← Chapters

ခွန်းလွန်ကြေးမုံ … အချိန်ခရီးသွားခြင်း

Vol. 33 Ch. 492

ခွန်းလွန်ကြေးမုံ … အချိန်ခရီးသွားခြင်း

Vol. 33 Ch. 492

အခန်း (၄၉၂) : ခွန်းလွန်ကြေးမုံ … အချိန်ခရီးသွားခြင်း

ရှန်ထျန်းက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည့်အခါ သူ့အကြည့်က နောက်ဆုံး အမွေအနှစ်ပစ္စည်းဆီသို့ ကျရောက်သွားသည်။

ထိုအရာက ကျောက်စိမ်းကြေးမုံတစ်ခု ဖြစ်ပြီး အရှိန်အဝါက ရိုးရှင်းအိုဟောင်းနေပြီး အချိန်၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ဘောင်ပေါ်တွင် ထူးဆန်းသော အကွက်များ ထွင်းထားသည့်အတွက် အရမ်းမှော်ဆန်လှပြီး မဟာတာအို အံ့ဖွယ်အက္ခရာစာများကဲ့သို့ အချင်းချင်း ရစ်ပတ်နေသည်။

ကြေးမုံ၏ မျက်နှာပြင်က အထွတ်အထိပ် ထာဝရကျောက်စိမ်းနှင့် ထွင်းထားသကဲ့သို့ ကြည်လင်နေသည်။

သို့သော် ကြေးမုံမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်အရှိန်အဝါက ဖျော့တော့နေသည့်အတွက် အာရုံခံဖို့အတွက် မဖြစ်နိုင်ပေ။

ထိုအရာက တခြားသာမန် ကြေးမုံများနှင့် တူသည်။

ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

လူသားဧကရာဇ်ရဲ့ နန်းတော်ထဲမှာ ဘယ်လိုလုပ်ပြီးတော့ သာမန်ပစ္စည်းတစ်ခု ရှိနေနိုင်မှာလဲ

ဒါကိုရော အထွတ်အထိပ် အမွေအနှစ်လို့ သတ်မှတ်နိုင်ရဲ့လား

ရှန်ထျန်း သေချာအာရုံခံကြည့်သော်လည်း ကျောက်စိမ်းကြေးမုံက သာမန်သာ ဖြစ်နေဆဲဖြစ်သည်။

သူ ရေရွတ်လိုက်သည်

“ ငါ လှည့်စားခံရတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်”

ဒီလိုဆိုလျှင်ပင် ရှန်ထျန်းက ထိုကြေးမုံကို ယူလိုက်ဆဲ ဖြစ်သည်။

သူက ဒီနေရာမှာတောင် ရောက်နေပြီဆိုတော့ သူသာ မယူဘူးဆိုရင် အလကားဖြစ်သွားလိမ့်မယ်။ ဒီမှန်ထဲမှာ ဆန်းကြယ်တဲ့ တစ်ခုခုဖုံးကွယ်နေတာ သေချာတယ်။ ဒါက အထွတ်အထိပ် အသုံးအဆောင်ပစ္စည်းတစ်ခုပဲ

ပြီးတော့ ဒါက လူသားဧကရာဇ်ရဲ့ နန်းတော်ပဲလေ။ ဘယ်လိုလုပ်ပြီးတော့ မကောင်းတာမျိုး ဖြစ်နိုင်မှာလဲ

ရှန်ထျန်းက ကြေးမုံကို ကောက်ကိုင်လိုက်သည်။

သူ ကြေးမုံကို ကောက်ကိုင်လိုက်သည့်အချိန် မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ သူက ကြေးမုံအတွင်းမှ ကျယ်ပြန့်ပြီး တိုင်းတာလို့ မရနိုင်သော စွမ်းအားကို ခံစားလိုက်မိသည်။ စွမ်းအားက သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်လှသည်။

ဒါက သေချာပေါက် ရတနာတစ်ခုပဲ

သတိပေးစာ တစ်စောင်က ရှန်ထျန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ထိုအရာက ရှေးဟောင်းကြေးမုံ၏ အရင်းအမြစ်နှင့် ဆက်စပ်နေသည်။

ထိုပစ္စည်းကို ခွန်းလွန်ကြေးမုံဟုခေါ်ပြီး စိတ်ကူးမယဉ်နိုင်သော မူလရင်းမြစ်ကို ပိုင်ဆိုင်ထားသည်။

ရှေးပဝေဏီခေတ်အတွင်းတွင် ခွန်းလွန်တောင်တန်းတွင် ခွန်းလွန်ကောင်းကင် နန်းတော်ဆိုသော ပြင်းထန်သော အင်အားစုတစ်ခု ရှိသည်။

ဂိုဏ်းချုပ်က ထိုအချိန်တုန်းက အင်အားအကြီးဆုံး ဖြစ်သည့် အနောက်ပိုင်းအရှင်မ ဖြစ်သည်။ အနောက်ပိုင်းအရှင်မ၏ လက်ထဲတွင် အထွတ်အထိပ် လက်နက်ဖြစ်သည့် ခွန်းလွန်ကြေးမုံ ရှိနေသည်။

ခွန်းလွန်ကြေးမုံက တိုက်ခိုက်မှုကို အသားပေးသည့် လက်နက်မျိုး မဟုတ်သော်လည်း မရေတွက်နိုင်သော ပါရမီရှင်များ ကြောက်ရွံ့သည့်အရာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်ရှိ အထူးခြားဆုံးသော နေရာအချိန်စွမ်းအား ပါဝင်သောကြောင့် ဖြစ်သည်။ ခွန်းလွန်ကြေးမုံ၏ စွမ်းအားနှင့်ဆိုလျှင် အချိန်နှင့်နေရာကို ဖြတ်သန်းပြီး ခရီးနှင်နိုင်သည်ဟု ဆိုကြသည်။

ထိုစွမ်းအားက ကမ္ဘာလောက၏ မူလစွမ်းအင်ကို ထိခိုက်စေသော အရာတစ်ခုဖြစ်သည်။ ကံကြမ္မာကို ပြောင်းလဲစေနိုင်သည့်အရာဟု သတ်မှတ်နိုင်သည်။

ရှန်ထျန်းက ထိုနေရာတွင် ခွန်းလွန်ကြေးမုံ ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ခွန်းလွန်ကြေးမုံ၏ အကျိုးသက်ရောက်မှုကို သိရဖို့အတွက် သူ့စွမ်းအင်ကို ခွန်းလွန်ကြေးမုံထဲ ထိုးသွင်းဖို့အတွက် မစောင့်နိုင်တော့ပေ။

ထိုအချိန်တွင် မမျှော်လင့်ထားသောအရာတစ်ခု ဖြစ်သွားသည်။ ခွန်းလွန်ကြေးမုံက တောက်ပသော အံ့ဖွယ်အလင်းတန်းဖြင့် ပြင်းထန်စွာ ထွက်ပေါ်လာသည်။

အံ့ဖွယ်အလင်းတန်းက ကောင်းကင်ဘုံကိုးခုထိ ရောက်ရှိသွားကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

တောက်ပသော နေမင်းထွက်ပေါ်လာသကဲ့သို့ အရမ်းလင်းနေသည့်အတွက် မျက်လုံးဖွင့်ကြည့်ဖို့ပင် ခက်ခဲသည်။

တစ်ချိန်တည်းမှာပဲ များပြားသော စွမ်းအားပမာဏက ကမ္ဘာအနှံ့ ပျံ့နှံ့သွားသည်။

အာကာပြင် တွန့်လိမ်သွားကာ ကမ္ဘာမြေကြီး ပွင့်သွားသည်။

သိပ်သည်းသော အလင်းပေါက်က လေဟာနယ်ထဲတွင် ထွက်ပေါ်လာပြီး ကမ္ဘာကို ဖုံးလွှမ်းထားသည့် မရေတွက်နိုင်သော စည်းမျဉ်းများကို ဆွဲချလိုက်သည်။

ရှန်ထျန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ထိုစွမ်းအားက အရမ်းအားကောင်းပြီး သူ မတုံ့ပြန်နိုင်ခင်မှာပင် အလင်းပေါက်က သူ့ကို ဝါးမျိုသွားသည်။ သူ ဤကမ္ဘာမှ လုံးဝ မောင်းထုတ်ခံလိုက်ရသည်။

ရှန်ထျန်း ကမ္ဘာကြီး လည်ထွက်နေသလိုမျိုး ခံစားသွားရသည်။

သူက မူးဝေမှုကို အတင်းဖိနှိပ်ထားကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှန်ထျန်းက အင်မတန် ထူးခြားသော အာကာပြင်ထဲသို့ ရောက်ရှိသွားသည်။

ပတ်ဝန်းကျင်တွင် အာကာပြင်စည်းမျဉ်းများဖြင့် တည်ဆောက်ထားသော အလွှာများရှိပြီး ဤနေရာကို လုံးဝလွှမ်းခြုံထားသည်။ သူ့ခြေထောက်အောက်တွင် အချိန်အငွေ့အသက်များဖြင့် ပြည့်နှက်နေသော ရှည်လျားသော အချိန်မြစ်ရှိပြီး နက်နဲလှသည်။ အချိန်မြစ်က လျင်မြန်စွာ စီးဆင်းကာ မျက်စိတဆုံးထိ ရှည်လျားနေပြီး အမည်မသိသော နေရာသို့ ဦးတည်သွားသည်။

အင်မတန် စွမ်းအားကြီးသော အချိန်နှင့်နေရာစွမ်းအားက သူ့ပတ်ဝန်းကျင်မှ ထွက်ပေါ်လာကာ သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်လှသည်။

ဤနေရာက ထူးခြားမှုများဖြင့် ပြည့်နှက်နေသည့်အတွက် ရှန်ထျန်းကို စိတ်ရှုပ်ထွေးစေသည်။

ရှန်ထျန်းက စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်မိသည်

“ ဒီနေရာက ဘယ်နေရာလဲ”

ရှေးဟောင်း ကြေးမုံတစ်ခုက သူ့ကို အမည်မသိ လေဟာနယ်ထဲသို့ ဆွဲခေါ်သွားခြင်းက ယုံနိုင်စရာမရှိပေ။

ဒါက နယ်မြေငါးခုကနေ အရမ်းဝေးတဲ့ သီးသန့်လေဟာနယ်တစ်ခုတော့ မဟုတ်လောက်ဘူးမလား

ရှန်ထျန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကောင်းကင်အံ့ဖွယ်လက်သီးကို အသက်သွင်းကာ အာကာပြင်အလွှာကို ထိုးနှက်လိုက်သည်။

သို့သော် အာကာပြင်အလွှာက အရမ်းမာသည့်အတွက် အနည်းငယ်ပင် ရွေ့လျားသွားခြင်း မရှိပေ။

ရှန်ထျန်းက ထိတ်လန့်မိသွားသည်။

သူ့ရဲ့ တိုက်ခိုက်မှုက ထာဝရအရှင်တစ်ယောက်ကိုတောင် ခြိမ်းခြောက်ဖို့ လုံလောက်တယ်လေ။ ဒါပေမဲ့ အာကာပြင်အလွှာပေါ်မှာတော့ ခြစ်ရာလေးတောင် ပေါ်အောင် မလုပ်နိုင်ဘူးတဲ့လား

ဒီနေရာက တကယ်ပဲ ဘာလဲ

ရှန်ထျန်းက ထိုအရာကို မယုံကြည်သည့်အတွက် ထပ်မံတိုက်ခိုက်ဖို့ လုပ်လိုက်သည်။

ယခုတစ်ခေါက်တွင် ရှည်လျားသော အချိန်မြစ်ပေါ်တွင် လူတစ်ယောက် ရောက်လာသည်ကို မြင်လိုက်ရသည်။ သူက အချိန်မြစ်ပေါ်မှာ ရပ်နေပြီး ပတ်ဝန်းကျင်ရှိ မရေတွက်နိုင်သော စည်းမျဉ်းများ တုန်လှုပ်သွားကာ အစီအစဉ်မကျဖြစ်သွားသည်။

ရှန်ထျန်း၏ ခန္ဓာကိုယ်တုန်လှုပ်သွားကာ ရင်တုန်သွားသည်။

ထိုလူက ပြိုင်ဘက်ကင်း ဖြစ်တည်မှု တစ်ခုကဲ့သို့ ကြောက်ဖို့ကောင်းလှသည်။

ကောင်းကင်ဘုံကို မရိုမသေလုပ်ပြီး စကြဝဠာကို မောက်မောက်မာမာ လှောင်ပြောင်နေတာဆိုတော့ ကမ္ဘာမြေတစ်ခုလုံးကို သူ့ခြေထောက်အောက်မှာ နင်းချေနိုင်တဲ့ ဖြစ်တည်မှုမျိုး ဖြစ်နိုင်တယ်

ဒီလူက ဘယ်သူလဲ

ရှန်ထျန်းက အခြေအနေကို သေချာနားမလည်သေးခင် ပတ်ဝန်းကျင်ရှိ အာကာပြင်က တစ်စစီဖြစ်သွားသည်။

ရှန်ထျန်းက ဆန်းကြယ်သော အင်အားတစ်ခု၏ ဆွဲထုတ်ခြင်းကို ခံရပြီး ထိုနယ်ပယ်မှ ချက်ချင်း ပျောက်ကွယ်သွားသည်။

ရှန်ထျန်း ထွက်သွားပြီးနောက် ထိုပုံရိပ်က ဖြည်းဖြည်းချင်း နောက်လှည့်ကာ နက်နဲသော အကြည့်ဖြင့် ကြည့်နေသည်။ သူက ကြီးမြတ်သော တာအို၏ နက်နဲသောအသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်

“ မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”

သူ စကားပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် လွှမ်းမိုးသောအရှိန်အဝါ ထွက်ပေါ်လာကာ ထိုအာကာပြင်က ရှင်းလင်းခံလိုက်ရသည်။

ပုံရိပ်က အချိန်မြစ်ထဲတွင် အစအနမကျန် ပျောက်ကွယ်သွားပြန်သည်။

ရှန်ထျန်း၏ အကြည့်တို့အေးခဲသွားကာ သူ ဘာကိုဆိုလိုလဲဆိုတာကို နားမလည်တော့ပေ။

သူ နိုးထလာသည့်အခါ မြောက်ပင်လယ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဘာတွေဖြစ်နေလဲဆိုတာကို သူ လုံးဝ မသိတော့ပေ။

သူက ဘာလို့ အဲလိုမျိုး ထူးဆန်းတဲ့နေရာမှာ ထွက်ပေါ်လာရတာလဲ။

 အဲဒီလူက ဘယ်သူလဲ

ရှန်ထျန်းက မှေးမှိန်နေသော ခွန်းလွန်ကြေးမုံကို ကြည့်လိုက်ပြီး နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

ထူးခြားသည့်ပုံပေါ်သော်လည်း လုံးဝ အသုံးမဝင်ဘူးဟု သူ ခံစားနေရသည်။ အဖြစ်အပျက်တစ်ခုလုံး အဆုံးသတ်မသွားခင် ထူးဆန်းသော ပုံရိပ်တချို့ကိုသာ မြင်လိုက်ရသည်။

သူ၏ ခွန်အားနှင့် ကံကြမ္မာက လုံးဝ ပြောင်းလဲသွားခြင်းမရှိပေ။ ပြောင်းလဲသွားသည့်အရာတစ်ခုက သူ လူသားဧကရာဇ်၏ နန်းတော်မှ မြောက်ပင်လယ်၏ ကောင်းကင်ပေါ်သို့ ပို့ဆောင်ခံလိုက်ရခြင်းဖြစ်သည်။

ဒါက အထွတ်အထိပ် အသုံးအဆောင်ပစ္စည်းလား။ ဒါလေးပဲလား

ဒါ လိမ်ညာတာပဲ

ရှန်ထျန်းသက်ပြင်းချကာ ဘာအကြောင်းမှ ထပ်မတွေးတော့ပေ။

ထို့အပြင် သူက ဤခရီးမှ အကျိုးအမြတ် အများအပြားကို ရရှိခဲ့သည်။

သူ့ခွန်အားက အများအပြား တိုးတက်ခဲ့ရုံသာမက သူ၏ မိတ်ဆွေများကိုပါ ခွန်အားတိုးစေမည့် အမွေအနှစ် များစွာလည်း ရရှိခဲ့သည်။

သူက ဒါကို အသုံးပြုပြီးတော့ ရှေးဟောင်း ကောင်းကင်ခုံရုံးကို ပြန်လည်တည်ဆောက်နိုင်တယ်

ထိုအတွေးကြောင့် ရှန်ထျန်းက ခွန်လွန်ကြေးမုံကို အိပ်ကပ်ထဲထည့်ကာ တောင်ဘက်သို့ ပျံသန်းသွားသည်။

ရှန်ထျန်းက အကန့်အသတ်မဲ့ ပင်လယ်ကို ဖြတ်သန်းသွားကာ မြောက်ပင်လယ် နယ်နိမိတ်တွင် ရှိနေသော တံငါရွာသို့ ရောက်ရှိသွားသည်။

ထိုရွာဆီမှာ မိစ္ဆာအရှိန်အဝါကို အာရုံခံမိလိုက်သည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအရှိန်အဝါက အတိတ်နိမိတ်မကောင်းစေပ။

မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ မိစ္ဆာအရှိန်အဝါဆိုတာ သေချာတယ်

မိစ္ဆာဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်က ဒီနေရာကို ဖျက်စီးနေတာများလား

မမျှော်လင့်ထားစွာဖြင့် သုံးနှစ်အတွင်းတွင် မိစ္ဆာဝိညာဉ်မျိုးနွယ်များက ပြဿနာထပ်ပြီး ရှာနေကြပြန်သည်။

ရှန်ထျန်းက တံငါရွာသို့ လမ်းလျှောက်သွားရင်း အကြည့်များက အေးစက်နေသည်။ သူ ဆက်သွားရင်း သူ့ အကြည့်က တစ်စုံတစ်ယောက်၏ ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သည်။

ထိုနေရာက မိစ္ဆာမြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး လုံးဝမဲမှောင်နေသည်။

ရွာတစ်ခုလုံး ဖျက်စီးခံထားခဲ့ရပုံပေါ်သည်။ ကျန်ရှိနေသည်များက အဆောက်အအုံမှ ကျန်ခဲ့သော ကျောက်တုံးအပိုင်းအစများသာ ဖြစ်သည်။

ရွာအတွင်းပိုင်းရှိ သွေးအငွေ့အသက်က ကောင်းကင်ထိ ပျံ့နှံ့နေပြီး ရနံ့က အရမ်းစူးရှလှသည်။ ဟိန်းဟောက်သံနှင့် ငိုကြွေးသံများက ပဲ့တင်ထွက်လာကာ ကြက်သီးမွေးညင်းပင် ထစေသည်။

ရှန်ထျန်း ဖြတ်သွားသည့်နေရာတိုင်းတွင် အပျက်အစီးများကိုသာ မြင်နေရသည်။

အလောင်းများနှင့် ခြေပြတ်လက်ပြတ်များက မြေပြင်တွင် ပြန့်ကျဲနေသည်က ကြောက်စရာကောင်းလှသည်။

တချို့လူများက နှလုံးသားဆွဲထုတ်ခံရပြီး တချို့က မျက်လုံးများ ပေါက်ကွဲထားသည့်အတွက် ငြိမ်းချမ်းစွာ သေရခြင်းမျိုးတော့ မဟုတ်ပေ။ တချို့လူများ၏ အူများက မြေပြင်ပေါ်တွင်ပြန့်ကျဲနေပြီး သွေးများကလည်း နေရာအနှံ့ပြန့်ကျဲနေသည်။

ကလေးများ၊ ကိုယ်ဝန်သည်များနှင့် သက်ကြီးရွယ်အိုများလည်း ရှိနေပြီး ရက်စက်စွာ အသတ်ခံထားရသည်။

အလောင်းကောင်များက တောင်လိုပုံနေပြီး အပြစ်ဒဏ်ခတ်သည့် နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။

ဒါက မိစ္ဆာဝိညာဉ်မျိုးနွယ်တွေရဲ့ လက်ချက်ဆိုတာ သေချာတယ်

ရွာအတွင်းပိုင်းတွင် ဖျက်စီးနေသော မိစ္ဆာဝိညာဉ်အုပ်စုတစ်စု ရှိသည်။

သူတို့၏ ခန္ဓာကိုယ်များက မီးခိုးရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး မိစ္ဆာအရှိန်အဝါက သူတို့ကို ပတ်လည်ဝန်းရံထားသည်။

ချွန်ထက်သော အရိုးဆူးချွန်များက သူ့နောက်ကျောမှ ထိုးထွက်နေသည်။ သူတို့၏ မျက်နှာများက ကြမ်းကြုတ်လှပြီး သူတို့၏ မျက်လုံးများက ကြက်သွေးရောင်သန်းနေသည်။

ထိုမိစ္ဆာဝိညာဉ်များက ငရဲမှ နတ်ဆိုးများကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သုတ်သင်နေသည်။

သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဒေါသထွက်နေသော ရွာသားအချို့ရှိသည်။

“ အယုတ်တမာ မိစ္ဆာဝိညာဉ်ကောင် … ငါ့မိန်းမနဲ့ သားရဲ့အသက်ကို ပြန်ပေး”

ရွာသားထဲမှ တစ်ယောက်က အော်ဟစ်ကာ လက်ထဲတွင်ရှိနေသော ပေါက်ပြားဖြင့် သူ့ရှေ့ရှိ မိစ္ဆာဝိညာဉ်ကို ပေါက်လိုက်သည်။

သူတို့၏ မျက်လုံးများ နီရဲနေပြီး သူတို့၏နှလုံးသားများက ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။

သူတို့ရဲ့မိန်းမတွေနဲ့ ကလေးတွေက သူတို့ရှေ့မှာပဲ မိစ္ဆာဝိညာဉ်တွေရဲ့ လက်ထဲမှာ သေသွားခဲ့တာကို သူတို့ ဘယ်လိုလုပ်ပြီးတော့ ဒေါသမထွက်ပဲ နေပါ့မလဲ

သို့သော် သူ၏ တိုက်ခိုက်မှု မကျရောက်သေးခင်မှာပင် မိစ္ဆာဝိညာဉ်များက သူ့ရင်ဘတ်ကို လက်သည်းဖြင့်ထိုးပြီး နှစ်ခြမ်းဖြစ်အောင် ဆွဲဖြဲလိုက်သည်။

“ ပုရွက်ဆိတ်လိုကောင်တွေက ငါ့ကို အာခံရဲတယ်ပေါ့လေ”

မိစ္ဆာဝိညာဉ်က ယုတ်မာစွာ ပြုံးလိုက်သည်။ သူက သွေးမိုးထဲတွင် စိတ်ကျေနပ်နေသည်။

ကျန်သောရွာသားများကိုလည်း တခြားမိစ္ဆာဝိညာဉ်များက သတ်ဖြတ်လိုက်ကြသည်။ မိန်းကလေးတစ်ယောက်ထဲသာ တုန်ရီစွာဖြင့် ကျန်နေခဲ့သည်။

ရှန်ထျန်းရောက်သွားသည့်အချိန်တွင် ထိုရွာသားများ ဆိုးရွားစွာ သေဆုံးသွားသည်ကိုသာ မြင်ခဲ့ရသည်။

သူ့အကြည့်က အေးစက်ပြီး ဒေါသထွက်နေသည်။

ဒီလူတွေက သာမန်လူတွေလေ။ အသန်မာဆုံးဆိုလို့ အခြေတည်အဆင့်ရောက်နေတဲ့သူလောက်ပဲ ရှိမှာ

မိစ္ဆာဝိညာဉ်များ၏ ဒေါသကြောင့် သူတို့ ပြန်လည်ခုခံဖို့ အခွင့်အရေး လုံးဝ မရှိပေ။ ထိုနေရာက အရမ်းပျက်စီးနေတော့ နှလုံးသားကိုပင် အေးစက်သွားစေသည်။

ထိုအချိန်တွင် မိစ္ဆာဝိညာဉ်များက ထိုမိန်းကလေးဆီသို့ လမ်းလျှောက်သွားကြသည်။

မိစ္ဆာဝိညာဉ်တစ်ကောင်က ယုတ်မာစွာပြုံးရင်း ပြောလိုက်သည်

“ ဟား…ဟား…ဟား…ဖြူဖွေးသွယ်လျတဲ့ ကလေးလေးဆိုတော့ အရသာရှိမှာပဲ”

သွေးများ ပေကျံနေသော ပါးစပ်ကို ဖွင့်လိုက်ကာ နံစော်နေသော တံတွေးများ စီးကျလာသည်။

မိန်းကလေး၏ ခန္ဓာကိုယ်က ပိုမိုတုန်ရီလာကာ အကြည့်ထဲတွင်လည်း ကြောက်ရွံ့မှုများ ကြီးစိုးနေသည်။

သူမ၏ လက်ထဲရှိ အရုပ်လေးကို တင်းကြပ်စွာ ဖက်ထားကာ နောက်သို့သာ ဆုတ်နေမိသည်။

“ သေလိုက်တော့”

မိစ္ဆာဝိညာဉ်က အေးစက်စွာ ပြောလိုက်ပြီးနောက် လက်သည်းများကို မြှောက်လိုက်သည်။

ထိုတိုက်ခိုက်မှုက သူမကို တစ်စစီလုပ်ပစ်တော့မည် ဖြစ်သည်။

ထိုအချိန်တွင် သူမ၏ ဘေးသို့ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အဝတ်အစားများက နှင်းကဲ့သို့ ဖြူဖွေးနေပြီး  ရုပ်ရည်ချောမောသည်။

ထိုသူက ရှန်ထျန်းပင် ဖြစ်၏။

ရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်ကြောင့် မိစ္ဆာဝိညာဉ်က ထိတ်လန့်သွားသည်။

သို့သော် သိပ်မကြာခင်မှာပင် သူ ယုတ်မာစွာရယ်ရင်း ပြောလိုက်သည်

“ တခြားတစ်ယောက် သေရတော့မှာပဲ”

မိစ္ဆာဝိညာဉ်က ချွန်ထက်နေသော လက်သည်းဖြင့် ရှန်ထျန်း၏ ရင်ဘတ်ကို ချိန်ရွယ်လိုက်သည်။

ရှန်ထျန်းက ဖြည်းညင်းစွာ ပြောလိုက်သည်

“ ဖျက်စီးပစ်လိုက်”

ထိုအခိုက်အတန့်တွင် ကောင်းကင် ပြိုလဲကျသွားသကဲ့သို့ ရှန်ထျန်းရှေ့ရှိ မိစ္ဆာဝိညာဉ်က သွေးမြူခိုးအဖြစ်သို့ ချက်ချင်း ပေါက်ကွဲသွားသည်။

ကျန်မိစ္ဆာဝိညာဉ်များလည်း ကြောက်လန့်ကုန်ကြပြီး အမြန်ထွက်ပြေးကြသည်။

ဒီလူသားက အရမ်းကြောက်ဖို့ကောင်းတယ်။ သူက သူတို့ တိုက်ခိုက်နိုင်တဲ့ တည်ရှိမှု မဟုတ်ဘူး

ဒီလူက အထွတ်အထိပ် လူသားစွမ်းအားရှင်ပဲ

ရှန်ထျန်းက ထိုမိစ္ဆာဝိညာဉ်များကို အာရုံမထားဘဲ ရေရွတ်လိုက်သည်

“ ကပ်ဘေးက လုံးဝ ကျရောက်ပြီးသွားတာများလား”

တစ်ခုခုမှားနေပြီဟု ရှန်ထျန်း ခံစားလိုက်ရသည်။

ဒီနေရာက သာမန်နဲ့ မတူဘူး

နည်းလမ်းတကျပြောရမယ်ဆိုရင် မိစ္ဆာဝိညာဉ်တစ်ကောင် မြောက်ပင်လယ်မှာ ထွက်ပေါ်လာတာနဲ့ အဓိကနတ်ဆိုးလူသား မျိုးနွယ်တွေက ချက်ချင်း အရေးယူဆောင်ရွက်မှာပဲ

ပြီးတော့ မြောက်ပင်လယ်စင်္ကြန် ဖျက်စီးခံထားရတော့ မိစ္ဆာဝိညာဉ်မျိုးနွယ်တွေ နောက်ထပ် ဒီလောက်ထိ မြန်မြန် ကျူးကျော်လာတာ မဖြစ်နိုင်ဘူး

ရှင်းပြဖို့ နည်းလမ်းနှစ်ခုပဲ ရှိတော့တယ်

ပထမဆုံးအနေဖြင့် သုံးနှစ်အတွင်း မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ စစ်တပ်က တခြားနယ်မြေကနေ ကျူးကျော်လာပြီးတော့ နယ်မြေငါးခုကို လုံးဝ ကျဆုံးသွားစေတယ်

သို့သော် ဒါမဖြစ်နိုင်ဘူးဆိုတာကို ရှန်ထျန်း ကောင်းကောင်းသိသည်။

နယ်မြေငါးခုကို အရှင်ဟွမ်ရှစ် ချုပ်ကိုင်ထားတာဆိုတော့ ဒီလောက် အချိန်တိုအတွင်း မြန်မြန် ကျရှုံးသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး

နောက်ထပ် ဖြစ်နိုင်ချေတစ်ခုပဲ ရှိတယ်။ သူ အချိန်ခရီးသွားလာတာပဲဖြစ်ရမယ်

ခွန်းလွန်ကြေးမုံတွင် အချိန်နှင့်နေရာတို့၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့်အတွက် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ဖြတ်သန်းသွားလို့ရအောင် လုပ်ပေးနိုင်စွမ်း ရှိသည်။

သူ အချိန်မြစ်ကို ဖြတ်ခဲ့သည့်အတွက် နယ်မြေငါးခု ကျရှုံးသောအချိန်သို့ ရောက်သွားသည်ဟု ရှန်ထျန်း ခံစားရသည်။

ထိုအရာက ယခု ဖြစ်ပျက်နေသော အရာအားလုံးကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် ရှန်ထျန်း၏ သတ်ဖြတ်လိုစိတ် ပြင်းထန်လာသည်။ သူ့အရှိန်အဝါကလည်း ပြင်းထန်သော လှိုင်းလုံးများကဲ့သို့ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

သူ့အကြည့်များကလည်း အင်မတန် အေးစက်နေသည်။

ထွက်ပြေးသွားသော မိစ္ဆာဝိညာဉ်များလည်း ကြောက်လန့်နေကြပြီး သူတို့၏ သတ္တိလည်း တစ်စစီ ပြိုကွဲသွားသည်။

ထိုအခိုက်အတန့်တွင် ရှန်ထျန်း စိတ်လှုပ်ရှားသွားမိသည်။ သူ လက်ကိုမြှောက်ကာ ရှေ့ကို ရိုက်လိုက်သည်။

ဝုန်း…

ထိုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး ကွဲသွားသည်။

မိစ္ဆာဝိညာဉ်များအားလုံး ရှုံးကာ ပျောက်ကွယ်သွားသည်။

သို့သော် ရှန်ထျန်း လုံးဝ မပျော်ရွှင်ပေ။

သူ့ရှေ့တွင် အလောင်းအစုအပုံနှင့် ဆိုးရွားသော မြင်ကွင်းကို မြင်ထားရသည့်အတွက် စိတ်ထဲလေးလံနေသည်။ သူ့ရှေ့ရှိ မြင်ကွင်းက အရမ်းဆိုးရွားလှသည့်အတွက် သောကများဖြင့် ပြည့်နှက်သွားစေသည်။

ရှန်ထျန်းက နောက်လှည့်ကာ အသက်ရှင်သွားသော ကောင်မလေးကို ကြည့်လိုက်သည်။

ကောင်မလေးက သနားစရာကောင်းသည့်ပုံပေါ်ပြီး သူမ၏ မျက်နှာလေးကလည်း ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည်။ သူမ၏ တောက်ပသော မျက်လုံးလေးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေသည့်အတွက် မြင်ရသူအဖို့ သူမကို သနားစေသည်။

သူမက ထောင့်တစ်ထောင့်တွင် ဒူးပိုက်ကာ ထိုင်နေပြီး တုန်ရီနေသည်။

ရှန်ထျန်း သက်ပြင်းချလိုက်မိသည်။

အဲဒီအရွယ်ရှိတဲ့ ကောင်မလေးက ကလေးဘဝမှာ အပူအပင်ကင်းကင်းနဲ့ ပျော်နေသင့်တာလေ

ဒါပေမဲ့ ဒီလိုကပ်ဘေးနဲ့ ကြုံတွေ့ရပြီးတော့ သူမရဲ့ မိသားစု အသတ်ခံရတာကို ကိုယ်တိုင်မြင်ခဲ့ရတယ်။ သူမ ဒီစွမ်းအားကို ဘယ်လိုလုပ်ပြီးတော့ တောင့်ခံနိုင်မှာလဲ

ရှန်ထျန်းက ကောင်မလေးဆီ လမ်းလျှောက်သွားကာ နှစ်သိမ့်လိုက်သည်

“ မကြောက်နဲ့နော်။ ဒီမှာ လုံခြုံပါတယ်”

တစ်ချိန်တည်းမှာပဲ သူ လက်ဖျောက်တီးလိုက်သည့်အခါ ယင်ယန်အရှိန်အဝါများ ထိုးဖောက်ထွက်လာသည်။

အဆုံးမဲ့ စိတ်ဝိညာဉ်စွမ်းအားက မိန်းကလေးငယ်လေးကို မြူခိုးများဖြင့် ဖုံးလွှမ်းထားလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးကာ သူမ၏ စိတ်ခံစားချက်ကို တည်ငြိမ်စေသည်။

ထိုခွန်အားကြောင့် ထိုမိန်းကလေး၏ အကြည့်တို့က တစ်ဖန်ပြန်လည် တောက်ပလာသည်။ သူမ အသိပြန်ဝင်လာကာ သွေးထွက်သံယိုမြင်ကွင်းများကို ကြည့်လိုက်သည်။

သို့သော် ကောင်မလေး မငိုခဲ့ပေ။ သူမ၏ မျက်ရည်များ ခမ်းခြောက်သွားပုံပေါ်သည်။

သူမက နှုတ်ခမ်းကိုက်ကာ ရှန်ထျန်းကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။

ရှန်ထျန်းက စိတ်ထဲမှ သက်ပြင်းချကာ မေးလိုက်သည်

“ မင်းရဲ့ နာမည် ဘယ်လိုခေါ်လဲ”

ရှန်ထျန်း၏ ကြင်နာမှုကို သိသွားသည့်ပုံဖြင့် ထိုမိန်းကလေးက အသံတိုးတိုးလေးဖြင့် ပြန်ဖြေသည်

“ သမီးနာမည်က ရှောင်ရှောင်ပါ”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ ရှောင်ရှောင်တဲ့လား။ နာမည်ကောင်းလေးပဲ။ မင်းမှာ မိသားစုကျန်သေးလား”

ရှောင်ရှောင် ခေါင်းယမ်းပြလိုက်ကာ သူမ၏ မျက်လုံးတို့ တစ်ဖန်ပြန်လည်နီရဲလာသည်

“ သူတို့အားလုံး သေသွားပြီ”

ရှန်ထျန်းက သက်ပြင်းချကာ ပြောလိုက်သည်

“ မင်းကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမယ်”

သူသာ ဒီကလေးကို တစ်ယောက်ထဲ ထားသွားရင် အနာဂတ်မှာ ကံဆိုးမှုနဲ့ ကြုံရနိုင်တယ်။

ရှန်ထျန်းက စီစဉ်မှုများ မလုပ်သေးခင် သူမကို လူသားပိုင်နက်ဆီ ခေါ်သွားဖို့ ပြင်လိုက်သည်။

ရှန်ထျန်းက ကျန်ရှိနေသော နယ်မြေငါးခု၏ အင်အားစုများကို ရှာဖွေဖို့အတွက် လှည့်ထွက်သွားသည်။

သို့သော် ရှောင်ရှောင်က ရှန်ထျန်း၏ ဝတ်ရုံကို ဆွဲရင်း ပြောလိုက်သည်

“ အစ်ကိုကြီး … ရှောင်ရှောင် အစ်ကိုကြီးနောက် လိုက်လို့ရလားဟင်”

သူမ၏အကြည့်ထဲတွင် မျှော်လင့်ချက်လေးများဖြင့် ပြည့်နှက်နေသည်။ ရှောင်ရှောင်အတွက် ရှန်ထျန်းက သူမ၏ ကယ်တင်ရှင် ဖြစ်သည်။

သူက သူမအတွက် မျှော်လင့်ချက်ကို ယူဆောင်လာပေးခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူမက ရှန်ထျန်းနောက်သို့ လိုက်ချင်ပြီး အနာဂတ်တွင် အခွင့်အရေးရှာကာ သူ့ကို အကြွေးပြန်ဆပ်ချင်သည်။

ရှန်ထျန်းက ငြင်းချင်သည့်အတွက် ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူက လူသားဧကရာဇ် ခန္ဓာကို ပိုင်ဆိုင်ထားပြီး မိစ္ဆာဝိညာဉ်မျိုးနွယ်၏ အမြင်တွင် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

သူက မိစ္ဆာဝိညာဉ်မျိုးနွယ်ကို သေတဲ့အထိ ရင်ဆိုင်ဖို့အတွက် ကံကြမ္မာပါလာပြီးသားဖြစ်သည့်အတွက် သူ့ကို စောင့်ကြိုနေသည့် အန္တရာယ်များစွာ ရှိနေသည်။ သူသာ ရှောင်ရှောင်ကို အတူတူကို ခေါ်သွားပါက သူမလည်း အန္တရာယ်ရှိနိုင်သည်။

သူမကို လူသားပိုင်နက်ထဲ ဝင်လို့ရအောင် လုပ်ပေးမှ သူမ လုံခြုံမည် ဖြစ်သည်။

သို့သော် ရှောင်ရှောင်၏ ခေါင်းပေါ်တွင် အင်မတန် တောက်ပနေသော ရောင်ဝါစက်ဝန်းတစ်ခု ရှိသည်ကို တွေ့လိုက်ရသည်။

နည်းလမ်းတကျပြောရလျှင် လူတစ်ယောက်မှာ ရောင်ဝါစက်ဝန်းရှိခြင်းက သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။

ယခင်က ဘယ်တုန်းကမှ မကျင့်ကြံဖူးသော သေမျိုးများ ကြားထဲတွင်ပင် တချို့၏ ကံကြမ္မာက မြင့်မားလှသည်။ သို့သော် ရှောင်ရှောင်၏ ရောင်ဝါစက်ဝန်းက အင်မတန် တောက်ပနေပြီး ကမောက်ကမ အရောင်များကို ပြသနေသည်။

ရှန်ထျန်း မတတ်နိုင်ပဲ ထိုအရောင်ကြောင့် အံ့ဩမှင်သက်သွားမိသည်။ ရှုပ်ထွေးပွေလီ ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားသူကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

ထိုရောင်ဝါစက်ဝန်းအလင်းက ရှီထျန်းကျီထက်ပင် ကျော်လွန်နေသည့်အတွက် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်သည်။

ရှောင်ရှောင်သာ အရွယ်ရောက်လာပါက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်သည်။

ရှန်ထျန်းက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်

“ ကောင်းပြီလေ အခုကစပြီးတော့ မင်း ငါ့နောက်ကို လိုက်လို့ရတယ်”

ရှောင်ရှောင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဟုတ်ပြီကွ ဟုတ်ပြီ”

ရှန်ထျန်းက မေးလိုက်သည်

“ မင်းရဲ့ နာမည်က ရှောင်ရှောင်ဆိုတော့ မျိုးရိုးနာမည်က ဘာလဲ”

ရှောင်ရှောင်က ခေါင်းကို ဖြည်းဖြည်းချင်းလှုပ်ကာ ပြောလိုက်သည်

“ သမီးနာမည်က ရှောင်ရှောင်ပါ။ မိဘတွေမှာ မျိုးရိုးနာမည် မရှိလို့။ သမီးမှာလည်း မရှိပါဘူး”

ရှန်ထျန်းက တွေးတောပြီး ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ အခုကစပြီးတော့ မင်းကို ရှန်ရှောင်လို့ခေါ်မယ်”

ရှန်ရှောင်က ပြုံးကာ ပြောလိုက်သည်

“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

ရှန်ထျန်းက ရှန်ရှောင်၏ ခေါင်းကိုပွတ်ကာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို ထုတ်ယူပြီး ပြောလိုက်သည်

“ ဒီဆေးလုံးကို သောက်လိုက်ရင် ပြန်လည်သက်သာလာလိမ့်မယ်”

သူမ ကြုံတွေ့ထားရသော ထိတ်လန့်မှုများကြောင့် ရှောင်ရှောင်၏ ခန္ဓာကိုယ် အရမ်းအားနည်းနေသည်။ ထို့အပြင် သူမက ဘယ်တုန်းကမှ မကျင့်ကြံခဲ့သည့်အတွက် သူမ နေမကောင်းဖြစ်လိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူမ သောက်ဖို့ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးကို ထုတ်ယူလိုက်သည်။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးတွင် တစ်စုံတစ်ယောက်၏ ခန္ဓာကို ပြောင်းလဲစေပြီး နားလည်နိုင်စွမ်းကို မြှင့်တင်ပေးသော အကျိုးသက်ရောက်မှုများ ရှိသည်။

ရှန်ရှောင်ရှောင်က ထိုဆေးလုံးကို သောက်သုံးပြီးနောက် လျင်မြန်စွာ သက်သာလာသည်။ သူမက ပြိုင်ဘက်ကင်း ရှုပ်ထွေးပွေလီ ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အတွက် သူမကို ကောင်းကောင်း ဂရုစိုက်ရမည်။

ရှန်ရှောင်ရှောင်က ဆေးမသောက်ချင်သည့်အတွက် ခေါင်းယမ်းပြလိုက်သည်။

ကလေးများက ဆေးသောက်ရမှာကို ကြောက်တတ်ကြသည်။

ရှန်ထျန်းက ပြုံးရင်း ပြောလိုက်သည်

“ စိတ်မပူနဲ့ ဒါက မခါးဘူး။ ချိုတဲ့ ပဲစေ့လေး”

သူ့လိုမျိုး အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ဆေးတိုက်ဖို့အတွက် ကလေးကို လိမ်ညာရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ရှန်ရှောင်ရှောင်ကလည်း ရှန်ထျန်းကို အာခံမနေတော့ပဲ ဆေးသောက်လိုက်သည့်အတွက် သူမ၏ ခန္ဓာကိုယ်မှ တောက်ပသော အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

ပြိုင်ဘက်ကင်း သန့်စင်သော စွမ်းအားက သူမ၏ ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်သွားကာ သူမ၏ ခန္ဓာကိုယ်ကို အံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံစေပြီး ကြည်လင်လာစေသည်။

ရှန်ရှောင်ရှောင်က ငယ်ရွယ်နေဆဲဖြစ်ပြီး ယခင်က တစ်ခါမှ မကျင့်ကြံခဲ့ဖူးသည့်အတွက် သူမ၏ ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများ သိပ်မရှိပေ။

ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံး၏ ကျေးဇူးကြောင့် သူမ၏ ခန္ဓာကိုယ်ပြောင်းလဲသွားကာ အကန့်အသတ်မဲ့ အလားအလာရှိသွားစေသည်။

ထိုအခြေအနေကို မြင်ပြီးနောက် ရှန်ထျန်းက ရှန်ရှောင်ရှောင်၏ ကျောကို လက်ဖြင့် အသာဖိကာ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံး၏ စွမ်းအားကို သန့်စင်နိုင်အောင် ကူညီပေးလိုက်သည်။

ဤဆေးလုံး၏ အကျိုးသက်ရောက်မှုက ပြင်းထန်လှသည်။ သေမျိုးခန္ဓာကိုယ်များက ခံနိုင်ရည် မရှိသည့်အတွက် ပေါက်ကွဲပြီး သေသွားဖို့ လွယ်ကူသည်။

သို့သော် ရှန်ထျန်း၏ အကူအညီကြောင့် ဆေးလုံး၏ စွမ်းအားက ရှန်ရှောင်ရှောင်၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားကာ ဖြည်းဖြည်းချင်း သန့်စင်လိုက်သည်။

ရှန်ရှောင်ရှောင်၏ ခန္ဓာကိုယ် ပြောင်းလဲသွားသည်။ သူမ၏ ခန္ဓာကိုယ်က ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူမ၏ အကျင့်စရိုက်လည်း ပြောင်းလဲသွားကာ ထူးခြားလာသည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်မှ ရှုပ်ထွေးပွေလီ အငွေ့အသက် အနည်းငယ်ကို သန့်စင်လိုက်သည်။

ထိုအရာကို မြင်ပြီးနောက် ရှန်ထျန်း၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ရီသွားသည်။ ရှုပ်ထွေးပွေလီ အငွေ့အသက်က သာမန်လူများ မသန့်စင်နိုင်သည့် အင်အားတစ်ခုဖြစ်သည်။

ရှန်ထျန်း သိသလောက် နယ်မြေငါးခုတွင် သူ့အပြင် ရှုပ်ထွေးပွေလီ အငွေ့အသက်ကို သန့်စင်နိုင်သည့်သူ မရှိပေ။ နံပါတ်တစ် ဆေးပညာ နတ်ဧကရာဇ်ဖြစ်သည့် ပဒုမ္မာကြာ နတ်ဧကရာဇ်ပင် ထိုအရာကို မရရှိနိုင်ခဲ့ပေ။

သို့သော် ရှန်ရှောင်းက အနည်းငယ် သန့်စင်နိုင်ခဲ့သည်။

ပမာဏက အရမ်းသေးငယ်သော်လည်း ထိုမိန်းကလေး၏ ပင်ကိုယ်စွမ်းရည်က ထူးခြားကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

ရှန်ထျန်း သက်ပြင်းချကာ ပြောလိုက်သည်

“ ကြည့်ရတာ ငါတို့က ကံစပ်တယ် ထင်တယ်။ ရှောင်ရှောင် မင်း ငါ့ကို မင်းရဲ့ဆရာအဖြစ် သတ်မှတ်ချင်လား”

သူမက ကံကြမ္မာ သမီးတော် ဖြစ်ရုံသာမက ရှုပ်ထွေးပွေလီ အငွေ့အသက်ကိုပါ သန့်စင်နိုင်ခဲ့သည့်အတွက် သူ ကျင့်ကြံခဲ့သော ကျင့်စဉ်အတွက် သင့်လျော်သည်။

ထိုစကားလုံးများကို ကြားသည့်အခါ ရှန်ရှောင် စိတ်လှုပ်ရှားသွားမိသည်။

သူမက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရိုသေစွာ ပြောလိုက်သည်

“ တပည့်ရှန်ရှောင် ဆရာကို နှုတ်ခွန်းဆက်သပါတယ်”

ရှန်ထျန်းက စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်သည်။ သူက သူမကို ညင်သာစွာ ချီလိုက်ပြီးပြောသည်

“ ကောင်းပြီလေ မင်းက ငါ့ရဲ့ တပည့်ဖြစ်လာပြီဆိုတော့ ငါ့ရဲ့အမွေအနှစ်ကို ကျင့်ကြံလို့ရတယ်”

ရှန်ထျန်းက ရှန်ရှောင်း၏ နဖူးလေးကို အသာထိကာ ရှုပ်ထွေးပွေလီ မီးစာကျမ်း၏ နက်နဲမှုများကို သင်ကြားပေးနေသည်။

ထိုကျင့်စဉ်ကို ရှုပ်ထွေးပွေလီ အငွေ့အသက်ကို သန့်စင်နိုင်သူများသာ ကျင့်ကြံကြသည်။

ထို့ကြောင့် ရှန်ရှောင်အတွက် အသင့်တော်ဆုံး ပညာရပ်တစ်ခု ဖြစ်သည်။

ရှန်ရှောင်းက ပြုံးလိုက်ရင်း ပြောလိုက်သည်

“ ကျေးဇူးတင်ပါတယ် ဆရာ”

သူမ အပျော်လွန်သွားသည်။ ထိုအရာက သူမ အထွတ်အထိပ် အမွေအနှစ် ရသည့်အတွက်ကြောင့် မဟုတ်ဘဲ ရှန်ထျန်း၏ ဘေးမှာနေနိုင်သောကြောင့် ဖြစ်သည်။

ရှန်ထျန်းက ပြောလိုက်သည်

“ ရှောင်ရှောင် အရင်ဆုံး ကျင့်ကြံကြည့်လိုက်။ နားမလည်တာရှိရင် ငါ သင်ပြပေးမယ်”

ရှန်ရှောင်ရှောင်က ခေါင်းညိတ်ပြကာ ချက်ချင်းထိုင်ချလိုက်သည်။ သူမက သူမ၏ စိတ်ထဲရှိ အမွေအနှစ်အရ ထိုကျင့်စဉ်ကို နားလည်အောင် လုပ်တော့မည်ဖြစ်သည်။

သို့သော် အချိန်အနည်းငယ် ကြာသွားသော်လည်း ရှန်ရှောင် အများကြီး မရပေ။

ရှန်ထျန်းက ကြည့်ပြီး နက်နဲသော ဆန်းကြယ်မှုများကို ကိုယ်တိုင်ရှင်းပြလိုက်သည်။

သို့သော် အကျိုးရလဒ်ကတော့ မကောင်းပေ။

ရှန်ရှောင်ရှောင် ချွေးများထွက်နေကာ အမောတကော ပြောလိုက်သည်။

“ ရှောင်ရှောင်က ဉာဏ်တိမ်ပါတယ်။ ခွင့်လွှတ်ပေးပါ ဆရာ”

ရှန်ထျန်း ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

“ ရပါတယ်။ စိုးရိမ်စရာမလိုဘူး ဖြည်းဖြည်းချင်း ကျင့်ကြံလို့ ရပါတယ်”

ရှန်ရှောင်ရှောင်၏ ခန္ဓာကိုယ်ကို ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေးဆေးလုံးဖြင့် ထောက်ပံ့ထားပြီး ရှုပ်ထွေးပွေလီ အငွေ့အသက်ကို သန့်စင်ထားသော်လည်း ယခင်က မကျင့်ကြံဖူးသည့်အတွက် ကျင့်စဉ်များကို နားမလည်နိုင် ဖြစ်နေသည်။

သူမကို ကျင့်ကြံရေးလမ်းကြောင်းမှာ လမ်းပြဖို့က သိပ်တော့ မရိုးရှင်းပေ။

ပြီးတော့ ရှုပ်ထွေးပွေလီ မီးစာကျမ်းကလည်း နက်နဲတယ်ဆိုတော့ သင်ယူဖို့ မလွယ်ကူဘူးလေ

ကောင်းကင်က ကံကြမ္မာသမီးတော်အတွက် ကံအပြောင်းအလဲ အခွင့်အရေးများကို စီစဉ်ပေးမည်ဖြစ်သည့်အတွက် ရှန်ထျန်း စိတ်ထဲမထားပေ။

ဟုတ်တယ် အရာအားလုံးကို ကောင်းကင်ဘုံက စီစဉ်ပေးလိမ့်မယ်

ရှန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ရှန်ရှောင်းရှောင်း၏ ခေါင်းပေါ်ရှိ ရောင်ဝါစက်ဝန်းထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည့်အတွက် ရှန်ထျန်း၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားမိသည်။

ငါ တွေးတုန်းရှိသေးတယ် တန်းပြီးတော့ ရောက်လာတာလား

ကြည့်ရတာ ငါထပ်ပြီးတော့ အလကားယူလို့ ရသေးတယ်ထင်တယ်

All Chapters