← Chapters

အရှင်ချင်းဖန်၏ အစီအစဉ်....

Vol. 55 Ch. 806

အရှင်ချင်းဖန်၏ အစီအစဉ်....

Vol. 55 Ch. 806

" စကြာဝဠာစိတ်အသိက ဆန္ဒအလျောက် ဆုတ်ခွာသွားတာလား။ " သစ်သားအိမ်အပြင်ဘက်မှ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက ထိန်လန့်သွားပြီး သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

စကြာဝဠာတစ်ခုစီက ဖရိုဖရဲအရှင်သခင်အဆင့်နှင့် ညီမျှသည်။ စကြာဝဠာစိတ်အသိက စကြာဝဠာ၏ အမြင့်ဆုံးအာဏာကို ချုပ်ကိုင်ထားပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်များကို အလွယ်တကူ ဖိနှပ်နိုင်သည်။ လွှမ်းမိုးခြင်းအဆင့်ပင်လျှင် စကြာဝဠာစိတ်အသိနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

သို့သော် ယခု ကြီးမြတ်သူနဂါးငွေ့တန်းက လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ထက် ကျော်လွန်သော စွမ်းအားကို ထုတ်လွှတ်ခဲ့သော်လည်း စကြာဝဠာစိတ်အသိက ဖိနှိပ်ခြင်းမပြုရုံသာမက အလိုအလျောက် ဆုတ်ခွာသွားခဲ့သည်။

ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က ၎င်းကို စကြာဝဠာစိတ်အသိ၏ ကြင်နာမှုဟု မယူဆခဲ့ပေ။ စကြာဝဠာစိတ်အသိတွင် ကြင်နာမှုကဲ့သို့ စိတ်ခံစားချက်များမရှိပေ။

စကြာဝဠာစိတ်အသိက ထိုသို့ ဆုံးဖြတ်ရခြင်း၏ အကြောင်းမှာ ၎င်းက ကြီးမြတ်သူနဂါးငွေ့တန်းကို ဖိနှိပ်ရန် မတန်ဟု ယူဆသောကြောင့် ဖြစ်သည်။

" ဖရိုဖရဲအဆင့်... ကြီးမြတ်သူနဂါးငွေ့တန်းက ဖရိုဖရဲအဆင့်ကို ဝင်ရောက်သွားပြီလား။ " သစ်သားအိမ်အတွင်းမှ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူ၏ အသံက သိသိသာသာ တုန်ယင်သွားသည်။ သူတို့က ကြီးမြတ်သူနဂါးငွေ့တန်းကို မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားခဲ့ကြသော်လည်း ထိုကျင့်ကြံမှုအရှိန်က အလွန်လျင်မြန်လှသည်။

ကြီးမြတ်သူနဂါးငွေ့တန်းက မွေးဖွားလာချိန်မှစ၍ ယခုအချိန်ထိ ထောင်စုနှစ်အတွင်း ဖရိုဖရဲအဆင့်ကို ရောက်ရှိခဲ့သည်လား။

" ဖရိုဖရဲအဆင့်မဟုတ်ရင်တောင် ကြီးမြတ်သူနဂါးငွေ့တန်းရဲ့ စွမ်းအားက ဖရိုဖရဲအဆင့်နဲ့ လုံးဝနီးစပ်နေလောက်ပြီ။ အနည်းဆုံး သူက ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို စိန်ခေါ်နိုင်လောက်ပြီ။ မဟုတ်ရင် စကြာဝဠာစိတ်အသိက အဲ့လိုဆုတ်ခွာသွားမှာမဟုတ်ဘူး။ " သစ်သားအိမ်အပြင်ဘက်မှ ကြီးမြတ်သူက ပြောလိုက်သည်။

စကြာဝဠာအတွင်း၌ပင် ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို ဖိနှိပ်ရန်အတွက် ကြီးမားသော ကြိုးစားအားထုတ်မှုကို လိုအပ်ပြီး စကြာဝဠာပျက်ဆီးခြင်းပင် စောစီးစွာ ရောက်လာနိုင်သည်။

" ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေထဲမှာ ကြီးမြတ်သူနဂါးငွေ့တန်းက ဘယ်သူပြန်လည်ဝင်စားခဲ့တာလဲ။ " သစ်သားအိမ်အတွင်းမှ ကြီးမြတ်သူက သူ၏ စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်သည်။

မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားလျှင်တောင် ဖရိုဖရဲအဆင့်သို့ ထိုမျှ လျင်မြန်စွာ ဝင်ရောက်ခြင်းက မယုံကြည်နိုင်စရာကောင်းလှသည်။ မဟာသူတော်စင်များပြန်လည်ဝင်စားချိန်တွင် သူတို့၏ နိယာမများကို နားလည်နိုင်စွမ်းနှင့် စိတ်စွမ်းအားက အတားအဆီးရှိမည်မဟုတ်ပေ။

သို့သော် အဆင့်များ လျင်မြန်စွာ တက်လှမ်းခြင်းက နိယာမများကို နားလည်ခြင်းနှင့် စိတ်စွမ်းအားတို့မှ ရရှိနိုင်သော အရာမဟုတ်ပေ။ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကလည်း လိုက်ပါနိုင်ရမည်ဖြစ်သည်။

" ကြီးမြတ်သူနဂါးငွေ့တန်းက ဘယ်မဟာသူတော်စင် ပြန်ဝင်စားတာလဲဆိုတာ တွေးနေမယ့်အစား သူက ဘာလို့ပြန်ဝင်စားဖို့ ရွေးချယ်ခဲ့တာလဲဆိုတာ ပိုသိချင်မိတယ်။ " အပြင်မှ ကြီးမြတ်သူက ရေရွတ်လိုက်သည်။

သူတို့က အရေးကြီးသော အချိန်တွင် ကြီးမြတ်သူနဂါးငွေ့တန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ အေးချမ်းစွာ စောင့်ကြည့်နိုင်ခြင်းဖြစ်သည်။

" မှန်တယ်။ အဲ့လိုအင်အားကြီး တည်ရှိမှုတစ်ခုက ဘာလို့ပြန်ဝင်စားဖို့ ရွေးချယ်ခဲ့တာလဲ။ " သစ်သားအိမ်အတွင်းမှ ကြီးမြတ်သူကလည်း သံသယဝင်သွားမိသည်။

ပြန်လည်ဝင်စားခြင်းက မှတ်ဉာဏ်များ ပျောက်ကွယ်ပြီး အသစ်မှပြန်စခြင်းဖြစ်သည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ပါးပင် ပြန်လည်ဝင်စားလျှင် အချို့သော အန္တရာယ်များ ရှိနေနိုင်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။

" အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဒုတိယအဆင့်ကို ရောက်တော့ ငါ့ရဲ့ အတွင်းစကြာဝဠာက အသွင်ပြောင်းလဲသွားပြီး ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်တွေရဲ့ ကန့်သတ်ချက်တွေကို နောက်တစ်ကြိမ် မြှင့်တင်ပေးနိုင်ခဲ့တယ်။ " လင်းယွမ်က သူ့ကိုသူ အာရုံခံရင်း စိတ်ထဲမှ တွေးလိုက်သည်။

အစွမ်းထက်သော ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အစွမ်းထက်သော အတွင်းစကြာဝဠာကို မွေးဖွားပေးနိုင်ပြီး ပြောင်းပြန်အားဖြင့် အစွမ်းထက်သော အတွင်းစကြာဝဠာကလည်း အစွမ်းထက်သော ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို မွေးဖွားပေးနိုင်မည်ဖြစ်သည်။

" ငါ အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဒုတိယအဆင့်ကို အောင်မြင်ဖို့ဆိုရင် လွှမ်းမိုးခြင်းအဆင့်ကို အရင်တက်လှမ်းရမယ်ထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

ရင်းမြစ်ကမ္ဘာ၊ ချင်းဖန်မြို့၊ ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ။

ကောင်းကင်လောင်ကျွမ်းခြင်းခန်းမဟု ဆိုသော်လည်း ၎င်းက ဆယ်သုံးထပ်ရှိသော စေတီတစ်ခုဖြစ်သည်။ ပင်မစကြာဝဠာတွင် နှစ်သုံးရာက ရင်းမြစ်ကမ္ဘာတွင် တစ်နှစ်သာရှိသည်။

လင်းယွမ်က အမွေအနှစ်ကျမ်းစာများကို အငမ်းမရ လေ့လာနေသည်။ ထိုအမွေအနှစ်များက နှစ်များတစ်လျှောက် အရှင်ချင်းဖန်စုဆောင်းထားခြင်းဖြစ်ပြီး အခြားရှေးဟောင်းနိုင်ငံများမှ ကျင့်စဉ်နည်းစနစ်များပင် ပါဝင်သည်။

" သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမွေအနှစ်ကျမ်းစာများကို လေ့လာပြီး သက်ဆိုင်ရာလမ်းစဉ်များ၏ အနှစ်သာရများကို နားလည်သွားပါပြီ။ "

လင်းယွမ်က အမွေအနှစ်ကျမ်းစာများမှ အဆုံးမဲ့ အသိပညာများနှင့် လမ်းစဉ်အသီးသီးကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

ဖရိုဖရဲဟင်းလင်းပြင်နှင့်ယှဉ်လျှင် ရင်းမြစ်ကမ္ဘာက ကွဲပြားသော နိယာမလည်ပတ်မှုကို ပိုင်ဆိုင်သည်။ တစ်နှစ်တာအတွင်း လင်းယွမ်က အမွေအနှစ်ကျမ်းစာများကို ဖတ်ရှုခြင်းအပြင် လီယန်မျိုးစေ့များကိုလည်း အဆက်မပြတ် စုစည်းခဲ့သည်။

လီယန်မျိုးစေ့များကို စုစည်းခြင်းက လင်းယွမ်၏ ကြိုးစားအားထုတ်မှုနှင့် အာရုံစိုက်မှုအနည်းငယ်သာ လိုအပ်သောကြောင့် အခြားအရာများကိုလည်း တပြိုင်နက်လုပ်ဆောင်နိုင်သည်။

" အနှစ်သာရအားဖြင့်တော့ အမွေအနှစ်ကျမ်းစာတွေက စကြာဝဠာရဲ့ ခမ်းနားတဲ့တာအိုကို နားလည်လွယ်တဲ့ပုံစံနဲ့ ရှင်းပြပေးတာပဲ။ ဒီရင်းမြစ်ကမ္ဘာရဲ့ နိယာမတွေက ဖရိုဖရဲဟင်းလင်းပြင်အောက် နိမ့်ကျမှုမရှိဘူး။ ငါသူတို့ကို အပြည့်အဝ နားလည်ရင် အကျိုးကျေးဇူးတွေက တိုင်းတာလို့မရဘူး။ " လင်းယွမ်က တွေလိုက်သည်။

" ဒီရင်းမြစ်ကမ္ဘာမှာ မဟာအရှင်သခင်တွေက ဖရိုဖရဲအရှင်သခင်နဲ့ အဆင့်တူပြီး နတ်ဘုရားအရှင်သခင်တွေက ဖရိုဖရဲမဟာသူတော်စင်တွေနဲ့ အဆင့်တူတယ်။ လီယန်ရှေးဟောင်းနိုင်ငံရဲ့ လက်အောက်က မြို့စားလို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေက မဟာအရှင်သခင်တွေဖြစ်ပြီး ဘုရင်တွေကတော့ နတ်ဘုရားအရှင်သခင်တွေပဲ။ " လင်းယွမ်၏ စိတ်ထဲတွင် အချက်အလက်များစွာ ပေါ်လာသည်။

အရှင်ချင်းဖန်ကလည်း မြို့စားတစ်ယောက်ဖြစ်ပြီး မဟာအရှင်သခင် အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်သည်။

" မဟာအရှင်သခင်တွေက ဖရိုဖရဲနိယာမကို အသုံးပြုပြီး ကိုယ်ပိုင်တာအိုကို မွေးဖွားတယ်။ အဲ့ဒီအချက်က ဖရိုဖရဲဟင်းလင်းပြင်က ဖရိုဖရဲအရှင်သခင်တွေထက် ပိုသာတယ်။ "

တာအိုနှင့် နိယာမအားလုံးက ဖရိုဖရဲမှ ဆင်းသက်လာပြီး ဖရိုဖရဲကိုယ်တိုင်ကပင် လမ်းစဉ်အမျိုးမျိုးကို မွေးဖွားပေးနိုင်သည်။ ဥပမာ အရှင်ချင်းဖန်၏ အပြာရောင်မီးတောက်များက သာမန်မီးတောက်များမဟုတ်ပေ။ ၎င်းက ဖရိုဖရဲနိယာမမှ မွေးဖွားလာသော ဖရိုဖရဲမီးတောက်ဖြစ်ပြီး အချိန်လေဟာနယ်ကိုပင် လောင်ကျွမ်းနိုင်သည်။

" ဒါပေမယ့် ဒီရင်းမြစ်ကမ္ဘာက အင်အားကြီးသူတွေက အတွင်းစကြာဝဠာရဲ့ ထောက်ပံ့မှုမရှိလို့ နှိုင်းယှဉ်ကြည့်ရင် အခြေခံအုတ်မြစ်က အားနည်းကြတယ်။ "

မရေတွက်နိုင်သော အမွေအနှစ်ကျမ်းများကို ဖန်ရှုခြင်းဖြင့် လင်းယွမ်က စကြာဝဠာနှစ်ခုကြားရှိ အားသာချက်နှင့် အားနည်းချက်များကို ခွဲခြားသိမြင်နိုင်ခဲ့သည်။

လီယန်မျိုးစေ့များကြောင့် လီယန်ရှေးဟောင်းနိုင်ငံမှ သက်ရှိများက ဖရိုဖရဲဟင်းလင်းပြင်မှ သက်ရှိများထက် နိယာမများကို နားလည်နိုင်စွမ်းတွင် အတိင်းအတာတစ်ခုအထိ သာလွန်သည်။ ထို့ကြောင့် သူတို့က ဖရိုဖရဲနိယာမကို ပိုမိုလွယ်ကူစွာ နားလည်နိုင်ပြီး နက်ရှိုင်းစွာ စူးစမ်းနိုင်ကြသည်။

" ဒီအထပ်က ပြီးသွားပြီ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး အမွေအနှစ်ကျမ်းစာအားလုံးကို ဖတ်ရှုပြီးကြောင်း နားလည်လိုက်သည်။

" ဆယ်သုံးထပ်ကို တက်လို့ရပြီ။ " လင်းယွမ်က ထရပ်လိုက်သည်။

ကောင်းကင်လောင်ကျွမ်းခြင်းခန်းမက ဆယ့်သုံးထပ်ရှိပြီး တစ်ထပ်နှင့်တစ်ထပ် ပိုမိုနက်နဲသော အမွေအနှစ်ကျမ်းစာများပါဝင်သည်။ လင်းယွမ်က တစ်နှစ်အတွင်း ဆယ့်နှစ်ထပ်ကို ပြီးမြောက်ခဲ့ပြီး ယခု ဆယ့်သုံးထပ်သို့ တက်ရောက်မည်ဖြစ်သည်။

" ဆယ့်သုံထပ်ကို ဝင်ရောက်ဖို့အတွက် ဆယ့်နှစ်ထပ်က အမွေအနှစ်ကျမ်းစာအားလုံးကို အပြည့်အဝ နားလည်ရမှာလား။ " လင်းယွမ်က ဆယ့်သုံးထပ်၏ အတားအဆီးကို ကြည့်ပြီး ပြုံးလိုက်သည်။ ယခင် ဆယ့်နှစ်ထပ်မြောက်သို့ ဝင်ရောက်ချိန်တွင်လည်း ထိုအခြေအနေကို လိုအပ်ခဲ့သည်။

လင်းယွမ်က ဆယ့်နှစ်ထပ်မှ အမွေအနှစ်အားလုံး၏ အနှစ်သာရများပါဝင်သည့် စွမ်းအားမျှင်တစ်ခုကို ထုတ်ဖော်ပြီး ဆယ့်သုံးထပ်သို့ ဝင်ရောက်သွားသည်။

" ကျင့်ကြံခြင်းလမ်းစဉ်က ရိုသေလေးစားမှုကို လိုအပ်တယ်။ " အရှင်ချင်းဖန်က မျက်လုံးများဖွင့်ပြီး သူ၏ အကြည့်က နက်ရှိုင်းနေသည်။

" ငါ့တပည့်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမက အမွေအနှစ်ကျမ်းစာတွေကို လေ့လာပြီး ရိုသေလေးစားစိတ်ကို ကျင့်ကြံပြီးလောက်ပြီ။ " အရှင်ချင်းဖန်က ပြုံးလိုက်သည်။

လင်းယွမ်၏ ပါရမီက ကြောက်စရာကောင်းလောက်အောင် ထူးချွန်လှသည်။ သို့သော် ပါရမီက မည်မျှထူးချွန်သည်ဖြစ်စေ ပါရမီသာဖြစ်သည်။ ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ရိုသေလေးစားမှုအပြည့်အဝရှိသော စိတ်နှလုံးသားကို ပိုင်ဆိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် ဤနေရာသို့ ရောက်ရှိသောအခါ အရှင်ချင်းဖန်က မည်သည့်အရာမှ မသင်ကြားသေးဘဲ ကောင်းကင်လောင်ကျွမ်းခြင်းခန်းမသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်။ ၎င်းအတွင်း မရေတွက်နိုင်သော အမွေအနှစ်ကျမ်းစာများရှိသည်။

လင်းယွမ်က ၎င်းတို့ကို ဖတ်ရှုပြီးလျှင် အကန့်အသတ်မဲ့သော အသိပညာများနှင့် လမ်းစဉ်များအကြောင်းကို နားလည်သွားမည်ဖြစ်သည်။ ထိုအခါ သူ၏ အရေးမပါမှုကို သိမြင်လာပြီး ရိုသေလေးစားစိတ်က မွေးဖွားလာမည်ဖြစ်သည်။

All Chapters