ရှေးဟောင်း ကောင်းကင်ခုံရုံး…ကောင်းကင်စစ်သူကြီး ၁၀၈ယောက်၏ အမွေအနှစ်
Vol. 33 Ch. 491
အခန်း (၄၉၁) : ရှေးဟောင်း ကောင်းကင်ခုံရုံး…ကောင်းကင်စစ်သူကြီး ၁၀၈ယောက်၏ အမွေအနှစ်
အရာအားလုံးကို ဖြေရှင်းပြီးနောက် ရှန်ထျန်းက ရှုပ်ထွေးပွေလီ ပင်လယ်ထဲသို့ ဝင်သွားသည်။
သူက အံ့ဖွယ်သက်တံကို ထိန်းချုပ်ကာ ပင်လယ်ဒေသထဲသို့ ကီလိုမီတာပေါင်း သောင်းချီသည်အထိ ဝင်သွားသည်။
တောက်ပသော အံ့ဖွယ်သက်တံများက ကောင်းကင်တွင် လျှပ်စီးကဲ့သို့ လင်းလက်သွားကာ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို လှုပ်ခတ်သွားစေသည်။
ရှန်ထျန်း ဆက်လက်ဝင်ရောက်ဖို့ လုပ်နေစဉ် ကမ္ဘာဦး ရှုပ်ထွေးပွေလီ အငွေ့အသက်က အင်မတန် ပြင်းထန်လာသည်။ ဤနေရာတွင် လှုပ်ရှားနေသော မီးခိုးရောင် မြူခိုးများက အင်မတန် မြန်ဆန်ပြီး လွန်ကဲသော ချွန်ထက်သည့် ဓားသွားများသဖွယ်ဖြစ်နေသည်။
ထာဝရအရှင်များပင်လျှင် ထိုစွမ်းအားကို ခုခံဖို့အတွက် အခက်တွေ့နိုင်ပြီး သူတို့၏ အသားများပင် လှီးထုတ်ခံရနိုင်သည်အထိ ဖြစ်နိုင်သည်။
သို့သော် ရှုပ်ထွေးပွေလီ အငွေ့အသက်က ရှန်ထျန်းအပေါ်တွင် ဘာအကျိုးသက်ရောက်မှုမှ မရှိပေ။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အံ့ဖွယ်အလင်းတန်း ဖြာထွက်နေကာ သူ၏ သွေးသားကလည်း ကြံ့ခိုင်လှပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်ကို လျစ်လျူရှုထားနိုင်သည်။
နာရီပေါင်းများစွာ သွားပြီးနောက် ရှန်ထျန်း ပင်လယ်၏ အနက်ဆုံးတစ်နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာက မြူခိုးများဖြင့် ဖုံးလွှမ်းနေသော ဧရာမလှိုင်းများက အဆုံးမဲ့စွာ ထိုးဖောက်ထွက်နေသည်။ မီးခိုးရောင် ရှုပ်ထွေးပွေလီ အငွေ့အသက် ဖြတ်သန်းသွားသည့်အခါ စွမ်းအားက လျှံထွက်နေသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးက မြူခိုးများဖြင့် လွှမ်းခြုံနေကာ ကိုယ့်လက်ချောင်းများကိုပင် ကိုယ်မမြင်နိုင်ပေ။
သေချာအာရုံခံကြည့်လိုက်သည့်အခါ ထိုနေရာတွင်ရှိသော ရှုပ်ထွေးပွေလီ အငွေ့အသက်က အင်မတန် ကြောက်ဖို့ကောင်းပြီး ဒြပ်ထုဖြစ်သော အခြေအနေသို့ ရောက်ရှိနေသည်ကို ရှန်ထျန်း သိလိုက်ရသည်။ သူ့ဆီမှာသာ ရှုပ်ထွေးပွေလီ ခန္ဓာကို ပိုင်ဆိုင်ထားခြင်း မရှိပါက ထိုနေရာသို့ ဝင်ရောက်ရဲမည်မဟုတ်ပေ။
ထိုအချိန်တွင် တစ်စုံတစ်ခုက လမ်းပြနေသကဲ့သို့ ပင်လယ်ကြမ်းပြင်မှ ပျံ့နှံ့လာသော ရင်းနှီးသည့်အရာကို အာရုံခံစားလိုက်မိသည်။
ထိုကြောင့် ရှန်ထျန်းက ပင်လယ်ထဲသို့ နက်သည်ထက် နက်အောင် သွားလိုက်သည်။ ပေပေါင်းတစ်သန်းလောက် သွားပြီးနောက် ပင်လယ်ကြမ်းပြင်သို့ ရောက်ရှိသွားသည်။
ပျက်စီးနေသော နန်းတော်တစ်ခု ရှန်ထျန်း၏ ရှေ့တွင် ထွက်ပေါ်လာသည်။ ထိုနေရာက ရှေးကျပြီး အိုဟောင်းနေသည်။ နန်းတော်တစ်ခုလုံးက သဲများဖြင့် ဖုံးလွှမ်းနေပြီး အလင်းရောင်မရှိဘဲ မှေးမှိန်နေသည်။
ပတ်ဝန်းကျင်တွင် ပျက်စီးနေသော နံရံများ အပျက်အစီးများဖြင့် ပြည့်နှက်နေသည်။ ကြက်သွေးရောင်သို့ ပြောင်းလဲနေသော ကျိုးပဲ့နေသည့် ထောက်တိုင်များလည်း ရှိသည်။ ခြောက်ကပ်နေသော သွေးများ ကပ်နေသည့်အတွက် မြင်ကွင်းက ကြောက်လန့်ဖွယ်ကောင်းလှသည်။
ဤမြင်ကွင်းကို မြင်လိုက်ရုံဖြင့် တိုက်ပွဲ ဘယ်လောက်ထိ ပြင်းထန်ခဲ့လဲဆိုတာကို ပြောနိုင်သည်။
မရေတွက်နိုင်သော သူရဲကောင်းဝိညာဉ်များက သွေးကို ပေးဆပ်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း ဤနေရာကို ကာကွယ်နိုင်ခဲ့ခြင်း မရှိပေ။
အဆုံးသတ်တွင် အရာအားလုံး မြောက်ပင်လယ်ထဲတွင် နစ်မြုပ်သွားပြီး ယခင်က တောက်ပြောင်ခမ်းနားမှုများလည်း ချုပ်ငြိမ်သွားသည်။
ရှန်ထျန်း သေချာအာရုံစိုက်ပြီး ကြည့်လိုက်သည်။ ဤပျက်စီးနေသော နန်းတော်က ရှေးဟောင်း ကောင်းကင်ခုံရုံး၏ အပျက်အစီးများဆိုတာကို အတည်ပြုနိုင်သည်။
သူက အသက်ပြင်းပြင်းရှူကာ ရှေးဟောင်း ကောင်းကင်ခုံရုံးဆီသို့ လမ်းလျှောက်သွားလိုက်သည်။
ထိုနေရာက ယခင်က မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ကျိန်စာတိုက်ခြင်းကို ခံခဲ့ရသည့်အတွက် နိမိတ်မကောင်းသော အရာများဖြင့် ပြည့်နှက်နေသည်ဟု ဂူဗိမာန် စောင့်ရှောက်သူဆီမှ ကြားခဲ့ရသည်။
ထို့ကြောင့် ဂရုစိုက်ခြင်းက သူ့အတွက် ပိုမိုကောင်းမွန်သည်။
ရှန်ထျန်း ရှေးဟောင်း ကောင်းကင်ခုံရုံးထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မိစ္ဆာအရှိန်အဝါ ထွက်ပေါ်လာသည်။
မိစ္ဆာအရှိန်အဝါက အင်မတန် ပြင်းထန်ပြီး ထိတ်လန့်စရာကောင်းသော စွမ်းအားဖြင့် ပြည့်နှက်နေသည်။ ထိုစွမ်းအားက အင်မတန်မိစ္ဆာဆန်ပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ အပြင်းထန်ဆုံးသော မကောင်းသည့် စိတ်ခံစားချက်များ ပါဝင်နေသည်။
အနည်းငယ် ထိတွေ့မိရုံဖြင့် တစ်စုံတစ်ယောက်၏ စိတ်ကို တိုက်စားသွားကာ ရူးသွပ်သော နတ်ဆိုးအဖြစ် အသွင်ပြောင်းပေးလိမ့်မည်ဖြစ်သည်။
ထို့အပြင် ဤမိစ္ဆာစွမ်းအင်က အင်မတန် စွမ်းအားကြီးလှသည်။
ထာဝရတစ်ပိုင်း တည်ရှိမှုများပင်လျှင် ဤစွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။
“ ဒါက မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ ကျိန်စာများလား”
ရှန်ထျန်း ချောင်းဟန့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းထွက်ပေါ်လာကာ ကမ္ဘာကို လွှမ်းခြုံသွားသည်။
အင်မတန် မြင့်မား တောက်ပသော ရွှေရောင်စက်ဝန်းက ရှန်ထျန်း၏ နောက်တွင် ထွက်ပေါ်လာပြီး မြင့်မြတ်သော အလင်းတန်းကို ထုတ်လွှတ်နေသည်။ မိစ္ဆာအရှိန်အဝါက ရွှေရောင်အလင်းတန်း၏ အောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မီးခိုးရောင် အငွေ့အသက်အဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည်။
ရွှေရောင် အလင်းတန်း၏ တောက်ပမှုကြောင့် ဤနေရာက ရှင်းလင်းပြီး မြင့်မြတ်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ထိုစွမ်းအားက ရှန်ထျန်း ပိုင်ဆိုင်သော သန့်စင်ခြင်း ရွှေစက်ဝန်း၏ အရည်အချင်းတစ်ခု ဖြစ်သည်။ သန့်စင်ခြင်း ရွှေစက်ဝန်းက မိစ္ဆာအရှိန်အဝါနှင့် ပတ်သက်လာလျှင် အရမ်းအကျိုးသက်ရောက်မှု ပြင်းထန်သည့်အတွက် အတူယှဉ်တွဲပြီး မတည်ရှိနိုင်ပေ။
မိစ္ဆာအရှိန်အဝါ အများစုကို ရှန်ထျန်းက သန့်စင်လိုက်သည့်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တောက်ပသွားစေသည်။
ရှန်ထျန်း၏ စိတ်ထဲသို့ မေးခွန်းတစ်ခုရောက်လာသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။
နည်းလမ်းတကျပြောရလျှင် ထိုကဲ့သို့သော ကျိန်စာအဆင့်က အများဆုံး ထာဝရတစ်ပိုင်း ကျင့်ကြံသူအချို့ကိုသာ ခြိမ်းခြောက်နိုင်သည်။
စစ်မှန်သော ပါရမီရှင်တစ်ယောက်အတွက် အရေးမပါပေ။
ဒါပေမဲ့ အဲလိုဆိုရင် နောက်မျိုးဆက်ထဲက တစ်ယောက်ယောက် ရှေးဟောင်း ကောင်းကင်ခုံရုံးရဲ့ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်တာမျိုး မလုပ်နိုင်ခဲ့ရတာလဲ
အထဲမှာ ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ခုများ ပုန်းကွယ်နေလို့လား
ရှန်ထျန်းက ပေါ့ဆခြင်းမရှိဘဲ ရှေ့ဆက်သွားသည်။
ထိုအခိုက်အတန့်တွင် အာကာပြင်က ရုတ်တရက် စတင်ပြောင်းလဲလာသည်။ မိစ္ဆာအရှိန်အဝါက တစ်ဖန်ပြန်လည် ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည်။
အကန့်အသတ်မဲ့ စွမ်းအင်တိုးထွက်လာပုံက အင်မတန် ထိတ်လန့်စရာကောင်းသည်။
မိစ္ဆာအရှိန်အဝါက အဘက်ဘက်သို့ ပျံ့နှံ့သွားကာ ကောင်းကင်ကို ဖုံးလွှမ်းနေသော ဧရာမမျက်လုံးကြီး တစ်လုံးအဖြစ် သိပ်သည်းသွားသည်။
သိပ်သည်းသော မိစ္ဆာမြူခိုးက ကျယ်ပြန့်ပြီး စွမ်းအားကြီးကာ တစ်စုံတစ်ယောက်၏ နှလုံးသားထဲထိ ထိုးဖောက်နေသော ပြင်းထန်သည့် အရှိန်အဝါကို လွှတ်ထုတ်နေသည်။
မျက်စိက မိစ္ဆာမြူခိုးဖြင့် ပြုလုပ်ထားသော်လည်း တစ်စုံတစ်ယောက်၏ မျက်လုံးကဲ့သို့ သိသာထင်ရှားလှသည်။
ရှန်ထျန်း ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားသလို ခံစားလိုက်ရသည်။ သူ သေချာအာရုံစိုက်ပြီး ကြည့်လိုက်သည့်အခါ ကြက်သွေးရောင် မျက်လုံးများက သွေးရောင်လွှမ်းလာပြီး ကြောက်စရာကောင်းသော စွမ်းအားဖြင့် ပြည့်နှက်နေသည်။
သူ ထိုအရာကို စိုက်ကြည့်လိုက်သည့်အခါ သူ့ဝိညာဉ်ကို စုပ်ယူချင်သကဲ့သို့ ဖြစ်နေသည်။
ရှန်ထျန်းက စိတ်လေးလံစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ဒါက မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ စစ်မှန်တဲ့ ကျိန်စာစွမ်းအားများလား
ဘယ်သူမှ သူတို့ရဲ့ ရှေးဟောင်း ကောင်းကင်ခုံရုံးကို ပြန်ပြီးတော့ မထိန်းသိမ်းနိုင်တာ မဆန်းပါဘူး။ ဒီစွမ်းအားတစ်ခုထဲကတင် နယ်မြေငါးခုရဲ့ ပါရမီရှင်၉၉ ရာခိုင်နှုန်းလောက်ကို ရပ်တန့်သွားအောင် လုပ်နိုင်တယ်။ အရှိန်အဝါက ထာဝရအရှင်အဆင့်ထက် ကျော်လွန်နေပြီးတော့ ပြိုင်ဘက်ကင်း ကျင့်ကြံဆင့်ကို ရောက်နေပြီလေ
ထိုအချိန်တွင် ကြက်သွေးရောင် မျက်လုံးမှ ထိတ်လန့်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုစွမ်းအားက အင်မတန် မိစ္ဆာဆန်ပြီး လေဟာနယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ချင်သကဲ့သို့ ပြင်းထန်သောစွမ်းအား ပါဝင်နေသည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်က သူ့ကို လုံးဝလွှမ်းခြုံသွားသည့်အတွက် ရှန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ငွေဖြူရောင် မြူခိုးက သူ့ခန္ဓာလွှမ်းခြုံထားပြီး ရှန်ထျန်းကို ပတ်လည်တွင်ဝန်းရံနေသော ရှုပ်ထွေးပွေလီ အငွေ့အသက်နှင့် ပေါင်းစပ်သွားစေသည်။
ထာဝရအရှင့်အဆင့်အထက်ရှိ ပါရမီရှင်များ ဆင်းသက်လာလျှင်ပင် သူတို့ ထိုးဖောက်မြင်နိုင်ဖို့ ခက်ခဲလှသည်။
ထင်ထားသည့်အတိုင်း မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပေါ်လာသည့်အတွက် ထိုးဖောက်မြင်နိုင်ဖို့ ခက်ခဲလှသည။
သို့သော် သိပ်မကြာခင်မှာပင် ပြင်းထန်လာပြီး မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာသည်။
ဩရှသော အသံက လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်
“ မင်းပဲ … မင်း ပြန်လာပြီလား”
ထိုအသံက အကန့်အသတ်မဲ့ လေဟာနယ်မှ ထွက်ပေါ်လာပြီး အတော်လေး ဝေးလံသည်။ သို့သော် ထိုအသံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်ကို ရှန်ထျန်း ခံစားမိသည်။
ရှန်ထျန်းက စိတ်ရှုပ်သွားသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။
အဲဒီလူက မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ ပြိုင်ဘက်ကင်း စွမ်းအားကြီးတဲ့ တည်ရှိမှုတစ်ခုဆိုတာသေချာတယ်
ဒါပေမဲ့ ရှန်ထျန်းက ထိုလူကို မမှတ်မိပေ။
သူ မြင်ဖူးသမျှ မိစ္ဆာဝိညာဉ်များကလည်း သေဆုံးသွားပြီ ဖြစ်သည်။
ရှန်ထျန်း နားမလည်နိုင်ဖြစ်သွားသည်။
“ ခင်ဗျားက ဘယ်သူလဲ”
ရှန်ထျန်း မေးခွန်းမေးလိုက်သော်လည်း အဖြေပြန်မရပေ။
မိစ္ဆာဝိညာဉ်မျိုးနွယ်က ထိန်းမရ သိမ်းမရဖြစ်ကာ ထိတ်လန့်စရာကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ထိုမျက်လုံးက မိစ္ဆာဝိညာဉ်ပါရမီရှင်၏ ထင်ရှားသော ပြယုဂ်တစ်ခုဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို လွှတ်ထုတ်နေသည်။
အလင်းတန်းက သူ့ မျက်လုံးများမှ ထွက်လာကာ သက်ရှိအားလုံးကို သုတ်သင်နိုင်သည့် စွမ်းအားကို ထုတ်လွှတ်နေသည်။
အနီရောင်အလင်းတန်းက နက်နဲပြီး မိစ္ဆာစွမ်းအားနှင့် ပြည့်နှက်နေသည့်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို သွေးရောင်လွှမ်းသွားစေသည်။
ရှန်ထျန်း၏ မျက်နှာထားက စိုးရိမ်နေပြီး ကျောရိုးတစ်လျှောက် ကြက်သီးထသွားသလို ခံစားလိုက်ရသည်။
ထိုစွမ်းအားက အရမ်းပြင်းထန်သည့်အတွက် ထာဝရအရှင်ကဲ့သို့သော် တည်ရှိမှုမျိုးကိုပင် တစ်ချက်တည်းဖြင့် သတ်လိုက်နိုင်လောက်သည်ဟု သူ ခံစားနေရသည်။ ထိုအရာက ကျိန်စာ၏ စွမ်းအားဖြစ်ပြီး ပါရမီရှင် အစစ်အမှန်၏ ပုံရိပ်ယောင်သာ ရှိသေးသည်။
သူ့ရဲ့ ခန္ဓာကိုယ်အစစ်သာ သေမျိုးလောကကို ရောက်လာရင် ဘယ်လောက်ထိတောင် ကြောက်ဖို့ကောင်းလိုက်မလဲ
ရှန်ထျန်းက လုံးဝ တွေဝေခြင်း မရှိပေ။ သူက ဟွမ်ထျန်း စစ်တုရင်ခုံကို ဆင့်ခေါ်ကာ ကြယ်တာရာများ၏ စွမ်းအားကို ဆွဲငင်ဖို့အတွက် အစီအရင်ကို အသက်သွင်းလိုက်သည်။
ရှေးဟောင်း စစ်တုရင်ခုံမှ အကန့်အသတ်မဲ့ အံ့ဖွယ်အလင်းတန်းက ရှန်ထျန်း၏ ခေါင်းပေါ်တွင် မြောနေသည်။
ကြယ်များ ကြွေကျလာကာ သူ့ကို လုံးဝ လွှမ်းခြုံထားသည်။
ဝုန်း…
အသံက ကျယ်လောင်လှသည်။
ကြယ်တာရာများ၏ မျက်နှာပြင် ပြင်းထန်စွာ တုန်ခါသွားကာ ထိုရိုက်ချက်ကြောင့် တစ်စစီ ပြိုကွဲခါနီးအထိ ဖြစ်သွားပုံပေါ်သည်။
ရှန်ထျန်း၏ အကြည့်ထဲတွင် အံ့ဩမှု အရိပ်အယောင်တို့ ဖြတ်ပြေးသွားကာ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားသည်။ ထို့အပြင် စစ်တုရင်ခုံက ထာဝရဘုရင် ဟွမ်ထျန်း၏ ကောင်းမွန်သော အမွေအနှစ် ရတနာတစ်ခု ဖြစ်သည့်အတွက် ထူးခြားသော စွမ်းအားများ ပါဝင်သည်။
သို့သော် မိစ္ဆာဝိညာဉ်၏တိုက်ခိုက်မှုက ထိုအရာကို ရွေ့လျားသွားစေသည်။
မိစ္ဆာဝိညာဉ်က ဘယ်လောက်ထိတောင် စွမ်းအားကြီးလိုက်သလဲ
“ သေလိုက်တော့” မိစ္ဆာဝိညာဉ်က အော်ဟစ်ကာ ရှန်ထျန်းကို ထပ်မံ တိုက်ခိုက်လိုက်သည်။
ရှန်ထျန်းက တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ရင်း အကြည့်များက အေးစက်နေသည်။
စွမ်းအားက ကြောက်ဖို့ကောင်းသော်လည်း သူ မခုခံနိုင်တာမျိုး မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကန့်သတ်ချက်တချို့က ထိုစွမ်းအားကို ထိန်းချုပ်ထားသည့်အတွက် အလွယ်တကူ မပေါက်ကွဲနိုင်ပေ။
ထိုအချိန်တွင် ရှေးဟောင်း ကောင်းကင်ခုံရုံးက ပြင်းထန်စွာ တုန်လှုပ်သွားသည်။
တောက်ပသော ရွှေရောင်အလင်းတန်းက တောက်ပသော နေမင်းကဲ့သို့ ပေါက်ကွဲထွက်သွားကာ ကမ္ဘာလောကကို လွှမ်းခြုံထားသည်။
ပြိုင်ဘက်ကင်း ပြင်းထန်သော အထွတ်အထိပ်စွမ်းအား ပေါက်ကွဲထွက်သွားသည်။
ထိုအရှိန်အဝါက ကြီးကျယ်ခမ်းနားပြီး ဖြောင့်မတ်မှုတို့ဖြင့် ပြည့်နှက်နေသည့်အတွက် ကမ္ဘာပေါ်ရှိ မိစ္ဆာအားလုံးကို အမြစ်ပြတ် သုတ်သင်ချင်ပုံပေါ်သည်။
ဧရာမ ရွှေရောင်စည်းတံဆိပ်က ရှန်ထျန်းနောက်တွင် ထွက်ပေါ်လာသည်။
ရှေးဟောင်း စည်းတံဆိပ်က မိုင်ထောင်ပေါင်းများစွာ မြင့်မားသည့်အတွက် ကောင်းကင်နှင့် နေမင်းကို ပိတ်ဆို့ထားကာ ထိုအရှိန်အဝါက ကျယ်ပြန့်ပြီး တိုင်းတာလို့ မရနိုင်ပေ။
ထိုအရာက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို နစ်မြုပ်အောင် လုပ်တော့မလိုမျိုး အရာအားလုံးကို ရှင်းလင်းနေသည်။
“ လူသားဧကရာဇ် စည်းတံဆိပ်”
စွမ်းအားကြီး မိစ္ဆာဝိညာဉ်က ကြောက်စရာကောင်းသော တည်ရှိမှု တစ်ခုခုနှင့် တွေ့လိုက်ရသလိုမျိုး ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည်။
မိစ္ဆာမြူခိုးက ပြင်းထန်စွာ တုန်ခါနေပြီး အဆုံးမရှိ ထိုးဖောက်ထွက်နေသည်။ မျက်လုံးကြီးကလည်း ကြက်သွေးရောင် ပိုမိုတောက်ပလာကာ ခုခံဖို့အတွက် စွမ်းအားအကုန် ထုတ်သုံးနေသည်။
သို့သော် ရှေးဟောင်းစည်းတံဆိပ်၏ ရှေ့တွင် အရာအားလုံးက အထိအခိုက်မခံနိုင် ဖြစ်သွားကြသည်။
ထိုအချိန်အတွင်းမှာပင် အဆုံးမဲ့ အံ့ဖွယ်အလင်းတန်း ပေါက်ကွဲထွက်သွားသည်။
မိစ္ဆာဝိညာဉ်ပါရမီရှင်ဆီမှ ဖြစ်တည်လာသော ဧရာမမျက်လုံးက အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။ အာကာပြင်လှိုင်းက ကီလိုမီတာ တစ်ထောင်ကျော်ထိ ရှင်းလင်းလိုက်သည့်အတွက် ပတ်လည်ရှိ အာကာပြင် လုံးဝ ဖျက်စီးခံလိုက်ရသည်။
ရှန်ထျန်း ထိတ်လန့်သွားကာ သူ့မျက်လုံးများ တောက်ပနေသည်။ သူက လေထဲတွင် ဝဲနေသော ဧရာမ ရှေးဟောင်းစည်းတံဆိပ်ကို စိုက်ကြည့်လိုက်သည့်အခါ ရင်းနှီးသည်ကို ခံစားလိုက်ရသည်။
စောစောက သူရင်းနှီးနေတဲ့ အရှိန်အဝါက ဒီရှေးဟောင်း စည်းတံဆိပ်ဆီကနေ လာတာပဲ
ထိုအခိုက်အတန့်တွင် ရှေးဟောင်း စည်းတံဆိပ်က တောက်ပသော အလင်းတန်းဖြာကျနေသည်။
အဆုံးသတ်တွင် အံ့ဖွယ်အလင်းတန်းကို ထိန်းချုပ်လိုက်ပြီး လုံးဝ ငြိမ်သက်သွားသည်။
ဧရာမ ရှေးဟောင်းစည်းတံဆိပ်က လက်ဖဝါးအရွယ်အစားအဖြစ်သို့ ပြောင်းလဲသွားကာ ရှန်ထျန်း၏ လက်ထဲသို့ ကျရောက်သွားသည်။
ဤရွှေရောင် စည်းတံဆိပ်ဆီမှ အရင်းအမြစ်တူညီသော အရှိန်အဝါကို ခံစားနေရသည်။
ထိုအရှိန်အဝါက သူ၏ ခန္ဓာနှင့် တူညီလှသည်။
ရှန်ထျန်းက ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်
“ လူသားဧကရာဇ်ရဲ့ စည်းတံဆိပ်တဲ့လား။ ဒါက ပထမလူသားဧကရာဇ် ထိန်းချုပ်တဲ့ ပြိုင်ဘက်ကင်း မဟာ အသုံးအဆောင်ပစ္စည်းများလား”
ပထမ လူသားဧကရာဇ်ဆီမှာ ရှုပ်ထွေးပွေလီ မဟာလက်နက်ရှိကြောင်းကို ဂူဗိမာန် စောင့်ရှောက်သူဆီမှာ ကြားခဲ့ပြီးပြီ ဖြစ်သည်။
ထိုမဟာ အသုံးအဆောင်ပစ္စည်းက မွေးရာပါ စိတ်ဝိညာဉ်အဆီအနှစ် ပါဝင်သော ကမ္ဘာဦး ကမောက်ကမဆီမှ အခြေပြုထားသော အထွတ်အထိပ် အသုံးအဆောင်ပစ္စည်းဖြစ်သည်။
ထိုအချိန်တုန်းက ပထမ လူသားဧကရာဇ်က လူသားဧကရာဇ် စည်းတံဆိပ်ကို အသုံးပြုကာ သူ၏ အထွတ်အထိပ် စွမ်းအားကို ထုတ်လွှတ်ခဲ့သည်။ သူက ထာဝရဧကရာဇ်သုံးယောက်ကို ကိုင်တွယ်ခဲ့ပြီး သူတို့နှင့်အတူ ပျက်စီးသွားသည်။
သို့သော် လူသားဧကရာဇ်၏ စည်းတံဆိပ်က ထိုတိုက်ပွဲတွင် ပျက်စီးသွားကာ အံ့ဖွယ်စွမ်းအင်အများစုကို ဆုံးရှုံးသွားခဲ့သည်။
ထိုအချိန်တုန်းက ထာဝရဘုရင် ၃၆ ယောက်ကလည်း လူသားဧကရာဇ် စည်းတံဆိပ်၏ စွမ်းအားကို ငှားယူကာ နယ်မြေငါးခုကို ပိတ်ဆို့ထားခဲ့သည်။
ထိုအရာက လူသားဧကရာဇ် စည်းတံဆိပ်၏ နောက်ဆုံးလက်ကျန် အံ့ဖွယ်စွမ်းအင်ကို ပိုမိုကုန်ဆုံးသွားစေပြီး ငြိမ်သက်သွားစေသည်။
ထို့ကြောင့် လူသားဧကရာဇ် စည်းတံဆိပ်က နောက်မျိုးဆက်များ၏ တိုက်ပွဲတွင် အံ့ဖွယ်စွမ်းအင်ကို မထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက လူသားမျိုးနွယ်များ ထိုကဲ့သို့ ဆိုးရွားသော အခြေအနေသို့ ရောက်စရာ အကြောင်းမရှိပေ။
လွန်ခဲ့သော နှစ်ပေါင်း ၄သိန်း ၉ သောင်းတုန်းက ဒုတိယ လူသားဧကရာဇ် ထွက်ပေါ်လာပြီး စည်းတံဆိပ်ကို ပြန်လည်ကောင်းမွန်အောင် မလုပ်ခင်အထိသာ ဖြစ်သည်။
လူသားဧကရာဇ်ခန္ဓာ ကြီးမားလာခြင်းကြောင့် ဤမဟာအသုံးအဆောင်ပစ္စည်းကလည်း ထိတ်လန့်စရာကောင်းသော စွမ်းအားသို့ ရောက်ရှိသွားသည်။
ဒုတိယ လူသားဧကရာဇ်က လူသားဧကရာဇ် စည်းတံဆိပ်ကို အသုံးပြုကာ မိစ္ဆာဝိညာဉ်များကို သတ်ဖြတ်ခဲ့ပြီး ရန်သူအားလုံးကို ရှင်းလင်းခဲ့သည်။
ထိုမဟာ အသုံးအဆောင်ပစ္စည်း၏ စွမ်းအားက ဆက်တိုက် ပြန်လည်ကောင်းမွန်လာသည့်အတွက် ကျော်ကြားလာသည်။ ကံမကောင်းစွာဖြင့် ဒုတိယ လူသားဧကရာဇ်က ရုတ်တရက် ပျောက်ကွယ်သွားသည့်အတွက် လူသားဧကရာဇ်စည်းတံဆိပ်က ငြိမ်ကျသွားသည်။
လူသားဧကရာဇ်ခန္ဓာ မရှိသူများ အသုံးပြုပါက လူသားဧကရာဇ်စည်းတံဆိပ်က စွမ်းအား အပြည့်အဝ လွှတ်ထုတ်နိုင်ခြင်း မရှိပေ။
ထိုအရာက လူသားဧကရာဇ်ခန္ဓာဖြင့် အသင့်တော်ဆုံးသော အထွတ်အထိပ် အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သလို ပထမမျိုးဆက် လူသားဧကရာဇ်၏ အသက် အသုံးအဆောင်ပစ္စည်းလည်း ဖြစ်သည်။
ထိုအရာကို စဉ်းစားမိပြီး ရှန်ထျန်း စိတ်သက်ရာရသွားသည်။
လူသားဧကရာဇ် စည်းတံဆိပ်က လူသားဧကရာဇ်ခန္ဓာ၏ အရှိန်အဝါကို အာရုံခံနိုင်သည့်အတွက် ကိုယ်ပိုင်တိုက်ခိုက်မှု ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ရှန်ထျန်း၏ နှုတ်ခမ်းတို့ ကွေးညွှတ်သွားကာ စိတ်ထဲတွင်လည်း ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ယခု လူသားဧကရာဇ် စည်းတံဆိပ်က သူ့လက်ထဲသို့ ကျရောက်လာသည့်အတွက် ကိုယ့်အပိုင် အဖြစ် အသုံးပြုဖို့ အချိန်မရွေး အသက်သွင်းနိုင်သည်။ လူသားဧကရာဇ်စည်းတံဆိပ်က ပျက်စီးသွားပြီး အကောင်းဆုံး အခြေအနေသို့ ပြန်လည်မရောက်ရှိသေးသော်လည်း အတော်လေး စွမ်းအားကြီးလှသည်။
လူသားဧကရာဇ် စည်းတံဆိပ်က ဟွမ်ထျန်း စစ်တုရင်ခုံထက် အားမနည်းသည်ကို ရှန်ထျန်း ခံစားကြည့်လို့ရသည်။
ကောင်းကင်ခုံရုံး အပျက်အစီးထဲသို့ ဝင်ရောက်ပြီးနောက် အများကြီး ရဖို့ မျှော်လင့်မထားပေ။
သို့သော် အခက်အခဲများကို ခဏတာ ဖြေရှင်းပြီးသွားပြီဖြစ်သည်။
သို့သော် မိစ္ဆာဝိညာဉ် ပါရမီရှင်က မသေသေးသည့်အတွက် အနာဂတ်တွင် သူ့ကို ပစ်မှတ်အဖြစ် သတ်မှတ်လာနိုင်သည်။
ရှန်ထျန်းက ထိုအရာနှင့် ပတ်သက်ပြီး သိပ်စိတ်မပူပေ။ ထို့အပြင် မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ပြိုင်ဘက်ကင်း ပါရမီရှင်များက ဤနေရာသို့ ဝင်ရောက်နိုင်ခြင်း မရှိသည့်အတွက် ရှန်ထျန်းမှာ တိုးတက်ဖို့ အချိန်ရှိသေးသည်။
သူ တိုးတက်လာရင် ဘယ်သူ့ကို ကြောက်နေရဦးမှာလဲ
သူက ပြိုင်ဘက်ကင်း နှလုံးသားကို ပိုင်ဆိုင်ထားတာဆိုတော့ ကမ္ဘာပေါ်က ရန်သူအားလုံးကို ဖိနှိပ်ရမှာပဲ
ရှန်ထျန်းက ရှေ့တိုးသွားကာ ရှေးဟောင်း ကောင်းကင်ခုံရုံး အပျက်အစီးများထဲသို့ ဝင်ရောက်သွားသည်။
မရေတွက်နိုင်သော ပါရမီရှင်များ ကာကွယ်သည့် နယ်မြေငါးခုတွင် အအောင်မြင်ဆုံး အင်အားစုဖြစ်သည့်အတွက် အမွေအနှစ်က ကန့်သတ်ထားခြင်း မရှိပေ။
ဒုတိယ လူသားဧကရာဇ်မှ လွဲ၍ တခြားအထွတ်အထိပ် ပါရမီရှင်များက ရှေးဟောင်း ကောင်းကင်ခုံရုံးထဲတွင် ရှိနေကြသည်။
ဥပမာအားဖြင့် ကောင်းကင်စစ်သူကြီး ၁၀၈ယောက်က သေချာပေါက် ထိပ်သီးပါရမီရှင်များ ဖြစ်ကြသည့်အတွက် သူတို့၏ အမွေအနှစ်များကို ချန်ထားခဲ့မှာ သေချာသည်။
ရှန်ထျန်းက တွေဝေခြင်းမရှိဘဲ ရှေ့သို့ ဆက်သွားသည်။
သူ အထဲသို့ ဝင်သွားလေလေ တိုက်ပွဲမှ ရရှိထားသော အပျက်အစီးများကို တွေ့ရလေလေဖြစ်သည်။ ချိုင့်ကြီးများကလည်း နေရာအနှံ့တွင်ရှိနေသည်။ အာကာပြင်လည်း ပျက်စီးနေကာ ပတ်ဝန်းကျင်ရှိ စည်းမျဉ်းများက ကမောက်ကမဖြစ်သွားသည်။ ထိတ်လန့်စရာကောင်းသော တိုက်ပွဲက တစ်ခါထပ်မံ ပေါက်ကွဲသွားကာ အာကာပြင်ကို တစ်စစီ ပျက်စီးသွားစေသည်။
ကမ္ဘာမြေကြီးနှင့် ကောင်းကင်တို့၏ စွမ်းအင်ကလည်း ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးသည့်အတွက် ထိုနေရာကို ပိုမိုပျက်စီးသွားစေသည်။
သူ့နောက်ရှိ အငြိုးအတေးအရှိန်အဝါက အင်မတန် ပြင်းထန်ပြီး ယုတ်ညံ့လှသည်။ ထိုအရာက မိစ္ဆာဝိညာဉ်မျိုးနွယ်၏ အငြိုးအတေး အကြွင်းအကျန်ဖြစ်သည်။
သို့သော် ထိုအရာကို ဆန့်ကျင်တိုက်ခိုက်နေသော စွမ်းအားလှိုင်းတစ်ခုလည်း ရှိနေသည်။
ထိုအရာများက ရှေးဟောင်း ကောင်းကင်ခုံရုံး၏ သူရဲကောင်း ဝိညာဉ်များ ဖြစ်ကြသည်။ သူတို့၏ ဝိညာဉ်အကြွင်းအကျန်များက အပြည့်အဝ ဖျက်စီးခြင်း မခံရသေးသည့်အတွက် မိစ္ဆာဝိညာဉ်များကို အပြည့်အဝ ဖျက်စီးဖို့အတွက် ကျန်ရှိနေသည်။
ရှန်ထျန်း စိတ်ထဲတွင် သက်ပြင်းချကာ အကြည့်တို့ တောက်ပလာသည်။
ထိုသူရဲကောင်းဝိညာဉ်များက လေးစားခံရဖို့ ထိုက်တန်ပြီး သူရဲကောင်းဟုပင် ခေါ်ဆိုနိုင်သည်။
သူ လက်ယမ်းလိုက်သည့်အခါ သူ့ဆီမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းက ဤနေရာရှိ မိစ္ဆာဝိညာဉ်များကို လုံးဝ သုတ်သင်လိုက်နိုင်ပြီး သူရဲကောင်းဝိညာဉ်များကို အေးချမ်းစွာ အနိုင်ယူစေသည်။
မိစ္ဆာအရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားပြီးနောက် အငြိုးအတေးလည်း လုံးဝပျောက်ကွယ်သွားသည်။ သူတို့က ကြယ်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်တွင် ပျောက်ကွယ်သွားသည်။
ရှန်ထျန်းက အရိုအသေပေးကာ အားလုံးကို ပြောလိုက်သည်
“ အားလုံးပဲ ဘေးကင်းတဲ့ ခရီးလေးဖြစ်ပါစေ”
အံ့ဖွယ်အလင်းတန်းက အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။
မရေတွက်နိုင်သော ကြယ်အလင်းတန်းများ စုစည်းကာ မရေတွက်နိုင်သော သူရဲကောင်းဝိညာဉ်များ၏ ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်။
သူတို့က ရှန်ထျန်းကို အရိုအသေပေးလိုက်ရင်း အကြည့်ထဲတွင် ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
အဆုံးတွင် အရာအားလုံး ဤကမ္ဘာမှ ပျောက်ကွယ်သွားသည်။ ရှန်ထျန်းက အသက်ပြင်းပြင်းရှူကာ ရှေ့သို့ ဆက်သွားသည်။ ပင်မနန်းတော်ကို ဖြတ်သန်းပြီးသွားသည့်အခါ ရှန်ထျန်း ခမ်းနားသော ခန်းမတစ်ခုသို့ ရောက်ရှိသွားသည်။
ဤခန်းမထဲတွင် စံအိမ် ၁၀၈ခု ရှိသည်။ စံအိမ်တစ်ခုချင်းစီကလည်း ကျယ်ပြန့်သော ကမ္ဘာပါဝင်သည့် ကမ္ဘာငယ်လေးများကဲ့သို့ ဖြစ်နေသည်။
ကံမကောင်းစွာဖြင့် ထိုစံအိမ်များ ဖျက်စီးခံလိုက်ရကာ အထဲရှိ စည်းမျဉ်းများလည်း တစ်စစီဖြစ်သွားသည်။
ဤစံအိမ် ၁၀၈ ခုက ကောင်းကင်စစ်သူကြီး ၁၀၈ ဦး၏ နားနေရာ နေရာတစ်ခုဖြစ်ကြောင်း ရှန်ထျန်း သိသည်။
အဘယ်ကြောင့်ဆိုသော် သူ ထိုနေရာတွင် ကျင့်စဉ်နှင့် အမွေအနှစ်ပေါင်းစုံကို တွေ့နေရသောကြောင့် ဖြစ်သည်။ ထိုအမွေအနှစ်များက မတူညီသော အပြောင်းအလဲများဖြစ်ပြီး ၁၀၈မျိုးရှိသည်။
ထို့ကြောင့် အမွေအနှစ် တစ်ခုချင်းစီတိုင်းတွင် ပြင်းထန်သော စွမ်းအားပါဝင်သည်။
ဒါကို ဧရာမ ကံကောင်းမှုလို့ ပြောနိုင်တယ်
ရှန်ထျန်း သိသလောက်ဆိုလျှင် ရှေးဟောင်း ကောင်းကင်ခုံရုံး၏ ကောင်းကင်စစ်သူကြီး ၁၀၈ယောက်က သူတို့ခေတ်အခါ၏ ပြိုင်ဘက်ကင်း စံပြများဖြစ်သည်။
လူသားများတင်သာမက နတ်ဆိုးများ၊ ငွေရောင် ဝိညာဉ်များနှင့် လူပုံနှင့်တူသောသူများလည်း ပါဝင်သည်။
ထိုမျိုးနွယ်များက လူသားများနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိသည့်အတွက် ရှေးပဝေဏီခေတ်အဆုံးတွင် နယ်မြေငါးခုသို့ အတူတူ ပို့ခံလိုက်ရသည်။ ထိုကဲ့သို့ လုပ်မှသာ သူတို့၏ မျိုးနွယ်ကို ကာကွယ်နိုင်မည် ဖြစ်သည်။
ထို့အပြင် သူတို့က သူတို့မျိုးနွယ်၏ စွမ်းအားအကြီးဆုံး အမွေအနှစ်များကို ရရှိခဲ့သည့်အတွက် သူတို့၏ စွမ်းအားက အကန့်အသတ်မဲ့လှသည်။
ဤစံအိမ်များထဲတွင် အထွတ်အထိပ် လူသားကျင့်စဉ်များစွာကို ရှန်ထျန်း ရှာတွေ့သွားသည်။
ထိုထဲတွင် လေဟာနယ် ပညာရပ်၊ ဗုဒ္ဓကျင့်စဉ် ပညာရပ်၊ အံ့ဖွယ်မိုးကောင်းကင် ပညာရပ်၊ လွန်ကဲယန် ပညာရပ်နှင့် လွန်ကဲယင် ပညာရပ် စသည်တို့ ပါဝင်သည်။
အထွတ်အထိပ် နတ်ဆိုးပညာရပ်တွေဖြစ်တဲ့ နဂါးစစ် ကျင့်စဉ်၊ ဇာမဏီအစစ်ကျင့်စဉ်၊ လင်းယုန်ကျင့်စဉ်၊ ရွှေကျီး ကျင့်စဉ်၊ အမြီးကိုးချောင်း မြေခွေးကျင့်စဉ်နှင့် ချီလင်ကျင့်စဉ် စသည်တို့ ပါဝင်သည်။
ဤနေရာတွင် ရှိနေသော ကျင့်စဉ်တိုင်းက အဖိုးဖြတ်လို့မရနိုင်ပေ။
ဤသတင်းသာ အပြင်လောကသို့ ပျံ့နှံ့သွားပါက နတ်ဘုရားလောက၏ ပါရမီရှင်များပင် လိုချင်တပ်မက်မှုမရှိဘဲ မနေနိုင်ပေ။ ထို့အပြင် ဤအရာက ရှေးပဝေဏီခေတ်မှ ကျန်ရှိနေသော အထွတ်အထိပ် အမွေအနှစ် ဖြစ်သည့်အတွက် သာမန်နတ်ဧကရာဇ်ကျမ်း၏ စွမ်းအားထက် သာလွန်နေသည်။
ရှန်ထျန်း စိတ်လှုပ်ရှားနေမိသည်။
သူကျင့်ကြံခဲ့သော ထိုနတ်ဧကရာဇ်ကျမ်း အများစုက ဤကျင့်စဉ်များ၏ အခွဲသာ ဖြစ်သည်။
သူသာ ဤပညာရပ်အားလုံးကို ထိန်းချုပ်သွားနိုင်ပါက သူ့ခွန်အားလည်း အဆမတန် တိုးတက်လာလိမ့်မည်။ သူ အသုံးမပြုနိုင်လျှင်ပင် တခြားသူများကို ပေးလိုက်လို့ရသည်။
စွမ်းအားကြီးတဲ့ ကျင့်စဉ်တွေကိုသာ ယူသွားနိုင်မယ်ဆိုရင် နယ်မြေငါးခုရဲ့ ခွန်အားက ကြီးမားတဲ့အဆင့်ထိ မြင့်တက်သွားမှာပဲ
နယ်မြေငါးခုက မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ကျူးကျော်ခြင်းကို ခံနေရသည့်အတွက် အင်မတန် အန္တရာယ်များသော အခြေအနေဖြစ်သည်။
သူတို့သာ ခွန်အားတိုးပွားလာပါက နယ်မြေငါးခုအတွက် အထောက်အကူ ဖြစ်နိုင်သည်။
ရှန်ထျန်းက ထိုပညာရပ်များကို သူ၏ သိုလှောင်လက်စွပ်ထဲတွင် ထည့်ဖို့ တွေဝေမနေတော့ဘဲ ထိုအရာများကို သွေးနတ်ဘုရားသားတော်ကိုယ်ပွားနှင့် တစ်သားထဲ ဖြစ်အောင် လုပ်နေသည်။
သူက ထိုကျင့်စဉ်များကို ကျင့်ကြံဖို့အတွက် အလျင်မလိုပေ။ ရှေ့ကိုသာ ဆက်သွားနေသည်။
သူက ထိုနေရာကို လေ့လာလို့ မပြီးသေးပေ။
ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခုခုတော့ ရှိရမယ်
ထို့နောက် ရှန်ထျန်းက ခမ်းနားသော နန်းတော်ခန်းမထဲသို့ လမ်းလျှောက်ဝင်ဝင်သွားသည်။ ဤနေရာက တခြားနေရာများနှင့် မတူပဲ အပြည့်အဝ ပျက်စီးနေတာမျိုး မဟုတ်ပေ။ အံ့ဖွယ်စွမ်းအားသာ ပျောက်ဆုံးသွားပြီး အရှိန်အဝါ မှေးမှိန်လာခြင်းသာ ဖြစ်သည်။
ခန်းမ၏ ထိပ်ဆုံးတွင် ပုလ္လင်တစ်ခုရှိပြီး ခမ်းနားကြီးကျယ်လှသည်။
အလယ်ခေါင်တွင် တည်ရှိနေပြီး အလယ်တွင် မတ်တပ်ရပ်နေလိုက်သည်။
ထိုအရာက ဘာလဲဆိုတာကို နားလည်သည့်အတွက် ရှန်ထျန်း၏ အကြည့်တို့တောက်ပသွားသည်။
ဒါက လူသားဧကရာဇ်ရဲ့ နန်းတော်ထင်တယ်
လူသားဧကရာဇ်မှာပဲ အဲလိုအရှိန်အဝါမျိုး ရှိတာ
ဒီနေရာက အခြေအနေက ကောင်းကင်စစ်သူကြီး ၁၀၈ယောက်က သူတို့ရဲ့ရှေးဟောင်း ကောင်းကင်ခုံရုံးကို ကာကွယ်ဖို့အတွက် ကျိန်ဆိုထားတာကို တွေ့ရတယ်
လူသားဧကရာဇ်ရဲ့ နန်းတော်က သူတို့ရဲ့ နောက်ဆုံးနေရာပဲ
ထို့ကြောင့် အစွန်းပိုင်းက များစွာထိခိုက်ခဲ့သော်လည်း ဤနေရာတွင် ထိခိုက်မှု များများစားစား မရှိပေ။ ထိုအရာက ကောင်းကင်စစ်သူကြီး ၁၀၈ယောက်၏ ဒုတိယ လူသားဧကရာဇ်ကို ဘယ်လောက်ထိ လေးစားလဲဆိုတာ ပြသနေသည်။
သူတို့ အသက်ကို စတေးရမည်ဆိုလျှင်ပင် သူတို့ ဤနေရာကို ကာကွယ်စောင့်ရှောက်ကြလိမ့်မည်။
ကံမကောင်းစွာဖြင့် သူတို့ ထိန်းမထားနိုင်ခဲ့ပေ။
အဆုံးသတ်တွင် ကောင်းကင်ခုံရုံးတစ်ခုလုံး မြောက်ပင်လယ်ထဲသို့ နစ်မြုပ်သွားကာ လူသားဧကရာဇ်၏ နန်းတော်လည်း ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ရှန်ထျန်းက ရှေ့တိုးသွားကာ လူသားဧကရာဇ်၏ နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။
သူဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ရင်းနှီးမှုကို ခံစားလိုက်ရပြန်သည်။ သေချာ အာရုံစိုက်ပြီး ကြည့်လိုက်သည့်အခါ ပုလ္လင်ရှေ့ရှိ စားပွဲပေါ်တွင် ပစ္စည်းသုံးခုကို မြင်လိုက်ရသည်။
ပထမဆုံး ပစ္စည်းက အဝါရောင် ရှေးဟောင်းစာအုပ် ဖြစ်သည်။ ရှေးကျပြီး ခေတ်မမှီသော်လည်း ရက်စက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ရှန်ထျန်းက ရှေးဟောင်းစာအုပ်ကို အာရုံစိုက်ကြည့်လိုက်သည်။
စာအုပ်အဖုံးပေါ်တွင် မီးစာကျမ်းဆိုသော စကားလုံးများကို ထွင်ထားသည်။
ရှန်ထျန်း၏ အကြည့်တို့ အံ့ဖွယ်အလင်းတန်းဖြင့် တောက်ပသွားကာ တုန်ရီသွားသည်။
ဒါက ပထမ လူသားဧကရာဇ် ထားခဲ့တဲ့ အမွေအနှစ်ဖြစ်ပြီးတော့ ဒီလောကမှာရှိတဲ့ မီးစာကျမ်းအားလုံးရဲ့ အရင်းအမြစ်ပဲ
ရှန်ထျန်းက မီးစာကျမ်းများစွာကို ကျင့်ကြံခဲ့သည့်အတွက် ထိုထဲတွင် ပါဝင်သော ဆန်းကြယ်မှုကို ကောင်းကောင်းသိသည်။
ရှုပ်ထွေးပွေလီ မီးစာကျမ်းနှင့် စစ်နတ်ဘုရား မီးစာကျမ်းတို့က မီးစာကျမ်း၏ အခွဲများသာ ဖြစ်သည်။
မီးစာကျမ်း၏ မူလအရင်းအမြစ်က အားလုံးကို လွှမ်းခြုံနေမိပြီး အကန့်အသတ်မဲ့ စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။
ယခု သူ ရတနာကို ရရှိသွားသည့်အတွက် ရှန်ထျန်း ပျော်ရွှင်သွားသည်။ သူ၏ ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ကျင့်ကြံဖို့အတွက် မီးစာကျမ်းကို အသုံးပြုနိုင်သည်။
ရှန်ထျန်းက မီးစာကျမ်းကို ဘေးထားကာ ဒုတိယပစ္စည်းကို စိုက်ကြည့်လိုက်သည်။
ထိုအရာက ရှေးဟောင်း အက္ခရာစာဖြစ်ပြီး မီးစာကျမ်းထက် ပိုပြီးရင်းနှီးသော ခံစားမှုကို ပေးစွမ်းသည်။
အဘယ်ကြောင့်ဆိုသော် ဒုတိယရှေးဟောင်း အက္ခရာစာက ရှုပ်ထွေးပွေလီ မီးစာကျမ်း ဖြစ်သောကြောင့် ဖြစ်သည်။
အထွတ်အထိပ် ပညာရပ်ကို ဒုတိယမျိုးဆက် လူသားဧကရာဇ် ဖန်တီးခဲ့သည်။
ရှန်ထျန်းက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို ကောက်ယူမိပြီး အင်မတန် စိတ်လှုပ်ရှားကာ စတင်နားလည်အောင် လုပ်တော့သည်။ အချိန်တစ်ခုကြာသည်အထိ ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်ထဲတွင် ခရီးနှင်နေရသလိုမျိုး ခံစားရကာ စိတ်အေးနေသည်။
ဤရှုပ်ထွေးပွေလီ မီးစာကျမ်းက ရှန်ထျန်း မူလက ရရှိထားသော အရာနှင့် အကြမ်းဖျင်း တူညီသည်။ သို့သော် တချို့အစိတ်အပိုင်းများက ပိုမိုအသေးစိတ်ပြီး သူ မထိတွေ့ရသေးသော အရာများလည်း ပါဝင်သည်။ ရှန်ထျန်း၏ စိတ်က ချက်ချင်း ရှုပ်ထွေးပွေလီ မီးစာကျမ်းထဲတွင် နစ်မြုပ်သွားပြီး ဆန်းကြယ်မှုများကို စတင်နားလည်လာတော့သည်။
သိပ်မကြာခင်မှာပင် ရှန်ထျန်း၏ ခန္ဓာကိုယ် လင်းလက်လာကာ အရှိန်အဝါကလည်း တိုင်းတာလို့ မရနိုင်ပေ။ သူက ရှုပ်ထွေးပွေလီ မီးစာကျမ်းကို နားလည်သွားသည့်အတွက် အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ၏ အတွင်းကမ္ဘာကလည်း ကျယ်ပြန့်နေဆဲဖြစ်သည်။ သန်းချီနေသော မိုင်များမှ စတင်ကျယ်ပြန့်လာသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးက အသွင်ပြောင်းသွားကာ တချို့နယ်မြေများတွင် စတင်တုန်ခါလာပြီး အတူတူ စုစည်းလာသည်။
ကမ္ဘာမြေကြီးက တစ်ခုနှင့်တစ်ခု ပေါင်းစပ်ကာ တိမ်တိုက်များထဲထိ ထိုးဖောက်ထွက်နေသော တောင်တန်းများကို ပြုလုပ်ထားသည်။ တချို့ မြေသားများက အစိတ်စိတ်အမြွာမြွာဖြစ်သွားကာ အောက်ခြေကို မမြင်နိုင်လောက်အောင် နက်သည့် ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသည်။
မရေတွက်နိုင်သော စိတ်ဝိညာဉ်မိုးများ ကောင်းကင်မှ ကျဆင်းလာပြီး အက်ကြောင်းများထဲတွင် ပြည့်နှက်သွားကာ သမုဒ္ဒရာကို ဖန်တီးလိုက်သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စည်းမျဉ်းများက အထိန်းအချုပ်မရှိ တိုးတက်နေသည်။ ကောင်းကင်တာအို၏ အမိန့်က ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားကာ မရေတွက်နိုင်သော ဝိညာဉ်များကို မွေးဖွားလာစေသည်။
ရှန်ထျန်းက ပြိုင်ဘက်ကင်းစွာ ထိတ်လန့်သွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကမ္ဘာငယ်ကလည်း ကမ္ဘာအစစ်အဖြစ် အသွင်ပြောင်းတော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ရှုပ်ထွေးပွေလီ အငွေ့အသက်နှင့် ယင်နှင့်ယန်စွမ်းအင်တို့က သူ့ခန္ဓာကိုယ်ကို လျင်မြန်သော အရှိန်ဖြင့် ပိုမိုစွမ်းအားကြီးလာစေသည်။
ထိုနှစ်ခုက အချင်းချင်း ရစ်ပတ်နေကာ နက်နဲသော စွမ်းအင်ကို ထုတ်လွှတ်ရင်း ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို မြူခိုးဖြင့် လွှမ်းခြုံထားသည်။
ထိုအရာက ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ အနှစ်သာရနှင့် ထိတွေ့ကာ အားကောင်းသော တာအိုစည်းမျဉ်းများနှင့် ပေါင်းစပ်သွားစေသည်။
ပြီးပြည့်စုံသော ကျင့်ကြံရေးနယ်မြေဟု ခေါ်ဆိုနိုင်သည်။
ကမ္ဘာငယ်ထဲတွင် တိုက်ခိုက်ရေးပညာရပ်များကို ကျင့်ကြံနိုင်ပါက တစ်ရက်တာ ကျင့်ကြံခြင်းက ပြင်ပလောကတွင် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် တူညီသည်။
ရှန်ထျန်း လုံးဝ တွေဝေခြင်း မရှိပေ။
သူက ကောင်းကင်စစ်သူကြီး ၁၀၈ ယောက်၏ အမွေအနှစ်ကို ထုတ်ယူပြီး စတင်ကျင့်ကြံလိုက်သည်။
ရှန်ထျန်းက ထိုအထွတ်အထိပ် အမွေအနှစ်များကို အဆုံးသတ် ကျင့်ကြံရန်အတွက် တတ်နိုင်သလောက် ကြိုးစားနေသည်။
သိပ်မကြာခင်မှာပင် ရှန်ထျန်း ငြိမ်ကျသွားသည်။
အံ့ဖွယ်အလင်းတန်းက သူ့ ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး သူ့ ခန္ဓာကိုယ်က ကန့်သတ်ထားသည့် အတိုင်းအတာသို့ ရောက်ရှိသွားသည်။ ပြင်းထန်သော တာအိုစည်းမျဉ်းများက ပတ်ဝန်းကျင်ရှိ အာကာပြင်သို့ ပျံ့နှံ့သွားပြီး နေရာက အကန့်အသတ်မဲ့စွာ ကျယ်ပြန့်သွားသည်။
ရှန်ထျန်း၏ မျက်နှာထားက တည်ငြိမ်နေသည်။
အချိန်တစ်ခုကြာသည့်အခါ ထိတ်လန့်စရာကောင်းသော အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းခြုံထားသည်။
ထူးဆန်းသော ပုံရိပ်တို့က တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အံ့ဖွယ်အလင်းတန်း တစ်စစီ ဖြစ်သွားသည့်အခါ အင်မတန် လင်းလက်နေပုံပေါ်သည်။ လေဟာနယ် ထိုးဖောက်ထွက်လာကာ အစစ်အမှန်ကို ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကာ မြင်ကွင်းကို အိပ်မက်တစ်ခုနှင့် တူစေသည်။
ယင်နှင့် ယန်စွမ်းအားတို့ မြင့်တက်လာကာ အချင်းချင်း ရစ်ပတ်နေသည်။
ထိုနေရာတွင် နဂါးဟိန်းဟောက်သံ၊ ကျားဟိန်းဟောက်သံ၊ ဇာမဏီဟစ်ကြွေးသံတို့က ကောင်းကင်ကို လှုပ်ခါသွားစေပြီး မရေတွက်နိုင်သော ပုံရိပ်သဏ္ဌာန်များကို မြင်တွေ့စေသည်။
ပုံရိပ်သဏ္ဌာန်တစ်ခုချင်းစီက ကြောက်စရာကောင်းလှပြီး အင်မတန် ပြိုင်ဘက်ကင်းသော ဖိအားကို ထုတ်လွှတ်နေကြသည်။
သို့သော် ရှန်ထျန်း၏ ဉာဏ်အလင်းပွင့်မှုကြောင့် ထိုစွမ်းအားများက ဖြည်းဖြည်းချင်း ပူးပေါင်းသွားသည်။
ရှန်ထျန်းက ထိုအရာကို လုံးဝ သတိမပြုမိပေ။
သူက သူ့ကိုယ်သူ အသိစိတ်ပင်လယ်ထဲတွင် နစ်မြုပ်နေကာ သူ့စိတ်က အထွတ်အထိပ်ပညာရပ် ၁၀၈ ခုကို ကျင့်ကြံနေသည်။
သူ ကျင့်ကြံလေလေ ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်ဆိုတာကို ရှာဖွေတွေ့ရှိလေလေဖြစ်သည့်အတွက် သူ ကျင့်ကြံခြင်းထဲမှာ ပိုမိုနစ်မြောသွားသည်။
ကျင့်ကြံခြင်းမှာ အချိန်ကန့်သတ်ချက်မရှိဘူးဆိုတဲ့အတိုင်းပဲ အချိန်တွေ ကုန်ဆုံးသွားပြီ
သုံးနှစ်ကြာသောအခါ…
ရှန်ထျန်း၏ အကြည့်ထဲတွင် တောက်ပသော အံ့ဖွယ်အလင်းတန်းများဖြင့် တောက်ပနေပြီး ကြည့်လိုက်သည်။
သူ၏ မျက်ဆံများထဲတွင် ကြယ်တာရာများစွာ ရှိနေသကဲ့သို့ နက်နဲလှသည်။
သုံးနှစ်ကြာပြီးနောက် ရှန်ထျန်းက အထွတ်အထိပ် ပညာရပ်၁၀၈ ခုလုံးကို ကျွမ်းကျင်သွားပြီဖြစ်သည်။
ထို့ကြောင့် သူက အားလုံးကို ပေါင်းစပ်ကာ သူ၏ တတိယမြောက် ပြိုင်ဘက်ကင်း အံ့ဖွယ်ပညာရပ်ဖြစ်သည့် အကန့်အသတ်မဲ့ အံ့ဖွယ်ပညာရပ်ကို ဖန်တီးလိုက်သည်။
အံ့ဖွယ်ပညာရပ်ထဲတွင် မရေတွက်နိုင်သော ပါရမီရှင်များ၏ တာအိုအမြင်များ ပါဝင်သည့်အတွက် အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ရှန်ထျန်း၏ လက်ရှိခွန်အားကြောင့် အထွတ်အထိပ် ပညာရပ်တစ်ခုကို ကောက်ချက်ဆွဲနိုင်ပြီဖြစ်သည်။
လွှတ်ထုတ်သော စွမ်းအားက ယခင်ထက် အဆထောင်ပေါင်းများစွာ ပိုသည်။
အကန့်အသတ်မဲ့ အံ့ဖွယ်ပညာရပ်၏ စွမ်းအားက သူ လက်ရှိသိထားသော အံ့ဖွယ်ပညာရပ်နှစ်ခုဖြစ်သည့် ဖန်တီးခြင်း အံ့ဖွယ်ပညာရပ်နှင့် မိုးခြေခွဲခြမ်းခြင်း အံ့ဖွယ်စွမ်းအားတို့ထက် အားမနည်းသည်ကို ရှန်ထျန်း ခန့်မှန်း မိပြီးသားဖြစ်သည်။
ထူးခြားသော အခြေအနေများတွင် ထူးခြားသော အကျိုးသက်ရောက်မှုများကို ရရှိခြင်းက ပိုမိုအားကောင်းစေသည်။
ရှန်ထျန်း၏ လက်ရှိတိုက်ပွဲစွမ်းရည်များအရ နောက်ထပ် မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ထာဝရစွမ်းအားရှင်နှင့် ရင်ဆိုင်ရလျှင်ပင် ဟွမ်ထျန်း စစ်တုရင်ခုံ၏ အကူအညီမပါဘဲ သူတို့ကို သတ်နိုင်မည်ဟု ယုံကြည်သည်။
ရှန်ထျန်းက ခွန်အားတိုးတက်လာသည့်အတွက် အပျော်လွန်နေသည်။
သူ ရှေးဟောင်း ကောင်းကင်ခုံရုံးကို လာခဲ့တာက ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရရှိခဲ့တာ
အမွေအနှစ် အများကြီးရှိလျှင် ရှန်ထျန်းအတွက် ကောင်းကင်ခုံရုံးအသစ်တစ်ခု တည်ဆောက်ဖို့အတွက် လုံလောက်စေသည်။
ထို့အပြင် သူ မယူရသေးသော ပစ္စည်းတစ်ခု ကျန်နေသေးသည်။
အဲဒါက ဘာများပါလိမ့်