← Chapters

လုံးလုံးလျားလျား ပြောင်းလဲမှု

Vol. 34(Final) Ch. 500

လုံးလုံးလျားလျား ပြောင်းလဲမှု

Vol. 34(Final) Ch. 500

အခန်း (၅၀၀)  :  လုံးလုံးလျားလျား ပြောင်းလဲမှု

ထိုထာဝရမိစ္ဆာဝိညာဉ် သုံးယောက်က လေထဲတွင် ရပ်နေရင်း မိစ္ဆာအငွေ့အသက်များ ထုတ်လွှင့်နေကြသည်။ ကောင်းကင်က မည်းမှောင်လာပြီး အလင်းများကို ပိတ်ဆို့ထားလိုက်သည်။

ဝိညာဉ်တုန်လုမတတ် မိစ္ဆာအငွေ့အသက်က နေရာတစ်ခုလုံး ပျံ့နှံ့သွားသည်။

ထိုမိစ္ဆာဝိညာဉ်များက ယခင် ထာဝရမိစ္ဆာဝိညာဉ်များထက် ပိုအားကောင်းလေသည်။ ထိုမိစ္ဆာဝိညာဉ်များ၏ ခေါင်းဆောင်ကို မိစ္ဆာမီးတောက်များဖြင့် ဝန်းရံထားပြီး လေဟာနယ် မိုင်တစ်သောင်းလောက်ကို အလွယ်တကူ လောင်ကျွမ်းပစ်နိုင်သည်။

သူက ငရဲချောက်နက်မှ မိစ္ဆာနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရကာ မည်သူမှ သူနှင့် မယှဉ်နိုင်ပေ။ သူက အခြားသော ထာဝရမိစ္ဆာဝိညာဉ်များထက် အားကောင်းမှန်း သိသာလှ၏။

ထိုလူက မိစ္ဆာဝိညာဉ်တပ်၏ ခေါင်းဆောင် ကွေ့လီ ဖြစ်ပေသည်။

ပြင်ပလောကမှ မိစ္ဆာဝိညာဉ်များက သူ့ဦးဆောင်မှုအောက်တွင် တောင်ပိုင်းနယ်မြေဆီ ကျူးကျော်လာကြခြင်း ဖြစ်သည်။ ဤသို့သော မြင်ကွင်းက အားလုံးကို မျှော်လင့်ချက် ပျက်သုန်းသွားစေသည်။

အားနည်းသော ကျင့်ကြံသူများက မေ့လဲသွားကြသည်။ ထာဝရတပိုင်း ကျင့်ကြံသူများပင် အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။

နယ်မြေငါးခု၏ လက်ရှိအင်အားအရ မည်သူကမှ ထိုမိစ္ဆာဝိညာဉ်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

တောင်ပိုင်းနယ်မြေက ဒီနေ့ ကျရှုံးရတော့မှာလား …

………….....

ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်က ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူတို့အကြည့်တို့၌ မကျေနပ်မှုများ ထင်ဟပ်လာသည်။ သူတို့အမြင်အရ လူသားကျင့်ကြံသူများသည် သူတို့အား ဘာပြဿနာမှ မဖြစ်စေနိုင်သည့် ပုရွက်ဆိတ်မျှသာ ဖြစ်၏။

ရှန်ထျန်း တစ်ယောက်တည်းကသာ ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ စိတ်ဝင်စားမှုကို ရယူသွားခဲ့သည်။

ကွေ့လီက နှာခေါင်းရှုံ့ကာ “ ကောင်လေး မင်း တွေးကြည့်ပြီးပြီလား။ မင်းက ငါတို့ကို ရတနာပေးမလား ဒါမှမဟုတ်‌‌ သေတဲ့အထိ နှိပ်စက်ခံမလား ကြိုက်တာရွေး ”

သူက ဟွမ်ထျန်း စစ်တုရင်ခုံကို သူ့အပိုင်အဖြစ် မှတ်ယူပြီးပြီ ဖြစ်ရာ လူသားများအား သူတို့မသေခင် ရုန်းကန်နေရပုံကို တွေ့မြင်ချင်သေးသည်။

ရှန်ထျန်း၏ အကြည့်တို့က ရေခဲတမျှ အေးစက်လာကာ “ စမ်းကြည့်လိုက်လေ ”

ဤသည်မှာ သူ့အတွက် ထိပ်ဆုံး အခြေအနေရှိနေသည့် ထာဝရအဆင့်နှင့် ပထမဆုံး တိုက်ခိုက်ဖူးခြင်း ဖြစ်၏။

ယခင် ထာဝရမိစ္ဆာဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် ထည့်မတွက်ထားပေ။ သူ့တိုက်ခိုက်ရည်က အတော်အတန် ကျဆင်းနေပြီ မဟုတ်ပါလော။ ထို့အပြင် ရှန်ထျန်းက သူ့ကို သတ်ဖို့ရာ ဟွမ်ထျန်း စစ်တုရင်ခုံ၏ စွမ်းအားကို ထုတ်သုံးခဲ့ရသည်။

ယခု နယ်မြေငါးခု၏ ပါရမီရှင်များက ဟွမ်ထျန်းစစ်တုရင်ခုံကို ထိန်းချုပ်ထားသောကြောင့် သူက ပြန်မယူတော့ပေ။ မဟုတ်လျှင် ထိုပါရမီရှင်များ အန္တရာယ်ကျရောက်သွားနိုင်သည်။

ရှန်ထျန်းတွင် အထွတ်အထိပ် အသုံးအဆောင် ဟွမ်ထျန်းစစ်တုရင်ခုံ၏ ထောက်ပံ့မှု မရှိတော့သော်လည်း သူ့တွင် ဝှက်ဖဲများစွာ ကျန်ရှိနေသေးသောကြောင့် သိပ်ဂရုမစိုက်ပေ။ သူ့တိုက်ခိုက်စွမ်းရည် မည်မျှရောက်နေသည်ကို သိချင်မိသည်။

……………...

ကွေ့လီက သရော်လိုက်သည်  “ ဒီလိုမောက်မာနေတာ … မင်းတို့နှစ်ယောက်လုံး သူ့ကို သွားသတ်ခဲ့ကြ ”

“ ဟုတ် အရှင်ကွေ့လီ ”

ထာဝရမိစ္ဆာဝိညာဉ်နှစ်ယောက်က ကွေ့လီ၏ အမိန့်ကို ရသည်နှင့် ရှန်ထျန်းဆီ ချက်ချင်း ပြေးဝင်လာသည်။ သူတို့က အဆုံးမဲ့ မိစ္ဆာအငွေ့အသက်များ ထုတ်လွှင့်လိုက်ကြသည်။ ကြောက်မက်ဖွယ် မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာပြီး တုန်လှုပ်ဖွယ် မိစ္ဆာအရိပ်ကြီး ဖြစ်တည်လာသည်။

ထိုမိစ္ဆာအရိပ်ကြီးက ပေသိန်းချီ မြင့်မားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ထာဝရမိစ္ဆာဝိညာဉ် နှစ်ယောက်၏ အကြည့်တို့က နီရဲနေပြီး မိုးမြေစွမ်းအားကို ထိန်းချုပ်၍ ရှန်ထျန်းအား ရက်ရက်စက်စက် တိုက်ခိုက်နေကြသည်။

ထိုစဉ် အာကာပြင် အပိုင်းအစတို့ပင် ကြေမွသွားလေသည်။

ထိုကြောက်မက်ဖွယ် မိစ္ဆာအရိပ်ကြီးတွင် ကမ္ဘာတစ်ခုလုံးကို အလွယ်တကူ ဖျက်စီးပစ်နိုင်သည့် စွမ်းအားကို သယ်ဆောင်လာသည်။

ရှန်ထျန်း၏ အကြည့်တို့က တောက်လောင်လာပြီး ကောင်းကင်ယံဆီ ပျံသန်းသွားကာ တိမ်တိုက်ထဲ ဝင်ရောက်သွားရင်း ရွှေရောင်အလင်းတန်းသာ ချန်ထားခဲ့သည်။ သူက ပထမဆုံး အမှတ်အသား ပြုလုပ်လိုက်ပြီး သူ့အရှိန်အဝါက မြေကွဲလုမတတ် ပြင်းထန်လာသည်။

ရှန်ထျန်း ခန္ဓာကိုယ်ဆီမှ အရှိန်အဝါ ပေါ်ထွက်လာကာ နဂါးစစ်တစ်ကောင်၏ စွမ်းအားက သူ့လက်သီးတွင် လွှမ်းခြုံလာသည်။

သူက စွမ်းအားပြင်းပြင်းဖြင့် ထိုးချလိုက်သည့်အခါ သူ့လက်သီးမှ အဆုံးမဲ့အလင်းများ ထွက်လာသည်။ ကမ္ဘာဦးအံ့ဖွယ်နဂါးတစ်ကောင်က ထာဝရမိစ္ဆာဝိညာဉ်များနှင့် ရင်ဆိုင်ပေးနေသည့်အလား ထင်မှတ်ရသည်။

ဝုန်း

ထိပ်တိုက်တွေ့မှုမှ မိုးခြိမ်းသံအလား ထွက်ပေါ်လာကာ မိုးမြေအား တုန်လှုပ်သွားစေသည်။

မိစ္ဆာအရိပ်ကြီး၏ လက်မောင်းက တစစီ ကြေမွသွားပြီး မီးခိုးရောင် မြူခိုးအဖြစ် ပြောင်းကာ ပျောက်ကွယ်သွားသည်။ ထာဝရမိစ္ဆာဝိညာဉ်များက တုန်တုန်ယင်ယင် ဖြစ်သွားကြပြီး နောက်ဆုတ်လိုက်ရသည်။

…………....

ထာဝရမိစ္ဆာဝိညာဉ် တစ်ယောက်က သူ့ဘာသာ ပြန်ထိန်းလိုက်ပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။ အဆုံးမဲ့ မိစ္ဆာမြူခိုးနှင့်တူသည့် အငွေ့အသက်က ရှန်ထျန်းဆီ သွေးမြစ်တစ်စင်းအလား ဝင်ရောက်လာသည်။ ထိုအရာက ထာဝရတပိုင်းအဆင့်ကိုပင် အလွယ်တကူ ဖျက်စီးပစ်နိုင်လိမ့်မည်။

ရှန်ထျန်း၏ အကြည့်များက ခက်ထန်လာကာ သူ့နောက်မှ မီးတောက်လည်း ကောင်းကင်ထိလုမတတ် မြင့်တက်လာသည်။

အံ့ဖွယ်မီးတောက်များက ကောင်းကင်အပြည့်  နေရာယူထားပြီး မိစ္ဆာမြူခိုးနှင့် တူသည့် အငွေ့အသက်အား နောက်ပြန်ဆုတ်အောင် ဖိအားပေးနေသည်။

ပေတစ်သိန်း မြင့်မားသည့် ဇာမဏီပုံရိပ်သဏ္ဌာန် ထွက်ပေါ်လာကာ အံ့ဖွယ်မီးတောက်များနှင့်အတူ ကောင်းကင်ယံထဲ ပျံသန်းသွားလေသည်။ အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်နှင့် နေမီးလျှံအစစ်တို့ကို ထုတ်ဖော်လိုက်သည့်အခါ ကောင်းကင်ပင် နီရဲလာသည်။

မီးတောက်များက သွေးမြစ်နှင့် တွေ့ဆုံသွားသည့်အခါ မျက်စိစူးမတတ် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအံ့ဖွယ်မီးတောက်အောက်တွင် မိစ္ဆာအငွေ့အသက်များက ရေလိုမျိုး လွင့်ပြယ်သွားရသည်။

ထိုမီးတောက်များက ဆက်လက် ထွက်ပေါ်လာပြီးနောက် ထာဝရမိစ္ဆာဝိညာဉ်ကို ဝန်းရံထားလိုက်၏။ ထာဝရမိစ္ဆာဝိညာဉ်က အံ့ဩတုန်လှုပ်မိသွားသည်။ သူက မြန်မြန်နောက်ဆုတ်လိုက်ပြီး ထိုမီးတောက်နှင့် မထိတွေ့ရဲပေ။ ထိုစွမ်းအားက ကြောက်စရာကောင်းလွန်းပြီး ထာဝရအရှင်ကိုပင် ဒဏ်ရာအပြင်းအထန် ရစေနိုင်သည်။

………………...

ထာဝရမိစ္ဆာဝိညာဉ် နှစ်ယောက်က ရှန်ထျန်း ပြသခဲ့သော တိုက်ခိုက်ရည်ကို မြင်ပြီးနောက် လေးလေးနက်နက် အမူအယာ ဖြစ်လာကြသည်။ သူတို့က ဤလူသားသည် သူတို့ထင်ထားသည်ထက် ပိုပြဿနာများကြောင်း သိသွားကြသည်။

“ ပူးပေါင်းရအောင် … သူ ငါတို့နှစ်ယောက်လုံးကို မတားနိုင်ဘူး ”

ထာဝရမိစ္ဆာဝိညာဉ် တစ်ယောက်က ရှေ့တိုးလာသည့်အခါ ကောင်းကင်တစ်ခုလုံး တုန်ခါသွားသည်။

သူ့အနောက်မှ မိစ္ဆာအရိပ်ကြီးက အရှိန်အဝါပြင်းပြင်းဖြင့် လှုပ်ရှားလာကာ ရှန်ထျန်းဆီ ဝင်ရောက်လာသည်။ နောက်ထပ် ထာဝရမိစ္ဆာဝိညာဉ်ကလည်း အဆုံးမဲ့ မိစ္ဆာအငွေ့အသက်များကို ထိန်းချုပ်ကာ ကောင်းကင်အပြည့် မိစ္ဆာလက်နက်များကို ဖြစ်ပေါ်လာစေသည်။

နှစ်ဖက်လုံးက တိုက်ပွဲကြီးကို ဆင်နွဲနေကြပြီး သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုများမှ မိုးမြေ တုန်လုမတတ် သက်ရောက်မှုများ ထွက်လာစေသည်။

ထာဝရမိစ္ဆာဝိညာဉ် နှစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း ရှန်ထျန်းက တည်ငြိမ်နေဆဲ ဖြစ်၏။

သူ့နောက်တွင် ကြော့ရှင်းဖွယ် အလင်းများ စီးဆင်းလာပြီး ပုံရိပ်သဏ္ဌာန်များ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသည်။ ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ပညာရပ်ဖြင့် ရှုပ်ထွေးပွေလီ နတ်မိုးကြိုးကို ထုတ်လွှင့်လိုက်သည်။

အံ့လောက်ဖွယ် မိုးကြိုးက ထာဝရမိစ္ဆာဝိညာဉ်များကို ထိတွေ့သွားသည့်အခါ သူတို့မျက်နှာတစ်ခုလုံး မည်းတူးသွားလေသည်။

သူက ချီလင် ပညာရပ်၏ ချီလင်ခြေလှမ်းကိုးသွယ် ပညာရပ်ကိုလည်း ထုတ်သုံးလိုက်သည်။

ခြေလှမ်းတစ်လှမ်းချင်းစီမှ ကမ္ဘာဦး‌ အံ့ဖွယ်တောင် ဖိနှိပ်လိုက်သည့်အလား ဖိအားပြင်းပြင်း ထုတ်လွှင့်လာသည်။ ထို့အပြင် ဖိအားက ဆက်တိုက် တိုးလာ‌လေ၏။

ရှန်ထျန်းက နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်သည့်အချိန် ထာဝရမိစ္ဆာဝိညာဉ်နှစ်ယောက်လုံး လွှင့်စင်သွားသည်။ သို့သော်လည်း အရာအားလုံးက အဆုံးမသတ်သေးပေ။

ရှန်ထျန်းက ကမ္ဘာဦး ကောင်းကင်စစ်သူကြီး ၁၀၈ ယောက်၏ အထွတ်အထိပ် ပညာရပ်ကို အဆုံးအစွန်အထိ အသုံးပြုလိုက်သည်။ ပညာရပ်တစ်ခုချင်းစီက တာအို ကျင့်ကြံမှုကို အဆုံးအစွန်အထိ မြင့်တင်ပေးပြီး ပြိုင်ဖက်ကင်း စွမ်းအားကို ရရှိလာစေသည်။

ထာဝရမိစ္ဆာဝိညာဉ်နှစ်ယောက်က ဆိုးဆိုးရွားရွား အော်ဟစ်လိုက်ရင်း ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။

သူတို့အနေနှင့် အထွတ်အထိပ် ပညာရှင် ၁၀၈ ယောက်က သူတို့ကို တိုက်ခိုက်သလိုမျိုး ခံစားနေရကာ ကူကယ်ရာမဲ့နေကြသည်။ သူတို့က ပြန်တိုက်သည့်အခါ ရှန်ထျန်းက လေဟာနယ်ထဲ ဝင်၍ တိုက်ခိုက်မှုများကို ရှောင်ရှားပစ်သည်။ ထို ထာဝရမိစ္ဆာဝိညာဉ် နှစ်ယောက်လည်း ဒေါသထွက်လာကာ အော်ဟစ်လိုက်ကြ၏  “ ကောင်စုတ်လေး သတ္တိရှိရင် ထွက်မပြေးနဲ့။ မင်း ထိပ်တိုက် တိုက်ရဲလား ”

သူတို့က ဆက်လက် သည်းမခံနိုင်တော့ပေ။ တကယ့် ယောကျ်ားတစ်ယောက်လိုမျိုး တိုက်ခိုက်ချင်လာသည်။

ထိုစဉ် ရှန်ထျန်းက ရပ်လိုက်ပြီး အေးဆေးစွာ ပြန်ဖြေလိုက်သည်  “ ဒါပေါ့ ငါက သတ္တိရှိတာပေါ့။ ငါက အကြောလျော့နေတာ ပြီးတော့မယ်။ အခု ကစားပွဲကို အဆုံးသတ်ရမဲ့ အချိန်ပဲ”

သူက ထာဝရမိစ္ဆာဝိညာဉ်နှစ်ယောက်အား လေ့ကျင့်ရေး ပစ်မှတ်အဖြစ် အသုံးချကာ သူ့ပညာရပ်များ ထုတ်စမ်းနေခြင်း ဖြစ်၏။ ပညာရပ် ၁၀၈ မျိုးအပေါ် ရှန်ထျန်း၏ နားလည်မှုတို့က ပို၍ နက်နဲလာကာ သူ့အဆုံးမဲ့ အံ့ဖွယ်ပညာရပ်လည်း တိုးတက်လာခဲ့သည်။

ယခု ပျင်းစရာကောင်းသည့် တိုက်ပွဲကို အဆုံးသတ်ပစ်ဖို့ အချိန်ကျရောက်လာလေပြီ။

……………...

ထာဝရမိစ္ဆာဝိညာဉ်များ၏ အကြည့်တို့က ပို၍ ရက်စက်လာသည်။

ဒီကောင်လေးက ဘဝင်မြင့်လွန်းနေသည်။ သူ့ကို ရန်စလိုက်သည်နှင့် ငါးစာတန်းလာဟပ်ပေသည်။

အခု သူ ဘယ်လိုသေမလဲဆိုတာ ကြည့်ရတာပေါ့ …

ရှန်ထျန်း၏ တိုက်ခိုက်ရေး နည်းလမ်းများက အလွန်ဆန်းကြယ်ပြီး သူသာ ဒီလိုဆက်တိုက်နေလျှင် သူတို့ သူ့အား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

မျှော်လင့်မထားစွာ ရှန်ထျန်းက အမှန်တကယ် ထိပ်တိုက် ရင်ဆိုင်ရဲလေသည်။ ထာဝရမိစ္ဆာဝိညာဉ်များက ဘယ်လိုလုပ် မပျော်ဘဲ နေမည်နည်း။ ထာဝရမိစ္ဆာဝိညာဉ် နှစ်ယောက်လုံးက ယုတ်ယုတ်မာမာ ပြုံးလိုက်ရင်း ပြောလိုက်သည်  “ သတ်ကြ ”

သူတို့က ရှန်ထျန်းဆီ ပြေးဝင်သွားသည်။

ထိုစဉ် ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားလေ၏။

အဆုံးမဲ့ မိစ္ဆာမြူခိုးများက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ သွေးနီရောင် အလင်းတို့ ထုတ်လွှင့်နေသည်။ ထိုမီးခိုးရောင် မြူထဲမှ သွေးနီရောင် မျက်လုံးများ တစ်လုံးပြီး တစ်လုံး ပေါ်ထွက်လာကာ ဝိညာဉ်တုန်လှုပ်သွားစေလောက်သည့် အကြည့်မျိုးနှင့် ကြည့်နေကြသည်။

အဆုံးမဲ့ သွေးနီရောင် အလင်းများက မိုးဒလဟောရွာသွန်းလာသလိုမျိုး ကောင်းကင်မှ ဖြာကျလာသည်။ ဤသည်မှာ မိစ္ဆာဝိညာဉ်မျိုးနွယ်၏ အထွတ်အထိပ် တားမြစ်ပညာရပ် ဖြစ်ပြီး နတ်ဧကရာဇ်တပိုင်းကိုပင် သတ်ပစ်နိုင်သည်။

………….....

အားလုံးက အံ့ဩသွားကြပြီး ကြောက်လန့်တကြား ဖြစ်လာကြသည်။ သူတို့က ရှန်ထျန်းသည် ထိုတိုက်ကွက်ကို ခံနိုင်ရည်ရှိပါ့မလားကို စိုးရိမ်လာကြသည်။ ပြောရလျှင် ထာဝရအဆင့်၏ သတ်ဖြတ်ရေး တိုက်ကွက် မဟုတ်ပါလော။

ထိုစဉ် ရှန်ထျန်းက လှုပ်ရှားလိုက်သည်။ သူ့အနောက်တွင် အဆုံးမဲ့ အံ့ဖွယ်အလင်းများ ထွက်လာသည်။ မျက်စိစူးလောက်ဖွယ် အလင်းများ ထွက်ပေါ်နေပြီး အင်မတန် တောက်ပနေလေ၏။

ပုံရိပ်သဏ္ဌာန် ၁၀၈ ခုထွက်ပေါ်လာကာ စကြဝဠာကို အုပ်စိုးမည့် ကောင်းကင်စစ်သူကြီး ၁၀၈ ယောက် အသွင်ပြောင်းလဲသွားသည်။

တစ်ချိန်တည်းတွင် ရှန်ထျန်း၏ တစ်ကိုယ်လုံးက အံ့ဖွယ်အလင်းများ တောက်ပလာလေ၏။ သူ့ဆုံမှတ်များက ပွင့်သွားကာ မိုးမြေကိုပင် လွှမ်းမိုးနိုင်သည့် အရှိန်အဝါ ထွက်ပေါ်လာသည်။

ရှန်ထျန်းက ကောင်းကင်စစ်သူကြီး ၁၀၈ ယောက်ကို ဦးဆောင်လာသည့် ပြိုင်ဖက်ကင်း အုပ်ချုပ်သူကဲ့သို့ ဖြစ်နေသည်။ သူ့အမူအယာက သက်ရှိအားလုံးကို နှိမ့်ချကြည့်နေသည့်အလား မပြောင်းမလဲ ဖြစ်ကာ ပြောလိုက်သည်  “ အကန့်အသတ်မဲ့ အံ့ဖွယ်ပညာရပ် ”

ထိုစဉ် ကောင်းကင်စစ်သူကြီး ၁၀၈ ဦးလည်း လှုပ်ရှားလာသည်။ သူတို့တွင် လေးနက်သော မျက်နှာထားများ ရှိကြပြီး အရှိန်အဝါက ကောင်းကင်ထိလုမတတ် မြင့်တက်လာသည်။ သူတို့က စွမ်းအားကြီး နတ်ဘုရားများနှင့် တူသည်။

ထိုစဉ် သွေးနီရောင် မျက်လုံးများစွာက ဆွဲစုတ်ခံလိုက်ရသလိုမျိုး ပေါက်ကွဲထွက်သွားကြသည်။

တားမြစ်ပညာရပ် ပျက်စီးသွားသောကြောင့် ထာဝရမိစ္ဆာဝိညာဉ် နှစ်ယောက်လုံး သွေးအန်လိုက်ရသည်။ သူတို့ကို ခြိမ်းခြောက်နေသည့် စွမ်းအားကြီး အငွေ့အသက်ကို ခံစားမိသည့်အလား သူတို့အကြည့်တို့၌ အံ့ဩတုန်လှုပ်မှုများ အပြည့် ဖြစ်နေသည်။

“ တခြားရွေးချယ်စရာ မရှိတော့ဘူး ”

ထာဝရမိစ္ဆာဝိညာဉ်နှစ်ယောက်က အံ့ကြိတ်ကာ သူတို့ခန္ဓာကိုယ်မှ သွေးများ စီးထွက်လာပြီး ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော သွေးမြူများအဖြစ် ပြောင်းသွားသည်။

သူတို့က သူတို့အမြုတေစွမ်းအားကို အသုံးပြုခဲ့ပြီး သက်တမ်းကို သုံးကာ ရှန်ထျန်း၏ တိုက်ခိုက်မှုကို ကာကွယ်ခဲ့ရသည်။

ဤစွမ်းအားက ကြောက်ဖို့ကောင်းလှပြီး ထာဝရအရှင်ပင် ကြောက်ရွံ့လာစေနိုင်သည်။

ဝုန်း

ထိုရိုက်ချက်က မိုးမြေကိုပင် တုန်လှုပ်သွားစေသလို တစ္ဆေများနှင့် နတ်ဆိုးများကိုပင် ထိတ်လန့်လာစေသည်။

အဆုံးမဲ့ လေဟာနယ်ကြီးက ဗလာဖြစ်သွားပြီး လက်ရှိမြင်ကွင်းက ကြောက်ဖို့ကောင်းလွန်းလှသည်။ ကောင်းကင်မှ သွေးမိုးများလည်း အဆက်မပြတ် ရွာသွန်းနေသည်။

သူတို့က ရှေးဟောင်းနတ်ဘုရားနှင့် မိစ္ဆာများကြားမှ တိုက်ပွဲကို မြင်လိုက်ရသည့်အလား မိစ္ဆာများက ရှေးဟောင်းနတ်ဘုရားများ လက်ချက်ဖြင့် တစစီ ဖြစ်သွားကြသည့်ပုံကို မြင်တွေ့လိုက်ရသည့်ပုံပေါ်နေသည်။

…………...

သွေးမိုး ရွာသွန်းတာ ရပ်သွားပြီးနောက် ထာဝရမိစ္ဆာဝိညာဉ်နှစ်ယောက်ကိုလည်း ထပ်မမြင်ရတော့ပေ။ သူတို့က အလောင်းပင် မကျန်ဘဲ သေဆုံးသွားလေပြီ။

ရှန်ထျန်း တစ်ယောက်တည်းသာ မားမားမတ်မတ် ရပ်နေလေ၏။ သူက သာမန်ကို ကျော်လွန်နေသည့် နတ်ဘုရားတစ်ပါးအလား ဖြစ်သည်။ အားလုံးက ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ရှန့်ယန်ရှုနှင့် အခြားလူများလည်း အံ့ဩနေကြသည်။

“ ငါ ဘာမြင်လိုက်တာလဲ။ အစ်ကိုရှန်က ထာဝရမိစ္ဆာဝိညာဉ် နှစ်ယောက်ကို သတ်ပစ်လိုက်တာလား။ သူက အရမ်းအားကောင်းလိုက်တာ ”

မည်သူကမှ ထာဝရမိစ္ဆာဝိညာဉ် နှစ်ယောက်သည် ဤတိုက်ခိုက်မှုကြောင့် အမှုန့်ဖြစ်သွားလိမ့်မည်ဟု မထင်ထားကြပေ။

ကွေ့လီ၏ မျက်နှာက ဖြူဖျော့သွားကာ မျက်ဝန်း၌ ရက်စက်ယုတ်မာသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူက ထိုဂျူနီယာလေး လက်ထဲ၌ ထာဝရမိစ္ဆာဝိညာဉ် နှစ်ယောက် သေဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤသည်မှာ ယုတ္တိမတန်လွန်းသောကြောင့် ယုံကြည်ချင်စရာ မရှိပေ။

ဒီကောင်လေးက ဘယ်လိုလျို့ဝှက်ချက်တွေများ ဖုံးကွယ်ထားတာလဲ …

.................

ရှန်ထျန်းက ထာဝရမိစ္ဆာဝိညာဉ်နှစ်ယောက်ကို သတ်လိုက်သော်လည်း ကွေ့လီက မစိုးရိမ်ပေ။ သူက ထို ထာဝရမိစ္ဆာဝိညာဉ်များနှင့် ကွဲပြားကာ သူ့တွင် ပြိုင်ဖက်ကင်း စွမ်းအားတို့ ပိုင်ဆိုင်ထား၏။

အကြောင်းမှာ သူက ၂၅ ကြိမ်မြောက် အတိဒုက္ခလွန် နတ်ဧကရာဇ်တပိုင်းအဆင့် နီးကပ်နေသည့် ထာဝရအရှင် ဖြစ်သောကြောင့် ပြိုင်ဖက်ကင်း စွမ်းအားတို့ ပိုင်ဆိုင်ထားသည်။

သူ အဆင့်မတက်လှမ်းခင် သူက ထာဝရအရှင်များကိုပင် သတ်ပစ်နိုင်ခဲ့သည်။

ယခု သူက ထာဝရအရှင် ဖြစ်လာပြီ ဖြစ်၍ သူ့တိုက်ခိုက်ရည်က သာမန် ထာဝရအရှင်များထက် ဆယ်ဆမက အားကောင်းလာလေပြီ။ နတ်ဧကရာဇ် တစ်ယောက် ဝင်မပါသရွေ့ ဤနေရာတွင် သူ ပြိုင်ဖက်ကင်းကြောင်း ယုံကြည်ထားသည်။

ထို့ကြောင့် ရှန်ထျန်းတွင် ထူးခြားလှသည့် တိုက်ခိုက်စွမ်းရည်မျိုး ရှိနေသော်လည်း ကွေ့လီ၏ အကြည့်တို့၌ မကျေမနပ်အရိပ်အယောင်များ ရှိနေဆဲ ဖြစ်သည်။ သူက အငြိုးကြီး တစ္ဆေတစ်ကောင်လိုမျိုး အော်ပြောလိုက်သည်  “ ကောင်စုတ်လေး မင်းက သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့။ မင်းက ငါ့ညာလက်ရုံးတွေကို သတ်ရဲတယ်ဆိုတော့ မင်း သေချင်နေတာလား ”

သူက ရှေ့တိုးလာသည်နှင့် အာကာပြင် အပိုင်းအစတို့က ကျိုးကြေကာ မိုးမြေပင် တုန်လှုပ်လာရသည်။

ရှန်ထျန်းက ဖိအား ခံစားလာရသောကြာင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ကွေ့လီက အရမ်းအားကောင်းလှပြီး စွမ်းအားကြီး ပြိုင်ဖက်မျိုး ဖြစ်၏။

သို့သော်လည်း ရှန်ထျန်း၏ အမူအယာက မပြောင်းမလဲ ဖြစ်နေဆဲ ဖြစ်ကာ အေးစက်စက် ပြောလိုက်သည် “ ဆူညံနေတာပဲ။ တိုက်မှာသာ တိုက်စမ်းပါ ”

ကွေ့လီက နှာခေါင်းရှုံ့ကာ  “ စိတ်ဝင်စားစရာပဲ … ဒီလိုအမှိုက်တွေက ငါ့ကို ယှဉ်နိုင်မယ် ထင်နေလား။ ဒီနေ့ မင်းရဲ့ အရိုးအားလုံး ချိုးပြီးတော့ သွေးတွေ အကုန်ဖောက်ထုတ်ပစ်မယ် ”

ကွေ့လီ၏ အရှိန်အဝါက လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာသည်။ သူက လေထဲတွင် ရပ်နေရင်း ရက်စက်သည့် မိစ္ဆာအငွေ့အသက်များကို ထုတ်လွှင့်ကာ ရှန်ထျန်းအား ငုံ့ကြည့်နေသည်။ သူ့မျက်လုံးများက ဝိညာဉ်ကိုပင် ဝါးမျိုပစ်နိုင်သည့် အနက်ရောင် နေမင်းနှစ်စင်းလို ဖြစ်နေသည်။

သူ့အကြည့်တို့ဖြင့် ထာဝရတပိုင်း ဝိညာဉ်တချို့ကို ရှင်းထုတ်ပစ်လိုက်သည်။

အားလုံးက ထိတ်လန့်သွားကြပြီး မည်သူမှ သူ့ကို မကြည့်ရဲကြတော့ပေ။

“ တိုက်ကြတာပေါ့ ”

ရှန်ထျန်းက အသက်ပြင်းပြင်းရှုလိုက်သည့်အခါ သူ့လက်ထဲ ငွေရောင်အလင်းရောင် လှည့်ပတ်လာသည်။

ရှုပ်ထွေးပွေလီ ကြယ်တာရာဓား ရုတ်တရက် ပေါ်ထွက်လာကာ ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့် အရှိန်အဝါမျိုး ထွက်လာသည်။ ရှန်ထျန်း၏ ခန္ဓာကိုယ်ကို အဆုံးမဲ့ အံ့ဖွယ်အလင်းများဖြင့် ရစ်ပတ်ထားပြီး ပြိုင်ဖက်ကင်း နတ်ဘုရားတစ်ပါးလိုမျိုး ကြီးကျယ်ခမ်းနားဖွယ် အရှိန်အဝါတို့ ထွက်ပေါ်လာသည်။

“ သတ် ”

ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာဓားဖြင့် ကောင်းကင်ကို ချိန်ရွယ်လိုက်သည်။ အေးစက်စက် ဓားအရှိန်အဝါက စကြဝဠာကိုပင် ဖျက်စီးပစ်နိုင်သည့် စွမ်းအားမျိုး ထွက်ပေါ်လာကာ ရပ်တန့်မရတော့ပေ။

ချွမ်

ကွေ့လီ လက်ထဲ အနက်ရောင် အရိုးချောင်းတစ်ခု ပေါ်လာကာ အေးစက်စက် မိစ္ဆာအငွေ့အသက်တို့ကို ထုတ်လွှင့်နေသည်။ နတ်ဧကရာဇ်တပိုင်းအဆင့် ရောက်ဖို့ စတေးခံ အယောက်တစ်သန်း၏ သွေးများဖြင့် ပြုလုပ်ထားသော ထာဝရအရှင်၏ ကျောရိုးမှ ဖြစ်သည်။

လက်နက်နှစ်ခု ထိပ်တိုက် တွေ့သွားသည့်အခါ နေရာအနှံ့ မီးပွားများ လွှင့်စင်သွားလေသည်။ ရှုပ်ထွေးပွေလီ ကြယ်တာရာဓားနှင့် မည်းနက်နေသည့် အရိုးချောင်းတို့ တွေ့ဆုံသွားသည့်အခါ မီးပွားများ ဖြစ်ပေါ်လာသည်။

ရှန်ထျန်း၏ လက်မောင်းက အနည်းငယ် ထုံကျင်သွားပြီး ခန္ဓာကိုယ်က တုန်ယင်သွားရသည်။

သူက မျက်မှောင်ကြုတ်ကာ “ ဒီလူက အရမ်းအားကာင်းတယ် ”

ကွေ့လီလည်း အခြေအနေကောင်းတွင် မရှိနေပေ။ သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရ၏။ သူက ဖိအားအများအပြား ခံစားလိုက်ရသည်မှာ သိသာလှသည်။

“ မင်းက ကျွမ်းသားပဲ ”

ကွေ့လီက အရိုးတောင် အန်ထုတ်လိုက်ပြီး ရှန်ထျန်းကို ဖိနှိပ်လိုက်သည်။ ထိုအရိုးတောင်က သန့်စင်ကြည်လင်နေသော်လည်း ကြောက်မက်ဖွယ် စွမ်းအားတို့ ထွက်ပေါ်နေသည်။

ဤသည်မှာ သက်ရှိများစွာ၏ အရိုးများဖြင့် ပြုလုပ်ထားသည့် မိစ္ဆာလက်နက် ဖြစ်ပြီး အလွန်တရာ အားကောင်းမှန်း သိသာလှသည်။

ရှန်ထျန်းက လက်အသာဝေ့လိုက်သည့်အခါ လေထဲတွင် အံ့ဖွယ်နေမင်း မီးပြင်းဖို ပေါ်ထွက်လာသည်။ ထိုအရာက အရာအားလုံးကို ဖိနှိပ်ပေးထား၏။

အံ့ဖွယ်နေမင်း မီးပြင်းဖိုနှင့် ထိပ်တိုက်တွေ့သည့်အခါ အရိုးတောင်၌ အက်ကြောင်းများ ပေါ်လာကာ ပျက်စီးလုနီးပါး ဖြစ်သွားရသည်။

သို့သော်လည်း ကွေ့လီက ဂရုမစိုက်ဘဲ ပြောလိုက်သည်  “ မင်းဆီမှာ ရတနာတွေအများကြီး ရှိနေတာပဲ ”

နတ်ဧကရာဇ် အငွေ့အသက် ထုတ်လွှင့်နေသော အံ့ဖွယ်နေမင်း မီးပြင်းဖိုက ထာဝရအရှင်များကိုပင် ဆွဲဆောင်နိုင်သည်။ ဤသို့မျိုး စွမ်းအားကြီး အသုံးအဆောင်မျိုးက ကွေ့လီပင် မရနိုင်ပေ။

ကွေ့လီက ယုတ်မာစွာ ပြုံးလိုက်ပြီး  “ ဒီရတနာတွေက အနှေးနဲ့အမြန် ငါ့အပိုင် ဖြစ်လာတော့မှာ …သေလိုက်တော့ ”

ကွေ့လီက ဖိအားပြင်းပြင်းကို ထုတ်လွှင့်လိုက်ပြီး ရှန်ထျန်းဆီ ကြမ်းတမ်းစွာ ခုန်ဝင်သွားသည်။ ထိုစဉ် အာကာပြင် ပျက်စီးသွားကာ စည်းမျဉ်းများလည်း ပြိုလဲသွားသည်။ ထိုအရှိန်အဝါက လေဟာနယ် မိုင်သောင်းချီလောက်ကို ဖျက်စီးပစ်နိုင်သည်။

ရှန်ထျန်း ဘေးပတ်လည်ရှိ ရှုပ်ထွေးပွေလီ အရှိန်အဝါတို့က ပို၍ တောက်ပလာသည်။ သူက ရှေ့တိုးသွားကာ ရှုပ်ထွေးပွေလီ အငွေ့အသက်နှင့် ရောနေသည့် အံ့ဖွယ်အလင်းတန်းအရိပ်သာ ချန်ထားရစ်ခဲ့၏။

သူ ဖြတ်သွားသည့် နေရာတိုင်း အာကာပြင်အပိုင်းအစတို့က ကြေမွသွားသည်။

ရှန်ထျန်းက လက်သီးရွယ်ကာ မျက်စိစူးမတတ် အလင်းတန်းကို ထုတ်ဖော်လိုက်သည်။ အဆုံးမဲ့ ရှုပ်ထွေးပွေလီ အငွေ့အသက်တို့က သူ့လက်သီးဝန်းကျင်တွင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ဤတစ်ကြိမ် ရှန်ထျန်းက သူ့ရှုပ်ထွေးပွေလီ ခန္ဓာကိုယ်ကို အသက်သွင်း၍ ကွေ့လီနှင့် တိုက်ခိုက်လိုက်သည်။

………...

တိုက်ပွဲ သက်ရောက်မှုက အာကာပြင်အပိုင်းအစများပင် ကြေမွသွားစေသည်။ ကြောက်ခမန်းလိလိ အငွေ့အသက်က မိုင်သောင်းချီ ပျံ့နှံ့သွားလေ၏။ ထိုအရာက အာကာပြင် အက်ကြောင်းများပင် တုန်ခါလာစေပြီး ကွယ်ပျောက်သွားစေသည်။

ကောင်းသည့်အရာက နှစ်ယောက်လုံး လေထဲ တိုက်ပွဲဖြစ်နေခြင်း ဖြစ်၏။ မဟုတ်လျှင် ထိုရိုက်ချက်များမှ အင်အားက တောင်တန်းများကိုပင် ပျက်စီးသွားစေနိုင်သည်။

တိုက်ပွဲက ပို၍ ပြင်းထန်လာသည်။ လေဟာနယ် နတ်ဧကရာဇ်တပိုင်းနှင့် အခြားလူများ၏ တိုက်ပွဲထက် ပိုမို ကြောက်ဖို့ကောင်းနေသည်။ သို့သော်လည်း တိုက်ပွဲ ဆက်ဖြစ်လာသည်နှင့်အမျှ ကွေ့လီ၏ မျက်နှာထားက မည်းမှောင်လာတော့သည်။

သူက ရှန်ထျန်းကို သတ္တုနှင့် လုပ်ထားသည်ဟု ခံစားနေရသည်။ သူ့စွမ်းအားက အားကြီးရုံသာမက သူ့ခန္ဓာကိုယ်လည်း အတော်လေး ခိုင်မာလှသည်။

ကွေ့လီက ၂၅ ကြိမ်မြောက် စမ်းသပ်ချက်ကို ဖြတ်ကျော်ထားပြီး မိုးကြိုးများစွာဖြင့် အားဖြည့်ကာ ထာဝရအရှင် ဖြစ်လာကြောင်း သိထားရပေမည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က နဂိုကတည်းက အင်မတန် မာကြောလှသည်။

သို့သော်လည်း ရှန်ထျန်းနှင့် ယှဉ်လိုက်သည့်အခါ ဘာမှမဟုတ်တော့ပေ။

ကွေ့လီက တိုက်ခိုက်နေရင်း တစ်စုံတစ်ခုကို သဘောပေါက်လာရသည်။ ကွေ့လီက နှစ်သောင်းချီ နေထိုင်ခဲ့သူ ဖြစ်၍ ရှန်ထျန်းတွင် မြေတုန်လုမတတ် စွမ်းအားမျိုး ရှိထားသော်လည်း စည်းမျဉ်းစွမ်းအားကို အသုံးပြုနေဆဲ ဖြစ်ကြောင်း မြင်နိုင်ပေသည်။

သူက ရှန်ထျန်းသည် အတိဒုက္ခလွန် စွမ်းအားရှင်အဆင့်သာ ရှိသေးကြောင်း သေချာနေ၏။ ထိုအထိ တွေးလိုက်ပြီးနောက် ကွေ့လီက အသက်ပြင်းပြင်းရှုလိုက်မိသည်။ နယ်မြေငါးခု၌ ဤသို့သော ပါရမီရှင်မျိုး ရှိနေလိမ့်မည်ဟု မယုံနိုင်ပေ။

ဝိဇ္ဇာအဆင့် ကျင့်ကြံသူက ထာဝရအရှင်နဲ့တောင် လက်ရည်တူယှဉ်နိုင်တယ်လား

သူက “အဲဒီလူ”ရဲ့ ဆက်ခံသူလား …

ကွေ့လီက ကြောက်မက်ဖွယ် တစ်ခုခုကို တွေးမိသွားသည့်အလား မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ထိုအတွေးက သူ့စိတ်ထဲ အမြစ်တွယ်သွားလေသည်။ ဤသို့သော အထွတ်အထိပ် ဖွဲ့စည်းတည်ဆောက်ပုံမျိုးသာ ဤသို့မကောင်းဆိုးဝါးမျိုးကို ပျိုးထောင်ပေးနိုင်လိမ့်မည်။

ထို့ကြောင့် သူ့အနေနှင့် မည်သည့်အဖိုးခကို ပေးဆပ်ပါရစေ ရှန်ထျန်းကို ရအောင် သတ်ရမည်။

ကွေ့လီ၏ အကြည့်များက ပိုမို ရက်စက်လာကာ သူ့သွေးမျိုးဆက်စွမ်းအားကို အသက်သွင်းလိုက်သည်။ သူ့နောက်တွင် ဧရာမ မိစ္ဆာမျက်လုံးကြီး ပေါ်ထွက်လာကာ ကောင်းကင်ကို အုပ်လွှမ်းသွားသည်။

ထိုမျက်ဆံအတွင်း မိစ္ဆာတာအိုသင်္ကေတများဖြင့် ပြည့်နှက်နေပြီး အားပြင်းသည့် ကျိန်စာစွမ်းအားကို ထုတ်လွှင့်နေသည်။

ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး  “ သူက ဒီလိုပညာရပ်မျိုးကို ကျင့်ကြံတာလား ”

သူက အထွတ်အထိပ် မိစ္ဆာဝိညာဉ်သည် သူ ကောင်းကင်ခုံရုံးထဲ ဝင်စဉ်အခါက ကျိန်စာတိုက်သေးကြောင်း အမှတ်ရသွားလေ၏။ ကျိန်စာစွမ်းအား၏ ကြားခံနယ်က ဤသို့ မျက်လုံးတစ်လုံး ဖြစ်သည်။

ပြောရလျှင် ထိုလူက ကောင်းကင်ခုံရုံးကို ကျိန်စာတိုက်ခဲ့သည့် သက်ရှိထဲမှ တစ်ဦး ဖြစ်ပေသည်။

ကောင်းတယ် … သူတို့အားလုံးကို တစ်ခါတည်း ရှင်းပစ်ရမယ်

ရှန်ထျန်း၏ အကြည့်များက အင်မတန် အေးစက်လာသည်။ သူ့သတ်ဖြတ်ငွေ့များလည်း ဆူနာမီ ထွက်ပေါ်လာသလိုမျိုး ပိုမို ပြင်းထန်လာသည်။ ရှန်ထျန်းက လက်ဟန်တချို့ ထုတ်ဖော်ကာ ထူးခြားအံ့ဖွယ် ပစ္စည်းအားလုံး၏ စွမ်းအားကို ထုတ်သုံးလိုက်သည်။

သူက အေးစက်စက် ပြောလိုက်၏ “စစ်နတ်ဘုရား အသွင်ပြောင်းခြင်း ”

ထိုစဉ် ရှန်ထျန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ တောက်ပလာသလို ဆံပင်များလည်း လေတလွှင့်လွှင့် ဖြစ်လာသည်။ သူ့တိုက်ခိုက်စွမ်းရည်က အများကြီး တိုးတက်လာပြီး ယခင်ထက် ဆယ်ဆမက ပိုအားကောင်းလာသည်။ သို့သော်လည်း အဆုံးသတ် မဟုတ်သေးပေ။ ခဏအကြာတွင် အနီရောင် တိုက်ပွဲအငွေ့အသက်တို့နှင့်အတူ မီးတောက်များ ထွက်လာသည်။

ရှန်ထျန်း၏ အရှိန်အဝါက နှစ်ဆ ဖြစ်သွားလေပြီ။

လက်ရှိ သူက ပြိုင်ဖက်ကင်း စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။ တစ်ချိန်တည်းတွင် ရှန်ထျန်းကိုယ်ရှိ မြောက်များစွာသော ဆုံမှတ်တို့က ချက်ချင်း တောက်ပလာပြီး ဆန်းကြယ်နက်နဲသည့် အငွေ့အသက်များ ထုတ်လွှင့်လာသည်။

ထိုအငွေ့အသက်များက ကြောက်ဖို့ကောင်းလှသည်။ မိုးမြေစွမ်းအားကို သယ်ဆောင်ထားပြီး ကမ္ဘာကြီးပင် ပါဝင်နိုင်သည့် စွမ်းအားကန့်သတ်ချက်အထိ ရောက်လာသည်။

ရှန်ထျန်းက ရှုပ်ထွေးပွေလီ ကြယ်တာရာဓားကို အသာမြှောက်လိုက်ပြီး သက်ရှိအားလုံး‌ ကျောရိုးတစ်လျှောက် ကြက်သီးထလာစေမည့် အသံဖြင့် ပြောလိုက်သည်  “ ကောင်းကင်ကို ဖွင့်ဟ၍ မြေပြင်ကို အက်ကွဲစေခြင်း ”

ရှန်ထျန်း ပြောလိုက်သည်နှင့် သိပ်သည်းလွန်းသည့် ရှုပ်ထွေးပွေလီ အငွေ့အသက်များက ဓားအနား ရစ်ပတ်လာသည်။ တစ်ချိန်တည်းတွင် ဝိညာဉ်တုန်လုမတတ် စွမ်းအားလည်း ထွက်ပေါ်လာ၏။

ဤရိုက်ချက်က မိုးမြေကိုပင် နှစ်ပိုင်းခြမ်းပစ်ဖို့ ရည်ရွယ်ထားပုံပေါ်သည်။

ကွေ့လီလည်း တုန်တုန်ယင်ယင် ဖြစ်လာပြီး သူ့မျက်လုံးတို့က ခေါင်းမှ ပြုတ်ထွက်လာတော့မလို ဖြစ်လာသည်။

“မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး။ ဝိဇ္ဇာတစ်ယောက်က ဒီလိုမျိုး စွမ်းအား ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။ ငါ မယုံဘူး။ ဒါလုံးဝ မဖြစ်နိုင်ဘူး ”

ကွေ့လီက အံ့ဩတကြီး အဆုတ်ကွဲမတတ် အော်ပြောလိုက်သည်။ သူက ဧရာမ မိစ္ဆာမျက်လုံးကို ထိန်းချုပ်ကာ ရှန်ထျန်းကို သတ်ဖို့ ကြံလိုက်သည်။

ဝုန်း …

အသံကျယ်ကြီး ပဲ့တင်ထွက်လာသည်။

ရှန်ထျန်းရှေ့ရှိ အာကာပြင်က နှစ်ပိုင်းပြတ်သွားလေပြီ။ ထိုရိုက်ချက်က ကွေ့လီ ခန္ဓာကိုယ်ဆီ အလွယ်တကူ ထိုးဖောက်ဝင်သွားပြီး အသားစိုင်အဖြစ် ပြောင်းလဲလိုက်၏။

တစ်ချိန်တည်းတွင် ကြီးကျယ်ခမ်းနားသည့် ဓားအငွေ့အသက်ကြီးက ထာဝရတောင်အထက်ရှိ အာကာြပင်အပေါက်များဆီ တိုက်ရိုက် ခုတ်ချပစ်လိုက်သည်။ ထိုရိုက်ချက်က အာကာပြင်ကို ဖြတ်သန်းသွားကာ ပြင်ပလောကအထိ ရောက်သွားသည်။

ထိုစဉ် အာကာပြင်အပေါက်များက ကြေမွပျက်စီးသွားလေသည်။

သူတို့က ပြင်ပလောကမှ ဆိုးဆိုးရွားရွား အော်ဟစ်ညီးညူသံများကို ဝေဝေဝါးဝါး ကြားနေရလေ၏။ ထိုအရာများက မိစ္ဆာဝိညာဉ်များ ကြောက်လန့်တကြား အော်ဟစ်နေသံများ ဖြစ်သည်။

……….....

ထာဝရတောင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားလေသည်။ အားလုံးက ထိုရိုက်ချက်ထဲ နှစ်မျှောနေကာ အသိပြန်ကပ်မလာသေးပေ။

သူတို့က ကောင်းကင်ယံရှိ ပြိုင်ဖက်ကင်း ပုံရိပ်ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ သူတို့က လေးစားမှုအပြည့် ဖြစ်နေကြ၏။ ထိုရိုက်ချက်က လုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

ထာဝရအရှင်ကို ပိုင်းဖြတ်ပြီး ကောင်းကင်ကို ထက်ခြမ်း ခြမ်းပစ်လိုက်တာလား … တကယ်ကို မယုံကြည်နိုင်စရာပင် …

အစ်ကိုရှန်ယွမ်က အမြဲတမ်း ငါတို့စိတ်နှလုံးသားထဲမှာ နတ်ဘုရားတစ်ပါးပဲ …

All Chapters