← Chapters

တားမြစ်ထားသော နာမည်...

Vol. 55 Ch. 808

တားမြစ်ထားသော နာမည်...

Vol. 55 Ch. 808

" လီယန်မျိုးစေ့တွေကို အရေအတွက်တစ်ခုအထိ စုစည်းပြီးရင် ဘယ်လိုစွမ်းရည်တွေ ရရှိတာလဲ။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။

လင်းယွမ်အတွက် လီယန်မျိုးစေ့များကို စုစည်းခြင်းက ပိုမိုခက်ခဲလာသည်ဟု ဆိုသော်လည်း ၎င်းက အသက်ရှူချိန်တစ်ကြိမ်တွင် လီယန်မျိုးစေ့တစ်ခု စုစည်းခြင်းနှင့် နှိုင်းယှဉ်ခြင်းဖြစ်သည်။

" အဲ့ဒီစွမ်းရည်တွေရဲ့ အသေးစိတ်ကိုတော့ ငါသေချာမသိဘူး။ အဲ့ဒါက တော်ဝင်မျိုးနွယ်ရဲ့ လျို့ဝှက်ချက်တွေပဲ။ " အရှင်ချင်းဖန်က ခေါင်းခါလိုက်သည်။ " မင်းက လီယန်မျိုးစေ့တွေ ထပ်ပြီးစုစည်းချင်ရင် ကိစ္စတော့မရှိဘူး။ ဒါပေမယ့် မင်းရဲ့ စိတ်စွမ်းအားတွေအားလုံးကိုတော့ မကုန်စေနဲ့။ တာအိုနဲ့ နိယာမတွေကို နားလည်တာက အရာအားလုံးထက် အခြေခံကျတယ်။ "

လီယန်မျိုးစေ့များအပေါ် လင်းယွမ်က စိတ်ဝင်စားနေသည်ကို မြင်သောအခါ အရှင်ချင်းဖန်က တားဆီးခြင်းမရှိခဲ့ပေ။ အသက်ငါးရာမပြည့်မီ လီယန်မျိုးစေ့ထောင်ချီကို စုစည်းနိုင်သူတိုင်း တော်ဝင်မျိုးနွယ်၏ စွမ်းရည်များအကြောင်း သိချင်ကြပေလိမ့်မည်။

" တာအိုနဲ့ နိယာမတွေကို နားလည်တာကလည်း တော်ဝင်မျိုးနွယ်ရဲ့ လမ်းစဉ်ထက် အားမနည်းဘူး။ နတ်ဘုရားအရှင်သခင်တွေက ရှေးဟောင်းနိုင်ငံရဲ့ စွမ်းအားကို ခုခံနိုင်စွမ်းရှိကြတယ်။ " အရှင်ချင်းဖန်က သတိပေးလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ပြန်ပြောလိုက်သည်။ သူက နိယာမများကို နားလည်ခြင်းဖြစ်စေ လီယန်မျိုးစေ့များကို စုစည်းခြင်းဖြစ်စေ နှစ်ခုလုံးကို လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။

လီယန်မျိုးစေ့များကို စုစည်းခြင်းက လင်းယွမ်အတွက် မခက်ခဲပေ။ သူက ၎င်းကို ဖြည်းညင်းစွာ ပြီးမြောက်အောင် လုပ်နိုင်သည်။

" မင်းမှာ မေးစရာရှိရင် လွတ်လွတ်လပ်လပ် မေးလို့ရတယ်။ " အရှင်ချင်းဖန်က လင်းယွမ်ကို ကြည့်လိုက်သည်။

" မြို့စား ကျွန်တော်သိချင်တာက ကောင်းကင်က ထာဝရနေက တကယ် ဘယ်အဆင့်မှာရှိနေတာလဲ။ " လင်းယွမ်က သူအသိချင်ဆုံးအရာကို မေးလိုက်သည်။

သူက ကောင်းကင်မှ ထာဝရနေကို အလွှာဆယ့်သုံး အချိန်သက်ရှိဟု ခန့်မှန်းသော်လည်း အတည်ပြုနိုင်ခြင်းမရှိပေ။

" ပြောလို့မရဘူး။ " အရှင်ချင်းဖန်၏ အမူအရာက လေးနက်သွားပြီး အသေးစိတ်ရှင်းပြခြင်းမရှိပေ။

လင်းယွမ်က ၎င်းကို မြင်သောအခါ စိုးရိမ်မှုတစ်ခုကို ခံစားလိုက်ရသည်။ အရှင်ချင်းဖန်က ၎င်းကို ပြောပြရုံနှင့် အာရုံစိုက်ခံရမည့်ပုံဖြစ်နေသည်။ သို့သော် ဤနေရာက ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ အရှင်ချင်းဖန်၏ နယ်မြေဖြစ်သည်။ လင်းယွမ်သာမပြောလျှင် ထိုအကြောင်းကို ဘ်သူမှ သိနိုင်မည်မဟုတ်ပေ။

ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။ ထာဝရနေကိုယ်တိုင်က ၎င်းကို ခံစားနိုင်ခြင်းဖြစ်သည်။ မည်မျှဝေးကွာသည်ဖြစ်စေ မည်သည့်နေရာတွင်ဖြစ်စေ ထာဝရနေ၏ နာမည်ကို ပြောလိုက်ရုံဖြင့် ထာဝရနေက တစ်နည်းနည်းဖြင့် ၎င်းကို ခံစားနိုင်ပေလိမ့်မည်။

အရှင်ချင်းဖန်၏ စိုးရိမ်နေသော ပုံစံအရ ၎င်းက အာရုံခံနိုင်ရုံသာမက ဆက်သွယ်မှုမှတစ်ဆင့် လှုပ်ရှားနိုင်သော စွမ်းရည်လည်း ရှိနိုင်လေသည်။ သို့သော် လီယန်ရှေးဟောင်းနိုင်ငံ၏ မြို့စားတစ်ယောက်အနေဖြင့် အရှင်ချင်းဖန်က ထာဝရနေ၏ လက်အောက်ငယ်သားတစ်ယောက်ဖြစ်သည်။ ထာဝရနေက လှုပ်ရှားလျှင်တောင် အသက်သေလောက်အောင် တိုက်ခိုက်မည်မဟုတ်ဘဲ ဆုံးမရုံလောက်သာ ဖြစ်ပေလိမ့်မည်။

" မှတ်ထားပါ။ လီယန်ရှေးဟောင်းနိုင်ငံအတွင်းမှာ မင်း အဲ့ဒီပုဂ္ဂိုလ်ရဲ့ နာမည်ကို ဘယ်တော့မှ ထုတ်မပြောရဘူး။ " အရှင်ချင်းဖန်က လေးနက်စွာ သတိပေးလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အမှန်တော့ လင်းယွမ်က ယုမိသားစုတွင် လူများက ထာဝရနေ၏ တည်ရှိမှုအား ပြောဆိုခြင်းမပြုကြသည်ကို သတိပြုမိခဲ့သည်။ ထိုအချိန်တွင် သူက ၎င်းကို သာမန်ရိုသေမှုတစ်ခုဟုသာ ယူဆခဲ့သည်။ သို့သော် ယခုသိလိုက်ရသည်မှာ ၎င်းက ရိုသေမှုမဟုတ်ဘဲ ကြောက်ရွံ့မှုသာဖြစ်သည်။

" မင်းလျှောက်ရမယ့် လမ်းစဉ်ကို ငါလမ်းညွှန်မှုနည်းနည်းပဲ ပေးနိုင်လိမ့်မယ်။ မင်းဘယ်လိုရှေ့ဆက်မလဲဆိုတာ မင်းအပေါ်ပဲ မူတည်တယ်။ " အရှင်ချင်းဖန်က ပြောလိုက်သည်။ " မင်းရဲ့ ကျင့်ကြံမှုအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေအားလုံးကို ငါထောက်ပံ့ပေးနိုင်တယ်။ လေ့ကျင့်မှုမှာ ကြုံတွေ့ရတဲ့ သံသယတွေကိုလည်း အတတ်နိုင်ဆုံး ဖြေရှင်းပေးမယ်။ ဒါပေမယ့် ခရီးကိုတော့ မင်းကိုယ်တိုင် ဆုံးအောင်လျှောက်ရမှာပဲ။ "

" ကျေးဇူးတင်ပါတယ် မြို့စား။ " လင်းယွမ်က ပြောလိုက်သည်။

" မင်းက ငါ့ရဲ့ တပည့်ပဲ။ ဒီလိုယဉ်ကျေးမှုတွေ မလိုအပ်ဘူး။ " အရှင်ချင်းဖန်က လက်ကို ဝှေ့ရမ်းလိုက်သည်။ " ပြီးတော့ အနာဂတ်မှာ ခရီးဝေးတွေ သွားတာကို ရှောင်ပါ။ ချင်းဖန်နယ်မြေက မကြာသေးခင်က အတော်လေး မငြိမ်မသက်ဖြစ်လာတယ်။ လုပ်စရာရှိရင် အခြားတစ်ယော်ကို ခိုင်းလိုက်။ "

" ဟုတ်ကဲ့ နားလည်ပါပြီ။ " လင်းယွမ်က ပြောလိုက်သည်။

" မငြိမ်မသက်ဖြစ်နေတယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။

ဤရင်းမြစ်ကမ္ဘာကို လီယန်ရှေးဟောင်းနိုင်ငံတစ်ခုတည်းက လွှမ်းမိုးထားခြင်းမဟုတ်ဘဲ အခြားရှေးဟောင်းနိုင်ငံများလည်း ရှိနေသည်။ ရှေးဟောင်းနိုင်ငံများအချင်းချင်း ကြီးမားသော အားပြိုင်မှုများ ရှိနေကြသည်။

အရှင်ချင်းဖန်က လင်းယွမ်နှင့် စကားအနည်းငယ် ပြောပြီးနောက် ထွက်သွားခဲ့သည်။

" ကျင့်ကြံမှုအရင်းအမြစ်တွေ..." မကြာမီ လင်းယွမ်က အရင်းအမြစ်များစွာကို လက်ခံရရှိလိုက်သည်။

အချိန်များကုန်လွန်လာပြီး ရက်အချို့ကြာသွားခဲ့သည်။

" ရုပ်ခန္ဓာနတ်စွမ်းရည်... " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးမျိုးဆက်စွမ်းအားများကို အာရုံခံမိလိုက်သည်။

" ရုပ်ခန္ဓာနတ်စွမ်းရည်ကို စပြီး စုစည်းနေပြီ။ " လင်းယွမ်က ဂရုတစိုက် စစ်ဆေးနေသည်။

ရင်းမြစ်ကမ္ဘာက အဆင့်မြင့်ပြီး သွေးမျိုးဆက်များကလည်း စွမ်းအားကောင်းလှသည်။ လင်းယွမ်အတွက် နိုးထလာမည့် ရုပ်ခန္ဓာနတ်စွမ်းရည်ကလည်း အစွမ်းထက်ပေလိမ့်မည်။ ယခုအချိန်တွင် လင်းယွမ်က ရုပ်ခန္ဓာနတ်စွမ်းရည် ခြောက်ခုကို နိုးထခဲ့ပြီး သူ့အတွက် ကြီးမားသော အထောက်အကူဖြစ်စေခဲ့သည်။

ထို့ကြောင့် လင်းယွမ်က ယခုနိုးထလာမည့် ရုပ်ခန္ဓာနတ်စွမ်းရည်ကို ကြီးမားစွာ မျှော်လင့်ထားသည်။ သူက ရုပ်ခန္ဓာနတ်စွမ်းရည်များကိုလည်း ပင်မစကြာဝဠာသို့ ပြန်ယူသွားနိုင်ပြီး မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်အားလုံး အသုံးပြုနိုင်သည်။

" ဒီရုပ်ခန္ဓာနတ်စွမ်းရည်ကို ဖွဲ့စည်းဖို့ နှစ်နှစ်ထောင် ကြာလိမ့်မယ်။ " လင်းယွမ်က သွေးမျိုးဆက်၏ ခြေရာများကို အာရုံခံပြီး နိုးထရန် လိုအပ်သည့်အချိန်ကို ခန့်မှန်းလိုက်သည်။

" အချိန်က တော်တော်ကြာတာပဲ။ " လင်းယွမ်က အနည်းငယ် အံ့ဩနေသည်။

လင်းယွမ်က ရုပ်ခန္ဓာနတ်စွမ်းရည်များ နိုးထလာရန် အချိန်လိုအပ်ကြောင်း သိရှိခဲ့သည်။ မည်သည့်သက်ရှိ၏ သွေးမျိုးဆက်မဆို အလွန်ရှုပ်ထွေးပြီး သွေးမျိုးတက်၏ စွမ်းအားအပေါ် အခြေခံ၍ နတ်စွမ်းရည်အဖြစ် စုစည်းခြင်းဖြစ်သည်။

" ဒီတစ်ကြိမ် ငါနိုးထမယ့် ရုပ်ခန္ဓာနတ်စွမ်းရည်က အရမ်းအစွမ်းထက်လောက်တယ်။ " လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။

ရုပ်ခန္ဓာနတ်စွမ်းရည်များကို နိုးထရန် အချိန်ပိုကြာလျှင် ၎င်းက ပို၍ အစွမ်းထက်လေသည်။ လင်းယွမ်၏ ယခင်ရုပ်ခန္ဓာနတ်စွမ်းရည် ခြောက်ခုလုံး၏ နိုးထရန် ကြာချိန်ကို ပေါင်းလျှင်တောင် နှစ်နှစ်ထောင် မပြည့်သေးပေ။

" နှစ်နှစ်ထောင်က ဘာမှမဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် သူ့တွင် အချိန်များစွာ ရှိသည်။ ၎င်းက နှစ်တစ်သောင်း၊ နှစ်တစ်သန်းဖြစ်လျှင်တောင် ခဏသာဖြစ်သည်။ ရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထခြင်းက သူ၏ ကျင့်ကြံမှုကို အနှောက်အယှက်မဖြစ်စေပေ။

" ရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထဖို့က သွေးမျိုးဆက်အပြင် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုလည်း ရှိသေးတယ်။ ပြီးတော့ အချိန်ကို တိုးမြှင့်တာက မခန့်မှန်းနိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။

သို့သော် ရင်းမြစ်ကမ္ဘာသို့ ဆင်းသက်ရာတွင် သူ့အတွက် နေထိုင်ချိန် အကနက့်အသတ်မရှိသောကြောင့် သူ၏ ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းရန် လိုအပ်သည်။

လင်းယွမ်က သူ၏ ရုပ်ခန္ဓာမှ ပြောင်းလဲမှုများကို စစ်ိဆေးလိုက်သည်။ လီယန်မျိုးစေ့ ၃၃၃၃ခုကို စုစည်းပြီးနောက် သူ၏ ရုပ်ခန္ဓာက အသွင်ပြောင်းလဲမှု စတင်ခဲ့သည်။

" လီယန်နတ်ခန္ဓာ..."

ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ၏ အမွေအနှစ်ကျမ်းစာများမှ အချက်အလက်များအရ လီယန်နတ်ခန္ဓာက မည်မျှအစွမ်းထက်သည်ကို သူသိလေသည်။ ၎င်းက လောင်ကျွမ်းနေသော နေကဲ့သို့ ရုပ်ခန္ဓာဖြစ်ပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်။ အထူးသဖြင့် လီယန်ရှေးဟောင်းနိုင်ငံအတွင်း ထာဝရနေ၏ အလင်းရောင်အောက်တွင် ၎င်းက ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။

" မြို့စားက ငါ့ရုပ်ခန္ဓာကို လီယန်နတ်ခန္ဓာအဖြစ် အပြည့်အဝ ပြောင်းလဲဖို့ နှစ်တစ်သောင်းကြာမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် အဲ့ဒါက နှစ်သုံးထောင်ကနေ နှစ်ငါးထောင်ပဲ ကြာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

လီယန်မျိုးစေ့များကို ပိုမိုစုစည်းနိုင်လျှင် လီယန်နတ်ခန္ဓာ၏ အသွင်ပြောင်းလဲမှုအရှိန်က ပိုမိုမြန်ဆန်လာပေလိမ့်မည်။ လင်းယွမ်က တစ်နှစ်အတွင်း လီယန်မျိုးစေ့ ရှစ်ထောင်ကျော်အား စုစည်းနိုင်ခဲ့သည်ကိုတော့ အရှင်ချင်းဖန်က သိပုံမရပေ။

" လီယန်မျိုးစေ့တွေကို ဖရိုဖရဲဟင်းလင်းပြင်မှာ မစုစည်းနိုင်တာက ဒိုင်မန်းရှင်းကွာခြားချက်ကြောင့်ပဲ။ ဒါပေမယ့် လီယန်နတ်ခန္ဓာဆိုရင်ရော ဘယ်လိုနေမလဲ။ "

လင်းယွမ်၏ အမြင်တွင် ရုပ်ခန္ဓာဖြစ်စေ၊ နတ်စွမ်းရည်ဖြစ်စေ နိယာမနှင့်သာ လည်ပတ်ပြီး အပြည့်အဝနားလည်သွားလျှင် မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ပေလိမ့်မည်။

လင်းယွမ်က သူ၏ မူလခန္ဓာကို လီယန်နတ်ခန္ဓာ အဖြစ် ပြောင်းလဲရန် ရည်ရွယ်ချက်မရှိသော်လည်း သူ၏ ကိုယ်ပွားများက ၎င်းကို စမ်းသပ်ကြည့်နိုင်သည်။ လီယန်နတ်ခန္ဓာက ဖရိုဖရဲဟင်းလင်းပြင်မှ အထူးသက်ရှိများအောက် နိမ့်ကျခြင်းမရှိဘဲ ကိုယ်ပွားများ၏ စွမ်းအားကို ထင်ရှားစွာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

All Chapters