရလျှင် သူ့အနေဖြင့် သူ့ဘိုးဘေးစကားကို နားထောင်သင့်သည်။
သို့သော် ကျူးကောယွမ်က စကားပြောလို့ကောင်းသည့်သူတစ်ယောက် မဟုတ်ပေ။ သူ စိတ်တိုလာပါက သူ ရိုက်နှင်ခံရနိုင်သည်။
သူကလည်း သူတို့နှစ်ယောက်လုံးကို မဆန့်ကျင်နိုင်ပေ။
ကျူးကောစစ်မာလည်း မျက်နှာမကောင်းတော့ပေ။
သူ့ဘိုးဘေးနှစ်ယောက်လုံးက ဤနေရာမှာပင် အချင်းချင်း ငြင်းခုန်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူတို့ တစ်ခါလောက်တောင် တစ်ခုခုအတွက် သဘောထား မတူညီနိုင်ဘူးလား
သူက ရိုးသားစွာဖြင့် ပြောလိုက်သည်
“ ဘိုးဘေးတို့ ကျွန်တော်တို့ အချိန်သိပ်မကျန်တော့ဘူး။ လမ်းကြောင်းမြန်မြန်ရွေးပြီး ထွက်ခွာရအောင်”
သူတို့၏ စွမ်းအင်လက်ကျန်များအရ အများဆုံး ဆယ်ရက်သာ ခံနိုင်တော့သည်။ သူတို့သာဆက်ပြီး အချိန်ဆွဲနေပါက တကယ် သေသွားနိုင်သည်။
စစ်မာချန်က ချောင်းဟန့်ကာ ပြောလိုက်သည်
“ အဲဒါဆိုရင်တော့ ငါတို့ အကဲဖြတ်ပေးမဲ့သူ တစ်ယောက်ရှာပြီးတော့ သူ့ကို ရွေးချယ်ခိုင်းလိုက်ရအောင်”
ကျူးကောယွမ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကောင်းပြီလေ ဒါဆိုရင် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ငါတို့ရဲ့ အကဲဖြတ်သူ လုပ်ခိုင်းရအောင်”
“ ဘယ်သွားရမလဲဆိုတာ သူ့ကို ဆုံးဖြတ်ခိုင်းလိုက်မယ်”
သူတို့ အငြင်းပွားသည်ကို မရပ်တန့်နိုင်ဘဲ ဆက်လုပ်နေပါက အချိန်ဆွဲသလိုဖြစ်မည်ကို သိနေသည်။
ထို့ကြောင့် ရှန်ထျန်း၏ ထင်မြင်ချက်ကို ရှာဖို့အတွက်က ပိုပြီးတော့ သင့်တင့်သည်။ သူတို့၏ ထင်မြင်ချက်အရ ရှန်ထျန်းက အစီအရင်အကြောင်းကို မသိဘူးဟု ထင်ထားသည်။
ယခုက သူတို့၏ ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည့်အတွက် ဆုံးဖြတ်ချက်က မျှတမည်ဟု ခံစားရသည်။
ထို့အပြင် ရှန်ထျန်းက ကံကြမ္မာသားတော်ဖြစ်သည့်အတွက် သူ့ရွေးချယ်မှုက မမှားနိုင်ပေ။
ရှန်ထျန်းက သူတို့၏ စကားများကြောင့် ရယ်ရမလား ငိုရမလားဆိုတာကိုပင် မသိတော့ပေ
“ စီနီယာတို့ ကျွန်တော်က အစီအရင်တွေအကြောင်း သိပ်မသိဘူး။ ကျွန်တော် ရွေးချယ်မှုမှားသွားခဲ့ရင် အားလုံး ကျွန်တော်ကို ခွင့်လွှတ်ကြမယ်လို့ မျှော်လင့်ပါတယ်”
ကျူးကောယွမ်က လျင်မြန်စွာ ပြောလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က အရမ်းနှိမ့်ချတာပဲ။ ဂိုဏ်းချုပ်ကို ကံကြမ္မာသားတော်လို့ သတ်မှတ်ထားတာလေ။ ဒါဆိုရင် သေချာပေါက် မှန်ကန်တဲ့ ရွေးချယ်မှု လုပ်နိုင်မှာ သေချာတယ်။ ဂိုဏ်းချုပ် ပြောတာကို ကျုပ်တို့ နားထောင်ပါမယ်”
ကျူးကောယွမ်က အောင်မြင်မှုက သူ့လက်ထဲမှာဟု ယုံကြည်ထားကာ ရှန်ထျန်းက သူ့ကို ရွေးချယ်မည်ဟု တထစ်ချယုံကြည်ပြီး လုံးဝ စိတ်ပူပန်မှု မရှိပေ။
စစ်မာချန်ကလည်း ထွက်လာကာ ပြောလိုက်သည်
“အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ဆုံးဖြတ်ချက် ချလိုက်ပါ။ ကျုပ်တို့ ဂိုဏ်းချုပ်ပြောတာ ဘာမဆို လိုက်နာပါ့မယ်”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ တောက်လောင်သော အကြည့်ဖြင့် ပြောလိုက်သည်
“ ကျွန်တော်တို့ တည့်တည့်သွားသင့်တယ်လို့ ထင်တယ်”
သူက ကျူးကောစစ်မာ၏ ခေါင်းပေါ်ရှိ ပုံရိပ်ထဲတွင် ဆန်းကြယ်အံ့ဖွယ်ကျွန်း၏ တည်နေရာကို မြင်ပြီးပြီဖြစ်ပြီး ထိုအရာက အားလုံး၏ ရှေ့တွင် ရှိသည်။
ကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်ထဲတွင် မျိုးနွယ်နှစ်ခုက သူတို့၏ ပန်းတိုင်ကို မရောက်ခင် ခုနစ်ရက်၊ ရှစ်ရက်ကြာ လျှောက်သွားနေရသည်။
သို့သော် ရှန်ထျန်းက သူတို့နှင့် အချိန်မဖြုန်းချင်သည့်အတွက် နေရာအမှန်ကို ညွှန်ပြလိုက်သည်။
စစ်မာချန်နှင့် ကျူးကောချန်တို့ ဘာပြောရမယ်မှန်းမသိ ဖြစ်သွားသည်။
သူတို့နှစ်ယောက်လုံး အံ့ဩမှင်သက်သွားသည်။
ဘာလဲ…ဘာလို့ ကျွန်တော်တို့က ရှေ့ကို ဆက်သွားရမှာလဲ။ ဒါက ရွေးချယ်ရမဲ့အထဲမှာ မပါဘူးလေ။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျွန်တော်တို့ ပြောတဲ့ ဦးတည်ရာက အရှေ့နဲ့ အနောက်ပဲလေ
ဒါက အဖြေမှန်တစ်ခုရွေး မေးခွန်းလေ
(က)နဲ့ (ခ)ထဲက တစ်ခုခုဖြစ်ရမှာလေ ဘာလို့ (ဂ)ကို ရွေးချယ်ရတာလဲ
ကျူးကောယွမ်က ချောင်းဟန့်ကာ ပြောလိုက်သည်
“ ဂိုဏ်းချုပ်ရှန်ထျန်း ရှေ့ဆက်သွားတဲ့လမ်းကြောင်းက သေတွင်းပဲ။
ရှေ့ကို ဆက်သွားလိုက်တာနဲ့ ထောင်ချောက်မိပြီးတော့ လုံးဝ လမ်းပျောက်သွားလိမ့်မယ်။
ဘာလို့ နောက်ထပ် လမ်းကြောင်းတစ်ခုကို မကြိုးစားကြည့်တာလဲ”
ပထမဆုံးအကြိမ်အနေဖြင့် စစ်မာချန်က ကျူးကောယွမ်နှင့် အကြံတူသည့်အတွက် ထောက်ခံပြောဆိုလိုက်သည်
“ ဟုတ်တယ် ကျုပ်တို့ တည့်တည့်သွားလို့မရဘူး”
သူတို့အသုံးပြုသော ဆန်းကြယ်ပညာရပ်များက ကမ္ဘာမြေကြီး၏ စွမ်းအားများကို အငှားယူကာ ရှုပ်ထွေးပွေလီ အငွေ့အသက်၏ ပြင်းထန်မှုကို အာရုံခံနိုင်သည်။
သူတို့ ညွှန်ပြသော ဦးတည်ရာနှစ်ခုက ရှုပ်ထွေးပွေလီ အငွေ့အသက်များ ရှိနေသည်။ ထိုအရာများက ကြက်ခြေခတ် လမ်းကြောင်းများ ဖြစ်သည်။
သူတို့အားလုံး၏ ရှေ့တွင်ရှိနေသော ရှုပ်ထွေးပွေလီ အငွေ့အသက်က အင်မတန်ပြင်းထန်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားရှိ အလွှာတစ်ခုကဲ့သို့ ဖြစ်နေပြီး သေတွင်းတစ်ခုဖြစ်သည်။
ပိုင်နက် အစီအရင်ကို ကျွမ်းကျင်သူများက ထိုလမ်းကြောင်းကို သေချာပေါက် ရွေးချယ်မည် မဟုတ်ပေ။
သို့သော် ရှန်ထျန်းက သူ့ရွေးချယ်မှုကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ဆဲ ဖြစ်သည်။ သူတို့နှစ်ယောက် ဘာတွေပဲ ပြောနေပါစေ ဦးတည်ရာကိုတော့ မပြောင်းလဲပေ။
ထို့ကြောင့် ကျူးကော့ယွမ်နှင့် စစ်မာချန်တို့က ကူကယ်ရာမဲ့သွားကြသည်။
ထို့အပြင် သူတို့ကိုယ်တိုင်က ရှန်ထျန်းကို လမ်းကြောင်းရွေးချယ်ပေးဖို့ ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
သူတို့သာ မလိုက်နာဘူးဆိုရင် သူတို့ မျက်နှာပျက်စရာဖြစ်သွားမယ် မဟုတ်လား
သူတို့ မျက်နှာပျက်ရတာက ဘာမှမဖြစ်ဘူး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်သာ မျက်နှာပျက်ရမယ်ဆိုရင် ဖြစ်လာမဲ့ အကျိုးဆက်တွေက မတွေးရဲစရာပဲ
သူတို့က အခု ရှုပ်ထွေးပွေလီ ကြယ်တာရာကျွန်းပိုင်နက်ထဲမှာ ရှိနေတာဆိုတော့ သူ ဒေါသထွက်ရင် ဘယ်သူ ထိန်းနိုင်မှာလဲ
ရှန်ထျန်းက ပင်လယ်ထဲမှာ လေပွေတစ်ခုကို ဖန်တီးပြီးတော့ ရှုပ်ထွေးပွေလီ အငွေ့အသက်လှိုင်းတွေကို မွှေနှောက်လိုက်မယ်ဆိုရင် သူတို့ကို လုံးဝ ဖုံးလွှမ်းသွားမှာ။ ယာဉ်ပျံတောင် သူ့ကို ရပ်တန့်သွားအောင် လုပ်လို့မရလောက်ဘူး
ဤခရီးက မျိုးနွယ်စုနှစ်ခုလုံး၏ အထွတ်အထိပ် အမွေအနှစ်နှင့် ဆက်စပ်နေသည့်အတွက် ဘိုးဘေးနှစ်ယောက်တို့က ဆုံးဖြတ်ချက်ကို အလျင်စလို မချရဲပေ။
ကျူးကောစစ်မာက ထွက်လာကာ ပြောလိုက်သည်
“ ဘိုးဘေးတို့ ကျွန်တော်တို့ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဘာလို့ မလိုက်နာဘဲ နေရမှာလဲ”
အားမကိုးရသော ဘိုးဘေးနှစ်ယောက်နှင့် ယှဉ်လိုက်လျှင် ကျူးကောစစ်မာက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ကို ယုံကြည်ဖို့အတွက် ရွေးချယ်လိုက်သည်။
သူက ကံကြမ္မာသားတော်ပဲလေ။ သူက ဘယ်လိုလုပ်ပြီးတော့ မှားနိုင်မှာလဲ
ကျူးကောယွမ်နှင့် စစ်မာချန်ရဲ့ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားကာ ရုတ်တရက် သူတို့၏ နှလုံးသားထဲတွင် ဒေါသများ ထွက်လာသည်။
ဒီကောင်လေးက ဒီအဖိုးကြီးနှစ်ယောက်က ဦးတည်ရာအမှားတွေကို ရွေးချယ်တယ်လို့ ထင်နေတာလား
ပိုင်နက် အစီအရင်နယ်ပယ်မှာ သူတို့က ကံကြမ္မာသားတော်ထက် နိမ့်ကျနေတယ်လို့ ပြောချင်တာလား
ထိုအချိန်တွင် အမျိုးသမီးနှစ်ယောက် ထွက်လာသည်။
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ပိုပြီးကောင်းတဲ့ ဦးတည်ရာကို ရွေးခဲ့တယ်လို့ ထင်ပါတယ်”
“ ဘိုးဘေးတို့ ကျွန်မတို့ ဘာလို့ သွားမကြည့်တာလဲ”
“ ဟုတ်တယ်…ကျွန်မတို့ အဲဒီလမ်းကို သွားကြည့်ရအောင်”
ထိုမိန်းကလေးနှစ်ယောက်က ကျူးကောမုန့်နှင့် စစ်မာရွှယ်တို့ ဖြစ်ကြသည်။
သူတို့က ရှန်ထျန်းကို တွေဝေခြင်းမရှိ ယုံကြည်ကာ သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်ကြဖို့ ဆုံးဖြတ်လိုက်သည်။
ဘိုးဘေးနှစ်ယောက်က အရမ်းစိတ်တိုသည့်အတွက် စိတ်ထဲမှာ ကျိန်ဆဲလိုက်ရင်း နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိသည်။
ဒီကလေးတွေက အရမ်းရဲတင်းတာပဲ
သူတို့က ဘယ်လိုလုပ်ပြီးတော့ သူတို့ရဲ့ ဘိုးဘေးတွေကို မယုံပဲ နေရဲရတာလဲ
ကောင်းပြီလေ သူတို့ ရှန်ထျန်းနောက်ကို လိုက်ချင်မှတော့ နည်းနည်းလေး ခံစားရအောင် လု်ပပေးလိုက်တာပေါ့
ဒီကလေးတွေရဲ့ ကမူးရှူးထိုးလုပ်တတ်တဲ့ အကျင့်ကို ပြင်ပေးရမဲ့အချိန်ရောက်ပြီ
အစီအရင်ဆိုတာက စံပြပုဂ္ဂိုလ်တွေနောက်ကို လိုက်ရင်းနဲ့ ကျွမ်းကျင်လာတဲ့အရာ မဟုတ်ဘူးဆိုတာကို သူတို့ သိမှဖြစ်မယ်
ကျူးကောယွမ်နှင့် စစ်မာချန်က အချင်းချင်း စိုက်ကြည့်ကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်
“ ဒါဆိုရင်လည်း ဂိုဏ်းချုပ် ရှန်ထျန်း ရွေးချယ်ထားတဲ့ ဦးတည်ရာအတိုင်း သွားလိုက်ရအောင်လေ”
ရှန်ထျန်းရှိနေသည့်အတွက် ဤနေရာတွင် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်စရာမလိုပေ။
အများဆုံးဖြစ်လည်း သူတို့ အချိန်ဖြုန်းမိတာလောက်ပါပဲ
ဒီအခွင့်အရေးကို သုံးပြီး သူတို့ကို ပညာပေးတာက ထိုက်တန်ပါတယ်
“ နားလည်ပါပြီ”
မာလိန်မှူးရာထူးရထားသော စစ်မာကန်က ချက်ချင်း ယာဉ်ပျံကို ထိန်းချုပ်ကာ ရှေ့သို့ ဆက်သွားလိုက်သည်။
မကြာခင်မှာပင် ယာဉ်ပျံက အဆုံးမဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်ထဲသို့ ဝင်ရောက်သွားသည့်အတွက် မီးခိုးရောင် မြူခိုး၏ ဖုံးလွှမ်းမှုကို လုံးဝ ခံလိုက်ရသည်။
ဤနေရာတွင်ရှိနေသော မြူခိုးက မှုန်ဝါးပြီး သိပ်သည်းသည်။
ထူထဲသော ရှုပ်ထွေးပွေလီ အရှိန်အဝါက ဤနေရာတွင် ရွှံ့ဗွက်များကဲ့သို့ ဝန်းရံနေသည်။
သူတို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် တုန်လှုပ်စေသည့် ကြီးမားသောဖိအားကို အားလုံး ခံစားလိုက်ရသည်။
ရှုပ်ထွေးပွေလီ စွမ်းအင်က ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာကာ လေသင်္ဘောဆီသို့ ဦးတည်လာနေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်အသွင် ပြောင်းလဲသွားသည်။
ဒုန်း…
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်သွားသည်။
သူတို့ ထိတိုက်မိသည့်အချိန်တိုင်း အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာသည်။
ယာဉ်ပျံပေါ်ရှိ ကာကွယ်ရေး အလင်းမျက်နှာပြင်က အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေသည်။ အံ့ဖွယ်အလင်းက အဘက်ဘက်သို့ ပျံ့နှံ့တောက်ပနေကာ စွမ်းအားကြီးသော ခုခံမှုကို လှုံ့ဆော်ပေးနေသည်။
အဲလိုဆိုလျှင်ပင် လေသင်္ဘောက အကျိုးသက်ရောက်မှုကြောင့် လှုပ်ခါနေကာ စွမ်းအင်က အလျင်အမြန် ကုန်ခမ်းလာသည်။
ဤနေရာတွင်ရှိနေသော ရှုပ်ထွေးပွေလီ စွမ်းအင်၏ သိပ်သည်းမှုက တခြားနယ်မြေများထက် ကျော်လွန်နေသည့်အတွက် အားလုံး၏ ဖိအားကို မြင့်မားလာစေသည်။
ကျူးကောယွမ်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ဒါက နေရာအမှန် မဟုတ်ဘူးလို့ အစကတည်းက ပြောသားပဲ။
အခုလက်ရှိ စွမ်းအင် သုံးစွဲမှုနှုန်းအရဆိုရင် ငါတို့ နောက်ထပ် ဆယ်ရက်လောက်ပဲ အချိန်ရှိတော့မယ်။
ဆန်းကြယ်အံ့ဖွယ်ကျွန်းကို ဆယ်ရက်အတွင်း ရှာမတွေ့ခဲ့ဘူးဆိုရင် ငါတို့ အားစိုက်ထုတ်တာတွေ အလကားဖြစ်သွားမယ်”
စစ်မာချန်ကလည်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ အခု ငါတို့ ပြန်သွားပြီးတော့ အရှေ့ဘက်ကို ဦးတည်လိုက်ရအောင်။ ဒါဆိုရင် အခြေအနေကို ဖြေရှင်းလို့ရပါသေးတယ်”
“ ဘာလို့ အရှေ့ကို သွားမှာလဲ။ ငါတို့ အနောက်ဖက်ကို သွားသင့်တာ” ကျူးကောယွမ်က အော်ဟစ်ကာ ပြောလိုက်သည်။
လူအုပ်ကလည်း ဘာပြောရမယ်မှန်း မသိတော့ပေ။
ဘိုးဘေးနှစ်ယောက် ထပ်မံ အငြင်းပွားနေသည်ကို ကြည့်ပြီး အားလုံးလည်း မတတ်နိုင်တော့ပေ။
ကျူးကောစစ်မာက ရှန်ထျန်းကို ကြည့်ကာ မေးလိုက်သည်
“ စီနီယာဆီမှာ တခြားဖြေရှင်းချက်များ ရှိလားဟင်”
ယခုထိ သူက ရှန်ထျန်းကို ယုံကြည်ဖို့အတွက် ရွေးချယ်လိုက်သည်။
ရှန်ထျန်းက ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်သည်
“ စိတ်မပူပါနဲ့။ ငါ့ဆီ အပ်ထားလိုက်ပါ”
ထို့နောက် သူက ယာဉ်ပျံဆီမှ ထွက်ခွာသွားကာ ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်ဆီသို့ ပျံသန်းသွားလိုက်သည်။
ရှန်ထျန်းက လက်ကို ဆန့်ထုတ်ကာ ရှေ့ကို လက်ဖြင့် ခပ်ဖွဖွပုတ်လိုက်သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး နစ်မြုပ်သွားကာ ပင်လယ်ရေများ ထွက်ပေါ်လာသည်။
အဆုံးမဲ့ စွမ်းအားက မရေတွက်နိုင်သော ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ရိုက်ခတ်ကာ အငွေ့အသက်များ အားလုံး နောက်ဆုတ်သွားပြီး လမ်းကြောင်း ရှင်းလင်းသွားသည်။
ဟိန်းဟောက်သံတစ်ခု ထွက်လာပြီးနောက် ရှုပ်ထွေးပွေလီ အငွေ့အသက်က လုံးဝ ကျူးကျော်လို့ မရနိုင်ပေ။
လေသင်္ဘောပေါ်ရှိ ဖိအားက လျော့ကျသွားကာ ယခင်ကထက် ပိုမိုလွယ်ကူသွားသည်။
အားလုံး အရမ်းပျော်ရွှင်သွားကြသည်။
အားလုံးက ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်ကြောင့် လေးစားနေကြသည်။
ကျူးကောစစ်မာက သက်ပြင်းချရင်း ပြောလိုက်သည်
“ တကယ်ကို အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ပါပဲ။ သူက အရမ်းကို စွမ်းအားကြီးတယ်။
သူနဲ့သာဆိုရင် ငါတို့ ဆန်းကြယ်အံ့ဖွယ်ကျွန်းကို ဘေးကင်းကင်းနဲ့ ရှာနိုင်မှာ သေချာတယ်”
မျိုးနွယ်စုနှစ်ခု၏ တပည့်များက ထောက်ခံကြောင်း ခေါင်းညိတ်ကြသည်။
မျိုးနွယ်စုနှစ်ခု၏ အမျိုးသမီး ကျင့်ကြံသူများက ချစ်မြတ်နိုးစွာဖြင့် အော်ပြောလိုက်ကြသည်
“ အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ရဲ့ ကျောပြင်က အရမ်းကျယ်တာပဲ။ လုံခြုံတယ်လို့ ခံစားရစေတယ်”
“ သူ့ရဲ့ ဘေးတိုက်ပုံစံလေးကလည်း အရမ်းချောတာပဲ။ လုံးဝ ပြိုင်ဘက်ကင်းတယ်”
“ ငါ့နှလုံးသားလေးတော့ အရည်ပျော်ပြီ ထင်ပါတယ်”
အမျိုးသမီး ကျင့်ကြံသူများက ရှန်ထျန်းကို ချစ်မြတ်နိုးစွာဖြင့် စိုက်ကြည့်ပြီး အကြည့်မခွာနိုင် ဖြစ်နေသည်။
လေထုထဲတွင် ခါးသီးသော ခံစားချက်များလည်း ပျံ့နှံ့နေသည်။
မျိုးနွယ်စုနှစ်ခု၏ လူငယ်အမျိုးသားများက သူတို့၏ နတ်ဘုရားမလေးများကို ကြည့်ကာ သက်တမ်းတစ်ထောင်ရှိသော သံပုရာသီးကို စားရသလိုမျိုး နှလုံးသားထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။
ရှန်ထျန်းက ယာဉ်ပျံရှေ့တွင် မတ်တပ်ရပ်ကာ လက်ကို ဆန့်ထုတ်လိုက်ပြီး အဆုံးမဲ့ အံ့ဖွယ်စွမ်းအားကို လွှတ်ထုတ်နေသည်။
ထာဝရတစ်ပိုင်း ကျင့်ကြံသူများပင် ကြောက်ရွံ့ရသော ရှုပ်ထွေးပွေလီ အငွေ့အသက်က ရှန်ထျန်းကိုတော့ မခုခံနိုင် ဖြစ်နေပုံပေါ်သည်။
သူ တစ်ခါလှုပ်ရှားလိုက်တိုင်း မရေတွက်နိုင်သော ရှုပ်ထွေးပွေလီ အငွေ့အသက်များကို နောက်ဆုတ်သွားစေပြီး ကမ္ဘာကြီးကို ကြည်လင်သွားစေသည်။
သူက သာမန်ပုံစံဖြင့် ပြောလိုက်သည်
“ ကျွန်တော်တို့ ရှေ့ဆက်သွားရအောင်”
“ နားလည်ပါပြီ”
မျိုးနွယ်စုနှစ်ခု၏ တပည့်များက စိတ်လှုပ်ရှားစွာဖြင့် ယာဉ်ပျံကို ရှေ့သွားအောင် အားသုံးကာ မောင်းနှင်လိုက်သည်။ သူတို့၏ အရှိန်ပင် အဆပေါင်းများစွာ တိုးတက်လာသည်။
ယာဉ်ပျံက ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်ကို အရမ်းမြန်သောအလျင်ဖြင့် ဖြတ်သန်းသွားလိုက်သည်။
ရှန်ထျန်း၏ ဦးဆောင်မှုကြောင့် သူတို့၏ ခရီးက နှောင့်နှေးခြင်းမရှိဘဲ အင်မတန် လွယ်ကူသွားသည်။
ရှုပ်ထွေးပွေလီ စွမ်းအင်၏ နောက်ဆုံးအလွှာကို တွန်းထုတ်လိုက်သည့်အခါ အဆုံးမဲ့ အံ့ဖွယ်အလင်းတန်း ထွက်လာပြီး အင်မတန် တောက်ပနေသည်။
ကောင်းကင်မှ တိမ်တိုက်များ ရှင်းလင်းကာ လထွက်လာသကဲ့သို့ ခံစားလိုက်ရပြီး ထိုမြင်ကွင်းကြောင့် မိန်းမောတွေဝေသွားသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးက ချက်ချင်း ထပ်မံကြည်လင်သွားကာ ရှုပ်ထွေးပွေလီ အငွေ့အသက်များလည်း နောက်ဆုတ်သွားပြီဖြစ်သည့်အတွက် ယာဉ်ပျံကို မထိနိုင်တော့ပေ။
ဧရာမကျွန်းကြီးတစ်ခုက သူတို့ရှေ့တွင် ထွက်ပေါ်လာကာ လေထုအမြင့်တစ်နေရာတွင် တည်ရှိနေသည်။
အဝေးမှကြည့်လျှင် သီးသန့်တည်ရှိနေသော ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ အင်မတန် ခမ်းနားလှသည်။
ထိုကျွန်းကို မြင်ပြီးနောက် အားလုံး၏ အကြည့်ထဲတွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
ကျူးကောယွမ်နှင့် စစ်မာချန်တို့လည်း အံ့ဩမှင်သက်သွားကြသည်။
သူတို့၏ နှလုံးသားထဲတွင် မြင်းများ ဒုန်းစိုင်းပြေးနေသလို ခံစားရသည်။
ကျွန်း၏ ပုံစံက ရှေးဟောင်းမှတ်တမ်းထဲတွင် မှတ်တမ်းထင်ထားသော ကျွန်းတစ်ခုနှင့် ဆင်တူလှသည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ခန့်မှန်းတာ မှန်သွားတာများလား