← Chapters

မျှော်လင့်မထားသည့် ကပ်ဆိုး

Vol. 34(Final) Ch. 506

မျှော်လင့်မထားသည့် ကပ်ဆိုး

Vol. 34(Final) Ch. 506

အခန်း (၅၀၆)  : မျှော်လင့်မထားသည့် ကပ်ဆိုး

ကောင်းကင်၌ အဆုံးမဲ့ မိစ္ဆာဝိညာဉ်များက အနက်ရောင်တိမ်တိုက်များလို ဖုံးလွှမ်းထားသည်။

သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုတည်းဖြင့် သက်ရှိအားလုံးကို တုန်တုန်ယင်ယင် ဖြစ်လာစေသည်။

“သတ်ကြ ”

အမိန့်တစ်ခုတည်းဖြင့် ထာဝရမိစ္ဆာဝိညာဉ်တစ်ထောင်နီးပါးက လှုပ်ရှားလာကြသည်။ သူတို့၏ စွမ်းအားက မကောင်းဆိုးဝါးဆန်လှသည်။

မည်းနက်နေသည့် မိစ္ဆာမြူများအတွင်း စက်ဆုပ်ဖွယ် မိစ္ဆာလက်များက တိမ်ပင်လယ်ထဲမှ ဆင်းသက်လာကာ ကောင်းကင်ကို စုတ်ဖြဲပစ်လိုက်သည်။

သွေးနီရောင် ဦးခေါင်းက ကောင်းကင်မှ ထိုးဖောက်လာကာ ကြယ်တာရာကြွေကျဆင်းလာသလို ဖြစ်၏။ လေဟာနယ်ကို ခွင်း၍ အရိုးဓားမြောင်များလည်း ရောက်လာသည်။

ဝုန်း

မိုးမြေ ပြိုကျသွားပြီး မြစ်နှင့် တောင်တန်းတို့ ဖျက်စီးခံလိုက်ရသည်။ ကြောက်မက်ဖွယ် စွမ်းအားကြီးက မိုးမြေကို တုန်ခါသွားစေပြီး သွေးများစီးထွက်လာစေသည်။

အစီအရင်၏ အလင်းအလွှာက ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို တောင့်ခံရင်း အပြင်းအထန် တုန်ခါသွားရ၏။

အလယ်ပိုင်းကုန်းမြေ ကျင့်ကြံသူများက စိုးရိမ်နေသည့် အမူအယာဖြင့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြသည်။ ဤတိုက်ပွဲကြီးက အင်မတန် အန္တရာယ်များလှပြီး သေဆုံးနိုင်သည့် အခွင့်အရေးများလေသည်။ သို့သော်လည်း မည်သူမှ နောက်မဆုတ်ကြပေ။ သူတို့က သေခြင်းတရားကို မကြောက်ကြပေ။

ဤသည်မှာ မိစ္ဆာဝိညာဉ်များ၏ ထိန်းချုပ်မခံရသည့် နေရာထဲမှ တစ်ခု ဖြစ်၏။ ဤနေရာသာ ကျဆုံးသွားသည်နှင့် အခြေအနေက ပြန်လည် အဖတ်ဆယ်၍ ရတော့မည် မဟုတ်ပေ။

…………………..

ဝုန်း …

အဆုံးသတ်၌ အစီအရင်က ထာဝရမိစ္ဆာတစ်ထောင်ကျော်၏ တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ပျက်စီးသွားသည်။

ထာဝရမိစ္ဆာဝိညာဉ်က အော်ပြောလိုက်သည် “ဒီကမ္ဘာကို ဖျက်စီးပစ်ကြ ”

မိစ္ဆာဝိညာဉ်မြောက်များစွာက အော်ဟစ်လျက် ရှေ့တက်လာကြသည်။

“သတ်ကြ”

အလယ်ပိုင်းကုန်းမြေ ကျင့်ကြံသူများလည်း ဒေါသတကြီး အော်ဟစ်ကာ ကောင်းကင်ထဲ ပျံသန်းသွားကြပြီး မိစ္ဆာဝိညာဉ်များနှင့် တိုက်ခိုက်ကြသည်။

ရှီထျန်းကျီက အားရပါးရ ဟစ်ကြွေးလိုက်ပြီးနောက် ကောင်းကင်ယံဆီ တဟုန်ထိုး ချီတက်သွားသည်။ သူ့နောက်ရှိ အလင်းတန်းက အကန့်အသတ်မဲ့ လင်းလက်နေပြီး ဒွိမျက်ဆံ ပုံရိပ်သဏ္ဌာန်ကြီးက မိုးမြေအား အလင်းပေးနေသည်။

ကောင်းကင်ကပ်ဘေးစက်ဝန်းကို ဖန်တီးလိုက်သောကြောင့် ဖန်ဆင်းခြင်းနှင့် ဖျက်စီးခြင်း စွမ်းအားတို့က သူ့ခန္ဓာကိုယ်အနား ရစ်ဝဲနေလေသည်။

လက်သီးတစ်ချက်ဖြင့် လေးပင်လယ်လုံး ပြားပြားဝပ်သွားသည်။

မိစ္ဆာဝိညာဉ်ထောင်ချီက အမှုန့်ဖြစ်မသွားခင် အော်ဖို့ အချိန်ပင် မရလိုက်ကြချေ။ ရှီထျန်းကျီက အထွတ်အထိပ် တည်ရှိမှုတစ်ခုအလား သူ့အငွေ့အသက်များ ပေါက်ထွက်လာကာ မိစ္ဆာဝိညာဉ်အမြောက်အများကို ရှင်းထုတ်ပစ်ခဲ့သည်။ သူက မိစ္ဆာဝိညာဉ်အုပ်ထဲ ပြေးဝင်သွားသည်။

ကမ္ဘာကြီးက ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီး မိစ္ဆာမြူများ ရစ်သိုင်းလာသည်။

သာမန် ထာဝရတပိုင်းအဆင့်များက ရှီထျန်းကျီ၏ လက်သီးတစ်ချက်ကို မခံနိုင်ကြဘဲ ကောင်းကင်မှ ပြုတ်ကျလာကြသည်။

နတ်ဘုရားတိုင်းပြည် ကျင့်ကြံသူများကလည်း အနီးအနားမှ လိုက်ကာ အထွတ်အထိပ် ပညာရပ်များစွာ ထုတ်သုံးနေကြသည်။

မင်းသမီးလင်းလုံ၏ တစ်ကိုယ်လုံးလည်း လင်းလက်နေသည်။ တောက်ပနေသည့် ဂူဝတစ်ခု ဖြစ်ပေါ်လာကာ အားကောင်းနက်နဲသော မြူများဖြင့် ဝန်းရံထားသည်။ ထိုအရာတွင် ကောင်းကင်တာအိုစည်းမျဉ်း ပါဝင်နေပြီး အင်မတန် တောက်ပနေ၏။

သူမ၏ လင်းလုံဝိဇ္ဇာရုပ်ခန္ဓာက ရှေးပဝေဏီခေတ်မှ အထွတ်အထိပ် ရုပ်ခန္ဓာဟု ယူဆရမည်။ ရှုပ်ထွေးပွေလီ ကောင်းကင်ပြုပြင်ရေး ဆေးလုံးကြောင့် သူမရုပ်ခန္ဓာက ထပ်မံ ဆင့်ကဲပြောင်းလဲသွားကာ စွမ်းအားကို တိုးမြင့်လာစေခဲ့သည်။

တောက်ပနေသည့် လှိုဏ်ဂူဝ ပေါ်လာသည်နှင့် ကောင်းကင်ဘုံဖြင့် ဖိချေလိုက်လိုမျိုး အင်အားစုထောင်ချီကို နင်းခြေပစ်လိုက်သည်။

ထိုစဉ် ထာဝရတပိုင်း မိစ္ဆာဝိညာဉ်ရာချီက သွေးအန်ကာ နောက်ဆုတ်လိုက်ရပြီး မလှုပ်နိုင်တော့ပေ။

မင်းသမီးလင်းလုံက ဓားကို ဝေ့ယမ်းကာ ထာဝရတပိုင်းများအား ခေါင်းဖြတ်သတ်လိုက်သည်။

နှစ်ရာချီတိုက်ခိုက်လာပြီးနောက် မင်းသမီးလင်းလုံက ရင့်ကျက်လာခဲ့သည်။ သူမ၏ အမူအယာများက သေခြင်းရှင်ခြင်းကို ဂရုမစိုက်သည့်အလား အေးစက်နေသည်။ သူမ၏ တစ်ခုတည်းသော အာရုံမှာ မိစ္ဆာဝိညာဉ်များကို သတ်ဖြတ်ရန် ဖြစ်၏။

စစ်ဘုရင်၊ အကြီးအကဲစု၊ အကြီးအကဲကျင်းနှင့် အခြားဆရာများလည်း ရှိကြသည်။ သူတို့လည်း သွေးသံရဲရဲဖြင့် တိုက်ခိုက်နေကြ၏။ သူတို့က မိစ္ဆာဝိညာဉ်များအား ကျူးကျော်ခွင့် မပေးနိုင်ပေ။ ထိုအရာကို သူတို့အသက်နှင့် ကာကွယ်ရမည်။

………….....

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က နယ်မြေငါးခုမှာ အားအကောင်းဆုံး ဖြစ်သောကြောင့် အဆင့်မြင့် ပညာရှင်များစွာ ရှိလေသည်။

မိစ္ဆာဝိညာဉ်တပ်ကြီးက တိုက်ခိုက်ခံရပြီးနောက် ဆုံးရှုံးမှုတွေ ခံစားခဲ့ရသည်။

ထိုမြင်ကွင်းကို မြင်ပြီး ထာဝရမိစ္ဆာဝိညာဉ်များက မကြည့်နေကြတော့ဘဲ အတူတူ လှုပ်ရှားကာ လမ်းတစ်လျှောက် အကုန်သတ်ဖြတ်ကြတော့သည်။

သူတို့မိစ္ဆာမြူများက ဧရာမလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားသည်။ ထာဝရမိစ္ဆာဝိညာဉ် တစ်ရာက အတူတူ တိုက်ခိုက်လိုက်ကြပြီး ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှင့်လိုက်ကြသည်။

နတ်ဘုရားတိုင်းပြည် ကျင့်ကြံသူများက အပြင်းအထန် တိုက်ခိုက်မှုများ ခံစားလိုက်ရသည်။

မိစ္ဆာမြူထဲ ဧရာမမျက်လုံးကြီး ပေါ်ထွက်လာကာ အဖျက်စွမ်းအလား အလင်းတန်း ပစ်လွှတ်လိုက်သောကြောင့် ကျင့်ကြံသူရာချီကို ထိုးဖောက်သွားသည်။

ကောင်းကင်မှ ထက်ရှသော အရိုးဓားများ ကျဆင်းလာကာ လူသားပါရမီရှင်များကို ထိုးဖောက်သွားပြီး ထာဝရတပိုင်း ကျင့်ကြံသူများ၏ ဝိညာဉ်ကိုပင် ဖျက်စီးပစ်လိုက်သည်။

ဤနေရာက အဆုံးမဲ့ သတ်ဖြတ်မှုများဖြင့် အပြည့်ဖြစ်သွားသည်။ ကောင်းကင်ပင် သွေးနီရောင်ဖုံးလွှမ်းသွားသည်။

မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်မှ နတ်ဧကရာဇ်တပိုင်းများ ပြေးထွက်လာပြီး ထာဝရမိစ္ဆာဝိညာဉ်များနှင့် တိုက်ခိုက်နေကြသည်။

သူတို့က နှစ်သောင်းချီ နေထိုင်ခဲ့သည့် မျိုးဆက်ဟောင်းမှ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ကြားတွင် လွန်ခဲ့သော နှစ်တစ်သောင်းခန့်က တိုက်ပွဲ၌ အသက်ရှင်ကျန်ခဲ့သော ဘိုးဘေးများ ဖြစ်၏။ နတ်ဧကရာဇ်တပိုင်း ကျင့်ကြံသူများစွာက အစီအရင်ခင်းကာ ထာဝရမိစ္ဆာဝိညာဉ်များအား ရင်ဆိုင်ခုခံနေကြသည်။

သို့သော်လည်း ထာဝရမိစ္ဆာဝိညာဉ်များစွာ ရှိနေသောကြောင့် သူတို့အခြေအနေမှာ ကူကယ်ရာမဲ့နေသလို ခံစားလာရသည်။

အချိန်တိုအတွင်း နတ်ဧကရာဇ်တပိုင်းများစွာက‌ သွေးအန်သွားကြသည်။ နတ်ဘုရားတိုင်းပြည် ကျင့်ကြံသူများက ရှေ့တက် အထောက်အပံ့ပေးလိုသောကြောင့် မျက်လုံးများ နီရဲလာကြသည်။ သို့သော်လည်း အခြားထာဝရမိစ္ဆာဝိညာဉ်များက လှုပ်ရှားလာကာ သူတို့အချင်းချင်း ကူညီမရအောင် တားဆီးနေသည်။

ကျင့်ကြံသူများစွာက ပြိုင်ဖက်နား မရောက်ခင် သွေးအန်လိုက်ကြရသည်။

ထာဝရမိစ္ဆာဝိညာဉ်၏ အကြည့်က ပိုမို ရက်စက်လာကာ “ပုရွက်ဆိတ်တစ်ကောင်ကများ ခုခံချင်သေးတယ်ပေါ့။ သေလိုက်စမ်း ”

ရှီထျန်းကျီက ထာဝရမိစ္ဆာဝိညာဉ်ကို ချိန်ရွယ်၍ ကမ္ဘာ့ဖျက် လက်သီးကို ထုတ်လွှင့်လိုက်သည်။ သူ့ဒွိမျက်ဆံက စွမ်းအားများ ပေါက်ထွက်လာကာ နတ်ဧကရာဇ်အရိုးက တောက်ပလာသည်။ ကပ်ဘေးစွမ်းအားက သူ့လက်သီးအနား ရစ်ဝဲလာကာ မိုးမြေကို ဖျက်စီးပစ်နိုင်သည့် စွမ်းအားအဖြစ် ဆင့်ကဲပြောင်းလဲလာသည်။

ထိုစဉ် ထာဝရမိစ္ဆာဝိညာဉ်၏ ရင်ဘတ်က ချိုင့်ဝင်သွားပြီး သွေးများ စီးကျလာသည်။

ထာဝရမိစ္ဆာဝိညာဉ်ပင် ရှီထျန်းကျီ၏ လက်သီးကို မတားနိုင်လိုက်ဘဲ မိုင်တစ်သောင်းလောက် လွှင့်စင်သွားသည်။ သို့သော်လည်း ထာဝရမိစ္ဆာဝိညာဉ်တချို့က ချက်ချင်း ဝိုင်းလာကြပြီး ရှီထျန်းကျီအား လာရောက်တိုက်ခိုက်ကြသည်။

ရှီထျန်းကျီ၏ ဖိအားက များစွာ တိုးလာသည်။ သူ တတ်နိုင်သမျှလုပ်ရင်း လက်တုံ့ပြန်နေသည်။

ဤတစ်ကြိမ် ကောင်းကင်တုန်လုမတတ် အသံကျယ်ကြီး ပဲ့တင်ထွက်လာသည်။

“မိစ္ဆာကောင်တွေ ငါ့နယ်မြေငါးခုကို လာအနိုင်ကျင့်ရဲတယ်ပေါ့ ”

အသံက မိုးခြိမ်းသံနှင့်တူကာ မိုးမြေကိုပင် လှုပ်ခါသွားစေသည်။ ထို့နောက် ရွှေမျက်လုံး မီးတောက်မျောက်ဝံ မျိုးနွယ်တစ်အုပ်စုလုံး အပြင်းအထန် ပြေးလွှားလာသည်ကို တွေ့လိုက်ရ၏။

အဖွဲ့ရှေ့တွင် မားမားမတ်မတ် ဦးဆောင်လာသည့် ကြီးကျယ်ခမ်းနားဖွယ် ပုံရိပ်နှစ်ခု ရှိနေသည်။ ထိုလူနှစ်ယောက်က မျောက်ဝံဘုရင်ဟောင်း ချီသဲ့လုံနှင့် ချီကျန့်တို့ ဖြစ်ကြသည်။ သူတို့က မိုင်တစ်သောင်းမြင့်မားသည့် အံ့ဖွယ်မျောက်ဝံ အသွင်ပြောင်းထားပြီး တိုက်ပွဲအငွေ့အသက်ပြင်းပြင်း ထုတ်လွှင့်နေသည်။

ရွှေမျက်လုံး မီးတောက်မျောက်ဝံ မျိုးနွယ်က ရှန်ထျန်း၏ အကူအညီဖြင့် စွမ်းအားကြီးလာကြသည်။ သူတို့မျိုးနွယ်အတွင်း အထွတ်အထိပ် တိုက်ပွဲမျောက်ဝံငါးယောက်နှင့်အထက် ထွက်ပေါ်လာခဲ့ပြီး သူတို့အင်အားမှာ ကြောက်ခမန်းလိလိ ဖြစ်၏။

သူတို့က မိစ္ဆာဝိညာဉ်များ ကျူးကျော်လာသည်ကို မြင်လိုက်ရသည်နှင့် ထိုမျောက်ဝံများက ဒေါသပေါက်ကွဲလာသည်။

“မိစ္ဆာကောင်တွေ ငါ့တင်းပုတ်ကို မြည်းကြည့်စမ်း ”

ချီကျန့်က ကောင်းကင်ဆီ မျက်နှာမော့ကာ အသံရှည်ကြီး ဟစ်ကြွေးလိုက်သည်။ သူက အံ့ဖွယ်တင်းပုတ်ကို အသက်သွင်းလိုက်ရင်း ကောင်းကင်ထဲ ပျံသန်းသွားသည်။ ချီကျန့် မြောက်လိုက်သည့် ဧရာမတင်းပုတ်ကြီးကြောင့် ကောင်းကင်ပင် အက်ကွဲသွားသည်။

ဝုန်း …

ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာသည်။ မိစ္ဆာဝိညာဉ်ထောင်ချီက အသားစိုင် ဖြစ်သွားပြီး ကောင်းကင်၌ သွေးမြူများ ပြည့်နှက်သွားသည်။

ချီကျန့်၏ အငွေ့အသက် ထွက်ပေါ်လာကာ တိုက်ပွဲအငွေ့အသက်များ တိုးမြင့်လာသည်။ သူက ထာဝရမိစ္ဆာဝိညာဉ်များဆီ ချီတက်လာသည်။

နှစ်ဖက်လုံးက သွေးသံရဲရဲ အပြင်းအထန် တိုက်ခိုက်နေကြပြီး ကြောက်မက်ဖွယ် အံ့ဖွယ်စွမ်းအားတို့က ကောင်းကင်တစ်လျှောက် စီးဆင်းလာသည်။

တစ်ဖက်တွင် ချီသဲ့လုံက အထွတ်အထိပ် တိုက်ပွဲမျောက်ဝံများကို ဦးဆောင်ရင်း တိုက်ပွဲအတွင်း ဝင်ရောက်လာသည်။ သူ့တစ်ကိုယ်လုံးကို အနီတောက်တောက် မီးတောက်များဖြင့် လွှမ်းခြုံထားပြီး သူ့အင်အားက ကြမ်းတမ်းကာ ကြောက်ဖို့ကောင်းသည်။ သူက လမ်းတွင်ရှိသမျှ အကုန်စုတ်ဖြဲလာပြီး ထာဝရမိစ္ဆာဝိညာဉ်များကို တစ်ခါတည်း တိုက်ပစ်လိုက်သည်။

ကောင်းကင်တခွင် ပြင်းထန်လှသော တိုက်ပွဲအငွေ့အသက်များ ပြည့်နှက်နေပြီး မိစ္ဆာဝိညာဉ်များအား ထိတ်လန့်လာစေသည်။

အရှေ့ပိုင်းမှ ကျင့်ကြံသူများပင် ပြေးလွှားလာပြီး မိစ္ဆာဝိညာဉ်များကို တိုက်ခိုက်ကြသည်။

အဖွဲ့ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ ဂိုဏ်းသားများ ဖြစ်ကြသည်။ ကျန်းလုံယွမ်နှင့် ချူးလုံဟယ်တို့က ရှေ့ဆုံးမှ ဦးဆောင်ကာ သူတို့အရှိန်အဝါများကလည်း အားကောင်းကောင်း ထွက်ပေါ်နေသည်။

အံ့ဖွယ်မိုးကောင်းကင်  ပါရမီရှင်လေးယောက်က သူ့ဘေးနား မားမားမတ်မတ် ရပ်နေကာ သူတို့နောက်မှ ကြောက်မက်ဖွယ် ပုံရိပ်သဏ္ဌာန်များကို ထုတ်ဖော်ထားသည်။

ပါရမီရှင်လေးယောက်နောက် နဂါးပြာ၊ ကျားဖြူ၊ မီးငှက်နှင့် ချီလင်တို့က နေရာယူထားကာ သူတို့ ရောက်လာကြောင်း ထုတ်ဖော်ပြသနေသည်။

ထို့အပြင် ယွဲ့ယူသဲ့၊ ပိုင်တိနှင့် အခြားလူများလည်း ပါလာသည်။ သူတို့က အားအကောင်းဆုံး စွမ်းရည်များ ထုတ်တိုက်နေကြ၏။ ချင်ယွင်တိက မက်ခါကို ထိန်းချုပ်ကာ ကောင်းကင်စက်ဝန်း ကြယ်တာရာအစီအရင်ကို ခင်းကျင်းနေသည်။

မက်ခါများက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အဓိက တိုက်ခိုက်အား ဖြစ်ပြီး တစ်ခုချင်းစီက ဝိဇ္ဇာကိုပင် သတ်ပစ်နိုင်သည်။

မက်ခါများ အတူတူ ပူးပေါင်းလိုက်သည့်အခါ သူတို့က ထာဝရအရှင်များကိုပင် ရင်ဆိုင်နိုင်သည့် ပြိုင်ဖက်ကင်း အစီအရင်ကို ခင်းကျင်းနိုင်သည်။ အဆင့်မြင့် ပညာရှင်များစွာက တိုက်ပွဲနယ်မြေအတွင်း ချီတက်လာကြ၏။

အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးယောက်က ကမ္ဘာတုန်လုမတတ် စွမ်းအားကို ပြသခဲ့ကြသည်။ ကျန်းယွင်ရှီးက လက်ထဲတွင် အံ့ဖွယ်ဓားကို ဆွဲကိုင်ကာ သူမနောက်ရှိ ကျားဖြူပုံရိပ်သဏ္ဌာန်ကြီးက ဟိန်းဟောက်နေသည်။

သူမဆီမှ အံ့ဖွယ်အလင်းများ ဖြာထွက်လာပြီး လေဟာနယ်ကိုပင် ကြေမွသွားစေသည်။

ဝုန်း

မိုးကြိုးဖြတ်သန်းသွားသည့်နေရာတိုင်း ထာဝရတပိုင်းအဆင့် ဝိညာဉ် အဆုံးသတ်သွားရသည်။

ဖန်ချန်းကလည်း ပေသုံးသောင်း မြင့်မားသည့် ဧရာမကြီးအဖြစ်‌ ပြောင်းလဲကာ လက်သီးချက် ထိုးခွင်းလိုက်သည်။ သူ့လက်တစ်ချက်အဝေ့ဖြင့် သူက ထာဝရတပိုင်းအဆင့်များစွာကို ခြေမွပစ်လိုက်နိုင်သည်။

ကျောက်ဟောင်က မီးငှက်ကြီးနှင့်အတူ ဧရာမ အနက်ရောင်တုတ်ကြီးကို ဝေ့ယမ်းကာ နှိမ်နင်းပစ်နေသည်။

ကျန်းယွင်ထင်ကလည်း ဗျပ်စောင်း တီးခတ်ရင်း မိစ္ဆာဝိညာဉ်များစွာကို ပေါက်ကွဲထွက်သွားစေ၏။

အရှေ့ပိုင်းနေရာ တိုက်ပွဲကွင်းက အဆုံးမဲ့ မိုးကြိုးများကြား ကျရောက်နေသည်။ ထို့နောက် အံ့ဖွယ်ပါရမီရှင်လေးယောက်က ပူးပေါင်းကာ ထာဝရမိစ္ဆာဝိညာဉ် ဆယ်ယောက်ကျော်ကို ပိတ်လှောင်ထားနိုင်သည့် အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးအစီအရင်ကို ခင်းကျင်းလိုက်သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအပြင် နောက်ထပ် ပါရမီရှင်များစွာလည်း ပေါ်လာပြီး မိစ္ဆာဝိညာဉ်များကို သတ်ဖြတ်နေကြသည်။

ချီရှောက်ရွမ်က ပုဆိန်လှံရှည်ကြီး ဆွဲကိုင်ကာ ခရမ်းအငွေ့အသက်များ ထုတ်လွှင့်ထားသည်။

ခရမ်းစွမ်းအားများက အရှေ့မှ မိုင်သုံးသောင်းလောက်အထိ ရောက်ရှိလာပြီး ထာဝရတပိုင်းအဆင့် အယောက်တစ်ထောင်လောက်ကို ဖိနှိပ်ထားလိုက်သည်။

ထို့နောက် သူက ထာဝရမိစ္ဆာဝိညာဉ်များကိုပါ သတ်ပစ်လိုက်သည်။

လေဟာနယ်ထဲ မိစ္ဆာဝိညာဉ်များကို သတ်နေသည့် နောက်ထပ်တစ်ယောက် ရှိနေသေး၏။ ဤလူမှာ ဆံပင်ဖြူဖြူ မျက်ဆံမည်းမည်း ဝမ်ရှန်းယုဖြစ်ပြီး လေဟာနယ် ပညာရပ်များကို အသုံးချကာ တိုက်ပွဲနယ်မြေထဲ စိတ်ကြိုက်သွားလာနေသည်။

သူက ထာဝရမိစ္ဆာဝိညာဉ်နောက်မှ ပေါ်လာပြီး သူ့လေဟာနယ်ဓားသွားဖြင့် အသားတွေကို လှီးဖြတ်ပစ်နေသည်။ ရံဖန်ရံခါ ထာဝရမိစ္ဆာဝိညာဉ်များဆီမှ ဆိုးဆိုးရွားရွား အော်ငြီးသံများကို ကြားနေရလေသည်။

အားလုံးက စတင်တုန်လှုပ်လာကြပြီး အမှောင်ထဲတွင် ပုန်းနေသည့် ကြွက်ကို ဖမ်းချင်နေကြသည်။

…………

တောင်ပိုင်းတွင် နတ်ဆိုးများက လာကူကြ၏။ သဘာဝငါးပါး အံ့ဖွယ်အလင်းရောင်က ခုံမုန့်နောက်တွင် တောက်ပနေပြီး ထာဝရတပိုင်း မိစ္ဆာများစွာကို အလွယ်တကူ ထိုးဖောက်သွားသည်။

ကျင်းယုက တောင်ပံဖြန့်ကာ ကောင်းကင်ပန် ရိုက်ချက်ကိုးသွယ်ကို ထုတ်သုံးလိုက်ပြီး ထာဝရမိစ္ဆာဝိညာဉ်အား နှစ်ပိုင်း ပိုင်းပစ်လိုက်သည်။

ထို့အပြင် ဖုန်းဝူလည်း ပါရှိသည်။ မင်းသမီးလင်းလုံဘေးတွင် ဇာမဏီငယ်လေးက သူမ၏ ထူးချွန်မှုကို ထုတ်ပြလာသည်။ သူမက မီးလျှံထိန်ထိန်ညီးနေသည့် ပေသောင်းချီ မြင့်မားသော ဇာမဏီတစ်ကောင်အသွင်ပြောင်းလိုက်သည်။

ထာဝရတပိုင်း မိစ္ဆာဝိညာဉ်များက ထိုမီးတောက်နှင့် ထိတွေ့မိသည်နှင့် ပြာဖြစ်သွားရသည်။

တောင်ပိုင်းမျိုးနွယ်တွင် ထိုကဲ့သို့ အားကောင်းသော နောက်ထပ်မျိုးနွယ်လည်း ရှိနေသေးသည်။

ဤသည်မှာ အံ့ဖွယ်မီးတောက်နီ ကျီးမျိုးနွယ် ဖြစ်သည်။ ရွှေကျီးဆယ်ကောင်က မိစ္ဆာဝိညာဉ်များကို နေမီးလျှံအစစ်ဖြင့် အကုန်လောင်ကျွမ်းပစ်စေသည်။ သူတို့က ရွှေကျီး နတ်ဧကရာဇ်နှင့် သူ့သားကိုးယောက် ပြန်လည်ဝင်စားလာခြင်း ဖြစ်သောကြောင့် ယခင်ဘဝမှ စွမ်းအား နိုးထလာကာ ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ထာဝရအဆင့်များပင် ရွှေကျီးဆယ်ကောင်ကြောင့် ရှုံးနိမ့်သွားရ၏။

………....

ဤသည်မှာ မြင့်တက်လာသည့် ပါရမီရှင်အသစ်များတင် မကဘဲ ပါရမီရှင်အဟောင်းများလည်း ထွက်လာကြသည်။

ရွှေမျက်လုံး မီးတောက်မျောက်ဝံ ဘိုးဘေးလည်း တိုက်ပွဲထဲ ပါဝင်လာသည်။ သူ့ဝါစဉ်က ချီသဲ့လုံထက်ပင် ပိုမြင့်မားသေးသည်။ သူက အရေးနိမ့်ခြင်းမရှိ ထာဝရမိစ္ဆာဝိညာဉ်များစွာနှင့် တစ်ခါတည်း ရင်ဆိုင်နိုင်သည်။

ကျန်းလုံယွမ်က လေဟာနယ်ထဲ ဝင်ကာ သူ့မိုးကြိုးအလင်းတန်းများက ထူးကဲလာပြီး မြစ်တောင်တန်းများကိုပင် ကြေမွပျက်စီးသွားစေနိုင်သည်။ သူက လက်ထဲ၌ မိုးကြိုးနတ်ဘုရားဓားကို ကိုင်ဆောင်ထားပြီး ကောင်းကင်မှ ဓာတ်နှောနတ်မိုးကြိုးများ ပစ်ချနေသည်။

သူ့ခန္ဓာကိုယ်မှ ထာဝရအလင်းတန်းများ ထွက်ပေါ်လာသည်။ သူ့လက်တစ်ချက်အဝေ့ဖြင့် သူက ထာဝရမိစ္ဆာဝိညာဉ်ကို သတ်ပစ်နိုင်ခဲ့သည်။

သူ့ဘေးတွင် အကြည့်ပြင်းပြင်းနှင့် ချူးလုံဟယ် ရှိနေပြီး  သူ့ရွှေတုတ်ချောင်းကို ဝေ့ယမ်းနေသည်။ ထာဝရမိစ္ဆာဝိညာဉ်များက အတူတကွ ပူးပေါင်းထားကြသော်လည်း သူတို့က ချူးလုံဟယ်အတွက် ပြိုင်ဖက် မဟုတ်ချေ။ သူတို့ရင်ဘတ်များက ထိုးချင်းပေါက်သွားပြီး ခန္ဓာကိုယ်များက တစစီ ဖြစ်သွားလေ၏။

…………...

ကျူးကောမျိုးနွယ်နှင့် စစ်မာမျိုးနွယ်တို့လည်း ရောက်လာကြသည်။ သူတို့က ပိုင်နက်အစီအရင်များ ခင်းကျင်းကာ အံ့ဖွယ်စွမ်းအားများ ထုတ်လွှင့်ထားကြ၏။

ကျူးကောယွမ်နှင့် စစ်မာချန်တို့က သူတို့သံလိုက်အိမ်မြောင်များ ထုတ်ကာ ကောင်းကင်ယံဆီ ပျံသန်းသွားပြီး ထာဝရမိစ္ဆာများနှင့် ရင်ဆိုင်ကြသည်။

တောင်ပိုင်းနယ်မြေ စခန်း၌ ပြိုင်ဖက်ကင်း ဇာမဏီတစ်ကောင် ပျံသန်းလာသည်။ သူမတစ်ကိုယ်လုံးက အံ့ဖွယ်ဇာမဏီ၏ ထာဝရမီးတောက်နှင့် နန်မင်လီ မီးတောက်တို့ဖြင့် လွှမ်းခြုံထားပြီး သူမအား စွမ်းအားပြင်းလာစေသည်။

သူမလက်တစ်ချက်အဝေ့တွင် ထာဝရမိစ္ဆာများစွာက သွေးအန်သွားကြပြီး နောက်ဆုတ်သွားကြသည်။ သူတို့အမူအယာက အတာ်လေး တုန်လှုပ်နေဟန်ပေါ်၏။

အံ့ဖွယ်ဇာမဏီက မြင့်မြတ်ကာ တော်ဝင်ဆန်သည့် အမျိုးသမီးတစ်ယောက်အသွင်ပြောင်းလဲသွားသည်။ သူမက ဇာမဏီငှက်မွေး နတ်ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမအမူအယာတို့က မထူးခြားလှပေ။ သူမက ကမ္ဘာကြီးကိုယ်တိုင် အညံ့ခံထားသည့် ပြိုင်ဖက်ကင်း ဧကရီတစ်ပါးအလား ဖြစ်၏။

အားလုံးက သူမကို မြင်လိုက်သည်နှင့် ရေရွတ်လိုက်ကြသည် “ထာဝရဇာမဏီအရှင်မ ”

“သူမလည်း ရောက်လာပြီ ”

ထာဝရဇာမဏီအရှင်မက တောင်ပိုင်းနယ်မြေ၏ အုပ်စိုးသူ ဖြစ်ပြီး ကျင့်ကြံဆင့်က ထူးကဲလှသည်။ သူမ တစ်ယောက်တည်းဖြင့် ထာဝရမိစ္ဆာဝိညာဉ်ရာချီကို ခုခံနိုင်သည်။

အဆင့်မြင့် ကျင့်ကြံသူများစွာ ပံ့ပိုးထောက်ပံ့ပေးနေသောကြောင့် မဟာလွင်ပြင် နတ်ဘုရားတိုင်းပြည်က စိတ်သက်သာရာရမိသွားသည်။ သို့‌သော်လည်း ထိုစဉ် လေဟာနယ် အက်ကွဲလာသည်။

ဧရာမအပေါက်ကြီးအဖြစ် ဆွဲဖြဲခံလိုက်ရကာ အနက်ရောင် လှိုင်းများ ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ် မြင်ကွင်းကို ဖန်တီးနေသည်။ တုနှိုင်းမဲ့ ကြောက်စရာကောင်းလှသည့် ဖိအားကြီး ရုတ်ချည်း ပေါ်ထွက်လာကာ အားလုံးကို တုန်လှုပ်သွားစေသည်။

အားလုံးက ကြောက်ကြောက်ရွံ့ရွံ့ဖြစ်လာကြကာ  “ဒါက နတ်ဧကရာဇ်တစ်ယောက်ရဲ့ အရှိန်အဝါပဲ …”

ဝုန်း

ပြိုင်ဖက်ကင်း ပုံရိပ်တစ်ခု ထွက်လာကာ သူ့အောက်ရှိ သက်ရှိအားလုံးကို ငုံ့ကြည့်လိုက်၏။ သူ့လက်တစ်ချက်အဝေ့တွင် မိုးမြေက ကြေမွသွားရသည်။

နတ်ဧကရာဇ်တပိုင်းများစွာက‌ သွေးအန်သွားပြီး နောက်ဆုတ်လိုက်ရကာ ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်။ သူတို့စိတ်များက ကတုန်ကယင်ဖြစ်လာကာ မျက်နှာကလည်း ပူပင်သောကအပြည့် ဖြစ်လာသည်။

“ကောင်းကင်ဘုံက ငါ့တိုင်းပြည်ကို တကယ်ကြီး ဖျက်စီးပစ်ချင်နေတာလား ”

နတ်ဧကရာဇ်က သူတို့ ခုခံနိုင်သည့်အရာ မဟုတ််ပေ။ ထိုရိုက်ချက်က မဟာလွင်ပြင် နယ်မြေကို ပျက်စီးသွားစေပြီး မြို့မြောက်များစွာကို အမှုန့်ဖြစ်သွားစေသည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်က ထိုအခွင့်အရေးကို အပြည့်အဝ အသုံးချကာ ကျင့်ကြံသူများကို သတ်ဖြတ်ကြသည်။

“ကျစ် သေစမ်း ”

အလယ်ပိုင်းကုန်းမြေ ကျင့်ကြံသူများက မျက်လုံးများ မျက်ဆံအိမ်မှ ထွက်လုမတတ် ဒေါသထွက်လာကာ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာသည်။ ဤတိုက်ပွဲက ပြင်းထန်လွန်းလှ၏။ သွေးများက မြစ်များလို စီးဆင်းနေပြီး သွေးပင်လယ် ဖြစ်သွားစေသည်။

ကောင်းကင်တစ်ခုလုံးလည်း သွေးနီရောင်သမ်းနေသည်။

စိတ်ချောက်ခြားဖွယ် မြင်ကွင်း ဖြစ်၏။

…………....

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်က သတ်ဖြတ်ခြင်းက အလွန်နှေးကွေးနေသည်ဟု ခံစားနေရကာ နောက်ထပ်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်သည်။

သူက လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ လေဟာနယ်ထဲ မိုင်တစ်သောင်းပိုင်နက်အား ဝါးမျိုပစ်လိုက်သည်။ ဤရိုက်ချက် ကျဆင်းလာသည့်အခါ မဟာလွင်ပြင် နယ်မြေကို အပြိုအပျက်အပုံလိုက် ဖြစ်သွားစေလိမ့်မည်။

“ရပ်လိုက် ”

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားက ရှေ့တိုးဝင်လာကာ နတ်ဧကရာဇ်ဆီ ချီတက်သွားသည်။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်က လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

မိုးမြေ ပေါက်ကွဲထွက်သွားသည်။ သို့သော် ခရမ်းဝတ် အမျိုးသားက လုံးဝ ဒဏ်ရာမရချေ။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်၏ အကြည့်များက အံ့အားသင့်သွားလေသည်။ သူက ဒီလောကထဲ၌ သူ့ရိုက်ချက်ကို ခံနိုင်ရည်ရှိမည်မှန်း မထင်ထားခဲ့ပေ။

အားလုံးက ပျော်ရွှင်တကြီးဖြင့် အော်ပြောလိုက်ကြသည်  “တော်ဝင်အရှင်ဟွမ်ရှစ် ”

“တော်ဝင်အရှင် ရောက်လာပြီ။ ငါတို့တော့ အသက်ရှင်ပြီ ”

နယ်မြေငါးခု၌ ဟွမ်ရှစ်က အားအကောင်းဆုံး ဖြစ်ပြီး အလွန်တရာ စွမ်းအားကြီးလှသည်။ သူက အားလုံး၏ မျှော်လင့်ချက် ဖြစ်သည်။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်၏ အကြည့်များက အေးစက်လာကာ   “ ဟွမ်ရှစ် .. မင်းနာမည်ကို ကြားဖူးတယ်။ မင်းက နတ်ဧကရာဇ်တောင် ဖြစ်မလာသေးဘဲနဲ့ တော်ဝင်အရှင်လို့တောင် ခေါ်ရဲတယ်ပေါ့လေ။ မင်းက စိတ်ကြီးဝင်နေတာပဲ။ ဒီနေ ငါ့ကို တွေ့တာ မင်း ကံဆိုးတာပဲ။ မင်းရဲ့ ဝိညာဉ်က ပျောက်ကွယ်သွားဖို့ ကံဖန်လာပြီးသား ”

ဟွမ်ရှစ်က မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်အား မထူးမခြားနား‌ ကြည့်လိုက်ကာ  “ ဆူလိုက်တာ ”

သူက ရှေ့တိုးလာပြီး နတ်ဧကရာဇ်ထံ လက်သီးတစ်လုံး ပစ်ခွင်းလိုက်သည်။

နတ်ဧကရာဇ်က ဟားတိုက်ရယ်လိုက်ပြီး  “ သတ္တိကောင်းသားပဲ ”

နတ်ဧကရာဇ်တစ်ယောက်က အဘယ်ကြောင့် နတ်ဧကရာဇ်အဆင့် မရောက်သေးသည့်သူကို ကြောက်ရမည်နည်း။

နတ်ဧကရာဇ်က သူ့ဧရာမလက်ကြီးကို အသာဝေ့ယမ်းလိုက်ပြီး ဟွမ်ရှစ်အား ရိုက်ချလိုက်သည်။

ဝုန်း …

နှစ်ဖက်လုံးမှ တိုက်ခိုက်မှုများ ထိပ်တိုက်တွေ့သွားသည့်အခါ အဆုံးမဲ့ စွမ်းအားစီးလှိုင်းများ ထွက်ပေါ်လာသည်။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။

သူက ဟွမ်ရှစ်သည် ထရိုင်နိုဆောရပ် လူသားအသွင်ပြောင်းထားသလိုမျိုး ဖြစ်နေကြောင်း ခံစားလိုက်ရသည်။ သူ့စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်၏။

သူ့နတ်ဧကရာဇ် ရုပ်ခန္ဓာပင် အားကို မခုခံနိုင်ပေ။

ဘန်း

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်က နောက်ပြန်ဆုတ်လိုက်သည်။ သူ့လက်များက အပြင်းအထန် တုန်ခါနေပြီး သွေးများလည်း တစ်စက်စက် စီးကျနေသည်။

သူက ဟွမ်ရှစ်နှင့် ရင်ဆိုင်ပြီးနောက် အတော်အတန် ခံစားလိုက်ရမှန်း သိသာလှ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက ဘာလို့ ဒီလောက်အားကြီးနေရတာလဲ ”

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်က ယုံဖို့ခက်နေမိသည်။

“သတ်ကြ”

သို့သော်လည်း ဟွမ်ရှစ်က သူ့အား အာရုံမစိုက်ပေ။ သူက မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်ဆီ ထပ်မံ ပြေးဝင်သွားသည်။

ဝုန်း

ကြောက်မက်ဖွယ် စွမ်းအားကြီး မိုးမြေအနှံ့ ပျံ့နှံ့လာကာ အားလုံးကို ချေဖျက်ပစ်လိုက်သည်။

ဟွမ်ရှစ် တိုက်ခိုက်လေလ သူက ပို၍ သတ္တိကောင်းလာလေလေ ဖြစ်၏။ သူ့အငွေ့အသက်များက ပြိုင်ဖက်ကင်းကာ ကြယ်တာရာများကိုပင် တုန်ခါသွားစေသည်။

သူ့လက်သီးချက်က ကြယ်တာရာကြွေကျလာသည့်အလား မရပ်တန့်နိုင်ပုံပေါ်သည်။

မိစ္ဆာဝိညာဉ်က လွှင့်စင်သွားကာ ကီလိုမီတာ တစ်သိန်းလောက် နောက်ဆုတ်လိုက်ရသည်။

“သေချင်နေတာပဲ ”

နတ်ဧကရာဇ်က အားရပါးရ ဟစ်ကြွေးကာ လက်ဟန်တချို့ ထုတ်ဖော်လိုက်ပြီး ဟွမ်ရှစ်ဆီ အဆုံးမဲ့ နတ်ဧကရာဇ်တိုက်ကွက်ကို ထုတ်လွှင့်လိုက်သည်။

ဟွမ်ရှစ်၏ ရင်ဘတ်မှ ရှေးဟောင်းကြေးနီစည်းတံဆိပ်က တောက်ပလာသည်။

ထိုစဉ် ရှေးဟောင်းစည်းတံဆိပ်သည် စွမ်းအားများစွာ ထွက်လာ၏။

ရှေးဟောင်းကြေးစည်းတံဆိပ်က ရုတ်ချည်း ကျယ်ပြန့်လာကာ မိုးမြေဆီ ဖိနှိပ်ထားသည့် အံ့ဖွယ်တောင်တစ်လုံးအသွင်ပြောင်းလဲသွားသည်။

“ကောင်းကင်စည်းတံဆိပ်”

ဟွမ်ရှစ်က အော်ဟစ်ကာ ရှေးဟောင်းစည်းတံဆိပ်ဖြင့် နတ်ဧကရာဇ်အား ရိုက်လွှတ်လိုက်သည်။

ဖူး

နတ်ဧကရာဇ်က သွေးအန်လိုက်ရပြီး ကောင်းကင်မှ စွန်ပြတ်တစ်ခုလို ပြုတ်ကျလာသည်။

အားလုံးက ထိုမြင်ကွင်းကြောင့် ဝမ်းသာသွားကြသည်။ သူတို့က နတ်ဧကရာဇ်ပင် ဟွမ်ရှစ် ပြိုင်ဖက် မဟုတ်ကြောင်း ထင်မထားမိပေ။ နယ်မြေငါးခုက ကယ်တင်ခံလိုက်ရလေပြီ။

………….

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ သူ့အမူအယာက အတော်လေး ခက်ထန်နေလေ၏။ သူက ဒဏ်ရာအပြင်းအထန် ရသွားသော်လည်း အသက်ပြင်းလွန်းသောကြောင့် သူ့အတွက် ပြဿနာ မဟုတ်ချေ။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်၏ အကြည့်တို့က ပိုမို ရက်စက်လာကာ  “မင်းက ငါ့ကို ဖိအားလာပေးနေတာပဲ။ မိစ္ဆာဝိညာဉ်တပ်နဲ့ ရင်ဆိုင်ဖို့သာ ပြင်ထားလိုက်”

မိစ္ဆာဝိညာဉ်နတ်ဧကရာဇ်က အမှတ်အသားပြားတစ်ခု ထုတ်ကာ ခြေမွပစ်လိုက်သည်။ သိပ်မကြာခင် အာကာပြင်တစ်ခုလုံး ထပ်မံ စုတ်ပြဲသွားလေသည်။

မိုးမြေ တုန်ခါသွားကာ လေဟာနယ် မုခ်ဝတစ်ခု ပွင့်လာပြီး ပုံရိပ်ရှစ်ခု ထွက်လာသည်။ သူတို့အရှိန်အဝါတစ်ခုချင်းစီက အင်မတန် ကြောက်ဖို့ကောင်းလှပြီး စွမ်းအားကြီးလှသည်။

ဆင်းသက်လာသူများက နတ်ဧကရာဇ်များ ဖြစ်ကြောင်း သိသာလှ၏။ ထို့အပြင် ရှစ်ယောက် ဖြစ်၏။

ယခု နတ်ဧကရာဇ်ကိုးယောက်က ဤနယ်မြေထဲ ဆင်းသက်လာပြီ ဖြစ်သောကြောင့် နယ်မြေငါးခုလုံး မျှော်လင့်ချက် ပျက်သုန်းသည့် အခြေအနေ ပြန်ဖြစ်သွားသည်။

ဟွမ်ရှစ်၏ အမူအယာလည်း အနည်းငယ် ပြောင်းလဲသွားလေ၏။ သူက မိစ္ဆာဝိညာဉ်မျိုးနွယ်သည် ဤမျှပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

နတ်ဧကရာဇ်ကိုးယောက်ဖြင့် နယ်မြေငါးခုလုံးကို ဖျက်စီးပစ်နိုင်သည်။ ထို့အပြင် သူက နတ်ဧကရာဇ်အဆင့်ပင် မရောက်သေးချေ။

သူက နတ်ဧကရာဇ်အဆင့်နှင့် ခြေတစ်လှမ်းမျှ ကွာဝေးနေသေးပြီး သူ့တိုက်ခိုက်ရည်က အထွတ်အထိပ်သို့ မရောက်သေးပေ။

“ သတ်ကြ ”

နတ်ဧကရာဇ်ကိုးယောက် လှုပ်ရှားလာသည့်အခါ မိုးမြေကိုပင် တုန်ခါသွားစေသည်။ နေရောင်၊ လရောင်တို့ပင် မှေးမှိန်သွားပြီး ကမ္ဘာကြီးက အလင်းပျောက်သွားဟန်ပေါ်၏။

ကမ္ဘာရှိ အရာအားလုံးက သူတို့အင်အားအောက်တွင် အစိတ်စိတ်အမြွာမြွာ ဖြစ်တော့မည့်ဟန်ပေါ်နေသည်။

ဟွမ်ရှစ်၏ အမူအယာက လေးနက်လာပြီးနောက် လက်ဟန်တချို့ ထုတ်ဖော်လိုက်သည်။ သူ့နောက်တွင် သိပ်သည်းလွန်းသည့် အလင်းပေါက်ကြီးတစ်ခု ရှိနေ၏။ အလင်းတန်းများက နေရာအနှံ့ ဖြာထွက်သွားကာ ကောင်းကင်တာအိုစည်းမျဉ်းများကို ဖုံးလွှမ်းသွားသည်။

သူက ကိုယ်ပိုင်အသွင်ပွားခြင်း ပညာရပ်ဖြင့် သူ့ကိုယ်ပွားများကို ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း ဟွမ်ရှဟ်၏ ပညာရပ်က ရှန်ထျန်းနှင့် အနည်းငယ် ကွဲပြားလေသည်။

ရှန်ထျန်း၏ ကိုယ်ပိုင်အသွင်ပွားခြင်း ပညာရပ်က စွမ်းအားတူ ကိုယ်ပွားကိုးခုကို ဆင့်ခေါ်နိုင်သည်။ သို့သော် ဟွမ်ရှစ်၏ ကိုယ်ပွားများက အချိန်မြစ်ကြောင်းပေါ် ထားရှိထားပြီး သူတို့ဘာသာ ကျင့်ကြံနိုင်လေသည်။

ထို့အပြင် သူက ဤပညာရပ်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။

ဟွမ်ရှစ်နောက်မှ အလင်းရောင်က ပိုမိုတောက်ပလာကာ ကြောက်မက်ဖွယ် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ သူတို့က အုပ်စိုးသူ အရှိန်အဝါများ ထုတ်လွှင့်နေကာ ကမ္ဘာဦးခေတ်အခါမှ နတ်ဧကရာဇ်အဆင့် ဖြစ်ကြောင်း ညွှန်ပြနေလေ၏။

ဟွမ်ရှစ်က သူ့ကိုယ်ပွားနှစ်ယောက်နှင့်အတူ နတ်ဧကရာဇ်ကိုးယောက်ကို စတင်တိုက်ခိုက်လိုက်သည်။ ထိုစဉ် ကောင်းကင်က အက်ကွဲသွားပြီး အမှောင်စွမ်းအားက မိုးမြေကြား စိမ့်ဝင်လာသည်။

တိုက်ပွဲက ပြင်းထန်လွန်းပြီး ကောင်းကင်ကိုပင် အလွယ်တကူ ကြေမွပျက်စီးသွားစေနိုင်သည်။ သို့သော်လည်း နတ်ဧကရာဇ် ကိုယ်ပွားနှစ်ယောက်၏ အကူအညီဖြင့်ပင် ဟွမ်ရှစ်က ရှုံးနိမ့်သွားဆဲ ဖြစ်သည်။

ထို့အပြင် သူက နတ်ဧကရာဇ်ကိုးယောက်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အရေအတွက်များများဖြင့် ဖိနှိပ်ထားသောကြောင့် ဟွမ်ရှစ်ပင် မခုခံနိုင်တော့ပေ။

ထိုစဉ် လေဟာနယ်မှ ပြိုင်ဖက်ကင်း ဓားအလင်းတန်း ထွက်ပေါ်လာပြီး နတ်ဧကရာဇ်တစ်ယောက်ဆီ ကျရောက်လာသည်။

ဝုန်း

အံ့လောက်ဖွယ် ဓားအလင်းက ဖြတ်သန်းသွားလေသည်။

နတ်ဧကရာဇ်က ခါးမှ တစ်ဝက်ပြတ်သွားပြီး သူ့အတွင်းအင်္ဂါများလည်း လွှင့်စင်သွားကာ သွေးများလည်း မိုင်ထောင်ချီပတ်လည်အထိ စီးဆင်းသွားသည်။

ထိုမြင်ကွင်းက အားလုံးကို တုန်လှုပ်သွားစေသည်။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်လည်း ကြောင်အမ်းသွားသည်။ သူက အမှောင်ထဲမှ ပုန်းအောင်းနေသည့် အဆင့်မြင့် ကျင့်ကြံသူရှိနေပြီး သူ့အား သတ်နိုင်လုနီးပါး ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒီလိုကြောက်မက်ဖွယ် စွမ်းအားပိုင်ဆိုင်ထားတာ ဘယ်သူလဲ …

ဟွမ်ရှစ်၏ အကြည့်များက တစ်စုံတစ်ခုကို ခံစားမိသည့်အလား တောက်လောင်လာသည်။ သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် လေဟာနယ်ထဲမှ ဝတ်ရုံဖြူ အမျိုးသားတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရသည်။

ဤအမျိုးသားက ခန့်ညားချောမောပြီး ထူးကဲလှသည့် အငွေ့အသက်များ ပိုင်ဆိုင်ထားသည်။

သူက ပြိုင်ဖက်ကင်း အင်မော်တယ်တစ်ယောက်လိုမျိုး လေဟာနယ်ကို ဖြတ်ကာ ဆင်းသက်လာသည်။

“ရှန်ထျန်း ”

ဟွမ်ရှစ်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူက တိုက်ခိုက်လိုက်သောသူမှာ ရှန်ထျန်း ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့ကို နှစ်တစ်ရာလောက် မတွေ့လိုက်ရုံဖြင့် သူက ဤမျှအထိ တိုးတက်လာသည်လား။

ရှန်ထန်းက ရှေ့တိုးလာကာ မေးလိုက်သည် “ဦးလေးရှစ် အဆင်ပြေရဲ့လား”

ဟွမ်ရှစ်က ခေါင်းခါကာ သူ အဆင်ပြေကြောင်း ပြလိုက်သည်။ သို့သော်လည်း သူက သံသယဝင်နေမိသည်။ ဤအရာက အမှန်တကယ် အံ့ဩဖို့ကောင်းလွန်းလှသည် မဟုတ်ပါလော။

ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်က မယုံကြည်နိုင်လောက်ဖွယ် အလျှင်အမြန် တိုးတက်လာသည်။

“ကောင်လေး ငါ့ခန္ဓာကိုယ်ကို လာဒဏ်ရာပေးရဲတယ်ပေါ့လေ။ သေလိုက်စမ်း ”

နှစ်ပိုင်းပြတ်သွားသည့် နတ်ဧကရာဇ်က ဒေါသထွက်လာသည်။

မျှော်လင့်မထားစွာက သူက ဆုံးရှုံးမှုအကြီးကြီး ခံစားလိုက်ရသည်။

ဤသည်မှာ ထိုဓားချက်၌ ရှုပ်ထွေးပွေလီ အငွေ့အသက်များ ပါဝင်နေသောကြောင့် သူ့အသက်ဓာတ် အဆီအနှစ်ကို ဆက်တိုက် ဝါးမျိုသွားလေသည်။ နတ်ဧကရာဇ်ပင် ထိုဒဏ်ရာမျိုးကို အလွယ်တကူ မကုသနိုင်ပေ။

သူက ကုသနိုင်လျှင်ပင် အကျိုးဆက် ရှိနေဦးမည်သာ ဖြစ်၏။

ရှုပ်ထွေးပွေလီ အငွေ့အသက်များက ကမ္ဘာတွင် ကြောက်ဖို့အကောင်းဆုံး မဟုတ်ပါလော။ ဘယ်လိုလုပ်အလွယ်တကူ ချေဖျက်နိုင်မည်နည်း။

မိစ္ဆာဝိညာဉ် နတ်ဧကရာဇ်၏ သတ်ဖြတ်ငွေ့ ထွက်လာသည်။ သူက လက်တုံ့ပြန်ဖို့ လုပ်လိုက်သည်။

ရှန်ထျန်းက ဟွမ်ရှစ်ကို ကြည့်ကာ  “ဦးလေးရှစ် ကျွန်တော်တို့ ခွဲပြီး တိုက်ရင်ရော … ဦးလေးဆီ သုံးယောက် ထားခဲ့လိုက်မယ်။ ကျန်တာ ကျွန်တော် ဖြေရှင်းလိုက်မယ် ”

ထိုသို့ပြောပြီးနောက် ရှန်ထျန်းက နတ်ဧကရာဇ်ခြောက်ယောက်ဆီ ပြေးဝင်သွားလိုက်သည်။

ဟွမ်ရှစ်က အံ့ဩတကြီးဖြင့် နောက်မှ အလျှင်အမြန် လိုက်လိုက်ရ၏။ သူက ရှန်ထျန်း အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေမိသည်။

သူတို့က သာမန်လူများ မဟုတ်ဘဲ နတ်ဧကရာဇ်ခြောက်ယောက် ဖြစ်သည်။ သို့သော်လည်း နောက်အဖြစ်အပျက်က ဟွမ်ရှစ်အား ပို၍ အံ့အားသင့်သွားစေသည်။

သူက ရှန်ထျန်းသည် လက်တစ်ဖက်၌ လူသားဧကရာဇ် စည်းတံဆိပ်ကို ကိုင်ဆောင်ထားရင်း နောက်တစ်ဖက်တွင် တော်ဝင်နန်းတော်တစ်ခုကို ကိုင်ဆောင်ထားကြောင်း မြင်လိုက်ရသည်။ နတ်ဧကရာဇ်ပင် ထိုအသုံးအဆောင်များရှေ့မှောက် သွေးသံရဲရဲ ဖြစ်ရသည်။

ထိုစဉ် နတ်ဧကရာဇ်ခြောက်ယောက်က ခေါင်းများ ယောင်ကိုင်းလာသည့်အထိ အရိုက်နှက်ခံထားရသည်။ ထို့နောက် သူတို့က ထွက်ပြေးသွားကြ၏။

………....

ထိုမြင်ကွင်းကို မြင်ပြီး ဟွမ်ရှစ်၏ နှုတ်ခမ်းထောင့်တို့ တွန့်ချိုးသွားလေသည်။

ဘယ်လိုတောင်လား … နတ်ဧကရာဇ်အဆင့်တောင် မရောက်သေးဘဲနဲ့ နတ်ဧကရာဇ်တွေနောက်ကို လိုက်ဖမ်းပြီး ရိုက်နှက်မဲ့လူ ဘယ်လိုလုပ် ရှိလာတာလဲ

ပြီးတော့ ခြောက်ယောက်တောင်လေ …

ရှန်ထျန်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ … လူငယ်မျိုးဆက်က ကလေးတွေက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ

All Chapters