နတ်ဘုရားကိုယ်ထည်မာ စမ်းသပ်ချက် သုံးထောင်… လူသားနတ်ဧကရာဇ် စည်းတံဆိပ်၏ စွမ်းအား
Vol. 33 Ch. 493
အခန်း (၄၉၃) : နတ်ဘုရားကိုယ်ထည်မာ စမ်းသပ်ချက် သုံးထောင်… လူသားနတ်ဧကရာဇ် စည်းတံဆိပ်၏ စွမ်းအား
ရောင်ဝါစက်ဝန်းက ရှန်ရှောင်၏ ခေါင်းပေါ်တွင် ပေါလောပေါ်နေပြီး တောက်ပနေသည်။ ဘေးပတ်လည်တွင် ရှုပ်ထွေးပွေလီ အံ့ဖွယ်အလင်းတန်းကလည်း ဆက်တိုက် ဝန်းရံနေသည်။
ရှန်ရှောင်၏ ရောင်ဝါစက်ဝန်းထဲရှိ ကံအပြောင်းအလဲ အခွင့်အရေးက သိပ်မဝေးသည့် ချောက်ကမ်းပါးတစ်ခုတွင်ရှိကြောင်း ရှန်ထျန်း သိလိုက်ရသည်။
မူလအတိုင်းသာဆိုလျှင် ရှန်ရှောင်က မိစ္ဆာဝိညာဉ်မျိုးနွယ်၏ လိုက်ဖမ်းခြင်းကို ခံရပြီး ငါးကီလိုမီတာကျော် ပြေးပြီးနောက် လမ်းဆုံးဖြစ်သည့် ချောက်ကမ်းပါးသို့ ရောက်ရှိသွားသည်။
အဆုံးသတ်တွင် ရှန်ရှောင် ရွေးချယ်စရာမရှိတော့ဘဲ ချောက်ကမ်းပါးမှ ခုန်ချဖို့ ဖြစ်လာသည်။
မူလက ရှန်ရှောင်၏ အသက်အရွယ်၊ ခွန်အားနှင့် ဆိုလျှင် ဒီလောက်ထိ ဝေးဝေးလံလံ လမ်းလျှောက်နိုင်မည် မဟုတ်ပေ။ သို့သော် ထို မိစ္ဆာဝိညာဉ်များက သူ့ကို ချက်ချင်းမသတ်ဘဲ စနောက်ကာ ကြောက်လန့်တကြား သေအောင်လုပ်ဖို့ ကြိုးစားနေကြသည်။
ရှန်ရှောင်က ကံကောင်းပြီး မသေသည့်အပြင် ခုန်ချပြီးနောက် ဧရာမ ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုကို ရရှိခဲ့သည်။
တစ်ဖက်တွင် မိစ္ဆာဝိညာဉ်များက ကံအပြောင်းအလဲ အခွင့်အရေး ကန့်သတ်ချက်များကြောင့် ပြာအဖြစ် ပြောင်းလဲသွားကြသည်။
ဟုတ်တယ် ဗီလိန်တွေက အမြဲတမ်း သေရမှာပဲ
သူတို့၏ ဦးတည်ရာကို အတည်ပြုပြီးနောက် ရှန်ထျန်းက ရှန်ရှောင်ဘက်သို့လှည့်ကာ ပြောလိုက်သည်
“ ရှောင်ရှောင် သွားစို့။ ထွက်ခွာရမဲ့အချိန်ရောက်ပြီ”
အချိန်ဖြုန်းလို့မရပေ။ ရှန်ရှောင်အနေဖြင့် သူမ၏ ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိကာ ပိုပြီးတော့ ခွန်အားတိုးဖို့က အရေးကြီးသည်။
ရှန်ထျန်းက နယ်မြေငါးခု၏ အခြေအနေကို အမြန် စစ်ဆေးချင်နေပြီဖြစ်သည်။
ရှန်ရှောင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဟုတ်ကဲ့ ဆရာ”
သူမက သူမ ကြီးပြင်းလာသော ရွာလေးကို ဝမ်းနည်းစွာဖြင့် လှည့်ကြည့်လိုက်သည်။
သူမရဲ့ မိသားစုနဲ့ အတိတ်က အမှတ်တရတွေ အကုန်လုံးကို မြှုပ်နှံခဲ့ရတာဆိုတော့ သူမ ဘယ်လိုလုပ်ပြီးတော့ ဝမ်းမနည်းပဲ နေပါ့မလဲ
ရှန်ထျန်းက လက်ဖျောက်တီးလိုက်ပြီး အကန့်အသတ်မဲ့ ပိုင်နက်စွမ်းအားက ထိုးဖောက်ထွက်လာသည်။ ထိုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ရီသွားကာ အံ့ဖွယ်အလင်းတန်း ဖြာကျသွားသည်။
အဆုံးမဲ့ ကြယ်အလင်းတန်းက ကြယ်မြစ်ကဲ့သို့ ဖြာကျသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းထားလိုက်သည်။
ပတ်ဝန်းကျင်ရှိ အာကာပြင် ထိုးဖောက်ထွက်သွားကာ ရွာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး အဆုံးမဲ့လေဟာနယ်အဖြစ် ပိတ်ဆို့ထားလိုက်သည်။ ထိုနေရာက ကမ္ဘာမှ သီးသန့်ခွဲထားသည့် နေရာတစ်ခုကဲ့သို့ ဖြစ်သွားပြီး သေဆုံးသွားသူများကို ငြိမ်းချမ်းစွာ အနားယူစေသည်။
ရှန်ထျန်းက ဘယ်ဖက်သို့လှည့်ကာ ပြောလိုက်သည်
“ သွားရအောင်”
ရှန်ရှောင်က ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက် အတူတူ ထွက်သွားကာ တောင်ဘက်သို့ ဦးတည်သွားသည်။ မကြာခင်မှာပင် သူတို့နှစ်ယောက် ချောက်ကမ်းပါးသို့ ရောက်ရှိသွားကြသည်။
ထိုနေရာတွင် မရေတွက်နိုင်သော လျှိုမြောင်များရှိပြီး နေရာတိုင်းတွင် ထူးဆန်းသော ကျောက်တုံးများက အင်မတန် မတ်စောက်လှသည်။
ဤနေရာက ကျောက်ကမ်းပါးဖြစ်သော်လည်း အင်မတန် သာမန်ဆန်လှသည်။ ထူးခြားသည့်အရာ ဘာမှမရှိပေ။
ကောင်းကင်အသျှင် ကျင့်ကြံသူများက ထို ချောက်ကမ်းပါး၏ အောက်ခြေသို့ အလွယ်တကူ ရောက်နိုင်သည်။
ရှန်ရှောင်က လေးနက်စွာ မေးလိုက်သည်
“ ဆရာ ကျွန်မတို့ ဘာလို့ ဒီနေရာမှာ ရှိနေတာလဲဟင်”
ရှန်ထျန်းက ဖျော့တော့စွာ ပြုံးကာ ဆန်းကြယ်သည့်ပုံစံဖြင့် ပြောလိုက်သည်
“ ငါတို့ နောက်ကျ သိရပါလိမ့်မယ်”
သူက ရှန်ရှောင်၏ လက်ကိုဆွဲကာ ချောက်ကမ်းပါးမှ ခုန်ဆင်းလိုက်သည်။ မကြာခင်မှာပင် ရှန်ထျန်းတို့ ကမ်းပါးအောက်ကို ဆင်းသည့် လမ်းတစ်ဝက်ရှိ ဂူတစ်ခုသို့ ရောက်ရှိသွားသည်။
မူလ ကံအပြောင်းအလဲ တွေ့ကြုံမှုတွင် ရှန်ရှောင်က ချောက်ကမ်းပါးမှ ခုန်ချသွားကာ ဂူထဲသို့ တိုက်ရိုက်ကျသွားကာ မနည်းအသက်ရှင်အောင် လုပ်ခဲ့ရသည်။
ရှန်ထျန်းက ရှန်ရှောင်ကို ဆွဲကာ ဂူထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားသည်။
ဂူက အင်မတန် ကျယ်ဝန်းပြီး ရတနာရှိသည့်နေရာနှင့် မတူပေ။ ရှန်ထျန်းက စိတ်ထဲမထားပဲ ကျောက်နံရံကိုသာ ရှာနေတော့သည်။
မကြာခင်မှာပင် ကျောက်နံရံပေါ်တွင် ထူးခြားသောနေရာကို တွေ့သည့်အခါ ခပ်ဖွဖွ ဖိထားလိုက်သည်။ ထိုအချိန်တွင် ကျောက်တောင် လှုပ်ယမ်းကာ ကျောက်နံရံ ပွင့်သွားသည်။ တောက်ပသော အံ့ဖွယ်အလင်းတန်း ထွက်လာကာ အဆုံးစွန်အထိ တောက်ပနေသည်။
သိပ်သည်းသော အလင်းပေါက်က ကျောက်နံရံနောက်တွင် ပေါ်လာသည်။ အထဲတွင် ရှိနေသော အရှိန်အဝါက ခမ်းနားလှပြီး အထဲမှာလည်း ကမ္ဘာတစ်ခု ပါဝင်နေပုံပေါ်သည်။
ရှန်ထျန်းက ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
ဒီနေရာက အရမ်းကို သာမန်ဆန်နေလို့ ဘယ်သူမှ လာပြီးတော့ မလေ့လာချင်တာထင်တယ်။
မဟုတ်ရင် အမွေအနှစ်ကို တခြားသူတွေ ယူသွားလောက်ပြီ
ရှန်ထျန်းက မဲ့ပြုံးပြုံးကာ ရှန်ရှောင်ကို လင်းနေသော ဂူထဲသို့ ခေါ်သွားသည်။ ထို့နောက် အလင်းတန်း ထွက်လာကာ သူတို့၏ ပုံရိပ်ကို ဆွဲခေါ်သွားသည်။
သူတို့နှစ်ယောက် ပြန်လည်ထွက်ပေါ်လာသည့်အခါ တခြားအာကာပြင်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။
ဒီနေရာက အရမ်းကျယ်လွန်းလို့ အဆုံးတောင် မမြင်ရဘူး
ကမ္ဘာလောကကို မြူခိုးများဖြင့် လွှမ်းခြုံထားသည့်အတွက် ကမ္ဘာဦးလောက မွေးဖွားလာသကဲ့သို့ ထူးခြားဆန်းကြယ်နေသည်။
ထိုကမ္ဘာ၏ အလယ်တွင် ဧရာမနန်းတော်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုနန်းတော်က ကြီးကျယ်ခမ်းနားလှသည်။
နန်းတော်က ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် အရမ်းမြင့်မားနေပြီး ဂုဏ်သရေရှိသော အရှိန်အဝါကို ထုတ်လွှတ်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို သူ့ရှေ့တွင် အညံ့ခံလာအောင် လုပ်နေပုံပေါ်သည်။
“ ဆရာ ဒီနေရာက ဘာလဲဟင်”
ရှန်ရှောင်၏ အကြည့်ထဲတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
ထိုကဲ့သို့သော ခမ်းနားသည့် နန်းတော်တစ်ခုက ဒီနေရာတွင် ပုန်းကွယ်နေလိမ့်မည်ဟု ထင်မထားပေ။
ဒါက အရမ်းကို ဆန်းကြယ်တယ်
ရှန်ထျန်းက ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်သည်
“ တော်ဝင်ဧကရာဇ် နန်းတော်ပဲ”
“ တော်ဝင်ဧကရာဇ် နန်းတော်” ဆိုသော စကားလုံးများကို ဂိတ်တံခါးဝတွင် ထွင်းထားသည်။
စာလုံး ရေးသားချက်များက နက်နဲသော အဓိပ္ပာယ်နှင့် စွမ်းအား ပါဝင်နေပုံပေါ်သည်။
သေချာအာရုံစိုက်ပါက ဤစာလုံးများကို အထွတ်အထိပ် ပါရမီရှင်ကိုယ်တိုင် ရေးသားထားပြီး စွမ်းအားက ကျယ်ပြန့်ပြီး တိုင်းတာလို့ မရနိုင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
ရှန်ရှောင်က ထိုကဲ့သို့သော ထူးခြားသည့်မြင်ကွင်းကို မမြင်ခဲ့ဖူးသည့်အတွက် အံ့ဩနေမိသည်။
“ ရှောင်ရှောင် အထဲဝင်ရအောင်”
ရှန်ထျန်းက ရှန်ရှောင်ကို အသိပေးပြီး အထဲသို့ ခေါ်ဆောင်သွားသည်။
ထိုအချိန်တွင် တံခါးတစ်ချပ် ဖြည်းဖြည်းချင်းပွင့်လာကာ ကောင်းကင်ဘုံသို့ သွားသည့်လမ်းကြောင်းကို ထုတ်ဖော်ပြသနေသည်။
ရှန်ထျန်းက တွေဝေခြင်းမရှိ ထိုနန်းတော်ထဲသို့ ဝင်သွားသည်။
သူတို့နှစ်ယောက် နန်းတော်ထဲသို့ ဝင်သွားသည့်အခါ ကောင်းကင်နှင့် ကမ္ဘာမြေကြီးက ကြီးမားသော ပြောင်းလဲမှု ဖြစ်သွားကာ မရေတွက်နိုင်သော ကြယ်အလင်းတန်းများ ထွက်ပေါ်လာသည်။
လေဟာနယ်ထဲမှ ပုံရိပ်တစ်ခု ထွက်လာပြီး သူ့အရှိန်အဝါက တိုင်းတာလို့ မရနိုင်ပေ။
သူ့ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင် တိုက်ပွဲချပ်ဝတ်တန်ဆာက တောက်ပနေကာ ထိတ်လန့်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
လွှမ်းမိုးသော အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထွက်လာကာ ကမ္ဘာတစ်ခွင် ပျံ့နှံ့သွားသည်။ သူက ကမ္ဘာကို ခြုံငုံကြည့်နေသော ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါးကဲ့သို့သော စွမ်းအားကြီးသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။
မျိုးနွယ်စုအားလုံး အညံ့ခံလာစေပြီး ကမ္ဘာကို အုပ်စိုးသည့် အထွတ်အထိပ် ဧကရာဇ်ကဲ့သို့ လေဟာနယ်ထဲတွင် မတ်တပ်ရပ်နေသည်။
ရှန်ထျန်း အံ့ဩထိတ်လန့်သွားသည့်အတွက် မျက်လုံးများပင် ပြူးကျယ်သွားမိသည်။
ထိုလူ၏ အရှိန်အဝါက အရမ်းကြောက်ဖို့ကောင်းပြီး သူ မြင်ဖူးသမျှလူအားလုံးထက် သန်မာနေသည်။
သို့သော် ထိုလူက အရမ်းအားနည်းသော ဝိညာဉ်အကြွင်းအကျန်သာ ဖြစ်ပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်ကို ရှန်ထျန်း သတိထားမိသည်။
ဒီလိုဆိုလျှင်ပင် သူထုတ်လွှတ်သော အရှိန်အဝါက ကောင်းကင်ဘုံနှင့် ကမ္ဘာပေါ်ရှိ သူရဲကောင်းအားလုံးကို အထင်သေးဖို့ အတွက် လုံလောက်သေးသည်။
ဒီလူက သေချာပေါက် အထွတ်အထိပ် တည်ရှိမှုတစ်ခုပဲ
ထိုအခိုက်အတန့်တွင် ထိုပုံရိပ်က လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်ထဲတွင် အဆုံးမဲ့ စကြဝဠာ ပါဝင်နေသကဲ့သို့ ကျယ်ပြန့်ပြီး အရမ်းထိတ်လန့်စရာကောင်းသည်။
သူက လေးနက်သောမျက်နှာထားဖြင့် စကားပြောလိုက်သည့်အခါ သူ့စကားလုံးများက ကောင်းကင်ထိ ပျံ့နှံ့သွားကာ အားလုံး၏ စိတ်နှလုံးသားကို တုန်လှုပ်သွားစေသည်။
“ ငါက ပထမ လူသားဧကရာဇ် စွေ့ပဲ။
မင်းတို့ ဒီထဲကို ဝင်လာတာနဲ့ ငါ့ရဲ့ အမွေအနှစ်ကို လက်ခံဖို့ ကံကြမ္မာပါလာတာပဲ။
မင်းတို့ ငါ့ရဲ့ အမွေအနှစ်ကို အမြင့်ဆုံးအထိ ခေါ်ဆောင်သွားပြီးတော့ မိစ္ဆာဝိညာဉ်တွေရဲ့ အန္တရာယ်ကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်”
ထို့နောက် သူ လက်မြှောက်ကာ လေဟာနယ်ကို လက်ညှိုးထိုးလိုက်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင် ကွဲအက်လာသည်။
အလင်းတန်းနှစ်ခုက ရှန်ထျန်းနှင့် ရှန်ရှောင်တို့၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။
ထိုအရာအားလုံးကို လုပ်ပြီးနောက် ပထမ လူသားဧကရာဇ်၏ ပုံရိပ်က ဤလောကမှ ပျောက်ကွယ်သွားသည်။
ရှန်ထျန်း၏ အကြည့်ထဲတွင်လည်း လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။
ဒီတော်ဝင်ဧကရာဇ် နန်းတော်က ပထမမျိုးဆက် လူသားဧကရာဇ် စွေ့ရဲ့ ဗိမာန်ပဲ ဖြစ်ရမယ်
သို့သော် ယခု လက်ရှိအခြေအနေအရ ပထမ လူသားဧကရာဇ်က အမွေအနှစ် အနည်းငယ်သာ ချန်ထားခဲ့ပြီး သူ၏ ဝိညာဉ်အကြွင်းအကျန်ပင် ဤနေရာတွင် မရှိတော့ပေ။
ထို့အပြင် ထာဝရဧကရာဇ်သုံးယောက်နှင့် တိုက်ခိုက်ရခြင်းက စွေ့အတွက် အင်မတန် ခက်ခဲခဲ့မှာ သေချာသည်။
ပထမ လူသားဧကရာဇ်က ထာဝရဧကရာဇ် သုံးယောက်ကိုပါ သူနှင့်အတူ ဆွဲခေါ်သွားခဲ့ပြီး ဤနယ်မြေတွင် လုံးဝ သုတ်သင်ခံလိုက်ရသည်။
လူသားမျိုးနွယ်ကို ကာကွယ်ဖို့အတွက် ဤနေရာကို ကြိုတင် အသက်သွင်းထားခဲ့ခြင်း ဖြစ်သည်။
ရှန်ထျန်း၏ အကြည့်ထဲတွင် လေးစားမှုတို့ ပြင်းထန်နေသည်။
ထိုသူက လေးစားမှုနှင့် ထိုက်တန်သော စွမ်းအားရှင် ဖြစ်သည်။ သူက လူအားလုံးကို ကာကွယ်လိုသည့် ပြင်းထန်သော ဆန္ဒသဘောထား ရှိသည်။
သူ သေသွားတာတောင် ကမ္ဘာလောက၏ လုံခြုံမှုကို စိတ်ပူနေဆဲ ဖြစ်၏။
ရှန်ထျန်းက လေဟာနယ်ဆီသို့ အရိုအသေပေးကာ ပြောလိုက်သည်
“ စီနီယာ လူသားဧကရာဇ် စိတ်မပျက်စေရပါဘူး။ ကျွန်တော်တို့ရဲ့ အသက်ကို စတေးပြီး မိစ္ဆာဝိညာဉ်တွေ လက်ထဲကနေ နယ်မြေငါးခုကို ကာကွယ်ပါ့မယ်။”
ထိုအရာက အင်အားကြီးပြီး အတွေ့အကြုံ ရင့်သန်သောသူအတွက် ထားရှိရမည့် လေးစားမှု ဖြစ်သည်။
ဘေးတွင် ရှန်ရှောင်က ရှန်ထျန်းကို တုန်ရီသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူမက သေးငယ်သောလက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီးနောက် သူမ၏ ခန္ဓာကိုယ်လေးမှ ဆန္ဒပြင်းပြမှုတို့ ထွက်ပေါ်လာသည်။
ဆရာရဲ့ ပန်းတိုင်က ငါ့ရဲ့ပန်းတိုင်ပဲ
ဘာတွေပဲဖြစ်လာ ဖြစ်လာ ငါ ဆရာကို ကာကွယ်ရမယ်
ငါ ဒီနယ်မြေကို ကာကွယ်မယ်
အချိန်အနည်းငယ် ကြာပြီးနောက်…
သူတို့၏ စိတ်ထဲသို့ ဝင်ရောက်သွားသော အံ့ဖွယ်အလင်းတန်းက အချက်အလက်နှင့် စွမ်းအားအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားကာ သူတို့နှစ်ယောက် စုပ်ယူလို့ရသွားသည်။
အထဲတွင် ပါရှိနေသောအရာက ရှုပ်ထွေးနက်နဲလှသည်။ ရှန်ထျန်း၏ ကျင့်ကြံဆင့်နှင့်ပင် ချက်ချင်းစုပ်ယူလို့ မရနိုင်ခဲ့ပေ။
ဤစွမ်းအားက ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ မဟာတာအိုပါဝင်နေသည့်အတွက် အင်မတန် ဆန်းကြယ်လှသည်။
အမွေအနှစ်က မီးစာကျမ်းဆိုတာကို ရှန်ထျန်းသိသည်။
သူ လူသားဧကရာဇ် နန်းတော်မှ ရရှိလာသော မီးစာကျမ်းကလည်း သူ့လက်ထဲတွင် ရှိသည်။
ရှန်ထျန်းက အပြည့်အဝ မကျင့်ကြံရသေးသည့်အတွက် အများကြီး မသိထားပေ။ ယခု ပထမမျိုးဆက် လူသားဧကရာဇ်၏ တိုက်ရိုက်အမွေအနှစ်က ရှေးဟောင်းစာအုပ်ထက် ပိုပြီးတော့ တန်ဖိုးရှိသည်။
ထိုအမွေအနှစ်တွင် မီးစာကျမ်း ပါဝင်ရုံသာမက ပထမ လူသားဧကရာဇ်၏ စစ်မှန်သော နားလည်မှု ပါဝင်နေသည်။
လူသားဧကရာဇ်၏ အမွေအနှစ်က ရှန်ထျန်းကို ခါးသီးသော ကျင့်ကြံခြင်းမှ ကယ်တင်ပေးနိုင်သည်။
ရှန်ရှောင်လည်း ငြိမ်သက်နေသည်။
ပထမ လူသားဧကရာဇ်ကိုယ်တိုင်က ဒီပညာကို သူတို့ဆီ လက်ဆင့်ကမ်းပေးသွားခဲ့သည့်အတွက် ရှုပ်ထွေးသော အကြောင်းအရာများက ဖြည်းဖြည်းချင်း ရှင်းလင်းလာသည်။
ရှန်ရှောင်ပင် ဖြည်းဖြည်းချင်း နားလည်နိုင်သွားသည့်အတွက် သူမ၏ အရှိန်အဝါက သန်မာသည်ထက် သန်မာလာသည်။
ရှန်ထျန်းကလည်း မျက်လုံးများ မှိတ်ကာ စတင် ကျင့်ကြံလိုက်သည်။
သိပ်မကြာခင်မှာပင် ကြယ်ပင်လယ်ကဲ့သို့ ကျယ်ပြန့်နေသော ရှုပ်ထွေးမှုကို သေချာနားလည်သွားသည်။
သူက ကောင်းကင်တာအို၏ သန့်စင်ပေးခြင်းကို နှစ်သက်သဘောကျနေပြီး သူ၏ စိတ်အခြေအနေကလည်း စကားနှင့် ဖော်ပြမရနိုင်သော အခြေအနေသို့ ပြောင်းလဲသွားသည်။
ဒီအမွေအနှစ်က အရမ်းထူးခြားတာပဲ။
ရှန်ထျန်းဆီမှာ မွေးရာပါ ခန္ဓာတည်ဆောက်ပုံရှိသော်လည်း စွမ်းအားကို ချက်ချင်း မထိန်းချုပ်နိုင်ပေ။
ထို့အပြင် မီးစာကျမ်းက အဆုံးမဲ့စွမ်းရည်များ ပါဝင်သော အမွေအနှစ်တစ်ခု ဖြစ်သည်။
ရှန်ထျန်း ကျင့်ကြံသော ရှုပ်ထွေးပွေလီ မီးစာကျမ်းက မီးစာကျမ်း၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။
ယခု မီးစာကျမ်းကို ရသွားသည့်အတွက် ရှန်ထျန်း ပျော်ရွှင်နေမိသည်။
သုံးရက်ကြာသွားသည့်အခါ…
ရှန်ထျန်း မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ သူ့ ခန္ဓာကိုယ်ထဲရှိ အရှိန်အဝါက ပိုမိုခမ်းနားလာသည်။
တောက်ပသော အံ့ဖွယ်အလင်းတန်းက သူ့ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေကာ ဆန်းကြယ်သော စွမ်းအားကို ထုတ်လွှတ်နေသည်။
ဉာဏ်အလင်းပွင့်ပြီးနောက် သူ၏ ရရှိမှုများက အပေါ်ယံသာ မဟုတ်တော့ပေ။
ယခုလက်ရှိတွင် ရှန်ထျန်းက မီးစာကျမ်း၏ ၉၀ ရာခိုင်နှုန်းနီးပါးကို နားလည်နေပြီဖြစ်သည်။ ကျန်ရှိနေသော တစ်ဆယ်ရာခိုင်နှုန်းက အရမ်းနက်နဲနေသည့်အတွက် ယခုလက်ရှိ သူ နားလည်ဖို့ မဖြစ်နိုင်သေးပေ။
သို့သော် သူ နားလည်ဖို့အတွက် အချိန်မကြာတော့ဘူးဆိုတာကို သူ ကောင်းကောင်းသိသည်။
မီးစာကျမ်းကို နားလည်ပြီးနောက် ထူးဆန်းသော တစ်စုံတစ်ခုက သူ့ကို ထိတ်လန့်သွားစေသည်။ ရှုပ်ထွေးပွေလီ မီးစာကျမ်းက မီးစာကျမ်းမှ အရင်းပြုသော်လည်း ဓာတ်များက မတူညီပေ။
သို့သော် ထိုအချိန်တွင် မတူညီသော အားနှစ်ခုက ပေါင်းစပ်သွားသည်။
တခြားတစ်နည်းဖြင့် ပြောရလျှင် မီးစာကျမ်း၏ ကျေးဇူးအရ ရှန်ထျန်း၏ ရှုပ်ထွေးပွေလီ မီးစာကျမ်းအပေါ် နားလည်မှုက နောက်တစ်ဆင့်တိုးသွားသည်။
မီးစာကျမ်းက ရှုပ်ထွေးပွေလီ မီးစာကျမ်းကြောင့် ပိုမိုအားကောင်းသည်။
နှစ်ခုက အချင်းချင်း ခိုင်မာစေပြီး ပြိုင်ဘက်ကင်း ပြောင်းလဲမှုတစ်ခုကို ထုတ်လွှတ်နေသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်က ကြည်လင်နေပြီး အံ့ဖွယ်အလင်းတန်းက ရစ်ပတ်နေကာ ပြိုင်ဘက်ကင်းစွာ ထူးဆန်းအောင် လုပ်ပေးနေသည်။
ရှေးဟောင်း အဆောင်အမှတ်အသားများက သူ့ ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး ကောင်းကင်တာအိုနှင့် ဆက်စပ်နေသကဲ့သို့ အထွတ်အထိပ် စွမ်းအား ပါဝင်နေသည်။
တစ်ချိန်တည်းမှာပဲ ရှန်ထျန်း၏ ခန္ဓာကိုယ်က ပြောင်းလဲနေသည်။ သူ၏ အသွေးအသားများ ပိုမိုသန်မာလာကာ ရှေးခေတ်မှ စွမ်းအားရှင်များ၏ စွမ်းအား ပါဝင်နေသလိုမျိုး ခံစားရစေသည်။
သူ၏ သွေးချီလည်း ကောင်းကင်သို့ ပျံ့နှံ့သွားကာ စွမ်းအားက အရမ်းပြင်းထန်သည့်အတွက် စိတ်ကူးပင် ယဉ်ကြည့်လို့ မရနိုင်ပေ။
သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုက ရှေးဟောင်း မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး လ၊ နေနှင့် ကြယ်တာရာများကိုပင် တုန်လှုပ်စေနိုင်သည်ဟု ရှန်ထျန်း ခံစားလိုက်ရသည်။
သူ ကျယ်လောင်စွာ ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်သည့်အခါ ကောင်းကင်ရှိ တိမ်တိုက်များကို အမှုန့်အဖြစ်သို့ ပြောင်းလဲသွားစေသည်။
ထိတ်လန့်စရာကောင်းသော သွေးချီက ရှန်ထျန်း၏ ခေါင်းပေါ်တွင် ဒီရေလှိုင်းများကဲ့သို့ စုစည်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော မီးဖိုတစ်ခုကို ဖန်တီးလိုက်သည်။
သူ၏ လန်းဆန်းသော ခန္ဓာကိုယ်က အထွတ်အထိပ်အဆင့် ရောက်သွားသည်ဆိုသော သက်သေဖြစ်သည်။
ရှန်ထျန်းက ဧရာမစွမ်းပကားရှင် ထိပ်သီးအဆင့်မှာသာ ရှိသေးသည်။
အတိဒုက္ခစမ်းသပ်ချက်ကို အောင်မြင်စွာ မခံယူရသေးပါက သူ့ခန္ဓာကိုယ်က ထိပ်သီးအခြေအနေသို့ မရောက်ရှိနိုင်ပေ။
သို့သော် အထွတ်အထိပ်ခန္ဓာ၏ စွမ်းအားကြောင့် သူ စမ်းသပ်ချက် မခံယူရသေးခင်မှာပင် သူ့ ခန္ဓာကိုယ်က ထိပ်ဆုံးသို့ ရောက်ဖို့ လုံလောက်နေပြီဖြစ်သည်။
ဝိဇ္ဇာအဆင့်သို့ မရောက်ခင်မှာပင် ရှန်ထျန်း၏ ခန္ဓာကိုယ်က ထာဝရတစ်ပိုင်း ကျင့်ကြံသူနှင့်ပင် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။
သူ၏ လူသားဧကရာဇ်ခန္ဓာက နောက်ထပ်တစ်ဆင့်သို့ ရောက်ရှိသွားသည့်အတွက် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားလည်း တစ်ခါထပ်မံတိုးမြင့်သွားပြန်သည်။
ယခု သူက ထာဝရအရှင်များကို လက်ဗလာနှင့် တိုက်ခိုက်နိုင်ပြီဖြစ်သည်။
သူသာ သေခြင်းရှင်ခြင်းစမ်းသပ်ခြင်းကို ဖြတ်ကျော်သွားနိုင်ပါက သူ၏ အသွေးအသားက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ သန့်စင်ခြင်းကို ခံရပြီး တစ်ခါထပ်မံ အသွင်ပြောင်းသွားစေနိုင်သည်။
ရှန်ထျန်းက သာမန်ထာဝရအရှင်များကို သတ်ဖြတ်ဖို့အတွက် ယုံကြည်မှု ရှိနေပြီဖြစ်သည်။
သို့သော် ဧရာမ စွမ်းပကားရှင် ထိပ်သီးအဆင့်မှ သေခြင်းရှင်ခြင်း စမ်းသပ်ချက်ကို ရောက်ရှိသွားလျှင် ရှန်ထျန်းအနေဖြင့် ကံကြမ္မာကောင်းများစွာကို ဆုံးရှုံးရမှာ သေချာသည်။
ထို့ကြောင့် ရှန်ထျန်းက အဆင့်တက်အောင် မလုပ်ဖို့ စီစဉ်ထားခြင်း ဖြစ်သည်။
ရှန်ထျန်း ရုတ်တရက် ခန္ဓာကိုယ် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သူက ထိုအရာကို တစ်ခါမက ခံစားဖူးသည့်အတွက် ရင်းနှီးနေပြီးသားဖြစ်သည်။
ထိုအရာက သူ့ကံကြမ္မာ တိုးတက်နေသော ခံစားချက် ဖြစ်သည်။
ရှန်ထျန်း အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေမိသည်။
ငါ့ကံကြမ္မာ တစ်ခါထပ်ပြီးတော့ တိုးတက်လာပြန်ပြီ
ငါ ဒီနေ့ကို စောင့်နေတာကြာပြီ
ရှန်ရှောင်က ရှန်ထျန်း၏ ကျေးဇူးကြောင့် မီးစာကျမ်း အမွေအနှစ်ကို ရရှိသွားခဲ့သည်။ ထို့ကြောင့် ရှန်ထျန်းလည်း အပြန်အလှန်အနေဖြင့် သင့်တော်သော ကံကြမ္မာပမာဏကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ခေါက် မတူညီတော့ပေ။
ရှန်ရှောင်က ရှုပ်ထွေးပွေလီ ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားသော ကံကြမ္မာသမီးတော် ဖြစ်သည့်အတွက် သူမ၏ ကံကြမ္မာက စိတ်ကူးမယဉ်နိုင်လောက်အောင် ကျယ်ပြန့်သည်။
သူမ ရရှိထားသော ကံကြမ္မာ အရမ်းထိတ်လန့်စရာကောင်းသည်။
ရှန်ထျန်းက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ကြေးမုံကို ထုတ်ကြည့်လိုက်သည်။
သူ့ခေါင်းပေါ်ရှိ တောက်ပနေသော အလင်းတန်းကို ကြည့်ပြီး အင်မတန် စိတ်လှုပ်ရှားနေမိသည်။
ခရမ်းရောင်အလင်းတန်းက သူ့ခေါင်းပေါ်တွင် အင်မတန် တောက်ပနေသည်။ ခရမ်းဖျော့ရောင် ရောင်ဝါစက်ဝန်းက ကြည့်နေစဉ်မှာပင် ပိုမိုတောက်ပလာကာ ခရမ်းရင့်ရောင်အထိ ပြောင်းလဲသွားသည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါနေသည်။
ယခုတစ်ခေါက် ရရှိလိုက်သော ကံကြမ္မာက သူ ရရှိဖူးသမျှထဲတွင် အမြင့်ဆုံး ဖြစ်သည်။
ဒီထက်ပိုပြီးအရေးကြီးသည်က အချိန်ကောင်းမှာ ရရှိသွားခြင်း ဖြစ်သည်။
သူ ဒီအခွင့်အရေးကို အသုံးပြုကာ ဧရာမစွမ်းပကားရှင်အဆင့်မှ သေခြင်းရှင်ခြင်းကပ်ဘေးနယ်ပယ်အဆင့်သို့ ရောက်အောင် လုပ်ရမည် ဖြစ်သည်။
ကျင့်ကြံဆင့်တက်သွားခြင်းက သူ့ ကံကြမ္မာကို လျော့ကျစေသော်လည်း သူ အခုလေးတင် ရရှိထားသော ကံကြမ္မာအပို ရှိနေသေးသည်။ ရှန်ထျန်းက သေခြင်းရှင်ခြင်းစမ်းသပ်ချက်ကို စိန်ခေါ်ဖို့အတွက် သူ့ ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို လည်ပတ်ဖို့အတွက် တွေဝေခြင်း မရှိပေ။
အဆုံးမဲ့ အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာကာ ရောင်စုံအလင်းတန်း လျှံထွက်လာသည်။
သူ့ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်း စွမ်းအားကြီး အရှိန်အဝါကလည်း တိမ်တိုက်များထဲသို့ ဝင်ရောက်သွားသည်။
ကမ္ဘာကြီးက ပြောင်းလဲသွားကာ နေနှင့်လပင် သူတို့၏ အရောင်များကို ဆုံးရှုံးသွားသည်။
စမ်းသပ်ချက် တိမ်တိုက်များ စုဝေးလာကာ အင်မတန် သိပ်သည်းနေပြီး တုန်လှုပ်စေသော အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။
မီးခိုးရောင် စမ်းသပ်ချက်တိမ်တိုက်က ကောင်းကင်နှင့် နေကို ပိတ်ဆို့ထားကာ ကောင်းကင်တစ်ခွင်လုံးကို ဖျက်စီးစွမ်းအားများဖြင့် လွှမ်းခြုံထားလိုက်သည်။
မျက်စိတဆုံးကြည့်လိုက်လျှင် စမ်းသပ်ချက်တိမ်တိုက်များကို နေရာအနှံ့တွင် တွေ့နိုင်သည်။
ထိုထဲတွင် ထိတ်လန့်စရာကောင်းသော ဖြစ်တည်မှု သုံးထောင်ပါဝင်ပုံပေါ်ပြီး သူတို့၏ ဟိန်းဟောက်သံများက ကောင်းကင်ကို တုန်လှုပ်သွားစေသည်။
တိမ်တိုက်ထဲရှိ ထိတ်လန့်စရာကောင်းသော ဖြစ်တည်မှု တစ်ခုချင်းစီက နားလည်နိုင်သည်ထက် ကြောက်ဖို့ကောင်းလှသည်။
တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကို မြင်လိုက်ရပါက ကြောက်ရွံ့တုန်လှုပ်သွားကြမည် ဖြစ်သည်။
ဤစမ်းသပ်ချက်က သက်ရှိအားလုံးကို နှိမ်နင်းပစ်ချင်သကဲ့သို့ ထိတ်လန့်စရာကောင်းလှသည်။
ယခု စမ်းသပ်ချက်စွမ်းအားက ရှန်ထျန်း ယခင်က ဖြတ်ကျော်ခဲ့ဖူးသော တာအိုစမ်းသပ်ချက် သုံးထောင်အောက် အားနည်းခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဤစမ်းသပ်ချက်က နတ်ဘုရား ကိုယ်ထည်မာစမ်းသပ်ချက် သုံးထောင် ဖြစ်သောကြောင့်ဖြစ်သည်။
တာအိုစမ်းသပ်ချက် သုံးထောင်က ချီသန့်စင်ခြင်းစနစ်တွင် ကြောက်စရာအကောင်းဆုံး ကောင်းကင်စမ်းသပ်ချက်ဖြစ်လျှင် နတ်ဘုရားကိုယ်ထည်မာ စမ်းသပ်ချက်သုံးထောင်က နတ်ဘုရားကိုယ်ထည်မာ စနစ်တွင် ကြောက်စရာအကောင်းဆုံး ကောင်းကင် မိုးကြိုးစမ်းသပ်ချက် ဖြစ်သည်။
ကောလဟာလများအရ ကမ္ဘာဦးနတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများသာလျှင် ဤစမ်းသပ်ချက်ကို ခံနိုင်ရည်ရှိသည်ဟု ပြောကြသည်။
ရှန်ထျန်းက ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် ကောင်းကင်သို့ ပျံသန်းသွားသည်။ သူက လေဟာနယ်ထဲတွင် မတ်တပ်ရပ်ကာ အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။
ရှုပ်ထွေးပွေလီ အငွေ့အသက်က ထွက်ပေါ်လာကာ သူ့ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။
ရှန်ထျန်းက တခြားကမ္ဘာမှ ထာဝရအရှင်ကဲ့သို့ ဖြစ်နေပြီး ရှုပ်ထွေးပွေလီ စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ နတ်ဘုရား၊ နတ်ဆိုးများနှင့်မတူ သွေးသံရဲရဲ တိုက်ပွဲတစ်ခုကို တိုက်တော့မည့်ပုံစံ အသွင်ဆောင်နေသည်။
ဂျိန်း…
မိုးခြိမ်းသံက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။
ကောင်းကင်မိုးကြိုးစမ်းသပ်ချက်က ပိုမိုနက်နဲလာကာ အင်မတန် တောက်ပနေသည့်အတွက် တစ်စုံတစ်ယောက်၏ စိတ်ကို တုန်လှုပ်ခြောက်ခြားစေသည်။
ကောင်းကင် မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်ထဲတွင် ပုံရိပ်သုံးထောင်၏ စွမ်းအားက ကောင်းကင်ဘုံထဲသို့ ဝင်သွားကာ ကောင်းကင်ဘုံကို တုန်လှုပ်စေသည်။
ထိုပုံရိပ်များက ဤလောကကို လုံးဝ ဖျက်စီးချင်သည့်ပုံပေါ်သည်။
“ တိုက်ခိုက်လိုက်စမ်း”
ကောင်းကင်ထိ ထိုးဖောက်သွားသော အသံတစ်ခုကို ကြားလိုက်နိုင်သည်။
ရှန်ထျန်း၏ ကိုယ်နှုတ်အမူအရာက ပြိုင်ဘက်ကင်းလှသည်။ သူက လေဟာနယ်ကို တက်နင်းကာ ကောင်းကင် မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်ဆီသို့ ဦးတည်သွားလိုက်သည်။
ရှန်ထျန်း၏ လွှမ်းမိုးမှုကြောင့် ကောင်းကင်မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များက ပြင်းထန်လာသည်။
ဝုန်း…
မရေတွက်နိုင်သော ကောင်းကင် မိုးကြိုးစမ်းသပ်ချက်များ ကျဆင်းလာကာ တောက်ပသော အံ့ဖွယ်အလင်းတန်းကို ထုတ်လွှတ်နေသည့်အတွက် ကောင်းကင်ကို တစ်စစီ ဖြစ်သွားစေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ခွင်လုံးကို အဆုံးမဲ့ အံ့ဖွယ်အလင်းတန်းများဖြင့် ဖုံးလွှမ်းထားလိုက်သည်။
မိုးကြိုးက တောက်ပနေပြီး ပြိုင်ဘက်ကင်း ထိတ်လန့်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသည်။
ကောင်းကင် မိုးကြိုးစမ်းသပ်ချက်က နတ်ဘုရားကိုယ်ထည်မာ သုံးထောင်အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကို တုန်ခါသွားစေသည်။
သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့်စရာကောင်းသော စမ်းသပ်ချက်အလင်းတန်းများဖြင့် လွှမ်းခြုံထားကာ ကောင်းကင်ကို သူတို့ လက်တစ်ချက်ယမ်းလိုက်ရုံဖြင့် တစ်စစီဖြစ်အောင် လုပ်နိုင်သည်။
နတ်ဘုရားကိုယ်ထည်မာသုံးထောင် ပေါ်လာသည့်အချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပြောင်းပြန်လှန်တော့မည့်အသွင် ဆောင်နေသည်။
ကောင်းကင်က ပြောင်းလဲသွားပြီး အကန့်အသတ်မဲ့ သွေးမိုးများ ထွက်ပေါ်လာပုံပေါ်သည်။
သူတို့ဆီမှ ထွက်လာသော စွမ်းအားက ထိန်းမရ သိမ်းမရဖြစ်ကာ ထာဝရတစ်ပိုင်း ကျင့်ကြံသူများကိုပင် အလွယ်တကူ သတ်လို့ရနိုင်သည်။
ရှန်ထျန်း၏ မျက်နှာထားက လုံးဝ မပြောင်းလဲကြပေ။ သူ ရဲရင့်စွာဖြင့် ရှေ့တိုးသွားလိုက်သည်။
သူက အဆုံးမဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်ကို ထိန်းချုပ်နိုင်သည့်အတွက် နတ်ဘုရားကိုယ်ထည်မာ သုံးထောင်နှင့် ရင်ဆိုင်သည့်အခါ အထွတ်အထိပ်စွမ်းအားကို ယူဆောင်လာနိုင်သည်။
ထိုအချိန်တွင် ကောင်းကင်နှစ်ခြမ်းကွဲသွားသည်။
ရှန်ထျန်း၏ အရှိန်အဝါက ထိတ်လန့်စရာကောင်းပြီး လက်များကို ဆန့်တန်းကာ အဆုံးမဲ့ အံ့ဖွယ်စွမ်းအားကို လွှတ်ထုတ်နေသည်။
သူက ပြိုင်ဘက်ကင်းစွမ်းအားကို ထုတ်ကာ နတ်ဘုရားကိုယ်ထည်မာ သုံးထောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။
သူ၏ တိုက်ခိုက်မှုများက နတ်ဘုရားကိုယ်ထည်မာ အများအပြားကို တစ်စစီဖြစ်သွားစေကာ စမ်းသပ်ချက်မိုးကြိုးအဖြစ်သို့ ပြောင်းလဲသွားစေသည်။
အကန့်အသတ်မဲ့ အံ့ဖွယ်အလင်းတန်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားသည့်အခါ ကောင်းကင် ချက်ချင်းတစ်စစီ ဖြစ်သွားကာ ဤကမ္ဘာကို လုံးဝ လွှမ်းခြုံလိုက်သည်။
ကြောက်စရာကောင်းသော လှိုင်းဂယက်များကြောင့် ကမ္ဘာလောကကို ပြင်းထန်စွာ တုန်ခါစေသည်။
ဤနေရာတွင်ရှိသော အထွတ်အထိပ် တိုက်ပွဲက အနီးအနားရှိ အရာအားလုံးကို ဖျက်စီးတော့မည့်အသွင် ဆောင်နေသည်။
နတ်ဘုရားကိုယ်ထည်မာ စမ်းသပ်ချက် သုံးထောင်၏ စွမ်းအားက အရမ်းကြောက်ဖို့ကောင်းပြီး ထာဝရတစ်ပိုင်း ပါရမီရှင်များကို အလွယ်တကူ ဝါးမျိုနိုင်သည်။
နတ်ဘုရားကိုယ်ထည်မာ သုံးထောင် တစ်ချိန်တည်း ထွက်ပေါ်လာသည့်အခါ သူတို့ကို ဆန့်ကျင်တိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ထာဝရအရှင်များပင် သွေးထွက်သံယိုဖြစ်သွားနိုင်သည်။
သို့သော် သူတို့၏ တိုက်ခိုက်မှုများ ရှန်ထျန်းအပေါ်သို့ ကျရောက်သွားသည့်အခါ ခန္ဓာကိုယ်ကို အနည်းငယ်သာတုန်ရီသွားစေပြီး သူ့အပေါ် အကျိုးသက်ရောက်မှု မများပြားပေ။
ရှန်ထျန်း၏ ခန္ဓာကိုယ်က အံ့ဖွယ်အလင်းတန်းဖြင့် စီးဆင်းသွားကာ အကန့်အသတ်မဲ့ စွမ်းအားများလည်း ပါဝင်နေသည်။
ထိုစွမ်းအားကြောင့် နတ်ဘုရားကိုယ်ထည်မာများ အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်အထိ တိုက်ခိုက်လိုက်သည်။
အချိန်ခဏအတွင်းမှာပင် နတ်ဘုရားကိုယ်ထည်မာ စမ်းသပ်ချက် သုံးထောင်အားလုံး တစ်စစီဖြစ်သွားကာ ကောင်းကင်ရှိ မိုးကြိုးစမ်းသပ်ချက် တိမ်တိုက်များပင် ပျောက်ကွယ်သွားသည်။
ရှန်ထျန်း ရှေ့တိုးလာသည့်အခါ သူ့ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်စရာကောင်းသော စမ်းသပ်ချက် အလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ရှန်ထျန်းက ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးအသွင်ကို ဆောင်နေသည်။
ယခု ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ဖျက်စီးခံလိုက်ရသည့်အတွက် သူ့ ခွန်အားကို အဆမတန် တိုးတက်သွားစေသည်။
တစ်စုံတစ်ခုကို အမှတ်ရသွားသည့်ပုံစံဖြင့် ရှန်ထျန်းက ကြေးမုံကို ထပ်မံထုတ်ယူလိုက်သည်။
သူ့ခေါင်းပေါ်ရှိ ရောင်ဝါစက်ဝန်းက ခရမ်းရင့်ရောင် ဖြစ်နေဆဲဖြစ်သည်။
ယခုတစ်ခေါက် သူ အဆင့်တက်သွားသော်လည်း ရှန်ထျန်း၏ ကံကြမ္မာ ကျဆင်းသွားခြင်း မရှိပေ။
ကျစ်…
ဒါ…ဒါ မဟုတ်ဘူး
ရှန်ထျန်းက စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်
“ ဘာတွေဖြစ်ကုန်တာလဲ။ ဒီတစ်ခေါက် အဆင့်တက်တာကို ဘာလို့ ငါ့ကံကြမ္မာက ကျဆင်းမသွားရတာလဲ။ ဒါ အဓိပ္ပာယ်မရှိဘူး”
ရှန်ထျန်း စိတ်ရှုပ်ထွေးသွားသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။
မီးစာကျမ်းကို ကျင့်ကြံခြင်းက တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ကျဆင်းစေနိုင်သည်။
ထိုအရာက နှစ်သန်းပေါင်းများစွာ ကြာသည်အထိ အပြောင်းအလဲ မဖြစ်ခဲ့သော အရာတစ်ခု ဖြစ်သည်။
သို့သော် ယခု သေခြင်းရှင်ခြင်း နယ်ပယ်အဆင့်သို့ ရောက်သွားသော်လည်း ကံကြမ္မာ ဆုံးရှုံးသွားခြင်း မရှိသည့်အတွက် မယုံကြည်နိုင်ဖြစ်နေသည်။
ဒါက လူသားဧကရာဇ် စည်းတံဆိပ်ကြောင့်များလား
သူ့လက်ဖဝါးထဲရှိ လူသားဧကရာဇ်စည်းတံဆိပ်က သူ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးဖို့အတွက် ဆန်းကြယ်စွမ်းအား ထုတ်လွှတ်နေသည်ကို ခံစားကြည့်လို့ ရသည်။
အဆင့်တက်နေစဉ် ထုတ်လွှတ်သော ကျိန်စာက စည်းတံဆိပ်ကြောင့် သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လို့မရ ဖြစ်နေသည်။
ထို့ကြောင့် ယခုတစ်ခေါက် ရှန်ထျန်း၏ ကံကြမ္မာက မကျဆင်းသွားခြင်း ဖြစ်သည်။
ထိုအကြောင်းကို တွေးမိပြီး ရှန်ထျန်း အပျော်လွန်သွားသည်။
လူသားဧကရာဇ်စည်းတံဆိပ်တွင် ထိုကဲ့သို့သော အကျိုးသက်ရောက်မှု ရှိနေမည်ဟု ထင်မထားပေ။ ထိုကဲ့သို့သော ရတနာရှိနေသည့်အတွက် ရှေ့လျှောက် သူ့ကံကြမ္မာကျဆင်းမည်ကို စိုးရိမ်စရာမလိုတော့ပေ။
ထိုအရာက ပျော်ရွှင်စရာကောင်းသော အရာတစ်ခု ဖြစ်သည်။
ထိုအဟန့်အတားများ မရှိဘဲ သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားလို့ မရနိုင်ပေ။
ထို့ကြောင့် ရှန်ထျန်းက သက်တမ်းရင့် စွမ်းအားရှင်များကို အချိန်တိုအတွင်း လိုက်မှီဖို့ ယုံကြည်မှုရှိသွားသည်။
သူ့ကျင့်ကြံဆင့် မြင့်မားလာလေလေ အခြေအနေကို ပြောင်းလဲနိုင်လေလေ ဖြစ်၏။