ပထမဆုံး လူသားဧကရာဇ်၏ လျှို့ဝှက်ချက်
Vol. 33 Ch. 489
အခန်း (၄၈၉) : ပထမဆုံး လူသားဧကရာဇ်၏ လျှို့ဝှက်ချက်
အားလုံး၏ အားကျနေသော အကြည့်အောက်မှ ရှန်ထျန်းနှင့် ကျူးကောစစ်မာတို့က စွမ်းအားကြီးသော အားတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရသည်။
သူတို့နှစ်ယောက် မျက်စိစူးသွားကာ မူးဝေသွားကြသည်။
သူတို့၏ အမြင်ပြန်လည်အဆင်ပြေသွားသောအခါ သူတို့က ခမ်းနားသော ရှေးဟောင်းနန်းတော်ခန်းမ၏ အပြင်ဘက်သို့ ရောက်ရှိနေသည်ကို သိလိုက်ရသည်။
ရှေးဟောင်းနန်းတော်က ကြီးကျယ်ခမ်းနားလှပြီး ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် ထောင်မတ်နေပြီး ရှေးဟောင်းအံ့ဖွယ်တောင်ကဲ့သို့ ခမ်းနားသည်။
အင်မတန် ကြံ့ခိုင်ပုံပေါ်သည့် ရွှေရောင်ဂိတ်တံခါးက ရှေးဟောင်းနန်းတော်ရှေ့တွင် ရှိပြီး တောက်ပသော အလင်းတန်းကို ထုတ်လွှတ်နေသည်။
ဂိတ်ပေါက်အပေါ်တွင် “ နဂါးချပ်ဝတ် ကောင်းကင်နန်းတော်” ဆိုသော ဆိုင်းဘုတ်ကြီးတစ်ခု ရှိသည်။
စာလုံးများက ထင်းကာ စွမ်းအားကြီးလှပြီး ပြင်းထန်သောအရှိန်အဝါ ပါဝင်နေသည်။
ဤမြင်ကွင်းကြောင်း ကျူးကောစစ်မာက နည်းနည်းထိတ်လန့်သွားသည်။
ဤရှေးဟောင်းနန်းတော်က သူ့ကို အရမ်းခမ်းနားကျယ်ပြန့်သော ခံစားချက်ကို ပေးနေသည်။
ကျူးကောစစ်မာက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်
“ ဒါက အထွတ်အထိပ် ပါရမီရှင်ရဲ့ နေရာလား”
နဂါးချပ်ဝတ် အံ့ဖွယ်အခန်းမှ အမွေအနှစ် တစ်စိတ်တစ်ပိုင်း၏ ကျေးဇူးကြောင့် ဤနေရာ၏ ပိုင်ရှင်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ကျူးကောစစ်မာ သိထားပြီးပြီဖြစ်သည်။
သူ့ဘိုးဘေးက အနည်းငယ်သာ နားလည်ခဲ့သော်လည်း နယ်မြေငါးခု၏ အားအကောင်းဆုံး အစီအရင်မျိုးနွယ်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ထိုကဲ့သို့သော နက်နဲသည့် ကျင့်စဉ်ကို ဖန်တီးနိုင်ဖို့အတွက် ပိုင်ရှင်က သူ့ခေတ်အခါက ကျော်ကြားသူတစ်ယောက် ဖြစ်ခဲ့တာ သေချာသည်။
ထိုအခိုက်အတန့်တွင် လေဟာနယ် ထိုးဖောက်ထွက်လာသည်။
သိပ်သည်းသော အလင်းပေါက်က ကမ္ဘာပေါ်တွင် ထွက်ပေါ်လာပြီး စည်းမျဉ်းများ ပတ်လည်ဝန်းရံနေစဉ် ပုံရိပ်တစ်ခု ထွက်လာသည်။
ထိုသူက မီးခိုးရောင် ဝတ်စုံဝတ်ဆင်ထားသော အဖိုးကြီးပင် ဖြစ်သည်။
သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်
“ ပထမဆုံး စစ်ဆေးမှုကို အောင်မြင်ခဲ့တဲ့အတွက် မိတ်ဆွေငယ်လေးတို့ကို ဂုဏ်ပြုပါတယ်။
ဒီနေရာက ထာဝရဘုရင် နဂါးချပ်ဝတ်ရဲ့ အမွေအနှစ် နယ်မြေပါ။
မင်းတို့ ဒုတိယစစ်ဆေးမှုကို ဖြတ်ကျော်ပြီးတာနဲ့ မင်းတို့ ထာဝရဘုရင် နဂါးချပ်ဝတ်ရဲ့ အမွေအနှစ်ကို ရရှိနိုင်မယ်”
ကျူးကောစစ်မာ၏ ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားကာ အကြည့်ထဲတွင်လည်း ထိတ်လန့်မှုတို့ကို မြင်နေရသည်။
ဒါဆို ဒီနေရာမှာ ရှိနေတာက ထာဝရဘုရင်တွေပေါ့။ သူတို့ အရမ်းကြောက်ဖို့ကောင်းနေတာလည်း အဆန်းတော့ မဟုတ်ပါဘူး
တစ်ချိန်တည်းမှာပဲ ကျူးကောစစ်မာ စိတ်လှုပ်ရှားလာသည်။ ထာဝရဘုရင် နဂါးချပ်ဝတ်ထားခဲ့သော အမွေအနှစ်က အဖိုးဖြတ်လို့မရနိုင်တာ သေချာသည်။
ကျူးကောစစ်မာက ရိုသေလေးစားစွာဖြင့် မေးလိုက်သည်
“ စီနီယာက ထာဝရဘုရင် နဂါးချပ်ဝတ်လားဟင်”
မီးခိုးရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲ၏ အရှိန်အဝါက အရမ်းပြိုင်ဘက်ကင်းသည့်အတွက် ထိပ်သီးဖြစ်တည်မှုတစ်ခုဖြစ်ကြောင်း သေချာသည်။
သူက ဖြည်းဖြည်းချင်း ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ငါက ဂူဗိမာန် စောင့်ရှောက်သူတစ်ယောက်ပါပဲ”
ကျူးကောစစ်မာ၏ ခန္ဓာကိုယ် တုန်ရီသွားကာ ပြောလိုက်သည်
“ ဂူဗိမာန် စောင့်ရှောက်သူတဲ့လား။
စီနီယာ ဒါက…”
ဂူဗိမာန်စောင့်ရှောက်သူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဟုတ်တယ် ဒါက ထာဝရဘုရင် နဂါးချပ်ဝတ်ရဲ့ ဂူဗိမာန်ပဲ။
ထာဝရဘုရင် နဂါးချပ်ဝတ်က လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာ ရှေးခေတ်ကတည်းက သေသွားခဲ့တာ။ သူ့ရဲ့ လက်ကျန်ဝိညာဉ်တောင် မရှင်သန်နိုင်ခဲ့ဘူး။
ငါ့ရဲ့ တာဝန်က ထာဝရဘုရင်နဂါးချပ်ဝတ်အတွက် အမွေခံ တစ်ယောက်ရှာပြီးတော့ ဒီဂူဗိမာန်ကို ကာကွယ်စောင့်ရှောက်ဖို့ပဲ”
ဝမ်းနည်းမှုက ကျူးကောစစ်မာ၏ နှလုံးသားထဲတွင် မြင့်တက်လာကာ မဖော်ပြနိုင်သော ဝမ်းနည်းမှုကို ခံစားလာရသည်။
သူက နဂါးချပ်ဝတ် အံ့ဖွယ်အခန်းရဲ့ တစ်စိတ်တစ်ပိုင်းကို ကျင့်ကြံခဲ့သည့်အတွက် ထိုပညာရပ်ကို ဖန်တီးခဲ့သော ပါရမီရှင်ကို အရမ်းလေးစားနေမိသည်။
ကျူးကောစစ်မာ၏ နှလုံးသားထဲတွင် အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေသည်။ သူက ထိုအထွတ်အထိပ် ဖြစ်တည်မှု၏ ပြိုင်ဘက်ကင်း ခမ်းနားမှုကို မြင်ချင်သည်။
ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ စွမ်းအားရှင် ထာဝရဘုရင်က ဒီနေရာမှာ မြှုပ်နှံခံရပြီးတော့ သူ့ရဲ့ ဂူဗိမာန်ကို စောင့်ရှောက်နေတဲ့ ဂူဗိမာန် စောင့်ရှောက်သူပဲ ကျန်တော့တယ်ဆိုတာကို ဘယ်သူက သိမှာလဲ
ဒါ ဘယ်လောက်တောင် ဆိုးရွားလိုက်လဲ
“ ထာဝရဘုရင် နဂါးချပ်ဝတ်က ဘယ်လိုလုပ်ပြီးတော့ သေသွားခဲ့တာလဲ”
ကျူးကောစစ်မာက နားမလည်ပေ။
ထာဝရဘုရင်က အရမ်းကို အံ့ဩဖို့ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာလေ။ ထာဝရအရှင်ထက် ပိုပြီးမြင့်တဲ့ နယ်ပယ်အဆင့်မှာရှိတဲ့ အဲလိုမျိုး ပါရမီရှင်တစ်ယောက်က ဘာလို့ အရမ်းလွယ်လွယ်နဲ့ သေသွားရတာလဲ
ဂူဗိမာန်စောင့်ရှောက်သူက မျက်လွှာချကာ ပြောလိုက်သည်
“ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းကျော်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးထဲမှာ သေသွားခဲ့တာ။
ထာဝရဘုရင် နဂါးချပ်ဝတ်က သီးသန့်နယ်မြေ တိုက်ပွဲကွင်းပြင်ထဲမှာ မိစ္ဆာဝိညာဉ် ထာဝရဘုရင် သုံးယောက်ကို ရင်ဆိုင်ဖို့အတွက် ကောင်းကင်အစီအရင်ကို အသက်သွင်းခဲ့တာ။
အဆုံးမှာတော့ မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ အထွတ်အထိပ်ဖြစ်တည်မှုက တိုက်ခိုက်ပြီးတော့ အစီအရင်တစ်ခုလုံးကို ဖျက်စီးပစ်လိုက်တာ။
အဲဒီအချိန်တုန်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီးတောင် အော်ဟစ်ငိုကြွေးပြီးတော့ သွေးပင်လယ်ကြီးကိုလည်း မြင်ရတယ်။
ထာဝရဘုရင် တာအိုအလံ ၃ထောင်ကို အသက်သွင်းပြီးတော့ မိစ္ဆာဝိညာဉ် ထာဝရဘုရင်ကို သူနဲ့အတူ ဆွဲခေါ်သွားခဲ့တာ”
ပြင်မနယ်ပယ်မှ မိစ္ဆာဝိညာဉ်များသာလျှင် ခြိမ်းခြောက်နိုင်ပြီး ထာဝရဘုရင်များကို သေဆုံးစေသည်။
ကျူးကောစစ်မာနှင့် ရှန်ထျန်းတို့ နှစ်ယောက်လုံးက ထိုစကားများကို ကြားပြီး တုန်လှုပ်နေမိသည်။
“ ထပ်ပြီးတော့ ပြင်ပနယ်ပယ်က မိစ္ဆာဝိညာဉ်တွေပဲလား”
ကျူးကောစစ်မာက အံကြိတ်ကာ အမုန်းတရား ပြည့်နှက်စွာဖြင့် ပြောလိုက်သည်။
သူတို့ ဂူဗိမာန်စောင့်ရှောက်သူ၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ ရှေးဟောင်းတိုက်ပွဲကို ကြည့်နေရသလိုမျိုး ခံစားလိုက်ရသည်။ ထိုနေ့က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို သွေးစွန်းခဲ့ပြီး တိုက်ပွဲကွင်းပြင်ကလည်း လုံးဝမဲမှောင်နေသည်။
ပြိုင်ဘက်ကင်း ထာဝရဘုရင်က သူ၏ တာအိုအလံများကို အသုံးပြုကာ မိစ္ဆာဝိညာဉ်များကို သူနှင့်အတူ ဆွဲခေါ်သွားသည်။
ဒီလိုဖြင့် မျိုးဆက်တစ်ခု၏ ထာဝရဘုရင်က သီးသန့်နယ်မြေ၏ တိုက်ပွဲကွင်းပြင်ထဲတွင် မြှုပ်နှံခံခဲ့ရခြင်းဖြစ်သည်။
ဘယ်လောက်တောင် ဆိုးရွားလိုက်လဲ။ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်လဲ
သူတို့၏ စိတ်နှလုံးသားများ ချက်ချင်း လေးလံလာသည်။
နှစ်သောင်းပေါင်းများစွာ ကြာပြီးနောက် ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်များက ထပ်မံကျူးကျော်ခဲ့ပြန်သည်။
ဤတိုက်ပွဲ ဘယ်တော့ပြီးဆုံးမလဲဆိုတာကို သူတို့ သိချင်နေမိသည်။
ဒီဧရာမကပ်ဘေးထဲမှာ လူတွေဘယ်လောက်များများ သေနေရဦးမှာလဲ
ဇာတ်လမ်းကို ဆက်မပြောပြပဲ ဂူဗိမာန် စောင့်ရှောက်သူက အကြောင်းအရာ လွှဲပြောလိုက်သည်။
“ ထာဝရဘုရင် နဂါးချပ်ဝတ်က သူအသက်ရှင်စဉ်က အမွေအနှစ်တွေကို ချန်ထားခဲ့တယ်။
မင်းတို့ ပထမဆုံး စစ်ဆေးမှုကို အောင်မြင်သွားပေမဲ့ မင်းတို့က ထာဝရဘုရင် နဂါးချပ်ဝတ်ရဲ့ အမွေဆက်ခံသူတွေ ဖြစ်ချင်တယ်ဆိုရင် ဒီကြီးမြတ်တဲ့ ဂိတ်တံခါးကို ဖြတ်ကျော်ဖို့ လိုသေးတယ်”
နဂါးချပ်ဝတ် ကောင်းကင်နန်းတော်၏ ဂိတ်တံခါးက သူလက်ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ပွင့်သွားသည်။
ထိုအချိန်တွင် စည်းမျဉ်း၏ လှုပ်ခတ်မှုများ ဖုံးလွှမ်းသွားကာ ကျယ်ပြန့်သော အံ့ဖွယ်စွမ်းအားကို ထုတ်လွှတ်နေသည်။
ရှေ့မှာ ဘာရှိနေလဲဆိုတာကို သေချာအာရုံခံကြည့်ပြီးနောက် ရှေ့တည့်တည့်တွင် ပြိုင်ဘက်ကင်း အထွတ်အထိပ် အစီအရင်တစ်ခုရှိနေပြီး သူ့အရှိန်အဝါက ခမ်းနားကြောင်း သတိထားမိသွားသည်။
ဂူဗိမာန် စောင့်ရှောက်သူက ပြောလိုက်သည်
“ အရင်တုန်းကလည်း ဒီနေရာကို ဝင်လာခဲ့တဲ့ ပါရမီထူးတဲ့ ကောင်လေးနှစ်ယောက် ရှိခဲ့တယ်။ ကံမကောင်းစွာနဲ့ သူတို့ကတော့ နောက်ဆုံး စစ်ဆေးမှုကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး”
ကျူးကောစစ်မာက မျက်မှောင်ကြုတ်လိုက်မိသည်။ ဂူဗိမာန် စောင့်ရှောက်သူက သူ၏ ဘိုးဘေးနှစ်ယောက်အကြောင်း ပြောနေသည်ကို သူသိသည်။
ဘိုးဘေးနှစ်ယောက်က ရှစ်မြှောင့်ထောင့် ပါကွားနှင့် ဓာတ်ငါးပါး အစီအရင်တို့၏ နက်နဲမှုကို နားလည်နိုင်ခဲ့သည့်အတွက် ဤနေရာသို့ ဝင်ရောက်နိုင်ခဲ့သည်။
သို့သော် အဆုံးသတ်တွင် သူတို့က ဂိတ်အပြင်ဘက်တွင် ပြတ်တောက်သွားခဲ့သည်။
ဂိတ်တံခါးကို ဖြတ်သန်းသွားခြင်းက နှစ်ပေါင်းတစ်သောင်းကြာ ဆန္ဒတစ်ခုပင် ဖြစ်သည်။
ထို့နောက် ကျူးကောစစ်မာက ရေရွတ်လိုက်သည်
“ ကျွန်တော်တို့ ဘိုးဘေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါရစေ။ အစ်ကိုရှန် ကျွန်တော်ကို အရင်ဆုံး ကြိုးစားခွင့်ပေးပါနော်”
ကျူးကောစစ်မာက ဂိတ်တံခါးဆီသို့ သွားလိုက်သည်။
အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းက သူ့ကို ရစ်ပတ်နေသည်။
ကျူးကောစစ်မာ အံ့ဩမှင်သက်သွားသည်။ သူ့မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာကာ သူ့ မျက်နှာထားကလည်း ခက်ထ်လာပြီး သူ့ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သည့် ကြောက်စရာကောင်းသော တစ်စုံတစ်ခုကို ရင်ဆိုင်နေရသည့်ပုံပေါ်သည်။
ကျူးကောစစ်မာ၏ အစီအရင်ပေါ် နားလည်မှုနှင့်ပင် ဤစစ်ဆေးမှုအတွက် အခက်အခဲရှိနေသည်ကို ကြည့်ပြီး ရှန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဤနေရာက ထူးခြားဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေပုံပေါ်သည်။
သို့သော် ဤနေရာတွင် ထိတ်လန့်စရာကောင်းသော အံ့ဖွယ်စွမ်းအား ရှိမနေသည့်အတွက် အစီအရင်က ဖျက်စီးစွမ်းအားကို မပိုင်ဆိုင်ဘူးဟု ဆိုနိုင်သည်။
ဤအစီအရင်က ဉာဏ်ပညာကို စစ်ဆေးပုံပေါ်သည်။
ရှန်ထျန်းက ရှေ့တိုးသွားကာ အစီအရင်ထဲသို့ ဝင်သွားသည်။
သို့သော် သူ ဝင်သွားပြီးလျှင်ပင် ဘာတုံ့ပြန်မှုမှ မရှိပေ။
ရှန်ထျန်းက ဘာအတားအဆီးမှမရှိပဲ အစီအရင်ထဲမှ ထွက်လာနိုင်သည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်း စိတ်ရှုပ်ထွေးမှုကြောင့် မျက်လုံးများပင် ပြူးကျယ်သွားသည်။
ဘာတွေဖြစ်ခဲ့တာလဲ
အဲဒီအစီအရင်က ဘာလို့ ငါ့အပေါ် အကျိုးသက်ရောက်မှု မရှိရတာလဲ
အစီအရင်က တစ်ခုခုမှားနေတာများလား
ဂူဗိမာန်စောင့်ရှောက်သူ၏ ခန္ဓာကိုယ်တုန်ရီလာကာ ရေရွတ်လိုက်သည်
“ သူ့မှာ တကယ်ပဲ အဲဒီခန္ဓာတည်ဆောက်ပုံ ရှိနေတယ်။ နိမိတ်က တကယ်ဖြစ်လာတာလား”
ဂူဗိမာန်စောင့်ရှောက်သူက ဘာမှမပြောဘဲ ရှန်ထျန်းကိုသာ လေးနက်စွာ စိုက်ကြည့်နေသည်။
ထိုအခိုက်အတန့်တွင် ကျူးကောစစ်မာက လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။ ရေဓာတ်ခမ်းခြောက်နေသကဲ့သို့ ချွေးများ စိုရွှဲနေပြီး သူ့အရှိန်အဝါကလည်း အတော်လေး အားနည်းနေသည်။ သို့သော် အစီအရင်ထဲမှ ထွက်လာနိုင်ရန်အတွက် လေးလံသော ခြေလှမ်းများဖြင့် အတင်းလာခဲ့ရသည်။
“ ငါ… နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီပဲ”
ကျူးကောစစ်မာက အားနည်းစွာ ပြောလိုက်ပြီး သူ့ မျက်နှာထားက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ အစ်ကိုရှန်လည်း အောင်မြင်ခဲ့တာပဲ”
ကျူးကောစစ်မာက အံ့ဩခြင်းမရှိဘဲ အပျော်လွန်သွားသည်။
သူ့အမြင်အရ ရှန်ထျန်း၏ အရည်အချင်းဖြင့် ဤအစီအရင်ကို ဖြတ်သန်းဖို့အတွက် အရမ်းလွယ်ကူသည်ဟု ထင်မိသည်။
ဂူဗိမာန်စောင့်ရှောက်သူက အစီအရင်ကို ဖြတ်သန်းလာကာ ကျူးကောစစ်မာကို စိုက်ကြည့်ရင်း အကြည့်တို့က ပိုမိုတောက်ပသွားသည်။
“ မဆိုးဘူး…မဆိုးဘူး။
ဒီအစီအရင်က ရှုပ်ထွေးပွေလီ အငွေ့အသက်ဖန်တီးထားတဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ ရှုပ်ထွေးပွေလီ နှလုံးသား ပုံရိပ်ယောင် အစီအရင်ပဲ။
အဲဒီထဲမှာ မင်းတို့စိတ်ထဲမှာရှိတဲ့ အဆိုးဆုံး ကြောက်လန့်မှုတွေကို မြင်တွေ့ရမယ်။
မင်းတို့ရဲ့ ကြောက်လန့်မှုကို မကျော်လွှားနိုင်ရင် အဲဒီထဲမှာ လုံးဝ လမ်းပျောက်သွားလိမ့်မယ်။ ချီဖောက်ပြန်ခြင်းကိုတောင် ခံစားရနိုင်တယ်။
မင်းတို့ရဲ့ အသက်အရွယ်နဲ့ဆိုရင် ဒီအဆင့်ထိ ရောက်လာတာကိုက အတော်လေး မဆိုးဘူးလို့ ပြောလို့ရတယ်”
ဂူဗိမာန်စောင့်ရှောက်သူက ကျူးကောစစ်မာကို ကျေနပ်စွာဖြင့် စိုက်ကြည့်လိုက်သည်။
ထို့နောက် သူက ရှန်ထျန်းကို လှည့်ကြည့်ကာ ပြောလိုက်သည်
“ မင်းက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ကျင့်ကြံခဲ့တော့ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို လျစ်လျူရှုထားလို့ရတယ်။ အဲဒီအစီအရင်က မင်းအပေါ်မှာ အကျိုးသက်ရောက်မှု မရှိတော့ဘူး”
ရှန်ထျန်း နားလည်သွားသည်။ ထိုအငွေ့အသက်က ရှုပ်ထွေးပွေလီ အငွေ့အသက်မှ အရင်းခံသည့်အတွက် ရှန်ထျန်း ဝင်သွားစဉ်က အရမ်းရင်းနှီးသော အငွေ့အသက်ကို ခံစားခဲ့ရခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ရှန်ထျန်း ထိတ်လန့်သွားသည်။
သူက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ကျင့်ကြံခဲ့တယ်ဆိုတာကို ဒီလူက ဘယ်လိုလုပ်ပြီးတော့ သိလဲ
သူက ကမ္ဘာဦးရှုပ်ထွေးပွေလီ အငွေ့အသက်ကို ဖယ်ထုတ်နိုင်တာနဲ့တင် သူ့ရဲ့ ကျင့်စဉ်ကို ကောက်ချက်ချလိုက်တာလား
အဲဒါက အရမ်းကြောက်ဖို့ မကောင်းဘူးလား
ဂူဗိမာန်စောင့်ရှောက်သူက ကျူးကောစစ်မာကို ပြောလိုက်သည်
“ မင်းတို့က ရှုပ်ထွေးပွေလီ နှလုံးသား ပုံရိပ်ယောင် အစီအရင်ကို ဖြတ်ကျော်ပြီးသွားပြီဆိုတော့ မင်းတို့ရဲ့ ဉာဏ်ပညာက ထူးခြားတယ်လို့ ပြောလို့ရတယ်။
ငါက မင်းတို့ကို ထာဝရဘုရင် နဂါးချပ်ဝတ်ရဲ့အစား သူ့ရဲ့ အမွေခံအဖြစ် လက်ခံပေးမယ်”
ကျူးကောစစ်မာ၏ အရည်အချင်းက အားမနည်းပေ။ သူ့ကို ပြိုင်ဘက်ကင်း ပါရမီရှင်ဟုပင် ခေါ်ဆိုင်နိုင်သည်။
နှစ်ပေါင်းများစွာ ဖြတ်ကျော်ပြီးတာတောင် လက်တစ်ဖက်စာရှိသော လူအရေအတွက်လောက်ကာ ဤအစီအရင်ကို ဖြတ်ကျော်နိုင်သည်။
ကျူးကောစစ်မာ ကြားသွားသည့်အခါ သူ့ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
အားရကျေနပ်သောမျက်နှာထား ထွက်ပေါ်လာကာ ပြောလိုက်သည်
“ ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော်က ထာဝရဘုရင်ရဲ့ အမွေအနှစ်ကို အမြင့်ဆုံးအထိ ယူဆောင်ပေးသွားမှာပါ။”
ဂူဗိမာန် စောင့်ရှောက်သူက ခေါင်းညိတ်ပြလိုက်သည်။ ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို လက်ခံလိုက်ခြင်းက ထာဝရဘုရင်၏ နာမည်ကို မထိခိုက်စေပေ။
ထို့နောက် ဂူဗိမာန် စောင့်ရှောက်သူက ဆက်ပြောလိုက်သည်
“ ဒါဆိုရင် ငါက ထာဝရဘုရင်ရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးမယ်”
ကျူးကောစစ်မာက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်
“ စီနီယာ ဒါဆိုရင် အစ်ကိုရှန်ကရောဟင်”
ရှန်ထျန်း၏ အရည်အချင်းက သူ့ထက် အများကြီး သာလွန်သည်။ သူက ပုံရိပ်ယောင် အစီအရင်ကို အလျင်အမြန် ဖြတ်သန်းနိုင်ရုံသာမက ကျောက်နံရံပေါ်ရှိ အမွေအနှစ်များအားလုံးကိုလည်း သင်ယူနိုင်ခဲ့သည်။
သူ့အရည်အချင်းက ကျူးကောစစ်မာထက် အများကြီး သာလွန်နေသည်။
အဲလိုမျိုး အရည်အချင်းရှိတဲ့သူ တစ်ယောက်ကို ထာဝရဘုရင် နဂါးချပ်ဝတ်အစား ဂူဗိမာန်စောင့်ရှောက်သူက တပည့်အဖြစ် လက်မခံဘူးတဲ့လား
ဂူဗိမာန်စောင့်ရှောက်သူက ပြုံးကာ ပြောလိုက်သည်
“ သူ့ကိုလည်း တပည့်အဖြစ် လက်ခံချင်တာပေါ့။ သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင် သူ့ကို နတ်ဘုရားလောကမှာ ထားလိုက်မယ်ဆိုရင်တောင် သူက မရေတွက်နိုင်တဲ့ အထွတ်အထိပ် ကျင့်ကြံသူတွေကို ထိတ်လန့်အောင် လုပ်နိုင်တယ်။
ဒါပေမဲ့ သူ့ကို လက်ခံလို့မရဘူး”
ကျူးကောစစ်မာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်
“ ဘာလို့လဲ”
ဂူဗိမာန်စောင့်ရှောက်သူက သက်ပြင်းချကာ ပြောလိုက်သည်
“ သူက ထာဝရဘုရင်ရဲ့ အမွေခံသူ မဖြစ်နိုင်ဘူး။ ထာဝရဘုရင်တောင် သူ့ကို တပည့်အဖြစ် လက်ခံတဲ့ ကြီးမားတဲ့ ကံအကျိုးကို မခံစားနိုင်ဘူး”
သူတို့၏ အစီအရင် ကျင့်ကြံခြင်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးမြတ်သော တာအိုထဲသို့ ထဲထဲဝင်ဝင် စပ်စုနိုင်ပြီး လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့နိုင်သည်။
ရှန်ထျန်က ထာဝရဘုရင် နဂါးချပ်ဝတ်ပင် မထိတွေ့နိုင်သော ထိတ်လန့်စရာကောင်းသည့် အရာတစ်ခုကို ဖုံးကွယ်ထားသည်။
ဂူဗိမာန် စောင့်ရှောက်သူက ပြောလိုက်သည်
“ မင်းကို ထာဝရဘုရင် နဂါးချပ်ဝတ်ရဲ့ ကိုယ်စား တပည့်အဖြစ် လက်မခံနိုင်ပေမဲ့လည်း နဂါးချပ်ဝတ်အံ့ဖွယ်အခန်း အပြည့်အစုံကို လက်ဆင့်ကမ်းပေးနိုင်ပါသေးတယ်။
ဒါက ထာဝရဘုရင် နောက်ဆုံးမှာထားခဲ့တဲ့ စကားတွေပဲ”
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လက်ဖြင့် ညွှန်ပြလိုက်သည့်အခါ အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
အံ့ဖွယ်အလင်းတန်းနှစ်ခုက အင်မတန် တောက်ပနေပြီး စကားနှင့် ဖော်ပြလို့မရနိုင်သော နက်နဲမှုများ ပါဝင်နေသည်။ ထိုအလင်းတန်းများက ရှန်ထျန်းနှင့် ကျူးကောစစ်မာတို့၏ အသိစိတ်ထဲသို့ အသီးသီးဝင်သွားကြသည်။
ရှန်ထျန်း၏ အသိစိတ်ထဲတွင် မရေတွက်နိုင်သော မှန်ကန်သောအရာများ ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်မိသည်။
ဤစွမ်းအားက ကျောက်နံရံပေါ်တွင် ရှိနေသော အကြောင်းအရာများထက် ပိုမို နက်နဲသည်။
နဂါးချပ်ဝတ် အံ့ဖွယ်အခန်းက ထာဝရဘုရင် နဂါးချပ်ဝတ်၏ အထွတ်အထိပ် အမွေအနှစ်ဖြစ်ပြီး ပြိုင်ဘက်ကင်းစွာ နက်နဲလှသည်။
အဲဒီထဲမှာ အစိအရင်အပေါ် နားလည်မှုတွေတင် ပါရုံမကသေးဘူး အစီအရင်မှာလုပ်နိုင်တဲ့ လှည့်စားမှုအရင်းအမြစ်တွေကိုလည်း မှတ်တမ်းတင်ထားတယ်
ရှန်ထျန်း နားလည်သွားကာ ငြိမ်သက်သွားသည်။ သူ့စိတ်ထဲတွင် အထွတ်အထိပ်ပညာရပ်ကို နားလည်နေပြီဖြစ်သည့်အတွက် ကျွမ်းကျင်အောင် လုပ်ဖို့ ကြိုးစားနေသည်။
မကြာခင်မှာပင် ရှန်ထျန်း၏ အရှိန်အဝါ ပေါက်ကွဲသွားသည်။ ဤကျင့်စဉ်က သူ့စိတ်ထဲတွင် အစီအရင် ပါကွားတစ်ခု တည်ဆောက်နေသည်ကို သူ သိရှိလိုက်သည်။
ဤအစီအရင် ပါကွားက အရမ်းလေးနက်ပြီး ကြီးကျယ်ခမ်းနားလှသည်။
သို့သော် ဤအစီအရင် ပါကွားကို အကန့်အသတ်မဲ့ မြူခိုးဖြင့် ဖုံးလွှမ်းထားသည့်အတွက် သူ ထိုးဖောက်မြင်လို့မရနိုင်ဖြစ်နေသည်။
သို့သော် ရှန်ထျန်း၏ မွေးရာပါ ခန္ဓာတည်ဆောက်ပုံကြောင့် မြူခိုးက အလျင်အမြန် ပျက်ပြယ်သွားသည်။
ခဏအကြာတွင် ရှန်ထျန်း၏ စိတ်ထဲရှိ အစီအရင်ပါကွားက ရှင်းလင်းသွားသည်။
သူ့စိတ်ထဲရှိ ပါကွားကို ကြည့်ပြီး ရင်းနှီးနေသည်ဟု ခံစားနေမိသည်။
သူ ဒီအစီအရင် ပါကွားကို ဘယ်မှာ မြင်ဖူးနေပါလိမ့်
မဟုတ်သေးဘူး ဒါက နေရာတစ်ခုရဲ့ မြေပုံတစ်ခုနဲ့ ပိုပြီးတော့ တူတယ်
ရှန်ထျန်းက စိတ်ရှုပ်ထွေးမှုနှင့်အတူ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
ရှန်ထျန်း၏ စိတ်ရှုပ်ထွေးမှုကို မြင်ရသည့်အတွက် ဂူဗိမာန်စောင့်ရှောက်သူက ဖျော့တော့စွာဖြင့် ပြောလိုက်သည်
“ ဟုတ်တယ်။ နဂါးချပ်ဝတ်အံ့ဖွယ်ရဲ့ နောက်ဆုံး နက်နဲတဲ့အဓိပ္ပာယ်က ရှုပ်ထွေးပွေလီ ပင်လယ်ရဲ့မြေပုံပဲ။
ရှုပ်ထွေးပွေလီ ပင်လယ်က တကယ်တော့ ထာဝရဘုရင် နဂါးချပ်ဝတ် အသက်သွင်းထားတဲ့ အစီအရင်ပဲလေ။
အဲဒါက လူတစ်ယောက်ရဲ့ ဂူဗိမာန်လို့လည်း ပြောလို့ရတယ်။ ရှုပ်ထွေးပွေလီ ပင်လယ်က ဂူဗိမာန်ကို ကာကွယ်ဖို့အတွက် ထာဝရဘုရင် နဂါးချပ်ဝတ် အသက်သွင်းခဲ့တဲ့ အစီအရင်တစ်ခုပဲ”
ရှန်ထျန်း၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှုပ်ကာ ပြောလိုက်သည်
“ ဘယ်လို ”
သူက အရမ်းထိတ်လန့်သွားကာ သူ့စိတ်က ကသောင်းကနင်းဖြစ်သွားသည်။
ဒီလောက်ထိ ကြီးမားတဲ့ပင်လယ်ကြီးက လူတစ်ယောက်အတွက် အုတ်ဂူတဲ့လား
ရှုပ်ထွေးပွေလီ ပင်လယ်ထဲတွင် မရေတွက်နိုင်သော လျှို့ဝှက်ချက်များ ပါဝင်နေသည်ကို ရှန်ထျန်းသိသည်။ လျှို့ဝှက်ချက် တစ်ခုချင်းစီကလည်း နယ်မြေငါးခုနှင့် နတ်ဘုရားလောကကို တုန်လှုပ်စေဖို့အတွက် လုံလောက်သည်။
ဥပမာအားဖြင့် ယင်ယန်သင်္ချိုင်းနတ်ဘုရားပိုင်နက်ထဲတွင် မရေတွက်နိုင်သော နတ်ဘုရားများ မြှုပ်နှံခံထားရပြီး မူလယင်ယန်စွမ်းအင်ကဲ့သို့သော ကြောက်စရာကောင်းသော စွမ်းအားပင် မြှုပ်နှံခံထားရသည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်နှင့် ပြည့်နှက်နေသော နေရာတွင် ရှုပ်ထွေးပွေလီ အစီအရင်လည်း ရှိနေသည်။
ထိုစွမ်းအားက ဤလောကနှင့် မသက်ဆိုင်သလို ခံစားရပြီး ကြောက်စရာကောင်းလှသည်။
ဒါပေမဲ့ ဒီရှုပ်ထွေးပွေလီ ပင်လယ်ဒေသတစ်ခုလုံးက ဂူဗိမာန်လေးကို ကာကွယ်ဖို့အတွက် တည်ရှိနေကြတာတဲ့
ဒါဆိုရင် အဲဒီဂူဗိမာန်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ
ဂူဗိမာန်စောင့်ရှောက်သူက ပြန်မဖြေပဲ ရှန်ထျန်းကို စိုက်ကြည့်ကာ မေးလိုက်သည်
“ မင်း ကျင့်ကြံတဲ့ ရှုပ်ထွေးပွေလီ မီးစာကျမ်းရဲ့ မူလအရင်းအမြစ်ကို သိလား”
ရှန်ထျန်းက ဤထိတ်လန့်စရာကောင်းသော ကျင့်စဉ်အကြောင်းကို နားမလည်နိုင်သည့်အတွက် ခေါင်းယမ်းပြလိုက်သည်။
ရှုပ်ထွေးပွေလီ မီးစာကျမ်းကို မဟာဧကရီဆီမှ ရရှိခဲ့ခြင်းဖြစ်သည့်အတွက် မူလအရင်းအမြစ်နှင့် ပတ်သက်ပြီး မသိပေ။
ဂူဗိမာန်စောင့်ရှောက်သူက ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်
“လွန်ခဲတဲ့ နှစ်သန်းပေါင်းများစွာတုန်းက ငြိမ်သက်နေတဲ့ခေတ်မှာ မျိုးနွယ်စုတွေ ထောင်ချီပြီးတော့ ရှိတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ သားရဲမျိုးနွယ်တွေကြားထဲမှာ လူသားမျိုးနွယ်က မွေးရာပါ သန်မာတဲ့ ခန္ဓာကိုယ် မရှိခဲ့ဘူး။ သူတို့က စွမ်းအားကြီးတဲ့ သားရဲတွေအတွက်ပဲ အစားအစာ ဖြစ်ခဲ့တာ။
ဒါပေမဲ့ အဲဒီခေတ်တုန်းက ပထမဆုံး လူသားဧကရာဇ်ဖြစ်တဲ့ ‘စွေ့’ကို မွေးဖွားခဲ့တယ်”
ပထမဆုံး လူသားဧကရာဇ် စွေ့တဲ့လား
ရှန်ထျန်းက ဂူဗိမာန်စောင့်ရှောက်သူကို စိုက်ကြည့်လိုက်သည့်အခါ ယုံကြည်နိုင်စရာမကောင်းသော လျှို့ဝှက်ချက်အချို့ကို ထိတွေ့လိုက်ရသည်ဟု ခံစားလိုက်ရသည်။
“ ပထမဆုံး လူသားဧကရာဇ်က စကြဝဠာမှာ အသန်မာဆုံး ခန္ဓာကို ပိုင်ဆိုင်ထားပြီးတော့ သူ့ကိုယ်သူ သန်မာစေဖို့အတွက် စွမ်းအင်မျိုးစုံကို အနံ့ခံလို့ရတယ်။
သူက မွေးရာပါ အထွတ်အထိပ်ဖြစ်တည်မှုဆိုတဲ့ ဂုဏ်ပုဒ်တဲ့ တကယ်ကို ထိုက်တန်တယ်။ အားလုံးရဲ့အထက်မှာ ရှိပြီးတော့ မျိုးနွယ်စုအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေတယ်။
ပထမမျိုးဆက် လူသားဧကရာဇ်ကြောင့် လူသားမျိုးနွယ်က သောင်းချီနေတဲ့ ကမ္ဘာတွေကြားထဲမှာ စွမ်းအားအကြီးဆုံး မျိုးနွယ်စုတွေထဲက တစ်ခုဖြစ်လာခဲ့တာ။
ဒါပေမဲ့ အချိန်ကောင်းတွေက သိပ်မကြာခဲ့ပါဘူး။ ငြိမ်းချမ်းတဲ့ခေတ် အဆုံးသတ်မှာ အမှောင်ထု ကြီးစိုးလာခဲ့တယ်။
အဲဒီနယ်ပယ်ရဲ့ လွှမ်းခြုံထားတဲ့ အလွှာကိုလည်း အတင်းဖွင့်ထားခံခဲ့ရတယ်။
မိစ္ဆာဝိညာဉ်တွေက အဲဒီအက်ကွဲကြောင်းထဲကနေ အတင်းဝင်လာပြီးတော့ ဒီနေရာကို အတင်းကျူးကျော်လာခဲ့တာ။
ပထမဆုံး လူသားဧကရာဇ်က မျိုးနွယ်စုတွေကို သူတို့တတ်နိုင်သလောက် အင်အားနဲ့ ပြင်ပနယ်ပယ်မှ မိစ္ဆာဝိညာဉ်တွေကို တိုက်ခိုက်ခိုင်းတယ်”
ထို့ကြောင့် ဂူဗိမာန်စောင့်ရှောက်သူ၏ ခန္ဓာကိုယ် အေးခဲသွားကာ အရှိန်အဝါများ ထွက်လာသည်။
“ အဲဒီတိုက်ပွဲကြောင့် ကောင်းကင်တောင် မဲမှောင်သွားခဲ့တာ။
နတ်ဘုရားလောကတောင် သွေးစွန်းသွားပြီးတော့ မြင်ကွင်းက အတော်လေး ကြောက်ဖို့ကောင်းတယ်။
နေရာတိုင်းမှာလည်း ခြေပြတ် လက်ပြတ်တွေနဲ့ သွေးချောင်းစီးပြီး အရိုးပုံကြီး ဖြစ်နေခဲ့တာ။
မျိုးနွယ်စုအများအပြားလည်း အဲဒီတိုက်ပွဲထဲမှာ သုတ်သင်ခံလိုက်ရတယ်။
အချမ်းသာဆုံး လူသားမျိုးနွယ်က ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်လိုက်ရပြီးတော့ သုတ်သင်ခံရလုနီးပါးဖြစ်သွားခဲ့တာ။
နောက်ဆုံးကျတော့ ပထမမျိုးဆက် လူသားဧကရာဇ်က စွမ်းအားအပြည့်နဲ့ သုံးယောက် တစ်ယောက် တိုက်ခိုက်ပြီးတော့ မိစ္ဆာဝိညာဉ် ထာဝရဧကရာဇ်ကိုတောင် သူနဲ့အတူ ဆွဲခေါ်သွားသေးတယ်။
ပြီးတော့ ကမ္ဘာ့အလွှာက အဲဒီတိုက်ပွဲမှာပဲ လုံးဝ ဖျက်စီးခံလိုက်ရတာ။
ကံကောင်းစွာနဲ့ လူသားဧကရာဇ်ရဲ့ တိုက်ခိုက်မှုကြောင့် မိစ္ဆာဝိညာဉ်တွေကို ခဏထိန်းထားနိုင်ပြီး နယ်ပယ်ကို အသက်ဓာတ်ပြန်လည်ပြည့်ဝ လာအောင် လုပ်ပေးခဲ့တာ”
ဂူဗိမာန် စောင့်ရှောက်သူက သက်ပြင်းအရှည်ကြီး ချလိုက်သည်။
အဲဒီတုန်းက တိုက်ပွဲက အရမ်းဆိုးရွားခဲ့တာ။ မရေတွက်နိုင်တဲ့ စွမ်းအားရှင်တွေနဲ့ အထွတ်အထိပ် ဖြစ်တည်မှုတွေ ကျဆုံးသွားခဲ့ကြတာ
ဒီကမ္ဘာလုံးဝ ပျက်စီးဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်
အသက်ရှင်ကျန်နေခဲ့တဲ့သူတွေတောင် ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့ရတယ်။ သူတို့ရဲ့ ခွန်အားနဲ့ အုတ်မြစ်က အရင်ကထက် နိမ့်ကျနေတယ်
အဲဒါကြောင့် ရှေးပဝေဏီရဲ့ အဆုံးသတ် ခေတ်ကို အမှောင်ခေတ်လို့ ခေါ်ခဲ့တာပဲ
နှစ်ပေါင်းများစွာ ကြာသွားမှသာ ဤနေရာရှိ သတ္တဝါများက အသက်ဓာတ်ကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာခြင်းဖြစ်သည်။
ရှန်ထျန်းက အတိတ်က အဖြစ်အပျက်များကို ကြားလိုက်ရသည့်အခါ ထိတ်လန့်သွားမိသည်။
ထိုကဲ့သို့သော အရာများကို သူ လုံးဝ မကြားခဲ့ဖူးပေ။ နယ်မြေငါးခု၏ အင်အားကြီးသူများ စုဆောင်းခဲ့သော ရှေးဟောင်းစာအုပ်များထဲတွင်ပင် မတွေ့ရပေ။
ဂူဗိမာန် စောင့်ရှောက်သူနှင့် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက တခြားပါရမီရှင်များသာ နောက်ကွယ်က လျှို့ဝှက်ချက်ကို သိသည်။
ဂူဗိမာန် စောင့်ရှောက်သူက ဆက်ပြောလိုက်သည်
“ ပထမဆုံး လူသားဧကရာဇ် သေမသွားခင်တုန်းက မီးစာကျမ်းကို ချန်ထားခဲ့တယ်။
အဲဒါက လူသားဧကရာဇ်ရဲ့ မူလကျင့်စဉ်ဖြစ်လို့ ပြိုင်ဘက်ကင်း စွမ်းအားတွေ ပါဝင်တယ်။
ဒါပေမဲ့ လူတိုင်းက မီးစာကျမ်းကို မကျင့်ကြံနိုင်ကြဘူး။ ပထမဆုံး လူသားဧကရာဇ်နဲ့ ခန္ဓာတည်ဆောက်ပုံ တူတဲ့ ပြိုင်ဘက်ကင်း ထိပ်တန်းတွေပဲ မီးစာကျမ်းကို အဆုံးစွန်ထိ ကျင့်ကြံနိုင်မှာ။
တခြားသူတွေကတော့ မီးစာကျမ်းကို နည်းနည်းပဲ လေ့ကျင့်နိုင်ပြီးတော့ ရိုးရှင်းတဲ့နည်းနဲ့ပဲ ကျင့်ကြံနိုင်တယ်။
အဲဒါက ကျင့်ကြံခြင်းကျမ်းရဲ့ အားနည်းတဲ့ အစိတ်အပိုင်းတစ်ခုပဲ။
ကျင့်စဉ်ရဲ့ လိုအပ်ချက်တွေကို လျှော့ချလိုက်ရင် ရရှိမဲ့ စွမ်းအားကလည်း အတော်လေး လျော့ကျသွားတယ်။
မီးစာကျမ်းကနေ ဆင်းသက်လာတဲ့ ကိုယ်ထည်မာကျင့်စဉ်တွေကြောင့် လူသားဆန်စိတ် ပြန်လည်ကောင်းမွန်လာတာ။
ပြင်ပနယ်ပယ်က မိစ္ဆာဝိညာဉ်တွေ ခဏတာ နောက်ဆုတ်သွားပေမဲ့လည်း မျိုးနွယ်စုတွေကို လွှမ်းမိုးဖို့အတွက် မိစ္ဆာအရှိန်အဝါကို ချန်ထားခဲ့ကြတယ်။
အဲဒါကြောင့် ဒီကမ္ဘာမှာ ထပ်ပြီးတော့ စစ်ပွဲ ဖြစ်တာ။
ရှုပ်ထွေးမှုတွေလည်း တစ်ဖန်ပြန်လည် စတင်လိုက်ပြီ။ မရေတွက်နိုင်တဲ့မျိုးနွယ်တွေက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အထွတ်အထိပ်ဖြစ်တည်မှု နေရာကို လုယူဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအချိန်တုန်းက လူသားမျိုးနွယ်တွေက အောင်မြင်ခဲ့တော့ မျိုးနွယ်အများအပြားက လိုချင်တပ်မက်ခဲ့ကြတယ်။
မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ လွှမ်းမိုးမှုကြောင့် လူသားမျိုးနွယ်က မျိုးနွယ်စု အများအပြားရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရတာ။
အဲဒီတိုက်ပွဲပြီးတော့ လူသားမျိုးနွယ်က ပျက်သုဉ်းလုနီးပါး ဖြစ်သွားခဲ့တာ။
ကံကောင်းစွာနဲ့ ပထမဆုံး လူသားဧကရာဇ်ရဲ့ အမိန့်ကို နာခံတဲ့ ပြိုင်ဘက်ကင်းပါရမီရှင် ၃၆ ယောက် အသက်ရှင်ခဲ့သေးတယ်။
ဒါပေမဲ့ သူတို့ရဲ့ ခွန်အားနဲ့ မျိုးနွယ်တွေကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။
နောက်ဆုံးကျတော့ အဲဒီထာဝရဘုရင် ၃၆ ယောက်က ပြိုင်ဘက်ကင်း လျှို့ဝှက်ပညာရပ်ဖြစ်တဲ့ သီးခြားကမ္ဘာပညာရပ်ကို အသုံးပြုလိုက်ကြတယ်။
သူတို့က ကမ္ဘာငယ်လေးကို ထုတ်ပြီးနောက် အဆုံးမဲ့လေဟာနယ်ထဲကို မျှော်လင့်ချက်နယ်မြေဆိုပြီးတော့ ပို့လိုက်တယ်။
ထာဝရဘုရင်တစ်ဝက်လောက်က သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အသုံးပြုပြီးတော့ ကောင်းကင်တာအိုကို ဖန်တီးပြီးတော့ ပြင်ပလောကနဲ့ နယ်မြေငါးခုတို့ကြားက ဆက်နွယ်မှုကို ပိတ်ဆို့ပြီးတော့ လူသားတွေအနားယူဖို့ နေရာချန်ထားပေးခဲ့တယ်။
ထာဝရဘုရင်တစ်ဝက်လောက်က နတ်ဘုရားလောကမှာ ကျန်နေခဲ့ပြီးတော့ ကျန်ရှိနေတဲ့ လူသားတွေကို အထီးကျန်နယ်မြေဆီကို ဦးဆောင်ခေါ်သွားပေးတယ်”
ထိုအချိန်တွင် ဂူဗိမာန် စောင့်ရှောက်သူက ဒေါသထွက်လာသည့်အတွက် အံကြိတ်လိုက်မိသည်။
အဲဒီအချိန်တုန်းက ပထမမျိုးဆက် လူသားဧကရာဇ်သာ နတ်ဘုရားလောကကို ကယ်တင်ပေးခဲ့တာမျိုး မရှိဘူးဆိုရင် မျိုးနွယ်တွေအားလုံး သုတ်သင်ခံရမှာပဲ။ လွတ်မြောက်နိုင်မဲ့နည်းလမ်းမရှိဘူး
အဆုံးသတ်မှာလည်း မျိုးနွယ်အားလုံးရဲ့ ပါရမီရှင်တွေက ကြင်နာမှုကို မုန်းတီးမှုပဲ ပြန်ပေးဆပ်လိုက်တာပဲ။ သူတို့က လူသားမျိုးနွယ်ရဲ့ အမွေအနှစ်တွေကို လိုချင်တာလေ
အဲဒါက လူသားမျိုးနွယ်တွေကို အမှောင်ခေတ်ထက် ကျော်လွန်တဲ့ ကပ်ဘေးမျိုးကို ခံစားရအောင် လုပ်ခဲ့တာ
ကိစ္စက အရမ်းကို ကြာခဲ့ပါပြီ။ အဲဒီလူတွေကလည်း အချိန်ရဲ့ တိုက်စားခြင်းကို ခံလိုက်ရပြီ
အဲလိုဆိုရင်တောင်မှ အခြေအနေကို သိတဲ့သူတွေက မခံမရပ်နိုင်ဖြစ်ရတာပဲ
ဂူဗိမာန် စောင့်ရှောက်သူက ဆက်ပြောလိုက်သည်
“ အဲဒီတုန်းက ဒီနယ်မြေကို ကာကွယ်ဖို့ နယ်မြေငါးခုအတွက် အသက်ပေးလိုက်ရတဲ့ ပြိုင်ဘက်ကင်း ထာဝရဘုရင်တွေ ဆယ်ယောက်ကျော်လောက်ရှိတယ်။
ထာဝရဘုရင် လွန်ကဲယန်ဓာတ်က နေအဖြစ် ပြောင်းလဲသွားပြီး ထာဝရဘုရင် လွန်ကဲယင်ဓာတ်က လအဖြစ် ပြောင်းလဲသွားတာ။ ထာဝရဘုရင် အကန့်အသတ်မဲ့ ပင်လယ်က အဆုံးမဲ့ ပင်လယ်အဖြစ် ပြောင်းလဲသွားတာ။
ထာဝရဘုရင် သံသရာက နယ်မြေငါးခုရဲ့ သံသရာအဖြစ် အသွင်ပြောင်းသွားပြီးတော့ ထာဝရဘုရင် အံ့ဖွယ်မိုးကောင်းကင်က နယ်မြေငါးခုရဲ့ ကောင်းကင်စမ်းသပ်ချက်အဖြစ် ပြောင်းလဲသွားပြီးတော့ ကောင်းကင်တာအိုနဲ့အတူ ပြီးပြည့်စုံနဲ့ ကမ္ဘာတစ်ခုကို ဖန်တီးခဲ့တာ။
ထာဝရဘုရင် အရင်းအမြစ်က နယ်မြေငါးခုရဲ့ အချိန်စီးဆင်းမှုကို ပြောင်းဖို့အတွက် သူ့ရဲ့ အသက်အဆီအနှစ်အားလုံးကို အသုံးပြုခဲ့တယ်။ ဒီနေရာက အချိန်ကို နတ်ဘုရားလောကထက် အများကြီး ကျော်လွန်နေအောင် လုပ်ခဲ့တာ။
စကားတွေအရတော့ ကောင်းကင်မှ တစ်ရက်ဆိုရင် မြေပြင်မှာ တစ်နှစ်တဲ့။ အဲဒါက ထာဝရဘုရင် အရင်းအမြစ်ရဲ့ ပညာရပ်ပဲ။
အဲဒါကြောင့် နယ်မြေငါးခုမှာ ပါရမီရှင်တွေ တစ်သုတ်ပြီးတစ်သုတ် မွေးထုတ်နိုင်ပြီးတော့ လူသားတွေရဲ့ သက်ဝင်လှုပ်ရှားမှုကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့တာ”
ရှန်ထျန်းက ဂူဗိမာန်စောင့်ရှောက်သူ၏ စကားလုံးများကို ကြားသည့်အခါ အငြိုးအတေးကိုသာ ခံစားရတော့သည်။
နယ်မြေငါးခုက လူသားကျင့်ကြံသူများ အသက်ကို စတေးကာ သူတို့၏ ခန္ဓာကိုယ်များကို အသုံးပြုပြီး မဟာတာအိုအဖြစ် အသွင်ပြောင်းပြီး ဖန်တီးထားခြင်းဖြစ်သည်။
သူက ဘိုးဘေးတွေရဲ့ ခန္ဓာကိုယ်ကို တက်နင်းနေတာပဲ