← Chapters

ငါက တတိယမြောက် မသေမျိုး မျိုးဆက်ကပဲ

Vol. 34(Final) Ch. 508

ငါက တတိယမြောက် မသေမျိုး မျိုးဆက်ကပဲ

Vol. 34(Final) Ch. 508

အခန်း (၅၀၈)  :  ငါက တတိယမြောက် မသေမျိုး မျိုးဆက်ကပဲ

မီးတိုင်းပြည်၌ …

ဤနေရာက သီးသန့်ဆန်ကာ ကျင့်ကြံသူအနည်းငယ်သာ ရှိလေသည်။ ဤသည်မှာ သေးငယ်သည့် သေမျိုးတိုင်းပြည်လေးတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း မိစ္ဆာဝိညာဉ်၏ ကျူးကျော်မှုကို ခံနေရဆဲ ဖြစ်သည်။

ကောင်းကင်အသျှင် မိစ္ဆာဝိညာဉ်က တပ်ကို ဦးဆောင်၍ မီးတိုင်းပြည်ဆီ ချီတက်လာသည်။

ကံဆိုးစွာဖြင့် သူတို့အနီးမရောက်ခင် ကောင်းကင်မှ ဧရာမလက်ကြီး ထွက်လာကာ မိစ္ဆာဝိညာဉ်မျာအား အမှုန့်ဖြစ်အောင် ခြေမွပစ်လိုက်လေသည်။ ဤနေရာကို စောင့်ကြပ်ကာ တိုင်းပြည်၏ ဘေးကင်းလုံခြုံမှုအား ကာကွယ်ပေးနေသည့် အဆင့်မြင့် ပညာရှင်တစ်ယောက် ရှိနေမှန်း သိသာလှသည်။

အကြောင်းမှာ ဂိုဏ်းချုပ်ရှန်ထျန်း၏ မွေးရပ်မြေ ဖြစ်သောကြောင့် ဖြစ်သည်။

ကျန်းလုံယွမ်က မဟာအကြီးအကဲတစ်ဦးအား ဤနေရာကို စောင့်ရှောက်ပေးဖို့ စေလွှတ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် မီးတိုင်းပြည်က နယ်မြေငါးခုအတွင်း မိစ္ဆာဝိညာဉ်များ မကျူးကျော်နိုင်သည့် တိုင်းပြည်အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။

………….

ကိုယ်လုပ်တော်လန်၏ ဂူဗိမာန်

မီးတိုင်းပြည်၏ ဘုရင်အနေနှင့် ရှန်ရှောင်းက ဂူဗိမာန်အား လွမ်းဆွတ်သတိရမှုအပြည့်ဖြင့် ကြည့်နေသည်။

သူက တီးတိုးရေရွတ်လိုက်သည် “လန်အာ နယ်မြေငါးခုက ကပ်ဘေးထဲ ရောက်နေပြီ။ ထျန်းအာရော ဘာတွေလုပ်နေမလဲ မသိဘူး ”

ယခု နယ်မြေငါးခုဆီ ကပ်ဘေးကျရောက်လာပြီ ဖြစ်ရာ ဘေးအန္တရာယ်များလွန်းလှသည်။

သူတို့က ဤနေရာကို မကျူးကျော်သေးသော်လည်း ရှန်ရှောင်းက စိတ်မအေးမိပေ။ သူက ရှန်ထျန်းဆီမှ ဘာသတင်းမှ မရသည်မှာ နှစ်တစ်ရာရှိပြီဖြစ်၍ စိုးရိမ်နေမိသည်။

ဤတစ်ကြိမ် ကိုယ်လုပ်တော်လန်၏ အုတ်ဂူမှ အံ့ဖွယ်အလင်းများ ထွက်ပေါ်လာသည်။ ထိုအလင်းက ဝိညာဉ်မိုးသဖွယ် စုစည်းသွားပြီးနောက် လိပ်ပြာတစ်ကောင်အသွင် ပြောင်းလဲသွားသည်။

လိပ်ပြာလေးကို အံ့ဖွယ်အလင်းများဖြင့် ဝန်းရံထားပြီး လေနှင့်အတူ မျှောပါကာ ရှန်ရှောင်းအနား ဝိုင်းပတ်ကာ ပျံသန်းနေသည်။ ထို့နောက် ကောင်းကင်ယံအထိ ပျံသန်းသွားကာ ပျောက်ကွယ်သွားလေသည်။

ရှန်ရှောင်းက ထိုအရာကို မြင်ပြီး ခန္ဓာက တုန်တုန်ယင်ယင် ဖြစ်လာသည်။

“ လန်အာ မင်းလား”

လက်ရှိ ရှန်ထျန်းက မျှော်လင့်မထားသည့် ကပ်ဘေးနှင့် ရင်ဆိုင်နေရသည်။

ယဲ့ချန်းခန်က ရှုံးနိမ့်သွားပြီး ဤလောက၌ ရှေးဟောင်းနတ်ဘုရားများကို အနိုင်ယူနိုင်သည့်သူ မရှိတော့ပေ။

ထို့အပြင် ရှေးဟောင်းနတ်ဘုရား သုံးပါးက ရှန်ထျန်းအပေါ် အာရုံစိုက်ထားကြသည်။ သူတို့က ဤနေရာကို လူသားဧကရာဇ် ရုပ်ခန္ဓာနှင့် လူအား သတ်ရန် ရောက်လာခြင်း ဖြစ်၏။

ယန်ကွေ့က ရှန်ထျန်းအား တုံ့ဆိုင်းခြင်းမရှိ တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မိုးမြေကို လှုပ်ခါသွားစေသည်။

ယန်ကွေ့က လက်ဆန့်ကာ ကြယ်တာရာ ကောင်းကင်ကြီးအား ကြေမွသွားစေသည်။ ဤတိုက်ခိုက်မှုက နတ်ဧကရာဇ်ကိုပင် သတ်ပစ်နိုင်သည်။

ရှန်ထျန်း၏ ဆံပင်များ ထောင်မတ်လာကာ သူ့ဆံပင်များ ထောင်မတ်လာသည်။

ယန်ကွေ့က သူ တွေ့ဖူးသမျှ အားအကောင်းဆုံး ရန်သူ ဖြစ်ပြီး ကြောက်စရာကောင်းလွန်းလှသည်။ ရှန်ထျန်းက နတ်ဧကရာဇ်ကို သတ်နိုင်သော်လည်း သူနှင့် ရှေးဟောင်းနတ်ဘုရားကြားက ကွာခြားချက်က အရမ်းကြီးမားနေသေးသည်။

ယန်ကွေ့ ချီတက်လာသည်ကို မြင်ပြီး ရှန်ထျန်းက လူသားဧကရာဇ် နန်းတော်နှင့် စည်းတံဆိပ်တို့ကို ဆင့်ခေါ်ကာ တားဆီးလိုက်သည်။

ဝုန်း …

အထွတ်အထိပ် အသုံးအဆောင်နှစ်ခုက အံ့ဖွယ်အလင်းများဖြင့် ဖြာထွက်လာကာ ရွှေရောင်အလွှာအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း …

ပေါက်ကွဲသံအကျယ်ကြီး ပဲ့တင်ရိုက်သွားသည်။

ယန်ကွေ့၏ တိုက်ခိုက်မှု ကျရောက်လာပြီး ရွှေရောင်အလွှာအား ကြေမွသွားစေသည်။

ရှန်ထျန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး နောက်ဆုတ်လိုက်ရသည်။ သူ့ကျင့်ကြံဆင့်က အရမ်းနိမ့်နေသည် မဟုတ်ပါလော။ သူက အထွတ်အထိပ် လက်နက်နှစ်ခုကိုအသက်သွင်းထားလျှင်ပင် သူ့အနေနှင့် ရှေးဟောင်းနတ်ဘုရားကို ခုခံနိုင်ဖို့ ခက်ခဲလွန်းလှသည်။

ယန်ကွေ့၏ အကြည့်များထဲ လောဘအရိပ်အယောင်များ လောင်မြိုက်လာကာ  “ အရင်လူသားဧကရာဇ်ရဲ့ အသုံးအဆောင်တွေက ပုရွက်ဆိတ်တစ်ကောင်လက်ထဲ ရောက်သွားတာကိုး။ နှမြောစရာပဲ။ ငါ့ကိုသာ ပေးလိုက်တော့ ”

သူက လက်ကိုဆန့်ထုတ်ကာ လူသားဧကရာဇ် စည်းတံဆိပ်နှင့် နန်းတော်ကို ယူဖို့ လုပ်လိုက်သည်။

ရှေးဟောင်းနတ်ဘုရားများပင် မဟာအသုံးအဆောင်များကို တပ်မက်ကြ၏။

လေဟာနယ်က ချက်ချင်း စုစည်းသွားကာ အသုံးအဆောင်နှစ်ခုကို ချုပ်နှောင်ထားလိုက်သည်။ ထို့နောက် ယန်ကွေ့က မိစ္ဆာပညာရပ်တစ်ခုကို ထုတ်သုံးကာ လုယူဖို့ ကြိုးစားလိုက်၏။

ရှန်ထျန်း၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ထိုအသုံးအဆောင်နှစ်ခု အပြင်းအထန် တုန်ခါလာကြောင်း ခံစားမိလိုက်သည်။ ထူးထူးဆန်းဆန်းစွမ်းအားက သူ့ထိန်းချုပ်မှုကို ဖြတ်တောက်ဖို့ ကြိုးစားနေပုံပေါ်၏။

ယန်ကွေ့က အော်ပြောလိုက်သည်  “ယန်မော့ လူသားဧကရာဇ် ရုပ်ခန္ဓာနဲ့ တစ်ယောက်ကို သတ်လိုက်တော့။ အခွင့်အရေး မပေးနဲ့ ”

ရှေးဟောင်းနတ်ဘုရား၏ ပညာရပ်များဖြင့်ပင် လူသားဧကရာဇ် အသုံးအဆောင်များကို လုယူဖို့ မလွယ်လှချေ။ ထို့ကြောင့် ယန်ကွေ့က အခြားရှေးဟောင်းနတ်ဘုရား နှစ်ယောက်အား လှုပ်ရှားဖို့ ပြောလိုက်ခြင်း ဖြစ်သည်။

ရှန်ထျန်းသာ အသတ်ခံရသရွေ့ ထိုအသုံးအဆောင်နှစ်ခုက ပိုင်ရှင်မဲ့ ပစ္စည်းများ ဖြစ်သွားပေမည်။ ထိုအခါ သူက အလွယ်တကူ ရယူနိုင်လိမ့်မည်။

ယန်မော့နှင့် ယန်လင်းတို့က ရှေ့တိုးလာကာ ရှန်ထျန်းဆီ အားအပြည့်ဖြင့် ဝင်ရောက်လာသည်။ ရှေးဟောင်းနတ်ဘုရား နှစ်ယောက်က ကမ္ဘာတုန်လုမတတ် စွမ်းအားများဖြင့် တိုက်ခိုက်လိုက်သည်။

လေဟာနယ်ကို မိစ္ဆာစွမ်းအားဖြင့် ဖုံးလွှမ်းသွားကာ အသက်အားလုံးကို အဆုံးသတ်တော့မည့်ပုံပေါ်နေသည်။ ဤမြင်ကွင်းက လူမြောက်များစွာအား တုန်လှုပ်ခြောက်ခြားသွားစေသည်။

“မဖြစ်ဘူး ”

သူတို့က ရှန်ထျန်း အန္တရာယ်ထဲ ကျရောက်နေသော်လည်း ကူကယ်ရာမဲ့နေကြသည်။ သူတို့လက်ရှိအင်အားဖြင့် ရှေးဟောင်းနတ်ဘုရားများကို မတားဆီးနိုင်ပေ။

“ထွက်သွားစမ်း ”

ယဲ့ချန်းခန်က သူ့အကြွင်းအကျန်ဝိညာဉ်ဖြင့် နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်သည်။ သို့သော်လည်း ရှေးဟောင်းနတ်ဘုရား နှစ်ဦးက ပူးပေါင်းထားသောကြောင့် သူသာလျှင် သွေးအန်လိုက်ရသည်။

“ ထျန်းအာ ပြေးတော့” ယဲ့ချန်းခန်က ကူကယ်ရာမဲ့စွာ အော်ပြောလိုက်သည်။

သူက ဒဏ်ရာအပြင်းအထန် ရနေပြီ ဖြစ်၏။ သူက သေသည့်အထိ တိုက်ခိုက်လျှင်ပင် ရှေးဟောင်းနတ်ဘုရား နှစ်ယောက်အား မတားဆီးနိုင်ပေ။

“ ကောင်လေး သေလိုက်တော့”

ရှေးဟောင်းနတ်ဘုရား နှစ်ဦးက ပြုံးလိုက်ရင်း ရှန်ထျန်းဆီ ပြေးလာကြသည်။ ဤတစ်ကြိမ် သူတို့က ဤမျိုးဆက်၏ လူသားဧကရာဇ် ရုပ်ခန္ဓာရှိသူကို အဆုံးသတ်ပစ်ဖို့ ဆုံးဖြတ်ထားကြသည်။

……………...

ထိုစဉ် အကန့်အသတ်မဲ့ အံ့ဖွယ်အလင်းတို့က အရှေ့ဘက်မှ ပေါ်ထွက်လာသည်။ တောက်ပမှုက ပြိုင်ဖက်ကင်းလှပြီး မိုးမြေကို လွှမ်းမိုးသွားသည်။ မနီးမဝေးတွင် လက်ဝါးအရွယ် လိပ်ပြာလေး တစ်ကောင် ပျံသန်းလာနေသည်။ ထိုအရာက လေဟုန်စီးလာကာ ချက်ချင်းဆိုသလို မိုင်သုံးသန်းလောက် မြင့်မားသည့် လေမုန်တိုင်းကြီး ဖြစ်လာစေ၏။

လိပ်ပြာလေး၏ အရှိန်က တိုးမြင့်လာကာ ခန္ဓာကိုယ်ကလည်း ပိုမိုကြီးထွားလာပြီး အလယ်ပိုင်းကုန်းမြေ တစ်ဝက်လောက်နီးပါးအထိ ဖုံးလွှမ်းသွားသည်။

“ဟမ် ”

ယန်မော့နှင့် ယန်လင်းတို့က တစ်ခုခု မူမမှန်ကြောင်း ခံစားမိလိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤလိပ်ပြာက ဆန်းကြယ်လွန်းလှပြီး အကြောက်တရားများ ဖြစ်လာစေသည်။ သို့သော်လည်း သူတို့က မရပ်တန့်သွားဘဲ ရှန်ထျန်းကိုသာ ဆက်လက် တိုက်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့က လူသားဧကရာဇ် ရုပ်ခန္ဓာနှင့် ကောင်လေးအား အရင်ဆုံး သတ်ရမည် ဖြစ်၏။

“သေချင်နေတာပဲ”

လေဟာနယ်ထဲ အေးစက်စက် အသံထွက်လာကာ ကြယ်တာရာပင်လယ်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ လိပ်ပြာလေးက တောင်ပံဖြန့်ကာ ပိုင်နက်သန်းချီ ဖြတ်ကျော်လာလေ၏။

အဆုံးမဲ့ လေမုန်တိုင်းကြီးက ဓားသွားအသွင်ပြောင်းသွားကာ ရုတ်ချည်း တိုက်ခိုက်လိုက်သည်။ ကောင်းကင်က ပြိုကျသွားကာ မြေပြင်က အက်ကွဲသွားပြီး ကြယ်တာရာပင်လယ်ပင် ပျက်စီးသွားရသည်။

ဤစွမ်းအားက အာကာပြင်ကို ဖြတ်သန်းရောက်လာပြီး ရှေးဟောင်းနတ်ဘုရား နှစ်ပါးရှေ့ တန်းရောက်လာသည်။

“ အား ”

ဆိုးဆိုးရွားရွား အော်ကြွေးသံတို့ ထွက်ပေါ်လာသည်။ ရှေးဟောင်းနတ်ဘုရား နှစ်ဦး၏ ခန္ဓာကိုယ်များက လေပြင်းများကြောင့် စုတ်ပြတ်သတ်သွားကာ သူတို့ဝိညာဉ်အစစ်အမှန်ပင် မလွတ်မြောက်နိုင်ပေ။

ဤမြင်ကွင်းက အားလုံးကို အံ့ဩသွားစေသည်။

သူတို့က လိပ်ပြာလေးကို ကြည့်ကာ အရူးအမူး နှလုံးခုန်မြန်လာကြသည်။

ဤလိပ်ပြာလေးသည် ဒီလိုမျိုး ကြောက်မက်ဖွယ် စွမ်းအားမျိုး ထုတ်လွှင့်နိုင်ကာ ရှေးဟောင်းနတ်ဘုရား နှစ်ဦးအား သတ်ပစ်နိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။

ယန်ကွေ့၏ ခန္ဓာကိုယ်ပင် အပြင်းအထန် တုန်လှုပ်လာပြီး သူ့စိတ်က ပြိုကျတော့မတတ် ဖြစ်နေသည်။ သူက ပါးစပ်အဟောင်းသား ဖြစ်နေပြီး စကားပင် ထွက်မလာပေ။

ယန်ကွေ့က ထိုရှေးဟောင်းနတ်ဘုရား နှစ်ပါးသည် မည်မျှအားကောင်းကြောင်း သိထားပေသည်။ သူတို့က အစောပိုင်း ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြသော်လည်း အစောပိုင်း ရှေးဟောင်းနတ်ဘုရားများကြား ထိပ်တန်း တည်ရှိမှုမျိုး ဖြစ်၏။

အကယ်၍ သူတို့နှစ်ယောက်သာ ပူးပေါင်းထားလျှင် အလယ်အဆင့် ရှေးဟောင်းနတ်ဘုရားကိုပင် ရင်ဆိုင်နိုင်ကြသည်။

ယခုတွင် သူတို့က တစ်စုံတစ်ယောက်၏ သတ်ဖြတ်မှုကို ခံလိုက်ရသည်။

အဲဒါ ဘယ်သူလဲ …

…………...

လိပ်ပြာလေးက မျှောလွင့်လာကာ ရှန်ထျန်းရှေ့ ရောက်လာသည်။

လိပ်ပြာဝန်းကျင်ရှိ အလင်းရောင်လေးက တောက်ပနေလေသည်။ ခဏအကြာတွင် လိပ်ပြာလေးက အင်မတန် လှပကြော့ရှင်းသည့် အမျိုးသမီးတစ်ယောက် အသွင် ပြောင်းလဲသွားသည်။

သူမက ပိန်ပါးပါးလေး ဖြစ်ကာ ကျောက်စိမ်းရုပ်တု ထွင်းထုထားသလိုမျိုး ကြော့ရှင်းတင့်တယ်လှသည်။ သူမတွင် မည်သူကမှ မလေးမစား မလုပ်ရဲသည့် အေးစက်စက် အငွေ့အသက်မျိုးလည်း ပိုင်ဆိုင်ထားသည်။ သူမ၏ နှင်းဖြူရောင် အသားရေလေးက ကြည်လင်စိုရွန်းနေသည်။

သူမက ဤကမ္ဘာမှ မဟုတ်သည့် နန်းတော်မှ မိန်းမပျိုလေးတစ်ဦးနှင့် တူလှသည်။

အားလုံးက စိတ်ခံစားချက်အပြည့်ဖြင့် ကြည့်နေကြသည်။ သူတို့က သူမအပေါ် မြတ်နိုးမိသွားကြသည်။ အမျိုးသမီးအများစုကလည်း ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားလိုက်ကြ၏။

သူတို့ကြားတွင် နယ်မြေငါးခုထဲ အရည်အချင်းအရရော ရုပ်ရည်အရပါ ထိပ်တန်းချိတ်သည့် သူတော်စင်မများနှင့် နတ်ဘုရားမများပါ ပါဝင်နေသည်။

သို့သော်လည်း ဤလူရှေ့တွင် အရာအားလုံးက မှေးမှိန်ကုန်သည်။

ရှန်ထျန်းက တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ သူက ထိုပုံရိပ်လေးကို ကြည့်နေရင်း ရင်းနှီးမှုကို ခံစားမိလာသည်။ ဤခံစားချက်က သူ့သွေးသားထဲမှ ဖြစ်ပေါ်လာပြီး ဖုံးကွယ်ထား၍ မရပေ။ ဤလူက သူ့အရင်းနှီးဆုံး သွေးချင်းစပ် ဆွေမျိုးသာ ဖြစ်ရမည်။

………………..

အံ့ဖွယ်မိုးကောင်းကင် စခန်း၌ …

အကြီးအကဲရွှေကြာက မျက်မှောင်ကြုတ်ကာ လက်သီးဆုပ်ထားမိလိုက်ပြီး ရေရွတ်လိုက်သည်  “ ဒီအမျိုးသမီးက တော်တော်အားကောင်းတာပဲ ”

ကွေ့ကုန်းကုန်းကလည်း ကြောင်အမ်းသွားကာ သူ့အိုမင်းနေသော မျက်နှာအထက် မျက်ရည်များ စီးကျလာသည်။ သူက တုန်ယီစွာဖြင့် “ ကိုယ်လုပ်တော် … ကိုယ်လုပ်တော်လန်လား ”

မှန်ပေသည်။ ဤလူမှာ ကိုယ်လုပ်တော်လန် ဖြစ်၏။

ကိုယ်လုပ်တော်လန် တစ်ယောက်တည်းသာ ဤမျှ ရှမငြီးဖွယ် ဖြစ်နေလိမ့်မည်။ သို့သော်လည်း ကိုယ်လုပ်တော်လန် ကွယ်လွန်သွားသည်မှာ နှစ်ရာချီ ကြာမြင့်နေပြီ ဖြစ်၏။

သူမက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာရတာလဲ …

သူမက ပြန်လည် အသက်ရှင်လာရုံသာမက အင်မတန်လည်း အားကြီးသေး၏။ သူမက တစ်ယောက်တည်းဖြင့် ရှေးဟောင်းနတ်ဘုရား နှစ်ပါးအား ချက်ချင်း သတ်ပစ်နိုင်ခဲ့သည်။

ဤသည်မှာ အံ့ဩလောက်ဖွယ် ဖြစ်ပေသည်။

……………....

ယန်ကွေ့က ကိုယ်လုပ်တော်လန် ထုတ်လွှင့်နေသည့် ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ပေါက်ထွက်သွားတော့မလိုမျိုး ခံစားလာရသောကြောင့် အထိတ်တလန့် ဖြစ်လာသည်။ ထိုအရှိန်အဝါက ကြောက်စရာကောင်းလွန်းလှ၏။ သူက သူ မခုခံနိုင်သည့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်နေသလိုမျိုး  ခံစားနေရသည်။

“ပြေး”

ယန်ကွေ့က နောက်ထပ် ဘာမှမပြောဘဲ ပြင်ပလောကဆီသာ ဦးတည်လိုက်သည်။ သူက ကြယ်တာရာပင်လယ်ကို စုတ်ဖြဲကာ အရှိန်အပြည့်ဖြင့် ထွက်ပြေးလိုက်သည်။ သူက ဤနေရာတွင် ဆက်မနေရဲတော့ချေ။

ဤလူက ကြောက်စရာကောင်းလှပြီး သူ့အား သေမင်းအငွေ့အသက်ကို ခံစားမိလာစေသည်။

သို့သော်လည်း ထိုစဉ် ကိုယ်လုပ်တော်လန်က လှမ်းကြည့်လိုက်သည်။ သူမက ပိန်ပါးသွယ်လျသည့် သူမလက်လေးကို မြောက်ကာ လေဟာနယ်ကို ဖိချလိုက်သည်။

ကြယ်တာရာပင်လယ်ထဲ သစ်ခွပန်းတွေ ဖူးပွင့်လာသလိုမျိုး အင်မတန် လှပသည့် မြင်ကွင်း ထွက်ပေါ်လာသည်။ ထို့နောက် သစ်ခွပန်းများက ဖြည်းဖြည်းချင်း ပိတ်သွားကာ ကြယ်တာရာပင်လယ်ထဲ ကြွေကျပျံ့ကျဲသွားလေသည်။

ဝုန်း

မိုင်တစ်သန်း အဝေးရောက်အောင်အထိ ထွက်ပြေးထားသည့် ယန်ကွေ့က ပေါက်ကွဲသွားကာ သူ့ဝိညာဉ်အစစ်အမှန်ပင် ပေါက်ကွဲသွားသည်။

ယန်ကွေ့ကို သတ်လိုက်ပြီးနောက် ကိုယ်လုပ်တော်လန်က တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမက ကျောက်ချထားသလို ရပ်နေသည့် ရှန်ထျန်းဘက် ဖြည်းဖြည်းချင်း လှည့်လာပြီး ပြုံးပြလိုက်သည်။

သူမ၏ အသံက အနည်းငယ် တုန်ယင်နေကာ “ထျန်းအာ ”

သူမ၏ သွေးသားကို မြင်ရသည့်အချိန် ကိုယ်လုပ်တော်လန်က စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ သူမက သူ့ကို မွေးဖွားပေးခဲ့သူ မဟုတ်ပါလော။ သွေးက ရေထက်ပျစ်လေသည်။

ထို့အပြင် ရှန်ထျန်း ဒီကမ္ဘာဆီ ရောက်လာကတည်းက ကိုယ်လုပ်တော်လန်က သူ့အား စောင့်ရှောက်ဖို့ အချိန်မရလိုက်ဘဲ သေခြင်းတရားကို ဟန်ဆောင်ကာ နိဗာနကို ဖြတ်ကျော်ခဲ့ရသည်။

ယခု သူမ ပြန်ရောက်လာပြီ ဖြစ်ရာ သူမသားဖြစ်သူကို မြင်ရသည့်အတွက် မည်သို့စိတ်မလှုပ်ရှားဘဲနေမည်နည်း။

ရှန်ထျန်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီးနောက် တီးတိုးရေရွတ်လိုက်သည်  “မယ်တော်လား … အမေ ”

သူက ဤလူမှာ သူ့မိခင်ဖြစ်သူ ကိုယ်လုပ်တော်လန် ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ သွေးသားဆက်နွယ်မှုက အတုအယောင် မဟုတ်ပေ။

ကိုယ်လုပ်တော်လန်၏ အကြည့်များက အင်မတန် နူးညံ့သိမ်မွေ့လှသည်။

“ထျန်းအာ အမေတောင်းပန်ပါတယ်။ အမေ နောက်ကျသွားတယ် ”

သူမက လက်ကို ဆန့်ထုတ်ကာ ရှန်ထျန်း၏ ပါးပြင်လေးကို အသာထိလိုက်သည်။ သူမ အကြည့်တို့၌ လွမ်းဆွေးတသမှုများ ပါဝင်နေည်။

အမေတစ်ယောက်က ကလေးကို ဘယ်လိုလုပ် မလွမ်းဘဲ နေမှာလဲ … ပြီးတော့ သူတို့ ခွဲခွာနေရသည်မှာ နှစ်ရာချီကြာမြင့်သွားလေပြီ။

ရှန်ထျန်းက   “အမေ …. ”

သူက ကိုယ်လုပ်တော်လန် မသေဆုံးသေးဘူးဟု မျှော်လင့်မထားခဲ့ပေ။ ထို့အပြင် သူမက အားကောင်းလွန်းပြီး ရှေးဟောင်းနတ်ဘုရားများကိုပင် အလွယ်လေး သတ်ပစ်နိုင်သည်။

ယဲ့ချန်းခန်က ပြုံးလိုက်ကာ  “ အံ့ဖွယ်ပိုး တာအိုကျမ်းက တကယ်ကို အံ့ဖွယ်ပဲ။ နိဗာနကို ဖြတ်ကျော်ပြီး လိပ်ပြာအဖြစ် ပြန်ရောက်လာပြီ။ လန်အာ … သမီး နောက်ဆုံးတော့ နိုးလာပြီပဲ ”

ကိုယ်လုပ်တော်လန်က ယဲ့ချန်းခန်ကို မြင်လိုက်ရသည့်အခါ အားနာစွာ ရေရွတ်လိုက်သည်  “ ဖေဖေ သမီးလေ …. ”

ကိုယ်လုပ်တော်လန် ဘာမှမပြောခင် ယဲ့ချန်းခန်က အသာလက်ဝေ့ယမ်းလိုက်ကာ ပြောလိုက်သည် “ကိစ္စမရှိပါဘူး။ အခု ပြီးဆုံးသွားပါပြီ။ သမီး ဘေးကင်းကင်း ပြန်ရောက်လာပြီဆိုတော့ အဖေ စိတ်အေးပါပြီ ”

ရှန်ထျန်းက သူတို့စကားဝိုင်းကို ကြားလိုက်ရသည့်အခါ အကြည့်တို့ ပြင်းပြလာသည်။

ကိုယ်လုပ်တော်လန် ပြန်လည်ထမြောက်ရှင်သန်လာမှုက သူ့အား အံ့အားသင့်စေပြီးပြီ ဖြစ်၏။ သို့သော်လည်း ကိုယ်လုပ်တော်လန်က ယဲ့ချန်းခန်၏ သမီး ဖြစ်နေလေသည်။

အဲဒါဆို ယဲ့ချန်းခန်က သူ့အဘိုး မဟုတ်ပါလော။

ယဲ့ချန်းခန်က သူ့အား အဘိုးဟု ခေါ်ဖို့ ခဏတိုင်းပြောနေသည်မှာ မထူးဆန်တော့ပေ။

စစ်နတ်ဘုရား မျှော်နန်းဆောင်လိုမျိုး အထွတ်အထိပ် အသုံးအဆောင်မျိုးကိုပင် သူ့အား ပေးထားခဲ့လေသည်။ ယဲ့ချန်းခန်အနေနှင့် ဟိုးကတည်းက ရှန်ထျန်းအား သူ့မြေးဖြစ်ကြောင်း သိထားပုံပေါ်နေသည်။

ရှန်ထျန်းက ရှုံ့မဲ့သွားလေသည်။

ငါက ဘာနောက်ခံမှ မရှိဘဲ သာမန်မိသားစုကနေ မွေးဖွားလာတဲ့ သာမန်ကလေး ထင်နေခဲ့တာ … အခုတော့ ငါက မသေမျိုး မိသားစုကနေတဲ့လား

အမေနဲ့ အဘိုးက နတ်ဘုရားလောကက အထွတ်အထိပ် လက်ရွေးစင် ကျင့်ကြံသူတွေလား … ဒီသတင်းက တုန်လှုပ်စရာပဲ

အစတုန်းက ငါက သာမန်လူတစ်ယောက်လိုမျိုး ကျင့်ကြံချင်ခဲ့တာလေ။ ဒါပေမဲ့ အခုတော့ ဟန်ဆောင်နေလို့ မဖြစ်တော့ဘူး။

ငါက မသေမျိုး မိသားစုရဲ့ တတိယမြောက် မျိုးဆက်ပဲ …

အခု မိစ္ဆာဝိညာဉ်ကောင်စုတ်တွေ သူတို့အသက်ကို စတေးဖို့ ဘယ်လောက်လာရဲမလဲ သိချင်မိသား …

ရှန်ထျန်းက ကြွားလုံးထုတ်ချင်လာစဉ် ကောင်းကင်ကြီးက ပြောင်းလဲလာသည်။

ပြင်ပလောကမှ ဒေါသတကြီး အော်သံကြီး ထွက်လာလေ၏  “လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ရှင် ဒီနေ့ မင်း သေကိုသေရမယ် ”

အသံကျယ်ကြီး ထွက်လာကာ ကောင်းကင်ဘုံကိုးလွှာအထိ ပျံ့သွားစေသည်။

ရှန်ထျန်းက နှလုံးခုန်မြန်လာမိ၏။

နောက်တစ်ကြိမ်လား …

ဒီကောင်တွေ ဘယ်တော့မှ ပြီးမှာလဲ …

ဝုန်း

ကောင်းကင်၌ ဧရာမတွင်းနက်ကြီး ဖြစ်လာသည်။ ထို့နောက် ကောင်းကင်ကို ဖုံးလွှမ်းထားနိုင်သည့် ဧရာမလက်ချောင်းကြီး ကျရောက်လာသည်။ ထိုအရာက ကြယ်သန်းပေါင်းများစွာကို ကြေမွသွားစေသည်။

ဤလက်ချောင်းကြီးက ကြီးမားလွန်းလှပြီး အလယ်ပိုင်းကုန်းမြေအများစုကို ဖုံးအုပ်ထားလုနီးပါး ဖြစ်နေသည်။ နယ်မြေငါးခု၏ မြေအလွှာက စတင် တုန်လှုပ်လာပြီး ကမ္ဘာပျက်စီးသွားတော့မလိုမျိုး ဖြစ်လာသည်။

ကောင်းကင်၌ ကောင်းကင်တာအိုစွမ်းအားများ ထွက်ပေါ်လာပြီး မဟာတာအိုအသီးသီး နှိုးထအသက်ဝင်လာသည်။

မိုးမြေစွမ်းအားက ကမ္ဘာကြီးကို ပိတ်ဆို့ထားသည့် သံကြိုးလို ဖြစ်လာသည်။ သို့သော်လည်း ထိုစွမ်းအားရှေ့မှောက်တွင် တစ်ချက်လေးပင် တောင့်မခံနိုင်လိုက်ပေ။

လက်တစ်ချောင်း စွမ်းအားဖြင့် တာအိုအသီးသီး စုစည်းထားသော စွမ်းအားများအားလုံးကို ဖျက်စီးပစ်ဖို့ လုံလောက်နေလေပြီ။

အားလုံးက ထိတ်လန့်သွားကြပြီး သူတို့အကြည့်များ၌ မျှော်လင့်ချက်ကုန်ခမ်းသွားသည့် အရိပ်အယောင်များ ကြီးစိုးလာသည်။ ဤသည်မှာ မယှဉ်ပြိုင်နိုင်သည့် ဧရာမကြီး ဖြစ်၏။

အကယ်၍ ဤသို့သော ကျင့်ကြံသူမျိုးသာ ဝင်ရောက်လာခဲ့လျှင် ကမ္ဘာကြီးက သေချာပေါက် ပျက်စီးသွားလိမ့်မည်။

နယ်မြေငါးခုက ပျက်စီးမှုကပ်ဘေးကနေ မလွတ်မြောက်နိုင်တော့ဘူးလား …

…………….

မီးတိုင်းပြည်၏ တော်ဝင်နန်းတော်အတွင်း ….

ရှန်ရှောင်းက အလယ်ပိုင်းကုန်းမြေဘက် မျက်နှာမူရင်း အကြည့်များက တောက်ပလာသည်။ သူက ကောင်းကင်ယံရှိ တာအိုများပေါ်ထွက်လာမှုကို ကြည့်နေစဉ် သူ့မျက်ဝန်းထဲ တောက်ပသည့် ခရမ်းရောင်အလင်းတို့ ဖြတ်ပြေးသွားသည်။

ထိုစဉ် ထိုပြိုကျပျက်စီးသွားသော တာအိုအသိအမြင်များက မီးတိုင်းပြည်ဆီ အစုလိုက်အပြုံလိုက် တိုးဝင်လာကြ၏။ ထိုတာအိုအသိအမြင်များက နက်နဲကာ နားလည်ရခက်လှသည်။

ဤသည်မှာ သူတို့ကိုယ်သူတို့  စတေးကာ ဒီကမ္ဘာ၏ တာအိုအဖြစ် ပြောင်းလဲလိုက်ကြသည့် ထာဝရဘုရင် ၃၆ ယောက် ချန်ထားခဲ့သည့် မိုးမြေစွမ်းအားအရင်းအမြစ် ဖြစ်သည်။

သူတို့၏ စတေးမှုက နယ်မြေငါးခုကို ကာကွယ်ပေးဖို့ရာသာ ဖြစ်၏။ ယခုတွင် သူတို့အားလုံးက ရှန်ရှောင်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကြသည်။

ထိုစဉ် သူ့အရှိန်အဝါလည်း ပြောင်းလဲလာ၏။

ရှန်ရှောင်းဆီမှ အဆုံးမဲ့ခရမ်းချီစွမ်းအားများ ထွက်ပေါ်လာသည်။ သူ့အကြည့်တို့က ကြယ်တာရာပင်လယ်ကြီးလောက် နက်ရှိင်းနေပြီး အားကြီးလှသည်။

လက်ရှိတွင် ရှန်ရှောင်းက သေမျိုးလောက၏ ဘုရင် မဟုတ်တော့ဘဲ ကောင်းကင်ကို ထိန်းချုပ်နိုင်သည့် အထွတ်အထိပ် ထာဝရဘုရင်တစ်ပါး ဖြစ်လာသည်။ ခရမ်းရောင်အလင်းတန်းများက ကောင်းကင်အထိ ပြေးဝင်နေကြ၏။

ရှန်ရှောင်း၏ အရှိန်အဝါက ထိပ်ဆုံးအထိ ရောက်ရှိသွားကာ စကြဝဠာကိုပင် တုန်ခါသွားစေသည်။

သူက အလယ်ပိုင်းကုန်းမြေကို ကြည့်လိုက်ပြီးနောက် သူ့ဘာသာ ပြောလိုက်သည်  “နှစ်တစ်သောင်းကြာ ပြန်လည်ဝင်စားပြီးမှ အခု ငါက ငါဆိုတာကို သိလာခဲ့ပြီ။ ငါ ထာဝရဘုရင်ကျစ်ဝေ အတိဒုက္ခလွန်ဖြတ်သန်းပြီး ပြန်ရောက်လာပြီ ”

ဝုန်း …

မိုးမြေက တုန်လှုပ်သွားကာ ခရမ်းစွမ်းအားများ စီးဝင်လာသည်။

ရှန်ရှောင်းက ခရမ်းရောင်စဉ်တန်းအဖြစ် ပြောင်းလဲသွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်။

……………...

နယ်မြေငါးခု၏ ကောင်းကင်တာအို ပျက်စီးသွားပြီးနောက် မိစ္ဆာဝိညာဉ်များက ချက်ချင်း ရောက်ရှိလာကြသည်။ ကောင်းကင်ပင် စုတ်ဖြဲခံလိုက်ရပြီး တွင်းနက်ကြီး ထွက်ပေါ်နေလေ၏။

ထိုစဉ် ကောင်းကင်ကို ဇောက်ထိုးလုပ်ပစ်နိုင်သည့် စွမ်းအားကြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဤလူကို အင်မတန် ကျယ်ပြောလွန်းလှသည့် မိစ္ဆာအရှိန်အဝါများဖြင့် ဝန်းရံထားပြီး စကြဝဠာအား တစစီဖြစ်သွားစေနိုင်သလိုမျိုး ဖြစ်၏။

ဤသည်မှာ ရှေးဟောင်းနတ်ဘုရားအဆင့်အထက်မှ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူက ပြိုင်ဖက်ကင်း ထာဝရဘုရင် ဖြစ်လေသည်။

ဤလူကို မြင်ပြီးနောက် လူများစွာက တုန်တုန်ယင်ယင် ဖြစ်လာကြသည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်သည် ဤမျှရူးသွပ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။ ပထမဦးစွာ သေမျိုးလောကဆီသို့ သူတို့က နတ်ဧကရာဇ်ကိုးယောက်ကို စေလွှတ်ခဲ့ပြီးနောက် ရှေးဟောင်းနတ်ဘုရား သုံးယောက်ကို ထပ်မံစေလွှတ်ခဲ့သည်။

ယခု ရှန်ထျန်းကို သတ်ရန် ထာဝရဘုရင် ဆင်းသက်လာလေပြီ။

ဤသည်က များပြားလွန်းလှသည်။

………....

ကိုယ်လုပ်တော်လန်၏ အမူအယာလည်း လေးနက်လာသည်။ သူမက နိဗာနဖြတ်ကျော်ကာ ကျင့်ကြံရေး၌ အောင်မြင်မှုရရှိထားသော်လည်း ထာဝရဘုရင်ဖြစ်လာဖို့ ခြေတစ်လှမ်းမျှ ကွာဝေးနေသေးသည်။ သူမက ရှေးဟောင်းနတ်ဘုရား နောက်ဆုံးအဆင့်သာ ရှိနေသေး၏။

နောက်ဆုံးအဆင့်က သူမအတွက် မဖြတ်ကျော်နိုင်သည့် ကောင်းကင်ဘုံအလား ဖြစ်နေသည်။

ယခု ထာဝရဘုရင် ပေါ်ထွက်လာပြီ ဖြစ်ရာ ကိုယ်လုပ်တော်လန်က ဖိအားများစွာကို ခံစားလာရသည်။ သို့သော်လည်း သူမက ရှန်ထျန်းရှေ့မှ မားမားမတ်မတ် ကာပေးထားသေး၏။

သူမက မိခင်တစ်ယောက် မဟုတ်ပါလော။

မိခင်တစ်ဦးအနေနှင့် သူမကလေးကို ထိခိုက်အောင်လုပ်ဖို့ လုံးဝခွင့်မပြုနိုင်ပေ။

ထိုစဉ် မိစ္ဆာဝိညာဉ် ထာဝရဘုရင်က လှုပ်ရှားလာသည်။ သူက ရှန်ထျန်းအား စိုက်ကြည့်လိုက်ရုံဖြင့် ရှန်ထျန်းသွေးများ ဆူပွက်လာကာ ထိန်းမရသိမ်းမရ တုန်ယင်လာသည်။

“ ဖိနှိပ်ခြင်း ”

ကိုယ်လုပ်တော်လန်က အသာပြောလိုက်ပြီးနောက် လက်ဟန်တချို့ ထုတ်ဖော်ကာ ရှန်ထျန်းအား ကာကွယ်ပေးလိုက်သည်။

ရှန်ထျန်း၏ သွေးများ ပြန်ငြိမ်ကျသွားပြီး မျက်မှောင်ကြုတ်မိသွားသည်။

ဒါက ထာဝရဘုရင်အဆင့်လား … အကြည့်တစ်ချက်နဲ့တောင် သတ်ပစ်နိုင်တယ်လား

မိစ္ဆာဝိညာဉ် ထာဝရဘုရင်က မထူးမခြားနား ပြောလိုက်သည်  “ရှေးဟောင်းနတ်ဘုရား နောက်ဆုံးအဆင့် မဆိုးပါဘူး။ ဒါပေမဲ့ ငါ့ကို တားနိုင်လိမ့်မယ်လို့ အိပ်မက်မက်မနေနဲ့ ”

ထာဝရဘုရင် ဆင်းသက်လာကာ ရှန်ထျန်းအား ဆွဲခေါ်လိုက်သည်။

ကောင်းကင်ရှိ ကြယ်တာရာများက အမှုန့်ဖြစ်သွားကာ အကန့်အသတ်မဲ့ စကြဝဠာကြီးက ပြိုကျပျက်စီးသွားသည်။

ထာဝရဘုရင်တစ်ဦး၏ စွမ်းအားက သက်ရှိအားလုံးကို သုတ်သင်ပစ်နိုင်သည်။

ကိုယ်လုပ်တော်လန်၏ အမူအယာက ချက်ချင်း ပြောင်းလဲသွားကာ စွမ်းအားကို လှုပ်ရှားလိုက်သည်။ အကန့်အသတ်မဲ့စွမ်းအားများ တောက်ပလာကာ ဧရာမသစ်ခွပန်းကြီးအဖြစ် ပြောင်းလဲသွားသည်။

သစ်ခွက စွမ်းအားများ ထုတ်လွှင့်လိုက်သည့်အခါ ကောင်းကင်မှ အံ့ဖွယ်စွမ်းအားကို သယ်ဆောင်လာပြီး ထာဝရဘုရင်အား ခုခံလိုက်၏။ သို့သော်လည်း ထာဝရဘုရင်ရှေ့မှောက်တွင် ထိုစွမ်းအားက တစ်ချက်ပင် မခံနိုင်ပေ။

ဝုန်း

အသံကျယ်ကြီး ပေါက်ကွဲထွက်သွားသည်။

သစ်ခွက ညိုးကျသွားကာ ပွင့်ချပ်များလည်း လွှင့်ကြွေသွားသည်။ ကိုယ်လုပ်တော်လန်၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားပြီးနောက် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

တစ်ချက်တည်းဖြင့် ကိုယ်လုပ်တော်လန်က ဒဏ်ရာအပြင်းအထန် ရရှိသွားရသည်။

“သေလိုက်စမ်း ”

ထာဝရဘုရင်က အမူအယာမပြောင်းမလဲဖြင့် လက်တစ်ချောင်း ဆန့်ထုတ်လိုက်သည်။ စကြဝဠာတစ်ခုလုံးက ရှန်ထျန်းအပေါ် ပိကျလာသည့်အလား ခံစားလိုက်ရသည်။ ရှေးဟောင်းနတ်ဘုရားကို သတ်ဖို့က သူ့အတွက် ပြဿနာ မဟုတ်ပေ။ သူက ရှန်ထျန်းနှင့် ကိုယ်လုပ်တော်လန် နှစ်ယောက်လုံးကို သတ်ချင်သည်။

…………...

ရုတ်ချည်းဆိုသလို ကောင်းကင်၌ ခရမ်းတိမ်တိုက်များ အပြည့်ဖြစ်လာသည်။ သူတို့၏ ခရမ်းရောင်အလင်းက နက်ရှိုင်းကာ ကျယ်ပြောလှ၏။

“စိတ်ကြီးဝင်နေတာပဲ”

ခရမ်းဝတ်စုံနှင့် အမျိုးသားက ကိုယ်လုပ်တော်လန်ရှေ့ ရပ်ကာ မိစ္ဆာဝိညာဉ် ထာဝရဘုရင်၏ တိုက်ကွက်အား တားဆီးပေးလိုက်သည်။  ကိုယ်လုပ်တော်လန်နှင့် ရှန်ထျန်းတို့နှစ်ယောက်လုံးက ထိုလူကို မြင်လိုက်ရသည့်အခါ တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။

ကိုယ်လုပ်တော်လန်၏ အကြည့်တို့၌ ပျော်ရွှင်ဝမ်းမြောက်မှု အရိပ်အယောင်များ ရှိနေသည်။ သူမ ပျော်ရွှင်မှုထဲ၌ အပြစ်ရှိစိတ်အနည်းငယ်ပါ ပါဝင်နေသည်။

သူမက တီးတိုးပြောလိုက်၏  “ဆရာ ပြန်ရောက်လာပြီလား ”

ရှန်ထျန်းက မျက်လုံးအပြူးသား ဖြစ်သွားလေသည်။

“ဒါက … ခမည်းတော်လား ”

သူက ရှန်ရှောင်းကို မှတ်မိပေသည်။ ရှန်ထျန်း၏ မျက်နှာအထက် အမူအယာမျိုးစုံ ဖြတ်ပြေးသွား၏။

ဘာဖြစ်သွားတာလဲ … အမေနဲ့ အဘိုးက နတ်ဘုရားလောကရဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေ ဖြစ်ရုံတင် မကဘဲနဲ့ အဖေကလည်း စွမ်းအားကြီး အထွတ်အထိပ် ပုဂ္ဂိုလ်ပဲလား

ငါ့ကိုများလာနောက်နေကြတာလား … ကျားစားချင်လို့ ဝက်ယောင်ဆောင်နေကြတာလား

ငါ့လောကအမြင်တော့ နည်းနည်း ပျက်စီးသွားပြီ

.........................

မိစ္ဆာဝိညာဉ် ထာဝရဘုရင်က မျက်မှောင်ကြုတ်ကာ  “ ထာဝရဘုရင် ကျစ်ဝေလား … မင်း မသေသေးဘူးလား”

သူက အံ့ဩသွားသည်။ ဤနေရာတွင် ထာဝရဘုရင်ကျစ်ဝေကို မြင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထာဝရဘုရင်ကျစ်ဝေသည် နတ်ဘုရားလောက၌ ပြိုင်ဖက်ကင်း ထာဝရဘုရင်တစ်ပါး ဖြစ်ပြီး တိုက်ခိုက်စွမ်းရည်ကောင်းကောင်း ပိုင်ဆိုင်ထားသည်။ သူက နှစ်ထောင်ချီလေးဖြင့် ထာဝရဘုရင်အဆင့် ရောက်ပြီး လူသားများကို ဦးဆောင်ကာ မိစ္ဆာဝိညာဉ်များကို တိုက်ထုတ်ရင်ဆိုင်ခဲ့သည်။

ထာဝရဘုရင်ကျစ်ဝေသည် အရမ်းကျော်ကြားလှသည်။

အတိတ်တုန်းက သူသည် အားကောင်းသူများစွာကို သတ်ဖြတ်ခဲ့သောကြောင့် မိစ္ဆာဝိညာဉ်များစွာ၏ စိတ်နှလုံးသားထဲ အကြောက်တရား သွတ်သွင်းပေးထားနိုင်ခဲ့သည်။

ထာဝရဘုရင်ကျစ်ဝေကို သတ်ဖို့ မိစ္ဆာဝိညာဉ်မျိုးနွယ်မှ ထာဝရဘုရင်ခုနှစ်ယောက် စေလွတ်ခဲ့ရသည်။ အဆုံးသတ်၌ ကျစ်ဝေတစ်ယောက်တည်း ထာဝရဘုရင်ခုနှစ်ယောက်နှင့် ရင်ဆိုင်ကာ ခုနှစ်ယောက်လုံးကို သူနှင့်အတူ ဆွဲခေါ်သွားခဲ့သည်။

ဤတိုက်ပွဲကြီးက စကြဝဠာအတွင်းရှိ မျိုးနွယ်စုအားလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်တွင် ထာဝရဘုရင် ခုနှစ်ယောက် ဆုံးရှုံးခဲ့ရသော်လည်း ထာဝရဘုရင်ကျစ်ဝေကို သတ်နိုင်ခြင်းက ဆုံးရှုံးမှုကို ကာစေမိခဲ့သည်။ သူ့စွမ်းအားက ကြီးမားလွန်းသည့်အတွက် ပြိုင်ဖက်ကင်း ထာဝရဘုရင် ဖြစ်နေခြင်း ဖြစ်၏။

ထိုအကြောင်းကြောင့် မိစ္ဆာဝိညာဉ်မျိုးနွယ်က သူ့ကို သတ်ဖို့ ဘာမှမခြွေတာခဲ့ပေ။ သို့သော်လည်း ထာဝရဘုရင်ကျစ်ဝေသည် အသက်ရှင်နေဆဲ ဖြစ်၏။

ထာဝရဘုရင် ကျစ်ဝေက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ ကပ်ဘေး ငါတို့မတွေ့တာ နှစ်တစ်သောင်းလောက်ပဲ ရှိသေးပေမဲ့ မင်းက ညစ်ပတ်နေတုန်းပဲ။ ထာဝရဘုရင်တစ်ယောက်က လူငယ်မျိုးဆက်ထဲက တစ်ယောက်ကို တကယ်ကြီး လာရင်ဆိုင်တယ်ပေါ့လေ”

ထာဝရဘုရင် ကပ်ဘေးက အေးစက်စက် သရော်သံဖြင့်  “လူသားဧကရာဇ် ရုပ်ခန္ဓာကို မျိုးနွယ်စုအားလုံးက သည်းမခံနိုင်ဘူး။ ငါက ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဆောင်ကျဉ်းပေးရုံပဲ ”

ထာဝရဘုရင်ကျစ်ဝေ၏ အကြည့်များ၌ လှောင်ရိပ်သမ်းလာပြီး  “မျိုးနွယ်စုအားလုံးအတွက်တဲ့လား။ အဲဒီလူတွေက မျိုးနွယ်စုလို့ ခေါ်ဖို့ရော ထိုက်တန်ရဲ့လား”

ထာဝရဘုရင် ကပ်ဘေးက ထပ်ပြောလိုက်သည်  “ မိစ္ဆာဝိညာဉ်မျိုးနွယ်ဆီ အညံ့ခံလိုက်ရင် ဘယ်တော့မှ ဖျက်စီးခံရမှာ မဟုတ်ဘူး”

ထာဝရဘုရင် ကျစ်ဝေက ခေါင်းခါကာ  “မဟုတ်တမ်းတွေ တော်စမ်း … ငါ့သားကို လာထိချင်မှတော့ ငါ့ကို အရင်ဖြတ်ကျော်ရမယ် ”

ထာဝရဘုရင်ကပ်ဘေး၏ အကြည့်များက အေးစက်လာကာ  “ အခု မင်းစွမ်းအား ဘယ်လောက်ကျန်သေးလဲ ကြည့်ရတာပေါ့။ သေလိုက်စမ်း ”

ထာဝရဘုရင် ကပ်ဘေးက အသံကျယ်ကြီးအော်လိုက်ပြီးနောက် သူ ဆင်းသက်လာသည့်အခါ ပိုင်နက်သန်းပေါင်းများစွာ ကြေမွသွားသည်။ သူ့လက်က လက်သီးဟန်ပြောင်းလဲသွားပြီး ကမ္ဘာ့ဖျက်စွမ်းအားကို သယ်ဆောင်လာသည်။

ထာဝရဘုရင်ကျစ်ဝေက ပျံသန်းသွားလိုက်ပြီး ခရမ်းချီစွမ်းအားက မိုင်ပေါင်းဆယ်သန်းအထိ ထွက်ပေါ်လာသည်။ သူက အံ့ဖွယ်လက်သီးချက်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဝုန်း

ကောင်းကင်က ပြိုကျသွားပြီး ကမ္ဘာမြေက အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။ နှစ်ယောက်ကြားက တိုက်ပွဲက လေဟာနယ်ကိုပင် ပျက်သုန်းသွားစေသည်။ ဤသည်မှာ ပြိုင်ဖက်ကင်း အထွတ်အထိပ် ကျင့်ကြံသူများကြားမှ တိုက်ပွဲ ဖြစ်ပြီး ကြောက်ခမန်းလိလိ ဖြစ်၏။

နယ်မြေငါးခုလည်း ဤသက်ရောက်မှုကို တောင့်မခံနိုင်သည့်အလား တုန်ခါသွားသည်။

ပြောရလျှင် နယ်မြေ ပြိုကျလုနီးဆဲဆဲ အခြေအနေအထိ ကျရောက်နေလေပြီ။

ဝုန်း

နောက်ဆုံးတိုက်ကွက် ကျရောက်လာသည့်အခါ နှစ်ယောက်လုံးက ရုတ်ချည်း နေရာချဲသွားကြသည်။

ထာတရဘုရင် ကပ်ဘေး၏ အကြည့်များက မှောင်မိုက်စူးရှလာကာ  “ထာဝရဘုရင်ကျစ်ဝေဆိုတဲ့အတိုင်းပဲ။ ပြန်လည်ဝင်စားလာတာတောင် မင်းရဲ့ တိုက်ခိုက်စွမ်းရည်က အံ့ဩဖို့ကောင်းနေတုန်းပဲ။ ဒါပေမဲ့ မင်းရဲ့ တာအိုအုတ်မြစ်က အခြေမခိုင်သေးတာ နှမြောစရာပဲ။ မင်း ငါ့ကို တားလို့မရဘူး။ ဒီနေ့ လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ရှင် သေကိုသေရမယ် ”

သူက အသံကျယ်ကြီး အော်ဟစ်လိုက်ပြီးနောက် သူ့အနား ဝန်းရံထားသည့် ကောင်းကင်ဆီ ဓားအလင်းတန်း ပစ်ခွင်းလိုက်သည်။ ထာဝရဘုရင်ကပ်ဘေးနောက်တွင် အံ့ဖွယ်ဓားများစွာ ပေါ်ထွက်လာ၏။

သူတို့က ကောင်းကင်ဘုံကိုးလွှာမှ ကြယ်တာရာကောင်းကင်ကိုပင် ကြေမွသွားစေသည်။

သူက ဓားစွမ်းအားကို အသက်သွင်းကာ တိုက်ခိုက်လိုက်သည်။

အားလုံးက နှလုံးသားပြုတ်ထွက်လာမတတ် တုန်လှုပ်သွားကြသည်။ ထာဝရဘုရင်ကျစ်ဝေသည် ထာဝရဘုရင်ကပ်ဘေးကို ရင်ဆိုင်နိုင်ပါ့မလား မသိပေ။

အနိုင်ရခြင်းက ရှင်သန်မှု ဖြစ်ပြီး ရှုံးနိမ့်ခြင်းက သေဆုံးမှု ဖြစ်ပေသည်။

အားလုံး၏ မျှော်လင့်ချက်များကို ထာဝရဘုရင်ကျစ်ဝေအပေါ် ပုံအပ်ထားကြ၏။

ရှန်ထျန်းလည်း အံ့ဩတကြီးဖြစ်နေမိသည်။

နှစ်ရာချီရုန်းကန်ပြီးနောက် သူက နယ်မြေငါးခု၌ အားအကောင်းဆုံးလူ ဖြစ်လာခဲ့လေပြီ။ သို့သော်လည်း အဆုံးသတ်၌ ကယ်တင်ရှင်မှာ သူကိုယ်တိုင် မဟုတ်ကြောင်း သတိထားမိသွား၏။

သူ့ဆီမှာ ထာဝရဘုရင်အဖေတောင် ရှိနေတာလား … လာလိမ်နေတာလား

All Chapters