ငါ့ကို နတ်ဘုရားလို ကိုးကွယ်ကြလိမ့်မယ်
Vol. 9 Ch. 81
မျက်စိတစ်မှိတ်အတွင်းမှာပင်။
မျက်လုံးကြီးသည် မိမိ၏စွမ်းအားများ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊မမြင်နိုင်သော လက်ကြီးတစ်ဖက်က သူ့ကို ဖြည်းညှင်းစွာ ပင့်မထားသကဲ့သို့ဖြစ်နေသည်။
ယခုလိုခံစားချက်မျိုးက သူလို့ အင်မော်တယ်အဆင့် နတ်ဆိုးတစ်ကောင်ထံတွင် လုံးဝ မဖြစ်သင့်ပေ။
"ဒါ မဖြစ်နိုင်... အာ့..."
မျက်လုံးကြီးသည် ရုတ်တရက်နွေးထွေးသော စွမ်းအားစီးကြောင်းကြီးတစ်ခု ဝင်ရောက်လာပြီး သူ့ကို လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။
သောက်ကျိုးနည်း... ဒီခံစားချက်ကြီး ဖြစ်ပြန်ပြီ သူ ငါ့ကို အစာကျွေးနေတာပဲ။
ထို နွေးထွေးမှုက သူ့ကိုလွှမ်းခြုံထားပြီး သက်တောင့်သက်သာရှိမှုနှင့်အတူ သူ့ဝိညာဉ်ကို ကျွန်ပြုနေခြင်း ဖြစ်သည်။
"ငါ ဘယ်တော့မှ ကျွန်မခံဘူး"
ရှန်းချန်ကောက တစ်ချက်ကြည့်လိုက်ပြီး၊ သူပေးတာ မလောက်သေးဘူး ထင်မှတ်ကာ 'ရှေးဟောင်းဝိညာဉ်နတ်ဆိုးပျိုးထောင်ကျမ်း' ကို အစွမ်းကုန် လည်ပတ်ပြီး အကြီးကြီးတစ်လုံး ပစ်ထည့်ပေးလိုက်သည်။
"အာ့"
မျက်လုံးကြီးသည် သူဖန်တီးထားသော ရှေးဟောင်းနတ်ဘုရားပုံရိပ်ကို ခြေလက်ကားယား ဖြစ်သွားစေသည်အထိ သံကြိုးများတင်းခနဲ မြည်ဟိန်းသွားအောင်ထိ ခံစားလိုက်ရသည်။
ထိုအချိန်တွင် နွေးထွေးသော စွမ်းအားစီးကြောင်းသည် သူ့ခန္ဓာကိုယ် အပေါက်လမ်းကြောင်းတိုင်းထဲသို့ စီးဝင်သွားပြီး သူ မနေနိုင်ဘဲ ဇိမ်တွေ့သွားမိသည်။
"နူးညံ့မှုဆိုတာ သူရဲကောင်းတို့ရဲ့ မေးစက်ရာပါလား"
"အား... ရှယ်ပဲဟေ့"
ရှန်းချန်ကောလည်း ပြုံးလိုက်မိသည်။
အမှန်ပင်... ရှေးဟောင်းနတ်ဘုရားတစ်ပါးက သင့်ကို ဘယ်တော့မှအရှုံးမပေးဘူး၊ ဒူးမထောက်ဘူးလို့ ပြောလာခဲ့လျှင်၊ ထိုအရာက ရှေးဟောင်းနတ်ဘုရား၏စိတ်ဆန္ဒ ခိုင်မာလွန်း၍၊ မြင့်မြတ်လွန်းသောကြောင့်မဟုတ်ပေ... သင်ပေးတာ မလုံလောက်သေးလို့ပါပဲ။
မျက်လုံးကြီး - "သဘောတရားကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ သူပေးတာက များလွန်းနေတယ်လေ..."
ဤတစ်ကြိမ်မှာတော့ ထိန်းချုပ်မှု (၅) ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့၏။
ရှန်းချန်ကောသည် သူ့တွင် စွမ်းရည်အသစ်တချို့ ရလာပြီဟု ခံစားလိုက်မိသည်။
ဥပမာအားဖြင့်...
ရှန်းချန်ကော၏မျက်ခုံးကြားမှ မျက်လုံး ရုတ်တရက် ပွင့်လာသည်။
မျက်လုံးက ပိုပြီးသက်ဝင်လှုပ်ရှားလာခဲ့ပြီး၊ဖြည်းညှင်းစွာ ဖွင့်လိုက်ရုံဖြင့် ရှေ့မှအမှောင်မြူခိုးများသည် ကွဲထွက်သွားပြီး လေဟာနယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံထက်သို့ နတ်ဘုရားအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သကဲ့သို့ တိမ်တိုက်များလှိုင်းဂယက် ထသွားစေသည်။
သူသည် မူလမျက်လုံးနှစ်လုံးကို ဖြည်းညှင်းစွာ မှိတ်ထားပြီး ထိုဒေါင်လိုက်မျက်လုံးဖြင့်သာ လောကကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင်။
မြူမည်းများသည် သူ့အမြင်အာရုံအောက်တွင် အလွှာလိုက်ကွာကျသွားသကဲ့သို့ ဖြစ်ပြီး အရာရာကို ခွဲခြမ်းစိတ်ဖြာကာ အနှစ်သာရကို မြင်တွေ့လိုက်ရသည်။
ထို့နောက်...
ရှန်းချန်ကောသည် သူ့လက်ဖြင့် မျက်ခုံးကြားမှ မျက်လုံးကို ဖြည်းညှင်းစွာ တစ်ချက်တို့လိုက်သည်။
ထိုအခါ ထိုဒေါင်လိုက်မျက်လုံးသည် ရေစက်ကလေးတစ်ခုအလား သူ့မျက်ခုံးလယ်မှကွာကျလာသည်။
ထိန်းချုပ်မှု (၅) ရာခိုင်နှုန်း ရှိလာချိန်တွင် မျက်လုံးသည် ရှန်းချန်ကော၏ခန္ဓာကိုယ်မှ ခွဲထွက်နိုင်ပြီ ဖြစ်သည်။
ဗျစ်...
ဗျစ်...
မျက်လုံးကြီးထံမှ ဖြည်းညှင်းစွာဖြင့် သေးငယ်သောသွေးကြောမျှင် လက်ချောင်း ခြေချောင်းလေးများ ထွက်လာသည်။
လူကြီးလက်သီးဆုပ် အရွယ်အစားရှိသော မျက်လုံးက ဟိုဒီလည့်နေသည်။
အင်မော်တယ်အဆင့် နတ်ဆိုးဖြစ်သော်လည်း ရှန်းချန်ကော အမြင်တွင်တော့ အနည်းငယ် ချစ်စရာ ကောင်းနေသည်။
"တောင့်တောင့်တင်းတင်းလေးပါလား"
ရှန်းချန်ကောက လက်ဖြင့် လှမ်းတောက်လိုက်ရာ မျက်လုံးကြီးလွင့်ထွက်သွားပြီး ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားသည်။
ဒေါသထွက်သွားသော ရှေးဟောင်းနတ်ဘုရားကြီး တဂျီဂျီအော်ပြောနေသော်လည်း ရှန်းချန်ကော နားမလည်ပေ။
ဟမ်
ငါနဲ့ ခွဲထွက်လိုက်တာနဲ့ စကားမပြောတတ်တော့ဘူးလား။
ဒါ ယဉ်ကျေးမှုရှိတဲ့ရှေးဟောင်းနတ်ဘုရားလေ၊ ဘာလို့ အသံတိတ်သွားတာလဲ။
"ကြည့်ရတာ... အခု ခွဲထွက်လာတာက သူ့ရဲ့အစိတ်အပိုင်း တစ်ခုပဲ ဖြစ်မယ်။ ဘာသာစကား စွမ်းရည်နဲ့ တခြားစွမ်းရည်တချို့က ငါ့ခန္ဓာကိုယ်ထဲက ရှေးဟောင်းနန်းတော်ထဲမှာပဲ ကျန်နေခဲ့ပုံရတယ်။ထိန်းချုပ်မှု ရာခိုင်နှုန်း မြင့်လာမှ အဲဒီစွမ်းရည်တွေကို တဖြည်းဖြည်း သုံးလို့ရမယ် ထင်တယ်။"
ထိုအချိန်တွင်...
မျက်လုံးကြီး စိတ်ဆိုးသွားပုံရသည်။
လက်သီးကို ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ရှေးဟောင်းပျက်သုဉ်းခြင်းအရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။
အမှောင်မြူခိုးများကြားတွင် နဂါးပုံ၊ ဖီးနစ်ပုံများ ဖန်တီးပြီး ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ နတ်ဆိုးအများအပြား ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
သို့သော် ထိုအချိန်တွင်။
ရှန်းချန်ကောက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
မျက်လုံးကြီး - "..."
သူ့နောက်ကျောမှ အမှောင်မြူခိုးပုံရိပ်များ ပူပေါင်းပေါက်သလို ပျောက်ကွယ်သွားပြီး သူတစ်ယောက်တည်း အထီးကျန်စွာ ရပ်ကာကျန်ရစ်သည်။
"အလကား သက်သက်ရုန်းကန်မနေနဲ့၊ မင်းရဲ့ အရာအားလုံးက နောက်ဆုံးကျရင် ငါ့အပိုင် ဖြစ်လာမှာပါ။"
မျက်လုံးကြီး - "..."
သို့သော် ရှန်းချန်ကောက ရုတ်တရက် ပြုံးလိုက်ပြီး ကလေးမုန့်ပေးကြိုက်မယ့် ဦးလေးကြီးလို ခေါင်းငုံ့ကာ မေးလိုက်သည်။
"သွေးသားလတ်လတ်ဆတ်ဆတ်လေး စားချင်လား"
ရှန်းချန်ကော လက်တွင် သွေးနံ့အနည်းငယ် စွဲနေသေးသည်။
သူသည် အဝတ်အစားများကို သွေးမစွန်းအောင် ဂရုစိုက်ခဲ့သော်လည်း အနံ့အနည်းငယ်တော့ ကျန်နေတတ်သည်။
ယခု သူက မျက်လုံးကြီးကို ထိုသွေးနံ့ရှူစေပြီး နတ်ဓားဂိုဏ်း၏တည်နေရာကို ရှာဖွေစေချင်ခြင်း ဖြစ်သည်။
သူတို့လာတိုက်ခိုက်မှတော့ ရှန်းချန်ကောဘက်က မည်သို့လွတ်ပေးလိုက်ရမည်နည်း။
လာ... ဒီအနံ့ကို ရှူကြည့်
ရှန်းချန်ကော ပြုံးလိုက်သည်။
မျက်လုံးကြီး - "..."
မင်း ငါ့ကို ဘာမှတ်နေလဲ
ငါက ရှေးဟောင်းနတ်ဘုရား နတ်ဘုရားအဆင့် နတ်ဆိုးကွ
ခွေး မဟုတ်ဘူး
ရှန်းချန်ကောသည် မျက်လုံးကြီးက သူ့လက်ကို ပုတ်ထုတ်လိုက်သဖြင့် အပြုံးများ အေးခဲသွားသည်။
ငါအရင်က မြင်ဖူးတာနဲ့ မတူပါလား
"ဆိုတော့... မင်း နတ်ဓားဂိုဏ်းရဲ့ တည်နေရာကို ရှာပေးနိုင်လား၊ မပေးနိုင်ဘူးလား။"
ရှန်းချန်ကော မျက်နှာထား တင်းမာလာခဲ့သည်။
"ဂျီဂျီ ဝါးဝါး... ဝါးဝါး ကာကာ"
မျက်လုံးကြီးသည် မာနကြီးသော ကျောပြင်ကို ချန်ထားရစ်ပြီး အမှောင်မြူခိုးထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်။
သို့သော် ရှန်းချန်ကော အဝေးမှလှမ်းကြည့်လိုက်ရာ... မျက်လုံးကြီးသည် မြေကြီးကို နှာခေါင်းဖြင့် လိုက်နမ်းပြီး အနံ့ခံသွားနေသည်ကို တွေ့ရသည်။
ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
"ရှေးဟောင်းနတ်ဘုရားတွေလည်း မျက်နှာလိုမျက်နှာရတာပါပဲလား..."
ထိုအချိန်တွင် သူသည် အမှောင်မြူခိုးများကြားမှ ဖြည်းညှင်းစွာဆုတ်ခွာပြီး ကောင်းကင်ဘုံဓားဂိုဏ်း သို့ ပြန်လာခဲ့သည်။
ဂိုဏ်းအတွင်းမှ လူများသည် ယခုထိ တုန်လှုပ်နေဆဲဖြစ်သည်။
ရှန်းချန်ကော ဝင်လာသည်ကို မြင်သောအခါ ဂိုဏ်းသားများ အလျင်အမြန်မတ်တပ်ရပ်ပြီး ကြောက်ရွံ့စွာဖြင့် ခါးကို မြေကြီးထိလုနီးပါးကိုင်းညွတ်၍ နှုတ်ဆက်ကြသည်။
ရှန်းချန်ကော သက်ပြင်းချလိုက်သည်။
"မင်းတို့..."
"ဂိုဏ်းစီနီယာအစ်ကိုကြီး... ကျွန်တော်တို့ ကင်းလှည့်နေကြတာပါ" ဂိုဏ်းသားများ၏ခါးက ပိုကိုင်းသွားသည်။
ရှန်းချန်ကော သက်ပြင်းချလိုက်ပြန်သည်။
သူ ဂိုဏ်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာရာ လမ်းတစ်လျှောက် တွေ့သမျှ လူတိုင်းက သူ့ကို အလွန်အမင်း ရိုသေလေးစားကြပြီး ကြောက်ရွံ့မှုများပင် ပါဝင်နေသည်။
လူတစ်ယောက်၏ကြောက်မက်ဖွယ်ကောင်းမှုက အခြားသူအားလုံးထက် ကျော်လွန်သွားသောအခါ ကျန်ရစ်ခဲ့သည်မှာ မရေရာသော ကြောက်ရွံ့မှုတစ်ခုသာ ဖြစ်သည်။
ရှန်းချန်ကော ထွက်ခွာသွားပြီး အထီးကျန်သော အရိပ်တစ်ခုကို ချန်ထားရစ်ခဲ့သည်။
သူသည် စာပေပညာရှင် ဆန်ဆန် စာအုပ်ငယ်လေးတစ်အုပ်နှင့် စုတ်တံတစ်ချောင်းကို ထုတ်လိုက်သည်။
သူ ကောင်းကင်ဘုံတောင်ထိပ် သို့ ဖြည်းညှင်းစွာ တက်သွားသည်။
နေ့လယ်ရောက်နေပြီ
နေရောင်ခြည်သည် အမှောင်မြူခိုးအလွှာများကို ထိုးဖောက်ရန် ကြိုးစားနေပြီး တောင်ထိပ်ပေါ်သို့ မှိန်ဖျော့သော အလင်းရောင်များ ကျရောက်နေသည်။
အိပ်မက်တစ်ခုကဲ့သို့ပင်။
ရှန်းချန်ကော သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
စာအုပ်ငယ်ကို သူ လှန်ကြည့်လိုက်သည်။
"ဒါက ဒီကမ္ဘာကို ရောက်လာတဲ့ ဒုတိယမြောက်နှစ်... အဆုံးမဲ့တဲ့ မျှော်လင့်ချက်မဲ့မှုတွေ ဝင်လာတယ်။ငါက ပါရမီမရှိ၊ နောက်ခံမရှိတဲ့ ကောင်တစ်ကောင်ဆိုတာ သိလိုက်ရပြီ။ ဒီလိုခေတ်ဆိုးကြီးထဲမှာ ငါ သေမှာ သေချာသလောက်ပဲ..."
"မှောင်သွားပြီ... မြူထဲမှာ နဝ်ဆိုးတွေက အခွင့်ကောင်းစောင့်နေကြတယ်။ ငါ တစ်နေ့လုံး အိပ်ဖြစ်တယ်... ဒါပေမဲ့ မသေသေးဘူး..."
နောက်တစ်ရွက် လှန်လိုက်သည်။
"တစ်နေ့လုံး အိပ်ဖြစ်တယ်..."
"..."
"တစ်နေ့လုံး အိပ်ဖြစ်တယ်..."
"ငါးသေဖြစ်ရတာ အကျင့်ဖြစ်နေပြီ။ ငါ အိပ်နေတာ သုံးနှစ်ရှိပြီ။ အသုံးမကျတဲ့ စီနီယာအစ်ကိုကြီးပဲ ဖြစ်နေတုန်း။ လူတိုင်း ငါ့ကို မုန်းတယ်၊ ငါလည်း ကိုယ့်ကိုယ်ကိုယ် မုန်းတယ်။ ဒါပေမဲ့ ကြိုးစားသမျှ အလကားပဲဆိုတာ ငါသိလို့... ငါ နောက်ထပ် တစ်နေ့လုံး ထပ်အိပ်လိုက်တယ်..."
"..."
"ငါသေရင် ဝမ်းမနည်းကြပါနဲ့... ငါက မြေမှုန့်အဖြစ်ပြောင်းလဲသွားပြီး ဓားနဲ့ သီချင်းတွေက ငါ့အဖော်ပြုလိမ့်မယ်..."
ဤအရာက နောက်ဆုံးရေးထားသည့် စာမျက်နှာဖြစ်သည်။
ရှန်းချန်ကော နောက်တစ်မျက်နှာကို လှန်လိုက်သည်။
ထိုနေရာတွင် ဗလာဖြစ်နေသည်။
တိမ်လွှာများကို ဖောက်ထွက်လာသော နေရောင်ခြည်က သူ့အပေါ် ကျရောက်လာချိန်တွင် ရှန်းချန်ကော စာစရေးလိုက်သည်။
"ဒါက တတိယနှစ်၊ ငါ အိပ်တဲ့အကျင့်ဆိုးကို ပြင်လိုက်ပြီ။ စိတ်အေးလက်အေးနဲ့ ချက်အင်လုပ်တယ်။ စွမ်းအားတွေ ပိုပိုကြီးလာတယ်။ ဟုတ်တာပေါ့... ငါ အလုံအလောက် သန်မာလာတဲ့အခါ... သူတို့အားလုံး ငါ့ကို နတ်ဘုရားလို ကိုးကွယ်ကြလိမ့်မယ်။"
ရှန်းချန်ကော ရေးပြီးသည်နှင့် တစ်ခေါက်ပြီးတစ်ခေါက် ပြန်ဖတ်ကြည့်သည်။
နောက်ဆုံးတွင် စာလုံးများကြားမှ စကားလုံးနှစ်လုံးကို သူ ဖတ်မိလိုက်သည်။
"ဟန်ထုတ်ခြင်း"