← Chapters

လီယန်မျိုးစေ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပင်လယ်တစ်ခု....

Vol. 55 Ch. 799

လီယန်မျိုးစေ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပင်လယ်တစ်ခု....

Vol. 55 Ch. 799

" ပင်လယ်တစ်ခု.... လီယန်မျိုးစေ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပင်လယ်တစ်ခုလား။ " ရှီစုန်က အနီရောင်မှန်ကို ကြည့်ပြီး မျက်စိမှားနေသည်ဟုပင် ထင်သွားသည်။

လီယန်မျိုးစေ့တစ်ခုကပင် စုစည်းရန် ခက်ခဲသော်လည်း.ယခု ပင်လယ်တစ်ခုအဖြစ် ပေါ်လာသည်။

အရှင်ချင်းဖန်က လီယန်ရှေးဟောင်းနိုင်ငံ၏ အမိန့်အောက်တွင် ချင်းဖန်နယ်မြေကို အုပ်စိုးခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်းများစွာအတွင်း ပါရမီရှင်များစွာ မွေးဖွားခဲ့သည်။ လီယန်မျိုးစေ့ဆယ်ခု ပါရမီရှင်များက ထူးချွန်သူများအဖြစ် သတ်မှတ်ခံရပြီး အရှင်ချင်းဖန်၏ လက်အောက်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။

သို့သော် သက်တမ်းကို ဆယ်သန်း သို့မဟုတ် သန်းပေါင်းများစွာအတွင်း ကြည့်လျှင် လီယန်မျိုးစေ့ဆယ်ခု ပါရမီရှင်များက အထူးတောက်ပခြင်းမရှိပေ။

ရှီစုန်သိထားသော အချက်အလက်များအရ ချင်းဖန်နယ်မြေ၏ သမိုင်းတွင် အထင်ရှားဆုံး ပါရမီရှင်မှာ အရှင်ချင်းဖန်၏ အကြီးဆုံး တပည့် ဖုန်းဝမ်ရှင်းပင်ဖြစ်သည်။ ထိုအချိန်က ဖုန်းဝမ်ရှင်းမှာ အသက်ငါးရာမပြည့်မီ လီယန်မျိုးစေ့ ၇၃၂ ခုကို စုစည်းနိုင်ခဲ့သည်။

သို့သော် ယခု ရှီစုန်က အနီရောင်မှန်ပေါ်မှ လီယန်မျိုးစေ့ပင်လယ်ကို တွေဝေစွာ ကြည့်နေမိသည်။ ၎င်းအတွင်းရှိ လှိုင်းတစ်ခုက လီယန်မျိုးစေ့ဆယ်ခုကို ထုတ်ဖော်ပြသနေသည်။ ပင်လယ်တစ်ခုလုံးဆိုလျှင် လီယန်မျိုးစေ့ သုံးထောင် သို့မဟုတ် တစ်သောင်းလား။

" ဒီကိစ္စကို စီနီယာအကိုကြီးဆီ ချက်ချင်း အကြောင်းကြားရမယ်။ " ရှီစုန်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။

သူ၏ ရှေ့မှ မြင်ကွင်းက သူ၏ စွမ်းဆောင်မှုထက် ကျော်လွန်နေခဲ့သည်။ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုမှာ စီနီယာအကိုကြီးဆီသို့ အမြန်ဆုံး အကြောင်းကြားရန်ဖြစ်သည်။ အမှန်တော့ လွှမ်မိုးခြင်းအဆင့်ရှိသော သူ၏ စီနီယာအကိုပင်လျှင် ထိုကိစ္စကို ကိုင်တွယ်နိုင်စွမ်းမရှိသော်လည်း ထိုကိစ္စက သူမှတစ်ဆင့် သွားရမည်ဖြစ်သည်။

ရှီစုန်က အနီရောင်ကျောက်စိမ်းပြားတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်သည်။ ၎င်းက အရှင်ချင်းဖန်၏ တပည့်များအတွက် ဆက်သွယ်ရေးအဆောင်ဖြစ်ပြီး ချင်းဖန်နယ်မြေအတွင်း မည်သည့်နေရာတွင်မဆို ဆက်သွယ်နိုင်သည်။

" စီနီယာအကို ကျွန်တော် ယုမိသားစုမှာ လီယန်မျိုးစေ့ပင်လယ်တစ်ခုကို ရှာတွေ့ခဲ့တယ်။ " ရှီစုန်က စာများကို အကြိမ်ကြိမ် ရေးသားပြီး သူတွေ့ကြုံရသည့် ထူးခြားသည့်အဖြစ်အပျက်ကို ဖော်ပြရန် ကြိုးစားလိုက်သည်။

" ချင်းတမန်တော် ဘာဖြစ်လို့လဲ။ " ယုမိသားစု၏ ဘိုးဘေးများက ထူးခြားသော အခြေအနေကို စောင့်ကြည့်နေကြသော်လည်း အနည်းငယ် စိုးရိမ်နေကြသည်။

သူတို့က နီးကပ်လာသော ဘေးဆိုးကြီးတစ်ခုအပေါ်တွင်သာ အာရုံစိုက်နေကြသည်။ တုန်ယန်မိသားစုက လီယန်မျိုးစေ့ဆယ်ခု ပါရမီရှင်ကို မွေးထုတ်ပေးနိုင်ခဲ့သောကြောင့် ယုမိသားစုက ဆိုးရွားသော အခြေအနေကို ရင်ဆိုင်ရပေလိမ့်မည်။ ကံဆိုးခဲ့လျှင် မျိုးနွယ်တစ်ခုလုံး ပျက်ဆီးသွားစေနိုင်သည်။

ယုမိသားစုနှင့် တုန်ယန်မိသားစုများကြား နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး သူတို့၏ ရန်ငြိုးများက ပြေလည်နိုင်ခြင်းမရှိတော့ပေ။ ယခု တုန်ယန်မိသားစုက တိုးတက်လာလျှင် သူတို့က ယုမိသားစုကို လွှတ်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် ယုမိသားစု၏ ဘိုးဘေးများက အညံ့ခံခြင်း သို့မဟုတ် ညှိနှိုင်းခြင်းအတွေးများကို ဘေးဖယ်ထားသည်။

" ဒီအနီရောင်မှန်က ငါ့ခန္ဓာကိုယ်အတွင်းက လီယန်မျိုးစေ့တွေကို စစ်ဆေးပေးနိုင်တာလား။ " လင်းယွမ်က တည်ငြိမ်စွာ ရပ်နေပြီး အနီရောင်မှန်ကို ကြည့်နေသည်။

မကြာသေးမီက လင်းယွမ်က အာရုံခံမှုတစ်ခုကို ခံစားခဲ့ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ လီယန်မျိုးစေ့ တစ်ခုစီက တုန့်ပြန်ခဲ့ကြသည်။ ယခုအချိန်တွင် လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းမှ လီယန်မျိုးစေ့များက ပြည့်စုံသော စက်ဝန်းတစ်ခုကို ပုံဖော်နေခဲ့ပြီး အနှောက်အယှက်အနည်းငယ်ကိုပင် ပြင်းထန်စွာ သတိပြုနိုင်သည်။

" သူက ငါ စုစည်းထားတဲ့ လီယန်မျိုးစေ့ အရေအတွက်ကို သိထားပြီထင်တယ်။ " လင်းယွမ်က ရှီစုန်၏ တုန့်ပြန်မှုကို ကြည့်ပြီး စဉ်းစားလိုက်သည်။

သူ၏ လီယန်မျိုးစေ့ လက်ရှိအရေအတွက်က တစ်သောင်းကျော်သွားခဲ့ပြီဖြစ်သည်။ စုစုပေါင်း ၁၀၃၆၃သို့ ရောက်သွားခဲ့ပြီဖြစ်သည်။

" ဒါပေမယ့် ဒီလိုဖြစ်တာလည်း ပိုကောင်းပါတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ချင်းဖန်နယ်မြေနှင့် အခြားနယ်မြေများက ထာဝရနေ၏ အလင်းရောင်အောက်တွင် တည်ရှိသည်။ လင်းယွမ်က ထာဝရပုန်းကွယ်ပြီး လီယန်ရှေးဟောင်းနိုင်ငံနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ရန် မရွေးချယ်လျှင် သူတို့နှင့် ပူးပေါင်းပြီး သူ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်ရန် လုပ်ဆောင်နိုင်သည်။

တုန်ယန်မိသားစုတွင် အရပ်ရှည်သော လူက တုန်ယန်မိသားစု၏ ဘိုးဘေးများနှင့် ရှိနေသည်။ တုန်ယန်မန်က ဘေးတွင် ရပ်နေပြီး တုန်ယန်မိသားစုဝင်များက သူမကို လေစားအားကျစွာ ကြည့်နေကြသည်။

လီယန်မျိုးစေ့ဆယ်ခု ပါရမီရှင်တစ်ယောက်အနေဖြင့် တုန်ယန်မန်က အရှင်ချင်းဖန်၏ လက်အောက်သို့ ဝင်ရောက်သွားပြီး မယုံကြည်နိုင်သော အဆင့်အတန်းသို့ ရောက်ရှိသွားပေလိမ့်မည်။ တုန်ယန်မန်ကြောင့် တုန်ယန်မိသားစုကလည်း နှစ်ပေါင်းများစွာတိုင်အောင် အကျိုးကျေးဇူးများစွာ ခံစားရပေလိမ့်မည်။

" ပြန်စဉ်းစားကြည့်ရင် ငါ ယုရန်ကို လုပ်ကြံဖို့ မလိုခဲ့ဘူး။ " တုန်ယန်မန်က စိတ်ထဲမှ တွေးလိုက်သည်။

သူမက ဆယ်ခုမြောက် လီယန်မျိုးစေ့ကို မစုစည်းနိုင်မီ ယုမိသားစုမှ ယုရန်ကို ဖယ်ရှားခြင်းက စစ်မှန်သော နည်းဗျူဟာတစ်ခုဖြစ်သည်။ သို့သော် ယခု သူမက ဆယ်ခုမြောက် လီယန်မျိုးစေ့ကို စုစည်းခဲ့ပြီးနောက် ထိုလုပ်ရပ်များက ရယ်စရာကောင်းနေသည်။

" ရှီစုန်က ဘာလို့ပြန်မလာသေးတာလဲ။ " အရပ်ရှည်သော လူက စိတ်ထဲမှ တွေးလိုက်သည်။

" ဟမ် " ထိုခဏတွင် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အနီရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ရှီစုန်က သူ့ကို စာတစ်စောင့် ပို့ခဲ့သည်။

" ဘာဖြစ်တာလဲ။ " အရပ်ရှည်သောလူက မျက်မှောင်ကြုတ်နေ၏။ ရှီစုန်က ဆက်သွယ်ရေးကျောက်စိမ်းပြားကို အသုံးရသည့် အကြောင်းရင်းကို သူနားမလည်သော်လည်း သူက ကျောက်စိမ်းပြားကို စစ်ဆေးလိုက်သည်။ အတွင်းရှိ သတင်းစကားက တိုတောင်းသော်လည်း သူ၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

" လီယန်မျိုးစေ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပင်လယ်တစ်ခုလား။ " အရပ်ရှည်သောလူက မယုံကြည်နိုင်ဖြစ်သွားသည်။ ရှီစုန်က ထိုကိစ္စမျိုးအား နောက်ပြောင်မည်မဟုတ်သည်ကို သူမသိထားလျှင် ၎င်းကို အဓိပ္ပါယ်မရှိဟု တွေးမိပေလိမ့်မည်။

" စီနီယာအကို တစ်ခုခုဖြစ်လို့လား။ " ဘေးမှ ချင်းတမန်တော်က တိုးညှင်းစွာ မေးလိုက်သည်။

" ယုမိသားစု..." အရပ်ရှည်သော လူက တုန်လှုပ်နေသည်။ သူက ဘေးမှ ချင်းတမန်တော်ကို ကြည့်ပြီး လျင်မြန်စွာ ပြောလိုက်သည်။ " ငါနဲ့ ယုမိသားစုကို လိုက်ခဲ့။ "

ရှီစုန်ကို သူယုံကြည်သော်လည်း လီယန်မျိုးစေ့ပင်လယ်တစ်ခုအား စုစည်းနိုင်သူကို မျက်စိဖြင့် မြင်တွေ့နိုင်မှ ယုံကြည်နိုင်ပေလိမ့်မည်။

ဝှစ် ဝှစ်.....

တုန်ယန်မိသားစု၏ ဘိုးဘေးများရှေ့တွင် ချင်းတမန်တော်နှစ်ယောက် ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ရှီစုန်၏ သတင်းအချက်အလက်သာ မှန်ကန်ခဲ့လျှင် ယုမိသားစုမှ ယုရန်က ချင်းဖန်နယ်မြေ၏ သမိုင်းတွင် စိတ်ကူးမယဉ်နိုင်စရာ အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

" ချင်းတမန်တော်တို့... " တုန်ယန်မိသားစု၏ ဘိုးဘေးများက အနည်းငယ် အံ့အားသင့်သွားကြသည်။ ချင်းတမန်တော်များ ရုတ်တရက် ထွက်သွားခြင်းက သူတို့ကို နားမလည်နိုင် ဖြစ်သွားစေသည်။

" ချင်းတမန်တော်တွေ ဘယ်ကို သွားကြတာလဲ။ " တုန်ယန်ခေါင်းဆောင်က ရေရွတ်လိုက်သည်။

ထို့နောက် သူက တုန်ယန်မန်ကို ကြည့်လိုက်သည်။ ချင်းတမန်တော်များက လီယန်မျိုးစေ့ ဆယ်စေ့ ပါရမီရှင်ဖြစ်သော လီယန်မန်ကို လျစ်လျူရှုပြီး ရှင်းပြချက်တစ်ခုတောင် မပေးဘဲ ရုတ်တရက် ထွက်သွားကြသည်။

၎င်းက တုန်ယန်ခေါင်းဆောင်ကို စိတ်မသက်မသာဖြစ်စေသည်။ တုန်ယန်မန်က တုန်ယန်မိသားစု၏ အနာဂတ် မျှော်လင့်ချက်တစ်ခုဖြစ်သည်။

" အရေးကြီးကိစ္စတစ်ခုဖြစ်နိုင်လား။ " တုန်ယန်မိသားစု၏ ဘိုးဘေးတစ်ယောက်က ခန့်မှန်းလိုက်သည်။

ချင်းတမန်တော်များ ထိုသို့ အလောတကြီး ထွက်သွားခြင်းက ကြီးမားသော ကိစ္စတစ်ခုရှိသည်မှာ သေချာသည်။

" အဲ့လိုပဲထင်တာပဲ။ "

ဒုတိယဘိုးဘေး၏ အကြည့်က အနည်းငယ် တုန်လှုပ်သွားသည်။ " ငါတို့ ယုမိသားစုကို စုံစမ်းကြည့်သင့်တယ်။ "

ဖြစ်နိုင်ခြေနည်းပါးသော်လည်း ချင်းတမန်တော် ရှီစုန်က ယုမိသားစုသို့ သွားရောက်သည်မှာ မကြာသေးပေ။ ယခု ကျန်နှစ်ယောက်ကလည်း ထူးဆန်းစွာဖြင့် အလျင်စလို ထွက်သွားခဲ့သည်။ ထိုကိစ္စက ယုမိသားစုနှင့် ပက်သက်မှုရှိမရှိ မသေချာပေ။

" ယုမိသားစုလား။ ဘာလို့ယုမိသားစုကို သွားရမှာလဲ။ " တုန်ယန်ခေါင်းဆောင်က အံ့အားသင့်စွာ မေးလိုက်သည်။

" သွားကြည့်ရအောင်။ " တုန်ယန်မိသားစု ဘိုးဘေးက အနည်းငယ် စိတ်မသက်မသာဖြစ်သွားပြီး ပြောလိုက်သည်။ " ငါထင်သလိုမဖြစ်ဖို့ မျှော်လင့်ရမှာပဲ။ "

ယုမိသားစုတွင် ရှီစုန် ဆက်သွယ်ပြီး မကြာမီ ချင်းတမန်တော်နှစ်ယောက်က လျင်မြန်စွာ ရောက်လာကြသည်။

" စီနီယာအကို "ရှီစုန်က အရပ်ရှည်သော လူကို မြင်သောအခါ ချက်ချင်း သွားလိုက်သည်။

မိသားစုကို ပြောင်းရွှေ့ရန် စဉ်းစားနေကြသော ယုမိသားစု၏ ဘိုးဘေးများက ချင်းတမန်တော်နှစ်ယောက်ကို ချက်ချင်း နှုတ်တက်လိုက်ကြသည်။

" ချင်းတမန်တော်တို့ကို အရိုအသေပေးပါတယ်။ "

" ချင်းတမန်တော်သုံးယောက် သူတို့နှစ်ယောက်က တုန်ယန်မိသားစုမှာ လီယန်မျိုးစေ့ ဆယ်ခု ပါရမီရှင်ကို စောင့်ကြည့်နေကြတယ်လို့ ပြောခဲ့တာမဟုတ်လား။ သူတို့က ဘာလို့ဒီကို ရောက်လာကြတာလဲ။ " ယုမိသားစု၏ ဘိုးဘေးများက အနည်းငယ် အံ့အားသင့်သွားပြီး စိတ်ရှုပ်ထွေးသွားကြသည်။

" ချင်းတမန်တော်...." ယုမိသားစု၏ ဘိုးဘေးက ရှီစုန်ထံမှ အနီရောင်မှန်ကို ယူရန် ပြင်လိုက်ပြီး သူ၏ စိတ်ထဲတွင် ရူးသွပ်သော ခန့်မှန်းချက်တစ်ခုပေါ်လာသည်။

ယုရန်ကလည်း လီယန်မျိုးစေ့ ဆယ်ခုပါရမီရှင် ဖြစ်နေနိုင်လား။ မဟုတ်လျှင် ရှီစုန်စစ်ဆေးနေချိန်တွင် အခြားတမန်တော်နှစ်ယောက်က အလျင်စလို ရောက်လာမည်မဟုတ်ပေ။

" ကျွန်တော်သားလား။ " ယုရှောင်လုံက အလားတူ ခန့်မှန်းမိသည်။

ချင်းတမန်တော်သုံးယောက်၏ တုန့်ပြန်မှုများက အလွန်ထူးခြားသည်။ ၎င်းကို တိုက်ရိုက်မပြောသော်လည်း သူတို့၏ အာရုံခံမှုက ကြီးမားသောကြောင့် အခြေအနေကို လွဲချော်ရန်မဖြစ်နိုင်ပေ။

All Chapters