← Chapters

အခန်း(၅၀၁)

Vol. 34(Final) Ch. 501

အခန်း(၅၀၁)

Vol. 34(Final) Ch. 501

အခန်း (၅၀၁)

ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်လုံး တိုက်ပွဲထဲ သေဆုံးသွားသောကြောင့် နယ်မြေငါးခု ကျင့်ကြံသူများ၏ စိတ်ဓာတ်လည်း ပြန်လည် မြင့်တက်လာကြသည်။

ကျန်းထိုက်ယီ၏ အကြည့်များက စိတ်အားထက်သန်မှုအပြည့် ဖြစ်နေလေ၏။

သူက ရှန်ထျန်းသည် အားလုံးကို စိတ်ပျက်လက်ပျက် ဖြစ်စေသည့် အခြေအနေမျိုးကိုပင် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက အော်ပြောလိုက်သည်  “ ညီအစ်ကိုတို့ အစ်ကိုရှန်ယွမ်က ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်လုံးကို သတ်ပစ်လိုက်ပြီ။ ငါတို့ ပြန်လည် တိုက်ခိုက်နိုင်မဲ့ အခွင့်အရေး ပြန်ရောက်လာပြီ။ မိစ္ဆာကောင်တွေကို သတ်ပြီးတော့ ဒီကမ္ဘာကနေ မောင်းထုတ်ကြ .. နယ်မြေငါးခု အနိုင်ရရမယ် ”

နယ်မြေငါးခု ကျင့်ကြံသူများကလည်း ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြသည်  “နယ်မြေငါးခု အနိုင်ရရမယ် ”

သူတို့က အားအပြည့် တိုက်ခိုက်နေကြပြီး လက်ကျန် မိစ္ဆာဝိညာဉ်များကို ဝိုင်းကာ အပြတ်ရှင်းထုတ်နေသည်။ ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်၏ အကူအညီကြောင့် နယ်မြေငါးခု ပါရမီရှင်များက ပိုမို ရဲရဲရင့်ရင့် တိုက်ခိုက်နေကြသည်။

သူတို့က ထာဝရတပိုင်း မိစ္ဆာဝိညာဉ် အယောက်နှစ်ရာကျော်နှင့် ရင်ဆိုင်ခဲ့သော်လည်း အရေးသာနေဆဲ ဖြစ်သည်။ အကြောင်းမှာ ထာဝရမိစ္ဆာဝိညာဉ် ခေါင်းဆောင် သေဆုံးသွားပြီးနောက် မိစ္ဆာဝိညာဉ်မျိုးနွယ်၏ စိတ်ဓာတ်က အတော်လေး တုန်လှုပ်သွားခဲ့ကြသည်။

ထို့ကြောင့် နယ်မြေငါးခု ပါရမီရှင်များက မိစ္ဆာဝိညာဉ်မျိုးနွယ် ဖန်တီးထားသည့် ကာကွယ်ရေး အစီအရင်ကို ချိုးဖောက်ကာ မိစ္ဆာဝိညာဉ်များကို စတင် သတ်ဖြတ်တော့သည်။

အောင်းလေ့က သူ့လက်ထဲ ကိုးပေရှည်သည့် နဂါးနတ်ဘုရား ပုဆိန်လှံရှည်ကို ဝေ့ယမ်းလိုက်သည်။ သူက ခန့်ညားပြီး သူ့ကိုယ်ပေါ်ရှိ နဂါးနတ်ဘုရား ချပ်ဝတ်က ပိုမို တောက်ပလာသည်။ ပုဆိန်လှံရှည် ကျဆင်းလာသည့်အခါ တို့ဖူးတုံးကို လှီးဖြတ်လိုက်သလိုမျိုး လေဟာနယ်အား မိုင်ထောင်ချီ ကြေမွသွားစေ၏။

ကျန်းထိုက်ယီကလည်း မိုးကြိုးများဖြင့် လွှမ်းခြုံထားလေသည်။ သူက ရှုပ်ထွေးပွေလီ နတ်မိုးကြိုးကို ကျဆင်းစေပြီး ဤနေရာအား မိုးကြိုးကပ်ဘေး သန့်စင်ရာနေရာအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ရှန့်ယန်ရှုနှင့် ရှန်းကျုံးလော့တို့လည်း နောက်ကောက်ကျမကျန်နေပေ။ သူတို့လည်း အဖွဲ့ရှေ့ချီတက်သွားကာ သူတို့တိုက်ခိုက်စွမ်းရည်ကို အပြည့်အဝ ထုတ်ပြနေကြသည်။

ရှန်းကျုံးလော့၏ ဒွိမျက်ဆံက နက်နဲမှုများနှင့်အတူ ပွင့်လာသည်။ သူ့လက်များက ဖွင့်ချည်ဆုပ်ချည်ဖြင့် ကပ်ဘေးစွမ်းအားကို ထုတ်လွှင့်နေသည်။ သူ့အနောက်ရှိ ဒွိမျက်ဆံ ပုံရိပ်သဏ္ဌာန်ကြီးက ပေတစ်သိန်း အမြင့်ရောက်လာကာ ကမ္ဘာဖျက်စီးနိုင်စွမ်းတို့ကို သယ်ဆောင်လာသည်။

သူက ကမ္ဘာဖျက်စီးရေး အံ့ဖွယ်လက်သီးကို အဆုံးမဲ့ စွမ်းအားများဖြင့် အသက်သွင်းထားသောကြောင့် တောင်နှင့် မြစ်များကိုပင် အလွယ်တကူ ဖြိုဖျက်နိုင်သည်။

သူ့လက်သီးချက်တိုင်းက ထာဝရတပိုင်း မိစ္ဆာဝိညာဉ်တစ်ယောက်၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး သွေးများ အန်ထွက်လာစေကာ မိုင်ထောင်ချီ လွှင့်စင်သွားစေသည်။

ရှန့်ယန်ရှုက သူ့လေဟာနယ် ကြေးမုံကို ကိုင်ဆောင်ထားပြီး နတ်ဘုရားတစ်ပါးလိုမျိုး မိစ္ဆာဝိညာဉ်တပ်ကို သတ်ဖြတ်နေသည်။ ထိုအထွတ်အထိပ် လက်နက်က တိုက်ပွဲအတွင်း ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ပြလာခဲ့သည်။

ရှေးဟောင်းကြေးမုံမှ မြောက်များစွာသော အံ့ဖွယ်အလင်းတန်းများ ထွက်လာပြီး အာကာပြင်၏ ကျယ်ပြောလွန်းသော စွမ်းအားကို သယ်ဆောင်လာကာ ဤနေရာ၏ အာကာပြင် စည်းမျဉ်းများကို ပြောင်းလဲပစ်လိုက်သည်။

ထိုစဉ် အာကာပြင် မိုင်တစ်သောင်းပတ်လည်က ဖျက်စီးခံလိုက်ရသည်။

စည်းမျဉ်းများစွာက လေဟာနယ်ဓားသွားများအဖြစ် စုစည်းလာကာ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များဆီ ဝင်ရောက်သွားကြ၏။ သူတို့ခန္ဓာကိုယ်အနှံ့ သွေးများစွန်းထင်းလာကာ နံရိုးများလည်း မြေပြင်ပေါ် နေရာအနှံ့ မွစာကြဲနေသည်။

ထာဝရတောင်အတွင်း မိစ္ဆာဝိညာဉ်များက ဆိုးဆိုးရွားရွား ညီူးညူနေကြရသည်။ သို့သော်လည်း အဆက်မပြတ် တိုက်ခိုက်မှုများအောက် သူတို့က မခုခံနိုင်တော့ဘဲ ရှင်းထုတ်ခံလိုက်ရသည်။

.............

တောင်ပိုင်းနယ်မြေ နတ်ဆိုးများက ထာဝရတောင်မှ ထွက်လာကြသည်။ ကမ္ဘာကို တုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ် သားရဲဟိန်းဟောက်သံကြောင့် မိစ္ဆာဝိညာဉ်များ တုန်တုန်ယင်ယင် ဖြစ်လာကြသည်။ အစောပိုင်းလေးက မိစ္ဆာဝိညာဉ်များသည် ဤနေရာ၌ သောင်းကြမ်းနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း သူတို့က သတ်ဖြတ်ခံနေရသူအဖြစ် ပြောင်းလဲသွားသည်။

သို့သော်လည်း မည်သူကမှ သူတို့ကို မသနားကြပေ။ ဤတိုက်ပွဲက အသက်များစွာ စတေးထားရသည် မဟုတ်ပါလော။

အကယ်၍ ရှန်ထျန်းသာ မတိုက်ခိုက်နိုင်ခဲ့လျှင် သေသွားမည့်သူများမှာ သူတို့သာ ဖြစ်လိမ့်မည်။ ထို့ကြောင့် မည်သူကမှ မိစ္ဆာဝိညာဉ်များကို မသနားကြဘဲ အပြတ်ရှင်းထုတ်နေကြသည်။

……….....

ထိုစဉ် ရှန်ထျန်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

နတ်ဧကရာဇ်တပိုင်း ဘိုးဘေးသုံးယောက်က ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်နှင့် တိုက်ခိုက်နေဆဲ ဖြစ်ပြီး နှစ်ဖက်လုံး၏ အင်အားကွာခြားချက် မရှိသောကြောင့် တိုက်ပွဲရလဒ် မြန်မြန် ထွက်မလာနိုင်ပေ။

နတ်ဧကရာဇ်တပိုင်း သုံးယောက်က နယ်မြေငါးခု၏ ကျင့်ကြံသူများ ဖြစ်သောကြောင့် ရှန်ထျန်းအနေနှင့် သွားကူရမည်။ ထို့အပြင် ထာဝရမိစ္ဆာသုံးယောက်သာ လွတ်မြောက်သွားခဲ့လျှင် ပြဿနာကြီး ဖြစ်လာလိမ့်မည်။ ထိုသို့ဖြင့် ရှန်ထျန်းက ဤအခွင့်အရေးအား အသုံးချကာ သူတို့အား အပြတ်ရှင်းထုတ်ဖို့ ကြံရွယ်ထားလေ၏။

သူက လေထဲ ခုန်ဝင်ကာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်က သူတို့အူများ ပေါက်ထွက်တော့မလို ခံစားနေရသည်။  သူတို့က ကွေ့လီနှင့် အခြားနှစ်ယောက်မှာ ရှန်ထျန်းလက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားကြောင်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြရသည်။ ရှန်ထျန်းက သူတို့ဆီ လာနေမှန်း တွေ့လိုက်ရသည့်အခါ ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ ဆံပင်များပါ ထောင်မတ်လာကာ တုန်တုန်ယင်ယင် ဖြစ်လာကြသည်။

“ ဒီနေရာကနေ မြန်မြန်ထွက်သွားကြ ”

ထာဝရမိစ္ဆာဝိညာဉ်များက ဒေါသတကြီး အော်ပြောလိုက်ကြသည်။ သူတို့က ဆက်မတိုက်ရဲတော့ဘဲ ဤနေရာမှ တတ်နိုင်သမျှ မြန်မြန်သာ ထွက်သွားလိုကြသည်။

ရှန်ထျန်းက သူတို့အား ဖိအားများစွာ ပေးနေသည်။ ဤလူက ထာဝရမိစ္ဆာဝိညာဉ်များကို အမှန်တကယ် သတ်ဖြတ်ခဲ့သူ ဖြစ်၏။

…….....

နတ်ဧကရာဇ်တပိုင်း ကျင့်ကြံသူသုံးယောက်ကလည်း သူတို့အား ထွက်ပြေးမည့် အခွင့်အရေးကို အဘယ်ကြောင့်ပေးရမည်နည်း။

“ သူတို့ကို တားထား ”

ခွန်ပန်ဘိုးဘေးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရင်း ခွန်ပန်စွမ်းအားများကို ထုတ်လွှင့်လိုက်သည်။ ပေတစ်သိန်း မြင့်မားသည့် ပုံရိပ်ကြီးက လေဟာနယ်ကို ထိုးဖောက်ကာ ထာဝရမိစ္ဆာဝိညာဉ်ဆီ အပြင်းအထန် ကျရောက်လာသည်။

ဝုန်း

ထိုထာဝရမိစ္ဆာဝိညာဉ်က ကောင်းကင်ဘုံကိုးလွှာနှင့် ဝင်တိုက်သွားပြီး လူမနေသည့် နေရာတစ်ခုဆီ ပစ်လွှတ်ခံလိုက်ရသည်။

ဝုန်း

နောက်ထပ် အသံကျယ်ကြီးတစ်ခု ပဲ့တင်ထွက်လာသည်။

ကီလိုမီတာ တစ်သောင်းရှိသည့် နယ်မြေက ပျက်စီးသွားပြီး အဆုံးမဲ့ ချောက်နက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ခွန်ပန်ဘိုးဘေးက ခုန်ဝင်ပြီး ထာဝရမိစ္ဆာဝိညာဉ်ကို ဆက်လက် တိုက်ခိုက်နေကာ ထွက်ပြေးဖို့ အခွင့်အရေး မပေးချေ။

တစ်ဖက်တွင် ဟွမ်ယုနှင့် လေဟာနယ် နတ်ဧကရာဇ်တပိုင်းက အံ့ဖွယ်စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာသည်။

ဟွမ်ယုက မသေနိုင်သည့် ဇာမဏီအသွင်ပြောင်းလဲလိုက်ပြီး ကောင်းကင်ကို လောင်ကျွမ်းပစ်နိုင်သည့် အံ့ဖွယ်မီးတောက်များနှင့်အတူ သယ်ဆောင်လာသည်။ ကောင်းကင်က မီးတောက်များဖြင့် ဖုံးလွှမ်းထားပြီး သက်ရှိအားလုံး ကြောက်ရွံ့လာစေသည့် အငွေ့အသက်တို့ကို ထုတ်လွှင့်နေသည်။

အကယ်၍ ထာဝရမိစ္ဆာဝိညာဉ်သာ ကောင်းကင်မှ ချိုးဖောက်၍ ထွက်ပြေးလိုလျှင် သူတို့က ဇာမဏီမီးတောက် လောင်ကျွမ်းခံရမည် ဖြစ်ရာ ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။

လေဟာနယ် နတ်ဧကရာဇ်တပိုင်း ကျင့်ကြံသူက ထိုအာကာြပင်အား ပိတ်ဆို့ထားလိုက်သည်။

လေဟာနယ်ထဲ သူ့လက်ချောင်းများက ကခုန်နေပြီး လေဟာနယ် ပင်မစွမ်းအားအရင်းအမြစ်ကို ဆွဲယူနေသည်။ သူ့လက်ချောင်းမှ မြောက်များစွာသော သံကြိုးငယ်လေးများ ထွက်ပေါ်လာလေ၏။

ထိုစဉ် ကောင်းကင်က ချက်ချင်းဆိုသလို အရောင်ပြောင်းလဲသွားသည်။ စည်းမျဉ်းများက ရောယှက်ကာ ဖွဲ့စည်းပုံ တစ်ခု ကြီးစိုးလာသည်။

မိုးမြေက အကျဉ်းထောင်လိုမျိုး ဖြစ်လာသည်။

ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်က အတင်းကျပ် ချည်နှောင်ခံလိုက်ရသည်။ သူတို့ မည်မျှတိုက်ခိုက်စေကာမူ မလွတ်မြောက်နိုင်ပေ။

“ တောက် … မင်းတို့တွေ ဖိအားပေးနေတာပဲ”

ထာဝရမိစ္ဆာဝိညာဉ်သုံးယောက်၏ အမူအယာများက မှောင်မိုက်လာပြီး အမုန်းတရားများ ကြီးမားလာသည်။ သူတို့က ဤတစ်ခါ မလွတ်မြောက်နိုင်ကြောင်း သိလိုက်သည်။

အဆုံးမဲ့ မိစ္ဆာအငွေ့အသက်များက သူတို့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မိုးမြေကိုပင် အရောင်လျော့ကျသွားစေသည်။ မိစ္ဆာအငွေ့အသက်များက မြူခိုးသဖွယ် ပြောင်းလဲသွားကာ ကမ္ဘာကြီးအား ကျွမ်းထိုးမှောက်ခုံ လုပ်ပစ်တော့မည့် ဖော်မပြတတ်သော မိစ္ဆာစွမ်းအား တစ်ခု သယ်ဆောင်လာသည်။

မိစ္ဆာမြူခိုးများ ထွက်လာသည့်အခါ လှိုင်းလုံးများ ပြိုကျသွားသည့်အလား ပိုမို ပြင်းထန်လာသည်။

ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ အနောက်ဖက်တွင် သိပ်သည်းလွန်းသည့် အလင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအတွင်းရှိ စည်းမျဉ်းများက သွေဖယ်လာသည်။

ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ မျက်ဝန်း၌ အယူသန်မှုများနှင့် ပြည့်နှက်နေပြီး တညီတညွှတ်‌ ရေရွတ်လိုက်ကြသည်  “ မြင့်မြတ်သော အရှင်အထွတ်အမြတ်ဝိညာဉ် … ကျွန်တော်တို့ အရှင့်ရဲ့ အကူအညီအတွက် အသက်တွေကို စတေးလိုပါတယ်။ ဒီကမ္ဘာဆီ ဆင်းသက်ပြီးတော့ ဒီပုရွက်ဆိတ်များကို ဖျက်စီးပေးပါ ”

ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ ခန္ဓာကိုယ်များက မျက်စိနှင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ရှံ့တွလာသည်။ သူတို့သွေးအဆီအနှစ်များလည်း ခမ်းခြောက်လာကာ သူတို့အနောက်ရှိ အလင်းပေါက်ထဲ ယစ်ပူဇော်လိုက်ကြသည်။

ထို့နောက် ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ ခန္ဓာကိုယ်များ ပေါက်ထွက်သွားကာ အမှုန့်ဖြစ်သွားသည်။ သို့သော်လည်း ထိုမြူခိုးများက ပျောက်ကွယ်မသွားဘဲ ဆက်လက် ကြီးထွားလာကာ အပြင်းအထန် တုန်ခါလာသည်။

ထိုအတွင်းမှ ပြိုင်ဖက်ကင်း အထွတ်အထိပ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါက မိုးမြေကို ဖြတ်သန်းကာ သက်ရှိအားလုံး၏ အမူအယာအား ပြောင်းလဲသွားစေသည်။

နတ်ဧကရာဇ်တပိုင်း သုံးယောက်က သူတို့ခန္ဓာကိုယ်ကို တစစီ ခြေမွပစ်ချင်နေသည့် ကြောက်မက်ဖွယ် ဖိအားကို ရင်ဆိုင်ရသည့်အလား တုန်တုန်ယင်ယင် ဖြစ်လာကြသည်။

ဤစွမ်းအားက သူတို့ယှဉ်ပြိုင်ဖို့အတွက် ကြောက်ဖို့ကောင်းလွန်းလှသည်။ ဤသည်မှာ ထာဝရအရှင်အထက် တည်ရှိမှုမျိုး ဖြစ်၏။

ဝုန်း

ပိတ်မည်းနေသည့် လက်ချောင်းတစ်ခုက ကောင်းကင်ထောက်တိုင်အလား ဆင်းသက်လာကာ မြေပြင်ကို ကြေမွသွားစေသည်။ တစ်ချိန်တည်းတွင် ထိန်းမရသိမ်းမရ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဘေးပတ်လည်ကို ဖြန့်ကျက်ပစ်လိုက်သည်။

ဖွီ …

နတ်ဧကရာဇ်တပိုင်း ကျင့်ကြံသူသုံးယောက်က သွေးအန်ကာ မိုင်သောင်းချီ လွှင့်စင်သွားလေသည်။

“ ဘာလဲ … မိစ္ဆာမျိုးနွယ်က ဝှက်ဖဲရှိနေသေးတာလား ”

ဤမြင်ကွင်းက အားလုံးကို ကြောက်ရွံ့လာစေသည်။

သူတို့အကြည့်များ၌ တုန်လှုပ်သည့် အရိပ်အယောင်များ ပြည့်နှက်လာကာ စိတ်ထဲ တုန်ယင်လာရင်း ပိတ်မည်းနေသည့် လက်ချောင်းကိုသာ စိုက်ကြည့်နေမိကြသည်။

ထာဝရတပိုင်းအဆင့်အောက်ရှိ ကျင့်ကြံသူများက တောင့်မခံနိုင်တော့ဘဲ ကောင်းကင်မှ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျလာကြသည်။ ထာဝရတပိုင်းအဆင့်များပင် တုန်တုန်ယင်ယင် ဖြစ်နေကြ၏။

ရှန်ထျန်း၏ အမူအယာလည်း လေးနက်လာသည်။ လက်တစ်ချောင်းတည်း၏ စွမ်းအားက နတ်ဧကရာဇ်တပိုင်းကိုပင် အနိင်ယူပစ်နိုင်သည်။

ဤစွမ်းအားအဆင့်မျိုးက အမှန်တကယ် ကြောက်ဖို့ကောင်းလွန်းလှသည်။

“မိတ်ဆွေလေး ဂရုစိုက်ပါ။ ဒါက နတ်ဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားပဲ ”

ခွန်ပန်ဘိုးဘေး၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေဆဲ ဖြစ်၏။ သူက အလွန်တရာ ထိတ်လန့်နေမိသည်။ သူတို့က ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ စတေးမှုက နတ်ဧကရာဇ် မိစ္ဆာဝိညာဉ်အား ဆင့်ခေါ်နိုင်လိမ့်မည်ဟု မထင်ထားမိပေ။

နယ်မြေငါးခုတွင် အကာအရံ ရှိကြောင်း သိထားရမည်။ ဤသို့သော မိစ္ဆာပညာရပ်မျိုးက အကာအရံကို ချိုးဖောက်ကာ နတ်ဧကရာဇ်အား ဤနယ်မြေထဲ ရောက်လာစေသည်။ အမှန်တကယ် ကြောက်ဖို့ကောင်းလှ၏။

..............

နတ်ဧကရာဇ်တည်ရှိမှုမျိုးက အထွတ်အထိပ် တည်ရှိမှုမျိုး ဖြစ်သည်။ အစစ်အမှန် နတ်ဧကရာဇ်ရှေ့မှောက်တွင် ထာဝရအရှင်ဖြစ်စေ၊ နတ်ဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်စေ လက်တစ်ချောင်းတည်းဖြင့် ဖျက်စီးပစ်နိုင်သည်။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်က ဤနယ်မြေဆီ အပြည့်အဝ ဆင်းသက်လာခြင်း မဟုတ်သော်လည်း ထိုလက်ချောင်း၏ စွမ်းအားကို မည်သူမှ မခံနိုင်ကြပေ။

တောင်ပိုင်းနယ်မြေက အန္တရာယ်ကြား ကျရောက်သွားပြန်လေပြီ။

ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည့် ခမ်းနားကြီးကျယ်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“ နတ်ဧကရာဇ်ရှေ့ ဦးမညွှတ်ဘူးဆိုတော့ သေချင်နေတာပဲ ”

မိုးမြေ ဟိန်းထွက်လာကာ မြေပြင်က အပြင်းအထန် တုန်ခါလာသည်။ သာမန်သက်ရှိများ ထိုအသံကို ကြားလိုက်ရသည့်အခါ သူတို့နှလုံးသားမှာ ပေါက်ကွဲသွားပြီး ခုခံနိုင်ခြင်းမရှိ သေဆုံးသွားတော့သည်။

ဝိဇ္ဇာများနှင့် ထာဝရတပိုင်းအဆင့် ကျင့်ကြံသူများပင် ဖိအားကို မခံနိုင်ဘဲ သွေးအန်လိုက်ရသည်။ ထာဝရတောင်က တာအိုသင်္ကေတများ ထွက်ပေါ်လာကာ အလင်းလွှာ ဖြစ်တည်လာပြီး ဤနေရာအား ကာကွယ်ပေးလိုက်သည်။ မဟုတ်လျှင် မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်ဆီမှ စကားတစ်ခွန်းတည်းဖြင့် သက်ရှိများစွာကို သတ်ပစ်နိုင်လေသည်။

ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့အကြည့်ထဲ အကြောက်တရားတချို့ ဖြတ်ပြေးသွားသည်။ ဤလူက အမှန်တကယ် အားကောင်းလွန်းလှသည်။ ပြောရလျှင် သူ တွေ့ဖူးသမျှအထဲ အားအကောင်းဆုံး ဖြစ်၏။

ထို့အပြင် သူ့လက်ချောင်းလေးပင် ဖြစ်ပြီး ကိုယ်တိုင် ဆင်းသက်လာခြင်းမျိုး မဟုတ်သေးပေ။ အသံက အဝေးမှ လွင့်လာသော်လည်း သူ့ဝိညာဉ်ကို ဖျက်စီးပစ်နိုင်သည့် စွမ်းအားမျိုး သယ်ဆောင်လာသည်။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်သာ အမှန်တကယ် ဆင်းသက်လာလျှင် မည်မျှကြောက်ဖို့ ကောင်းနေမည်နည်း။

ရှန်ထျန်း၏ စိတ်ထဲ လေးလံလာမိသည်။ ကြည့်ရသည်မှာ သူနှင့် နတ်ဧကရာဇ်ကြားမှ ကွာခြားချက်က မသေးလှပေ။ ကံကောင်းသည်က မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်၏ လက်ချောင်းသည် အင်မတန် အားကောင်းသော်လည်း သူ မခုခံနိုင်လောက်သည့် အနေအထားအထိ မဟုတ်ချေ။

အကြောင်းမှာ ကောင်းကင်တာအိုက နတ်ဧကရာဇ်၏ စွမ်းအားကို ကန့်သတ်ထားပြီး အလင်းပေါက်ကို ဆက်တိုက် ပြုပြင်နေလေသည်။

ရှန်ထျန်း၏ အမူအယာမှာ အေးစက်လာပြီး  “ နတ်ဧကရာဇ်ရဲ့ လက်တစ်ချောင်းလောက်နဲ့ ငါ့ကို သတ်နိုင်မယ်များ ထင်နေတာလား။ ဖိနှိပ်စမ်း ”

သူက လေထဲ ခုန်တက်သွားကာ ကောင်းကင်အံ့ဖွယ် လက်သီးချက်ဖြင့် တိုက်ခိုက်လိုက်သည်။ သူ့လက်သီးချက်တွင် အဆုံးမဲ့ ကြယ်တာရာအလင်းရောင်များ ခိုအောင်းနေပြီး သူ့အရှိန်အဝါက မိုးမြေကို ဖုံးလွှမ်းသွားကာ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသည်။

အဆုံးမဲ့ လက်သီးအလင်းများက မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်၏ လက်ချောင်းဆီ ကျရောက်သွားသည်။

ထိုစဉ် မိုးမြေပင် ပြိုလုမတတ် ဖြစ်သွားလေသည်။

လေဟာနယ်က ပူပေါင်းအဖြစ် ပေါက်ထွက်သွားပြီး မိစ္ဆာအငွေ့အသက်က ကီလိုမီတာ ထောင်ချီ ပျံ့နှံ့လာသည်။

ဝုန်း …

မိစ္ဆာစွမ်းအားက နေရာအနှံ့ စီးဆင်းသွားပြီး ထိုလက်သီးချက်အောက် သိပ်သည်းလွန်းသည့် အလင်းပေါက်ကြီးက ကြေမွသွားတော့မည့်အလား အပြင်းအထန် တုန်ခါသွားလေသည်။

“ ရဲတင်းလွန်းတယ် … နတ်ဧကရာဇ်ရဲ့ အာဏာကို သွေဖယ်တဲ့သူတိုင်း သေရမယ် ”

ပြင်ပလောကမှ အသံကျယ်ကြီး ထွက်လာပြီး ဒေါသတရားနှင့်အတူ သတ်ဖြတ်ငွေ့ပါ ယူဆောင်လာသည်။ နတ်ဧကရာဇ်၏ လက်ချောင်းက လှုပ်ရှားသွားပြီး အဆုံးမဲ့ မိစ္ဆာအငွေ့အသက်များကို ထိန်းချုပ်ကာ နေရာဘက်ပေါင်းစုံကို ဖိနှိပ်ပစ်လိုက်သည်။

ဤလက်ချောင်းက ကောင်းကင်မှ ကျဆင်းလာသည့် ရှေးဟောင်းအံ့ဖွယ်တောင်လိုမျိုး အလွန်ကြီးမားလှသည်။

“ ကောင်းကင်ခြေမွ လက်ဝါး”

ရှန်ထျန်းက အေးစက်စက် ရေရွတ်လိုက်ပြီးနောက် သူ့လက်ထဲ ထူးခြားအံ့ဖွယ် ပစ္စည်းအားလုံး၏ စွမ်းအားကို စုစည်းလိုက်သည်။ ဓာတ်ငါးပါးက စုစည်းလာကာ လင်းလက်လာသည်။

ဧရာမ လက်ဝါးရာကြီးက မိုးမြေကို အလင်းပေးပြီး နတ်ဧကရာဇ်၏ လက်ချောင်းနှင့် ထိပ်တိုက် တွေ့သွားသောကြောင့် အဆုံးမဲ့ အံ့ဖွယ်စွမ်းအားများဖြင့် ပေါက်ထွက်သွားသည်။

ဝုန်း

ကောင်းကင်က ပျက်စီးသွားပြီး ကမ္ဘာမြေလည်း အက်ကွဲလာသည်။

ထာဝရတောင် နယ်တစ်ဝိုက်လည်း ထိုရိုက်ချက်ကြောင့် ဖျက်စီးခံရတော့မည့်အလား တုန်ခါလာသည်။

နတ်ဧကရာဇ်တပိုင်း သုံးယောက်၏ အကြည့်တို့၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။

ခွန်ပန်ဘိုးဘေးနှင့် အခြားလူများက နတ်ဧကရာဇ်၏ လက်ချောင်းမှာ မည်မျှကြောက်ဖို့ကောင်းကြောင်း ခံစားမိလိုက်ကြသည်။ အထွတ်အထိပ်စွမ်းအားက သူတို့ကို ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။ သို့သော်လည်း ထိုစွမ်းအားက ရှန်ထျန်း၏ တားဆီးမှုကို ခံလိုက်ရလေသည်။

ဒီကလေးက သရဲသဘက်ဆန်လွန်းလှသည်။

…………...

ရှန်ထျန်းက မလှုပ်မယှက် ရပ်နေသည်။ သူ့ဝတ်စုံအဖြူများက ဖုန်မှုန့်ပင် အစွန်းအထင်းမရှိသေးဘဲ အရှိန်အဝါတို့ကလည်း ထူးခြားနေဆဲ ဖြစ်သည်။ သူက ဤနယ်မြေကို ကာကွယ်ပေးနေသည့် ထာဝရအရှင်တစ်ပါးလိုမျိုး မိစ္ဆာအငွေ့အသက်များ ဝင်ရောက်၍ စိုးစဉ်းမျှ ညစ်ညမ်းမှုမဖြစ်စေရန် ကာကွယ်ပေးနေသည်။

နတ်ဧကရာဇ်၏ လက်ချောင်းက မင်သဖွယ် မည်းနက်နေပြီး ထူးခြားသည့် မိစ္ဆာသင်္ကေတများဖြင့် ဖုံးအုပ်ထားသည်။ သို့သော် ထိုစဉ် ပြင်ပလောကမှ အသံကြီး ထပ်မံ ထွက်ပေါ်လာသည်  “ ဒီစွမ်းအားက …”

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ် တွေဝေသွားပုံရ၏။ သူက ဤလောက၌ သူ့တိုက်ခိုက်မှုကို ခုခံနိုင်မည့်သူ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပ။ သူက အထွတ်အထိပ်တည်ရှိမှုမျိုး ဖြစ်သည့် နတ်ဧကရာဇ် ဖြစ်၏။

နတ်ဧကရာဇ်အဆင့်အောက် အားလုံးက သူ့အတွက် ပါးမွှားမျှသာ ဖြစ်သည်။ သူ့လက်တစ်ချောင်း စွမ်းအားက သာမန်နတ်ဧကရာဇ်တပိုင်း ကျင့်ကြံသူတို့ တောင့်ခံနိုင်သည့်အရာ မဟုတ်ချေ။ ထို့အပြင် သူက ရှန်ထျန်းဆီမှ ရှေးကျကာ ရင်းနှီးပြီးသား အငွေ့အသက်ကို ခံစားမိနေသည်။

ဒါက မိစ္ဆာဝိညာဉ်မျိုးနွယ်များ မမေ့ပစ်နိုင်သည့် အငွေ့အသက်မျိုး ဖြစ်သည်။

“ ငါ့ကို ရိုင်းပျတဲ့သူတိုင်း သေရမယ် ”

ကောင်းကင်အပြင်ဘက်၌ စွမ်းအားကြီး အသံထွက်ပေါ်လာပြန်သည်။ ထိုအရာက ကမ္ဘာတစ်ခုလုံးကို ရှင်းထုတ်ပစ်ချင်သည့်အလား သတ်ဖြတ်ငွေ့အပြည့် ဖြစ်နေသည်။

နတ်ဧကရာဇ် လက်ချောင်းက ထပ်မံ လှုပ်ရှားသွားကာ ကောင်းကင်စွမ်းအားကို ထိန်းချုပ်ရင်း ရှန်ထျန်းအား တိုက်ခိုက်ဖို့ လုပ်လိုက်သည်။ ဤတစ်ကြိမ် သူက အခွင့်အရေးမပေးဘဲ အင်အားကုန် ထုတ်သုံးထားလေသည်။

နတ်ဧကရာဇ်၏ လက်ချောင်းက ဤနယ်မြေဆီ ဆင်းသက်လာနိုင်သော်လည်း  ထာဝရမိစ္ဆာဝိညာဉ် သုံးယောက်၏ အသက်ကို စတေးလိုက်ရသည်။ နယ်မြေငါးခု၏ အကာအရံကြောင့် နတ်ဧကရာဇ်၏ လက်ချောင်းက ကြာကြာမနေနိုင်ပေ။

သူက စွမ်းအားပြတ်လပ်သွားပြီး ဆက်နွယ်မှု မပျောက်ပျက်သွားခင် ရှန်ထျန်းအား အဆုံးသတ်ပစ်ချင်သည်။

ထိုစဉ် ကောင်းကင်၌ အက်ကြောင်း ဖြစ်လာသည်။ လေဟာနယ်ထဲ အငြိုးကြီးမိစ္ဆာ သုံးထောင် ထွက်ပေါ်လာသည်။ တစ်ယောက်ချင်းစီက ကြောက်မက်ဖွယ် စွမ်းအားများ ထုတ်လွှင့်နေရင်း မိုးမြေအား လေမုန်တိုင်း တိုက်ခတ်သလိုမျိုး ဖြစ်လာစေသည်။

အငြိုးကြီး မိစ္ဆာသုံးထောင်က အတူတူ လှုပ်ရှားလိုက်ကြသည့်အခါ ရှန်ထျန်းဆီ ကျဆင်းလာသည့် စွမ်းအားကြီးတစ်ခု ဆောင်ကျဉ်းလာသည်။

“ သတ်ကြ ”

ရှန်ထျန်းက အော်ပြောလိုက်သည်။ သူက အန္တရာယ်ကို ခံစားမိပြီး ဆက်လက် မချုပ်ထိန်းထားတော့ပေ။

အံ့ဖွယ်နေမင်း မီးပြင်းဖိုက လေဟာနယ်ထဲ ရောက်ရှိသွားကာ အံ့ဖွယ်မီးတောက် သောင်းကျော် ထွက်လာပြီး နတ်ဧကရာဇ်စွမ်းအားကို ခုခံပေးထားသည်။ တစ်ချိန်တည်းတွင် ရှန်ထျန်း၏ တစ်ကိုယ်လုံးက အံ့ဖွယ်အလင်းများဖြင့် တောက်ပလာသည်။

သူက နောက်တိုက်ကွက်အတွက် ပြင်ဆင်လိုက်သည်။ သူ့နောက်တွင် မြောက်များစွာသော ပုံရိပ်သဏ္ဌာန်များ ထွက်ပေါ်လာသည်။

နဂါးဇာမဏီ ၊ ခွန်ပန် ၊ မိုးကြိုးနတ်ဘုရား၊ ကောင်းကင်ဓား … အစရှိသဖြင့် ပုံရိပ်သဏ္ဌာန်အသီးသီး ပေါ်လာသည်။

အားလုံးက ပေါ်ထွက်လာပြီး ကောင်းကင်အား လင်းထိန်သွားစေသည်။

ရှန်ထျန်းက တာအိုသင်္ကေတများကို ထုတ်ကာ အဆုံးမဲ့စွမ်းအားများကို ထိန်းချုပ်ရင်း ကောင်းကင်ယံဆီ တရှိန်ထိုး ပြေးဝင်သွားသည်။

တစ်ချိန်တည်းတွင် သူ့နောက်တွင် ပုံရိပ်များစွာ ဆက်တိုက်ပေါ်ထွက်လာကာ သူတို့အရှိန်အဝါများက တူညီစွာ အားကောင်းလှသည်။ ဤသည်မှာ သူ့သွေးနတ်ဘုရားကျမ်းနှင့် ကိုယ်ပိုင်အသွင်ပွားခြင်း ကိုယ်ပွားများ ဖြစ်ပြီး ရှန်ထျန်းအား မိစ္ဆာသုံးထောင်အား တစ်ပြိုင်နက် တိုက်ခိုက်နိုင်အောင် ကူညီပေးနေသည်။

ထိုစဉ် ကောင်းကင်ကြီး မည်းမှောင်ကျသွားကာ နေရောင်၊ လရောင်တို့လည်း မှေးမှိန်သွားသည်။

ကောင်းကင်ယံ၌ တိုက်ပွဲကြီးတစ်ခု ထွက်ပေါ်လာပြီး စွမ်းအားက မြေကြီးကို တုန်လှုပ်သွားစေသည်။

ဤနယ်မြေက လုံးဝ ကျိုးပျက်သွားတော့မည့်အလား ဖြစ်၏။

ရှန်ထျန်း၏ ပင်မခန္ဓာကိုယ်မှ အံ့ဖွယ်စွမ်းအားတို့က ပြိုင်ဖက်ကင်း ဖြစ်လာကာ နတ်ဧကရာဇ်၏ လက်ချောင်းနှင့် ရင်ဆိုင်လိုက်သည်။ နှစ်ခု ထိပ်တိုက် တွေ့သွားသည့်အခါ ကြယ်တာရာများ ကြေမွသွားပြီး ကောင်းကင်ပင် ဖျက်စီးခံရလုမတတ် ဖြစ်သွားသည်။

ရှန်ထျန်း၏ လက်သီးမှ သွေးများ တစက်စက် စီးကျနေသည်။ သူ့မွေးရာပါ ဖွဲ့စည်းတည်ဆောက်ပုံနှင့်ပင် ပြင်းထန်လွန်းသော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးကို ခံနိုင်ရည်ရှိဖို့ ခက်ခဲလှသည်။

နတ်ဧကရာဇ်၏ လက်ချောင်းလည်း အခြေအနေ မဟန်ပေ။ မျက်နှာပြင်အထက် အက်ရာများစွာ ပေါ်လာပြီး အရိုးပင် ကြေမွသွားလေသည်။

“ ဖိနှိပ်စမ်း ”

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်က ဒေါသထွက်လာကာ မိစ္ဆာဝိညာဉ် ကပ်ဘေးအလင်းကို အသုံးပြု၍ အားလုံးကို သတ်ပစ်ဖို့ ကြံလိုက်သည်။

ရှန်ထျန်းက‌ အော်ပြောလိုက်သည်  “ ဖန်ဆင်းခြင်း အံ့ဖွယ်ပညာရပ် ”

ယင်ယန်စွမ်းအားနှင့် ရှုပ်ထွေးပွေလီ အငွေ့အသက်တို့က သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး လှည့်ပတ်နေကာ ဤနေရာအား သူ့စွမ်းအားအရင်းအမြစ် ပင်လယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဤစွမ်းအားက သေမျိုးလောကတွင်သာ တည်ရှိပြီး သက်ရှိအားလုံးကို ဖျက်စီးပစ်နိုင်သည့် အငွေ့အသက်မျိုး ထုတ်လွှင့်လာသည်။

“ဘာလဲ ”

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်က ထိတ်လန့်သွားသည်။ သူက ရှန်ထျန်းတွင် ဤမျှကြောက်မက်ဖွယ် စွမ်းအားမျိုး ပိုင်ဆိုင်နိုင်လိမ့်မည်ဟု မထင်ထားပေ။

ဤစွမ်းအားက နတ်ဧကရာဇ်ကိုပင် ခြိမ်းခြောက်နိုင်သည်။

“သတ်”

ရှန်ထျန်း၏ အသံက အပြောင်းအလဲမရှိ လေးနက်နေဆဲ ဖြစ်သည်။ ကောင်းကင်ဘုံမှ အသံကဲ့သို့ ကမ္ဘာကို လှုပ်ခတ်သွားစေသည်။

ဝုန်း

ထိုစဉ် မိစ္ဆာသုံးထောင် ရှင်းထုတ်ခံလိုက်ရပြီး ပြာဖြစ်သွားစေသည်။

အတွေးတစ်ချက်ဖြင့် ကမ္ဘာက သက်ရှိများကို ဖန်တီးနိုင်သည်။ နောက်အတွေးတစ်ချက်ဖြင့် ကမ္ဘာကို ဖျက်စီးပစ်နိုင်သည်။

ထိုနတ်ဧကရာဇ်၏ လက်ချောင်းက ယင်ယန်နှင့် ရှုပ်ထွေးပွေလီ အငွေ့အသက်များကြား ဝါးမျိုခံလိုက်ရသည်။ အားလုံး၏ အကြည့်အောက်တွင် အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး အမှုန့်ဖြစ်သွားတော့သည်။

အဆုံးမဲ့ မိစ္ဆာမြူများလည်း ပျောက်ကွယ်သွားကာ ကမ္ဘာကြီးက ပြန်လည် ငြိမ်းချမ်းလာသည်။

ဤမြင်ကွင်းက အားလုံးကို ကြောင်အမ်းသွားစေသည်။ သူတို့က ကောင်းကင်ယံမှ ပုဂ္ဂိုလ်အား ကြည့်ကာ နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသည့်အလား ခံစားနေရသည်။

သူတို့ ခံစားခဲ့ရသည့် အံ့ဩတုန်လှုပ်မှုက ကြီးမားလွန်းလှသည်။

ကျန်းထိုက်ယီနှင့် အခြားလူများလည်း ကြောင်အမ်းသွားကြသည်။

အားလုံးက တီးတိုးရေရွတ်လိုက်ကြ၏  “ ဘုရားရေ ငါ ဘာမြင်လိုက်တာလဲ။ အစ်ကိုရှန်က နတ်ဧကရာဇ်ကို သတ်ပစ်လိုက်တာလား”

…………...

ထိုစဉ် နတ်ဧကရာဇ်တပိုင်း ကျင့်ကြံသူ သုံးယောက်က အံ့ဩတုန်လှုပ်မှုအပြည့်ဖြင့် ပျံသန်းလာလေသည်။

သူတို့က ရှန်ထျန်း၏ တိုက်ခိုက်ရည်သည် ဤမျှတုန်လှုပ်ဖွယ် ဖြစ်နေလိမ့်မည်ဟု မထင်ထားကြပေ။

လေဟာနယ် နတ်ဧကရာဇ်တပိုင်းက ဂရုတစိုက် မေးလိုက်သည်  “ မိတ်ဆွေလေး အဆင်ပြေရဲ့လား”

ရှန်ထျန်းက ဖြည်းဖြည်းချင်း ခေါင်းခါကာ အဆင်ပြေကြောင်း ပြသလိုက်သည်။ သူ့အကြည့်တို့က နက်ရှိုင်းနေပြီး အခြားလူတွေလိုမျိုး ပေါ့ပါးမနေပေ။

ယနေ့မှ ရှန်ထျန်းက နတ်ဧကရာဇ်သည် မည်မျှအားကောင်းကြောင်း နားလည်သဘောပေါက်သွားခဲ့ရသည်။ အကယ်၍ နတ်ဧကရာဇ်၏ တကယ့်အစစ်အမှန် ခန္ဓာကိုယ်သာ ဆင်းသက်လာလျှင် နယ်မြေတစ်ခုလုံး ဖျက်စီးခံရလောက်သည်။

သို့သော်လည်း ရှန်ထျန်းက စိတ်ဓာတ်မကျပေ။ သူ့တွင် တုနှိုင်းမဲ့ တာအိုနှလုံးသားကို ပြိုင်ဆိုင်ထားပြီး ကမ္ဘာရှိ ရန်သူအားလုံးကို ဖိနှိပ်ပစ်ဖို့ ဆုံးဖြတ်ထား၏။ နတ်ဧကရာဇ်ပင် သူ့အား မတားဆီးနိုင်ပေ။

ရှန်ထျန်း၏ အကြည့်များက ထိုအတွေးဖြင့် ပို၍ ပြတ်သားလာသည်။ သူ့အခြေခံအုတ်မြစ်က ပြိုင်ဖက်ကင်းပြီး သူ လိုအပ်နေသည်က ကျင့်ကြံဆင့်သာ ဖြစ်၏။

သူ့ကျင့်ကြံဆင့် တိုးတက်လာသည်နှင့် မည်သူကိုမှ ကြောက်နေစရာ မလိုတော့ပေ။

…………....

နတ်ဧကရာဇ်တစ်ပိုင်း သုံးယောက်က ရှန်ထျန်း အဆင်ပြေကြောင်း ကြားလိုက်ရသည့်အခါ သက်ပြင်းချလိုက်ကြသည်။ နောက်ဆုံး ထာဝရမိစ္ဆာဝိညာဉ် သုံးယောက် ပျောက်ကွယ်သွားသောကြောင့် တိုက်ပွဲက အနိုင်ရသွားလေပြီ။

မိစ္ဆာဝိညာဉ်အကြွင်းအကျန်များက နယ်မြေငါးခု ကျင့်ကြံသူများ၏ တန်ပြန်တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ အလျှင်အမြန် ရှုံးနိမ့်သွားကြသည်။

ထိုစဉ် ရှန်ထျန်းနှင့် နတ်ဧကရာဇ်တစ်ပိုင်း သုံးယောက်တို့က ဆင်းသက်လာကြ၏။ ရှန်ထျန်း ပြန်ရောက်လာသည်ကို မြင်ကာ ပါရမီရှင်အားလုံးက ရှေ့တိုးလာကြသည်။ သူတို့က စိတ်လှုပ်ရှားကာ ပျော်ရွှင်နေဟန်ပေါ်သည်။

“ အစ်ကိုရှန်က အရမ်းအားကောင်းတာပဲ ”

“ အဲဒီ ထာဝရမိစ္ဆာဝိညာဉ်တွေနဲ့ နတ်ဧကရာဇ် လက်ချောင်းကို အစ်ကိုရှန်ပဲ အားလုံးကို ရှင်းထုတ်လိုက်တာ”

“ အစ်ကိုရှန်က တောင်ပိုင်းနယ်မြေရဲ့ ကယ်တင်ရှင်ပဲ ”

အားလုံးက ပျော်ရွှင်နေကြသည်။ သူတို့က ကပ်ဘေးကြီးမှ လွတ်မြောက်လာရုံသာမက တိုက်ပွဲအနိုင်ရသည့်အတွက် ဝမ်းသာနေကြသည်။ သူတို့အမြင်၌ ရှန်ထျန်း၏ ဦးဆောင်မှုဖြင့် နယ်မြေငါးခုက ဤအခက်အခဲကြားမှ လွတ်မြောက်ဖို့ ကံကြမ္မာဖန်လာပြီးသား ဖြစ်၏။

ထိုစဉ် ဝမ်ရှုကျိက  သူ့မျက်ဝန်း၌ အဆုံးမဲ့ တာအိုသင်္ကေတများဖြင့် လျှောက်လှမ်းလာသည်။ သူက ရှန်ထျန်းအား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး တစ်ခုခု မှန်းဆနေပုံပေါ်သည်။

ရှန်ထျန်းက မေးလိုက်သည်  “ ညီအစ်ကိုဝမ် ဘာကိစ္စရှိလို့လဲ ”

ဝမ်ရှုကျိက မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်  “ အစ်ကိုရှန်ဆီမှာ ဒဏ္ဍာရီလာ အထွတ်အထိပ်ရုပ်ခန္ဓာ ပိုင်ဆိုင်ထားတာလား ”

ရှန်ထျန်းက နားရှုပ်သွားကာ “ဘယ်လို ”

သူ့တွင် အထွတ်အထိပ် ရုပ်ခန္ဓာများစွာ ရှိသော်လည်း ဝမ်ရှုကျိ ရည်ညွှန်းသည့် အရာတစ်ခုက ဘယ်ဟာဖြစ်ကြောင်း မသိပေ။

ဒီလိုအချိန်မျိုးက သူ့အတွက် စိတ်ရှုပ်ထွေးလာစေသည်။

ဝမ်ရှုကျိ၏ အသံက အနည်းငယ် တုန်ယင်သွားကာ  “ လူသားဧကရာဇ် ရုပ်ခန္ဓာလေ ”

အားလုံးက သူ့အား လှည့်ကြည့်လိုက်ကြသည်။ လူများစွာက လူသားဧကရာဇ် ရုပ်ခန္ဓာသည် ဘယ်အရာကို ရည်ညွှန်းမှန်း ကောင်းကောင်း သိကြသည်။

ဤသည်မှာ ပြိုင်ဖက်မရှိ မြင့်မြတ်သော ရုပ်ခန္ဓာဖြစ်ပြီး ထိုလူက လူသားမျိုးနွယ်၏ ယုံကြည်ရာဖြစ်ဖို့ ကံဖန်လာပြီးသား ဖြစ်၏။ သူတို့က အသက်အောင့်ကာ ရှန်ထျန်းအား မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

ရှန်ထျန်း ပြသခဲ့သော စွမ်းရည်များက ကြောက်ဖို့ကောင်းလွန်းလှသည် မဟုတ်ပါလော။

ဒဏ္ဍာရီလာ လူသားဧကရာဇ် ရုပ်ခန္ဓာနှင့် လူသာ ဤအဆင့် ရောက်လာနိုင်သည်။

ရှန်ထျန်းက ခေါင်းညိတ်လိုက်ပြီး  “ ဟုတ်တယ်။ ငါ့ဆီမှာ လူသားဧကရာဇ် ရုပ်ခန္ဓာရှိတယ် ”

ဟူး … အားလုံးက အသက်ပြင်းပြင်းရှုလိုက်ကြသည်။

သူတို့အကြည့်များက အံ့ဖွယ်အလင်းများဖြင့် တောက်ပလာလေ၏။ နတ်ဧကရာဇ်တပိုင်း သုံးယောက်ပင် အံ့ဩသွားပြီး သူတို့စိတ်ထဲ လှိုင်းလုံးများ ထလာမိသည်။ သူတို့က ဒဏ္ဍာရီလာ ဖွဲ့စည်းတည်ဆောက်ပုံ ပေါ်ထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့နောက် ပါရမီရှင်အားလုံးက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့က ပြိုင်တူ ဦးညွှတ်လိုက်ပြီး

“ ဒုတိယ လူသားဧကရာဇ်ကို ဂါရဝပြုပါတယ် ”

သူတို့သာ မကဘဲ နတ်ဧကရာဇ်တပိုင်း သုံးယောက်နှင့် တောင်ပိုင်းနယ်မြေ နတ်ဆိုးများကလည်း တညီတညွှတ်တည်း လေးလေးစားစား အရိုအသေပြုလိုက်ကြသည်။ အကြောင်းမှာ သူတို့ကို ဘိုးဘေးများ သင်ကြားပေးခဲ့၍ ဖြစ်၏။

လူသားဧကရာဇ် ရုပ်ခန္ဓာ နှိုးထလာသူက ဤလောကကို အုပ်စိုးဖို့ ကံဖန်လာလေသည်။ ထို့အပြင် ရှန်ထျန်း ပြသခဲ့သော သူ့ပါရမီနှင့် တိုက်ခိုက်စွမ်းရည်တို့က လူများစွာအား အပြည့်အဝ ယုံကြည်သွားစေသည်။

အကယ်၍ ရှန်ထျန်းကြောင့်သာ မဟုတ်လျှင် သူတို့ ဤနေရာ၌ သေချာပေါက် သေဆုံးသွားလိမ့်မည်။

ထို့ကြောင့် အားလုံးက စိတ်လိုလက်ရ ဦးညွှတ်ကာ ရှန်ထျန်းအား ဒုတိယ လူသားဧကရာဇ်အဖြစ် လက်ခံလိုက်ကြသည်။

အားလုံး၏ စကားများကြောင့် ရှန်ထျန်းက ကျောက်ရုပ်ဖြစ်သွားလေသည်။ သူ့အကြည့်တို့လည်း ဗလာကျင်းသွားလေသည်။

ဘာကြီးလဲ … ဒုတိယ လူသားဧကရာဇ်တဲ့လား

သဘောတရားအရဆိုရင် ငါ လူသားဧကရာဇ် ဖြစ်လာရင်တောင် တတိယ လူသားဧကရာဇ် ဖြစ်ရမှာ မဟုတ်ဘူးလား … ခဏနေပါဦး … ဖြစ်နိုင်တာ …

ငါ အနာဂတ် ရောက်လာတာ မဟုတ်ဘူးလား … အဲဒီအစား အတိတ်ဆီ ပြန်ရောက်သွားပြီးတော့ ဒုတိယ လူသားဧကရာဇ် ဖြစ်လာတာတဲ့လား

ကျစ် ငါ သတိလက်လွတ်ဖြစ်မိသွားတယ်

All Chapters