← Chapters

မဟာဧကရီ၏ အကြံအစည်

Vol. 34(Final) Ch. 509

မဟာဧကရီ၏ အကြံအစည်

Vol. 34(Final) Ch. 509

အခန်း (၅၀၉)  :  မဟာဧကရီ၏ အကြံအစည်

ထာဝရဘုရင် ကပ်ဘေးက ဆန်းကြယ်ဓားအလင်းတန်းဖြင့် ချီတက်လာကာ အဆုံးမဲ့ ကြယ်တာရာပင်လယ်အား ကြေမွသွားစေသည်။ ထာဝရဘုရင်တစ်ယောက်၏ အမျက်ဒေါသက မိုးနှင့်မြေကိုပင် ဖျက်စီးပစ်နိုင်သည်။

ဤသည်မှာ ထာဝရဘုရင် ကပ်ဘေး၏ ကျော်ကြားလှသော ပညာရပ်ဖြစ်ပြီး အကန့်အသတ်မဲ့စွမ်းအားများ ပါဝင်နေသည်။

ဓားအလင်းတန်း ထွက်ပေါ်လာပြီးနောက် ပိုင်နက်သန်းပေါင်းများစွာကို ဖြတ်သန်းလာသည်။

ထာဝရဘုရင်ကျစ်ဝေက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက ထိုက်တောင်တန်းလိုမျိုး ငြိမ်သက်နေသည်။ သူက လက်ဟန်တချို့ ထုတ်ဖော်လိုက်သည့်အခါ တိမ်တိုက်ထဲအထိ တိုးဝင်သွားသည့် ခရမ်းရောင်အလင်းများ ထွက်လာသည်။

ထိုအလင်းက စူးရှလွန်းလှ၏။

ခရမ်းရောင်စွမ်းအားက မြစ်တောင်တန်းသဏ္ဍာန် ဖြစ်လာပြီး ကောင်းကင်ကို ဖိနှိပ်ထားလိုက်သည်။

ဝုန်း

ဓားအလင်းတန်းများစွာက ခရမ်းတောင်တန်းနှင့် ထိတွေ့သွားသည့်အခါ ကောင်းကင်တုန်လုမတတ် ပေါက်ကွဲမှုကြီး ဖြစ်သွားသည်။ ကြယ်တာရာကောင်းကင်လည်း အပေါက်များဖြင့် ဖြစ်သွားရ၏။

ကောင်းကင်တာအိုစည်းမျဉ်းများက အဆုံးမရှိ ထွက်ပေါ်လာကာ မိုးမြေအား အစီအစဉ်မကျ ဖြစ်သွားစေသည်။ စိတ်ဝိညာဉ်အားလုံး တုန်ခါသွားကြပြီး အကြောက်တရားကို ခံစားမိလိုက်ကြသည်။

ထိုနှစ်ယောက်ကြားက တိုက်ပွဲမှာ အလွန်ကြောက်စရာကောင်းလှသည်။

သူတို့ထိပ်တိုက်တွေ့ရုံမှ စီးဆင်းလာသည့် အရှိန်အဝါဖြင့် ရှေးဟောင်းနတ်ဘုရားကို သတ်ပစ်နိုင်သည်။ ကောင်းကင်ကို အကန့်အသတ်မဲ့ အံ့ဖွယ်စွမ်းအားများဖြင့် ဖုံးလွှမ်းထားပြီး အကြီးအကျယ်ပျက်စီးသွားစေသည်။

“သတ်ကြ”

ထာဝရဘုရင်ကပ်ဘေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ အဆုံးမဲ့ ခရမ်းတောင်တန်း၏ ဖိနှိပ်မှုအောက်တွင် သူ့ခန္ဓာကိုယ်က အက်ရာများ အပြည့်ဖြစ်လာသည်။

ဝုန်း

အသံကျယ်ကြီး ပေါက်ကွဲထွက်သွားလေသည်။

အဆုံးသတ်၌ ခရမ်းတောင်တန်းက ဓားစွမ်းအားကို ခြေမွပစ်လိုက်သည်။

ထာဝရဘုရင်ကပ်ဘေး၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားကာ မိုင်သန်းချီ နောက်ဆုတ်လိုက်ရပီး လေဟာနယ်ထဲ ပြန်ရောက်သွားသည်။ သူ့အကြည့်တို့က မယုံကြည်နိုင်မှုအပြည့် ဖြစ်နေသည်။

ထာဝရဘုရင်ကျစ်ဝေ၏ အခြေခံအုတ်မြစ်က မတည်ငြိမ်သေးသော်လည်း သူ့တိုက်ခိုက်စွမ်းက အံ့မခန်း ဖြစ်နေဆဲ ဖြစ်ကာ သူ့အား ဒဏ်ရာအပြင်းအထန် ရသွားစေသည်။

ကံကောင်းစွာဖြင့် သူ့အသက်ဓာတ် အရင်းအမြစ်က ဒဏ်ရာမရသွားပေ။

ထာဝရဘုရင် ကပ်ဘေးခန္ဓာကိုယ်အနား မိစ္ဆာမြူများ ဝိုင်းလာကာ သူ့ဒဏ်ရာများက ပြန်လည် သက်သာသွားသည်။ သူ့အကြည့်တို့က အေးစက်လာပြီး  “ကျစ်ဝေ …  မင်းက အရမ်းအားကောင်းတယ်ဆိုပေမဲ့ ဒီနေ့တော့ မင်းရဲ့ သေနေ့ပဲ”

ချွမ်

အံ့ဖွယ်ဓားက တုန်ခနဲ အသံမြည်သွားလေ၏။ ထို့နောက် ထာဝရဘုရင်ကပ်ဘေး လက်ထဲ ကြက်သွေးရောင် ဓားတစ်ချောင်း ပေါ်လာသည်။ ကောင်းကင်အထိ သွေးစွမ်းအားများ စီးဆင်းနေပြီး တိမ်တိုက်များပင် ပျံ့ကျဲသွားစေသည်။

မိစ္ဆာစွမ်းအားက နေရာအနှံ့ ပျံ့နှံ့သွားလေသည်။ ဤသည်မှာ မိစ္ဆာအမှတ်အသားများ ဖုံးလွှမ်းနေသည့် မိစ္ဆာလက်နက် ဖြစ်သည်။ ဓားရိုးပေါ်တွင် ဝိညာဉ်ကိုပင် ဝါးမျိုပစ်ချင်သည့်အလား သွေးနီရောင် မျက်လုံးတစ်လုံး စိုက်ထွင်းထားသည်။

ထိုဓားပေါ်ထွက်လာသည့်အခါ မိုးမြေပင် ပိုင်းပြတ်သွားရသည်။

ကောင်းကင်တစ်ခုလုံး သွေးအငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားပြီး ကြောက်ခမန်းလိလိ ဖြစ်၏။ ဤသည်မှာ မဟာတာအိုစွမ်းအား ပါဝင်နေသည့် အထွတ်အထိပ် ထာဝရလက်နက် ဖြစ်ပေသည်။

ထာဝရဘုရင်ကျစ်ဝေ၏ အကြည့်တို့က နက်ရှိုင်းလာသည်။ သူက အပြည့်အဝ အာရုံစိုက်ထားလေ၏။ သူက ထိပ်ဆုံးတွင် ရှိနေသည့်အလား မည်သူကိုမှ မကြောက်ပေ။

ထာဝရဘုရင်ကျစ်ဝေက ထိပ်ဆုံး၏ ထိပ်ဆုံးတွင် ရှိခဲ့ဖူးသော ထာဝရဘုရင်တစ်ယောက် ဖြစ်သည်။ သို့သော် ယခုတွင် သူက ပြန်လည်ရှင်သန်လာခါစ ဖြစ်သောကြောင့် သူ့တိုက်ခိုက်စွမ်းက အထွတ်အထိပ်အခြေအနေ၏ ၁၀ ရာခိုင်နှုန်းပင် မရှိချေ။

ထာဝရလက်နက်ရှိထားသည့် ထာဝရဘုရင်ကပ်ဘေးနှင့် ရင်ဆိုင်ရသည့်အခါ ထာဝရဘုရင်ကျစ်ဝေက ဖိအားခံစားလာရသည်။

ဤတစ်ကြိမ် ရှန်ထျန်းက လျှောက်လှမ်းလာသည်။ သူက ဟွမ်ထျန်းစစ်တုရင်ခုံကို ထုတ်ပေးလိုက်ပြီးနောက်  “ခမည်းတော် ဒါက ထာဝရဘုရင်ဟွမ်ထျန်းရဲ့ မဟာအသုံးအဆောင်ပါ။ ဒီမိစ္ဆာလက်နက်ကို ရင်ဆိုင်နိုင်လောက်တယ် ”

ထာဝရဘုရင်ကျစ်ဝေက ရှန်ထျန်း၏ ဖခင် ဖြစ်ပြီး သူ့အတွက် ထာဝရဘုရင်ကပ်ဘေးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် ရှန်ထျန်းက ကူညီဖို့ အကောင်းဆုံးလုပ်ပေးသည်မှာ သဘာဝကျလေသည်။

ထာဝရဘုရင်ကျစ်ဝေ၏ အကြည့်များက အနည်းငယ် လှုပ်ရှားသွားကာ  “အရင်တုန်းက ဟွမ်ထျန်းနဲ့ငါက နှစ်သောင်းချီ စစ်တုရင် ကစားလာတာ။ သူ့စစ်တုရင်ခုံ အဖေလက်ထဲ ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး ”

ဤဟွမ်ထျန်းစစ်တုရင်ခုံဖြင့် သူ့အရှိန်အဝါတို့က တဖန်မြင့်တက်လာပြန်သည်။

ထိုစဉ် ထာဝရဘုရင်ကျစ်ဝေ၏ မမြင်နိုင်ဖွယ် နှလုံးသားလည်း ပြန်ကောင်းမွန်လာသည်။ သူ့ဘဝတွင် ရန်သူများကို မကြောက်ခဲ့ဖူးဘဲ အားလုံးကို ဖိနှိပ်ခဲ့သည်။ သူ့တာအိုအုတ်မြစ်က မတည်ငြိမ်သေးလျှင်ပင် သူ့အပေါ် သက်ရောက်မှု မရှိချေ။

“ ထျန်းအာ သေချာကြည့်ထားနော်။ အဖေက မင်းကို ထာဝရဘုရင်တစ်ယောက်ကို ဘယ်လိုရိုက်ရမယ်ဆိုတာ ပြမယ်”

ထာဝရဘုရင်ကျစ်ဝေက အသံရှည်ကြီးအော်ပြောလိုက်ပြီးနောက် ဟွမ်ထျန်းစစ်တုရင်ခုံကို အသက်သွင်းကာ ထာဝရဘုရင်ကပ်ဘေးအား ဖိနှိပ်ချလိုက်သည်။ နောက်ဆုံးတွင် ထိုလက်နက်၏ တောက်ပမှုတို့က ထာဝရဘုရင် ကျစ်ဝေလက်ထဲတွင် ထွက်ပေါ်လာခဲ့လေပြီ။

ဟွမ်ထျန်းစစ်တုရင်ခုံက ရုတ်ချည်းဆိုသလို အကန့်အသတ်မဲ့ ကျယ်ပြန့်သွားသည်။

မိုင် တစ်သန်း

မိုင် ဆယ်သန်း

မိုင် သန်းတစ်ရာ

.................

အဆုံးသတ်၌ အလယ်ပိုင်းကုန်းမြေ တစ်ခုလုံးကို ဟွမ်ထျန်းစစ်တုရင်ခုံက အုပ်လွှမ်းသွားလေသည်။ ကောင်းကင်တစ်ခုလုံး ဖုံးအုပ်ထား၏။

ကောင်းကင်၌ ကြယ်တာရာများ ပေါ်ထွက်လာကာ အလင်းတန်းများ ဖြာထွက်နေသည်။ ကောင်းကင်က အလင်းတန်းတောက်ပနေသည့် အဆုံးမဲ့ စကြဝဠာအဖြစ် ပြောင်းလဲသွားသည်။

ကြယ်တာရာများ ရစ်ပတ်ကာ စက်ဝန်းပုံစံ ဖြစ်လာသည်။ ထို့နောက် အဆုံးအစွန်အထိ ကြီးမားလာသည်။ စစ်တုရင်ခုံ၏ ထောက်ပံ့ပေးမှုအောက်တွင် ထာဝရဘုရင်ကျစ်ဝေက စကြဝဠာတစ်ခုလုံးကို ကိုင်ဆောင်ထားသလိုမျိုး ဖြစ်နေသည်။

ထာဝရဘုရင်ကပ်ဘေး၏ အမူအယာက ပြောင်းလဲသွားကာ အရှိန်အဝါများက ပို၍ ကြောက်ဖို့ကောင်းလာသည်။ သူ့လက်ထဲတွင် ထာဝရအသုံးအဆောင်ဖြင့် အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံပေါက်နေသည်။

သူက အထွတ်အထိပ်တွင် ရှိစဉ်အခါက စွမ်းအား ပြန်ပိုင်ဆိုင်ထားသလိုမျိုး အင်အားစုများစွာ ကြောက်ရွံ့ခဲ့ရသည့် အထွတ်အထိပ် ထာဝရဘုရင်တစ်ပါး ဖြစ်လာသည်။

ထာဝရဘုရင်ကပ်ဘေးက ကျစ်ဝေ၏ တာအိုအုတ်မြစ်မှာ လက်ရှိမှာ မတည်ငြိမ်သေးဘဲ စွမ်းအားက အထွတ်အထိပ် အခြေအနေသို့ ပြန်မရောက်သေးကြောင်း ကောင်းကောင်း သိထားသည်။ မဟုတ်ပါက သူ့အနေနှင့် သေချာပေါက် ထွက်ပြေးမိလိမ့်မည်။

ယခင်က ထာဝရဘုရင်ကျစ်ဝေသည် အရမ်းအားကောင်းလွန်းလှ၏။ သို့သော် ယခုတွင် ထာဝရဘုရင်ကပ်ဘေး၏ သတ်ဖြတ်ငွေ့များက ပို၍ အားကောင်းနေသည်။

လူသားဧကရာဇ် ရုပ်ခန္ဓာဖြစ်စေ၊ ထာဝရဘုရင် ကျစ်ဝေ ဖြစ်စေ သူတို့အားလုံးက မိစ္ဆာဝိညာဉ်မျိုးနွယ် သတ်ပစ်ရမည့် လူများသာ ဖြစ်သည်။

သူ့အနေနှင့် နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပေ။

“ သတ် ”

ထာဝရဘုရင်ကပ်ဘေးက ကောင်းကင်ဘုံကိုးလွှာ တုန်လှုပ်သွားစေမည့် စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးနီရောင်အငွေ့အသက်များ ထွက်လာကာ ကောင်းကင်အား အနီရောင်စွန်းသွားစေသည်။ လေဟာနယ်က ချက်ချင်းဆိုသလို နှစ်ပိုင်းကွဲသွားပြီး ကောင်းကင်မှ သွေးနီရောင် ဓားအလင်းများ ကျရောက်လာသည်။

ဤတိုက်ကွက်က ကမ္ဘာကြီးကိုပင် ဖျက်စီးပစ်နိုင်သည့် စွမ်းအားကို သယ်ဆောင်လာသည်။

………….....

ထာဝရဘုရင်ကျစ်ဝေက လက်ဟန်တချို့ ထုတ်ဖော်လိုက်သည်နှင့် ဟွမ်ထျန်းစစ်တုရင်ခုံမှ အံ့ဖွယ်အလင်းများ ဖြာထွက်လာသည်။

ထာဝရအလင်းတန်း ထွက်လာပြီး မြူများလည်း မြင့်တက်လာသည်။

ကြယ်တာရာသန်းပေါင်းများစွာ ပစ်ခွင်းလာပြီး လေဟာနယ်ကိုပင် ကြေမွသွားစေသည်။ နှစ်ဖက်လုံးက အပြင်းအထန်တိုက်ခိုက်နေကြသည်။ ကောင်းကင်မှ သွေးမိုးများ ရွာကျလာသောကြောင့် အားလုံး၏ သွေးများအား ခဲသွားစေသည်။

သူတို့နှစ်ယောက်ဝန်းကျင် လေဟာနယ်ထဲ အက်ကြောင်းများစွာ ပေါ်လာကာ နေရာအနှံ့နှံ ပျံ့နှံ့သွားသည်။

ထာဝရဘုရင်ကပ်ဘေးက သွေးနီရောင်ဓားကို ဝေ့ယမ်းကာ ကြယ်တာရာများအား ပိုင်းဖြတ်ပစ်လိုက်သည်။ သို့သော်လည်း ကြယ်တာရာများက များလွန်းနေသည်။

ကြယ်တစ်လုံးချင်းစီတွင် ထာဝရဘုရင်အငွေ့အသက် ရစ်ပတ်နေသောကြောင့် ကြောက်ဖို့ကောင်းလှ၏။

ဝုန်း …

ကောင်းကင်ယံ၌ မီးပန်းများ တောက်ပလာကာ စကြဝဠာကြီးအား လင်းထိန်သွားစေသည်။

ထာဝရဘုရင်ကပ်ဘေး၏ နာနာကျင်ကျင် အော်ငြီးသံတို့ကို ကြားနေရလေသည်။ သွေးနီရောင်ဓားက ပြိုင်ဖက်ကင်းလျှင်ပင် ကြယ်တာရာ သန်းထောင်ပေါင်းများစွာအား ခုခံနိုင်မည် မဟုတ်ချေ။

ထာဝရဘုရင်ကပ်ဘေး၏ ခန္ဓာကိုယ်က ပြိုလဲသွားကာ အက်ကြောင်းပေါ်လာသည်။ သူ့ဇာစ်မြစ်ပင် ဖျက်စီးခံရလုနီးပါး ဖြစ်ခဲ့သည်။

“တောက်”

ထာဝရဘုရင်ကပ်ဘေးက အံ့ကြိတ်လိုက်သည်။ နောက်ဆုံးတွင် ထာဝရဘုရင်ကျစ်ဝေက မည်မျှကြောက်ဖို့ကောင်းကြောင်း သူကိုယ်တိုင် ကြုံတွေ့သွားလေပြီ။ သူ လိုက်မမီနိုင်အောင်အထိ စွမ်းအားကြီးလွန်းလှသည်။

သူ့လက်ရှိအင်အားဖြင့် သူ့အား အနိုင်ယူနိုင်မည် မဟုတ်ချေ။

လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ရှင်ကို သတ်ဖို့ ထည့်မပြောရသေးပေ။

…………….

နယ်မြေငါးခု၏ ကျင့်ကြံသူများ ဝမ်းသာပျော်ရွှင်လာကြသည်။ သူတို့က ကပ်ဘေးကြီးမှ ပြန်ရှင်လာသလိုမျိုး ခံစားနေရ၏။ ကပ်ဘေးကြီးက ကြောက်စရာကောင်းလွန်းလှသည့်အတွက် စိတ်ပျက်ဖွယ်အတိ ဖြစ်ပေသည်။ နယ်မြေငါးခုက အခြေခံအုတ်မြစ်ကောင်း ရှိသည့်အတွက် ကပ်ဘေးကို ရင်ဆိုင်နိုင်ခဲ့ကြသည်။

ထာဝရဘုရင်ကပ်ဘေး ထိန်းချုပ်ခံလိုက်ရသည့်အခါ အားလုံးက မျှော်လင့်ချက်အလင်းရောင်လေး မြင်လာကြသည်။ သူတို့က စိတ်ထဲတွင် သက်ပြင်းချလိုက်ကြ၏။ နယ်မြေငါးခုက ဒီတိုက်ပွဲကို သေချာ‌ပေါက် အနိုင်ရလိမ့်မည်။

ရှန်ထျန်း၏ အကြည့်တိုက ပြင်းပြလာကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ကြီးမားလှသည့် တပ်အင်အားက သူ့အား စိုးထိတ်စေခဲ့၏။ သို့သော်လည်း နောက်ခံကို မှီခိုရမည့် အနေအထားမျိုး ရှိနေသေးသည်။ သူ့တွင် အားကောင်းသည့် အဖေတစ်ယောက်လုံး ရှိ၏။

တစ်ဖက်လူက ထာဝရဘုရင်ဆိုတော့ ဘာဖြစ်လဲ … သူတို့ လုပ်ချင်သလို လုပ်လို့ ရမဲ့လူလို့ ငါ့ကို ထင်နေကြတာလား …

သတ္တိရှိရင် နောက်ထပ် လူတွေလွတ်လိုက်ကြ … ငါ့အဖေက အကုန်ဖြေရှင်းပေးလိမ့်မယ်

ရှန်ထျန်းက ဆက်လက် မကျေမနပ် ညီးညူလိုက်သည်။ သူက တစ်လျှောက်လုံး ဒေါသချုပ်ထိန်းထားရပြီး နောက်ဆုံးမှ ထုတ်လွှင့်လိုက်နိုင်ခြင်း ဖြစ်၏။ မိစ္ဆာဝိညာဉ်မျိုးနွယ်က ကျင့်ဝတ်တန်ဖိုးကို ဂရုစိုက်ကြသူများ မဟုတ်ပေ။ သူတို့က နတ်ဧကရာဇ်အဆင့် မရောက်သေးသည့် သူ့အား အနိုင်ကျင့်ဖို့ အဆင့်မြင့် ကျင့်ကြံသူများစွာ ပို့လွှတ်ခဲ့လေသည်။

ယခု သူ့ကိုယ်စား တစ်ယောက်ယောက်က လက်စားချေပေးနိုင်လိုက်လေပြီ။

ဟူး ကောင်းလိုက်တာ …

သို့သော်လည်း ရှန်ထျန်း စိတ်မအေးခင် အခြေအနေက ရုတ်ချည်း ပြောင်းလဲသွားပြန်သည်။

လေဟာနယ်ထဲ ဧရာမလက်သီးကြီး ကျဆင်းလာသည်။ ထိုအရာက လေးလံလွန်းသည့်အတွက် ကြယ်တာရာပျံ ကြွေဆင်းလာသည့်အလား ထင်မှတ်ရသည်။

လက်သီးအလင်းတန်းက ကြယ်တာရာသန်းပေါင်းများစွာအား ပျက်သုန်းသွားစေသည်။ ထို့နောက် ကောင်းကင်အထိပင် ရောက်လုမတတ် ဖြစ်နေသည့် ဧရာမခြေထောက်ကြီး ကျရောက်လာသည်။ ထိုအရာက အဆုံးမဲ့ လေဟာနယ်အား ဖြတ်ကျော်ကာ တိုက်ရိုက် တက်နင်းချလိုက်သည်။

ထိုအရှိန်အဝါက အင်မတန် ပြင်းထန်လွန်းလှပြီး ကောင်းကင်အား အစိတ်စိတ်အမြွာမြွာ ဖြစ်သွားစေ၏။

အထွတ်အထိပ် ကျင့်ကြံသူနှစ်ယောက်က ထာဝရဘုရင်ကျစ်ဝေကို အတူတူ ဝိုင်းတိုက်နေကြသည်။

ဝုန်း …

ကောင်းကင် ပြိုကျလာကာ မြေကြီးလည်း အပိုင်းပိုင်း ဖြစ်သွားသည်။ စစ်တုရင်ခုံက အပြင်းအထန် တုန်ခါလာ၏။

ဧရာမအပေါက်ကြီး နှစ်ခုက စကြဝဠာကို ထိုးဖောက်လာသည်။

ထာဝရဘုရင် ကျစ်ဝေ၏ ခန္ဓာကိုယ်က တုန်ခါသွားကာ‌ နောက်ဆုတ်လိုက်ရသည်။ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ရင်း သူ့အမူအယာတို့က လေးနက်နေသည်။

ပုံရိပ်နှစ်ခု ပျံသန်းလာကာ လေဟာနယ်ကို ဖြတ်ခွင်း၍ ကောင်းကင်ကို ဖိနှိပ်ထားပြီး စကြဝဠာအား တုန်ခါလာစေသည်။

ထာဝရဘုရင်ကျစ်ဝေ၏ အသံ ထွက်ပေါ်လာသည်  “ ကန်မို၊ မဟာမိချောင်း”

သူက ထိုလူနှစ်ယောက်ကို မှတ်မိပေသည်။ သူတို့က မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ထာဝရဘုရင် ကန်မိုနှင့် ထာဝရဘုရင် မဟာမိချောင်းတို့ ဖြစ်ကြသည်။ ထိုလူနှစ်ယောက်လုံးက ထိပ်ဆုံး ထာဝရဘုရင်အဆင့်များ ဖြစ်ကြပြီး သူတို့တိုက်ခိုက်ရည်က ထာဝရဘုရင် ကပ်ဘေးထက် မနိမ့်ကျကြပေ။

ထိုထာဝရဘုရင်နှစ်ယောက် ရောက်ရှိလာမှုက ထာဝရဘုရင်ကျစ်ဝေအပေါ် ဖိအားများလာစေသည်။

ထာဝရဘုရင် ကပ်ဘေးက ပျော်ရွင်သွားပြီး  “တာအိုရောင်းရင်းတို့ အချိန်မီရောက်လာတာပဲ။ ဒီလူသားဧကရာဇ် ရုပ်ခန္ဓာရှိတဲ့သူကို အရင်သတ် ပြီးမှ ကျစ်ဝေကို သတ်”

ရှန်ထျန်းအား လူတစ်ယောက်တည်း အင်အားဖြင့် သတ်ပစ်ဖို့ မဖြစ်နိုင်ပေ။ ယခု ထာဝရဘုရင်နှစ်ယောက် ကျဆင်းလာသည်ကို မြင်လိုက်သည့်အခါ မျှော်လင့်ချက် ပြန်ရှိလာ၏။

ထာဝရဘုရင် ကပ်ဘေးက ထာဝရဘုရင်သုံးယောက်သည် လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ရှင်နှင့် ကျစ်ဝေတို့အား မသတ်နိုင်လိမ့်မည်ဟု မထင်ပေ။

နှစ်ယောက်လုံးက မိစ္ဆာဝိညာဉ်မျိုးနွယ်အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်၏။ မည်သည့်တန်ကြေး ပေးဆပ်ရစေကာမူ သူတို့ကို ရအောင် သတ်ရမည်။

ထာဝရဘုရင်ကပ်ဘေး၏ စကားကို ကြားကာ ထာဝရဘုရင်ကျစ်ဝေက မျက်မှောင်ကြုတ်လိုက်ပြီး  “ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ. ဒီလိုထာဝရဘုရင်တွေအများကြီး ဆင့်ခေါ်ဖို့ ဘာလို့တန်ကြေးကြီးကြီးမားမား ပေးဆပ်လိုက်ရတာလဲ ”

နယ်မြေငါးခု၏ အကာအရံ ကျိုးပျက်သွားပြီ ဖြစ်သော်လည်း နတ်ဘုရားလောကက မိစ္ဆာဝိညာဉ်များ မဆင်းသက်လာစေရန် ကန့်သတ်ချက် ထားထားဆဲ ဖြစ်သည်။

မိစ္ဆာဝိညာဉ်မျိုးနွယ်က ပြင်ပလောကမှ တည်ရှိမှုတစ်ခု ဖြစ်ပြီး ဤနေရာကို ဝင်ရောက်ခြင်းဖြင့် ဒီကမ္ဘာ၏ တွန်းပယ်မှုကို ခံရနိုင်ကာ ကောင်းကင်တာအို၏ ဖိနှိပ်မှုကို ခံရလိမ့်မည်။ ထို့ကြောင့် သူတို့က ဝင်ရောက်ဖို့ တန်ကြေးကြီးကြီးမားမား ပေးဆပ်ရသည်။

ထာဝရဘုရင် ဝင်ရောက်ဖို့အတွက် သုံးရမည့် အရင်းအမြစ်အရေအတွက်က တိုင်းတာ၍ မရပေ။ ထို့အပြင် သူတို့က မိစ္ဆာဝိညာဉ်မြောက်များစွာကို စတေးပြီးမှ ဒီနေရာအထိ လမ်းပွင့်လာခြင်း ဖြစ်၏။

မိစ္ဆာဝိညာဉ်မျိုးနွယ်က ရှန်ထျန်းအား ဖြေရှင်းရန် ထာဝရဘုရင်သုံးယောက် စေလွှတ်ခဲ့လေသည်။ ဤသည်မှာ ယုံကြည်စရာ မကောင်းလှပေ။

ထာဝရဘုရင် ကန်မိုက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ ဒီလောက်နှစ်တွေကြားထဲ ငါတို့မျိုးနွယ်ရဲ့ အုတ်မြစ်က မင်းစိတ်ကူးထားတာထက် ပိုသွားပြီကွ။ ငါတို့သာ လူသားဧကရာဇ် ရုပ်ခန္ဓာကို သတ်နိုင်သရွေ့ ငါတို့မျိုးနွယ်က ဘာမှနှမြောနေမှာ မဟုတ်ဘူး ”

ထာဝရဘုရင်သုံးယောက်၏ သတ်ဖြတ်ငွေ့များက အရှိန်ပြင်းပြင်း ထွက်ပေါ်လာသည်။

ထာဝရဘုရင် ကျစ်ဝေက လေးနက်နေသော အမူအယာရှိနေပြီး သူ့စိတ်ထဲ ပထမဆုံးအကြိမ် အကြောက်တရားကို ခံစားလာမိသည်။

ထာဝရဘုရင်သုံးယောက် အတူတူ ပူးပေါင်းထားလိုက်သည့်အခါ သူ့လက်ရှိအခြေအနေဖြင့် အားလုံးကို ရင်ဆိုင်ဖို့ ခက်ခဲလှသည်။

“ တာအိုရောင်းရင်းတို့ ငါ ကျစ်ဝေကို တားထားမယ်။ မင်းတို့အားလုံးက လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ရှင်ကို သတ်လိုက်ကြ ” ထာဝရဘုရင် ကပ်ဘေးက အော်ပြောလိုက်ပြီးနောက် ကျစ်ဝေဆီ ပြေးဝင်သွားသည်။

ဤလောက၌ ထာဝရဘုရင်

ကျစ်ဝေ တစ်ယောက်တည်းသာ ထာဝရဘုရင်များနှင့် ရင်ဆိုင်နိုင်လေသည်။ သူသာ သူ့ကို အချိန်ဆွဲထားနိုင်လျှင် လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ရှင်ကို သေချာပေါက် သတ်နိုင်လိမ့်မည်။

ထာဝရဘုရင်နှစ်ယောက်က ခေါင်းညိတ်ကာ ရှန်ထျန်းဆီ ပြေးဝင်လာကြသည်။ သူတို့အကြည့်များက ကောင်းကင်ကိုပင် ထိုးဖောက်သွားနိုင်သည့် အလင်းတန်းများဖြင့် စူးရှနေသည်။

ထာဝရဘုရင်နှစ်ယောက် လှုပ်ရှားလိုက်သည့်အခါ စကြဝဠာတစ်ခုလုံး တုန်ခါသွားသည်။

ရှန်ထျန်း၏ ဆံပင်များလည်း ထောင်မတ်လာကာ ပေါက်ကွဲထွက်တော့မလိုမျိုး ခံစားနေရသည်။ သူတို့အရှိန်အဝါများက ကြောက်စရာကောင်းလွန်းလှပြီး သူ့အနေနှင့် ရင်ဆိုင်ဖို့ မဖြစ်နိုင်ချေ။

ထိုနှစ်ယောက်က နယ်မြေတစ်ခုလုံးကို ဖျက်စီးပစ်နိုင်သည့် ထာဝရဘုရင်များ ဖြစ်ကြသည်။

“ ထျန်းအာ သတိထား ”

ကိုယ်လုပ်တော်လန်နှင့် ယဲ့ချန်းခန်တို့က စိုးထိတ်လာကြသည်။ သူတို့က ရှိသမျှ အရာအားလုံးနှင့် တိုက်ခိုက်လိုက်သော်လည်း အဆုံးသတ်၌ ထာဝရဘုရင်၏ အရှိန်အဝါပင် မချိုးဖောက်နိုင်ဘဲ လွှင့်စင်သွားကြသည်။

“ ထွက်သွားကြစမ်း ”

ထာဝရဘုရင်ကျစ်ဝေက ဒေါသတကြီး အော်ပြောလိုက်ကာ သူ့နဂိုဇာစ်မြစ် စွမ်းအားကို ထုတ်သုံးဖို့ တုံ့ဆိုင်းမနေပေ။ သူက အဆုံးမဲ့ ခရမ်းချီများကို သယ်ဆောင်ကာ ထာဝရဘုရင်ကပ်ဘေးအား သွေးအန်စေပြီး ပေါက်ကွဲထွက်သွားစေသည်။

မည်သို့ပင်ဆိုစေကာမူ ထာဝရဘုရင်ကပ်ဘေးက နောက်မဆုတ်ပေ။ သူက ခန္ဓာကိုယ်ကို အတင်းထိန်းထားပြီး ကျစ်ဝေအား ရစ်ဝဲနေသည်။

သူက ယုတ်မာစွာ ရယ်မောလိုက်သည်  “ကျစ်ဝေ မင်း ဘယ်လောက်သူရဲကောင်းဆန်ဆန် မင်းတတ်နိုင်တာ ဘာမှမရှိတော့ဘူး။ စိတ်မပူနဲ့။ လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ရှင်အလှည့်ပြီးရင် မင်းအလှည့်ပဲ ”

ထာဝရဘုရင်သုံးယောက် အတူတူ ပူးပေါင်းထားသောကြောင့် ကျစ်ဝေအား သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်အဝ ရှိနေသည်။

ထာဝရဘုရင်နှစ်ယောက်က လေဟုန်ခွင်းကာ ရှန်ထျန်း၏ ဝိညာဉ်အစစ်အမှန်ကို ရှင်းထုတ်ပစ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာသည်။

ရှန်ထျန်း စိတ်ထဲ တုန်လှုပ်သွားလေသည်။ သူ မည်သည့်နည်းလမ်း အသုံးပြုစေကာမူ တိုက်ခိုက်မှုကို မဟန့်တားနိုင်ပေ။ အင်အားချင်း ကွာခြားချက်က အလွန်ကြီးမားလွန်းလှသည် မဟုတ်ပါလော။

သူ့အတွက် သေခြင်းတရားသာ ကျန်ရှိတော့သည်။

သို့သော်လည်း ရှန်ထျန်းခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းများ ရစ်သိုင်းကာ စုစည်းလာသည်။ ကြေးနီရောင် လက်စွပ်က နေမင်းသဖွယ် တောက်ပလာပြီး မိုးမြေအား လင်းထိန်သွားစေသည်။ ထို့နောက် ကောင်းကင်ထဲ ပြိုင်ဖက်ကင်း ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

ဤလူ၏ အဖြူရောင်ဝတ်စုံတို့က နှင်းပွင့်ကဲ့သို့ ဖြူဆွတ်နေကာ ထူးကဲလှသောကြောင့် တခြားကမ္ဘာမှ ထင်မှတ်ရစေသည်။

သူမအနားတွင် ရှေးဦး ရှုပ်ထွေးပွေလီ အငွေ့အသက်များ ရစ်ပတ်ထားပြီး နှင်းကဲ့သို့ အေးစက်စက် ဖြစ်နေသည်။ သူမ၏ သွင်ပြင်က ပြိုင်ဖက်ကင်းလှသလို စွမ်းအားကလည်း မနိမ့်ကျပေ။ သူတို့က အခြားမသေမျိုးများထက် ကျော်လွန်နေလောက်သည်။

ဤလူ၏ အရှိန်အဝါက ကြောက်စရာကောင်းလှသည်။ သူမက မိန်းကလေးဆန်ဆန် ပုံရိပ်မျိုး မဟုတ်ဘဲ အတိတ်နှင့် လက်ရှိကို ငုံ့ကြည့်နေသည့် ပြိုင်ဖက်ကင်း ဧကရီတစ်ပါးကဲ့သို့ ဝင့်ထည်နေသည်။

ထိုလူ ပေါ်လာသည်နှင့် အံ့ဩလောက်ဖွယ် ဓားတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ ငွေရောင်ဓားအလင်းက မိုးမြေကို ထိုးဖောက်ကာ ထာဝရဘုရင်များ၏ တိုက်ခိုက်မှုကို ခြေဖျက်ပစ်လိုက်သည်။

ထာဝရဘုရင်နှစ်ယောက်က အနည်းငယ် တုန်ယင်လာကာ  “မဟာဧကရီလား”

သူတို့က ကြောက်မက်ဖွယ် တည်ရှိမှုမျိုးကို မြင်လိုက်ရသည့်အလား စိတ်ထဲအထိ တုန်တုန်ယင်ယင် ဖြစ်လာမိသည်။ သို့သော် ခဏအကြာတွင် ထာဝရဘုရင် ကန်မိုက အသိဝင်လာကာ လှောင်ပြောင်လိုက်၏  “ သူမရဲ့ ပုံရိပ်ယောင်တစ်ခုပါပဲကွာ ”

မဟာဧကရီ ပုံရိပ်၏ အငွေ့အသက်က သိပ်အားမကောင်းသလို သူတို့ကြောက်ရမည့် အနေအထားသို့ မရောက်သေးပေ။ အကယ်၍ မဟာဧကရီသာ ကိုယ်တိုင်ရောက်လာခဲ့လျှင် သူတို့အား စကားပြောခွင့်ပင် ပေးမည် မဟုတ်ပေ။ သူမက သူတို့အား ချက်ချင်း သတ်ပစ်လိမ့်မည်သာ ဖြစ်၏။

ဤသည်မှာ ထာဝရဘုရင်များကိုပင် ကြောက်ရွံ့လာအောင် လုပ်နိုင်သည့် တည်ရှိမှုမျိုး ဖြစ်၏။

ထာဝရဘုရင် မဟာမိချောင်း၏ အကြည့်များက‌ အေးစက်လာကာ  “ပုံရိပ်တစ်ခုနဲ့ ငါတို့ကို လာတားလို့ မရဘူး။ မဟာဧကရီရဲ့ ပင်မကိုယ်ထည်က ငါတို့မျိုးနွယ်ရဲ့ အထွတ်အထိပ် တည်ရှိမှုကြောင့် ကန့်သတ်ခံထားရတာဆိုတော့ ဆင်းသက်လာလို့ ရမှာ မဟုတ်ဘူး။ ဒီနေ့ လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ရှင် သေချာပေါက် သေရမယ် ”

မိစ္ဆာဝိညာဉ်မျိုးနွယ်က မဟာဧကရီကို တားဆီးရန်အတွက် အချိန်အကြာကြီး စီစဉ်ခဲ့ရပြီး အထွတ်အထိပ် ပညာရှင်ကိုပင် ဖိတ်ကြားခဲ့ရသည်။ မဟုတ်ပါက သူတို့က ဒီလောကကို မကြောက်မရွံ့ ဝင်ရောက်ရဲမည်နည်း။

ဤသည်က မဟာဧကရီ၏ ပုံရိပ်ဖြစ်ကြောင်း မြင်ကာ ထာဝရဘုရင်နှစ်ယောက်လုံး စိတ်အေးသွားကြသည်။

မဟာဧကရီက အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏  “ငါ့နည်းလမ်းတွေက မင်းတို့ နားလည်နိုင်မဲ့အရာတွေ မဟုတ်ဘူး”

သူမစကားအဆုံးတွင် ပုံရိပ်က ကောင်းကင်တာအိုအလင်းတန်းအသွင်ပြောင်းသွားပြီး ဘေးပတ်ဝန်းကျင်ဆီ ဖြာထွက်သွားသည်။

မိုးမြေကို အံ့ဖွယ်အလင်းများဖြင့် လွှမ်းခြုံထားပြီး ရောင်စုံအလင်းများက နေရာအနှံ့ စီးဆင်းတောက်ပနေသည်။

စည်းမျဉ်းများ မြင့်တက်လာသည်။

မဟာတာအိုများက ပြည့်ပြည့်စုံစုံ နှိုးထလာပြီး နက်နဲလှသည့် စွမ်းအားများ ထုတ်လွှင့်လာသည်။ နယ်မြေငါးခုက လက်ရှိ အပြောင်းအလဲကြီးတစ်ခု ဖြတ်ကျော်နေရ၏။

စူးရှနေသည့် အံ့ဖွယ်အလင်းတန်းက နေရာအနှံ့ ပျံ့နှံ့သွားကာ ကမ္ဘာတစ်ခုလုံးကို အလင်းပေးထားသည်။

အရှေ့ပိုင်းလွင်ပြင် တားမြစ်နယ်ပယ်မှ ကောင်းကင်တုန်လုမတတ် အလင်းတိုင်လုံးကြီး ထွက်လာကာ မိုးအထိ မြင့်တက်သွားသည်။ ဤသည်မှာ ကမ္ဘာ၏ စွမ်းအားအရင်းအမြစ်ကို အသုံးပြုထားသည့် ကောင်းကင်တာအိုမှ ဆင်းသက်လာသော စွမ်းအား ဖြစ်သည်။

အရှေ့ပိုင်းလွင်ပြင်သာ မကပေ။

တောင်ပိုင်းနယ်မြေ၏ အဆုံးမဲ့တောအုပ်၊ အနောက်ကန္တာရ၏ ရှေးဟောင်းဗုဒ္ဓနယ်မြေ၊ မြောက်ပင်လယ်၏ ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်နှင့် အလယ်ပိုင်းကုန်းမြေ၏ အထွတ်အထိပ် ကောင်းကင်သစ်ပင်တို့ဆီမှ အံ့ဖွယ်အလင်းများ ထွက်ပေါ်လာကြသည်။

အံ့ဖွယ်အလင်းတန်းငါးခုက ကောင်းကင်ထိုးဖောက်မတတ် မြင့်တက်သွားပြီး ကမ္ဘာ၏ နဂိုစွမ်းအားအရင်းအမြစ်ကို ပြန်ရယူသည့် မဟာအစီအရင်တစ်ခု ဖြစ်တည်လာသည်။ အလင်းတို့ စုပေါင်းသွားကာ တောက်ပထည်ဝါလှသည့် ရေတံခွန်သဖွယ် ပြောင်းလဲသွားကာ ရှန်ထျန်းဆီ ရောက်ရှိလာသည်။

ရှန်ထျန်းကို အရင်းအမြစ်စွမ်းအားများ လွှမ်းခြုံထားသောကြောင့် သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားလေသည်။ သူ့အရှိန်အဝါများကလည်း ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် တိုးမြင့်လာသည်။

နတ်ဧကရာဇ်တပိုင်း၊ နတ်ဧကရာဇ် … ထာဝရဘုရင်အဆင့်

ရှန်ထျန်းအနား အံ့ဖွယ်အလင်းများ ပေါက်ထွက်လာသည်။ ထိုစဉ် သူက ဒီကမ္ဘာနှင့် မသက်ဆိုင်တော့သည့် ပုံရိပ်ယောင်တစ်ခုအလား ထင်မှတ်ရစေသည်။ သူက ဒီအသက်အရွယ် မဟုတ်တော့ဘဲ အချိန်မြစ်ကြောင်းကို ဖြတ်ကျော်ခဲ့ရသည့် သက်ရှိတစ်ယောက်လိုမျိုး ပြောင်းလဲလာသည်။

ထိုအရာကို မြင်ပြီး ထာဝရဘုရင်သုံးယောက်က တုန်လှုပ်သွားကြသည်။

သူတို့က မဟာဧကရီသည် ဤသို့ကောင်းကင်ဘုံ သွေဖယ်နေလောက်သည့် စွမ်းရည်မျိုး ပိုင်ဆိုင်လိမ့်မည်ဟု မထင်ထားကြပေ။

သူမက ရှန်ထျန်း၏ ကျင့်ကြံဆင့်ကို ထာဝရဘုရင်အဆင့်အထိ မမြင့်ပေးလိုက်နိုင်သော်လည်း သူ့အား ကမ္ဘာ၏ စွမ်းအားအရင်းအမြစ်ကို ချေးယူကာ ထာဝရဘုရင်တစ်ယောက်၏ စွမ်းအားအထိ တိုးမြင့်ပေးလိုက်သည်။

ဤသည်က ပုံမှန်သဘောတရားအားလုံးကို ကျော်လွန်သွားသည့် ကိစ္စ ဖြစ်ပြီး ကမ္ဘာကြီးအား တုန်လှုပ်သွားစေဖို့ လုံလောက်ပေသည်။

……………...

အဆုံးမဲ့ အံ့ဖွယ်အလင်းများက ဖြည်းဖြည်းချင်း စုစည်းသွားသည်။

ရှန်ထျန်းက ရှေ့တိုးလာကာ ပြောလိုက်သည်  “ စောစောလေးက ငါ့ကို လာဝိုင်းတိုက်ချင်နေကြတာမလား။ အခု စိတ်ကြိုက်လာခဲ့”

ထာဝရဘုရင် မဟာမိချောင်း၏ အကြည့်များက စူးရှလာကာ  “ကောင်စုတ်လေး မင်းရဲ့ တိုက်ခိုက်စွမ်းရည်က ထာဝရဘုရင်နဲ့ ယှဉ်လို့ရတာနဲ့ ငါ့ကို တားနိုင်မယ် ထင်မနေနဲ့။ ထာဝရဘုရင်စွမ်းအားက မင်း စိတ်ကူးထားတာထက် အများကြီးပိုတယ် ”

ရှန်ထျန်း၏ နှုတ်ခမ်းထောင့်တို့ ကွေးညွှတ်သွားကာ  “ စမ်းကြည့်လေ ”

“ စိတ်ကြီးဝင်ချက် ”

ထာဝရဘုရင် မဟာမိချောင်းက လှောင်ကာ ရှန်ထျန်းဆီ ပြေးဝင်လာသည်။ သူက လက်သီးထုတ်လိုက်သည့်အခါ သူ့လက်သီးအထက် မိချောင်းပုံရိပ်ကြီး ပေါ်လာလေသည်။

ထာဝရဘုရင် မဟာမိချောင်းက စကြဝဠာကိုပင် ဝါးမျိုပစ်ခဲ့ဖူးသည် ကမ္ဘာဦး ကြမ်းတမ်းသားရဲအမျိုးအစား ဖြစ်၏။

ယု သူက ရှန်ထျန်းအား အမှုန့်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်စွမ်းအားများ သယ်ဆောင်လာသည်။

သို့သော်လည်း ရှန်ထျန်းက ကြယ်တာရာများ လင်းလက်နေသည့် လက်သီးချက်နှင့် ပြန်လည် မိတ်ဆက်ပေးလိုက်သည်။

ဝုန်း …

ဧရာမ မိချောင်းပုံရိပ်ကြီးက ပေါက်ကွဲသွားကာ အမှုန့်ဖြစ်သွားသည်။

ထာဝရဘုရင် မဟာမိချောင်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါသွားကာ မိုင်သန်းပေါင်းများစွာ နောက်ဆုတ်လိုက်ရသည်။

“ဘယ်လို ”

သူက ထာဝရဘုရင်စွမ်းအား ပထမဆုံး ပိုင်ဆိုင်ဖူးသည့် ရှန်ထျန်းသည် ဤမျှလောက် စွမ်းအားကြီးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဘေးတွင် ထာဝရဘုရင် ကန်မိုကလည်း ပြေးဝင်လာသည်။ သူက လှုပ်ရှားလိုက်သည့်အခါ သူ့လက်ဝါး၌ ကြယ်တာရာများ ရစ်သိုင်းလာသည်။

ထာဝရဘုရင် ကန်မိုက ရှန်ထျန်းအား ဖိနှိပ်ဖို့ ကြိုးစားလိုက်သည်။

ရှန်ထျန်းက လူသားဧကရာဇ် စည်းတံဆိပ်ကို ထုတ်ကာ ရိုက်ချလိုက်သည်။

ဖြောင်း …

ကမ္ဘာတုန်လုမတတ် အရှိန်အဝါဖြင့် ရှေးဟောင်းရွှေရောင် စည်းတံဆိပ်ကြီးက လမ်းတွင်ရှိသမျှ အရာအားလုံးကို သတ်ပစ်မည့်ပုံပေါ်၏။

ထာဝရဘုရင် ကန်မို၏ လက်ဝါးက ပေါက်ကွဲထွက်သွားကာ ရွေအိုရောင်သွေးစက်များ စီးကျလာသည်။ သွေးစက်တိုင်းက အဆုံးမဲ့ ချောက်နက်ကြီးထဲ ကျရောက်သွားသလိုမျိုး ဖြစ်၏။

“တောက်”

ထာဝရဘုရင် ကန်မို၏ မျက်နှာထားက ခက်ထန်လာကာ ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းလိုက်သည်။ သို့သော်လည်း လူသားဧကရာဇ် စည်းတံဆိပ်တွင် ပထမ လူသားဧကရာဇ်၏ အထွတ်အထိပ် စွမ်းအားများ ကိန်းအောင်းနေလေ၏။ ဤစွမ်းအားက သာမန်ထာဝရဘုရင် စွမ်းအားထက် ကျော်လွန်နေကာ သူတို့၏ အရင်းအမြစ်စွမ်းအားကိုပင် ဖျက်စီးပစ်နိုင်သည်။

ထာဝရဘုရင်ကန်မိုက သူ့ဒဏ်ရာများကို မကုသနိုင်ဘဲ လက်ဝါးကို ဖြတ်ထုတ်ပစ်လိုက်သည်။

“သတ်ကြ”

ထာဝရဘုရင် မဟာမိချောင်းက နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြန်သည်. သူ့နောက်ကျောဘက် သိပ်သည်းလွန်းသည့် မြူများဖြင့် ဖုံးလွှမ်းသွားသည်။ မဟာမိချောင်းက အော်ဟစ်လိုက်ပြီးနောက် သူ့အနားရှိ တာအိုသင်္ကေတများ ရစ်ပတ်လာကာ ကြောက်မက်ဖွယ်စွမ်းအား ထုတ်လွှင့်လာသည်။

သူက လေဟာနယ်ကို ဝါးမျိုပစ်ပြီး နေ၊ လနှင့် ကြယ်တာရာတို့ကို ပျံ့ကျဲသွားစေကာ ရှန်ထျန်းဆီ တဟုန်ထိုး ဝင်ရောက်သွားသည်။

တစ်ချိန်တည်းတွင် ထာဝရဘုရင်ကန်မိုကလည်း ခုန်ဝင်လိုက်သည်။ သူက လက်ဟန်တချို့ ထုတ်ဖော်ကာ ထာဝရဘုရင် ပညာရပ်များကို ပြသလိုက်ပြီး မိုးမြေ၏ အစီအစဉ်ကျမှုအား ပြောင်းလဲပစ်လိုက်သည်။

ထာဝရဘုရင်ကန်မိုရှေ့တွင် ဧရာမဓားကြီး တစ်လက် ပေါ်ထွက်လာသည်။

ဧရာမဓားကြီးက ကောင်းကင်တာအို သင်္ကေတများဖြင့် ဖုံးအုပ်ထားပြီး ဖျက်စီးမရနိုင်ပေ။ ထိုအရာက ရှန်ထျန်း၏ ဦးခေါင်းပေါ် ကျဆင်းလာသည်။

ထာဝရဘုရင်နှစ်ယောက် ပူးပေါင်းလိုက်သည့်အခါ စွမ်းအားက ပိုကြီးလာသည်။ နတ်ဘုရားလောကမှ အရှင်သခင်ပင် သူတို့အား ခုခံဖို့ ခက်ခဲပေမည်။

“ ဖိနှိပ်ခြင်း”

ရှန်ထျန်းက မထူးမခြားနား ပြောလိုက်သည်။ သူ့အကြည့်တို့က နက်ရှိုင်းလာလေ၏။

သူက လူသားဧကရာဇ် စည်းတံဆိပ်နှင့် နန်းတော်ကို အသက်သွင်းကာ ထိုနှစ်ယောက်အား ပိတ်ဆို့ရန် ကောင်းကင်စက်ဝန်းကို ဖန်တီးလိုက်သည်။

တစ်ချိန်တည်းတွင် ရှန်ထျန်းအနောက်ဘက်မှ တောက်ပလွန်းသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ကြီးမားလာပြီး ကမ္ဘာကြီးကို ထိန်းချုပ်သည့် ပန်ဂူအဖြစ် ပြောင်းလဲသွားသည်။

အဆုံးမဲ့ ကောင်းကင်တာအိုသင်္ကေတတို့ စုစည်းလာကာ တိုက်ပွဲပုဆိန်တစ်လက် ဖြစ်လာသည်။

ရှန်ထျန်းက သူ့ပုဆိန်ကို မြောက်ကာ ကောင်းကင်အား ချိန်ရွယ်လိုက်၏။

“ကောင်းကင်ကို … ”

သူ့ပုဆိန်ကို မြောက်လိုက်သည်နှင့် အဆုံးမဲ့အလင်းတန်းများ ထွက်လာသည်။

“ဖွင့်ဟပြီး ”

မိုးမြေက တုန်ခါလာကာ ဖိအားကို မခံနိုင်တော့သည့်အလား ကြေမွလာသည်။

“ကမ္ဘာမြေကို ”

အလင်းများက ပို၍ စူးရှလာကာ ကောင်းကင်တစ်ခုလုံးအား ပျက်စီးသွားစေသည်။

“ ချိုးဖျက်ခြင်း”

တိုက်ပွဲပုဆိန်ကြီးက လေးလံစွာ ကျဆင်းလာပြီး ကပ်ဘေးစွမ်းအားများ ထုတ်လွှင့်လာသည်။ ထိုစဉ် ပုဆိန်ကြီးက အဆုံးမဲ့အဖြစ် ပြောင်းလဲသွားပုံရ၏။

ထာဝရဘုရင်နှစ်ယောက်လုံးက ကြောက်ရွံ့သွားကာ သေခြင်းတရား သူတို့ဆီ ရောက်ရှိလာသလိုမျိုး ခံစားနေရသည်။ ဤသို့ တိုက်ကွက်မျိုးက သူတို့ကိုပင် ရှင်းထုတ်နိုင်လေသည်။

“တားဆီးစမ်း ”

ထာဝရဘုရင်များက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူတို့၏ နဂိုစွမ်းအား အရင်းအမြစ်ကို လောင်ကျွမ်းပစ်လိုက်ဖို့ တုံ့ဆိုင်းမနေကြပေ။ သူတို့အသက်ဓာတ်က ရုတ်ချည်း အားနည်းလာသည်။

ထာဝရဘုရင်နှစ်ယောက်က ရှိသမျှအားလုံးထုတ်ကာ ခုခံရင်း တိုက်ခိုက်လိုက်ကြသည်။ သို့သော်လည်း ကောင်းကင်ခွဲ အံ့ဖွယ်စွမ်းအားအောက်တွင် သူတို့က တစ်ချက်ပင် မဟန့်တားနိုင်ပေ။

မိုးမြေက အမှုန့်အဖြစ် ကြေမွသွားသည်။

ထာဝရဘုရင်နှစ်ယောက်က နောက်အထိ တွန်းပို့ခံလိုက်ရပြီး သူတို့ပုံရိပ်များလည်း နေရာမှာတင် ကြက်သေ သေသွားကြသည်။

သူတို့မျက်ခုံးစပ်မှ သွေးကြောင်း ပေါ်လာသည်။ သို့သော်လည်း သူတို့မျက်ဝန်းတို့၌ အသက်ဝင်မှု မရှိတော့ချေ။ သူတို့ဝိညာဉ်အစစ်အမှန်များပင် အပြီးတိုင် ပျက်သုန်းသွားလေပြီ။

ဝုန်း

ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ထာဝရဘုရင်များ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမြွာမြွာ ပေါက်ကွဲသွားပြီး အမှုန့်ဖြစ်သွားသည်။ ထာဝရဘုရင်နှစ်ယောက်က ဒီလိုသေဆုံးသွားရသည်။ သူတို့က အသွေးနှင့်အရိုးအဖြစ် ပြောင်းကာ မြေပေါ် ပြုတ်ကျလာသည်။

ကောင်းကင်၌ နတ်ဆိုးအော်သံလိုမျိုး သွေးမြူများ ဆင်းသက်လာသည်။

ဤသည်မှာ ထာဝရဘုရင်တစ်ပါး သေဆုံးသည့်အခါမှ ထွက်ပေါ်လာသည့် မြင်ကွင်းမျိုး ဖြစ်၏။ မိုးမြေပင် သူတို့အတွက် ကြေကွဲပူဆွေးပေးလိမ့်မည်။ သို့သော်လည်း နယ်မြေငါးခု ကျင့်ကြံသူများက ဂရုမစိုက်ပေ။

ထာဝရဘုရင် ကပ်ဘေးလည်း ကြောက်ရွံ့လာလေ၏။ သူ့ဝိညာဉ်ပင် ကွာထွက်တော့မလို ခံစားနေရသည်။ ထာဝရဘုရင်နှစ်ယောက်သည် ဒီလိုမျိုး သေဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတို့က ရှန်ထျန်းလက်ထဲတွင် အလောင်းပင် မကျန်ဘဲ သေဆုံးသွားရသည်။

ဤမြင်ကွင်းက သူ့သတ္တိများအား ပြိုလဲသွားစေသည်။ သူ့အကြည့်တို့၌ အကြောက်တရားများ ကိန်းအောင်းလာပြီး ဆက်လက် မနေရဲတော့ချေ။

သို့သော် ထိုစဉ် ထာဝရဘုရင်ကျစ်ဝေက တိုက်ခိုက်လိုက်သည်။ သူက စစ်တုရင်ခုံကို ပြန်ဆွဲယူကာ အထွတ်အထိပ် စွမ်းအားဖြင့် တိုက်လိုက်သည်။

“ မဖြစ်ဘူး ”

ထာဝရဘုရင်ကပ်ဘေးက အော်လိုက်ပြီး အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သို့သော်လည်း ထာဝရဘုရင်ကျစ်ဝေက သူ့အား အခွင့်အရေး မပေးချေ။ သူက သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်လိုက်ပြီး သူ့ဝိညာဉ်အစစ်အမှန်အား ဆွဲနှုတ်ကာ ဖိနှိပ်ထားလိုက်သည်။

မျိုးဆက်တစ်ခု၏ ထာဝရဘုရင်တစ်ယောက်က ထာဝရဘုရင်ကျစ်ဝေလက်ထဲ ကျဆုံးသွားလေပြီ။

အားလုံးက ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ရှန်ထျန်းက အားလုံးကို စိတ်ပျက်လက်ပျက် ဖြစ်စေသည့် အခြေအနေကပ်ဘေးကြီးအား ဖြေရှင်းပေးလိုက်လေသည်။

ဤတိုက်ပွဲ၌ မိစ္ဆာဝိညာဉ်မျိုးနွယ်၏ ထာဝရဘုရင်သုံးယောက်လုံး ရှင်းထုတ်ခံလိုက်ရ၏။

ရှန်ထျန်းက သူတို့၏ ကယ်တင်ရှင် အစစ်အမှန် ဖြစ်ပေသည်။

All Chapters