← Chapters

စကြာဝဠာစိတ်အသိ၏ ဆုတ်ခွာမှု...

Vol. 55 Ch. 805

စကြာဝဠာစိတ်အသိ၏ ဆုတ်ခွာမှု...

Vol. 55 Ch. 805

" နှစ်သုံးရာကျင့်ကြံမှု..." လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။

ထိုနှစ်သုံးရာအတွင်း လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် သတ္တမအဆင့် အထွတ်အထိပ်သို့ အပြည့်အဝ ရောက်ရှိခဲ့ပြီး အဋ္ဌမအဆင့်နှင့် အနည်းငယ်သာ ဝေးကွာတော့သည်။ ထို့အပြင် သူ၏ စိတ်စွမ်းအားကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

အကြီးမားဆုံး တိုးတက်မှုကတော့ သူ၏ အတွင်းစကြာဝဠာသာဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၉၀က လင်းယွမ်က ကျောက်စိမ်းဘူးသီးခြောက်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး အတွင်းမှ အမွေအနှစ်ကို ရရှိခဲ့သည်။

" အဆုံးမဲ့ဟင်းလင်းပြင် "

အလွှာဆယ့်သုံး အချိန်သက်ရှိက ထိုအမွေအနှစ်ကို အတွင်းစကြဝဠာ၏ အခြေခံကို ပုံဖော်ရန်အတွက် အထူးဖန်တီးထားခြင်းဖြစ်ပြီး အဆင့်ခုနှစ်ဆင့် ပါဝင်သည်။

သီအိုရီအရ သတ္တမအဆင့်သို့ ကျင့်ကြံနိုင်လျှင် လူတစ်ယောက်၏ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်နှင့် နှိုင်းယှဉ်နိုင်သည်အထိ ပြောင်းလဲလာမည်ဖြစ်ပြီး အရာအားလုံးကို လွှမ်းမိုးနိုင်ပေလိမ့်မည်။

သို့သော် အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့်က သီအိုရီအရသာဖြစ်ပြီး ကျောက်စိမ်းဘူးသီးခြောက်၏ ပိုင်ရှင်ပင် ထိုအဆင့်သို့ မရောက်သေးဘဲ အလားအလာကို ခန့်မှန်းရုံသာ ဖြစ်သည်။

သို့တိုင်အောင် ထိုအမွေအနှစ်က စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်လှသည်။ ပထမအဆင့်ကို အောင်မြင်သည်နှင့် အတွင်းစကြာဝဠာက ဖရိုဖရဲအရှင်သခင်၏ အတွင်းစကြာဝဠာအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

" ပထမအဆင့် ပြီးမြောက်သွားပြီ။ " လင်းယွမ်က အတွင်းစကြာဝဠာကို အာရုံခံလိုက်ရာ ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများကို ခံစားလိုက်ရသည်။ နှစ်ပေါင်းသုံးရာကျင့်ကြံပြီးနောက် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ ပထမအဆင့်ကို အောင်မြင်ခဲ့သည်။

" နင့်ရဲ့ အတွင်းစကြာဝဠာက ဖရိုဖရဲအဆင့် အတွင်းစကြာဝဠာနဲ့ သိပ်မကွာခြားတော့ဘူး။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အတွင်းစကြာဝဠာထဲတွင် ပေါ်လာကာ အလင်းနှစ် သန်းနှစ်ဆယ်နီးပါးရှိသော အတွင်းစကြာဝဠာကို လေ့လာပြီး ပြောလိုက်သည်။

အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်က ကျင့်ကြံသူအပေါ် တင်းကျပ်သော လိုအပ်ချက်များ ရှိနေသည်။ ပုံမှန်အားဖြင့် လွှမ်းမိုးခြင်းအဆင့်သို့ မရောက်သေးသူတစ်ယောက်က ၎င်းကို နားလည်ရန် မလုံလောက်သေးပေ။ ပထမအဆင့်ကို အောင်မြင်ရန် ကြီးမားသော ကြိုးစားအားထုတ်မှုနှင့် အချိန်ကို လိုအပ်သည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အစက လင်းယွမ်ကို မမောက်ရန် သတိပေးချင်ခဲ့သည်။ သို့သော် လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သာဖြစ်သည်ကို သတိရပြီးနောက် သူမက တိတ်ဆိတ်သွားခဲ့သည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နှင့် အဆုံးမဲ့ဟင်းလင်းပြင်၏ ပထမအဆင့်ကို အောင်မြင်ပြီး ဖရိုဖရဲအဆင့်နှင့် ယှဉ်နိုင်သော အတွင်းစကြာဝဠာကို ပိုင်ဆိုင်ခြင်းက သူမ၏ မှတ်ဉာဏ်များထဲမှာပင် ထိုသို့သောအရာမျိုး မရှိခဲ့ဖူးပေ။

" အခုချိန်မှာ ငါ့ရဲ့ စွမ်းအားက ဖရိုဖရဲအဆင့်နဲ့ယှဉ်ရင် အားနည်းနေတုန်းပဲ။ " လင်းယွမ်က သူ့ကိုသူ စစ်ဆေးပြီး ကောက်ချက်ချလိုက်သည်။

ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ အတွင်းစကြာဝဠာနှင့် နှိုင်းယှဉ်နိုင်ရုံသာဖြစ်ပြီး နောက်ပိုင်းစွမ်းရည်များက အားလုံးနိမ့်ကျပေသည်။ မည်သို့ပင်ဖြစ်စေ ဖရိုဖရဲအရှင်သခင်များ၏ စွမ်းအားကို အတွင်းစကြာဝဠာတစ်ခုတည်းနှင့် ကန့်သတ်ထားခြင်းမဟုတ်ပေ။

" ကုမင်ဖရိုဖရဲကုန်းမြေပေါ်က ဖရိုဖရဲနဂါးသားရဲထက် နည်းနည်းပိုသန်မာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ဖရိုဖရဲနဂါးသားရဲက ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားလာသော အထူးသက်ရှိတစ်မျိုးဖြစ်ပြီး အချိန်သွေးမျိုးဆက် အနည်းငယ်ကို ပိုင်ဆိုင်သည်။ ဖရိုဖရဲနဂါးသားရဲက ၎င်း၏ မွေးရာပါ အားသာချက်များကို မှီခိုခြင်းကြောင့် ဖရိုဖရဲအရှင်သခင်တစ်ယောက်နီးပါး အစွမ်းထက်သော်လည်း လင်းယွမ်က သူ၏ ကိုယ်ပိုင်စုဆောင်းမှုနှင့် အခြေခံအုတ်မြစ်ပေါ်တွင်သာ လုံးဝ မှီခိုနေသည်။

အမှန်တော့ လင်းယွမ်၏ စစ်မှန်သော အလားအလာက ဖရိုဖရဲနဂါးသားရဲထက် များစွာ သာလွန်သည်။ ဖရိုဖရဲနဂါးသားရဲက လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်တွင်ဖြစ်ပြီး လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သာ ရှိသေးသည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သာရှိသော်လည်း သူက ဖရိုဖရဲနဂါးသားရဲကို ဖိနှိပ်နိုင်သည်။ သူက လွှမ်းမိုးခြင်းအဆင့်သို့ ဝင်ရောက်ပြီး နောက်တစ်ကြိမ် အသွင်ပြောင်းလဲမှုကို ကြုံတွေ့သောအခါ ဖရိုဖရဲအရှင်သခင်များကိုပင် အနိုင်ယူနိုင်ပေလိမ့်မည်။

" အတွင်းစကြာဝဠာ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး အတွင်းစကြာဝဠာ၏ စွမ်းအားများကို ကြယ်စကြာဝဠာတစ်လျှောက် ပျံ့နှံ့စေလိုက်သည်။

ဝုန်း...

ကြယ်စကြာဝဠာ၏ ကျယ်ပြန့်သော အပိုင်းအခြားက ဟင်းလင်းပြင်အဖြစ် ပျော်ဝင်သွားပြီး ထိုစွမ်းအားက လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ထက် များစွာ ကျော်လွန်နေခဲ့သည်။ ထိုအချိန်တွင် စကြာဝဠာစိတ်အသိက ဆင်းသက်လာပြီး လင်းယွမ်ကို အကြိမ်အနည်းငယ် လှည့်ပတ်ကာ ဖြည်းညင်းစွာ ပြန်လည်ဆုတ်ခွာသွားသည်။

" စကြာဝဠာစိတ်အသိက ငါ့ကို မဖိနှိပ်ဘူးလား။ " လင်းယွမ်က အတွေးနက်သွားသည်။

သူက စကြာဝဠာစိတ်အသိ၏ ဖိနှိပ်မှုသာ ဆင်းသက်လာခဲ့လျှင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ထွက်ပြေးရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် စကြာဝဠာစိတ်အသိက မျှော်လင့်ထားသကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။

" ငါ့ကို ဖိနှိပ်ဖို့ ကုန်ကျစရိတ် အရမ်းများလို့လား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

စကြာဝဠာစိတ်အသိတွင် ကိုယ်ပိုင်ခံစားချက်များ မရှိပေ။ ၎င်း၏ လုပ်ဆောင်မှုအားလုံးက စကြာဝဠာ၏ လိုအပ်ချက်များနှင့် ဟန်ချက်ညီမှုကို ထိန်းသိမ်းခြင်းသာ ဖြစ်သည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ထက် ကျော်လွန်သော စွမ်းအားက စကြာဝဠာ၏ ဟန်ချက်ညီမှုကို ပြန်လည်မပြုပြင်နိုင်သော ထိခိုက်မှုကို ဖြစ်စေသောကြောင့် တားမြစ်ခြင်းဖြစ်သည်။

သို့သော် လင်းယွမ်ဖန်တီးခဲ့သော ဖျက်ဆီးခြင်းစွမ်းအားက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် များစွာ ကျော်လွန်နေခဲ့သည်။ စကြာဝဠာစိတ်အသိပေါ်လာသောအခါ လင်းယွမ်၏ စွမ်းအားကို ခွဲခြားသိမြင်နိုင်ခဲ့သည်။

လင်းယွမ်ကို ဖိနှိပ်ရန်အတွက် ကုန်ကျစရိတ်က စကြာဝဠာစိတ်အသိအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး မူလရင်းမြစ် ကြီးမားသော ပမာဏကို သုံးစွဲရမည်ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းက ဆုတ်ခွာရန် ရွေးချယ်ခဲ့သည်။

" စကြာဝဠာစိတ်အသိကို တိုက်ရိုက်မတိုက်ခိုက်သရွေ့ ငါ ဒီစကြာဝဠာထဲမှာ ကြိုတာလုပ်လို့ရတယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

စကြာဝဠာစိတ်အသိက လင်းယွမ်အပေါ်တွင် ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။ အကယ်၍ သူက ထိုကန့်သတ်ချက်များကို ကျော်လွန်ခဲ့လျှင် စကြာဝဠာစိတ်အသိက လင်းယွမ်ကို ဖိနှိပ်ရန်အတွက် ကြီးမားသော ကုန်ကျစရိတ်ရှိလျှင်တောင် ထိုသို့လုပ်ဆောင်ပေလိမ့်မည်။

" အခုအချိန်မှာ ဒီစကြာဝဠာက ထွက်သွားရင် ဘာဖြစ်မလဲမသိဘူး။ "

သူ၏ အဆင့်နှင့် စွမ်းအားအရ စကြာဝဠာ၏ စွမ်းအားနှင့် အရင်းအမြစ် မည်မျှ စုပ်ယူထားသည်ကို စိတ်ကူးကြည့်နိုင်သည်။ အကယ်၍ သူက အတင်းအကျပ် ထွက်သွားရန် ကြိုးစားခဲ့လျှင် စကြာဝဠာစိတ်အသိကလည်း ပြင်းထန်စွာ တုန့်ပြန်ပေလိမ့်မည်။

" ထားလိုက်တော့ မလုပ်တာပဲကောင်းတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

စကြာဝဠာပျက်ဆီးပြီးချိန်တွင် စကြာဝဠာစိတ်အသိက အိပ်စက်ခြင်းသို့ ဝင်ရောက်ချိန်အထိ စောင့်ဆိုင်ခဲ့လျှင် ဆန့်ကျင်မှုနှင့် ဖိနှိပ်မှုက သိသိသာသာ လျော့နည်းသွားပေလိမ့်မည်။

ကပ်ဘေးမျိုးနွယ်။

ကြီးမြတ်သူတစ်ယောက်က သစ်သားအိမ်ထဲမှ ထွက်လာပြီး ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။ " အဲ့ဒါ... လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် ကျော်လွန်တဲ့ စွမ်းအားလား။ "

သာမန်ဟုထင်ရသော သစ်သားအိမ်က ကပ်ဘေးမျိုးနွယ်၏ ဘိုးဘေးများချန်ခဲ့သော ရတနာတစ်ခုဖြစ်ပြီး စကြာဝဠာပျက်ဆီးခြင်းကို ခုခံနိုင်ရုံသာမက စကြာဝဠာအတွင်းမှ စွမ်းအားအမျိုးမျိုးကို စောင့်ကြည့်နိုင်သည်။

လွန်ခဲ့သောခဏက ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် ကျော်လွန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို အာရုံခံမိခဲ့သည်။

" အဲ့ဒါက ကြီးမြတ်သူနဂါးငွေ့တန်းရဲ့ စွမ်းအားပဲ။ သူက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် ကျော်လွန်တဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်တာလား။ " သစ်သားအိမ်အတွင်းမှ ကြီးမြတ်သူက စူးစမ်းလိုစိတ်နှင့် ပြောလိုက်သည်။

အပြင်ဘက်မှ ကြီးမြတ်သူကလည်း နားမလည်နိုင်ဖြစ်နေသည်။ ကြီးမြတ်သူနဂါးငွေ့တန်းက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် ကျော်လွန်သည်ကို သူတို့သိထားသည်။ သာမန်အတိုင်း ဖန်တီးလိုက်သော ကိုယ်ပွားတစ်ခုပင် ထိုစွမ်းအားကို ထုတ်ဖော်နိုင်သည်ဖြစ်ရာ မူလခန္ဓာကိုယ်က လွှမ်းမိုးခြင်းအဆင့်စွမ်းအား ပိုင်ဆိုင်သည်ကို သံသယဝင်စရာပင် မလိုပေ။

သို့သော် အဓိကအကြောင်းရင်းမှာ လွှမ်းမိုးခြင်းအဆင့် စွမ်းအားကို ထုတ်ဖော်ခွင့်မပြုသော စကြာဝဠာ၏ ကန့်သတ်ချက်များဖြစ်သည်။ သို့သော် ယခု ကြီးမြတ်သူနဂါးငွေ့တန်းက လွှမ်းမိုးခြင်းအဆင့် စွမ်းအားကို ထုတ်ဖော်ခဲ့သည်။

ကြီးမြတ်သူနဂါးငွေ့တန်းက စကြာဝဠာစိတ်အသိ၏ ဖိနှိပ်မှုကို မကြောက်ဘူးလား။ ယခင်စကြာဝဠာခေတ်မှ ရှင်သန်လာသူများအနေဖြင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်ခြင်းက စကြာဝဠာစိတ်အသိ၏ ဖိနှိပ်မှုခံရမည်ကို ကောင်းစွာ သိကြသည်။

လင်းယွမ်က ဤစကြာဝဠာခေတ်တွင် မွေးဖွာလာသူဖြစ်သောကြောင့် ကန့်သတ်ချက်နည်းသော်လည်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် ကျော်လွန်သော စွမ်းအားကို ထုတ်ဖော်ခြင်းက ဖိနှိပ်ခြင်းခံရဦးမည်ဖြစ်သည်။ ထိုသို့ စကြာဝဠာစိတ်အသိ၏ ဖိနှိပ်မှုခံရသည့် အတွေ့အကြုံက နှစ်သက်စရာတော့ ကောင်းမနေပေ။

" ဟင် စကြာဝဠာစိတ်အသိက မလှုပ်ရှားဘူးလား။ ဆုတ်ခွာသွားတာလား။ " မကြာမီ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က မျက်လုံးများ ပြူးကျယ်သွားကြသည်။

သစ်သားအိမ်၏ အာရုံခံနိုင်စွမ်းမှတစ်ဆင့် ကြီးမြတ်သူနဂါးငွေ့တန်းဆီသို့ စကြာဝဠာစိတ်အသိ ဆင်းသက်လာသည်ကို သူတို့ အတည်ပြုနိုင်ခဲ့သည်။ သို့သော် နောက်ဆုံး ထိုနေရာတွင် မည်သည့်ဖိနှိပ်မှုမှ မဖြစ်ပေါ်ခဲ့ပေ။ စကြာဝဠာစိတ်အသိက လှုပ်ရှားခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

All Chapters