ယင်ယန်သင်္ချိုင်း နတ်ဘုရားပိုင်နက်… ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာ
Vol. 33 Ch. 487
အခန်း (၄၈၇) : ယင်ယန်သင်္ချိုင်း နတ်ဘုရားပိုင်နက်… ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာ
ရှန်ထျန်း သတ်ဖြတ်ရေး အစီအရင်ကို အလွယ်တကူ ဖျက်စီးလိုက်သည်ကို ကြည့်ပြီး အားလုံး ထိတ်လန့်သွားကြသည်။ သို့သော် သိပ်မကြာခင်မှာပင် သူတို့၏ အာရုံက ပွင့်ဖတ်ကိုးလွှာပါ ပဒုမ္မာကြာပန်းဆီသို့ ရောက်သွားကြသည်။
ပွင့်ဖတ်ကိုးလွှာပါ ပဒုမ္မာကြာက ကြက်သွေးရောင်ဖြစ်ပြီး အံ့ဖွယ်အလင်းတန်းနှင့်အတူ တောက်ပနေသည်။ ပွင့်ဖတ်များက လေယူရာအတိုင်း ယိမ်းနွဲ့နေကာ အာကာပြင် အပိုင်းအစများကို အလွယ်တကူ ခုတ်ထစ်နိုင်သည့် ဓားသွားများကဲ့သို့ ဖြစ်နေသည်။
ကြက်သွေးရောင်အလင်းတန်း ဆင်းသက်လာသည့်အခါ အရှိန်အဝါက စွမ်းအားကြီးကာ စွမ်းအားကြီးသော ဝိဇ္ဇာစွမ်းအင်ကို ထုတ်လွှတ်နေသည်။
သေချာလေ့လာကြည့်လိုက်သည့်အခါ အထဲတွင် သတ်ဖြတ်လိုစိတ်ကြီးမားမှုကို အာရုံခံစားနိုင်သည့်အတွက် ကြက်သီးမွေးညင်းများပင် ထလာမိသည်။
ဒီပဒုမ္မာကြာက သာမန်ဆေးပင်နဲ့ မတူဘူး။ ပြိုင်ဘက်ကင်း သတ်ဖြတ်ရေး လက်နက်နဲ့ ပိုတူနေတယ်
ကျူးကောစစ်မာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ ဒါက…”
သူက အစီအရင်၏ သတ်ဖြတ်ခြင်း အရှိန်အဝါကို အာရုံခံကြည့်ဖို့အတွက် ရှေ့တိုးသွားလိုက်သည်။ ထိုအရာက ပဒုမ္မာကြာမှ ထုတ်လွှတ်သော အရှိန်အဝါနှင့် တူနေသည်။
သူက ဆေးပင်တစ်ပင်ရဲ့ ရိုက်နှက်တာကို ခံလိုက်ရတာလား
အဲဒါက ဘယ်လိုဆေးပင်မျိုးလဲ။ အဲလောက်ထိတောင် ကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ်ရေး အရှိန်အဝါကို ပိုင်ဆိုင်နေတာလား
ကျူးကောစစ်မာ၏ အတွေးကို သိနေသကဲ့သို့ ရှန်ထျန်းက ပြုံးကာ ရှင်းပြလိုက်သည်
“ ဒါက အထွတ်အထိပ်အဆင့် ဝိဇ္ဇာဆေးပင် ကောင်းကင်နှလုံးသား ပွင့်ဖတ်ကိုးလွှာ ပဒုမ္မာကြာလေ”
သူက နယ်မြေငါးခုတွင် ဆန်းကြယ်သော ဆေးပင်များအကြောင်းကို မှတ်တမ်းတင်ထားသည့် ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဆေးပင်တစ်ရာကျမ်းကို သင်ယူခဲ့သည်။
ထိုထဲတွင် ကောင်းကင်နှလုံးသား ပွင့်ဖတ်ကိုးလွှာ ပဒုမ္မာကြာလည်း အပါအဝင်ဖြစ်သည်။
ထိုဆေးပင်က တခြားဝိဇ္ဇာဆေးပင်များနှင့် မတူညီပေ။ ထိုအရာက သတ်ဖြတ်ခြင်း အစီအရင်များမှ မွေးဖွားလာပြီး ထိုအစီအရင်များမှ သတ်ဖြတ်ခြင်းစွမ်းအင်များကို စုပ်ယူနေသည်။
ကောင်းကင်နှလုံးသား ပွင့်ဖတ်ကိုးလွှာပါ ပဒုမ္မာကြာက အစီအရင်မှာ အထူးပြုယူထားသော ကျင့်ကြံသူများအတွက် အထူးအကျိုးပြုပေးနိုင်သည်။ ထိုအရာက ကျင့်ကြံသူ၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးရုံသာမက ကျင့်ကြံသူ၏ အစီအရင်အပေါ် နားလည်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးသည်။
ကျင့်ကြံသူက သတ်ဖြတ်ခြင်းစွမ်းအင်ကို သန့်စင်ကာ စွမ်းအားကြီး သတ်ဖြတ်ရေးအစီအရင်ကို အသက်သွင်းဖို့အတွက် သူတို့၏ အစီအရင်စွမ်းအားကို သန်မာစေသည်။
ထိုကဲ့သို့သော ထူးခြားသည့် ဝိဇ္ဇာဆေးပင်က အဖိုးမဖြတ်နိုင်ပေ။ အစီအရင်ကို အထူးကျင့်ကြံသော ကျင့်ကြံသူတစ်ယောက်အတွက် ထိုအရာက ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းတစ်ခုနှင့် တူညီသည်။
အတိအကျပြောရလျှင် သူ့ တန်ဖိုးက ပိုပြီးတော့ပင် မြင့်နေနိုင်သည်။
ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းက ပြင်ပ အထောက်အပံ့တစ်ခုသာဖြစ်သည်။ သို့သော် ဤဝိဇ္ဇာဆေးပင်က ကျင့်ကြံသူကိုပါ သန်မာလာစေနိုင်သည်။
ဘိုးဘေးနှစ်ယောက်က ရှန်ထျန်း ရတနာကို ယူနိုင်သွားသည်ကို မြင်ပြီး ထိတ်လန့်သလို အားကျနေကြသည်။
သူတို့ စိတ်ထိခိုက် ခံစားနေကြရသည်။
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်က ကံကြမ္မာသားတော်အစစ်ပဲ
သူက ကြောက်စရာကောင်းသော သတ်ဖြတ်ရေး အစီအရင်ကို ဖျက်စီးနိုင်ရုံသာမက အံ့ဩစရာကောင်းသော ရတနာကိုပါ စုဆောင်းနိုင်ခဲ့သေးသည်။
အရမ်းအားကျဖို့ကောင်းတယ်
သို့သော် ရှန်ထျန်းက ကောင်းကင်နှလုံးသား ပွင့်ဖတ်ကိုးလွှာပါ ပဒုမ္မာကြာကို ခူးယူပြီးနောက် ကျူးကောစစ်မာဆီ ပေးလိုက်မည်ဟု ထင်မထားခဲ့ပေ။
“ ဒီကောင်းကင်နှလုံးသား ပွင့်ဖတ်ကိုးလွှာပါ ပဒုမ္မာကြာက ငါ့အတွက် အသုံးမဝင်လို့ ညီအစ်ကို ကျူးကောဆီ ပေးလိုက်မယ်”
ကျူးကောစစ်မာ၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ဒါက အထွတ်အထိပ်အဆင့် ဝိဇ္ဇာဆေးပင်လေ။ ဂိုဏ်းချုပ်တစ်ယောက်အတွက်တောင် တန်ဖိုးရှိမှာပဲ
ညီအစ်ကိုရှန်က ဒါကို ဘာလို့ ငါ့ဆီပေးနေရတာလဲ
သူ အသိစိတ်ပြန်ဝင်လာကာ အလျင်အမြန် ငြင်းဆိုလိုက်သည်
“ ဒါက အစ်ကိုကြီးရှန်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေ။ ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်ကို ပေးနိုင်ရတာလဲ”
ကောင်းကင်နှလုံးသား ပွင့်ဖတ်ကိုးလွှာပါ ပဒုမ္မာကြာက ကျူးကောစစ်မာအတွက် အရမ်းအသုံးဝင်ပြီး သူ့စွမ်းအားကို မြှင့်တင်ပေးနိုင်သော်လည်း လက်ခံဖို့အတွက် ရှက်ရွံနေမိသည်။
ရှန်ထျန်းက သတ်ဖြတ်ရေးအစီအရင်ကို ဖျက်စီးပြီး ကောင်းကင်နှလုံးသား ပွင့်ဖတ်ကိုးလွှာပါ ပဒုမ္မာကြာကို ခူးယူခဲ့သည်။
ကျူးကောစစ်မာက ဤဝိဇ္ဇာဆေးပင်ကို လက်ခံချင်သော်လည်း လက်မခံနိုင်ဖြစ်နေသည်။
ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်
“ ငါတို့ ဒီလိုတွေ့ဖို့ ကံပါလာတာပဲလေ။ ဒီလက်ဆောင်ကို မိတ်ဆွေဖြစ် အမှတ်တရအနေနဲ့ လက်ခံလိုက်ပါ”
ကျူးကောစစ်မာက အံ့ဩသွားသည်။ သူက စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်
“ ဒါပေမဲ့ ဒါက အရမ်းတန်ဖိုးရှိနေတယ်။ ကျွန်တော် တကယ်ကို လက်မခံရဲဘူး။ အစ်ကိုကြီးရှန် ကျွန်တော်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ဗျာ”
ရှန်ထျန်းက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်
“ ဒီဆေးပင်က ငါ့အတွက် အသုံးမဝင်ပါဘူး။
ညီအစ်ကိုရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီဆေးပင်သုံးလိုက်တာနဲ့ အစီအရင်နဲ့ ပတ်သက်တဲ့ အရည်အချင်းကို တိုးမြှင့်လို့ရနိုင်တယ်။ ညီအစ်ကိုက လူကြီးတစ်ယောက် ဖြစ်နေပြီလေ။ မိန်းကလေးတစ်ယောက်လိုမျိုး မူမနေပါနဲ့တော့”
ဤဝိဇ္ဇာဆေးပင်က ကျူးကောစစ်မာအတွက် အရမ်းအသုံးဝင်သော်လည်း ရှန်ထျန်းအတွက် အသုံးမဝင်ပေ။ ထို့အပြင် သူက အစီအရင်ပညာရပ်ကို အထူးပြု ကျင့်ကြံသူတစ်ယောက်လည်း မဟုတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျူးကောစစ်မာရဲ့ ကံအပြောင်းအလဲ အခွင့်အရေးပဲလေ
မူလ ကံအပြောင်းအလဲ အခွင့်အရေးထဲတွင် ကျူးကောစစ်မာက သူ့ဘိုးဘေးနှစ်ယောက်၏ အကူအညီဖြင့် ကောင်းကင်နှလုံးသား ပွင့်ဖတ်ကိုးလွှာပါ ပဒုမ္မာကြာကို ခူးယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယခု ရှန်ထျန်းက ပစ္စည်းကို ပိုင်ဆိုင်ရမည့်သူဆီ ပြန်ပေးလိုက်ခြင်း ဖြစ်သည်။
သူ ဒီလိုလုပ်ခြင်းအားဖြင့် အမြင်ကောင်းရရုံသာမက သူ၏ ကိုယ်ပိုင်ကံကြမ္မာကိုပါ တိုးတက်အောင် လုပ်နိုင်သည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်သည်။
ကျူးကောစစ်မာက ထိုအကြောင်းကို ကြားလိုက်သည့်အခါ ငြင်းဆန်ခြင်းမပြုတော့ဘဲ ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်သည်။
“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရှန်။ ရှေ့လျှောက် တစ်ခုခုလိုအပ်ရင် ပြောပါနော်။ ကျွန်တော် မီးပင်လယ်ကို ကူးဖြတ်ရမယ်ဆိုရင်တောင် အရောက်လာခဲ့မယ်”
ရှန်ထျန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်
“ အဲလိုလုပ်စရာမလိုပါဘူး။ ရှေ့လျှောက် ငါတို့ရဲ့ အံ့ဖွယ်မိုးကောင်းကင် တပည့်တွေကို တွေ့ရင်သာ သူတို့ကို ဂရုစိုက်ပေးပါနော်”
“ နားလည်ပါပြီ”
ကျူးကောစစ်မာက ကောင်းကင်နှလုံးသား ပွင့်ဖတ်ကိုးလွှာပါ ပဒုမ္မာကြာကို လက်ခံလိုက်ပြီးနောက် မျက်နှာတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ထိုကဲ့သို့အဆင့်ရှိသည့် ဝိဇ္ဇာဆေးပင်က အရမ်းတန်ဖိုးရှိလှသည်။ ကျူးကောနှင့် စစ်မာကဲ့သို့ ချမ်းသာသော မျိုးနွယ်များအတွက်ပင် ထိုအရာက ဘိုးဘွားစဉ်ဆက်အဆင့် ရတနာဟုပင် သတ်မှတ်လို့ရနိုင်သည်။
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က တကယ်ကို ဒဏ္ဍာရီလာ ကံကြမ္မာသားတော်ပဲ။ သူက အရမ်းရက်ရောတယ်
ကြာပန်း သူ့လက်ထဲသို့ ရောက်ရှိလာသည့်အချိန်တွင် ကျူးကောစစ်မာ၏ ရောင်ဝါစက်ဝန်းက ပိုမိုနက်နဲလာသည်။ သူ၏ ခရမ်းရောင် ရောင်ဝါစက်ဝန်းက ပိုမိုတောက်ပလာသည်။
တစ်ချိန်တည်းမှာပဲ ရှန်ထျန်း၏ ခန္ဓာကိုယ်လည်း အတော်လေး လန်းဆန်းသွားသည်။
သူ့ကံကြမ္မာလည်း တိုးတက်လာတာ သေချာသည်။
ရှန်ထျန်း၏ အပြုံးကလည်း ပိုမိုတောက်ပလာသည်။
မဟာမျိုးနွယ်စုနှစ်ခုမှ တပည့်များက ထိုမြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားကြသည်။ ရှန်ထျန်းကို ဒီလောက်ထိ ချမ်းသာပြီး ရက်ရောလိမ့်မည်ဟု မထင်ခဲ့ပေ။
သူက အထွတ်အထိပ်အဆင့် ဝိဇ္ဇာဆေးပင်ကို လမ်းဘေးပေါင်းပင်လိုမျိုးကို ပေးပစ်လိုက်တာပဲ
သူက အဲဒါကို တကယ်ပဲ တန်ဖိုးမထားဘူးလား။ သူ့မိသားစုက အဲလောက်တောင် ချမ်းသာတာလား
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်၏ ရက်ရောမှုက သာမန်လူတစ်ယောက်ဆီမှ ရရှိနိုင်သောအရာ မဟုတ်ပေ။
အားလုံးက အားကျစွာ ကြည့်နေသည့်အတွက် ကျူးကောစစ်မာက ရတနာကို သိမ်းဆည်းလိုက်သည်။
ဒါက အထွတ်အထိပ်အဆင့် ဝိဇ္ဇာဆေးပင်ပဲလေ။ ဘယ်သူက မလိုချင်ပဲနေမှာလဲ
ထိုအချိန်တွင် ရှန်ထျန်းက နှုတ်ခမ်းကို ကွေးညွှတ်ကာ ပြုံးလိုက်မိသည်။ သူ လက်ယမ်းလိုက်သည့်အခါ အမျိုးမျိုးသော နွယ်ပင်များက တောင်ကြားဆီသို့ ဦးတည်သွားသည်။
မကြာခင်မှာပင် ထိုနွယ်ပင်များက မီးဓာတ်အသီးများကို ယူဆောင်ကာ ပြန်လာကြသည်။
ရှန်ထျန်းက ဤမီးဓာတ်အသီးများကို မဟာမျိုးနွယ်နှစ်ခု၏ တပည့်များဆီသို့ ဝေပေးလိုက်သည်။
“ အားလုံးပဲ ဒါက ငါတို့ရဲ့ မိတ်ဆွေဖြစ်မှုကို အသိအမှတ်ပြုဖို့အတွက် မီးဓာတ်သစ်သီး လက်ဆောင်တွေပါ”
မီးဓာတ်အသီးဆယ်လုံးထက် ပိုပြီး ရှိသောကြောင့် တပည့်များအားလုံးကို ဖြန့်ဝေဖို့အတွက် လုံလောက်သည်။
ထိုတပည့်များ၏ ကံကြမ္မာက ကျူးကောစစ်မာလောက် မကောင်းပေ။ သို့သော် သူတို့၏ ရောင်ဝါစက်ဝန်းများက အနီရောင်ဖြစ်သည့်အတွက် ကံကြမ္မာသားတော်ဟု ဆိုနိုင်သည်။
ဝဖြိုးတဲ့ သိုးတွေကို စုဆောင်းနိုင်လေလေ ပိုကောင်းလေလေပဲ။ ရှန်ထျန်းက အဲလိုအရာမျိုးအတွက် နှမြောနေမှာ မဟုတ်ဘူး။ အဲဒါအပြင် သူက သူတို့ကို မျှမျှတတနဲ့ ကောင်းကောင်းဆက်ဆံဦးမယ်
ထို မီးဓာတ်သစ်သီးများက အထွတ်အထိပ်အဆင့် ဝိညာဉ်ဆေးပင်များဖြစ်သည့်အတွက် ရှန်ထျန်းအတွက် အရေးမကြီးပေ။
ထိုအရာက ငယ်ရွယ်သောပါရမီရှင်များအတွက် ရှားပါးသော ပစ္စည်းများဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရှန်”
မဟာမျိုးနွယ်နှစ်ခုမှ တပည့်များက အရမ်းစိတ်လှုပ်ရှားသွားကြသည်။
သူတို့က ရှန်ထျန်းကို အရမ်းကျေးဇူးတင်နေကြသည်။
သူတို့က ဆန်းကြယ်အံ့ဖွယ်ကျွန်း၏ အတွင်းပိုင်း ဒေသများကို လေ့လာဖို့အတွက် ရှေ့သို့ ဆက်သွားကြသည်။
ထိုအချိန်တွင် အားလုံးက မျှော်လင့်ချက်ဖြင့် ပြည့်ဝနေကြသည်။ သူတို့ ဤခရီးမှ ကောင်းမွန်သော အကျိုးအမြတ်ကို ရရှိမည်ဟု ယုံကြည်သည်။
ပိုင်နက်ရဲ့ အစွန်းပိုင်းမှာတင် ဝိညာဉ်ဆေးပင်တွေနဲ့ ဝိဇ္ဇာဆေးပင်တွေကို ရနေပြီလေ
ဆန်းကြယ်အံ့ဖွယ်ကျွန်းရဲ့ အတွင်းပိုင်းဒေသတွေမှာရှိတဲ့ ကံအပြောင်းအလဲ အခွင့်အရေးက ဘယ်လောက်ထိ ပိုပြီးတော့ ကောင်းနေမလဲဆိုတာကို ခန့်မှန်းကြည့်လို့တောင် ရတယ်
သူတို့ နောက်ထပ်ဝေးဝေး မသွားရသေးခင် ပိတ်ဆို့မှုတစ်ခုနှင့် ထပ်မံကြုံတွေ့ရပြန်သည်။
ဧရာမအလင်းအလွှာက သူတို့ရှေ့တွင် ထွက်ပေါ်လာသည်။ ထိုအရာက တောက်ပနေပြီး ကောင်းကင်အထိ မြင့်တက်နေသည်။
အလင်းတန်းအလွှာက မှုန်မှိုင်းနေပြီး ထူထဲသော မီးခိုးရောင်မြူခိုးဖြင့် ဖုံးလွှမ်းနေကာ အေးစက်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ယင်စွမ်းအင်က ရစ်ပတ်နေသည့်အတွက် အေးစက်ပြီး ကြက်သီးထစေသည်။
မြေအောက်ကမ္ဘာမှ အဝါရောင်မြစ်ကဲ့သို့ မှေးမှိန်ပြီး ဝိညာဉ်ကိုပင် ကြက်သီးထသွားစေသည်။ ထို့နောက် နေမင်း၏ အလင်းရောင် ကျဆင်းလာသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး တောက်ပလင်းလက်သွားသည်။ စွမ်းအားကြီးသော ယန်စွမ်းအင်က ကုန်းမြေကို မီးပင်လယ်အဖြစ် ပြောင်းလဲလိုက်သလိုမျိုး ပူလောင်စေသည်။
ထိုမြင်ကွင်းကြောင်း အားလုံးက သွားရာလမ်းကြောင်းတွင် ဇဝေဇဝါဖြစ်သွားပြီး စိုးရိမ်သွားကြသည်။
ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ။ လွန်ကဲတဲ့ စွမ်းအားကြီးအရှိန်အဝါကိုလည်း ထုတ်လွှတ်နေတယ်။ ဘယ်သူမှ အဲဒီအနားမသွားရဲဘူး
ကျူးကောယွမ်က တင်းမာသောမျက်နှာထားဖြင့် ရှေ့တိုးလာကာ ပြောလိုက်သည်
“ ဒါက ငါတို့ရဲ့ ဘိုးဘေးတွေထားခဲ့တဲ့ ယင်ယန်သင်္ချိုင်း နတ်ဘုရားပိုင်နက်များလား”
“ ဘိုးဘေး ယင်ယန်သင်္ချိုင်း နတ်ဘုရားပိုင်နက်ဆိုတာ ဘာလဲဟင်”
ကျူးကောစစ်မာက ဤပိုင်နက်ကို ယခင်က မကြားဖူးသည့်အတွက် ပြန်မေးလိုက်သည်။
စစ်မာချန်က ရှေ့တိုးလာကာ သူ့အကြည့်များကလည်း လေးနက်လာကာ ပြောလိုက်သည်
“ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ တုန်းက ငါတို့ရဲ့ ဘိုးဘေးတွေ ဒီနေရာကို ဝင်ခဲ့ပြီးတော့ ယင်ယန်သင်္ချိုင်း နတ်ဘုရားပိုင်နက်ကို ရှာတွေ့ခဲ့တာ။
ဒါက အရမ်းဆန်းကြယ်တဲ့ ပိုင်နက်တစ်ခုလို့ ပြောလို့ရတယ်။
အဲဒါက ဒီလောကနဲ့ မဆိုင်တဲ့ စွမ်းအားနဲ့ ပြည့်နှက်နေတယ်။ ရှုပ်ထွေးပွေလီ အငွေ့အသက်ကနေ ဖြစ်တည်လာတဲ့ မူလယင်ယန်စွမ်းအင်ပဲ။
သာမန်လူတစ်ယောက်ဆိုရင် အဲဒီစွမ်းအင်ကို မသန့်စင်နိုင်ဘူး။
အရင်တုန်းက ငါတို့ရဲ့ဘိုးဘေးတွေ အဲဒါနဲ့ ထိမိပြီးတော့ ချီဖောက်ပြန်ခြင်း ခံစားရတော့မလိုတောင် ဖြစ်ခဲ့သေးတယ်”
စစ်မာချန်၏ အသံတွင် ကြောက်ရွံ့စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
မျိုးနွယ်နှစ်ခု၏ ဘိုးဘေးများက ထာဝရတစ်ပိုင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည့်အတွက် ထိပ်တန်းကျင့်ကြံသူများဟု သတ်မှတ်နိုင်သည်။
ဒီလိုဆိုလျှင်ပင် မူလယင်ယန်စွမ်းအင်၏ ဝါးမျိုခြင်းကို ခံရလုနီးပါးဖြစ်ခဲ့သည့်အတွက် ဤနေရာက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာသိနိုင်သည်။
ထိုအခိုက်အတန့်မှစပြီး အားလုံး၏ စိတ်ထဲတွင် ကြောက်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ကျူးကောယွမ်က ဆက်လက်ရှင်းပြလိုက်သည်
“ ပြီးတော့ ငါတို့ရဲ့ဘိုးဘေးတွေက နဂါးချပ်ဝတ် ကောင်းကင်ကျမ်း အမွေအနှစ်ကိုလည်း ရခဲ့သေးတယ်။ သူတို့က ထပ်ပြီးလေ့လာဖို့ ဒီနေရာကို ထပ်ပြီးတော့ ဝင်ခဲ့ချင်သေးတာ။
ပိုင်နက်စွမ်းအားက အရမ်းတိုးပွားခဲ့တော့ ဒီနေရာကို နောက်ထပ်တစ်ခါလာဖို့အတွက် ယုံကြည်မှု ရှိနေခဲ့တာ။ အဲဒါတောင်ပဲ သူတို့က အတွင်းပိုင်းဒေသတွေထိ မရောက်ခဲ့ပဲနဲ့ နောက်ပြန်ဆုတ်အောင် ဖိအားပေးခံခဲ့ရတယ်။
ဒီနေရာမှာ ဘာပဲဖုံးကွယ်နေနေ အရမ်းကြောက်ဖို့ ကောင်းတယ်။ အဲဒါက မရေတွက်နိုင်တဲ့ နတ်ဘုရားတွေနဲ့ ထာဝရအရှင်တွေကိုတောင် ဖျက်စီးခဲ့တာ။
အဲဒီထဲမှာ အရမ်းကို သွေးဆာနေတဲ့ အထွတ်အထိပ် စွမ်းအားရှင်တစ်ယောက်ပဲ ရှိလောက်တယ်”
ကျူးကောယွမ်က ကြောက်လန့်နေပြီး မပြောသင့်သည်ကို ပြောမိသည့်ပုံစံဖြင့် ပုခုံးကို တွန့်ပြလိုက်သည်။
သူ့စကားကို ကြားပြီးနောက် အားလုံး၏ မျက်နှာထားများကလည်း ပြောင်းလဲသွားသည်။
သူတို့ကို ရင်တုန်စေသည့် စကားများကြားထားသည့်အတွက် သူတို့ ရှေ့ဆက်ပြီး မသွားရဲတော့ပေ။
ကံကောင်းစွာနဲ့ ဆန်းကြယ်အံ့ဖွယ်ကျွန်းရဲ့ အတွင်းပိုင်းဒေသတွေကို သွားဖို့အတွက် နောက်ထပ် လမ်းတစ်ခုရှိနေတယ်။
ငါတို့ ဒီပိုင်နက်ကို ဖြတ်သန်းသွားစရာမလိုဘူး။ ပတ်ပြီးသွားလို့ရတယ်”
သူတို့ ဘိုးဘေးချန်ထားသော မှတ်တမ်းများအရ ကျူးကောယွမ်က တခြားလမ်းကြောင်းများကို သိထားသည်။ ထို့ကြောင့် သူ သိပ်ပြီးတော့ စိတ်မပူပေ။
သူတို့၏ လက်ရှိစွမ်းရည်များအရ ဤအစီအရင်ကို ချိုးဖျက်နိုင်ခြင်းမရှိပေ။
အားလုံးက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့က သူတို့၏ ဘိုးဘေးများပင် မသွားရဲသောနေရာသို့ ဝင်သွားမည် မဟုတ်ပေ။
ထိုအချိန်တွင် ရှန်ထျန်းက ယင်ယန်သင်္ချိုင်း နတ်ဘုရားပိုင်နက်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အရမ်းတည်ငြိမ်ပြီး စကြဝဠာထဲတွင် ကြယ်များလင်းလက်နေသကဲ့သို့ လင်းလက်တောက်ပနေသည်။
ရှန်ထျန်းက မွေးရာပါ ကောင်းကင်တာအိုမျက်လုံးများကို အသက်သွင်းကာ ယင်ယန်သင်္ချိုင်း နတ်ဘုရားပိုင်နက်၏ အတွင်းပိုင်းဒေသများသို့ ထိုးထွင်းကြည့်လိုက်သည်။
မှုန်မှိုင်းသော အာကာပြင်က မွေးရာပါ ကောင်းကင်တာအိုမျက်လုံး၏ ကျေးဇူးကြောင့် ကြည်လင်တောက်ပသွားသည်။
ဧရာမရေကန်က ဤပိုင်နက်၏ အလယ်ခေါင်တွင် ရှိနေသည်။
ရေကန်က ရွှေရေကန်ကဲ့သို့ တောက်ပပြီး ထူးခြားနေသည်။
ပဒုမ္မာကြာပန်းတစ်ပွင့်က ရေကန်၏ အလယ်ခေါင်တွင် တည်ရှိနေသည်။
ထိုပဒုမ္မာကြာပန်းက အရမ်းထူးခြားသည်။ တစ်ဖက်က တောက်ပသော နေမင်းကဲ့သို့ ရွှေရောင်သန်းနေပြီး ကျန်တစ်ဖက်က လရောင်ကဲ့သို့ ငွေရောင်တောက်ပနေသည်။
ရှန်ထျန်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်
“ အဲဒါက… ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာလား”
သူက ထိုပန်းအကြောင်းကို ပဒုမ္မာကြာ နတ်ဧကရာဇ်၏ ဆေးပင်တစ်ရာကျမ်းထဲတွင် ဖော်ပြထားသည်ကို မြင်ပြီးပြီဖြစ်သည်။
ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာက မူလယင်ယန်စွမ်းအင်ကို စုပ်ယူရာမှ မွေးဖွားလာပြီး ကမ္ဘာလောက၏ အရှားပါးဆုံး ထာဝရဆေးပင်ဟု ဒဏ္ဍာရီများထဲတွင် ပြောထားကြသည်။
ထိုအရာက နတ်ဧကရာဇ် ဆေးပင်များထက် ကျော်လွန်ပြီး နတ်ဘုရားလောကမှ ပါရမီရှင်များပင် လိုချင်သောအရာဖြစ်သည်။
ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာ ပွင့်လာဖို့အတွက်က ခက်ခဲလှသည်။ ယန်ပန်းပွင့် ပွင့်လာဖို့အတွက် အကန့်အသတ်မဲ့သော သွေးသားအဆီအနှစ်များ လိုအပ်ပြီး ယင်ပန်း ပွင့်လာဖို့အတွက် အဆုံးမဲ့ ယင်စွမ်းအင် လိုအပ်သည်။
သို့သော် ပြီးပြည့်စုံသော ပြန်လည်ဝင်စားခြင်း ကြာပန်းပွင့်လာဖို့အတွက် အကန့်အသတ်မဲ့ မူလယင်ယန်စွမ်းအင်ကို အာဟာရအဖြစ် လိုအပ်သည်။
ထို့အပြင် အရှိန်အဝါများ ယိုစိမ့်မှု မရှိရန်အတွက် ပြိုင်ဘက်ကင်း အစီအရင်ကို တည်ဆောက်ထားရမည်ဖြစ်သည်။
ကန့်သတ်ချက်များသော အခြေအနေကြောင့် နတ်ဘုရားလောကမှာပင် လူအနည်းငယ်သာ ရရှိနိုင်သည်။ ထို့ကြောင့် ဤထာဝရဆေးပင် ဘယ်လောက်ထိ တန်ဖိုးရှိလဲဆိုတာကို စိတ်ကူးယဉ်ကြည့်လို့ပင် မရပေ။
သို့သော် ယခု သူက ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာကို တွေ့နေပြီဖြစ်သည်။
ဒီနေရာက ရှေးခေတ်အခါတုန်းက စွမ်းအားကြီးတဲ့သူတွေ အများကြီး သေသွားတဲ့ တိုက်ပွဲကွင်းပြင်တစ်ခုများလား
ဒါက ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်တစ်ခုပဲ
ရှန်ထျန်း၏ အကြည့်တို့ တောက်ပလာသည်။ သူ ထိုဆေးပင်ကို ခူးယူဖို့အတွက် စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
သူက ကျူးကောစစ်မာ၏ ကံအပြောင်းအလဲ အခွင့်အရေးပုံရိပ်ထဲတွင် ဤအရာကို မမြင်ခဲ့သည့်အတွက် ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာကို ကျူးကောစစ်မာ မရရှိနိုင်ပေ။
ထိုကဲ့သို့သော ကံအပြောင်းအလဲ အခွင့်အရေးကို ဘာနှင့်မှ လဲလို့ မရနိုင်ပေ။
ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာကို မြင်ပြီးနောက် ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာပင် လိုချင်တပ်မက်စိတ်ကြောင့် တုန်ခါလာသည်ဟု ရှန်ထျန်း ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်ထဲရှိ ယင်ယန်နှစ်ဆအရှိန်အဝါက ဆေးပင်ကို စုပ်ယူချင်နေသည်။
ဤပစ္စည်းက ရှန်ထျန်းအတွက် အရမ်းအသုံးဝင်သည်။
ရှန်ထျန်း၏ အကြည့်တို့ လောင်ကျွမ်းနေသည်။ သူက ကြိုးစားကာ ပြန်လည်ဝင်စားခြင်း ပဒုမ္မာကြာကို ခူးယူဖို့ ဆုံးဖြတ်လိုက်သည်။
ဤအရာက ပြိုင်ဘက်ကင်း ထာဝရဆေးပင်ဖြစ်သည့်အတွက် သူ မတပ်မက်ပဲ မနေနိုင်ပေ။
ထိုအတွေးကြောင့် ရှန်ထျန်း ထပ်ပြီးတွေဝေခြင်းမရှိတော့ပဲ ယင်ယန်မြှုပ်နှံခြင်း နတ်ဘုရားပိုင်နက်ဆီ လမ်းလျှောက်သွားလိုက်သည်။
မျိုးနွယ်စုနှစ်ခု၏ တပည့်များက ထိတ်လန့်သွားကြသည်။
ကျူးကောစစ်မာနှင့် စစ်မာချန်တို့က တုန်လှုပ်ကာ အလျင်အမြန် ပြန်ခေါ်လိုက်ကြသည်
“ ရှန်ထျန်း အဲဒီမှာ အန္တရာယ် အရမ်းများတယ်။ အထဲကို ဝင်မသွားနဲ့”
ယင်ယန်မြှုပ်နှံခြင်း နတ်ဘုရားပိုင်နက်က တကယ် ကြောက်ဖို့ကောင်းလှသည်။ မရေတွက်နိုင်သော ထာဝရအရှင်များနှင့် နတ်ဘုရားများလည်း အထဲမှာ သေဆုံးသွားကြသည်။
မျိုးနွယ်စုနှစ်ခု၏ ဘိုးဘေးများပင် အထဲသို့ ဝင်မသွားရဲကြပေ။ ထို့ကြောင့် ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာကို သိနိုင်သည်။
ရှန်ထျန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ကိုင်တွယ်နိုင်သော်လည်း မူလယင်ယန်စွမ်းအင်ကို ခုခံနိုင်မည် မဟုတ်ပေ။ အထဲမှာ ကြောက်စရာကောင်းသောအရာတချို့လည်း ပုန်းကွယ်နေနိုင်သည်။ အထဲမှာ ဘာတွေရှိလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။
ထို့ကြောင့် ရှန်ထျန်းက ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်
“ စိတ်မပူပါနဲ့။ ကျွန်တော် သွားကြည့်လိုက်ဦးမယ်”
ယခင်တုန်းက မျိုးနွယ်စုနှစ်ခု၏ ဘိုးဘေးများက ဤနေရာမှ ဘေးကင်းစွာ ထွက်လာနိုင်ခဲ့သည့်အတွက် အထဲဝင်တိုင်းလည်း သေမည်ဟု မထင်ပေ။
ရှန်ထျန်း၏ စွမ်းအင်များအရ သူ အစီအရင်ကို မဖျက်စီးနိုင်လျှင်ပင် တစ်ခါထဲ လွတ်မြောက်အောင် လုပ်နိုင်ဖို့အတွက် ယုံကြည်မှုရှိသည်။
ထို့ကြောင့် သူက ယင်ယန်မြှုပ်နှံခြင်း နတ်ဘုရားပိုင်နက်ထဲသို့ ဝင်သွားကာ ပျောက်ကွယ်သွားသည်။
မျိုးနွယ်စုနှစ်ခုက အံ့ဩသွားပြီး ဘယ်သူမှ သူ့နောက်လိုက်မသွားရဲကြပေ။
ကျူးကောစစ်မာနှင့် စစ်မာချန်တို့က ပုခုံးတွန့်ပြရင်း ပြောလိုက်ကြသည်
“ ရှန်ထျန်းက ဘာလို့ ဒီလောက်ထိ စွန့်စားရတာလဲ။ ဒါက သေချာပေါက် တားမြစ်နယ်မြေပဲလေ။
ဒီယင်ယန်သင်္ချိုင်း နတ်ဘုရားပိုင်နက်ထဲမှာရှိတဲ့ အရှိန်အဝါကတောင် အရိုးထဲထိ စိမ့်နေအောင် ကြောက်ဖို့ကောင်းတယ်”
ကျူးကောစစ်မာ၏ အကြည့်တို့ ခက်ထန်သွားကာ ပြောလိုက်သည်
“ ကျွန်တော်တော့ အစ်ကိုကြီးရှန်ကို ယုံကြည်တယ်။ သူက ဘယ်တော့မှ အလျင်စလို လုပ်မှာ မဟုတ်ဘူး”
ရှန်ထျန်း၏ အစီအရင်စွမ်းရည်က အရမ်းကောင်းမွန်သည့်အတွက် နယ်မြေငါးခု၏ ထိပ်သီးတစ်ယောက်ဟုပင် သတ်မှတ်လို့ရနိုင်သည်။
ဤယင်ယန်မြှုပ်နှံခြင်း နတ်ဘုရားပိုင်နက်က အန္တရာယ်ရှိသော်လည်း ပိုင်နက်တစ်ခုသာ ဖြစ်သည်။
ရှန်ထျန်း၏ စွမ်းရည်များအရ သူ ထိုအရာကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးရှိသည်။
“ ကျွန်တော်တို့က အစ်ကိုကြီးရှန်အပေါ် ယုံတယ်။ သူက အရမ်းစွမ်းအားကြီးတော့ အဆင်ပြေမှာပါ”
ကျူးကောမုန့်နှင့် စစ်မာရွှယ်တို့လည်း ရှေ့တိုးသွားကာ ဆုံးဖြတ်ချက် ပြတ်သားသည့်ပုံစံဖြင့် ပြောလိုက်ကြသည်
“ ညီမတို့လည်း အဲလိုပဲဖြစ်ဖို့ မျှော်လင့်ပါတယ်။
ရှန်ထျန်းသာ အထဲမှာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် နယ်မြေငါးခုအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ”
နယ်မြေငါးခုရှိ အန္တရာယ်က ဖြေရှင်းလို့ မပြီးသေးပေ။ မျိုးနွယ်စုအားလုံးက မိစ္ဆာဝိညာဉ်မျိုးနွယ်ကို ခုခံဖို့အတွက် ကြိုးစားနေကြသည်။
ရှန်ထျန်း၏ စွမ်းအားနှင့် အရည်အချင်းများအရ သူက ကောင်းမွန်သောအရာများကို ရရှိဖို့အတွက် ကံကြမ္မာဖန်လာခဲ့သည်။
သူက မိစ္ဆာဝိညာဉ်မျိုးနွယ်နှင့် တိုက်ခိုက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပြီး နယ်မြေငါးခုကို အထောက်အပံ့ပေးနိုင်သည်။
ရှန်ထျန်းသာ တစ်ခုခုဖြစ်သွားပါက ကျူးကောယွမ်နှင့် စစ်မာချန်တို့ နောင်တရသွားကြမည်ဖြစ်သည်။
ရှန်ထျန်းကို ဤနေရာသို့ အတူလိုက်ဖို့ ခေါ်ခဲ့သူက သူတို့ကိုယ်တိုင် ဖြစ်သည်။
ထိုအချိန်တွင် တခြားအရာများကို ပြောနေလို့ အသုံးမဝင်ပေ။
မျိုးနွယ်စုနှစ်ခုက ရွေးချယ်စရာမရှိဘဲ ပိုင်နက်အပြင်ဘက်တွင် ရှန်ထျန်း ပြန်အလာကို စောင့်ပြီး ဆုတောင်းရုံအပြင် မတတ်နိုင်တော့ပေ။
ရှန်ထျန်းက ယင်ယန်မြှုပ်နှံခြင်း နတ်ဘုရားပိုင်နက်ထဲသို့ အောင်မြင်စွာ ဝင်သွားသည်။
သူဝင်သွားသည့်အချိန်တွင် အဆုံးမဲ့ မူလယင်ယန်စွမ်းအင်က သူ့ကို ပတ်လည်ဝန်းရံလာသည်ကို ခံစားလိုက်ရသည်။
မူလယင်ယန်စွမ်းအင်က ဧရာမလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲပြီး စိတ်တုန်လှုပ်စေသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သာမန်ဝိဇ္ဇာတစ်ယောက်သာ ဤနေရာသို့ ဝင်လာပါက အရိုးများပေါ်သည့်အထိ တိုက်စားခံရကာ ဗလာနတ္ထိဖြစ်သွားနိုင်သည်။
ဤစွမ်းအင်က အရမ်းကြောက်ဖို့ကောင်းလှသည်။ ထိုအရာက ရှုပ်ထွေးပွေလီ အငွေ့အသက်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လှပြီး သာမန်ဝိဇ္ဇာများပင် ခုခံနိုင်စွမ်း မရှိပေ။
သို့သော် ထိုစွမ်းအင်က ရှန်ထျန်းအပေါ် အကျိုးသက်ရောက်မှု မရှိပေ။
ရှန်ထျန်းက အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပနေကာ သူ့အရှိန်အဝါက ဩဇာကြီးပြီး စွမ်းအားကြီးလှသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းမှုန်များထွက်ပေါ်လာကာ သူ့ကို တောက်ပအောင် ပြုလုပ်ပေးထားသည်။ ထိုအလင်းမှုန်များက လေပွေလေးကဲ့သို့ ဖြစ်နေပြီး ကြောက်စရာကောင်းသော ဝါးမျိုစွမ်းအားကို လွှတ်ထုတ်နေသည်။ ပတ်ဝန်းကျင်ရှိ မူလယင်ယန်စွမ်းအင်က ပြင်းထန်သော လှိုင်းများကဲ့သို့ သူ့ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ထိုအချိန်တွင် အလင်းတန်းများ အဘက်ဘက်သို့ ပျံ့နှံ့သွားသည့်အတွက် ဆန်းကြယ်သော မြင်ကွင်းတစ်ခုကို ပေးစွမ်းနေသည်။ ယင်ယန်နှစ်ဆအရှိန်အဝါ အားကောင်းလာသည့်အတွက် ရှန်ထျန်း၏ ခန္ဓာကိုယ်တုန်ရီလာကာ ပြိုင်ဘက်ကင်းစွမ်းအားကို မြှင့်တင်ပေးသည်။
ထိုအရာက အကုန်မဟုတ်သေးပေ။ သူ၏ ခရမ်းစံအိမ် စိတ်ဝိညာဉ်ကမ္ဘာက လျင်မြန်စွာ ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့သွားသည်။
ရုတ်တရက် ရှန်ထျန်း၏ ခန္ဓာကိုယ် သက်သာရရသွားသလို ခံစားလိုက်ရပြီး ဘာအတားအဆီးမျိုးကိုမှ မခံစားရတော့ပေ။
သူ ရှေ့ဆက်သွားရင်း အနည်းငယ် ပြုံးလိုက်သည်။
ရှန်ထျန်း အထဲသို့ရောက်သွားသောအခါ ထိုနေရာက ဘယ်လောက်ထိ ထူးခြားလဲဆိုတာကို သိလိုက်ရပြီး မြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားမိသည်။
မြေများက အညိုရင့်ရောင်ဖြစ်ပြီး သွေးများစွန်းထင်းပြီး ခြောက်သွေ့နေသော အရောင်နှင့် တူသည်။
ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများက နေရာတိုင်းတွင် ရှိနေသည်။
ရှန်ထျန်း၏ အကြည့်များ ခက်ထန်လာသည်။ အရိုးစုတစ်ခုက သူ့ရှေ့မှာ ရှိနေသည့်အတွက် ကြောက်စရာကောင်းလှသည်။
အရိုးစုက ပုံဆောင်ခဲဖြစ်နေပြီး ထူးခြားစွာ တောက်ပနေသည်။ သိမ်မွေ့စွာဖြင့် ဖြာထွက်နေသော်လည်း စွမ်းအားကြီးသော အရှိန်အဝါ ဖြစ်သည်။
ထိုအရာက ရှိနေတာ နှစ်ပေါင်းသောင်းချီ ကြာနေသည့်ပုံပေါ်သော်လည်း ပျက်စီးခြင်းမရှိပဲ ပြီးပြည့်စုံစွာဖြင့် မူလအခြေအနေအတိုင်း ပြုလုပ်ထားသည်။
ထိုအရာက မပျက်စီးစေပဲ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားသည့် ထိပ်တန်းကျင့်ကြံသူ၏ အရိုးစုဆိုတာ သေချာသည်။
ရှန်ထျန်းက သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ နေရာတစ်ခုလုံးတွင် ထိုကဲ့သို့သော အရိုးစုများ ပြန့်ကျဲနေသည်ကို မြင်ရသည်။
ထိုနေရာက အရိုးပင်လယ်၊ သွေးမြစ်ဖြစ်သော မြေအောက်ကမ္ဘာ၏ အဝါရောင်မြစ် ဖြစ်သည်။
မြေပြင်ပေါ်တွင် ကျဆုံးသွားသော စစ်သား အများအပြားရှိနေပြီး စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
အလယ်တွင် ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများ၊ စွမ်းအားကြီး ဝိဇ္ဇာအသုံးအဆောင်ပစ္စည်းများနှင့် အထွတ်အထိပ်အဆင့် ထာဝရအသုံးအဆောင်ပစ္စည်းများပင် ရှိနေသည်။
သို့သော် အားလုံးက ပျက်စီးနေပြီး စွမ်းအားများကို ဆုံးရှုံးထားသည်။
မရေတွက်နိုင်သော နတ်ဘုရားများ အသက်ဆုံးရှုံးခဲ့သည့် ဧရာမသင်္ချိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။
ရှန်ထျန်းက ထိုမြင်ကွင်းကို သေချာစိုက်ကြည့်ကာ သူ့စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။
ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲ
ဘယ်လောက်ထိ ဆိုးရွားတဲ့အရာမျိုးက ဒီလောက်ထိ စွမ်းအားကြီးတဲ့ ပါရမီရှင်တွေကို သေသွားစေရတာလဲ
ရှန်ထျန်းက ရှေ့တိုးသွားကာ ထိုအရိုးစုများကို ထိတွေ့ကြည့်လိုက်သည့်အခါ ပြာမှုန့်များအဖြစ် လေထဲသို့ လွင့်ပြယ်သွားသည်။
အချိန်က အားလုံးကို တိုက်စားသွားတယ်။
စွမ်းအားအကြီးဆုံး ကျင့်ကြံသူတွေရဲ့ အရိုးတွေတောင် ယိုယွင်းပျက်စီးမှုကနေ မလွတ်မြောက်နိုင်ဘူးပဲ
ရှန်ထျန်းက ခရီးအရှည်ကြီးသွားခဲ့သော်လည်း အဆုံးကို မရောက်နိုင်ဖြစ်နေသည်။
ဤမြင်ကွင်းကို လေ့လာကြည့်လိုက်သည့်အခါ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းလောက်တုန်းက ဆိုးရွားသောစစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံပေါ်သည်။
ထိုစစ်ပွဲတွင် မရေတွက်နိုင်သော စွမ်းအားကြီး ကျင့်ကြံသူများက သွေးမြေကျကာ အရိုးစုများအဖြစ် အဆုံးသတ်သွားပုံပေါ်သည်။
သို့သော် အရိုးစုတစ်စုက ရှန်ထျန်း၏ သံသယများကို မြှင့်တင်ပေးလိုက်သည်။
ထိုအရိုးစုများကို သေချာထိန်းသိမ်းထားသည့်အတွက် အစင်းရာပင် မထင်ပေ။ သူတို့က မြေပြင်ပေါ်တွင် လှဲနေကာ အရှုံးမခံသော အပြုအမူဖြင့် ကောင်းကင်ကို မော်ကြည့်နေသည်။
ထိုအရိုးစုများက တိုက်ခိုက်နေရင်း သေဆုံးသွားသောသူများ မဟုတ်ပေ။ သူတို့က စက္ကန့်အပိုင်းအတွင်း အသတ်ခံခဲ့ရသောသူများ၏ အရိုးစုများ ဖြစ်သည်။
ထိုအရာကို မြင်လိုက်ရသည့်အတွက် ရှန်ထျန်း ပိုမိုထိတ်လန့်သွားသည်။
ဒါက ဘယ်လိုနေရာမျိုးလဲ
ဘယ်လိုစွမ်းအားမျိုးက ဒီလောက်ထိ များတဲ့ စွမ်းအားကြီး ကျင့်ကြံသူတွေကို ဖျက်စီးနိုင်တာလဲ။ သူတို့က ဘာလို့ ခုခံဖို့တောင် အခွင့်အရေး မရရတာလဲ
ဒါက ယင်ယန်သင်္ချိုင်း နတ်ဘုရားပိုင်နက်ရဲ့ မဟာဆန်းကြယ်မှု
ဆန်းကြယ်အံ့ဖွယ်ကျွန်းထဲမှာ အဖြေကို ရှာတွေ့မလားဆိုတာ သိချင်နေမိသည်။