← Chapters

ရုတ်တရက် ပြောင်းလဲမှု...

Vol. 55 Ch. 801

ရုတ်တရက် ပြောင်းလဲမှု...

Vol. 55 Ch. 801

ယုမိသားစုတွင် နေရာအနှံ့ အပြာရောင်မီးတောက်များ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည်။

" မဟာအရှင်သခင်ချင်းဖန်လား။ "

" အရှင်ချင်းဖန်ရောက်လာတာလား။ "

ယုမိသားစု၏ ဘိုးဘေးများက မျက်လုံးပြူးသွားကြပြီး အခြေအနေကို နားလည်သွားကြသည်။

" အရှင်ရောက်လာပြီ။ " ယိုကျူးနှင့် အခြားနှစ်ယောက်က ကြည့်လိုက်ကြသည်။ ယုရန်၏ လီယန်မျိုးစေ့ပင်လယ်က သခင်ချင်းဖန်၏ အာရုံအား ဆွဲဆောင်နိုင်မည်ကို သိထားကြသော်လည်း လူကိုယ်တိုင် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

" အရှင်ချင်းဖန်လား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

အချက်အလက်များအရ အရှင်ချင်းဖန်၏ ခွန်အားက ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲအရှင်သခင်အဆင့်နှင့် နှိုင်းယှဉ်နိုင်ပေသည်။ ထိုသို့သော တည်ရှိမှုမျိုးက လင်းယွမ်၏ လေးစားမှုနှင့် ထိုက်တန်သည်။ လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲအရှင်သခင်များနှင့် တွေ့ဖူးခဲ့သော်လည်း သူတို့က ကိုယ်ပွားများသာ ဖြစ်သည်။

စစ်မှန်သော ဖရိုဖရဲအရှင်သခင်တစ်ယောက်နှင့် သူက မတွေ့ဖူးသေးပေ။ ကုမင်ဖရိုဖရဲကုန်းမြေအတွင်းမှ ဖရိုဖရဲနဂါးသားရဲကိုလည်း ၎င်း၏ ဦးချိုတစ်ခုသာ မြင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဖရိုဖရဲနဂါးသားရဲက ဖရိုဖရဲအဆင့်နှင့် နီးကပ်ရုံသာဖြစ်ပြီး ၎င်း၏ အဆင့်မှာ လွှမ်းမိုးခြင်းအဆင့်သာ ဖြစ်သည်။

အပြာရောင်မီးတောက်များက စုစည်းသွားပြီး အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထာသော ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏ အကြည့်များက ပြတ်သားပြီး မျက်ခုံးနှစ်ခုအလယ်တွင် အပြာရောင်မီးတောက်တစ်ခု တောက်လောင်နေသည်။

" ဒါက ဖရိုဖရဲအရှင်သခင်လား။ " လင်းယွမ်က ဂရုတစိုက် လေ့လာနေသည်။

ဖရိုဖရဲအရှင်သခင်များက ဖရိုဖရဲနိယာမကို ကျွမ်းကျင်ပြီး အချိန်လေဟာနယ် နားလည်မှုက အဋ္ဌမအဆင့်တွင် ရှိကြသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲအရှင်သခင်တစ်ယောက်က ဖရိုဖရဲမဟာသူတော်စင်များနှင့် တိုက်ခိုက်ခြင်းမရှိလျှင် မရှုံးနိမ့်နိုင်သူများဟု ဆိုနိုင်သည်။

" ဖရိုဖရဲမီးတောက်လား။ " လင်းယွမ်က အရှင်ချင်းဖန်ကို အသေးစိတ်လေ့လာနေသည်။

ဖရိုဖရဲအဆင့်တွင် လေ့ကျင့်မှုက ပုံမှန်လေ့ကျင့်မှုများနှင့် မတူညီပေ။ ဖရိုဖရဲနိယာမက နိယာမများစွာ ပေါင်းစပ်ခြင်းမှ မွေးဖွားလာခြင်းဖြစ်သည်။ အခြေတည်ပြီးနောက် ၎င်းက နိယာမများကို ပြန်လည်မွေးဖွားပေးနိုင်သည်။ ဥပမာ သခင်ချင်းဖန်က ဖရိုဖရဲမီးတောက်လမ်းစဉ်ကို လေ့ကျင့်ခဲ့သည်။

ဖရိုဖရဲနိယာမကို သူ၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး အမြင့်ဆုံးမီးတောက်နိယာမက အချိန်လေဟာနယ်ကို လောင်ကျွမ်းစေနိုင်သော ဖရိုဖရဲမီးတောက်ကို ဖန်တီးနိုင်ခဲ့သည်။

လင်းယွမ်က အရှင်ချင်းဖန်ကို စောင့်ကြည့်နေချိန်တွင် အရှင်ချင်းဖန်ကလည်း လင်းယွမ်ကို လေ့လာနေသည်။

" သူက လီယန်မျိုးစေ့ တစ်သောင်းကျော်ကို စုစည်းနိုင်ခဲ့တဲ့အပြင် သူရဲ့ ရုပ်ခန္ဓာကလည်း လီယန်နတ်ခန္ဓာအဖြစ် ပြောင်းလဲနေပြီပဲ။ တကယ်ပြိုင်ဘက်ကင်းပဲ။ ငါ တာအိုရှာဖွေခြင်းအဆင့်မှာ နှစ်ပေါင်းသုံးသန်းကြာပြီးမှ ဒီအဆင့်ကို ရောက်နိုင်ခဲ့တယ်။ "

သခင်ချင်းဖန်က လင်းယွမ်ကို လေ့လာရင်း တဖြည်းဖြည်း အံ့အားသင့်နေခဲ့သည်။

လီယန်နတ်ခန္ဓာက လုံလောက်သော လီယန်မျိုးစေ့ကို စုစည်းပြီးနောက် ထွက်ပေါ်လာသော အထူးခန္ဓာဖြစ်ပြီး လီယန်ရှေးဟောင်းနိုင်ငံတွင် အသန်မာဆုံးခန္ဓာပင်ဖြစ်သည်။

" အရှင်ကို အရိုအသေပေးပါတယ်။ " ယိုကျူးနှင့် အခြားနှစ်ယောက်က အရှင်ချင်းဖန်ကို အရိုအသေပေးလိုက်ကြသည်။

" ယုမိသားစုက အရှင်ချင်းဖန်ကို အရိုအသေပေးပါတယ်။ " ယုမိသားစု၏ ဘိုးဘေးများအပါအဝင် မိသားစုဝင်အားလုံးက ရိုသေစွာဖြင့် ဦညွှတ်လိုက်ကြသည်။ အရှင်ချင်းဖန်က တစ်ချိန်က ကြောက်မက်ဖွယ်ရာ ဂုဏ်သတင်းနှင့် နာမည်ကျော်ကြားခဲ့သော မဟာအရှင်သခင်ချင်းဖန်ဖြစ်သည်။

" အားလုံး ထကြပါ။ " အရှင်ချင်းဖန်က လင်းယွမ်ကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ " မင်း ငါ့ရဲ့ လက်အောက်ကို ဝင်ဖို့ ဆန္ဒရှိလား။ "

" ပွင့်လင်းလှချည်လား။ " လင်းယွမ်က မှင်သက်သွားသည်။

" ကျွန်တော်ဆန္ဒရှိပါတယ်။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။

လီယန်ရှေးဟောင်းနိုင်ငံတွင် ရာထူးအဆင့်အတန်းများက အရေးပါသည်။ များပြားသော အရင်းအမြစ်များနှင့် လမ်းညွှန်မှုကို ရရှိရန် ရာထူးမြင့်မားသူတစ်ယောက်နှင့် ပူးပေါင်းခြင်းက အမှန်တကယ် လိုအပ်သည်။

" ကောင်းပြီ။ မင်း အဆင်သင့်ပြင်ထားလိုက်ပါ။ နာရီဝက်ကြာရင် ငါမင်းကို လာခေါ်မယ်။ " ထိုစကားနှင့်အတူ အရှင်ချင်းဖန်က ပျောက်ကွယ်သွားခဲ့သည်။

" အရှင်က တကယ် ထူးခြားတဲ့သူပဲ။ "

" ဒီလိုပါရမီရှင်မျိုးနဲ့ ကြုံတွေ့တာတောင် တည်ငြိမ်နေတုန်းပဲ။ "

ယိုကျူးနှင့် ချင်းတမန်တော်နှစ်ယောက်က တီးတိုးပြောလိုက်ကြသည်။ သူတို့က ယုရန် စုစည်းထားသော လီယန်မျိုးစေ့ပင်လယ်ကို ပထမဆုံး မြင်တွေ့လိုက်ရချိန်တွင် သူတို့က အလွန်အံ့အားသင့်သွားခဲ့ကြသည်။ သို့သော် အရှင်ချင်းဖန်က အစမှအဆုံးထိ တည်ငြိမ်စွာနှင့် ရှိနေခဲ့သည်။

ယုမိသားစု၏ အထက်ကောင်းက်တွင် အရှင်ချင်းဖန်၏ ပုံရိပ်ပေါ်လာပြီး ယုမိသားစုကို ငုံ့ကြည့်နေသည်။ ခဏကြာသောအခါ သူက သူ့ကိုသူ ထိန်းချုပ်ခြင်းမရှိတော့ဘဲ အသက်ပြင်းပြင်းရှူးလိုက်သည်။

" ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား "

" ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား "

အပြာရောင်မီးတောက်များက အရပ်မျက်နှာအနှံ့ ဆူညံလှုပ်ရှားနေပြီး မီးပင်လယ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သော်လည်း သတ်မှတ်ထားသော နယ်နိမိတ်အတွင်း ထိန်းချုပ်ထားခဲ့သည်။

" တာအိုရှာဖွေခြင်းအဆင့်ကို မရောက်သေးဘဲ လီယန်မျိုးစေ့တစ်သောင်းကျော်ကို စုစည်းပြီး လီယန်နတ်ခန္ဓာအဖြစ် ပြောင်းလဲနေပြီ။ ပြီးတော့ အသက်ငါးရာမပြည့်သေးဘူး။ ဒီလိုပါရမီရှင်မျိုးက ငါ့ရဲ့ ချင်းဖန်နယ်မြေမှာ ထွက်ပေါ်လာတာလား။ " အရှင်ချင်းဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

" ရန်အာ အရှင်ချင်းဖန်းက မင်းကို ဘာပြောခဲ့တာလဲ။ " ယုရှောင်လုံက အသိပြန်ဝင်လာပြီး ရုတ်တရက် မေးလိုက်သည်။

ယုရှောင်လုံသာမက ယုမိသားစု၏ ဘိုးဘေးများကလည်း တုန်လှုပ်မှု၌ နစ်မြောနေခဲ့ကြသည်။ လူတိုင်းက လင်းယွမ်နှင့် အရှင်ချင်းဖန်တို့ စကားအနည်းငယ် ပြောခဲ့ကြသည်ကိုသာ မြင်တွေ့ခဲ့ရပြီး သူတို့ဘာပြောခဲ့သည်ကို နားမလည်ခဲ့ကြပေ။

အရှင်ချင်းဖန်၏ အော်ရာက ကြောက်စရာကောင်းလှသည်။ ထို့အပြင် သူက သူတို့၏ စကားများကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့သည်။

" အရှင်သခင်ချင်းဖန်က ကျွန်တော်ကို သူ့တပည့်အဖြစ် ခေါ်ချင်တယ်လို့ ပြောပါတယ်။ " လင်းယွမ်က ထိုအကြောင်းကို ဖုံးကွယ်ခြင်းမရှိဘဲပြောလိုက်သည်။

ထိုစကားများကြားသောအခါ ယုမိသားစုမှ ဘိုးဘေးများက မှင်သက်သွားကြပြန်သည်။ အရှင်ချင်းဖန်အနေဖြင့် တပည့်ခေါ်ယူခြင်းက မထူးဆန်းပေ။ ချင်းဖန်နယ်မြေတစ်လျှောက် ချင်းတမန်တော်များက ထူးချွန်သူများကို ခေါ်ယူလေ့ရှိသည်။

ထိုထူးချွန်သူများထဲမှ အများစုမှ လီယန်မျိုးစေ့ ကိုးခု ပိုင်ဆိုင်သူများဖြစ်ပြီး အနည်းငယ်က လီယန်မျိုးစေ့ဆယ်ခုကို ပိုင်ဆိုင်ကြသည်။ အရှင်ချင်းဖန်က ချင်းဖန်နယ်မြေကို တာဝန်ယူပြီးနောက် တပည့်များခေါ်ယူခြင်းက အလေ့အထတစ်ခုဖြစ်ခဲ့သည်။

ချင်းတမန်တော်များက ထိုသူများကို ချင်းဖန်မြို့တော်သို့ ခေါ်ဆောင်လာပြီး ထိုနေရာတွင် အရှင်ချင်းဖန်က တပည့်အဖြစ် လက်မခံမီ စစ်ဆေးလေ့ရှိသည်။ သို့သော် ယခု အရှင်သခင်ချင်းဖန်က ချင်းဖန်မြို့တော်မှ မိုင်ပေါင်းများစွာ ဝေးသော ယုမိသားစုသို့ လာပြီး ယုရန်ကို တပည့်အဖြစ် ကိုယ်တိုင်ခေါ်ယူခဲ့သည်။

အရှင်ချင်းဖန်က ချင်းဖန်နယ်မြေကို တာဝန်ယူချိန်ကတည်းက ထိုသို့သော အဖြစ်အပျက်မျိုး မဖြစ်ခဲ့ဖူးပေ။ အရှင်ချင်းဖန်၏ လက်အောက်ရှိ အစွမ်းထက်ဆုံး တပည့်ဖြစ်သော ဖုန်းဝမ်ရှင်းပင် အသက်ငါးရာမပြည့်မီ လီယန်မျိုးစေ့ ခုနှစ်ရာကျော်ကို စုစည်းနိုင်ခဲ့သော်လည်း ထိုကဲ့သို့ ဆက်ဆံခြင်းမခံခဲ့ရပေ။

" ယန်အာ..." ယုမိသားစု၏ ဘိုးဘေးများက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က မျက်မြင်ကိုယ်တွေ့သာမဟုတ်လျှင် ထိုကိစ္စကို ယုံကြည်မည်မဟုတ်ပေ။

" တကယ် ဘာတွေဖြစ်နေတာလဲ။ " ယုရှောင်လုံက မနေနိုင်တော့ဘဲ မေးလိုက်သည်။

" ကျွန်တော် လီယန်မျိုးစေ့ နည်းနည်းပိုစုစည်းနိုင်ခဲ့လို့ထင်တယ်။ " လင်းယွမ်က ရှင်းပြလိုက်သည်။

၎င်းက တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်သည်။ လီယန်ကျင့်စဉ်က လီယန်ရှေးဟောင်းနိုင်ငံက ဖြန့်ဝေထားသော နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်းကို အသုံးပြု၍ စုစည်းထားသော လီယန်မျိုးစေ့များက နိယာမများကို နားလည်ရာတွင် ထောက်ပံ့ပေးသည့်အပြင် ရုပ်ခန္ဓာကိုလည်း အသွင်ပြောင်းလဲစေနိုင်သည်။

လင်းယွမ်က လီယန်မျိုးစေ့တစ်သောင်းကျော်ကို စုစည်းထားခဲ့သည်။ ထိုဖြစ်ရပ်မျိုးက လီယန်ရှေးဟောင်းနိုင်ငံတွင် မရေတွက်နိုင်သော ခေတ်ကာလများအတွင်း မဖြစ်ပျက်ခဲ့ဖူးသေးသော အရာတစ်ခုဖြစ်သည်။

" လီယန်မျိုးစေ့နည်းနည်းလား။ " ယုမိသားစု၏ ဘိုးဘေးများနှင့် ယုရှောင်လုံတို့က ထိုစကားကို စဉ်းစားနေခဲ့သည်။

" ယန်အာ..." ဝေချီလင်းက လင်းယွမ်ကို ကြည့်လိုက်သည်။ သူမက အခြေအနေကို အနည်းငယ် နားလည်လာသည်။

" အရှင်ချင်းဖန်က ကျွန်တော်ကို ပြင်ဆင်ထားဖို့ပြောတယ်။ ကျွန်တော်ကို မကြာခင် လာခေါ်လိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။

" ကောင်းတယ် ကောင်းတယ်..." ယုမိသားစု၏ ဘိုးဘေးများက ပြန်လည်တည်ငြိမ်သွားကြပြီး စိတ်အားတက်သွားကြသည်။

နာရီဝက်ကြာပြီးသောအခါ အရှင်ချင်းဖန်၏ ပုံရိပ်က ပြန်ပေါ်လာသည်။ အမှန်တော့သူက ထွက်သွားခဲ့ခြင်းမရှိပေ။ သူက အချိန်လေဟာနယ်၏ နက်ရှိုင်းရာမှ ယုမိသားစုကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

လင်းယွမ်၏ ကြောက်စရာအကောင်းဆုံး အရည်အချင်းမှာ အသက်ငါးရာမပြည့်မီ လီယန်မျိုးစေ့ တစ်သောင်းကျော်ကို စုစည်းနိုင်ခဲ့ခြင်းမဟုတ်ပေ။ ၎င်းကို မည်သည့်လမ်းညွှန်မှုမှ မပါဘဲ ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။

လီယန်မျိုးစေ့များကို စုစည်းရာတွင် အခက်အခဲကို လျှော့ချရန်အတွက် နည်းလမ်းများနှင့် လျို့ဝှက်ချက်များ ရှိနေသည်။ အရှင်ချင်းဖန်၏ ပထမဆုံးတပည့် ဖုန်ဝမ်ရှင်းက သူနှင့် ပထမဆုံးတွေ့ဆုံချိန်တွင် လီယန်မျိုးစေ့ တစ်ရာကျော်ကိုသာ စုစည်းနိုင်ခဲ့သည်။ နောက်ဆုံး အရှင်ချင်းဖန်၏ လမ်းညွှန်မှုများဖြင့် အသက်ငါးရာ မပြည့်မီ လီယန်မျိုးစေ့ ခုနှစ်ရာကျော်ကို စုစည်းနိုင်ခဲ့ခြင်းဖြစ်သည်။

All Chapters