မင်းတို့အားလုံး တစ်ခါတည်းတိုက်ကြ
Vol. 34(Final) Ch. 496
အခန်း (၄၉၆) : မင်းတို့အားလုံး တစ်ခါတည်းတိုက်ကြ
ကျန်းထိုက်ယီ၏ စကားများကို ကြားကာ ရှန်ထျန်းက ပို၍ တောက်တောက်ပပ ပြုံးလိုက်မိသည်။
သူ့ဝတ်စုံအဖြူက ထာဝရအရှင်တစ်ပါး ကမ္ဘာမြေဆီ ဆင်းသက်လာသည့်အလား လေဖြင့် တလွှင့်လွှင့် ဖြစ်နေသည်။
“ လာစမ်းပါ … မိုးကြိုးတော်ဝင်ကျမ်းဆိုတာ ဘယ်လောက်အားကောင်းလဲ ကြည့်ချင်မိသား ”
ကျန်းထိုက်ယီက ပြုံးကာ “ အဲဆိုလည်း ခံစားကြည့်လိုက် ”
သူက ရှေ့ထွက်လာကာ စင်မြင့်ဆီ ခုန်တက်လာကာ အဆုံးမဲ့ မိုးကြိုးများ ထုတ်လွှင့်လာပြီး မြေပြင်ပေါ် လင်းလက်သွားစေသည်။
ဓာတ်နှော နတ်မိုးကြိုးများစွာက ကောင်းကင်အပြည့် ဖြစ်လာကာ ဝင့်ဝင့်စွားစွား တောက်ပလာပြီး ဖိအားပြင်းပြင်းကို ထုတ်လွှင့်လာသည်။ ကောင်းကင်က မိုးကြိုးလျှပ်စီးချက်ကြောင့် နှစ်ပိုင်း ပိုင်းသွားပြီး ဤနေရာကြီးအား မိုးကြိုးသန့်စင်ရာ နေရာအဖြစ် ပြောင်းလိုက်ဟန်ပေါ်သည်။
ကျန်းထိုက်ယီက မိုးကြိုးပင်လယ်ထဲ အေးအေးလူလူ လမ်းလျှောက်လှမ်းလာသည်။
ရှန်ထျန်းက တိတ်တဆိတ် အံ့ဩသွားရင်း အကြည့်တို့ တောက်ပလာလေသည်။
ကျန်းထိုက်ယီက ၁၁ ကြိမ်မြောက် အတိဒုက္ခလွန် စွမ်းအားကြီးဝိဇ္ဇာ ဖြစ်သော်လည်း သူ ထုတ်လွှင့်နေသည့် အရှိန်အဝါက ၁၅ ကြိမ်မြောက် ထာဝရတပိုင်းအဆင့်အောက် မလျော့နည်းပေ။
သူက ဤမျိုးဆက်၏ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သည် ဤမျှအားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တကယ်ကို ပါရမီရှင်ပဲ …
ထို့အပြင် ကျန်းထိုက်ယီ ကျင့်ကြံသော မိုးကြိုးတော်ဝင်ကျမ်းသည် အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းထက် ပို၍ အားကောင်းနေသည်။
သို့သော်လည်း ရှန်ထျန်း သိထားသည့် အံ့ဖွယ်မိုးကောင်းကင် ပညာရပ်နှင့် မနှိုင်းယှဉ်နိုင်ချေ။
ကမ္ဘာဦး ကောင်းကင်စစ်သူကြီး ၁၀၈ ဦးက အံ့ဖွယ်မိုးကောင်းကင် ပညာရပ်ကို ချန်ထားခဲ့သည့်အတွက် နဂိုကတည်းက ဆန်းကြယ်ကာ နက်နဲလှသည်။
ယခု ရှန်ထျန်က အခြားကောင်းကင်တာအိုများနှင့် ပေါင်းစပ်ထားပြီးပြီ ဖြစ်၍ ပို၍ ကြောက်ဖို့ကောင်းလာသည်။
ထို့ကြောင့် ရှန်ထျန်း သိထားသည့် နတ်မိုးကြိုးကျင့်စဉ်များက အထွတ်အထိပ် မိုးကြိုး ပညာရပ်များနှင့် ယှဉ်နိုင်ပြီး ပြိုင်ဖက်ကင်းလှသည်။
…………....
ကျန်းထိုက်ယီက သူ့အရှိန်အဝါကို ထုတ်လွှင့်ထားပြီး မိုးမြေအား မှေးမှိန်လာအောင် ပြုလုပ်ထားပြီးလေပြီ။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည် “ လက်လျော့လိုက်လို့ နောက်မကျသေးဘူး။ စောင့်ကြည့်လိုက် … မိုးကြိုးက မင်း ဒဏ်ရာရသွားလောက်အောင်အထိ ပြင်းထန်နိုင်တယ်။ အဲအခါကျမှ ငါ့ကို လာအပြစ်မတင်နဲ့”
ကျန်းထိုက်ယီ၏ အမြင်အရ ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့လို ပြိုင်ဖက်ကင်း ပါရမီရှင်များသာ သူ့ကို မီနိုင်လေသည်။
သူက ရှန်ထျန်းလိုမျိုး အမည်မရှိသူကို အလွယ်လေး ထိခိုက်စေနိုင်သည်။
ရှန်ထျန်းက ခပ်ယဲ့ယဲ့ပြုံးကာ “ လာစမ်းပါ ”
ကျန်းထိုက်ယီ၏ လေသံက ဖြည်းဖြည်းချင်း အေးစက်လာကာ ရှန်ထျန်းအား သင်ခန်းစာ ပေးနိုင်တော့မည်ဟု ခံစားနေရသည်။
“ တိုက် ” ကျန်းထိုက်ယီက အော်ပြောလိုက်သည်။
သူက ဓာတ်နှောနတ်မိုးကြိုးကို အသုံးပြုလိုက်သောကြောင့် သူ့လက်ထဲ ဆန်းကြယ်သော သင်္ကေတများပေါ်ထွက်လာလေသည်။
ဓာတ်နှောနတ်မိုးကြိုးများက ကြယ်တာရာကြွေကျလာသလိုမျိုး ကောင်းကင်တခွင် တလက်လက် တောက်ပနေပြီး အံ့ဖွယ်သက်တံအရိပ်သာ ချန်ရစ်ထားခဲ့သည်။
ကောင်းကင်က မည်းမှောင်လာကာ နေလတို့ပင် မှေးမှိန်သွားလေသည်။
……………...
ပါရမီရှင်များစွာက စင်မြင့်အပြင်ဘက်တွင် ရပ်နေကြပြီး တိုက်ပွဲကို အပြည့်အဝ အာရုံစိုက်ထားကြသည်။
ပထမ အကြောင်းအရင်းမှာ ကျန်းထိုက်ယီက အလွန်အားကောင်း၍ ဖြစ်ပြီး သူ့ပါရမီက ယခုမျိုးဆက် ပါရမီရှင်များအတွင်း ထိပ်တန်းဝင်တစ်ယောက် ဖြစ်ကြောင်း ဆိုရပေမည်။ ထို့ကြောင့် သူ့တိုက်ပွဲကို ကြည့်ခြင်းဖြင့် အကျိုးမြတ်များစွာ ရလာနိုင်သည်။
ဒုတိယအနေနှင့် သူတို့က ရှန်ထျန်း သူ့ဘာသာ အရူးလုပ်မိမည်ကို မြင်ချင်မိကြသည်။ ထိုအမျိုးသမီး ကျင့်ကြံသူများစွာက သူတို့ ရှက်လာသည့်အထိ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ထားကြသည် မဟုတ်ပါလော။
ကျန်းထိုက်ယီက ချက်ချင်း လှုပ်ရှားလိုက်သည်ကို မြင်သောအခါ တစ်ယောက်က ပြောလိုက်သည် “ ကျန်းထိုက်ယီက တံခါးပိတ်လေ့ကျင့်ပြီးတော့ ပိုအားကောင်းလာသလိုပဲ။ အဲဒီလူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကိုတောင် စိန်ခေါ်ရဲတယ်ဆိုတော့ သေချင်နေတာပဲ ဖြစ်ရမယ် ”
“ ကြောက်စရာကောင်းလိုက်တာ … ဓာတ်နှောနတ်မိုးကြိုးတွေအများကြီးနဲ့ ထာဝရတပိုင်းအဆင့်တောင် တားဆီးနိုင်မှာ မဟုတ်ဘူး။ သူတော့ သွားပြီ”
“အဲဒီကောင်ချောလေးတော့ မိုးကြိုးကြောင့် ကင်ပြီးသား ဖြစ်တော့မယ် ”
အားလုံးက ရှန်ထျန်းတစ်ယောက် အရှက်ကွဲသွားမည်ကို မြင်ချင်သောကြောင့် ကျီစယ်စနောက်နေသလို ပြုမူနေကြသည်။ သို့သော်လည်း သူတို့က ရှန်ထျန်း၏ အမူအယာမှာ မပြောင်းလဲကြောင်း သိလိုက်ရ၏။ သူက တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။
သူက နည်းနည်းလေးမှ မရွေ့ဘဲ မိုးကြိုးချက်ကို ခံယူလိုက်သည်။
ထိုစဉ် မြောက်များစွာသော မိုးကြိုးချက်များက နေရာတစ်ခုလုံးအပြည့် ဖြစ်သွားပြီး စင်မြင့်တစ်လျှောက် မြစ်နှင့်တောင်တန်းများကို လှုပ်ခါသွားနိုင်သည့် ကြောက်မက်ဖွယ် အရှိန်အဝါ ထွက်ပေါ်လာသည်။
မိုးကြိုးချက် ကျဆင်းလာသောကြောင့် အပျက်အစီးအငွေ့အသက်ကို ခံစားမိလာသည်။
ရှန်ထျန်းက မတ်မတ်ရပ်နေဆဲ ဖြစ်ပြီး သူ့ဝတ်စုံအဖြူက လေတလွှင့်လွှင့် လွှင့်နေသည်။ သူ့အနီးတွင် ဖုန်မှုန့်တစ်စက်ပင် မမြင်ရပေ။
ကျန်းထိုက်ယီက မျက်မှောင်ကြုတ်ကာ “ ဟမ် ဘာဖြစ်သွားတာလဲ။ တကယ်ကြီး သက်ရောက်မှု မရှိဘူးလား။ ဓာတ်နှောနတ်မိုးကြိုးစွမ်းအားက လုံလုံလောက်လောက် အားမကြီးလို့လား ”
မည်သူမှ သူ့ဓာတ်နှောနတ်မိုးကြိုးနှင့် အလွယ်တကူ ရင်မဆိုင်နိုင်သောကြောင့် သူက တစ်ခုခု လွဲမှားနေကြောင်း ခံစားလာမိသည်။
ငါ့မိုးကြိုးတာအို ကျင့်ကြံဆင့်က ရက်ပိုင်းလောက်လေး မတိုက်ခိုက်လိုက်တာနဲ့ လျော့ကျသွားတာလား …
ထိုအထိ တွေးလိုက်ပြီးနောက် ကျန်းထိုက်ယီက မျက်မှောင်ကြုတ်ကာ အားအပြည့်ထုတ်တိုက်ဖို့ ပြင်လိုက်သည်။
ဝုန်း
ပြင်းထန်လွန်းသည့် အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။
ကျန်းထိုက်ယီဘေးနားတွင် မိုးကြိုးလျှပ်စီးများ မြင်နေရပြီး နေမင်းကြီးလိုမျိုး တခြားသူများ၏ အမြင်အား အလင်းစူးသွားစေသည့်အထိ တောက်ပနေသည်။
သူ့နောက်တွင် ဖိအားပြင်းပြင်းနှင့် ဧရာမ မိုးကြိုးပုံရိပ်သဏ္ဌာန်ကြီးတစ်ခု ထွက်ပေါ်လာသည်။ မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော ထိုပုံရိပ်သဏ္ဌာန်က ကောင်းကင်တခွင် ဖုံးလွှမ်းသွားကာ သူ့အား မိုးကြိုးနတ်ဘုရားအသွင် ထင်မှတ်ရစေသည်။ သူက လှုပ်ရှားလိုက်သည့်အခါ လေဟာနယ်အပိုင်းအစများကို ခြေမွပစ်လိုက်သည့် အဆုံးမဲ့မိုးကြိုးများ ထွက်ပေါ်လာသည်။
ထိုစဉ် ရှန်ထျန်းက အသက်ပြင်းပြင်းရှုလိုက်ပြီး “ ငါ့အလှည့် ”
သူ့အရှိန်အဝါတို့က ထိပ်ဆုံးအထိ အမြန်အဆန် မြင့်တက်သွားကာ ပြိုင်ဖက်ကင်း လေထုမျိုး ထုတ်လွှင့်လာသည်။
နောက်အခိုက်အတန့်လေး၌ သူ့အနား ရှုပ်ထွေးပွေလီ မိုးကြိုးချက်များ ထွက်ပေါ်လာကာ မိုးကြိုးပင်လယ် ဖြစ်လာပြီး နေရာအနှံ့ ပျံ့နှံ့သွားလေသည်။
မိုးကြိုးချက် တစ်ချက်ချင်းစီက ကြောက်မက်ဖွယ် အငွေ့အသက်မျိုး ထုတ်လွှင့်နေသည်။
သူက ရှုပ်ထွေးပွေလီ မိုးကြိုးချက်များ ဖုံးလွှမ်းထားသည့် ညာလက်သီးဖြင့် ထိုးခွင်းလိုက်သည်။
“ ဘာ ”
ကျန်းထိုက်ယီက မယုံကြည်နိုင်စွာ မျက်လုံးအပြူးသား ဖြစ်လာသည်။
သူက ဓာတ်နှောနတ်မိုးကြိုးကို ထိန်းချုပ်နိုင်သည်မှာ သူ မွေးဖွားလာကတည်းက မိုးမြေမှ နတ်မိုးကြိုးဖြင့် ကောင်းချီးပေးခံထားရ၍ ဖြစ်ပြီး မိုးကြိုးတော်ဝင်ကျမ်းကို ကျွမ်းကျင်အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။
သို့သော်လည်း ရှုပ်ထွေးပွေလီ နတ်မိုးကြိုးက သူ လက်လှမ်းမမီသည့်အရာ ဖြစ်၏။
ထိုအရာက မိုးကြိုးဇစ်မြစ် ဖြစ်ပြီး ထိပ်တန်းစွမ်းအားကို ဖော်ညွှန်းလေသည်။ သို့သော်လည်း အမည်မရှိသူတစ်ဦးက ပိုင်ဆိုင်ထားသောကြောင့် သူက အတော်လေး အံ့အားသင့်မိသွားသည်။
ရှုပ်ထွေးပွေလီ နတ်မိုးကြိုး၏ စွမ်းအားက ဓာတ်နှောနတ်မိုးကြိုးအား တုန်ခါသွားစေပြီး ယှဉ်ပြိုင်ရန် မဝံ့ရဲအောင် လုပ်နေသည်။
ထိုစဉ် ရှန်ထျန်းက စတင် တိုက်ခိုက်လိုက်ပြီး ရှုပ်ထွေးပွေလီ နတ်မိုးကြိုးက စင်မြင့်တစ်ခုလုံး ဖုံးလွှမ်းသွားလေသည်။ မိုးကြိုးပုံရိပ်သဏ္ဌာန်က ချက်ချင်း ဝါးမျိုခံလိုက်ရပြီး သူ့ဓာတ်နှောနတ်မိုးကြိုးက အဆုံးသတ်သွားရသည်။
ကျန်းထိုက်ယီက ကြိုးပြတ်သွားသည့် စွန်တစ်ခုလိုမျိုး အလျှင်အမြန် နောက်ဆုတ်လိုက်သည်။ မိုင်အတော်အတန် နောက်ဆုတ်ပြီးမှ သူ့ဘာသာ တည်ငြိမ်အောင် လုပ်နိုင်လိုက်၏။
သူက အော်ပြောလိုက်သည် “ မဖြစ်နိုင်ဘူး။ ငါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ကျန်းထိုက်ယီပါ။ မိုးကြိုးပညာရပ်မှာ ဘယ်လိုလုပ် တခြားသူအောက် နိမ့်ကျရမှာလဲ။ သေစမ်း ငါ အကုန်ထုတ်တိုက်မယ် ”
သူက မျက်မှောင်ကြုတ်ကာ အံ့ကြိတ်လိုက်ရင်း ရှေ့တိုးလာသည်။
ကျန်းထိုက်ယီကို မိုးကြိုးများ ခြံရံသွားလေသည်။ သူက မိုးကြိုးနှင့် တစ်သားတည်း ဖြစ်နေသည့်အလား လေထဲရပ်နေသည်။ သူက ကောင်းကင်စမ်းသပ်ချက်ကိုပင် ထိန်းချုပ်နိုင်သည့်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားဟန်ပေါ်၏။
ကျန်းထိုက်ယီက လက်ဖိချလိုက်သည့်အခါ အာကာပြင်က ပျက်စီးသွားပြီး လေဟာနယ် မငြိမ်မသက် ဖြစ်လာသည်။
မိုးကြိုးစမ်းသပ်ချက်က ကောင်းကင်ယံတွင် စုဝေးနေပြီး မြေပြင်ပေါ် ကျဆင်းလာကာ မိုးမြေကိုပင် တုန်ခါသွားစေသည်။
ထိုအနက်ရောင် မိုးကြိုးစမ်းသပ်ချက်က အရှည်အားဖြင့် ပေတစ်သောင်းရှိပြီး ဖျက်စီးလိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ မြောက်များစွာသော အနက်ရောင် မိုးကြိုးချက်များက အားပြင်းပြင်း ရိုက်ခတ်လာပြီး အထွတ်အထိပ်စင်မြင့်အား လှုပ်ခါသွားစေသည်။
အဝေးတစ်နေရာတွင် နဂိုတိုက်ခိုက်နေသည့် ပြိုင်ဖက်ကင်း ပါရမီရှင်များက ထိုစွမ်းအားကြောင့် ဆွဲဆောင်ခံလိုက်ရပြီး တအံ့တဩ ဖြစ်လာကြသည်။
ရှန့်ယန်ရှုက မေးစေ့ပွတ်ကာ မေးလိုက်သည် “ ကျန်းထိုက်ယီက ရူးသွားပြီလား။ တားမြစ်ပညာရပ်ကို ဘာလို့ ထုတ်သုံးနေတာလဲ ”
နယ်မြေငါးခု၏ ထိပ်တန်း ပါရမီရှင်များအနေနှင့် သူတို့အားလုံးက တစ်ယောက်ချင်းစီ၏ တိုက်ပွဲနည်းစနစ်များအပေါ် နက်နက်နဲနဲ နားလည်ထားကြသည်။
ရှန်းကျုံးလော့၏ အကြည့်တို့က လေးနက်လာကာ “ ငါတို့အပြင် ကျန်းထိုက်ယီကို ဒီလောက်အထိ ဖိအားပေးနိုင်တဲ့လူ ရှိနေတာပဲ။ စိတ်ဝင်စားစရာကောင်းသား နောက်ထပ် ပါရမီရှင်ပေါ်လာတော့မဲ့ပုံပဲ … ”
ကျန်းထိုက်ယီ၏ အင်အားအရ သူက ထိပ်တန်းထဲမှ တစ်ယောက် ဖြစ်၏။
သူက အဆုံးအစွန်အထိ ဖိအားပေးခံရသည်ကို မြင်ပြီး အားလုံးက ယာယီရပ်လိုက်ကြပြီး ပြပွဲကြည့်ဖို့ ပြင်လိုက်ကြသည်။
................
တစ်ဖက်တွင် ဝမ်ရှုကျိနှင့် အောင်းလေ့တို့လည်း တိုက်ခိုက်မှု ရပ်လိုက်ကြသည်။ သူတို့အင်အားက လက်ရည်တူနေသောကြောင့် အနိုင်ရသူကို ဆုံးဖြတ်ဖို့ မလွယ်ပေ။
လက်ရှိ ဝမ်ရှုကျိက ကျန်းထိုက်ယီ တိုက်ခိုက်နေသည့် စင်မြင့်ဆီ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်ထဲ လှည့်စားမှုအားလုံးကို ထိုးဖောက်မြင်နိုင်သည့်အလား အဆုံးမဲ့ ကြယ်တာရာတို့ စီးဆင်းနေဟန်ပေါ်သည်။
ဝမ်ရှုကျိက သူ့ မွေးရာပါ ကောင်းကင်တာအို မျက်လုံးအား အသက်သွင်းလိုက်ပြီး ရှန်ထျန်းကို လေ့လာလိုက်သည်။ သို့သော်လည်း သူက ကြည့်မိလေလေ မျက်မှောင်ကြုတ်လာမိလေလေ ဖြစ်၏။
အကြောင်းမှာ ဝမ်ရှုကျိက ရှန်ထျန်းကို ထိုးဖောက်မမြင်နိုင်မှန်း သတိပြုမိသွားသောကြောင့် ပို၍ အံ့အားသင့်မိသွားသည်။ သူ့ကောင်းကင်တာအိုမျက်လုံးဖြင့်ပင် ရှန်ထျန်းအား ထိုးဖောက်မမြင်နိုင်ပေ။
အောင်းလေ့က လက်ပိုက်ကာ နှာခေါင်းရှုံ့လိုက်သည် “ ကျန်းထိုက်ယီတော့ အဖြစ်ဆိုးတော့မယ်။ သူက အစ်ကိုရှန်ယွမ်ကို သွားရန်စထားလိုက်မိပြီ ”
အောင်းလေ့သည် ရှန်ထျန်း တစ်ခါတိုက်ထားဖူးသည်ကို မြင်ဖူးသောကြောင့် သူက ပြိုင်ဖက်ကင်းသည်ဟု ဆိုလို့ရအောင်အထိ အားကြီးမှန်း သိထားလေသည်။ သူက ထာဝရတပိုင်းအဆင့်ကိုပင် လက်တစ်ချောင်းကွေးရုံလောက်ဖြင့် သတ်ပစ်နိုင်သည်။ သူက သူတို့နှင့် အဆင့်တူတည်ရှိမှုမျိုး မဟုတ်ပေ။
ကျန်းထိုက်ယီက ဤသို့ပြိုင်ဖက်ကင်း လူမျိုးနှင့် ယှဉ်ပြိုင်ရဲသောကြောင့် သူက အရိုက်နှက်ခံဖို့ တောင်းဆိုနေသည် မဟုတ်ပါလော။
သို့သော်လည်း အောင်းလေ့မှလွဲ၍ အခြားလူများက ကျန်းထိုက်ယီသည် တားမြစ်ပညာရပ်ကို ထုတ်သုံးလိုက်သောကြောင့် သေချာပေါက် အနိုင်ရလိမ့်မည်ဟု တွက်ထားကြသည်။ နယ်မြေငါးခု၌ ထိပ်တန်းပါရမီရှင်ကြား၌ပင် လူတချို့ကသာ တားဆီးနိုင်ကြလေသည်။
သို့သော်လည်း ရှန်ထျန်းက ကွဲပြားလွန်းလှသည်။
သူ့ဆီ တိုက်ရိုက်တိုးဝင်လာနေသည့် အနက်ရောင် မိုးကြိုးတိမ်တိုက်များကို ကြည့်လိုက်ပြီးနောက် ရှန်ထျန်းဆီမှ ထွက်ပေါ်လာသော အရှိန်အဝါတို့က ပေါက်ကွဲထွက်လာသည်။
သူ့အကြည့်တို့၌ လူများကို ဝါးမျိုနိုင်သည့်အလား လျှပ်စီးများဖြင့် တလက်လက် ဖြစ်သွားလေသည်။
သူ့ပုံရိပ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး စည်းမျဉ်းများစွာက တောက်တောက်ပပ လင်းလက်ထွက်ပေါ်လာကြသည်။ သူက စမ်းသပ်ချက်မိုးကြိုးများဖြင့် တစ်သားတည်းအဖြစ် ပေါင်းစပ်သွားလေသည်။ သူက မိုးမြေကိုပင် ထိန်းချုပ်နိုင်သည့် တားမြစ်ပညာရပ်ကို ထုတ်သုံးလိုက်ပြီး စွမ်းအားပိုပြင်းသော အရှိန်အဝါကို ထုတ်လွှင့်လိုက်သည်။
ဤသည်မှာ ကပ်ဘေးတဖန် ဖြစ်၏။
သို့သော်လည်း အံ့ဖွယ်မိုးကောင်းကင် ပညာရပ်ဖြင့် တိုးတက်လာပြီးနောက် မိုးကြိုးတော်ဝင်ကျမ်းအပေါ် ရှန်ထျန်း၏ နားလည်နိုင်စွမ်းမှာ အထွတ်အထိပ်သို့ ရောက်သွားလေပြီ။
သူက စမ်းသပ်ချက်မိုးကြိုး အရင်းအမြစ် ဖြစ်လာပြီး မိုးကြိုးတာအိုစည်းမျဉ်းအားလုံးကို ထိန်းချုပ်ထားလေသည်။
ရှန်ထျန်း၏ အင်္ကျီလက်ဖျား ခါလိုက်သည့်အခါ အပြောင်းအလဲကြီး တစ်ခု ဖြစ်လာသည်။
မူလက သူ့ဆီ ရောက်လာသည့် အနက်ရောင် မိုးကြိုးများသည် လေထဲတွင် ရုတ်ချည်း ရပ်တန့်ခံလိုက်ရသည်။
ကျန်းထိုက်ယီက ကြောင်အမ်းသွားပြီး ပါးစပ်ဟောင်းလောင်းဖြင့် “ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
သူက ထိုမိုးကြိုးများကို ဆက်လက် မထိန်းချုပ်နိုင်တော့ကြောင်း သတိပြုမိလိုက်သည်။ သူ့လက်ထဲမှ ထိန်းချုပ်မှုကို တစ်စုံတစ်ယောက်က အတင်းကျပ်ခိုးယူသွားသလိုမျိုး ဖြစ်၏။
ထိုစဉ် ရှန်ထျန်းက အသာ လက်ခါလိုက်ပြီးနောက် ပြောလိုက်သည် “ တိုက် ”
ထိုအနက်ရောင် မိုးကြိုးများက ကျန်းထိုက်ယီဆီ ပြန်ရောက်သွားလေသည်။
“ မဖြစ်နိုင်ဘူး … တကယ်ကြီးလား။ အမလေး ငါ့ကို လာမပစ်နဲ့ ”
ကျန်းထိုက်ယီကို မိုးကြိုးများ လွှမ်းခြုံသွားသောကြောင့် ဆိုးဆိုးဝါးဝါး အော်ငြီးလိုက်ရသည်။
အထွတ်အထိပ် စင်မြင့်တွင် မိုးကြိုးများအပြည့် ဖြစ်နေပြီး စွမ်းအားကြီး အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။
ကျန်းထိုက်ယီက မြောက်များစွာသော မိုးကြိုးချက်များအတွင်း ခေါင်းငုံ့ထားကာကြွက်တစ်ကောင်လိုမျိုး အော်ငြီးနေသောကြောင့် အတော်လေး သနားစဖွယ် ဖြစ်နေသည်။
အားလုံးက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းသွားကြသည်။ သူတို့က မျက်လုံးအပြူးသားဖြင့် အံ့ဩတကြီး ဖြစ်နေကြသည်။ သူတို့က မျက်လုံးပွတ်ကာ ရေရွတ်လိုက်ကြ၏ “ ငါ ဘာမြင်လိုက်တာလဲ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် မိုးကြိုးအပစ်ခံလိုက်ရတာလား။ ကျစ်ကျစ် ငါ့ကမ္ဘာ့အမြင်ကြီးတော့ မွစာကျဲသွားပြီ ”
အားလုံးက ကျန်းထိုက်ယီသည် မိုးကြိုးသားတော် ဖြစ်ပြီး မိုးကြိုးအားလုံးက သူ့ထံ ခယနေကြောင်း သိထားကြသည်။
အတိတ်တုန်းက သူသာလျှင် အခြားလူများကို မိုးကြိုးပစ်ခဲ့သူ ဖြစ်၏။ သူ့ကို မိုးကြိုးဖြင့် မည်သူကဖြင့် ပြန်ပစ်နိုင်မည်နည်း။ ထို့ကြောင့် ဤဖြစ်ရပ်ကြီးက အံ့ဖွယ် ဖြစ်နေသည်။
……………...
မိုးကြိုးချက်များ ၁၅ မိနစ်လောက် မရပ်မနား ကျဆင်းလာပြီးနောက် တိမ်တိုက်က ဖြည်းဖြည်းချင်း လွှင့်ပျယ်သွားလေသည်။
ကျန်းထိုက်ယီက မြေပြင်ပေါ် လဲကျနေပြီး သူ့ကို ကြည့်ရသည်မှာ မီးသွေးတုံးလို ဖြစ်နေလေသည်။ သူ့ဝတ်စုံအဖြူများက ပျက်စီးနေပြီး ဆံပင်များလည်း တွန့်လိမ့်နေကာ မျက်နှာကား မည်းတူးနေသည်။ သူ့ပါးစပ်မှ မီးခိုးငွေ့များ ထွက်လာလေသည်။ သူ့ကြည့်ရသည်မှာ ပြိုင်ဖက်ကင်း ပါရမီရှင်နှင့်ပင် မတူတော့ပေ။
ကျန်းထိုက်ယီ၏ မျက်နှာအထက် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး “ ဟူး ဒီလိုဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကောင်းကင်တာအိုရေ ဒီမှာ တစ်ယောက်ယောက် လိမ်နေတယ်ဗျို့ ”
ကျန်းထိုက်ယီက ရှန်ထျန်း၏ မိုးကြိုးပညာရပ် နားလည်နိုင်စွမ်းသည် အလွန်တရာ မြင့်မားပြီး သူ့ကိုပင် ကျော်လွန်သွားလိမ့်မည်ဟု မထင်ထားပေ။
အံ့ဖွယ်မိုးကောင်းကင် တပည့်က ဘယ်သူတုန်း။
……………....
ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့တို့လည်း အံ့အားသင့်သွားကြသည်။ သူတို့အနေနှင့် ကျန်းထိုက်ယီတစ်ယောက် ဆိုးဆိုးရွားရွား ဖြစ်သွားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
ရှန့်ယန်ရှုက ပြုံးကာ “ ဒီလိုအားကောင်းတဲ့ မိုးကြိုးတာအို ကျင့်ကြံသူက နယ်မြေငါးခုမှာ ဘယ်တုန်းက ပေါ်လာတာလဲ။ ငါတို့တွေ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ ”
ရှန်းကျုံးလော့က သူ့အား စိုက်ကြည့်လိုက်ပြီး မေးလိုက်သည် “ ဘာလဲ။ မင်းလည်း သွားစမ်းကြည့်ချင်တာလား ”
ရှန့်ယန်ရှုက ပြုံးလိုက်ပြီး “ ဒါပေါ့ ”
“ အဲဆိုလည်း သွားကြတာပေါ့ ”
ရှန်းကျုံးလော့က တိုက်ပွဲစင်မြင့်ဆီ တန်းသွားလိုက်ကြသည်။
တစ်ဖက်တွင် ဝမ်ရှုကျိလည်း ကျန်းထိုက်ယီ ရှိရာဆီ လျှောက်လှမ်းလာသည်။
အောင်းလေ့က မျက်မှောင်ကြုတ်ကာ “ ငါတို့တိုက်ပွဲ မပြီးသေးဘူး။ ဘယ်သွားတာလဲ ”
ဝမ်ရှုကျိက အေးစက်စက် ပြန်ပြောလိုက်သည် “မင်းက အရမ်းအားနည်းတယ်။ ငါ့အားကုန်ထုတ်သုံးလာအောင် ဖိအားမပေးနိုင်ဘူး ”
သူ့စကားအဆုံးတွင် ချက်ချင်း လှည့်ထွက်သွားလေသည်။
အောင်းလေ့က ဒေါသထွက်ကာ ဝမ်ရှုကျိအား တားချင်ပြီး သူတို့ကြားမှ အနိုင်ရသူကို ဆုံးဖြတ်ခိုင်းချင်သော်လည်း ဝမ်ရှုကျိ ဦးတည်ရာနေရာကို မြင်လိုက်ပြီးနောက် ရပ်တန့်လိုက်သည်။
အောင်းလေ့က ထေ့ငေါ့ပြောလိုက်သည် “ သူက အစ်ကိုရှန်ယွမ်ကို ပြဿနာသွားရှာရဲတာပဲ။ နောက်ပိုင်းကျ ဘယ်လောက်တောင် ဆိုးရွားနေမလဲ ကြည့်ဦးမယ် ”
အောင်းလေ့က လက်နောက်ပစ်ကာ အပြုံးလေး ဖြစ်တည်လာရသည်။
သူတို့သာမကပေ။ အထွတ်အထိပ် စင်မြင့်ပေါ်ရှိ တခြားပါရမီရှင်များလည်း တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ ရှန်ထျန်းရှိရာဆီ ရောက်လာကြသည်။
ရှန်ထျန်းက ကျန်းထိုက်ယီအား အနိုင်ယူခဲ့သောကြောင့် သူ့အင်အားကို သက်သေပြပြီးသား ဖြစ်သွားလေသည်။
အကယ်၍ သူတို့သာ သူ့ကို အနိုင်ယူနိုင်လျှင် သူတို့က သူတို့ဘာသာ သက်သေပြနိုင်လိမ့်မည်။ ထိုစဉ် ပါရမီရှင်အားလုံး နေရာတစ်ခုတည်းပေါ် ရောက်လာကြသည်။
...................
ရှန်ထျန်းက ကျန်းထိုက်ယီဘေးနား လျှောက်လာကာ “ ဟန်ဆောင်မနေနဲ့။ ငါတို့ ဆက်တိုက်ကြဦးမှာလား”
ရှန်ထျန်းက တစ်ဂိုဏ်းတည်းသား ကျန်းထိုက်ယီအပေါ် အားများစွာ မသုံးထားခဲ့ပေ။ သူ့အတွက် မျက်နှာသာပေးရဦးမည် မဟုတ်ပါလော။
ကျန်းထိုက်ယီက ရှန်ထျန်း စကားကို ကြားသည်နှင့် ချက်ချင်း ထခုန်လိုက်သည်။ သူက ဆံပင်သပ်ကာ ခါးသက်စွာ ပြုံးလိုက်ရင်း “ တော်ပြီ … မင်း ဒီလောက် အားကောင်းလိမ့်မယ်လို့ မထင်မိဘူး။ ငါ ယုံသွားပြီ ”
ရှန်ထျန်းက ကျန်းထိုက်ယီ အတော်ဆုံးအရာ၌ အပြည့်အဝ အနိုင်ပိုင်းပစ်ခဲ့လေသည်။
သူ့အနေနှင့် မယုံကြည်စရာ မရှိတော့ပေ။ နောက်တစ်ဖန် မိုးကြိုးထပ်မမှန်ချင်တော့ပေ။
မိုးကြိုးချက် ထိမှန်ခြင်းကို နောက်တစ်ကြိမ် ဘယ်တော့မှ မခံစားချင်တော့ပေ။
……………....
ရှန်ထျန်းက ပြုံးလိုက်ကာ ခေါင်းခါလိုက်ပြီး “ အဲဆိုလည်း ထားလိုက်ပါတော့ ”
ထို့နောက် ကျန်းထိုက်ယီက မေးလိုက်သည် “ အဲဆို ဒီလိုအားကောင်းတဲ့ မိုးကြိုးပညာရပ်ကို သင်ကြားပေးတဲ့ ခင်ဗျားရဲ့ ဆရာကို သိပါရစေ ”
သူက မယုံကြည်နိုင် ဖြစ်နေဆဲ ဖြစ်သည်။ ရှန်ထျန်း အသုံးပြုလိုက်သော မိုးကြိုးပညာရပ်က သူ့မိုးကြိုးတော်ဝင်ကျမ်းနှင့် အတော်လေး ဆင်တူနေသည်။
အကယ်၍ ကျန်းထိုက်ယီသာ သူတို့အထွတ်အမြတ်မြေ၌ ဤသို့ပါရမီရှင်မျိုး မရှိကြောင်း အသေအချာ မသိထားလျှင် သူ့ကို အနိုင်ကျင့်ဖို့ ထွက်လာသည့် ဘိုးဘေးဟုပင် ထင်မှတ်မိလိမ့်မည်။ ရှန်ထျန်းက အလွန် အားကောင်းလှ၏။
ရှန်ထျန်းက ပြုံးလိုက်ပြီး မေးလိုက်သည် “ ဘာလို့လဲ။ သင်ချင်လို့လား။ သင်ချင်ရင် သင်ပေးမယ်လေ ”
ကျန်းထိုက်ယီက ကြောင်အမ်းသွားလေသည်။ သူက ရှန်ထျန်းသည် ဤသို့ပြောလာလိမ့်မည်ဟု မထင်ထားပေ။
ကျန်းထိုက်ယီ၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ယင်ယင် ဖြစ်သွားလေသည်။ သူက ရှန်ထျန်း၏ မိုးကြိုးပညာရပ် နားလည်နိုင်စွမ်းသည် မည်မျှနက်နဲကြောင်း ကိုယ်တိုင် ကြုံတွေ့ထားသောကြောင့် သူ့ဆီမှ သင်ယူနိုင်ခဲ့လျှင် …
ကျန်းထိုက်ယီက သူ့စွမ်းအား နောက်တစ်ဆင့် မြင့်သွားဖို့ ယုံကြည်ချက်ရှိ၏။
ထိုအခါ ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့လို ပါရမီရှင်မျိုးပင် သူ့အတွက် ဘာမှဟုတ်တော့မည် မဟုတ်ချေ။
ဤနေရာအထိ စဉ်းစားလိုက်ပြီးနောက် ကျန်းထိုက်ယီက အလွန်စိတ်လှုပ်ရှားပြီး ထပ်မံ အတည်ပြုလိုက်သည် “တကယ်ကြီးလား။ ငါ တကယ်သင်လို့ရလား ”
ရှန်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။ သူတို့က ဂိုဏ်းအတူတူ ဖြစ်သောကြောင့် သူ့ကို သေချာစောင့်ရှုပေးရမည်။
ရှန်ထျန်းက သဘောတူကြောင်း မြင်လိုက်ပြီးနောက် ကျန်းထိုက်ယီက တိမ်ပေါ်ရောက်မတတ် ပျော်ရွှင်သွားတော့သည် “ ရား ငါတော့ ပြိုင်ဖက်ကင်း ဖြစ်လာတော့မယ် ”
.................
ထိုစဉ် သူတို့ဘေးမှ တိုက်ပွဲကွင်းမှ ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။ သူတို့က လေထဲတွင် ရပ်ကာ ကြောက်ခမန်းလိလိ အရှိန်အဝါများ ထုတ်လွှင့်နေလေ၏။ ထိုနှစ်ယောက်က ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့တို့ ဖြစ်ကြသည်။
ပြိုင်ဖက်ကင်း ပါရမီရှင်များက တိုက်ပွဲကို လိုလားကြသောကြောင့် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်ကို မြင်သည်နှင့် သူတို့က လက်ရည်စမ်းကြည့်ချင်ကြသည်။
ရှန့်ယန်ရှုက ရှေ့တိုးလာပြီး လက်နှစ်ဖက်ယှက်လိုက်ကာ “ နာမည်သိလို့ရမလား ”
သူတို့က ကျန်းထိုက်ယီကို အနိုင်ယူခဲ့သည့် ပါရမီရှင်ကို မြင်တွေ့လိုကြသည်။
ရှန်ထျန်းက ပြုံးလိုက်ပြီး ပြောလိုက်သည် “ ရှန်ယွမ် ”
ရှန်ထျန်းက ထိုလူများ၏ ခေါင်းအထက်ကို ကြည့်လိုက်ပြီးနောက် တောက်တောက်ပပ ပြုံးလိုက်သည်။ အကြောင်းမှာ ထိုလူများက ပြိုင်ဖက်ကင်း ပါရမီရှင် ဖြစ်ရုံသာမက ကံကြမ္မာသားတော်များလည်း ဖြစ်နေကြသည်။
အားလုံးက ခရမ်းရောင် ရောင်ဝါစက်ဝန်း ပိုင်ရှင်များ ဖြစ်ကြ၏။
ရှန်ထျန်းက စိတ်လှုပ်ရှားကြသည်။
ဒီတစ်ကြိမ် ငါတော့ သိုးတွေအများကြီးရတော့မှာပဲ …
..................
ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့တို့က အချင်းချင်း အကြည့်ဖလှယ်ကာ နှစ်ယောက်လုံး နားမလည်ကြောင်း မြင်လိုက်ကြသည်။ သူတို့က ရှန်ယွမ်ကို တစ်ခါမှ မကြားဖူးသောကြောင့် သူ့အကြောင်း တစ်ခုမှ မသိထားပေ။
သို့သော်လည်း ထိုအရာက သူနှင့် တိုက်ခိုက်ချင်သည့်စိတ်ကို မရပ်တန့်နိုင်ပေ။
ရှန်းကျုံးလော့က ရှေ့တိုးလာကာ ကြောက်မက်ဖွယ် အငွေ့အသက်တို့ ထုတ်လွှင့်လိုက်ပြီး “ ငါနဲ့ တစ်ပွဲလောက် တိုက်”
သူအကြည့်တို့က စိတ်အားထက်သန်မှုအပြည့် ဖြစ်နေလေပြီး ယုံကြည်ချက်ရှိလှကြောင်း သိသာလှသည်။
သူက ရှန်ထျန်း၏ တိုက်ပွဲစွမ်းရည်ကို အသိအမှတ်ပြုထားပြီးပြီ ဖြစ်သည်။ သို့သော်လည်း ရှန်ထျန်းက ပြန်မပြောနိုင်ခင် ရှန့်ယန်ရှုလည်း ရှေ့တိုးလာကာ ရှန်းကျုံးလော့ရှေ့ ပိတ်ရပ်လိုက်သည်။
“ အရင်ဆုံး ငါက ညီအစ်ကိုရှန်နဲ့ လက်ရည်စမ်းသင့်တယ် ထင်တယ် ”
တိုက်ပွဲအငွေ့အသက်အပြည့်နှင့် ရှန့်ယန်ရှုက ဤအားကောင်းလှသည့် ပြိုင်ဖက်မျိုးကို တခြားသူဆီ အပါမခံလိုပေ။
မျှော်လင့်မထားစွာ နောက်ထပ် ပုံရိပ်တစ်ခု ထပ်မံ ရောက်လာသည်။
“ငါ အရင်တိုက်မယ် ”
ဝမ်ရှုကျိက ပြင်းထန်လွန်းသည့် ဖိအားများကို ထုတ်ဖော်လိုက်သည်။ သူက ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့တို့ကို ဂရုမစိုက်သည့်အလား ရှန်ထျန်းကိုသာ တည့်တည့်စိုက်ကြည့်လိုက်သည်။
ဝမ်ရှုကျိက ရှန်ထျန်းရှေ့ ရောက်လာပြီး အေးစက်စက် ပြောလိုက်သည် “ မင်းက ငါအားကုန်ထုတ်သုံးရလောက်အောင် ဆန်းကြယ်ပြီးတော့ ထိုက်တန်တယ်”
ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီဝမ်ရှုကျိက အတော်လေး ဟန်ဆောင်တတ်တာပဲ …
……………...
သို့သော်လည်း ရှန်ထျန်း ဘာမှမပြောနိုင်ခင် နောက်ထပ် ပုံရိပ်တချို့ ရောက်ရှိလာပြန်သည်။
လေပြင်းပြင်း တိုက်ခတ်လာပြီး လေဟာနယ် အက်ကွဲသွားသည်။ ထို့နောက် အာကာပြင်စွမ်းအားနှင့် ယင်ယန်စွမ်းအားတို့ ထွက်ပေါ်လာကာ လူငယ်လေးတစ်ဦး ထွက်ပေါ်လာသည်။
သူ့နဖူးအထက် ခွန်ပန်အမှတ်အသား ရှိပြီး သူ့နောက်မှ ယင်ယန်တောင်ပံတို့က မရပ်မနား တဖြတ်ဖြတ် ခတ်နေပြီး အံ့ဖွယ်အလင်းများ ထုတ်လွှင့်နေသည်။
ဤလူက လေထဲ ရပ်နေကာ အဆုံးမဲ့လေဟာနယ်ကိုပင် အလွယ်တကူ ဝါးမျိုနိုင်စွမ်းရှိသည့်ပုံပေါ်နေသည်။
သူက ရှောင်ခွန်ပန် ဖြစ်၏။ ခွန်ပန်က ကမ္ဘာဦးသားရဲမှ မျိုးဆက် ဖြစ်ပြီး ကမ္ဘာဦးခွန် သွေးမျိုးဆက်နှင့် ကောင်းကင်ပန် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။
ထို့အပြင် ယင်ယန်တောင်ပံများက ၁၄ ကြိမ်မြောက် အတိဒုက္ခလွန် ထာဝရတပိုင်းအဆင့်များကို အလွယ်လေး သတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားတို့ ပိုင်ဆိုင်ထားသည်။
ရှောင်ခွန်ပန် ပေါ်လာပြီးနောက် ရှန်ထျန်းကို မကြည့်ခင် ဝမ်ရှုကျိအား တစ်ချက်ကြည့်လိုက်သည်။
“ သူက ငါနဲ့အရင်ဆုံး တိုက်ခိုက်သင့်တယ် ”
ခဏအကြာတွင် ဇာမဏီဟစ်ကြွေးသံကို ကြားလိုက်ရပြီး “ မင်းက ဘာလို့အရင်ဆုံးသွားရမှာလဲ။ ငါ အရင်ဆုံး ဖြစ်သင့်တာ ”
ကောင်းကင်ယံတွင် မီးတောက်များ ပြည့်နှက်နေပြီး သူတို့ဆီ ထွက်ပေါ်လာသည့် အရှိန်အဝါက သက်ရှိအားလုံးကို လောင်ကျွမ်းပစ်နိုင်လောက်သည်။
ဇာမဏီတိုက်ပွဲချပ်ဝတ် ဝတ်ဆင်ထားသည့် နောက်ထပ် အမျိုးသားက ရှောင်ခွန်ပန်ရှေ့ ရောက်လာသည်။ သူက အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှင့်နေပြီး ဇာမဏီမီးတောက်များ ဝန်းရံထားသောကြောင့် ပိုကြောက်စရာကောင်းနေသည်။
ထိုလူ ပေါ်ထွက်လာသည်နှင့် ဘေးပတ်ဝန်းကျင်ရှိ အပူချိန်က နေမင်းကြီး ရောက်ရှိလာသလိုမျိုး မြင့်တက်လာသည်။
ထိုလူက ထာဝရဇာမဏီမျိုးနွယ်မှ ဟွမ်ကျို့ထျန်း ဖြစ်၏။
သူသာလျှင် မကဘဲ အခြားသော ပါရမီရှင်များလည်း အပြေးအလွှားရောက်လာကြသည်။ သို့သော်လည်း သူတို့ ရောက်လာသည်နှင့် စတင် ငြင်းခုံကြတော့သည်။ သူတို့အားလုံးက ရှန်ထျန်းနှင့် အရင်ဦးစွာ တိုက်နိုင်ဖို့အတွက် အလုအယက် ဖြစ်နေကြသည်။
……………....
ပါရမီရှင်အားလုံးက အံ့အားသင့်နေကြသည်။ သူတို့က များပြားစွာသော ထိပ်တန်း ပါရမီရှင်များက ရှန်ယွမ်ကို စိန်ခေါ်လိုကြမည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
သူက ပါရမီရှင်တွေအများကြီးကို ဆွဲဆောင်နိုင်လောက်အောင် ဘယ်လိုဆွဲဆောင်မှုမျိုး ရှိနေတာလဲ
ထိုစဉ် ရှန်ထျန်းက မဲ့ရွဲ့သွားတော့သည်။ သူက သူ့ရှေ့မှ လူအုပ်ကြီးကို ကြည့်နေရင်း ပြောစရာပင် ပျောက်ဆုံးသွားတော့သည်။
သူတို့အားလုံးက ဘာလို့ ငါနဲ့ တိုက်ချင်နေရတာလဲ …
ငါ့ကို ဘယ်သူများ ထင်နေကြတာတုန်း … မင်းတို့ ရိုက်ချင်တိုင်း ရိုက်လို့ရမဲ့ သဲအိတ် မှတ်နေလား
အဲဆိုရင်တော့ မင်းတို့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်မယ် …
ရှန်ထျန်းက မျက်ခုံးပင့်ကြည့်လိုက်ရင်း ရှေ့တိုးလာကာ “အားလုံး စိတ်အေးအေးထားကြပါ။ ငါ့ဆီမှာ အကြံပြုချင်တာလေး ရှိတယ်။ အားလုံး တစ်ခါတည်း တိုက်ရင်ရော ဘယ်လိုလဲ။ အဲဆို အချိန်ခြွေတာပြီးသား ဖြစ်သွားပြီလေ ”
ရှန်ထျန်း စကားအဆုံးတွင် နေရာတစ်ခုလုံး ငြိမ်ကျသွားသည်။
ထိုပြိုင်ဖက်ကင်း ပါရမီရှင်များလည်း ကြောင်အမ်းသွားကြသည်။ သူတို့က အံ့ဩမှုအတိုင်းသားဖြင့် ရှန်ထျန်းအား ကြည့်လိုက်ကြသည်။ သူတို့က ရှန်ထျန်းသည် ထိုသို့ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက အရမ်းစိတ်ကြီးဝင်လွန်းနေသည်။