← Chapters

မျက်ဝန်းထဲမှာ နေနဲ့လ၊ ဓားထဲမှာ ဖြစ်တည်နေတဲ့ စကြာဝဌာကြီး

Vol. 9 Ch. 85

မျက်ဝန်းထဲမှာ နေနဲ့လ၊ ဓားထဲမှာ ဖြစ်တည်နေတဲ့ စကြာဝဌာကြီး

Vol. 9 Ch. 85

ဘာသောက်ကျိုးနဲကြီးလဲ

စာရင်းဝင်သွားတာကို ဆုလာဘ်မရတဲ့အပြင် အတိုက်အခိုက်ပါ ခံရဦးမယ်တဲ့လား။

ဒါ ဘယ်လို သောက်သုံးမကျတဲ့ ယုတ္တိဗေဒလဲ

ကျန်းစန်းကျန့် မျက်လုံးပြူးသွားပြီး ကျိဘ က သက်ပြင်းချလိုက်သည်။

ကျိဘ "မတတ်နိုင်ဘူး ဒါက စည်းမျဉ်းပဲ။ မြူသမုဒ္ဒရာတစ်ခုလုံးက ဘယ်သူပြဌာန်းထားမှန်း မသိတဲ့ စည်းမျဉ်းတစ်ခုအောက်မှာ စနစ်တကျ လည်ပတ်ပြီး တည်ရှိနေတာ"

ကျိဘ "ဒီလို စည်းမျဉ်းတွေအများကြီးရှိတယ်။ နက်ရွှေရောင်အဆင့်သတ်မှတ်ချက်ထဲကို အခုမှ စတင်ဝင်ရောက်လာတဲ့ ဂိုဏ်းဆီကို အနက်ရောင်မြူခိုးတွေကနေ လမ်းကြောင်း (၁၀) ခု အလိုအလျောက် ပေါ်လာလိမ့်မယ်။အနီးအနားက ဂိုဏ်း (၁၀) ဂိုဏ်းက အဲဒီတာကို ခံစားမိပြီး စွမ်းအားတစ်ခုက သူတို့ကို ဒီကိုလာဖို့ လမ်းညွှန်လိမ့်မယ်။ အသစ်ဝင်ရောက်လာတဲ့ ဂိုဏ်းကို ဖျက်ဆီးဖို့ပေါ့။ အကယ်လို့ ဂိုဏ်းက ခံနိုင်ရည်ရှိခဲ့မှ တရားဝင် နက်ရွှေရောင်အဆင့်သတ်မှတ်ချက်မှာ ကောင်းကင်အဆင့် ဂိုဏ်းအဖြစ် သတ်မှတ်ခံရပြီး၊ဂိုဏ်းကာကွယ်ရေး မဟာအစီအရင် ကို ချီးမြှင့်ခံရလိမ့်မယ်"

မိုချင်းချန် "ဂိုဏ်းကာကွယ်ရေး မဟာအစီအရင် အဲဒါ ဘာလဲ"

မိုချင်းချန်သည် ဓားကိုပိုက်လျက် မူလက အေးဆေးတည်ငြိမ်စွာ နေချင်သော်လည်း၊ သူ အလွန် သိချင်နေပြီ ဖြစ်သည်။

ကျိဘ "အဲဒါက ဂိုဏ်းသင်္ကေတ ရုပ်တုတွေထဲမှာ ပေးအပ်ထားတဲ့ စွမ်းအားတစ်ခုပဲ။ အစီအရင်လို့ ခေါ်တယ်။ နက်ရွှေရောင်စာရင်းဝင် ဂိုဏ်းတွေတိုင်း အစီအရင်ပုံစံငယ်တစ်ခု ရရှိကြတယ်။ ရုပ်တုအရေအတွက် များလာတာနဲ့အမျှ၊ အလိုအလျောက် တိုးတက်လာမှုနဲ့အတူ၊ ပင်မမျိုးဆက်က လူတွေက ရုပ်တုကို စတင်အသက်သွင်းလိုက်ရင်ရုပ်တုထဲက စွမ်းအားကို အသုံးပြုနိုင်ပြီး၊ ရုပ်တုက အစီအရင်ကို အလိုအလျောက် လည်ပတ်စေပြီး ကျူးကျော်သူတွေကို တိုက်ခိုက်လိမ့်မယ်"

သြော်... ဒါမျိုးကိုး၊စိတ်ဝင်စားစရာပဲ

ကျန်းစန်းကျန့်၏မျက်လုံးများ တောက်ပသွားပြီး စိတ်ဝင်စားမှု အပြည့်ဖြစ်သွားသည်။

အကြီးအကဲတစ်ဦး "အဟမ်း... ပြင်ပဂိုဏ်း (၁၀) ဂိုဏ်းရဲ့ ကျူးကျော်မှုကို အရင် စဉ်းစားသင့်တယ် ထင်တယ်။ ပြင်ပဂိုဏ်း (၁၀) ဂိုဏ်းဆိုတာ လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရမယ့်ကိစ္စ မဟုတ်ဘူး"

အကြီးအကဲတစ်ဦးက လက်ပိုက်လျက် ဝင်ပြောလိုက်သည်။

ကျန်းစန်းကျန့်က သူ့ကို အေးစက်စွာ စောင်းကြည့်လိုက်သည်။

ကျန်းစန်းကျန့် "ဘာလန့်နေတာလဲ"

ကျန်းစန်းကျန့် "ငါ့ကို အတုယူပြီး မသင်ယူနိုင်ကြဘူးလား။ ထိုက်ဆန်းတောင်ကြီး ရှေ့မှာ ပြိုကျနေရင်တောင် မျက်နှာပျက်မသွားဘူး။ ပြင်ပဂိုဏ်း (၁၀) ဂိုဏ်းလောက်က ဘာမို့လို့လဲ"

အကြီးအကဲအချို့ ကြောင်အသွားခဲ့ကြသည်။

ဒီကောင်ကြီး...မျက်နှာရော ရှိသေးရဲ့လား။

ဂိုဏ်းထဲမှာ ရှန်းချန်ကော ကလွဲရင် တိုက်ရည်ခိုက်ရည်ရှိတဲ့သူ တစ်ယောက်လောက် ရှိလို့လား။

ကျန်းစန်းကျန့်သည် မာန်မာနအပြည့်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

ထို့နောက် သူသည် ယခင် နတ်ဓားဂိုဏ်း၏ ရုပ်တုအောက်သို့ ခြေလှမ်းသွက်သွက်ဖြင့် ပြေးသွားခဲ့သည်။

ကျန်းစန်းကျန့် "ချန်ကော..."

ရှန်းချန်ကော မျက်လုံး အနည်းငယ်ပင့်ကာကြည့်လိုက်သည်။

ဤအဘိုးကြီး ယခုနေရာသို့ ရောက်လာခြင်းက သူ့၏ သောက်ရမ်းမိုက်တဲ့ဟန်ထုတ်စတိုင်ကို ဖျက်ဆီးနေသလို ခံစားလိုက်ရသည်။

ကျန်းစန်းကျန့် "မင်း မခံစားကြည့်ချင်ဘူးလား။ ကောင်းကင်တောင်ထိပ်မှာ ထိုင်ပြီး ဂိုဏ်း (၁၀) ဂိုဏ်း လာရောက် ဦးညွှတ်တာကို စောင့်မျှော်နေတဲ့ မြင်ကွင်းမျိုးလေ..."

ကျန်းစန်းကျန့် "ဂိုဏ်း (၁၀) ဂိုဏ်းက ကောင်းကင်တောင်ထိပ်ကို ဝိုင်းဝန်းတိုက်ခိုက်မယ်။ ငါတို့တွေ အစွမ်းကုန် ကြိုးစားပေမယ့် တားဆီးလို့ မရဘူး။ အဲဒီအချိန်မှာ မင်းက ကောင်းကင်တောင်ထိပ်မှာ မားမားမတ်မတ် ရပ်ပြီး၊ ဓားချက်တစ်ချက်တည်းနဲ့ ကောင်းကင်ကို ခွဲ၊ နတ်ဘုရားတံခါးကို ဖွင့်လိုက်မယ်။ ဂိုဏ်း (၁၀) ဂိုဏ်းက မင်းကို မြင်တာနဲ့ ကြောက်လန့်ပြီး ခြေတစ်လှမ်းတောင် ရှေ့မတိုးရဲတော့ဘူး..."

ကျန်းစန်းကျန့် "အဲဒီလို ကိုယ်ထင်ပြလိုက်တဲ့ မြင်ကွင်းမျိုး... လေပြည်ညှင်းနဲ့အတူ လှပတဲ့ လူငယ်လေး၊ ဓားတစ်ချက်က သောင်းချီတဲ့ ပုံရိပ်ယောင်တွေ ဖန်တီးတယ်၊ ဝတ်ရုံဖြူက ဖုန်မှုန့်တစ်စက်မတင်ဘဲ သန့်ရှင်းနေမယ်၊ အရမ်းချောမောခန့်ညားပြီး လူတွေကိုအသက်ရှူမှားစေမယ်... မျက်ဝန်းထဲမှာ နေနဲ့လ၊ ဓားထဲမှာ စကြဝဠာကြီး နိုးထလာမယ် ... ဒီလို မြင်ကွင်းမျိုးကို ဆရာတောင် မြင်ချင်နေပြီကွာ..."

ကျန်းစန်းကျန့်သည် ဆွဲဆောင်စည်းရုံးနေခဲ့သည်။

ရှန်းချန်ကော သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

ဖူး

ကျန်းစန်းကျန့် - "..."

'ကျုပ်ကို လေးစားမှုလေးတော့ ရှိပါဦးလား...

ဒီအဘိုးကြီး ဒီလို အနှစ်သာရမရှိတဲ့ စကားလုံးတွေ သုံးပြီး မြှောက်ပြောနေတာက ကျုပ်ကို တိုက်ခိုက်ခိုင်းချင်နေလို့ မဟုတ်လား... ကျုပ်အလိမ်ခံမယ် ထင်နေလား'

...

နေ့လည်ခင်းတွင်

ပုံရိပ်တစ်ခုသည် ကောင်းကင်ဘုံဓားဂိုဏ်း၏ ကောင်းကင်ဘုံတောင်ထိပ်သို့ ဖြည်းညှင်းစွာ တက်ရောက်လာသည်။

သူသည် ဂျူနီယာညီမလေး ယခုလေးတင် ပို့ပေးလိုက်သော ဝတ်ရုံဖြူအသစ်စက်စက်ကို ဝတ်ဆင်ထားသည်။

သူ မတ်တပ်ရပ်လိုက်သောအခါ ဘယ်နေရာမှ တိုက်ခတ်လာမှန်း မသိသော လေပြည်လေညှင်းများက သူ့ဝတ်ရုံစများကို ဖြည်းညှင်းစွာ လှုပ်ခတ်သွားစေသည်။

သူသည် အဝေးကို ငေးမျှော်ကြည့်နေခဲ့ပြီး... အရှေ့အရပ်မှ ထွက်ပြူလာသော နေမင်းကြီးကဲ့သို့ပင်။

...

ဟင်းလင်းပြင် နယ်မြေတစ်ခု...

အနက်ရောင်မြူခိုးများ စိမ့်ဝင်နေပြီး အလွန်အမင်း ဟာလာဟင်းလင်း ဖြစ်နေသည်။

ဘုန်း

နက်မှောင်သောမြူခိုးများထဲတွင် ပန်းတစ်ပွင့် ပွင့်အာလာသကဲ့သို့ ဗုံးပေါက်ကွဲသွားသည်။

မြေကြီးပေါ်မှ ကျောက်တိုင်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဝေါ...

ကျောက်တိုင်ပေါ်တွင် နှစ်ကာလများ၏ အမှတ်အသားများ လှိုင်းထနေပြီး၊ သမိုင်း၏ အစက်အပြောက်များသည် လူများကို မွန်းကြပ်စေလောက်အောင် လေးလံသော ခံစားမှုမျိုး ပေးစွမ်းလေ၏။

"နက်ရွှေရောင်အဆင့်သတ်မှတ်ချက် လှုပ်ရှားလာပြန်ပြီ။ အဆင့်ပြောင်းလဲမှု ရှိတယ်"

ထိုအချိန်တွင် အပြင်ဘက်၌ ရပ်နေသော လူအများအပြား ရှိနေသည်။

သူတို့သည် မှတ်တမ်းတင်သူများကဲ့သို့ နက်ရွှေရောင်စာရင်းကို စိုက်ကြည့်နေခဲ့ကြသည်။

နက်ရွှေရောင်မဆင့်စာရင်းသည် ထိုနေရာတွင် တစ်ခုတည်း အထီးကျန်စွာ ရပ်တည်နေသည်။

ထိုအချိန်တွင်...

လူတိုင်း ကြက်သီးထသွားစေသော ကျောက်တိုင်ပေါ်မှ ကလစ်... ကလစ်... ဟူသော အသံများ ထွက်ပေါ်လာသည်။

အေးစက်ပြီး ထူးဆန်းကာ မကောင်းဆိုးဝါး အငွေ့အသက်များ ပါဝင်နေသည်။

ထိုနေရာတွင် ဘာမျှမရှိသော်လည်း၊ သူတို့ မမြင်ရသော လူတစ်ယောက်က ကျောပေးပြီးကျောက်တိုင်ကိုထွင်းထုနေသကဲ့သို့ လူတိုင်း ခံစားနေရသည်။

ဤနေရာတွင် လေအေးမရှိသော်လည်း သူတို့ ကျောချမ်းနေကြသည်။

သို့သော် သူတို့သည် ဤမြင်ကွင်းမျိုးကို အကြိမ်ကြိမ် မြင်ဖူးထားသဖြင့် မထူးဆန်းတော့ပေ။

"ဟမ် နတ်ဓားဂိုဏ်း ပျက်စီးသွားပြီလား"

"ဘာဖြစ်တာလဲ"

နတ်ဓားဂိုဏ်းသည် အပြင်ဘက်စည်းရှိ ဓားဂိုဏ်းများအနက် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။

ထိုဂိုဏ်း ရုတ်တရက် ပျက်စီးသွားခြင်းက သူတို့ကို အံ့အားသင့်စေသည်။

မဖြစ်နိုင်ဘူးဟုပင် ထင်နေကြသည်။

သို့သော် ထိုအချိန်တွင်...

နက်ရွှေရောင်အဆင့်စာရင်း၏ အောက်ဆုံးတွင်...

သာမန် အမည်တစ်ခု ရုတ်တရက် ခုန်တက်လာခဲ့သည်။

"ကောင်းကင်ဘုံဓားဂိုဏ်း · ဂိုဏ်းခွဲ"

ဟမ်

"ဂိုဏ်းခွဲ၊ ဂိုဏ်းခွဲက ကောင်းကင်အဆင့် ဂိုဏ်း ဖြစ်လာတာလား"

"ရုပ်တု (၃) ခု စုစည်းနိုင်သွားတာလား"

"ကောင်းကင်ဘုံဓားဂိုဏ်းက ဘုရင်အဆင့် ဂိုဏ်း လေ။ သူ့ရဲ့ဂိုဏ်းခွဲတွေက ထိန်းချုပ်ခံထားရပြီး ရုပ်တု (၁) ခုပဲ ပိုင်ဆိုင်ခွင့် ရှိတာ။ ဂိုဏ်းခွဲတွေက ဘုရင်ဂိုဏ်းအတွက် အရင်းအမြစ်တွေ ရှာဖွေပေးရတာလေ..."

"ရှုပ်ကုန်ပြီကွာ..."

မှတ်တမ်းတင်သူများအကြား ဆွေးနွေးသံများ ဆူညံသွားသည်။

ထိုအချိန်တွင် ကျောက်တိုင်သည် တုန်ခါသွားပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ အနက်ရောင်မြူခိုးများကြားတွင် ပျံ့နှံ့သွားသည်။

"စပြီ... ဂိုဏ်း (၁၀) ဂိုဏ်း ဝိုင်းဝန်းတိုက်ခိုက်တဲ့ စစ်ပွဲ။အကယ်လို့ ကာကွယ်နိုင်ခဲ့ရင် ဂိုဏ်းကာကွယ်ရေးမဟာအစီအရင် ပုံစံငယ်ကို ရရှိလိမ့်မယ်။ ရှုံးနိမ့်သွားရင်တော့ ဂိုဏ်း (၁၀) ဂိုဏ်း ပေါင်းစည်းသွားပြီး နက်ရွှေရောင်အဆင့်စာရင်းဝင် ကောင်းကင်အဆင့် ဂိုဏ်းအသစ် ဖြစ်လာလိမ့်မယ်"

...

တိမ်တိုက်ဓားဂိုဏ်း သည် အပြင်ဘက်စည်းရှိ မထင်ရှားသောဂိုဏ်းတစ်ခု ဖြစ်သော်လည်း ထူးရှားယသော အဆင့်အတန်းတစ်ခု ရှိသည်။

၎င်းသည် ဘုရင်အဆင့် ဂိုဏ်းတစ်ခုဖြစ်သော တိမ်တိုက်ဓားဘုရင်ဂိုဏ်း၏ ဂိုဏ်းခွဲဖြစ်သည်။

မူလက အပြင်ဘက်စည်းတွင် ဂိုဏ်းအတွက် အရင်းအမြစ်များကို တိတ်တဆိတ် ရှာဖွေပေးပြီး ဘုရင်ဂိုဏ်းသို့ ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

သို့သော် ယနေ့...

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု စိမ့်ဝင်လာပြီး သူတို့၏ဂိုဏ်းသင်္ကေတ ရုပ်တုသည် ရုတ်တရက် အလင်းရောင်များ ဖုံးလွှမ်းသွားသည်။

အလင်းရောင်များ စိမ့်ထွက်လာပြီး စာလုံးအချို့ ဖြစ်ပေါ်လာခဲ့သည်။

"လမ်းကြောင်းအတိုင်းသွားပါ၊ အဲ့ဂိုဏ်းကို ဖျက်ဆီးပါ"

ဝေါ...

အနက်ရောင်မြူခိုးများသည် ရုတ်တရက် လှိုင်းထန်လာပြီး အတွင်းပိုင်းတွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။

အနက်ရောင်မြူခိုးများ ကွဲအက်သွားပြီး လမ်းငယ်လေးတစ်လမ်း ဖြစ်ပေါ်လာသည်။

ထိုလမ်းလေးသည် ကြမ်းတမ်းပြီး ကျဉ်းမြောင်းကာ ဘယ်ကို ဦးတည်သွားမှန်း မသိရပေ။

"ဒါ..."

ဤနေရာရှိနေသူများ၏ မျက်လုံးများ တောက်ပသွားကြသည်။

"ဘာဖြစ်တာလဲ"

"ဂိုဏ်းဖျက်ဆီးရမယ်"

ဤလူများသည် အနည်းငယ် တွန့်ဆုတ်နေကြပြီး ထိုလမ်းငယ်လေးကို သတိထားနေကြသည်။

သို့သော် ရုပ်တုပေါ်မှ ပေါ်ထွက်လာသော စာလုံးများသည် ငြင်းဆန်၍မရသော အာဏာစက် ပါဝင်နေသည်ဟု ခံစားရသည်။

"အဲဒီဂိုဏ်းကို ဖျက်ဆီးလိုက်ရင် တိမ်တိုက်ဓားဂိုဏ်းက ကောင်းကင်အဆင့် ဂိုဏ်းအသစ် ဖြစ်လာလိမ့်မယ်။ ဒါက ဘုရင်ဂိုဏ်းအတွက် ကောင်းတဲ့အရာပဲ"

ထိုအချိန်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လွမ်းမိုးနိုင်စွမ်းပြည့်ဝနေသည်။

"သခင်ကျွင်း..."

ဤလူသည် ဘုရင်ဂိုဏ်းမှဆင်းသက်လာသူ ဖြစ်ပြီး မျက်လုံးများ တောက်ပနေသည်။

"ဂိုဏ်း (၁၀) ဂိုဏ်းကို တိုက်ရိုက် ဝါးမျိုးလိုက်တာပေါ့။ ဒါ ကောင်းတဲ့ကိစ္စပဲ"

သူ အေးစက်စွာ ပြုံးလိုက်သည်။

ဤတစ်ခါ အပြင်ဘက်စည်းရှိ ဂိုဏ်းခွဲထံသို့ လာရောက်ခြင်းဟာ၊ယခုလို ကောင်းသည့်အရာနှင့် ကြုံရမည်ဟု မထင်ထားခဲ့ပေ။

ထိုဂိုဏ်းကို ဖျက်ဆီးလိုက်ရုံဖြင့် ဂိုဏ်း (၁၀) ဂိုဏ်း ပေါင်းစည်းပြီး ဂိုဏ်းအသစ် ဖြစ်လာမည်။

ထိုအခါ သူက ကောင်းကင်အဆင့်ဂိုဏ်းအသစ်ကို တိုက်ရိုက် ထိန်းချုပ်လိုက်ပြီး ဘုရင်ဂိုဏ်းကို သတင်းပို့လိုက်မည်။

ဘုရင်ဂိုဏ်းက လူလွှတ်ပြီး လာရောက် လွှဲပြောင်းယူလိမ့်မည်။

ဒီလို ကောင်းတဲ့အရာမျိုးက ရှားပါးတယ်။

"အပြင်ဘက်စည်းပဲလေ..."

သူ အေးစက်စွာ ပြုံးလိုက်သည်။

သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်လာရာ နတ်ဘုရားတံတားအဆင့်အထွတ်အထိပ် စွမ်းအား ရှိနေသည်။

မဟုတ်သေးပေ... သာမန် နတ်ဘုရားတံတားအဆင့် အထွတ်အထိပ်ထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။

ကူးပြောင်းခြင်းအဆင့် သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

...

ရှန်းချန်ကောသည် ကောင်းကင်တောင်ထိပ်တွင် ရပ်နေခဲ့သည်။

နေရောင်ခြည် ကျရောက်လာရင်း သူ့ဝတ်ရုံဖြူသည် တောက်ပနေ၏။

သူသည် ဓားကို ညင်သာစွာ ပွတ်သပ်လိုက်ရာ၊ ဓားအလင်းရောင်သည် ကောင်းကင်ဘုံဓားဂိုဏ်း တစ်ခုလုံးကို ထွန်းလင်းသွားစေသည်။

All Chapters