← Chapters

နတ်ဧကရာဇ်သုံးယောက် တစ်ပြိုင်နက်

Vol. 34(Final) Ch. 503

နတ်ဧကရာဇ်သုံးယောက် တစ်ပြိုင်နက်

Vol. 34(Final) Ch. 503

အခန်း (၅၀၃)  :  နတ်ဧကရာဇ်သုံးယောက် တစ်ပြိုင်နက်

ကောင်းကင်က မင်နက်ရောင်သဖွယ် ဖြစ်နေပြီး အလင်းရောင်ပင် မရှိချေ။

အာကာပြင်အပေါက်သည် ကောင်းကင်ကို ဖုံးအုပ်ထားပြီး အဆုံးမဲ့ မိစ္ဆာမြူများ ထုတ်လွှင့်နေသည်။ မြူအတွင်း မိစ္ဆာများစွာကို မြင်နေရပြီး သူတို့မျက်နှာများက ခက်ထန်ကာ ရံဖန်ရံခါ အော်ဟစ်ဟိန်းဟောက်နေကြသည်။

ထိုမိစ္ဆာဝိညာဉ်များက ငရဲမှ တက်လာသည့် မိစ္ဆာတစ္ဆေများလို ဖြစ်၏။ သူတို့အရှိန်အဝါများက အားလုံးကို သတ်ဖြတ်ပစ်ချင်နေသည့်အလား ကြမ်းတမ်းခက်ထန်လှသည်။

အားလုံး၏ အမူအယာက ချက်ချင်း ပြောင်းလဲသွားကြသည်။ ဤတစ်ကြိမ် မိစ္ဆာဝိညာဉ်အများကြီး ဖြစ်နေပြီး ထာဝရမိစ္ဆာဝိညာဉ်များလည်း မနည်းလှပေ။

သူတို့က ကောင်းကင်ကို တုန်လှုပ်စေမည့် အနက်ရောင် ဒီရေလို ဖြစ်၏။

ဤသည်က နှစ်တစ်ရာအတွင်း ကျုးကျော်ခဲ့သော မိစ္ဆာဝိညာဉ်အရေအတွက်ထက် အများကြီး ပိုနေသည်။

တချို့က ကြောက်လန့်တကြား အော်ပြောလိုက်သည်  “ တိုက်ခိုက်လိုက်တာ နတ်ဧကရာဇ်ပဲ … သူက နယ်မြေငါးခု အကာအရံကို ဖောက်ပြီး မိစ္ဆာဝိညာဉ်တပ်ကို ပို့နေတာ ”

နယ်မြေငါးခု အကာအရံက မိစ္ဆာဝိညာဉ်များ မဝင်ရောက်လာစေရန် ကာဆီးပေးထားသည်။

အတိတ်တုန်းက ဤကမ္ဘာထဲ ဝင်ရောက်လာသော မိစ္ဆာဝိညာဉ်များသည် ထာဝရမိစ္ဆာဝိညာဉ်အဆင့်သာ ဖြစ်သော်လည်း အရေအတွက် မများလှပေ။ ယခုတွင်မူ အယောက်ရာကျော် တစ်ခါတည်း ရောက်ရှိလာသည်။

ထာဝရတစ်ပိုင်းနှင့် ဝိဇ္ဇာ မိစ္ဆာဝိညာဉ်များလည်း ရှိသေးလေသည်။

ဤမှတဆင့် သူတို့က နယ်မြေငါးခုလုံးကို အပြီးတိုင် ဖျက်စီးပစ်ဖို့ ရည်ရွယ်ထားကြောင်း သိသာလှ၏။

……………....

မိစ္ဆာဝိညာဉ်များ ပေါ်ထွက်လာသည့်အခါ သူတို့က အစွယ်ဖြဲ၍ အားလုံးဆီ ချီတက်လာသည်။ ထာဝရမိစ္ဆာဝိညာဉ် ရာကျော်ကလည်း အတူတကွ လှုပ်ရှားလိုက်ပြီး စွမ်းအားကို တိုးမြင့်လိုက်ကြသည်။

သူတို့က ခုန်ဝင်လာကြပြီး ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်နေကြသည်။ ကောင်းကင်ကြီးက ကျုံ့သွားပြီး မြေကြီးက ချိုုင့်ဝင်သွားလေသည်။ သဘာဝစည်းမျဉ်းများက ကမောက်ကမ ဖြစ်လာပြီး နေရာတစ်ခုလုံးက အပြစ်ကြွေးဆပ်ရာ နေရာတစ်ခုအလား ဖြစ်လာသည်။

“ တိုက်ကြ .. သူတို့ကို တားကြ ”

စိတ်လှုပ်ရှားနေသည့် အမူအယာဖြင့် လူအိုကြီးတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်သည်။ အကယ်၍ ထာဝရမိစ္ဆာဝိညာဉ်များသာ အလယ်ပိုင်းကုန်းမြေဆီ ပြေးဝင်လာခဲ့လျှင် နေရာအနှံ့ အလောင်းများ စုပုံလာလိမ့်မည်။

ဤအင်အားစုက နယ်မြေငါးခု၏ ကျင့်ကြံသူများ တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။

ကောင်းကင်မှ ပုံရိပ်များစွာ ပျံသန်းနေကြပြီး လေဟာနယ်ထဲ ရပ်ကာ မိစ္ဆာဝိညာဉ်တပ်ကို တားဆီးဖို့ ကြိုးစားနေကြသည်။ ဤသူတို့မှာ အထွတ်အမြတ်မြေအသီးသီး၏ ဘိုးဘေးများ ဖြစ်ပြီး သူတို့ကျင့်ကြံဆင့်က နတ်ဧကရာဇ်တပိုင်းအဆင့် ရောက်နေကြလေပြီ။ သို့သော်လည်း မိစ္ဆာဝိညာဉ်တပ်ရှေ့ ဤအင်အားက မထင်ရှားလောက်အောင် သေးနုပ်လွန်းလှသည်။

အရေအတွက်ကွာခြားချက်က အရမ်းကို ကြီးမားနေလေသည်။

“ယင်ယန် ဓာတ်ငါးပါး အစီအရင်ကို အသက်သွင်းကြ ” အကြီးအကဲတစ်ဦးက အော်ပြောလိုက်သည်။

နတ်ဧကရာဇ်တပိုင်းများစွာက အတူတူ လှုပ်ရှားလိုက်ကြသည်။ သူတို့က ရှေးဟောင်းဂါထာများ ရွတ်ဖတ်ကာ ကမ္ဘာကြီးဆီမှ စွမ်းအားကို ဆွဲယူပြီး အထွတ်အထိပ် အစီအရင် ခင်းကျင်းလိုက်ကြသည်။

ထိုစဉ် ဘေးပတ်လည်ကို လွှမ်းခြုံသွားသည့် အလင်းအလွှာတစ်ခု မြင့်တက်လာသည်။ တောက်ပနေသော နေမင်းနှင့် လမင်းလည်း ထွက်ပေါ်လာပြီး ကောင်းကင်တစ်ဝက်ကို နေရာယူသွားသည်။ ယင်ယန်တို့ ရောယှက်နေပြီး အထွတ်အထိပ် အစီအရင်ကို ဖြစ်ပေါ်လာစေသည်။

နတ်ဧကရာဇ်ပိုင်းများစွာက ထိုအစီအရင်ကို ထောက်ပံ့ပေးနိုင်ဖို့ အတူတူ ကြိုးစားခဲ့ကြရသည်။

ထိုစဉ် ထာဝရ မိစ္ဆာဝိညာဉ်များဆီမှ တိုက်ခိုက်မှုရာချီ ကျဆင်းလာသည်။ သူတို့က အဆုံးမဲ့ မိစ္ဆာစွမ်းအားများဖြင့် နယ်မြေ မိုင်ထောင်ချီကို ဖျက်စီးပစ်လိုက်ပြီး အကာအရံအား ရိုက်ခတ်လိုက်သည်။

စွမ်းအားက ကြောက်ဖို့ကောင်းလှပြီး မိုးမြေပင် ဇောက်ထိုး ဖြစ်သွားစေနိုင်သည်။

ဝုန်း …

အသံက မိုးခြိမ်းသံလို ဖြစ်ပြီး မိုးမြေကိုပင် တုန်ခါသွားစေသည်။

အလင်းအလွှာက လှိုင်းတွန့်များ ထလာလေသည်။ နတ်ဧကရာဇ်တပိုင်းအဆင့်များစွာက သက်ရောက်မှုကို တောင့်ခံထားကြရင်း တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။

သို့သော်လည်း အစီအရင်က မကျိုးပျက်သွားပေ။ ထို့အစား တိုက်ခိုက်မှုကို နတ်ဧကရာဇ်တပိုင်းများက အောင်အောင်မြင်မြင် တားဆီးနိုင်လိုက်သည်။ ဤသည်မှာ ရှေးပဝေဏီခေတ်ကတည်းက လက်ဆင့်ကမ်းလာသည့် အစီအရင် ဖြစ်ပြီး စွမ်းအားမြောက်များစွာ ပါဝင်နေသည်။ ဤအစီအရင်၏ အထောက်အပံ့ဖြင့် ထာဝရမိစ္ဆာဝိညာဉ်များ ကျူးကျော်ဝင်ရောက်ဖို့ မလွယ်တော့ပေ။

……….....

ထိုစဉ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ အာကာပြင်အပေါက်ကြီးက ပိုမိုကျယ်လာကာ အလင်းများ တောက်ပလာသည်။

ပြင်ပလောကမှ စွမ်းအားကြီး ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ သူ့အရှိန်အဝါတို့က သက်ရှိအားလုံးကို နှိမ့်ချကြည့်နေဟန်ပေါ်သည်။ ဤလူက ကြောက်စရာကောင်းလွန်းလှပြီး တစ်ကိုယ်လုံးက မင်လိုမျိုး မည်းနက်နေသည်။

သူ့မျက်ဆံများက မဟူရာအလင်းများဖြင့် တဖြတ်ဖြတ်လက်နေပြီး သူ့ဆီမှ အလင်းတန်းတစ်ခုပင် မမြင်ရပေ။ သူက မိုးမြေကို အဆုံးမဲ့ ချောက်နက်ထဲ နှစ်မြှပ်သွားစေသည့်အလား မားမားမတ်မတ်ရပ်နေသည်။

“ငါ့နာမည်က မဟူရာည နတ်ဧကရာဇ်ပဲ ”

ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကြီးက ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားလေသည်။

ထိုအသံက ဝိညာဉ်ကို ဝါးမျိုပြီး ဝိညာဉ်အစစ်အမှန်ကို အဆုံးသတ်ပစ်နိုင်သည့်အလား တုန်လှုပ်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

အားလုံးက ကြားလိုက်ရသည့်အခါ အမူအယာတို့ ရုတ်ချည်း ပြောင်းလဲသွားကြသည်။

ဤသည်မှာ နတ်ဧကရာဇ်တပိုင်းကို ကျော်လွန်နေသည့် နတ်ဧကရာဇ်အစစ်အမှန်၏ စွမ်းအား ဖြစ်ပေသည်။

နယ်မြေငါးခု၌ နတ်ဧကရာဇ် မရှိသည့် ခေတ်အခါအတွင်း မည်သူကများ သူနှင့် ရင်ဆိုင်နိုင်မည်နည်း။

နယ်မြေငါးခုက တကယ်ကြီး ပျက်သုန်းသွားရတော့မှာလား …

………....

ထိုစဉ် မဟူရာည နတ်ဧကရာဇ်က လှုပ်ရှားလာသည်။ သူက လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ အလင်းအလွာအား ရိုက်ချလိုက်သည်။

ထိုစဉ် အာကာပြင်က တုန်ခါသွားပြီး ပြိုလဲသွားကာ တောင်တန်းများနှင့် မြစ်များလည်း ပျက်စီးကြေမွကုန်သည်။

အစီအရင်အလွှာက ချက်ချင်း ကြေမွသွားလေ၏။

နတ်ဧကရာဇ်တပိုင်းများစွာက သွေးများစွန်းကာ မြေပြင်ပေါ် လဲကျလာကြသည်။ သူတို့မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး စိတ်က ပျက်စီးသွားလေပြီ။ နတ်ဧကရာဇ်ရှေ့မှောက် အရာအားလုံးက ဖြတ်သွားသည့် တိမ်တိုက်ကဲ့သို့ ဖြစ်သည်။

နတ်ဧကရာဇ်တပိုင်းများစွာက ပူးပေါင်း၍ အစီအရင်ကို ခင်းကျင်းထားခဲ့သော်လည်း တစ်ချက်တည်းဖြင့် ပျက်စီးသွားရသည်။

ဤသို့သော စွမ်းအားမျိုးက တားဆီးမရနိုင်ပေ။

မဟူရာည နတ်ဧကရာဇ်၏ အကြည့်တို့က သက်ရှိအားလုံးကို ဝါးမျိုပစ်နိုင်သည့် မဟူရာတွင်းနက်ကြီးလိုမျိုး မည်းမှောင်လာသည်။

သူက အဆုံးမဲ့ လေဟာနယ်ကို ထိုးဖောက်မြင်နေဟန်ဖြင့် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူ ဦးတည်နေသော တည်နေရာမှာ အလယ်ပိုင်းကုန်းမြေ၏ နေရာတစ်ခုကို ဖြစ်သည်။

မဟူရာည နတ်ဧကရာဇ်က ဖြည်းဖြည်းချင်း ပြောလိုက်သော်လည်း သူ့အသံ၌ အဆုံးမဲ့ အုပ်ချုပ်သူစွမ်းအားများ သယ်ဆောင်လာသည်။

သူ့အသံက ပဲ့တင်ထွက်လာကာ  “ မိစ္ဆာဝိညာဉ်တပ် သတ်ကြ ”

လေပြင်းပြင်းတစ်ချက် တိုက်ခတ်လာကာ စွမ်းအားများလည်း ထွက်ပေါ်လာသည်။ ထာဝရမိစ္ဆာဝိညာဉ်ရာကျော်က ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ကြပြီး လမ်းတွင် ရှိသမျှ စတင်သတ်ဖြတ်ကြသည်။ သူတို့နောက်တွင် ထာဝရတပိုင်းနှင့် ဝိဇ္ဇာ မိစ္ဆာဝိညာဉ်များစွာ ပါလာကြသည်။

“တိုက်ကြ ” ကျန်းထိုက်ယီက အော်ပြောလိုက်သည်။

ဘိုးဘေးများကလည်း အတူတကွ လှုပ်ရှားကာ ထာဝရမိစ္ဆာဝိညာဉ်များ၏ တိုက်ခိုက်မှုကို ကာဆီးလိုက်ကြသည်။

တစ်ယောက်ချင်းစီက သူတို့ အထွတ်အထိပ် ပညာရပ်များကို ထုတ်သုံးနေကြပြီး မိစ္ဆာဝိညာဉ်များ ခုခံရန် သူတို့ဘိုးဘေးများ ချန်ထားခဲ့သည့် လက်နက်များကိုပါ ထုတ်သုံးနေကြသည်။

အကယ်၍ သူတို့ ဝင်မပါလျှင် ကမ္ဘာကြီးက သေချာပေါက် ဖျက်စီးခံရလိမ့်မည်။ တစ်ဖက်က နတ်ဧကရာဇ်နောက်ခံရှိထားသော်လည်း အားလုံးက ကြောက်လန့်ခြင်း ကင်းမဲ့စွာ ချီတက်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

တစ်ချိန်တည်းတွင် အဖွဲ့တစ်ဖွဲ့ ပြေးဝင်လာကာ ဘိုးဘေးများနှင့်အတူ ထာဝရမိစ္ဆာဝိညာဉ်များနှင့် ထိပ်တိုက် ရင်ဆိုင်ကြသည်။ သူတို့က ကောင်းကင်ခုံရုံး အလံများကို သယ်ဆောင်လာပြီး အင်မတန် အားကောင်းကြလေ၏။ ထိုလူများက ကောင်းကင်ခုံရုံးအဖွဲ့ဝင်များ ဖြစ်ကြသည်။

ယခင် နှစ်တစ်ရာအတွင်း ထိုပါရမီရှင်များ၏ စွမ်းအားက သိသိသာသာ တိုးမြင့်လာခဲ့သည်။ ယခု သူတို့က ထာဝရမိစ္ဆာဝိညာဉ်များနှင့်ပင် ရင်ဆိုင်နိုင်နေလေပြီ။

နှစ်ဖက်လုံးမှ တိုက်ပွဲက ပြင်းထန်လွန်းလှသည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်တွင် အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိသော်လည်း နယ်မြေငါးခုကို အလွယ်တကူ အနိုင်မပိုင်းနိုင်ပေ။

တစ်ချိန်တည်းတွင် နယ်မြေငါးခု၏ ကျင့်ကြံသူများက သွေးသံရဲရဲ တိုက်ပွဲကို တိုက်ခိုက်နေကြသည်။ မည်သူမှ နောက်မဆုတ်ကြဘဲ အားလုံးက အဆုံးအထိ တိုက်ခိုက်နေသည်။

ဤတိုက်ပွဲက နယ်မြေငါးခု၏ သေခြင်းရှင်ခြင်းနှင့် ပတ်သတ်နေလေရာ မည်သူမှ တစ်ယောက်တည်း ဘေးမကင်းနိုင်ပေ။

မဟူရာည နတ်ဧကရာဇ်၏ အကြည့်များက မကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကာ  “ ခေါင်းမာတဲ့ ခုခံမှုမျိုးပဲ ”

သူက ထိုလူသားများကို ကိုင်တွယ်ဖို့ ပြင်လိုက်သည်။

ထိုစဉ် ပုံရိပ်တစ်ခု ရောက်ရှိလာ၏။

သူ့ဝတ်ရုံဖြူက ထူးခြားနေပြီး ပုံစံက ပြိုင်ဖက်ကင်းလှသည်။ သူက မဟူရာည နတ်ဧကရာဇ်ရှေ့ ရပ်ကာ သူ့ဆီမှ ဖိအားအားလုံးကို ခုခံနေသည်။

မဟူရာည နတ်ဧကရာဇ်၏ အမူအယာက အေးစက်လာပြီး သရော်လိုက်သည်  “ အဲဒါ မင်းကိုး ”

ရှန်ထျန်းကို မှတ်မိသွားသည့်အခါ သူ့အရှိန်အဝါများက ပိုမို ပြင်းထန်လာလေသည်။

ရှန်ထျန်းက စလိုက်သေး၏  “ ရှုံးနိမ့်သွားတဲ့လူက ဒီလောက် လာမောက်မာပြနေတာလား ”

မဟူရာည နတ်ဧကရာဇ် …

ဤသည်မှာ တောင်ပိုင်းနယ်မြေ၌ ထာဝရမိစ္ဆာဝိညာဉ်များ ဆင့်ခေါ်ခဲ့သည့် နတ်ဧကရာဇ် ဖြစ်ပေသည်။

ရှန်ထျန်းက သူ့လက်ချောင်းကို ဖျက်စီးကာ ဒဏ်ရာရစေခဲ့၏။ နှစ်တစ်ရာကြာပြီးနောက် ဤနယ်မြေထဲအထိ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မဟူရာည နတ်ဧကရာဇ်က အန္တရာယ်ရှိစွာ မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့တိုးလာကာ အဆုံးမဲ့ လေဟာနယ်အား ခြေမွပစ်လိုက်သည်။

“ကောင်စုတ်လေး ငါ့ခန္ဓာကိုယ်ကို လာထိရဲတယ်ပေါ့လေ။ သေစမ်း ”

မဟူရာည နတ်ဧကရာဇ်က လက်ဝေ့ယမ်းလိုက်သည်။

ကောင်းကင်က မျက်စိတစ်မှိတ်အတွင်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားပြီး ရှန်ထျန်းဆီ ဖိအားကျရောက်လာသည်။

ဤသည်မှာ နတ်ဧကရာဇ်တစ်ယောက်၏ စွမ်းအား ဖြစ်သည်။

ထိုစဉ် လေဟာနယ်က ချက်ချင်း ပျက်စီးသွားပြီး အမှောင်ထုက မိုင်ထောင်ချီ ပျံ့နှံ့သွားလေသည်။ ကောင်းကင်ကိုပင် လှုပ်ကိုင်နိုင်သည့် ဧရာမလက်ဝါးရာကြီးက ကောင်းကင်တွင် ပေါ်ထွက်လာပြီး နေမင်းကို ဖုံးအုပ်သွားလေသည်။ ထိုအရာက အင်မတန် လေးလံလှ၏။

ဤစွမ်းအားက နတ်ဧကရာဇ်အဆင့်အောက် သက်ရှိအားလုံးကို သတ်ပစ်ဖို့ လုံလောက်ပေသည်။

ရှန်ထျန်း၏ အမူအယာက ပြောင်းလဲခြင်း မရှိဘဲ သူ့မျက်ဝန်းတို့က တောက်ပနေလေ၏။ သူ့အနားတွင် အဆုံးမဲ့ ကြယ်တာရာအလင်းများ ဝန်းရံနေပြီး လင်းလက်နေသည်။ သူက အဆုံးမဲ့ကြယ်တာရာ အလင်းရောင်တို့ကို ယူဆောင်ကာ ကောင်းကင်ထဲ ခုန်ဝင်သွားလိုက်သည်။

“ ကောင်းကင်အံ့ဖွယ် လက်သီး ”

ရှန်ထျန်းက လက်သီးမြောက်ကာ အဆုံးမဲ့ ကြယ်တာရာစွမ်းအားကို စုယူလိုက်သည်။ ဥက္ကာပျံ ကြွေကျလာသလိုမျိုး ရပ်တန့်၍ မရပေ။

ဝုန်း …

နှစ်ခု ထိပ်တိုက်တွေ့သွားသည့်အခါ သူတို့အားများက မိုးမြေကိုပင် လှုပ်ခါသွားစေပြီး အာကာပြင်ကိုပင် ကြေမွသွားစေသည်။

မဟူရာည နတ်ဧကရာဇ်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားကာ သူ့အကြည့်တို့၌ အံ့ဩမှုများ ထင်ဟပ်လာသည်။

ရှန်ထျန်း၏ အင်အားက နှစ်တစ်ရာကြာပြီးနောက် ဤအဆင့်အထိ တိုးတက်လာခဲ့သည်။

ယခင် ရှန်ထျန်းက သူ့လက်ချောင်းနှင့် ရင်ဆိုင်ကာကွယ်ဖို့ရာအတွက် ဝှက်ဖဲအားလုံး ထုတ်သုံးခဲ့ရသည်။ သို့သော် ယခုတွင် သူက နတ်ဧကရာဇ်၏ တိုက်ခိုက်မှုကိုပင် လှုပ်ကိုင်နေနိုင်လေပြီ။

ဤသို့သော ပါရမီမျိုးက မကောင်းဆိုးဝါးဆန်လှ၏။

“ ဒီကောင်လေးက လျို့ဝှက်အန္တရာယ်ပဲ။ သူ့ကို အသက်ရှင်ရက်ထားလို့ မဖြစ်ဘူး ”

ပိတ်မည်းနေသော မိစ္ဆာစွမ်းအားတို့က မဟူရာည နတ်ဧကရာဇ်၏ ခန္ဓာကိုယ်မှ ထွက်လာကာ အမှောင်ထု နေမင်းတစ်စင်း ဖြစ်ပေါ်လာသည်။

မဟူရာအလင်းက တဖြတ်ဖြတ် ဖြစ်နေပြီး လူများကို မဟူရာချောက်နက်ထဲ ဆွဲချသွားတော့မည့်ဟန် မိစ္ဆာအငွေ့အသက်များကို ဆောင်ကျဉ်းလာသည်။

ရှန်ထျန်းနောက်တွင် အလင်းတန်းများ တောက်ပလာပြီး ခွန်ပန်တစ်ကောင် ဖြစ်ပေါ်လာသည်။ သူက ခွန်ပန်ပညာရပ်များကို ပြသကာ ရောင်စဉ်တန်းအဖြစ် ပြောင်းလဲကာ မဟူရာနေမင်းဆီ ပြေးဝင်သွားသည်။

“ သေချင်နေတာပဲ ”

မဟူရာည နတ်ဧကရာဇ်က သရော်ကာ လက်သီးဆုပ်လိုက်သည်။ မဟူရာနေမင်းက ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားသည့် မည်းနက်နေသော မိစ္ဆာမီးတောက်များအဖြစ် ပေါက်ကွဲထွက်သွားကာ စည်းမျဉ်းများအား လောင်ကျွမ်းသွားစေသည်။

အာကာပြင်က ချက်ချင်းပြိုကျသွားပြီး စည်းမျဉ်းများက ပျက်စီးသွားကာ အစီအစဉ်မကျ ဖြစ်လာရသည်။

တောက်ပနေသည့် ရောင်စဉ်တန်းက အနက်ရောင်မြူများကြား ထိုးဖောက်ကာ မဟူရာည နတ်ဧကရာဇ်ဆီ ဦးတည်သွားသည်။ ရှန်ထျန်း၏ သွေးများက အဆက်မပြတ် လည်ပတ်စီးဆင်းနေပြီး ကောင်းကင်ကို မီးပြင်းဖိုတစ်ခုလိုမျိုး လှုပ်ခါပစ်လိုက်သည်။

ထို့နောက် သူ့နောက်တွင် နဂါးဇာမဏီ ပုံရိပ်သဏ္ဍာန် ပေါ်ထွက်လာကာ နှစ်ခု ရောယှက်သွားသည်။

ရှန်ထျန်းက လက်သီးဆုပ်ထားလိုက်ပြီးနောက် လက်တစ်ဖက်မှာ ကမ္ဘာကြီးတလျှောက် ဟိန်းဟောက်နေသည့် နဂါးစစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

နဂါးစစ် လက်သီးက မရပ်တန့်နိုင်သော စွမ်းအားဖြင့် ကျဆင်းလာသည်။ အခြားလက်တစ်ဖက်မှာမူ အံ့ဖွယ်ဇာဏီအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံ ပျံသန်းသွားကာ အဆုံးမဲ့ အံ့ဖွယ်မီးတောက်များ ဆောင်ကျဉ်းလာသည်။

လက်သီးချက် နှစ်ချက်က မဟူရာည နတ်ဧကရာဇ်ပေါ် အပြင်းအထန် ကျရောက်သွားသည်။ ထိုအရာက သူ့အား ကောင်းကင်ဘုံကိုးလွှာအထိ ပေါက်ကွဲထွက်သွားစေပြီး တိမ်များပင် ပျံ့ကျဲသွားစေသည်။

“အဟွတ်ဟွတ်”

မဟူရာည နတ်ဧကရာဇ်၏ သွေးများ ထွက်လာကာ သူ့အကြည့်တို့ကလည်း တုန်လှုပ်မှုအပြည့် ဖြစ်နေသည်။ သူက ရှန်ထျန်း၏ တိုက်ခိုက်စွမ်းသည် ဤမျှအားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သတိမမူမိသည့် အချိန် သူက ဆုံးရှုံးမှုအကြီးကြီး ဖြစ်သွားရသည်။

မဟူရာည နတ်ဧကရာဇ်က ခက်ထန်စွာ အမိန့်ပေးလိုက်သည်  “သတ်ကြ ”

သူ့အနောက်မှ မိစ္ဆာမြူများက လှုပ်ခါသွားကာ သားရဲကြီးအသွင်ပြောင်းလဲသွားသည်။ ထိုသွေးသံရဲရဲ ပါးစပ်ကြီးကို ကျယ်ကျယ်ဟလိုက်သည်။ စွမ်းအားမှာ အံ့မခန်း ဖြစ်ပြီး အမှောင်မြူထဲ ဆွဲခေါ်ခံရလျှင် ထာဝရမေ့မြောသွားလိမ့်မည်။

သူ့ပါးစပ်ထဲ၌ သက်ရှိမြောက်များစွာကို မချိတင်ကဲ ခံစားထားရသကဲ့သို့ ဖြစ်နေ၏။ ထိုအရာများက မဟူရာည နတ်ဧကရာဇ် ဝါးမျိုထားသော သက်ရှိများ ဖြစ်ကြသည်။ သူတို့ကြားတွင် ပြိုင်ဖက်ကင်း ပါရမီရှင်များလည်း မရှားလှသော်လည်း ထာဝရတိတ်ဆိတ်သွားကြသည်။ ထိုအရာက အခြားလူများကို ကြောက်ရွံ့လာစေသည်။

“ဖိနှိပ်ခြင်း ”

ရှန်ထျန်းက အော်ပြောလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်မှ အလင်းများက ပို၍ ပြင်းထန်လာသည်။ နဂါးဇာမဏီ စွမ်းအားက အဆုံးအစွန်အထိ ထွက်ပေါ်လာပြီး မီးတောက်များလည်း ထွက်လာသည်။

နန်မင်လီ မီးတောက်၊ နေမီးလျှံအစစ်၊ အံ့ဖွယ်ဇာမဏီ ထာဝရမီးတောက်၊ ဇာမဏီအံ့ဖွယ် မီးတောက်များ …

အဆုံးမဲ့ မီးတောက်များစွာ ကောင်းကင်ယံအထိ မြင့်တက်လာပြီး ကောင်းကင်ကိုးဘုံမှ ကျဆင်းလာသည့် မီးတောက်အလွှာတစ်ခုအလား ပြောင်းလဲသွားသည်။ အံ့ဖွယ်မီးတောက်များ၏ ဆန်းကြယ်မှုက အံ့မခန်း ဖြစ်၏။ သူတို့က ကမ္ဘာကြီးကို အလင်းပေးကာ အမှောင်ထုအား ဖြိုခွင်းနေကြသည်။

နှစ်ဖက်လုံးက သွေးသံရဲရဲ ပြင်းထန်သော တိုက်ပွဲကို တိုက်ခိုက်နေကြသည်။

အနက်ရောင်မြူများ ထွက်လာကာ မီးတောက်များလည်း ပိုမို မြင့်တက်လာသည်။

နဂါးဇာမဏီ ပုံရိပ်သဏ္ဍာန်က အမှောင်ထုသားရဲကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ ကောင်းကင်ကိုပင် လှုပ်ခါကာ မိုင်တစ်သောင်းပတ်လည် ကြယ်တာရာကောင်းကင်ကိုပင် ကြေမွသွားစေသည်။

ရှန်ထျန်း၏ ခန္ဓာကိုယ် အစစ်အမှန်က မဟူရာည နတ်ဧကရာဇ်နှင့် တိုက်ခိုက်နေသည်။ ရုပ်ခန္ဓာအချင်းချင်း ပြင်းထန်သော ထိပ်တိုက်တွေ့မှု ဖြစ်ပေသည်။

ထိုစဉ် အံ့ဖွယ်စွမ်းအားများ ပေါက်ထွက်သွားကာ မြင်ကွင်းက ထိတ်လန့်စရာကောင်းလှသည်။

ဤသည်မှာ နေ၊ လနှင့် ကြယ်တာရာတို့ကိုပင် အလွယ်တကူ ဖျက်စီးပစ်နိုင်သည့် ပြိုင်ဖက်ကင်း အဆင့်မြင့် ကျင့်ကြံသူများကြားမှ တိုက်ပွဲ ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲက တစ်ဖက်သတ် ဖြစ်နေလေ၏။

ရှန်ထျန်း၏ သူရဲကောင်းဆန်မှုက တုနှိုင်းမဲ့၏။ သူက နဂါးဇာမဏီစွမ်းအားကို ထိန်းချုပ်ကာ ကောင်းကင်ယံအထိ ပျံတက်သွားပြီး မဟူရာည နတ်ဧကရာဇ်အား ဆက်တိုက် နောက်ဆုတ်သွားစေသည်။ မဟူရာည နတ်ဧကရာဇ်တွင် နတ်ဧကရာဇ် ခန္ဓာ ပိုင်ဆိုင်ထားသော်လည်း အထွတ်အထိပ် ရုပ်ခန္ဓာပိုင်ဆိုင်ထားသည့် ရှန်ထျန်းနှင့် ယှဉ်လိုက်လျှင် အရေးနိမ့်နေရသည်။

ရှန်ထျန်းက ၂၄ ကြိမ်မြောက် အတိဒုက္ခလွန်အဆင့် ဖြတ်ကျော်ပြီး နတ်ဧကရာဇ်တပိုင်းအဆင့် ဖြစ်လာကတည်းက သူ့သေမျိုးခန္ဓာက အပြောင်းအလဲကြီး ဖြတ်ကျော်ခဲ့ရသည်။

နတ်ဧကရာဇ် ခန္ဓာပင် သူ့ကို မယှဉ်နိုင်ပေ။

ဝုန်း …

နောက်ထပ် ပေါက်ကွဲသံအကျယ်ကြီးကို ကြားလိုက်ရသည်။ မဟူရာည နတ်ဧကရာဇ်က ကီလိုမီတာ သောင်းချီ လွှင့်စင်သွားပြီး အဆုံးမဲ့ လေဟာနယ်ကို ကြေမွသွားစေသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး သူ့အငွေ့အသက်လည်း လေးလံလာသည်။

“ တောက် မင်းကို မသတ်ရင် ငါ့နတ်ဧကရာဇ်အဆင့်ကို အရှက်ရစေလိမ့်မယ်”

မဟူရာည နတ်ဧကရာဇ်က အံ့ကြိတ်ကာ အရှက်ခွဲခံလိုက်ရသည်ဟု ခံစားနေရသည်။ နတ်ဧကရာဇ်တစ်ယောက်က ဂျူနီယာတစ်ယောက်ထံ မျက်နှာပျက်ခြင်းကို မည်သို့များ သည်းခံနိုင်မည်နည်း။

မဟူရာည နတ်ဧကရာဇ်က ခြေမြောက်လိုက်သည့်အခါ အဆုံးမဲ့ ညကပ်ဘေးအလင်း ပေါ်ထွက်လာသည်။ ထိုအရာက အနက်ရောင်တောင်ပံတစ်စုံအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထိလုမတတ် ဖြစ်နေလေ၏။

သူ့ခန္ဓာကိုယ်အစစ်က  မဟူရာလင်းတငှက်အဖြစ် ပြောင်းလဲသွားပြီး သူ့တစ်ကိုယ်လုံး၌ အရိုးများ၊ အသားများနှင့် ကာထားပြီး ပြိုင်ဖက်ကင်း ထက်ရှမှုကို ဆောင်ကျဉ်းလာသည်။

နှုတ်သီးက ဓားသွားလို ထက်ရှနေပြီး ထာဝရသတ္တုများကိုပင် ထိုးဖောက်ပစ်နိုင်သည်။

ရှန်ထျန်း၏ လက်က ငွေရောင်အလင်းများဖြင့် တောက်ပနေသည်။ သူက ရှုပ်ထွေးပွေလီ ကြယ်တာရာဓားကို ထုတ်ကာ ဓားပျံတိုက်ကွက်ကို ထုတ်သုံလိုက်သည်။

ထိုစဉ် မိုးမြေတစ်ခွင် ငွေရောင်အလင်းများဖြင့် လွှမ်းခြုံသွားလေသည်။

ဝုန်း

မဟူရာည နတ်ဧကရာဇ်၏ ပုံရိပ်က ချက်ချင်း ပြုတ်ကျလာကာ သူ့မျက်ခုံးစပ်မှ သွေးများ စီးကျလာသည်။ သူ့နတ်ဘုရားအသိစိတ်လည်း ပျက်သုန်းလုနီးပါး ဖြစ်သွားရ၏။

ထိုစဉ် နောက်ဆုံးတော့ သူ နားလည်သွားလေပြီ။ ရှန်ထျန်းက သူ တစ်ယောက်တည်းဖြင့် သတ်နိင်သည့်သူ မဟုတ်ချေ။

မဟူရာည နတ်ဧကရာဇ်က သူ့ဒဏ်ရာများကို ထိန်းလိုက်သည်။ သူက ဒဏ်ရာရထားသော်လည်း အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့်အထိ မဟုတ်ပေ။

သူက အေးစက်စက် ပြောလိုက်သည်  “မင်းတို့တွေ ထွက်မလာဘူးလား ”

မဟူရာည နတ်ဧကရာဇ်က တစ်ခုခုကို ဆင့်ခေါ်နေသည့်အလား အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

“ ဘာလဲ။ မင်းက နတ်ဧကရာဇ် ဖြစ်နေပြီးတော့ အငယ်လေးတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလားကွာ ”

အာကာပြင်အပေါက်မှ လှောင်ပြောင်သံ ထွက်လာသည်။

အာကာပြင်အပေါက်က တုန်ခါလာကာ ပုံရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ ထိုလူက သွေးနီရောင် သရဖူနှင့် သွေးနီရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားလေသည်။ သူ့အငွေ့အသက်များက ကြမ်းတမ်းခက်ထန်လှ၏။

သူက သွေးပင်လယ်တစ်ခုလုံး သယ်ထားသည့်အလား ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ ဤလူက သက်ရှိများစွာကို သေချာပေါက် သတ်ဖြတ်ခဲ့သူ ဖြစ်ရမည်။ သူ့တစ်ကိုယ်လုံးမှ သွေးနံ့များ စွန်းထင်းနေပြီး သူ့ကို ကြည့်ရုံနှင့်ပင် ထိတ်လန့်စရာကောင်းလာသည်။

နောက်ထပ် နတ်ဧကရာဇ် …

မဟူရာည နတ်ဧကရာဇ်က မည်သူမှန်းသိလိုက်သည်နှင့် ဟမ်ခနဲ အသံပြုကာ  “ သွေးနတ်ဧကရာဇ် ဒီကောင်စုတ်လေးက မြင်ရသလောက် မရိုးရှင်းဘူး။ သတိလက်လွတ်မဖြစ်စေနဲ့။ မဟုတ်ရင် မင်း အထိ နာလိမ့်မယ်”

သွေးနတ်ဧကရာဇ်၏ ခန္ဓာကိုယ်မှ ကောင်းကင်ဘုံမှ သွေးများ စီးကျလာသည့်အလား လျှံထွက်လာသည်။ သူက အဆုံးမဲ့ ကြယ်တာရာပင်လယ်ထဲ ရပ်ကာ အားလုံးကို ငုံ့ကြည့်နေသည်။

သူ့မျက်ဝန်းများက သွေးနီရောင် နေမင်းလိုမျိုး နီရဲနေသည်။

အကြည့်တစ်ချက်တည်းဖြင့် ဝိညာဉ်ကို သွေးဆာမှုဖြင့် ချုပ်ငြိမ်းပစ်လိုက်နိုင်ပြီး ရူးသွပ်သွားစေနိုင်သည်။

“ ဒီသွေးမျိုးဆက်က တကယ် ထူးခြားတာပဲ။ ပြီးတော့ သူတို့တိုက်ခိုက်ရည်ကလည်း အတော် အားကောင်းတယ်။ ကံမကောင်းတာက ဒီနေရာမှာ ဖျက်စီးခံရဖို့ ကံဖန်လာတာပဲ ”

သွေးနတ်ဧကရာဇ်၏ အသံက အားကောင်းလှပြီး ရှန်ထျန်းအား သေလူတစ်ယောက်ကို ကြည့်နေသလိုမျိုး ကြည့်လိုက်သည်။ သူ့အမြင်အရ ရှန်ထျန်းသည် အလွန်အားကောင်းသော်လည်း ဘာမှကြောက်စရာ မရှိပေ။ သူ့ကို သတ်ဖို့ လွယ်လှသည်။

ရှန်ထျန်းက နောက်ထပ် နတ်ဧကရာဇ်ကို မြင်လိုက်ရသော်လည်း တည်ငြိမ်နေဆဲ ဖြစ်၏။ သူက မိစ္ဆာဝိညာဉ်မျိုးနွယ်တွင် အရံအစီအစဉ်ရှိနေကြောင်း မအံ့ဩမိပေ။

ရှန်ထျန်းက ခပ်တန်းတန်း ပြောလိုက်သည်  “ နောက်ထပ် တစ်ယောက်ရှိသေးတယ်။ ပုန်းမနေနဲ့ … ထွက်ခဲ့ ”

အသံနက်ကြီး ထွက်ပေါ်လာကာ ကမ္ဘာမြေကို တုန်ခါသွားစေသည်။

“ စိတ်ဝင်စားစရာပဲ … မင်းက ငါ့ကိုတောင် ရှာတွေ့တယ်ပေါ့ ”

အာကာပြင်အပေါက်ထဲမှ နောက်ထပ် ပြိုင်ဖက်ကင်း ပုံရိပ်တစ်ခု ထပ်မံ ထွက်လာသည်။ ဤလူက မိစ္ဆာဝိညာဉ်ကျိုင်းကို ကိုင်ဆောင်ထားပြီး ကျိန်စာဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့မျက်ဝန်းများက အစိမ်းပုတ်ရောင် ဖြစ်၏။

သူ့အနားရှိ မိစ္ဆာအငွေ့အသက်များက ကျယ်ပြောကာ အားကောင်းလှပြီး ကြောက်မက်ဖွယ် ကျိန်စာစွမ်းအားများ ထုတ်လွှင့်နေသည်။ ဤလူ၏ အသံက ခပ်ဩဩ ဖြစ်ပြီး  “ လူသားဧကရာဇ် သွေးမျိုးဆက်က ငါတို့မျိုးနွယ်ရဲ ကျိန်စာကို ချိုးဖောက်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး ”

သွေးနတ်ဧကရာဇ်လည်း အံ့ဩသွားလေသည်။

“ စက္ခုနတ်ဧကရာဇ် … ဒီကောင်စုတ်လေးက ကျိန်စာကို ဖျက်လိုက်တာလား ”

ထိုအရာက အားလုံးကို အံ့အားသင့်သွားစေသည်။

စက္ခုနတ်ဧကရာဇ်က အင်မတန် ထူးခြားသော မိစ္ဆာဝိညာဉ် မျိုးရိုးမှ ဖြစ်၏။ သူ့နဂိုဇာစ်မြစ်က ကောင်းကင်ထုနှက် နတ်ဆိုးမျက်ဆံ မျိုးနွယ်မှ ဖြစ်ပြီး အထွတ်အထိပ် ကျိန်စာစွမ်းအားကို ပိုင်ဆိုင်ထားသည်။

အတိတ်တုန်းက ကောင်းကင်ထုနှက် နတ်ဆိုးမျက်ဆံမျိုးနွယ်က လူသားဧကရာဇ် ရုပ်ခန္ဓာပေါ် ကျိန်စာတိုက်ဖို့ ထာဝရဘုရင် သုံးယောက် စတေးဖို့ တုံ့ဆိုင်းမနေခဲ့ချေ။

ဤကျိန်စာက လူသားဧကရာဇ် ရုပ်ခန္ဓာကို ထာဝရဧကရာဇ်အဆင့် မရောက်သရွေ့ ဖယ်ရှားပစ်နိုင်မည် မဟုတ်ပေ။

ရှန်ထျန်းက နတ်ဧကရာဇ်အဆင့် မရောက်ခင် ကျိန်စာကို ဖယ်ရှားပစ်နိုင်လိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။

ကြည့်ရသည်မှာ ဤကောင်လေးတွင် လျို့ဝှက်ချက်အကြီးကြီး ရှိနေပုံပေါ်၏။

စက္ခုနတ်ဧကရာဇ်၏ အသံက ကျိန်စာသဖွယ် အေးစက်စက် ထွက်လာပြီး “ ကိစ္စမရှိဘူး။ ဒီသွေးမျိုးဆက်က ကောင်းကင်ကနေ စွန့်ပစ်ခံရဖို့ ကံဖန်လာပြီးသား။ ဒီကောင်လေး ဒီနေ့ ဒီနေရာမှာ သေရမယ် ”

သူက စိတ်ထဲ မထားပေ။ ဤမျိုးဆက်၏ လူသားဧကရာဇ် ကျင့်ကြံဆင့်သည် အလွန်အားနည်းလွန်းပြီး အရွယ်မရောက်လာသေးပေ။ ထို့အပြင် နတ်ဧကရာဇ်သုံးယောက် ရှိနေလေရာ သူတို့က လူသားဧကရာဇ်အား မည်သို့ သတ်နိုင်မည်နည်း။

………….....

အားလုံးက အေးစက်စက် လေများ ရှုရှိုက်မိလိုက်ကြသည်။ မိစ္ဆာဝိညာဉ်မျိုးနွယ်သည် ရှန်ထျန်းကို တိုက်ခိုက်ရန် နတ်ဧကရာဇ်သုံးယောက် စေလွှတ်လိုက်မည်ဟု မထင်ထားကြပေ။ ဤအနေအထားက အားလုံး၏ စိတ်ကူးကို ကျော်လွန်သွားလေပြီ။

ကျန်းထိုက်ယီနှင့် အခြားပါရမီရှင်များ၏ အကြည့်များက စိုးရိမ်လာကာ  “အစ်ကိုရှန် သေချာပေါက် နိုင်ရမယ်နော်”

ရှန်ထျန်း၏ အကြည့်တို့က အေးစက်နေသလို‌ လေသံကလည်း ရေခဲတမျှ အေးစက်နေသည်  “အားလုံး ဒီမှာရှိနေမှတော့ အကုန်လုံးကို သေမင်းဆီ ပို့ပေးလိုက်ရုံပေါ့ ”

သွေးနတ်ဧကရာဇ်က နှာခေါင်းရှုံ့ကာ  “ မောက်မာလိုက်တာ … ဒီနေရာက မင်းသေရမဲ့ နေရာပဲ။ နတ်ဧကရာဇ်သုံးယောက်ရဲ့ သတ်တာကို ခံပြီး သေရမှာဆိုတော့ မင်းအတွက် ဂုဏ်ယူစရာလို့ မှတ်လိုက် … မင်းရဲ့ ဝိညာဉ် အဝါရောင်စမ်းချောင်းဆီ ပြန်ရောက်တဲ့အခါမှ ဆက်လေလုံးထွားတော့ ”

နတ်ဧကရာဇ်များက အမြဲလိုလို အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ပေသည်။ နတ်ဧကရာဇ် တစ်ယောက်တည်းဖြင့် နယ်မြေငါးခုလုံးကို ဖျက်စီးပစ်နိုင်သည်။

ယခု မိစ္ဆာဝိညာဉ်မျိုးနွယ်က နတ်ဧကရာဇ် မဖြစ်သေးသည့် ရှန်ထျန်းကို ရင်ဆိုင်ဖို့အတွက် နတ်ဧကရာဇ်သုံးယောက် စေလွှတ်လိုက်သည်။

ဤသည်မှာ ယုံကြည်ချင်စရာမကောင်းပေ။

ရှန်ထျန်းက ခပ်ပေါ့ပေါ့ ပြောလိုက်သည်  “ အဲလိုလား။ အဲလိုလုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရတာပေါ့ ”

ထိုသို့ပြောလိုက်ပြီးနောက် ရှန်ထျန်းက လက်ကို အသာခါလိုက်သည့်အခါ အဆုံးမဲ့ အံ့ဖွယ်အလင်းများ ထွက်ပေါ်လာသည်။ အံ့ဖွယ်အလင်းများက နေရာအနှံ့နှံ့ ပျံ့နှံ့သွားပြီး မိုးမြေကို သန့်စင်ပေးနေသည်။

သူ့ခေါင်းအထက်တွင် အံ့ဖွယ်နေမင်း မီးပြင်းဖို ရှိနေပြီး အလင်းတဖြတ်ဖြတ် ခတ်နေသည်။ သူ့အနောက်တွင် ဟွမ်ထျန်းစစ်တုရင်ခုံက အဆုံးမဲ့စွမ်းအားများဖြင့် တည်ရှိနေသည်။

ရှန်ထျန်းက နတ်ဧကရာဇ်သုံးယောက်နှင့် မျက်နှာချင်းဆိုင်ကာ မားမားမတ်မတ်ရပ်နေသည်။

“ မင်းဆီမှာ ဒီလိုရတနာတွေ ရှိနေတာပဲ ”

နတ်ဧကရာဇ်သုံးယောက်က ထိုရတနာများကို မြင်လိုက်ရသည့်အချိန် ငမ်းငမ်းတက် ဖြစ်လာကြသည်။ သူတို့က စစ်တုရင်ခုံမှ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်နေသည်ကို ခံစားမိကြ၏။ ဤသို့သော ရတနာမျိုးက နတ်ဧကရာဇ်ကိုပင် ဆွဲဆောင်နိုင်သည်။

“ သတ်ကြ ”

မဟူရာည နတ်ဧကရာဇ်က အရင်ဦးဆုံး ပြောလိုက်သူ ဖြစ်သည်။ သူက ရှန်ထျန်းဆီမှ ခံထားရသောကြောင့် ယခင်အရှက်ကွဲမှုအား လက်တုံ့ပြန်ချင်သည်။

သူ့ဧရာမလက်ကြီးက ထိန်းကွပ်မှုမရှိသည့် လက်သီးဆုပ်အဖြစ် ပြောင်းလဲသွားသည်။ သူက ကောင်းကင်ကို ကြေမွစေကာ ကြယ်တာရာများစွာကို ပေါက်ကွဲထွက်သွားစေ၏။

မဟူရာည နတ်ဧကရာဇ်က ဒဏ်ရာရသွားသော်လည်း သူ့အင်အားအပေါ် သိသိသာသာ သက်ရောက်မှု မရှိပေ။

ရှန်ထျန်းက အံ့ဖွယ်နေမင်း မီးပြင်းဖိုကို ထိန်းချုပ်ကာ မဟူရာည နတ်ဧကရာဇ်အား တိုက်ရိုက် ဖိနှိပ်လိုက်သည်။ နှစ်ဖက်လုံးက အပြင်းအထန် တိုက်ခိုက်နေပြီး အဆုံးမဲ့ အလင်းများလည်း ဖြာထွက်နေသည်။

အံ့ဖွယ်နေမင်း မီးပြင်းဖိုက အဆုံးမဲ့ အံ့ဖွယ်စွမ်းအားများ ထွက်လာပြီး နေမီးလျှံအစစ်ဖြင့် လွှမ်းခြုံထားလေသည်။

မဟူရာည နတ်ဧကရာဇ်က နေမီးလျှံအစစ်ကို ထိမိလိုက်သည့်အခါ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်ဆုတ်လိုက်ရသည်။

ဤအံ့ဖွယ်မီးတောက်က မိစ္ဆာဝိညာဉ်မျိုးနွယ်အပေါ် သက်ရောက်မှုရှိလေသည်။

ရှန်ထျန်းက အံ့ဖွယ်သက်တံကို စီးနင်းကာ အရေးသာသည့် အနေအထားကို အခွင့်ကောင်းယူဖို့ ကြံစည်လိုက်သည်။

သူ့ဘေးတွင်ရှိနေသည့် သွေးနတ်ဧကရာဇ်လည်း  ရှေ့တက်လာသည်။ သူ့သတ်ဖြတ်ငွေ့များက မဟူရာည နတ်ဧကရာဇ်ထက် ပိုကြောက်ဖို့ကောင်းသည်။ သွေးနတ်ဧကရာဇ်က သူ့လက်ထဲတွင် သွေးတစ်စက်စက် ကျနေသည့် သွေးနီရောင် တိုက်ပွဲလှံ ကိုင်ဆောင်ထားလေသည်။

ဤသည်မှာ လှံဖြင့် ထိုးဖောက်ခံထားရသော နတ်ဧကရာဇ်တစ်ယောက်၏  သွေးအစစ်အမှန် ဖြစ်၏။

သူ့သွေးအစစ်အမှန်က လှံတံ၏ ဝါးမျိုမှုကို ခံရကာ လှံတံအား ပိုမို ရက်စက်ကြမ်းကြုတ်လာစေသည်။

ဤသို့ပြိုင်ဖက်ကင်း လက်နက်မျိုးကို နတ်ဧကရာဇ် အသုံးအဆောင်များကြားပင် ထိပ်တန်း တည်ရှိမှုဟု ယူဆရမည်။ သွေးနတ်ဧကရာဇ်က သွေးနီရောင်လှံကို ကိုင်ဆွဲရင်း ရှန်ထျန်း၏ ကျောဘက်ကို ချိန်ရွယ်ထိုးချလိုက်သည်။

ရှန်ထျန်းက လှည့်လိုက်ပြီး စစ်တုရင်ခုံကို ထိန်းချုပ်ကာ သွေးနတ်ဧကရာဇ်အား အားပြင်းပြင်း တိုက်ခိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ဟွမ်ထျန်းစစ်တုရင်ခုံက ကျယ်ပြန့်လာသည်။ ထိုအရာက အပြည့်အဝ အသွင်ပြောင်းသွားပြီး သွေးနီရောင်လှံကို ပိတ်လှောင်ထားလိုက်၏။

ကြယ်တာရာများ ဆင်းသက်လာကာ သဘာဝစည်းမျဉ်းများ လှုပ်ခတ်သွားသည်။

သွေးနတ်ဧကရာဇ်၏ ခန္ဓာကိုယ်က ဟွမ်ထျန်းစစ်တုရင်ခုံ၏ တန်ပြန်အားကို ခံလိုက်ရသောကြောင့် အပြင်းအထန် တုန်ခါလာသည်။ သို့သော်လည်း သူက စိတ်ထဲ ထားပုံမပေါ်ပေ။ သူ့အကြည့်တို့က သွေးနီရောင်အလင်းများ တဖြတ်ဖြတ်တောက်ပနေလေ၏။

သွေးနတ်ဧကရာဇ်က ဤပြိုင်ဖက်ကင်း အသုံးအဆောင်အား မျက်စိကျနေပြီး သူ့အတွက်သူ သိမ်းထားဖို့ ရည်ရွယ်ထားသည်။

တစ်ဖက်တွင် စက္ခုနတ်ဧကရာဇ်လည်း တိုက်ခိုက်လိုက်၏။ သူက ကျိုင်းကို ဝေ့လိုက်သည်နှင့် ထူးထူးဆန်းဆန်း စွမ်းအားများ ထွက်ပေါ်လာသည်။ အမှောင်ထုအတွင်း မိစ္ဆာစွမ်းအား ချည်းကပ်လာကာ စကြဝဠာကြီးအား နှောင့်ယှက်နေသည်။

ရှန်ထျန်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားလေသည်။သူအနေနှင့် တစ်ယောက်ယောက်က သူ့ဝိညာဉ်ကို ချုပ်ထိန်းထားပြီး တစစီ ဆွဲဖြဲနေချင်သလိုမျိုး ခံစားလိုက်ရ၏။

“ သေစမ်း ”

ရှန်ထျန်းက အားရပါးရ ဟစ်ကြွေးလိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ တောက်ပလာသည်။ သန့်စင်ခြင်း ရွှေရောင်စက်ဝန်း ရုတ်ချည်း ထွက်ပေါ်လာပြီး သူ့အား မည်သည့် ပညာရပ်မှ မထိုးဖောက်နိုင်အောင် ကူညီပေးလိုက်သည်။

ထိုစဉ် စက္ခုနတ်ဧကရာဇ်က သူ့ဆီ ချီတက်လာသည်။

သူက ကျိန်စာများတွင် ကျွမ်းကျင်ရုံသာမက အင်မတန်လည်း အားကောင်းလှသည်။ စက္ခုနတ်ဧကရာဇ်က ဧရာမမိစ္ဆာမျက်လုံးအသွင် ပြောင်းကာ ကောင်းကင်ထုနှက် နတ်ဆိုးမျက်ဆံ၏ အလင်းကို ပစ်လွှတ်လိုက်သည်။

ဝုန်း

ကီလိုမီတာ တစ်သောင်းဝန်းကျင်ရှိ ကြယ်တာရာများ ကြေမွသွားလေသည်။

ရှန်ထျန်းလည်း အမူအယာ ပြောင်းလဲသွားပြီး လက်ဟန်များ မြန်မြန် ထုတ်ဖော်လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်မှ မြောက်များစွာသော စစ်တုရင်နယ်ရုပ်များ ကျဆင်းလာကာ ကြယ်တာရာဖြင့် ပြုလုပ်ထားသည့် ဧရာမဓားကြီးလည်း ဆင်းသက်လာသည်။ စစ်တုရင်နယ်ရုပ်များက စက္ခုနတ်ဧကရာဇ်အား ဝင်တိုက်လိုက်ပြီး လွှင့်စင်သွားစေသည်။

……….....

ထိုမြင်ကွင်းက အားလုံးကို အံ့ဩသွားစေသည်။ သူတို့က ရှန်ထျန်းသည် နတ်ဧကရာဇ်သုံးယောက်နှင့် ယှဉ်သည့်အခါပင် အရေးမနိမ့်သောကြောင့် ယုံဖို့ရာ ခက်လှသည်။

နယ်မြေငါးခု၏ လူသားဧကရာဇ်ဆိုတဲ့အတိုင်းပဲ … ဒီတိုက်ပွဲကို သူ သေချာပေါက် အနိုင်ရလိမ့်မယ်

All Chapters