← Chapters

မျက်လုံးကြီး နတ်ဓားဂိုဏ်းသို့ ရောက်ရှိလာခြင်း

Vol. 9 Ch. 82

မျက်လုံးကြီး နတ်ဓားဂိုဏ်းသို့ ရောက်ရှိလာခြင်း

Vol. 9 Ch. 82

နတ်ဓားဂိုဏ်းတွင်

ယခုအချိန်တွင် သူတို့သည် 'ဓားတစ်ထောင်သေဆုံးခြင်းဂိုဏ်း နှင့် အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲရန်အတွက် အသည်းအသန် ပြင်ဆင်နေကြသည်။

'ဓားတစ်ထောင်သေဆုံးခြင်းဂိုဏ်း' သည် ဂိုဏ်းသင်္ကေတ ရုပ်တုကြီး (၉) ခု ပိုင်ဆိုင်ထားသော ကောင်းကင်အဆင့်ဂိုဏ်းတော်တစ်ခု ဖြစ်သည်။

အမှောင်မြူခိုးသမုဒ္ဒရာ အတွင်းရှိ ဂိုဏ်းများကိုရုပ်တု အရေအတွက်အလိုက် ခွဲခြားသတ်မှတ်ကြသည်။

ဥပမာအားဖြင့် ရုပ်တု (၁) ခုမှ (၂) ခုအထိ ပိုင်ဆိုင်လျှင် သာမန်ဂိုဏ်းဖြစ်သည်။

ရုပ်တု (၃) ခုမှ (၉) ခုအထိ ပိုင်ဆိုင်လျှင် ကောင်းကင်အဆင့် ဂိုဏ်းဖြစ်ပြီး၊(၁၀) ခုမှ (၁၉) ခုအထိဆိုလျှင် ဘုရင်အဆင့်ဂိုဏ်းဖြစ်သည်။

ဤအရာက ဂိုဏ်းအဆင့်အတန်း ကွာခြားချက်ပင် ဖြစ်သည်။

ဓားတစ်ထောင်သေဆုံးခြင်းဂိုဏ်း မှာမူ ရုပ်တု (၉) ခု ပိုင်ဆိုင်ထားသည်။

ကောင်းကင်အဆင့် ဂိုဏ်းများထဲတွင် ထိပ်သီးဟု သတ်မှတ်နိုင်သည်။

နတ်ဓားဂိုဏ်းမှာမူ ရုပ်တု (၇) ခု ပိုင်ဆိုင်ထားသည်။

နှစ်ဖက်စလုံး၏အင်အားကွာခြားချက်မှာ သိပ်မများလှသော်လည်း ဂိုဏ်းချင်း တိုက်ခိုက်သည့်အခါ ဂိုဏ်း၏ရုပ်တုအရေအတွက်က ဖိနှိပ်နိုင်စွမ်း အပေါ် သက်ရောက်မှု ရှိသည်။

ထို့ကြောင့် နတ်ဓားဂိုဏ်း သည် သင့်တော်သော ရုပ်တုတစ်ခုခုကို ရှာဖွေပြီး ထိုကွာဟချက်ကို ဖြည့်ဆည်းချင်နေခြင်း ဖြစ်သည်။

သေချာသည်မှာ သူတို့သည် ရုပ်တု (၁၀) ခုအထိ ရယူရန် မရည်ရွယ်ရဲပေ။

အဘယ်ကြောင့်ဆိုသော် (၁၀) ခု ပြည့်သွားလျှင် နောက်ထပ် ကမ္ဘာတစ်ခု (အဆင့်အတန်းတစ်ခု) သို့ ရောက်ရှိသွားပြီး မလိုလားအပ်သော ပြဿနာများ တက်လာနိုင်သောကြောင့် ဖြစ်သည်။

"အားလုံး အသင့်ပြင်ထားကြ။ ဓားဂိုဏ်းသားတွေ အားလုံး နိုးနိုးကြားကြား ရှိနေစေ။ ဟိုဓားဂိုဏ်းကို ဖျက်ဆီးပြီး သူတို့ရဲ့ ရုပ်တုကို ရတာနဲ့ 'ဓားတစ်ထောင်သေဆုံးခြင်းဂိုဏ်း' နဲ့ စစ်ခင်းလို့ ရပြီ။"

နတ်ဓားဂိုဏ်း အတွင်း၌

တစ်စုံတစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။

လူတိုင်း၏မျက်နှာပေါ်တွင် အပြုံးများ ပေါ်လာကြသည်။

အမှောင်မြူခိုးသမုဒ္ဒရာထဲတွင် သတ်ဖြတ်ခြင်းသည် အလွန်သာမန်ဆန်သောကိစ္စတစ်ခု ဖြစ်သည်။

ဤနေရာသည် ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ်ပြတ်တောက်နေသကဲ့သို့ ဖြစ်ပြီး၊ ပြင်ပလောကမှ ဝေဖန်မည့်သူ မရှိ၊ သိုင်းလောက ကောလာဟလများ နည်းပါးကာ၊ မင်းဆက်ဥပဒေများလည်း မသက်ရောက်ပေ။

အမှောင်မြူခိုးသမုဒ္ဒရာသည် ပြင်ပကမ္ဘာတစ်ခုနှင့် တူသည်။

ဂိုဏ်းတွင်း စည်းလုံးညီညွတ်ရမည်၊ ပြင်ပလူများကို ဝါးမျိုးဖျက်ဆီးရမည်။

အမှောင်မြူခိုးသမုဒ္ဒရာသည် သာမန်လူများအတွက် ဘေးဒုက္ခတစ်ခု ဖြစ်သော်လည်း ကျင့်ကြံသူများအတွက်မူ ကူကောင်များကို မွေးမြူပေးသည့် နေရာတစ်ခုနှင့် တူသည်။

သူရဲကောင်းများအတွက် အာဏာလုရာမြေဖြစ်သည်။

ဂိုဏ်းတစ်ခုသည် အလွန်အမင်း အင်အားကြီးထွား၍မရပေ။

ကြီးထွားလွန်းလျှင် မြူခိုးထဲမှ လူများ၏ရှင်းလင်းခြင်းကို ခံရမည်။

သို့သော် အလွန်အမင်းလည်း အားမနည်းရပေ။

အားနည်းလျှင် မိစ္ဆာနှင့် နတ်ဆိုးများ၏ ဖျက်ဆီးခြင်းကို ခံရမည်။

မဝါးမျိုလျှင်...

ပျက်စီးရမည်။

ဤအရာက အမှောင်မြူခိုးသမုဒ္ဒရာရဲ့ သဘာဝတရားပင်။

ထို့ကြောင့် ဝတ်ရုံနက်၏သားအဖနှစ်ယောက် ကောင်ကင်ဘုံဓားဂိုဏ်း တွင် သေဆုံးရခြင်းမှာ သူတို့က ကောင်းကင်ဘုံဓားဂိုဏ်းကို အရင် ဝါးမျိုးရန် ကြိုးစားရင်း မာကျောသော ပြိုင်ဘက်ကို ဝင်တိုက်မိသလို ဖြစ်သွားခြင်း ဖြစ်သည်။

သို့သော် သူတို့တွင် အပြစ်ရှိသည်ဟု မခံစားရပေ။

မှားတာက ကောင်းကင်ဘုံဓားဂိုဏ်းခွဲ သာ ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ သူတို့က အားနည်းလို့ပင်၊ အားနည်းရင် သေရမှာပင်။

ကောင်းကင်ဘုံဓားဂိုဏ်း မပျက်စီးလျှင် နတ်ဓားဂိုဏ်းသည် ဂိုဏ်းကြီး၏အမျက်ဒေါသကို ခံရတော့မည်။

ထို့ကြောင့်...

သူတို့အမြင်တွင် ကောင်းကင်ဘုံဓားဂိုဏ်း ပျက်စီးရခြင်းက ကံတရားပါပဲ။

ထိုဝတ်ရုံဖြူလူငယ်က ဝတ်ရုံနက်၏သားကို သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ သူထွက်လာပြီး ဒေါသကို ခံယူရမည်။

ရှင်းရှင်းပြောရလျှင် ထိုဝတ်ရုံဖြူလူငယ်သည် ယဇ်ကောင် တစ်ကောင် သက်သက်သာဖြစ်လေ၏။

နတ်ဓားဂိုဏ်း အတွင်း၌

ဂိုဏ်းသားများသည် တိုက်ပွဲပုံစံဖြင့် စောင့်ဆိုင်းနေကြသည်။

သို့သော် ထိုအချိန်မှာပင်...

နတ်ဓားဂိုဏ်း၏ အပြင်ဘက်၊ အမှောင်မြူခိုးသမုဒ္ဒရာနှင့် ထိစပ်နေသော နေရာတွင် ကွေ့ကောက်နေသော ကျောက်ပြားခင်း လမ်းကလေးတစ်လမ်း ရှိသည်။

ထိုလမ်းအတိုင်း သတိမထားမိလောက်အောင် သေးငယ်သော မျက်လုံးလုံးလုံးလေး တစ်လုံးသည် တစ်လှမ်းချင်း လျှောက်လာနေသည်။

မျက်လုံးလေးက ဟိုကြည့်ဒီကြည့် လုပ်လိုက်သည်။

သေးသွယ်သော လက်ချောင်း၊ ခြေချောင်းလေးများသည် တဆတ်ဆတ် တုန်နေသည်။

လမ်းလျှောက်လာရတာ ညောင်းညာနေပုံပင်။

"ဂျီဂျီ ဝါးဝါး။"

"ဟမ် ဒါ ဘာကောင်လေးလဲ" ဂိုဏ်းသားတစ်ဦးသည် မျက်လုံးလေးကို ရုတ်တရက် တွေ့သွားပြီး ထူးဆန်းနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"နတ်ဆိုးပေါက်စလေးလား စိတ်ဝင်စားစရာပဲ။ ဒီလောက် သေးသေးလေးဆိုတော့ အင်အားလည်း ရှိမှာမဟုတ်ဘူး။"

ဂိုဏ်းသားအချို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။

သူတို့၏မျက်လုံးများတွင် စူးစမ်းချင်စိတ်များ ပြည့်နှက်နေသည်။

ဂိုဏ်းသားတစ်ဦးက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါမှတ်မိသလောက် ဝတ်ရုံနက် အဖွဲ့က နတ်ဘုရားတမန်တော်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတွေကို ပျိုးထောင်ထားကြတယ်တဲ့။ မင်းတို့ ဘယ်လိုထင်လဲ၊ နတ်ဆိုးတစ်ကောင်ကို ခန္ဓာကိုယ်ထဲ ဘယ်လို အရှင်လတ်လတ် ထည့်သွင်းမလဲ"

"နတ်ဆိုးကို သတ်ပြီး နှလုံးသွေးကို ယူတာများလား"

"ဒါမှမဟုတ် နတ်ဆိုးကို သတ်ပြီး နည်းလမ်းတချို့သုံးလို့ အငြိုးတေးဝိညာဉ်စွမ်းအားကို စုစည်းတာလား"

"ဒါမှမဟုတ် ချက်ပြုတ်ပြီး မျိုချလိုက်တာလား"

ဂိုဏ်းသားများသည် မျက်လုံးလေးကို စိုက်ကြည့်ရင်း မျက်လုံးများ အရောင်တောက်လာသည်။

စူးစမ်းလိုစိတ်နှင့် လောဘစိတ်များ ရောထွေးနေသည်။

သူတို့သည် ဝတ်ရုံနက်၏ ခန္ဓာကိုယ်ထဲတွင် မွေးဖွားထားသော နတ်ဆိုးများကို မြင်ဖူးထားသည်။

၎င်းတို့သည် အလွန်စွမ်းအားကြီးပြီး၊ အမှောင်မြူများကြားတွင် သခင်တစ်ပါးလို သွားလာနိုင်ကြသည်။

သူတို့ အလွန်အားကျနေကြသဖြင့် ယခုလို ခန့်မှန်းနေကြခြင်း ဖြစ်သည်။

"ဖီ... ဖီ... မင်းတို့ကလည်း ဖြစ်နိုင်တာလေး တွေးကြပါလားကွာ။"

"နှလုံးသွေးဆိုတာက ဖြစ်နိုင်ချေ အများဆုံးပဲ။"

သူတို့၏မျက်လုံးများ လင်းလက်သွားသည်။

"ဒီမျက်လုံးပေါက်စက နတ်ဆိုးအစပျိုးပုံစံလေး ဖြစ်လောက်တယ်။ စွမ်းအားလည်း နည်းပါးပုံရတယ်၊ ငါတို့ စမ်းသပ်ဖို့ အကောင်းဆုံး ပစ်မှတ်ပဲ။"

ထိုအချိန်တွင် မျက်လုံးကြီးသည် လက်နှင့်ခြေထောက်များကို ပြန်သိမ်းလိုက်ပြီး နေရာမှာတင် ရပ်ကာ သူတို့ကို စိုက်ကြည့်နေသည်။

တစ်စုံတစ်ယောက်က အေးစက်စွာ ရယ်မောလိုက်သည်။

သို့သော် တစ်ယောက်ကမူ မျက်မှောင်ကြုတ်လိုက်မိသည်။ "ဘာလို့ ငါ့စိတ်ထဲ ကြက်သီးထသလို ခံစားနေရတာပါလိမ့်..."

"အမှန်အတိုင်း ပြောရရင် ငါလည်း အဲဒီလိုပဲ... ကြောက်စရာကောင်းတဲ့ သားရဲကြီးတစ်ကောင်က ငါတို့ကို ချောင်းကြည့်နေသလိုမျိုးပဲ။"

"ဟာ... မင်းတို့ကလည်း အကဲပိုလွန်းပါ တယ်။ မျက်လုံးပေါက်စလေး တစ်လုံးလေကွာ၊ ငါ သူ့ဆီက ဘာကျင့်ကြံခြင်း အရှိန်အဝါမှ မခံစားရဘူး။ သေချာပေါက် စွမ်းအားနိမ့်မှာပဲ။ ဒါမှမဟုတ် မျက်လုံးတစ်လုံးတည်းနဲ့ ဘာများ ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှု ဖြစ်လာနိုင်မှာမို့လို့လဲ၊ ငါတို့ မြင်ဖူးတဲ့ ကူးပြောင်းခြင်းအဆင့် နတ်ဆိုးကြီးတွေဆိုရင် တောင်ငယ်လောက် ကြီးမားပြီး အစွမ်းထက် ကြောက်မက်ဖွယ် ကောင်းကြတယ်လေ။"

"ဒီကောင်လေးက ဘယ်လောက်များ ကြောက်စရာ ကောင်းနိုင်မှာမို့လို့လဲ"

ရွှပ်

ထိုဂိုဏ်းသားက အေးစက်စွာပြုံးရင်း ရင်ဘတ်ထဲမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ဓားက အလွန်ထက်မြက်သည်။

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးဆီသို့ လျှောက်သွားလိုက်သည်။

ဒီလို အန္တရာယ်မဲ့ပုံပေါက်တဲ့ နတ်ဆိုးမျိုး တွေ့ရခဲတယ်။

ဝုန်း

သူ ဓားဖြင့် ရုတ်တရက် ထိုးစိုက်လိုက်သည်။

သို့သော် ဓားသည် မျက်လုံး၏ ရှေ့ တစ်လက်မအကွာတွင် ရုတ်တရက် ရပ်တန့်သွားသည်။

မျက်လုံးကြီးထံမှ အနီရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ဓားသည် ဟင်းလင်းပြင်ခဲသွားသကဲ့သို့ ရပ်တန့်နေပြီး၊ ချက်ချင်းဆိုသလို ရှေးကျပြီး ကြီးမားကျယ်ပြန့်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

ဓားသည် အနှေးပြကွက်ပြသကဲ့သို့ တစ်စစီ အလွှာလိုက်ကွာကျပြီး ဓားအသိများ ဆွဲထုတ်ခံရကာ ကြေမွသွားသည်။

ကြီးမားပြီး မိန်းမောဖွယ်ကောင်းသော အနီရောင်အလင်းတန်းကြီးသည် ကောင်းကင်ယံကို ထိုးဖောက်သွားပြီး ကောင်းကင်တစ်ခုလုံးကို သွေးရောင်လွှမ်းသွားစေသည်မှာ လူတိုင်းကို ကြက်သီးမွှေးညှင်း ထသွားစေပါသည်။

"ဒါ... ဒါ ဘာလို့..."

သူတို့၏မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ကြောင်အသွားကြသည်။

စကားပြောချင်သော်လည်း ကြီးမားပြီး ထူးဆန်းသောအရှိန်အဝါ၏ဖိနှိပ်မှုကြောင့် ခန္ဓာကိုယ်များ တုန်ယင်လာပြီး ကြေမွလုနီးပါး ဖြစ်သွားသည်။

ဒါ တကယ်တမ်း ဘာကောင်ကြီးလဲ

မျက်လုံးကြီးသည် ဂလူးဂလူးလည်နေပြီး နတ်ဆိုးဆန်သော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည်။

နောက်ဘက်တွင် မြို့တစ်မြို့လုံးကို ဖိချတော့မည့် တိမ်မည်းကြီးများကဲ့သို့ ရှေးဟောင်းအရှိန်အဝါများ လှိမ့်ဝင်လာသည်။

ကောင်းကင်ယံသည် ရုတ်တရက် နတ်ဆိုးအနီရောင် ပြောင်းလဲသွားသည်။

"ဘာဖြစ်တာလဲ"

"ဘာတွေ ဖြစ်ကုန်တာလဲ... ဒါ ဘာအရှိန်အဝါကြီးလဲ အရမ်းကြောက်ဖို့ ကောင်းတာပဲ"

ဂိုဏ်းသားအချို့သည် ကြိုးဆွဲရုပ်သေးများကဲ့သို့ တောင့်တင်းအေးစက်သော လှုပ်ရှားမှုများဖြင့် နောက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ကြသည်။

နတ်ဓားဂိုဏ်း အတွင်းမှ ကျွမ်းကျင်သူ ပညာရှင်အများအပြား ပျံသန်းထွက်ခွာလာကြသည်ကို တွေ့လိုက်ရသည်။

သူတို့၏မျက်နှာများတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး မျက်နှာများ ဖြူဖျော့နေသည်။

ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး သွေးရောင်လွှမ်းနေသည်။

သို့သော် ထိုပျံသန်းလာသော ပုံရိပ်များသည် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ကောင်းကင်ပေါ်မှ ရူးသွပ်မတတ် ပြုတ်ကျကုန်ကြသည်။

မျက်လုံးပေါက်စလေး လှုပ်ရှားလိုက်သည်။

သူသည် မီးခြစ်ဆံချောင်းကဲ့သို့ သေးသွယ်သော လက်ချောင်း၊ ခြေချောင်းများကို ဆန့်ထုတ်လိုက်သည်။

ယိမ်းထိုးယိမ်းထိုး ဖြစ်နေသော်လည်း အကျင့်ပါနေသည့်အတိုင်း လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

သူ့နောက်ကျောတွင် ကောင်းကင်ကို ဖုံးလွှမ်းမတတ် လှိမ့်ဝင်လာသောအမှောင်မြူခိုးကြီးများ ပါလာသည်။

ကောင်းကင်ယံနက်ရှိုင်းသော နေရာတွင် ခန့်ညားထည်ဝါသော ပုံရိပ်ကြီးတစ်ခု မားမားမတ်မတ် ရပ်တည်နေပြီး နတ်ဓားဂိုဏ်း မှ အရာအားလုံးကို အေးစက်၊ထူးဆန်းစွာ ငုံ့ကြည့်နေသကဲ့သို့ပင်။

"ဂျီဂျီ ဝါးဝါး"

သူ ထိုကဲ့သို့ အော်မြည်လိုက်သည်။

သေးငယ်သော ခန္ဓာကိုယ်မှ ရှေးဟောင်းအရှိန်အဝါများ ထွက်ပေါ်နေသည်။

သူ အနည်းငယ် ယိမ်းနွဲ့လိုက်ပြီး ဤသို့ ပြောလိုက်သကဲ့သို့ပင်...

"မင်းတို့အားလုံး... ငါ့ကို နတ်ဘုရားလို ကိုးကွယ်ကြစမ်း။"

All Chapters