တော်ဝင်မျိုးနွယ်၏ ထူးခြားမှု....
Vol. 55 Ch. 807
" ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ..."အရှင်ချင်းဖန်၏ အကြည့်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမသို့ ကျရောက်သွားသည်။
သူက လင်းယွမ်ကို စိတ်ရှုပ်ထွေးသွားမည်စိုးရိမ်သောကြောင့် တိုက်ရိုက်ကြည့်ရှုခြင်းမရှိခဲ့ပေ။ တစ်နှစ်ကြာပြီးနောက် သူက လင်းယွမ်ကို လမ်းညွှန်မှုပေးပြီး တာအို၏ နက်နဲကျယ်ပြန့်မှုကို သိရှိလာစေရန် ဖြစ်သည်။
အရှင်ချင်းဖန်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမကို မြင်လိုက်ရချိန်တွင် အနည်းငယ် မှင်သက်သွားသည်။ ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ ဆယ့်သုံးထပ်လုံးက အမွေအနှစ်ကျမ်းစာအမြောက်အမြားစုစည်းထားပြီး အပေါ်သို့ ရောက်သည်နှင့် တဖြည်းဖြည်း ပို၍ နက်ရှိုင်းပြီး ရှုပ်ထွေးသွားသည်။
ပထမအထပ်က နားလည်ရန် အလွယ်ကူဆုံးဖြစ်ပြီး ဆယ့်သုံးထပ်မြောက်က အနက်ရှိုင်းဆုံးနှင့် အခက်ခဲဆုံး ဖြစ်သည်။ ထို့အပြင် နောက်တစ်ထပ်သို့ တက်လှမ်းရန် လက်ရှိအထပ်မှ အမွေအနှစ်ကျမ်းစာအားလုံးကို အပြည့်အဝ နားလည်ရမည်ဖြစ်သည်။
ထိုစည်းမျဉ်းက အရှင်ချင်းဖန်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းဖြစ်သည်။ ထိုသို့သော ကန့်သတ်ချက်မရှိလျှင် လင်းယွမ်က မည်သည့်အထပ်ကိုမဆို ဆန္ဒရှိသလိုဝင်ရောက်နိုင်မည်ဖြစ်သည်။
အရှင်ချင်းဖန်၏ အမြင်တွင် လင်းယွမ်က ပထမအထပ်တွင် ပိတ်မိနေပြီး ရှေ့တက်ရန် ရုန်းကန်နေရမည်ဖြစ်သည်ဟု ထင်နေခဲ့သည်။ ပထမအထပ်မှ အကြောင်းအရာများက နက်နဲနေလျှင် ဒုတိယ၊ တတိယအထပ်နှင့် အပေါ်ထပ်များက ပို၍ပင် နက်ရှိုင်းလှသည်။ သို့မှသာ ရိုသေလေးစားစိတ်က မွေးဖွားလာမည်ဖြစ်သည်။
ထိုအချိန်တွင် အရှင်ချင်းဖန်က ပေါ်လာပြီး လင်းယွမ်ကို ဆုံးမကာ လမ်းညွှန်ပေးမည်ဖြစ်သည်။ တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း လင်းယွမ်၏ စိတ်ဓာတ်ခံနိုင်ရည်က အမြင့်ဆုံး အတိုင်းအတာထိ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
" ဆယ့်သုံးထပ်လား။ " အရှင်ချင်းဖန်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမကို ကြည့်လိုက်ရာ လင်းယွမ်က ဆယ့်သုံးထပ်မြောက်တွင် ရှိနေပြီး အမွေအနှစ်ကျမ်းစာများအား လေ့လာနေသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ တားမြစ်ချက်များက သူကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်ပြီး ချို့ယွင်းချက်များရှိမည်ဖြစ်သည်။
" သူက ဆယ့်နှစ်ထပ်လုံးက အမွေအနှစ်ကျမ်းစာအားလုံးကို အပြည့်အဝ နားလည်ခဲ့တာလား။ " အရှင်ချင်းဖန်က မယုံကြည်နိုင်ဖြစ်နေပြီး သူ၏ စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။
လွန်ခဲ့သောတစ်နှစ်အတွင်း လင်းယွမ်က ပထမအထပ်မှ ဒုတိယအထပ်သို့၊ ဒုတိယအထပ်မှ တတိယအထပ်သို့..... နောက်ဆုံး ဆယ့်နှစ်ထပ်မှ ဆယ့်သုံးထပ်သို့ တက်လှမ်းသွားသည်ကို မြင်လိုက်ရသည်။
" ပထမအထပ်ရဲ့ ကျမ်းစာအပြည့်အဝကို နားလည်ဖို့ သုံးရက်၊ ဒုတိယအထပ်ကို ဆယ့်ခြောက်ရက်၊ တတိယအထပ်ကို နှစ်ဆယ့်ရှစ်ရက်..."
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမက အရှင်ချင်းဖန်ကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၎င်းအတွင်းရှိ ဖြစ်ပျက်သမျှ အရာအားလုံးကို ပြန်လည်ကြည့်ရှုနိုင်သည်။
" သူက အရင်ဆယ့်နှစ်ထပ်က အမွေအနှစ်ကျမ်းစာတွေကို နားလည်တဲ့ အရှိန်အရ ဆယ့်သုံးထပ်က အမွေအနှစ်ကျမ်းစာတွေကို အပြည့်အဝ နားလည်တာကလည်း မြန်လောက်ပါတယ်။ "
အရှင်ချင်းဖန်က စိတ်ထဲမှ ထိတ်လန့်နေပြီး သူကိုယ်တိုင်သာ မမြင်တွေ့ရလျှင် ဤကမ္ဘာပေါ်တွင် ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက် တည်ရှိနိုင်သည်ဟု ယုံကြည်လိမ့်မည်မဟုတ်ပေ။
လီယန်မျိုးစေ့များကို စုစည်းခြင်းက ပါရမီနှင့် သက်ဆိုင်သော အရာဖြစ်သည်။ အရှင်ချင်းဖန်က ထိုအရာကို နားလည်နိုင်သည်။ သို့သော် သူစုဆောင်းထားသော အမွေအနှစ်ကျမ်းစာများကို အပြည့်အဝ နားလည်ရန် အလွန်ခက်ခဲလှသည်။
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ ဆယ့်သုံးထပ်မြောက်တွင် လင်းယွမ်က အမွေအနှစ်ကျမ်းစာများကို လျင်မြန်စွာ ဖတ်ရှုနေသည်။ ဆယ့်သုံးထပ်မြောက်မှ အမွေအနှစ်များက ယခင်ဆယ့်နှစ်ထပ်မှ အရာများထက် ပိုမိုနက်ရှိုင်းပြီး အဓိကအားဖြင့် အရာအားလုံးကို မွေးဖွားပေးသော ဖရိုဖရဲနိယာမအကြောင်း ဖြစ်သည်။
" ဖရိုဖရဲမီးတောက်၊ ဖရိုဖရဲရေ၊ ဖရိုဖရဲရွှေ၊ ဖရိုဖရဲလေဟာနယ်၊ ဖရိုဖရဲအချိန်။ " အသိအမြင်များစွာက လင်းယွမ်၏ စိတ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။
ကောင်းကင်လောင်ကျွမ်းခြင်းခန်းမအတွင်းမှ အမွေအနှစ်ကျမ်းစာအားလုံးက သူ့ကို ကြီးမားသော အကူအညီများ ပေးခဲ့သည်။ ထိုအရာများမရှိလျှင် လင်းယွမ်က ဤအဆင့်သို့ ရောက်ရှိရန် အချိန်များစွာ ပိုမိုကြာမြင့်ပေလိမ့်မည်။
" အော် ဒီလိုကိုး။ " လင်းယွမ်က နောက်ဆုံး ကျမ်းစာကို ချလိုက်ပြီး အတွေးနက်နေသည်။
" ဖရိုဖရဲနိယာမကို အခြေခံအဖြစ် အသုံးပြုပြီး သီးခြားနိယာမတွေကို ပြောင်းလဲလို့ရတယ်။ "
ရွှေနိယာမက အပြည့်အဝ နားလည်လျှင်တောင် တိုက်ခိုက်ရေးတွင် ကန့်သတ်ချက်များရှိပြီး တူညီသော နိယာမများ၏ သတ်ဖြတ်နိုင်စွမ်းထက် သေချာပေါက် နိမ့်ကျသည်။
သို့သော် ဖရိုဖရဲရွှေနိယာမက ဖရိုဖရဲနိယာမမှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်သည်။ ဖရိုဖရဲနိယာမက မူလက သတ်ဖြတ်ခြင်းနိယာမမဟုတ်သော်လည်း ဆင့်ကဲပြောင်းလဲနိုင်ပြီး အကန့်အသတ် မရှိလုနီးပါး တိုက်ခိုက်ရေးစွမ်းအားကို မွေးထုတ်ပေးနိုင်သည်။
" ဟမ် " လင်းယွမ်က ခေါက်မော့ကြည့်လိုက်ရာ အပြာရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက မလှမ်းမကမ်းတွင် ရပ်နေသည်ကို တွေလိုက်ရသည်။ ထိုပုံရိပ်က အရှင်ချင်းဖန်ပင်ဖြစ်သည်။
" မြို့စား..." လင်းယွမ်က ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
သူက အရှင်ချင်းဖန်အပေါ် လေးစားမှုရှိသည်။ ကျင့်ကြံခြင်းလမ်းစဉ်တွင် အင်အားကြီးသူများက ဆရာများအဖြစ် ဆောင်ရွက်ပြီး အရှင်ချင်းဖန်၏ စွမ်းအားနှင့် အဆင့်အတန်းက လင်းယွမ်၏ လေးစားမှုနှင့် သံသယဝင်စရာမလိုအောင် ထိုက်တန်ပေသည်။
" အင်း " အရှင်ချင်းဖန်က ခေါင်းညိမ့်လိုက်ပြီး ခဏကြာသောအခါ မနေနိုင်တော့ပဲ မေးလိုက်သည်။ " အကုန်ဖတ်ပြီးသွားပြီလား။ "
" ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် မြို့စား။ ဒီအမွေအနှစ်ကျမ်းစာတွေက ကျွန်တော်အတွက် အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။ " လင်းယွမ်က ရိုးသားစွာ ပြောလိုက်သည်။
" မင်းအတွက် အများကြီး အထောက်အကူဖြစ်ခဲ့တယ်။ " အရှင်ချင်းဖန်က ခဏတိတ်ဆိတ်သွားသည်။ " အဲ့ဒါဆို ကောင်းပါတယ်။ "
အရှင်ချင်းဖန်က ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် ဆက်ပြောလိုက်သည်။ " ဆယ့်သုံးထပ်လုံးက အမွေအနှစ်ကျမ်းစာတွေအားလုံး ဖတ်ပြီးပြီဆိုတော့ မင်းရဲ့ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်ကို အခု နားလည်မှုအချို့တော့ ရှိလောက်ပါပြီ။ "
" ဒီနေ့ကစပြီး နိယာမတွေကို နားလည်ဖို့ အာရုံစိုက်ပါ။ " အရှင်ချင်းဖန်က ပြောလိုက်သည်။
" လီယန်မျိုးစေ့တွေ စုစည်းတာကရော။ " လင်းယွမ်က သံသယနှင့် မေးလိုက်သည်။
" လီယန်မျိုးစေ့တွေကို စုစည်းတာကလား။ " အရှင်ချင်းဖန်က ခေါင်းခါလိုက်သည်။ " အခုချိန် လီယန်မျိုးစေ့တစ်ခုကို စုစည်းတာက အရင်ထက် အများကြီး ပိုခက်ခဲလိမ့်မယ်။ "
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" လီယန်မျိုးစေ့တွေကို စုစည်းတာက ရည်ရွယ်ချက်နှစ်ခုရှိတယ်။ " အရှင်ချင်းဖန်က လင်းယွမ်ကို ကြည့်လိုက်သည်။ " အဲ့ဒါက နိယာမတွေ နားလည်တာကို မြှင့်တင်ဖို့နဲ့ ရုပ်ခန္ဓာကို လီယန်နတ်ခန္ဓာအဖြစ် ပြောင်းလဲဖို့ပဲ။ "
" အခု မင်းရဲ့ ရုပ်ခန္ဓာက ပြောင်းလဲမှုစတင်နေပြီ။ အများဆုံး နှစ်တစ်သောင်းအတွင်းမှာ လီယန်နတ်ခန္ဓာအဖြစ် အပြည့်အဝ ပြောင်းလဲသွားလိမ့်မယ်။ မင်းရဲ့ လီယန်မျိုးစေ့တွေက သူတို့ရဲ့ အဆုံးစွန်သော အဆင့်ကို ရောက်နေလို့ နောက်ထပ်လီယန်မျိုးစေ့တွေ စုစည်းတာက အကျိုးကျေးဇူးသိပ်မဖြစ်တော့ဘူး။ "
၎င်းကို ကြားသောအခါ လင်းယွမ်က ရုတ်တရက် နားလည်သွားသည်။ အရှင်ချင်းဖန်၏ စကားများက မှန်၏။ လင်းယွမ်က လီယန်မျိုးစေ့များစုစည်းရာတွင် ယခင်လောက် အကျိုးကျေးဇူးသိပ်မဖြစ်တော့ပေ။
ထို့ကြောင့် လီယန်ရှေးဟောင်းနိုင်ငံမှ အင်အားကြီးသူများက လီယန်မျိုးစေ့များစွာကို စုစည်းပြီးနောက် ခဏရပ်နားပြီး သူတို့၏ အာရုံကို နိယာမများကို နားလည်ခြင်းသို့ ဦးတည်လေ့ရှိသည်။
သို့သော် အချို့လူများက သူတို့၏ ရုပ်ခန္ဓာကို လီယန်နတ်ခန္ဓာအဖြစ် ပြောင်းလဲချင်သောကြောင့် လီယန်မျိုးစေ့များကို ဆက်လက်စုစည်းကြသည်။ လီယန်နတ်ခန္ဓာက လီယန်ရှေးဟောင်းနိုင်ငံတွင် အသန်မာဆုံး ရုပ်ခန္ဓာဖြစ်သည်။
ယခု လင်းယွမ်၏ ရုပ်ခန္ဓာက လီယန်နတ်ခန္ဓာအဖြစ် စတင်ပြောင်းလဲနေပြီး လီယန်မျိုးစေ့ စုစည်းခြင်း၏ အကျိုးကျေးဇူးများအားလုံးကို အပြည့်အဝ ရရှိပြီးပြီဖြစ်သည်။ ထို့ကြောင့် အရှင်ချင်းဖန်က ထိုသို့ အကြံပေးခြင်းဖြစ်သည်။
" မြို့စား လီယန်မျိုးစေ့တွေစုစည်းတာက အဲ့ဒီအကျိုးကျေးဇူးနှစ်ခုပဲရှိတာလား။ " လင်းယွမ်က ခဏစဉ်းစားပြီး မေးလိုက်သည်။
ထိုမေးခွန်းက သူစုစည်းသော လီယန်မျိုးစေ့အရေအတွက် ၃၃၃၃ခု ပြည့်သွားချိန်တွင် လီယန်နတ်ခန္ဓာအဖြစ် ပြောင်းလဲသွားခြင်းကြောင့် ဖြစ်သည်။ လင်းယွမ်က ထိုနံပါတ်ကို ရင်းနှီးနေသည်။ ထို့ကြောင့် သူက လီယန်မျိုးစေ့ ၃၃၃၃၃ခုတွင် ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လက်ရှိ လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွင် လီယန်မျိုးစေ့ ၂၀၀၀၀နီးပါး ရှိနေပြီဖြစ်သည်။ သူက ပိုမိုစုစည်းလျှင် အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု မှေးမှိန်စွာ ခံစားနေရသည်။
" အတိအကျတော့ မဟုတ်ဘူး။ " အရှင်ချင်းဖန်က ခဏရပ်ပြီး ဆက်ရှင်းပြလိုက်သည်။ " လီယန်ရှေးဟောင်းနိုင်ငံရဲ့ တော်ဝင်မျိုးနွယ်က အစွမ်းထက်တဲ့ သွေးမျိုးဆက်ရှိလို့ လီယန်မျိုးစေ့တွေကို အလွယ်တကူ စုစည်းနိုင်တယ်လို့ ဆိုတယ်။ ထာဝရနေအလင်းရောင်ကောင်းချီးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လီယန်မျိုးစေ့တွေ စုစည်းရတဲ့ အခက်အခဲက အများကြီးလျော့နည်းသွားတယ်။ သူတို့ရဲ့ လီယန်မျိုးစေ့အရေအတွက်က သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို ရောက်တဲ့အခါ သီးခြားစွမ်းရည်တွေ ရရှိကြတယ်။ "
" ထာဝရနေအလင်းရောင်ကောင်းချီးလား။ " လင်းယွမ်က ထိုအကြောင်းကို မသိသေးပေ။
" လီယန်ရှေးဟောင်းနိုင်ငံက တော်ဝင်မျိုးနွယ်ရဲ့ မူလက နက်ရှိုင်းတယ်။ သူတို့က ထာဝရနေအလင်းရောင်အောက်မှ ဘာမှလုပ်စရာမလိုဘဲ လီယန်မျိုးစေ့တွေကို အလိုအလျောက် စုစည်းနိုင်ကြတယ်။ "
" ဒါကြောင့် တော်ဝင်မျိုးနွယ်တွေက လီယန်မျိုးစေ့တွေကို ကြိုးစားပြီးစုစည်းကြတယ်။ အခြားသက်ရှိတွေကတော့ အဲ့လိုလုပ်နိုင်ဖို့ မလွယ်ဘူး။ " အရှင်ချင်းဖန်က ရှင်းပြလိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မျိုးနွယ်က သူတို့၏ ဘိုးဘေးအမွေအနှစ်က ကာကွယ်ထားသဖြင့် လီယန်မျိုးစေ့များကို အားထုတ်စရာမလိုဘဲ စုစည်းနိုင်ကြသည်။ သို့သော် အခြားသက်ရှိများအတွက် သူတို့ကို အတုယူခြင်းက မိုက်မဲသည်ဟုပင် ပြောရပေလိမ့်မည်။